မူပိုင် [အတွဲ တစ်]

By ANyo_097

184K 13.5K 354

⁽⁠⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာ‌ပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁠⁾ More

မူပိုင်
အပိုင်း (၁/u)
အပိုင်း (၁/z)
အပိုင်း (၂/z)
အပိုင်း (၃/u)
အပိုင်း (၃/z)
အပိုင်း (၄/u)
အပိုင်း (၄/z)
အပိုင်း (၅/u)
အပိုင်း (၅/z)
အပိုင်း (၆/u)
အပိုင်း (၆/z)
အပိုင်း (၇/u)
အပိုင်း (၇/z)
အပိုင်း (၈/u)
အပိုင်း (၈/z)
အပိုင်း (၉/u)
အပိုင်း (၉/z)
အပိုင်း (၁၀/u)
အပိုင်း (၁၀/z)
အပိုင်း (၁၁/u)
အပိုင်း (၁၁/z)
အပိုင်း (၁၂/u)
အပိုင်း (၁၂/z)
အပိုင်း (၁၃/u)
အပိုင်း (၁၃/z)
အပိုင်း (၁၄/u)
အပိုင်း (၁၄/z)
အပိုင်း (၁၅/u)
အပိုင်း (၁၅/z)
အပိုင်း (၁၆/u)
အပိုင်း (၁၆/z)
အပိုင်း (၁၇/u)
အပိုင်း (၁၇/z)
အပိုင်း (၁၈/u)
အပိုင်း (၁၈/z)
အပိုင်း (၁၉/u)
အပိုင်း (၁၉/z)
အပိုင်း (၂၀/u)
အပိုင်း (၂၀/z)
မူပိုင်
အပိုင်း (၂၁/u)
အပိုင်း (၂၁/z)
မူပိုင် [အတွဲ နှစ်]
စာအုပ်ထုတ်ဝေခြင်း

အပိုင်း (၂/u)

6.4K 603 11
By ANyo_097

မူပိုင် အပိုင်းနှစ်။     ။

ခြံထဲသို့ တလိမ့်လိမ့်မောင်းဝင်လာသည့် ကိုယ်ပိုင်အငှားယာဉ် (private taxi)တစ်စီး။ လိုက်ကာစကိုချလို့ ကုတင်ခြေရင်း၌ စိတ်ပျက်လက်ပျက် ဝင်ထိုင်လိုက်မိသည်။

မကြုံချင်သော်လည်း အချိန်တန်သည့်အခါ ဆုံရတွေ့ရပေမည်။ အိမ်မက်ဟုသာ ထင်ယောင်ထင်မှားဖြစ်ခဲ့သော ကာလတွေဟာလည်း ကုန်လွန်ခဲ့ရပြီ။ ဆီးကြိုနေသော ငရဲတံခါးဝအား အသာဖွင့်လို့ ချောက်နဲကြီးထဲ ကိုယ်တိုင်ကိုယ်ကျ ခုန်ချရပေဦးမည်။

" မြရဝန်ကနေ ကြိုဆိုပါတယ် မိန်းကလေး "

" မူပိုင် "

ရုတ်တရက်ထွက်ပေါ်လာသော စကားသံကြောင့် ခေါင်းငုံအရိုအသေပေးရမှ မော့ကြည့်မိ၏။ ထိုအခါ အမှတ်မထင် တွေ့ဆုံလေသော အကြည့်စူးစူးများဟာ ကြက်သီးထစဖွယ်အတိ။

" ကျုပ်နာမည်က မူပိုင်။ မိန်းကလေးမဟုတ်ဘူး "

ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သော်လည်း ထိုသို့ပြန်လည်တုန့်ပြန်လာခြင်းကြောင့် မစောရီစိတ်ထဲ ခုသွားရ၏။ တစ်ဆက်တည်းမှာပဲ ထိုမိန်းကလေးနှင့် မြ၊ ဒီခရီးကို ဘယ်လိုပုံမျိုးဖြင့် နှစ်ပါးသွားကြမည်နည်းဟုပါ တွေးမိလေသည်။ မြအတွက် ရင်မောပါ၏။

ခြံထဲမှနေ အိမ်တော်အတွင်းသို့ ဝင်လာပြီးပေမယ့် ယခုအချိန်ထိ ဒေါ်မြရံခြယ်အား မတွေ့ရသေးပေ။ ခရီးပမ်းလာပါတယ်ဆိုမှ စတင်ဆန္ဒပြနေသူကြောင့် ဒေါသကထောင်းခနဲ။

