๐•ธ๐–”๐–“๐–†๐–—๐–ˆ๐–

By sunflower06h

34K 3.7K 1.9K

๐‘Œ๐‘’๐‘  ๐‘€๐‘Ž๐‘—๐‘’๐‘ ๐‘ก๐‘ฆ, ๐‘ฆ๐‘œ๐‘ข'๐‘Ÿ๐‘’ ๐‘กโ„Ž๐‘’ ๐‘ก๐‘Ÿ๐‘ข๐‘’ ๐‘š๐‘œ๐‘›๐‘Ž๐‘Ÿ๐‘โ„Ž โ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ขโ€ข... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 โš 
Episode: 16
Episode:17
Episode:18
Episode: 20
Episode:21
Episode:22
Episode 23

Episode:19

926 140 74
By sunflower06h

"ဒီအမှတ်အသားနဲ့ ပတ်သက်ပြိး ဖြေရှင်းရအောင် အရှင်"

"အဲ့...အဲ့ဒါက...."

ခန်းမအတွင်းရှိ အမှုအရာထမ်းတိုင်း၏ မျက်လုံးသည်လည်း မယုံကြည်နိုင်သည့် အကြည့်တို့ဖြင့် အမှတ်အသားနေရာမှ မျက်လုံးမခွာနိုင်ကြသလို

သင်းကွဲအုပ်စုခေါင်းဆောင်၏ မျက်လုံးတို့သည်လည်း မီးဝင်းဝင်းတောက်ကာ အမဲဖျက်တော့မည့်ဟန်ပင်။

"mateရှိနေရဲ့သားနဲ့ မဟာမိတ်ပြုရုံသက်သက် ကျုပ်သားကို ကြင်ယာမြှောက်မယ် ကတိပေးခဲ့တာလား? ကျုပ်ရဲ့ သားက omegaဆိုပေမယ့် ဂုဏ်သရေရှိတဲ့ လုလင်ပျိုတစ်ယောက်ပါ။ Mateရှိပြီးသား alphaရဲ့ ကိုယ်လုပ်တော်အဖြစ် ရှိစေဖို့ သဘောတူခဲ့တာ မဟုတ်ဘူးနော် အရှင်"

ဂုဏ်သရေရှိသော သားဖြစ်သူအား ကုန်ပစ္စည်းအလဲအထပ်ပြုသကဲ့သို့ အတင်းကာရော ထိုးပေးခဲ့သူက ယခုကျမှ သူက အတင်းအကျပ် မတရား ကမ်းလှမ်းသူကဲ့သို့ စကားဆိုသည်က လွန်လွန်းပါသည်။

သို့သော်လည်း သူတုန်လှုပ်နေလို့ မဖြစ်ပါ။ သည်အတိုင်းသာဆိုလျှင် ဖုံးကွယ်ထားသည့် သရုပ်မှန်ပါ အနှေးနှင့်အမြန်ပေါ်သွားနိုင်သည်ပင် မဟုတ်လား။ ထို့ကြောင့်ပင် လျှောကျလျက်ရှိသော အင်္ကျီအား အလျင်ဆွဲကာလိုက်ကာ

"ခင်ဗျားကမှ အခု ဘာလုပ်တာလဲ ခေါင်းဆောင်ပတ်ခ်! ကိုယ်တော့်ညီလာခံကိုလာပြီး မဖွယ်မရာအမှုကို ပြုတယ်?တိုင်းပြည်အရှင်ကိုလေ"

"ကျုပ်အပြုအမူက မယဥ်ကျေးတာ လက်ခံပါတယ် အရှင်။ ဒါပေမယ့် အဖြစ်မှန်ကိုလည်း သဲကွဲအောင် သိရမှဖြစ်မှာမို့ ကျေးဇူးပြုပြီး ဖြေရှင်းပေးပါ အရှင်"

စိတ်ရှိအတိုင်းသာဆို မှတ်သားလောက်အောင် အ​ပြစ်ပေးပြီးလောက်ပြီ ဖြစ်သော်လည်း မိမိပြဿနာအရှုပ်အား အရင်ဖြေရှင်းရမည်ကြောင့် အံကြိတ်ရုံသာ တတ်နိုင်သည်က ခံပြင်းစရာပါပင်။

"ကျနော်တို့ မသိရတဲ့ ဒီအမှတ်အသားနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးပါအရှင်"

"အဖြစ်မှန်ကို ဝန်ခံပေးပါအရှင်"

အမျက်ဒေါသကြောင့်ရော၊ ထိတ်လန့်တုန်လှုပ်မှုကြောင့်ပါ အရှင့်ကိုယ်ငယ်ဟာ တဆတ်ဆတ်တုန်လျက်ရှိသည်။ မိမိဘက်မှာ တဦးတယောက်မျှ မရှိသည့် သည်ခိုးကိုးရာမဲ့အခြေအနေကို သိပ်မုန်းပါသည်။ ပိုင်ဆိုင်ခဲ့သမျှ ထီးနန်း အာဏာနှင့် ဂုဏ်ဒြပ်တို့သည် မျက်စိတမှိတ်အတွင်းမှာပင် ပျောက်ကွယ်လုပြီထင်ပါသည်။

အခြေအနေပို၍ ဆိုးမလာစေရန် ပေါ်ထွက်စပြုလာသော လာဗင်ဒါအနံ့တို့ကို ထိန်းချုပ်ရင်း စိတ်ငြိမ်ရန် အရင်ကြိုးစားရသည်။ ကိစ္စတစ်ခုရှင်းမပြီးခင်မှာပင် နောက်တခုပေါ်လာခဲ့ပါလျှင် ဘယ်လိုမှမလွယ်ကူပါလေ။

"ဖြေရှင်းပေးပါ အရှင်"

"အဲဒီအမှတ်အသားက---"

"အဲ့အမှတ်အသားက ကျနော်လုပ်ခဲ့တာ!"

စကားမဆုံးခင်မှာပင် ထွက်ပေါ်လာသော အသံစူးစူးကြောင့် ခန်းမအတွင်းရှိ အာရုံတို့က ညီလာခံခန်းမ တံခါးဝဆီသို့ ကူးပြောင်းသည်။ အသံပိုင်ရှင်ကို မြင်ရချိန်တွင်တော့ အာမေဋိတ်သံများ ရှေ့နောက်ဆင့်ကာ ပေါ်ထွက်လာလေတော့သည်။ အံ့အားသင့်ရသူထဲတွင် ထိပ်ဆုံးမှပါဝင်သူကတော့ အရှင်ကိုယ်တိုင်ပင်။

"သခင်​လေး ပတ်ခ်...?"
"ဂျီမင်း?"

ဟုတ်ပါသည်။ မျိုးနွယ်အားဖြင့် တူညီသော်လည်း နှလုံးသားရေးရာတွင် ပြိုင်ဘက်ဖြစ်သော မက်မွန်ပန်းနံ့ပိုင်ရှင် ထိုomegaပါပင်။ မထင်မှတ်ထားသည့် အပြုအမူမို့ အရှင်ကိုယ်တိုင်လည်း ဆွံ့အရသော အနေအထားဖြစ်ရလေတော့သည်။

တီးတိုးပြောဆိုသံတို့ကြားမှ တချက်ပင် တွန့်ဆုတ်ခြင်းမရှိပဲ ခန်းမအလည်သို့ လျှောက်လှမ်းလာသည့် ထိုomegaမှာ မြင်ဖူးခဲ့သော နူးညံ့သည့် ပုံရိပ်တို့နှင့် ကွာခြားလျက်ပင်။

"သားငယ် မင်းဘာတွေပြောနေတာလဲ"

"အဲ့ဒီ အမှတ်အသား... အဲ့ဒီဟာက... ကျနော်လုပ်ခဲ့တဲ့ အမှတ်အသားပဲလို့"

သင်းကွဲအုပ်စုခေါင်းဆောင်က မယုံနိုင်သည့် မျက်နှာအနေအထားဖြင့် မေးခွန်းဆိုလာသည့်တိုင် ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေသည့် omegaငယ်သည် ဘာအကြံအစည်ရှိမှန်းပင် မခန့်မှန်းတတ်တော့ပါ။ သေချာသည်ကတော့ တဖက်တလမ်းမှ အရှင့်အတွက် အကူအညီဖြစ်စေသည်မှာ မလွဲမသွေပင်။

"ဂျီမင်း... ဒါက matingအမှတ်အသားနော်။"

"ဟုတ်တယ်လေ ဒါကြောင့်ပဲ ထင်ထင်ရှားရှားရှိနေတာ မဟုတ်ဘူးလား"

"မင်းရဲ့စကားကို ဘယ်လိုယုံရမှာလဲ သားငယ် ဟိုတခါကထိ လက်ဆက်ဖို့ကို ငြင်းဆန်နေခဲ့တဲ့သူကလေ"

"လူ့စိတ်က တစ်ရက်တမနက်နဲ့တောင် အပြောင်းအလဲဖြစ်နိုင်တာပဲ မဟုတ်လား။ မယုံဘူးဆို အဖေက ကျနော့်ကို ဘယ်လိုသက်သေပြစေချင်လို့လဲ? ကျနော့်ဆီက matingအမှတ်အသားကိုပါ ကိုယ်တိုင် ဖော်ပြရမှာလား"

သခင်လေးပတ်ခ်၏ ရဲတင်းသည့် စကားဆိုမှုနောက် ပျက်ယွင်းသွားသော သင်းကွဲအုပ်စုခေါင်းဆောင်၏ မျက်နှာ။ လက်ရှိအနေအထားထိ ယုံကြည်ရန် ခက်ခဲနေသေးသော်လည်း သက်သေပြခိုင်းပါလျှင် တဖက်က မိမိသားဖြစ်သည်မို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုသာ ဖြစ်မည်လေ။

"ကျနော်က omegaတစ်ယောက်၊ နောက်ပြီး ကြင်ယာတော်လောင်းအဖြစ် သတ်မှတ်ခံထားရတဲ့သူပဲ။ ကျနော့်အသားကို အဲ့လို လူကြားထဲ ထင်သာမြင်သာအောင် ဖော်ပြစေချင်တာလား။ အဲ့လိုခိုင်းတဲ့သူကလည်း ကျနော့်အဖေတဲ့လား။ အဖေတို့ရဲ့ လောကစည်းမျဥ်းတွေနဲ့ သွေဖယ်မနေဘူးလား"

မိမိတို့ ရှေ့တစ်ဆက်အထိ omegaတို့၏ ခန္ဓာကိုယ်မှာ လူအများကြား ထင်မြင်စွာ မဖော်ပြသင့်သည့်အရာဟုသည့် ရှေးရိုးစွဲ ခပ်ကြောင်ကြောင် စံသတ်မှတ်ချက်တို့ဖြင့်
ကိုင်တုပ်ကာ ခြေချုပ်မိတော့ ခေါင်းဆောင်ပတ်ခ်သည်လည်း နှုတ်ပိတ်သည်။ အတင်းအကျပ်စေခိုင်းပါလျှင် အရှက်မဲ့စေသည့် ဖခင်အဖြစ်သမုတ်ခံရမည်ပင် မဟုတ်လား။

*ခွမ်း!*

ကွဲရှသံ ​ကျယ်ကျယ်ကြောင့် ခန်းမတခုလုံး အပ်ကျသံပင် မကြားနိုင်လောက်အောင် တိတ်ဆိတ်သည်။ အရှင်မှ လက်သုံးတော်ဓားဖြင့် ခပ်လှမ်းလှမ်းမှာ အလှပန်းအိုးအား ပစ်ခွဲလိုက်ခြင်းပင်ဖြစ်သည်။ သခင်လေးပတ်၏ စကားတို့သည် ရာနှုန်းပြည့် မှန်ကန်မနေသည့်တိုင် မိမိအတွက် အကူအညီဖြစ်စေသည်မို့ အကာအကွယ်ယူ ဖြေရှင်းရမည်လေ။

"အားလုံးပဲ တော်ကြတော့။ အခု ခင်ဗျားတို့ သိချင်တာကို သိရပြီလို့ မျှော်လင့်တယ်။ သခင်လေးက ကိုယ်တော်ရဲ့ ကြင်ယာတော်လောင်းမို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်စစ်ဆေးမှာမျိုးကိုလည်း ခုကတည်းက ကြိုတားဆီး ပိတ်ပင်တယ်။ တားဆီးတဲ့ကြားက အခုလို အတင်းအကျပ်ရိုင်းပျတဲ့ ကိစ္စမျိုးထပ်ရှိခဲ့ရင်တော့ ကြီးလေးတဲ့ အပြစ်ပေးဖို့ ဝန်လေးမှာ မဟုတ်ဘူး။ အဲ့လူက အမျိုးတော်စပ်ရမယ့် လူဆိုရင်တောင်ပေါ့"

အရှင့်၏ ခပ်ပြတ်ပြတ် သတိပေးသံနောက် တင်းမာနေခဲ့သော သင်းကွဲအုပ်စု ခေါင်းဆောင်သည်လည်း ဂုဏ်ငယ်ဟန် ခေါင်းပင် မဖော်နိုင်တော့။ အရှင်တွင် mateရှိသည်ဆိုသည့် ခိုင်မာသည့် သတင်းစကားကြောင့် အပိုင်တွက်ကာ စွဲချက်တင်မိသော်လည်း ထိုစွဲချက်က မိမိကိုပင် ပြန်ပတ်လာသည်မို့ မင်းပြစ်မင်းဒဏ် မသင့်လျှင်ပင် တော်သေးသော အနေအထားပင်။

"ကျုပ် သေချာမသိပဲ ရိုင်းပျမိတဲ့အတွက် စိုးရွံ့မိပါတယ် အရှင်။ ကျုပ်က---"

"တော်စမ်း ခေါင်းဆောင်ပတ်ခ်။ ကိုယ်တော် ဒီတခါတော့ ခင်ဗျားကို တကယ် အမျက်ထွက်မိတယ်။ ဒါကြောင့် ကိုယ်တော့် အမိန့်မရမချင်း နောက်နန်းတော်ထဲကို လာဖို့မစဥ်းစားပါနဲ့။

"ဟင် ဒါဆို လက်ဆက်ပွဲ ကိစ္စက...?"

