HONEY

By OliviaThet_Eleanor

340K 24K 634

Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More

Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi

Chapter 24 - Zawgyi

776 36 0
By OliviaThet_Eleanor

ဦးမင်းထက်သည် ထွေထွေထူးထူးရောဂါမဟုတ်ဟုဆိုသော်လည်း အတော်အားလျော့နေပုံပင်။ ပြေးကြည့်မှ ဒီမြေးအဖိုးနှစ်ယောက်ပဲရှိတာမို့ သျှင်မင်းသန့်သည် အဖိုးဖြစ်သူကို လူနာစောင့်ပေးရသည်။

"ချာတိတ် ဒီနေ့အိမ်ပြန်အိပ်လိုက်ပါ့လား"

သျှင်မင်းသန့် ဆေးရုံစင်္ကြံလမ်းရှိခုံပေါ်တွင်ထိုင်နေရင်း သူ့ဘေးကမြင့်မြတ်ပိုင်နောင်ကို မော့ကြည့်လိုက်မိသည်။

ခပ်နွမ်းနွမ်းအဝတ်အစားနှင့်မြင့်မြတ်ပိုင်နောင်သည်လည်း လွန်ခဲ့တဲ့သုံးရက်လုံး သူနဲ့အတူတူရှိနေပေးတာဖြစ်သည်။ ဆေးခန်းကို နေ့လယ်ပိုင်းခဏလောက်သာသွားပြီး သူ့ဆီကိုပြန်လာစမြဲ။

"အဲဒါ ဦးလေးကြီးကိုပြောရမှာ၊ အိမ်ပြန်အိပ်လိုက် ဆိုဖာက ဘယ်လိုလုပ်အိပ်ရတာသက်သောင့်သက်သာရှိမှာလဲ"

လူနာစောင့်အတွက်ထားပေးထားသည့် ခုတင်က တစ်ယောက်စာ‌သာအိပ်လောက်တာမို့ မြင့်မြတ်ပိုင်နောင်နဲ့ဆိုလျှင် ဘယ်လိုမှအိပ်လို့မရ။ ထို့ကြောင့် ထိုခုတင်ပေါ်တွင် သျှင်မင်းသန့်ကအိပ်ရပြီး ဆိုဖာပေါ်တွင်မြင့်မြတ်ပိုင်နောင်ကအိပ်သည်။

"ကိုယ်ကအဆင်ပြေပါတယ်"

အဆင်ပြေပါတယ်ပြောနေလည်း အဆင်မပြေတာ သျှင်မင်းသန့်သိသည်။ ဆိုဖာက မြင့်မြတ်ပိုင်နောင်အရပ်နှင့်ယှဉ်လျှင် သေးနေတာမို့ ခွေခေါက်အိပ်နေရသည့်လူကို မြင်နေရတာ အဆင်မပြေ။

"အဲဒါဆို ဒီနေ့ ဦးလေးကြီး ခုတင်ပေါ်အိပ်"

"ခုတင်ပေါ်က ချာတိတ်အိပ်ပါ"

"ခုတင်ပေါ်အိပ်မှာလား၊ အိမ်ပြန်အိပ်မှာလား ဦး လေး ကြီး"

ပထမဆုံးအကြိမ်အနေဖြင့် သျှင်မင်းသန့်က သူ့အား ချိန်းခြောက်သည့်လေသံနှင့်ပြောလာတာကြောင့် မြင့်မြတ်ပိုင်နောင် ကြောင်အသွားရသေးသည်။ ထို့နောက် ချစ်စရာကောင်းအောင်လက်ညှိုးတစ်ထောင်ထောင်နှင့် သူ့ကို အမိန့်ပေးချင်နေသည့် ကောင်လေးကို ပါးကိုအသာဆွဲဖဲ့လိုက်သည်။

"ခုတင်ပေါ်အိပ်ပါ့မယ်ခင်ဗျာ"

"ပြီးတာပဲ"

ထိုသို့ပြောကည ရှေ့လှည့်သွားသည့် သျှင်မင်းသန့်က အတွေးတွေများနေသေးသည်။

"ချာတိတ်"

"ဗျာ"

"အများကြီး တွေးမနေနဲ့"

သူပြောလိုက်တော့ သျှင်မင်းသန့်က မျက်လုံးဝိုင်းဝိုင်းတွေနှင့်ပြန်လှည့်ကြည့်လာ၏။ ထို့နောက်ခေါင်းကိုခါသည်။

