Falling For You

By KThiMOo

124K 9.7K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
4
5
6
7
8
9
10
11
12
13
14
15
16
.
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

3

3.2K 236 3
By KThiMOo

ဒုန်း!!!!!

ဗွမ်း!!!!!!

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

သန့်ရှင်းရေးဝန်ထမ်း၏ပေါ့လျော့မှုဖြင့် ပါလာသောရေဗုံးမှောက်သွားပြီး ရေတချို့ဟာ lobby ကြမ်းပြင်မှာ ဖိတ်ကျကုန်တာကြောင့် သန့်ရှင်းရေးဝန်ထမ်းဟာ ခါးကိုင်းလို့တောင်းပန်ရင်း တစ်ဖက်ကလဲ ပြန်လည်လို့ကြမ်းတိုက်ကာ သန့်ရှင်းနေသည်...။

company lobby အတွင်း ဆူညံသံတွေကြောင့် ဥက္ကဌရှောင်းအပါအဝင် အတူသွားလာနေသော ကုမ္ပဏီအဖွဲ့ဝင်များရဲ့ခြေလှမ်းဟာရပ်သွားပြီး အသံလာရာဆီသို့ကြည့်ကြမိတဲ့အခါ ပတ်ဝန်းကျင်မှဝန်ထမ်းတွေက စိုးရိမ်တထိတ်ဖြင့်ရှိနေကြတယ်....

"သူ့ကို အလုပ်ထုတ်လိုက်တော့"

တစ်ချက်သာပြောပြီး ခြေလှမ်းကျဲတွေနဲ့ထွက်သွားသည့် ဥက္ကဌရှောင်းနောက်ကို အတွင်းရေးမှူးယွီပင်းအပါအဝင် ကုမ္ပဏီအဖွဲ့ဝင်များကလည်း ထပ်ကြပ်မကွာလိုက်သွားရသည်....။

ဥက္ကဌရှောင်းတို့တစ်ဖွဲ့လုံးရဲ့ဦးတည်ရာဟာ meeting room ထဲသို့ဖြစ်ပြီး အထဲတွင် ရှယ်ယာရှင်များနှင့် ဘုတ်အဖွဲ့ဝင်တချို့က ကြိုရောက်နေကြပြီဖြစ်သည်....။
သူတို့က ဥက္ကဌရှောင်းရောက်သည်နဲ့မတ်တပ်ထရပ်လိုက်ကြပြီး ဥက္ကဌရှောင်းက လက်တစ်ဖက်ထောင်ပြလို့ အသိအမှတ်ပြုပြီးမှ ပြန်ထိုင်ကြသည်....။

"အိုကေ ဒီနေ့အစည်းအဝေးက xxxနယ်မှာလုပ်ဖြစ်တဲ့ အိမ်ယာစီမံကိန်းနဲ့ပတ်သတ်တာဖြစ်တယ် အရင်ဆုံးပြောချင်တာက အရင်းအနှီးများနိုင်တယ် အတိုက်အခိုက်များနိုင်တယ် ဒါပေမဲ့ ရလာနိုင်တဲ့အကျိုးအမြတ်ကလဲမက်လောက်စရာဖြစ်တယ် ဒါ့ကြောင့် ရှယ်ယာရှင်တွေအနေနဲ့သေချာစဉ်းစားဖို့လိုပါမယ် ကျွန်တော့ဘက်ကတော့ ဆက်သွားမှာဖြစ်ပြီး စီမံကိန်းနဲ့ပတ်သတ်တာကို ယွီပင်းကရှင်းပြပါလိမ့်မယ်"

ဥက္ကဌရှောင်းက နေရာမှာထိုင်ပြီးတာနဲ့ အတွင်းရေးမှူးဖြစ်သူယွီပင်းမှထလာပြီး ပရောဂျက်တာတွင် စီမံကိန်းနဲ့ပတ်သတ်သောအကြောင်းအရာများကို power point ဖြင့်ရှင်းပြသည်....။

ယွီပင်းရှင်းပြတာကို ခေါင်းတငြိမ့်ငြိမ့်နှင့်လုပ်နေကြသော ကုမ္ပဏီရှယ်ယာရှင်များကို ရှောင်းကျန့်သေချာကြည့်နေမိပြီး သေချာတာကတော့ သူတို့ရဲ့စီမံကိန်းပရောဂျက်ကို မည်သူမှကန့်ကွက်မှာမဟုတ်တာကို အသေချာပင်သိနေဟန်....။