"ကိုယ်တော့်ဘာသာ စီစဥ်မှာမို့ လတ်တလောတော့ ကိုယ်တော့်မျက်စိအောက် မလာမိအောင်နေပါ ခေါင်းဆောင်ပတ်ခ်။ ကိစ္စ တခုခုရှိရင် သခင်လေးကနေ တဆင့်အသိပေးလိုက်မှာမို့ အခုချက်ချင်း ဒီကနေ ထွက်သွားပေးပါ။ ဒါဟာ သခင်လေးရဲ့ ဖခင်ဆိုတဲ့အရှိန်နဲ့ လျော့ပေါ့ပေးထားတာပဲ"

"ကျေးဇူးကြီးမားပါတယ် အရှင်။ ကျုပ် အမှားကို သုံးသပ်ဆင်ခြင်ပါ့မယ်"

ခပ်မြန်မြန် ဂါရဝပြုကာ ထွက်သွားသည့် သင်းကွဲခေါင်းဆောင်က သည့်ထက် အမျက်ရှခံရမည်ကိုတော့ စိုးရိမ်ပုံပင်။ စိုးရိမ်သည့်ကြားမှ လက်ဆက်ပွဲအကြောင်းကြားသည့်အခါ မဖုံးနိုင် မဖိနိုင် အပျော်ကိုလည်း မြင်လိုက်ရသေးသည်မို့ ပို၍ပင် စက်ဆုပ်မိတော့သည်။ သားသမီးကို အသုံးချ၍ ဘုရင့်ယောက္ခမရာထူးအား ဘယ်လောက်​တောင် ငမ်းငမ်းတက်နေခဲ့သည်လဲ

"ခင်ဗျားတို့လည်း ခုကစပြီး သူများပြောတိုင်း ဦးနှောက်လေးနဲ့ ချင့်ယုံဖို့ မျှော်လင့်တယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ကြပါ။ ညီလာခံပြီးပြီ"

"သခင်လေးပတ်ခ်ကတော့ ခဏနေရင် ကိုယ်တော်နဲ့ စကားပြောဖို့ လိုတာမို့ နေခဲ့ပါ"

မိမိအမိန့်အား မတုန်မလှုပ် ခေါင်းသာငြှိမ့်သော ထိုomegaကို ကြည့်ရင်း အတွေးများရပြန်သည်။ မိမိနှင့် ရင်းနှီးသည့် ထိတွေ့မှုပင်မရှိခဲ့ပဲ ထိုသို့ အမိအရပြောဆိုရခြင်းက ဘာသဘောဖြစ်လောက်မည်လဲ။ ကြင်ယာတော်နေရာကို ငြင်းဆန်ခဲ့သူမို့ ​အပိုင်သိမ်းလိုသည့်ရည်ရွယ်ချက်တော့ မဖြစ်နိုင်ပါလေ။

ထို့အပြင် အခန့်မသင့်လျှင် ဂုဏ်သိက္ခာပင် ထိခိုက်နိုင်သည့် ကာကွယ်မှုအား အကူအညီတောင်းခံခြင်း မရှိပဲနဲ့ပင် ပြုခဲ့ခြင်းမှာ ဘယ်လိုရည်ရွယ်ချက်ဖြင့်လဲ။ သမားတော်မင်၏ တောင်းဆိုမှုလား။

သို့မဟုတ်... မိမိ၏ သရုပ်မှန်ကို သိသွားခြင်းပေလား...?

•••••

"ဘာရည်ရွယ်ချက်နဲ့လဲ"

"....."

"ဘာရည်ရွယ်ချက်နဲ့လဲ သခင်လေးပတ်ခ်။ ကိုယ်တော်တို့ကြားထဲ ဘာကိစ္စမှမရှိခဲ့ဘူးဆိုတာ အားလုံးထက် သခင်လေးကအသိဆုံး မဟုတ်လား။ ဘာရည်ရွယ်ချက်နဲ့ အခုလို လုပ်ခဲ့တာလဲ"

ခန်းမဆောင်ထဲ အရှင်လာဗင်ဒါလေး၏ ခပ်တိုးတိုးစကားသံကသာ ပဲ့တင်ထပ်သည်။ မက်မွန်ပန်းရနံ့ပိုင်ရှင်လေးသည်တော့ တည်ငြိမ်စွာ ငြိမ်သက်လျက်ပင် ဖြစ်သည်။

"ညစာစားပွဲရှိတဲ့ည.. အဲ့နေ့ညတုန်းက မြင်ခဲ့ပါတယ်"

"ဟင်"

အတန်ကြာအောင် နှုတ်ဆိတ်နေခဲ့သူက စကားစဆိုလာချိန်တွင်တော့ အရှင့်မျက်လုံးလေးများ ဝိုင်းစက်သွားရသည်။

"အရှင်နဲ့ သူ နန်းဆောင်ထဲမှာ ချစ်နေခဲ့ကြတာကို မထင်မှတ်ပဲ မြင်ခဲ့ပါတယ်"

"သူ-သူဆိုတာက...."

"ဟုတ်ပါတယ်။ အရှင်နဲ့ ထယ်ထယ် တနည်းအားဖြင့် အရှင့်alphaကို မြင်ခဲ့တာပါ"

alphaမသွားခင် တညအလိုက အဖြစ်အပျက်အား မျက်ဝါးထင်ထင် မြင်ခဲ့သည်တဲ့လား။ အခြားအရာလည်း မဟုတ်ပဲ ချစ်တင်း​နှောခဲ့သည့် ကိစ္စမို့ မျက်နှာပြင်တခုလုံး ပူတက်လာတော့သည်။

"....... ဘယ်လို... ဘယ်လိုဖြစ်ပြီး..."

"ညစာစားပွဲကို အဖေက လာခွင့်မပြုခဲ့ပေမယ့် လွန်ကျူးတဲ့ ကိစ္စတွေ ဖြစ်မှာစိုးလို့ ခိုးဝင်ခဲ့ပါတယ်...။ ဒါပေမယ့် ကျနော်က နန်းတွင်းကနေရာတွေကို မကျွမ်းကျင်တာမို့ မမျှော်လင့်ပဲ အရှင့်ရဲ့ အဆောင်ရှေ့ကို ရောက်ခဲ့တာပါ... အဲ့ဒီမှာ...အဲ့ဒီမှာပဲ...."

"ရ-ရပြီ သခင်လေးပတ်ခ်"

မိမိနှင့် alpha၏ ချစ်ရည်လူးမှုအား မြင်ခဲ့သည်ဆိုသည်က ပြန်ကြားရသည်နှင့်ပင် ရှက်ဖွယ်ကောင်းပါသည်။ ထိုနေ့က ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်အောင် စိတ်ရှုပ်နေခဲ့သည်မို့ ပေါ့ဆမိသော မိမိအမှားပင်ဖြစ်သည်။ မြင်ခဲ့သူက သည်omegaမို့သာ တော်သေးသည်။

"အားလုံး သိပြီးသားဖြစ်နေခဲ့တာပဲ... အဲ့ဒါကို ဘာလို့ စောစောမပြောခဲ့တာလဲ ဒီကြားထဲ"

"အရှင့်မှာလည်း ဖုံးကွယ်ထားရမယ့် အကြောင်းပြချက်ရှိမယ်လို့ ခံစားမိလို့ပါ။ အစက alphaချင်း မေတ္တာမျှနေခဲ့တာလို့ ထင်ခဲ့ပေမယ့် မကြာသေးခင်ကမှ အရှင်ဟာ omegaတစ်ယောက်ဖြစ်မှန်းပါ သိခဲ့ရပါတယ်။"

"ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်းမေးဖို့ ဒီမနက် နန်းတော်ကို လာခဲ့တဲ့အချိန်မှာ မူမမှန်တဲ့ အဖေ့ကို အမှတ်မထင် တွေ့လိုက်ရတာမို့ ကျနော်လည်း ကြံမိကြံရာ ကြံခဲ့တာပါ။ အခြားရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါဘူး အရှင်"

"ဒါဆို ဘာလို့ ကူညီပေးခဲ့တာလဲ။ သခင်လေးလည်း ကိုယ်ရံ​တော်ကင်မ်ကို မေတ္တာသက်ဝင်နေတာ မဟုတ်လား။ တကယ်ဆို ဒီအတိုင်းကျော်သွားရင်တောင် သခင်လေးအတွက် ပိုကောင်းတယ်မဟုတ်ဘူးလား"

"ကျနော့်ရဲ့ နှလုံးသားရေးရာတခုတည်းနဲ့ တွေးရင်တော့ အဲ့လိုဖြစ်နိုင်တာပေါ့ အရှင်။ ဒါပေမယ့် အရှင်ဟာ ကျနော့်ကို အဲဒီနယ်မြေကနေ ကယ်ထုတ်ပေးခဲ့တဲ့သူပါ။ အဲ့ဒီကျေးဇူးအပြင် အခြေအနေ မကွာခြားတဲ့ omegaအချင်းချင်း ဖေးမသင့်တယ်လို့ တွေးမိလို့ အခုလို လုပ်ခဲ့ရတာပါ အရှင်"

ထင်ထားသည်ထက်ကို သဘောထားပြည့်ဝသည့် ထိုomegaကြောင့် အခြေအနေတခုစာတော့ ရင်အေးရပါသည်။ ရန်သူပတ်လည်ဝိုင်းနေသည့် အနေအထားတွင် အယုံအကြည်ပြုစရာ တဦးထပ်ရှိလာသည်မို့ တော်ပါသေးသည်။

"ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးကြောင့် ကိုယ်တော် ထီးနန်းကို မထိခိုက်ရတော့ဘူးပဲ။ ဒါပေမယ့် ဒီလိုတွေဖြစ်ပြီးမှ လက်ဆက်ပွဲ မလုပ်လို့လဲ မရတော့ဘူး။ အဲ့ဒါအတွက် အဆင်ပြေပါ့မလား သခင်လေး။ သခင်လေးက ကြင်ယာတော် မဖြစ်ချင်ခဲ့ဘူးမလား"

"အရှင့်ကို alphaတစ်ယောက်လို့ ထင်ခဲ့မိလို့ အတိအလင်း ငြင်းဆန်ခဲ့တာပါ။ အခုလို အခြေအနေမှာတော့ မဖြစ်မနေလက်ဆက်ရမယ်ဆိုရင်လည်း ဘဝတူ omegaဖြစ်နေတာမို့ သိပ်ပြဿနာမရှိဘူးလို့ တွေးပါတယ်။ omegaတွေကို အုပ်ချုပ်သူအဖြစ် လက်ခံလာတဲ့အချိန်တစ်ခုအထိ အရှင်နဲ့ ကျနော် အချင်းချင်း အကူအညီပြုကြတာပေါ့"

သခင်လေးပတ်ခ် ဆိုလိုသော စကား၏ အတိမ်အနက်အား အရှင်လာဗင်ဒါလေးသည်လည်း ကောင်းကောင်းနားလည်ပါသည်။ omegaဖြစ်သော မိမိတို့အား အုပ်ချုပ်သူအဖြစ် ခေါင်းမော့လက်ခံလာနိုင်မည့် အခြေအနေရောက်သည့်အခါ သင်းကွဲအုပ်စု ခေါင်းဆောင်အရာအား ကျိန်းသေ အပ်နှင်းဖြစ်မည်ပင်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးပတ်ခ်။ တချိန်ကျရင် သခင်လေးကူညီခဲ့တာတွေက အထောက်အကူဖြစ်စေရမယ်လို့ ကိုယ်တော်ကတိပြုတယ်"

"ကျေးဇူးကြီးမားပါတယ် အရှင်။ ကျနော့်ကို ဒါဆို သွားခွင့်ပြုပါဦး"

ထွက်ခွာသွားသည့် ကျောပြင်ငယ်ကိုကြည့်ရင်း သက်ပြင်းသာ ရှိုက်မိလေသော အရှင်လာဗင်ဒါငယ်။ ပြဿနာတစ်ခုက ရှင်းလင်းသွားသည့်တိုင် မြန်ဆန်လွန်းသည့် အဖြစ်အပျက်ကြောင့် နေ့ချင်းညချင်းပင် ရှောင်လွှဲမရပဲ ​ကြင်သူမဟုတ်သော တစုံတယောက်အား ကြင်ယာတင်မြှောက်ရတော့မည်ပင် မဟုတ်လား။

တဖက်သားက နားလည်မှုရှိသော်လည်း alphaကကော? မိမိ၏ alphaသည်ကော ဘယ်လိုတုံ့ပြန်လိမ့်မည်လဲ။ ချစ်ရသူနှင့် ငယ်သူငယ်ချင်း၏ လက်ဆက်ပွဲအား ဟန်ဆောင်လက်ဆက်သည်ပင် ဖြစ်လင့်ကစား လက်ခံနိုင်ရန်မှာ မလွယ်ကူလှသည်လေ။

alphaမရှိသည့် ရက်သတ္တပတ်အတွင်း ဖြစ်ပျက်သွားသည့် မြန်ဆန်သော အဖြစ်အပျက်ကိုပင် အပြစ်တင်ရမည်လား။ အကြောင်းတစုံတရာ သေချာမပြောပဲ အဆက်အသွယ်မဲ့နေသည့် alphaကိုပင် အပြစ်တင်ရမည်လား မတွေးတတ်တော့ပါလေ။ စိတ်ရှုပ်ထွေးသည့်ကြားမှ အချိန်ကြာကြာ မဆက်သွယ်သည့် မိမိalpha အန္တရာယ်ကင်းကင်းရှိစေရန်လည်း ကြိတ်ဆုတောင်းနေမိပါတော့သည်။

•••••

အရှင့်ဆုတောင်းအတိုင်း alphaကကော အန္တရာယ် ကင်းကင်း ရှိနေခဲ့ရဲ့လား...

အင်း... အရှင့်ဆုတောင်းသည်တော့ ပြည့်ခဲ့ဟန် မပေါ်ပါလေ..

အလင်းဝင်ပေါက်အနည်းငယ်သာရှိကာ အေးစက်မှောင်ပျသည့် ထိုနေရာသည် အပြစ်ကျူးလွန်ရာ အကျဥ်းသားတို့ စံရာ နေရာဖြစ်သည့်တိုင် ထိုအချုပ်ခန်းနှင့် လားလားမျှ မသက်ဆိုင်သူက ချုပ်နှောင်ခံလျက်တည်ရှိသည်။ လက်နှင့် ခြေတို့အား သားရဲကောင်ကဲ့သို့ ကြိုးများဖြင့် ချုပ်နှောင်ထားသည့်တိုင် မျက်ဝန်းစိမ်းတို့၏ အကြည့်စူးစူးမှာ အမဲဖျက်ချင်နေဟန်ပင်။

လေးလံသည့် တံခါးသံကျယ်ကျယ်နှင့်အတူ ခပ်မှောင်မှောင် အကျဥ်းခန်းက ပို၍ လင်းထင်းလာသည်။ တဆက်တည်းမှာပင် မင်းဝတ်မင်းစားဖြင့် ခပ်ထွားထွားလူတစ်ယောက်က ဆောင့်ကြွားကြွားနှင့် အကျဥ်းခန်းအနီးသို့ ရောက်လာကာ

"မင်းသားငယ်လေး။ အိုးး ငါ့ရဲ့ တူတော်လေးကို မတွေ့ရတာ ကြာပြီပဲ"

"အခုချက်ချင်း ဒီတံခါးကို ဖွင့်လိုက်ပါ အိုဝမ်"

အကျဥ်းခန်းရှေ့ အရှက်မဲ့စွာရောက်လာခဲ့သော ရန်သူဟောင်းအား စက်ဆုပ်စွာကြည့်ကာ အံကြိတ်၍ ဆိုလိုက်သည့်စကားပင်။ ကြင်နာတတ်သော သပ်သပ်ရပ်ရပ် alphaပုံစံနှင့် မတူပဲ ဒဏ်ရာအလိမ်းလိမ်းဖြင့် ရန်လိုနေသည့် သားရိုင်းသဖွယ်ဖြစ်ကာနေလေသော မျက်ဝန်းစိမ်းပိုင်ရှင်မှာ သာမန်အနေအထားနှင့် အတော်လေးခြားနားလှပါသည်လေ။

တံခါးရှေ့မှ အိုဝမ်ဆိုသူကတော့ လှောင်ပြောင်လေဟန် ခပ်ထေ့ထေ့ရယ်မောကာ

"ငါက? ငါက ဘာလို့ဖွင့်ရမှာတုန်း မင်းသားလေးရဲ့။ မြွေပွေးကို လူကြားထဲ လွှတ်ပေးလိုက်သလိုဖြစ်မှာပေါ့"

"အဲ့လိုကောက်ကျစ်တာနဲ့ပဲ ခင်ဗျားနေရာက မြဲမယ်ထင်နေသလား အိုဝမ်။ မတရားရယူထားတာမို့ မကြာခင်ပြန်ပေးရမှာပဲ"

"စကားကြီးစကားကျယ်နဲ့ ပြောမနေပဲ ဒီနေရာကသာ အရင်လွတ်အောင်လုပ်ကြည့်စမ်းပါ မင်းသားလေးရဲ့။ နေပါဦး နန်းကျမင်းသားလို့ပြောရင် ပိုမှန်မလားနော်"

"ခင်ဗျား!!!"

