Diary of Poinciana: Blue Jaca...

By millaryoon

14K 560 128

ZG Poinciana Flower (စိန္​ပန္​း)ဟာ တမ္​းတလြမ္​းဆြတ္​ျခင္​း နဲ႔ တစ္​စံုတစ္​ေယာက္​ရဲ႕အေၾကာင္​းကို ေတြးေနျခင္​း... More

Author Note
Character Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
Noti
37
38
39
40
42
43
noti..noti
44
45
46
47

41

82 2 0
By millaryoon

Zawgyi

မ်က္စိနွစ္လံုးပြင့္တာနဲ႔ေဆးနံေၾကာင့္ေမာင္ေခါင္းကိုက္မူးေဝသြားရသည္။သူဓားထိုးခံရၿပီးေနာက္ပိုင္း ဘယ္လိုဆက္ျဖစ္တယ္ဆိုတာမသိေတာ့ေပ။လွဲေနရာမွထၿပီးေဘးဘီကိုငဲ့ၾကည့္လိုက္ေတာ့ ခြန္ၾကာကခံုေပၚတြင္အိပ္ငိုက္ထိုးေနသည္။တစ္ေယာက္ေသူကိုလိုက္ရွာမိေပမဲ့ အရိပ္အေယာင္ေလးေတာင္မေတြ႕ရေခ်။ေမာင္သည္ မသိစိတ္ထဲကေန ရွင္းအေပၚသံေယာဇဥ္ႀကိဳးမ်ွင္မ်ားတြယ္တာေနေသးေၾကာင္း သူ႔ကိုယ္သူသိလိုက္သည္။

"ေဟ့ေကာင္"

"အင္း ဟမ္...မင္းအဆင္ေျပလား။နာေနေသးလား!!"

"အဆင္ေျပပါတယ္။ငါ့ကိုမင္းေခၚလာတာလား?"

"ဟုတ္တယ္..
ဆရာဝန္ကေတာ့ အနာက်က္ရင္ပံုမွန္ျပန္လႈပ္ရွားနိုင္ၿပီတဲ့။    ရွင္းကေတာ့ ျပန္သြားၿပီ။
မင္းနိုးလာတဲ့အထိေစာင့္ပါလို႔ေျပာေသးတယ္..ဒါေပမဲ့ "

"ရပါတယ္..ငါနားလည္ပါတယ္။

ညိဳးငယ္သြားတဲ့ေမာင့္ကို ခြန္ၾကာသတိထားမိသည္။ သံေယာဇဥ္ဆိုတာတကယ္ျဖတ္ မလြယ္မွန္းသူနဖူးေတြ႕ဒူးေတြ႕သိခဲ့ရသည္။

မင္း..သူ႔ကိုခ်စ္လား ေသာ္က

ဆိုင္းမဆင့္ဗံုမဆင့္ေမးခြန္းေၾကာင့္ ေမာင္မ်က္လံုးေလးဝိုင္းစက္သြားသည္။သူအေျဖတစ္ခုေပးဖို႔အေရး တစ္ေယာက္ေယာက္ၾကားသြားမည့္အလား ေဘးဘီကိုေစာင္းငဲ့ၾကည့္ေသး၏

အြန္း..ခ်စ္ေသးလို႔ ျပန္လာတာေပါ့။မ်က္နာျမင္ေနရရင္ အလြမ္းေျပေလာက္မယ္ထင္လို႔ေလ"

"ဟာ...မင္းတို႔နွစ္ေယာက္ကေတာ့ စံဘဲေဟ့။ေအးပါ နွလံုးသားေနာက္လိုက္ပါ ေသာ္ကရာ။ ဦးေနာက္နဲ႔ဆံုးျဖတ္ရမဲ့အခ်ိန္ လြန္သြားၿပီ ငါ့ေကာင္ရ။
မင္းနိုးလာၿပီဆိုတဲ့သတင္းငါေျပာလိုက္မယ္။"

"ဘယ္သူျဖစ္နိုင္လဲ"

ရယ္ေမာေနရင္း ခြန္ၾကာအားသူေမးခြန္းထုတ္မိ၏။

"ဘယ္သူရွိရမွာလဲ ဦးေကာင္းေခတ္ေနမွာေပါ့။သူ႔အျပင္ရွိေသးလို႔လား။အခုေလာေလာဆယ္ မေတြးေသးနဲ႔ အျပည့္အဝအနားယူလိုက္ဦး။ငါဆရာဝန္ဆီသတင္းပို႔လိုက္မယ္..အန္တီအိအိကိုလည္းေျပာထားလို႔ မၾကာခင္ေရာက္လာလိမ့္မယ္.."

"အြန္း.."

ခြန္ၾကာေျပာၿပီး အခန္းထဲကထြက္လာသည္။အျပင္ဘက္ေရာက္တာနဲ႔ တစ္ေျပးအလြားေရာက္လာတဲ့မာန္ဝင့္ထည္ကိုေတြ႕ရျပန္သည္။ျဖစ္နိုင္ရင္ ခြန္ၾကာ သူ႔ကိုမ်က္နာခ်င္းပင္မဆိုင္ခ်င္ေပ။ေသာ္ကေမာင္ကိုသူအလံုးစံုေျပာလိုက္ခ်င္ေပမဲ့ ရွင္းက မာန္ဝင့္ထည္အေပၚေသာ္ကစိတ္ကြက္သြားမွာမလိုလားဟုေျပာတာေၾကာင့္ သူၿငိမ္ေနရျခင္းပင္ျဖစ္သည္။

"ေသာ္ေလးေရာ..အဆင္ေျပရဲ႕လား။မင္းကြာ ဘာလို႔ငါ့ကိုေစာေစာမေျပာတာလဲ"

"က်ေနာ္ေျပာလည္း အကိုႀကီးက အားမယ္မထင္ဘူး။ ဗီဒီယိုကိစၥနဲ႔ေတာ္ေတာ္ေလးရႈတ္ေနမယ္ထင္လို႔ ဖုန္းမဆက္တာပါ။"

"ဘာ..!!"

"ဘာလဲ ??မသိဘူးထင္ေနတာလား။ အကိုႀကီးက မ်က္ျမင္သက္ေသဘယ္သူလဲဆိုတာ သိေနတယ္ေလ။ေနာက္မက်ခင္ ေသာ္ကကို ေျပာလိုက္ပါ..."

"အခုၿခိမ္းေျခာက္ေနတာလား"

"ၿခိမ္းေျခာက္တာမဟုတ္ဘူး အခြင့္အေရးေပးေနတာ။ေနရွင္းက ခဗ်ားကိုအမွန္တရားေဖာ္ထုတ္ဖို႔ အခြင့္အေရးေပးထားတာ။ဘာလို႔လဲဆိုေတာ့ ခဗ်ားသာဆိုရင္ ေသာ္ကေမာင္ကိုအမ်ားႀကီးေပ်ာ္႐ြင္မႈေပးနိုင္မယ္လို႔သူထင္လို႔ဘဲ.."

