Unicode
"ဒီနေ့က စစ်စတန်အကြောင်း အသေးစိတ်ကို ဆွေးနွေးဖို့လေ"
ဤစစ်စတန်အတွက် နည်းပညာက NTNအတွက် အခက်အခဲမရှိပေ။ သူတို့ဘော့စ်က ဒါကို ဖြစ်နိုင်သမျှမြန်မြန်လုပ်ခိုင်းခဲ့တာကိုပဲ ကြည့်လေ။
ထို့ကြောင့် သုတေသနနှင့် developmentဌာနသည် သရုပ်ပြမှုအပြီးတွင် အဓိကစောင့်ကြည့်ရေး equipmentနှင့် စစ်စတန်ကို လျှင်လျှင်မြန်မြန် ကိစ္စဖြတ်လိုက်ပြီဖြစ်ရာ။ ကျန်ရှိတဲ့အပိုင်းကတော့ equipmentကို တပ်ဆင်ရန်နှင့် စတင်ရန်သာဖြစ်သည်။
ရှုဖေး၏ရှင်းပြချက်ကို ဂူရှီ ခေါင်းညိတ်လိုက်သည်။
...........
နောက်တစ်က္ကန့်တွင် အခြားတစ်ခုကို ဂူရှီ တွေးမိသွားသည်။ သူမသည် ဂူရှောင်း၏ အင်္ကျီလက်ကို ဆွဲကာ မေးမြန်းလိုက်၏။
"မုန့်....ဟို အန်တီလီဆာရောလား။ ဒီနေ့အန်တီလီဆာရော ရှိနေမှာလား"
ဂူရှီ၏မေးခွန်းကို ကြားသောအခါ ဂူရှောင်း ရုတ်တရက် မျက်မှောင် နည်းနည်းကြုံ့သွားသည်။ သူသည် ဂူရှီအား လေးလေးနက်နက် ကြည့်မိလိုက်တော့ ဂူရှီက လီဆာကို အာရုံအရမ်းစိုက်မိနေကြောင်း သတိထားမိသွားသည်။
ဂူရှောင်း,"မရှိဘူး"
"ဪ....."
ဂူရှီ ခေါင်းညိတ်လိုက်သည်။ သူမ လီဆာကို အာရုံစိုက်ရခြင်းအကြောင်းက လင်းရိဇယ်၏ လရိပ်ဖြူလေး ဖြစ်နေသောကြောင့်ပင်။ ပြီးတော့ ဇာတ်လိုက်၊ ဇာတ်လိုက်မင်းသမီးနှင့် ဤလရိပ်ဖြူလေး၏ တွေ့ဆုံမှုသည် ဇာတ်လမ်း၏အလွန်အရေးကြီးသော အပိုင်းကဏ္ဍဖြစ်သည်။
အရှေ့ခန်းမှာ ထိုင်နေသော ရှုဖေးသည် ဒီအကြောင်းတွေကို မသိချေ။ ဂူရှီက လီဆာကို ဒီတိုင်းသဘောကျသွားလို့သာ ယူဆလိုက်သည်။ သူတို့တွေက အရင်တစ်ခါတုန်းကလည်း ဆုံဖူးကြတယ်လေ။ ထို့ကြောင့် ဂူရှီဆီသို့ လှည့်ကာ ရှုဖေးရှင်းပြလိုက်သည်။
"ဒီနေ့ စင်တာရဲ့စည်းဝေးပွဲက ထုက်ကုန်အကြောင်းကိုပဲ အဓိကဆွေးနွေးမှာ။ မစ်လီဆာ အပါအဝင် မစ္စတာချောင်ရဲ့အသင်းက သူတို့တရုတ်မှာနေတုန်း တခြားဖြေရှင်းစရာအလုပ်တွေ ရှိသေးတယ်လေ"
ပါတီနှစ်ခု၏အလုပ်တွေက သိပ်မတူကြဘူး။ –NTNသည် နည်းပညာထုတ်ကုန်များ ထောက်ပံ့ရသော ပါတီဖြစ်သည်။ NTN အဓိက တာဝန်ယူထားရသည်မှာ ထုတ်ကုန်၏ကွာလတီနှင့် နည်းပညာနှင့်ထုန်ကုန်ကို ထိန်းချုပ်မှုတို့ဖြစ်သည်။
ချောင်လော့တို့ဘက်ကတော့ ကြားဝင်ညှိုနှိုင်းရေးပါတီအနေဖြင့်ဖြစ်သည်။ သူတို့က ပို့ဆောင်ရေး၊ ပါမစ်ယူပေးခြင်းနှင့် တခြားလုပ်ငန်းစဉ်များနှင့်အတူ စက်ကိရိယာစစ်ဆေးခြင်းတို့ကို ညှိုနှိုင်းပေးရသည်။
NTN သဘောကျမှုကို ရယူနိုင်ရန် ချောင်လော့သည် တရုတ်ဘက်က ကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းပေးသည်။
"ဒါပေမယ့် ဒီနေ့မနက်မှာ မစ္စတာချောင်ဆီက မတ်ဆေ့ဂျ်ရထားပါတယ်။ ဒီနေ့မှာ သူတို့ပါတီပွဲ လုပ်ကြမှာပါ"
ဤပါတီပွဲက စားရေးသောက်ရေး ပျော်ပါးရေးမဟုတ်တာတော့ အသေချာပင်။
ပါတီပွဲ၏ရည်ရွယ်ချက်က သက်ဆိုင်ရာလူတွေကို အတူအကွ တွေ့ဆုံပြီး စေ့စပ်ညှိနှိုင်းရန်နှင့် တစ်ချို့သော ကိစ္စရပ်များကို ဆွေးနွေးရန်ဖြစ်သည်။
NTNနှင့် သိပ်တော့မပတ်သတ်ပေ။
ထို့ကြောင့် ရှုဖေးက အကြောင်းသင့်လို့သာ ပြောလိုက်သလိုမျိုး ပြောပြခြင်းဖြစ်သည်။
ချောင်လော့က လှုပ်ရှားတာ မြန်တာပဲ။
သရုပ်ပြမှုအပြီးတွင် ချောင်လော့သည် အရှေ့တောင်သို့ စာရွတ်စာတမ်းများနှင့် စစ်ဆေးပြီးသော ထုက်ကုန်များဖြင့် ပြန်သွားခဲ့သည်။ Country U နှင့် Country O၏ ရေကြောင်းရုံးမှ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး စစ်ဆေးပြီးသား ကိရိယာများကို ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တပ်ဆင်ရန် သဘောတူခဲ့ကြသည်။
