အနန္တဆောင်ခန်းများမှ လွတ်‌မြေ...

By Moonflower_K

91K 14.1K 577

Title : Escape the Infinite Chambers Author : Zǐ Jiè (紫界) Total Chapters : 201 + 5 extras (206) Genre : Actio... More

《 Synopsis 》
《 Chapter 1 》
《 Chapter 2 》
《 Chapter 3 》
《 Chapter 4 (Unicode) 》
《 Chapter 4 (Zawgyi) 》
《 Chapter 5 》
《 Chapter 6 》
《 Chapter 7 》
《 Chapter 8 》
《 Chapter 9 》
《 Chapter 10 》
《 Chapter 11 》
《 Chapter 12 》
《 Chapter 13 》
《 Chapter 14 》
《 Chapter 15 》
《 Chapter 16 》
《 Chapter 17 》
《 Chapter 18 》
《 Chapter 19 》
《 Chapter 20 》
《 Chapter 21 》
《 Chapter 22 》
《 Chapter 23 》
《 Chapter 24 》
《 Chapter 25 》
《 Chapter 26 》
《 Chapter 28 》
《 Chapter 29 》
《 Chapter 30 》
《 Chapter 31 》
《 Chapter 32 》
《 Chapter 33 》
《 Chapter 34 (Unicode) 》
《 Chapter 34 (Zawgyi) 》
《 Chapter 35 (Unicode) 》
《 Chapter 35 (Zawgyi) 》
《 Chapter 36 》
《 Chapter 37 》
《 Chapter 38 》
《 Chapter 39 》
《 Chapter 40 》
《 Chapter 41 》
《 Chapter 42 》
《 Chapter 43 》
《 Chapter 44 》
《 Chapter 45 》
《 Chapter 46 》
《 Chapter 47 》
《 Chapter 48 》
《 Chapter 49 》
《 Chapter 50 》
《 Chapter 51 》
《 Chapter 52 》
《 Chapter 53 》
《 Chapter 54 》
《 Chapter 55 》
《 Chapter 56 》
《 Chapter 57 》
《 Chapter 58 》
《 Chapter 59 》
《 Chapter 60 》
《 Chapter 61 》
《 Chapter 62 》
《 Chapter 63 》
《 Chapter 64 》

《 Chapter 27 》

1.1K 248 1
By Moonflower_K

^Unicode^

လက်တွေ့ကမ္ဘာ

အခန်း (၂၇) : ထွက်ပြေးလွတ်မြောက်ခြင်း

ဖုန်းယွီလန်တယောက် အချိန်က ဒီလောက်အထိ ဝေ့လည်ကြောင်ပတ်နိုင်စွာ ရှည်ကြာနေနိုင်တယ်ဆိုတာကို လုံးဝ မသိခဲ့ဘူး။

တချိန်လုံး၊ သူ့နောက်မှာရှိနေတဲ့ လူသတ်ချင်နေတဲ့ အရူးကောင်က လူအုပ်ကြီးထဲကနေ တိုးတိုက်ထွက်လာရင်း သူ့ကို လိုက်ဖမ်းနေခဲ့တယ်။ ဖုန်းယွီလန်ခမျာ အလွန်အမင်း မောပန်းနေခဲ့ပြီး သူ့မျက်လုံးထဲမှာ ကြယ်တွေကိုတောင် တကယ်ကြီးမြင်နေရပြီဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီမုဆိုးကတော့ လူတယောက်ရဲ့အရိပ်လို သူ့နောက်ကနေ နီးကပ်စွာ လိုက်နေဆဲပင်! သူတို့က တမြို့လုံးရဲ့စည်ကားတဲ့ လမ်းတွေကို ဖြတ်ကျော်ကာ မရေမတွက်နိုင်တဲ့ အထပ်မြင့်အဆောက်အအုံတွေရဲ့ခေါင်မိုးတွေပေါ်ကနေ ခုန်ပျံကျော်လွှားပြီး ဝေးလံခေါင်သီကာ စွန့်ပစ်ထားတဲ့ ရွာရဲ့အပြင်ဘက်ဒေသတွေကို ဖြတ်ကျော်သွားခဲ့ပေမဲ့ ဖုန်းယွီလန် ဘယ်နေရာကိုသွားသွား သွမ့်လိကတော့ သူ့နောက်ကနေ မနားမနေ လိုက်ပါလာခဲ့ပြီး လွှတ်ပေးဖို့ ဆန္ဒမရှိခဲ့ချေ၊ သူက တကယ်တော့ သူ့ခန္ဓာကိုယ်ကို တွယ်ကပ်ပြီး သွေးစုတ်မဲ့ ကပ်ပါးကောင်တကောင်ပါပဲ!

ဒီ့ထက်ပိုပြီးကြောက်စရာကောင်းတာက ဖုန်းယွီလန်က အသိသာကြီးကို မောပန်းနေပေမဲ့ သွမ့်လိကတော့ အားအင်အပြည့်ဖြစ်ပြီး ကြည့်ရတာ တက်ကြွဖျတ်လတ်နေဆဲပင်၊ တကယ်တော့ သူက ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့တာ! ဖုန်းယွီလန်ကို အမှီလိုက်နေစဉ်မှာပဲ သူက တက္ကစီပေါ်ကနေ ကျော်လွှားသွားကာ ဘတ်စ်ကားစီးပြီးနောက် ရထားပေါ်တက်ဖို့အတွက် လော်ကျန့်ကိုတောင် လက်မှတ်တစောင် ချက်ချင်း ဝယ်ခိုင်းလိုက်သေးတယ်! အဲ့ဒါတောင်မှ သွမ့်လိဆိုတဲ့ကောင်က သူ့နောက်ကို တဖဝါးမှမခွာ လိုက်နိုင်နေဆဲဖြစ်တယ်၊ သူ့ကို တစက္ကန့်​​လေး​တောင် ​အပျောက်မခံခဲ့​ဘူး!

နှစ်ဆယ့်လေးနာရီဆိုတဲ့အချိန်က ကြာရှည်လှတယ်၊ ကုန်ဆုံးသွားတဲ့အချိန်က ၎င်းနာရီရဲ့ထက်ဝက်တောင် မကျိုးသေးချေ။ အကယ်၍ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင်ဖြင့် ဖုန်းယွီလန်ခမျာ သူတကယ် အသတ်ခံရတော့မှာပဲလို့ ခံစားမိနေတယ်။ အဲ့ဒါကြောင့် သူပြေးလွှားနေစဉ်မှာပဲ လော်ကျန့်ကို သူဖုန်းခေါ်ပြီး ငိုကြွေးရင်း အကူအညီတောင်းခံခဲ့တယ်၊ "အားကျန့်ရေ! ထောင်ချောက်ဆင်၊ ထောင်ချောက်ဆင်တော့! ငါတို့တွေ ဒီမျိုးမစစ်ကောင်ကို ဖမ်းလို့ရနိုင်မဲ့ နည်းလမ်းပေါင်းစုံကို စဉ်းစားမှရမယ်!"

တနေ့လုံး လော်ကျန့်က ဖုန်းယွီလန်အဆင်ပြေဖို့အတွက် လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။ စစချင်း သူ့ဗိုက်ကဒဏ်ရာကို သာမန်ကာလျှံကာ ပတ်တီးစီးထားလိုက်တယ်၊ ပြီးနောက် အနားယူမနေဘဲ အင်္ကျီနဲ့ ဘောင်းဘီအသစ်တွေကို သူချက်ချင်းဝယ်လိုက်တယ်—ကုန်ကုန်ပြောရရင် ဖုန်းယွီလန်တယောက် ဆေးရုံဝတ်စုံကြီးနဲ့ လမ်းကြိုလမ်းကြားတွေထဲ လျှောက်ပြေးနေရင်း သူ့ကို အရူးလို့ထင်သွားကြမဲ့အဖြစ်မျိုး သူလုံးဝအဖြစ်မခံနိုင်ဘူး၊ ဖြစ်လို့လဲမရဘူး?

ပိုဆိုးတာက ဖုန်းယွီလန်က မန္တန်ရဲ့သက်ရောက်မှုအောက်မှာရှိနေသော်ငြား သူက မရပ်မနား ပြေးလွှားနေရတာကြောင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက လျင်မြန်စွာ ဆက်လက်ကုန်ခန်းလာတဲ့အပြင် သူ့ခါးမှာရှိတဲ့ အရှင်းမပျောက်သေးတဲ့ ဒဏ်ရာက ပြန်ပွင့်နိုင်ချေရှိနေတယ်။ လော်ကျန့် ဆေးနဲ့ ပိတ်ကျဲစ ပမာဏများများလေး ပြင်ဆင်ထားလိုက်တယ်။ ပုံမှန်ကြားကာလတခုမှာ သူက ဖုန်းယွီလန်အား သူတို့နှစ်ယောက်ဆုံဖို့ လုံခြုံတဲ့နေရာတခု စီစဉ်ထားဖို့ ဖုန်းဆက်ပြောလိုက်တယ်။ အဝတ်အစားတွေ လဲဝတ်ဖို့ သူ့ကိုပေးရမဲ့အပြင် သန့်ရှင်းတဲ့ပိတ်ကျဲစနဲ့ သူ့ဒဏ်ရာကို စည်းပေးရမှာဖြစ်ကာ၊ အဲ့ဒါပြီးရင်တော့ သွမ့်လိကို သူသွားထိန်းထားပြီး အချိန်ဆွဲထားရမှာဖြစ်တယ်။

သွမ့်လိကို သူ့လမ်းကြောင်းပေါ်ကနေ လွှင့်ပစ်ဖို့ရာ ဖုန်းယွီလန်က သူတတ်သမျှ လှည့်ကွက်မျိုးစုံကို ကြိုးကြိုးစားစား ထုတ်သုံးခဲ့ရတယ်။ ပြေးရင်းလွှားရင်းနဲ့ သူ့ကိုယ်သူ ရုပ်ဖျက်ဖို့အတွက် အဝတ်အစားတွေကို ဆက်တိုက် ပြောင်းလဲဝတ်ဆင်ခဲ့တယ်၊ ပြောရမယ်ဆိုရင် မိန်းကလေးစကပ်ကိုတောင် သူဝတ်ခဲ့တာ! အဲ့ဒီလိုလုပ်ခဲ့တာတောင်မှ၊ အကြိမ်တိုင်းမှာ၊ သွမ့်လိက မျှော်လင့်မထားရလောက်အောင် ခွေးတကောင်ထက်သာတဲ့ အနံ့ခံနှုန်းနဲ့ သူ့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်! အဲ့ဒီအချိန်မှာပဲ ဒီကြောင်နဲ့ကြွက်ဂိမ်းက ခဏရပ်ရမဲ့အချိန်ကို ရောက်လာခဲ့တယ်၊ ဖုန်းယွီလန်ခမျာ ချုံးချုံးကျနေပြီး လော်ကျန့်ကလည်း ထိုနည်းတူစွာ ဒဏ်ရာတွေနဲ့ဖြစ်နေတယ်။ အကုန်လုံးမဟုတ်ရင်တောင် ညှို့ယူဖမ်းစားခံရခြင်းရဲ့နောက်ဆက်တွဲ အကျိုးသက်ရောက်မှုက တဖြည်းဖြည်း သိသာထင်ရှားလာခဲ့တယ်၊ သူ့ရဲ့ဝိညာဉ်စွမ်းအားတွေကို အပြင်းအထန် မြှင့်တင်ပြီး သူ့အဆင့်နဲ့ သုံးစွဲခွင့်မရှိသေးတဲ့ ဂါထာမန္တရားတွေကို ရွတ်ဆိုခြင်းရဲ့ရလဒ်က ပြင်းထန်တဲ့ ခေါင်းကိုက်မှုဖြစ်ပြီး ၎င်းက လွန်ကဲပြင်းထန်တဲ့ အဆက်မပြတ် ခေါင်းကိုက်ခဲမှုပင်ဖြစ်တယ်။

အဲ့ဒါကြောင့် သူထွက်ပြေးနေစဉ်မှာ သူလည်း ဒီအတိုင်း အဖမ်းခံရတော့မှာပဲလို့ စတင်တွေးနေမိတာဖြစ်တယ်၊ ဘာဘဲဖြစ်ဖြစ် လူတယောက်သေတယ်ဆိုတာ ဒီအတိုင်း အဆုံးသတ်သွားတာပဲလေ။ သူ့မှာ ဆက်ပြေးဖို့ အားတကယ်မရှိတော့ဘူး။