*ဒုန်း!*

ဒေါသဖြင့် ရုန်းကန်လိုက်သော်လည်း သံကြိုးတို့၏ တုပ်နှောင်ထိန်းချုပ်မှုကြောင့် စိတ်လိုတိုင်းမဖြစ်ရပဲ ပွန်းပဲ့ရာတို့သာ ပို၍ထင်ကျန်သည်။

သားရိုင်းသဖွယ် ချုပ်နှောင်ခံထားရသော alphaကို ကြည့်ကာ တရားခံဖြစ်သူသည်တော့ အားရစွာပြုံးရင်း

"အိုး မရမ်းကားရဘူးလေ။ တော်ဝင်မျိုးရိုးရဲ ဂုဏ်ပုဒ်နဲ့ ညီမနေဘူးမလား မင်းသားလေးရဲ့။ အာ.. မေ့လို့ နန်းကျမင်းသားလေးက တော်ဝင်စည်းကမ်းတွေ ဘယ်သိတော့မလဲ"

"အသာတကြည်ပဲ အပေးအယူလုပ်ကြရအောင်လေ။ ဝတ်ရုံဘယ်မှာလဲ? ဝတ်ရုံကို ပေးခဲ့ရင် မင်းကို ပြန်လွှတ်ပေးမှာမို့"

"ဘယ်တော့မှ မရစေရဘူး အိုဝမ်။ အသာတကြည်ပေးဖို့ ကျုပ်ဒီကို လာခဲ့တယ်ထင်နေတာလား"

"အသာတကြည်ပူးပေါင်းလိုက်ရင် ပြီးသွားမယ့် ကိစ္စကို ဘာလို့ ခေါင်းမာနေချင်ရသလဲ။ ငါပြောသလိုလုပ်လိုက်ရင် မင်းလည်း နစ်နာစရာမရှိဘူးလေ"

"သစ္စာဖောက် အောက်တန်းစားနဲ့ ပူးပေါင်းတာမျိုးကို ကျုပ်ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး အိုဝမ်"

"စကားတွေက ကြမ်းလှချည်လား။ အဲ့ဒါဆိုရင်လည်း ဒီထဲမှာပဲ အရိုးဆွေးတဲ့အထိ နေလိုက်ပေါ့ နန်းကျမင်းသားလေးရယ်။ မင်းက ငယ်ငယ်ကအတိုင်း အတော်လေးပြောရခက်တုန်းပဲ"

မိမိဘယ်လိုပြောပြော မာန်လျှော့မည့်ပုံမပေါ်သည့် ထိုalphaအား ထိုးနှက်ရန် နည်းလမ်းထပ်၍ ရှာဖွေနေစဥ်မှာပင် စုတ်ပြဲနေသော အဝတ်အောက်မှ လည်ဂုတ်ရှိ ထင်ရှားသည့် အမှတ်အသားကြောင့် အကြံရကာ

"အာ နောက်ပြီး အခုမြင်ရသလောက်ဆို mateရှိနေပြီး ဖြစ်ပုံပဲ။ အခုနေ သေသွားရင် မင်းရဲ့ mateက အဆင်ပြေပြေကျန်ခဲ့မယ်လို့ထင်လား။ အမှတ်အသားရှိပြီး mateမရှိတော့တဲ့ omegaရဲ့ ဘဝက ဘယ်လိုဆိုတာ အခြားသူတွေထက် မင်းက ပိုသိမှာပါ။ တရင်းတနှီးမြင်ဖူးခဲ့တာဆိုတော့လေ"

"အိုဝမ်!!"

အတိတ်ဆိုးတို့အား ပြန်၍ တူးဆွဟန်ဖြစ်သည်ကြောင့် ဒေါသတို့က ပို၍ အထွဋ်အထိပ်ရောက်ကာ အော်ဟစ်လိုက်မိသော်လည်း အချုပ်အနှောင်တို့ကြောင့် လွတ်လွတ်လပ်လပ်လှုပ်ရှားမရသည်ကြောင့် ပို၍ ဒေါသထွက်လာရပြန်သည်။ အငိုက်တချက်မိသည်က ရန်သူရှေ့တွင် သည်လောက်ထိ အရှုံးသမားဆန်စေသည်တဲ့လား။

"ဒေါသပဲ ထွက်မနေပဲ ငါပြောတဲ့ အပေးအယူကိုသာ သေချာစဥ်းစားထားပါ။ ဘာမှ အပန်းကြီးတဲ့ ကိစ္စမဟုတ်တာကို ခေါင်းမာနေသေးတာ"

ဘယ်လောက်ပင် ခြိမ်းခြောက်ပါစေ မာန်မလျှော့သည့် မျက်ဝန်းစူးစူးတို့ဖြင့် ပြန်ကြည့်သည်က တစုံတဦးကို သတိရစေသည်မို့ အကျဥ်းခန်းအနီးမှ ပြန်ဆုတ်ကာ အမြန်ထွက်ခွာသွားလေသော အိုဝမ်ဆိုသူ။ ခေါင်းတယမ်းယမ်းဖြင့် နှုတ်မှလည်း မကြားတကြား စကားဆိုနေပြန်သေးသည်။

"ကျစ်! သွေးကတော့ တကယ်စကား​ပြောတာပဲ"

စက်ဆုပ် ရွံရှာ မုန်းတီးရသူ ထွက်ခွာသွားပြီးနောက် မိမိကိုယ်ကို အားမရစွာဖြင့် မြေကြီးကို တဖုန်းဖုန်း ထိုးကြိတ်မိနေသည့် ထိုalpha.. တနည်း နန်းကျမင်းသားငယ်။

မှန်ပါသည်။ ကိုယ်ရံတော်အသွင်၊ သားရဲမုဆိုးအသွင်၊ သင်းကွဲအုပ်စုခေါင်းဆောင်အသွင်ဖြင့် ဘဝအမျိုးမျိုးမဖြစ်ခဲ့စဥ်က မျက်ဝန်းစိမ်းပိုင်ရှင် ထိုalphaမှာ လက်ရှိချုပ်နှောင်ခံထားရရာ တိုင်းပြည်၏ တဦးတည်းသော ဆက်ခံသူ မင်းသားငယ်ဖြစ်ခဲ့သည်ပင်။ ထို့ကြောင့်ပင် အများနှင့်မတူသည့် မျက်ဝန်းစိမ်းစိမ်းတို့ကို ပိုင်ဆိုင်ထားခဲ့သည်မဟုတ်လား။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုနယ်မြေမှ ရှောင်ရှားရရန်ဖြစ်လာသည့်အခါ မိမိ၏သရုပ်မှန်သည် လူနည်းစုသာ သိထားသည်မို့ ရည်ရွယ်ချက်အကောင်အထည်မပေါ်မချင်း ဇာတ်မြုပ်နေထိုင်ခဲ့သော်လည်း လပြည့်ပွဲတော်တွင် တွေ့ခဲ့သူ အမှုထမ်းဟောင်းက မေ့လျော့ထားသည့် ရည်ရွယ်ချက်တို့အား အစဖော်ခဲ့စေသည်လေ။

အမှုထမ်းဟောင်းဖြစ်သည်ကြောင့် မိမိဘက်တော်သားအထင်ဖြင့် သဲလွန်စရလိုရငြား လိုက်လာခဲ့သော်လည်း ကောက်ကျစ်သူ၏ ထောင်ခြောက်မှန်း မရိပ်မိခဲ့ခြင်းမှာ မိမိ၏ ပေါ့ဆခြင်းသာ ဖြစ်သည်ကြောင့် ပို၍ ခံပြင်းမိပါသည်။ နှစ်ကြာရှည်ပြီဖြစ်သည်ကြောင့် မိမိအား မှတ်မိနိုင်ချေ မရှိနိုင်သည်ဟု တွက်ဆခဲ့သော်လည်း ရှားပါးသည့် ကျောက်စိမ်းရောင် မျက်ဝန်းစူးစူးတို့က မိမိ၏ သရုပ်မှန်ကို ပေါ်လွင်စေသည့်အရာဖြစ်မှန်း မေ့လျော့သွားခဲ့သည်ပင် မဟုတ်လား။

အသက်ကို လိုချင်၍မဟုတ်ပဲ ထိုသူလိုချင်သည့်အရာမှာ တစ်ခုတည်းဖြစ်ကြောင်းကိုလည်း သိသည်။ သို့သော် တောင်းဆိုသည့်အရာကို ပေးလိုက်လျှင်လည်း သွားလေသူ၏ နောက်ဆုံးဆန္ဒအား သစ္စာဖောက်မိဟန် ဖြစ်သလို မပေးပဲ တင်းခံနေလျှင်လည်း နောက်ဆက်တွဲ ပြဿနာတို့က အရှင်သခင်တစ်ဖြစ်လည်း မိမိ၏ mateဖြစ်သူ အရှင့်အား ရိုက်ခတ်နိုင်သည်မို့ အကျပ်ရိုက်ရလေတော့သည်။

စီစဥ်သည့်အတိုင်း ဖြစ်မလာ၍ ခံပြင်းရရုံမက အချိန်ကြာကြာ ဝေးကွာကျန်ရစ်ပြီဖြစ်သော မိမိ၏ mateဖြစ်သူ အရှင့်အတွက်လည်း ခံစားချက်မကောင်းပါလေ။ စတင်ထွက်ခွာလာကတည်းက မတင်မကျခံစားချက်တို့ ဖြစ်ခဲ့သည်မို့ ယခုချိန် အရှင့်အခြေအနေကိုလည်း တွေးဆရင်း စိတ်ပူမိပြန်သည်။

လာဗင်ဒါပန်းတို့ ပွင့်လန်းရာနယ်မြေ၊ ချောမွေ့သော ဘဝဖြင့် ပျော်မွေ့ခဲ့ရာ ဤနယ်မြေသည် ကင်မ်မင်းသားငယ်လေးအတွက်တော့ မွေ့လျော်ဖွယ်နေရာဖြစ်ခဲ့သည့်တိုင် နန်းကျမင်းသားအနေဖြင့်တော့ သားရဲတွင်းထောင်ချောက်သာ ဖြစ်၍နေပါသည်လေ။

•••••

တဖက်မှ alpha၏ အနေအထားများကို မသိနိုင်သည့် အရှင်လာဗင်ဒါလေးသည်တော့ တော်ဝင်လက်ဆက်ပွဲ နီးပြီမို့ လိုအပ်သည့် ထုံးစံစဥ်လာများကို ကိုယ်တိုင်လေ့လာနေရသည်။  ဟန်ဆောင်လက်ဆက်မည် ဖြစ်သော်ငြား ယုတ္တိရှိအောင်တော့ လုပ်ရမည်မို့ အဆက်ဆက်မှ ဓလေ့များအကြောင်း လေ့လာရန် စာကြည့်ခန်းအတွင်း မွှေနှောက်ကာ နေလေသည်။ အကြောင်းအရာအသစ်များကို လေ့လာခြင်းက ခံစားချက်တို့ကို တည်ငြိမ်ရန် ဆောင်ရွက်နိုင်ခြင်းကြောင့်လည်း ပါပါလိမ့်မည်။

"ခင်ဗျားက စာမလာသတင်းမကြားနဲ့ ပျောက်နေနိုင်ချိန်မှာ ကိုယ်တော်ကတော့ ပြဿနာတွေကို ဒိုင်ခံဖြေရှင်းနေရလေရဲ့။ လူဆိုးalpha။ တကယ်ပဲ နေနိုင်လိုက်တာ"

စိတ်တိုတိုဖြင့် လက်ထဲရှိ စာအုပ်အား စင်ပေါ်သို့ ခပ်ဆောင့်ဆောင့်တင်မိတော့ ဘေးရှိ စာလိပ်အထပ်လိုက်က ထိုတုန်ခါမှုကြောင့် မြေခရသည်။ စိတ်ညစ်ညူးရသည့်အထဲ ထပ်၍ စိတ်ရှုပ်စရာဖြစ်ရသည်မို့ စုတ်သပ်ကာ စာလိပ်တို့ကို ပြန်၍ အကောက် မရင်းနှီးသည့် အကြောင်းအရာများဖြစ်သည်ကြောင့် မိမိလက်ထက်မှ စာပေလွှာများမဟုတ်ကြောင်း အတပ်သိလိုက်ပါသေးသည်။

မိမိအရှေ့မင်းဆက်များလက်ထက်က အရေးပါသော စာပေလွှာများ ဖြစ်ဟန်တူသည်။ မဟာမိတ်အကြောင်းအရာ၊ တိုက်ပွဲအကြောင်းအရာများကို အုပ်ချုပ်သူအချင်းချင်း စာဖြင့် အပေးအယူပြုခဲ့ကြသည့် အထောက်အထားများသာ ဖြစ်လောက်မည်။

စာလိပ်များစွာထဲတွင်မှ ထူးခြားစွာ ခရမ်းရောင်အဆင်းရှိ စာလိပ်က အာရုံထဲဝင်လာသည်မို့ ကောက်ယူဖတ်ကြည့်မိတော့ နေ့စွဲအရ ခမည်းတော်လက်ထက်က မဟာမိတ်တိုင်းပြည်မှ ပို့ခဲ့သော ပေလွှာဖြစ်ကြောင်း ကောက်ချက်ချမိသည်။

-နောက်ဆုံးအနေနဲ့ မဟာမိတ် ချစ်ကြည်ရေးပွဲကို တက်ရောက်ဖို့ ထပ်မံ ဖိတ်ခေါ်ပါတယ် Eldoraအရှင်-
-ကင်မ်မာရီယာ-

"မာရီယာ... ကင်မ်မာရီယာ... ဒီနာမည်ကို ဘယ်မှ မြင်ဖူးခဲ့ပါလိမ့်..."

