HONEY
By OliviaThet_Eleanor
341K 24K 635
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More
Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi
Chapter 21 - Unicode
6.3K 541 18
By OliviaThet_Eleanor
မနက်နိုးနိုးချင်း ခေါင်းအုံးဘေးက ဖုန်းကိုလှမ်းယူလိုက်ကာ နာရီကိုကြည့်လိုက်တော့ 5 နာရီသာရှိသေးတာမို့ မြင့်မြတ်ပိုင်နောင် ဖုန်းကိုပိတ်လိုက်ကာ မျက်ရိုးကိုလက်ညှိုးလက်မနှင့်ဖိနှိပ်ပြီးထထိုင်လိုက်သည်။
"ကျွန်တော်အိပ်ပြီ ဦးလေးကြီး အာဘွား"
ပို့ထားသည့်အချိန်ကိုကြည့်တော့ ညဆယ့်နှစ်နာရီဖြစ်တာမို့ အခုချိန်မနိုးလောက်သေးတာကို မြင့်မြတ်ပိုင်နောင်သိတာမို့စာမပြန်တော့ဘဲ ပြုံးရုံသာပြုံးလိုက်၏။ သူတို့စပြီးချစ်သူတွေဖြစ်တဲ့နေ့ကတည်းက သျှင်မင်းသန့်သည် သူ့နေ့စဥ်ဘ၀အားသူ့ကိုပြောပြဖို့ဘယ်တုန်းကမှမပျက်ကွက်ခဲ့ပါချေ။
ဖုန်းကြည့်မနေချင်တာကြောင့် မြင့်မြတ်ပိုင်နောင် ခုတင်ပေါ်ကဆင်းကာ မျက်နှာသစ်ဖို့သွားလိုက်သည်။ စားပွဲပေါ်တွင် ချထားခဲ့သည့် ဖုန်းက Screen မပိတ်ရသေးတာမို့ အတိုင်းသားဖြစ်နေ၏။
ဧကရာဇ်ပန်းတွေပန်ထားရင်း ချစ်စရာကောင်းအောင်ပြုံးနေသည့် ကောင်လေး၏ပုံသည် မြင့်မြတ်ပိုင်နောင်၏ Phone Wallpaper တွင် အတိုင်းသားပေါ်နေဆဲပင်ဖြစ်သည်။
_______________________________________________
"ဦးလေးကြီး ကျွန်တော် ဒီနေ့ ဟေမာန်ဦးတို့နဲ့ မုန့်ဟင်းခါးသွားသောက်မလို့နော်"
လုပ်နေကျအတိုင်း မနက်နိုးလာလာချင်း မနက်စာအတူတူမစားနိုင်ကြောင်းကို သျှင်မင်းသန့် စာပို့လိုက်သည်။ ထို့နောက်မျက်နှာသစ်ဖို့ အိပ်ရာထဲကထလာခဲ့သည်။ 
"မြောင်"
သူခုတင်ပေါ်ကနေခြေချလိုက်ချင်းချင်း အခန်းထဲကို၀င်လာသည့် ဟန်နီက သူ့ခြေထောက်နားကို ပွတ်သပ်နေ၏။ 
"မောနင်း ဟန်နီ"
"မြောင်"
ဟန်နီက အတော်ကိုလူရည်လည်သည့် ကြောင်မလေးပင်ဖြစ်သည်။ သျှင်မင်းသန့် မတ်တပ်ရပ်လိုက်တော့ သူကအရင်အခန်းထဲကထွက်လာ၏။ မျက်နှာသစ်ဖို့ရေချိုးခန်းက တစ်အိမ်လုံးတွင် တစ်ခန်းတည်းသာရှိတာမို့ သျှင်မင်းသန့်လည်းအခန်းထဲကထွက်လာခဲ့လိုက်သည်။
"ငါ့မြေး နိုးပြီလား"
"နိုးပြီ ချထားလိုက် ဖိုးဖိုး သားသယ်လိုက်မယ် လာပြီ ခဏ"