" ဟိုလူကော ဘယ်မှာလဲ "

" မြကိုမေးတာလား။ အိပ်ခန်းထဲမှာ ရှိနေမယ်ထင်တယ် "

" အခုသွားခေါ်။ ကျုပ်ဧည့်ခန်းထဲမှာ စောင့်နေမယ် "

ကျွန်းခုံကြီးလေးခုံပတ်လည်နေရာယူထားသော စားပွဲဝိုင်းဆီသို့ ဦးတည်သွားလိုက်သည်။ ဒေါ်မြရံခြယ်၏ ဓာတ်ပုံချိတ်ဆွဲထားသော နံရံနားရှိ ထိုင်ခုံ၌ ဝင်ထိုင်ကာ ကျောမှီလို့မှေးနေမိ၏။

လှေကားထစ်များကို တစ်ဆင့်ချင်းလှမ်းလာသော ခြေသံအချို့။ ခပ်ရေးရေးမှ အပြီအပြင်ကြားရလာစဉ်တွင်တော့ မျက်ဝန်းတို့အား ဖွင့်လိုက်၏။

" ဒီမယ် မိန်းကလေး "

" ပြော "

" ဟယ် မင်းဘယ်လိုတောင် ထူးလိုက်ရတာလဲ။ ရိုင်းလိုက်တာ "

" ခင်ဗျားထင်ချင်သလိုထင် "

" ဘာ "

အစ်မရီ၏ ချော့မြူဟန်အပြောကြောင့် စိတ်လျှော့ကာအောက်ထပ်သို့ ဆင်းလာခဲ့ခြင်း။ မြကအကြီးပဲလေဟုတွေးကာ စကားစလိုက်မိစဉ် တုန့်ပြန်ဟန်သည် မုန်းစရာအတိရယ်။

" အခန်းပြင်ပေးထားတယ် ဝင်နားတော့ "

" ဘယ်အခန်းမှပြင်မနေနဲ့ "

" ဘာလဲ အခြားနေရာမှာပဲ သွားနေမလို့လား "

စိတ်ကလေးသက်သာသွားသလို ခံစားလိုက်ရ၏။ ဘယ်လိုပတ်သက်မှုမျိုးပဲဆိုဆို အနည်းဆုံးတော့ ခပ်ကင်းကင်းနေရမည်ဟူ၍ပင်။

" ဘယ်မှမသွားဘူး။ ခင်ဗျားအခန်းမှာပဲနေမှာ "

" ဘာ "

" ဘာတစ်လုံးထဲပြောတတ်တာလား။ ကျုပ်တို့က မကြာခင်တရားဝင်လက်ထပ်ကြရမယ့်ဟာပဲကို။ ဘာလို့အခန်းခွဲနေမှာလဲ "

ရင်ဝသို့ ခပ်ပြင်းပြင်းထိမှန်သည့် စကားစု။ ထိုအရာသည် အမှန်တရားဖြစ်သော်လည်း ခါးသက်၏။ ယခုကဲ့သို့ ဆိုင်သူထံမှ အတိအလင်းကြားရစဉ် ကမ္ဘာပြိုသလိုပင်။

" အခန်းလိုက်ပြ "

အစ်မရီဘက်သို့လှည့်ကာ ပြောနေပုံသည် ရိုက်ပြစ်ချင်စရာ။ ဤအိမ်၊ ဤအရပ်အဝန်းအား သူပိုင်သကဲ့သို့ ညွှန်ကြားခိုင်းစေနေလေ၏။ မြလေ ထိုသူစိမ်းအား အသွေးထဲအသားထဲမှ နင့်နင့်သည်းသည်းမုန်းသည်။

" ပြပေးစရာမလိုဘူး အစ်မရီ "

" ကျုပ်ကပြဆိုပြလိုက်။ ခင်ဗျားမှတ်ထားရမှာက မူပိုင်ဆိုတဲ့ ကျုပ်ကခင်ဗျားကို ပိုင်သလို၊ ခင်ဗျားနဲ့ ပတ်သက်သမျှအရာအားလုံးမှာလည်း ဆိုင်တယ် "

တောက်ခေါက်သံခပ်ပြင်းပြင်းသည် ဧည့်ခန်းငယ်လေးအတွင်းသို့ ဖုံးလွှမ်းသွား၏။ ပေါက်ကွဲထွက်မတတ် နီရဲနေသော မျက်နှာနှင့် အေးတိအေးစက် မျက်နှာ။ စစ်ခင်းလျက်ရှိသော မျက်ဝန်းများ။ ထိုအနေအထားအား ဖြိုခွင်းပေးလေသော အစ်မရီဆိုသော သူ။