"ရလဒ်က အရမ်းကောင်းတယ်လို့ ပြောလို့ရပါတယ်။ စစ်စတန် စactivateဖြစ်တာနဲ့ သံသယဝင်စရာကောင်းတဲ့ သင်္ဘောတစ်စုကို ဖမ်းမိခဲ့ပါတယ်"
ရှုဖေးသည် အတော်စိတ်လှုပ်ရှားနေပုံရသည်။
ရှုဖေးပြောတာကို ကြားပြီး ဂူရှောင်း တိတ်တခိုးလေး ပြုံးလိုက်သည်။
ဤအကြောင်းကို သတင်းရမလာကတည်းက ချောင်လော့ဆီမှ သူကြိုသိပြီးသားဖြစ်သည်။
သူသိတာက ဒါတင်မဟုတ်။ Country O အစိုးရ၏ တာဆီးခြင်းကို ခံလိုက်ရသော သင်္ဘောစုသည် လင်းရိဇယ်၏ပိုင်ဆိုင်မှုများဖြစ်သည်။
တိုက်ဆိုင်တာမဟုတ်။ ဂူရှောင်း အကွက်ထားခြင်းသာဖြစ်သည်။
..........
ဤဘက်မှာတော့ လေထုက အလွန်ကောင်းနေပေမယ့်
လင်းကော်ပိုရေးရှင်းက ဥက္ကဌရုံးခန်းမှာ သိပ်အဆင်ပြေနေပုံမရ။
ဒုန်း!
လင်းရိဇယ်သည် စားပွဲခုံပေါ်သို့ သူ့လက်ထဲက စာရွက်စာတမ်းများဖြင့် ရိုက်ချလိုက်ပြီး မျက်နှာအပျက်ပျက်ဖြစ်နေသော ယောကျ်ားနှစ်ယောက်ကို ကြည့်လိုက်၏။
"ငါက အဆင်ပြေအောင် သွားလုပ်ခိုင်းတာကို။ ဒါတွေက မင်းတို့ရလာတဲ့ ရလဒ်တွေလား"
သူတို့၏ကုန်ပစ္စည်းများ အသိမ်းခံရမည့်အပြင် သင်္ဘောတွေကိုလည်း ဒဏ်ငွေမဆောင်လျှင် ပြန်လွှတ်ပေးမည်မဟုတ်။
ဘယ်ဘက်က လူသည် လင်းရိဇယ်၏ ပေါက်ကွဲသံကို ကြားသည့်အခါ ခေါင်းကို ပိုငုံ့လိုက်သည်။ ထိုလူက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ဖြေလိုက်သည်။
"ဒါက ကျွန်တော်တို့ ညှိုနှိုင်းပြီး ထွက်လာတဲ့ အကောင်းဆုံးရလဒ်ပါ။ Country Oမှာ ကျွန်တော်တို့ မှောင်ခိုတင်းသွင်းတာတွေရဲ့ သက်သေရှိနေပါတယ်။ အဲ့တာကို သူတို့တွေက မျက်ကွယ်ပြုထားမယ့်ပုံမရပါဘူး"
သူ့လူပြောသည့် စကားကို ကြားသည့်အခါ လင်းရိဇယ်၏မျက်လုံးများ မှောင်မည်းသွားသည်။
သူက အရှေ့တောင်နိုင်ငံတွေကြားမှာ တရားမဝင်ထုတ်ကုန်များကို တရားဝင်ပို့ဆောင်မှုစီးပွားရေးအဖြစ် သရုပ်ဖျက်ကာ ပို့ဆောင်နေခဲ့သည်။ သူအတွက် အလွန်ပင် ချောမွေ့အဆင်ပြေနေခဲ့ပြီး အကျိုးမြတ်အများအပြားလည်း ရရှိခဲ့သည်။ အခုတော့ နိုင်ငံနှစ်နိုင်ငံက စောင့်ကြည့်ရေးစစ်စတန်ဆိုလား သူတို့ပင်လယ်ကမ်းခြေတစ်လျှောက်ကို တပ်ဆင်လိုက်တယ်တဲ့။ ပြီးတော့ နိုင်ငံတကာပင်လယ်ရေကြောင်းကို ကောင်းကောင်းကြီး စောင့်ကြည့်နိုင်နေပြီတဲ့။ ထိုအရာက သူတို့၏တရားမဝင်လှုပ်ရှားမှုများ အကုန်လုံးကို ဖော်ထုတ်ပစ်ခဲ့သည်။
Country Oသည် ထိုသက်သေများကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့်ပဲ သူတို့ကို မဖြစ်နိုင်တဲ့ပိုက်ဆံပမာဏများကို တောင်းဆိုနေကြပြီပင်။
"အရှေ့တောင်ဘက်နဲ့ စာချုပ်ချုပ်တာ ဘယ်သူလဲဆိုတာ ရှာတွေ့ပြီလား"
"ဟုတ် ရှာတွေ့ပါပြီ"
နောက်လူတစ်ယောက်က ဖြေလိုက်သည်။ သူက ခဏရပ်ကာ ဆက်ပြောလေ၏။
"ကျွန်တော်တို့ စုံစမ်းမိသမျှဆိုရင် အရှေ့တောင်ဘက်ကို ဒီစစ်စတန်ကို မိတ်ဆက်ပေးခဲ့တာက ချောင်လော့ဆိုတဲ့သူပါ။ သူ့နာမည်အောက်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီလိုမျိုး တိတိကျကျ မရှိပါဘူး။ သူ့ပိုင်ဆိုင်မှုတွေအားလုံးကို သူ့ကိုယ်ပိုင်နာမည်နဲ့ပဲ ထားထားပါတယ်။ ဒီလူက အရှေ့တောင်နိုင်ငံတွေကြားမှာ အလုပ်လုပ်နေတာပါ။ ပြီးတော့ သူ့ရဲ့အဓိကစီးပွားရေးက နည်းပညာနဲ့equipment ဝယ်ယူရေးအေးဂျင့်ပါ......"
