Falling For You

By KThiMOo

124K 9.7K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
3
5
6
7
8
9
10
11
12
13
14
15
16
.
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

4

2.9K 239 3
By KThiMOo

ခွမ်း!!!!!

"အယ်!!! ဒီကောင်လေး လက်ကြောကိုမတင်းဘူး"

နောက်ဘေးမှာပန်းကန်ကျကွဲသံကြားတာနဲ့ ဆိုင်ရှင်အဒေါ်ကြီးမှယပ်တောင်တဖျပ်ဖျပ်ခပ်လို့ဝင်လာပြီး စပြောတော့တယ်.....

ရိပေါ်တစ်ယောက် ရရာဝင်လုပ်မယ်လို့ဆုံးဖြတ်ထားတာမို့ စာစောင်ပေါ်ကအလုပ်တွေမရခင်စပ်ကြား လမ်းထိပ်ကခေါက်ဆွဲဆိုင်မှာ ပန်းကန်ဆေးအလုပ်သမားလိုတယ်ကြားတာနဲ့ တန်းပြီးလျှောက်လိုက်တာ တစ်ခါတည်းတန်းခန့်ခြင်းခံခဲ့ရသည်....၊

ခေါက်ဆွဲဆိုင်ဆိုပေမဲ့ ကန်ထရိုက်ဆိုဒ်နဲ့နီးကပ်နေတော့ ထမင်း ဟင်းပါတွဲရောင်းတာမို့ ဆေးရတဲ့ပန်းကန်ဆိုတာ ရေတွက်ချိန်ပင်မရ....။

ရိပေါ်မှာလည်း ပန်းကန်ဆေးတာကျွမ်းကျင်တာမဟုတ်တော့ ဆပ်ပြာတွေနဲ့ချောပြီးကျကွဲတာ အခုနဲ့ဆို သုံးချပ်မြောက်မို့ ဆိုင်ရှင်ကအသံထွက်လာလေသည်....။

"ကောင်လေး နင်နဲ့တော့မဖြစ်ဘူး နောက်နေ့မလာနဲ့တော့"

ရိပေါ်မှာပင်ပင်ပန်းပန်းလည်းလုပ်ရသေးတယ် အလုပ်ထုတ်တာတောင် အသိအမှတ်ပြုတဲ့စကားလေးတစ်ခွန်းပင်မကြားရတာမို့ အနည်းငယ်တော့စိတ်ဆိုးသွားရသည်....။

"အဲဒါဆို အခုပဲပြန်တော့မယ် ဒီနေ့စာရှင်းပေး"

"ဟဲ့ ဒီနေ့အချိန်မှမပြည့်သေးတာ"

"မပြည့်တဲ့အချိန်ကိုနှုတ်လိုက်လေ နောက်နေ့လဲလာစရာမှမလိုတာ ဆက်ထိုင်နေတော့ရောဘာထူးမှာလဲ"

"အမလေး အမလေး ငါ့ကိုများပြန်ပြောနေတာ ကြွ ကြွ ကောင်တာမှာထုတ်သွားချေ နင့်လိုပုံနဲ့ဘယ်အလုပ်မှမြဲမယ်မထင်ပါဘူးအေ"

ရိပေါ်လည်း အဒေါ်ကြီးကိုဘာမှပြန်မပြောတော့ပဲ မျက်စောင်းတစ်ချက်သာထိုး၍ ကောင်တာဆီငွေထုတ်ရန်ထွက်လာခဲ့တော့သည်...။

ပိုက်ဆံထုတ်ပြီး ပြန်လာတဲ့လမ်းမှာ ပဲကြီးတွန့်နေတဲ့သူ့လက်ဖဝါးကိုကြည့်ရင်း မကျေမနပ်ဖြင့် ပွစိပွစိပြောလာလိုက်တာ.....

"အီးဟီးဟီး ဟင့်"

ပလက်ဖောင်းပေါ်မှာကလေးလေးတစ်ယောက် ဝမ်းနည်းပက်လက်ငိုကြွေးနေတာမို့ ရိပေါ် ထိုကလေးနားကပ်သွားပြီး...

