ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.3K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

835 71 0
By trollz22

ဇူလိုင်လထဲဖြစ်၍မိုးကသူအရှိန်အတိုင်းရွာနေခဲ့သည်။ မိုးရွာသည်ကိုသူ နှစ်သက်ပါသလား။ မိုးရေထဲလမ်းလျောက်ရမည်ကိုတော့မနှစ်သက်ပါ။ ကားပေါ်ကနေမိုးရေစက်တွေကပြတင်းပေါက်ကနေစီးကျသွားသည်ကိုကြည့်ရင်း ကားလမ်းပလက်ဖောင်းပေါ်မှာထီးတစ်ချောင်းနှင့်ဆိုပေမဲ့ ခြေထောက်အောက်ပိုင်းကိုမိုးရေနှင့်ဆော့နေသည့်ကောင်မလေးတစ်ယောက်ကသူမကိုအာရုံဖမ်းစားလေသည်။

"နိုဝယ်"

ရန်ကုန်မီးပွိုင့်ကတစ်ခါမိရင်အချိန်တော်တော်ကြာတာကိုပဲပြေးကျေးဇူးတင်ရမလို။ ဘာလို့ဆို စိတ်လွတ်ကိုယ်လွတ်မိုးရေထဲထီးတစ်ချောင်းနဲ မိုးရေဆော့နေသည့် နိုဝယ်ဟုခေါ်တွင်ပါသော အမျိုးသမီးငယ်လေးကိုသူမငေးနေမိသည်လေ။ နှုတ်ခမ်းထပ်မှာလဲအပြုံးတစ်ခုတက်လို့ပေါ့။

"ဒီမှာခဏကားရပ်ပေး မိုင်း ကိုယ့်ဘာသာပဲပြန်လာလိုက်တော့မယ်"

"ဒါပေမဲ့မိုးတွေရွာနေတယ်လေ"

"အဲ့တာ မိုင်းရဲ့အပိုင်းပါ ဒယ်ဒီမေးရင်လဲ မိုင်းပြောသလိုသာဖြေလိုက်"

ချက်ချင်းပင် lock ဖွင့်၍ မီးပွိုင့်အစိမ်းခင်ပလက်ဖောင်းကိုအမြန်ပြေးရသည်။ ထို့နောက် နိုဝယ်ရှေ့ရောက်တော့သူမကိုရပ်ကြည့်နေမိလေတယ်။
သူမနည်းတူ နိုဝယ်သည်လဲ မိုးဖွဲအောက်မှာထီးမပါပဲ မိုးရေထဲနေနေသည့် ဒဏ္ဏာရီကြောင့်အံသြနေလေရဲ့။

"ဘယ်လိုဖြစ်တာလဲမိုးတွေရွာနေတာကို လာ နိုဝယ်ထီးဆောင်းပေးမယ်"

ချက်ချင်းဆိုသလို နိုဝယ်သည်သူ၏လူနှစ်ယောက်ဆန့်သည်ဆိုရမည့်ထီးကို သူ့အားဆောင်းပေးလေသည်။

"ကြည့်ပါအုန်းစိုရွဲကုန်ပြီ"

"အစကတော့တို့ပဲစိုတာ အခုမင်းကျောတွေလဲစိုကုန်ပြီ မင်းပဲဆောင်းတာမဟုတ်ဘူး"

ထိုသို့ပြောတော့နှစ်ယောက်သားအတူပြုံးမိသွားလေရဲ့။ တကယ်ဆိုသူမအခုမှလေဆိပ်မှပြန်လာခဲ့ခြင်းပင်။ တစ်လလုံးလုံး နော်ဝေသို့သွားကာ သးမတို့ ကုမ္ပဏီအတွက်အစည်းအဝေးသွားတက်ရပြီး။ ရှယ်ယာဝင်ထားသူများနှင့်နောက်နှစ်အတွက်အစီအစဥ်များကိုရေးဆွဲနေရခြင်းကြောင့် မြန်မာနိုင်ငံမှာရှိမနေပေ။ လေဆိပ်ကဆင်းဆင်းချင်းအိမ်ပြန်သည့်လမ်းမှာ နိုဝယ် ကိုတွေ့လိုက်ရသည့်အခုသူမစိတ်ထဲပျော်သွားသည့်ခံစားချက်ကိုတော့မငြင်းနိုင်ပါ။