အိမ်ရှေ့တွင် ပန်းအိုးတွေရွေ့နေပြန်ပြီဖြစ်သည့် အဘိုးဖြစ်သူကြောင့် သျှင်မင်းသန့် ရေချိုးခန်းထဲကိုမသွားတော့ဘဲ အပြေးထွက်လာခဲ့လိုက်သည်။
"သားကိုသယ်ခိုင်းပါဆိုတာကို ဖိုးဖိုးကလည်း"
"ဖိုးဖိုး အလတ်ကြီးရှိပါသေးတယ် ငါ့မြေးရ၊ ဒီပန်းအိုးလောက်ကတော့နိုင်ပါတယ်"
သျှင်မင်းသန့်မနိုင်ဘူးဆိုသည့်ပုံစံနှင့် ခေါင်းရမ်းလိုက်ကာ နှင်းဆီပန်းအိုးကိုလက်လွှဲယူလိုက်သည်။
"ဟိုနားလေးထားလိုက် ငါ့မြေး ဒီနားက ဧကရာဇ်ပင်နဲ့ လောင်းရိပ်မိနေလို့"
သျှင်မင်းသန့်သွားထားလိုက်ပြီး ဦးမင်းထက်ပြောသည့်အပင်ကိုကြည့်လိုက်သည်။
"ဒါ ဧကရာဇ်ပင်လား"
အပင်က လူတစ်ရပ်စာကိုအတော်ကျော်နေပြီဖြစ်သော်လည်း လုံးပတ်ကသိပ်တော့မကြီးသေးချေ။ ထို့ကြောင့် သျှင်မင်းသန့် သထိမထားမိခဲ့တာဖြစ်သည်။
"ဟုတ်တယ် ဖိုးဖိုးလည်း အစက ဧကရာဇ်ပင်မဟုတ်ဘူးထင်တာ၊ အခုထိပွင့်လည်းမပွင့်တော့လေ"
"သားရောပဲ"
"မျက်နှာမသစ်ရသေးဘူးမို့လား သွားသစ်ဦး ငါ့မြေး"
သျှင်မင်းသန့် အဘိုးဖြစ်သူကိုခေါင်းညိတ်ပြလိုက်ကာ အခန်းထဲပြန်၀င်ဖို့လုပ်လိုက်သည်။ ဧကရာဇ်ပင်က ပန်းတွေမြန်မြန်ပွင့်ဖို့သူဆုတောင်းမိ၏။
"မနက်စာဘာစားမှာလဲ မြေးလေး"
သူအိမ်ထဲရောက်ကာမှလှမ်းမေးသည့် ဦးမင်းထက်ကြောင့် သျှင်မင်းသန့် အနောက်ကိုပြန်လှည့်ကြည့်လိုက်သည်။
"အာ ဟေမာန်ဦးတို့နဲ့ မုန့်ဟင်းခါးသွားစားမလို့"
"ငါ့မြေးတို့အဖွဲ့က ကြိုက်လိုက်ကြတဲ့မုန့်ဟင်းခါးပါလား"
"သားကမကြိုက်ပါဘူးဗျာ ရာဇာလင်းဆိုတဲ့ကောင်လေ တစ်ပတ်လုံးမှာငါးရက်လောက်က မုန့်ဟင်းခါးစားချင်နေတာ"
သူကမဲ့ကာရွဲ့ကာပြောတော့ ဦးမင်းထက်က ရယ်ရှာသည်။
____________________________________
သျှင်မင်းသန့်တို့အဖွဲ့ကလမ်းဘေးဆိုင်စွဲလမ်းသူများအဖွဲ့ပင်ဖြစ်သည်။ ဖြစ်နိုင်သည်က သျှင်မင်းသန့်က ခြွေတာတတ်တော့ ဆိုင်ကြီးတွေဘာတွေသိပ်မသွားနိုင်ပေ။ ထို့ကြောင့် ဟေမာန်ဦးနဲ့ရာဇာလင်းတို့က သူနှင့်အတူ ညှိပေါင်းလာရင်း ထိုသို့ဖြစ်သွားပုံရ၏။
အခုလည်း လမ်းဘေးမုန့်ဟင်းခါးဆိုင်လေးသို့ သုံးယောက်သမားရောက်လာကြပြီဖြစ်သည်။
"ရာဇာလင်း နင် မျက်နှာရောသစ်ခဲ့ရဲ့လား"
"သစ်ခဲ့ပါတယ်"
ဟေမာန်ဦးစကားကိုချေပရင်း ရာဇာလင်းက ပလပ်စတစ်ခုံအနီလေးကို ဆွဲယူကာ ထိုင်ချလိုက်သည်။ Hoodie အင်္ကျီထဲလက်ထည့်ကာ အနည်းငယ်စောင်းနေသည့်မျက်မှန်နှင့် အစကတည်းက ကောက်နေသည့်ဆံပင်တို့က ပွယောင်းယောင်း။
