မူပိုင် [အတွဲ တစ်]

By ANyo_097

269K 16.4K 407

⁽⁠⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာ‌ပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁠⁾ More

မူပိုင်
အပိုင်း (၁/u)
အပိုင်း (၁/z)
အပိုင်း (၂/u)
အပိုင်း (၂/z)
အပိုင်း (၃/z)
အပိုင်း (၄/u)
အပိုင်း (၄/z)
အပိုင်း (၅/u)
အပိုင်း (၅/z)
အပိုင်း (၆/u)
အပိုင်း (၆/z)
အပိုင်း (၇/u)
အပိုင်း (၇/z)
အပိုင်း (၈/u)
အပိုင်း (၈/z)
အပိုင်း (၉/u)
အပိုင်း (၉/z)
အပိုင်း (၁၀/u)
အပိုင်း (၁၀/z)
အပိုင်း (၁၁/u)
အပိုင်း (၁၁/z)
အပိုင်း (၁၂/u)
အပိုင်း (၁၂/z)
အပိုင်း (၁၃/u)
အပိုင်း (၁၃/z)
အပိုင်း (၁၄/u)
အပိုင်း (၁၄/z)
အပိုင်း (၁၅/u)
အပိုင်း (၁၅/z)
အပိုင်း (၁၆/u)
အပိုင်း (၁၆/z)
အပိုင်း (၁၇/u)
အပိုင်း (၁၇/z)
အပိုင်း (၁၈/u)
အပိုင်း (၁၈/z)
အပိုင်း (၁၉/u)
အပိုင်း (၁၉/z)
အပိုင်း (၂၀/u)
အပိုင်း (၂၀/z)
မူပိုင်
အပိုင်း (၂၁/u)
အပိုင်း (၂၁/z)
မူပိုင် [အတွဲ နှစ်]
စာအုပ်ထုတ်ဝေခြင်း

အပိုင်း (၃/u)

9.4K 776 7
By ANyo_097

မူပိုင် အပိုင်းသုံး။    ။ 

ကိုယ်လုံးပေါ်မှန်ရှေ့ မတ်တပ်ရပ်နေသော အမျိုးသမီးတစ်ယောက်။ ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည့် ဆံနွယ်တွေကြား နေရာယူထားသော နှင်းဆီနီနီနှစ်ပွင့်။ ရဲစိုစိုနှုတ်ခမ်းပါးလွှာကြား ငုံခဲခြင်းခံထားရသော ငါးသုံးလုံးစီးကရက်တစ်လိပ်။ မီးတောက်လေးနှင့် ထိတွေ့လိုက်ပြီးနောက် တစ်ခဏတွင်းချင်း အခိုးငွေ့များဟာ မှန်ချပ်ဆီသို့ ရိုက်ခတ်သွား၏။

" မင်းကိုမုန်းတယ် မူပိုင် "

အောက်တိုဘာ နှစ်ဆယ့်ငါးရက်နေ့။

မူပိုင် နှင့် မြရံခြယ်တို့၏ မင်္ဂလာဧည့်ခံပွဲ ~
အကြီးအကျယ်မဟုတ်သော်လည်း ဦးမင်းပိုင်၏ မိတ်ဆွေများကြောင့် အတော်လေးလူစည်သွား၏။ မြဘက်တွင်တော့ အစ်မရီနှင့် ကိုဘသောင်းသာ တက်ရောက်လေသည်။

ဦးမင်းပိုင်တို့သည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများမို့ မင်္ဂလာပွဲအခမ်းအနားတွင် ဩဘာပေးသူမှာ သင်းအုပ်ဆရာတစ်ဦးသာဖြစ်၏။ နှစ်ဦးနှစ်ဖက် လက်ထပ်လက်စွပ်လဲလှယ်ပြီးနော် ပြဿနာဟာစသည်။ အဘယ်ကြောင့်ဆို ဦးမင်းပိုင်မိတ်ဆွေတို့မှာ နိုင်ငံခြားသားများဖြစ်သည်မို့ သူတို့ထုံးတမ်းအစဉ်အလာအတိုင်း အကြင်နာပေးခိုင်းလေ၏။

" ဟင့်အင်း "

