ᴅᴏʀᴀ
By noraxee_
33.7K 2K 304
ᴛʜɪs ɪs ᴀ ᴡᴏʀᴋ ᴏғ ғɪᴄᴛɪᴏɴ. ᴀɴʏ ɴᴀᴍᴇs, ᴄʜᴀʀᴀᴄᴛᴇʀs ᴏʀ ᴇᴠᴇɴᴛs ᴀʀᴇ ғɪᴄᴛɪᴏɴᴀʟ. More
Part 1 ( Unicode )
Part 1 ( Zawgyi )
Part 2 ( Unicode )
Part 2 ( Zawgyi )
Part 3 Flash Back Start ( Unicode )
Part 3 Flash Back Start ( Zawgyi )
Part 4 ( Unicode )
Part 4 ( Zawgyi )
Part 5 ( Unicode )
Part 5 ( Zawgyi )
Part 6 ( Unicode )
Part 6 ( Zawgyi )
Part 7 ( Unicode )
Part 7 ( Zawgyi )
Part 8 ( Unicode )
Part 8 ( Zawgyi )
Part 9 ( Unicode )
Part 9 ( Zawgyi )
Part 10 ( Unicode )
Part 10 ( Zawgyi )
Part 11 ( Unicode )
Part 11 ( Zawgyi )
Part 12 ( Unicode )
Part 12 ( Zawgyi )
Part 13 ( Unicode )
Part 13 ( Zawgyi )
Part 14 ( Unicode )
Part 14 ( Zawgyi )
Part 15 ( Unicode )
Part 15 ( Zawgyi )
Part 16 ( Zawgyi )
Part 17 ( Unicode )
Part 17 ( Zawgyi )
Part 18 ( Unicode )
Part 18 ( Zawgyi )
Part 19 ( Unicode )
Part 19 ( Zawgyi )
Part 20 ( Unicode )
Part 20 ( Zawgyi )
Part 21 ( Unicode )
Part 21 ( Zawgyi )
Part 22 ( Unicode )
Part 22 ( Zawgyi )
Part 23 ( Unicode )
Part 23 ( Zawgyi )
Part 24 ( Unicode )
Part 24 ( Zawgyi )
Part 25 ( Unicode )
Part 25 ( Zawgyi )
Part 26 ( Unicode )
Part 26 ( Zawgyi )
Part 27 Flash Back End ( Unicode )
Part 27 Flash Back End ( Zawgyi )
Part 28 ( Unicode )
Part 28 ( Zawgyi )
Part 29 ( Unicode )
Part 29 ( Zawgyi )
Part 30 ( Unicode )
Part 30 ( Zawgyi )
Part 31 ( Unicode )
Part 31 ( Zawgyi )
Part 32 ( Unicode )
Part 32 ( Zawgyi )
Part 33 Final ( Unicode )
Part 33 Final ( Zawgyi )
Part 16 ( Unicode )
496 47 21
By noraxee_
Author's Note
နန်းရဲ့စာဖတ်သူလေးတွေအထင်လွဲနေကြမစိုး နန်းဒါလေးကိုတကူးတကထည့်ရေးလိုက်ရပါတယ်ရှင်။ DORA ဆိုတဲ့ Fiction မှာ Ryan ဟာအရံဇာတ်ကောင်ဖြစ်ပါတယ်နော်။ ဒါဆိုအဓိကဇာတ်ကောင်တွေက ဘယ်သူတွေလဲဆိုတာ နန်းမပြောလဲသိကြမှာပေါ့။ ကဲ ဒါဆို နန်းတို့ရဲ့ဇာတ်လမ်းလေးကို ပြန်ဆက်လိုက်ကြမလား...
✤✤✤✤✤✤✤
ဦးသက်ထွန်းဆုံးပြီးတစ်လအကြာ။
"ဦး သား သားလေ"
သူ...
