ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.2K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

2.3K 96 5
By trollz22

ရောင်စုံမီးရောင်များအောက်မှာစုစုရုံးရုံးနှင့်ကနေကျသည့်လူငယ်များစွာ။ ထိုနေရာမှကျော်လျှင် VIP များအတွက်သီးသန့်လုပ်ပေးထားပါသော အခန်းများ။ အခန်းနံပါတ် ၁၀၆ ဟူသည့် No.106 ဟုရေးထားသည့်အခန်းအတွင်း၌တော့ သားသားနားနားဝတ်စားဆင်ယင်ထားသော အမျိုးသမီးများနှင့်အမျိုးသားတစ်ချို့။

"ဏာရီ အဆင်ပြေရဲ့လား"

"နင်တောင်းဆိုလို့သာငါလာခဲ့ရတာ ရှိုင်း ရယ် ငါဒီလိုနေရာတွေနဲ့အဆင်မပြေတာသိရက်နဲ့"

"ငါသိပါတယ်ဟာ ငါလဲ သူတို့နဲ့ chat ထဲမှာပြောတုန်းကပြောပါသေးတယ် ဏာရီ ကိုပါခေါ်မယ်ဆို ဒီလိုဆိုင်မျိုးမှာမလုပ်ဖို့"

"ငါသန့်စင်ခန်းခဏသွားလိုက်အုန်းမယ်"

ရှိုင်းမျက်နှာဘယ်လိုဖြစ်ကျန်ခဲ့မည်ဆိုတာသူသိသည်။ ရှိုင်း ကသူမအခင်ဆုံးသူငယ်ချင်းဖြစ်နေ၍သာ သူ့မျက်နှာထောက်ထားပြီးလာခဲ့ရသည့်နေရာ။

ဏာရီ။ ရှိုင်း တစ်ယောက်သာလျှင် ခေါ်သော သူမ၏နာမည်။ သူတို့နှစ်ယောက်စပြီးခင်နင်ကထဲက သူမခွင့်ပြုချက်မရခင်ကထဲက ခေါ်ခဲ့ပါသော။ သူမနာမည်က ဒဏ္ဏာရီ။ တင်စီးတယ်ထင်သလား။ ဒါမှမဟုတ် ဆန်းကြယ်နေသလား။ ဤနာမကို ပေးခဲ့သည့် သူမ၏အဖိုးဖြစ်သူသာလျှင်သိပါလိမ့်မည်။

သူမလက်ရှိရောက်နေသည်ကား ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခု။ ငယ်စဥ်ကထဲကရွှေဇွန်းကိုင်ပြီးမွေးဖွားလာရသူဖြစ်၍ ပိုက်ဆံရှိအသိုင်းအဝိုင်းသာလျှင်တက်ခွင့်ရှိပါသော private school မှာသာထားသည်။ သို့ဖြစ်ပါ၍ လက်ရှိအခန်းထဲ၌ကျန်ခဲ့သူများက ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကဟုဆိုလျှင်မှားမည်မဟုတ်ပါ။ သို့ပေမဲ့ အခုလို ဟိတ်ကြီးဟန်ကြီးနှင့်နေရသည့်ဘဝကိုသူမနှစ်မြို့နိုင်ခဲ့ပါ။

Toilet ထဲရောက်တော့ စိတ်ရှုတ်ထွေးစွာဖြင့် အပေါ်ထပ်ဝတ်လာပါသော blazer ကိုချွတ်လိုက်တော့ အောက်တစ်ထပ်ခံထားသည့် အဖြူရောင်ခပ်ပါးပါးတစ်ထည် သူ့အောက်တွင်တော့ အနတ်ရောက် bra ကအထင်းသား။

အဖြူရောင် shirt အင်္ကျီကို ရင်ညွှန့်နားကကြယ်သီးတစ်လုံးအားဖြုတ်လိုက်ကာ အသက်ဝဝရှူမိနေသည်။

"စိတ်ပျက်ဖို့ကောင်းတဲ့သူတွေ"

ခပ်တိုးတိုးညီးတွားပြီးနောက် toilet အခန်းထဲဝင်ဖို့လုပ်တော့ အနံပြင်းပြင်းနှင့်မိန်းမတစ်ယောက်နဲ့တိုက်မိလေရဲ။

"ကျစ်"

"Oops! sorry ဟယ် ဘယ်လိုလုပ်မလဲ နှုတ်ခမ်းနီတွေရှင့် အင်္ကျီမှာပေသွားပြီ"

ပုံမှန်ဆိုသူမအရပ်ကရှည်သည်လဲမဟုတ်။ သို့ပေမဲ့ ၅ပေ၆ ဆိုတာဒီနိုင်ငံကအမျိုးသမီးတွေအတွက်တော့အတော်အသင့်ရှည်နေပြီမဟုတ်လား။ သူမနှင့်အတိန်းမရိမ်းအမျိုးသမီးနှင့်တိုက်မိသည်ဆိုသည်မှာလဲ နှစ်ယောက်လုံးကသတိမထားမိတာဖြစ်ပါလိမ့်မည်။

"ရပါတယ် မတော်တဆပဲ ထားလိုက်ပါ"

"ဒါပေမဲ့..."