" အဲ့လောက်ထိ ငြင်းပြမနေနဲ့။ ကျုပ်လည်း မနမ်းဘူး "

မူပိုင်ဘက်မှ ခေါင်းခါပြလိုက်သောအခါ တီးတိုးသံများ တိတ်ဆိတ်သွား၏။ မြ သက်ပြင်းခိုးချလိုက်ရင်း မသိစိတ်ထဲမှ ကျေးဇူးတင်နေမိသည်။ ထို့အပြင် ဤမင်္ဂလာပွဲအား မြန်မြန်အပြီးသတ်ချင်နေမိ၏။

ဓာတ်ပြားမှ ပျံ့လွှင့်လာသော သီချင်းသံစဉ်တို့အား နားဆင်ရင်း စီးကရက်ကိုသာ တစိုက်မတ်မတ် ရှိုက်ဖွာနေမိသည်။ အချိန်နာရီသည် မင်္ဂလာပွဲအပြီး နေ့လည်ခင်းမှ ညကိုးနာရီဆိုသော နေရာအထိရွေ့လျားခဲ့ပြီးဖြစ်၏။ အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာသွားသော စလွန်းကားလေးရဲ့ နောက်ကျောပြင်အား မြ အာရုံထဲမှ ထုတ်မရသေးပေ။

" ခွန်းစေ "

စကားဝိုင်းဆီမှ အမှတ်မထင်ကြားလိုက်ရသော အမည်နာမတစ်ခု။ မယုံကြည်ခြင်းများစွာဖြင့် ဘေးနားတွင်ရပ်နေသူအား မော့ကြည့်မိသည်။ တည်တင်းနေသော မေးရိုးထင်းထင်းကိုသာ ဦးစွာမြင်ရ၏။ ထို့နောက် ငုံ့မိုးကြည့်လာသည့် မျက်ဝန်းနက်နက်များ။ အရင်လိုမဟုတ်ပါပဲ ဆွေးရိပ်သမ်းနေသော ထိုမျက်ဝန်းများ။

" ခွန်းစေဆိုတာ ကျုပ်ရဲ့ အဖေတူအမေကွဲ အစ်ကိုပဲ "

" မ .. မဖြစ်နိုင်တာ "

" ခင်ဗျားကို ရူးရူးမူးမူး သဘောကျခဲ့တဲ့ ကောင်မလေးကလည်း ကျုပ်ပဲ "

လွန်လေခဲ့သော ကိုးနှစ်တာကာလ။ စာတိုက်ပုံးလေးထဲ နေ့စဉ်မပြတ် ရောက်ရှိလာတတ်သည့် စာအိတ်ဝါတွေ။ ပိတောက်ပန်းခတ်ပုံ တံဆိပ်တုံးခပ်နှိပ်ထားသော ဒေါ်ဒေ့ါ်အတွက်ဟူသည့် ခပ်ဝိုင်းဝိုင်းလက်ရေးလေး။ အထဲရှိစာရွက်လေးကိုပင် ထုတ်မဖတ်ဖြစ်ခဲ့သော နေ့စွဲပြက္ခဒိန်တို့။

" မန္တလေးကို ခင်ဗျားပြောင်းသွားပြီးတဲ့နောက် ကျုပ်ဘဝကြီး ကံစိုးမိုးမှောင်ကျတော့တာပဲ "

တူဖြစ်သူနောင်နောင်၏ သတင်းကြားကြားချင်း မန္တလေးသို့ ပြောင်းသွားဖြစ်သည်။ ထိုနေ့က မိုးရေထဲအပြေးလိုက်လာသော ပုံရိပ်ငယ်လေးအား ကားနောက်ကြည့်မှန်မှ မြင်လိုက်ရသော်လည်း မရပ်တန့်ဖြစ်ခဲ့။ ဤအခြင်းအရာသည် တစ်ဖက်သူအပေါ် ဒဏ်ရာအနာတရဖြစ်စေခဲ့လေသလား။