"ေအးပါ..ငါမွတ္ထားပါ့မယ္။အခုမ်က္ျမင္သက္ေသရွိရာကိုလိုက္ေနတယ္။vedioက မ်က္ျမင္သက္ေသရဲ႕မ်က္နာကိုရွင္းရွင္းလင္းလင္းမျမင္ရလို႔ ထင္ထားတာထက္ပိုၾကာေနတာပါ။"

"ထပ္ၿပီးလား အရင္၆နွစ္ကလည္း မထင္မရွားပံုရိပ္ေၾကာင့္ အမႈရႈံးခဲ့တယ္။ထပ္ၿပီး ဗီဒီယိုက ျပတ္ျပတ္သားသားမျမင္ရေသးဘူးလား"

"ေအးဟုတ္တယ္...ဒါမဲ့ ငါရွာေနပါတယ္။အဲဒီလူရဲ႕ပံုစံကို သိေနတဲ့သူေတြရွိလို႔ အဆင္ေျပေတာ့မွာ..မင္းရဲ႕လူကိုသာေျပာလိုက္ ငါ့လမ္းမွာ ပိတ္မရပ္နဲ႔လို႔"

မာန္ဝင့္ထည္ထိုစကားကိုသာေျပာၿပီးလူနာခန္းထဲသို႔ဝင္လာခဲ့သည္။အခြင့္အေရးလား..သူဂရုမစိုက္။လြန္ခဲ့ေသာ ၆နွစ္က ပထမအႀကိမ္ မွတ္တမ္းဗီဒီယိုကို လဲၿပီးရဲစခန္းမွာအပ္ခဲ့ၿပီးၿပီ။ဒုတိယအႀကိမ္ မလုပ္ရဲစရာအေၾကာင္းမရွိေပ။အဆံုးသတ္မွာ GMကိုသူအပိုင္ယူနိုင္ၿပီး ေသာ္ေလးနဲ႔အတူစင္ကာပူကိုထြက္သြားဖို႔သာ အေတြးထဲရွိသည္။

"ေသာ္ေလး ဘယ္လိုျဖစ္တာလဲ။ကိုယ္ဘယ္ေလာက္ေတာင္စိတ္ပူသြားလဲသိလား။"

"သတင္းေတြကလည္းျမန္လိုက္တာ.."

ေမာင္သည္ ကိုကိုႀကီးအားၾကည့္ၿပီး ခ်ိနဲ႔စြာၿပံဳးလိုက္သည္။သူ႔လက္ကိုခဖြဖြကိုင္လာေသာကိုကိုႀကီးသည္ အရင္နဲ႔မတူဘဲ စိမ္းသက္ေနသလိုခံစားရသည္။

"ကိုကိုႀကီး "

"ေျပာေလ..ဘယ္ေနရာကနာလို႔လဲ။"

မနာပါဘူး။ေမေမဆံုးၿပီးကတည္းက ကိုကိုႀကီးတို႔ကိုဘဲယံုၾကည္လာခဲ့တယ္။ေရွ႕ေလ်ာက္လည္း ကိုကိုႀကီးက က်ေနာ့္ေဘးမွာ အကိုတစ္ေယာက္လို မိသားစုဝင္တစ္ဦးလို ရွိေနေပးေစခ်င္တယ္.."

ေသာ္ေလးဘာကိုေတြးၿပီးေျပာေနလဲသူမသိေပမဲ့ ဒီေကာင္ေလးက စိတ္အားငယ္ရင္ သူ႔အေပၚေက်းဇူးတင္ေၾကာင္းအက္ေၾကာင္းထပ္ေအာင္ေျပာတတ္သည္။သိပ္ခ်စ္ရတဲ့ဒီကေလးေလးကို သူသာပိုင္ဆိုင္ခ်င္မိသည္။ယခုဆိုရင္ သူျဖစ္ေစခ်င္တဲ့ အစီအစဥ္မ်ားစနစ္တက်အေကာင္အထည္ေပၚလာခဲ့ၿပီ။

"စိတ္မပူပါနဲ႔။ေသာ္ေလးအနားမွာဘဲရွိေနမွာ။"

ကိုကိုႀကီးရဲ႕စကားကေမာင့္အတြက္ဝမ္းသာမႈကိုမခံစားရေပ။ လူ႔သဘာဝအရ ကိုကိုႀကီးကဘဲ ဟန္ေဆာင္ညံ့တာလား သူအကဲခတ္လ်င္တာလားမေတြးတတ္ေပမဲ့ ကိုကိုႀကီးရဲ႕ေျခလွမ္းေတြပ်က္ေနၿပီဆိုတာေတာ့ သူရိမ္မိ၏။

"ျပန္လည္ထူေထာင္ေရး လုပ္ငန္းစီမံခ်က္ေတြဆြဲေနတယ္ဆို။
လုပ္ငန္းတစ္ခုခုကို ဝယ္မလို႔လား"

ေမာင္အကဲစမ္းကာေမးလိုက္ျခင္းျဖစ္သည္။
ကိုကိုႀကီးမ်က္နာရုတ္တရက္ပ်က္သြားေပမဲ့ သူ႔အားအၿပံဳးေလးနဲ႔ျပန္ၿပီးေခါင္းၿငိမ့္ပလာသည္။

"အင္း..ဒီတိုင္း ေကာ္ဖီစက္ရံုေလးပါ။
ေဒသထြက္ကုန္ေတြနဲ႔ခရီးသြားလုပ္ငန္းကိုဆြဲေဆာင္နိုင္ဖို႔ လုပ္ၾကည့္မလားလို႔"

"ေအာ္..အဲလို႔ကိုး။ဘယ္ဆိုးလို႔လဲ"

"ကိုကိုႀကီး က်ေနာ္အိပ္ခ်င္လာၿပီ..ခနနားလိုက္ဦးမယ္.."

ေမာင္ထိုသို႔ေျပာၿပီး ကိုယ္ေစာင္းလွည့္ကာအိပ္ခ်င္ဟန္ေဆာင္လိုက္ေတာ့သည္။စိတ္ထဲတြင္ေတာ့ ေမးခြန္းေပါင္းမ်ားစြာျဖင့္ ျဖစ္ေနသည္။ေကာ္ဖီၿခံဝယ္ဖို႔အတြက္ ေငြသန္းေထာင္ခ်ီအကုန္အက်ခံမည္ဆိုတာ ဘယ္လိုနည္းနဲ႔မွ မျဖစ္နိုင္တာေၾကာင့္ ကိုကိုႀကီးတစ္ခုခုႀကံစည္ေနၿပီဆိုတာ သူအတည္ျပဳနိုင္လိုက္သည္။

××××××××××××××××××××

"ေဖေဖ ဦးဦးကေနမေကာင္းေသးဘူးလားဟင္။"

"ဟုတ္တယ္..ဦးဦးက ေနမေကာင္းေသးလို႔ ေဆးရံုေရာက္ရင္မ်က္စိေနာက္ေအာင္ မေဆာ့ရဘူးေနာ္"

"ဟုတ္ကဲ့.."

ကားေပၚကဆင္းၿပီးေကာ္ရုပ္ေလးကိုဆြဲက ရွင္းေဆးရံုထဲသို႔ဝင္လာခဲ့သည္။ပယင္းေရာင္နဲ႔ ကြာရွင္းစာခ်ဳပ္မွာလက္မွတ္ထိုးလိုက္ေပမဲ့ ကေလးအုပ္ထိန္းခြင့္နွင့္ လင္မယားပိုင္ဆိုင္မႈအတြက္ တရားရင္ဆိုင္ရေပဦးမည္။သူတို႔နွစ္ဦးရဲ႕ကိစၥကုိ သူတို႔နွစ္ဦးသာေျဖရွင္းမည္ျဖစ္ေၾကာင္း ဖြားနန္းနဲ႔အေဖ့ကိုခပ္ျပတ္ျပတ္ပင္ေျပာထားခဲ့ၿပီးျဖစ္တာေၾကာင့္ ယခုဆိုလ်င္ ရွင္းစိတ္ထဲေပါ့ပါးေနသလို။

"ေမာင္.."