"မတွေ့တာကြာပြီ"

"ဟုတ်တယ် ကိုယ် over sea ရောက်နေတာ"

လမ်းဘေးပလက်ဖောင်းပေါ်မှာ ထီးခပ်သေးသေးအောက် ကောင်မလေးနှစ်ယောက်ကတော့ မိုးရွာနေသည်ကိုမမှုသည့်အလား။

"နိုဝယ်က ရှင်လာအုန်းမယ်အထင်နဲ့စောင့်နေခဲ့သေးတာ"

"တို့ကိုဘာလို့စောင့်နေတာလဲ"

ဒဏ္ဏာရီ၏မျက်ဝန်းများက နိုဝယ့်အဖြေကိုသာမျှော်လင့်နေသည့်မျက်ဝန်းအကြည့်များစွားပါဝင်နေခဲ့လေသည်။

"လာပါတနေရာရာသွားရအောင် မိုးရေထဲမှာရပ်နေတာအဆင်မပြေလှဘူး"

သူမမေးခွန်းကိုရှောင်ထွက်သွားတဲ့နိုဝယ့်နားဖျားလေးကလဲနီရဲရဲ။သူမမျက်နှာထပ်မှာလဲအပြုံးခပ်ရဲ့ရဲ့။ အရပ်နည်းနည်းပိုရှည်သည့်သူမက နိုဝယ်လက်ထဲမှထီးကိုပြောင်းယူလိုက်သည့်အခါ နိုဝယ်က တားလေရဲ့။

"အို နိုဝယ်ကိုင်လို့ရပါတယ်"

"ရပါတယ် မင်းကိုင်ရင် တို့ခေါင်းနဲ့သိပ်မလွတ်ဘူး အဲ့တာကြောင့် တို့ပဲကိုင်ပေးမယ်"

ထိုသို့ပြောတော့ နိုဝယ်နှုတ်ခမ်းလေးဆူသွားသည်ကိုမြင်လိုက်သည့်အခါ သူ့မယ်သဘောကျစွာ။ တကယ်ဆိုမိုးရွာတာကိုသူမကြိုက်ပါ။ သို့ပေမဲ့ မလုံ့တလုံထီးအောက်ကသူတို့နှစ်ယောက်အတွက်တော့ ဒီအရသာကိုနှစ်သက်မိနေသည့်အလား။ မိုးရွာနေလျှင် မိုးရေစိုမည်ကိုမကြိုက်သည့်သူမက အခု သူမကိုယ်တစ်ခြမ်းမိုရေစိုနေသည်ကိုသတိပြုဖို့သတိရပါသေးရဲ့လား။ ဒါမှမဟုတ် နိုဝယ်ဆိုသည့်မိန်းခလေးကိုမိုးရေထိမှာဆိုး၍တစ်ဖတ်ကိုသာစောင်းပေးနေမိသည်လား။

အနီးနားမှ ကော်ဖီဆိုင်ကိုသာဝင်လိုက်ရပြီး အဲကွန်းဖွင့်ထားတာကြောင့် မိုးရေစိုနေသည့်သူမအတွက်တော့ လေထုကအေးဆက်ဆက်။

"ရှင်ရေတွေစိုထားတာပဲ အဲ့တာကြောင့်ပြောတာ နိုဝယ်ကိုင်ပေးပါ့မယ်ဆိုတာ"

"တို့ကိုင်လိုက်တော့မင်းမစိုတော့ဘူးလေ"

ဒဏ္ဏာရီ့ပုခုံးအား တစ်သျူးဖြင့်ရေသုတ်ပေးနေသည့် နိုဝယ်လက်များကရပ်တန့်သွားလေရဲ့။

"အမတို့မှာတော့မလားဗျ"

သူတို့နှစ်ယောက်ကြားထဲကအနေခတ်မှုအား ကော်ဖီဆိုင်ဝန်ထမ်းလေးလာမှအဆင်ပြေသွားသယောင်။

"အင်း...တို့တော့ Hot chocolate ပဲသောက်တော့မယ်"

"အာ ကျွန်မကိုလဲအဲ့တာပဲပေးပါ"

"တို့မေးခွန်းကိုမင်းမဖြေသေးဘူးနော် ဘာလို့တို့ကိုစောင့်နေရတာလဲဆိုတဲ့အဖြေ"