"ဟုတ်ကဲ့ အားလုံးလည်းနားလည်လောက်ပြီဆိုရင် ဒီပရောဂျက်ကိုကန့်ကွက်မဲ့သူရှိလားခင်ဗျ"

"မကန့်ကွက်ပါဘူး ဥက္ကဌရှောင်းကိုအားလုံးယုံကြည်ပြီးသားပါ"

"မကန့်ကွက်ပါဘူး"

ကန့်ကွက်သူမရှိတဲ့အခါ အစည်းအဝေးသိမ်းလိုက်ကြပြီး ဥက္ကဌရှောင်းမှ သူ့ရဲ့ရုံးခန်းသို့ပြန်သွားလေပြီ....။

"ခုနသန့်ရှင်းရေးကို တကယ်အလုပ်ထုတ်ရမှာလား ဘော့စ်"

"ငါစကားကို နှစ်ခါဘယ်တုန်းကပြောဖူးလို့လဲယွီပင်း"

"ဒါပေမဲ့ သူကအသက်ကြီးတဲ့သူဆိုတော့....."

"အသက်ကြီးတယ်ဆိုတိုင်း အလုပ်မှာပေါ့ပျက်ပျက်လုပ်တာငါမကြိုက်ဘူးယွီပင်း မင်းသိလား ငါကုမ္ပဏီထဲဝင်လိုက်တိုင်း သူအမြဲတစ်ခုမဟုတ်တစ်ခုလွဲနေတာမြင်ရတယ်....ကုမ္ပဏီရဲ့ပုံရိပ်ဟာ ရာထူးမြင့်မှရယ်မဟုတ်ဘူး အောက်ခြေဝန်ထမ်းတွေနဲ့လည်းဆိုင်တယ်....၊ ကုမ္ပဏီ lobby လိုနေရာမျိုးဆိုတာ သက်ဆိုင်ရာဌာနအသီးသီးဆီလာကြတဲ့လူတွေရှိမယ် ပြင်ပဧည့်သည်တွေဆိုလည်း အမြဲမပြတ်လာနေကြတာ နေ့တိုင်းသူ့ကြောင့်တစ်ခုမဟုတ်တစ်ခုစိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင် မင်းဘယ်လိုရှင်းမလဲ လူတိုင်းကသူ့ကိုမသိဘူး ဒါပေမဲ့ X Group ကိုတော့လူတိုင်းကသိကြတယ် ငါဘာကိုဆိုလိုချင်လဲမင်းသိမှာပါ"

"ကျွန်တော်နားလည်ပါပြီဘော့စ်"

"သူ့ကိုထုတ်ရင် အသက်ကြီးတဲ့သူမို့ ၅လစာပေးပြီးထုတ်လိုက်ပါ"

"ဟုတ်ကဲ့"

ယွီပင်းက ဘော့စ်ကိုနှုတ်ဆက်ပြီး ဆက်လုပ်ရမဲ့အလုပ်တွေလုပ်ရန် အခန်းတွင်းမှပြန်ထွက်သွားသည်...။


ဥက္ကဌရှောင်းဆိုတာ စီးပွါးရေးလောကမှာနာမည်တစ်လုံးနဲ့တည်ရှိနေတာဖြစ်ပြီး စီးပွါးရေးမှလွဲရင် အမြဲသီးသီးသန့်သန့်နေတတ်သူဖြစ်တယ်၊
အသက်အရွယ်အားဖြင့် ၂၈နှစ်သာရှိနေတဲ့ ဥက္ကဌရှောင်းဟာ ရှောင်းမိသားစုဝင်ရဲ့အငယ်ဆုံးသားဖြစ်ပြီး အစ်မဖြစ်သူကတော့ အိမ်ထောင်ရှိသူပီပီ နိုင်ငံခြားတွင်တစ်အိုးတစ်အိမ်တစ်စီးပွါးထောင်နေသူဖြစ်သည်....။