အခန္းတခါးေလးလွပ္လိုက္ခ်ိန္ ၿပံဳးရယ္ေနေသာေမာင္နဲ႔ အန္တီအိအိကိုေတြ႕လိုက္ရေလသည္။အန္တီမိုးဆံုးၿပီးကတည္းက အန္တီအိအိနဲ႔မေတြ႕ရသည္မွာေတာ္ေတာ္ၾကာခဲ့ၿပီ။

"မဂၤလာပါဗ်ာ..အန္တီ"

"ေအးကြယ္..မေတြ႕တာေတာင္ၾကပ။
သားအဆင္ေျပတယ္မလား.."

အမုန္းတရားမရွိတဲ့မ်က္နာထားနဲ႔ ၿပံဳးပန္းေဝရင္းသူ႔အားစကားဆ္ုေနေသာ အန္တီအိအိေၾကာင့္ သူစိတ္သက္သာရာရမိ၏။

"က်ေနာ္ကေတာ့ ဒီလိုပါဘဲ။
ေကာ္ရုပ္ေလး ဖြားဖြားကို ႏုတ္ဆက္လိုက္ပါဦး။"

ရွင္းေျပာရင္းကေလးကိုအသာဦးၫႊတ္ခိုင္းလိုက္သည္။

"မဂၤလာပါ ဖြားဖြား.."

"ဟယ္..ခ်စ္စရာေလးပါလား။
ကေလးက ေဖေဖလို လူေခ်ာေလးဘဲ။"

အန္တီအိအိက ေကာ္ရုပ္ေလးကိုၿပံဳးရယ္ရင္း ပါးေလးအားညစ္လိုက္သည္။တူျဖစ္သူနဲ႔ကိုၾကည့္လိုက္ေတာ့ မ်က္နာကစူပုတ္ထားသည္။ရွင္းကိုၾကည့္လိုက္ေတာ့လည္း ေသာ္ေလးအား နွစ္နွစ္ကာကာၾကည့္ေနသည္။ဒီအေျခအေနမွာသူ လုပ္သင့္လုပ္ထိုက္တာလုပ္ရမည္။

"ကဲသားတို႔စကားေျပာနဲ႔ဦး။အန္တီတိုက္ခန္းခဏျပန္ဦးမယ္..

"ဘာလို႔လဲ...??"

အလိုမက်သည့္ေလသံျဖင့္ ေမာင့္စူပုတ္ၿပီးေမးလာသည္။သူေရာက္လာကတည္းက ႏုတ္ဆက္စကားပင္မဆိုဘဲ ခပ္တည္တည္ မ်က္နာထားသည္ အခုေတာ့ ကေလးတစ္ေယာက္လိုခြၽဲႏြဲ႕ေနျပန္သည္။

"မျပန္လို႔မရဘူးေလ..မင္းအတြက္ မနက္ျဖန္ဝတ္မဲ့အဝတ္အစားေတြယူရမွာေလ"

"က်ေနာ့္တစ္ေယာက္တည္း ထားခဲ့မလို႔လား"

"ဘယ္ကသာတစ္ေယာက္တည္းျဖစ္ရမွာတုန္း။ေနရွင္းလည္းရွိတယ္ေလ..ဒီကေသးေသးေလးလည္းရွိတာဘဲ။ၿငီးမေနနဲ႔ သြားၿပီ"

ေမာင္အား မ်က္ေစာင္းေလးထိုးၿပီးထြက္သြားေသာ အန္တီအိအိကို ရွင္းရယ္ၿပံဳးရင္းႏုတ္ဆက္လိုက္သည္။အျပင္မထြက္ခင္ အန္တီအိအိ က မ်က္စိတစ္ဖက္မိုက္ျပလာလိုက္ကိုေတာ့ ရွင္းတစ္ေယာက္ကလြဲ၍ ဘယ္သူမွမျမင္ခဲ့။ေမာင့္ကိုျပန္ၾကည့္ေတာ့ သူ႔အားႏုတ္ခမ္းစူၿပီးၾကည့္ေနသည္။

"ဘာလဲ..မႀကိဳက္လည္းသည္းခံၿပီးေန။
တစ္ေန႔ကုန္ေဆးရံုမွာ ေမာင္နဲ႔ေနဖို႔စိတ္ကူးထားတယ္။"

"ဘာ..မင္းကိုဘယ္သူကေနခိုင္းလို႔လဲ။ျပန္ေတာ့"

"မျပန္ခ်င္ပါဘူး"

ရွင္းၿပံဳးစစျဖင့္ေျပာရင္း ေမာင့္ကုတင္ေပၚတက္ထိုင္လိုက္သည္။ေကာ္ရုပ္ေလးကပါ တက္လာၿပီး ေမာင့္လက္ကိုကိုင္လိုက္ျပန္သည္။

"ဦးဦး အရမ္းနာေနလားဟင္။"

"ဟင့္အင္း..မနာပါဘူး။ဦးဦးက သတိၱရွိပါတယ္ေနာ္။
သတိရလာတဲ့အထိ မေစာင့္ဘဲျပန္သြားတဲ့ သားအေဖလိုမဟုတ္ဘူး။"

"ေဟာဗ်ာ..!"

ေမာင့္ရဲ႕စကားေၾကာင့္ ရွင္းအူေၾကာင္ေၾကာင္ျဖစ္သြားသည္။
ေမာင္ကေတာ့ သူမျပာခဲ့သည့္အလား မသိသလိုဟန္ေဆာင္ေနျပန္သည္။အခု သူ႔ကို ေမာင္စိတ္ေကာက္ေနသလားဟု သူေတြးထင္မိေနသည္။ရင္ခုန္သံေတြပေလာင္ဆူလာရင္း ေမာင့္ရဲ႕ အျပဳအမူတစ္ခုခ်င္းစီတိုင္းကို ျမတ္ျမတ္နိုးနိုးၾကည့္မိေနျပန္သည္။

"ေမာင္.."

"ေက်းဇူးဘဲ.."

တုံးတိျပတ္သားေသာ ေက်းဇူးစကားေၾကာင့္ သူအံ့ၾသရျပန္ၿပီ။

"ဘယ္လို"

"ဟို..မင္းေၾကာင့္မို႔ ငါမေသခဲ့တာ။
သတိရလာေတာ့ မင္းကိုအရင္ေတြးမိတယ္..
ပထမဆံုးေတြ႕ခ်င္ခဲ့တာ။"

"ဟို..အထင္မလြဲပါနဲ႔ ဒီတိုင္း ေက်းဇူးတင္စကားေျပာခ်င္လို႔"

"အဟက္.."

ရွင္းသြားေပၚေအာင္ရယ္လိုက္ေတာ့ ေမာင့္မ်က္နာကာ စူပုတ္သြားျပန္သည္။သူ႔အားတစ္စိမ့္စိမ့္ၾကည့္ေနတဲ့ရွင္းေၾကာင့္ ေမာင္ေနရခက္လာသည့္အလား နားသယ္စပ္ကိုလက္ျဖင့္ဖိပြတ္ရင္း မ်က္နာေလးနီရဲလာသည္။

"ဘာလဲ..ရီစရာပါလို႔လား။
အခုငါေျပာတာ ေနာက္ေနတယ္ထင္တာလား။
ရီဘဲရီေနမယ္ဆိုရင္ ဘာလို႔လာေသးလဲ..ျပန္ေတာ့"

ရွက္စိတ္ေၾကာင့္ေဒါသထြက္သြားေလသလား။ေမာင္သည္အရွက္ေျပသူ႔အားဆူေငါက္လာျပန္သည္။

"ေဖေဖ သားသားတို႔ျပန္ေတာ့မွာလားဟင္
ဦးဦးဆီမွာထပ္ေနခ်င္ေသးတယ္ဆို"

ေကာ္ရုပ္ေလးအား ေခါင္းခါျပရင္း

"မျပန္ပါဘူး။ဦးဦးက တြန္းထုတ္ရင္ေတာင္ ေဖေဖမျပန္ေတာ့ဘူး။ဒီညဒီမွာအိပ္မွာ.."