"ဦးလေးကြီး သိလား"

"အင်း"

"ဖိုးဖိုးကလေ လွန်ခဲ့တဲ့လေးနှစ်လုံးလုံး ကျွန်တော့်ကိုစောင့်ရှောက်ဖို့ တစ်ချက်ကလေးတောင်မညည်းညူခဲ့ဘူး"

သျှင်မင်းသန့်၏လက်တစ်ဖက်ကို မြင့်မြတ်ပိုင်နောင် ဆုပ်ကိုင်ထားမိသည်။

"ဖေဖေတို့ရှိနေတုန်းကတည်းက ဖိုးဖိုးက ကျွန်တော့်ကိုတအားချစ်ခဲ့တာ"

"ဒီအတောအတွင်း ဖိုးဖိုး နေမကောင်းတာရှားတယ်၊ ရှားတယ်ဆိုတာ မရှိတာမဟုတ်ဘူး။ ဖိုးဖိုးက သူနေမကောင်းလည်း ကျွန်တော်သိမှာဆိုးလို့ နေကောင်းချင်ယောင်ဆောင်နေတာ"

သျှင်မင်းသန့်မျက်လုံးအိမ်ထဲတွင်အရည်ကြည်လေးများလဲ့လာခဲ့သည်။

"ဒီလိုမျိုးအားနည်းနေတဲ့ဖိုးဖိုးကိုမြင်ရတာ ပထမဆုံးပဲ။ ကျွန်တော့်ကျောင်းစရိတ်နဲ့ ကျွန်တော်လူတောတိုးနိုင်ဖို့ ဖိုးဖိုးက အမြဲတမ်းတွေးပူနေခဲ့တာမို့ ဖျားဖို့အချိန်တောင်မရှိခဲ့ဘူးထင်ပါတယ်။ ဒီလိုမျိုးလူက အခုလို အိပ်ရာထဲလဲနေတာကိုမြင်ရတာ တကယ်အဆင်မပြေဘူး"

မြင့်မြတ်ပိုင်နောင်ကို မော့ကြည့်လာသည့် မျက်ဝန်းတွေသည် မျက်ရည်များစီးကျနေပြီးပြီဖြစ်သည်။ မြင့်မြတ်ပိုင်နောင် သူ့လက်နှင့် မျက်ရည်စတို့ကိုအသာသုတ်ဖယ်ပေးလိုက်ပြီးခေါင်းလေးကိုပွတ်သပ်ပေးနေ၏။

"မေမေတို့ အဲ့လို ရုတ်တရတ်လောကကြီးကထွက်သွားသလိုမျိုး၊ ဖိုးဖိုးသာထွက်သွားမယ်ဆို..ရင်"

အသံတွေတုန်ယင်လာကာ သူ့ရင်ခွင်ထဲတိုးဝင်လာသူ၏ ကျောပြင်ကို ခပ်ဖွဖွကလေးပုတ်ပေးရန်သာ မြင့်မြတ်ပိုင်နောင် တတ်နိုင်ခဲ့၏။

___________________________

"ဘေဘီ ညနေ အားလား"

ဇေယျာမင်း၏အမေးကို ရာဇာလင်းက ခေါင်းတွင်တွင်ခါပြီးဖြေသည်။ အခုတလောဆေးခန်းမှာ မြင့်မြတ်ပိုင်နောင်က သိပ်ရှိတာမဟုတ်တာမို့ ဇေယျာမင်းမှာ ဆေးခန်းနှင့်ဆေးခန်းဖြစ်နေရသည်။ အခုလည်းနေ့လယ်စာကိုပင် ဆေးခန်းမှာပဲ ‌ရာဇာလင်းနှင့်အတူတူစားနေရခြင်း။

"မင်းသန့်စီသွားရမှာ"

"အာ ဟုတ်သား ကိုကိုလည်းလိုက်ခဲ့မလားလို့"

ဇေယျာမင်းကပြောတော့ ရာဇာလင်းက ပ‌လုပ်ပလောင်းနှင့် ခေါင်းညိတ်ပြသည်။

"လိုက်ခဲ့လေ၊ လူများတော့ မင်းသန့်အားရှိတာပေါ့"

"အင်း ဆရာလည်း အဲ့မှာထင်တယ်"

"ဦးမြင့်မြတ်ပိုင်နောင်က အဲ့မှာဆိုတော့ သူ့အိမ်မှာ တီချယ်တစ်ယောက်တည်း‌ဖြစ်နေမှာပေါ့"