" အနောက်ကနေလိုက်ခဲ့ပါ မူပိုင် "

" သခင်မလေး "

" ရှင် "

" နောက်ဆို ကျုပ်ကိုသခင်မလေးလို့ပဲခေါ်တော့။ ဒီလိုမှသာ တစ်စုံတစ်ယောက်ကို အချိန်တိုင်းသတိပေးနေသလိုဖြစ်မှာ "

သခင် ... အရှင်သခင်။ မြရဝန်စံအိမ်ကြီးကိုပိုင်သလို မြရံခြယ်ဆိုသော အမျိုးသမီးကိုလည်းပိုင်သည့် သခင်။ ကျုပ်က ခင်ဗျားဘဝရဲ့ မရှိမဖြစ်သခင်တစ်ယောက်ပဲဆိုတာ သိထားသင့်တယ် ဒေါ်မြရံခြယ်။

ညနေခင်းတောက်လျှောက် ငြိမ်သက်နေသော ဇာတ်လမ်းသည် လူအိပ်ချိန်၌ ဘီလူးဆိုင်းတီးကာ ‌ကြမ်းတမ်းလေပြီ။

" မင်းနဲ့အတူ မအိပ်နိုင်ဘူး "

ခေါင်းအုံဆွဲကာ တစ်ဖက်ခန်းသို့ ကူးရန်ကြံနေသူအား လက်ကောက်ဝတ်မှ ဖမ်းဆွဲထားလိုက်သည်။ ထိုအခါ ရွံရှာသလိုအကြည့်မျိုးများဖြင့် အတင်းရုန်းကန်လာ၏။ ကျုပ်ကို အကြောလာတင်းပြလို့ရမယ်ထင်နေလား ခင်ဗျားရယ်။

" တစ်ကုတင်တည်းမအိပ်နိုင်ရင် ခင်ဗျား ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းအိပ်။ အခန်းကူးဖို့ စဉ်းစားမနေနဲ့။ သော့တွဲက ကျုပ်လက်ထဲမှာ "

" မင်းသိပ်ရိုင်းတာပဲ "

" ခင်ဗျားထင်ချင်သလိုထင် "

" မင်းနဲ့အတူမအိပ်နိုင်ဘူး ရွံတယ် "

ခပ်ဟဟအော်ရယ်သံကြောင့် တုန်တက်သွားသည့် ကိုယ်လုံးငယ်။ အနည်းငယ်ဒေါသထွက်ဟန်ရှိနေသော မျက်ဝန်းနက်နက်များသည် ကြောက်ဖို့ကောင်းစွာဖြင့်။

" ခင်ဗျားရွံတယ်ဆိုတဲ့ ကျုပ်ကို မယားတော်ရမယ်ဆိုတာလည်း မမေ့နဲ့ဦး "

အားပြင်းသောတွန်းလှဲချက်နှင့် ရုတ်တရက်ဆန်မှုကြောင့် ဒေါ်မြရံခြယ်တစ်ယောက် ကုတင်ပေါ်တွင် ပက်လက်လေး။ ကျောပြင်မှခံစားလိုက်ရသည့် အောင့်သက်သက်နာကျင်မှု။ အံကိုခပ်တင်းတင်းကြိတ်လို့ အုပ်မိုးလာသူအား မာန်ပါပါစိုက်ကြည့်လိုက်၏။

" ကုတင်ပေါ်ကနေ ခြေတစ်လှမ်းရွေ့ရဲရွေ့ကြည့်။ နောက်မနက် ခင်ဗျားရဲ့မိဘမဲ့ဂေဟာကြီး ပြာမကျသွားရင် ကျုပ်ကိုကြိုက်သလိုပြော "

" မင်းယုတ်မာလှချည်လား "

" ခင်ဗျားနဲ့ပဲဆိုင်တယ် "

အားမသန် မာန်လျှော့ဆိုသလို မြရဲ့ ယခုလို ဗလာနတ္ထိဖြစ်နေသော ဘဝထဲဝယ် ထိုသူစိမ်းအား မည်သို့မှတွန်းလှန်နိုင်မည်မဟုတ်။ ငဲ့ကြည့်စရာတွေ တစ်ပုံတစ်ပင်နှင့် မာနကလွဲ အခွံချည်းဖြစ်နေသည့် အခြေအနေကြားထဲ ခေါင်းငုံ့ပေးရုံသာ တတ်နိုင်တော့မည်။ လည်စင်းပေးတိုင်း ရှုံးတာတော့ ဘယ်ဟုတ်မလဲ။ တစ်နေ့နေ့တစ်ချိန်ချိန် ပြန်လည်ဦးမော်ဖို့ ခဏတာ‌စတေးလိုက်ရုံပါပဲ။