ဘယ်လိုဘဲဖြစ်ဖြစ် ဖုန်းယွီလန် စတင်စိတ်ဓာတ်ကျလာတိုင်း လော်ကျန့်က ပိုပြီးတော့ ဒူပေနာပေခံနိုင်လာပြီး ပိုမိုသတ္တိရှိလာခဲ့တယ်။ ဒီ Stalker ကို အပြတ်ရှင်းပစ်ဖို့ သူတခုခုလုပ်ရမယ်၊ သူက အံကိုကြိတ်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဖုန်းယွီလန်ကို သူဖုန်းခေါ်ပြီး ပြောလိုက်တယ်၊ "နည်းနည်းလောက် တောင့်ခံထားအုံး။ ငါတို့တွေ မြို့အနောက်ဘက်မှာရှိတဲ့ ချင်းရှန်းဘုရားကျောင်းမှာ ဆုံကြမယ်"

ထို့နောက် ဘော့စ်ထံ သူဖုန်းခေါ်လိုက်တယ်။

ဆောင်ခန်းတွေရဲ့အထူးအခြေအနေတွေကြောင့် ရဲတိုင်ပြီး အကူအညီတောင်းခံလို့မရနိုင်မှန်း လော်ကျန့် အလိုလိုသိနေခဲ့တယ်၊ နောက်ဆုံးကျရင် ဒါတွေက အတော်လေး ဒုက္ခများစေလိမ့်မယ်။ နာရီအနည်းငယ်အတွင်း သူတို့က မြို့အနှံ့ ဟိုပြေးဒီပြေးလုပ်ရုံနဲ့တင် အာရုံအများကြီးအစိုက်ခံရလိမ့်မယ်။ သူတို့တွေ ဒီလမ်းကြောင်းအတိုင်း ဆင်းချလာခဲ့ရင် ကိစ္စက ပိုမိုကြီးလာမဲ့အပြင် ပိုပြီးတော့တောင် ပြဿနာဖြစ်စေလိမ့်မယ်၊ အဲ့ဒီအခါကျရင် အခြေအနေက ကိုင်တွယ်လို့မရနိုင်လောက်တဲ့အထိ ကြီးမားလာပြီး အဆိုးဖက်ကို ဦးတည်သွားလိမ့်မယ်။ ဒီအခိုက်အတန့်မှာ အကူအညီတောင်းဖို့အတွက် လော်ကျန့်စိတ်ထဲ ပထမဆုံးရောက်လာခဲ့တဲ့သူက လူသစ်အားလုံးကို လမ်းပြအဖြစ် လုပ်ဆောင်ပေးနေတဲ့ ဘော့စ်ပဲ၊ အမြဲမူးနေတတ်တဲ့ ဟိုဦးလေးကြီးပေါ့။

"ဘာာ?! မင်းသူငယ်ချင်းက အရူးလူသတ်သမားသတ်တာခံရတော့မယ် ဟုတ်လား?" ထုံးစံအတိုင်း ဘော့စ်ကြီးက သူ့ဝိုင်တွေကို မော့ချပြီး ကျယ်လောင်စွာ လေကျင်တက်လိုက်တယ်။ ရှုပ်ပွနေတဲ့ ခေါင်းကြီးနဲ့ သူက အရူးအမူး အော်ပြောလာခဲ့တယ်၊ "ဒီလိုကိစ္စလေးအတွက်နဲ့ မင်းက ငါ့ကိုလာရှာတယ်ပေါ့?! မင်းဘာသာမင်း မရှင်းနိုင်ဘူးလားကွ?! မင်းရဲ့လက်ရှိအင်အားနဲ့ဆို မထင်မရှား ရာဇဝတ်ကောင်တယောက်ကို ကိုင်တွယ်ဖို့ ပြဿနာမှမဟုတ်ဘဲ! လူလေးတယောက်လောက် သတ်တဲ့ကိစ္စလေးကို! လုပ်စရာရှိတာ လုပ်ပေါ့ကွ!"

"မဟုတ်ဘူး! ဒါက ဒီလောက်မရိုးရှင်းဘူး၊ သူက ကျပန်းလူသတ်သမားသက်သက်ဘဲ မဟုတ်ဘူး! လက်တွေ့မှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်သတ်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ မုဆိုးတွေရှိတယ်ဆိုတာ ခင်ဗျားမသိဘူးလား?!" စိတ်ရှုပ်ထွေးစွာနဲ့ လော်ကျန့်က အလောတကြီး သူ့ကို ဖိပြောလာခဲ့တယ်။ ဖုန်းရဲ့အခြားတဖက်မှာ ပျင်းရိပြီး ဘာမှအသုံးမဝင်၊ တာဝန်မဲ့တဲ့ ဦးလေးကြီးကတော့ သူ့အလုပ်သူမလုပ်ဘဲ မထုံတက်သေး ညည်းတွားနေခဲ့တယ်။

"အိုး...အဲ့လိုလူရှိမယ်ထင်တာပဲ" ဘော့စ်က ရီဝေဝေဖြစ်ပြီး မူးနောက်နေခဲ့တယ်။ လော်ကျန့် ဘာတွေပြောနေမှန်း သူနားမလည်နိုင်လုနီးပါးပင်။ သူက 'ဟဲဟဲ' ဆိုပြီး ပေါ့ပေါ့တန်တန်ရယ်မောရင်း ပြန်ဖြေပေးလာတယ်၊ "အဲ့ဒါဆို ငါ ၁၃ ကို မင်းကိုကူခိုင်းလိုက်မယ်လေ...အာ! ဒါပေမဲ့ သူတယောက်တည်းဆို လောက်မှာမဟုတ်ဘူး။ မင်းသိမလားတော့ မသိဘူး၊ ငါ ၁၄ ကိုပါ ထည့်ပေးလိုက်မယ်... ဒါပေမဲ့ မင်းသဘောပေါက်ထားရမှာက ငါ ဒါကို ဘာအကျိုးအမြတ်မှမရှိဘဲ ဒီအတိုင်း လုပ်ပေးမှာမဟုတ်ဘူးနော်၊ အပေးအယူအနေနဲ့ မင်းပြန်ပေးဆပ်ဖို့ပြင်ထားတာ ပိုကောင်းလိမ့်မယ်... အမ်၊ အပေးအယူအနေနဲ့...တန်ဘိုးက...ဘုရားရေ၊ ဘာပါလိမ့်?! အိုက်ယား၊ အဲ့ဒါကို ငါတို့တွေ နောက်မှပြောကြတာပေါ့ကွာ!"

အဲ့ဒီလိုနဲ့ပဲ လော်ကျန့်ခမျာ မတရား ခေါင်းရှုပ်စရာကောင်းလှတဲ့ ဘော့စ်ကြောင့် မယုံနိုင်လောက်အောင် စိတ်တွေရှုပ်ထွေးရင်း ကျန်ရစ်ခဲ့ရတော့တယ်၊ ၁၃နဲ့ ၁၄ နှစ်ယောက်လုံး သူ့ကို ကူညီပေးကြလိမ့်မယ်ဆိုတာပဲ သူနားလည်လိုက်တယ်။ ၁၃ က ဘယ်သူမှန်း လော်ကျန့်သိပြီးသားပင်၊ အဲ့ဒီလူက နောက်ဆုံးတခေါက် သူနဲ့ဆုံခဲ့ဖူးတဲ့ ဒူးလေးကိုင်ထားတဲ့ မျက်နှာဖုံးလူပါပဲ။ သို့သော် ၁၄ ကတော့ သူ့အတွက် မျက်နှာသစ်တယောက်ဖြစ်တယ်။ လော်ကျန့် ၁၄ လို့ အမည်ပေးထားတဲ့ ဒီလူနဲ့ဆုံတဲ့အချိန်မှာ ၎င်းက အတော်လေးကို လှပချောမောတဲ့ ကောင်မလေးတယောက်ဖြစ်နေခဲ့တာကို တွေ့လိုက်ရပြီး သူအတော်လေး အံ့အားသင့်သွားခဲ့တယ်။ သူမက ၁၃နှစ်၊ ၁၄နှစ်လောက်ပဲရှိလိမ့်မယ်၊ သူမရဲ့မျက်နှာလေးက ငယ်ရွယ်ပြီး နုဖတ်လို့နေတယ်။ သူမက ကျောင်းသားယူနီဖောင်းကို ဝတ်ဆင်ထားတယ်၊ ကြည့်ရတာတော့ ၁၃က သူမကို စာသင်ခန်းထဲကနေ ဆွဲထုတ်လာခဲ့တဲ့ပုံပဲ။

၁၄ လေးက လော်ကျန့်အား မခံမရပ်နိုင်ဖြစ်မှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ သူမက ၁၃ရဲ့ကျောနောက်မှာနေရင်း သူ့ကိုလှမ်းကြည့်နေခဲ့တယ်၊ သူမရဲ့လက်သေးသေးလေးတွေက ၁၃ရဲ့အင်္ကျီလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်။ ၁၃က လော်ကျန့်အား အတိုချုပ် မိတ်ဆက်ပေးလာတယ်၊ "ဒါငါ့ညီမလေးလေ။ သူက အရမ်းငယ်သေးပေမဲ့ သူ့မှာ ဆောင်ခန်းလေးခုကနေ လွတ်မြောက်လာခဲ့တဲ့ အတွေ့အကြုံရှိထားပြီးသား"

လော်ကျန့် ထိုစကားကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာ သူ့ခမျာ အံ့ဩလွန်းလို့ မှင်သက်နေမိတော့တယ်။ သေစမ်း! ဒါကြီးက ငါတို့လို ယောကျ်ားတွေထက်တောင် ဒီကောင်မလေးက ပိုပြီးတော့ယောကျ်ားဆန်ပြီး သောက်ကျိုးနည်းလောက်အောင် မိမိုက်နေပါရောလားကွာ! ငါယုံတောင်မယုံနိုင်ဘူး၊ လေးကြိမ်ကြီးများတောင်! ဒီကောင်မလေး ဘယ်လိုတွေလုပ်ပြီး လွတ်အောင်ထွက်ပြေးနိုင်ခဲ့တာပါလိမ့်?!

တဖက်မှာ ၁၃က ဒီအကြောင်းအရာနဲ့ အချိန်ဖြုန်းမနေချင်တာကြောင့် လိုရင်းကိုသာ တန်းသွားလိုက်တယ်၊ "ပြော။ ငါတို့ကို ဘာအတွက်ခေါ်တာလဲ?"

လော်ကျန့် သူအကူအညီတောင်းရတဲ့ အကြောင်းရင်းကို ချက်ချင်း ပြန်သတိရသွားတယ်။ အခုထိ အလွှတ်မပေးသေးဘဲ တရစ်ဝဲဝဲဖြစ်နေတဲ့ ဝိဉာဉ်ကောင် သွမ့်လိကို တွေးမိသွားချိန်မှာတော့ သူ့မျက်နှာက ရုတ်တရက် ရှုံ့မဲ့သွားခဲ့ပြီး သူဗလုံးဗထွေး ပြောလာတယ်၊ "ကျွန်တော်ခေါ်လိုက်တာက လူတယောက်ကို သတ်ဖို့အတွက် ခင်ဗျားတို့အကူအညီကို ကျွန်တော် တကယ်ကြီး လိုအပ်နေလို့ပါ"

ဒီကောင်မလေးရှေ့မှာ လော်ကျန့် သူ့ပါးစပ်ကနေ လူသတ်မဲ့အကြောင်းတွေကို ပြောင်ပြောင်တင်းတင်း မဆွေးနွေးနိုင်ခဲ့ချေ။ သို့ပေမဲ့ ၁၄ ရဲ့မျက်နှာပေါ်မှာ ကြောက်စိတ်စိုးစိလေးတောင် ရှိမနေခဲ့ဘူး၊ သူမရဲ့ငယ်ရွယ်နုပျိုတဲ့မျက်နှာက အေးစက်ကာ မထုံတက်သေးဖြစ်နေပြီး သူမအကိုကြီးရဲ့အင်္ကျီလက်ကို ဆက်လက် ကိုင်ဆွဲထားဆဲပဲဖြစ်တယ်။ သူမကို လုံးလုံးလျစ်လျူရှုထားရင်း ၁၃ က တည့်တိုးမေးလာခဲ့တယ်၊ "ဘယ်သူ့ကိုသတ်ရမှာလဲ?"