မိန်းကလေးရှင်အများစုက ဥက္ကဌရှောင်းကိုလိုချင်ကြပေမဲ့ စီးပွါးရေးမှလွဲ တခြားစိတ်မဝင်စားတဲ့အပြင် မာနကြီးပြီးခက်ထန်ဟန်ရှိတဲ့ဥက္ကဌရှောင်းကို မည်သူမှသွေးတိုးမစမ်းကြရဲ....။

အလုပ်နဲ့ပတ်သတ်ရင် စည်းကမ်းတကျရှိလွန်းတာမို့ ဥက္ကဌရှောင်းရှေ့ အမှားလုပ်မိသူတိုင်း ကြောက်ဒူးတုန်ကြစမြဲ...။

မည်သည့်ဆုံးဖြတ်ချက်ကိုမဆို နှစ်ခါမချတတ်တဲ့ ဥက္ကဌရှောင်းဟာ အမေဖြစ်သူရဲ့အလုပ်နဲ့ပတ်သတ်ရင်တော့ အမျိုးမျိုးဆုံးဖြတ်ချက်တွေပြင်ဆင်ရတယ်....။

ရှောင်းသခင်မကြီးက အလှအပကိုဝါသနာပါသူဖြစ်လင့်ကစား X beauty Saloon ဆိုတဲ့နာမည်နဲ့လည်း ဈေးကွက်ကိုထိုးဖောက်ထားတယ်....။

ဥက္ကဌရှောင်းမှာ တခြားစီးပွါးရေးလုပ်ငန်းတွေကိုဦးစီးနေရတဲ့အပြင် ရှောင်းသခင်မကြီးကြောင့်လဲ X beauty Saloon ကိုပါ ဝင်ရောက်ကြီးကြပ်ရသေးသည်....။

📲 ကျန့်ကျန့် ဆိုင်ဘက်တွေလဲတစ်ချက်သွားကြည့်ပါအုံး

📲 မာမားက ဘာလုပ်​နေလို့လဲ ဒီမှာ ပရောဂျက်တစ်ခုစနေလို့ ကျွန်တော်မအားဘူး

📲 မင်းအဖေနဲ့ငါ ဂျပန်ရောက်နေလို့ အခု xxxလမ်းကဆိုင်မှာပြသာနာတက်နေတယ်ပြောလို့ သွားကြည့်ပေးအုံးကျန့်ကျန့်ရယ်

📲 မားတို့ကဗျာ စီးပွါးရေးလုပ်ထားလဲ တာဝန်ယူတယ်လို့ကိုမရှိဘူး

📲 ငါ့သားတစ်ယောက်လုံးရှိနေတာကို အမေတို့ကဘာကိုဖြေရှင်းနေရမှာလဲ ကဲ ကဲ ပြောနေကြာတယ် မာမားပြောတာလုပ်လိုက်နော်

တီ တီ တီ.....

ကျသွားတဲ့ဖုန်းကိုကြည့်ပြီး ရှောင်းကျန့်သက်ပြင်းသာချမိတော့သည်....။
သူ စီးပွါးရေးနဲ့ကျောင်းပြီးသွားတဲ့နောက် ပါပါးတို့က လုပ်ငန်းနဲ့ပတ်သတ်သမျှအကုန်လွှဲပေးပြီး လင်မယားနှစ်ယောက်ကမ္ဘာပတ်လိုက် ဩဇီမှာရှိတဲ့ကျဲကျဲတို့ဆီသွားနေလိုက်နဲ့လုပ်နေကြသည်....။
တခါတရံ ပါပါးရဲ့အကူအညီယူရတာမျိုးရှိတတ်ပေမဲ့ နောက်ပိုင်းမှာ ရှောင်းကျန့်ကိုယ့်အားကိုယ်ကိုးပြီးဖြေရှင်းလာတာမို့ မိဘတွေကလည်း စိတ်ချလက်ချအနေအထားဖြစ်လို့နေတာမဆန်းတော့ပေ....။

လက်မှတ်ထိုးစရာတွေပြီးတော့ မာမားပြောသည့်ဆိုင်ကို ယွီပင်းနဲ့ထွက်လာခဲ့သည်....။

ဆိုင်ရောက်တာနဲ့ ဆိုင်မန်နေဂျာကိုခေါ်ခိုင်းလိုက်ပြီး ပြသာနာရဲ့အစကိုမေးကြည့်တော့....

