သားဖွားခန်းက ရင်ခုန်သံ(သားဖြာ...
By SakuraRain2000
2.3M 186K 27.1K
👨🏻‍⚕️ Main Chapter 10 parts + After Falling In Love 15 parts🌸 More
Chapter-1(Unicode)
Chapter-2(Unicode)
Chapter-3(Unicode)
Chapter-4(Unicode)
Chapter-5(Unicode)
Chapter-6(Unicode)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-9(Unicode)
Chapter-10 (Unicode)
After Falling In Love-1(Unicode)
After Falling In Love-2(Unicode)
After Falling In Love-3(Unicode)
After Falling In Love-4(Unicode)
After Falling In Love-5(Unicode)
After Falling In Love-6(Unicode)
After Falling In Love-7(Unicode)
After Falling In Love-8(Unicode)
After Falling In Love-9(Unicode)
After Falling In Love-10(Unicode)
After Falling In Love-11(Unicode)
After Falling In Love-12(Unicode)
After Falling In Love-12-2(Unicode)
After Falling In Love-13(Unicode)
After Falling In Love-14(Unicode)
After Falling In Love-15(Unicode)
Final(Unicode)
After Marriage(Unicode)
After Marriage 2(Unicode)
Chapter-1(Zawgyi)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4(Zawgyi)
Chapter-5(Zawgyi)
Chapter-6(Zawgyi)
Chapter-7(Zawgyi)
Chapter-8(Zawgyi)
Chapter-9(Zawgyi)
Chapter-10(Zawgyi)
After Falling In Love-1(Zawgyi)
After Falling In Love-2(Zawgyi)
After Falling In Love-3(Zawgyi)
After Falling In Love-4(Zawgyi)
After Falling In Love-5(Zawgyi)
After Falling In Love-6(Zawgyi)
After Falling In love-7(Zawgyi)
After Falling In Love-8(Zawgyi)
After Falling In Love-9(Zawgyi)
After Falling In Love-10(Zawgyi)
After Falling In Love-11(Zawgyi)
After Falling In Love-12(Zawgyi)
After Falling In Love-12-2(Zawgyi)
After Falling In Love-13(Zawgyi)
After Falling In Love-14(Zawgyi)
After Falling In Love-15(Zawgyi)
Final(Zawgyi)
ကျေးဇူးတင်လွှာ&Book