"နင့်ပုံစံကလည်း နှစ်လလောက်မအိပ်ထားရသလိုပဲ"
"မနေ့က ဇာတ်ကားကြည့်တာများသွားလို့"
"နင် ဘယ်ချိန်မှ အိပ်တာလဲ"
သူငယ်ချင်းသုံးယောက်ကို ဆိုင်ကလည်းမှတ်မိနေပြီဖြစ်လို့ မှာစရာပင်မလိုချေ။ သူတို့ထိုင်လိုက်သည်နှင့် မုန့်ဟင်းခါးသုံးပွဲခဏနေလာချပေးလိမ့်မည်။ အပိုထပ်ဆောင်းအနေနှင့် ပဲကပ်ကြော်လေးတစ်ပွဲလည်းပါလိမ့်မည်။
"အမ် သုံးနာရီလောက်ထင်တယ်"
"မင်း အဲ့လိုသုံးနာရီမှအိပ်တော့ ကိုဇေယျာမင်းကဘာမှမပြောဘူးလား"
သျှင်မင်းသန့် တစ်ရှူးနှင့် ရှေ့ကစားပွဲကို သုတ်ရင်း ရာဇာလင်းကိုမေးလိုက်၏။
"သူကဘာပြောလို့ရမှာလဲ"
"ဦးလေးကြီးဆို ငါဆယ်နာရီလောက်မအိပ်ရင်မကြိုက်ဘူး"
"တူမလား မင်းက ဘဲကြောက်လေ"
"ချစ်လို့စကားနားထောင်တာကွ"
သျှင်မင်းသန့် မျက်စောင်းထိုးကာ ရာဇာလင်းကိုချေပလိုက်မိ၏။ မြင့်မြတ်ပိုင်နောင်က သူ့ကိုဂရုစိုက်သည်၊ သူ့ကျန်းမာရေးကိုပိုလို့ပင် ဂရုစိုက်၏။ 
"အေး သျှင်မင်းသန့် ကြောက်တာလည်းမပြောနဲ့လေ သူ့ဦးလေးကြီးက ကြောက်စရာကြီးကို"
"သူက Buy one Get one ရထားသလိုပဲနော် Buy ရည်းစား Get အဖေ"
ရာဇာလင်းစကားကြောင့် သျှင်မင်းသန့် လက်ထဲလုံးချေထားသည့်တစ်ရှူးနဲ့ ကောက်ပေါက်လိုက်သည်။ 
"ဒီခွေး"
သူဆဲတော့လည်း ရာဇာလင်းကတော့ သူ့အတွေးနှင့်သူသဘောကျနေသည်ထင်၊ အရယ်မရပ်။ ခဏနေတော့ ရာဇာလင်း Hoodie အိတ်ကပ်ထဲကဖုန်းကမြည်လာသည်။ ပြေးကြည့်စရာပင်မလို ဇေယျာမင်းပင်ဖြစ်လိမ့်မည်။
"Hello"
"အင်း ဘေဘီ နိုးပြီလား"
Speaker ဖွင့်ပြီး ပြောနေတာမို့ တစ်ဖက်က ဇေယျာမင်းအသံကို အတိုင်းသားကြားနေရ၏။ လမ်းဘေးတွင်ဖြစ်သော်လည်း ဆိုင်ကလူသိပ်မကျသေးတာမို့ သိပ်ဆူညံ့မနေချေ။ သျှင်မင်းသန့်တို့ ရပ်ကွက်တစ်၀ိုက်က လမ်းကြားကလေးတွေက အေးအေးလူလူမို့ ဆိုင်ကယ်သံတွေဘာတွေလည်းကြားရခဲ၏။
"နိုးပြီ ကျွန်တော် အခု မင်းသန့်တို့နဲ့ မုန့်ဟင်းခါးဆိုင်ရောက်နေတာ"
"စားပြန်ပြီလားကွာ အဲ့ဒီမုန့်ဟင်းခါး"
"မဟုတ်ပါဘူး တစ်ပတ်လောက်ရှိပါပြီ မစားတာ"
ပါးစပ်ကလည်းပြောရင်း လာချပေးနေသည့်မုန့်ဟင်းခါးပန်းကန်တွေကို ရာဇာလင်းကနေရာချနေ၏။