" ခင်ဗျားကို ကျုပ်လက်ထပ်တယ်ဆိုတာ အချစ်တစ်ခုတည်းကြောင့်မဟုတ်ဘူး ဒေါ်မြရံခြယ်။ ကိုစေအတွက် လက်စားချေမလို့။ ခင်ဗျားက လိင်တူချစ်သူတွေအပေါ် ခါးခါးသီးသီး ရွံမုန်းခဲ့တာမဟုတ်လား။ အဲ့တာ‌ကြောင့် ခင်ဗျားရဲ့ နေ့ရက်တိုင်းကို မိန်းမတစ်ယောက်ရဲ့ ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ခါးခါးသီးသီးရှင်သန်ရမယ် "

ဆင်ဝင်အောက်မှ ကားရပ်သံအား ကြားလိုက်ရစဉ် အတွေးတို့အား လက်စသတ်လိုက်၏။ စီးကရက်တိုအား ပြာခွက်၌ ဖိချေကာ ကုတင်ထက် ကြိုတင်နေရာယူလိုက်သည်။ အခြားအခန်းပြောင်းအိပ်ဖို့လည်း မရသည်မို့ အထွန့်တက်မနေချင်တော့ပါ။ အတော်လေး ပင်ပန်းနေပြီမို့ ရှည်ရှည်ဝေးဝေးစကားများလည်း မပြောချင်။

" အပူအပင်ကင်းကင်း အိပ်နေနိုင်သားပဲ "

ကုတင်ပေါ်တွင် ခွေခွေလေးလှဲနေသူနား တိုးကပ်သွားလိုက်၏။ မိတ်ကပ်ဖျက်ထားပြီး သနပ်ခါးပြန်လိမ်းထားပုံရသည်။ ညမီးအိမ်၏ အရောင်ဖျော့ဖျော့အောက်မှာတောင် ပါးကွက်ကြားလေးဟာ ထင်းလို့ရယ်။

" နောက်လည်းသိရမယ့်အတူတူ အခုတည်းက သိသွားတော့လည်း တစ်မျိုးကောင်းတာပေါ့။ ခင်ဗျားကို အများကြီးဝမ်းမနည်းနေစေချင်ဘူး။ ကျုပ်ဘယ်လိုတောင် လက်စားချေရပါ့မလဲ လေးဆယ့်နှစ်နှစ်ရယ် "

နှုတ်ခမ်းသို့ထိတွေ့လာသော ဝိုင်နံ့သင်းနေသည့် အိစက်စက်အရာ။ ဒါဟာ မူပိုင်ဆိုသော သူစိမ်းရဲ့ နှုတ်ခမ်းပါးများသာဖြစ်မည်။ ထိန်းထားပါသော်လည်း ထူးဆန်းသည့်အထိအတွေ့ကြောင့် တစ်ကိုယ်လုံးတုန်တက်သွားရ၏။ တွန်းဖယ်မည်ဟု ကြံရွယ်လိုက်ကာမှ ဦးစွာရှောင်ဖယ်သွားသူကြောင့် နဂိုအ‌တိုင်း အိပ်မောကျဟန်ဖြင့်သာ ဆက်လှဲနေလိုက်သည်။

" ခင်ဗျားကို ကျုပ်ပိုင်တယ် လေးဆယ့်နှစ်နှစ် "

ဝေးကွာသွားသော ကိုယ်သင်းရနံ့။ ပြီးနောက်ထွက်ပေါ်လာသည့် တံခါးပွင့်သံ၊ ပိတ်သံနှင့် ရေစက်ကျသံအချို့။ ထိုအခါမှသာ မျက်လုံးတို့အားဖွင့်လို့ ဘေးဘီဝေ့ဝဲကြည့်မိ၏။

မှန်တင်ခုံပေါ်တွင်ရှိနေသည့် လက်ကိုင်ပုဝါကိုမြင်သောအခါ အလျင်အမြန်သွားယူလိုက်သည်။ မနှစ်မြို့စရာ အထိအတွေ့တွေ၊ အနမ်းဟုပင် ခေါင်းစဉ်တပ်မရအောင် ရွံဖို့ကောင်းသော ဖြစ်တည်ခြင်း။ မျက်ရည်မကျမိစေရန်ထိန်းလို့ လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းတို့ကို ခပ်ကြမ်းကြမ်းဖိသုတ်ပြစ်လိုက်သည်။