About Physical Book
Book Cover
🌸Preorder Now🌸
Happy Birthday U Phyo
After Marriage 2(Zawgyi)
After Marriage(Zawgyi)
11.6K 446 21
By SakuraRain2000
မီးဖိုဆောင်ထဲ နှပ်ကော်ဖီ၏မွှေးရနံ့က ခပ်သင်းသင်း။ ဤကော်ဖီနှပ်နည်းကို ထိုလူကြီးနှင့် လက်မထပ်ခင်ကတည်းက အမေ့ထံမှ လင်းထက် သင်ခဲ့တာ။ ယခုတော့ ထိုလူကြီးအကြိုက်ကော်ဖီကို မျက်စိမှိတ်နှပ်ပေးနိုင်သည်အထိ တစ်လကျော်ဟူသောအချိန်တို့က သူ့ကို ကျွမ်းကျင်စေခဲ့ပြီ။
ကော်ဖီနပ်ရန် အချိန်ခဏစောင့်ရင်း လင်းထက်အတွေးတို့က အလုပ်သင်ဆင်းစအချိန်တချို့ကို ပြန်မြင်ယောင်မိသည်။ ထိုအချိန်တုန်းက နှပ်ကော်ဖီမှသောက်သည်ဆိုသောလူကြီးက လင်းထက် ကြောက်ကြောက်လန့်လန့်နှင့်တိုက်သည့် အသင့်ဖျော်ကော်ဖီကိုတော့ ရုပ်တည်နဲ့လက်ခံယူသွားခဲ့တာ။
ထိုနေ့က မှတ်မှတ်ရရ မနက်ခင်းပင်ရှိသေးသည်ကို အိပ်ငိုက်လို့ လင်းထက်တို့သုံးယောက်လုံး နားနေခန်းထဲဝင်ပြီး ကော်ဖီဝင်သောက်ကြတာ။ အဲမှာ ဝေဝေက လင်းထက်၏ အီစီကလီမမတွေအကြောင်း လေကြောရှည်ခဲ့တာပင်။
"လင်းထက် မနေ့က ဌာနပြောင်းတွေထဲမှာ ကလေးဆောင် ၂ ကို နင့်မမတစ်ယောက်ပါလာတယ် သိလား"
"ဟုတ်လား ဘယ်မမလဲ"
"နင့်ရဲ့ခိုင်လေ"
"ခိုင်...ဘယ်ခိုင်လဲ မခိုင်ဇင်ဖူးဝေလား မနှင်းသက်ခိုင်လား"
"ဪ အေး...နင့်မှာ ခိုင်နှစ်ယောက်ဆိုတာ ငါမေ့သွားတယ်၊ ဟို မခိုင်ဇင်ဖူးဝေလေ ဆံပင်တိုတိုနဲ့ နင့်ထက်အရပ်ရှည်တဲ့အစ်မ"
လင်းထက် ကော်ဖီဖျော်နေရင်း ထခုန်မိမတက်ဖြစ်သွားသည်။ ထိုအစ်မက လင်းထက် ဆေးကျောင်းပထမနှစ်ကတည်းက ကြိတ်ခရက်ရှ်ခဲ့ရသူ။ အရပ်ရှည်ရှည် ဆံပင်တိုတိုနှင့် ရှပ်အင်္ကျီခပ်ပွပွကို ပြောင်ထမီတွေနှင့်သာ ဝတ်ဆင်တတ်ပြီး အလွန့် အလွန် မာနကြီးသည့်အပြင် စာမှလွဲ၍ တခြားဂရုမစိုက်ကာ ချေလည်းချေသည်မို့ လင်းထက်အပါအဝင် မည်သူမှကပ်မရ။
ပထမနှစ်မှာ တစ်ခါ လင်းထက် စာသင်ဆောင်ပျောက်၍ လမ်းမေးတုန်းက ဆံပင်ကို လက်ဖြင့်သပ်တင်၍ ဖြေသွားခဲ့ဖူးသည်ကိုပင် လင်းထက်မှာ ဆေးကျောင်းပြီးသည်အထိ တသသဖြစ်နေရတုန်း။
"Child 2 ဆိုတော့ အောက်ထပ်ဆောင်ပေါ့၊ ဒါဆို သည်နေ့နေ့လည် ရီပို့ ငါသွားပို့မယ်နော်၊ အခုလို ကံကြမ္မာက ငါနဲ့အနီးဆုံးကို ပို့လိုက်ပြီဆိုတော့ ဒါ ငါတို့အကြား တွေ့ကိုတွေ့ရမယ်ဆိုတဲ့ ဖူးစာပဲ"