"ဘေဘီ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးမယ်နော်"
"ကျွန်တော်က ကြိုက်တာကို"
"ကြိုက်တာလည်းကြိုက်တာပေါ့ အမြဲတမ်းကြီးစားနေတာကျမကောင်းဘူးလေ၊ ဘေဘီစားချင်တာနဲ့ အတူတူလိုက်စားပေးနေရတဲ့  ဟိုနှစ်ယောက်ပါ လျှောသွားဦးမယ်"
ဇေယျာမင်းစကားကြောင့် မုန့်ဟင်းခါးသောက်နေကြပြီဖြစ်သည့် သျှင်မင်းသန့်တို့နှစ်ယောက် သီးမလိုပင်ဖြစ်သွားရသည်။
"ဘယ်လိုကြီးပြောလိုက်တာလဲ ခင်ဗျားကလည်း"
"ကိုကိုက စိတ်ပူလို့ပြောနေတာ"
"သိပါတယ်"
ထိုသိပါတယ်ပြောနေသည့်ပါးစပ်ထဲကိုပင် သျှင်မင်းသန့် မုန့်ဟင်းခါးတစ်ဇွန်းအမြန်သွတ်လိုက်၏။
"စားနေပြီမို့လား စား စား ဖြည်းဖြည်း ကိုယ်လည်းဆေးခန်းသွားဖို့ပြင်ဦးမယ်"
"အင်း အင်း နေ့လယ်လာခေါ်မယ်မို့လား"
"ခေါ်ရမှာပေါ့ ကိုယ်လွမ်းနေပြီ"
"အပိုတွေ ဒါပဲ"
ရာဇာလင်း ဖုန်းကိုချလိုက်ကာ Hoodie အိတ်ကပ်ထဲပြန်ထည့်ထားလိုက်သည်။ ထိုစဥ်အချိန်အတွင်းမှာပင် သျှင်မင်းသန့် ဖုန်းကနေ မက်ဆေ့ချ်ကျသံကိုကြားလိုက်ရ၏။
"ကိုယ် မနက်စာစားပြီးပြီ"
သျှင်မင်းသန့်ဘာမှစာမပြန်သေးဘဲ သူ့ရှေ့ကမုန့်ဟင်းခါးပန်းကန်နှင့် လမ်းကိုဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် မြင့်မြတ်ပိုင်နောင်ဆီပို့လိုက်၏။
"ကောင်းကောင်းစား"
ထိုစာကို heart react ပေးကာ သျှင်မင်းသန့် ဖုန်းကိုပိတ်လိုက်၏။ ဘေးက ဟေမာန်ဦးကို ကြည့်လိုက်တော့ စားပြီးလို့ ပါးစပ်တောင်သုတ်နေပြီဖြစ်သည်။
"ဟဲ့ မြန်တာ"
"မြန်မှာပေါ့ မုန့်ဟင်းခါးချည်းအမြဲတမ်းစားနေလို့ ဆူမယ့်ကိုကိုလည်းမရှိသလို၊ လမ်းပုံလေး မုန့်ပုံလေးရိုက်ပြီး ပို့ဖို့ ဦးလေးကြီးလည်းမရှိဘူး"
___________________________________________
"Hello ဦးလေးကြီး"
အိပ်ယာမ၀င်ခင် ၀င်လာတတ်သည့် ဖုန်း Call လေးဟာ သာမန်သာဖြစ်သော်လည်း သျှင်မင်းသန့်ကတော့ ရင်ခုန်ဆဲပင်။ ရက်ပိုင်းအတွင်းမှာပင် သျှင်မင်းသန့် မြင့်မြတ်ပိုင်နောင်အကြောင်းပိုသိလာရသည်။
မြင့်မြတ်ပိုင်နောင်က စကားအများကြီးမပြောတတ်သော်လည်း အရင်ကလောက်စကားမနည်းတော့ချေ။ ဥပမာသူတစ်ခုခုပြောလိုက်တိုင်း အင်းလို့တင်မတုံ့ပြန်တော့ဘဲ ရယ်သံလေးနှင့်ပြန်စလာတတ်၏။
ချစ်မိနေရသူအဖို့ ကိစ္စအ၀၀တိုင်းဟာ ပိုချစ်ဖို့၊ ပိုနစ်၀င်ဖို့လမ်းကြောင်းသာလျှင်မြင်ရသည်။