ရွံတယ် ~

နိုးထလာရသော မနက်ခင်းတိုင်းတွင် အတူပါရှိလာပြီဖြစ်သည့် ထိုသူစိမ်း။ စပ်ဆုတ်မိသည်မှာ အမြဲလိုလို သူ၏ရင်ခွင်ထဲရောက်ရှိနေခြင်းဖြစ်ရပ်။ ညက ဘယ်လိုလိုပဲ ကျောပေးအိပ်အိပ်၊ မနက်ဆို လူတစ်ကိုယ်လုံးသည် ရင်ခွင်ကျယ်ကျယ်ထဲ၌ အံဝင်တကျ။

" နိုးနေရင်လည်းထတော့၊ ကျုပ်အလုပ်သွားရဦးမယ် "

မျက်လုံးမဖွင့်သေးပါပဲ ပြောလာခြင်းဖြစ်၏။
အလုပ်ဆိုသော အသံကြားလေ သူ့အားသတ်ပြစ်ချင်လေဖြစ်သည်။ လက်ထပ်ပြီးနောက်တစ်နေ့မှစ၍ အခုချိန်ထိ ရုံးအားမသွားရတော့ပေ။ ရှယ်ယာအများဆုံးဖြစ်သည်ကတစ်ကြောင်း၊ ထို့ပြင် သူက အိမ်ထောင်ဦးစီးလည်းဖြစ်သည်မို့ဆိုကာ ရုံးတာဝန်အား လက်လွှဲယူလိုက်လေ၏။

" ထစေချင်ရင် ဖက်ထားတာကို အရင်လွှတ် "

" မလွှတ်ခင်လေး ခင်ဗျားသိပ်ရွံတဲ့ ကျုပ်ဆီကနေ အနမ်းတစ်ပွင့်ယူလိုက်ဦး "

" မင်းနော် လွတ် အွန့် "

ထိကပ်သည်ဆိုရုံလေး အနမ်းပေးပြီးနောက် ဖက်တွယ်ထားခြင်းမှ လွှတ်ပေးလိုက်၏။ ရေခဲရိုက်လိုက်သလို တောင့်တောင့်ကြီးဖြစ်သွားသူအား ချန်ရစ်ခဲ့ကာ ရေချိုးခန်းသို့ အရင်ဝင်ရတော့သည်။ အကျင့်ဖြစ်အောင် အမြဲနမ်းနေပေးတာတောင် တုန်လှုပ်နေတတ်တုန်း။ ခက်တယ် ခင်ဗျားရယ် ~

" ကျုပ်ကို ကြယ်သီးကူတပ်ပေးဦး "

" လက်မပါဘူးလား ကိုယ့်ဘာသာလုပ် "

" ခင်ဗျားက ကျုပ်မယားနော် အဲ့တာမမေ့နဲ့ဦး "

အိပ်ချိန်မှလွဲကာ မျက်နှာချင်းဆိုင်လိုက်နှင့် ပြဿနာတက်ကြရ၏။ ဘာမဟုတ်သော ကိစ္စရပ်သေးသေးလေးနှင့်ပင် စကားများရလေသည်။ ကြာတော့လည်း မြ ပင်ပန်းလာပြီ။ ထိုအခါ မြဘက်ကပဲ ဦးစွာအလျော့ပေးလိုက်မိ၏။

" မင်းအခုနေနေတာ မြန်မာနိုင်ငံနော်။ လန်ဒန်မြို့မဟုတ်ဘူး "

" အဲ့ဒီတော့ "

" ဝတ်ပုံစားပုံကို ပြင်ဖို့အစီအစဉ်မရှိဘူးလား။ ပြီးတော့ ရုံးမှာ မင်းကအထက်လူကြီး။ မြန်မာဝမ်းဆက်လေးနဲ့ သပ်သပ်ရပ်ရပ်နေပါလား "

" အခုကကော ဘယ်နားမသပ်ရပ်တာလဲ ပြောစမ်းပါဦး "