"နိုနို ရေ နင့်ကို 106 ကိုလွှတ်ပေးဖို့ Boss က လှန်းပြောနေတယ်သွားလိုက်အုန်း"

ထိုအမျိုးသမီးစကားဆက်ပြောဟန်ပြင်တုန်း Toilet ထဲသို့အမျိုးသမီးတစ်ယောက်ဝင်လာပြီး သူ့ရှေ့ကအမျိုးသမီးအားစကားဖြတ်ဝင်ပြောလိုက်တော့ သူတို့နှစ်ယောက်ကြားစကားဆက်မပြောဖြစ်ခဲ့။

"Ok Ok အာ ဒီက ဟိုအဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်နော် အကယ်၍စိတ်မကျေနပ်တာရှိရင် lobby မှာ နိုဝယ် နဲ့စကားပြောချင်လို့ပါလို့ပြောလိုက်လို့ရပါတယ် အခုကအလုပ်ချိန်ကြီးမို့"

မျက်နှာကမိတ်ကပ်ပါးပါးလေးလူးထားသည့်ဟန်နှင့် ထိုအမျိုးသမီးက အသက်ကြီးမည့်ပုံစံမရှိ။ နောက်ပြီးအလုပ်ချိန်ဟုပြောသွားသည့်အတွက် ထိုမိန်းခလေးကဒီကဝန်ထမ်းနေမှာပါဟူ၍စိတ်ကိုလျော့လိုက်မိသည်။ ကိုယ်လဲသတိမထားသည့်ကိစ္စပေကို။

အစွန်းအထင်းပေသွားသည့်အဝတ်အစားဆိုပြန်မဝတ်တက်သည့်သူမအတွက် ယခု နှုတ်ခမ်းနီပေသွားသည့်အင်္ကျီသည်လွှင့်ပစ်ရတော့ပေမည်။
ထို့ကြောင့် သန့်စင်ခန်းဝင်ပြီးသည့်နောက် ခုနကချွတ်ထားသည့် blazer ကိုပြန်ထပ်ဝတ်လိုက်ပြီးနောက် ရှိုင်း ရှိရာသို့ပြန်သွားလေသည်။

အခန်းထဲဝင်လိုက်တော့ သူမ၏မျက်ခုံးများတွန့်ချိုးက မျက်ခုံးနှစ်ဖတ်ထိလုမတက်။ အဘယ်ကြောင့်ဆိုသော် ခုနက toilet ထဲမှာဆုံခဲ့သည့်အမျိုးသမီးကသူတို့အခန်းထဲရောက်နေ၍ပင်။ ရင်ထိုးက မီးရောင်အောက်မှာလဲ့နေ၍စိုက်ကြည့်လိုက်တော့ NOWL ဟုစာတန်းထိုးထားသေးသည်။

ဒီလိုလူကုန်ထံအသိုင်းအဝိုင်းအတွက်ဖွင့်ပေးထားသည့် club တစ်ခုဖြစ်သဖြင့် ယခုလို service ပေးရသည့်မိန်းခလေးများရှိသည်ဆိုတာသိပေမဲ့ အခုလိုမျက်မြင်တွေ့လိုက်ရတော့သူမစိတ်ထဲ မသတီ။

ထိုအမျိုးသမီးနှင့်သူမ မျက်လုံးချင်းတစ်ချက်တစ်ချက်ဆုံပေမဲ့ သူမဘက်ကပင်ရှောင်နေခဲ့သည်။ သို့ပေမဲ့လဲ ထိုအမျိုးသမီးကိုသာလျှင်သူ၏အာရုံရောက်နေသည်ဆိုတာတော့မငြင်းနိုင်ပါ။

ကြည့်နေရင်းမှ သူတို့နဲ့အတူလာသည့်အဖွဲ့ထဲမှ ယောကျ်ားတစ်ယောက်၏လက်များက ထိုအမျိုးသမီး၏ပေါင်ရင်းကိုတစ်ချက်တစ်ချက်ထိနေခဲ့သည်။ ဒါကိုပင် ထိုအမျိုးသမီးကဘာမှမဖြစ်သည့်အလား။ သူမစိတ်ထဲဤအရာကိုအတော်လေးစိတ်ပျက်မိသည်။