"အင်း မအိပ်သေးဘူးလား"
တစ်ဖက်ကထွက်လာသည့်အသံခပ်သြသြကြောင့် သျှင်မင်းသန့်နာရီကိုလှမ်းကြည့်လိုက်တော့ ကိုးနာရီ။
"မအိပ်သေးလို့ဖုန်းကိုင်တာပေါ့"
အစောကြီးအိပ်ခိုင်းတော့မှာကိုသိတာမို့ သျှင်မင်းသန့် ကန့်လန့်ပြန်ပြောလိုက်မိသည်။
"ဟော ကိုယ်ကဒီတိုင်းမေးတာကို"
"မဟုတ်ဘူးလေ ဦးလေးကြီးကပြီးရင်အစောကြီးအိပ်ခိုင်းတော့မှာ ကျွန်တော်သိတယ်"
"အင်း ကိုယ်က ချာတိတ်ကို ဘာလို့အစောကြီးအိပ်ခိုင်းတာလဲ ပြော"
ခပ်ငြိမ်ငြိမ်အသံကြောင့် သျှင်မင်းသန့် ကျောချမ်းသွားရသည်။ အသက်အများကြီးကြီးသည့် လူကြီးကို ရည်းစားတော်ထားရသည်မှာ သိပ်တော့မလွယ်ကူပါချေ။ အခုလည်း သူ့ကိုဆူဖို့လမ်းစရှာလာနေပြီဖြစ်သည်။ 
မြင့်မြတ်ပိုင်နောင်က စကားနည်းသည့်အလျောက်အသံလည်းခပ်မာမာဖြစ်သည်။ ပုံမှန်စကားပြောရင်တောင် လေသံမာမာကလေးစွက်နေသည့် မြင့်မြတ်ပိုင်နောင်က သူ့ကိုတစ်ခုခုအလိုမကျ၍ပြောချင်ပြီဆိုလျှင် အေးစက်နေသည့်အငွေ့အသက်တွေ မျက်နှာကိုလာရိုက်သည်ထင်ရအောင် ကြောက်စရာကောင်း၏။
"အိပ်ရေး မ၀မှာ..မို့"
ကိုယ့်အပြစ်ကိုယ်သိသူမို့ လေသံပျော့ပျော့ကလေးနှင့်ပြောလိုက်ပြီး အသံက အဖျားလေးခတ်သွားသေးသည်။ လက်ကလည်း ခြုံထားသည့်စောင်ကို ဆုပ်ထားမိပြီး နှုတ်ခမ်းကိုလည်း ကိုက်ထားမိသေး၏။ သျှင်မင်းသန့် ငိုချင်လာသည်။
"အင်း ချာတိတ်အတွက် ကိုယ်ပြောတာလေ"
"ဟုတ်"
တိမ်၀င်သွားသည့်အသံနှင့်အတူ မျက်ရည်တွေ၀ိုင်းလာသည်ကို သူကိုယ်တိုင်လည်းခံစားမိလိုက်၏။
"ချာတိတ်"
တိတ်ဆိတ်သွားသည်ကြောင့်ထင်၊ မြင့်မြတ်ပိုင်နောင်ကသူ့ကိုခေါ်သည်။
"ချာတိတ်"
သျှင်မင်းသန့်ဘာမှမပြောမိဘဲ နှုတ်ခမ်းကိုသာကိုက်ထားမိ၏။
"ချာတိတ်"
"ဟင့်"
ထို့နောက် သျှင်မင်းသန့်သည် မြင့်မြတ်ပိုင်နောင်ကြားသည်အထိ အကျယ်ကြီး အော်ငိုတော့သည်။
"ဟင် ငိုနေတာလား၊ ဟာကွာ ဘာဖြစ်လို့လဲဟင်"
"ဦးလေးကြီးက..ဦးလေးကြီးက..ဟင့် ကျွန်တော့်ကိုမချစ်ဘူး"
ငိုရက်တန်းလန်းပြောလိုက်တော့ တစ်ဖက်က တိတ်ဆိတ်သွား၏။ ထို့နောက်သက်ပြင်းချသံကိုကြားလိုက်ရသည်။
"ဘယ်သူပြောတာလဲ ကိုယ်က ချာတိတ်ကိုမချစ်ဘူးလို့"