အချစ်ဆိုတာ အရှုံးတဲ့လေ။
မင်းချစ်မိသွားတဲ့တစ်နေ့၊ မင်းအကြီးအကျယ်ရှုံးမယ့်နေ့ပဲ။
မြ မင်းကိုပြုစားပြမယ် မူပိုင်။

" ဟင့်အင်း .. မသွားနဲ့။ ကိုစေ ရှေ့ဆက်မတိုးနဲ့ "

ပြင်းထန်လာသော အသက်ရှူသံများ။ ဂဏာမငြိမ်ဖြစ်လာသည့် ကိုယ်လုံးငယ်။ ချွေးသီးချွေးပေါက်များဖြင့် နိုးထရလာသော ညသန်းခေါင်။ အိပ်ရေးပျက်ခြင်း အကြောင်းအရင်းထဲ ထိုအိမ်မက်များသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေပုံပင်။

ကုတင်ဘေးတစ်ဖက်သို့ ငဲ့ကြည့်သောအခါ ကျောပေးအိပ်နေသူအား တွေ့ရ၏။ ငြင်းမရသည့်အဆုံး အောင့်အီးလက်ခံလိုက်ရသော မျက်နှာအမူအရာကို ပြန်လည်တွေးမိခိုက် စိတ်လိုလက်ရပြုံးလိုက်သည်။ ဒေါ်မြရံခြယ်ဆိုတဲ့ ခင်ဗျားက ခြိမ်းခြောက်မှ ကြောက်ရကောင်းမှန်းသိတဲ့အမျိုး။ တကယ့်မလွယ်ကြော .. လေးဆယ့်နှစ်နှစ်။

ဆက်အိပ်ဖို့လည်း မဖြစ်နိုင်တော့သည်မို့ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဦးတည်လိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ပြန်ထွက်လာသော် ကုတင်ပေါ်ရှိ ဟိုလူသည် တစ်ဖက်သို့စောင်းကာ အိပ်နေ၏။

" ရွံလို့သာပဲ တရေးတောင်မနိုးဘူးနော် ခင်ဗျား "

အိပ်ခန်းနှင့် ဝရံတာသည် တစ်ဆက်တည်းဖြစ်၏။ ထို့ကြောင့် ကုတင်ပေါ်ရှိ ဟိုလူအား အသေအချာစောင်ခြုံပေးကာ အပြင်ဘက်သို့ ထွက်လာလိုက်သည်။

ရာသီဥတုသည် ကျုပ်တို့နှစ်ဦးကြားက ဆက်ဆံရေးလို အေးစက်စက်ရယ်။ ဖြတ်ပြေးတိုက်ခတ်နေသော လေပွေရူးသည် အသည်းခိုက်မတတ် ချမ်းအေးစေသော်လည်း ကျုပ်ရင်ထဲရှိ အပူမီးအား မငြိမ်းသတ်နိုင်ကြပါ။ လေးလံသော စိတ်အစဉ်ကြောင့် သက်ပြင်းကိုသာ အကြိမ်ကြိမ်အလီလီချနေမိ၏။

ဆယ်ကျော်သက်အရွယ် နုနုနယ်နယ်
ဒေါ်ဒေ့ါ်ထံပါး ခစားချင်တယ်။
အကြင်သူအား ကြင်နာပါကြောင်း
ထပ်လောင်းလို့ရယ် အသိပေးမယ်။
အချစ်ဦးမို့ ရူးရချည်တယ်။

ခင်ဗျားက ကျုပ်ကိုယ်တိုင် အမြတ်တနိုးရေးဆွဲမယ့် ပန်းချီကားတစ်ချပ်ပဲ ဒေါ်မြရံခြယ်။ ကျုပ်ကိုအထူးတလည် နာကျင်စေမယ့် ပုံရိပ်ဖမ်းကားချပ်လေးတစ်ခု။ ငယ်ဘဝရဲ့ ရူးသွပ်ခြင်းဟာ စုတ်တံဖြစ်ပြီး ရိုက်သွင်းခံထားရသော အသိတရားတို့ဟာ ကာလာစုံဆေးရောင်ဖြစ်၏။