"အခုဖြစ်တဲ့ဝန်ထမ်း၃ယောက်က customer တွေနဲ့အဆင်မပြေလို့ပါဆရာ စကားပြောတာရော လုပ်ကိုင်ပုံတွေရော အဆင်မပြေတာမို့ပါ social media ပေါ်မှာလည်း သူတို့ကြောင့် bad review တွေတက်လာပါတယ်"

"ဆိုတော့ အခု အဲဝန်ထမ်းသုံးယောက်ကိုဘယ်လိုဖြေရှင်းထားလည်း"

"၃လစာပေးပြီးအလုပ်ထုတ်မှာပါဆရာ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လည်း"

"သူတို့ကနောက်မဖြစ်စေရဘူးဆိုပြီး အတင်းတောင်းပန်နေတော့...."

"မလိုဘူး ဒီနေ့ပဲတစ်ခါတည်းထုတ်လိုက် ယွီပင်း! သူတို့အစားလူခေါ်ဖို့လုပ် ငါကိုယ်တိုင်အင်တာဗျူးမယ်"

"ဟုတ်ကဲ့ပါဘော့စ်"

>>>

————————————————————————————

Zawgyi

ဒုန္း!!!!!

ဗြမ္း!!!!!!

"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္"

သန္႔ရွင္းေရးဝန္ထမ္း၏ေပါ့ေလ်ာ့မႈျဖင့္ ပါလာေသာေရဗုံးေမွာက္သြားၿပီး ေရတခ်ိဳ႕ဟာ lobby ၾကမ္းျပင္မွာ ဖိတ္က်ကုန္တာေၾကာင့္ သန္႔ရွင္းေရးဝန္ထမ္းဟာ ခါးကိုင္းလို႔ေတာင္းပန္ရင္း တစ္ဖက္ကလဲ ျပန္လည္လို႔ၾကမ္းတိုက္ကာ သန္႔ရွင္းေနသည္...။

company lobby အတြင္း ဆူညံသံေတြေၾကာင့္ ဥကၠဌေရွာင္းအပါအဝင္ အတူသြားလာေနေသာ ကုမၸဏီအဖြဲ႕ဝင္မ်ားရဲ႕ေျခလွမ္းဟာရပ္သြားၿပီး အသံလာရာဆီသို႔ၾကည့္ၾကမိတဲ့အခါ ပတ္ဝန္းက်င္မွဝန္ထမ္းေတြက စိုးရိမ္တထိတ္ျဖင့္ရွိေနၾကတယ္....

"သူ႔ကို အလုပ္ထုတ္လိုက္ေတာ့"

တစ္ခ်က္သာေျပာၿပီး ေျခလွမ္းက်ဲေတြနဲ႔ထြက္သြားသည့္ ဥကၠဌေရွာင္းေနာက္ကို အတြင္းေရးမႉးယြီပင္းအပါအဝင္ ကုမၸဏီအဖြဲ႕ဝင္မ်ားကလည္း ထပ္ၾကပ္မကြာလိုက္သြားရသည္....။

ဥကၠဌေရွာင္းတို႔တစ္ဖြဲ႕လုံးရဲ႕ဦးတည္ရာဟာ meeting room ထဲသို႔ျဖစ္ၿပီး အထဲတြင္ ရွယ္ယာရွင္မ်ားႏွင့္ ဘုတ္အဖြဲ႕ဝင္တခ်ိဳ႕က ႀကိဳေရာက္ေနၾကၿပီျဖစ္သည္....။
သူတို႔က ဥကၠဌေရွာင္းေရာက္သည္နဲ႔မတ္တပ္ထရပ္လိုက္ၾကၿပီး ဥကၠဌေရွာင္းက လက္တစ္ဖက္ေထာင္ျပလို႔ အသိအမွတ္ျပဳၿပီးမွ ျပန္ထိုင္ၾကသည္....။