"ခင်ဗျား သတင်းတွေကြည့်တယ်ဆိုရင် ဒီမြို့မှာ ကွင်းဆက်လူသတ်သမားတယောက်ရှိတယ်ဆိုတာကို ခင်ဗျားသိထားလောက်မှာပါ။ ကျွန်တော် အဲ့ဒီရာဇဝတ်ကောင်ရဲ့နေရာကို သိပြီးသား၊ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒါကို ရဲတွေဆီ သတင်းပို့ပြီး သူတို့ဝင်ရှုပ်တာမျိုး အဖြစ်မခံနိုင်ဘူး။ အဲ့ဒါကြောင့် ဒီကိစ္စအားလုံးကို သီးသန့်ဖြေရှင်းပြီး အဲ့ဒီကောင်ကို မြန်မြန်နဲ့ တိတ်တဆိတ် ရှင်းပစ်လိုက်ဖို့ပဲ ကျွန်တော်မျှော်လင့်တယ်!"

လော်ကျန့် ယုံကြည်ချက်အပြည့်နဲ့ ဒီစကားတွေကို ပြတ်ပြတ်သားသား ပြောခဲ့တယ်၊ သူ့စိတ်ထဲမှာ အပြစ်ရှိစိတ် နည်းနည်းလေးတောင် ရှိမနေခဲ့ဘူး။ တခါတရံမှာ လူတွေက စာနာစိတ်ကင်းပြီး ရက်စက်ကြမ်းကြုတ်ကြတယ်၊ သူတို့တွေက သူတို့ရဲ့နှလုံးသားတွေကို မာကြောပစ်တတ်ကြတယ်။ သူ့အဖော်ရဲ့အသက်က စိုးရိမ်နေရပြီ၊ ရက်စက်ဖို့ကလွဲပြီး သူ့မှာ ရွေးစရာမရှိတော့ဘူး။ ဒီလိုလုပ်မှဘဲ သူတို့တွေ အောင်မြင်မှုရပြီး ဒါကို ကျော်လွှားနိုင်မှာဖြစ်တယ်။

၁၃နဲ့ ၁၄ မောင်နှမနှစ်ယောက်က အချင်းချင်း လှမ်းကြည့်နေကြတယ်၊ သူတို့ခေါင်းတွေကိုညိတ်ပြီး လော်ကျန့်ရဲ့တောင်းဆိုမှုကို သဘောမတူလိုက်ခင် သူတို့က အနည်းငယ် တုံ့ဆိုင်းနေခဲ့ကြတယ်။ လော်ကျန့်ရဲ့တောင်းဆိုမှုက သိပ်ခက်ခဲတာမျိုးတော့ မဟုတ်ဘူး၊ ဘာဘဲဖြစ်ဖြစ် သူက ၁၃နဲ့ ၁၄ ကို သွမ့်လိဆိုတဲ့ တိရစ္ဆာန်ကောင်ကို အသေသတ်စေချင်တာ မဟုတ်ဘူး။ အနည်းဆုံးတော့ သူက တဖက်လူ ဒဏ်ရာအပြင်းအထန် ရရုံလောက်ဘဲ ဖြစ်စေချင်တာ၊ ဒါမှ ဖုန်းယွီလန်နောက်ကို သူဆက်လိုက်ဖို့ အားမရှိမှာပေါ့။ ဒီနှစ်ဆယ့်လေးနာရီကို အန္တရာယ်ကင်းကင်းဘဲ သူဖြတ်သန်းချင်ရုံသက်သက်ပါ။ အရာအားလုံးကို အဆင်ပြေပြေ အဆုံးသတ်စေချင်တာ၊ လူတိုင်း သဘာဝကျကျလေး ပျော်ရွှင်စေဖို့ပါပဲ။

လော်ကျန့်၊ ၁၃နဲ့ ၁၄ တို့ သုံးယောက်က ချက်ချင်းဆိုသလို အပေါက်အလမ်းတည့်သွားကြပြီး မြို့အနောက်ဘက်ရှိ ရှေးဟောင်း ချင်းရှန်းဘုရားကျောင်းဆီ သူတို့တွေ ချက်ချင်း ခရီးဆက်ခဲ့ကြတယ်။ သူတို့က ထောင်ချောက်တွေ ဆင်ထားပြီး သားကောင်ထောင်ချောက်ထဲ ဝင်လာမှာကို တိတ်တဆိတ် စောင့်ဆိုင်းနေကြတယ်။ အခြားတနေရာမှာတော့ ဖုန်းယွီလန်ကလည်း အနောက်ဘက်ကို မရပ်မနား ပြေးလာနေခဲ့တယ်၊ သွမ့်လိက ထပ်ကြပ်မကွာ လိုက်ပါလာရင်း မရပ်မနား လိုက်ဖမ်းနေဆဲပင်။

အစီအစဥ်က လုံးဝ မပြောင်းလဲသွားခဲ့ချေ၊ အန္တရာယ်ကျရောက်တော့မှာကို မသိရှာတဲ့ ဒီငါးက ငါးစာကို သေချာပေါက် ကိုက်မိလိမ့်မယ်။ သို့သော် ဒီအခိုက်အတန့်မှာဘဲ သွမ့်လိရဲ့ခြေလှမ်းတွေက နှေးကွေးသွားပြီး လိုက်နေရင်းတန်းလန်း သူရပ်တန့်ပစ်လိုက်တယ်။ ဆယ်မီတာလောက် ရှေ့ကနေ ဦးဆောင်ပြေးနေတဲ့ ဖုန်းယွီလန်က သူ့နောက်မှာရှိနေတဲ့ မုဆိုးက လိုက်နေရာကနေ ရပ်တန့်သွားတာကို သူသတိထားမိလိုက်တယ်။ အဲ့ဒါက ဖုန်းယွီလန်ရဲ့ခြေလှမ်းတွေကိုပါ မသိလိုက်မသိဘာသာနဲ့ ရပ်မိသွားစေတယ်၊ သွမ့်လိကို သူလှည့်ကြည့်လိုက်တယ်။

"ပင်ပန်းနေပြီလား?" ဖုန်းယွီလန်က သွမ့်လိနဲ့ အတော်လေး ခပ်လှမ်းလှမ်းမှာရှိနေတယ်ဆိုပေမဲ့ သူတို့အသံကျယ်ကျယ်ပြောရင်တော့ အချင်းချင်း ပြတ်ပြတ်သားသား ကြားနေနိုင်ပါသေးတယ်။ လောလောဆယ် ဖုန်းယွီလန်ခမျာ ခေါင်းကွဲမတတ် ခေါင်းတွေထိုးကိုက်နေခဲ့တယ်။ သူရပ်လိုက်လိုက်ချင်းမှာပဲ သူ့တကိုယ်လုံး ထုံကျင်လာခဲ့တယ်၊ သူနောက်တလှမ်းမလှမ်းနိုင်တော့ဘူးဆိုတာကို သိလိုက်တယ်။ တခုခုလွဲနေတာကို သူလုံးဝသတိထားမိတယ်။ သွမ့်လိ သူ့နောက်ကို ဆက်လိုက်လိုက် မလိုက်လိုက် ဖုန်းယွီလန်ကတော့ ဆက်ပြေးမှာဖြစ်တယ်၊ သူရပ်လို့မရဘူး၊ သေချာပေါက် သူရပ်မှာလည်းမဟုတ်ဘူး!

"မင်းပင်ပန်းနေပြီလား?" သွမ့်လိက နောက်တကြိမ်ထပ်မေးလာတယ်။

ဖုန်းယွီလန်က သူအရမ်းပင်ပန်းနေပြီ၊ အရမ်းအရမ်းကို မောနေပြီလို့ သူ့ကိုပြန်ဖြေချင်ခဲ့တယ်။ သို့ပေမဲ့ ကံဆိုးချင်တော့ ဖုန်းယွီလန်ခမျာ ပါးစပ်ဟပြီး စကားပြောဖို့တောင် အားမရှိတော့ဘူး။ သူက ခါးကုန်းပြီး အပြင်းအထန် ဟောဟဲလိုက်နေတယ်။ သတိကြီးကြီးထားရင်း သွမ့်လိပုံရိပ်ကို သူလုံးဝအကြည့်မလွှဲရဲခဲ့ဘူး။ Grimoire က သူ့အနားမှာ ရစ်ဝဲနေဆဲပင်၊ ကြီးမားတဲ့ အက္ခရာအနည်းငယ်က ခပ်ဖျော့ဖျော့ ပေါ်လာခဲ့တယ်။

【 သတိထားပါ။ သူ့ဒေါသတွေ ပေါက်ကွဲထွက်တော့မယ်။ ကျွန်ုပ်ကို အကာအကွယ်အဖြစ် အသုံးချလိုက်ပါ။ သူဘယ်လိုဘဲတိုက်ခိုက်လာပါစေ၊ ကျွန်ုပ် သင့်အတွက် အစွမ်းကုန်တားဆီးပေးပါ့မယ်! 】

ဖုန်းယွီလန် မှော်စာအုပ်ကို မောဟိုက်စွာနဲ့ မော့ကြည့်လိုက်မိတယ်။ ထို့နောက် ခေါင်းထောင်ပြီး သွမ့်လိကို တချက်လှမ်းကြည့်လိုက်တယ်။ သွမ့်လိက အာရုံစိုက်ထားရင်း သူ့မျက်လုံးတွေကို မှေးကျဉ်းထားခဲ့တယ်၊ သူက သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို တိုင်းတာနေပုံရတယ်။

"ငါအရမ်းပင်ပန်းနေပြီလို့ ပြန်ဖြေရင် မင်း ငါ့ကိုလွှတ်ပေးမှာလား?" ဖုန်းယွီလန်အသက်ပြင်းပြင်းရှူပြီး သွမ့်လိထံ စကားပြန်ပြောလိုက်တယ်။

သွမ့်လိက ခေါင်းယမ်းပြတယ်။ "မလွှတ်ပေးဘူး။ ဒါပေမဲ့ ငါမင်းကို အများကြီး ပိုသက်သာတဲ့ သေခြင်းမျိုး ပေးနိုင်တယ်။ မင်းလဲ အရမ်းပင်ပန်းနေတာ အသိသာကြီးကို။ ဘာဖြစ်လို့ မဖြစ်မနေ ပြေးနေရသေးတာလဲ?"

"ဘာလို့လဲဆိုတော့ ငါ မသေချင်သေးလို့ပေါ့" ဖုန်းယွီလန်က ခါးသီးစွာ ခပ်ဟဟရယ်ချလိုက်တယ်။ "ငါအသက်ဆက်ရှင်ချင်တယ်။ ဘဝကြီးက ပင်ပန်းဆင်းရဲရတယ်ဆိုရင်တောင် ငါအသက်ရှင်ချင်နေတုန်းပဲ"

"ငါ့လက်ကနေ လွတ်လိမ့်မယ်လို့ မင်းတကယ်ယုံလား?"

"ဖြစ်နိုင်တာပဲလေ။ ငါက ဖြစ်ရပ်တွေရဲ့မကောင်းတဲ့အခြမ်းတွေကို အမြဲလိုလို မမြင်ချင်တဲ့သူ၊ အဆိုးမြင်အတွေးတွေကို ဘယ်တော့မှ မတွေးချင်တဲ့သူတယောက်။ တကယ်တမ်းတော့ နေ့ရက်တိုင်းက လှပပြီး အဆင်ပြေချောမွေ့တယ်လို့ ငါဟန်ဆောင်နေခဲ့တာ။ အဲ့ဒီနည်းကပဲ ငါ့ကိုယ်ငါ အမြဲတမ်း ပျော်ရွှင်ပြီး အဆင်ပြေနေတယ်လို့ ခံစားရစေတယ်လေ။ အားနည်းပြီး သိမ်ဖျင်းရတာကို ငါကြောက်တယ်၊ ငါက သန်မာချင်တာ။ ဒါပေမဲ့ ငါ ဒီအတိုင်း သာမန်လူတယောက်ဖြစ်ဖို့ တကြိမ်တခါလောက်တော့ မျှော်လင့်မိတယ်"

"တကယ်တော့ အဲ့ဒီကွဲလွဲမှုကပဲ လူတယောက်ကို သေမျိုးဖြစ်စေတာ မဟုတ်ဘူးလား? မင်းက ဘာလို့ ဒီလောက်ဂရုစိုက်နေရတာလဲ? ငြိမ်းငြိမ်းချမ်းချမ်း သေရတာ မကောင်းဘူးလား?"