မေးတော့လည်းမဖြေနှင့် လေးဆယ့်နှစ်နှစ်တို့ သိပ်ရစ်သည်။ လန်ဒန်တွင်အနေကြာခဲ့သူမို့ ထဘီမဝတ်တတ်ပါ။ ထို့အပြင် ဘောင်းဘီရှည်များသာ ဝတ်နေကြမို့ သက်တောင့်သက်သာလည်းဖြစ်၏။ အချို့မြန်မာအမျိုးသမီးများလည်း အနောက်တိုင်းဝတ်စုံကို ဝတ်ကြသည်မဟုတ်ပါလား။ သူတို့ကမှ အပြည့်အစုံဝတ်သေး၊ ကျုပ်ဆို နက်ခ်တိုင်ကို စိတ်ရှုပ်လို့ ဘယ်သောအခါမှ မဝတ်။

" ကျုပ်မေးနေရင် ဖြေ "

" မဖြေဘူး အမိန့်လာမပေးနဲ့ "

ကျစ်စုပ်သက်မိသောအခါ မော့ကြည့်လာသည့် မှန်ကိုင်းအောက်မှ မျက်ဝန်းလေးများ။ ဒေါသငွေ့လေးများ ပြည့်နှက်နေကာ အရည်ကြည်တို့လည်း လဲ့ထနေ၏။ ကျုပ်ရူးပြီ ခင်ဗျားရယ်။

" အဲ့လိုမကြည့်စမ်းပါနဲ့ "

" ကြည့်တော့ဘာဖြစ်လဲ "

" ကြည့်တော့ နမ်းမှာပေါ့ "

ကြယ်သီးတပ်ပေးနေသော လက်တစ်စုံသည် တင်းကြပ်သွား၏။ ရုန်းကန်ဖို့ပြင်နေသူကြောင့် ခါးမှတစ်ဆင့် အနီးကပ်ဆုံး ပိုဖြစ်အောင်ဆွဲဖက်ထားလိုက်သည်။ ကြားလေသွေးလို့မရအောင်အထိ ပူးကပ်သွားသော အနေအထား။

" အိမ်မှာနေပြီး ကျုပ်ကိုပြန်ချစ်ဖို့ကိစ္စ စဉ်းစားထား "

ဒါဟာ အလုပ်မသွားခင်တိုင်း မှာသွားတတ်သော စကားပင်။ လူရှေ့မရှောင် ပြောတတ်ခြင်းကြောင့် အစ်မရီနှင့် အသစ်ခေါ်ထားသော အိမ်အကူကောင်မလေးပင် သိထားပြီးကြလေ၏။

" မြအတွက် သံပုရာရည်လေးတစ်ခွက်လောက် ဖျော်ပေးပါဦး။ ပြီးရင် ဧည့်ခန်းထဲကို လာပို့နော် "

အာရုံထဲရောက်ရှိလာသော နံရံထက်ရှိ မင်္ဂလာဓာတ်ပုံ။ တစ်ဦးက မြန်မာရင်ဖုံးဝမ်းဆက်နဲ့ဖြစ်ပြီး နောက်တစ်ဦးကတော့ အနောက်တိုင်း ဝတ်စုံအဖြူ‌ဖြင့်။ ဘယ်လောက်တောင် မလိုက်မဖက်နိုင်သလဲ။ ရှုပ်ထွေးလာရသော စိတ်အစဉ်ကြောင့် ထိုဓာတ်ပုံဘောင်အား အငြိုးထားမိလေသည်။

" ဟယ်တော့ မဖြစ်ဘူး ဒေါ်လေးမြ "

ဓာတ်ပုံဘောင်ကိုဖြုတ်ရန် ကြံရွယ်နေစဉ် အပြေးလေးလာတားသော အိမ်ကူကလေးမ။ ဟိုသူစိမ်းခန့်ထားသောသူမို့ အပြည့်အဝ သူ့ဘက်တော်သား။

" ဖြုတ်ဖို့မလုပ်ပါနဲ့ ဒေါ်လေးမြရယ်။ သခင်မလေးသိရင် မေပုံ့ကို သတ်လိမ့်မယ် "

အိမ်ရှိအလုပ်သမားတိုင်း ထိုသူစိမ်းအား သခင်မလေးဟု ခေါ်ကြရ၏။ ဘယ်လောက်တောင် အထက်စီးဆန်လိုက်သလဲ။

" မြရေ အိမ်ရှေ့မှာ ဦးမင်းပိုင်ရောက်နေတယ် "

