π•Έπ–”π–“π–†π–—π–ˆπ–
By sunflower06h
34K 3.7K 1.9K
π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More
Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23
Episode:14
1.1K 151 115
By sunflower06h
*ကျုပ် မင်းကို သိပ်စိတ်ပျက်မိတယ် အရှင်*
စကားလေး တခွန်းသာ ဖြစ်သော်ငြား ရိုက်ခတ်မှုက ကြီးမားသည်။ စိတ်ဆိုးသည့်ခံစားချက်လည်း မဟုတ်၊ စိတ်ခုသည့်ခံစားချက်မျိုးလည်း မဟုတ်ပဲ စိမ်းကားသောထိုအကြည့်နှင့် ခပ်ပြတ်ပြတ်စကားလုံးတို့ကြောင့် အရှင်လေးမှာ စိတ်မကောင်းဖြစ်သလိုလို၊ ခံပြင်းသလိုလိုဖြင့် အမျိုးအမည်မသိသော ခံစားချက်တို့ဖြစ်ပေါ်ရလေသည်။ တကြိမ်ကလေးမှ သေးသေးတင်မခံဖူးသူက သည်alphaနှင့်မှ ထိုသို့သော ခံစားချက်မျိုးဖြစ်ရသည်မို့ ပို၍ထူးဆန်းပါသည်လေ။
စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည့် သူက မှန်မနေခဲ့သော်လည်း ထိုalphaကလည်း လွန်သည်မဟုတ်လား။ လေတစ်လုံး မိုးတစ်လုံးဖြင့် ကိုယ်ရံတော်ဖြစ်ချင်ကြောင်းပြောခဲပြီး တကယ်တမ်း အဆက်ဟောင်းနဲ့ ပြန်တွေ့တော့ သူ့အား ရှိသည်တောင် မထင်ရအောင် လျစ်လျူရှုခဲ့တာလေ။ ဒါ့အပြင် သဘောကျသူရှိသည်ဆိုပြီး သူ့ကိုလည်း အသားလွတ်နမ်းသွားပြန်သေးသည်။ ပထမအကြိမ်များကဲ့သို့ ပညာပေးချင်၍ လုပ်သည် ခံစားရသည်ကြောင့် အတော်လေး မခံချင်ဖြစ်ရ​လေသည်။
ထို့ကြောင့်ပဲ အတွေးလွန်ကာ စိတ်လိုက်မာန်ပါ လုပ်မိခြင်းပင်။ သို့သော်လည်း စကားနိုင်လု၍ အနိုင်ရလိုက်သည့် ခံစားချက်မျိုးကဲ့သို့ ဝမ်းသာ၍ မနေပဲ စိတ်ပျက်အားလျော့သောအကြည့်တို့ဖြင့် စကားတခွန်းကိုသာ ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားသော ထိုalphaကြောင့် အရှင်လေးမှာ အင်မတန် ခံရခက်ပါသည်။ သာမန်နှင့် မတူပဲ စိမ်းကားလှသည့် ထိုမျက်ဝန်းစိမ်းစိမ်းတို့အား လုံးဝ မနှစ်သက်ပါလေ။
ယခုလည်း ခေါင်းဆောင်နှင့်အတူ ထိုနယ်မြေကို လိုက်လံကြည့်ရှုရသော်လည်း သူ့အား လျစ်လျူရှုထားသော ထိုalphaအား တခုခုလုပ်ပစ်လိုက်ချင်မိတော့သည်။ သူ့ကိုကျ စကားလေးပင် ဖက်မပြောပဲ သူငယ်ချင်းဆိုသော ထိုomegaနှင့်ကျ ရယ်မောနေလိုက်ပုံများ။
"ဒါက ကျုပ်တို့ နယ်မြေရဲ့ အလှဆုံး အပန်းဖြေနေရာပေါ့ အရှင်"
ကျောက်ဆောင်များပေါ်မှ ပန်းချီကားဆန်ဆန် စီးကျနေသော ရေတံခွန်သည် မိုးမခတောအတွင်းသို့ ဖြတ်၍စီးဆင်းသော စမ်းချောင်းလေးနှင့် ဆက်သွယ်၍နေသည်။ ကျောက်ဆောင်နက်နက်တို့ကြားမှ ရေဖွေးဖွေးတို့သည် မြင်ရသူတိုင်းကိုပင် စိတ်ကြည်လင်စေနိုင်သည့် ရှုခင်းပါပင်။ အရှင်လေးမှာ မချိုမချဥ်ဖြစ်နေသော စိတ်တို့ပင် အနည်းငယ်ပြေလျော့လာသေးသည်လေ။
"သိပ်လှပါတယ် ခေါင်းဆောင်။ ဒီနေရာမှာ ဒီလိုအလှတရားတွေရှိတာ မသိခဲ့ဘူး"
"သဘာဝက ပေးတဲ့ လက်ဆောင်တွေပေါ့ အရှင်။ ကျောက်ဆောင်ကြားက ရေတံခွန်ဆိုတော့ ​အတော်လေးမြင့်တာမို့ လှပေမယ့် အန္တရာယ်လည်း များတာပေါ့လေ။"
"တချို့သူတွေလိုပေါ့"
နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည့် စကားဖြစ်သည့်တိုင် အရှင်လေးမှာ ကြားဖြစ်အောင် ကြားလိုက်ပါသေးသည်။ ခု သည်alphaက သူ့ကို အရွဲ့တိုက်ဖို့ပဲ စဥ်းစားထားသည်လား။ မျက်စောင်းရွဲ့ရွဲ့ထိုးကာ ထိုalphaနှင့် ဆန့်ကျင်ဘက်သို့ သုတ်သုတ် လျှောက်လာမိတော့သည်။
သို့သော်လည်း မိမိလျှောက်မိသည့်နေရာက ကျောက်ဆောင်အစွန်းဖြစ်နေသည်ကြောင့် ခြေချော်မတတ်ဖြစ်သွားရသည်။ လျင်မြန်သော ထိုalphaက ချက်ချင်းပင် ဖမ်းဆွဲလိုက်သည်မို့သာ တော်သေးသည်။
"ခုနက ခေါင်းဆောင်ပြောထားတာ မကြားလိုက်ဘူးလား။ Eldoraကို ခေါင်းဆောင်မဲ့အောင် လုပ်ချင်နေတာလား အရှင်"
ဖမ်းဆွဲပေးထားသည်က ကျေးဇူးတင်စရာကောင်းသော်လည်း နောက်ဆက်တွဲကြားလိုက်ရသည့်စကားက အရှင့်ဒေါသကို ဆူပွက်စေလေသည်ကြောင့် မျက်စိရှေ့မှ ရင်အုပ်ကျယ်ကျယ်အား ခပ်ကြမ်းကြမ်း တွန်းဖယ်ကာ ထိုနေရာမှ ထွက်လာလိုက်တော့သည်။
*ဘယ်သူက ပိုပြီး အပြိုင် အရွဲ့တိုက်နိုင်မလဲ ​ကြည့်ကြတာပေါ့ ကိုယ်ရံတော်ကင်မ်*
•••••