ရင်းနှီးသယောင်ဖြစ်သော အမည်ဖြစ်သည့်တိုင် နောက်ကျိနေသော ခေါင်းနှင့် ရှုပ်ထွေးနေသော အာရုံတို့ကြောင့် အစဖော်မရသလို တွေးတော၍လည်း မရပါ။ ခေါင်းကိုသာ ယမ်းလိုက်၍ အာရုံနောက်မခံတော့ပဲ ရှုပ်ဖွထားမိသည့် စာပေလွှာများကိုသာ ဆက်၍ရှင်းလင်းမိတော့သည်။

သို့သော်လည်း ထိုမေ့လျော့ခြင်းသည် ကြီးမားသော အကျိုးဆက်တို့ဖြစ်လာမည့် လမ်းစဖြစ်သည်ကိုတော့ အရှင်လေး သိနိုင်စွမ်းမရှိခဲ့ပါလေ။

•••••

တော်ဝင်လက်ဆက်ပွဲ ပြင်ဆင်ချိန်က တစ်လခန့်ကြာမြင့်သော်လည်း alphaမှာ ပေါ်မလာခဲ့။ တော်ဝင်လက်ဆက်ပွဲကိုသာ အာရုံစိုက်နေကြသည်မို့ အရှင့်အပါးမှ အချိန်ကြာကြာပျောက်ဆုံးနေသည့် alphaကိုလည်း သက်ဆိုင်သူတို့မှ လွဲ၍ သတိထားမိပုံမပေါ်ပေ။

သည်လိုနှင့်ပင် ကြင်ယာတော်တင်မြောက်ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ လူတိုင်းဝမ်းမြောက်စောင့်စားရသည့်နေ့ပင် ဖြစ်သော်လည်း ကာယကံရှင်နှစ်ဦးမှာတော့ ဝမ်းမမြောက်နိုင်ပါလေ။ မဖြစ်သာ၍သာ ရွေးချယ်လိုက်ရသော်လည်း ဘယ်သူမဆို ချစ်မြတ်နိုးသူကိုသာ လက်ဆက်ချင်သည်မဟုတ်လား။

ရိုးရာဓလေ့အတိုင်း အဓိကခန်းမဖြစ်သော ညီလာခံခန်းမအတွင်းသာ ကြင်ယာတော်တင်မြောက်ပွဲကို ကျင်းပသည်။ အဖိုးတန်ပစ္စည်းများ ပန်းခက်များဖြင့် တခမ်းတနားပြင်ဆင်ထားသည်က အရေးပါသော နေ့တစ်နေ့ဖြစ်ကြောင်းကို ဖော်ကျူးကာနေသည်။

လက်ဆက်ပွဲ ဓလေ့အတိုင်း ဆောင်ရွက်အပြီး ကြင်ယာတော်ဖြစ်မည့်သူအား သရဖူချီးမြင့်ပြီးလျှင် ​တော်ဝင်လက်ဆက်ပွဲ အထမြောက်ပြီပင်ဖြစ်သည်။ ထို့ကြောင့်ပင် ခန်းမဆောင်ထိပ်တွင် အရှင့်သရဖူနီးနီး ခမ်းနားသော နီလာချယ်သည့် သရဖူတစ်ခု တည်ခင်းထားသေးသည်။

နန်းတော်အတွင်းတစ်နေရာတွင်တော့ ကြေးမုံတွင်းမှတဆင့် မိမိလည်စပ်၍ အမှတ်ကိုကြည့်ရင်း မျက်နှာပန်းမလှသော အရှင်လာဗင်ဒါလေး တည်ရှိသည်။ ဘေးဘက်တွင် ချထားသော သရဖူနှင့် မျက်ဝန်းတောက်တောက်မှ ခရမ်းစွဲရောင်တို့သည် အပြောင်တောက်ပလေ့ရှိသော်လည်း ယနေ့တွင်တော့ ဝမ်းနည်းလေဟန် ညှိုးငယ်လျက်ရှိလေသည်။ လည်တိုင်မှ alphaပေးသည့် လည်ဆွဲကို တလှည့် ခပ်လှမ်းလှမ်း သလွန်ပေါ်ရှိ alpha၏ ဝတ်ရုံကို တလှည့်ကြည့်ကာ ပို၍ပင် မျက်နှာညှိုးလာပြီးနောက် စိတ်ရှိသည့်အတိုင်း ဆူအောင့်လိုက်မိတော့သည်။

"ကိုယ်တော့်ကို တကယ်ပဲ ပြဿနာတွေနဲ့ ထားခဲ့ရက်တာပဲ။ ပြန်လာရင် ပြဿနာကြီးကြီးကို ရှာပစ်မယ်။ လူဆိုးalpha"

ထို့နောက်တွင်တော့ သလွန်ပေါ်တွင် ပုံလျက်သားရှိသော ဝတ်ရုံအား ကောက်ယူကာ တဝကြီး နမ်းရှိုက်ပစ်မိသည်။ အမြဲလိုလို ဖက်တွယ်နမ်းရှိုက်နေပါလျှင် ကပ်ငြိနေသည့် မိုးရနံ့တို့ ပြယ်ပျက်သွားမည်စိုး၍ ထိတွေ့ခြင်းကိုပင် ဆင်ခြင်ခဲ့သော်လည်း ယနေ့တွင်တော့ ရူးလောက်အောင် သတိရမိနေသည်မို့ alpha၏ အနံ့ကို ထိတွေ့ရန် ကျိန်းသေလိုအပ်ပါသည်လေ။

"သိပ်သတိရတာပဲ alpha..အဲ့လိုနဲ့ပဲ ထွက်ပြေးသွားခဲ့တာမဟုတ်ဘူးလား...ကိုယ်တော့်ကို တကယ်ထားခဲ့တာလား alpha..."

အသက်မဲ့သည့်ဝတ်ရုံက ဘယ်လိုစကားဆိုနိုင်လိမ့်တုန်း။ အရူးလေးသဖွယ် ဝတ်ရုံကိုကြည့်ကာ လွမ်းလွမ်းဆွေးဆွေးစကားဆိုနေသည့် အရှင်မှာ ချစ်ရသော alpha၏ အငွေ့အသက်တို့အား အမှန်ပင် လိုအပ်နေသည်ပင်ဖြစ်သည်။

ထို့နောက် သက်ပြင်းမျင်းမျင်းချကာ စိတ်ကိုစုစည်းရင်း ဘေးတွင်ရှိသော ဆေးရည်ကို အမြန်ပင် သောက်ချလိုက်သည်။ အရေးကြီးသော ပွဲတော်နေ့ဖြစ်သည်ကြောင့် ဟော်မုန်းဖြင့် ကူညီထိန်းချုပ်ပေးမည့် alphaမရှိသည့်အချိန်တွင် innerwolf လွတ်ထွက်မသွားစေရန် ဆေးဖြင့် ထိန်းချုပ်ရမည် မဟုတ်လား။

နန်းဆောင်ထဲမှ ထွက်လာသည့်အချိန်တွင်တော့ အခြားသူတဦးဟု အထင်မှားရလောက်အောင်ပင် တည်တင်းသွားသော အရှင့်မျက်နှာ။ စကားတခွန်းမျှမဆိုပဲ တည်ငြိမ်စွာဖြင့်သာ ခန်းမဆောင်ဆီသို့ ဦးတည်လေသည်။ ယခုချိန်မှ နောက်ပြန်ဆုတ်၍ ပြင်ဆင်ချိန်မှ မရပဲ။

တော်ဝင်လက်ဆက်ပွဲအား Eldora၏ ဓလေ့အတိုင်း ကျင်းပသည်။ ချစ်ရသူနှင့်ဆိုလျှင် မိနစ်စက္ကန့်တိုင်းသည် မွေ့လျော်ဖွယ် အမှတ်တရဖြစ်ကောင်းသော်လည်း အပေးအယူဖြင့် ကျင်းပသည့် ပွဲဖြစ်သည်ကြောင့် ပွဲလာသူမီအပ ကာယကံရှင်နှစ်ဦးလုံးအတွက်တော့ ငြီးငွေ့ဖွယ် အပိုအလုပ်များဟုသာ ခံစားရစေပါသည်။

"ကြင်ယာတော်ကို သရဖူချီးမြှင့်ပြီးရင် အရိုက်အရာမြောက်ပါပြီအရှင်"

"အရှင်!!"

နောက်ဆုံးအဆင့်ဖြစ်သော သရဖူချီးမြင့်ခြင်း မပြုမှီမှာပင် ခြေသံပြင်းပြင်းဖြင့် အမောတကောဝင်ရောက်လာသည့် ရဲမက်ကြောင့် လက်စသော အလုပ်တို့ ပျက်ပြယ်ကာ အာရုံအလုံးစုံတို့က ထိုရဲမက်ထံသို့ ကျရောက်သည်။.

လက်ဆက်ပွဲအထမြောက်မည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သူဖြစ်သော ခေါင်းဆောင်ပတ်ခ်သည်တော့ အလိုမကျလေဟန်ဖြင့်

"အခမ်းအနားလုပ်နေတဲ့အချိန် မနှောင့်ယှက်ရဘူးဆိုတာ မသိဘူးလား"

"အပြင်မှာ ကိုယ်ရံတော်ကင်မ်---"

ရဲမက်လေး၏ စကားမဆုံးခင်မှာပင် ခန်းမထဲ ဝင်ရောက်လာသည့် သူကြောင့် အာမေဋိတ်သံများက သူ့ထက်ငါ ကြီးစိုးတော့သည်။

အာမေဋိတ်သံပင် မပြုနိုင်ဘဲ ခြေထောက်များပင် ခွေကျလုနီးနီး ထိတ်လန့်သွားခဲ့သူကတော့ ရုတ်တရက် ဝင်ရောက်လာခဲ့သူ၏ သက်ဆိုင်သူဖြစ်သော အရှင်လေးပါပင်။

တိတ်တဆိတ် ထွက်ခွာသွားခဲ့သော မျက်ဝန်းစိမ်း alphaကား ထွက်သွားခဲ့စဥ်ကနှင့် ခြားနားကာ
ပြဲစုတ်နေသော အဝတ်၊ ဒဏ်ရာဒဏ်ချက်နှင့် သွေးစ အလိမ်းလိမ်းတို့နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်မှာ သွေးပျက်စရာပင် မဟုတ်လား။

"al...alpha..."

ခပ်တိုးတိုးသာ ​ရေရွတ်လိုက်သည်မို့ ဘေးလူမကြားနိုင်သော်လည်း နှလုံးသားတို့သည် ပြုတ်ထွက်လုမတတ်ပင်။ သည်လောက်ပုံပျက်ပန်းပျက်ဖြင့် ပြန်ရောက်လာရသည်အထိ ဘာတွေဖြစ်ခဲ့သည်များလဲ။

ခန်းမအလယ်သို့ရောက်မလာနိုင်ခင်မှာပင် လဲကျသွားသော alphaကြောင့် ပို၍ ရုတ်ရုတ်သဲသဲပင် ဖြစ်ရတော့သည်။ အချိန်ကြာကြာ မတွေ့ခဲ့ရသူက တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာသည်ကလည်း နေ့ထူးရက်သာတွင် သွေးအလိမ်းလိမ်းဖြင့် ဖြစ်သည်မို့ ထိတ်လန့်စရာပင် မဟုတ်ပါလား။

"ထယ်ထယ်!"

"ကိုယ်ရံတော်ကင်မ်..."

"အရှင်။ သွားလို့မဖြစ်ပါဘူး! ဒီလိုအနေအထားနဲ့ ပြန်ရောက်လာတာမို့ အန္တရာယ်ရှိနိုင်ပါတယ်"

မိမိalphaရှိရာသို့ အပြေးသွားသည့် ခြေလှမ်းများအား ရဲမက်တို့က အလျင်အမြန်ပင် တားဆီးသည့်အခါ ပို၍ ရင်ပူလာရသလို မခံမရပ်နိုင်လည်း ဖြစ်ရတော့သည်။ ဒဏ်ရာဒဏ်ချက် အပြည့်ဖြင့်ဖြစ်နေသည်ကြောင့် သင်္ကါမကင်းစရာ alpha၏ အနေအထားအား အုပ်ချုပ်သူဖြစ်သော အရှင့်အနားရောက်မလာစေရန် ကာကွယ်သည်မှာ အမှုထမ်းတို့၏ ပုံမှန်တာဝန်ပါပင်။ သို့သော်လည်း ထိုတာဝန်မှာ mateနှစ်ဦးကြား တံတိုင်းသဖွယ်ဖြစ်ကာနေသည်မို့ အရှင့်မှာ alphaအနီးသို့ပင် သွားရန် မစွမ်းနိုင်ခဲ့ပါလေ။

တရားဝင် တော်ဝင်မိသားစုဝင်မဖြစ်သေးသော သခင်လေးပတ်ခ်အား အတားအဆီးပြုမည့်သူ မရှိသည်မို့ အလျင်အမြန်ပင် alphaအနီးသို့ ရောက်ရှိသော်လည်း အုပ်ချုပ်သူမို့ အန္တရာယ်ဖြစ်မည်စိုး၍ တားဆီးသည်ဟုသည့် ဆင်ခြေဖြင့် အရှင်လာဗင်ဒါလေးသည် ခပ်လှမ်းလှမ်းမှပင် ရင်နင့်စွာ ကြည့်နေရလေသည်။

တကယ့်ကို ဘာတွေဖြစ်ခဲ့တာများလဲ...

#Tbc

A/N: ရှုပ်သွားကြပြီလား 😬 alphaကြီးအကြောင်းက လာမယ့်အပိုင်းတွေမှာ တဖြည်းဖြည်း ပေါ်လာတော့မှာမို့ စောင့်ကြည့်ပေးကြပါဦးရှင် 😬 မရှင်းတာရှိရင်လည်း လာမေးလို့ရပါတယ်နော်><

ဒီတလော နေတွေတအားပြင်းတာမို့  အပူဒဏ်ကနေ အားလုံးပဲ အစစအရာရာ ဂရုစိုက်ကြပါဦးရှင်

See you in next episode~

- 해바라기

ZG

"ဒီအမွတ္အသားနဲ႕ ပတ္သက္ၿပိး ေျဖရွင္းရေအာင္ အရွင္"

"အဲ့...အဲ့ဒါက...."

ခန္းမအတြင္းရွိ အမႈအရာထမ္းတိုင္း၏ မ်က္လုံးသည္လည္း မယုံၾကည္နိုင္သည့္ အၾကည့္တို႔ျဖင့္ အမွတ္အသားေနရာမွ မ်က္လုံးမခြာနိုင္ၾကသလို

သင္းကြဲအုပ္စုေခါင္းေဆာင္၏ မ်က္လုံးတို႔သည္လည္း မီးဝင္းဝင္းေတာက္ကာ အမဲဖ်က္ေတာ့မည့္ဟန္ပင္။

"mateရွိေနရဲ႕သားနဲ႕ မဟာမိတ္ျပဳ႐ုံသက္သက္ က်ဳပ္သားကို ၾကင္ယာျမႇောက္မယ္ ကတိေပးခဲ့တာလား? က်ဳပ္ရဲ႕ သားက omegaဆိုေပမယ့္ ဂုဏ္သေရရွိတဲ့ လုလင္ပ်ိဳတစ္ေယာက္ပါ။ Mateရွိၿပီးသား alphaရဲ႕ ကိုယ္လုပ္ေတာ္အျဖစ္ ရွိေစဖို႔ သေဘာတူခဲ့တာ မဟုတ္ဘူးေနာ္ အရွင္"

ဂုဏ္သေရရွိေသာ သားျဖစ္သူအား ကုန္ပစၥည္းအလဲအထပ္ျပဳသကဲ့သို႔ အတင္းကာေရာ ထိုးေပးခဲ့သူက ယခုက်မွ သူက အတင္းအက်ပ္ မတရား ကမ္းလွမ္းသူကဲ့သို႔ စကားဆိုသည္က လြန္လြန္းပါသည္။

သို႔ေသာ္လည္း သူတုန္လႈပ္ေနလို႔ မျဖစ္ပါ။ သည္အတိုင္းသာဆိုလွ်င္ ဖုံးကြယ္ထားသည့္ သ႐ုပ္မွန္ပါ အႏွေးႏွင့္အျမန္ေပၚသြားနိုင္သည္ပင္ မဟုတ္လား။ ထို႔ေၾကာင့္ပင္ ေလွ်ာက်လ်က္ရွိေသာ အကၤ်ီအား အလ်င္ဆြဲကာလိုက္ကာ

"ခင္ဗ်ားကမွ အခု ဘာလုပ္တာလဲ ေခါင္းေဆာင္ပတ္ခ္! ကိုယ္ေတာ့္ညီလာခံကိုလာၿပီး မဖြယ္မရာအမႈကို ျပဳတယ္?တိုင္းျပည္အရွင္ကိုေလ"

"က်ဳပ္အျပဳအမူက မယဥ္ေက်းတာ လက္ခံပါတယ္ အရွင္။ ဒါေပမယ့္ အျဖစ္မွန္ကိုလည္း သဲကြဲေအာင္ သိရမွျဖစ္မွာမို႔ ေက်းဇူးျပဳၿပီး ေျဖရွင္းေပးပါ အရွင္"

စိတ္ရွိအတိုင္းသာဆို မွတ္သားေလာက္ေအာင္ အျပစ္ေပးၿပီးေလာက္ၿပီ ျဖစ္ေသာ္လည္း မိမိျပႆနာအရႈပ္အား အရင္ေျဖရွင္းရမည္ေၾကာင့္ အံႀကိတ္႐ုံသာ တတ္နိုင္သည္က ခံျပင္းစရာပါပင္။

"က်ေနာ္တို႔ မသိရတဲ့ ဒီအမွတ္အသားနဲ႕ ပတ္သက္ၿပီး ေျဖရွင္းေပးပါအရွင္"

"အျဖစ္မွန္ကို ဝန္ခံေပးပါအရွင္"

အမ်က္ေဒါသေၾကာင့္ေရာ၊ ထိတ္လန့္တုန္လႈပ္မႈေၾကာင့္ပါ အရွင့္ကိုယ္ငယ္ဟာ တဆတ္ဆတ္တုန္လ်က္ရွိသည္။ မိမိဘက္မွာ တဦးတေယာက္မွ် မရွိသည့္ သည္ခိုးကိုးရာမဲ့အေျခအေနကို သိပ္မုန္းပါသည္။ ပိုင္ဆိုင္ခဲ့သမွ် ထီးနန္း အာဏာႏွင့္ ဂုဏ္ျဒပ္တို႔သည္ မ်က္စိတမွိတ္အတြင္းမွာပင္ ေပ်ာက္ကြယ္လုၿပီထင္ပါသည္။

အေျခအေနပို၍ ဆိုးမလာေစရန္ ေပၚထြက္စျပဳလာေသာ လာဗင္ဒါအနံ႕တို႔ကို ထိန္းခ်ဳပ္ရင္း စိတ္ၿငိမ္ရန္ အရင္ႀကိဳးစားရသည္။ ကိစၥတစ္ခုရွင္းမၿပီးခင္မွာပင္ ေနာက္တခုေပၚလာခဲ့ပါလွ်င္ ဘယ္လိုမွမလြယ္ကူပါေလ။

"ေျဖရွင္းေပးပါ အရွင္"

"အဲဒီအမွတ္အသားက---"

"အဲ့အမွတ္အသားက က်ေနာ္လုပ္ခဲ့တာ!"