"ဘာ..ရူးေနလား။ျပန္ေတာ့"

"ခုနကေတာ့ ပထမဆံုးေတြ႕ခ်င္တာဆို။"

"အဲဒါ ခုနက။ အခုကအခု သပ္သပ္စီ။ဟြန္႔"

ပုခံုးလက္ေမာင္းအား အားကုန္ထုရိုက္ခံေနရတဲ့ရွင္းဟာ ပန္းနဲ႔ေပါက္သည့္ပမာေက်ေက်နပ္နပ္ ၿပံဳးရယ္ေနသည္။သူေတြးမိခ်ိန္မွ ဒီလိုေပါ့ေပါ့ပါးပါးမရီခဲ့တာ ေတာ္ေတာ္ပင္ၾကာခဲ့ၿပီ။

"အေမေလး..တစ္ေလာကလံုးနင္တို႔နွစ္သံုးေယာက္ဘဲရွိတယ္ထင္ေနၾကလား။"

"ဟုတ္ပ မေျပာခ်င္ဘူးေနာ္။ေနရွင္းတို႔မ်ားမိႈရတဲ့မ်က္နာနဲ႔"

တံခါးတြန္းဖြင့္ရင္း သူငယ္ခ်င္းမ်ားအုပ္စုလိုက္ဝင္လာၾကသည္။လက္ထဲမွာေတာ့ မုန္႔မ်ိဳးစံု ပုလင္းမ်ိဳးစံု အသီးအနွံမ်ိဳးစံုျဖင့္ျပည့္နက္ေနသည္။ေဆးရံုနဲ႔ ေပ်ာ္ပြဲစားမ်ားမွားလာၾကေလသလားမသိေပ။

"မင္းတို႔လူနာလာၾကည့္တာေရာဟုတ္ရဲ႕လား.."

"ဒါေတြကလူနာအတြက္မဟုတ္ဘူး
လူနာအတြက္ကသပ္သပ္ ဆန္ျပဳတ္ပါတယ္။"

နန္းဆမ္ငင္း၏စကားေၾကာင့္ ေမာင္မ်က္လံုးေလးျပဴးသြားသည္။

"အခုမင္းတို႔လက္ထဲကဟာေတြကေရာ"

"ငါတို႔အတြက္ေလ..ဟားဟား
မင္းပ်င္းေနမွာစိုးလို႔ အေဖာ္လာျပဳတာ။"

မင္းေမာ္အား ေမာင္ေဘးကေစာင္နဲ႔ပစ္ေပါက္လိုက္သည္။
မင္းေမာ္ကေတာ့ မ်က္နာပိုးမေသဘဲ ေကာက္ရုပ္ေလးကို    ေကာက္ခ်ီလိုက္သည္။

"ေသနာေကာင္ေတြ။"

"ကဲကဲ အခ်ိန္လင့္ေနၿပီ။ဆရာႀကီးတို႔ မလာခင္ ငါတို႔စလိုက္ၾကရေအာင္။ကေလးအတြက္ ပန္းသီးတစ္လံုးေပး။"

မုန္႔ေတြစုၿပီးသူငယ္ခ်င္းမ်ားအုပ္ေအာ္ေသာင္းနွင္းျဖစ္ေနခ်ိန္ ခြန္ၾကာက ရွင္းအားေခၚထုတ္လာသည္။အျပင္ဖက္ေရာက္ေတာ့မွ ေဘးဘယ္ညာၾကည့္ကာ

"အန္တီမိုးအမႈရဲ႕ မ်က္ျမင္သက္ေသက ရဲစခန္းမွာလာဝန္ခံသြားတယ္တဲ့။"

!"ဘာ ရုတ္တရက္ႀကီးလား"

"အင္း..ကေလာေစ်းက အထမ္းသမားလို႔ေျပာတာဘဲ။
တရားခံက မင္းအေဖလို႔ ထြက္ဆိုထားတယ္။"

"မာန္ဝင့္ထည္ဆီက vedioဖိုင္ ကေရာ.."

"အဲဒါကေတာ့ သတင္းမၾကားဘူး။ဘယ္လိုဘဲျဖစ္ျဖစ္ မာန္ဝင့္ထည္လႈပ္ရွားလိုက္တာထင္တယ္..မ်က္ျမင္သက္ေသကို သူရွာေနတယ္လို႔ က်ေနာ့္ကိုေျပာသြားတာ။"

ဦးေကာင္းေခတ္ရဲ႕သားပီပီ ဦးေကာင္းေခတ္ရဲ႕ခေရေစ့တြင္းက်သူသိၿပီးသားပင္။လူတစ္ေယာက္ကို သတ္ပစ္ဖို႔အထိဝန္ မေလးတဲ့အေဖဟာ ဘယ္ေတာ့မွ လူတစ္ေယာက္ကို သူလက္ျဖင့္ထိခိုက္ေအာင္လုပ္တာမ်ိဳးမရွိေပ။လက္ေအာက္ခံ ေၾကးစားမ်ားနဲ႔သာေျဖရွင္းတတ္တာေၾကာင့္ ရွင္းစိန္ထဲမတင္မက်ျဖစ္ေနရျခင္းပင္ျဖစ္သည္။သို႔ေသာ္ ေလာင္ေနတဲ့မီးထဲ ဓာတ္ဆီေလာင္းထည့္လိုက္ရင္ GMသည္ အလိုလို ေဒဝါလီခံရကာ ပ်က္စီးသြားမည္ျဖစ္သည္။

"အခု ဥကၠ႒ႀကီးက အခုစစ္ေဆးတာခံရေတာ့မယ္ဆိုတာ့ ငါတို႔လည္း စလိုက္ၾကမလား"

ရွင္းသူ႔ဘာသာသူေျပာရင္း မ်က္နာထက္ မဲ့ၿပံဳးေလးတစ္ပြင့္ ပြင့္လာခဲ့သည္။အခုအခ်ိန္ဟာ ဦးေကာင္းေခတ္ရဲ႕မတရားခဲ့တဲ့ျပစ္မႈေတြကိုေဖာ္လို႔ေကာင္းတဲ့အခ်ိန္ျဖစ္ၿပီဟု သူခံယူလိုက္သည္။

"ခြန္ၾကာ..ခြန္ဟိန္းနဲ႔ဆက္သြယ္ၿပီး ရွမ္းေတာင္ေငြထည္လုပ္ငန္းရွင္မ်ားအသင္းဖြဲ႕ထားတဲ့ ဦးေလးေတြဆီသြားဖို႔နဲ႔ အေဖ့ရဲ႕ လူမိုက္အဖြဲ႕ေတြစခန္းခ်ရာေလာင္းကစားရံုနဲ႔ ဘားေတြကို
သတင္းေပးဖို႔အျမန္ေျပာလိုက္ပါ။မင္းက ခ်က္ခ်င္း တရားစြဲဖို႔
ျပင္ဆင္လိုက္.."