"အေး ဖူးစာလုပ်နေ၊ နင် အစ်မမေသဇင်ကိုလည်း နေ့တိုင်းကော်ဖီဖျော်ပေးမယ်၊ ဟို OT ထဲက အစ်မတစ်ယောက်ရဲ့ account ပေးဆိုပြီး တောင်းထားသေးတယ်နော်"
"အေးလေ အခု သည်ကော်ဖီဖျော်ပေးပြီးရင် မမမျိုးရဲ့ account ကိုရတော့မှာ၊ ဝါး လင်းထက်နောင်လေး သည်နေ့ အရမ်းကံကောင်းနေပါလား"
လင်းထက် အားရပါးရပြောရင်း အသင့်ဖျော်ပြီးသွားသော ကောဖီခွက်ကိုကိုင်၍ နားနေခန်းထဲမှခပ်မြူးမြူး ထွက်လိုက်သည်။
"အမေ့"
ထိုစဉ် တံခါးဘေး၌ မျက်နှာချင်းဆိုင်တည့်တည့်ဆုံလိုက်ရသည့် လူရိပ်ကြောင့် အလန့်တကြား အမေတရင်း ခြေလှမ်းတို့ကို ကပျာကယာအရှိုန်ထိန်းလိုက်ရသည်။ မော့ကြည့်မိတော့ မရိုးနိုင်သည့် မျက်မှောက်တို့ကိုသာ သိသိသာသာတွန့်ချိုးရင်း ကြည့်နေသော ဦးဖြိုးစည်လင်းသူ။
ဘာကိုဒေါသထွက်နေမှန်းမသိပေမဲ့ တစ်ခုခုကို စိတ်မကြည်နေသည့်ဟန်မှာ အထင်အရှား။ အကြည့်စူးစူး၏အောက် ထိုလူကြီးကို နဂိုကြောက်သော လင်းထက်မှာ မျက်နှာလေးငယ်ရင်း ဒူးတွေပါတုန်ချင်သွားရသည်။
"ဘာလုပ်နေကြတာလဲ၊ ဝါ့ဒ်ထဲမှာ လုပ်စရာရှိတာမလုပ်ဘဲ သည်မှာ လေလာပေါနေရအောင် မင်းတို့မှာအချိန်တွေ တော်တော်ပေါနေလား ဟမ်"
လင်းထက် ကော်ဖီခွက်ကို တင်းတင်းကိုင်ရင်း တံတွေးမျိုချမိသည်။ အခန်းထဲမှ ဝေဝေနှင့်ကောင်းကောင်းက အသံလည်းထွက်မလာကြတော့သလို လူလည်းထွက်မလာကြ။ ယခုအခြေအနေက လင်းထက်တစ်ယောက်တည်း မုန်တိုင်းကို ရင်ဆိုင်နေရသည့်နှယ်။
"ဟို...ဟို"
ကော်ဖီလေးဝင်သောက်မိရုံကို ဤမျှစိတ်ဆိုးစရာမလိုဟု တွေးမိပေမဲ့ အတည်ကြီးတည်တင်းနေသည့်မျက်နှာကြောင့် လူက ထစ် ထစ် အ အ။ ထိုကဲ့သို့ လင်းထက် ထစ်ထစ်အအဖြစ်နေသည်အား ထိုလူကြီးက ဘာမှမပြောဘဲ ထိုအတိုင်းသာ ခပ်တည်တည် ဆက်ကြည့်နေသည်မို့ တုံ့ပြန်ရန် စကားလုံးတို့အား ရှာကြံဖွေရှာရတော့သည်။
"ဟို...ဟို အိပ်...အိပ်ငိုက်မှာစိုးလို့ ကော်...ကော်ဖီဝင်သောက်တာပါ အစ်ကို၊ အ...အစ်ကိုလည်း သောက်...သောက်ပါဦး"
လက်ထဲမှ အစ်မမေသဇင်အတွက်ဖျော်လာသော ကော်ဖီခွက်လေးအား ယောင်ယောင်ကန်းကန်းထိုးပေးမိတော့ တကယ် လက်လွှဲယူလိုက်သည့် ထိုလူကြီးကြောင့် လင်းထက်မျက်နှာလေး မသိမသာမဲ့ခနဲ။ အစ်မမေသဇင်ကို သည်ကော်ဖီခွက်မပေးရင် ဟိုအစ်မရဲ့ account မရတော့ဘူးလေ။
"သုံးယောက်လုံး မြန်မြန်လုပ်ပြီး ချက်ချင်းလိုက်ခဲ့ကြ"
ထိုလူကြီးက ပြောကာ ကော်ဖီခွက်ကို ကိုင်ရင်း လှည့်ထွက်သွားသည်။
တကယ်ကြီးယူသွားတာပဲ။ လင်းထက် အခန်းထဲ ထပ်ဝင်ပြီး ကော်ဖီလည်းမဖျော်ရဲတော့တာမို့ အခုမှ အခန်းထဲက ခေါင်းပြူလာသည့် ဟိုနှစ်ကောင်အားမကြည်ကြည့် ကြည့်ပေးခဲ့လိုက်ရင်း ဦးဖြိုးစည်လင်းသူနောက်သို့ အပြေးလိုက်ရတော့သည်။
ကောင်တာကိုရောက်တော့ အစ်မမေသဇင်အား ကော်ဖီထုပ်ကုန်သွားလို့ဟု လေပြေချိုသွေးရသေးသည်။ အစ်မမေသဇင်ကတော့ ခပ်ပြုံးပြုံးဖြင့် "ဒါဆိုလည်း မနက်ဖြန်ပေါ့" ဟု ဆိုလာသည်မို့ လင်းထက်မှာ ခပ်မဲ့မဲ့မျက်နှာထားဖြင့် မည်သူ့ကို စိတ်တိုရမလဲမသိ။ နောက်ဆုံး အစ်မမေသဇင်၏ဘေးနားတွင်သာ တဂျီဂျီကပ်နေမိတုန်း
"လင်းထက်နောင် သည်ကိုလာဦး"
ခပ်တည်တည်လှမ်းခေါ်တော့လည်း အပြေးသွားရပြန်သည်။
"သည်မှာ သွေးဖောက်ရမဲ့လူနာတွေ၊ အခု သွားဖောက်လိုက်ဦး"
ထိုးပေးလာသည့် ဆယ်ရွက်ထက်မနည်းသော စာရွက်တို့ကြောင့် လင်းထက် နာရီကိုချက်ချင်းမော့ကြည့်မိသည်။ ရီပို့ပို့ရန်အချိန်မမှီတော့မှာ စိုးခြင်းကြောင့်သာ။ ဖုန်းနံပါတ်မရလည်း ရီပို့ကတော့ပို့ရမှ ဖြစ်မည်လေ။ ထိုလူကြီးကို မျက်နှာငယ်နှင့်ကြည့်တော့ လင်းထက်ပေးထားသည့် ကော်ဖီကို ခပ်တည်တည်သောက်ရင်း လင်းထက်ကိုတော့ တစ်ချက်မှမော့မကြည့်လာ။
မတတ်နိုင်။ အကုန်လုံးကို သိမ်းကြုံးယူပြီး ခပ်သွက်သွက်လိုက်ဖောက်ပေးလိုက်ရသည်။ အားလုံးပြီး၍ ပြန်လာတော့ ရီပို့ပို့ရန်အချိန်နှင့်ကွက်တိ။
"အစ်မမေသဇင် ရီပို့ပြီးပြီလားဟင်"
"အင်း ပြီးပြီ၊ လင်းထက်လေး သွားပို့ပေးမလို့လား"
"ဟုတ်"
"အင်း သည်မှာ သည်မှာ"
လင်းထက် ဝမ်းသာအားရ ရီပို့စာအုပ်နှစ်အုပ်ကိုယူကာ ကောင်တာမှလှည့်အထွက်
"လင်းထက်နောင် ငါနဲ့ first stage အခန်းကိုလိုက်ခဲ့"
လင်းထက်ကို မကြည့်ဘဲ ဘေးမှဖြတ်သွားရင်း ဆိုသူကြောင့် ရီပို့စာအုပ်ကိုပိုက်၍ စိုင်းပြင်နေသော လင်းထက်ခြေထောက်တွေ တိခနဲ။
"ဟို အစ်ကို...ကျွန်တော် ရီပို့သွားပို့မလို့"
"ကောင်းကင်ယံကို ပို့ခိုင်းလိုက်"
လင်းထက်မျက်နှာလေး လုံးဝသိသိသာသာမဲ့ကျသွားတော့သည်။ သို့သော် အမြဲတစေတွန့်ချိုးနေတတ်သည့် မျက်ခုံးတို့အောက်မှ လှည့်ကြည့်လာသည့် ခပ်စူးစူးအကြည့်တို့ကြောင့် ကောင်းကင်ယံလက်ထဲ ရီပို့စာအုပ်တို့ကို မျက်နှာငယ်လေးဖြင့် လွှဲပြောင်းပေးခဲ့ရတော့သည်။
ထိုနေ့မှစ၍ လင်းထက်ရီပို့သွားပို့မည်ဆိုတိုင်း ဟိုအလုပ်ခိုင်း သည်အလုပ်ခိုင်းလုပ်တတ်လာသော ထိုလူကြီးက ယခုပြန်တွေးမှ ဝေဝေနှင့်လင်းထက်ပြောသမျှကို ကြားသွားခဲ့၍ဆိုသည်မှာ ဗေဒင်ပြေးမေးစရာပင်မလို။
လင်းထက် အသင့်ရပြီဖြစ်သော နှပ်ကော်ဖီကို ခွက်ထဲအသင့်ပြင်ထည့်ရင်း ပြုံးလိုက်မိသည်။ ထိုစဉ် ကော်ဖီနံ့သင်းသင်းကြား တိုးတိုက်ဝင်လာသော စန္ဒကူးနံ့သင်းပျံ့ပျံ့။
လင်းထက် ထပ်မံပြုံးလိုက်မိပြန်သည်။ စောင်းငဲ့မကြည့်ရသေးခင်မှာပင် ကျောပြင်ထက်အုပ်မိုးထွေးပွေ့သော နွေးထွေးမှုနှင့်အတူ ခါးထက်ရစ်သိုင်းသွယ်ယှက်လာသော လက်တစ်စုံ။ လင်းထက် ထိုလက်တို့အပေါ် ထပ်မိုးဖိကိုင်လိုက်ပြီး အသာခေါင်းငဲ့တော့ ပါးပြင်ထက်တိုးတိုက်သော ထွက်သက်နွေးနွေး။
"ကျွန်တော် အခန်းထဲ ယူလာပါမယ်ဆိုတာကို ဘာလို့ဆင်းလာတုန်း"
"ဘေဘီက ကြာနေတာကို"
"ကော်ဖီနပ်အောင် စောင့်နေလို့လေ၊ အစ်ကို အလုပ်တွေပြီးသွားလို့လား"
"အင်း ပြီးပြီ"
"ဟင် ပြီးတောင်သွားပြီလား၊ ကျွန်တော်က အလုပ်လုပ်ရင်း သောက်ဖို့ လာဖျော်ပေးတာကို၊ အခုနေသောက်ရင် အစ်ကိုအိပ်မပျော်တော့ဘဲ နေမယ်"
"အင်း အိပ်ဖို့လည်း စောနေသေးတယျလေ"
လင်းထက် အနောက်သို့ တည့်တည့်လှည့်လိုက်ရင်း ထိုလူကြီး၏ မေးဖြားတို့အား တစ်ချက်နမ်းရှိုက်လိုက်သည်။
"ဒါဆို ကျွန်တော်တို့ ဇာတ်ကားကြည့်ကြမလားဟင်၊ မနက်ဖြန် နှစ်ယောက်လုံး ဂျူတီမရှိဘူးလေ"
ထိုလူကြီးက လင်းထက်၏ လက်ချောင်းသွယ်သွယ်တို့အား ဆုပ်ကိုင်ကာ သူ့ပါးထက်ကပ်ထားရင်း
"ဘာကားကြည့်မလဲ"
"အခန်းထဲရောက်မှ ရှာမယ်လေ"
"အင်း"
ထိုလူႀကီးက သဘောတော်ရှိဟူသည့်အဓိပ္ပါယ်ဖြင့် မေးဆတ်ပြရင်း လင်းထက်အသင့်ပြင်ထားသော ကော်ဖီနှစ်ခွက်ကို ဝိုင်းကူသယ်ပေးသည်။ လင်းထက်က မီးဖိုထဲ ရှင်းလင်းပြီး မီးတွေပြတင်းတွေ တံခါးတွေပိတ်ပြီးမှ အပေါ်ထပ်လိုက်တက်ခဲ့လိုက်သည်။
"အမြဲ ခွင့်လွှတ်နေပါမယ်..."
အခန်းနားရောက်သည်နှင့် ကြားလိုက်ရသော သီချင်းသံကြောင့် ခေါင်းခါရင်း ပြုံးလိုက်မိပြန်သည်။ ဇာတ်ကားကြည့်ရအောင်ဟုပြောလိုက်ပေမဲ့ တီဗီကိုအရင်ကိုင်မိသော ထိုလူကြီးက မင်္ဂလာဗီဒီယိုကိုပဲ အရင်ဖွင့်ကြည့်နေနှင့်ပြီဆိုတာ။
လင်းထက် အခန်းထဲရောက်တော့ ထိုလူကြီးက တစ်ချက်သာ စောင်းငဲ့ကြည့်ပြီး အကြိမ်ကြိမ်အခါခါကြည့်ပြီးဖြစ်သော မင်္ဂလာဗီဒီယိုကို ဆက်ကြည့်နေသည်။ လင်းထက် ပြုံးရင်း ထိုလူကြီးဘေးဝင်ထိုင်လိုက်သည်။ ထို့နောက် ပခုံးထက်ခေါင်းမှီကာ "ဇာတ်ကားကြည့်မယ်ဆို" ဟု ခပ်တိုးတိုးမေးလိုက်တော့
"အင်း...ဘေဘီရွေးလေ" တဲ့။
"အင်း..."
လင်းထက်လည်း သံရှည်စွဲရေရွတ်မိပေမဲ့ တကယ်တမ်းတွင်တော့ ဖန်သားပြင်ပေါ်မှ ပုံရိပ်တို့ကိုသာ မြတ်မြတ်နိုးနိုးပြန်လည်ငေးရီမိသည်။ လင်းထက်ရဲ့ အပြုံးတွေဟာ တောက်ပနေခဲ့လိုက်တာ။ အခုရော...အင်း အခုလည်း တောက်ပနေရတုန်းပါပဲ။
"အစ်ကို"
"အင်း"
"ကျွန်တော် အများကြီး ကံကောင်းတယ်နော်"
"ဘာလို့လဲ"
"အစ်ကို့ကို ပိုင်ဆိုင်ရလို့လေ၊ ကျွန်တော့်အပေါ် ကျွန်တော့်ထက်ပိုပြီးကောင်းတဲ့ အစ်ကို့ကိုပိုင်ဆိုင်ရလို့"
"..."
ထိုလူကြီးက ဘာမှပြန်မပြောဘဲ တိတ်နေသဖြင့် ခပ်ဆူဆူမော့ကြည့်မိတော့ လင်းထက်ကို ငုံ့မိုးကြည့်နေသော အပြုံးစစကို တွေ့လိုက်ရသည်။ လင်းထက် မျက်နှာဆူမှန်းသိတော့လည်း ချက်ချင်း ဖြေရှင်းပါသည်။
"အင်း...ကိုယ်ရောပဲ၊ ကိုယ့်ဘဝမှာ မင်းရှိလာလို့ ကျေးဇူးတင်တယ်"
ထိုအခါမှ ကျေနပ်ကာ တီဗီရှိရာသို့ မျက်နှာပြန်လှည့်မိသည်။
"အစ်ကို့"
"အင်း..."
"ဖူးစာက တကယ်ဆန်းတယ်နော်"
"အင်း..."
"ကျွန်တော်နဲ့အစ်ကိုက ကျောင်းတစ်ကျောင်းတည်းမှာ ပထမနှစ်နဲ့နောက်ဆုံးနှစ်ဆိုပြီး တစ်နှစ်တောင်အတူတူရှိခဲ့ကြပေမဲ့ မဆုံခဲ့ကြဘူးလေ"
"အင်း..."
ထိုလူကြီးက လင်းထက်နဖူးထက် ခပ်နွေးနွေးရှိုက်နမ်းရင်း တိုးတိုးတိတ်တိတ်။
"တကယ်လို့များ ကျွန်တော်အလုပ်သင်ဆင်းတော့မှ တွေ့တာမဟုတ်ဘဲ အဲအချိန်ကတည်းက တွေ့ခဲ့ကြရင် ကျွန်တော်တို့ကြား တစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာလားဟင်"
"ဘာကိုပြောင်းရမှာလဲ"
"သည်လိုလေ အစ်ကိုရာ၊ ဖူးစာဆိုတာ အချိန်မှန် နေရာမှနျ လူမှန်မှ ဆုံတာမျိုးလေ၊ လူမှန်နေရင်တောင် အချိန်မမှန် နေရာမမှန်ရင် ဝေးကြရတာပဲမဟုတ်လား၊ အခု ကျွန်တော်တို့က အချိန်ရောလူရောမှန်ခဲ့လိုသာ ဆုံခဲ့ရတာလေ၊ အဲထက်စောပြီးတွေ့ခဲ့ရင် အဲဒါ ကျွန်တော်တို့အတွက် အချိန်မှားများဖြစ်နေမလား"
လင်းထက်၏ ခပ်ရှုပ်ရှုပ်အတွေးတို့ကို ထိုလူကြီးက ရိုးရာမပျက် မျက်မှောက်ကုတ်ကြည့်လာရင်း
"အဲဒါတွေက အခုချိန်မှာတွေးဖို့ လိုသေးလို့လား...ဟင် လင်းထက်နောင်"
"ဘာပဲဖြစ်ဖြစ် တွေးကြည့်မိနေတာကို၊ တကယ်လို့များဆိုပြီး တွေးမိရင်တောင် ကျွန်တော် အစ်ကို့ကို လက်လွှတ်လိုက်ရမှာ၊ မပိုင်ဆိုင်လိုက်ရမှာကို နှမြောတယ်"
ထိုလူကြီးက ခေါင်းခါရင်း အနောက်ကို ကျောမှီထားရာမှ ကိုယ်ကိုမတ်လိုက်ပြီး လင်းထက်ကို သူနှင့်မျက်နှာချင်းဆိုင်စေသည်။
"ကိုယ့်ကိုကြည့် ဘေဘီ"
ဖန်သားပြင်မှ အလင်းတို့၏ရောင်ပြန်ဟပ်မှုကြောင့် ထိုလူကြီးမျက်နှာထက် အလင်းအမှောင်တို့က တဖျတ်ဖျတ်ပြောင်းလဲနေသည်။ သို့သော် လုံးဝမပြောင်းလဲသည်ကတော့ မျက်ဝန်းတို့ထက်မှ တည်ကြည်လေးနက်မှုတို့။
"အစ်ကို"
လင်းထက် ခပ်ဖွဖွခေါ်မိတော့ ထိုလူကြီးက လင်းထက်လက်ဖျားတို့အား ခပ်တင်းတင်းဆုပ်ကိုင်လာရင်း တမြတ်တနိုးနမ်းရှိုက်သည်။ အပြုအမူအသေးစိတ်တစ်ခုချင်းစီတိုင်းမှာ လွှမ်းခြုံသော မေတ္တာတို့က လင်းထက်အတွက် ရာသက်ပန်စိတ်ချမ်းမြေ့စေရာ။
"ကိုယ့်ကိုယ်ပဲကြည့် ဘေဘီ၊ အချိန်တိုင်း ဘေဘီသိထားရမှာက ဘယ်အချိန် ဘယ်နေရာမှာပဲ တွေ့တွေ့ အဲလူက ဘေဘီဖြစ်နေတယ်ဆိုတာနဲ့တင် အရာအားလုံးကို မှန်ကန်အောင် ကိုယ်လုပ်မယ်၊ ကိုယ့်နှလုံးသားအတွက် မှန်ကန်တဲ့သူဖြစ်နေပြီဆိုတာနဲ့ အရာအားလုံးကိုလည်း မှန်ကန်အောင် အရိုးကြေကြေအရည်ခမ်းခမ်း ကိုယ်ကြိုးစားပေးမယ်၊ သည်တော့ ဘေဘီ့စိတ်ကို ပင်ပန်းစေမဲ့ တကယ်လို့ဆိုတဲ့ အတွေးတွေကို ဖယ်ပြီး ကိုယ်က ဘေဘီ့အတွက် အမှန်ကန်ဆုံးလူတစ်ယောက်လို့ပဲ တွေးထားပေး၊ အဲလိုဖြစ်အောင်လည်း မင်းကို ကိုယ်ထားမှာ"
