HONEY

By OliviaThet_Eleanor

341K 24K 635

Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More

Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi

Chapter 25 - Zawgyi

750 39 1
By OliviaThet_Eleanor

"မင်းသန့်"

နောက်နေ့လည်းထပ်ရောက်လာပြန်သည့် သူငယ်ချင်းနှစ်ယောက်ကြောင့် သျှင်မင်းသန့် ဆေးထုပ်ကလေးကိုင်ကာ အံ့ဩရသည်။

"ဘာလာလုပ်တာလဲ"

"အပြင်ခဏလိုက်ခဲ့၊ နင့်ကြည့်ရတာ ညှင်းသိုးနေပြီ"

ဟုတ်သည်။ အဘိုးဖြစ်သူ၏ ဝေယျာဝစ္စတွေလုပ်ပေးရင်း သျှင်မင်းသန့် ကိုယ့်ကိုကိုယ်ကိုတော့ဖြစ်သလိုနေနေတာမို့ ဒီအတောအတွင်း စုတ်စုတ်ပြတ်ပြတ်ကလေးဖြစ်နေ၏။

"တော်ပါပြီ ငါမရှိရင် ဖိုးဖိုးတစ်ယောက်တည်း"

"ရပါတယ် ငါ့မြေးရဲ့ လိုက်သွားပါ"

"တော်ပါပြီ ဖိုးဖိုးရယ်"

သျှင်မင်းသန့်ကပြောရင်းဆိုရင်း ရေစိုတဘက်နှင့် ဦးမင်းထက်လက်တွေကိုသုတ်ပေးနေသည်။ ဆေးထိုးအပ်ရာတွေပရပွဖြစ်နေသည့်လက်ကို သေချာသန့်ရှင်းပေးနေမိ၏။

"ဒီလိုလုပ် ငါနေခဲ့လိုက်မယ်၊ ဟေမာန်ဦး မင်းသန့်ကိုခေါ်သွား"

"တော်ပါပြီဟာ အပြင်ထွက်ချင်စိတ်လည်းမရှိပါဘူး"

"မုန့်လေးစားရုံတင်ပါ၊ နင်ပါရောဂါဖြစ်နေမယ်"

ထိုစဉ် မြင့်မြတ်ပိုင်နောင်က ‌လူနာခန်းထဲကိုဝင်လာသည်။ ရှပ်အင်္ကျီအဖြူလက်ရှည်ပေါ်တွင် သိုးမွေး Vest နက်ပြာရောင်ကိုထပ်ဝတ်ထားပြီး Pants အနက်ရောင်နှင့်ဝတ်ထားသည်။

ဆံပင်တွေခပ်စိုစိုဖြစ်နေပြီး နဖူးပေါ်ကို ဝဲကျနေပုံအရ ခေါင်းလျှော်ရေချိုးလာခဲ့ပုံပင်။ လက်တစ်ဖက်က အနွေးထည်အင်္ကျီကို ကိုင်ထားပြီး သျှင်မင်းသန့်အနားကိုလာသည်။

"ချာတိတ် ရေပြန်ချိုးရင်ချိုးလေ ကိုယ်လိုက်ပို့မယ်"

လူနာခန်းက သန့်စင်ခန်းပါသော်လည်း ရေချိုးလို့မရတာမို့ သျှင်မင်းသန့်က အိမ်ပြန်ရေချိုးရလေ့ရှိသည်။

"ဒီနေ့မချိုးတော့ဘူးလားလို့ ချမ်းတယ် မနေ့ကလည်း ချိုးထားတာပဲ ဟီး"

"ညစ်ပတ်အိုးလေး"

မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့်ခေါင်းကို ခပ်ဖွဖွပုတ်ရင်းပြောလိုက်မိသည်။

"ဦးမြင့်မြတ်ပိုင်နောင်လည်းရောက်လာပြီပဲ ငါတို့နဲ့လိုက်ခဲ့တော့"