သူ ဒီစကားကို ဦးကိုဘယ်လိုပြောပြရမလဲ။ အခုဒိုရာလေးရဲ့စိတ်ထဲအရမ်းကိုရှုပ်ထွေးနေရပြီ။ တစ်ဖက်မှာ သူ့ကိုကျွေးမွေးပြုစုစောင့်ရှောက်လဲ့တဲ့ ကျေးဇူးတရားဆိုရင်တစ်ဖက်မှာက သူ့လိုကလေးတစ်ယောက်ကို လူထဲကလူပီသတဲ့သူတစ်ယောက်ဖြစ်အောင်သင်ပေးခဲ့တဲ့ ကျေးဇူးတရား။
"ဦး သား သားလေ"
"အင်း ကိုယ်က ကလေးကို ဒိုရာလေးသာကိုယ့်ကိုယ့်ကိုယ်မှန််လို့ထင်ရင် ဘာမဆိုရဲရဲဝင့်ဝင့်ပြောနိုင်တဲ့ သူဖြစ်အောင်သင်ပေးခဲ့တာ ဒါကြောင့်မကြောက်နဲ့ ပြောစရာရှိတာကိုပြော ဒိုရာ ကိုယ်သေချာနားထောင်နေတယ်"
"ဦးဦးကသားအပေါ်ကျေးဇူးရှိခဲ့တာ သား သားမှာလေ ဦးဦးစကားကိုတသွေမတိမ်းနားထောင်ဖို့ တာဝန်အပြည့်အဝရှိတယ်ခင်ဗျာ"
"ဒါပေါ့ မှန်တာပေါ့ ဒိုရာ ဒီလိုလုပ် တိုတိုရှင်းရှင်းနဲ့ လိုရင်းကိုပဲပြော အခု ကိုယ့်လက်တွေတုန်နေတာမြင်လား ဒိုရာလေးဘာပြောမှာလဲဆိုတာ ကိုယ်လဲမှန်းဆထားပြီးသားဆိုပေမယ့် ကိုယ့်အခြေအနေက အခု ဒိုရာလေးနှုတ်ကထွက်ကျလာမယ့်စကားတွေကို ရင်ကွဲမတတ် နာကျင်နေတာတောင် မနည်းနားထောင်ပေးနေရတာနော် ဒါနောက်ဆုံးအနေနဲ့ ကိုယ့်ကလေးရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝလေးစားလို့ပဲ"
"ဦး အီးဟီး...."
"မငိုနဲ့ မငိုရဘူး ဒိုရာ ကိုယ် ကလေးကိုရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်အောင်သင်ပေးခဲ့ပြီးပြီ မျက်ရည်တွေကိုသုတ် ဒိုရာမှန်တယ်ထင်ရင်လုပ် ကိုယ်မတားဘူး ကိုယ့်ကိုလဲအားနာစရာမလိုဘူး နားလည်လားကလေး"
"ဟုတ်ကဲ့ ဦးဦးကလေသားကို ဦးဦးမဆုံးခင် သေသေချာချာမှာခဲ့တာ ဦးဦးမရှိတော့ရင် ကိုကို့အနားပဲနေရမယ်တဲ့ ပြီး ပြီးတော့ သားဘဝမှာပထမဦးဆုံး ဦးဦးကသားကို ဒီလိုပြောဖူးတာပဲ ဦးဦးကသူ့တစ်ဘဝလုံးသားအလိုကိုပဲလိုက်ခဲ့တာ အဲ့ အဲ့တာကြောင့်..."