စကားမဆုံးခင္မွာပင္ ထြက္ေပၚလာေသာ အသံစူးစူးေၾကာင့္ ခန္းမအတြင္းရွိ အာ႐ုံတို႔က ညီလာခံခန္းမ တံခါးဝဆီသို႔ ကူးေျပာင္းသည္။ အသံပိုင္ရွင္ကို ျမင္ရခ်ိန္တြင္ေတာ့ အာေမဋိတ္သံမ်ား ေရွ႕ေနာက္ဆင့္ကာ ေပၚထြက္လာေလေတာ့သည္။ အံ့အားသင့္ရသူထဲတြင္ ထိပ္ဆုံးမွပါဝင္သူကေတာ့ အရွင္ကိုယ္တိုင္ပင္။

"သခင္ေလး ပတ္ခ္...?"
"ဂ်ီမင္း?"

ဟုတ္ပါသည္။ မ်ိဳးႏြယ္အားျဖင့္ တူညီေသာ္လည္း ႏွလုံးသားေရးရာတြင္ ၿပိဳင္ဘက္ျဖစ္ေသာ မက္မြန္ပန္းနံ႕ပိုင္ရွင္ ထိုomegaပါပင္။ မထင္မွတ္ထားသည့္ အျပဳအမူမို႔ အရွင္ကိုယ္တိုင္လည္း ဆြံ႕အရေသာ အေနအထားျဖစ္ရေလေတာ့သည္။

တီးတိုးေျပာဆိုသံတို႔ၾကားမွ တခ်က္ပင္ တြန့္ဆုတ္ျခင္းမရွိပဲ ခန္းမအလည္သို႔ ေလွ်ာက္လွမ္းလာသည့္ ထိုomegaမွာ ျမင္ဖူးခဲ့ေသာ ႏူးညံ့သည့္ ပုံရိပ္တို႔ႏွင့္ ကြာျခားလ်က္ပင္။

"သားငယ္ မင္းဘာေတြေျပာေနတာလဲ"

"အဲ့ဒီ အမွတ္အသား... အဲ့ဒီဟာက... က်ေနာ္လုပ္ခဲ့တဲ့ အမွတ္အသားပဲလို႔"

သင္းကြဲအုပ္စုေခါင္းေဆာင္က မယုံနိုင္သည့္ မ်က္ႏွာအေနအထားျဖင့္ ေမးခြန္းဆိုလာသည့္တိုင္ ယုံၾကည္ခ်က္ရွိရွိျဖင့္ ျပန္ေျဖသည့္ omegaငယ္သည္ ဘာအႀကံအစည္ရွိမွန္းပင္ မခန့္မွန္းတတ္ေတာ့ပါ။ ေသခ်ာသည္ကေတာ့ တဖက္တလမ္းမွ အရွင့္အတြက္ အကူအညီျဖစ္ေစသည္မွာ မလြဲမေသြပင္။

"ဂ်ီမင္း... ဒါက matingအမွတ္အသားေနာ္။"

"ဟုတ္တယ္ေလ ဒါေၾကာင့္ပဲ ထင္ထင္ရွားရွားရွိေနတာ မဟုတ္ဘူးလား"

"မင္းရဲ႕စကားကို ဘယ္လိုယုံရမွာလဲ သားငယ္ ဟိုတခါကထိ လက္ဆက္ဖို႔ကို ျငင္းဆန္ေနခဲ့တဲ့သူကေလ"

"လူ႕စိတ္က တစ္ရက္တမနက္နဲ႕ေတာင္ အေျပာင္းအလဲျဖစ္နိုင္တာပဲ မဟုတ္လား။ မယုံဘူးဆို အေဖက က်ေနာ့္ကို ဘယ္လိုသက္ေသျပေစခ်င္လို႔လဲ? က်ေနာ့္ဆီက matingအမွတ္အသားကိုပါ ကိုယ္တိုင္ ေဖာ္ျပရမွာလား"

သခင္ေလးပတ္ခ္၏ ရဲတင္းသည့္ စကားဆိုမႈေနာက္ ပ်က္ယြင္းသြားေသာ သင္းကြဲအုပ္စုေခါင္းေဆာင္၏ မ်က္ႏွာ။ လက္ရွိအေနအထားထိ ယုံၾကည္ရန္ ခက္ခဲေနေသးေသာ္လည္း သက္ေသျပခိုင္းပါလွ်င္ တဖက္က မိမိသားျဖစ္သည္မို႔ ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းသလိုသာ ျဖစ္မည္ေလ။

"က်ေနာ္က omegaတစ္ေယာက္၊ ေနာက္ၿပီး ၾကင္ယာေတာ္ေလာင္းအျဖစ္ သတ္မွတ္ခံထားရတဲ့သူပဲ။ က်ေနာ့္အသားကို အဲ့လို လူၾကားထဲ ထင္သာျမင္သာေအာင္ ေဖာ္ျပေစခ်င္တာလား။ အဲ့လိုခိုင္းတဲ့သူကလည္း က်ေနာ့္အေဖတဲ့လား။ အေဖတို႔ရဲ႕ ေလာကစည္းမ်ဥ္းေတြနဲ႕ ေသြဖယ္မေနဘူးလား"

မိမိတို႔ ေရွ႕တစ္ဆက္အထိ omegaတို႔၏ ခႏၶာကိုယ္မွာ လူအမ်ားၾကား ထင္ျမင္စြာ မေဖာ္ျပသင့္သည့္အရာဟုသည့္ ေရွးရိုးစြဲ ခပ္ေၾကာင္ေၾကာင္ စံသတ္မွတ္ခ်က္တို႔ျဖင့္
ကိုင္တုပ္ကာ ေျခခ်ဳပ္မိေတာ့ ေခါင္းေဆာင္ပတ္ခ္သည္လည္း ႏႈတ္ပိတ္သည္။ အတင္းအက်ပ္ေစခိုင္းပါလွ်င္ အရွက္မဲ့ေစသည့္ ဖခင္အျဖစ္သမုတ္ခံရမည္ပင္ မဟုတ္လား။

*ခြမ္း!*

ကြဲရွသံ က်ယ္က်ယ္ေၾကာင့္ ခန္းမတခုလုံး အပ္က်သံပင္ မၾကားနိုင္ေလာက္ေအာင္ တိတ္ဆိတ္သည္။ အရွင္မွ လက္သုံးေတာ္ဓားျဖင့္ ခပ္လွမ္းလွမ္းမွာ အလွပန္းအိုးအား ပစ္ခြဲလိုက္ျခင္းပင္ျဖစ္သည္။ သခင္ေလးပတ္၏ စကားတို႔သည္ ရာႏႈန္းျပည့္ မွန္ကန္မေနသည့္တိုင္ မိမိအတြက္ အကူအညီျဖစ္ေစသည္မို႔ အကာအကြယ္ယူ ေျဖရွင္းရမည္ေလ။

"အားလုံးပဲ ေတာ္ၾကေတာ့။ အခု ခင္ဗ်ားတို႔ သိခ်င္တာကို သိရၿပီလို႔ ေမွ်ာ္လင့္တယ္။ သခင္ေလးက ကိုယ္ေတာ္ရဲ႕ ၾကင္ယာေတာ္ေလာင္းမို႔ ဒီကိစၥနဲ႕ ပတ္သက္ၿပီး အေသးစိတ္ထပ္စစ္ေဆးမွာမ်ိဳးကိုလည္း ခုကတည္းက ႀကိဳတားဆီး ပိတ္ပင္တယ္။ တားဆီးတဲ့ၾကားက အခုလို အတင္းအက်ပ္ရိုင္းပ်တဲ့ ကိစၥမ်ိဳးထပ္ရွိခဲ့ရင္ေတာ့ ႀကီးေလးတဲ့ အျပစ္ေပးဖို႔ ဝန္ေလးမွာ မဟုတ္ဘူး။ အဲ့လူက အမ်ိဳးေတာ္စပ္ရမယ့္ လူဆိုရင္ေတာင္ေပါ့"

အရွင့္၏ ခပ္ျပတ္ျပတ္ သတိေပးသံေနာက္ တင္းမာေနခဲ့ေသာ သင္းကြဲအုပ္စု ေခါင္းေဆာင္သည္လည္း ဂုဏ္ငယ္ဟန္ ေခါင္းပင္ မေဖာ္နိုင္ေတာ့။ အရွင္တြင္ mateရွိသည္ဆိုသည့္ ခိုင္မာသည့္ သတင္းစကားေၾကာင့္ အပိုင္တြက္ကာ စြဲခ်က္တင္မိေသာ္လည္း ထိုစြဲခ်က္က မိမိကိုပင္ ျပန္ပတ္လာသည္မို႔ မင္းျပစ္မင္းဒဏ္ မသင့္လွ်င္ပင္ ေတာ္ေသးေသာ အေနအထားပင္။

"က်ဳပ္ ေသခ်ာမသိပဲ ရိုင္းပ်မိတဲ့အတြက္ စိုး႐ြံ႕မိပါတယ္ အရွင္။ က်ဳပ္က---"

"ေတာ္စမ္း ေခါင္းေဆာင္ပတ္ခ္။ ကိုယ္ေတာ္ ဒီတခါေတာ့ ခင္ဗ်ားကို တကယ္ အမ်က္ထြက္မိတယ္။ ဒါေၾကာင့္ ကိုယ္ေတာ့္ အမိန့္မရမခ်င္း ေနာက္နန္းေတာ္ထဲကို လာဖို႔မစဥ္းစားပါနဲ႕။

"ဟင္ ဒါဆို လက္ဆက္ပြဲ ကိစၥက...?"

"ကိုယ္ေတာ့္ဘာသာ စီစဥ္မွာမို႔ လတ္တေလာေတာ့ ကိုယ္ေတာ့္မ်က္စိေအာက္ မလာမိေအာင္ေနပါ ေခါင္းေဆာင္ပတ္ခ္။ ကိစၥ တခုခုရွိရင္ သခင္ေလးကေန တဆင့္အသိေပးလိုက္မွာမို႔ အခုခ်က္ခ်င္း ဒီကေန ထြက္သြားေပးပါ။ ဒါဟာ သခင္ေလးရဲ႕ ဖခင္ဆိုတဲ့အရွိန္နဲ႕ ေလ်ာ့ေပါ့ေပးထားတာပဲ"

"ေက်းဇူးႀကီးမားပါတယ္ အရွင္။ က်ဳပ္ အမွားကို သုံးသပ္ဆင္ျခင္ပါ့မယ္"

ခပ္ျမန္ျမန္ ဂါရဝျပဳကာ ထြက္သြားသည့္ သင္းကြဲေခါင္းေဆာင္က သည့္ထက္ အမ်က္ရွခံရမည္ကိုေတာ့ စိုးရိမ္ပုံပင္။ စိုးရိမ္သည့္ၾကားမွ လက္ဆက္ပြဲအေၾကာင္းၾကားသည့္အခါ မဖုံးနိုင္ မဖိနိုင္ အေပ်ာ္ကိုလည္း ျမင္လိုက္ရေသးသည္မို႔ ပို၍ပင္ စက္ဆုပ္မိေတာ့သည္။ သားသမီးကို အသုံးခ်၍ ဘုရင့္ေယာကၡမရာထူးအား ဘယ္ေလာက္ေတာင္ ငမ္းငမ္းတက္ေနခဲ့သည္လဲ

"ခင္ဗ်ားတို႔လည္း ခုကစၿပီး သူမ်ားေျပာတိုင္း ဦးႏွောက္ေလးနဲ႕ ခ်င့္ယုံဖို႔ ေမွ်ာ္လင့္တယ္။ ကိုယ့္ကိုယ္ကို ဆင္ျခင္သုံးသပ္ၾကပါ။ ညီလာခံၿပီးၿပီ"

"သခင္ေလးပတ္ခ္ကေတာ့ ခဏေနရင္ ကိုယ္ေတာ္နဲ႕ စကားေျပာဖို႔ လိုတာမို႔ ေနခဲ့ပါ"

မိမိအမိန့္အား မတုန္မလႈပ္ ေခါင္းသာျငႇိမ့္ေသာ ထိုomegaကို ၾကည့္ရင္း အေတြးမ်ားရျပန္သည္။ မိမိႏွင့္ ရင္းႏွီးသည့္ ထိေတြ႕မႈပင္မရွိခဲ့ပဲ ထိုသို႔ အမိအရေျပာဆိုရျခင္းက ဘာသေဘာျဖစ္ေလာက္မည္လဲ။ ၾကင္ယာေတာ္ေနရာကို ျငင္းဆန္ခဲ့သူမို႔ အပိုင္သိမ္းလိုသည့္ရည္႐ြယ္ခ်က္ေတာ့ မျဖစ္နိုင္ပါေလ။

ထို႔အျပင္ အခန့္မသင့္လွ်င္ ဂုဏ္သိကၡာပင္ ထိခိုက္နိုင္သည့္ ကာကြယ္မႈအား အကူအညီေတာင္းခံျခင္း မရွိပဲနဲ႕ပင္ ျပဳခဲ့ျခင္းမွာ ဘယ္လိုရည္႐ြယ္ခ်က္ျဖင့္လဲ။ သမားေတာ္မင္၏ ေတာင္းဆိုမႈလား။

သို႔မဟုတ္... မိမိ၏ သ႐ုပ္မွန္ကို သိသြားျခင္းေပလား...?

•••••

"ဘာရည္႐ြယ္ခ်က္နဲ႕လဲ"

"....."