ဟေမာန်ဦးစကားကြောင့် မြင့်မြတ်ပိုင်နောင်က ဘာလဲဆိုသည့်အကြည့်နှင့် သျှင်မင်းသန့်ကိုကြည့်လာသည်။

"မုန့်သွားစားဖို့လာခေါ်နေတာလေ"

"ကိုယ်ရှိနေမှာပဲ လိုက်သွားပါ"

"ဒါပေမဲ့"

"လိုက်သွားပါ မြေးလေးရဲ့"

အကုန်လုံးကအတင်းလိုက်ခိုင်းနေတာမို့ သျှင်မင်းသန့် ခေါင်းညိတ်လိုက်ကာ လိုက်မည်ဟုပြောလိုက်သည်။

"ခဏ မျက်နှာလေးသစ်ဦးမယ်"

_______________________

သျှင်မင်းသန့်သွားကာမှ မြင့်မြတ်ပိုင်နောင်မှာ ဆေးခန်းထဲတွင် ယောင်တောင်တောင်ဖြစ်နေရသည်။ ဦးမင်းထက်ကလည်း မအိပ်ဘဲနိုးနေတာမို့ ပိုပြီးနေရခက်လာ၏။

ခါတိုင်း ဦးမင်းထက်နှင့်နှစ်ယောက်တည်းရှိနေသည့်အချိန်က သျှင်မင်းသန့် ရေချိုးခဏပြန်သည့်အချိန်တွင်သာ။ ထိုအချိန်တိုင်းလည်း ဦးမင်းထက်က အိပ်ပျော်နေသည့်အပြင် ခဏတင်သာမို့ ဘာမှမဖြစ်ခဲ့။

အခုတော့ ‌လူနာခန်းထဲက လေထုသည် တင်းကြပ်နေသလိုခံစားနေရသည်။

"ဆရာ"

ခေါ်သံကြောင့် မြင့်မြတ်ပိုင်နောင် လှည့်ကြည့်လိုက်မိတော့ ဦးမင်းထက်က လှဲနေရာမှထလာသည်မို့ မြင့်မြတ်ပိုင်နောင် အနားကပ်သွားလိုက်ကာ ခေါင်းအုံးခုပေးပြီး မှီစေလိုက်သည်။

"ကျွန်တော် ဆရာ့ကိုပြောစရာရှိလို့"

တရိုတသေပြောနေတာမို့ မြင့်မြတ်ပိုင်နောက် နေရခက်ခက်နှင့်ပင်ထိုင်လိုက်၏။

"မြေးလေးနဲ့အကြောင်းကို ကြားပြီးပါပြီ"

မကြားပြီးတောင် ဒီအတောအတွင်း လူနာအတူတူစောင့်ပေးရင်း သူတို့နှစ်ယောက်ရဲ့ အပြုအမူတွေကိုကြည့်ကာ သိနေလောက်ပြီဖြစ်သည်။ မြင့်မြတ်ပိုင်နောင် ဘာမှမပြောနိုင်ဘဲ လက်သီးဆုပ်ကာ ထိုင်နားထောင်မိ၏။

အခုချိန်မှာ ဦးမင်းထက်ဘက်ကသာ သျှင်မင်းသန့်နှင့် လမ်းခွဲပေးပါဟုတောင်းဆိုလာာလျှင် သူဘာ‌ပြန်ပြောရမလဲဆိုတာကို အပြေးအလွှားစဉ်းစားနေရသည်။

"မြေးလေးကို"

လက်သီးဆုပ်ထားမိသည့်အပြင်၊ အံပင်ကြိတ်မိလိုက်သလို။ မြင့်မြတ်ပိုင်နောင် ဘယ်လိုပြန်ပြောရမည်ကို ဆက်တိုက်တွေးနေမိသည်။

"မြေးလေးကို ဆရာ့လက်ထဲ သေချာအပ်ပါတယ်"

"ကျွန်တော် လမ်းခွဲမပေးနိုင်‌လောက်ဘူးထင်တယ်"