နောက်တစ်ရက်သို့ကူးပြောင်းကာ ပြန်ရမည့် အချိန်ရောက်လာသည်ထိ ထိုalphaက သူ့အားစကားမပြော​သေးပေ။ အပြန်လမ်းတောက်လျှောက်လည်း ဝတ်ကျေတန်းကျေ စကားသာဆိုကာ ခရီးတထောက်နားချိန်တွင်ပင် သူ့အနားရောက်မလာပဲ တဦးတည်းသီးသန့်နေနေသူက အမှန်ပင် စိတ်ဆိုးနေသေးပုံပါပင်။
"စိတ်ပျက်တယ်တဲ့လား။ သူကများ! ပျက်လေ။ ပျက်လိုက်ပေါ့။ ငါကပိုတောင် နေနိုင်သေးတယ်"
အရှင်ကလေး၏ စိတ်အလိုမကျမှု၏ ဓားစာခံသည်တော့ အပြစ်မဲ့မြက်ပင်လေးများနှင့် လက်အောက်ခံ ရဲမက်တို့ပင်။အရေးထဲ ထိုalphaနှင့်သူ အချေအတင်ဖြစ်သည်ကို တီးမိခေါက်မိလောက်သာ သိသော ရဲမက်အချို့က မိမိက ထိုalpha၏ ချစ်သူအား တော်ကောက်သည်ဟု ကိုယ်တိုင်ရေး ဇာတ်ညွှန်းများ ဖန်တီးနေကြပြန်သည်မို့ နေရင်းထိုင်ရင်း ဗီလန်ဇာတ်ကောင်ဖြစ်ရပြန်သည်လေ။ ဒါတောင် စိတ်လိုက်မာန်ပါဖြင့်ပြောခဲ့သော ကြင်ယာတော်မြှောက်မည့်ကိစ္စကို မသိကြသေးပေ။
ဘူးဆို့ တစ်ရာကိုသာ ပိတ်လို့ရမည်၊ လူ့ပါးစပ်က အတားအဆီးမရှိသည်ကြောင့် ထိုပေါက်ကရသတင်းများ နန်းတော်ထိမပြန့်စေရန် ဓားကြိမ်း ကြိမ်းရလေတော့ မိမိမှာ လူကြမ်းနေရာပါ ရောက်ရလေတော့သည်။ ရယ်ဖွယ်ကောင်း​လေစွ။
ဒါ့အပြင် ကိုယ်ရံတော်ကင်မ်က သူ့အမှားကြောင့် စကားမပြောသည်က ထားပါ။ ပတ််ဂျီမင်ဆိုသည့် ထိုomegaကရော ဘာကြောင့်များ သူ့အား ပေစောင်စောင် ဆက်ဆံနေသည်လဲ။ Eldoraကိုလိုက်ချင်သည်ဆိုလို့လဲ ခေါ်လာရသေးတာကိုလေ။
"သခင်လေးပတ်ခ်"
"ပြောပါ အရှင်"
"ကိုယ်တော့်ကို ဘာမကျေနပ်တာရှိနေလဲ။ ဘာလို့ အဲ့လိုဆက်ဆံနေရသလဲ"
"ကျနော် အရှင့်ကို သာမန်ထက် လေးလေးစားစား ဆက်ဆံတာပါ။ အရှင့် ကြင်ယာတော်လောင်းမို့ ပိုပြီး လေးစားပြရမယ် မဟုတ်လား"
ခပ်အေးအေးပြုံး၍ ပြောလာသော်လည်း အပြုံးတုဖြစ်ကြောင်း တန်း၍ သိပါသည်လေ။ အရှင်သည်လည်း ခေသူမှ မဟုတ်ပဲ။ တဖက်omegaစိတ်ထဲတွင် ကြင်ယာတော်မြှောက်ရန် လိမ်ခေါ်လာသည့် ကတိမတည်သော တိုင်းပြည်အရှင်အဖြစ် စိတ်ခုနေလိမ့်မည်ကို ကျိန်းသေပေါက် ရိပ်မိပါသည်။
အထင်လွဲသည့်ပုံရိပ်အား ​ဖြေရှင်းလိုက်လျှင်ရသော်လည်း စုံတွဲလိုက် စိတ်ကောက်ပြနေသော ထိုနှစ်ယောက်အား မြင်ပြင်းကပ်၍ ရေလိုက်ငါးလိုက်သာ နေလိုက်ပါဦးမည်။ ကြင်ယာကိစ္စသည်တော့ နောက်ကိစ္စ နောက်မှရှင်းသည်ပေါ့။
"ဒီနားက ထောင်ချောက်တွေ ရှိတတ်တယ် ဂျီဂျီ။ သတိထား။ ငါ့နားမှာဖြစ်ဖြစ် ကပ်ပြီးလိုက်ရင်လိုက်ခဲ့"
သူတို့နှစ်ဦး ထောင်ချောက်မိကာ ခြေခေါက်ခဲ့ဖူးသည့်နေရာတွင် ထိုသို့ သတိပေးလေတော့ အရှင်လေးမှာ မခံချင်ဖြစ်မိပြန်သည်။ တကယ်ဆို အရှင်သခင်ဖြစ်သော သူ့အား ပိုပြီး စောင့်ရှောက်ပေးရမှာပင် မဟုတ်လား။
ထို့ကြောင့်ပင် စိတ်ပေါက်ပေါက်ဖြင့် ထောင်ချောက်ဟု ယူဆရသော နေရာသို့ မြင်းကို ဦးတည်မိတော့သည်။ မကြာပါ။ ဘေးဘက်မှ ထွက်လာသော ခပ်တင်းတင်း အသံဩဩကြောင့် လန့်သွားရတော့သည်။
"အရှင် ဘယ်သွားဖို့ ကြံနေတာလဲ"
ရုတ်တရက် မြင်းဇက်ကြိုးကို ဖမ်းထိန်းလိုက်သည်ကြောင့် တန့်ခနဲပင်ဖြစ်ရသည်။ ဘယ့်နှယ်ကြောင့် ပုံမှန်နှင့်မတူ အကြမ်းပတမ်းတွေဖြစ်နေရသည်လဲ။
"ကိုယ်တော့်ဘာသာ ဘယ်သွားသွားပေါ့ ကိုယ်ရံတော်ကင်မ်"
"အဲ့နေရာက ထောင်ချောက်ရှိတာ သိရက်နဲ့ ဘာလို့ဦးတည်နေတာလဲ။ ဟိုတခါ ထိခိုက်ရတာနဲ့တင် မမှတ်သေးဘူးလား အရှင်"
"ခင်ဗျား ဘယ်တုန်းက ကိုယ်တော့်အကြောင်းကို အဲ့လောက် စိတ်ဝင်စားသွားပြန်တာလဲ ကိုယ်ရံတော်ကင်မ်။ ခင်ဗျားပဲ စိတ်ပျက်တယ်ဆိုပြီး"
"အာ.. ဘာလဲ။ တာဝန်အရ လာကြည့်တာလား။ အဲ့ဒါဆိုရင်တော့ မလိုဘူးနော်။ ကိုယ်တော်က ကိုယ့်ဟာကို ကာကွယ်နိုင်တာမို့ ခင်ဗျားရဲ့ မက်မွန်ပန်းပွင့်လေးကိုသာ ခလုတ်မထိ ဆူးမညိရအောင် သွားကာကွယ်ပေးလိုက်"
"ကျစ်! အရှင်ရာ"
"ဖယ်တော့။ အဲ့ ဇက်ကြိုးကို ကိုင်ထားတဲ့လက်ကိုလည်း လွှတ်"
သူတို့နှစ်ဦး၏ တင်းမာမှုကြား ဓားစာခံဖြစ်ရသည်က စီးတော်မြင်းပင်မို့ မခံနိုင်သည့်အဆုံး ဖောက်ပြန်ယိမ်းထိုးလာသော ထိုမြင်းနက်။ ရုတ်တရက် အငိုက်မိသကဲ့သို့ ဖြစ်ရသည်မို့ အရှင်လေးမှာ အရှိန်မထိန်းနိုင်စွာ ပြုတ်ကျလာလေတော့သည်။
"အရှင်!!"