စိတ်ကိုသတ်သော အတွေးတို့အား ရပ်တန့်လိုက်သည်။ ကျုပ်နာကျင်ရတာကို မုန်းလှပါပြီ၊ နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ဤနာကျင်မှုတွေသည်လည်း ပျောက်ပြယ်ဖို့ အချိန်တန်သင့်ပြီထင်ပါရဲ့။

နိုးထလာသော မနက်ခင်းသည် စိတ်အလိုမကျမှုများအား သယ်ပိုးထားလျက်။ သူစိမ်းလူ၏ ရင်ခွင်ထဲသို့ လုံးလုံးလျလျဝင်နေသာ မိမိကိုယ်ကိုလည်း အံ့ဩမိသည်။ ထွေးပွေ့မှုသည် နွေးထွေးသော်လည်း စိတ်အစဉ်အား ပူလောင်စေ၏။ ရုန်းထွက်ဖို့ ကြိုးစားလိုက်ပေမယ့် နိုးထလာသူကြောင့် မျက်ဝန်းတို့အား အမြန်ဖိပိတ်ထားလိုက်သည်။

ထိုသူစိမ်း၏ ကိုယ်သင်းရနံ့သည် မွှေးအီသော ဝိုင်တစ်ခွက်လိုနှယ်။ နဖူးထက်သို့ ကျီစယ်လာသော တစ်ဖက်သူ၏ ဝင်လေထွက်လေ။ ဖက်တွယ်မှုသည် ပိုတင်းကြပ်လာခဲ့၏။

မျက်နှာဝိုင်းလေးအား ဆွဲမော့မိသောအခါ အလိုက်သင့်ပါလာ၏။ မျက်မှန်တပ်ရခြင်းကြောင့် အနည်းငယ်ချိုင့်နေသော မျက်ကွင်းနေရာ။ မို့မို့မောက်မောက်ဖြစ်နေသည့် ပါးပြင်နှစ်ဖက်တွင် သနပ်ခါးလေးများ ထင်ကျန်လို့ရယ်။

" ခင်ဗျားသိပ်လှတာပဲ လေးဆယ့်နှစ်နှစ် "

နှုတ်ခမ်း‌အောက်နားသို့ ထိတွေ့လာသည့် အေးစက်စက်အရာ။ အသွေးအသားတွေပင် ခမ်းခြောက်သွားရသလိုနှယ်၊ လူတစ်ကိုယ်လုံး ထုံထိုင်းကာ လှုပ်ရှားလို့ပင်မရတော့ပေ။

" နှုတ်ခမ်းအောက်ကမှဲ့လေးကို ကျုပ်သဘောအတွေ့‌ဆုံးပဲ ခင်ဗျားရယ် "

ခင်ဗျားမပြုစားပါပဲနဲ့တောင် ကျုပ်ဒီလောက်ရူးနေတာ။ ခင်ဗျားသာ ကျုပ်ကိုပြုစားမယ်ဆို သေချာပါရဲ့။ ကျုပ်တော့သွက်သွက်ခါပြီ။

ပွေ့ဖက်မှုမှ လွန်မြောက်သွားသော်လည်း မြ မလှုပ်နိုင်သေးပေ။ ဦးနှောက်ထဲ အမည်မသိမေးခွန်းပုစ္ဆာများသာ ကြီးစိုးနေ၏။ ဘာလို့ အခုလိုမျိုး ကြင်နာပြရပါသလဲ၊ မနေ့တစ်နေ့ကမှ စတင်ဆုံတွေ့ကြခြင်းမဟုတ်ပါလား။ အချစ်လို့ခေါင်းစဉ်တပ်မရပါပေမယ့် ခပ်ဆင်ဆင်အနေအထားတစ်ခု။ ထိုသူစိမ်းသည် များစွာထူးဆန်း၏။

တံခါးပိတ်သံအဆုံး ဖိပိတ်ထားသော မျက်ခွံတို့အား ဖွင့်လှပ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်မှထကာ ရေချိုးခန်းဆီသို့။

မျက်နှာသစ်ရင်း တစ်ပါတည်းရေချိုးလိုက်၏။ မနေ့ညကတစ်ညလုံး ဟိုသူစိမ်းရင်ခွင်ထဲ ရောက်နေခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် မိမိခန္ဓာကိုယ်ကိုပင် မသဓီတော့ပါ၊ ရွံရှာခြင်းတို့ထဲ သူစိမ်းလည်းအပါအဝင်ပေ။

" နိုးပြီးလား မြ "