မည်သို့ပင်ဆိုစေကာမူ ဖုန်းယွီလန်က သူ့ခေါင်းကိုခါယမ်းနေခဲ့တယ်၊ သွမ့်လိထံ သူတည့်တည့်ကြည့်ပြီး ညစ်ကျယ်ကျယ် ပြုံးပြလိုက်တယ်။ "ဟုတ်တယ်၊ သိပ်မှန်တာပေါ့။ တိတိကျကျပြောရရင် ငါက ဒီသေမျိုးကမ္ဘာကနေ ထွက်မသွားနိုင်တဲ့ သာမန်သေမျိုးလူသားတယောက်ပဲလေ။ အဲ့ဒါကြောင့် ငါက ဒီမှာပဲ တွယ်ကပ်နေပြီး တခုခုကို အမြဲစိုးရိမ်ပူပန်နေရတာ။ ငါ့မှာ သေချင်စိတ်မရှိသေးလို့ ငါ့စိတ်က ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး!"

သွမ့်လိက ဖုန်းယွီလန်ရဲ့စကားတွေကြောင့် ကြောင်အနေခဲ့တယ်။ သူ တဒင်္ဂလောက် နှုတ်ဆိတ်နေမိပြီးနောက် ပြောလာခဲ့တယ်၊ "ကြည့်ရတာ ပင်ပန်းနေတာ မင်းတယောက်တည်းမဟုတ်သလိုဘဲ။ ငါလဲ ပင်ပန်းနေပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းကိုလိုက်ဖမ်းရတာ တော်တော့်ကို ဒုက္ခများတဲ့အလုပ်တလုပ်ပဲ။ ဘာဘဲဖြစ်ဖြစ် ငါမင်းကို ရိုးရိုးရှင်းရှင်း အရင်အဖြေတခုပဲ ပေးနိုင်မယ်၊ နောက်ပြီး အဲ့ဒီအဖြေကပဲ ဒီကြောင်နဲ့ကြွက်ဂိမ်းကို အဆုံးသတ်ပေးလိမ့်မယ်"

သွမ့်လိ သူ့အပိုင်းသူပြောပြီးတဲ့နောက် ရုတ်တရက် သူ့ညာလက်ထဲမှာ ဓားတလက်ကို ဆုပ်ကိုင်ထားလိုက်တယ်။ သူ့ညာခြေထောက်ကို ခြေလှမ်းတဝက်လောက် နောက်ပြန်ရွှေ့လိုက်ပြီး အရှေ့ကိုကိုင်းကာ ဒူးတွေကို ကွေးချလိုက်တယ်။ သူက တိုက်ခိုက်မဲ့ ကိုယ်နေဟန်ထားယူရင်း သူထံ ပြေးလာဖို့ ပြင်ဆင်နေတယ်။ တချိန်တည်းမှာပဲ သူက အသံမထွက်ဘဲ ရေရွတ်လိုက်တယ်၊ "ပြောင်းလဲမှု အဆင့်နှစ်—လွတ်မြောက်စေမှု!"

နောက်တစက္ကန့်တွင်—

Grimoire က ခပ်သော့သော့ ရေးသားထားတဲ့ အက္ခရာတွေကို ကသုတ်ကရက် ဖော်ပြလာခဲ့တယ်။

【 အခု! ကာကွယ်တော့! 】

သို့သော် အရမ်းနောက်ကျသွားခဲ့ပြီဖြစ်တယ်။ ဖုန်းယွီလန်တယောက် ဘာတွေဖြစ်နေမှန်း မသိသေးခင်မှာဘဲ သူနဲ့ ဆယ်မီတာကျော်အကွာမှာ ရှိနေခဲ့တဲ့ သွမ့်လိက ရုတ်ခြည်းဆိုသလို သူ့ရှေ့တည့်တည့်မှာ ဗြုန်းစားကြီး ပေါ်လာခဲ့တယ်! သူက ဒီနေရာကို တယ်လီပို့လုပ်လိုက်သလိုမျိုးပင်! ဖုန်းယွီလန်ရဲ့နှလုံးသားက ဒီပြင်းထန်တဲ့ဖိအားကို ခံနိုင်ရည်မရှိခဲ့ချေ။ သူ့သူငယ်အိမ်တွေ ပိုမိုကျယ်လာခဲ့တယ်၊ ကြီးမားတဲ့ ဓားသွားတခုက တဖြည်းဖြည်း အကျယ်ချဲ့လာရင်း သူ့ထံ ချဉ်းကပ်လာတဲ့ မြင်ကွင်းကြောင့် အကြီးအကျယ် ရှော့ခ်ရသွားရကာ သူ့မျက်လုံးတွေကို ပြူးကျယ်သွားခဲ့တယ်။ သူ့မျက်လုံးထောင့်ကနေ သွမ့်လိရဲ့ယုတ်မာတဲ့အပြုံးကြီးကို သူလှမ်းမြင်လိုက်ရတယ်။ ဒီအခိုက်အတန့်အတွင်း သူ့စိတ်ထဲမှာ စာကြောင်းတကြောင်း ပေါ်လာခဲ့တယ်—ငါအသတ်ခံရတော့မယ်!

ဒီတခေါက်က၊ အမှန်တကယ်ကို၊ လုံးဝ အစစ်အမှန်ကြီးပင်၊ သူ့ကိုသတ်ပစ်ဖို့ သူတကယ်ရည်ရွယ်ထားခဲ့တာ။ သွမ့်လိကြည့်ရတာ ဒီကိစ္စကိုဆက်လုပ်ဖို့ အတော်လေး တုံ့ဆိုင်းနေပုံရတယ်။ ဒီဂိမ်းက ပင်ပန်းလွန်းပြီး ထပ်ခါတလဲလဲဖြစ်ကာ ပျင်းစရာကောင်းလှတယ်။ နောက်ဆုံးတော့ တစုံတယောက်ကို ဖြတ်တောက်ရတဲ့ ကျေနပ်မှုကို သူခံစားနိုင်တော့မှာဖြစ်တယ်။ နောက်ဆုံးတော့ ဒီနေ့ရဲ့တာဝန်ကို သူအပြီးသတ်နိုင်တော့မယ်။ နီရဲရဲသွေးတွေ နေရာအနှံ့ လွင့်စဉ်စွန်းပေသွားတာတွေ၊ မသေခင်အချိန်လေးမှာ အလောင်းရဲ့မျက်နှာပေါ်က မကျေမချမ်းဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အဲ့ဒီမျက်နှာထား၊ နောက်ပြီး ပူနွေးကာ အသက်ရှိနေတဲ့ ခန္ဓာကိုယ်ကြီးက ရေခဲလို အေးစက်နေတဲ့ အလောင်းတလောင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားမှာတွေ၊ အဲ့ဒီအနိဋဿဌာရုံမြင်ကွင်းတခုကို မြင်ရဖို့ သူ မစောင့်နိုင်တော့ဘူး။

သို့သော် သေခြင်းတရားနဲ့ ရှင်သန်ခြင်းတို့ ဆုံတွေ့ကြတဲ့ ဒီအခိုက်အတန့်မှာ grimoire က ဖုန်းယွီလန်ရဲ့လက်ထဲကနေ ရုတ်ခြည်း လွတ်မြောက်သွားခဲ့တယ်။ စူးရှပြင်းထန်တဲ့ နာကျင်မှုက ဖုန်းယွီလန်ရဲ့ဦးနှောက်ကို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေမတတ်ပင်၊ ထို့နောက် သိပ်မကြာခင်မှာဘဲ ဖုန်းယွီလန်ရှေ့မှာ ဖောက်ထွင်းမြင်ရတဲ့ အကာအကွယ်တခု ပေါ်ထွက်လာပြီး သူ့အပေါ် တိုက်ခိုက်လာမှုကို တဖန် ပိတ်ဆို့တားဆီးပေးလာခဲ့တယ်!

【 The Sole Passive Spell of the Savior : ခုခံကာကွယ်ပေးမှု အသက်ဝင်ခြင်းသည် host ဖြစ်သူမှ သေစေနိုင်လောက်သော ဒဏ်ရာရရှိသည့်အချိန်တွင်သာဖြစ်သည်။ 】

"အဲ့ဒီသောက်သုံးမကျတဲ့စာအုပ်က တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ!" ထိုလူက သူ့ထိုးနှက်ချက်တွေ အကြိမ်ပေါင်းများစွာ လွဲချော်နေတာကို ဒေါသတွေထွက်နေခဲ့တယ်။ သွမ့်လိက သူ့လက်မောင်းတွေကို လွှဲယမ်းပြီး ဓားကို အဝေးဖယ်ထုတ်ပစ်လိုက်တယ်။ သူ့အရှိန်အဟုန်တွေ ပြန်လည်ကောင်းမွန်လာစဉ်မှာတော့ ဖုန်းယွီလန်လည်း သေလောက်အောင် ဖြူဖျော့နေတဲ့ မျက်နှာနဲ့ မြေကြီးပေါ် ထိုင်ချလိုက်တော့တယ်။ သူ့ဝိညာဉ်စွမ်းအားတွေကို အလွန်အကျွံ အသုံးပြုခဲ့ပြီးနောက် ထို Passive Savior's Spell ပေါ်ထွက်လာခြင်းကြောင့် သူ့ခမျာ ထွက်ပြေးလွတ်မြောက်ဖို့ရာ သို့မဟုတ် ပြန်လည်တိုက်ခိုက်ဖို့ရာ စွမ်းအားမရှိတော့ချေ။

Grimoire မှာလည်း ခွန်အားမရှိတော့တဲ့ပုံပင်။ လေထဲမှာ ရစ်ဝဲနေရမဲ့အစား ၎င်းက ယိမ်းထိုးတုန်ခါနေပြီးနောက် ဖုန်းယွီလန်ရဲ့လက်ဖဝါးပေါ် ပြုတ်ကျလာခဲ့တယ်။ စာရွက်ပေါ်မှာ မှိန်ဖျော့ဖျော့ ရေးသားထားတာတွေက၊

【 တောင်းပန်ပါတယ် သခင်။ ကျွန်ုပ်တတ်နိုင်သလောက် အကုန်လုပ်ခဲ့ပြီးပါပြီ။ 】

"ကိစ္စမရှိပါဘူးကွာ" ဖုန်းယွီလန်ခေါင်းယမ်းပြီး ပြုံးပြလိုက်တယ်၊ "မင်းကြောင့်သာမဟုတ်ရင် ငါ ဒီလောက်အထိ လုပ်နိုင်မှာ မဟုတ်ဘူး။ မင်းပြောတာမှန်တယ်၊ ငါကိုက တကယ်ကြီး အားနည်းလွန်းနေတာ။ ဒီအမှန်တရားကို ငါအစောကြီးကတည်းက လက်ခံခဲ့သင့်တာပါ"

【 မဟုတ်ပါဘူး၊ သခင်၊ ကျွန်ုပ်အမြင်ကတော့...သခင်က လုံလုံလောက်လောက် သန်မာနေပြီးသားပါ။ 】

------

^Zawgyi^

လက္ေတြ႕ကမာၻ

အခန္း (၂၇) : ထြက္ေျပးလြတ္ေျမာက္ျခင္း

ဖုန္းယြီလန္တေယာက္ အခ်ိန္က ဒီေလာက္အထိ ေဝ့လည္ေၾကာင္ပတ္ႏိုင္စြာ ရွည္ၾကာေနႏိုင္တယ္ဆိုတာကို လုံးဝ မသိခဲ့ဘူး။

တခ်ိန္လုံး၊ သူ႔ေနာက္မွာရွိေနတဲ့ လူသတ္ခ်င္ေနတဲ့ အ႐ူးေကာင္က လူအုပ္ႀကီးထဲကေန တိုးတိုက္ထြက္လာရင္း သူ႔ကို လိုက္ဖမ္းေနခဲ့တယ္။ ဖုန္းယြီလန္ခမ်ာ အလြန္အမင္း ေမာပန္းေနခဲ့ၿပီး သူ႔မ်က္လုံးထဲမွာ ၾကယ္ေတြကိုေတာင္ တကယ္ႀကီးျမင္ေနရၿပီျဖစ္တယ္။ ဘယ္လိုဘဲျဖစ္ျဖစ္ ဒီမုဆိုးကေတာ့ လူတေယာက္ရဲ႕အရိပ္လို သူ႔ေနာက္ကေန နီးကပ္စြာ လိုက္ေနဆဲပင္! သူတို႔က တၿမိဳ႕လုံးရဲ႕စည္ကားတဲ့ လမ္းေတြကို ျဖတ္ေက်ာ္ကာ မေရမတြက္ႏိုင္တဲ့ အထပ္ျမင့္အေဆာက္အအုံေတြရဲ႕ေခါင္မိုးေတြေပၚကေန ခုန္ပ်ံေက်ာ္လႊားၿပီး ေဝးလံေခါင္သီကာ စြန႔္ပစ္ထားတဲ့ ႐ြာရဲ႕အျပင္ဘက္ေဒသေတြကို ျဖတ္ေက်ာ္သြားခဲ့ေပမဲ့ ဖုန္းယြီလန္ ဘယ္ေနရာကိုသြားသြား သြမ့္လိကေတာ့ သူ႔ေနာက္ကေန မနားမေန လိုက္ပါလာခဲ့ၿပီး လႊတ္ေပးဖို႔ ဆႏၵမရွိခဲ့ေခ်၊ သူက တကယ္ေတာ့ သူ႔ခႏၶာကိုယ္ကို တြယ္ကပ္ၿပီး ေသြးစုတ္မဲ့ ကပ္ပါးေကာင္တေကာင္ပါပဲ!