"သော်တာ သွားအိပ်ပေးတယ် ညည"

"ဪ"

"ကိုကိုမေးမလို့"

"မေးလေ"

"ဘေဘီ့ သူငယ်ချင်း အဘိုးက အရင်ကလည်း ဒီလိုဆေးရုံတက်ရတဲ့ထိဖြစ်ဖူးလား"

"ဟင့်အင် ဆေးခန်းတောင်သွားရတာမဟုတ်ဘူး"

"ဪ"

"ဘာလို့မေးတာလဲ"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း"

______________________________

"ဖိုးဖိုး သမီးတို့လာပြီ"

လူထက်အသံကအရင် လူနာခန်းထဲဝင်လာသူသည် ဟေမာန်ဦးပင်ဖြစ်သည်။ ဦးမင်းထက်က ခေါင်းလေးထောင်ကြည့်ကာ ပြုံးပြရှာ၏။

"သျှင်မင်းရော"

"ရေဘူးသွားဝယ်ကြတယ်ထင်တယ် ညနေစာစားကြမလို့တဲ့"

"ဟုတ်ဟုတ် ဖိုးဖိုး နားနားနေနေနေနော် သမီးတို့က ဖိုးဖိုးတို့ပျင်းနေမှာမို့လာတာ ဟီး"

ဦးမင်းထက်ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ နောက်ကဝင်လာသည့် ဇေယျာမင်းလက်ထဲတွင် ခေါက်ဖျာတစ်ချပ်ပါကာ၊ ဇေယျာမင်းလက်ကိုဆွဲကာဝင်လာသည့် ရာဇာလင်း၏ နောက်လက်တစ်ဖက်ထဲတွင် ပန်းသီးတွေပါလာသည်။

"ရိုးရိုးခန်းဆိုတော့ ထိုင်ခုံမရှိမှာမို့ ယူခဲ့ခိုင်းလိုက်တာ၊ ဒီနားခင်းလိုက် တိုးတိုးလုပ်"

ရိုးရိုးလူနာခန်းဖြစ်တာမို့ ဆိုဖာတစ်ခုံနှင့် ခေါက်ခုတင်တစ်ခုသာလျှင်ရှိသည်။ ထို့ကြောင့် ဟေမာန်ဦးက ဇေယျာမင်းလက်ထဲက ခေါက်ဖျာကို ‌အပေါက်ဝတည့်တည့် လွတ်နေသည့်နေရာတွင် ခင်းခိုင်းလိုက်၏။

"ဖိုးဖိုး အသီးစားမလား"

"တော်ပါပြီကွယ်"

ရာဇာလင်း သူဝယ်လာသည့် ပန်းသီးတွေကို စားပွဲခုံတစ်ခုပေါ်တင်ထားပေးလိုက်၏။

"သျှင်မင်းတို့က မစားရသေးဘူးမို့လား၊ ဖိုးဖိုးအတွက်ရော သူတို့အတွက်ရော အမဲသားခြောက်ဖုတ်လုပ်လာတယ် သွေးအားကောင်းအောင်"

"အေး အေး ငါ့မြေး အဲ့ပေါ်ပဲတင်ထားလိုက်"

"နင်လုပ်လာတာ ဟုတ်လို့လား"

"ဟင့်အင် အမေလုပ်ပေးလိုက်တာ"

ထိုအချိန်တွင် အခန်းတံခါးကပွင့်လာပြီး တံခါးလက်ကိုင်ကိုကိုင်ထားကာ အံ့ဩနေသည့် မြင့်မြတ်ပိုင်နောင်နဲ့ ဖော့ဘူးနှစ်ဘူးပါသည့် အိတ်ကိုဆွဲကာ သူတို့ကိုကြောင်တောင်တောင်ကြည့်နေသည့် သျှင်မင်းသန့်ကိုတွေ့လိုက်ရ၏။

"ဝင်လာလေ အပေါက်ဝကြီးမှာဘာလုပ်တေတာလဲ"

"အဲဒါ နင်တို့ကိုမေးရမှာ အပေါက်တည့်တည့်ကြီး ဖျာခင်းထိုင်ပြီးဘာလုပ်နေကြတာလဲ"

သျှင်မင်းသန့်ပြန်မေးလိုက်တော့ ဟေမာန်ဦးက မျက်မှောင်ကုတ်သည်။

"ကျယ်ကျယ်လွင့်လွင့်နေရအောင်လို့လေ"