ကိုယ်ရံတော်ကင်မ်သည်လည်း ရပ်၍မှ ကြည့်မနေနိုင်ပဲ။ ချက်ချင်းပင် မြင်းပေါ်မှ ပြုတ်ကျလာသော အရှင့်အား ပြေးဖမ်းမိတော့ အရှင့်အား အလိုလို ပွေ့ချီရက်သား ဖြစ်လေတော့သည်။
"ထိခိုက်မသွားဘူးမလား"
"ဖယ်-ဖယ်တော့။ ကိုယ်တော် ဆင်းမယ်"
နှစ်ဖက်အခြေအနေ တင်းမာနေသော အချိန်တွင် ယခုလိုအနေအထားကြီးက သိပ်စနိုးစနောင့်ဖြစ်ရပါသည်။ စိတ်ပျက်တယ်ဆိုလည်း ကျိုးကျိုးကန်းကန်း ပစ်ထားလိုက်တာ မဟုတ်။ ထိုalphaမှာလည်း ခန့်မှန်းရခက်ပါသည်။
"အရှင်။ ဒီမြင်းကို ဆက်ပြီး စီးသွားဖို့ မသင့်တော်ဘူးထင်ပါတယ်။ လမ်းခရီးမှာလည်း ခုလို ထပ်မဖြစ်ဘူးလို့ ပြောမရလို့ပါ"
"အဲ့လိုဆို ကိုယ်တော်က လမ်းလျှောက်ပြီး လိုက်ခဲ့ရမှာလား တပ်မှူးရဲ့"
မိမိတို့ အနေအထားကို မြင်သွားဟန်ရှိ​သော ရဲမက်ခေါင်းဆောင်က သတိပေးစကားပြောလာသော်လည်း မကြည်လင်သည့်စိတ်ကြောင့် ဘုကန့်လန့် ပြန်ပြောမိသည်။ အဓိကတရားခံမှာ ထိုalphaကြောင့်ပါပဲ။
"ကျုပ်မြင်းပေါ်မှာ တူတူလိုက်စီးလို့ ဖြစ်ပါတယ် အရှင်--"
"တပ်မှူး"
ရဲမက်ခေါင်းဆောင်၏ အကြံပေးမှု အဆုံးမသတ်ခင်မှာပင် ထွက်ပေါ်လာသည့် စကားသံဩဩ။ မျက်နှာကလည်း တင်းမာနေဆဲပင်ဖြစ်သည်။
"ပြောပါ ကိုယ်ရံတော်ကင်မ်"
"အရှင့်ကို ကျုပ်နဲ့ ခေါ်သွားလိုက်မယ်။ ခင်ဗျား မြင်းကို ထိန်းပြီး အေးဆေးလာခဲ့ကြပါ"
"မလိုဘူး ကိုယ်ရံတော်ကင်မ်။ ကိုယ်တော် တပ်မှူးရဲ့ မြင်းနဲ့ပဲ--"
"တပ်မှူးနဲ့ တူတူစီးလို့ တကယ်ပဲ အဆင်ပြေမယ်တဲ့လား အရှင်။"
"....."
"နောက်ပြီး ကျုပ်က အရှင့်ကိုယ်ရံ​တော်ပါ အရှင်။ အရှင့်ကို အနီးကပ် စောင့်ရှောက်ရမယ့် တာဝန်အပြည့်ရှိတာမို့ ကျုပ်နဲ့လိုက်တာပိုပြီး သင့်တော်မယ်လို့ထင်ပါတယ်"
ကျိုး​ကြောင်းသင့်နေသော alpha၏ အဆိုအား ငြင်းဝံ့သူမရှိကြသည်ကြောင့် လူနှစ်ဦး မြင်းတစ်စီးတည်းစီးကာ ခရီးဆက်ခဲ့ရတော့သည်။ တဦးနှင့် တဦး စကားဆိုခဲ့ခြင်းမရှိသည့်တိုင် ငြိမ်သက်၍မနေသော စိတ်နှလုံးနှင့် innerwolfတို့သည်တော့ မာန်ပြိုင်နေကြသည့် နှစ်ဦးအား လှောင်ရယ်၍သာ နေလေတော့သည်။
နေနိုင်ကြတာလဲ မဟုတ်ပဲနဲ့တဲ့လေ။
••••••
ကိုယ့်ဒေါသနှင့်ကိုယ် ဖြစ်သည့်တိုင် တကယ်တမ်း ​ကြင်ယာတော်ကိစ္စကို မရင်ဆိုင်ချင်သေးသည်မို့ သမားတော်မင်ကို အကူအညီတောင်းကာ ထိုomegaအား သမားတော်မင် အိမ်တွင် ခေတ္တ တည်းခိုခိုင်းရသည်။ မဟာမိတ်ကိစ္စပြီးသည်အထိ ဖုံးကွယ်ထားမည်ဟူသော ဆင်ခြေဖြင့်ပေါ့။ နဂိုကမှ အတင်းအကျပ် ကြင်ယာပေးစားနေသူ အမတ်တို့က အခြားတိုင်းပြည်မှ omegaတစ်ယောက်အား နန်းတော်ထဲ ခေါ်သွင်းလာကြောင်းသာ သိလျှင် ကျိန်းသေပေါက်မလွယ်သည်လေ။
ထိုomegaသည်လည်း ဆေးပညာသင်ကြားလိုသူဖြစ်သည်ကြောင့် သမားတော်မင် နေအိမ်တွင် တည်းခိုစေကာ လိုအပ်သော အထောက်အပံ့များကို ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် ဆောင်ရွက်ထားလေသည်။
သို့သော်လည်း ပို၍ယိုင်နဲ့လာခဲ့သည်က အရှင်နှင့် ကိုယ်ရံတော်ကင်မ်ကြားမှ ဆက်ဆံ​ရေးဖြစ်သည်။ ​နေရပ်ဟောင်းဖြစ်သည်ကြောင့် မဟာမိတ်ဆက်ဆံ​ရေးအတွက် မကြာခဏ နန်းတော်မှ ထွက်ခွာရသော ထိုalphaနှင့် မဟာမိတ်ပေါင်းစည်းရေးအတွက် စီမံချက်များ ပြင်ဆင်ရသည်ကြောင့် အလုပ်ပိုလာသော အရှင်တို့သည် ပြေလည်ချိန်ပင် မရအောင် အလုပ်များလာသည်မို့ အနည်းငယ် ပို၍ ဝေးကွာလာခဲ့ကြလေသည်။
သို့ပေတည့် သင်းကွဲအုပ်စုနယ်မြေမှ ကိစ္စအား အချိန်ကြာလေ အားနာလေဖြစ်လာသော အရှင်။ အသက်အန္တရာယ်ပင်မမူပဲ နန်းတော်ထဲဝင်နိုင်အောင်အထိ စွမ်းဆောင်နိုင်သော ထိုalphaတန်ဖိုးထားသော ဝတ်ရုံကို အသားလွတ်ဖျက်ဆီးမိသည့် သူက ကလေးဆန်သည်ဟုလည်း ခံစားမိသလို လွန်သည်ဟုလည်း တွေးမိသည်။ သူတန်ဖိုးထားရသော သရဖူဖျက်ဆီးခံရလျှင် ကိုယ်တိုင်လည်း ထိုသို့ တုံ့ပြန်မိလောက်မည််ပင်မဟုတ်လား
ထို့ကြောင့်ပဲ အတွေးဝင်လာသည်က တခါမှ မလုပ်ဖူးသော အလုပ်အား ကြိုးစားကြည့်ရန်ပင်...