ဒီ့ထက္ပိုၿပီးေၾကာက္စရာေကာင္းတာက ဖုန္းယြီလန္က အသိသာႀကီးကို ေမာပန္းေနေပမဲ့ သြမ့္လိကေတာ့ အားအင္အျပည့္ျဖစ္ၿပီး ၾကည့္ရတာ တက္ႂကြဖ်တ္လတ္ေနဆဲပင္၊ တကယ္ေတာ့ သူက ပိုလို႔ေတာင္ စိတ္လႈပ္ရွားေနခဲ့တာ! ဖုန္းယြီလန္ကို အမွီလိုက္ေနစဥ္မွာပဲ သူက တကၠစီေပၚကေန ေက်ာ္လႊားသြားကာ ဘတ္စ္ကားစီးၿပီးေနာက္ ရထားေပၚတက္ဖို႔အတြက္ ေလာ္က်န႔္ကိုေတာင္ လက္မွတ္တေစာင္ ခ်က္ခ်င္း ဝယ္ခိုင္းလိုက္ေသးတယ္! အဲ့ဒါေတာင္မွ သြမ့္လိဆိုတဲ့ေကာင္က သူ႔ေနာက္ကို တဖဝါးမွမခြာ လိုက္ႏိုင္ေနဆဲျဖစ္တယ္၊ သူ႔ကို တစကၠန႔္​​ေလး​ေတာင္ ​အေပ်ာက္မခံခဲ့​ဘူး!

ႏွစ္ဆယ့္ေလးနာရီဆိုတဲ့အခ်ိန္က ၾကာရွည္လွတယ္၊ ကုန္ဆုံးသြားတဲ့အခ်ိန္က ၎နာရီရဲ႕ထက္ဝက္ေတာင္ မက်ိဳးေသးေခ်။ အကယ္၍ ဒီအတိုင္းသာဆက္သြားေနမယ္ဆိုရင္ျဖင့္ ဖုန္းယြီလန္ခမ်ာ သူတကယ္ အသတ္ခံရေတာ့မွာပဲလို႔ ခံစားမိေနတယ္။ အဲ့ဒါေၾကာင့္ သူေျပးလႊားေနစဥ္မွာပဲ ေလာ္က်န႔္ကို သူဖုန္းေခၚၿပီး ငိုေႂကြးရင္း အကူအညီေတာင္းခံခဲ့တယ္၊ "အားက်န႔္ေရ! ေထာင္ေခ်ာက္ဆင္၊ ေထာင္ေခ်ာက္ဆင္ေတာ့! ငါတို႔ေတြ ဒီမ်ိဳးမစစ္ေကာင္ကို ဖမ္းလို႔ရႏိုင္မဲ့ နည္းလမ္းေပါင္းစုံကို စဥ္းစားမွရမယ္!"

တေန႔လုံး ေလာ္က်န႔္က ဖုန္းယြီလန္အဆင္ေျပဖို႔အတြက္ လႈပ္ရွားမႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့တယ္။ စစခ်င္း သူ႔ဗိုက္ကဒဏ္ရာကို သာမန္ကာလွ်ံကာ ပတ္တီးစီးထားလိုက္တယ္၊ ၿပီးေနာက္ အနားယူမေနဘဲ အက်ႌနဲ႔ ေဘာင္းဘီအသစ္ေတြကို သူခ်က္ခ်င္းဝယ္လိုက္တယ္—ကုန္ကုန္ေျပာရရင္ ဖုန္းယြီလန္တေယာက္ ေဆး႐ုံဝတ္စုံႀကီးနဲ႔ လမ္းႀကိဳလမ္းၾကားေတြထဲ ေလွ်ာက္ေျပးေနရင္း သူ႔ကို အ႐ူးလို႔ထင္သြားၾကမဲ့အျဖစ္မ်ိဳး သူလုံးဝအျဖစ္မခံႏိုင္ဘူး၊ ျဖစ္လို႔လဲမရဘူး?

ပိုဆိုးတာက ဖုန္းယြီလန္က မႏၲန္ရဲ႕သက္ေရာက္မႈေအာက္မွာရွိေနေသာ္ျငား သူက မရပ္မနား ေျပးလႊားေနရတာေၾကာင့္ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈက လ်င္ျမန္စြာ ဆက္လက္ကုန္ခန္းလာတဲ့အျပင္ သူ႔ခါးမွာရွိတဲ့ အရွင္းမေပ်ာက္ေသးတဲ့ ဒဏ္ရာက ျပန္ပြင့္ႏိုင္ေခ်ရွိေနတယ္။ ေလာ္က်န႔္ ေဆးနဲ႔ ပိတ္က်ဲစ ပမာဏမ်ားမ်ားေလး ျပင္ဆင္ထားလိုက္တယ္။ ပုံမွန္ၾကားကာလတခုမွာ သူက ဖုန္းယြီလန္အား သူတို႔ႏွစ္ေယာက္ဆုံဖို႔ လုံၿခဳံတဲ့ေနရာတခု စီစဥ္ထားဖို႔ ဖုန္းဆက္ေျပာလိုက္တယ္။ အဝတ္အစားေတြ လဲဝတ္ဖို႔ သူ႔ကိုေပးရမဲ့အျပင္ သန႔္ရွင္းတဲ့ပိတ္က်ဲစနဲ႔ သူ႔ဒဏ္ရာကို စည္းေပးရမွာျဖစ္ကာ၊ အဲ့ဒါၿပီးရင္ေတာ့ သြမ့္လိကို သူသြားထိန္းထားၿပီး အခ်ိန္ဆြဲထားရမွာျဖစ္တယ္။

သြမ့္လိကို သူ႔လမ္းေၾကာင္းေပၚကေန လႊင့္ပစ္ဖို႔ရာ ဖုန္းယြီလန္က သူတတ္သမွ် လွည့္ကြက္မ်ိဳးစုံကို ႀကိဳးႀကိဳးစားစား ထုတ္သုံးခဲ့ရတယ္။ ေျပးရင္းလႊားရင္းနဲ႔ သူ႔ကိုယ္သူ ႐ုပ္ဖ်က္ဖို႔အတြက္ အဝတ္အစားေတြကို ဆက္တိုက္ ေျပာင္းလဲဝတ္ဆင္ခဲ့တယ္၊ ေျပာရမယ္ဆိုရင္ မိန္းကေလးစကပ္ကိုေတာင္ သူဝတ္ခဲ့တာ! အဲ့ဒီလိုလုပ္ခဲ့တာေတာင္မွ၊ အႀကိမ္တိုင္းမွာ၊ သြမ့္လိက ေမွ်ာ္လင့္မထားရေလာက္ေအာင္ ေခြးတေကာင္ထက္သာတဲ့ အနံ႔ခံႏႈန္းနဲ႔ သူ႔ကို ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့တယ္! အဲ့ဒီအခ်ိန္မွာပဲ ဒီေၾကာင္နဲ႔ႂကြက္ဂိမ္းက ခဏရပ္ရမဲ့အခ်ိန္ကို ေရာက္လာခဲ့တယ္၊ ဖုန္းယြီလန္ခမ်ာ ခ်ဳံးခ်ဳံးက်ေနၿပီး ေလာ္က်န႔္ကလည္း ထိုနည္းတူစြာ ဒဏ္ရာေတြနဲ႔ျဖစ္ေနတယ္။ အကုန္လုံးမဟုတ္ရင္ေတာင္ ညႇိဳ႕ယူဖမ္းစားခံရျခင္းရဲ႕ေနာက္ဆက္တြဲ အက်ိဳးသက္ေရာက္မႈက တျဖည္းျဖည္း သိသာထင္ရွားလာခဲ့တယ္၊ သူ႔ရဲ႕ဝိညာဥ္စြမ္းအားေတြကို အျပင္းအထန္ ျမႇင့္တင္ၿပီး သူ႔အဆင့္နဲ႔ သုံးစြဲခြင့္မရွိေသးတဲ့ ဂါထာမႏၲရားေတြကို ႐ြတ္ဆိုျခင္းရဲ႕ရလဒ္က ျပင္းထန္တဲ့ ေခါင္းကိုက္မႈျဖစ္ၿပီး ၎က လြန္ကဲျပင္းထန္တဲ့ အဆက္မျပတ္ ေခါင္းကိုက္ခဲမႈပင္ျဖစ္တယ္။

အဲ့ဒါေၾကာင့္ သူထြက္ေျပးေနစဥ္မွာ သူလည္း ဒီအတိုင္း အဖမ္းခံရေတာ့မွာပဲလို႔ စတင္ေတြးေနမိတာျဖစ္တယ္၊ ဘာဘဲျဖစ္ျဖစ္ လူတေယာက္ေသတယ္ဆိုတာ ဒီအတိုင္း အဆုံးသတ္သြားတာပဲေလ။ သူ႔မွာ ဆက္ေျပးဖို႔ အားတကယ္မရွိေတာ့ဘူး။

ဘယ္လိုဘဲျဖစ္ျဖစ္ ဖုန္းယြီလန္ စတင္စိတ္ဓာတ္က်လာတိုင္း ေလာ္က်န႔္က ပိုၿပီးေတာ့ ဒူေပနာေပခံႏိုင္လာၿပီး ပိုမိုသတၱိရွိလာခဲ့တယ္။ ဒီ Stalker ကို အျပတ္ရွင္းပစ္ဖို႔ သူတခုခုလုပ္ရမယ္၊ သူက အံကိုႀကိတ္ၿပီး ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္တခု ခ်လိုက္တယ္။ ဖုန္းယြီလန္ကို သူဖုန္းေခၚၿပီး ေျပာလိုက္တယ္၊ "နည္းနည္းေလာက္ ေတာင့္ခံထားအုံး။ ငါတို႔ေတြ ၿမိဳ႕အေနာက္ဘက္မွာရွိတဲ့ ခ်င္းရွန္းဘုရားေက်ာင္းမွာ ဆုံၾကမယ္"

ထို႔ေနာက္ ေဘာ့စ္ထံ သူဖုန္းေခၚလိုက္တယ္။

ေဆာင္ခန္းေတြရဲ႕အထူးအေျခအေနေတြေၾကာင့္ ရဲတိုင္ၿပီး အကူအညီေတာင္းခံလို႔မရႏိုင္မွန္း ေလာ္က်န႔္ အလိုလိုသိေနခဲ့တယ္၊ ေနာက္ဆုံးက်ရင္ ဒါေတြက အေတာ္ေလး ဒုကၡမ်ားေစလိမ့္မယ္။ နာရီအနည္းငယ္အတြင္း သူတို႔က ၿမိဳ႕အႏွံ႔ ဟိုေျပးဒီေျပးလုပ္႐ုံနဲ႔တင္ အာ႐ုံအမ်ားႀကီးအစိုက္ခံရလိမ့္မယ္။ သူတို႔ေတြ ဒီလမ္းေၾကာင္းအတိုင္း ဆင္းခ်လာခဲ့ရင္ ကိစၥက ပိုမိုႀကီးလာမဲ့အျပင္ ပိုၿပီးေတာ့ေတာင္ ျပႆနာျဖစ္ေစလိမ့္မယ္၊ အဲ့ဒီအခါက်ရင္ အေျခအေနက ကိုင္တြယ္လို႔မရႏိုင္ေလာက္တဲ့အထိ ႀကီးမားလာၿပီး အဆိုးဖက္ကို ဦးတည္သြားလိမ့္မယ္။ ဒီအခိုက္အတန႔္မွာ အကူအညီေတာင္းဖို႔အတြက္ ေလာ္က်န႔္စိတ္ထဲ ပထမဆုံးေရာက္လာခဲ့တဲ့သူက လူသစ္အားလုံးကို လမ္းျပအျဖစ္ လုပ္ေဆာင္ေပးေနတဲ့ ေဘာ့စ္ပဲ၊ အၿမဲမူးေနတတ္တဲ့ ဟိုဦးေလးႀကီးေပါ့။

"ဘာာ?! မင္းသူငယ္ခ်င္းက အ႐ူးလူသတ္သမားသတ္တာခံရေတာ့မယ္ ဟုတ္လား?" ထုံးစံအတိုင္း ေဘာ့စ္ႀကီးက သူ႔ဝိုင္ေတြကို ေမာ့ခ်ၿပီး က်ယ္ေလာင္စြာ ေလက်င္တက္လိုက္တယ္။ ရႈပ္ပြေနတဲ့ ေခါင္းႀကီးနဲ႔ သူက အ႐ူးအမူး ေအာ္ေျပာလာခဲ့တယ္၊ "ဒီလိုကိစၥေလးအတြက္နဲ႔ မင္းက ငါ့ကိုလာရွာတယ္ေပါ့?! မင္းဘာသာမင္း မရွင္းႏိုင္ဘူးလားကြ?! မင္းရဲ႕လက္ရွိအင္အားနဲ႔ဆို မထင္မရွား ရာဇဝတ္ေကာင္တေယာက္ကို ကိုင္တြယ္ဖို႔ ျပႆနာမွမဟုတ္ဘဲ! လူေလးတေယာက္ေလာက္ သတ္တဲ့ကိစၥေလးကို! လုပ္စရာရွိတာ လုပ္ေပါ့ကြ!"