"အင်း ဆိုတော့ ဒိုရာလေးပြောချင်တာကို ကိုယ်သဘောပေါက်ပြီ အခုကစပြီး ကိုယ်ပြောတာကိုသေချာနားထောင်နော်"
"ဟင့် ဟုတ်ကဲ့ ဦး"
"ကိုယ့်ကလေးက တကယ်ကိုလူကြီးလေးဖြစ်လာပြီပဲ ဟုတ်ပါတယ် ဒိုရာပြောတာမှန်တယ် ဦးသက်ထွန်းက ဒိုရာလေးရဲ့ကျေးဇူးရှင်ပဲ ဒိုရာလေးမှာ ဦးသက်ထွန်းရဲ့စကားကိုနားထောင်ဖို့တာဝန်အပြည့်အဝရှိတယ် ဒါလဲ ဦးသက်ထွန်းရဲ့‌နောက်ဆုံးဆန္ဒဆိုတော့ ကိုယ့်မှာလဲဘာမှဝင်ပြောပိုင်ခွင့်မရှိဘူး နောက်ဆုံးဒါက ဒိုရာလေးဆုံးဖြတ်ရမယ့် ကိစ္စပဲ ဒိုရာလေးဘာပဲဆုံးဖြတ်ဆုံးဖြတ် ကိုယ့်အနေနဲ့ကတော့ ရင်ကွဲလဲကွဲရုံပေါ့ ခင်ဗျားလေးရဲ့ဆုံးဖြတ်ချက်ဆိုရင် ကိုယ်ကတော့ လေးလေးစားစားနဲ့ကိုလက်ခံပေးမှာ"
"ဒါပေမယ့် ဒီတစ်ခုပဲမှတ်ထား ဒိုရာ ကိုယ်က ခင်ဗျားလေးဟိုးလက်တောက်လောက်လေးကတည်းကထိန်းလာတာ အခုဒိုရာလေးစိတ်ထဲမှာ ဦးသက်ထွန်းအပေါ် တာဝန်မကျေခဲ့ရကောင်းလားဆိုပြီးနောင်တရနေမှာသေချာတယ် အဲ့စိတ်ကြောင့်ပဲ Ryan နားနေဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ဒိုရာကိုယ်တိုင်ပဲသိမှာပါ ကိုယ်က အကြိမ်ပေါင်းများစွာ ကိုယ့်ကလေး အဲ့ကောင်လက်ထဲမှာ ပျက်ဆီးခဲ့တာတွေ မြင်ခဲ့ရပြီးသား ဒီထပ်ထပ်ပြီးတော့တော့ မကြည့်နိုင်တော့သလို မြင်လဲမမြင်ချင်တော့ဘူး ဒိုရာ"
"ဟင့် ဦး ဦးကထွက်သွားတော့မှာ..."
"အင်း ကိုယ်လဲဒိုရာလေးရဲ့ဆုံးဖြတ်ချက်ကိုလေးစားသလို ကိုယ့်ဆုံးဖြတ်ချက်ကိုလဲ ဒိုရာလေး လေးစားမယ်လို့မျှော်လင့်တယ်"
"အဟင့် ဗြဲ......"
"ကလေးလေးရယ် ဒီအခြေအနေမှာ ပိုပြီးဝမ်းနည်းရမယ့်သူက ကိုယ်ပါကွာ မငိုနဲ့နော် လိမ်မာတယ် လာကိုယ့်နား"
ထိုသို့ပြောတော့ ဒိုရာလေးဟာချက်ချင်းဆိုသလိုပင်ထိုင်ရာမှထကာ သက်နောင်ပိုင်ရဲ့ရင်ခွင်ထဲသို့အတင်းတိုးဝင်ကာ စိတ်လိုလက်ရ အော်ငိုပေတော့သည်။ သက်နောင်ပိုင်လဲဒိုရာလေးဒီလိုငိုပြီဆိုရင်သူငယ်ငယ်လေးကတည်းကချော့နေကြအတိုင်း ဒိုရာလေးရဲ့ကျောလေးကိုဖွဖွပွတ်ပေးကာ ဒိုရာလေးရဲ့ဆံပင်လေးတွေကိုသာသာယာယာသပ်ပေးလျှက် ချော့ရှာလေ၏။
"ဟိတ် ကိုယ်ဘာသင်ပေးထားလဲ"
"ဟင့် ဖြစ်ရင်ဖြစ်တယ် ဟင့် ပျက်ရင်ပျက်တယ်လို့သဘောထားလိုက်တဲ့"