"နိုဝယ်ကဖြေဖို့ငြင်းမယ်ဆိုရင်ကော"

"အင်း ဒါကလဲမင်းရဲ့လုပ်ပိုင်ခွင့်ပဲလေ တို့မှမတက်နိုင်ပဲ"

"ဒါနဲ့ oversea သွားတာအဆင်ပြေရဲ့လား"

"အင်းပြေပါတယ် ထွေထွေထူးထူးမှမဟုတ်ပဲ ပုံမှန်အတိုင်းလုပ်ငန်းရှင်တွေနဲ့စကားပြောရတာပါပဲ ကိုယ်လိုချင်တာရဖို့အတွက်"

နိုဝယ်၏မေးခွန်းတစ်ခုခြင်းစီတိုင်းကို သူကိုယ်တိုင်လဲ စိတ်ပါလက်ပါဖြေမိနေခဲ့တယ်။ တကယ်ဆို သူမကို မေးခွန်းတွေထုတ်တာသိပ်ကြိုက်တက်တဲ့သူမဟုတ်ပဲလေ။ ရာသီဥတုက မိုးအေးပေမဲ့ Hot Chocolate ပူပူလေးကြောင့်သူမကိုအနည်းငယ်နွေးစေတယ်။

"မင်းကမိုးရွာတာကိုသဘောကျတာလား"

"သဘောကျတယ်ရယ်လို့တော့မဟုတ်ပါဘူး ဒီအတိုင်းသူ့ပုံစံက ဝမ်းနည်းဖို့ကောင်းတယ်လေအလိုလိုနေရင်း ပြတင်းပေါက်နားထိုင်ပြီး ကော်ဖီခွက်လေးတစ်ခွက်နဲ့ ရွာနေတဲ့မိုးစက်တွေကိုကြည့်ရင်းအတွေးတွေနယ်ချဲ့လို့ရတာပေါ့ ရှင်ကောသဘောမကျဘူးလား"

"တို့က ဒီအတိုင်း စိုစွတ်စွတ်ရာသီဥတုကိုမကြိုက်တာ ဒါပေမဲ့ အခုချိန်ကစပြီး သဘောကျကြည့်တော့မလို့လေ"

နိုဝယ်စိတ်ထဲသူမကိုဘယ်လိုများတွေးနေမိလေမလဲ။ ထိုကောင်မလေးရဲ့အပြုအမှုတစ်ခုခြင်းစီတိုင်းကချစ်ဖို့ကောင်းစွာ။ hot chocolate ကို သေချာအရသာခံပြီး တမြေ့မြေ့သောက်နေပုံကလဲချစ်စရာ။ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဆံစလေးတွေကိုထိကိုင်လိုက်ရင်လဲ သဘောကျစရာ။ သူမနှင့်မျက်ဝန်းခြင်းမစုံပါပဲ သူမကလွဲရင် တစ်ခြားအရာများကစိတ်ဝင်စားဖို့ကောင်းနေသည့်အလားလုပ်နေသည့်ထိုကောင်မလေးကချစ်ဖို့ကောင်းလှစွာ။

"ရှင်ဘာလို့နိုဝယ့်ကိုအဲ့လောက်ထိကြည့်နေတာလဲ လူကနေတောင်မနေတက်တော့ဘူး"

"မင်းအဲလိုရှက်သွားတာလေးကိုသဘောကျလို့လေ"

"ရှင်ကလေမိန်းခလေးဖြစ်နေလို့သိလား ယောက်ျားလေးသာဆိုရင်ရည်းစားတွေဝိုင်းဝိုင်းလည်နေမှာပဲ အပြောကောင်းလို့လေ"

"အခုလဲတို့ကိုလိုချင်နေတဲ့ ယောကျ်ားတွေဝိုင်းဝိုင်းလည်နေပါတယ်နော် တို့ကသာအလုပ်ကိုပဲစိတ်ဝင်စားနေတာ"

မိုးခဏဆဲသွားတော့ လမ်းပေါ်မှာလဲလူတွေသူသူငါငါပြန်ထွက်နေကျတာကို ကော်ဖီတိုင်မှန်ကနေတဆင့်မြင်နေရလေသည်။

"နိုဝယ်တို့ပြန်ကျမလား ရှင့်အတွက်ကအေးတယ်လေ အပြင်မှာမိုးလဲဆဲပြီဆိုတော့ နိုဝယ်လဲ အလုပ်သွားရအုန်းမှာ"