"မဟုတ္ဘူး! ဒါက ဒီေလာက္မ႐ိုးရွင္းဘူး၊ သူက က်ပန္းလူသတ္သမားသက္သက္ဘဲ မဟုတ္ဘူး! လက္ေတြ႕မွာ အသက္ရွင္က်န္ရစ္သူေတြကို လိုက္သတ္တဲ့ေနရာမွာ အထူးကြၽမ္းက်င္တဲ့ မုဆိုးေတြရွိတယ္ဆိုတာ ခင္ဗ်ားမသိဘူးလား?!" စိတ္ရႈပ္ေထြးစြာနဲ႔ ေလာ္က်န႔္က အေလာတႀကီး သူ႔ကို ဖိေျပာလာခဲ့တယ္။ ဖုန္းရဲ႕အျခားတဖက္မွာ ပ်င္းရိၿပီး ဘာမွအသုံးမဝင္၊ တာဝန္မဲ့တဲ့ ဦးေလးႀကီးကေတာ့ သူ႔အလုပ္သူမလုပ္ဘဲ မထုံတက္ေသး ညည္းတြားေနခဲ့တယ္။

"အိုး...အဲ့လိုလူရွိမယ္ထင္တာပဲ" ေဘာ့စ္က ရီေဝေဝျဖစ္ၿပီး မူးေနာက္ေနခဲ့တယ္။ ေလာ္က်န႔္ ဘာေတြေျပာေနမွန္း သူနားမလည္ႏိုင္လုနီးပါးပင္။ သူက 'ဟဲဟဲ' ဆိုၿပီး ေပါ့ေပါ့တန္တန္ရယ္ေမာရင္း ျပန္ေျဖေပးလာတယ္၊ "အဲ့ဒါဆို ငါ ၁၃ ကို မင္းကိုကူခိုင္းလိုက္မယ္ေလ...အာ! ဒါေပမဲ့ သူတေယာက္တည္းဆို ေလာက္မွာမဟုတ္ဘူး။ မင္းသိမလားေတာ့ မသိဘူး၊ ငါ ၁၄ ကိုပါ ထည့္ေပးလိုက္မယ္... ဒါေပမဲ့ မင္းသေဘာေပါက္ထားရမွာက ငါ ဒါကို ဘာအက်ိဳးအျမတ္မွမရွိဘဲ ဒီအတိုင္း လုပ္ေပးမွာမဟုတ္ဘူးေနာ္၊ အေပးအယူအေနနဲ႔ မင္းျပန္ေပးဆပ္ဖို႔ျပင္ထားတာ ပိုေကာင္းလိမ့္မယ္... အမ္၊ အေပးအယူအေနနဲ႔...တန္ဘိုးက...ဘုရားေရ၊ ဘာပါလိမ့္?! အိုက္ယား၊ အဲ့ဒါကို ငါတို႔ေတြ ေနာက္မွေျပာၾကတာေပါ့ကြာ!"

အဲ့ဒီလိုနဲ႔ပဲ ေလာ္က်န႔္ခမ်ာ မတရား ေခါင္းရႈပ္စရာေကာင္းလွတဲ့ ေဘာ့စ္ေၾကာင့္ မယုံႏိုင္ေလာက္ေအာင္ စိတ္ေတြရႈပ္ေထြးရင္း က်န္ရစ္ခဲ့ရေတာ့တယ္၊ ၁၃နဲ႔ ၁၄ ႏွစ္ေယာက္လုံး သူ႔ကို ကူညီေပးၾကလိမ့္မယ္ဆိုတာပဲ သူနားလည္လိုက္တယ္။ ၁၃ က ဘယ္သူမွန္း ေလာ္က်န႔္သိၿပီးသားပင္၊ အဲ့ဒီလူက ေနာက္ဆုံးတေခါက္ သူနဲ႔ဆုံခဲ့ဖူးတဲ့ ဒူးေလးကိုင္ထားတဲ့ မ်က္ႏွာဖုံးလူပါပဲ။ သို႔ေသာ္ ၁၄ ကေတာ့ သူ႔အတြက္ မ်က္ႏွာသစ္တေယာက္ျဖစ္တယ္။ ေလာ္က်န႔္ ၁၄ လို႔ အမည္ေပးထားတဲ့ ဒီလူနဲ႔ဆုံတဲ့အခ်ိန္မွာ ၎က အေတာ္ေလးကို လွပေခ်ာေမာတဲ့ ေကာင္မေလးတေယာက္ျဖစ္ေနခဲ့တာကို ေတြ႕လိုက္ရၿပီး သူအေတာ္ေလး အံ့အားသင့္သြားခဲ့တယ္။ သူမက ၁၃ႏွစ္၊ ၁၄ႏွစ္ေလာက္ပဲရွိလိမ့္မယ္၊ သူမရဲ႕မ်က္ႏွာေလးက ငယ္႐ြယ္ၿပီး ႏုဖတ္လို႔ေနတယ္။ သူမက ေက်ာင္းသားယူနီေဖာင္းကို ဝတ္ဆင္ထားတယ္၊ ၾကည့္ရတာေတာ့ ၁၃က သူမကို စာသင္ခန္းထဲကေန ဆြဲထုတ္လာခဲ့တဲ့ပုံပဲ။

၁၄ ေလးက ေလာ္က်န႔္အား မခံမရပ္ႏိုင္ျဖစ္မႈေတြ ျပည့္ႏွက္ေနတဲ့ မ်က္ဝန္းေတြနဲ႔ စိုက္ၾကည့္ေနခဲ့တယ္။ သူမက ၁၃ရဲ႕ေက်ာေနာက္မွာေနရင္း သူ႔ကိုလွမ္းၾကည့္ေနခဲ့တယ္၊ သူမရဲ႕လက္ေသးေသးေလးေတြက ၁၃ရဲ႕အက်ႌလက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားခဲ့တယ္။ ၁၃က ေလာ္က်န႔္အား အတိုခ်ဳပ္ မိတ္ဆက္ေပးလာတယ္၊ "ဒါငါ့ညီမေလးေလ။ သူက အရမ္းငယ္ေသးေပမဲ့ သူ႔မွာ ေဆာင္ခန္းေလးခုကေန လြတ္ေျမာက္လာခဲ့တဲ့ အေတြ႕အႀကဳံရွိထားၿပီးသား"

ေလာ္က်န႔္ ထိုစကားကို ၾကားလိုက္ရတဲ့ အခိုက္အတန႔္မွာ သူ႔ခမ်ာ အံ့ဩလြန္းလို႔ မွင္သက္ေနမိေတာ့တယ္။ ေသစမ္း! ဒါႀကီးက ငါတို႔လို ေယာက်္ားေတြထက္ေတာင္ ဒီေကာင္မေလးက ပိုၿပီးေတာ့ေယာက်္ားဆန္ၿပီး ေသာက္က်ိဳးနည္းေလာက္ေအာင္ မိမိုက္ေနပါေရာလားကြာ! ငါယုံေတာင္မယုံႏိုင္ဘူး၊ ေလးႀကိမ္ႀကီးမ်ားေတာင္! ဒီေကာင္မေလး ဘယ္လိုေတြလုပ္ၿပီး လြတ္ေအာင္ထြက္ေျပးႏိုင္ခဲ့တာပါလိမ့္?!

တဖက္မွာ ၁၃က ဒီအေၾကာင္းအရာနဲ႔ အခ်ိန္ျဖဳန္းမေနခ်င္တာေၾကာင့္ လိုရင္းကိုသာ တန္းသြားလိုက္တယ္၊ "ေျပာ။ ငါတို႔ကို ဘာအတြက္ေခၚတာလဲ?"

ေလာ္က်န႔္ သူအကူအညီေတာင္းရတဲ့ အေၾကာင္းရင္းကို ခ်က္ခ်င္း ျပန္သတိရသြားတယ္။ အခုထိ အလႊတ္မေပးေသးဘဲ တရစ္ဝဲဝဲျဖစ္ေနတဲ့ ဝိဉာဥ္ေကာင္ သြမ့္လိကို ေတြးမိသြားခ်ိန္မွာေတာ့ သူ႔မ်က္ႏွာက ႐ုတ္တရက္ ရႈံ႕မဲ့သြားခဲ့ၿပီး သူဗလုံးဗေထြး ေျပာလာတယ္၊ "ကြၽန္ေတာ္ေခၚလိုက္တာက လူတေယာက္ကို သတ္ဖို႔အတြက္ ခင္ဗ်ားတို႔အကူအညီကို ကြၽန္ေတာ္ တကယ္ႀကီး လိုအပ္ေနလို႔ပါ"

ဒီေကာင္မေလးေရွ႕မွာ ေလာ္က်န႔္ သူ႔ပါးစပ္ကေန လူသတ္မဲ့အေၾကာင္းေတြကို ေျပာင္ေျပာင္တင္းတင္း မေဆြးေႏြးႏိုင္ခဲ့ေခ်။ သို႔ေပမဲ့ ၁၄ ရဲ႕မ်က္ႏွာေပၚမွာ ေၾကာက္စိတ္စိုးစိေလးေတာင္ ရွိမေနခဲ့ဘူး၊ သူမရဲ႕ငယ္႐ြယ္ႏုပ်ိဳတဲ့မ်က္ႏွာက ေအးစက္ကာ မထုံတက္ေသးျဖစ္ေနၿပီး သူမအကိုႀကီးရဲ႕အက်ႌလက္ကို ဆက္လက္ ကိုင္ဆြဲထားဆဲပဲျဖစ္တယ္။ သူမကို လုံးလုံးလ်စ္လ်ဴရႈထားရင္း ၁၃ က တည့္တိုးေမးလာခဲ့တယ္၊ "ဘယ္သူ႔ကိုသတ္ရမွာလဲ?"

"ခင္ဗ်ား သတင္းေတြၾကည့္တယ္ဆိုရင္ ဒီၿမိဳ႕မွာ ကြင္းဆက္လူသတ္သမားတေယာက္ရွိတယ္ဆိုတာကို ခင္ဗ်ားသိထားေလာက္မွာပါ။ ကြၽန္ေတာ္ အဲ့ဒီရာဇဝတ္ေကာင္ရဲ႕ေနရာကို သိၿပီးသား၊ ဒါေပမဲ့ အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ ဒါကို ရဲေတြဆီ သတင္းပို႔ၿပီး သူတို႔ဝင္ရႈပ္တာမ်ိဳး အျဖစ္မခံႏိုင္ဘူး။ အဲ့ဒါေၾကာင့္ ဒီကိစၥအားလုံးကို သီးသန႔္ေျဖရွင္းၿပီး အဲ့ဒီေကာင္ကို ျမန္ျမန္နဲ႔ တိတ္တဆိတ္ ရွင္းပစ္လိုက္ဖို႔ပဲ ကြၽန္ေတာ္ေမွ်ာ္လင့္တယ္!"