"ဟုတ္ၿပီ။ငါလုပ္လိုက္မယ္.."

"ေနာက္ၿပီးေတာ့  အခုေလာက္ဆိုမူႀကိဳဆင္းေလာက္ၿပီ"

သူေျပာၿပီးေသာ္လည္း ခြန္ၾကာကသူ႔အား ၾကည့္ေနေသးသည္။ေဘာင္းဘီအိပ္ကပ္ထဲလက္နွစ္ဖက္ကိုထည့္ကာ ခြန္ၾကာအား မ်က္ခံုးပင့္ျပလိုက္သည္။

"ဘာေျပာစရာရွိလို႔လဲ.."

"ရွင္း...ကေလးက အခန္းထဲမွာေလ။"

ခြန္ၾကာေျပာလိုက္ခ်ိန္မွ သူ႔ကိုယ္သူသတိေမ့ၿပီး စိတ္ေတြမစုစည္းနိုင္တာသိလိုက္ရသည္။

"ေၾသာ္ ဟုတ္သားဘဲ။
အခုတေလာ ေတာ္ေတာ္ေမ့တတ္လာတယ္..အသက္မ်ားႀကီးလာလို႔လား..အဟက္"

သူ႔ကိုယ္သူ႐ႊတ္ေနာက္ေနာက္ေျပာရင္း ရွင္းရယ္ေမာလိုက္သည္။ခြန္ၾကာကေတာ့ သူ႔အားမ်က္ေစာင္းတစ္ခဲခဲ။

"မင္းဘဲေျပာရတယ္ရွိေသး။
ဝင္ေတာ့..ဟိုကေမ်ာ္ေနေလာက္ၿပီ"

"ေအးပါ။ ေမာင့္ကိုေတာ့ ရဲစခန္းကဆက္သြယ္လာတဲ့အထိ မေျပာေသးနဲ႔"

"မင္းသေဘာအတိုင္းပါဘဲ။

💕💕💕💕💕💕💕💕💕

Unicode

Zawgyi

မျက်စိနှစ်လုံးပွင့်တာနဲ့ဆေးနံကြောင့်မောင်ခေါင်းကိုက်မူးဝေသွားရသည်။သူဓားထိုးခံရပြီးနောက်ပိုင်း ဘယ်လိုဆက်ဖြစ်တယ်ဆိုတာမသိတော့ပေ။လှဲနေရာမှထပြီးဘေးဘီကိုငဲ့ကြည့်လိုက်တော့ ခွန်ကြာကခုံပေါ်တွင်အိပ်ငိုက်ထိုးနေသည်။တစ်ယောက်သေူကိုလိုက်ရှာမိပေမဲ့ အရိပ်အယောင်လေးတောင်မတွေ့ရချေ။မောင်သည် မသိစိတ်ထဲကနေ ရှင်းအပေါ်သံယောဇဉ်ကြိုးမျှင်များတွယ်တာနေသေးကြောင်း သူ့ကိုယ်သူသိလိုက်သည်။

"ဟေ့ကောင်"

"အင်း ဟမ်...မင်းအဆင်ပြေလား။နာနေသေးလား!!"

"အဆင်ပြေပါတယ်။ငါ့ကိုမင်းခေါ်လာတာလား?"

"ဟုတ်တယ်..
ဆရာဝန်ကတော့ အနာကျက်ရင်ပုံမှန်ပြန်လှုပ်ရှားနိုင်ပြီတဲ့။ ရှင်းကတော့ ပြန်သွားပြီ။
မင်းနိုးလာတဲ့အထိစောင့်ပါလို့ပြောသေးတယ်..ဒါပေမဲ့ "

"ရပါတယ်..ငါနားလည်ပါတယ်။

ညိုးငယ်သွားတဲ့မောင့်ကို ခွန်ကြာသတိထားမိသည်။ သံယောဇဉ်ဆိုတာတကယ်ဖြတ် မလွယ်မှန်းသူနဖူးတွေ့ဒူးတွေ့သိခဲ့ရသည်။

မင်း..သူ့ကိုချစ်လား သော်က

ဆိုင်းမဆင့်ဗုံမဆင့်မေးခွန်းကြောင့် မောင်မျက်လုံးလေးဝိုင်းစက်သွားသည်။သူအဖြေတစ်ခုပေးဖို့အရေး တစ်ယောက်ယောက်ကြားသွားမည့်အလား ဘေးဘီကိုစောင်းငဲ့ကြည့်သေး၏

အွန်း..ချစ်သေးလို့ ပြန်လာတာပေါ့။မျက်နာမြင်နေရရင် အလွမ်းပြေလောက်မယ်ထင်လို့လေ"

"ဟာ...မင်းတို့နှစ်ယောက်ကတော့ စံဘဲဟေ့။အေးပါ နှလုံးသားနောက်လိုက်ပါ သော်ကရာ။ ဦးနောက်နဲ့ဆုံးဖြတ်ရမဲ့အချိန် လွန်သွားပြီ ငါ့ကောင်ရ။
မင်းနိုးလာပြီဆိုတဲ့သတင်းငါပြောလိုက်မယ်။"

"ဘယ်သူဖြစ်နိုင်လဲ"

ရယ်မောနေရင်း ခွန်ကြာအားသူမေးခွန်းထုတ်မိ၏။

"ဘယ်သူရှိရမှာလဲ ဦးကောင်းခေတ်နေမှာပေါ့။သူ့အပြင်ရှိသေးလို့လား။အခုလောလောဆယ် မတွေးသေးနဲ့ အပြည့်အဝအနားယူလိုက်ဦး။ငါဆရာဝန်ဆီသတင်းပို့လိုက်မယ်..အန်တီအိအိကိုလည်းပြောထားလို့ မကြာခင်ရောက်လာလိမ့်မယ်.."

"အွန်း.."

ခွန်ကြာပြောပြီး အခန်းထဲကထွက်လာသည်။အပြင်ဘက်ရောက်တာနဲ့ တစ်ပြေးအလွားရောက်လာတဲ့မာန်ဝင့်ထည်ကိုတွေ့ရပြန်သည်။ဖြစ်နိုင်ရင် ခွန်ကြာ သူ့ကိုမျက်နာချင်းပင်မဆိုင်ချင်ပေ။သော်ကမောင်ကိုသူအလုံးစုံပြောလိုက်ချင်ပေမဲ့ ရှင်းက မာန်ဝင့်ထည်အပေါ်သော်ကစိတ်ကွက်သွားမှာမလိုလားဟုပြောတာကြောင့် သူငြိမ်နေရခြင်းပင်ဖြစ်သည်။

"သော်လေးရော..အဆင်ပြေရဲ့လား။မင်းကွာ ဘာလို့ငါ့ကိုစောစောမပြောတာလဲ"

"ကျနော်ပြောလည်း အကိုကြီးက အားမယ်မထင်ဘူး။ ဗီဒီယိုကိစ္စနဲ့တော်တော်လေးရှုတ်နေမယ်ထင်လို့ ဖုန်းမဆက်တာပါ။"

"ဘာ..!!"

"ဘာလဲ ??မသိဘူးထင်နေတာလား။ အကိုကြီးက မျက်မြင်သက်သေဘယ်သူလဲဆိုတာ သိနေတယ်လေ။နောက်မကျခင် သော်ကကို ပြောလိုက်ပါ..."