"ဦးလေးကြီးက တစ်နေကုန် ဆေးခန်းမှာအလုပ်တွေအများကြီးပင်ပန်းထားလို့ ကျွန်တော်က ဦးလေးကြီးဆေးခန်းကပြန်ရောက်ရောက်ချင်းလည်းပင်ပန်းနေမှာမို့ ဖုန်းမဆက်ရဘူး။ တွေ့ရတဲ့အချိန်ကလည်း ကျွန်တော့်ကိုကျောင်းလာကြိုတဲ့အချိန်နဲ့ မနက်စာစားတဲ့အချိန်လေးပဲရှိတာ၊ ဒါတောင်နေ့တိုင်းမဟုတ်ဘူး ဟင့် ကျွန်တော်က အမြဲတမ်းတွေ့နေချင်တာဆိုပေမဲ့ အဲဒါမဖြစ်သင့်ဘူးဆိုတာလည်း သိတယ် 
ဟင့် ကျွန်တော်က ကျွန်တော့်တစ်နေ့တာလုံး ဦးလေးကြီးကိုပြောပြီးမှ လုပ်တာ ဦးလေးကြီးအားမှစာပြန်မှာလည်းသိတယ် ဟင့် ဒါမဲ့ အခုလိုအချိန်လေးတော့ ဟင့် ကျွန်တော့်ကို မအိပ်ခိုင်းနဲ့ဦးလေ ဟင့် စကားလေးပြောချင်သေးတာပေါ့ ဦးလေးကြီးက ကျွန်တော့်ကိုမချစ်လို့ အတင်း နားအေးပြီးရောဆိုပြီးအိပ်ခိုင်းနေတာမို့လား"
မြင့်မြတ်ပိုင်နောင်က တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။ သို့သော်လည်း လှုပ်လှုပ်ရှားရှားအသံတွေက မြင့်မြတ်ပိုင်နောင်ဘက်ကနေထွက်ပေါ်လာ၏။
"ကိုယ်ကအဲ့လိုမဟုတ်ဘူးလေ ချာတိတ်"
"ကျွန်တော့်ကို မအော်နဲ့"
"ကိုယ်ဘယ်မှာအော်လို့လဲ ချာတိတ်ရဲ့"
မကြားစဖူးကြားရသည့် ချော့မော့နေသောလေသံကြောင့် သျှင်မင်းသန့် ပိုရစ်ချင်လာသည်။
"ဟင့် ဦးလေးကြီးက မချစ်ဘူး ဟင့် ဦးလေးကြီး ကျွန်တော့်ကို မချစ်ဘူး"
တစ်ဖက်ကလေတိုးသံပင်မကြားရအောင်တိတ်ဆိတ်သွားသည်။ ခဏအကြာမှ လေတိုးသံတွေပိုများလာပြီး ပြန်ကြားရ၏။
"ကိုယ်ချစ်တယ်လေ"
"အဲဒါဆိုဘာလို့အတင်းအိပ်ခိုင်းနေတာလဲလို့"
"ချာတိတ် ခဏနော် ကိုယ်ပြီးရင်ဖုန်းပြန်ခေါ်မယ်"
မြင့်မြတ်ပိုင်နောင်စကားကြောင့် သျှင်မင်းသန့်မှာ မျက်ရည်ပင်ဆက်မကျနိုင်တော့။
"မခေါ်နဲ့ မခေါ်နဲ့ မကိုင်ဘူး ဟင့်"
အတော်ကြာတဲ့အထိမြင့်မြတ်ပိုင်နောင်ကဖုန်းပြန်ခေါ်မလာခဲ့ပေ။ မအားလို့များလားဟုတွေးမိပြီး သျှင်မင်းသန့် စိတ်ပူလာရသည်။ မြင့်မြတ်ပိုင်နောင်က မအားတာကို သူက ဘာမှမဟုတ်ဘဲ အပြစ်ပြောပြီး ငိုနေမိတာလားဟုတွေးမိလာပြီး ပို၀မ်းနည်းလာသလို စိုးရိမ်လာသည်။
သူက မြင့်မြတ်ပိုင်နောင်အတွက် အဲ့လို အရှုပ်ထုပ်မဖြစ်ချင်ပေ။ သူတွေးနေတုန်းမှာပင် ဖုန်းကတစ်ဖန်မြည်လာတာမို့ သျှင်မင်းသန့်၀မ်းသာအားရကိုင်လိုက်၏။
"ချာတိတ်"
"ဟုတ်"
ရှိုက်သံပါနေမှာမို့ ဟုတ်တစ်လုံးသာပြောလိုက်သော်လည်း ထိုအသံကပင် အဖျားခတ်နေသေးသည်။
"ကိုယ် ချာတိတ်တို့အိမ်နားမှာ"