ထမင်းစားခန်းထဲတွင် ရှိနေမည်ဟု ထင်သော်လည်း လွဲ၏။

" အင်း ဒါနဲ့ဟိုသူစိမ်းကော "

" သူစိမ်း သူစိမ်းဆိုပြီး ဘာဖြစ်နေတာလဲ။ ကျုပ်မှာနာမည်ရှိတယ် "

နောက်ကျောဘက်မှ ထွက်ပေါ်လာသောအသံကြောင့် ကိုယ်လုံးမှာမတ်ခနဲ။ ကြောက်၍မဟုတ်ပေမယ့် ရုတ်တရက်မို့ အနည်းငယ်ထိတ်လန့်သွားခြင်းပင်။

" သိတယ် "

" သိရုံနဲ့မပြီးဘူး ခေါ်ပါခေါ်ရမယ် "

" မခေါ်နိုင်ဘူး "

" ခင်ဗျားအဲ့လိုသာဆက်ပြီး အရွဲ့တိုက်နေမယ်ဆို ကျုပ်အဆိုးမဆိုနဲ့နော်။ မိဘမဲ့ဂေဟာတစ်ခုလုံးကို မှောက်ခုံလုပ်ပြစ်လိုက်လို့ရတယ် "

ထိုစကားကြောင့် အစ်မရီခင်ဗျာ အံ့ဩသွားရှာသည်။ မြအတွက်ကတော့ မနေ့ညကလည်း ကြားဖူးပြီးပြီမို့ သိပ်တော့မဆန်းကြယ်။

" အယုတ်တမာ "

" ကျုပ်ယုတ်မာတယ်ဆိုတာ ခင်ဗျားနဲ့ပဲဆိုင်တယ် "

" ဘာ "

" ဘာမနေနဲ့ နေ့လည်ကျရင် ဒီဇိုင်းနာလာလိမ့်မယ်။ ခင်ဗျားချုပ်ချင်တဲ့ ပုံစံအတိုင်းပြောပြီးချုပ်။ လက်စွပ်ကိုတော့ ကျုပ်ရုံးအပြန် ဝင်ယူလာလိုက်မယ် "

ထွက်သွားသူ၏ ကျောပြင်ကိုငေးလို့ မြ ပြိုလဲပြစ်လိုက်မိသည်။ ‌ကြမ်းပြင်ပေါ်သို့ ခွေကျသွားသော မြအား အစ်မရီမှ အလျင်ဝင်ထိန်းပေး၏။

ဆို့တက်လာသော ဝမ်းနည်းမှုသည် မျက်ရည်အဖြစ် အသွင်ပြောင်းလို့ရယ်။ မြ နာနာကျည်းကျည်းသာ ငိုချပြစ်လိုက်သည်။ ကုန်ခမ်းနေပြီဖြစ်သော အားအင်တွေထဲ ထိုသူစိမ်းကို မုန်းဖို့အတွက် တစ်စိတ်တစ်ပိုင်းအား မြဲမြဲဆုပ်ကိုင်ထားရ၏။ မြ ရှင်သန်မှဖြစ်မည်။ မြရဲ့ရှင်သန်မှုဟာလည်း ထိုသူစိမ်းအတွက် သေဆုံးခြင်းဖြစ်ရမည်။

မြ နာကျင်ရသလို ထပ်တူနာကျင်စေရမယ် ~

______
(အညို)

ပေါ့ပေါ့ပါးပါးလေးပဲ ရေးမယ်ဆိုတာ ယုံတယ်မလား။ ဇာတ်လမ်းကလေ အရှေ့ပိုင်းတွေမှာ မေးခွန်းများလောက်မယ်။ ကြိုပြောထားတာမို့ စိတ်ရှည်သည်းခံပြီး စောင့်ဖတ်ပေးကြပါနော်။

အားလုံးပဲ စိတ်လေးပျော်လို့ ကိုယ်ကျန်းမာကြပါစေ။

Continue Reading

You'll Also Like

7.9K 168 27
Hotel OJ, OJ's hotel. Usually it'd just be the usual chaos, 'messes in the kitchen' and such. It's not that different with the new faces around from...
1.4M 107K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
66.5K 3.1K 21
'တီချယ်ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' ...
123K 8.4K 35
"ငါဆိုတဲ့ မိန်းမဟာ ငါ့တိုင်းပြည်ထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တာကြောင့် မင်းကိုလည်း စွန့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူး.." "သေချာလို့လား အရှင်ရယ်..ဒီစကား...