အစ်မရီရဲ့ စကားကြောင့် ဓာတ်ပုံလုနေရင်းမှ ရပ်တန့်လိုက်၏။

" အိမ်ထဲဝင်လာခိုင်းလိုက်လေ အစ်မရီ "

" ခြံထဲမှာပဲ စောင့်နေမယ်ပြောတယ် မြ "

" ဟုတ်ပြီ ဒါဆိုလည်း မြ ထွက်တွေ့လိုက်မယ်။ ဧည့်သည်အတွက် တစ်ခုခုပြင်ပြီး ယူလာခဲ့ပေးနော်။ မြအတွက် သံပုရာရည်ကိုတော့ ချန်ထားလိုက်တော့။ နောက်မှပဲ အေးဆေးသောက်မယ် "

မင်္ဂလာဆောင်ပြီးတည်းကဆို ဦးမင်းပိုင်နှင့် မဆုံဖြစ်သည်မှာ နှစ်ပတ်ခန့်ရှိပြီ။ အရင်တစ်ချိန်က စီးပွားရေးလုပ်ငန်း ပါတနာများအဖြစ် သိကျွမ်းခဲ့ရသော်လည်း ယခုအခါတွင် အခြေအနေမတူတော့ပေ။

" ဘာကိစ္စရှိလို့တုန်း ဦးမင်းပိုင် "

" ဒေါ်မြရံခြယ် ဘယ်လောက်စိတ်ဆင်းရဲနေမလဲဆိုတာ သိချင်လို့ လာကြည့်ရုံပါ "

နောင်နောင်တို့ကိစ္စနှင့်ပတ်သက်၍ အဓိကအငြိုးထားနေသူသည် ဦးမင်းပိုင်သာဖြစ်ပေမည်။ ခွန်းစေ၏ သေဆုံးမှုအတွက် စိတ်မကောင်းသော်လည်း တူဖြစ်သူနောင်နောင်မှာလည်း မန္တလေးတွင် အရူးတစ်ပိုင်း ရှင်သန်နေရတာမဟုတ်ပါလား။ တစ်ဖက်တည်းကိုသာ ပုံအောပြီး အပြစ်တင်နေချင်လို့မှမရပဲ။

ဖြစ်စဉ်အစအဆုံးတွင် မြဟာ ပဲ့ကိုင်သူတစ်ဦးဖြစ်ခဲ့ပေမယ့် ဒီလောက်အထိ ဆိုးရွားသွားဖို့ မလိုလားခဲ့တာအမှန်။ လိင်တူဆိုသည့် ခေါင်းစဉ်အောက်မှ တည်ရှိခြင်းတွေကို မနှစ်မြို့ခဲ့ရုံပင်။ ထိုမှစ၍ မြ မှား၏။

" ခက်ပြီ ဦးမင်းပိုင်ရယ်။ လက်စားချေဖို့ ရွေးလိုက်တဲ့လူက မှားနေတယ်ရှင့် "

" ဘာပြောတယ် "

" မြဘက်က မာန်တင်းနေတာတောင် သည်းသည်းလှုပ်ဖြစ်နေတာ မြသာ သူ့ဘက်ကိုမာန်လျှော့လိုက်ရင် ဘယ်လောက်တောင် နစ်မွှန်းနေလိုက်မလဲ။ မူပိုင်ဆိုတာ မြအတွက် အရုပ်သာသာပါပဲ ဦးမင်းပိုင် "

" ဒေါ်မြရံခြယ်သိအောင်လည်း မှာလိုက်ဦးမယ်။ မူပိုင်ဆိုတဲ့ ကလေးက ကတိစကားကို အသက်ထက်ပိုတန်ဖိုးထားတယ်ဆိုတာပဲ "

ကတိစကားတဲ့လား။ ဘယ်လိုနှောင်ဖွဲ့မှုများဖြင့် ရစ်ပတ်ထားလေသလဲ။ မူပိုင် .. သိပ်သနားဖို့ကောင်းတယ် သူစိမ်းရယ်။ မြကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းဘက်က တောင့်ခံနေအောင် ကြိုးစားထား။

ကားရပ်လိုက်သည်နှင့် ဦးစွာရှာမိသူမှာ ဒေါ်မြရံခြယ်ကိုသာ။ ဘယ်သော်အခါမှ ထွက်မကြိုက်ဖူးသော်လည်း ကြိုစေချင်ပါသည်။ မတိုက်တွန်းရက်လို့ပါ ခင်ဗျားရယ် ..