"အိုေက ဒီေန႔အစည္းအေဝးက xxxနယ္မွာလုပ္ျဖစ္တဲ့ အိမ္ယာစီမံကိန္းနဲ႔ပတ္သတ္တာျဖစ္တယ္ အရင္ဆုံးေျပာခ်င္တာက အရင္းအႏွီးမ်ားႏိုင္တယ္ အတိုက္အခိုက္မ်ားႏိုင္တယ္ ဒါေပမဲ့ ရလာႏိုင္တဲ့အက်ိဳးအျမတ္ကလဲမက္ေလာက္စရာျဖစ္တယ္ ဒါ့ေၾကာင့္ ရွယ္ယာရွင္ေတြအေနနဲ႔ေသခ်ာစဥ္းစားဖို႔လိုပါမယ္ ကြၽန္ေတာ့ဘက္ကေတာ့ ဆက္သြားမွာျဖစ္ၿပီး စီမံကိန္းနဲ႔ပတ္သတ္တာကို ယြီပင္းကရွင္းျပပါလိမ့္မယ္"

ဥကၠဌေရွာင္းက ေနရာမွာထိုင္ၿပီးတာနဲ႔ အတြင္းေရးမႉးျဖစ္သူယြီပင္းမွထလာၿပီး ပေရာဂ်က္တာတြင္ စီမံကိန္းနဲ႔ပတ္သတ္ေသာအေၾကာင္းအရာမ်ားကို power point ျဖင့္ရွင္းျပသည္....။

ယြီပင္းရွင္းျပတာကို ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္လုပ္ေနၾကေသာ ကုမၸဏီရွယ္ယာရွင္မ်ားကို ေရွာင္းက်န္႔ေသခ်ာၾကည့္ေနမိၿပီး ေသခ်ာတာကေတာ့ သူတို႔ရဲ႕စီမံကိန္းပေရာဂ်က္ကို မည္သူမွကန္႔ကြက္မွာမဟုတ္တာကို အေသခ်ာပင္သိေနဟန္....။

"ဟုတ္ကဲ့ အားလုံးလည္းနားလည္ေလာက္ၿပီဆိုရင္ ဒီပေရာဂ်က္ကိုကန္႔ကြက္မဲ့သူရွိလားခင္ဗ်"

"မကန္႔ကြက္ပါဘူး ဥကၠဌေရွာင္းကိုအားလုံးယုံၾကည္ၿပီးသားပါ"

"မကန္႔ကြက္ပါဘူး"

ကန္႔ကြက္သူမရွိတဲ့အခါ အစည္းအေဝးသိမ္းလိုက္ၾကၿပီး ဥကၠဌေရွာင္းမွ သူ႔ရဲ႕႐ုံးခန္းသို႔ျပန္သြားေလၿပီ....။

"ခုနသန္႔ရွင္းေရးကို တကယ္အလုပ္ထုတ္ရမွာလား ေဘာ့စ္"

"ငါစကားကို ႏွစ္ခါဘယ္တုန္းကေျပာဖူးလို႔လဲယြီပင္း"

"ဒါေပမဲ့ သူကအသက္ႀကီးတဲ့သူဆိုေတာ့....."

"အသက္ႀကီးတယ္ဆိုတိုင္း အလုပ္မွာေပါ့ပ်က္ပ်က္လုပ္တာငါမႀကိဳက္ဘူးယြီပင္း မင္းသိလား ငါကုမၸဏီထဲဝင္လိုက္တိုင္း သူအၿမဲတစ္ခုမဟုတ္တစ္ခုလြဲေနတာျမင္ရတယ္....ကုမၸဏီရဲ႕ပုံရိပ္ဟာ ရာထူးျမင့္မွရယ္မဟုတ္ဘူး ေအာက္ေျခဝန္ထမ္းေတြနဲ႔လည္းဆိုင္တယ္....၊ ကုမၸဏီ lobby လိုေနရာမ်ိဳးဆိုတာ သက္ဆိုင္ရာဌာနအသီးသီးဆီလာၾကတဲ့လူေတြရွိမယ္ ျပင္ပဧည့္သည္ေတြဆိုလည္း အၿမဲမျပတ္လာေနၾကတာ ေန႔တိုင္းသူ႔ေၾကာင့္တစ္ခုမဟုတ္တစ္ခုစိတ္အေႏွာက္အယွက္ျဖစ္ရတယ္ဆိုရင္ မင္းဘယ္လိုရွင္းမလဲ လူတိုင္းကသူ႔ကိုမသိဘူး ဒါေပမဲ့ X Group ကိုေတာ့လူတိုင္းကသိၾကတယ္ ငါဘာကိုဆိုလိုခ်င္လဲမင္းသိမွာပါ"