"ဆရာ ဒီဘက်ကဝင်လိုက်"

ဇေယျာမင်းက မြင့်မြတ်ပိုင်နောင်အခန်းထဲဝင်ဖို့ သူထိုင်နေရာကထပေးလိုက်သည်။ မြင့်မြတ်ပိုင်နောင်က ခေါင်းတစ်ချက်ညိတ်ပြပြီး သျှင်မင်းသန့်ကို အရင်ဝင်ခိုင်း၏။

သျှင်မင်းသန့်ဝင်သွားပြီးမှ သူက နောက်ကလိုက်ဝင်၏။

"‌လာပါ မင်းပျင်းနေမှာမို့ ငါတို့ကလာတာ လာ UNO ဆော့ရအောင်"

"ဟင် UNO"

သျှင်မင်းသန့် အံ့ဩသည့်လေသံနှင့် ပြောလိုက်သော်ငြား လူကတော့ ဖျာပေါ်ဆွဲချခံရသဖြင့် ထိုင်ပြီးနေပြီဖြစ်သည်။

"ကိုယ့်ကို အထုပ်ပေး ချာတိတ်"

မြင့်မြတ်ပိုင်နောင်ကပြောပြောဆိုဆိုနှင့် သျှင်မင်းသန့်ကိုင်ထားသည့် ဖော့ဘူးနှစ်ဘူးအထုပ်ကိုယူလိုက်သည်။

"ဖိုးဖိုး နားနေနော်၊ သားတို့ UNO ဆော့ရင်း လူနာစောင့်ပေးမယ်"

ဦးမင်းထက်ကတော့ ရယ်သာရယ်ရှာသည်။

"မင်းသန့် မင်းဦးလေးကြီးရောဆော့မလားမေးလိုက်"

ရာဇာလင်းက‌ မြင့်မြတ်ပိုင်နောင်ကိုစကားမပြောရဲတာကြောင့် သျှင်မင်းသန့်ကိုမေးသလိုလိုနှင့် အသံကျယ်ကျယ်ပြောလိုက်သည်။ သျှင်မင်းသန့် မြင့်မြတ်ပိုင်နောင်ကိုလှမ်းကြည့်တော့ ဖော့ဘူးကိုဖွင့်ကာဇွန်းတပ်နေသည့်မြင့်မြတ်ပိုင်နောင်ကို တွေ့လိုက်ရ၏။

"ဦးလေးကြီး"

သူခေါ်လိုက်မှ မော့ကြည့်လာကာ ပြုံးပြသည်။

"ကိုယ်မဆော့တော့ဘူး"

"အိုကေ ငါတို့လေးယောက်ထဲလည်းဖြစ်တယ်"

"ဟင် လေးယောက်လား"

ဇေယျာမင်းက မေးလိုက်တော့ ရာဇာလင်းကမျက်မှန်ပြုတ်ကျမတတ်ခေါင်းညိတ်ပြသည်။

"အင်းလေ ကျွန်တော်တို့သုံးယောက်ရယ်၊ ကိုကိုရယ်"

"ဟင် ကိုကိုရောလား"

"အင်းလေ မဆော့ချင်ဘူးလား"

"မဟုတ်ပါဘူး ဆော့မှာ"

"ချာတိတ် ထမင်းစားရင်းဆော့"

သျှင်မင်းသန့်က ဆိုဖာကိုမှီကာထိုင်နေတာမို့ မြင့်မြတ်ပိုင်နောင် ဆိုဖာပေါ်ထိုင်လိုက်ကာ သျှင်မင်းသန့်စားဖို့ဖော့ဘူးကို ကိုင်ပြီး ဒူးပေါ်လက်တင်ပေးထားလိုက်၏။

"ဦးလေးကြီးလည်းတစ်ခါတည်းစားလိုက်တော့လေ"

သျှင်မင်းသန့်ကပြောရင်းဆိုရင်း ဇွန်းကိုကိုင်လိုက်ကာ တစ်လုပ်စားလိုက်၏။

"အင်း"

သျှင်မင်းသန့် ပါးစပ်တွင်ပွသွားသည့် ဆီအနည်းငယ်ကိုလက်မဖြင့်ပွတ်သုတ်ပေးရင်း မြင့်မြတ်ပိုင်နောင်ဖြေလိုက်သည်။ ထို့နောက်အသင့်ရှိနေသည့် ဘေးကတစ်ရှူးကိုယူကာ သူ့လက်ကိုရော သျှင်မင်းသန့်ပါးစပ်ကိုပါ ထပ်သုတ်ပေးလိုက်၏။