"အင်း ဘယ်အရာကိုမှဝမ်းနည်းပက်လက် အကုန်လိုက်ပြီးခံစားမနေနဲ့ ဒိုရာ အနည်းဆုံး‌တော့ ကိုယ် ဒိုရာလေးကို ကတိတစ်ခုပေးနိုင်တယ်"
"အဟင့် ဦး ဘာကတိလဲဟင်"
"အင်း ကိုယ်သေချာသိတာကတော့ Ryan လိုလူစိတ်မရှိတဲ့ကောင်မျိုးနဲ့ဘယ်သူကမှကြာကြာမနေနိုင်ဘူးဆိုတာပဲ ဒိုရာလေးအနေနဲ့ Ryan နားနေသင့်သလောက်နေခဲ့ပေးပြီးပြီလို့ခံစားရရင် ၊ ဦးသက်ထွန်းစကားကိုလဲနားထောင်သင့်သလောက်နားထောင်ခဲ့ပြီးပြီလို့ခံစားရရင် အဲ့ဒီအချိန် ကိုယ်ကိုယ်တိုင်ပြန်လာခေါ်မယ် ဒိုရာလေးက ဦး လို့သာ‌တစ်ခွန်းထဲခေါ်လိုက်"
"ဦး ဟင့် အဲ့ အဲ့တာက အဲ့လောက်ထိမရိုးရှင်းဘူးရော"
အင်း သူသိတာပေါ့ ဒီကိစ္စအဲ့လောက်မရိုးရှင်းမှန်း။ သို့ပေမယ့် သက်နောင်ပိုင်အတွက် အရေးကြီးဆုံးက ဒိုရာလေးရဲ့စိတ်ပဲ။ အခုလဲ ဒိုရာလေးကိုယ်တိုင်က ဒီလမ်းကိုရွေးလို့သာ သူ့ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သတ်သွားရတာတောင် သူမလွဲသာလို့လက်ခံပေးလိုက်ရတာ။
လူစိတ်မရှိတဲ့ Ryan ကဒိုရာလေးကိုဘယ်လိုတွေအနိုင်ကျင့်မှန်းမသိ။ ဦးသက်ထွန်းလဲဆုံးပါးသွားရော မကြာပါဘူး ဒိုရာလေးကိုသူနဲ့အတင်းလက်ထပ်ခိုင်းခဲ့ကာ ကလေးဆန္ဒမပါပဲ အတင်းလက်ထပ်စာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့သည်။ ဒီကိစ္စတွေကို သူမသိလိုက်တဲ့အတောအတွင်းမှာပဲ သူ့ရင်နှစ်သည်းချာကလေးဟာ Ryan ရဲ့တရားဝင်အမျိုးသားဖြစ်သွားရသည်။ ဒိုရာလေးကိုလဲ သူအပြစ်မမြင်ချင်တော့ပါ။ တကယ်တော့ ဒိုရာလေးကသူငြင်းချင်လဲရပေမယ့် ဦးသက်ထွန်းရဲ့စကားကြောင့် မျက်လုံးစုံမှတ်ပြီး အရာရာ Ryan သဘောကျလိုက်လုပ်ပေးခဲ့သည်ထင်။ ဒီအချိန်မှာ သက်နောင်ပိုင်အမုန်းဆုံးက ဦးသက်ထွန်းကိုပဲ။ ဘာကြောင့်များ ဘာအပြစ်မှမရှိတဲ့ကလေးကို လူစိတ်မရှိတဲ့ကောင်နားနေခိုင်းခဲ့ရတာလဲ။
ဘာပဲဖြစ်ဖြစ် ဒါတွေဟာ သူနောက်ကျသွားလို့လဲဖြစ်ရတာပါ။ ဘယ်သူကရောရုတ်တရတ်ကြီး သူ့ကလေးကိုသူ့ရင်ဘတ်ထဲကနေ ဒီလိုချက်ချင်းဆိုသလို ဆွဲထုတ်သွားကြမယ်လို့ထင်ခဲ့မှာလဲ။ သူသာ ဒိုရာလေးကို ပိုင်ဆိုင်လို့ရတုန်း အပိုင်သိမ်းခဲ့ရင် ၊ သူသာ ဒိုရာလေးအပေါ်ရှိနေတဲ့ သူ့ရဲ့စိတ်ကို မြန်မြန်သဘောပေါက်ခဲ့ရင် ဒီလိုတွေဖြစ်လာပါ့မလား...