"မင်း...အာ ဘာမှမဟုတ်တော့ပါဘူး ပြန်ချင်ပြီဆိုပြန်ကျမယ်လေ"

ပြန်မယ်ဆိုတော့ ဘေရှင်းဖို့လုပ်တော့ သူမအိတ်ကပ်ထဲ ဒေါ်လာများသာ။ Luggage ထဲပိုက်ဆံအိတ်ပါသွားတာကိုအခုမှသတိရမိသည်။ အခတ်တွေ့နေသည့်သူမကို နိုဝယ်မေးတော့ သူမလဲအမှန်တိုင်းပြောလိုက်သည့်အခါ နိုဝယ်ကသူမကိုခပ်အုပ်အုပ်လေးရီနေလေရဲ့။

"တို့နောက်တစ်ခါဆိုင်လာဖြစ်ရင်ပြန်ပေးမယ်နော်"

"ရပါတယ် နိုဝယ်တိုက်တယ်လို့သဘောထားလိုက်ပါ"

"မရပါဘူး တို့ကအကြွေးတင်ခံရတာမကြိုက်ဘူး ဒီအတိုင်း မင်းရှိမဲ့နေရာကို တို့လာဖို့အကြောင်းတစ်ခုရှိသွားပြီလို့သက်မှတ်လို့ရပါတယ်"

"ဒါနဲ့ရှင်ကားကောပါရဲ့လား"

"တို့မင်းကိုတွေ့လို့ဒီတိုင်းကားပေါ်ကဆင်းလာတာ တို့ကိုလာကြိုတဲ့ကားကိုလဲအိမ်ပြန်လွှတ်လိုက်ပြီ ဒီတိုင်း Taxi နဲ့ပဲပြန်လိုက်တော့မလို့"

"ဒီနားက Taxi ရဖို့ခတ်တယ် နိုဝယ် Garb ခေါ်ပေးမယ် ခဏစောင့်ပေးနော်"

အိမ်ကိုဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ချက်ချင်းသူမရှေ့ကိုကားရောက်လာမည့်သူမအခြေအနေက နိုဝယ် Taxi ငှားပေးတာကိုစောင့်နေပါသတဲ့။ ထို့ပြင် Taxi နဲ့တောင်ပြန်အုန်းမည်တဲ့လေ။ သူမကိုသူမတောင်နားမလည်နိုင်စွာ။

"တို့မှာဖုန်းပါပါသေးတယ် တို့ဖုန်းဆက်လိုက်ရင်လာခေါ်လိမ့်မယ် Taxi ငှားမယ်ဆိုတာသက်သက်ပြောတာ အဲ့ Taxi ကိုမင်းပဲစီးသွားလိုက် ဒီ့ထက်ပိုပြီးမိုးရေထဲမဆော့နဲ့တော့ ခုနက တို့တွေ့လိုက်ပါတယ် Taxi ခေါ်လိုက်ပြီးပြီမဟုတ်လား"

Taxi ရောက်လာတော့ သူပြောသလိုပါပဲ နိုဝယ့်ကိုသာ Taxi နှင့်သွားခိုင်းလိုက်လေတယ်။ သူမကတော့ဖုန်းဆက်ပြီးသာသူမရောက်နေတဲ့နေရာကို GPS ပို့ပြီးလာခေါ်ခိုင်းရလေသည်။

အိမ်ပြန်ရောက်တော့ မိုးရေစိုနေတာ​ကောပင်ပန်းတာကောကြောင့်ရေမြန်မြန်ချိုးရပြန်သည်။ သို့ပေမဲ့လဲ ၂ရက်လောက်တော့ ဖျားသွားရသည့် ဒဏ္ဏာရီ ပါပဲ။

×

tbc

trollz22

Continue Reading

You'll Also Like

9.8K 494 18
သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင်'' မင်းထိုက်ဝဿန်: ''မောင် နည်းနည...
170K 4.4K 73
Hopefully people requests something to me to write about, if not than you only have the request page I guess. Edit: unless I made my own oneshots, wh...
83K 2.6K 31
Only the figure's eyes were visible, the rest hidden by a changewing cloak. Hiccup's jaw dropped as he realized. He knew those eyes. * The Dragon Rid...