"ကလေးလား တစ်ဇွန်းစားရသေးတယ် ပါးစပ်မှာ ဆီပေနေပြီ"

"ဦးလေးကြီးကလည်း"

"သျှင်မင်းသန့် ရှေ့မှာ ဝေပြီးပြီ"

ဟေမာန်ဦးစကားကြောင့် သျှင်မင်းသန့် ကဒ်တွေကိုယူကြည့်လိုက်တော့ +4 တစ်ကဒ်ပါလာသည်။

"ဦးလေးကြီး ဦးလေးကြီး"

"ဟင်"

မြင့်မြတ်ပိုင်နောင် ကြက်သားတုံးဖဲ့ပေးနေရင်း ခေါ်သံကြောင့်မော့ကြည့်လိုက်တော့ သျှင်မင်းသန့်က အရောင်စုံ+4 ကဒ်ကိုလက်ညှိုးထိုးပြကာ မျက်ခုံးပင့်ပြ၏။

နားမလည်သော်လည်း ကောင်းတာတစ်ခုခုဟုသာထင်လိုက်ပြီး မြင့်မြတ်ပိုင်နောင်ပြုံးပြလိုက်သည်။

"ဆွဲ ခြောက်ကဒ်ဆွဲရမှာ"

"ဟင် ဘာလို့ ခြောက်ကဒ်လဲ"

"ချာတိတ် ဟ"

အစက သူ့ဟာသူလှည့်စားနေသော်လည်း ကစားပွဲအရှိန်ရလာတော့ သျှင်မင်းသန့်က ထမင်းကိုအာရုံမရတော့ပေ။ ထို့ကြောင့် သူကပဲ အတင်းခွံ့နေရ၏။

သျှင်မင်းသန့်ကို ဒီလိုမြင်ရတာလည်း ပျော်စရာပင်။ မဟုတ်လျှင် ထိုကလေးက လျှောက်တွေးနေကာ မှိုင်နေ၏။ ထိုသို့သောပုံစံမျိုးက သျှင်မင်းသန့်၏ ပုံစံလုံးဝမဟုတ်ပေ။

အခု သူ့သူငယ်ချင်းနှစ်ယောက်နှင့်ရှိနေတော့ ရယ်ရယ်မောမောပင်။ ဖော့ဘူးတစ်ဘူးကုန်သွားတော့ မြင့်မြတ်ပိုင်နောင် နောက်တစ်ဘူးဖောက်ကာ ဆက်ကျွေးရ၏။ သူရောစားတာဆိုပေမဲ့ ဂိမ်းထဲအာရုံရောက်နေသည့်ကလေးက ခွံ့တိုင်းစားတာဖြစ်သည်။

ထမင်းစားပြီးတဲ့အထိကစားလို့မပြီးကြတာမို့ မြင့်မြတ်ပိုင်နောင် ဆိုဖာပေါ်ပဲ မှီထိုင်နေပြီး ဖုန်းကြည့်နေလိုက်သည်။

"ဟဲ့ ရှစ်နာရီတောင်ရှိနေပြီ"

"ဟုတ်ပါ့၊ ပြန်မှဖြစ်မယ် ဒီတစ်ပွဲပြီးရင်ပြန်ကြမယ်"

"ဘေဘီတို့အဲ့လိုပြောနေတာ ငါးပွဲရှိပြီ"

အလိုက်မသိဝင်ပြောလိုက်မိခြင်းကြောင့် မျက်မှန်အောက်က မျက်စောင်းလှလှကို ရလိုက်၏။

"ပြန်တော့မှာ ဒီတစ်ခါ၊ ဪ ဒါနဲ့ မေ့တော့မလို့"

ဇေယျာမင်းက ပြောရင်းဆိုရင်း သူ့အိတ်ထဲကတစ်ခုခုကို နှိုက်နေသည်။ စက္ကူနှင့်ပတ်ထားသည့် ရှည်မြှောင်းမြှောင်းအရာတစ်ခုထွက်လာပြီး စက္ကူကိုဖယ်လိုက်သည်အခါ အလင်းတစ်ချက်လက်သွား၏။

"ဟဲ့ အဲ့ဓားကြီးကဘာလုပ်တာလဲ"