"ဟင်"
"ထွက်လာခဲ့မလား"
"ဟင်"
"Sorry ကိုယ်လည်း ထူပူပြီးရောက်လာတာ၊ ငိုနေတုန်းလား ထွက်လာလို့ရလား"
"ရတယ်"
သျှင်မင်းသန့်ထိုသို့ပြောလိုက်ပြီး အဘိုးဖြစ်သူအိပ်နေရာကမနိုးအောင် အိမ်တံခါးကိုအသာဖွင့်ကာထွက်လာခဲ့၏။ သူတို့အိမ်နှင့်မလှမ်းမကမ်းတွင်ရပ်ထားသည့် မြင့်မြတ်ပိုင်နောင့်ကားကိုမြင်တော့ သျှင်မင်းသန့်ပြေးသွားလိုက်၏။ ကားကိုမှီကာ လက်ပိုက်ရပ်နေသည့်မြင့်မြတ်ပိုင်နောင်က သူ့ကိုလှည့်ကြည့်လာ၏။
"ဦးလေးကြီး"
"လာ အထဲ၀င် အပြင်က ခြင်ကိုက်တယ်"
မြင့်မြတ်ပိုင်နောင်ကပြောရင်းဆိုရင်း ကားတံခါးဖွင့်ပေးသည်။ ပင်ပန်းနေပုံပေါက်သည့် မြင့်မြတ်ပိုင်နောင်၏အသွင်အပြင်ကြောင့် သျှင်မင်းသန့် ပိုငိုချင်လာ၏။ ကားနောက်ခန်းထဲကိုသူအရင်၀င်သွားလိုက်တော့ မြင့်မြတ်ပိုင်နောင်ကလိုက်၀င်လာသည်။
"အင်္ကျီလက်ရှည်က ပါးပါးလေးနဲ့ မအေးဘူးလား"
"အိမ်ထဲကအိုက်တယ် အဲဒါမို့'
သျှင်မင်းသန့်အသံက ရှိုက်သံတွေပါနေတုန်းပင်"
"ဘာလို့ငိုတာလဲ ကိုယ့်ကိုပြောပါဦး"
"လွမ်း...လို့"
ဟုတ်သည်။ အဓိကအကြောင်းအရာက သျှင်မင်းသန့် မြင့်မြတ်ပိုင်နောင်ကို တွေ့ချင်တာမို့ ငိုမိသွားခြင်းဖြစ်သည်။ တွဲပြီးကတည်းက မနက်စာ၊ နေ့လယ်စာအတူတူစားတာကလွဲပြီး အတူတူမရှိရ။ ထို့ပြင် ဒီရက်ပိုင်း သူကလည်းစာပိ၊ မြင့်မြတ်ပိုင်နောင်ကလည်း ဆေးခန်းကအလုပ်တွေပိနှင့် သျှင်မင်းသန့် လွမ်းနာကျနေရခြင်းဖြစ်သည်။
မပွင့်တပွင့်ပြောလာသည့်သူ့ကို မြင့်မြတ်ပိုင်နောင်က အသာလေး သူ့နားဆွဲခေါ်ပြီး ဖက်ထားသည်။ ရင်ခွင်ကျယ်ထဲရောက်သွားပြီး မော့ကြည့်မိတော့ ပြန်ငုံ့ကြည့်လာသည့်သူကြောင့် သျှင်မင်းသန့်မှာ အသက်ရှူရပ်မတတ်။
"ချမ်းနေမှာမို့"
@OliviaThet-Eleanor
_____________________________________________________________
Continue Reading
You'll Also Like
928K 49.3K 44
6.6M 433K 94
Hanary Victor + Loon Tar Nay San
104K 6.9K 33
ကိုယ့်အပိုင်လို့ သတ်မှတ်ကာ စွဲလမ်းစိတ်ကြီးသူနဲ့လွတ်လပ်မှုကို ခုန်မင်တယ့် ကောင်လေးကြားက အချစ်က ရိုးရှင်းနိုင်ပါဦးမလား ကိုယ့္အပိုင္လို႔ သတ္မွတ္ကာ စြဲလမ...
805K 51.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...