"ဗျာ"

‌"ဗျာ"

နှစ်ယောက်လုံးဗျာတလိုက်မိခြင်းပင်။ မြင့်မြတ်ပိုင်နောင်ဘဝတွင် သည်‌လိုဗရုတ်သုတ်ခနိုင်ခြင်းမှာ ပထမဆုံးဖြစ်လေသည်။ ရှက်သွားတာကြောင့် ခေါင်းငုံ့ထားရုံသာတတ်နိုင်သည်။

သူ့အဖြစ်ကိုသိသွားသည့် ဦးမင်းထက်က ခပ်ဟဟကလေးရယ်သည်။

"ကျွန်တော်ကလည်း လမ်းမခွဲခိုင်းပါဘူး ဆရာရဲ့"

မြင့်မြတ်ပိုင်နောင် ခေါင်းညိတ်ပြရုံသာတတ်နိုင်၏။

"ဆရာလည်းရိပ်မိမှာပါ၊ ကျွန်တော် အခုအိပ်ရာထဲလဲနေတာ ပြန်မထနိုင်တော့ဘူးဆိုတာ"

"ထွေထွေထူးထူးရောဂါမဟုတ်ဘူးဆိုတာ လိမ်တာပဲ"

မြင့်မြတ်ပိုင်နောင်လည်းရိပ်စားမိတာမို့ ဘာမှမပြောဘဲ တိတ်ဆိတ်နေ၏။ ဦးမင်းထက်ကတော့ အေးအေးဆေးဆေးပင်။

"သွေးကင်ဆာ"

"ကျွန်တော်စစသိလိုက်ရခြင်းက တအားကြောက်သွားတာ၊ ကျွန်တော်မရှိတော့ရင် ကျွန်တော့်မြေးဘယ်သူနဲ့နေမှာလဲ ပြီးတော့ သူ့ပညာရေး စားဝတ်နေရေး စုံနေတာပါပဲ"

"ကျွန်တော်ကုလည်း ကုပဲရှိမှာ၊ မြေးလေးလည်းပင်ပန်းရမယ် ကျွန်တော်က သေချာကောင်းလာနိုင်ဖို့မသေချာဘဲ ‌ဆေးရုံနဲ့အိမ် အိမ်နဲ့ဆေးရုံ နှစ်ယောက်တည်းရှိတော့ အခုလို ကျွန်တော့်ဝေယျာဝစ္စလုပ်ရင်း ပင်ပန်းရမယ်၊ စားဝတ်နေရေး ဆေးဖိုးတွေလည်း မြေးလေးပဲရှာရမယ်။ ဒါတွေကိုတွေးပြီး ကျွန်တော့်စိတ်ကိုကျွန်တော်တင်းခံထားခဲ့တာ၊ ဆရာ‌ဝန်က ဆေးရုံတက်ပြီးသေချာကုစေချင်ပေမဲ့၊ ဒီတိုင်း သောက်ဆေးတွေပဲ သောက်ရင်း ကျွန်တော့်စိတ်ကိုကျွန်တော်သေချာထိန်းထားခဲ့တာ"

စကားတွေအများကြီးပြောလိုက်ရသဖြင့် မောသွားဟန်ရှိသော ဦးမင်းထက်ကို မြင့်မြတ်ပိုင်နောင်ရေတစ်ခွက်ကမ်းပေးလိုက်သည်။ ဦးမင်းထက်က ရေကိုတစ်ငုံလောက်သာသောက်ပြီးဆက်ပြော၏။

"ဆရာနဲ့သာဆို ကျွန်တော်စိတ်ချပါတယ်"

"မြေးလေးကိုသေချာအပ်ပါတယ်"

ဦးမင်းထက်သည် သျှင်မင်းသန့်၏ အနာဂတ်ကို အမြဲတွေးပူနေခဲ့တာဖြစ်သည်။ အကယ်၍ သျှင်မင်းသန့်ကို တစ်ယောက်တည်းထားကာ သေဆုံးသွားရမည်ဆိုလျှင် သူ့ဝိဉာဉ်သည် ကျွတ်လွတ်နိုင်ဖွယ်မရှိချေ။