"အခုခြိမ်းခြောက်နေတာလား"

"ခြိမ်းခြောက်တာမဟုတ်ဘူး အခွင့်အရေးပေးနေတာ။နေရှင်းက ခဗျားကိုအမှန်တရားဖော်ထုတ်ဖို့ အခွင့်အရေးပေးထားတာ။ဘာလို့လဲဆိုတော့ ခဗျားသာဆိုရင် သော်ကမောင်ကိုအများကြီးပျော်ရွင်မှုပေးနိုင်မယ်လို့သူထင်လို့ဘဲ.."

"အေးပါ..ငါမှတ်ထားပါ့မယ်။အခုမျက်မြင်သက်သေရှိရာကိုလိုက်နေတယ်။vedioက မျက်မြင်သက်သေရဲ့မျက်နာကိုရှင်းရှင်းလင်းလင်းမမြင်ရလို့ ထင်ထားတာထက်ပိုကြာနေတာပါ။"

"ထပ်ပြီးလား အရင်၆နှစ်ကလည်း မထင်မရှားပုံရိပ်ကြောင့် အမှုရှုံးခဲ့တယ်။ထပ်ပြီး ဗီဒီယိုက ပြတ်ပြတ်သားသားမမြင်ရသေးဘူးလား"

"အေးဟုတ်တယ်...ဒါမဲ့ ငါရှာနေပါတယ်။အဲဒီလူရဲ့ပုံစံကို သိနေတဲ့သူတွေရှိလို့ အဆင်ပြေတော့မှာ..မင်းရဲ့လူကိုသာပြောလိုက် ငါ့လမ်းမှာ ပိတ်မရပ်နဲ့လို့"

မာန်ဝင့်ထည်ထိုစကားကိုသာပြောပြီးလူနာခန်းထဲသို့ဝင်လာခဲ့သည်။အခွင့်အရေးလား..သူဂရုမစိုက်။လွန်ခဲ့သော ၆နှစ်က ပထမအကြိမ် မှတ်တမ်းဗီဒီယိုကို လဲပြီးရဲစခန်းမှာအပ်ခဲ့ပြီးပြီ။ဒုတိယအကြိမ် မလုပ်ရဲစရာအကြောင်းမရှိပေ။အဆုံးသတ်မှာ GMကိုသူအပိုင်ယူနိုင်ပြီး သော်လေးနဲ့အတူစင်ကာပူကိုထွက်သွားဖို့သာ အတွေးထဲရှိသည်။

"သော်လေး ဘယ်လိုဖြစ်တာလဲ။ကိုယ်ဘယ်လောက်တောင်စိတ်ပူသွားလဲသိလား။"

"သတင်းတွေကလည်းမြန်လိုက်တာ.."

မောင်သည် ကိုကိုကြီးအားကြည့်ပြီး ချိနဲ့စွာပြုံးလိုက်သည်။သူ့လက်ကိုခဖွဖွကိုင်လာသောကိုကိုကြီးသည် အရင်နဲ့မတူဘဲ စိမ်းသက်နေသလိုခံစားရသည်။

"ကိုကိုကြီး "

"ပြောလေ..ဘယ်နေရာကနာလို့လဲ။"

မနာပါဘူး။မေမေဆုံးပြီးကတည်းက ကိုကိုကြီးတို့ကိုဘဲယုံကြည်လာခဲ့တယ်။ရှေ့လျောက်လည်း ကိုကိုကြီးက ကျနော့်ဘေးမှာ အကိုတစ်ယောက်လို မိသားစုဝင်တစ်ဦးလို ရှိနေပေးစေချင်တယ်.."

သော်လေးဘာကိုတွေးပြီးပြောနေလဲသူမသိပေမဲ့ ဒီကောင်လေးက စိတ်အားငယ်ရင် သူ့အပေါ်ကျေးဇူးတင်ကြောင်းအက်ကြောင်းထပ်အောင်ပြောတတ်သည်။သိပ်ချစ်ရတဲ့ဒီကလေးလေးကို သူသာပိုင်ဆိုင်ချင်မိသည်။ယခုဆိုရင် သူဖြစ်စေချင်တဲ့ အစီအစဉ်များစနစ်တကျအကောင်အထည်ပေါ်လာခဲ့ပြီ။

"စိတ်မပူပါနဲ့။သော်လေးအနားမှာဘဲရှိနေမှာ။"

ကိုကိုကြီးရဲ့စကားကမောင့်အတွက်ဝမ်းသာမှုကိုမခံစားရပေ။ လူ့သဘာဝအရ ကိုကိုကြီးကဘဲ ဟန်ဆောင်ညံ့တာလား သူအကဲခတ်လျင်တာလားမတွေးတတ်ပေမဲ့ ကိုကိုကြီးရဲ့ခြေလှမ်းတွေပျက်နေပြီဆိုတာတော့ သူရိမ်မိ၏။

"ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်တွေဆွဲနေတယ်ဆို။
လုပ်ငန်းတစ်ခုခုကို ဝယ်မလို့လား"

မောင်အကဲစမ်းကာမေးလိုက်ခြင်းဖြစ်သည်။
ကိုကိုကြီးမျက်နာရုတ်တရက်ပျက်သွားပေမဲ့ သူ့အားအပြုံးလေးနဲ့ပြန်ပြီးခေါင်းငြိမ့်ပလာသည်။

"အင်း..ဒီတိုင်း ကော်ဖီစက်ရုံလေးပါ။
ဒေသထွက်ကုန်တွေနဲ့ခရီးသွားလုပ်ငန်းကိုဆွဲဆောင်နိုင်ဖို့ လုပ်ကြည့်မလားလို့"

"အော်..အဲလို့ကိုး။ဘယ်ဆိုးလို့လဲ"

"ကိုကိုကြီး ကျနော်အိပ်ချင်လာပြီ..ခနနားလိုက်ဦးမယ်.."

မောင်ထိုသို့ပြောပြီး ကိုယ်စောင်းလှည့်ကာအိပ်ချင်ဟန်ဆောင်လိုက်တော့သည်။စိတ်ထဲတွင်တော့ မေးခွန်းပေါင်းများစွာဖြင့် ဖြစ်နေသည်။ကော်ဖီခြံဝယ်ဖို့အတွက် ငွေသန်းထောင်ချီအကုန်အကျခံမည်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာကြောင့် ကိုကိုကြီးတစ်ခုခုကြံစည်နေပြီဆိုတာ သူအတည်ပြုနိုင်လိုက်သည်။

××××××××××××××××××××

"ဖေဖေ ဦးဦးကနေမကောင်းသေးဘူးလားဟင်။"

"ဟုတ်တယ်..ဦးဦးက နေမကောင်းသေးလို့ ဆေးရုံရောက်ရင်မျက်စိနောက်အောင် မဆော့ရဘူးနော်"

"ဟုတ်ကဲ့.."

ကားပေါ်ကဆင်းပြီးကော်ရုပ်လေးကိုဆွဲက ရှင်းဆေးရုံထဲသို့ဝင်လာခဲ့သည်။ပယင်းရောင်နဲ့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ပေမဲ့ ကလေးအုပ်ထိန်းခွင့်နှင့် လင်မယားပိုင်ဆိုင်မှုအတွက် တရားရင်ဆိုင်ရပေဦးမည်။သူတို့နှစ်ဦးရဲ့ကိစ္စကို သူတို့နှစ်ဦးသာဖြေရှင်းမည်ဖြစ်ကြောင်း ဖွားနန်းနဲ့အဖေ့ကိုခပ်ပြတ်ပြတ်ပင်ပြောထားခဲ့ပြီးဖြစ်တာကြောင့် ယခုဆိုလျင် ရှင်းစိတ်ထဲပေါ့ပါးနေသလို။

"မောင်.."