(အလကားမိန်းမတွေ) ဟုစိတ်ထဲမှာလဲရေရွတ်မိသွားခဲ့သည်။

ထိုမှတဆင့် ပုခုံးကိုဆွဲဖတ်လိုက်သည့်အပြုအမှုကသူမ၏စိတ်ကိုစွပေးနေသည့်အလား။ သူမတို့အလန်းက VVIP room ဖြစ်၍ ပုံမှန်အခန်းများထပ်လဲကျယ်သည်။ ပုံမှန်ထပ်လဲလူဆန့်သည်။ လူတိုင်းကအသောက်အစားနှင်မကင်းသည့်အတွက် တော်တော်များများကတော့ ကော့တေး သို့မဟုတ် ဝိုင်တော့သောက်ကျသည်။ သူမသည်လဲထိုနည်း၎င်း။ ရှိုင်း ကိုကြည့်ပြန်တော့ တစ်ဖတ်ကအမျိုးသမီးတစ်ဦးနှင့်စကားဖောင်ဖွဲ့နေလေရဲ့။

အခန်းထဲ ထိုအမျိုးသမီးလိုမိန်းခလေးတွေရှိနေပေမဲ့လဲ သူမ၏အာရုံကထိုအမျိုးသမီးထံသို့သာကျရောက်နေ၍ မရင်းနီးသည့်အမျိုးသားက ထိုအမျိုးသမီးအား မထိတထိလုပ်နေသည်ကိုမြင်ရတာသူမစိတ်ထဲအဆင်ပြေမနေခဲ့ပါ။

"ကျစ် ရှိုင်း ငါပြန်တော့မယ်ဟာ"

"ဟင် ဏာရီ ဘာဖြစ်တာလဲ"

"ငါပြောနေတယ် ပြန်မယ်လို့"

"အေးပါဟာအေးပါအေးပါ ကဲကဲ အားလုံးပဲ ငါနဲ့ဏာရီပြန်လိုက်အုန်းမယ်နော် နောက်တစ်ခေါက်ထပ်ဆုံကျတာပေါ့".

တစ်ခြားသူတွေဘာတွေထပ်ပြောလာအုန်းမည်ဆိုတာကိုမစောင့်နိုင်တော့ပဲအခန်းထဲကထွက်လာမိသည်။ ယိုင်းတယ်ထင်လဲမတက်နိုင်ပါ လောလောတယ်သူသိတာ ထိုအခန်းထဲကမြန်မြန်ထွက်လာနိုင်ဖို့ပဲ။

"ဏာရီ ဏာရီ စောင့်ပါအုန်း ဘယ်လိုဖြစ်သွားရတာလဲ ငါတောင်းပန်ပါတယ်ဟာ အဲ့လိုကြီးတော့ဆူပုတ်မနေပါနဲ့နင်ကလဲ"

VVIP room ဖြစ်၍ သာမာန်အခန်းတွေလို ပြန်ချင်ရင် လူရှုပ်သည့် နေရာကိုဖြတ်စရာမလိုပဲ သူတို့လို လူကုန်ထံတွေအတွက်သီးသန့်လမ်းကြောင်းလုပ်ပေးထားသည့် ကားပါကင်သို့သွားရသည့်လမ်းကနေပြန်လို့ရပေသည်။

ကားမောင်းနေသည့် ရှိုင်းက သူမအရိပ်အခြေကိုကြည့်နေသည်ကိုလဲဂရုမထားနိုင် သူသိသည်ကား ဟိုအမျိုးသမီး ကိုပင်။ သူအခန်းထဲကထွက်လာပြီးနောက်ပိုင်းကော ထိုအမျိုးသမီးဘာဆက်ဖြစ်မလဲဆိုတာကိုသာစိတ်ထဲရောက်နေမိသည်။

သူ့ကိုထိတိုင်းမထိတထိပြုံးနေတက်သည့်မိန်းမ။ သူ့ကိုအသားယူတာတောင်ဘာမှပြန်မလုပ်တဲ့မိန်းမ။ ညူတူတူအကြည့်တွေနဲ့မိန်းမ။ နှုတ်ခမ်းနီရဲနေအောင်စိုးပြီး တစ်ခြားသူကိုမြူစွယ်နေသည့်မိန်းမ။ အာရုံနောက်ဖို့ကောင်းတဲ့မိန်းမ။

×

trollZ

tbc

23.11.2022

Continue Reading

You'll Also Like

17.7K 1.2K 48
မနက်​ဖြန်ဆိုတာ မရှိခဲ့ရင်......
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
29.1K 1.2K 58
#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်
1.1M 27.7K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...