အခုတော့ Ryan လက်ထဲမှာ သူပိုးမွှေးသလိုမွှေးခဲ့ရတဲ့ကလေးလေး ပျက်ဆီးတော့မှာကို သိသိရက်နဲ့ မျက်လုံးကိုစုံမှိတ်ပြီးထားခဲ့ရတော့မှာတဲ့။
တောက် ! ရင်နာလို့ကိုမဆုံးဘူးကွာ။
"ဦး သား သားလဲကတိပေးပါတယ် သား ဘယ်သူ့အနားမှာပဲရှိရှိ ဦးသင်ပေးခဲ့တဲ့အတိုင်း လူတိုင်းကိုမေတ္တာထားနိုင်အောင်ကြိုးစားပြီး အချိန်တိုင်းကိုတန်ဖိုးရှိအောင်နေပါ့မယ်ခင်ဗျ"
ထိုစကားကိုကြားတော့ သက်နောင်ပိုင်တစ်ယောက် ဝမ်းနည်းမှု‌တွနဲ့အတူ ကလေးရှေ့မှာမို့ ထိန်းထားတဲ့သူ့ရဲ့မျက်ရည်တွေ မရပ်မနား ကျဆင်းလာရတော့သည်။
ဒီစိတ်နဲ့တင်သူသေသွားနိုင်သည်။ ဒါဘယ်လိုကံကြမ္မာလဲကွာ။ ဒီအချိန်မှာသူ့အတွက်အားဖြစ်စေတဲ့စကားကတော့ "လောကကြီးမှာ ကိုယ်နဲ့ ဘယ်အရာမဆိုတန်ရာတန်ရာပဲတဲ့"။ ဟုတ်တယ် သူ့မေတ္တာသာစစ်ရင် ဒိုရာလေးဟာ တစ်ချိန်မှာ သူ့အနား‌သေချာပေါက်ပြန်ရောက်လာလိမ့်မယ်။ အချိန်တွေဘယ်လောက်ပဲကြာကြာ သူစောင့်မယ်။ ဒိုရာလေးဟာ သူ့ကိုတစ်ချိန်မှာ Ryan အနားကထွက်ပြေးဖို့ အသုံးချရုံမက ဘယ်လိုပဲသဘောထားထား ဒီကလေးကိုသူရင်နှင့်အမျှချစ်တာမို့ သူစောင့်နေမယ်။
ထို့အပြင် ဒိုရာလေးဟာ သူ့လက်ထဲမှာကြီးလာတဲ့ ကလေးမို့ ဒိုရာလေးအကြောင်းကိုတစ်ခြားသူတွေထပ်ပိုအသိဆုံး။ ကျေးဇူးတရားတွေနောက်ထားပါဦး ဒိုရာလေးဟာ ဘယ်လိုမှ သူ့တန်ဖိုးကိုမသိတဲ့သူ ၊ သူ့ကိုတန်ဖိုးမထားတဲ့သူအနားမှာ ကြာကြာနေမှာမဟုတ်ဘူး။ ဒါကြောင့် သက်နောင်ပိုင် သူစောင့်လဲဘယ်လောက်စောင့်ရမှာမလို့လဲ။
အခုတော့သူ ကောင်းကင်ကြီးကိုတိုင်တည်ပြီးဆုတောင်းပါတယ်။ သူ့ကလေးကိုသူ့ရင်ဘတ်ထဲကဆွဲထုတ်သွားလို့ရပေမယ့် ဒီကမ္ဘာလောကကြီးထဲကနေတော့ခေါ်မသွားကြပါနဲ့။ ဒိုရာလေးသူ့ဆီပြန်ရောက်လာတဲ့အချိန်ကျရင် သူ့ကလေးဟာ ဘယ်လိုအခြေအနေပဲရှိရှိ သူအစကနေပြန်ပြီး ပြုပြင်ပေးနိုင်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီကလေးကို ဒီကမ္ဘာလောကကြီးထဲကနေတော့ခေါ်မသွားကြပါနဲ့.....