ေလာ္က်န႔္ ယုံၾကည္ခ်က္အျပည့္နဲ႔ ဒီစကားေတြကို ျပတ္ျပတ္သားသား ေျပာခဲ့တယ္၊ သူ႔စိတ္ထဲမွာ အျပစ္ရွိစိတ္ နည္းနည္းေလးေတာင္ ရွိမေနခဲ့ဘူး။ တခါတရံမွာ လူေတြက စာနာစိတ္ကင္းၿပီး ရက္စက္ၾကမ္းၾကဳတ္ၾကတယ္၊ သူတို႔ေတြက သူတို႔ရဲ႕ႏွလုံးသားေတြကို မာေၾကာပစ္တတ္ၾကတယ္။ သူ႔အေဖာ္ရဲ႕အသက္က စိုးရိမ္ေနရၿပီ၊ ရက္စက္ဖို႔ကလြဲၿပီး သူ႔မွာ ေ႐ြးစရာမရွိေတာ့ဘူး။ ဒီလိုလုပ္မွဘဲ သူတို႔ေတြ ေအာင္ျမင္မႈရၿပီး ဒါကို ေက်ာ္လႊားႏိုင္မွာျဖစ္တယ္။

၁၃နဲ႔ ၁၄ ေမာင္ႏွမႏွစ္ေယာက္က အခ်င္းခ်င္း လွမ္းၾကည့္ေနၾကတယ္၊ သူတို႔ေခါင္းေတြကိုညိတ္ၿပီး ေလာ္က်န႔္ရဲ႕ေတာင္းဆိုမႈကို သေဘာမတူလိုက္ခင္ သူတို႔က အနည္းငယ္ တုံ႔ဆိုင္းေနခဲ့ၾကတယ္။ ေလာ္က်န႔္ရဲ႕ေတာင္းဆိုမႈက သိပ္ခက္ခဲတာမ်ိဳးေတာ့ မဟုတ္ဘူး၊ ဘာဘဲျဖစ္ျဖစ္ သူက ၁၃နဲ႔ ၁၄ ကို သြမ့္လိဆိုတဲ့ တိရစာၦန္ေကာင္ကို အေသသတ္ေစခ်င္တာ မဟုတ္ဘူး။ အနည္းဆုံးေတာ့ သူက တဖက္လူ ဒဏ္ရာအျပင္းအထန္ ရ႐ုံေလာက္ဘဲ ျဖစ္ေစခ်င္တာ၊ ဒါမွ ဖုန္းယြီလန္ေနာက္ကို သူဆက္လိုက္ဖို႔ အားမရွိမွာေပါ့။ ဒီႏွစ္ဆယ့္ေလးနာရီကို အႏၲရာယ္ကင္းကင္းဘဲ သူျဖတ္သန္းခ်င္႐ုံသက္သက္ပါ။ အရာအားလုံးကို အဆင္ေျပေျပ အဆုံးသတ္ေစခ်င္တာ၊ လူတိုင္း သဘာဝက်က်ေလး ေပ်ာ္႐ႊင္ေစဖို႔ပါပဲ။

ေလာ္က်န႔္၊ ၁၃နဲ႔ ၁၄ တို႔ သုံးေယာက္က ခ်က္ခ်င္းဆိုသလို အေပါက္အလမ္းတည့္သြားၾကၿပီး ၿမိဳ႕အေနာက္ဘက္ရွိ ေရွးေဟာင္း ခ်င္းရွန္းဘုရားေက်ာင္းဆီ သူတို႔ေတြ ခ်က္ခ်င္း ခရီးဆက္ခဲ့ၾကတယ္။ သူတို႔က ေထာင္ေခ်ာက္ေတြ ဆင္ထားၿပီး သားေကာင္ေထာင္ေခ်ာက္ထဲ ဝင္လာမွာကို တိတ္တဆိတ္ ေစာင့္ဆိုင္းေနၾကတယ္။ အျခားတေနရာမွာေတာ့ ဖုန္းယြီလန္ကလည္း အေနာက္ဘက္ကို မရပ္မနား ေျပးလာေနခဲ့တယ္၊ သြမ့္လိက ထပ္ၾကပ္မကြာ လိုက္ပါလာရင္း မရပ္မနား လိုက္ဖမ္းေနဆဲပင္။

အစီအစဥ္က လုံးဝ မေျပာင္းလဲသြားခဲ့ေခ်၊ အႏၲရာယ္က်ေရာက္ေတာ့မွာကို မသိရွာတဲ့ ဒီငါးက ငါးစာကို ေသခ်ာေပါက္ ကိုက္မိလိမ့္မယ္။ သို႔ေသာ္ ဒီအခိုက္အတန႔္မွာဘဲ သြမ့္လိရဲ႕ေျခလွမ္းေတြက ေႏွးေကြးသြားၿပီး လိုက္ေနရင္းတန္းလန္း သူရပ္တန႔္ပစ္လိုက္တယ္။ ဆယ္မီတာေလာက္ ေရွ႕ကေန ဦးေဆာင္ေျပးေနတဲ့ ဖုန္းယြီလန္က သူ႔ေနာက္မွာရွိေနတဲ့ မုဆိုးက လိုက္ေနရာကေန ရပ္တန႔္သြားတာကို သူသတိထားမိလိုက္တယ္။ အဲ့ဒါက ဖုန္းယြီလန္ရဲ႕ေျခလွမ္းေတြကိုပါ မသိလိုက္မသိဘာသာနဲ႔ ရပ္မိသြားေစတယ္၊ သြမ့္လိကို သူလွည့္ၾကည့္လိုက္တယ္။

"ပင္ပန္းေနၿပီလား?" ဖုန္းယြီလန္က သြမ့္လိနဲ႔ အေတာ္ေလး ခပ္လွမ္းလွမ္းမွာရွိေနတယ္ဆိုေပမဲ့ သူတို႔အသံက်ယ္က်ယ္ေျပာရင္ေတာ့ အခ်င္းခ်င္း ျပတ္ျပတ္သားသား ၾကားေနႏိုင္ပါေသးတယ္။ ေလာေလာဆယ္ ဖုန္းယြီလန္ခမ်ာ ေခါင္းကြဲမတတ္ ေခါင္းေတြထိုးကိုက္ေနခဲ့တယ္။ သူရပ္လိုက္လိုက္ခ်င္းမွာပဲ သူ႔တကိုယ္လုံး ထုံက်င္လာခဲ့တယ္၊ သူေနာက္တလွမ္းမလွမ္းႏိုင္ေတာ့ဘူးဆိုတာကို သိလိုက္တယ္။ တခုခုလြဲေနတာကို သူလုံးဝသတိထားမိတယ္။ သြမ့္လိ သူ႔ေနာက္ကို ဆက္လိုက္လိုက္ မလိုက္လိုက္ ဖုန္းယြီလန္ကေတာ့ ဆက္ေျပးမွာျဖစ္တယ္၊ သူရပ္လို႔မရဘူး၊ ေသခ်ာေပါက္ သူရပ္မွာလည္းမဟုတ္ဘူး!

"မင္းပင္ပန္းေနၿပီလား?" သြမ့္လိက ေနာက္တႀကိမ္ထပ္ေမးလာတယ္။

ဖုန္းယြီလန္က သူအရမ္းပင္ပန္းေနၿပီ၊ အရမ္းအရမ္းကို ေမာေနၿပီလို႔ သူ႔ကိုျပန္ေျဖခ်င္ခဲ့တယ္။ သို႔ေပမဲ့ ကံဆိုးခ်င္ေတာ့ ဖုန္းယြီလန္ခမ်ာ ပါးစပ္ဟၿပီး စကားေျပာဖို႔ေတာင္ အားမရွိေတာ့ဘူး။ သူက ခါးကုန္းၿပီး အျပင္းအထန္ ေဟာဟဲလိုက္ေနတယ္။ သတိႀကီးႀကီးထားရင္း သြမ့္လိပုံရိပ္ကို သူလုံးဝအၾကည့္မလႊဲရဲခဲ့ဘူး။ Grimoire က သူ႔အနားမွာ ရစ္ဝဲေနဆဲပင္၊ ႀကီးမားတဲ့ အကၡရာအနည္းငယ္က ခပ္ေဖ်ာ့ေဖ်ာ့ ေပၚလာခဲ့တယ္။

【 သတိထားပါ။ သူ႔ေဒါသေတြ ေပါက္ကြဲထြက္ေတာ့မယ္။ ကြၽႏ္ုပ္ကို အကာအကြယ္အျဖစ္ အသုံးခ်လိုက္ပါ။ သူဘယ္လိုဘဲတိုက္ခိုက္လာပါေစ၊ ကြၽႏ္ုပ္ သင့္အတြက္ အစြမ္းကုန္တားဆီးေပးပါ့မယ္! 】

ဖုန္းယြီလန္ ေမွာ္စာအုပ္ကို ေမာဟိုက္စြာနဲ႔ ေမာ့ၾကည့္လိုက္မိတယ္။ ထို႔ေနာက္ ေခါင္းေထာင္ၿပီး သြမ့္လိကို တခ်က္လွမ္းၾကည့္လိုက္တယ္။ သြမ့္လိက အာ႐ုံစိုက္ထားရင္း သူ႔မ်က္လုံးေတြကို ေမွးက်ဥ္းထားခဲ့တယ္၊ သူက သူတို႔ႏွစ္ေယာက္ၾကားရွိ အကြာအေဝးကို တိုင္းတာေနပုံရတယ္။

"ငါအရမ္းပင္ပန္းေနၿပီလို႔ ျပန္ေျဖရင္ မင္း ငါ့ကိုလႊတ္ေပးမွာလား?" ဖုန္းယြီလန္အသက္ျပင္းျပင္းရႉၿပီး သြမ့္လိထံ စကားျပန္ေျပာလိုက္တယ္။

သြမ့္လိက ေခါင္းယမ္းျပတယ္။ "မလႊတ္ေပးဘူး။ ဒါေပမဲ့ ငါမင္းကို အမ်ားႀကီး ပိုသက္သာတဲ့ ေသျခင္းမ်ိဳး ေပးႏိုင္တယ္။ မင္းလဲ အရမ္းပင္ပန္းေနတာ အသိသာႀကီးကို။ ဘာျဖစ္လို႔ မျဖစ္မေန ေျပးေနရေသးတာလဲ?"

"ဘာလို႔လဲဆိုေတာ့ ငါ မေသခ်င္ေသးလို႔ေပါ့" ဖုန္းယြီလန္က ခါးသီးစြာ ခပ္ဟဟရယ္ခ်လိုက္တယ္။ "ငါအသက္ဆက္ရွင္ခ်င္တယ္။ ဘဝႀကီးက ပင္ပန္းဆင္းရဲရတယ္ဆိုရင္ေတာင္ ငါအသက္ရွင္ခ်င္ေနတုန္းပဲ"

"ငါ့လက္ကေန လြတ္လိမ့္မယ္လို႔ မင္းတကယ္ယုံလား?"

"ျဖစ္ႏိုင္တာပဲေလ။ ငါက ျဖစ္ရပ္ေတြရဲ႕မေကာင္းတဲ့အျခမ္းေတြကို အၿမဲလိုလို မျမင္ခ်င္တဲ့သူ၊ အဆိုးျမင္အေတြးေတြကို ဘယ္ေတာ့မွ မေတြးခ်င္တဲ့သူတေယာက္။ တကယ္တမ္းေတာ့ ေန႔ရက္တိုင္းက လွပၿပီး အဆင္ေျပေခ်ာေမြ႕တယ္လို႔ ငါဟန္ေဆာင္ေနခဲ့တာ။ အဲ့ဒီနည္းကပဲ ငါ့ကိုယ္ငါ အၿမဲတမ္း ေပ်ာ္႐ႊင္ၿပီး အဆင္ေျပေနတယ္လို႔ ခံစားရေစတယ္ေလ။ အားနည္းၿပီး သိမ္ဖ်င္းရတာကို ငါေၾကာက္တယ္၊ ငါက သန္မာခ်င္တာ။ ဒါေပမဲ့ ငါ ဒီအတိုင္း သာမန္လူတေယာက္ျဖစ္ဖို႔ တႀကိမ္တခါေလာက္ေတာ့ ေမွ်ာ္လင့္မိတယ္"

"တကယ္ေတာ့ အဲ့ဒီကြဲလြဲမႈကပဲ လူတေယာက္ကို ေသမ်ိဳးျဖစ္ေစတာ မဟုတ္ဘူးလား? မင္းက ဘာလို႔ ဒီေလာက္ဂ႐ုစိုက္ေနရတာလဲ? ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေသရတာ မေကာင္းဘူးလား?"