"ချောင်လော့က လက်ရှိမှာ ကျန်နေတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ အရှေ့တောင်မှာပဲ ရှိနေပါတယ်။ ဒါပေမယ့် တရုတ်က ကိစ္စတွေကို ဖြေရှင်းဖို့ အသင်းတစ်သင်းကို ကျန်ထားခဲ့ပါတယ်"
"ပြီးတော့ သူတို့တွေ ဒီညပါတီပွဲလုပ်မယ်လို့ သတင်းရထားပါတယ်။ ပါတီပွဲရဲ့ အဓိကကတော့ equipmentကို သယ်ယူပို့ဆောင်ရေးအတွက် ညှိနှိုင်းဖို့ပါ"
သူ့လူ၏တင်ပြချက်ကို ကြားသောအခါ လင်းရိဇယ်မျက်မှောင်ကြုံ့လိုက်၏။
"လုံးဝကို အထက်တန်းကျနေကြတာပဲ"
အံ့ကြိတ်လျက် လင်းရိဇယ်ပြောလိုက်သည်။
"ဘယ်နေရာမှာလဲဆိုတာသိလား"
"ကောင်ရယ်အဆောက်ဦးမှာပါ"
ရုတ်တရက် လင်းရိဇယ် ပြုံးလိုက်သည်။ သို့သော် သူမျက်နှာအမူရာက ခက်ထန်နေသည်။ သူ့နက်ကတိုင်ကို ဖြေလျော့ကာ
"ကောင်းတယ်။ ငါလည်း သူတို့ကို တွေ့ချင်နေတာ"
.........
ပင်လယ်ရေကြောင်းစောင့်ကြည့်ရေးစစ်စတန်အကြောင်း ဆွေးနွေးမှုက အလွန်အဆင်ပြေချောမွေ့ခဲ့သည်။ ထို့ကြောင့် စည်းဝေးပွဲက နှစ်နာရီလောက်သာ ကြာလိုက်၏။
ထိုအပြီးမှာ ဆွေးနွေးပွဲတစ်ခုတက်ရန် ဂူရှောင်း ဖိတ်ကြားခံရပေမယ့် ဂူရှီ ငေးငိုင်နေပုံကို မြင်ပြီး ဂူရှောင်း ဖိတ်ကြားမှုကို ငြင်းလိုက်သည်။ ဂူရှီကိုခေါ်ကာ အိမ်သို့သာ ပြန်လာခဲ့တော့၏။
.........
အိမ်ပြန်ရောက်သောအခါ ဂူရှောင်းသည် သေသပ်လှသော သေတ္တာလေးကို သူမကို ပေးလိုက်သည်။ ဂူရှီက ဆုပေးမည်ဆိုတာကို မေ့တောင်မေ့နေပြီဖြစ်၏။
"ဘာလဲ"
သေတ္တာကို မြင်သောအခါ ဂူရှီ၏မျက်လုံးများ အရောင်တောက်လာသည်။
"ပြိုင်ပွဲအတွက် ပေးတဲ့ဆု"
ဒါကို ဂူရှောင်း အရင်ကတည်းက ကြိုပြင်ဆင်ထားတယ်ဆိုတာ သိသာလှသည်။ သေတ္တာလှလှလေးက အထဲမှာ ဘာရှိသလဲဆိုတာ သိချင်အောင် ဆွဲဆောင်နေသည်။
ဂူရှီသည် ဂူရှောင်းဆီမှ သေတ္တာကို ယူကာဖွင့်ကြည့်လိုက်သည်။ -အလွန်တရာလှပလှသော ဆံညှပ်လေးတစ်ခုကို မြင်လိုက်ရသည်။ သေးပေမယ့် အလွန်အနုစိတ်လှသည်။ ရိုးရှင်းသော်လည်း ထင်ထင်ပေါ်ပေါ်ဖြစ်လှသည်။
ထို့အပြင် ဆံညှပ်လေးသည် သူမ၏ကျောင်းယူနီဖောင်းနှင့် အရောင်တူဖြစ်၏။
အတူဝတ်လိုက်လျှင် အလွန်လိုက်မယ့်ပုံပင်။
ဂူရှီသည် အံ့ဩစွာဖြင့် ဆံညှပ်လေးကို သေတ္တာမှ ထုတ်ကြည့်လိုက်သည်။ သူမက ထိုအရာလေးကို ကြည့်ပြီးရင်းသာ ကြည့်နေတော့၏။
ဂူရှီက ဆံညှပ်ကို ကြည့်နေသလိုမျိုး ဂူရှောင်းကလည်း သူမကို သေသေချာချာ ကြည့်နေသည်။
သေချာကြည့်ကြည့်ပါက ဂူရှောင်း၏မျက်လုံးများထဲက စိုးရိမ်မှုများကို တွေ့နိုင်ပေသည်။
ဤသည်က ဂူရှောင်း သူ့သမီးအတွက် ပထမဆုံးအကြိမ် လက်ဆောင်ဝယ်ပေးဖူးခြင်းပေ။
ဆံညှပ်သည် custom madeဖြစ်သည်။ ဒီဇိုင်းနှင့်ကာလာကို ရွေးပေးခဲ့သူမှာ ဂူရှောင်းကိုယ်တိုင်ပင်ဖြစ်၏။
ဂူရှီအရွယ်ကောင်မလေးက ဘာကိုကြိုက်တတ်တယ်၊ သူတို့နှင့် ဘာက သင့်တော်သလဲဆိုတာကို ဂူရှောင်းမသိချေ။ သို့ကြောင့် ဒါကို သူမ ကြိုက်ပါ့မလားဆိုတာ သူ မသေချာပါ။
သို့သော် ဂူရှီကမူ ဂူရှောင်း၏စိုးရိမ်စိတ်ကို သတိမမူမိ။ သူမသည် ဆံညှပ်ကို နှံ့နှံ့စပ်စပ် ကြည့်နေပြီး သေတ္တာထဲသို့ တသေတချာ ပြန်ထားလိုက်သည်။ ထို့နောက်တွင် အပြုံးတစ်ခု ဖြစ်တည်လာပြီး ဂူရှောင်းကို ပြောလိုက်သည်။
"ကျေးဇူးပါ အဖေ"
ဂူရှီပေါ်က အပြုံးကို မြင်ကာ ဂူရှောင်း၏အကြည့်များက ပိုနူးညံ့သွားသည်။
ဒါပေမယ့်.....