✤✤✤✤✤✤✤
"အင်း နောက်ဆုံးတော့ငါ့လင်အခန်းထဲကထွက်လာပြီပေါ့ လာပါဦး ငါ့လင်နဲ့ပြောပြီးရင်ငါနဲ့လဲပြောလေ ဘာလဲမင်းကငါ့ကိုကျချန်ထားတာလား အဟမ်း ! ငါကြားတာတော့ မင်း Switzerland ကိုအပြီးသွားတော့မှာဆို"
"Ryan မင်းစကားကိုယဉ်ယဉ်ကျေးကျေးပြောလို့မရဘူးလား"
အဟက် ! ငါကဘာလို့စကားကိုယဉ်ယဉ်ကျေးကျေးပြောရမှာလဲ။ ငါယဉ်ကျေးလို့ရတဲ့အထဲမှာ မျက်စိရှေ့က သက်နောက်ပိုင်ဆိုတဲ့ကောင်လဲမပါသလို အခန်းထဲမှာ မျက်ရည်စက်လက်ကျန်ခဲ့တဲ့ ဒိုရာဆိုတဲ့ကောင်လဲမပါဘူး။
သူ့ဆီကနေ အရာရာလုသွားတဲ့ကောင်တွေ။ ငါနဲ့ ငါ့ဒယ်ဒီကိုလဲခွဲတယ် အခုတော့ သူသူ့ဒယ်ဒီနဲ့တကယ်ဝေးရပြီ။ ဒယ်ဒီက ဒိုရာ အိမ်ရောက်လာကတည်းကသူ့အပေါ်စိမ်းသွားခဲ့တာ။ နောက်ဆုံးထွက်သက်အထိတောင် သူ့ဒယ်ဒီ သတိတရနဲ့မှာခဲ့တာက "သားညီလေးကိုဂရုစိုက်ပါ စောင့်ရှောက်ပါ" တဲ့လေ။ ပိုပြီးစိတ်ကုန်ဖို့ကောင်းတာကဘာလဲသိလား။ Ryan မှာ သူ့ဒယ်ဒီ ဒိုရာလေးအတွက်ဆိုပြီးသူ့ပိုင်ဆိုင်မှုတွေကိုခွဲပေးသွားခဲ့တာပဲ။ ဒါတောင်စာချုပ်စာတမ်းနဲ့တကွ ဘယ်အချိန်ကတည်းကများ ကြံစည်ထားလို့ ဒီလောက်အကွက်စိပ်ရတာလဲဆိုတာ သူမစဉ်းစားတတ်တော့ဘူး။ နောက်ဆုံးသူသိလိုက်တာတော့ အစကတည်းကသူ့ဒယ်ဒီဟာ သူ့ကိုစိတ်မဝင်စားခဲ့တာပဲ။ ဒယ်ဒီလဲဆုံးရော ဒယ်ဒီချန်ခဲ့တဲ့ စာရွက်စာတမ်းတွေကြည့်ရင်း Ryan ရဲ့ဘဝဟာ ရုတ်တရတ်များ ဒိုရာက သူ့ကို "ကိုကို အိမ်ပေါ်ကဆင်း" လို့ပြောရင် သူ့အနေအထားက တကယ်ဆင်းရမည့်ပုံ။ ဒါဖြစ်သင့်ရဲ့လား။ တော်သေးတာပေါ့ ဟိုကလေးကောင်ကဘာမှနားမလည်သေးလို့။
ဒါနဲ့ Ryan လဲဘယ်ရမလဲ။ သူ့ဒယ်ဒီနောက်ဆုံးဆန္ဒက ဒိုရာဆိုတဲ့ကောင်ကို ဂရုစိုက်ဖို့ဆိုတော့ သေသေချာချာ ကိုယ်ဖိရင်ဖိ ဂရုစိုက်ပေးဖို့ လင်ကောက်တော်ပေးလိုက်တယ်။ ဘယ်လိုလဲ ဒယ်ဒီ ဒီလောက်ဆို အဆင်ပြေရဲ့လား။ ဟားဟား တစ်လက်စထဲဒယ်ဒီက ဒီခုနှစ်ထပ်တိုက်အိမ်ကြီးကိုဒိုရာကိုပေးခဲ့တာဆိုတော့ လင်ပစ္စည်း မယားတစ်ဝက်ပိုင်သလို သူလဲ အိမ်ပေါ်ကဆင်းပေးစရာမလိုတော့ဘူးပေါ့။