"ဘယ် omegaကို ဆွဲဆောင်ဖို့ အနံ့တွေ အဲ့လောက်လွှတ်ထားတာလဲ"
အခန်းတွင်းဝင်လိုက်သည်နှင့် ထင်းနေအောင်ရသော မိုးရနံ့ပြင်းပြင်းသည် ထိုalpha၏ ကိုယ်ပိုင်အခန်းဖြစ်ကြောင်း ဖော်ကျူးကာနေသည်။ တခါမှမဝင်ဖူးသော ကိုယ်ရံတော်ကင်မ်၏ အခန်းတွင်း ခပ်တိုးတိုးဝင်လာသာ အရှင်လေး။ တိုင်းပြည်အရှင်က လက်အောက်ခံ ကိုယ်ရံတော် အခန်းထဲ ခိုးကြောင်ခိုးဝှက်ဝင်ရန် ကြိုးစားနေသော ပုံရိပ်သည် အမှန်ပင်ရယ်ချင့်စဖွယ်ပင်။
"ထင်ထားတာထက် သပ်ရပ်တာပဲ"
ယာယီနန်းဆောင်ဖြစ်သည့်တိုင် ထိုalphaက နေတတ်ထိုင်တတ်၍ထင်။ အခန်းတွင်း အနေအထားက သပ်ရပ်ပါသည်လေ။ သူကြားဖူးသည်က alphaအများစုသည် ရှုပ်ပွသော ပတ်ဝန်းကျင်ကို သဘောကျတတ်သည်ဆိုသည့်တိုင် သည်alphaကျ ကွဲပြားသားပင်။
"ဘယ်နားမှာ သိမ်းထားတာများလဲ..."
သေသေသပ်သပ် စီရီထားသော ပစ္စည်းများက လိုချင်သည့် ပစ္စည်းကိုရှာရန် ရှုပ်ပွပစ်ရမည်တောင် နှမြောစရာကောင်းသည်။ ထို့ကြောင့် မျက်လုံးများအား ဦးစွာကစားမိတော့ သေတ္တာတစ်ခု အနီးရှိ အညိုရောင်အဝတ်စကို သတိထားမိသည်ကြောင့် လက်ဖျောက်တစ်ချက်တီးမိသည်။ ရှာနေသည်ကို တွေ့ခဲ့ပြီလေ။
မိမိလက်ချက်ကြောင့် နှစ်ပိုင်းပြတ်နေသော ဝတ်ရုံအား သေချာကြည့်မိလေသည်အခါ ထိုဝတ်ရုံမှာ ပိတ်စနှစ်ခုကို ပူးချုပ်ထားသည်ကိုသတိထားမိသည်။ အတွင်းဘက် ပိတ်စ၏ အောက်​ခြေတွင် ချည်ဖြင့်ထွင်းထားသော စာလုံးအချို့ ထွင်းထားဟန်ရှိသည်ကြောင့် ဖတ်မိတော့..
*Kim Maria *
ကင်မ်မာရီယာ..
ကင်မ်ထယ်ဟျောင်း..
ဘုရားရေ... မိဘအမွေလို ပစ္စည်းမျိုးကို သူဖျက်ဆီးလိုက်မိတာလား..
ထိုအခါမှ ပို၍ အပြစ်ရှိစိတ်ဝင်ကာ စိတ်မကောင်းသလိုလို အားနာသလိုလိုလည်း ဖြစ်လာတော့သည်။ သူ၏ ခရမ်းစွဲသရဖူကလေးကဲ့သို့ သည်ဝတ်ရုံသည်လည်း ထိုalphaအတွက် မိဘအမွေဖြစ်နေခဲ့သည်ပဲ။
ဒါကိုတောင် သူ့ကို ပေးသုံးခဲ့တာ။ ယုံယုံကြည်ကြည်နှင့် သူ့ဆီအပ်ထားခဲ့တာ။ ဒါကို သူကဖျက်ဆီးခဲ့မိတာပဲ။ စိတ်ပျက်သည်ဟုပြောလည်း ပြောလောက်စရာပါလေ။
သို့သော်လည်း စိတ်ပျက်သည်ဟုဆိုသည့်တိုင် သူ့နှင့် ခပ်ဝေးဝေးနေသည့်တိုင် မသိမသာဂရုစိုက်သည့် အခြေအနေတို့လည်း ရှိခဲ့ပါသေးသည်။ သူကသာ မြင်အောင်မကြည့်ခဲ့ခြင်းပင်။
တဆက်တည်း သတိထားမိလာသည်က ပြဿနာဖြစ်သည့် ညကဆိုခဲ့သော ထိုalpha၏ စကားတို့ပင်။
*ကိုယ်ရံတော်တစ်ယောက်ထက်ပိုပြီး အားထုတ်ခဲ့တာတွေ၊ အသိစိတ်လွတ်နေတဲ့အချိန်မှာတောင် အရှက်ရမှာစိုးလို့ ထိန်းချုပ်ခဲ့တာတွေ၊ လွတ်လွတ်ကင်းကင်းနေလို့ရရက်နဲ့ အရှင့်အနားမှာ ကိုယ်ရံတော် တစ်ယောက်အနေနဲ့ နေနေတာတွေ။ ဒါတွေက ဘာကြောင့်ဆိုတာ အရှင်တကယ်ပဲ မရိပ်မိဘူးလား*
ဒါဖြင့်ရင် ပတ်ဂျီမင်ကို ကြင်ယာမြှောက်မည့်ကိစ္စကို ခါးခါးသီးသီး ဆန့်ကျင်တာ ပတ်ဂျီမင်ကြောင့်မဟုတ်ပဲ သူ့ကြောင့်...??
"ဒီလူ.... သူသဘောကျတဲ့သူ ရှိတယ်ဆိုတာက ငါ...ငါလား.."