"ဘာရည္႐ြယ္ခ်က္နဲ႕လဲ သခင္ေလးပတ္ခ္။ ကိုယ္ေတာ္တို႔ၾကားထဲ ဘာကိစၥမွမရွိခဲ့ဘူးဆိုတာ အားလုံးထက္ သခင္ေလးကအသိဆုံး မဟုတ္လား။ ဘာရည္႐ြယ္ခ်က္နဲ႕ အခုလို လုပ္ခဲ့တာလဲ"

ခန္းမေဆာင္ထဲ အရွင္လာဗင္ဒါေလး၏ ခပ္တိုးတိုးစကားသံကသာ ပဲ့တင္ထပ္သည္။ မက္မြန္ပန္းရနံ႕ပိုင္ရွင္ေလးသည္ေတာ့ တည္ၿငိမ္စြာ ၿငိမ္သက္လ်က္ပင္ ျဖစ္သည္။

"ညစာစားပြဲရွိတဲ့ည.. အဲ့ေန႕ညတုန္းက ျမင္ခဲ့ပါတယ္"

"ဟင္"

အတန္ၾကာေအာင္ ႏႈတ္ဆိတ္ေနခဲ့သူက စကားစဆိုလာခ်ိန္တြင္ေတာ့ အရွင့္မ်က္လုံးေလးမ်ား ဝိုင္းစက္သြားရသည္။

"အရွင္နဲ႕ သူ နန္းေဆာင္ထဲမွာ ခ်စ္ေနခဲ့ၾကတာကို မထင္မွတ္ပဲ ျမင္ခဲ့ပါတယ္"

"သူ-သူဆိုတာက...."

"ဟုတ္ပါတယ္။ အရွင္နဲ႕ ထယ္ထယ္ တနည္းအားျဖင့္ အရွင့္alphaကို ျမင္ခဲ့တာပါ"

alphaမသြားခင္ တညအလိုက အျဖစ္အပ်က္အား မ်က္ဝါးထင္ထင္ ျမင္ခဲ့သည္တဲ့လား။ အျခားအရာလည္း မဟုတ္ပဲ ခ်စ္တင္းႏွောခဲ့သည့္ ကိစၥမို႔ မ်က္ႏွာျပင္တခုလုံး ပူတက္လာေတာ့သည္။

"....... ဘယ္လို... ဘယ္လိုျဖစ္ၿပီး..."

"ညစာစားပြဲကို အေဖက လာခြင့္မျပဳခဲ့ေပမယ့္ လြန္က်ဴးတဲ့ ကိစၥေတြ ျဖစ္မွာစိုးလို႔ ခိုးဝင္ခဲ့ပါတယ္...။ ဒါေပမယ့္ က်ေနာ္က နန္းတြင္းကေနရာေတြကို မကြၽမ္းက်င္တာမို႔ မေမွ်ာ္လင့္ပဲ အရွင့္ရဲ႕ အေဆာင္ေရွ႕ကို ေရာက္ခဲ့တာပါ... အဲ့ဒီမွာ...အဲ့ဒီမွာပဲ...."

"ရ-ရၿပီ သခင္ေလးပတ္ခ္"

မိမိႏွင့္ alpha၏ ခ်စ္ရည္လူးမႈအား ျမင္ခဲ့သည္ဆိုသည္က ျပန္ၾကားရသည္ႏွင့္ပင္ ရွက္ဖြယ္ေကာင္းပါသည္။ ထိုေန႕က ပတ္ဝန္းက်င္ကိုပင္ ဂ႐ုမစိုက္နိုင္ေအာင္ စိတ္ရႈပ္ေနခဲ့သည္မို႔ ေပါ့ဆမိေသာ မိမိအမွားပင္ျဖစ္သည္။ ျမင္ခဲ့သူက သည္omegaမို႔သာ ေတာ္ေသးသည္။

"အားလုံး သိၿပီးသားျဖစ္ေနခဲ့တာပဲ... အဲ့ဒါကို ဘာလို႔ ေစာေစာမေျပာခဲ့တာလဲ ဒီၾကားထဲ"

"အရွင့္မွာလည္း ဖုံးကြယ္ထားရမယ့္ အေၾကာင္းျပခ်က္ရွိမယ္လို႔ ခံစားမိလို႔ပါ။ အစက alphaခ်င္း ေမတၱာမွ်ေနခဲ့တာလို႔ ထင္ခဲ့ေပမယ့္ မၾကာေသးခင္ကမွ အရွင္ဟာ omegaတစ္ေယာက္ျဖစ္မွန္းပါ သိခဲ့ရပါတယ္။"

"ဒီအေၾကာင္းကို ပြင့္ပြင့္လင္းလင္းေမးဖို႔ ဒီမနက္ နန္းေတာ္ကို လာခဲ့တဲ့အခ်ိန္မွာ မူမမွန္တဲ့ အေဖ့ကို အမွတ္မထင္ ေတြ႕လိုက္ရတာမို႔ က်ေနာ္လည္း ႀကံမိႀကံရာ ႀကံခဲ့တာပါ။ အျခားရည္႐ြယ္ခ်က္ လုံးဝ မရွိခဲ့ပါဘူး အရွင္"

"ဒါဆို ဘာလို႔ ကူညီေပးခဲ့တာလဲ။ သခင္ေလးလည္း ကိုယ္ရံေတာ္ကင္မ္ကို ေမတၱာသက္ဝင္ေနတာ မဟုတ္လား။ တကယ္ဆို ဒီအတိုင္းေက်ာ္သြားရင္ေတာင္ သခင္ေလးအတြက္ ပိုေကာင္းတယ္မဟုတ္ဘူးလား"

"က်ေနာ့္ရဲ႕ ႏွလုံးသားေရးရာတခုတည္းနဲ႕ ေတြးရင္ေတာ့ အဲ့လိုျဖစ္နိုင္တာေပါ့ အရွင္။ ဒါေပမယ့္ အရွင္ဟာ က်ေနာ့္ကို အဲဒီနယ္ေျမကေန ကယ္ထုတ္ေပးခဲ့တဲ့သူပါ။ အဲ့ဒီေက်းဇူးအျပင္ အေျခအေန မကြာျခားတဲ့ omegaအခ်င္းခ်င္း ေဖးမသင့္တယ္လို႔ ေတြးမိလို႔ အခုလို လုပ္ခဲ့ရတာပါ အရွင္"

ထင္ထားသည္ထက္ကို သေဘာထားျပည့္ဝသည့္ ထိုomegaေၾကာင့္ အေျခအေနတခုစာေတာ့ ရင္ေအးရပါသည္။ ရန္သူပတ္လည္ဝိုင္းေနသည့္ အေနအထားတြင္ အယုံအၾကည္ျပဳစရာ တဦးထပ္ရွိလာသည္မို႔ ေတာ္ပါေသးသည္။

"ကူညီမႈအတြက္ ေက်းဇူးတင္ပါတယ္။ သခင္ေလးေၾကာင့္ ကိုယ္ေတာ္ ထီးနန္းကို မထိခိုက္ရေတာ့ဘူးပဲ။ ဒါေပမယ့္ ဒီလိုေတြျဖစ္ၿပီးမွ လက္ဆက္ပြဲ မလုပ္လို႔လဲ မရေတာ့ဘူး။ အဲ့ဒါအတြက္ အဆင္ေျပပါ့မလား သခင္ေလး။ သခင္ေလးက ၾကင္ယာေတာ္ မျဖစ္ခ်င္ခဲ့ဘူးမလား"

"အရွင့္ကို alphaတစ္ေယာက္လို႔ ထင္ခဲ့မိလို႔ အတိအလင္း ျငင္းဆန္ခဲ့တာပါ။ အခုလို အေျခအေနမွာေတာ့ မျဖစ္မေနလက္ဆက္ရမယ္ဆိုရင္လည္း ဘဝတူ omegaျဖစ္ေနတာမို႔ သိပ္ျပႆနာမရွိဘူးလို႔ ေတြးပါတယ္။ omegaေတြကို အုပ္ခ်ဳပ္သူအျဖစ္ လက္ခံလာတဲ့အခ်ိန္တစ္ခုအထိ အရွင္နဲ႕ က်ေနာ္ အခ်င္းခ်င္း အကူအညီျပဳၾကတာေပါ့"

သခင္ေလးပတ္ခ္ ဆိုလိုေသာ စကား၏ အတိမ္အနက္အား အရွင္လာဗင္ဒါေလးသည္လည္း ေကာင္းေကာင္းနားလည္ပါသည္။ omegaျဖစ္ေသာ မိမိတို႔အား အုပ္ခ်ဳပ္သူအျဖစ္ ေခါင္းေမာ့လက္ခံလာနိုင္မည့္ အေျခအေနေရာက္သည့္အခါ သင္းကြဲအုပ္စု ေခါင္းေဆာင္အရာအား က်ိန္းေသ အပ္ႏွင္းျဖစ္မည္ပင္ျဖစ္သည္။

"ေက်းဇူးတင္ပါတယ္ သခင္ေလးပတ္ခ္။ တခ်ိန္က်ရင္ သခင္ေလးကူညီခဲ့တာေတြက အေထာက္အကူျဖစ္ေစရမယ္လို႔ ကိုယ္ေတာ္ကတိျပဳတယ္"

"ေက်းဇူးႀကီးမားပါတယ္ အရွင္။ က်ေနာ့္ကို ဒါဆို သြားခြင့္ျပဳပါဦး"

ထြက္ခြာသြားသည့္ ေက်ာျပင္ငယ္ကိုၾကည့္ရင္း သက္ျပင္းသာ ရွိုက္မိေလေသာ အရွင္လာဗင္ဒါငယ္။ ျပႆနာတစ္ခုက ရွင္းလင္းသြားသည့္တိုင္ ျမန္ဆန္လြန္းသည့္ အျဖစ္အပ်က္ေၾကာင့္ ေန႕ခ်င္းညခ်င္းပင္ ေရွာင္လႊဲမရပဲ ၾကင္သူမဟုတ္ေသာ တစုံတေယာက္အား ၾကင္ယာတင္ျမႇောက္ရေတာ့မည္ပင္ မဟုတ္လား။

တဖက္သားက နားလည္မႈရွိေသာ္လည္း alphaကေကာ? မိမိ၏ alphaသည္ေကာ ဘယ္လိုတုံ႕ျပန္လိမ့္မည္လဲ။ ခ်စ္ရသူႏွင့္ ငယ္သူငယ္ခ်င္း၏ လက္ဆက္ပြဲအား ဟန္ေဆာင္လက္ဆက္သည္ပင္ ျဖစ္လင့္ကစား လက္ခံနိုင္ရန္မွာ မလြယ္ကူလွသည္ေလ။

alphaမရွိသည့္ ရက္သတၱပတ္အတြင္း ျဖစ္ပ်က္သြားသည့္ ျမန္ဆန္ေသာ အျဖစ္အပ်က္ကိုပင္ အျပစ္တင္ရမည္လား။ အေၾကာင္းတစုံတရာ ေသခ်ာမေျပာပဲ အဆက္အသြယ္မဲ့ေနသည့္ alphaကိုပင္ အျပစ္တင္ရမည္လား မေတြးတတ္ေတာ့ပါေလ။ စိတ္ရႈပ္ေထြးသည့္ၾကားမွ အခ်ိန္ၾကာၾကာ မဆက္သြယ္သည့္ မိမိalpha အႏၱရာယ္ကင္းကင္းရွိေစရန္လည္း ႀကိတ္ဆုေတာင္းေနမိပါေတာ့သည္။

••••••

အရွင့္ဆုေတာင္းအတိုင္း alphaကေကာ အႏၱရာယ္ ကင္းကင္း ရွိေနခဲ့ရဲ႕လား...

အင္း... အရွင့္ဆုေတာင္းသည္ေတာ့ ျပည့္ခဲ့ဟန္ မေပၚပါေလ..

အလင္းဝင္ေပါက္အနည္းငယ္သာရွိကာ ေအးစက္ေမွာင္ပ်သည့္ ထိုေနရာသည္ အျပစ္က်ဴးလြန္ရာ အက်ဥ္းသားတို႔ စံရာ ေနရာျဖစ္သည့္တိုင္ ထိုအခ်ဳပ္ခန္းႏွင့္ လားလားမွ် မသက္ဆိုင္သူက ခ်ဳပ္ႏွောင္ခံလ်က္တည္ရွိသည္။ လက္ႏွင့္ ေျခတို႔အား သားရဲေကာင္ကဲ့သို႔ ႀကိဳးမ်ားျဖင့္ ခ်ဳပ္ႏွောင္ထားသည့္တိုင္ မ်က္ဝန္းစိမ္းတို႔၏ အၾကည့္စူးစူးမွာ အမဲဖ်က္ခ်င္ေနဟန္ပင္။

ေလးလံသည့္ တံခါးသံက်ယ္က်ယ္ႏွင့္အတူ ခပ္ေမွာင္ေမွာင္ အက်ဥ္းခန္းက ပို၍ လင္းထင္းလာသည္။ တဆက္တည္းမွာပင္ မင္းဝတ္မင္းစားျဖင့္ ခပ္ထြားထြားလူတစ္ေယာက္က ေဆာင့္ႂကြားႂကြားႏွင့္ အက်ဥ္းခန္းအနီးသို႔ ေရာက္လာကာ

"မင္းသားငယ္ေလး။ အိုးး ငါ့ရဲ႕ တူေတာ္ေလးကို မေတြ႕ရတာ ၾကာၿပီပဲ"

"အခုခ်က္ခ်င္း ဒီတံခါးကို ဖြင့္လိုက္ပါ အိုဝမ္"

အက်ဥ္းခန္းေရွ႕ အရွက္မဲ့စြာေရာက္လာခဲ့ေသာ ရန္သူေဟာင္းအား စက္ဆုပ္စြာၾကည့္ကာ အံႀကိတ္၍ ဆိုလိုက္သည့္စကားပင္။ ၾကင္နာတတ္ေသာ သပ္သပ္ရပ္ရပ္ alphaပုံစံႏွင့္ မတူပဲ ဒဏ္ရာအလိမ္းလိမ္းျဖင့္ ရန္လိုေနသည့္ သားရိုင္းသဖြယ္ျဖစ္ကာေနေလေသာ မ်က္ဝန္းစိမ္းပိုင္ရွင္မွာ သာမန္အေနအထားႏွင့္ အေတာ္ေလးျခားနားလွပါသည္ေလ။

တံခါးေရွ႕မွ အိုဝမ္ဆိုသူကေတာ့ ေလွာင္ေျပာင္ေလဟန္ ခပ္ေထ့ေထ့ရယ္ေမာကာ

"ငါက? ငါက ဘာလို႔ဖြင့္ရမွာတုန္း မင္းသားေလးရဲ႕။ ေႁမြေပြးကို လူၾကားထဲ လႊတ္ေပးလိုက္သလိုျဖစ္မွာေပါ့"

"အဲ့လိုေကာက္က်စ္တာနဲ႕ပဲ ခင္ဗ်ားေနရာက ၿမဲမယ္ထင္ေနသလား အိုဝမ္။ မတရားရယူထားတာမို႔ မၾကာခင္ျပန္ေပးရမွာပဲ"

"စကားႀကီးစကားက်ယ္နဲ႕ ေျပာမေနပဲ ဒီေနရာကသာ အရင္လြတ္ေအာင္လုပ္ၾကည့္စမ္းပါ မင္းသားေလးရဲ႕။ ေနပါဦး နန္းက်မင္းသားလို႔ေျပာရင္ ပိုမွန္မလားေနာ္"

"ခင္ဗ်ား!!!"