"ကလေးလေး ဘာလို့ငိုနေတာလဲ"

"သားဗိုက်ဆာလို့"

"ဗိုက်ဆာရင် အိမ်ပြန်စားလေကွာ"

"မေမေက ပိုက်ဆံတောင်းမရရင် အိမ်ပြန်မလာနဲ့ဆိုလို့ ဟင့်"

"အာ....ငါ့မှာလဲကျွေးစရာတော့မရှိဘူး ဒီလိုလုပ် ရော့ ဒီပိုက်ဆံလေးနဲ့တစ်ခုခုဝယ်စားလိုက်နော်"

ရိပေါ်လဲ ကလေးကိုသနားတာနဲ့ ဘောင်းဘီအိတ်ထဲပါလာတဲ့ပိုက်ဆံတချို့ကို ကလေးကိုပေးလိုက်တဲ့အခါ...(မရှိရှိတဲ့တစ်ရက်စာလခလေးကတော့ ပိုလျော့သွားတာပေါ့) ...။

"ကျေးဇူးပါကောကော ဟီး"

"မင်းကအမျိုးမျိုးတတ်နိုင်တယ် ဟုတ်ပါပြီ ဒါဆိုကောကောသွားမယ်နော် ကျိမ်းသေပေါက်တစ်ခုခုဝယ်စားလိုက်နော်"

ရိပေါ်က ကလေးရဲ့ခေါင်းလေးကိုခပ်ဖွဖွလေးပုပ်ရင်းပြောလိုက်တော့ ထိုကလေးမှခေါင်းကိုခပ်မြန်မြန်ငြိမ့်ပြသည်....။

ရိပေါ်ထိုနေရာမှထွက်သွားတော့ ကလေးကလဲတနေရာပြေးသွားသည်ဆိုတာ ရိပေါ်သတိမထားမိလိုက်....။

ထိုအချင်းအရာကိုတော့.....မီးပွိုင့်မိနေသော ကားနက်ကြီးပေါ်မှလူတစ်ယောက်ကတော့ သေချာကြည့်နေမိတယ်....

ကလေးက ကောင်လေးဆီမှ ပိုက်ဆံရပြီးတာနဲ့ လမ်းတစ်ဖက်ရဲ့ဒေါင့်မှာရှိနေသော အမေဖြစ်ဟန်တူတဲ့ဆီသွားပေးပြီး ခုနနေရာမှာပဲ ပြန်ငိုနေလေသည်....

ကျစ်!

"ယွီပင်း မင်း လမ်းဘေးမှာတောင်းစားတဲ့သူတိုင်း တကယ်ခက်ခဲတယ်ထင်လား"

"ဗျာ"

အဆက်အစပ်မရှိသောမေးခွန်းဖြစ်တဲ့အပြင် မီးစိမ်းသွားပြီမို့ ကားကိုအရင်ဆက်မောင်းလိုက်ပြီးမှ....

"အစကတော့ ထင်ခဲ့တယ်ဘော့စ် ဒါပေမဲ့ နောက်ပိုင်းကျ အလိမ်လေးတွေတွေ့လာတော့ မယုံတော့ဘူး အရမ်းလဲမလှူဖြစ်တော့ဘူး တခါတလေ မသိပဲလှူလိုက်ရင်တောင် မပြေလည်တဲ့သူကို ကူညီပေးလိုက်လို့ ပီတိတော့ဖြစ်ရပါတယ်"

ယွီပင်း စကားဆုံးတော့ ဘော့စ်မှလက်ခံသလိုခေါင်းငြိမ့်သည်...၊

"အင်း ကိုယ်တို့ လစဉ်လှူနေတဲ့နေရာတွေကိုလဲ အခြေအနေအမြဲကြည့်နော် လိုတာရှိလဲပြော"

"ဟုတ်ကဲ့ပါဘော့စ်"

......