တိုင်းပြည်အရှင်မို့ မိမိအား သဘောကျသူရှိသည်မှာ အတွေ့အကြုံသစ်မဟုတ်သော်လည်း ဘာကြောင့် စိတ်လှုပ်ရှားနေမိမှန်း နားမလည်တော့ပါ။ innerwolf၏ တိုက်တွန်းမှုကြောင့်လား သို့မဟုတ်...
"အရှင်?"
"ကို-ကိုယ်ရံတော်ကင်မ်"
"ကျုပ်အခန်းထဲမှာ ဘာလုပ်နေတာလဲ အရှင်"
"ခင်ဗျားကို လာရှာတာ။ စစ်သူကြီးတွေ့ချင်တယ်ဆိုလို့။ ခုသိရပြီဆိုတော့ သွားတွေ့လိုက်တော့"
"ဒါပဲလား အရှင်"
"အင်း... ဒါပဲလေ။ ဘာရှိဦးမှာလဲ"
"ကျုပ်---- ဘာမှ မဟုတ်တော့ပါဘူး"
စကားကို ပြောမည်ပြုပြီးကာမှ ချက်ချင်းလမ်းကြောင်းပြောင်းလိုက်သည်ကြောင့် အရှင်လေးက သဘောမကျဟန် နှာခေါင်းရှုံ့မိသည်။ သို့သော်လည်း ဖက်ပြိုင်၍မဖြစ်ချင်တော့သည်ကြောင့် ပခုံးတွန့်ကာ ခပ်သုတ်သုတ်ထွက်လာခဲ့တော့သည်။ တော်ကြာ ဝတ်ရုံယူလာတာသိမှ ပို၍ အချင်းများနေရပြန်ဦးမည်လေ။
"မားကပ်စ်။ နန်းတွင်း အပ်ချုပ်သည်ကို ခေါ်ပေးနိုင်မလား"
•••••
တခါမှ မလုပ်ဖူးသော အလုပ်ကို နာရီပိုင်းဖြင့် သင်ယူရန်မှာ မလွယ်လှ။ တစ်နေကုန် လေ့ကျင့်ရေးဆင်းရလျှင်တောင် မငြီးငြူသည့် အရှင်လေးမှာ နာရီပိုင်းအတွင်းမှာပင် ဇက်ကြောတက်သော ဒဏ်၊ အပ်စူးသော ဒဏ်တို့ကြောင့် လက်လျှော့ချင်နေပြီပင်ဖြစ်သည်။ နှစ်ပိုင်းပြတ်နေသော ဝတ်ရုံအား ချုပ်ရိုးထင်းမနေအောင် ပြင်ဆင်ရသည်မို့ ပို၍ခက်ခဲပါသည်လေ။
မှန်ပါသည်။ ဝတ်ရုံအကောင်းစား အလျော်အစားကိုပင် လက်မခံသော ထိုသူ၏ ဝတ်ရုံကိုပြန်ပြင်ပေးရန် စိတ်ကူးမိခြင်းပင်။ ငယ်စဥ်ကတည်းက ဓားရေးလေ့ကျင့်သည်ကို ထက်သန်သူမို့ အချုပ်အလုပ်ပညာသည် မိမိနှင့် လားလားမျှ မအပ်စပ်ခဲ့သော်လည်း ဘာကြောင့်များ ထိုalpha၏ ဝတ်ရုံအား ကိုယ်တိုင် ပြန်ပြင်၍ လျော်စားပေးချင်နေမိမှန်း မသိပါ။ အားနာစိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
"အရှင်က တော်လိုက်တာ။ သပ်ရပ်နေတာပဲ။ ခုသင် ခုချုပ်လိုက်တယ်ဆိုတာ မယုံနိုင်စရာပါပဲ"
တော်ဝင်အပ်ချုပ်သည်၏ စကားအဆုံး ပြုံးမိသည်။ တိုင်းပြည်အရှင်မို့ မြှောက်ပင့်၍ပြောသည်ဆိုလျှင်တောင် ကိုယ့်လက်ရာကိုယ်ကြည့်ကာ ကျေနပ်သည်မို့ပင်။
"ဒါနဲ့ ဒီဝတ်ရုံ အရှင့်ဆီမှာလည်း မမြင်ဖူးသလို အရှင်က မလုပ်ဖူးတဲ့ အလုပ်တွေတောင် လုပ်နေတာ။ ရည်ရွယ်သူတဦးဦးရဲ့ ပစ္စည်းမို့များလား အရှင်"
"မဟုတ်တာ။ ခင်ဗျား တယ်လည်း စပ်စုပါလား။ ကိုယ်တော့်ကြောင့် ပျက်စီးသွားတဲ့ပစ္စည်းမို့ ပြန်ပြုပြင်ပေးရုံပါ။"
မိမိကို အပ်လိုက်လျှင် လွယ်ကူမည့် ကိစ္စဖြစ်သော်လည်း အရှင် ကိုယ်တိုင်သင်ယူကာ ပြ​င်ဆင်ပေးသည်မို့ အထူးအဆန်းဖြစ်နေရှာသော နန်းတွင်းအပ်ချုပ်သည်ပင်။ သို့သော်လည်း မေးခွန်းအစရှာမရသော အရှင့်အဖြေကြောင့် ဆက်၍ မစပ်စုရဲတော့ပါလေ။ အခန့်မသင့်လျှင် အမျက်ရှနေမှဖြင့်...
"ကိုယ်ရံတော်ကင်မ်ကို မတွေ့မိဘူးလား?"
"ကိုယ်ရံတော်ကင်မ်က မနေ့ညကတည်းက ပြန်မလာတာပါ အရှင်"
"ဟုတ်လား.. ကိုယ်တော့်ကိုလည်း သတင်းပို့မသွားဘူး..."