*ဒုန္း!*

ေဒါသျဖင့္ ႐ုန္းကန္လိုက္ေသာ္လည္း သံႀကိဳးတို႔၏ တုပ္ႏွောင္ထိန္းခ်ဳပ္မႈေၾကာင့္ စိတ္လိုတိုင္းမျဖစ္ရပဲ ပြန္းပဲ့ရာတို႔သာ ပို၍ထင္က်န္သည္။

သားရိုင္းသဖြယ္ ခ်ဳပ္ႏွောင္ခံထားရေသာ alphaကို ၾကည့္ကာ တရားခံျဖစ္သူသည္ေတာ့ အားရစြာၿပဳံးရင္း

"အိုး မရမ္းကားရဘူးေလ။ ေတာ္ဝင္မ်ိဳးရိုးရဲ ဂုဏ္ပုဒ္နဲ႕ ညီမေနဘူးမလား မင္းသားေလးရဲ႕။ အာ.. ေမ့လို႔ နန္းက်မင္းသားေလးက ေတာ္ဝင္စည္းကမ္းေတြ ဘယ္သိေတာ့မလဲ"

"အသာတၾကည္ပဲ အေပးအယူလုပ္ၾကရေအာင္ေလ။ ဝတ္႐ုံဘယ္မွာလဲ? ဝတ္႐ုံကို ေပးခဲ့ရင္ မင္းကို ျပန္လႊတ္ေပးမွာမို႔"

"ဘယ္ေတာ့မွ မရေစရဘူး အိုဝမ္။ အသာတၾကည္ေပးဖို႔ က်ဳပ္ဒီကို လာခဲ့တယ္ထင္ေနတာလား"

"အသာတၾကည္ပူးေပါင္းလိုက္ရင္ ၿပီးသြားမယ့္ ကိစၥကို ဘာလို႔ ေခါင္းမာေနခ်င္ရသလဲ။ ငါေျပာသလိုလုပ္လိုက္ရင္ မင္းလည္း နစ္နာစရာမရွိဘူးေလ"

"သစၥာေဖာက္ ေအာက္တန္းစားနဲ႕ ပူးေပါင္းတာမ်ိဳးကို က်ဳပ္ဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘူး အိုဝမ္"

"စကားေတြက ၾကမ္းလွခ်ည္လား။ အဲ့ဒါဆိုရင္လည္း ဒီထဲမွာပဲ အရိုးေဆြးတဲ့အထိ ေနလိုက္ေပါ့ နန္းက်မင္းသားေလးရယ္။ မင္းက ငယ္ငယ္ကအတိုင္း အေတာ္ေလးေျပာရခက္တုန္းပဲ"

မိမိဘယ္လိုေျပာေျပာ မာန္ေလွ်ာ့မည့္ပုံမေပၚသည့္ ထိုalphaအား ထိုးႏွက္ရန္ နည္းလမ္းထပ္၍ ရွာေဖြေနစဥ္မွာပင္ စုတ္ၿပဲေနေသာ အဝတ္ေအာက္မွ လည္ဂုတ္ရွိ ထင္ရွားသည့္ အမွတ္အသားေၾကာင့္ အႀကံရကာ

"အာ ေနာက္ၿပီး အခုျမင္ရသေလာက္ဆို mateရွိေနၿပီး ျဖစ္ပုံပဲ။ အခုေန ေသသြားရင္ မင္းရဲ႕ mateက အဆင္ေျပေျပက်န္ခဲ့မယ္လို႔ထင္လား။ အမွတ္အသားရွိၿပီး mateမရွိေတာ့တဲ့ omegaရဲ႕ ဘဝက ဘယ္လိုဆိုတာ အျခားသူေတြထက္ မင္းက ပိုသိမွာပါ။ တရင္းတႏွီးျမင္ဖူးခဲ့တာဆိုေတာ့ေလ"

"အိုဝမ္!!"

အတိတ္ဆိုးတို႔အား ျပန္၍ တူးဆြဟန္ျဖစ္သည္ေၾကာင့္ ေဒါသတို႔က ပို၍ အထြဋ္အထိပ္ေရာက္ကာ ေအာ္ဟစ္လိုက္မိေသာ္လည္း အခ်ဳပ္အႏွောင္တို႔ေၾကာင့္ လြတ္လြတ္လပ္လပ္လႈပ္ရွားမရသည္ေၾကာင့္ ပို၍ ေဒါသထြက္လာရျပန္သည္။ အငိုက္တခ်က္မိသည္က ရန္သူေရွ႕တြင္ သည္ေလာက္ထိ အရႈံးသမားဆန္ေစသည္တဲ့လား။

"ေဒါသပဲ ထြက္မေနပဲ ငါေျပာတဲ့ အေပးအယူကိုသာ ေသခ်ာစဥ္းစားထားပါ။ ဘာမွ အပန္းႀကီးတဲ့ ကိစၥမဟုတ္တာကို ေခါင္းမာေနေသးတာ"

ဘယ္ေလာက္ပင္ ၿခိမ္းေျခာက္ပါေစ မာန္မေလွ်ာ့သည့္ မ်က္ဝန္းစူးစူးတို႔ျဖင့္ ျပန္ၾကည့္သည္က တစုံတဦးကို သတိရေစသည္မို႔ အက်ဥ္းခန္းအနီးမွ ျပန္ဆုတ္ကာ အျမန္ထြက္ခြာသြားေလေသာ အိုဝမ္ဆိုသူ။ ေခါင္းတယမ္းယမ္းျဖင့္ ႏႈတ္မွလည္း မၾကားတၾကား စကားဆိုေနျပန္ေသးသည္။

"က်စ္! ေသြးကေတာ့ တကယ္စကားေျပာတာပဲ"

စက္ဆုပ္ ႐ြံရွာ မုန္းတီးရသူ ထြက္ခြာသြားၿပီးေနာက္ မိမိကိုယ္ကို အားမရစြာျဖင့္ ေျမႀကီးကို တဖုန္းဖုန္း ထိုးႀကိတ္မိေနသည့္ ထိုalpha.. တနည္း နန္းက်မင္းသားငယ္။

မွန္ပါသည္။ ကိုယ္ရံေတာ္အသြင္၊ သားရဲမုဆိုးအသြင္၊ သင္းကြဲအုပ္စုေခါင္းေဆာင္အသြင္ျဖင့္ ဘဝအမ်ိဳးမ်ိဳးမျဖစ္ခဲ့စဥ္က မ်က္ဝန္းစိမ္းပိုင္ရွင္ ထိုalphaမွာ လက္ရွိခ်ဳပ္ႏွောင္ခံထားရရာ တိုင္းျပည္၏ တဦးတည္းေသာ ဆက္ခံသူ မင္းသားငယ္ျဖစ္ခဲ့သည္ပင္။ ထို႔ေၾကာင့္ပင္ အမ်ားႏွင့္မတူသည့္ မ်က္ဝန္းစိမ္းစိမ္းတို႔ကို ပိုင္ဆိုင္ထားခဲ့သည္မဟုတ္လား။

သို႔ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိုနယ္ေျမမွ ေရွာင္ရွားရရန္ျဖစ္လာသည့္အခါ မိမိ၏သ႐ုပ္မွန္သည္ လူနည္းစုသာ သိထားသည္မို႔ ရည္႐ြယ္ခ်က္အေကာင္အထည္မေပၚမခ်င္း ဇာတ္ျမဳပ္ေနထိုင္ခဲ့ေသာ္လည္း လျပည့္ပြဲေတာ္တြင္ ေတြ႕ခဲ့သူ အမႈထမ္းေဟာင္းက ေမ့ေလ်ာ့ထားသည့္ ရည္႐ြယ္ခ်က္တို႔အား အစေဖာ္ခဲ့ေစသည္ေလ။

အမႈထမ္းေဟာင္းျဖစ္သည္ေၾကာင့္ မိမိဘက္ေတာ္သားအထင္ျဖင့္ သဲလြန္စရလိုရျငား လိုက္လာခဲ့ေသာ္လည္း ေကာက္က်စ္သူ၏ ေထာင္ေျခာက္မွန္း မရိပ္မိခဲ့ျခင္းမွာ မိမိ၏ ေပါ့ဆျခင္းသာ ျဖစ္သည္ေၾကာင့္ ပို၍ ခံျပင္းမိပါသည္။ ႏွစ္ၾကာရွည္ၿပီျဖစ္သည္ေၾကာင့္ မိမိအား မွတ္မိနိုင္ေခ် မရွိနိုင္သည္ဟု တြက္ဆခဲ့ေသာ္လည္း ရွားပါးသည့္ ေက်ာက္စိမ္းေရာင္ မ်က္ဝန္းစူးစူးတို႔က မိမိ၏ သ႐ုပ္မွန္ကို ေပၚလြင္ေစသည့္အရာျဖစ္မွန္း ေမ့ေလ်ာ့သြားခဲ့သည္ပင္ မဟုတ္လား။

အသက္ကို လိုခ်င္၍မဟုတ္ပဲ ထိုသူလိုခ်င္သည့္အရာမွာ တစ္ခုတည္းျဖစ္ေၾကာင္းကိုလည္း သိသည္။ သို႔ေသာ္ ေတာင္းဆိုသည့္အရာကို ေပးလိုက္လွ်င္လည္း သြားေလသူ၏ ေနာက္ဆုံးဆႏၵအား သစၥာေဖာက္မိဟန္ ျဖစ္သလို မေပးပဲ တင္းခံေနလွ်င္လည္း ေနာက္ဆက္တြဲ ျပႆနာတို႔က အရွင္သခင္တစ္ျဖစ္လည္း မိမိ၏ mateျဖစ္သူ အရွင့္အား ရိုက္ခတ္နိုင္သည္မို႔ အက်ပ္ရိုက္ရေလေတာ့သည္။

စီစဥ္သည့္အတိုင္း ျဖစ္မလာ၍ ခံျပင္းရ႐ုံမက အခ်ိန္ၾကာၾကာ ေဝးကြာက်န္ရစ္ၿပီျဖစ္ေသာ မိမိ၏ mateျဖစ္သူ အရွင့္အတြက္လည္း ခံစားခ်က္မေကာင္းပါေလ။ စတင္ထြက္ခြာလာကတည္းက မတင္မက်ခံစားခ်က္တို႔ ျဖစ္ခဲ့သည္မို႔ ယခုခ်ိန္ အရွင့္အေျခအေနကိုလည္း ေတြးဆရင္း စိတ္ပူမိျပန္သည္။

လာဗင္ဒါပန္းတို႔ ပြင့္လန္းရာနယ္ေျမ၊ ေခ်ာေမြ႕ေသာ ဘဝျဖင့္ ေပ်ာ္ေမြ႕ခဲ့ရာ ဤနယ္ေျမသည္ ကင္မ္မင္းသားငယ္ေလးအတြက္ေတာ့ ေမြ႕ေလ်ာ္ဖြယ္ေနရာျဖစ္ခဲ့သည့္တိုင္ နန္းက်မင္းသားအေနျဖင့္ေတာ့ သားရဲတြင္းေထာင္ေခ်ာက္သာ ျဖစ္၍ေနပါသည္ေလ။

••••••

တဖက္မွ alpha၏ အေနအထားမ်ားကို မသိနိုင္သည့္ အရွင္လာဗင္ဒါေလးသည္ေတာ့ ေတာ္ဝင္လက္ဆက္ပြဲ နီးၿပီမို႔ လိုအပ္သည့္ ထုံးစံစဥ္လာမ်ားကို ကိုယ္တိုင္ေလ့လာေနရသည္။  ဟန္ေဆာင္လက္ဆက္မည္ ျဖစ္ေသာ္ျငား ယုတၱိရွိေအာင္ေတာ့ လုပ္ရမည္မို႔ အဆက္ဆက္မွ ဓေလ့မ်ားအေၾကာင္း ေလ့လာရန္ စာၾကည့္ခန္းအတြင္း ေမႊႏွောက္ကာ ေနေလသည္။ အေၾကာင္းအရာအသစ္မ်ားကို ေလ့လာျခင္းက ခံစားခ်က္တို႔ကို တည္ၿငိမ္ရန္ ေဆာင္႐ြက္နိုင္ျခင္းေၾကာင့္လည္း ပါပါလိမ့္မည္။

"ခင္ဗ်ားက စာမလာသတင္းမၾကားနဲ႕ ေပ်ာက္ေနနိုင္ခ်ိန္မွာ ကိုယ္ေတာ္ကေတာ့ ျပႆနာေတြကို ဒိုင္ခံေျဖရွင္းေနရေလရဲ႕။ လူဆိုးalpha။ တကယ္ပဲ ေနနိုင္လိုက္တာ"

စိတ္တိုတိုျဖင့္ လက္ထဲရွိ စာအုပ္အား စင္ေပၚသို႔ ခပ္ေဆာင့္ေဆာင့္တင္မိေတာ့ ေဘးရွိ စာလိပ္အထပ္လိုက္က ထိုတုန္ခါမႈေၾကာင့္ ေျမခရသည္။ စိတ္ညစ္ၫူးရသည့္အထဲ ထပ္၍ စိတ္ရႈပ္စရာျဖစ္ရသည္မို႔ စုတ္သပ္ကာ စာလိပ္တို႔ကို ျပန္၍ အေကာက္ မရင္းႏွီးသည့္ အေၾကာင္းအရာမ်ားျဖစ္သည္ေၾကာင့္ မိမိလက္ထက္မွ စာေပလႊာမ်ားမဟုတ္ေၾကာင္း အတပ္သိလိုက္ပါေသးသည္။

မိမိအေရွ႕မင္းဆက္မ်ားလက္ထက္က အေရးပါေသာ စာေပလႊာမ်ား ျဖစ္ဟန္တူသည္။ မဟာမိတ္အေၾကာင္းအရာ၊ တိုက္ပြဲအေၾကာင္းအရာမ်ားကို အုပ္ခ်ဳပ္သူအခ်င္းခ်င္း စာျဖင့္ အေပးအယူျပဳခဲ့ၾကသည့္ အေထာက္အထားမ်ားသာ ျဖစ္ေလာက္မည္။

စာလိပ္မ်ားစြာထဲတြင္မွ ထူးျခားစြာ ခရမ္းေရာင္အဆင္းရွိ စာလိပ္က အာ႐ုံထဲဝင္လာသည္မို႔ ေကာက္ယူဖတ္ၾကည့္မိေတာ့ ေန႕စြဲအရ ခမည္းေတာ္လက္ထက္က မဟာမိတ္တိုင္းျပည္မွ ပို႔ခဲ့ေသာ ေပလႊာျဖစ္ေၾကာင္း ေကာက္ခ်က္ခ်မိသည္။

-ေနာက္ဆုံးအေနနဲ႕ မဟာမိတ္ ခ်စ္ၾကည္ေရးပြဲကို တက္ေရာက္ဖို႔ ထပ္မံ ဖိတ္ေခၚပါတယ္ Eldoraအရွင္-
-ကင္မ္မာရီယာ-

"မာရီယာ... ကင္မ္မာရီယာ... ဒီနာမည္ကို ဘယ္မွ ျမင္ဖူးခဲ့ပါလိမ့္..."