သူ့ရဲ့အထီးကျန်ခဲ့ရမှုတွေ ၊ သူ့စိတ်ထဲကဒဏ်ရာတွေ ၊ နဂိုကတည်းကသူ့အပိုင်ဖြစ်ခဲ့တဲ့ အရာတွေ ဒါတွေ...ဒါတွေအတွက်ရော ဘယ်သူ့မှာတာဝန်ရှိတာပါလဲ။ သေချာတာတော့ Ryan ဟာ အခုချိန်မှာ သူ့ဘဝမှာအချစ်ရဆုံးဖြစ်တဲ့ ၊ သူ့ရဲ့တစ်ခုတည်းသော အားကိုးရာဖြစ်သည့် ၊ သူ့ဒယ်ဒီကိုဆုံးရှုံးလိုက်ရလို့ နောင်တတွေနဲ့အတူ ထင်ရာစိုင်း သွေးရူးသွေးတန်း လျှောက်လုပ်နေတာပါ။ သူ့ဒေါသတွေဟာလဲ ‌နောက်ဆုံး ဒိုရာလေးအပေါ်သာ ပုံချစရာရှိတော့လို့ သူကတော့ မှားပြီးရင်းမှားရင်းဖြစ်ရတော့မည်။ ဒါကိုလဲ သူဟာ မှားနေမှန်းသိလျှက် ဆက်မိုက်မိပါဦးမည်။ Ryan ဟာ ယုတ်မာရင်တဆုံးပဲတဲ့။ ‌အင်း သူမသိလိုက်တာက နောင်တဆိုတဲ့အရာကိုသူရခဲ့ရင်လဲ ဘယ်အရာကိုမှပြန်ပြင်လို့မရတော့ပဲ ထိုအရာကို အပြည့်အဝခံစားရမှာပါ။ အဲ့ဒီအချိန်ရောက်ရင်ရော သူခံနိုင်ရည်ရှိပါ့မလား....
"Ryan ငါမင်းကိုတောင်းပန်ဆိုတောင်းပန်မယ် ဒူးထောက်ဆိုလဲထောက်ပါ့မယ် ငါမရှိတဲ့အချိန်အတွင်း ဒိုရာလေးအပေါ် မနူးညံ့နိုင်ရင်တောင် ဂရုမစိုက်နိုင်ရင်တောင်ကွာ အနည်းဆုံးတော့ ကိုယ်ချင်းစာစိတ်ထားပေးပါကွာ"
"ဟားဟား မင်းတို့ကတကယ်လဲရယ်ရတဲ့ကောင်တွေပါလားကွာ ဟျောင့် မြွေမြွေချင်းမို့ခြေမြင်တယ်နော် ငါအဲ့ကောင်ကိုလင်‌ကောက်တော်လိုက်ရတဲ့အကြောင်းအရင်းထဲမှာ မင်းလဲပါတယ် ငါဒီလောက်ပြောရင်မင်းသဘောပေါက်လိုက်တော့"
အဲ့တော့ Ryan စကားကသူဒိုရာလေးအပေါ် မေတ္တာရှိနေတာကို သူသိတယ်ပေါ့။ Ryan ကိုသူလျှော့တွက်မိသွားတာလား။
တောက် ! ဦးသက်ထွန်းမဆုံးခင် စေတနာနဲ့ မြန်မာပြည်ပြန်ခေါ်ခဲ့မိတဲ့သူ့ကျေးဇူးကိုမှမထောက် ဒီကိုပြန်ရောက်ရောက်ချင်း သူ့ကို Ryan ပြောတဲ့စကားက "ကြည့်နေ မင်းတို့ချစ်ခြင်းကိုငါခွဲပြမယ်" တဲ့။
သူ...