"သမားတော်မင် အိမ်ကို သွားတာထင်ပါတယ် အရှင်။ တွေ့လိုက်တဲ့သူရှိလို့ပါ"
"အခေါ်ရှိကြောင်းပြောလိုက်ပါ။ ကိုယ်တော်သူ့ကိုပြောစရာရှိလို့"
"ကောင်းပါပြီအရှင်"
အတန်ကြာအောင် စောင့်နေခဲ့သော်လည်း ပြန်ကြားရသည်က စိတ်ပျက်စရာသတင်းပင်ဖြစ်သည်။ ထိုအိမ်၌ သမားတော်မင် တစ်ယောက်သာရှိသည်တဲ့လေ။ ဤအချက်သည် ထိုalphaနှင့် omegaတို့ နှစ်ဦးတည်း တစ်နေရာသို့ထွက်သွားကြောင်းကို ရည်ညွှန်းနေဟန်ပင်မဟုတ်လား။
အပ်စူးသည့်ဒဏ်ကြောင့် ဖူးယောင်နေသော လက်ထိပ်တို့ကို ကြည့်ရင်း ခပ်ဟဟသာ ရယ်မိတော့သည်။ အရေးမပါလိုက်လေခြင်း။
"ငါကသာ လျှောက်ထင်ပြီး အားနာနေခဲ့တာပဲ အဟက်"
•••••
"ကျန်းမာရဲ့လား အရှင်။ မတွေ့တာကြာပါပြီ"
ရက်အတန်ကြာ မဆုံဖြစ်သော သမားတော်မင်က သူ့အားလောကွတ်ချော်ကာ ရောက်လာသည်။ သမားတော်မင်၏ နောက်တွင် တစုံတဦးများ ပါလေမလားဟု လှမ်းကြည့်မိသော်လည်း အရိပ်အယောင်ပင် မတွေ့ရသည်လေ။
"ကိုယ်တော်ကျန်းမာနေပါတယ် သမားတော်မင်"
"ကိုယ်ရံတော်ကင်မ်ကိုလည်း မတွေ့မိပါလား။ ခါတိုင်းဆို အနားမှာရှိနေကျမဟုတ်လား။"
အဆောင်တွင်း မျက်စိကစားကာ မေးခွန်းထုတ်လာပြန်သည့် သမားတော်မင်က သူ့အားရွဲ့နေသည်တောင် ထင်ရသည်။ သမားတော်မင် အိမ်ကပဲ ထိုအချစ်ငှက် နှစ်ဦး လွတ်လပ်နေခဲ့တာမဟုတ်လား။
"မသိဘူးလေ သူ့omegaနဲ့ တစ်နေရာရာမှာ ရှိကောင်းရှိနေမှာပေါ့"
"ဘယ်omegaတုန်း အရှင်"
"ပတ်ဂျီမင်းလေ"
"သခင်လေးက အခုမှ ကျနော်နဲ့အတူ သင်းကွဲနယ်မြေက ပြန်ရောက်လာတာလေ အရှင်ရဲ့။"
သမားတော်မင်၏ စကားကြောင့် အရှင့်မျက်ဝန်းလေးများ ပြူးကျယ်သွားတော့သည်။ သူထင်သည်က လွဲမှားနေခဲ့ပြန်ပြီပဲ။
"ဘယ်လို ဘယ်လို?"
"အရှင် မသိသေးဘူးလား။ သခင်လေးရဲ့ဖခင် နာမကျန်းဖြစ်နေတယ်ဆိုလို့ ကိုယ်ရံတော်ကင်မ်က လိုက်ပို့ပေးရခဲ့တာ။ ကျနော်က လူနာတွေရှိသေးတော့ နောက်တရက်မှ လိုက်သွားနိုင်ခဲ့တာရယ်။ ကျတော်ရောက်တေ့ာ ကိုယ်ရံတော်ကင်မ်က အရှင့်ဆီပြန်ရမယ်ဆိုပြီး ပြန်လာခဲ့တာလေ။ သူခုထိရောက်မလာသေးဘူးလား အရှင်"
"......"
"ဒီတိုင်းဆိုရင်တော့ ကျနော်နဲ့ သခင်လေးပတ်ခ် ကိုယ်ရံတော်ကင်မ်ကို ရှာပုံတော်ဖွင့်ရတော့မယ်ထင်ပါရဲ့"
သည်တချိန်တွင်တော့ မျက်လုံးလေးများ ပြူးကျယ်ရသည်က သမားတော်မင်ပင်ဖြစ်သည်။ အရှင်လေးက ဘာစကားမှ မဆိုပဲ ရုတ်တရက်ထကာ ရုပ်ဖျက်သည့် အဝတ်အစားများပြင်ဆင်နေသည်လေ။
"အရှင် ဘယ်သွားမလို့လဲ"
"ထွက်ပြေးဖို့ ကြံနေတဲ့သူကို လိုက်ဖမ်းမလို့"
•••••
လွန်ခဲ့သော ရက်ပိုင်းက သူနှင့်ထိုalphaတို့ကြား ရန်ပွဲအသေးစားရှိခဲ့ကြသေးသည်။ ထိုအချိန်က စိတ်ဆိုး၍ပင်လား ပြောလိုက်သော ထိုalpha၏ စကားက ရုတ်တရက်ခေါင်းထဲပေါ်လာသည်ကြောင့် ဝေးဝေးမရောက်ခင် အမြန်လိုက်မှ ဖြစ်ပါလိမ့်မည်။
ထွက်သွားမည်။ ထွက်သွားပေးမည်တဲ့လေ။ သူ့ကို အပြစ်ရှိစိတ်တို့ဖြင့် ကျန်ခဲ့အောင်။ ထိုalphaက တကယ်ဆိုးပါသည်။ အဆင်မပြေမှုကြောင့် ထွက်သွားချင်လျှင်တောင် ယခုလို မပြောမဆိုဖြင့် ထွက်သွားခြင်းသည် သူ့အားသိပ်ကို မလေးစားရာပင် ကျသည်မဟုတ်လား။
ကျိန်းသေပေါက် သူ့ထံမှထွက်ပြေးသည့်အတွက် မြို့ထဲတွင် ဘယ်လိုမှ ရှိမနေနိုင်သည်က သေချာသည််မို့ ခြေဦးတည်မိရာက မိုးမခတောပင်ဖြစ်သည်။ မိုးမခတောနှင့် သင်းကွဲအုပ်စုနယ်မြေမှလွဲရင် ထိုalpha သွားစရာနေရာမှ မရှိပဲ။
တောထဲသို့ ဝင်ဝင်ချင်းမှာပင် ညနေစောင်းစပြုနေပြီမို့ မြင်းလည်းမပါသည့် တကိုယ်တည်းခရီးတွင် မီးတုတ်ကို ကျစ်ကျစ်ဆုပ်ကိုင်ရင်း ခရီးဆက်ရသည်။
တော၏ အလယ်လောက်ရောက်ချိန်တွင်တော့ ခပ်ပြင်းပြင်း မိုးရနံ့က အာရုံထဲတိုးဝင်လေသည်။ ထိုalpha၏ အနံ့က ပုံမှန်ထက် ပြင်းထန်နေသည်လား သို့မဟုတ် inner wolf၏ အကူအညီကြောင့် သူကအနံ့ခံ၍လွယ်နေသည်လားတော့ မပြောတတ်ပါလေ။
ရနံ့တို့၏ ဦးတည်ရာက တောတွင်းအိုအေစစ်လေးဖြစ်သည်ကြောင့် ခပ်ရဲရဲပင် သွားလိုက်သည်။ မိမိကျွမ်းကျင်သည့် လမ်းပင်မဟုတ်လား။
သို့သော်လည်း အိုအေစစ်လေးသို့ရောက်သည့်အခါ အရိပ်အယောင်ပင် မတွေ့ရသည်မို့ စိတ်အနှောင့်အယှက်ဖြစ်ရပြန်သည်။ အနံ့က သည်လောက်ပြင်းပြင်းရနေလျက်နှင့် လူမရှိသည်မှာ မဖြစ်နိုင်ပါလေ။ ပုန်းကွယ်နေသည်သာ ဖြစ်ပါလိမ့်မည်။
အနံ့လာရာနေရာအား သေချာအာရုံစူးစိုက်မိတော့ ရေတံခွန်နောက်မှ ဂူဆီက ဖြစ်ကြောင်း သေချာကာနေသည်။ မှတ်သားလောက်အောင် လုပ်ပစ်ဦးမည်ဟု ကြုံးဝါးကာ ထိုအရပ်သို့ ခပ်သွက်သွက် သွားမိသော်လည်း လိုဏ်ဂူရှေ့သို့ရောက်သည့်အခါ အသံအချို့က သူ့အား တုံ့ဆိုင်းစေလေသည်။
"ဟားး... လာဗင်ဒါရာ....အင်း..."