"ကြၽန္ေတာ္နားလည္ပါၿပီေဘာ့စ္"

"သူ႔ကိုထုတ္ရင္ အသက္ႀကီးတဲ့သူမို႔ ၅လစာေပးၿပီးထုတ္လိုက္ပါ"

"ဟုတ္ကဲ့"

ယြီပင္းက ေဘာ့စ္ကိုႏႈတ္ဆက္ၿပီး ဆက္လုပ္ရမဲ့အလုပ္ေတြလုပ္ရန္ အခန္းတြင္းမွျပန္ထြက္သြားသည္...။


ဥကၠဌေရွာင္းဆိုတာ စီးပြါးေရးေလာကမွာနာမည္တစ္လုံးနဲ႔တည္ရွိေနတာျဖစ္ၿပီး စီးပြါးေရးမွလြဲရင္ အၿမဲသီးသီးသန္႔သန္႔ေနတတ္သူျဖစ္တယ္၊
အသက္အ႐ြယ္အားျဖင့္ ၂၈ႏွစ္သာရွိေနတဲ့ ဥကၠဌေရွာင္းဟာ ေရွာင္းမိသားစုဝင္ရဲ႕အငယ္ဆုံးသားျဖစ္ၿပီး အစ္မျဖစ္သူကေတာ့ အိမ္ေထာင္ရွိသူပီပီ ႏိုင္ငံျခားတြင္တစ္အိုးတစ္အိမ္တစ္စီးပြါးေထာင္ေနသူျဖစ္သည္....။

မိန္းကေလးရွင္အမ်ားစုက ဥကၠဌေရွာင္းကိုလိုခ်င္ၾကေပမဲ့ စီးပြါးေရးမွလြဲ တျခားစိတ္မဝင္စားတဲ့အျပင္ မာနႀကီးၿပီးခက္ထန္ဟန္ရွိတဲ့ဥကၠဌေရွာင္းကို မည္သူမွေသြးတိုးမစမ္းၾကရဲ....။

အလုပ္နဲ႔ပတ္သတ္ရင္ စည္းကမ္းတက်ရွိလြန္းတာမို႔ ဥကၠဌေရွာင္းေရွ႕ အမွားလုပ္မိသူတိုင္း ေၾကာက္ဒူးတုန္ၾကစၿမဲ...။

မည္သည့္ဆုံးျဖတ္ခ်က္ကိုမဆို ႏွစ္ခါမခ်တတ္တဲ့ ဥကၠဌေရွာင္းဟာ အေမျဖစ္သူရဲ႕အလုပ္နဲ႔ပတ္သတ္ရင္ေတာ့ အမ်ိဳးမ်ိဳးဆုံးျဖတ္ခ်က္ေတြျပင္ဆင္ရတယ္....။

ေရွာင္းသခင္မႀကီးက အလွအပကိုဝါသနာပါသူျဖစ္လင့္ကစား X beauty Saloon ဆိုတဲ့နာမည္နဲ႔လည္း ေဈးကြက္ကိုထိုးေဖာက္ထားတယ္....။

ဥကၠဌေရွာင္းမွာ တျခားစီးပြါးေရးလုပ္ငန္းေတြကိုဦးစီးေနရတဲ့အျပင္ ေရွာင္းသခင္မႀကီးေၾကာင့္လဲ X beauty Saloon ကိုပါ ဝင္ေရာက္ႀကီးၾကပ္ရေသးသည္....။

📲 က်န္႔က်န္႔ ဆိုင္ဘက္ေတြလဲတစ္ခ်က္သြားၾကည့္ပါအုံး

📲 မာမားက ဘာလုပ္​ေနလို႔လဲ ဒီမွာ ပေရာဂ်က္တစ္ခုစေနလို႔ ကြၽန္ေတာ္မအားဘူး

📲 မင္းအေဖနဲ႔ငါ ဂ်ပန္ေရာက္ေနလို႔ အခု xxxလမ္းကဆိုင္မွာျပသာနာတက္ေနတယ္ေျပာလို႔ သြားၾကည့္ေပးအုံးက်န္႔က်န္႔ရယ္

📲 မားတို႔ကဗ်ာ စီးပြါးေရးလုပ္ထားလဲ တာဝန္ယူတယ္လို႔ကိုမရွိဘူး

📲 ငါ့သားတစ္ေယာက္လုံးရွိေနတာကို အေမတို႔ကဘာကိုေျဖရွင္းေနရမွာလဲ ကဲ ကဲ ေျပာေနၾကာတယ္ မာမားေျပာတာလုပ္လိုက္ေနာ္

တီ တီ တီ.....