အခန်းတခါးလေးလှပ်လိုက်ချိန် ပြုံးရယ်နေသောမောင်နဲ့ အန်တီအိအိကိုတွေ့လိုက်ရလေသည်။အန်တီမိုးဆုံးပြီးကတည်းက အန်တီအိအိနဲ့မတွေ့ရသည်မှာတော်တော်ကြာခဲ့ပြီ။

"မင်္ဂလာပါဗျာ..အန်တီ"

"အေးကွယ်..မတွေ့တာတောင်ကြပ။
သားအဆင်ပြေတယ်မလား.."

အမုန်းတရားမရှိတဲ့မျက်နာထားနဲ့ ပြုံးပန်းဝေရင်းသူ့အားစကားဆ်ုနေသော အန်တီအိအိကြောင့် သူစိတ်သက်သာရာရမိ၏။

"ကျနော်ကတော့ ဒီလိုပါဘဲ။
ကော်ရုပ်လေး ဖွားဖွားကို နုတ်ဆက်လိုက်ပါဦး။"

ရှင်းပြောရင်းကလေးကိုအသာဦးညွှတ်ခိုင်းလိုက်သည်။

"မင်္ဂလာပါ ဖွားဖွား.."

"ဟယ်..ချစ်စရာလေးပါလား။
ကလေးက ဖေဖေလို လူချောလေးဘဲ။"

အန်တီအိအိက ကော်ရုပ်လေးကိုပြုံးရယ်ရင်း ပါးလေးအားညစ်လိုက်သည်။တူဖြစ်သူနဲ့ကိုကြည့်လိုက်တော့ မျက်နာကစူပုတ်ထားသည်။ရှင်းကိုကြည့်လိုက်တော့လည်း သော်လေးအား နှစ်နှစ်ကာကာကြည့်နေသည်။ဒီအခြေအနေမှာသူ လုပ်သင့်လုပ်ထိုက်တာလုပ်ရမည်။

"ကဲသားတို့စကားပြောနဲ့ဦး။အန်တီတိုက်ခန်းခဏပြန်ဦးမယ်..

"ဘာလို့လဲ...??"

အလိုမကျသည့်လေသံဖြင့် မောင့်စူပုတ်ပြီးမေးလာသည်။သူရောက်လာကတည်းက နုတ်ဆက်စကားပင်မဆိုဘဲ ခပ်တည်တည် မျက်နာထားသည် အခုတော့ ကလေးတစ်ယောက်လိုချွဲနွဲ့နေပြန်သည်။

"မပြန်လို့မရဘူးလေ..မင်းအတွက် မနက်ဖြန်ဝတ်မဲ့အဝတ်အစားတွေယူရမှာလေ"

"ကျနော့်တစ်ယောက်တည်း ထားခဲ့မလို့လား"

"ဘယ်ကသာတစ်ယောက်တည်းဖြစ်ရမှာတုန်း။နေရှင်းလည်းရှိတယ်လေ..ဒီကသေးသေးလေးလည်းရှိတာဘဲ။ငြီးမနေနဲ့ သွားပြီ"

မောင်အား မျက်စောင်းလေးထိုးပြီးထွက်သွားသော အန်တီအိအိကို ရှင်းရယ်ပြုံးရင်းနုတ်ဆက်လိုက်သည်။အပြင်မထွက်ခင် အန်တီအိအိ က မျက်စိတစ်ဖက်မိုက်ပြလာလိုက်ကိုတော့ ရှင်းတစ်ယောက်ကလွဲ၍ ဘယ်သူမှမမြင်ခဲ့။မောင့်ကိုပြန်ကြည့်တော့ သူ့အားနုတ်ခမ်းစူပြီးကြည့်နေသည်။

"ဘာလဲ..မကြိုက်လည်းသည်းခံပြီးနေ။
တစ်နေ့ကုန်ဆေးရုံမှာ မောင်နဲ့နေဖို့စိတ်ကူးထားတယ်။"

"ဘာ..မင်းကိုဘယ်သူကနေခိုင်းလို့လဲ။ပြန်တော့"

"မပြန်ချင်ပါဘူး"

ရှင်းပြုံးစစဖြင့်ပြောရင်း မောင့်ကုတင်ပေါ်တက်ထိုင်လိုက်သည်။ကော်ရုပ်လေးကပါ တက်လာပြီး မောင့်လက်ကိုကိုင်လိုက်ပြန်သည်။

"ဦးဦး အရမ်းနာနေလားဟင်။"

"ဟင့်အင်း..မနာပါဘူး။ဦးဦးက သတ္တိရှိပါတယ်နော်။
သတိရလာတဲ့အထိ မစောင့်ဘဲပြန်သွားတဲ့ သားအဖေလိုမဟုတ်ဘူး။"

"ဟောဗျာ..!"

မောင့်ရဲ့စကားကြောင့် ရှင်းအူကြောင်ကြောင်ဖြစ်သွားသည်။
မောင်ကတော့ သူမပြာခဲ့သည့်အလား မသိသလိုဟန်ဆောင်နေပြန်သည်။အခု သူ့ကို မောင်စိတ်ကောက်နေသလားဟု သူတွေးထင်မိနေသည်။ရင်ခုန်သံတွေပလောင်ဆူလာရင်း မောင့်ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို မြတ်မြတ်နိုးနိုးကြည့်မိနေပြန်သည်။

"မောင်.."

"ကျေးဇူးဘဲ.."

တုံးတိပြတ်သားသော ကျေးဇူးစကားကြောင့် သူအံ့သြရပြန်ပြီ။

"ဘယ်လို"

"ဟို..မင်းကြောင့်မို့ ငါမသေခဲ့တာ။
သတိရလာတော့ မင်းကိုအရင်တွေးမိတယ်..
ပထမဆုံးတွေ့ချင်ခဲ့တာ။"

"ဟို..အထင်မလွဲပါနဲ့ ဒီတိုင်း ကျေးဇူးတင်စကားပြောချင်လို့"

"အဟက်.."

ရှင်းသွားပေါ်အောင်ရယ်လိုက်တော့ မောင့်မျက်နာကာ စူပုတ်သွားပြန်သည်။သူ့အားတစ်စိမ့်စိမ့်ကြည့်နေတဲ့ရှင်းကြောင့် မောင်နေရခက်လာသည့်အလား နားသယ်စပ်ကိုလက်ဖြင့်ဖိပွတ်ရင်း မျက်နာလေးနီရဲလာသည်။

"ဘာလဲ..ရီစရာပါလို့လား။
အခုငါပြောတာ နောက်နေတယ်ထင်တာလား။
ရီဘဲရီနေမယ်ဆိုရင် ဘာလို့လာသေးလဲ..ပြန်တော့"

ရှက်စိတ်ကြောင့်ဒေါသထွက်သွားလေသလား။မောင်သည်အရှက်ပြေသူ့အားဆူငေါက်လာပြန်သည်။

"ဖေဖေ သားသားတို့ပြန်တော့မှာလားဟင်
ဦးဦးဆီမှာထပ်နေချင်သေးတယ်ဆို"

ကော်ရုပ်လေးအား ခေါင်းခါပြရင်း

"မပြန်ပါဘူး။ဦးဦးက တွန်းထုတ်ရင်တောင် ဖေဖေမပြန်တော့ဘူး။ဒီညဒီမှာအိပ်မှာ.."