ဟနေသော နွယ်ပင်ကြားမှ အလင်းရောင်ပျပျကြောင့် ထင်ပေါ်နေသော ပုံရိပ်နှင့် အသံအချို့သည် ကြက်သီးထဖွယ်ကောင်းပါဘိ။ ညိုစိုသော ခန္ဓာကိုယ်ထွားထွားပေါ်တွင် အဝတ်အစားတို့အစား ချွေးသီးချွေးပေါက်တို့က နေရာယူနေလေသည်။ မျက်ခုံးတို့ကို တွန့်ချိုးကာ လည်ပင်းကြောများထောင်သည်အထိ သာယာမှု ရယူနေပုံက ဆွဲဆောင်မှုရှိသော်လည်း ခပ်အက်အက် ညည်းတွားသံကြားမှ တစွန်းတစထွက်ပေါ်သည့် သူ့အမည်က ကြက်သီးထဖွယ်ကောင်းပါသည်။
ထိုalphaက ယခု သူ့ကို မှန်းဆ၍ ဆန္ဒဖြေလျှော့နေသည်တဲ့လား...။
ရုတ်တရက်ပေမို့ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိသော အရှင်လေးမှာ လက်ဖျားခြေဖျားတို့ပင် တောင့်တင်းကာ တကိုယ်လုံးလည်း ပူတက်လာသည်မို့ ထိုနေရာကပင် ရွှေ့ရန် မေ့နေလေတော့သည်။
"လာ-လာဗင်ဒါ။ ဘယ်လိုဖြစ်ပြီး..."
သူရှိနေသည်အား သတိထားမိသွားဟန်ပေါ်သော ထိုalphaက အနီးရှိ အဝတ်ပိုင်းကလေးဖြင့် အရှက်လုံစေရန် အလျင်အမြန် ဖုံးအုပ်လေသည်။ သို့သော်လည်း ထိုalpha၏ ကိုယ်ပိုင်အရာသည် အဝတ်ပိုင်းကလေးပင် မကယ်တင်နိုင်အောင် ဆန္ဒပြကာနေသည်မို့ မျက်နှာသာလွှဲထားလိုက်မိတော့သည်။ ပုံမှန်ကော သည်လောက်ထိ ရာဂစိတ် ပြင်းပျသူလား သို့မဟုတ် သို့မဟုတ်...
"မဟုတ်မှလွဲရော ခင်ဗျား....rut..?"
ရမ္မက်ခိုးဝေသော မျက်ဝန်းစိမ်းစိမ်းများ၊ သာမန်ထက် ဆတိုး ပြင်းရှသော မိုးရနံ့များ၊ ကိစ္စသေးသေးလေးနှင့်ပင် ဒေါသကြီးနေတတ်သော ထိုalpha၏ လတ်တလောပုံရိပ်များ..။ အခြေအနေဟာ တစ်ခုတည်းကိုသာ ညွှန်ပြနေခဲ့သည်။
ထိုalpha၏ rutကာလဖြစ်နေသည်ပေကိုး။
အရှင်လေးမှာ ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်ချင်တော့သည်။ rutကြောင့် ရှောင်ထွက်သွားခဲ့သည်ကို မိမိအထင်နှင့် မိမိအထအနကောက်ကာ အပူတပြင်းလိုက်ရှာခဲ့သည့် အဖြစ်။ ထို့အပြင် နဂိုကမှ innerwolfက စွဲလမ်းလွန်းနေသော alpha၏ rutနှင့်မှ တည့်တည့်တိုးသည့် မိမိအဖြစ်မှာ ကျားဂူထဲ တည့်တည့်ခုန်ချလိုက်ခြင်းနှင့်ပင် တူပါသည်လေ။
"အင်း.. ဒါကြောင့် သွားတော့။ မဟုတ်ရင် ​ကျုပ်စိတ်လွတ်သွားရင် ဘာဖြစ်မလဲဆိုတာ အာမမခံနိုင်ဘူး"
rutဖြစ်နေသည့်တိုင် အသိစိတ်တော့ ရှိနေသေးဟန်ပေါ်သော ထိုalphaက သူ့အား ဘေးကင်းစေရန် နှင်လေသည်။ ထိုalphaလည်း မမှားပါ။ သူ့ ခန္ဓာကိုယ်သည်ပင် rutဖြစ်နေသော alpha၏ ဟော်မုန်းတို့ကြောင့် အလိုအလျောက်ပင် စတင် တုံ့ပြန်နေလေပြီပင် ဖြစ်သည်။ သည့်ထက်ကြာကြာဆက်ရှိပါလျှင် ဘယ်လိုအခြေအနေဖြစ်သွားနိုင်သည်ကို တွေးမကြည့်လျှင်တောင် သိနိုင်သည်လေ။
သို့သော်လည်း အရှင်လေးသည်တော့ ဝတ်ရုံအားတင်းတင်းဆုပ်ကိုင်ကာ အတွေးတို့ကြား လွန်ဆွဲ၍နေသည်ပင်ဖြစ်သည်။ အသိစိတ်တစ်နေရာက ထွက်ပြေးရန်ပြောသည့်တိုင် အခြား အသိစိတ်တစ်ခုက ထပ်မံ၍ ရှောင်မပြေးရန်၊ ရှေ့တိုးရန် တိုက်တွန်းကာနေသည်။ ဤကား innerwolf၏ လှုံ့ဆော်မှုလား မိမိစိတ်နှလှုံး၏ လှုံ့ဆော်မှုပေလားတော့ ကိုယ်တိုင်မကွဲပြားပါလေ။
rutဖြစ်ပြီးစ alphaတို့သည် ပုံမှန်ထက် စိတ်ဆတ်ကာ တွယ်တာလွယ်သည်။ သမားတော်မင်နှင့် ထိုomegaကလည်း လိုက်ရှာဦးမည်ဟု ပြောခဲ့သည်မဟုတ်လား။ အခန့်မသင့်၍ ယခုလိုအချိန်တွင် ထိုမက်မွန်ပန်းနံ့သင်းသော omegaနှင့်သာ ဆုံသွားပါလျှင် လွန်လွန်ကျူးကျူး မဖြစ်နိုင်ဟု ကြိုတွက်၍မရနိုင်ပါ။ တဖက်omega၏ ရနံ့သည်လည်း ရစ်မူးဖွယ်ကောင်းလောက်အောင်ပင် မွှေးပျံ့သည် မဟုတ်လား။
ဟင့်အင်း...အရှင်လေး ထိုသို့တော့ အဖြစ်မခံချင်ပါ။ မိမိစိတ်ကို မသေချာသေးသည့်တိုင် ထိုalphaကို သူများလက်ထဲလည်း အလွယ်တကူ ထည့်မပေးလိုက်ချင်ပါလေ။
"မသွားဘူး"
"အရှင်!"