က်သြားတဲ့ဖုန္းကိုၾကည့္ၿပီး ေရွာင္းက်န္႔သက္ျပင္းသာခ်မိေတာ့သည္....။
သူ စီးပြါးေရးနဲ႔ေက်ာင္းၿပီးသြားတဲ့ေနာက္ ပါပါးတို႔က လုပ္ငန္းနဲ႔ပတ္သတ္သမွ်အကုန္လႊဲေပးၿပီး လင္မယားႏွစ္ေယာက္ကမာၻပတ္လိုက္ ဩဇီမွာရွိတဲ့က်ဲက်ဲတို႔ဆီသြားေနလိုက္နဲ႔လုပ္ေနၾကသည္....။
တခါတရံ ပါပါးရဲ႕အကူအညီယူရတာမ်ိဳးရွိတတ္ေပမဲ့ ေနာက္ပိုင္းမွာ ေရွာင္းက်န္႔ကိုယ့္အားကိုယ္ကိုးၿပီးေျဖရွင္းလာတာမို႔ မိဘေတြကလည္း စိတ္ခ်လက္ခ်အေနအထားျဖစ္လို႔ေနတာမဆန္းေတာ့ေပ....။

လက္မွတ္ထိုးစရာေတြၿပီးေတာ့ မာမားေျပာသည့္ဆိုင္ကို ယြီပင္းနဲ႔ထြက္လာခဲ့သည္....။

ဆိုင္ေရာက္တာနဲ႔ ဆိုင္မန္ေနဂ်ာကိုေခၚခိုင္းလိုက္ၿပီး ျပသာနာရဲ႕အစကိုေမးၾကည့္ေတာ့....

"အခုျဖစ္တဲ့ဝန္ထမ္း၃ေယာက္က customer ေတြနဲ႔အဆင္မေျပလို႔ပါဆရာ စကားေျပာတာေရာ လုပ္ကိုင္ပုံေတြေရာ အဆင္မေျပတာမို႔ပါ social media ေပၚမွာလည္း သူတို႔ေၾကာင့္ bad review ေတြတက္လာပါတယ္"

"ဆိုေတာ့ အခု အဲဝန္ထမ္းသုံးေယာက္ကိုဘယ္လိုေျဖရွင္းထားလည္း"

"၃လစာေပးၿပီးအလုပ္ထုတ္မွာပါဆရာ ဒါေပမဲ့..."

"ဒါေပမဲ့ ဘာျဖစ္လည္း"

"သူတို႔ကေနာက္မျဖစ္ေစရဘူးဆိုၿပီး အတင္းေတာင္းပန္ေနေတာ့...."

"မလိုဘူး ဒီေန႔ပဲတစ္ခါတည္းထုတ္လိုက္ ယြီပင္း! သူတို႔အစားလူေခၚဖို႔လုပ္ ငါကိုယ္တိုင္အင္တာဗ်ဴးမယ္"

"ဟုတ္ကဲ့ပါေဘာ့စ္"

>>>

Continue Reading

You'll Also Like

106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
251K 44.8K 56
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
27.7K 3K 29
ဝိညာဉ်လေးရဲ့ ချစ်စဖွယ်အမူအရာလေးနဲ့ သူငယ်ချင်း၄ယောက်ပေါင်းလောင်းကျော်မှုတွေ ဟာသလေးနှောပြီးဖတ်ရမှာပါ။ ဝိညာဥ္ေလးရဲ႕ ခ်စ္စဖြယ္အမူအရာေလးနဲ႕ သူငယ္ခ်င္း၄ေယာ...
17.3K 1.7K 6
"မင်းကတကယ် ပြောမရ ဆိုမရလေးပဲ ဝမ်ရိပေါ်" "ပြောမရဆိုမရလေးက ဦးပြောမယ်ဆိုရင်တော့ အနစ်နာခံပြီးနားထောင်ပေးမှာမို့ လိမ္မာအောင်မဆုံးပေးချင်ဘူးလား" ^This is Z...