" ဟိုလေးဆယ့်နှစ်နှစ်ကော ဘယ်မှာလဲ မေပုံ့ "

" ဒေါ်လေးမြက ဘုရားရှိခိုးနေတာပါ သခင်မလေး "

" ဟုတ်ပြီ။ ဒါနဲ့ ညစာကိုမပြင်ထားနဲ့ ကျုပ်တို့အပြင်ထွက်စားမှာမို့လို့ "

မေပုံ့ခေါင်းကို ခပ်မြန်မြန်ငြိမ့်ပြလိုက်၏။ သခင်မလေးက ဒေါ်လေးမြမှလွဲရင် မည်သူ့အပေါ်မှာမှ စိတ်မရှည်တတ်ပေ။ ဒေါသထွက်လွယ်သလို စကားပြောလည်းကြမ်းတမ်း၏။ ထို့ကြောင့် သခင်မလေးကိုတော့ ‌တုန်နေအောင်ကြောက်ရပါသည်။

အိပ်ခန်းဆီသို့ ဦးတည်ထားသော်လည်း ဘုရားခန်းမှ ထွက်ပေါ်လာသော ရေရွတ်သံခပ်တိုးတိုးကြောင့် ရပ်တန့်မိ၏။ လှေကားရင်းမှ လှမ်းလို့ကြည့်လျှင် ကျောပေးထားသူအား အတိုင်းသားမြင်ရ၏။ အဘယ်ကြောင့်ဆို ဘုရားခန်းတွင် တံခါးမရှိပါ။ ထိုအစား ဖြူလွှလွှလိုက်ကာလေးသာ ကာရံထားသည်လေ။

တင်ပါးအထိရှည်သော ပိတ်မှောင်းမှောင်းဆံနွယ်များကို ကြိုးဖြင့်ခပ်လျော့လျော့စည်းနှောင်ထား၏။ ဆီလိမ်းထားခြင်းကြောင့် နဂိုနက်သော ဆံနွယ်တို့သည် ပြောင်လဲ့လဲ့ဖြင့်။ ဘာဟိတ်ဟန်မှမပါပဲ ပါတိတ်ဝမ်းဆက် အနွမ်းလေးကိုသာ ဝတ်ဆင်ထား၏။ ကျုပ်ရဲ့အပိုင် ... ကျုပ်နဲ့ပဲ‌‌ဆိုင်ရမည့် ကျုပ်အိမ်သူသက်ထား။

ဘယ်လောက်အထိ ငေးနေမိသလဲဆို ဘုရားရှိခိုးပြီးသည်ကိုပင် အာရုံမရမိပါ။ ဘေးနားမှဖြတ်လျှောက်သွားတော့မှ သတိကပ်ကာ လက်ကောက်ဝတ်အား ဖမ်းဆွဲထားလိုက်၏။

" လွှတ် "

" လွှတ်ချင်မှတော့ ဘယ်ကိုင်ပါ့မလဲ ခင်ဗျားရယ် "

" ဘာကိစ္စလာကိုင်နေတာလဲ "

" အပြင်သွားကြမယ် "

" ဘာ "

" ဘာမနေနဲ့ ညစာကို အပြင်ထွက်စားကြမယ်။ ကျုပ်ရေအရင်ချိုးဦးမှာမို့ ခဏစောင့်ပေး "

ပြောချင်ရာပြောပြီး ဦးစွာထွက်သွားသူကြောင့် စိတ်လေးဟာ မအေးချမ်းတော့။ အမြဲတမ်း သူ့စိတ်တိုင်းကျပဲမို့ မြ အတော်လေးစိတ်ညစ်လာရပါပြီ။ မုန်းတာကတစ်ကန့်၊ ထိုသူစိမ်းအား မလွန်ဆန်နိုင်ခြင်းက တစ်ကန့်။