လက်ဆောင်ရတာကို သူမ၏စိတ်လှုပ်ရှားမှုက သူမ ပိုက်ဆံရတဲ့အချိန်နှင့် အရမ်းကွဲပြားနေတယ်လို့ သူ ဘာလို့ခံစားမိနေပါလိမ့်?
ဂူရှောင်း တွေးလိုက်၏။
ဆံညှပ်၏တန်ဖိုးအတိုင်း ငွေသားအနေဖြင့်သာ သူမ ရသွားပါက ဂူရှီသည် ပျော်လွန်း၍ ထခုန်မိသွားလိမ့်မည်။
"မကြိုက်ဘူးလား"
ဂူရှီ အလျှင်အမြန် ခေါင်းရမ်းပြလိုက်သည်။
"မဟုတ်ဘူး။ အရမ်းကြိုက်တယ်"
ဒါပေမယ့် ငွေသားသာဆို ပိုကောင်းသွားမှာ......
ဂူရှီ စိတ်ထဲမှာ ဖြည့်တွေးလိုက်၏။
သို့သော် ထိုအတွေးကိုတော့ ဂူရှောင်းအား မပြောခဲ့ပါ။
ထို့နောက် ဂူရှောင်းကို ကြည့်ပြီး ကိုးရိုးကားယားဖြင့် ချက်ချင်းပြုံးပြလိုက်သည်။
"အမ် အဖေ။ အဖေ သမီးကို နောက်ထပ်ဆုပေးလို့ရလား"
"........." နောက်ထပ် ပိုက်ဆံ ထပ်တောင်းတော့မလို့လား?
ဂူရှောင်း သွေးတက်တက်ဖြင့် တွေးမိသည်။
ကံကောင်းစွာ ဤတစ်ခါမှာတော့ ဂူရှီ ပိုက်ဆံကို မတောင်းဆိုခဲ့။
"သမီး NTNကို သွားချင်တယ်"
သူမ အရင်နှစ်တွေတုန်းက အကြောင်းကို စုံစမ်းကြည့်ပြီးပြီ။ လူငယ်တီထွင်မှုပြိုင်ပွဲက NTN စောင့်ကြည့်သော ပြိုင်ပွဲများထဲက တစ်ခုပင်။ အရင်တုန်းက ပြိုင်ပွဲအပြီးတွင် ယှဉ်ပြိုင်သူအများအပြားသည် NTNတွင် အလုပ်သင်လျှောက်ရန် အခွင့်အရေးများ ရရှိကြသည်။
ဂူရှီလည်းပဲ သွားချင်မိသည်။ NTN၏ထရိန်နင်းစာရင်းထဲ သူမ ပါသွားပါက ပိုလို့တောင် ပျော်မိသွားလိမ့်မည်။
........
Zawgi
"ဒီေန့က စစ္စတန္အေၾကာင္း အေသးစိတ္ကို ေဆြးေနြးဖို႔ေလ"
ဤစစ္စတန္အတြက္ နည္းပညာက NTNအတြက္ အခက္အခဲမရိွေပ။ သူတို႔ေဘာ့စ္က ဒါကို ျဖစ္ႏိုင္သမ်ျွမန္ျမန္လုပ္ခိုင္းခဲ့တာကိုပဲ ၾကၫ့္ေလ။
ထို႔ေၾကာင့္ သုေတသနႏွင့္ developmentဌာနသည္ သရုပ္ျပမႈအၿပီးတြင္ အဓိကေစာင့္ၾကၫ့္ေရး equipmentႏွင့္ စစ္စတန္ကို လ်ွင္လ်ွင္ျမန္ျမန္ ကိစၥျဖတ္လိုက္ၿပီျဖစ္ရာ။ က်န္ရိွတဲ့အပိုင္းကေတာ့ equipmentကို တပ္ဆင္ရန္ႏွင့္ စတင္ရန္သာျဖစ္သည္။
ရႈေဖး၏ရွင္းျပခ်က္ကို ဂူရွီ ေခါင္းညိတ္လိုက္သည္။
...........