မည္သို႔ပင္ဆိုေစကာမူ ဖုန္းယြီလန္က သူ႔ေခါင္းကိုခါယမ္းေနခဲ့တယ္၊ သြမ့္လိထံ သူတည့္တည့္ၾကည့္ၿပီး ညစ္က်ယ္က်ယ္ ၿပဳံးျပလိုက္တယ္။ "ဟုတ္တယ္၊ သိပ္မွန္တာေပါ့။ တိတိက်က်ေျပာရရင္ ငါက ဒီေသမ်ိဳးကမာၻကေန ထြက္မသြားႏိုင္တဲ့ သာမန္ေသမ်ိဳးလူသားတေယာက္ပဲေလ။ အဲ့ဒါေၾကာင့္ ငါက ဒီမွာပဲ တြယ္ကပ္ေနၿပီး တခုခုကို အၿမဲစိုးရိမ္ပူပန္ေနရတာ။ ငါ့မွာ ေသခ်င္စိတ္မရွိေသးလို႔ ငါ့စိတ္က ဘယ္ေတာ့မွ ၿငိမ္းခ်မ္းမွာမဟုတ္ဘူး!"

သြမ့္လိက ဖုန္းယြီလန္ရဲ႕စကားေတြေၾကာင့္ ေၾကာင္အေနခဲ့တယ္။ သူ တဒဂၤေလာက္ ႏႈတ္ဆိတ္ေနမိၿပီးေနာက္ ေျပာလာခဲ့တယ္၊ "ၾကည့္ရတာ ပင္ပန္းေနတာ မင္းတေယာက္တည္းမဟုတ္သလိုဘဲ။ ငါလဲ ပင္ပန္းေနၿပီ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ မင္းကိုလိုက္ဖမ္းရတာ ေတာ္ေတာ့္ကို ဒုကၡမ်ားတဲ့အလုပ္တလုပ္ပဲ။ ဘာဘဲျဖစ္ျဖစ္ ငါမင္းကို ႐ိုး႐ိုးရွင္းရွင္း အရင္အေျဖတခုပဲ ေပးႏိုင္မယ္၊ ေနာက္ၿပီး အဲ့ဒီအေျဖကပဲ ဒီေၾကာင္နဲ႔ႂကြက္ဂိမ္းကို အဆုံးသတ္ေပးလိမ့္မယ္"

သြမ့္လိ သူ႔အပိုင္းသူေျပာၿပီးတဲ့ေနာက္ ႐ုတ္တရက္ သူ႔ညာလက္ထဲမွာ ဓားတလက္ကို ဆုပ္ကိုင္ထားလိုက္တယ္။ သူ႔ညာေျခေထာက္ကို ေျခလွမ္းတဝက္ေလာက္ ေနာက္ျပန္ေ႐ႊ႕လိုက္ၿပီး အေရွ႕ကိုကိုင္းကာ ဒူးေတြကို ေကြးခ်လိုက္တယ္။ သူက တိုက္ခိုက္မဲ့ ကိုယ္ေနဟန္ထားယူရင္း သူထံ ေျပးလာဖို႔ ျပင္ဆင္ေနတယ္။ တခ်ိန္တည္းမွာပဲ သူက အသံမထြက္ဘဲ ေရ႐ြတ္လိုက္တယ္၊ "ေျပာင္းလဲမႈ အဆင့္ႏွစ္—လြတ္ေျမာက္ေစမႈ!"

ေနာက္တစကၠန႔္တြင္—

Grimoire က ခပ္ေသာ့ေသာ့ ေရးသားထားတဲ့ အကၡရာေတြကို ကသုတ္ကရက္ ေဖာ္ျပလာခဲ့တယ္။

【 အခု! ကာကြယ္ေတာ့! 】

သို႔ေသာ္ အရမ္းေနာက္က်သြားခဲ့ၿပီျဖစ္တယ္။ ဖုန္းယြီလန္တေယာက္ ဘာေတြျဖစ္ေနမွန္း မသိေသးခင္မွာဘဲ သူနဲ႔ ဆယ္မီတာေက်ာ္အကြာမွာ ရွိေနခဲ့တဲ့ သြမ့္လိက ႐ုတ္ျခည္းဆိုသလို သူ႔ေရွ႕တည့္တည့္မွာ ျဗဳန္းစားႀကီး ေပၚလာခဲ့တယ္! သူက ဒီေနရာကို တယ္လီပို႔လုပ္လိုက္သလိုမ်ိဳးပင္! ဖုန္းယြီလန္ရဲ႕ႏွလုံးသားက ဒီျပင္းထန္တဲ့ဖိအားကို ခံႏိုင္ရည္မရွိခဲ့ေခ်။ သူ႔သူငယ္အိမ္ေတြ ပိုမိုက်ယ္လာခဲ့တယ္၊ ႀကီးမားတဲ့ ဓားသြားတခုက တျဖည္းျဖည္း အက်ယ္ခ်ဲ႕လာရင္း သူ႔ထံ ခ်ဥ္းကပ္လာတဲ့ ျမင္ကြင္းေၾကာင့္ အႀကီးအက်ယ္ ေရွာ့ခ္ရသြားရကာ သူ႔မ်က္လုံးေတြကို ျပဴးက်ယ္သြားခဲ့တယ္။ သူ႔မ်က္လုံးေထာင့္ကေန သြမ့္လိရဲ႕ယုတ္မာတဲ့အၿပဳံးႀကီးကို သူလွမ္းျမင္လိုက္ရတယ္။ ဒီအခိုက္အတန႔္အတြင္း သူ႔စိတ္ထဲမွာ စာေၾကာင္းတေၾကာင္း ေပၚလာခဲ့တယ္—ငါအသတ္ခံရေတာ့မယ္!

ဒီတေခါက္က၊ အမွန္တကယ္ကို၊ လုံးဝ အစစ္အမွန္ႀကီးပင္၊ သူ႔ကိုသတ္ပစ္ဖို႔ သူတကယ္ရည္႐ြယ္ထားခဲ့တာ။ သြမ့္လိၾကည့္ရတာ ဒီကိစၥကိုဆက္လုပ္ဖို႔ အေတာ္ေလး တုံ႔ဆိုင္းေနပုံရတယ္။ ဒီဂိမ္းက ပင္ပန္းလြန္းၿပီး ထပ္ခါတလဲလဲျဖစ္ကာ ပ်င္းစရာေကာင္းလွတယ္။ ေနာက္ဆုံးေတာ့ တစုံတေယာက္ကို ျဖတ္ေတာက္ရတဲ့ ေက်နပ္မႈကို သူခံစားႏိုင္ေတာ့မွာျဖစ္တယ္။ ေနာက္ဆုံးေတာ့ ဒီေန႔ရဲ႕တာဝန္ကို သူအၿပီးသတ္ႏိုင္ေတာ့မယ္။ နီရဲရဲေသြးေတြ ေနရာအႏွံ႔ လြင့္စဥ္စြန္းေပသြားတာေတြ၊ မေသခင္အခ်ိန္ေလးမွာ အေလာင္းရဲ႕မ်က္ႏွာေပၚက မေက်မခ်မ္းျဖစ္ၿပီး ေၾကာက္စရာေကာင္းတဲ့ အဲ့ဒီမ်က္ႏွာထား၊ ေနာက္ၿပီး ပူေႏြးကာ အသက္ရွိေနတဲ့ ခႏၶာကိုယ္ႀကီးက ေရခဲလို ေအးစက္ေနတဲ့ အေလာင္းတေလာင္းအျဖစ္ တျဖည္းျဖည္း ေျပာင္းလဲသြားမွာေတြ၊ အဲ့ဒီအနိဋႆဌာ႐ုံျမင္ကြင္းတခုကို ျမင္ရဖို႔ သူ မေစာင့္ႏိုင္ေတာ့ဘူး။

သို႔ေသာ္ ေသျခင္းတရားနဲ႔ ရွင္သန္ျခင္းတို႔ ဆုံေတြ႕ၾကတဲ့ ဒီအခိုက္အတန႔္မွာ grimoire က ဖုန္းယြီလန္ရဲ႕လက္ထဲကေန ႐ုတ္ျခည္း လြတ္ေျမာက္သြားခဲ့တယ္။ စူးရွျပင္းထန္တဲ့ နာက်င္မႈက ဖုန္းယြီလန္ရဲ႕ဦးေႏွာက္ကို အစိတ္စိတ္အမႊာမႊာ ကြဲထြက္သြားေစမတတ္ပင္၊ ထို႔ေနာက္ သိပ္မၾကာခင္မွာဘဲ ဖုန္းယြီလန္ေရွ႕မွာ ေဖာက္ထြင္းျမင္ရတဲ့ အကာအကြယ္တခု ေပၚထြက္လာၿပီး သူ႔အေပၚ တိုက္ခိုက္လာမႈကို တဖန္ ပိတ္ဆို႔တားဆီးေပးလာခဲ့တယ္!

【 The Sole Passive Spell of the Savior : ခုခံကာကြယ္ေပးမႈ အသက္ဝင္ျခင္းသည္ host ျဖစ္သူမွ ေသေစႏိုင္ေလာက္ေသာ ဒဏ္ရာရရွိသည့္အခ်ိန္တြင္သာျဖစ္သည္။ 】

"အဲ့ဒီေသာက္သုံးမက်တဲ့စာအုပ္က တကယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္စရာပဲ!" ထိုလူက သူ႔ထိုးႏွက္ခ်က္ေတြ အႀကိမ္ေပါင္းမ်ားစြာ လြဲေခ်ာ္ေနတာကို ေဒါသေတြထြက္ေနခဲ့တယ္။ သြမ့္လိက သူ႔လက္ေမာင္းေတြကို လႊဲယမ္းၿပီး ဓားကို အေဝးဖယ္ထုတ္ပစ္လိုက္တယ္။ သူ႔အရွိန္အဟုန္ေတြ ျပန္လည္ေကာင္းမြန္လာစဥ္မွာေတာ့ ဖုန္းယြီလန္လည္း ေသေလာက္ေအာင္ ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာနဲ႔ ေျမႀကီးေပၚ ထိုင္ခ်လိုက္ေတာ့တယ္။ သူ႔ဝိညာဥ္စြမ္းအားေတြကို အလြန္အကြၽံ အသုံးျပဳခဲ့ၿပီးေနာက္ ထို Passive Savior's Spell ေပၚထြက္လာျခင္းေၾကာင့္ သူ႔ခမ်ာ ထြက္ေျပးလြတ္ေျမာက္ဖို႔ရာ သို႔မဟုတ္ ျပန္လည္တိုက္ခိုက္ဖို႔ရာ စြမ္းအားမရွိေတာ့ေခ်။

Grimoire မွာလည္း ခြန္အားမရွိေတာ့တဲ့ပုံပင္။ ေလထဲမွာ ရစ္ဝဲေနရမဲ့အစား ၎က ယိမ္းထိုးတုန္ခါေနၿပီးေနာက္ ဖုန္းယြီလန္ရဲ႕လက္ဖဝါးေပၚ ျပဳတ္က်လာခဲ့တယ္။ စာ႐ြက္ေပၚမွာ မွိန္ေဖ်ာ့ေဖ်ာ့ ေရးသားထားတာေတြက၊

【 ေတာင္းပန္ပါတယ္ သခင္။ ကြၽႏ္ုပ္တတ္ႏိုင္သေလာက္ အကုန္လုပ္ခဲ့ၿပီးပါၿပီ။ 】

"ကိစၥမရွိပါဘူးကြာ" ဖုန္းယြီလန္ေခါင္းယမ္းၿပီး ၿပဳံးျပလိုက္တယ္၊ "မင္းေၾကာင့္သာမဟုတ္ရင္ ငါ ဒီေလာက္အထိ လုပ္ႏိုင္မွာ မဟုတ္ဘူး။ မင္းေျပာတာမွန္တယ္၊ ငါကိုက တကယ္ႀကီး အားနည္းလြန္းေနတာ။ ဒီအမွန္တရားကို ငါအေစာႀကီးကတည္းက လက္ခံခဲ့သင့္တာပါ"

【 မဟုတ္ပါဘူး၊ သခင္၊ ကြၽႏ္ုပ္အျမင္ကေတာ့...သခင္က လုံလုံေလာက္ေလာက္ သန္မာေနၿပီးသားပါ။ 】

Continue Reading

You'll Also Like

259K 34.4K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
71.4K 7.7K 145
မူရင်းစာရေးသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။
482K 81.3K 127
Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I...
72.7K 10.8K 105
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...