သျှင်မင်းသန့်တွင် ချစ်သူရှိနေပြီဆိုတာကိုသိရသည့်အချိန်က အများကြီးပိုစိတ်လေးခဲ့ရသည်။ ထိုချစ်သူက ယောင်္ကျားလေးတစ်ယောက်ဆိုတာကိုသိရသည့်အခါတွင် စိတ်ပူခဲ့သည်ကို ဝန်ခံရမည်မှာအမှန်ပင်။

သို့သော် ထိုလူသည် သူ့စိုးရိမ်မှုတွေကိုပြေပျောက်စေနိုင်သည့်အခါ ဦးမင်းထက်အနေနှင့်ဝမ်းသာနေရုံမှအပမရှိချေ။

ယောင်္ကျားလေးတစ်‌ယောက်အတွက် လက်တွဲဖော်ဆိုတာ မိန်းကလေးဖြစ်ရမည်ဆိုသည့်အချက်သည် ယေဘုယျအချက်အလက်သာဖြစ်သည်။ မုချမှန်ကန်နေသည်မဟုတ်။

လက်တွဲဖော်ဆိုသည် ကျားဖြစ်စေ၊ မဖြစ်စေ တစ်ဦး၏ကွက်လပ်ကို တစ်ဦးဖြည့်ပေးနိုင်မည့်သူဖြစ်သင့်သည်။

ဂရုစိုက်ပေးခံရသင့်သည့်သူသည် ဂရုစိုက်ပေးနိုင်မည့်တစ်စုံတစ်ယောက်နှင့် အတူရှိနေသင့်သည်။ ကိုယ်တိုင်က ဂရုစိုက်ပေးခံရချင်သော်လည်း ယောင်္ကျားလေးတစ်ယောက်မို့ အခြားမိန်းကလေးအား ဂရုစိုက်ပေးရမည်ဆိုလျှင် မှန်ကန်သည့် တွဲဖက်ခြင်း မဖြစ်နိုင်တော့သည်မှာသေချာသည်။

ထို့အတူပင် ဂရုစိုက်ပေးရတာကိုနှစ်ခြိုက်သည့် မိန်းကလေးတစ်ယောက်သည်လည်း ယောင်္ကျားလေးတစ်ယောက်၏ ဂရုစိုက်ခြင်းကိုခံမည့်အစား မိမိဂရုစိုက်ပေးချင်သည့် မိန်းကလေးကို ရွေးချယ်ခွင့်ရှိသည်။

တစ်ယောက်နှင့်တစ်ယောက် လိုအပ်ချက်တွေကိုဖြည့်ပေးရင်း၊ အပြန်အလှန်ပျော်ရွှင်စေသည်သာလျှင် မှန်ကန်သည့် ရွေးချယ်မှုဖြစ်သည်။

"ဘဝလက်တွဲဖော်ဆိုတာ တစ်ယောက်ကွက်လပ်ကို တစ်ယောက်ဖြည့်ပေးရင်း နေသွားရတာမျိုးပေါ့၊ ဆရာက ကျွန်တော့်မြေးရဲ့ကွက်လပ်ကလေးတွေကို သေချာဂရုစိုက်ဖြည့်ပေးပါဦး"

"ချာတိတ်ကို ပျော်အောင်ထားပါ့မယ်"

ပထမဆုံးအကြိမ်အနေနှင့် မြင့်မြတ်ပိုင်နောင်ပြောလိုက်မိသည်။ ဦးမင်းထက်ကတော့ သဘောတကျ ခေါင်းညိတ်၏။

"တစ်သက်လုံးအတွက် ကတိပေးပါတယ်"

"ကျေးဇူးတင်ပါတယ် ဆရာ"

_________________________
"စား မင်းသန့်၊ ရော့ ဟ"

ပြောရင်းဆိုရင်း ကြေးအိုးဆီချက်ထဲက ကြက်ပေါင်ကိုဖဲ့ကာ သူ့ပါးစပ်ထဲအတင်းထည့်နေသည့် ရာဇာလင်းကြောင့် သျှင်မင်းသန့်မှာ ပလုပ်ပလောင်းဖြစ်နေရသည်။

"ရော့ သောက်"

တစ်ဖက်ကလည်း ဟေမာန်ဦးက ဘာဘယ်တီးကိုအတင်းတိုက်နေ၏။

"နင် ပိန်ကျနေတာ၊ ရော့ များများစား နင်လည်းနေကောင်းမှ ဖိုးဖိုးနေကောင်းတဲ့ထိ ပြုစုနိုင်မှာ"

"အင်းပါ ဖြည်းဖြည်းကျွေးကြပါဟ"

"ဘာစားချင်သေးလဲ"

"‌ငါကဝနေပြီ ဦးလေးကြီးဖို့တော့ ကြက်ကြော်ဝယ်သွားလိုက်ဦးမယ်"

"ငါဝယ်ပေးလိုက်မယ်၊ ပြီးရင်ပြောလိုက် ရာဇာလင်းဝယ်ကျွေးတာမို့ သူ့ရည်းစား ‌ဇေယျာမင်းကို တအားအလုပ်တွေမခိုင်းဘဲ ချိန်းတွေ့ချိန်လေးပေးပါဦးလို့"

"ဦးလေးကြီးက အခုတလော ငါနဲ့အတူတူနေပေးနေရလို့ပါဟာ"

"အေးပါ ဘာမှမပြောဘူး မြို ရော့"

ရာဇာလင်းကထပ်ပြောကာ ပီဇာတစ်ချပ်ထိုးပေးပြန်သည်။ သျှင်မင်းသန့်မှာ ပြည့်အင့်နေအောင်စားနေရ၏။

"ဟေး အလှလေး"

မုန့်ဆိုင်ထဲကအထွက် ပါးစပ်သရမ်းသည့်လူတစ်ယောက်က ဟေမာန်ဦးကို ရှေ့ဆုံးခေါင်းဆုံးကြည့်ပြီး ကြာအပြည့်နှင့်လှမ်းစသည်။

"ဒီလိုကောင်တွေကလည်းရှိသေးတာလား"

"အလှလေးက ကိတ်တယ်နော်"

ထိုစကားကြောင့် သုံးယောက်လုံး ဒေါသထွက်သွားသည့်အပြင် ဟေမာန်ဦး စိတ်ညစ်သွားရသည်။

"သူ့ကိုထားပါဦး အစ်ကိုလည်း ကိတ်တာပဲနော်"

ထိုစကားကို ရာဇာလင်းက ပြောလိုက်ခြင်းဖြစ်ပြီး ထိုလူ့အနားကိုကပ်သွားသည်။ အရပ်သိပ်မမြင့်သည့်လူဖြစ်တာမို့ သူတို့နှစ်ယောက်နှင့်မတိမ်းမယိမ်းပင်။ ရာဇာလင်းကပ်သွားတော့ သျှင်မင်းသန့်ကပါလိုက်သွား၏။

"အင်း ဟုတ်ပါ့"

"ကိုင်လို့ကောင်းမယ့်ပုံပဲ"

ရာဇာလင်းက ထိုလူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ခပ်လေးလေးကလေးပြောလိုက်၏။ ထို့နောက် ထိုလူ့နောက်ပိုင်းကို လက်နှင့်အသာတို့လိုက်သည်။ ထိရုံလေးထိလိုက်သော်လည်း ထိုလူမှာ ဓာတ်လိုက်သည့်အလားကျင်တက်သွား၏။

"အချစ်လေးက လှတယ်နော်"