ေနာက္တစ္ကၠန္႔တြင္ အျခားတစ္ခုကို ဂူရွီ ေတြးမိသြားသည္။ သူမသည္ ဂူေရွာင္း၏ အက်ႌလက္ကို ဆြဲကာ ေမးျမန္းလိုက္၏။
"မုန္႔....ဟို အန္တီလီဆာေရာလား။ ဒီေန့အန္တီလီဆာေရာ ရိွေနမွာလား"
ဂူရွီ၏ေမးခြန္းကို ၾကားေသာအခါ ဂူေရွာင္း ရုတ္တရက္ မ်က္ေမွာင္ နည္းနည္းႀကံဳ႔သြားသည္။ သူသည္ ဂူရွီအား ေလးေလးနက္နက္ ၾကၫ့္မိလိုက္ေတာ့ ဂူရွီက လီဆာကို အာရံုအရမ္းစိုက္မိေနေၾကာင္း သတိထားမိသြားသည္။
ဂူေရွာင္း,"မရိွဘူး"
"ဪ....."
ဂူရွီ ေခါင္းညိတ္လိုက္သည္။ သူမ လီဆာကို အာရံုစိုက္ရျခင္းအေၾကာင္းက လင္းရိဇယ္၏ လရိပ္ျဖဴေလး ျဖစ္ေနေသာေၾကာင့္ပင္။ ၿပီးေတာ့ ဇာတ္လိုက္၊ ဇာတ္လိုက္မင္းသမီးႏွင့္ ဤလရိပ္ျဖဴေလး၏ ေတြ့ဆံုမႈသည္ ဇာတ္လမ္း၏အလြန္အေရးႀကီးေသာ အပိုင္းက႑ျဖစ္သည္။
အေရ႔ွခန္းမွာ ထိုင္ေနေသာ ရႈေဖးသည္ ဒီအေၾကာင္းေတြကို မသိေခ်။ ဂူရွီက လီဆာကို ဒီတိုင္းသေဘာက်သြားလို႔သာ ယူဆလိုက္သည္။ သူတို႔ေတြက အရင္တစ္ခါတုန္းကလည္း ဆံုဖူးၾကတယ္ေလ။ ထို႔ေၾကာင့္ ဂူရွီဆီသို႔ လွၫ့္ကာ ရႈေဖးရွင္းျပလိုက္သည္။
"ဒီေန့ စင္တာရဲ့စည္းေဝးပြဲက ထုက္ကုန္အေၾကာင္းကိုပဲ အဓိကေဆြးေနြးမွာ။ မစ္လီဆာ အပါအဝင္ မစၥတာေခ်ာင္ရဲ့အသင္းက သူတို႔တရုတ္မွာေနတုန္း တျခားေျဖရွင္းစရာအလုပ္ေတြ ရိွေသးတယ္ေလ"
ပါတီႏွစ္ခု၏အလုပ္ေတြက သိပ္မတူၾကဘူး။ –NTNသည္ နည္းပညာထုတ္ကုန္မ်ား ေထာက္ပံ့ရေသာ ပါတီျဖစ္သည္။ NTN အဓိက တာဝန္ယူထားရသည္မွာ ထုတ္ကုန္၏ကြာလတီႏွင့္ နည္းပညာႏွင့္ထုန္ကုန္ကို ထိန္းခ်ဳပ္မႈတို႔ျဖစ္သည္။
ေခ်ာင္ေလာ့တို႔ဘက္ကေတာ့ ၾကားဝင္ၫွိုႏိႈင္းေရးပါတီအေနျဖင့္ျဖစ္သည္။ သူတို႔က ပို႔ေဆာင္ေရး၊ ပါမစ္ယူေပးျခင္းႏွင့္ တျခားလုပ္ငန္းစဉ္မ်ားႏွင့္အတူ စက္ကိရိယာစစ္ေဆးျခင္းတို႔ကို ၫွိုႏိႈင္းေပးရသည္။
NTN သေဘာက်မႈကို ရယူႏိုင္ရန္ ေခ်ာင္ေလာ့သည္ တရုတ္ဘက္က ကိစၥရပ္ေတြကိုပါ ကိုင္တြယ္ေျဖရွင္းေပးသည္။
"ဒါေပမယ့္ ဒီေန့မနက္မွာ မစၥတာေခ်ာင္ဆီက မတ္ေဆ့ဂ်္ရထားပါတယ္။ ဒီေန့မွာ သူတို႔ပါတီပြဲ လုပ္ၾကမွာပါ"
ဤပါတီပြဲက စားေရးေသာက္ေရး ေပ်ာ္ပါးေရးမဟုတ္တာေတာ့ အေသခ်ာပင္။
ပါတီပြဲ၏ရည္ရြယ္ခ်က္က သက္ဆိုင္ရာလူေတြကို အတူအကြ ေတြ့ဆံုၿပီး ေစ့စပ္ၫွိႏိႈင္းရန္ႏွင့္ တစ္ခ်ိဳ႕ေသာ ကိစၥရပ္မ်ားကို ေဆြးေနြးရန္ျဖစ္သည္။
NTNႏွင့္ သိပ္ေတာ့မပတ္သတ္ေပ။
ထို႔ေၾကာင့္ ရႈေဖးက အေၾကာင္းသင့္လို႔သာ ေျပာလိုက္သလိုမ်ိဳး ေျပာျပျခင္းျဖစ္သည္။
ေခ်ာင္ေလာ့က လႈပ္ရွားတာ ျမန္တာပဲ။
သရုပ္ျပမႈအၿပီးတြင္ ေခ်ာင္ေလာ့သည္ အေရ႔ွေတာင္သို႔ စာရြတ္စာတမ္းမ်ားႏွင့္ စစ္ေဆးၿပီးေသာ ထုက္ကုန္မ်ားျဖင့္ ျပန္သြားခဲ့သည္။ Country U ႏွင့္ Country O၏ ေရေၾကာင္းရံုးမွ ခြင့္ျပဳခ်က္ကို ရရိွခဲ့ၿပီး စစ္ေဆးၿပီးသား ကိရိယာမ်ားကို ပင္လယ္ကမ္းေျခတစ္ေလ်ွာက္တြင္ တပ္ဆင္ရန္ သေဘာတူခဲ့ၾကသည္။
"ရလဒ္က အရမ္းေကာင္းတယ္လို႔ ေျပာလို႔ရပါတယ္။ စစ္စတန္ စactivateျဖစ္တာနဲ႔ သံသယဝင္စရာေကာင္းတဲ့ သေဘၤာတစ္စုကို ဖမ္းမိခဲ့ပါတယ္"
ရႈေဖးသည္ အေတာ္စိတ္လႈပ္ရွားေနပံုရသည္။
ရႈေဖးေျပာတာကို ၾကားၿပီး ဂူေရွာင္း တိတ္တခိုးေလး ၿပံဳးလိုက္သည္။
ဤအေၾကာင္းကို သတင္းရမလာကတည္းက ေခ်ာင္ေလာ့ဆီမွ သူႀကိဳသိၿပီးသားျဖစ္သည္။
သူသိတာက ဒါတင္မဟုတ္။ Country O အစိုးရ၏ တာဆီးျခင္းကို ခံလိုက္ရေသာ သေဘၤာစုသည္ လင္းရိဇယ္၏ပိုင္ဆိုင္မႈမ်ားျဖစ္သည္။
တိုက္ဆိုင္တာမဟုတ္။ ဂူေရွာင္း အကြက္ထားျခင္းသာျဖစ္သည္။
..........