ရင္းႏွီးသေယာင္ျဖစ္ေသာ အမည္ျဖစ္သည့္တိုင္ ေနာက္က်ိေနေသာ ေခါင္းႏွင့္ ရႈပ္ေထြးေနေသာ အာ႐ုံတို႔ေၾကာင့္ အစေဖာ္မရသလို ေတြးေတာ၍လည္း မရပါ။ ေခါင္းကိုသာ ယမ္းလိုက္၍ အာ႐ုံေနာက္မခံေတာ့ပဲ ရႈပ္ဖြထားမိသည့္ စာေပလႊာမ်ားကိုသာ ဆက္၍ရွင္းလင္းမိေတာ့သည္။

သို႔ေသာ္လည္း ထိုေမ့ေလ်ာ့ျခင္းသည္ ႀကီးမားေသာ အက်ိဳးဆက္တို႔ျဖစ္လာမည့္ လမ္းစျဖစ္သည္ကိုေတာ့ အရွင္ေလး သိနိုင္စြမ္းမရွိခဲ့ပါေလ။

••••••

ေတာ္ဝင္လက္ဆက္ပြဲ ျပင္ဆင္ခ်ိန္က တစ္လခန့္ၾကာျမင့္ေသာ္လည္း alphaမွာ ေပၚမလာခဲ့။ ေတာ္ဝင္လက္ဆက္ပြဲကိုသာ အာ႐ုံစိုက္ေနၾကသည္မို႔ အရွင့္အပါးမွ အခ်ိန္ၾကာၾကာေပ်ာက္ဆုံးေနသည့္ alphaကိုလည္း သက္ဆိုင္သူတို႔မွ လြဲ၍ သတိထားမိပုံမေပၚေပ။

သည္လိုႏွင့္ပင္ ၾကင္ယာေတာ္တင္ေျမာက္ပြဲေန႕သို႔ ေရာက္ရွိလာခဲ့သည္။ လူတိုင္းဝမ္းေျမာက္ေစာင့္စားရသည့္ေန႕ပင္ ျဖစ္ေသာ္လည္း ကာယကံရွင္ႏွစ္ဦးမွာေတာ့ ဝမ္းမေျမာက္နိုင္ပါေလ။ မျဖစ္သာ၍သာ ေ႐ြးခ်ယ္လိုက္ရေသာ္လည္း ဘယ္သူမဆို ခ်စ္ျမတ္နိုးသူကိုသာ လက္ဆက္ခ်င္သည္မဟုတ္လား။

ရိုးရာဓေလ့အတိုင္း အဓိကခန္းမျဖစ္ေသာ ညီလာခံခန္းမအတြင္းသာ ၾကင္ယာေတာ္တင္ေျမာက္ပြဲကို က်င္းပသည္။ အဖိုးတန္ပစၥည္းမ်ား ပန္းခက္မ်ားျဖင့္ တခမ္းတနားျပင္ဆင္ထားသည္က အေရးပါေသာ ေန႕တစ္ေန႕ျဖစ္ေၾကာင္းကို ေဖာ္က်ဴးကာေနသည္။

လက္ဆက္ပြဲ ဓေလ့အတိုင္း ေဆာင္႐ြက္အၿပီး ၾကင္ယာေတာ္ျဖစ္မည့္သူအား သရဖူခ်ီးျမင့္ၿပီးလွ်င္ ေတာ္ဝင္လက္ဆက္ပြဲ အထေျမာက္ၿပီပင္ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ခန္းမေဆာင္ထိပ္တြင္ အရွင့္သရဖူနီးနီး ခမ္းနားေသာ နီလာခ်ယ္သည့္ သရဖူတစ္ခု တည္ခင္းထားေသးသည္။

နန္းေတာ္အတြင္းတစ္ေနရာတြင္ေတာ့ ေၾကးမုံတြင္းမွတဆင့္ မိမိလည္စပ္၍ အမွတ္ကိုၾကည့္ရင္း မ်က္ႏွာပန္းမလွေသာ အရွင္လာဗင္ဒါေလး တည္ရွိသည္။ ေဘးဘက္တြင္ ခ်ထားေသာ သရဖူႏွင့္ မ်က္ဝန္းေတာက္ေတာက္မွ ခရမ္းစြဲေရာင္တို႔သည္ အေျပာင္ေတာက္ပေလ့ရွိေသာ္လည္း ယေန႕တြင္ေတာ့ ဝမ္းနည္းေလဟန္ ညွိုးငယ္လ်က္ရွိေလသည္။ လည္တိုင္မွ alphaေပးသည့္ လည္ဆြဲကို တလွည့္ ခပ္လွမ္းလွမ္း သလြန္ေပၚရွိ alpha၏ ဝတ္႐ုံကို တလွည့္ၾကည့္ကာ ပို၍ပင္ မ်က္ႏွာညွိုးလာၿပီးေနာက္ စိတ္ရွိသည့္အတိုင္း ဆူေအာင့္လိုက္မိေတာ့သည္။

"ကိုယ္ေတာ့္ကို တကယ္ပဲ ျပႆနာေတြနဲ႕ ထားခဲ့ရက္တာပဲ။ ျပန္လာရင္ ျပႆနာႀကီးႀကီးကို ရွာပစ္မယ္။ လူဆိုးalpha"

ထို႔ေနာက္တြင္ေတာ့ သလြန္ေပၚတြင္ ပုံလ်က္သားရွိေသာ ဝတ္႐ုံအား ေကာက္ယူကာ တဝႀကီး နမ္းရွိုက္ပစ္မိသည္။ အၿမဲလိုလို ဖက္တြယ္နမ္းရွိုက္ေနပါလွ်င္ ကပ္ၿငိေနသည့္ မိုးရနံ႕တို႔ ျပယ္ပ်က္သြားမည္စိုး၍ ထိေတြ႕ျခင္းကိုပင္ ဆင္ျခင္ခဲ့ေသာ္လည္း ယေန႕တြင္ေတာ့ ႐ူးေလာက္ေအာင္ သတိရမိေနသည္မို႔ alpha၏ အနံ႕ကို ထိေတြ႕ရန္ က်ိန္းေသလိုအပ္ပါသည္ေလ။

"သိပ္သတိရတာပဲ alpha..အဲ့လိုနဲ႕ပဲ ထြက္ေျပးသြားခဲ့တာမဟုတ္ဘူးလား...ကိုယ္ေတာ့္ကို တကယ္ထားခဲ့တာလား alpha..."

အသက္မဲ့သည့္ဝတ္႐ုံက ဘယ္လိုစကားဆိုနိုင္လိမ့္တုန္း။ အ႐ူးေလးသဖြယ္ ဝတ္႐ုံကိုၾကည့္ကာ လြမ္းလြမ္းေဆြးေဆြးစကားဆိုေနသည့္ အရွင္မွာ ခ်စ္ရေသာ alpha၏ အေငြ႕အသက္တို႔အား အမွန္ပင္ လိုအပ္ေနသည္ပင္ျဖစ္သည္။

ထို႔ေနာက္ သက္ျပင္းမ်င္းမ်င္းခ်ကာ စိတ္ကိုစုစည္းရင္း ေဘးတြင္ရွိေသာ ေဆးရည္ကို အျမန္ပင္ ေသာက္ခ်လိဳက္သည္။ အေရးႀကီးေသာ ပြဲေတာ္ေန႕ျဖစ္သည္ေၾကာင့္ ေဟာ္မုန္းျဖင့္ ကူညီထိန္းခ်ဳပ္ေပးမည့္ alphaမရွိသည့္အခ်ိန္တြင္ innerwolf လြတ္ထြက္မသြားေစရန္ ေဆးျဖင့္ ထိန္းခ်ဳပ္ရမည္ မဟုတ္လား။

နန္းေဆာင္ထဲမွ ထြက္လာသည့္အခ်ိန္တြင္ေတာ့ အျခားသူတဦးဟု အထင္မွားရေလာက္ေအာင္ပင္ တည္တင္းသြားေသာ အရွင့္မ်က္ႏွာ။ စကားတခြန္းမွ်မဆိုပဲ တည္ၿငိမ္စြာျဖင့္သာ ခန္းမေဆာင္ဆီသို႔ ဦးတည္ေလသည္။ ယခုခ်ိန္မွ ေနာက္ျပန္ဆုတ္၍ ျပင္ဆင္ခ်ိန္မွ မရပဲ။

ေတာ္ဝင္လက္ဆက္ပြဲအား Eldora၏ ဓေလ့အတိုင္း က်င္းပသည္။ ခ်စ္ရသူႏွင့္ဆိုလွ်င္ မိနစ္စကၠန့္တိုင္းသည္ ေမြ႕ေလ်ာ္ဖြယ္ အမွတ္တရျဖစ္ေကာင္းေသာ္လည္း အေပးအယူျဖင့္ က်င္းပသည့္ ပြဲျဖစ္သည္ေၾကာင့္ ပြဲလာသူမီအပ ကာယကံရွင္ႏွစ္ဦးလုံးအတြက္ေတာ့ ၿငီးေငြ႕ဖြယ္ အပိုအလုပ္မ်ားဟုသာ ခံစားရေစပါသည္။

"ၾကင္ယာေတာ္ကို သရဖူခ်ီးျမႇင့္ၿပီးရင္ အရိုက္အရာေျမာက္ပါၿပီအရွင္"

"အရွင္!!"

ေနာက္ဆုံးအဆင့္ျဖစ္ေသာ သရဖူခ်ီးျမင့္ျခင္း မျပဳမွီမွာပင္ ေျခသံျပင္းျပင္းျဖင့္ အေမာတေကာဝင္ေရာက္လာသည့္ ရဲမက္ေၾကာင့္ လက္စေသာ အလုပ္တို႔ ပ်က္ျပယ္ကာ အာ႐ုံအလုံးစုံတို႔က ထိုရဲမက္ထံသို႔ က်ေရာက္သည္။.

လက္ဆက္ပြဲအထေျမာက္မည့္ အခိုက္အတန့္ကို ေစာင့္ဆိုင္းေနခဲ့သူျဖစ္ေသာ ေခါင္းေဆာင္ပတ္ခ္သည္ေတာ့ အလိုမက်ေလဟန္ျဖင့္

"အခမ္းအနားလုပ္ေနတဲ့အခ်ိန္ မႏွောင့္ယွက္ရဘူးဆိုတာ မသိဘူးလား"

"အျပင္မွာ ကိုယ္ရံေတာ္ကင္မ္---"

ရဲမက္ေလး၏ စကားမဆုံးခင္မွာပင္ ခန္းမထဲ ဝင္ေရာက္လာသည့္ သူေၾကာင့္ အာေမဋိတ္သံမ်ားက သူ႕ထက္ငါ ႀကီးစိုးေတာ့သည္။

အာေမဋိတ္သံပင္ မျပဳနိုင္ဘဲ ေျခေထာက္မ်ားပင္ ေခြက်လဳနီးနီး ထိတ္လန့္သြားခဲ့သူကေတာ့ ႐ုတ္တရက္ ဝင္ေရာက္လာခဲ့သူ၏ သက္ဆိုင္သူျဖစ္ေသာ အရွင္ေလးပါပင္။

တိတ္တဆိတ္ ထြက္ခြာသြားခဲ့ေသာ မ်က္ဝန္းစိမ္း alphaကား ထြက္သြားခဲ့စဥ္ကႏွင့္ ျခားနားကာ
ၿပဲစုတ္ေနေသာ အဝတ္၊ ဒဏ္ရာဒဏ္ခ်က္ႏွင့္ ေသြးစ အလိမ္းလိမ္းတို႔ႏွင့္အတူ ျပန္လည္ေရာက္ရွိလာခဲ့သည္မွာ ေသြးပ်က္စရာပင္ မဟုတ္လား။

"al...alpha..."

ခပ္တိုးတိုးသာ ေရ႐ြတ္လိုက္သည္မို႔ ေဘးလူမၾကားနိုင္ေသာ္လည္း ႏွလုံးသားတို႔သည္ ျပဳတ္ထြက္လုမတတ္ပင္။ သည္ေလာက္ပုံပ်က္ပန္းပ်က္ျဖင့္ ျပန္ေရာက္လာရသည္အထိ ဘာေတြျဖစ္ခဲ့သည္မ်ားလဲ။

ခန္းမအလယ္သို႔ေရာက္မလာနိုင္ခင္မွာပင္ လဲက်သြားေသာ alphaေၾကာင့္ ပို၍ ႐ုတ္႐ုတ္သဲသဲပင္ ျဖစ္ရေတာ့သည္။ အခ်ိန္ၾကာၾကာ မေတြ႕ခဲ့ရသူက တိုက္တိုက္ဆိုင္ဆိုင္ ျပန္ေရာက္လာသည္ကလည္း ေန႕ထူးရက္သာတြင္ ေသြးအလိမ္းလိမ္းျဖင့္ ျဖစ္သည္မို႔ ထိတ္လန့္စရာပင္ မဟုတ္ပါလား။

"ထယ္ထယ္!"

"ကိုယ္ရံေတာ္ကင္မ္..."

"အရွင္။ သြားလို႔မျဖစ္ပါဘူး! ဒီလိုအေနအထားနဲ႕ ျပန္ေရာက္လာတာမို႔ အႏၱရာယ္ရွိနိုင္ပါတယ္"

မိမိalphaရွိရာသို႔ အေျပးသြားသည့္ ေျခလွမ္းမ်ားအား ရဲမက္တို႔က အလ်င္အျမန္ပင္ တားဆီးသည့္အခါ ပို၍ ရင္ပူလာရသလို မခံမရပ္နိုင္လည္း ျဖစ္ရေတာ့သည္။ ဒဏ္ရာဒဏ္ခ်က္ အျပည့္ျဖင့္ျဖစ္ေနသည္ေၾကာင့္ သကၤါမကင္းစရာ alpha၏ အေနအထားအား အုပ္ခ်ဳပ္သူျဖစ္ေသာ အရွင့္အနားေရာက္မလာေစရန္ ကာကြယ္သည္မွာ အမႈထမ္းတို႔၏ ပုံမွန္တာဝန္ပါပင္။ သို႔ေသာ္လည္း ထိုတာဝန္မွာ mateႏွစ္ဦးၾကား တံတိုင္းသဖြယ္ျဖစ္ကာေနသည္မို႔ အရွင့္မွာ alphaအနီးသို႔ပင္ သြားရန္ မစြမ္းနိုင္ခဲ့ပါေလ။

တရားဝင္ ေတာ္ဝင္မိသားစုဝင္မျဖစ္ေသးေသာ သခင္ေလးပတ္ခ္အား အတားအဆီးျပဳမည့္သူ မရွိသည္မို႔ အလ်င္အျမန္ပင္ alphaအနီးသို႔ ေရာက္ရွိေသာ္လည္း အုပ္ခ်ဳပ္သူမို႔ အႏၱရာယ္ျဖစ္မည္စိုး၍ တားဆီးသည္ဟုသည့္ ဆင္ေျချဖင့္ အရွင္လာဗင္ဒါေလးသည္ ခပ္လွမ္းလွမ္းမွပင္ ရင္နင့္စြာ ၾကည့္ေနရေလသည္။

တကယ့္ကို ဘာေတြျဖစ္ခဲ့တာမ်ားလဲ...

#Tbc

A/N: ရႈပ္သြားၾကၿပီလား 😬 alphaႀကီးအေၾကာင္းက လာမယ့္အပိုင္းေတြမွာ တျဖည္းျဖည္း ေပၚလာေတာ့မွာမို႔ ေစာင့္ၾကည့္ေပးၾကပါဦးရွင္ 😬 မရွင္းတာရွိရင္လည္း လာေမးလို႔ရပါတယ္ေနာ္><

ဒီတေလာ ေနေတြတအားျပင္းတာမို႔  အပူဒဏ္ကေန အားလုံးပဲ အစစအရာရာ ဂ႐ုစိုက္ၾကပါဦးရွင္~

See you in next episode~

- 해바라기

Continue Reading

You'll Also Like

63.5K 6.2K 123
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
1.2M 39.8K 59
Princess Nymeria is well aware that her kingdom is in decline. It has been for hundreds of years after all. Unlike her ancestors, she's willing to re...
277K 38.5K 20
แ€œแ€€แ€บแ€แ€ฝแ€ฑแ€ทแ€˜แ€แ€”แ€พแ€„แ€ทแ€บ แ€”แ€ฎแ€ธแ€…แ€•แ€บแ€แ€ปแ€„แ€บแ€šแ€ฑแ€ฌแ€„แ€บแ€†แ€ฑแ€ฌแ€„แ€บแ€แ€ผแ€„แ€บแ€ธ
41.9K 2.5K 22
๐๐จ๐จ๐ค # ๐Ÿ ๐จ๐Ÿ ๐“๐ก๐ž ๐‘๐š๐š๐ณ ๐ฌ๐ž๐ซ๐ข๐ž๐ฌ. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...