သူ အခုမှပဲ အဲ့ဒီစကားရဲ့အဓိပ္ပာယ်ကိုနားလည်တော့တယ်။
သက်နောင်ပိုင် နောက်ဆုံးတွေးလိုက်မိတာတော့ ဘာအပြစ်မှမရှိပါပဲ အမြဲနစ်နာရတဲ့ ဒိုရာလေးရဲ့အကြောင်းကိုပါပဲ။ အခုတော့ သူဒိုရာလေးအတွက်ဘာမှမလုပ်ပေးနိုင်တော့ဘူး။ မျက်စိရှေ့မှာ မတရားမှုကိုမြင်နေရက်နဲ့ ဒီအတိုင်းထွက်သွားရမယ့် သူ့ခံစားချက်ကိုရော ဘယ်သူကနားလည်ပေးမှာလဲ။
"ကဲ ဆရာသမား နယ်ကျွံမယ့်စကားတွေပဲဆက်ပြောနေမယ်ဆိုရင် ရေခဲတောင်ကိုအမြန်ကြွလိုက်တော့"
"မင်း ! မင်းကွာ...."
"ဘာလဲ ဘာပြောချင်သေးလို့လဲ မင်းတို့က လူတော်လူတတ်ကြီးတွေပဲ စည်းဆိုတဲ့အဓိပ္ပာယ်ကို ငါ့လိုအရိုင်းအစိုင်းကောင်ထပ် ပိုနားလည်မှာပေါ့ အခု ဒိုရာကငါ့လင်နော် မင်းသာအရင်စကားပြောဆင်ခြင်လိုက် အေ ပြီးတော့ ငါ့လင်ငါဘာလုပ်လုပ် မင်းနဲ့ဘာမှမဆိုင်ဘူး မင်းနဲ့မှမဟုတ်ဘူး တစ်လောကလုံးနဲ့ကိုမဆိုင်တာ သဘောပေါက်လား"
သူမငြင်းပါဘူး။ ဟုတ်တယ် အခု ဒိုရာလေးဟာ Ryan ရဲ့တရားဝင်အမျိုးသားဖြစ်သွားပြီပဲ။ သူဘာလုပ်လို့ရဦးမှာလဲ။ စည်းတွေဘောင်တွေဆိုတာလဲ လူတိုင်းမှာရှိသင့်တဲ့ "လေးစားမှု" လိုပဲ ရှိကိုရှိသင့်တဲ့အရာမို့ ချမှတ်ထားကြတာ။ အခုနေ သူဒိုရာလေး‌ကို မခွဲနိုင်လို့ ဒိုရာလေးကို ဒီလိုလူမဆန်တဲ့ကောင်တဲ့ကောင်နဲ့မထားခဲ့နိုင်လို့ဆိုပြီး အတင်းခေါ်သွားပြန်ရင်လဲ သူ့အပြုအမှုအတွက် ပုဒ်မမျိုးစုံတပ်လို့ရတယ်။ ပြီးတော့ ဒီလိုအပြုအမှုတွေကိုလဲ သူဒိုရာလေးကိုလေးစားလို့ မလုပ်နိုင်ဘူး။
အခုချိန်မှာ သူလက်မခံချင်လဲ လက်ခံလိုက်ရတဲ့ အမှန်တရားတစ်ခုဆိုရင် "အခု သူဟာ ဒိုရာလေးနဲ့ပက်သက်ပြီး ဘာဆိုဘာမှလုပ်ပေးနိုင်တာမရှိတော့ဘူး" ဆိုတာပဲ။
နောက်ဆုံး သူစိတ်နာနာနဲ့ ရေရွတ်မိလိုက်တာကတော့ "ကံတရားဟာ ဒီတစ်ခါတော့ သူ့ဘက်မှာမရှိခဲ့ဘူး" တဲ့...
✤✤✤✤✤✤✤
Vote, comment and advices are always welcome.
Continue Reading
You'll Also Like
892K 58.6K 71
Myanmar Boy Love Fiction (OC) "မြန်မာပြည် မြေပုံရဲ့ ထိပ်ဖျား တောင်ပေါ်ဒေသလေးမှာ ဇာကွန်လို့ ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့လေးတမြို့ ရှိတယ်...
27.1K 1.3K 32
950K 67.4K 128
Title~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင...