ဒဏ္ဏာရီ - θρύλος (completed-9)
By trollz22
29.2K 1.9K 43
တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More
၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀
971 78 2
By trollz22
ပြဿနာတွေကကိုယ့်ထံလာပြီဆိုတောက်လျောက်လာတက်သည်ဆိုတာမှန်သည်။ လွန်ခဲ့သည့်တစ်ပတ်ကသူမတို့အလုပ်မှာ တစ်ဖတ်က ကွန်တိန်နာတစ်စီးဆိတ်ကမ်းကပ်ချိန် မှာလိုက်သည့်ပစ္စည်းစာရင်းများမကိုက်၍ order ပြန်စီစစ်ရသောအခါအချိန်များစွာပေးလိုက်ရ၍ ထိုပေးလိုက်ရသည့်အချိန်များအတွင်း တစ်ဖတ်သူမတို့ ကုမ္ပဏီအတွက်လဲ များစွာထိခိုက်ရပေသည်။ ထိုမှမပြီးသေး ဂိုထောင်တစ်ခု၌လဲ expire product များ ပိုများလာခြင်းကြောင့်အတော်လေးဒုက္ခရောက်ခဲ့ရသည်။ management team အနေဖြင့်သေချာမစီစဥ်မိသည့်အမှားကနေ သူမထံသို့ report ရောက်လာသောအခါ ထိုအခြေအနေများကိုပိုမိုသိရှိစေရန်အလို့ငှာ သူမကိုယ်တိုင်သွားကြည့်ရသည့်အခြေအနေဖြစ်သွားခဲ့ရသည်။
ဒီကြားထဲ စာရင်းပြန်စစ်တော့ အဝင်အထွက်စာရင်းမကိုက်သည့်ပစ္စည်းများအပြင် တစ်ခြားသောအကြောင်းအရာများကြောင့် တော်တော်လေးခေါင်းစားခဲ့ရသည်။ အလုပ်ကိုပေါ့လျော့သောလက်အောက်ဝန်ထမ်းများကိုလဲ ဒါမျိုးထပ်ဖြစ်လျှင် အရေးယူခံရမည်ဖြစ်ကြောင်းလဲတစ်ဖတ်လှည့်နှင့်ပြောရသေးသည်။
ထိုအဖြစ်အပျက်များအတွက် HR နှင့်တိုင်ပင်ကာ စည်းကမ်းများလဲထပ်တိုးရအုန်းမည့်အခြေအနေဖြစ်သည်။ ဌာနတစ်ခုတည်းအတွက်အဟုတ်ပါပဲ ဌာနအားလုံးကိုလဲအနောက်မှ checking ပြန်လိုက်ရသည်။ ထိုအတွက်ကြောင့် သုံးပတ်နီးပါသူမ၏အချိန်များကအလုပ်၌သာကုန်ဆုံးနေခဲ့ရသည်။
"ကျစ် ရှိုင်း နင်အဲ့ဖုန်းကိုပဲတစ်ချိန်လုံးကိုင်နေမယ်ဆို အပြင်ထွက်သွားလိုက်တော့"
သူမအလုပ်လုပ်နေတဲ့စားပွဲရှေ့လာပြီး တစ်တောက်တောက်နှင့်စာပို့နေသည့် ရှိုင်းထက်ပိုင် ကိုသူမအနေဖြင့် မျက်စိဆံပင်မွှေးစူးလေချေပြီ။
"ဏာရီကလဲ နင်ကအမြဲငါ့ကိုပြောဖို့ကြီးပဲ"
"ဒါဆိုနင်အခုငါ့ဆီဘာလာလုပ်တာလဲ နင့်အဖေနဲ့စကားများလာလို့ငါ့ဆီလာရှုပ်တာလို့တော့မပြောနဲ့"
"ဟီးဟီး နင်ကလဲသိရဲ့သားနဲ့ ဒယ်ဒီကငါ့ကိုဆိုအမြဲအပြစ်မြင်နေတာလဲနင်သိရဲသားနဲ့ သူက သူ့ရဲသိပ်တော်သိပ်ထက်တဲ့သူ့သားအကြီးကောင်ကိုပဲသားလို့သက်မှတ်တာကို"
"ရှိုင်း ရယ် နင်လဲလိမ်လိမ်မာမာနေပြရင် အန်ကယ်ကနင့်ကိုကြည်ဖြူမှာပါ"
"တော် နင်ကသူ့ရှေ့နေလား သူ့ဘက်လိုက်ပေးနေတာ"
"အပိုတွေမပြောနဲ့ အခုလာရင်းကိစ္စကိုသာပြောငါအာရုံတွေအရမ်းနောက်နေပြီနော်"
"တလောက ငါတို့သွားတဲ့ club လေ အဲ့တာသွားမလို့ ငါနဲ့လိုက်ခဲ့ပါလားဟင် နင်လဲအလုပ်တွေထဲအာရုံနောက်နေတာမဟုတ်လား စိတ်ပြေလက်ပျောက်လိုက်ခဲ့ပါလား"
အခုမှ သူရဲ့အကြံအစည်ကို သိပါတော့သည်။ သူ club သွားချင်နေတာနဲ့ သူမအားဒုက္ခလာပေးနေတဲ့သူငယ်ချင်းအကောင်းစားလေးပါပဲ။
"ငါ့အကြောင်းမသိတာလဲမဟုတ်ပဲနဲ့ ရှိုင်းရယ်"
"ငါသိပါတယ်ဟာငါသိပါတယ် နင့်အတွက်အခန်းသက်သက်ယူပေးမယ်လေနော် ဒီတိုင်းလိုက်ပေးခဲ့ယုံပါပဲနော်နော်"
ထိုသို့ ယောကျ်ားလေးတစ်ယောက်လာချွဲပြနေရင်သူမအနေဖြင့်အမြင်ကပ်လောက်ပေမဲ့ ရှိုင်းထက်ပိုင်ကသူမအတွက်မောင်တစ်ယောက်လိုသူငယ်ချင်းတစ်ယောက်လိုဖြစ်နေ၍သူ့မစိတ်ထဲတွင်အမြင်ကပ်ခြင်းမရှိ။ ရှိုင်းထက်ပိုင်အကြောင်းကိုသူမလောက်မည်သူသိနိုင်အုန်းမည်နည်း။ အပြင်ပန်းသာအဆင်ပြေနေပေမဲ့ သူမနည်းတူစိတ်ဒဏ်ရာတွေပြည့်နေတဲ့သူတစ်ယောက်ဆိုတာ။
"မငြင်းဘူးဆိုတော့လိုက်မှာမဟုတ်လားဟင်"
ဘာမှပြန်မပြောချင်းကသူမ၏အဖြေပဲဆိုတာကို သိနေသောထိုသကောင့်သားသည် သူ့ဖုန်းတစ်လုံးနှင့်ပြန်အလုပ်ရှုပ်နေပြန်သည်။ မဆီမဆိုင် ထို club မှာတွေ့ခဲ့သည့် မိန်းခလေးအကြောင်းကတော့သူမအတွေးထဲဖျတ်ခနဲဝင်လာခဲ့ပြန်သည်။
club လာချင်တာ ရှိုင်းထက်ပိုင် ဖြစ်၍ ဘယ်အချိန်ကထဲကချိန်းဆိုထားမှန်းမသိသည့်သူများနှင့်ရယ်မောနေလေရဲ့။ သူမကတော့ waiter ​ကောင်လေးလမ်းပြပေးသည့် အခန်းတစ်ခုသို့သာဝင်နေလိုက်တော့သည်။
ပိုက်ဆံရှိလူတန်းစားတစ်ရပ်အတွက်သာရည်ရွယ်ထားသည့် ဤ VVIP room သည် အတော်လေးကို facility ကော decoration မှာပါအဆင်ပြေသည်။ room တစ်ခုမဟုတ်ပါပဲ ဘားအသေးစားလေးဟုတောင်ဆိုနိုင်ပေသည်။ mini bar ပုံစံ ကော့တေးပြုလုပ်ရန်ပစ္စည်းများလဲရှိနေသေးသည်။
club ကိုလာပြီး တစ်ယောက်ထဲထိုင်နေရတာသိပ်ပြီးပုံစံမကျပေမဲ့ နာရီကိုကြည့်လိုက် ipad ကိုကြည့်လိုက်ဖြင့်သာ။ room ထဲမှာ lobby ကိုဆက်သွယ်လို့ရမည့်ဖုန်းကိုမြင်သောအခါသူမစိတ်ကူးထဲ ပေါ်လာသောတစ်စုံတစ်ယောက်အားရှိနေသလားဟုသိချင်သောကြောင့်ဖုန်းဆက်သင့်မဆက်သင့်စဥ်းစားနေခဲ့ရသေးသည်။
ဖုန်းဆက်ပြီးသည့်နောက်သူမကိုသူမနားမလည်နိုင်ပါ။ ဘာကြောင့်များ ထိုမိန်းခလေးအားတွေ့ချင်နေရသနည်းဟူသောမေးခွန်းကိုဆက်တိုက်ထုတ်နေမိသည်။ မကြာပါ တံခါးခေါက်သံတစ်ခုကြားလိုက်ရပြီး တံခါးပွင့်လာပြီးနောက် အပြုံးတစ်ခုနှင့်ဝင်လာသည့်ထိုအမျိုးသမီး။
"ရှင်..."
အချိန်အတော်ကြာတဲ့အထိအခန်းထဲကလေထုကအေးဆက်ဆက်။
"တခြားသူတွေကော ရှင်တစ်ယောက်ထဲလား"
"ဟုတ်တယ် ကိုယ်တစ်ယောက်ထဲပဲ".
သူမအဖြေကိုကြားသောအခါ မျက်ခုံးများပင့်တက်သွားတဲ့အထိအံသြဟန်ပြုနေသည့်ထိုအမျိုးသမီး။
"ဆိုတော့ ကျွန်မကိုခေါ်တာရှင်ပေါ့...အဟား ရှင်ကစိတ်ဝင်စားဖို့တော့ကောင်းသားပဲ ပုံမှန်ဆို high boss lady တွေအများစုက ကောင်လေးငယ်ငယ်လေးတွေကိုသဘောကျတာ"
"တို့က lady မဟုတ်ပါဘူးနော်"
"အမျိုးသမီးတစ်ယောက်ကို service မပေးဖူးတော့ဘယ်လိုနေရမလဲတောင်မသိတော့ဘူး"
"မလိုပါဘူး တို့ဒီအတိုင်း တို့ဘေးနားမှာအဖော်တစ်ယောက်လိုအပ်နေလို့လေ ပြီးတော့ဒီမှာတို့သိတဲ့သူကမင်းပဲရှိတာလေ"
ထိုအမျိုးသမီးကသူမကိုပြုံးနေလေရဲ့သူမရဲ့စကားကိုလေ။ နောက်တော့ သူမ ipad နဲ့အလုပ်ရှုပ်ချင်ယောင်ဆောင်လိုက်တယ်။ ထိုအမျိုးသမီးကတော့သူမကိုပဲထိုင်ကြည့်နေသည်ဆိုတာကိုတော့သူမသိလေသည်။ အခုမှအခန်းအပူချိန်ကတိုးလာသလို။ အပေါ်ကုပ်ကိုချွတ်လိုက်ပြီး အဲကွန်းရီမုကိုလိုက်ရှာတော့ ထိုအမျိုးသမီးကပင်အလိုက်တသိ။
"ကျေးဇူး"
"အာ..ရှင် ကော့တေးသောက်မလား ကျွန်မလုပ်ပေးမယ်လေ"
"မင်းလုပ်တက်တာလား"
"အင်း ဒီကကောင်မလေးတော်တော်များများတော့စပ်တက်တယ် ကိုယ်ကျွမ်းကျင်သလိုပေါ့ ခဏစောင့်"
ထိုအမျိုးသမီး၏လှုပ်ရှားပုံအဆင့်ဆင့်ကိုသူမ မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။ မသိရင်တကယ့် pro တစ်ယောက်လိုပင်။ အရင်တစ်ခါလိုပဲ ထိုအမျိုးသမီးက နှုတ်ခမ်းနီကိုရဲရဲဆွေးဆွေးလေးဆိုးထားတယ်။ နောက် သူ့body ကောက်ကြောင်းပေါ်စေမဲ့အဝတ်အစားကိုဝတ်ဆင်ထားလေတယ်။ မိတ်ကပ်ကိုခပ်ပါးပါးလေးလိမ်းထားတာတောင် သူမကိုလှတယ်ထင်စေတယ်။
"မင်းကလှသားပဲ"
သူမပါးစပ်ကနေ လွှတ်ခနဲထွက်သွားသည့်စကားက အပြောခံရသည့်ထိုအမျိုးသမီးတော့မသိပါ သူမကိုယ်တိုင်ရှက်သွားရလေသည်။
"ရှင်ကရုတ်တရပ်ကြီးထပြောတော့တာပဲနော် တခြားသူတွေအဲ့လိုပြောလာရင်ဘာမှမဖြစ်ပေမဲ့ ရှင်ကကျအရမ်းပွင့်လင်းတာပဲ"
သေချာပါတယ် သူမနည်းတူပဲ ထိုအမျိုးသမီးလဲရှက်သွားတယ်ဆိုတာ။ ကျွမ်းကျင်စွာပင်ထိုအမျိုးသမီးက ကော့တေးတစ်ခွက်ကိုခဏလေးနဲ့ဖျော်စပ်ပြီးသွားလေရဲ့။ နောက်ပြီး ထိုအမျိုးသမီးရဲ့ ညို့လဲ့လဲ့အကြည့်တွေနဲ့ရင်မဆိုင်ရဲလောက်အောင်ပင် ကော့တေးခွက်မှာပင်အာရုံပြုထားရလေတယ်။ ခုနကသူမတို့ကြားမှာအတော်လေးအကွာအဝေးရှိတယ်ဆိုရင် ယခုသူမနှင့်လက်တစ်ထောင်အကွာအဝေးပဲခြားလေတယ်။
"ဘယ်လိုလဲအဆင်ပြေရဲ့လား"
"မဆိုးပါဘူး ကောင်းသားပဲ"
"အမ်း...ဟိုနေ့က.."
"ဒါနဲ့..."
နှစ်ယောက်သားစကားတိုက်သွားတော့ အတူတူပြုံးမိသွားပြန်သေးသည်။
"မင်းအရင်ပြောလေ"
"ရှင်အရင်ပြောပါ ရှင်က customer ပဲ ဦးစားပေးရမှာပေါ့"
"အိုကေလေ ဟိုနေ့က တို့ပြန်သွားတော့ မင်း..အာ..မင်းနဲ့ဟိုလူ..တို့ပြောချင်တာသိလား"
"ကျွန်မတို့က ကိုယ့်ဘာသာကာကွယ်တက်ပါတယ် အကယ်၍လွန်လာရင်တော့ save bell ရှိတယ်လေ ရှင်ပြန်သွားပြီးနောက်တော့ သူ့ဆီဖုန်းဝင်လာတယ်သူ့အိမ်ကလားမသိပါဘူး ဟားဟားရီရတယ်နော် တစ်ချို့ယောကျ်ားတွေများကျတော့လဲ ကြောင်သူတော်ကြီးတွေလိုပဲ"
ထိုဖြေရှင်းချက်ကိုကြားတော့သူမစိတ်ထဲပေါ့ပါးသွားသလို။ နောက်ပြီးသူမပြောချင်တဲ့အဓိပ္ပါယ်ကိုလဲနားလည်နေတော့ သူမနည်းတူရီမိသွားလေတယ်။
"မင်းကကောတို့ကိုဘာပြောချင်လို့လဲ"
"အင်း..ရှင်အဆင်ပြေရဲ့လားသိချင်လို့ပါ ရှင့်မျက်ဝန်းတွေထဲမှာ စိတ်ညစ်နေတဲ့အငွေ့အသက်တွေတွေ့နေရတယ်လေ ပြီးတော့စိတ်ရှုတ်နေသလိုပဲ အရင်တစ်ခေါက်တွေ့တုန်းကထပ်မျက်နှာချောင်သွားသလိုပဲ"
"ဟားဟား မသိရင်တို့နဲ့မင်းကအမြဲတွေ့နေတဲ့သူကျနေတာပဲ ဟုတ်တယ် တို့ဒီရက်ပိုင်းအလုပ်ထဲပဲအာရုံစိုက်ဖြစ်နေလို့ ဟိုနေ့ကတို့သူငယ်ချင်းလေ သူကဒီကိုလာချင်တယ်ဆိုတာနဲ့ တို့လဲစိတ်ပြေလက်ပျောက်လိုက်လာလိုက်တာ နောက်တော့မင်းကိုခေါ်ဖြစ်သွားတယ်ဆိုပါတော့"
"ဒါနဲ့ ရှင်ကျ ကျွန်မနာမည်ကိုသိပြီး ကျွန်မကျတော့ရှင့်နာမည်ကိုမသိရသေးဘူးနော်"
"အာ ဟုတ်သားပဲ ကိုယ့်နာမည် ဒဏ္ဏာရီပါ"
"ရှင့်နာမည်နဲ့ရှင်နဲလိုက်သားပဲ နောက်ပြီး နာမည်လိုပဲ ဒဏ္ဏာရီဆန်တယ် မိန်းခလေးဖြစ်ပေမဲ့ ရှင့်မှာအလိုလိုနေရင်းရှိန်နေရမဲ့အငွေ့အသက်တွေပေါ်လွင်နေတယ်သိလား"
သူတွေ့ဖူးတဲ့မိန်းမတော်တော်များများက နိုဝယ် ဆိုတဲ့အမျိုးသမီးနှင့်ကွဲပြားတယ်။ သူမကိုအဓိပ္ပါယ်ဖွင့်ဆိုနေတဲ့ နိုဝယ်ဆိုသည့်အမျိုးသမီးမှာလဲ သူ့ရဲ့ကိုယ်ပိုင်အငွေ့အသက်တွေရှိနေလေတယ်။
သူမနှင့်အရပ်မတိန်းမရိမ်းဆိုပေမဲ့ ဒေါက်ဝတ်ထားသည့် နိုဝယ်ကမသိလျှင်အရပ်ပိုရှည်သယောင်။ ပြေပျစ်လှပတဲ့ကိုယ်ခန္ဓာအချိုးအစားကြောင့် အားကစားလိုက်စားတဲ့သူလို့ဆိုနိုင်တယ်။ ဘာမှမပြင်မဆင်ပဲလူကြားထဲသွားရင်တောင်ငေးကြည့်ရလောက်မဲ့အမျိုးသမီးတစ်ဦးကဲ့သို့ပင်။
သူတို့နှစ်ယောက်စကားကောင်းနေချိန် သူမထံဖုန်းဝင်လာသည်က ရှိုင်း။
"ဟယ်လို"
"..."
"ပြန်ကျမယ်လေ ငါအပြင်မှာစောင့်နေမယ်နော်"
ပြန်ဖို့ဖြစ်လာတော့ သူမရှေ့ကအမျိုးသမီးနှင့်နှုတ်ဆက်ရတော့မည်ဖြစ်သည်။
"ပြန်တော့မှာလား"
"အင်း ပြန်တော့မယ်လေ ဘာပြောစရာရှိလို့လဲ"
"ဟင့်အင်း ဒါဆိုကောင်းကောင်းပြန်ပါနော်"
သက်ပြင်းသဲ့သဲ့လေးချကာပြန်တော့မည်လုပ်တော့ ဘေးနားကနေဖျတ်သွားတဲ့သူမ ခါးအင်္ကျီစကိုခပ်ဖွဖွလေးဆွဲထားတဲ့သူမ။ ထိုသို့ဆွဲထားမိခြင်းကသံယောဇဥ်ကြိုးတွေကိုရစ်ဖွဲ့စေလေတယ်။
"နောက်တစ်ခါလာအုန်းမှာလားဟင်"
"တို့လဲမသိဘူး မင်းကောတို့ကိုလာစေချင်လား"
ပြန်ဖြေသံမကြားရပေမဲ့ တွေဝေသွားတဲ့ မျက်ဝန်းတွေကိုတော့ ဒဏ္ဏာရီမြင်လိုက်ရတယ်။ ထိုမျက်ဝန်းတွေကသူမအတွက်နွံတွေဆိုတာသူသိသင့်တယ်။
ခါးနားမှလက်တစ်ဖတ်ကိုသာသာလေးဆုတ်ကိုင်ရင်းခပ်ဖွဖွလေးလက်ဖမိုးကိုအနမ်းပေးမိတယ်။ ဒါသူမစိတ်ထဲကလုပ်ချင်နေတဲ့အပြုအမှုကိုသူမကိုယ်တိုင်စိတ်ပါစွာလှုပ်မိသွားတာဖြစ်မယ်။
"တို့မင်းကိုဆက်သွယ်လိုက်ပါ့မယ် လာဖြစ်ခဲ့ရင်"
ထိုနေ့ကစလို့ ကြိုးစတစ်စကသူတို့နှစ်ယောက်ကြားမှာဖြစ်ပေါ်လာတယ်။ အင်း ဖြတ်ပစ်ရခတ်မဲ့ကြိုးလို့ပြောနိုင်ပါတယ်။
×
tbc
trollZ
Continue Reading
You'll Also Like
12.5K 629 22
9.8K 494 18
သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင်'' မင်းထိုက်ဝဿန်: ''မောင် နည်းနည...
82.9K 2.6K 31
Only the figure's eyes were visible, the rest hidden by a changewing cloak. Hiccup's jaw dropped as he realized. He knew those eyes. * The Dragon Rid...