ဤဘက္မွာေတာ့ ေလထုက အလြန္ေကာင္းေနေပမယ့္
လင္းေကာ္ပိုေရးရွင္းက ဥကၠဌရံုးခန္းမွာ သိပ္အဆင္ေျပေနပံုမရ။
ဒုန္း!
လင္းရိဇယ္သည္ စားပြဲခံုေပၚသို႔ သူ႔လက္ထဲက စာရြက္စာတမ္းမ်ားျဖင့္ ရိုက္ခ်လိုက္ၿပီး မ်က္ႏွာအပ်က္ပ်က္ျဖစ္ေနေသာ ေယာက်္ားႏွစ္ေယာက္ကို ၾကၫ့္လိုက္၏။
"ငါက အဆင္ေျပေအာင္ သြားလုပ္ခိုင္းတာကို။ ဒါေတြက မင္းတို႔ရလာတဲ့ ရလဒ္ေတြလား"
သူတို႔၏ကုန္ပစၥည္းမ်ား အသိမ္းခံရမည့္အျပင္ သေဘၤာေတြကိုလည္း ဒဏ္ေငြမေဆာင္လ်ွင္ ျပန္လႊတ္ေပးမည္မဟုတ္။
ဘယ္ဘက္က လူသည္ လင္းရိဇယ္၏ ေပါက္ကြဲသံကို ၾကားသၫ့္အခါ ေခါင္းကို ပိုငံု႔လိုက္သည္။ ထိုလူက ေၾကာက္ေၾကာက္ရြံ႔ရြံ႔ျဖင့္ ျပန္ေျဖလိုက္သည္။
"ဒါက ကြၽန္ေတာ္တို႔ ၫွိုႏိႈင္းၿပီး ထြက္လာတဲ့ အေကာင္းဆံုးရလဒ္ပါ။ Country Oမွာ ကြၽန္ေတာ္တို႔ ေမွာင္ခိုတင္းသြင္းတာေတြရဲ့ သက္ေသရိွေနပါတယ္။ အဲ့တာကို သူတို႔ေတြက မ်က္ကြယ္ျပဳထားမယ့္ပံုမရပါဘူး"
သူ႔လူေျပာသၫ့္ စကားကို ၾကားသၫ့္အခါ လင္းရိဇယ္၏မ်က္လံုးမ်ား ေမွာင္မည္းသြားသည္။
သူက အေရ႔ွေတာင္ႏိုင္ငံေတြၾကားမွာ တရားမဝင္ထုတ္ကုန္မ်ားကို တရားဝင္ပို႔ေဆာင္မႈစီးပြားေရးအျဖစ္ သရုပ္ဖ်က္ကာ ပို႔ေဆာင္ေနခဲ့သည္။ သူအတြက္ အလြန္ပင္ ေခ်ာေမြ့အဆင္ေျပေနခဲ့ၿပီး အက်ိဳးျမတ္အမ်ားအျပားလည္း ရရိွခဲ့သည္။ အခုေတာ့ ႏိုင္ငံႏွစ္ႏိုင္ငံက ေစာင့္ၾကၫ့္ေရးစစ္စတန္ဆိုလား သူတို႔ပင္လယ္ကမ္းေျခတစ္ေလ်ွာက္ကို တပ္ဆင္လိုက္တယ္တဲ့။ ၿပီးေတာ့ ႏိုင္ငံတကာပင္လယ္ေရေၾကာင္းကို ေကာင္းေကာင္းႀကီး ေစာင့္ၾကၫ့္ႏိုင္ေနၿပီတဲ့။ ထိုအရာက သူတို႔၏တရားမဝင္လႈပ္ရွားမႈမ်ား အကုန္လံုးကို ေဖာ္ထုတ္ပစ္ခဲ့သည္။
Country Oသည္ ထိုသက္ေသမ်ားကို ရယူႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ပဲ သူတို႔ကို မျဖစ္ႏိုင္တဲ့ပိုက္ဆံပမာဏမ်ားကို ေတာင္းဆိုေနၾကၿပီပင္။
"အေရ႔ွေတာင္ဘက္နဲ႔ စာခ်ဳပ္ခ်ဳပ္တာ ဘယ္သူလဲဆိုတာ ရွာေတြ့ၿပီလား"
"ဟုတ္ ရွာေတြ့ပါၿပီ"
ေနာက္လူတစ္ေယာက္က ေျဖလိုက္သည္။ သူက ခဏရပ္ကာ ဆက္ေျပာေလ၏။
"ကြၽန္ေတာ္တို႔ စံုစမ္းမိသမ်ွဆိုရင္ အေရ႔ွေတာင္ဘက္ကို ဒီစစ္စတန္ကို မိတ္ဆက္ေပးခဲ့တာက ေခ်ာင္ေလာ့ဆိုတဲ့သူပါ။ သူ႔နာမည္ေအာက္မွာ မွတ္ပံုတင္ထားတဲ့ ကုမၸဏီလိုမ်ိဳး တိတိက်က် မရိွပါဘူး။ သူ႔ပိုင္ဆိုင္မႈေတြအားလံုးကို သူ႔ကိုယ္ပိုင္နာမည္နဲ႔ပဲ ထားထားပါတယ္။ ဒီလူက အေရ႔ွေတာင္ႏိုင္ငံေတြၾကားမွာ အလုပ္လုပ္ေနတာပါ။ ၿပီးေတာ့ သူ႔ရဲ့အဓိကစီးပြားေရးက နည္းပညာနဲ႔equipment ဝယ္ယူေရးေအးဂ်င့္ပါ......"