စကားလုံးတို့ သက်သက်ဆိုရင်တောင် ချစ်ရသူထံမှမို့ ပျားသကာလိုချိုမြနေခဲ့ပြီးချေပြီ။ သို့ပေမဲ့ ဒါက စကားသက်သက်ချည်းလည်းဟုတ်မနေခဲ့ချေ။
"ကျွန်တော် အစ်ကို့ကို အများကြီးချစ်တယ်နော်"
"အင်း ကိုယ်ရောပဲ"
ချက်ချင်းတုံ့ပြန်သူကြောင့် ကြည်ကြည်စင်စင်ပြုံးမိရင်း လည်တိုင်းတို့ထက် ခိုတွဲ၍ ခပ်ဖွဖွထိတွေ့ရုံ နမ်းရှိုက်မိတော့ ခါးထက်သို့ တင်းကြပ်စွာ ပွေးထိန်းလိုက်သော လက်တစ်စုံနှင့်အတူ တုံ့ပြန်အနမ်းတို့က ရှိုန်းမြမြနှင့်ပြင်းရှရှ။
"အစ်ကို့"
"အင်း"
"တီဗီကြည့်မယ်လေ"
"မနက်ဖြန် ဂျူတီပိတ်တယ်မဟုတ်လား"
မဆီလျှော်သော တုံ့ပြန်စကားသံ၏အဆုံး လင်းထက်၏ ရယ်သံတိုးဖွဖွဟာ မရိုးနိုင်စွာ အခန်းထဲလွင့်ပျံလာခဲ့တော့သည်။
***********************
အစ်ကိုတို့ စာအုပ်ကလေး အော်ဒါကောက်တဲ့ကာလ အထိန်းအမှတ်အနေနဲ့ ရေးပေးတာပါ။ သားဖွားဆောင်က လူပျိုကြီးနဲ့လင်းထက်လေးတို့ကို အိမ်ခေါ်ပေးတဲ့စာဖတ်သူအားလုံးကိုလည်း သူတို့အစားအများကြီးကျေးဇူးတင်ရပါတယ်။ မခေါ်နိုင်တဲ့ကလေးတွေအတွက်လည်း Wattpad မှာ အမြဲရှိနေမှာပါနော်။
အကယ်၍ စာအုပ်လေးကို မှာယူချင်တယ်ဆိုရင်တော့ Monsoon(မွန်ဆွန်း) Book House မှာ 6.12.2022 အထိ အော်ဒါတင်လို့ရပါသေးတယ်နော်။ Instoke မှဝယ်မယ်ဆိုရင် ဈေးအပြောင်းအလဲလေးရှိတာမို့ ဝယ်ဖို့ဆန္ဒရှိတယ်ဆိုရင် Preorder မှာကတည်းက Half Prepaid နဲ့မှာတာမျိုးက ပိုအဆင်ပြေကြောင်း ဆာကူရာကတော့ အကြံပြုလိုပါတယ်။
အားလုံးကို ကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸
Continue Reading
You'll Also Like
346K 24.6K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
1.4M 180K 151
915K 138K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
1.1M 60.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...