စောင့်ပေးဆိုတော့လည်း စောင့်ပေးရတာပေါ့လေ။ ထို့ကြောင့် ဧည့်ခန်းထဲ သတင်းစာဖတ်ရင်း ထိုင်နေလိုက်သည်။ မကြာပါ လှေကားမှဆင်းလာသော ခြေသံအချို့အား ကြားရ၏။

အဖြူရောင်ပိတ်ဖောက်ဇာ ရင်ဖုံးအင်္ကျီအား အနက်ရောင် ယောထဘီဖြင့် တွဲဖက်ဝတ်ဆင်ထားသော ထိုသူစိမ်း။ ဂုတ်ကျော်ရုံမှသာရှည်သည့် ခပ်လိပ်လိပ်ဆံနွယ်တို့ကို ထုံးဖွဲ့လို့စည်းနှောင်ထား၏။ အပြစ်အနာအဆာကင်းသော ညိုလျလျမျက်နှာထက်တွင် နေရာယူနေသည်က ခပ်ပါးပါးသနပ်ခါးကွက်။ တစ်ကြိမ်တစ်ခါလေးမျှ မမြင်ဖူးသော ပုံစံအနေအထားမို့ ကြောင်အမ်းအမ်းဖြစ်ကာ ငေးမောနေမိသည်။

" ကျုပ်လှတာ ကျုပ်သိတယ်။ ခင်ဗျား အဲ့လောက်မကြည့်နေနဲ့ "

" မင်းက အတော်လေးရိုင်းတာပဲ "

" ခင်ဗျားထင်ချင်သလိုထင် "

" မင်းဆီမှာ တုန့်ပြန်ဖို့အဲ့စကားပဲရှိသလား "

" မဟုတ်ဘူး ရှိသေးတယ်။ အဲ့စကားက ခင်ဗျားသာ ကျုပ်ကိုပြင်ပေးမယ်‌ဆို ယဉ်ကျေးလာနိုင်တယ် "

" ဟင် "

" ကျုပ်ကိုပြန်မချစ်နိုင်ရင်တော့ ခင်ဗျားပြင်လို့ရမယ်မထင်ဘူး။ ကဲ အဲ့ကိစ္စထားပါ၊ ဗိုက်ဆာလာပြီ သွားကြရအောင် "

နှစ်ဦးသားကြားရှိ လေထုလေးသည် ချက်ချင်းပင်တိတ်ဆိတ်သွား၏။ ရှေ့မှဦးဆောင်ကာထွက်သွားသူနောက် အမှီလိုက်လို့ ဖွင့်ပေးထားသည့် ကားတံခါးမှတစ်ဆင့် အထဲကိုဝင်လိုက်ရသည်။ မောင်းသူနေရာတွင်တော့ သူစိမ်းမလေး မူပိုင်။

" ဖြေးဖြေးမောင်းနော် "

" ခင်ဗျားကကြောက်လို့လား "

" မသေချင်သေးလို့ ပြောနေတာ "

ထိုအခါ အက်ရှရှထွက်ပေါ်လာသော ရယ်သံသည် ကြိမ်ဖန်များစွာကြားဖူးပါသော်လည်း နားမယဉ်ပေ။ အယောင်ယောင်အမှားမှား တုန်တက်သွားတတ်သည့် ကိုယ်လုံးငယ်ဟာလည်း သစ္စာဖောက်မြဲပင်။

_____
(အညို)

ကဲ .. ကဲ ဖတ်ရတာအဆင်ပြေကြရဲ့လား။
ရီဗြူးလေးတွေရေးထားတာဖြစ်ဖြစ်၊ vd edit တာဖြစ်ဖြစ်တွေ့ခဲ့ရင် အညို့ကိုလက်တို့ကြပါဦးနော်။

Continue Reading

You'll Also Like

222K 10.2K 40
#yuyachi ဖန်းတီးမှုတစ်ခုသာဖြစ်၍အပြင်လောကနှင့်သက်ဆိုင်မှုမရှိကြောင်း...❗ start:July 9,2024(Tue) End:september 21,2024(sat) 7:22PM Total- 75 Days #warn...
788K 79.6K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...
216K 2.4K 19
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...
169K 5K 144
Part 1 of "The Hunter's Gonna Lay Low" Introduction: Hunter Cha Eui-jae, who was dispatched to seal a rift that appeared over the West Sea, was flung...