"ဒီကနေ ဘယ်မှ မသွားနိုင်ဘူး။"
"အရှင်! ကျုပ်က rutဖြစ်နေတဲ့ alphaနော် ။ နောက်စရာ ကိစ္စမဟုတ်ဘူး။ အရှင်က omega ကျုပ်ကalpha။ အကျိုးတွေနည်းကုန်လိမ့်မယ်"
ထိုalphaတားနေသည့်ကြားထဲမှ ခေါင်းယမ်းရင်း လိုဏ်ဂူအတွင်းသို့ ဝင်လာမိတော့ ထိုalphaက နောက်သို့ ခြေနှစ်လှမ်းဆုတ်သည်။ အကြောပြိုင်းပြိုင်း ထောင်မတ်နေသော လည်ပင်းကြောတို့အရ မိမိကိိုယ်ကို အတော်လေး ထိန်းချုပ်နေရပုံပါပင်။
"နောက်နေတယ်ထင်လို့လား ကိုယ်ရံတော်ကင်မ်?"
တဆက်တည်းမှာပင် အနံ့တုဖြစ်သော တောအုပ်ရနံ့ကို စွဲမက်ဖွယ် လာဗင်ဒါရနံ့က လွှမ်းမိုးလာသည်။ မျက်ဝန်းနက်နက်တို့မှသည် ခရမ်းစွဲရောင် မျက်ဝန်းလှလှတို့အဖြစ် အသွင်ပြောင်းလာလေတော့သည်။ ထို့နောက်တွင်တော့ တိတ်ဆိတ်နေသော လှိုက်ဂူအတွင်းတွင် ပဲ့တင်ထွက်လာသော အရှင်လေးစကားက alphaအား ကြက်သီးထစေပါသည်။
"ခင်ဗျား rutကို ကိုယ်တော်နဲ့ တူတူ ကုန်ဆုံးပေး alpha။ဒါ အမိန့်ပဲ။"
#Tbc
A/N: ဘာတွေ ဖြစ်ကုန်ကြတာလဲ ဘာတွေဖြစ်ကုန်ကြတာလဲ 🤫
See you in next episode~
- 해바라기
ZG
"ဒါက ကျုပ်တို့ နယ်မြေရဲ့ အလွဆုံး အပန်းဖြေနေရာပေါ့ အရှင်"
"တချို့သူတွေလိုပေါ့"
ဘူးဆို့ တစ်ရာကိုသာ ပိတ်လို့ရမည်၊ လူ့ပါးစပ်က အတားအဆီးမရှိသည်ကြောင့် ထိုပေါက်ကရသတင်းများ နန်းတော်ထိမပြန့်စေရန် ဓားကြိမ်း ကြိမ်းရလေတော့ မိမိမွာ လူကြမ်းနေရာပါ ရောက်ရလေတော့သည်။ ရယ်ဖွယ်ကောင်းလေစွ။
"သခင်လေးပတ်ခ်"
"ပြောပါ အရှင်"
"ကျစ်! အရှင်ရာ"
"အရှင်!!"
"ထိခိုက်မသွားဘူးမလား"
"ဖယ်-ဖယ်တော့။ ကိုယ်တော် ဆင်းမယ်"
မိမိတို့ အေနအထားကို မြင်သွားဟန်ရှိသော ရဲမက်ခေါင်းဆောင်က သတိပေးစကားပြောလာသော်လည်း မကြည်လင်သည့်စိတ်ကြောင့် ဘုကန့်လန့် ပြန်ပြောမိသည်။ အဓိကတရားခံမွာ ထိုalphaကြောင့်ပါပဲ။
"တပ်မှူး"
"....."
••••••
ထို့ကြောင့်ပဲ အတွေးဝင်လာသည်က တခါမွ မလုပ်ဖူးသော အလုပ်အား ကြိုးစားကြည့်ရန်ပင်...
"ဘယ္နားမွာ သိမ်းထားတာများလဲ..."
*Kim Maria *
ကင်မ်မာရီယာ..
ကင်မ်ထယ်ဟျောင်း..
ဘုရားရေ... မိဘအေမြလို ပစ္စည်းမျိုးကို သူဖျက်ဆီးလိုက်မိတာလား..
"ဒီလူ.... သူသေဘာက်တဲ့သူ ရွိတယ်ဆိုတာက ငါ...ငါလား.."
"အရှင်?"
"ကို-ကိုယ်ရံတော်ကင်မ်"
"ဒါပဲလား အရှင်"
"အင်း... ဒါပဲလေ။ ဘာရွိဦးမွာလဲ"
"ကျုပ်---- ဘာမွ မဟုတ်တော့ပါဘူး"
••••••
"ဟုတ္လား.. ကိုယ်တော့်ကိုလည်း သတင်းပို့မသွားဘူး..."
"ကောင်းပါပြီအရှင်"
••••••
"ကျန်းမာရဲ့လား အရှင်။ မတွေ့တာကြာပါပြီ"
အဆောင်တွင်း မ်က္စိကစားကာ မေးခွန်းထုတ်လာပြန်သည့် သမားတော်မင်က သူ့အားရွဲ့နေသည်တောင် ထင်ရသည်။ သမားတော်မင် အိမ္ကပဲ ထိုအချစ်ငှက် နှစ်ဦး လွတ်လပ်နေခဲ့တာမဟုတ်လား။
"ဘယ်omegaတုန်း အရှင်"
"ပတ်ဂျီမင်းလေ"
"သခင်လေးက အခုမွ ကျနော်နဲ့အတူ သင်းကွဲနယ်မြေက ပြန်ရောက်လာတာလေ အရှင်ရဲ့။"
"ဘယ္လို ဘယ္လို?"
"......"
"အရှင် ဘယ်သွားမလို့လဲ"
••••••
ကျိန်းသေပေါက် သူ့ထံမှထွက်ပြေးသည့်အတွက် မြို့ထဲတွင် ဘယ္လိုမွ ရှိမနေနိုင်သည်က သေချာသည်မို့ ခြေဦးတည်မိရာက မိုးမခတောပင်ဖြစ်သည်။ မိုးမခတောနှင့် သင်းကွဲအုပ်စုနယ်မြေမှလွဲရင် ထိုalpha သွားစရာနေရာမှ မရွိပဲ။
တောထဲသို့ ဝင်ဝင်ချင်းမှာပင် ညနေစောင်းစပြုနေပြီမို့ မြင်းလည်းမပါသည့် တကိုယ်တည်းခရီးတွင် မီးတုတ္ကို ကျစ်ကျစ်ဆုပ်ကိုင်ရင်း ခရီးဆက်ရသည်။
"ဟားး... လာဗင်ဒါရာ....အင်း..."
"လာ-လာဗင်ဒါ။ ဘယ်လိုဖြစ်ပြီး..."
"မသြားဘူး"
"အရှင်!"
"ဒီကေန ဘယ်မှ မသွားနိုင်ဘူး။"
#Tbc
See you in next episode~
- 해바라기
Continue Reading
You'll Also Like
308K 15.4K 47
Ruby King is your average young woman who is starting to attend college full time. Everything is going great until she notices that there seems to be...
36.5K 3.3K 19
A Royal family renowned for their illustrious name and fame, A family full of pride and rage, A Family for which everyone bows their head - The Agnih...
44.8K 701 16
DELULU & GUILT PLEASURE
115K 231 86
Erotic shots