ဟေမာန်ဦးက မေးလိုက်တော့ ရာဇာလင်းက ဓားမကိုင်ထားသည့်လက်တစ်ဖက်နှင့် သူ့မျက်မှန်ကို မြှောက်တင်လိုက်သည်။ ထို့နောက် ဂျိုကာအပြုံးနှင့်ပြုံး၏။

"ငါဝယ်လာတာ ပန်းသီးလေ အဲဒါဆေးရုံမှာဆိုတော့ ခွဲစားဖို့ဓားမရှိမှာမို့၊ အိမ်က မီးဖိုးချောင်ထဲက ယူလာတာ"

သူ့စကားကြောင့် အိပ်ပျော်နေသည့် ဦးမင်းထက်နှင့် ဖုန်းကြည့်နေသည့် မြင့်မြတ်ပိုင်နောင်ကလွဲ ကျန်သုံးယောက်မှာ ပါးစပ်အဟောင်းသား။

"ဟ မိုက်တယ်"

"ငါတော်တယ်မို့လား"

"အေး ငါသာဆိုသတိရမှာမဟုတ်ဘူး"

သျှင်မင်းသန့်နှင့် ဟေမာန်ဦးက ခေါင်းတညိတ်ညိတ်နှင့်ချီးကျူးနေပုံကိုမြင်တော့ ဇေယျာမင်းသာလျှင် ပါးစပ်အဟောင်းသား။

"ဆရာ ပြန်တော့မယ်နော်"

ဇေယျာမင်း၏ နှုတ်ဆက်စကားကို မြင့်မြတ်ပိုင်နောင် ခေါင်းတစ်ချက်သာညိတ်ပြလိုက်သည်။ သျှင်မင်းသန့်ကတော့ လိုက်ပို့မည်ဟုပြောကာ အတူတူလိုက်သွားသည်။

"ဦးလေးကြီး"

"Yes, Love"

အခန်းထဲပြန်ဝင်လာသည့်ကောင်လေးကိုထူးလိုက်ပြီး ဖုန်းကိုပိတ်လိုက်ကာ သူ့ဘေးနားထိုင်လာသူကိုကြည့်လိုက်သည်။

"ပန်းသီးစားချင်လား"

"ချာတိတ်စားချင်ရင် ကိုယ်ခွဲပေးမယ်လေ"

"ဟီး စားရအောင်"

"အင်း ဒါမဲ့ ဓားက"

မြင့်မြတ်ပိုင်နောင်စကားမဆုံးခင်မှာပင် သျှင်မင်းသန့်က ရာဇာလင်းပေးသွားသည့် ဓားကိုမြှောက်ပြလာ၏။

"ခဏ ကိုယ်ရေသွားဆေးလိုက်ဦးမယ်"

လက်ဆေးဘေစင်ဆီရေသွားဆေးတော့ နောက်ကနေလိုက်လာသူသည် သူလုပ်သမျှလိုက်ကြည့်နေ၏။

"အခွံမသင်နဲ့တော့ ဆေးဖက်ဝင်တယ်တဲ့"

သျှင်မင်းသန့်စကားကိုနားမထောင်ဘဲ မြင့်မြတ်ပိုင်နောင်က အခွံသင်နေပြီဖြစ်သည်။

"ကိုယ်စိုက်တဲ့အသီးကိုယ်စားတာဆိုရင် ဆေးဖက်ဝင်ပေမဲ့ ဒီလိုအပြင်ကဝယ်လာတဲ့အသီးတွေကကျ ပိုးသတ်ဆေးတွေ အရောင်တင်ဆေးတွေက အခွံမှာကပ်နေတာ ချာတိတ်ရဲ့"

"အဲ့လိုလား"

"အဲ့လိုပါဗျာ"

မြင့်မြတ်ပိုင်နောင် အခွံသင်ပြီးပြီးချင်း တစ်စိတ်စိတ်လိုက်ကာ ‌သျှင်မင်းသန့် ပါးစပ်နားတိုးပေးလိုက်တော့ သျှင်မင်းသန့်က တစ်ကိုက်ကိုက်သည်။ ကျန်သည့်ဟာကို သူ့ပါးစပ်ထဲထည့်လိုက်သည်။

@OliviaThet-Eleanor

___________________

Continue Reading

You'll Also Like

797K 51.4K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
1M 43.2K 55
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
199K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
208K 15.9K 38
Even when the night changes, it will never change me and you.