"ေခ်ာင္ေလာ့က လက္ရိွမွာ က်န္ေနတဲ့ႏိုင္ငံေတြနဲ႔ ေဆြးေနြးဖို႔ အေရ႔ွေတာင္မွာပဲ ရိွေနပါတယ္။ ဒါေပမယ့္ တရုတ္က ကိစၥေတြကို ေျဖရွင္းဖို႔ အသင္းတစ္သင္းကို က်န္ထားခဲ့ပါတယ္"
"ၿပီးေတာ့ သူတို႔ေတြ ဒီညပါတီပြဲလုပ္မယ္လို႔ သတင္းရထားပါတယ္။ ပါတီပြဲရဲ့ အဓိကကေတာ့ equipmentကို သယ္ယူပို႔ေဆာင္ေရးအတြက္ ၫွိႏိႈင္းဖို႔ပါ"
သူ႔လူ၏တင္ျပခ်က္ကို ၾကားေသာအခါ လင္းရိဇယ္မ်က္ေမွာင္ႀကံဳ႔လိုက္၏။
"လံုးဝကို အထက္တန္းက်ေနၾကတာပဲ"
အံ့ႀကိတ္လ်က္ လင္းရိဇယ္ေျပာလိုက္သည္။
"ဘယ္ေနရာမွာလဲဆိုတာသိလား"
"ေကာင္ရယ္အေဆာက္ဦးမွာပါ"
ရုတ္တရက္ လင္းရိဇယ္ ၿပံဳးလိုက္သည္။ သို႔ေသာ္ သူမ်က္ႏွာအမူရာက ခက္ထန္ေနသည္။ သူ႔နက္ကတိုင္ကို ေျဖေလ်ာ့ကာ
"ေကာင္းတယ္။ ငါလည္း သူတို႔ကို ေတြ့ခ်င္ေနတာ"
.........
ပင္လယ္ေရေၾကာင္းေစာင့္ၾကၫ့္ေရးစစ္စတန္အေၾကာင္း ေဆြးေနြးမႈက အလြန္အဆင္ေျပေခ်ာေမြ့ခဲ့သည္။ ထို႔ေၾကာင့္ စည္းေဝးပြဲက ႏွစ္နာရီေလာက္သာ ၾကာလိုက္၏။
ထိုအၿပီးမွာ ေဆြးေနြးပြဲတစ္ခုတက္ရန္ ဂူေရွာင္း ဖိတ္ၾကားခံရေပမယ့္ ဂူရွီ ေငးငိုင္ေနပံုကို ျမင္ၿပီး ဂူေရွာင္း ဖိတ္ၾကားမႈကို ျငင္းလိုက္သည္။ ဂူရွီကိုေခၚကာ အိမ္သို႔သာ ျပန္လာခဲ့ေတာ့၏။
.........