သျှင်မင်းသန့်ကလည်းမျက်လုံးပင့်ကာပြောလိုက်တော့ ထိုလူက ရူးရူးဒိုင်းဒိုင်းတွေဖြစ်ကုန်၏။

"မင်းတို့ကောင်တွေ မိုက်ရိုင်းလှချည်လားကွ"

"ဟင် လှလို့လှတယ်၊ ကိတ်လို့ကိတ်တယ်ပြောတာလေ"

ရာဇာလင်းကပြောရင်းဆိုရင်း ထိုလူ့နောက်ပိုင်းကိုလက်ဖြင့်ရိုက်လိုက်၏။

"မင်းတို့ မင်းတို့ "

ဘာမှမပြောဘဲမျက်နှာကြီးနီရဲကာ ထွက်သွားသူသည် ဒေါသရောရှက်စိတ်ပါရောနေမှန်းသိသာလှသည်။

"အတင့်ရဲမနေကြနဲ့နင်တို့ တော်ကြာ ဟိုကပြန်လုပ်လိုက်မှ"

ဟေမာန်ဦးက ထိုလူထွက်သွားမှ အနားလာကာ ပြော၏။

"အဲ့လိုပါးစပ်သရမ်းလက်သရမ်းချင်တဲ့လူတွေက သူတို့ကိုအဲ့လိုဆက်ဆံမှာကျသေအောင်ကြောက်တယ်တွေ့လား၊ ထိရုံလေးထိလိုက်တာကို ဖြစ်သွားပုံများ သူက ကောင်မလေးဘယ်နှယောက်ကိုလိုက်မထိမရိလုပ်ပြီးပြီမသိ၊ အား လက်ဆေးရမယ် မသတီဘူး"

ရာဇာလင်းက သူ့လက်ကိုအဝေးထားရင်းအန်တဲ့ပုံသံလုပ်ပြ၏။

"လာ သွားစို့"

"မြင်လိုက်လား သူ့ကလှည့်ကျ ဒေါသထွက်သွားတာများမျက်နှာကြီးကိုနီရဲလို့"

___________
"မြေးလေး ဖိုးဖိုးနားလာပါဦး"

ဒီနေ့တစ်နေ့လုံး သျှင်မင်းသန့်စိတ်ထဲလေးနေသည်။ သို့သော် အဘိုးဖြစ်သူကတော့ ခါတိုင်းနေ့တွေထက် မျက်နှာလန်းနေ၏။

အနားကိုသွားလိုက်တော့ ဦးမင်းထက်က ခုတင်ပေါ်ထိုင်ခိုင်းသဖြင့် သျှင်မင်းသန့် ဘေးတစောင်းလေးဝင်ထိုင်လိုက်တော့ အနည်းငယ်ပိန်လှီနေပြီဖြစ်သည့် လက်တွေနှင့် သူ့လက်တစ်ဖက်ကိုဆုပ်ကိုက်လာသည်။

"မြေးလေး"

"ဗျာ"

"ဆရာနဲ့ပျော်ပျော်ရွှင်ရွှင်နေ‌သွား ကြားလား"

"ဖိုးဖိုး"

"မြေးလေးအနားမှာ အဆုံးထိရှိနေမယ်လို့ ကတိပေးထားတဲ့လူပဲ၊ သူ့စကားကိုနားထောင်ရမယ်နော်"

"ဖိုးဖိုး"

"ဟန်နီလေးကိုလည်းသေချာဂရုစိုက်နော်"

"ဟုတ်"

သျှင်မင်းသန့်အသံသည် အနည်းငယ်တုန်ယင်နေပြီဖြစ်သည်။ မကောင်းတာတစ်ခုခုဖြစ်တော့မလို ခံစားနေရ၏။ ဦးမင်းထက်ကတော့ ပြုံးနေတာပင်။

"ဟန်နီ့ကိုတွေ့ချင်တာ၊ ‌သား သူငယ်ချင်းအိမ်မှာမို့လား"