ရိပေါ်အိမ်ပြန်ရောက်တော့ တံခါးရဲ့အောက်ခြေ ဟနေတဲ့နားမှာ စာစောင်ရောက်နေသည့်မို့ ကောက်ယူလိုက်သည်...။

ဒီနေ့လဲ အိမ်မှာတိတ်ဆိတ်လို့နေတာမို့ ပါပါးအခန်းဆီတန်းသွားပြီး တံခါးအသာဟကြည့်တော့ အိပ်နေတာတွေ့သည်မို့ ရိပေါ်လဲသူ့အခန်းဆီအသာပြန်လာလိုက်သည်...။

"မှန်းစမ်း ဒီနေ့အလုပ်သစ်တွေပါရဲ့လား"

ကုတင်ပေါ်တောင်မတက်တော့ပဲ အောက်ကစားပွဲခုံလေးမှာထိုင်ရင်း ပါလာတဲ့စာစောင်ကိုဖြန့်လို့ အလုပ်ခေါ်တဲ့နေရာကို တန်းလှန်လိုက်သည်...။

"အင်း....ဒါလဲ နိုး....ဒါလဲ နိုး.... ဒါ ဒါ ဒါ....ဒါက X Group က ခေါ်တာလား wow "

X Group ဆိုတဲ့နာမည်တွေ့တာနဲ့ ရိပေါ်တစ်ယောက် ထိုင်ရာမှထလိုက်မိပြီး စာစောင်ကိုလက်မှာမြောက်လို့သေချာကြည့်နေမိ၏

သူသာ X Group လိုကုမ္ပဏီကြီးမှာ အလုပ်ရသွားခဲ့ရင် သူ့အနာဂတ်ဟာအေးဆေးဖြစ်သွားနိုင်သည်....၊ သို့ပေမဲ့လည်း X Group က အစစအရာရာ စည်းကမ်းကြီးတယ် လူတော်တွေသာခေါ်တယ် နာမည်ကြီးတာမို့ ရိပေါ်အများကြီးမမျှော်လင့်ရဲဘူး....။

"မှန်း ဘာအလုပ်ပါလိမ့်"

- ခေါင်းလျှော် stylist အကူ အလိုရှိသည်။

"အတွေ့အကြုံရှိရန်မလို ရိုးသားကြိုးစားသူဖြစ်ရမည်.... ဒါတော့ ငါနဲ့ကိုက်တယ် ဒါပေမဲ့ ပညာရေးလဲမပါဘူး ဘယ်လိုကြီးလဲ"

ရိပေါ်မှာ ပညာအရည်အချင်းမတောင်းထားလို့ အလုပ်လျှောက်ရနိုးနိုး မလျှောက်ရနိုးနိုးဖြင့် တွေဝေနေရသည်....။

ပြီးတော့ X Group မှာလုပ်ရမှာမဟုတ်ပဲ X Group ရဲ့ လက်ခွဲ X Beauty Saloon မှာလုပ်ရမှာဆိုတော့....

"ဘာပဲဖြစ်ဖြစ်လေ လျှောက်ကြည့်လိုက်မယ်ကွာ"

စားပွဲပေါ်မှ လက်တော့လေးဖွင့်ပြီး ပေးထားသည့် email address ကို သူ့ရဲ့ CV form လေးတင်လိုက်သည်။

ရိပေါ်က သူ့ရဲ့ CV form လေးကိုတော့သေချာလေးပြင်ဆင်ထားတယ် ပညာအရည်အချင်းလေးမှာတော့ မျက်နှာငယ်ပေမဲ့လို့ပေါ့....။

>>>

———————————————————————————-

Zawgyi

ခွမ်း!!!!!














"အီးဟီးဟီး ဟင့်"



"သားဗိုက်ဆာလို့"





"ကျေးဇူးပါကောကော ဟီး"






ကျစ်!


"ဗျာ"





"ဟုတ်ကဲ့ပါဘော့စ်"

......








"မှန်း ဘာအလုပ်ပါလိမ့်"








>>>

Continue Reading

You'll Also Like

50.3K 8.9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
70.4K 4.4K 25
🍂 ကြင်နာခြင်းရဲ့ အခြားတစ်ဖက်မှာ နာကျင်ခြင်းတွေ ရှိလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးထင်ခဲ့ဖူးဘူး ...