အိမ္ျပန္ေရာက္ေသာအခါ ဂူေရွာင္းသည္ ေသသပ္လွေသာ ေသတၲာေလးကို သူမကို ေပးလိုက္သည္။ ဂူရွီက ဆုေပးမည္ဆိုတာကို ေမ့ေတာင္ေမ့ေနၿပီျဖစ္၏။
"ဘာလဲ"
ေသတၲာကို ျမင္ေသာအခါ ဂူရွီ၏မ်က္လံုးမ်ား အေရာင္ေတာက္လာသည္။
"ၿပိဳင္ပြဲအတြက္ ေပးတဲ့ဆု"
ဒါကို ဂူေရွာင္း အရင္ကတည္းက ႀကိဳျပင္ဆင္ထားတယ္ဆိုတာ သိသာလွသည္။ ေသတၲာလွလွေလးက အထဲမွာ ဘာရိွသလဲဆိုတာ သိခ်င္ေအာင္ ဆြဲေဆာင္ေနသည္။
ဂူရွီသည္ ဂူေရွာင္းဆီမွ ေသတၲာကို ယူကာဖြင့္ၾကၫ့္လိုက္သည္။ -အလြန္တရာလွပလွေသာ ဆံၫွပ္ေလးတစ္ခုကို ျမင္လိုက္ရသည္။ ေသးေပမယ့္ အလြန္အႏုစိတ္လွသည္။ ရိုးရွင္းေသာ္လည္း ထင္ထင္ေပၚေပၚျဖစ္လွသည္။
ထို႔အျပင္ ဆံၫွပ္ေလးသည္ သူမ၏ေက်ာင္းယူနီေဖာင္းႏွင့္ အေရာင္တူျဖစ္၏။
အတူဝတ္လိုက္လ်ွင္ အလြန္လိုက္မယ့္ပံုပင္။
ဂူရွီသည္ အံ့ဩစြာျဖင့္ ဆံၫွပ္ေလးကို ေသတၲာမွ ထုတ္ၾကၫ့္လိုက္သည္။ သူမက ထိုအရာေလးကို ၾကၫ့္ၿပီးရင္းသာ ၾကၫ့္ေနေတာ့၏။
ဂူရွီက ဆံၫွပ္ကို ၾကၫ့္ေနသလိုမ်ိဳး ဂူေရွာင္းကလည္း သူမကို ေသေသခ်ာခ်ာ ၾကၫ့္ေနသည္။
ေသခ်ာၾကၫ့္ၾကၫ့္ပါက ဂူေရွာင္း၏မ်က္လံုးမ်ားထဲက စိုးရိမ္မႈမ်ားကို ေတြ့ႏိုင္ေပသည္။
ဤသည္က ဂူေရွာင္း သူ႔သမီးအတြက္ ပထမဆံုးအႀကိမ္ လက္ေဆာင္ဝယ္ေပးဖူးျခင္းေပ။
ဆံၫွပ္သည္ custom madeျဖစ္သည္။ ဒီဇိုင္းႏွင့္ကာလာကို ေရြးေပးခဲ့သူမွာ ဂူေရွာင္းကိုယ္တိုင္ပင္ျဖစ္၏။
ဂူရွီအရြယ္ေကာင္မေလးက ဘာကိုႀကိဳက္တတ္တယ္၊ သူတို႔ႏွင့္ ဘာက သင့္ေတာ္သလဲဆိုတာကို ဂူေရွာင္းမသိေခ်။ သို႔ေၾကာင့္ ဒါကို သူမ ႀကိဳက္ပါ့မလားဆိုတာ သူ မေသခ်ာပါ။
သို႔ေသာ္ ဂူရွီကမူ ဂူေရွာင္း၏စိုးရိမ္စိတ္ကို သတိမမူမိ။ သူမသည္ ဆံၫွပ္ကို ႏွံ႔ႏွံ့စပ္စပ္ ၾကၫ့္ေနၿပီး ေသတၲာထဲသို႔ တေသတခ်ာ ျပန္ထားလိုက္သည္။ ထို႔ေနာက္တြင္ အၿပံဳးတစ္ခု ျဖစ္တည္လာၿပီး ဂူေရွာင္းကို ေျပာလိုက္သည္။
"ေက်းဇူးပါ အေဖ"
ဂူရွီေပၚက အၿပံဳးကို ျမင္ကာ ဂူေရွာင္း၏အၾကၫ့္မ်ားက ပိုႏူးညံ့သြားသည္။
ဒါေပမယ့္.....
လက္ေဆာင္ရတာကို သူမ၏စိတ္လႈပ္ရွားမႈက သူမ ပိုက္ဆံရတဲ့အခ်ိန္ႏွင့္ အရမ္းကြဲျပားေနတယ္လို႔ သူ ဘာလို႔ခံစားမိေနပါလိမ့္?
ဂူေရွာင္း ေတြးလိုက္၏။
ဆံၫွပ္၏တန္ဖိုးအတိုင္း ေငြသားအေနျဖင့္သာ သူမ ရသြားပါက ဂူရွီသည္ ေပ်ာ္လြန္း၍ ထခုန္မိသြားလိမ့္မည္။
"မႀကိဳက္ဘူးလား"
ဂူရွီ အလ်ွင္အျမန္ ေခါင္းရမ္းျပလိုက္သည္။
"မဟုတ္ဘူး။ အရမ္းႀကိဳက္တယ္"
ဒါေပမယ့္ ေငြသားသာဆို ပိုေကာင္းသြားမွာ......
ဂူရွီ စိတ္ထဲမွာ ျဖၫ့္ေတြးလိုက္၏။
သို႔ေသာ္ ထိုအေတြးကိုေတာ့ ဂူေရွာင္းအား မေျပာခဲ့ပါ။
ထို႔ေနာက္ ဂူေရွာင္းကို ၾကၫ့္ၿပီး ကိုးရိုးကားယားျဖင့္ ခ်က္ခ်င္းၿပံဳးျပလိုက္သည္။
"အမ္ အေဖ။ အေဖ သမီးကို ေနာက္ထပ္ဆုေပးလို႔ရလား"
"........." ေနာက္ထပ္ ပိုက္ဆံ ထပ္ေတာင္းေတာ့မလို႔လား?
ဂူေရွာင္း ေသြးတက္တက္ျဖင့္ ေတြးမိသည္။
ကံေကာင္းစြာ ဤတစ္ခါမွာေတာ့ ဂူရွီ ပိုက္ဆံကို မေတာင္းဆိုခဲ့။
"သမီး NTNကို သြားခ်င္တယ္"
သူမ အရင္ႏွစ္ေတြတုန္းက အေၾကာင္းကို စံုစမ္းၾကၫ့္ၿပီးၿပီ။ လူငယ္တီထြင္မႈၿပိဳင္ပြဲက NTN ေစာင့္ၾကၫ့္ေသာ ၿပိဳင္ပြဲမ်ားထဲက တစ္ခုပင္။ အရင္တုန္းက ၿပိဳင္ပြဲအၿပီးတြင္ ယွဉ္ၿပိဳင္သူအမ်ားအျပားသည္ NTNတြင္ အလုပ္သင္ေလ်ွာက္ရန္ အခြင့္အေရးမ်ား ရရိွၾကသည္။
ဂူရွီလည္းပဲ သြားခ်င္မိသည္။ NTN၏ထရိန္နင္းစာရင္းထဲ သူမ ပါသြားပါက ပိုလို႔ေတာင္ ေပ်ာ္မိသြားလိမ့္မည္။