ဦးမင်းထက်ဆေးရုံတက်ရကတည်းက ဟန်နီ့ကိုရာဇာလင်းအိမ်ပို့ထားတာဖြစ်တာမို့ သျှင်မင်းသန့် ခေါင်းညိတ်ပြလိုက်၏။

"ဖိုးဖိုး အိပ်ဦးမယ်"

ဦးမင်းထက်ကသူ့လက်ကိုကိုင်ထားသည့်လက်တွေကိုတင်းတင်းဆုပ်ရင်း မှီထားရာက လှဲလိုက်သည်။ မျက်လုံးတွေမှိတ်သွားပြီး သိပ်သက်သောင့်သက်သာရှိသည့်ပုံစံဖြင့် သက်ပြင်းတစ်ချက်ကို ချလိုက်၏။

အသက်ရှူသံမျှင်းမျှင်းသည် တိတ်ဆိတ်နေခဲ့အခန်းထဲ‌တွင် တစ်ချက်ချင်း တိုးလိုက်လာသည်။ ဦးမင်းထက်၏ ခေါင်းသည် ဘေးကိုအနည်းငယ်မျှစောင်းသွားသလိုပင်။ ‌နှလုံးခုန်နှုန်းတိုင်းသည့် စက်မှအချက်ပြသံတတီတီထွက်လာခဲ့သည်။

သျှင်မင်းသန့် ကြက်သေသေနေမိပြီး ပြုံးယောင်သမ်းနေသည့် ဦးမင်းထက်မျက်နှာကိုပဲ ကြောင်ကြည့်နေမိ၏။ မျက်ရည်တွေဝိုင်းနေသော်လည်း စီးကျမလာပေ။

ထိုအချိန်တွင် ပခုံးပေါ်ရောက်လာသည့် လက်တစ်ဖက်ကြောင့် သျှင်မင်းသန့်မော့ကြည့်လိုက်မိ၏။ မြင့်မြတ်ပိုင်နောင်က သူ့ပခုံးတစ်ဖက်ကိုဖက်ထားကာ ခေါင်းတစ်ချက်ညိတ်ပြသည်။

"ချာတိတ်"

မြင့်မြတ်ပိုင်နောင်ရင်ခွင်ထဲသို့ ခေါင်းအပ်လိုက်သည့် သျှင်မင်းသန့်ထံမှ ရှိုက်သံလေးထွက်လာသည်။ တင်းနေအောင်ဖက်ထားမိပြီး တဖြည်းဖြည်း လှိုက်ကာငိုလာသည့် သျှင်မင်းသန့်ကျောလေးကိုပုတ်ပေးကာ ဆံပင်တွေကိုသပ်တင်ပေးနေမိသည်။

သျှင်မင်းသန့်၏ ငိုသံသည် တဖြည်းဖြည်းကျယ်လာပြီး မြင့်မြတ်ပိုင်နောင်၏ ရှပ်အင်္ကျီပင် မျက်ရည်တို့နှင့် စိုရွှဲလာပြီဖြစ်သည်။ ရှိုက်ကာရှိုက်ကာ ငိုနေသည့် သျှင်မင်းသန့်၏ခေါင်းကိုငုံ့ကာနမ်းလိုက်ရင်း ဦးမင်းထက်ကိုလှမ်းကြည့်လိုက်မိ၏။

အေးအေးချမ်းချမ်းကို ထွက်ခွာသွားတာဖြစ်သည်။

@OliviaThet-Eleanor"

Continue Reading

You'll Also Like

138K 4.1K 58
{Zawgyi+Uni} Start-[ 16/Oct/2021 ] End .-[ 1/April/2022] "ငွေနှင်းမြူ၏နှောင်ကြိုးငယ်" (A little bond of the silver snow) "မြူနှိုင်းဆက် ဆိုတဲ့ကောင်လေ...
706K 54.1K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
297K 20.2K 41
Each part is written with Unicode and Zawgyi fonts. Start date : 10. 9 .2020 End date : 26 . 10.2020
180K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်