"ဘာ..ရူးနေလား။ပြန်တော့"

"ခုနကတော့ ပထမဆုံးတွေ့ချင်တာဆို။"

"အဲဒါ ခုနက။ အခုကအခု သပ်သပ်စီ။ဟွန့်"

ပုခုံးလက်မောင်းအား အားကုန်ထုရိုက်ခံနေရတဲ့ရှင်းဟာ ပန်းနဲ့ပေါက်သည့်ပမာကျေကျေနပ်နပ် ပြုံးရယ်နေသည်။သူတွေးမိချိန်မှ ဒီလိုပေါ့ပေါ့ပါးပါးမရီခဲ့တာ တော်တော်ပင်ကြာခဲ့ပြီ။

"အမေလေး..တစ်လောကလုံးနင်တို့နှစ်သုံးယောက်ဘဲရှိတယ်ထင်နေကြလား။"

"ဟုတ်ပ မပြောချင်ဘူးနော်။နေရှင်းတို့များမှိုရတဲ့မျက်နာနဲ့"

တံခါးတွန်းဖွင့်ရင်း သူငယ်ချင်းများအုပ်စုလိုက်ဝင်လာကြသည်။လက်ထဲမှာတော့ မုန့်မျိုးစုံ ပုလင်းမျိုးစုံ အသီးအနှံမျိုးစုံဖြင့်ပြည့်နက်နေသည်။ဆေးရုံနဲ့ ပျော်ပွဲစားများမှားလာကြလေသလားမသိပေ။

"မင်းတို့လူနာလာကြည့်တာရောဟုတ်ရဲ့လား.."

"ဒါတွေကလူနာအတွက်မဟုတ်ဘူး
လူနာအတွက်ကသပ်သပ် ဆန်ပြုတ်ပါတယ်။"

နန်းဆမ်ငင်း၏စကားကြောင့် မောင်မျက်လုံးလေးပြူးသွားသည်။

"အခုမင်းတို့လက်ထဲကဟာတွေကရော"

"ငါတို့အတွက်လေ..ဟားဟား
မင်းပျင်းနေမှာစိုးလို့ အဖော်လာပြုတာ။"

မင်းမော်အား မောင်ဘေးကစောင်နဲ့ပစ်ပေါက်လိုက်သည်။
မင်းမော်ကတော့ မျက်နာပိုးမသေဘဲ ကောက်ရုပ်လေးကို    ကောက်ချီလိုက်သည်။

"သေနာကောင်တွေ။"

"ကဲကဲ အချိန်လင့်နေပြီ။ဆရာကြီးတို့ မလာခင် ငါတို့စလိုက်ကြရအောင်။ကလေးအတွက် ပန်းသီးတစ်လုံးပေး။"

မုန့်တွေစုပြီးသူငယ်ချင်းများအုပ်အော်သောင်းနှင်းဖြစ်နေချိန် ခွန်ကြာက ရှင်းအားခေါ်ထုတ်လာသည်။အပြင်ဖက်ရောက်တော့မှ ဘေးဘယ်ညာကြည့်ကာ

"အန်တီမိုးအမှုရဲ့ မျက်မြင်သက်သေက ရဲစခန်းမှာလာဝန်ခံသွားတယ်တဲ့။"

!"ဘာ ရုတ်တရက်ကြီးလား"

"အင်း..ကလောဈေးက အထမ်းသမားလို့ပြောတာဘဲ။
တရားခံက မင်းအဖေလို့ ထွက်ဆိုထားတယ်။"

"မာန်ဝင့်ထည်ဆီက vedioဖိုင် ကရော.."

"အဲဒါကတော့ သတင်းမကြားဘူး။ဘယ်လိုဘဲဖြစ်ဖြစ် မာန်ဝင့်ထည်လှုပ်ရှားလိုက်တာထင်တယ်..မျက်မြင်သက်သေကို သူရှာနေတယ်လို့ ကျနော့်ကိုပြောသွားတာ။"

ဦးကောင်းခေတ်ရဲ့သားပီပီ ဦးကောင်းခေတ်ရဲ့ခရေစေ့တွင်းကျသူသိပြီးသားပင်။လူတစ်ယောက်ကို သတ်ပစ်ဖို့အထိဝန် မလေးတဲ့အဖေဟာ ဘယ်တော့မှ လူတစ်ယောက်ကို သူလက်ဖြင့်ထိခိုက်အောင်လုပ်တာမျိုးမရှိပေ။လက်အောက်ခံ ကြေးစားများနဲ့သာဖြေရှင်းတတ်တာကြောင့် ရှင်းစိန်ထဲမတင်မကျဖြစ်နေရခြင်းပင်ဖြစ်သည်။သို့သော် လောင်နေတဲ့မီးထဲ ဓာတ်ဆီလောင်းထည့်လိုက်ရင် GMသည် အလိုလို ဒေဝါလီခံရကာ ပျက်စီးသွားမည်ဖြစ်သည်။

"အခု ဥက္ကဋ္ဌကြီးက အခုစစ်ဆေးတာခံရတော့မယ်ဆိုတာ့ ငါတို့လည်း စလိုက်ကြမလား"

ရှင်းသူ့ဘာသာသူပြောရင်း မျက်နာထက် မဲ့ပြုံးလေးတစ်ပွင့် ပွင့်လာခဲ့သည်။အခုအချိန်ဟာ ဦးကောင်းခေတ်ရဲ့မတရားခဲ့တဲ့ပြစ်မှုတွေကိုဖော်လို့ကောင်းတဲ့အချိန်ဖြစ်ပြီဟု သူခံယူလိုက်သည်။

"ခွန်ကြာ..ခွန်ဟိန်းနဲ့ဆက်သွယ်ပြီး ရှမ်းတောင်ငွေထည်လုပ်ငန်းရှင်များအသင်းဖွဲ့ထားတဲ့ ဦးလေးတွေဆီသွားဖို့နဲ့ အဖေ့ရဲ့ လူမိုက်အဖွဲ့တွေစခန်းချရာလောင်းကစားရုံနဲ့ ဘားတွေကို
သတင်းပေးဖို့အမြန်ပြောလိုက်ပါ။မင်းက ချက်ချင်း တရားစွဲဖို့
ပြင်ဆင်လိုက်.."

"ဟုတ်ပြီ။ငါလုပ်လိုက်မယ်.."

"နောက်ပြီးတော့  အခုလောက်ဆိုမူကြိုဆင်းလောက်ပြီ"

သူပြောပြီးသော်လည်း ခွန်ကြာကသူ့အား ကြည့်နေသေးသည်။ဘောင်းဘီအိပ်ကပ်ထဲလက်နှစ်ဖက်ကိုထည့်ကာ ခွန်ကြာအား မျက်ခုံးပင့်ပြလိုက်သည်။

"ဘာပြောစရာရှိလို့လဲ.."

"ရှင်း...ကလေးက အခန်းထဲမှာလေ။"

ခွန်ကြာပြောလိုက်ချိန်မှ သူ့ကိုယ်သူသတိမေ့ပြီး စိတ်တွေမစုစည်းနိုင်တာသိလိုက်ရသည်။

"သြော် ဟုတ်သားဘဲ။
အခုတလော တော်တော်မေ့တတ်လာတယ်..အသက်များကြီးလာလို့လား..အဟက်"

သူ့ကိုယ်သူရွှတ်နောက်နောက်ပြောရင်း ရှင်းရယ်မောလိုက်သည်။ခွန်ကြာကတော့ သူ့အားမျက်စောင်းတစ်ခဲခဲ။

"မင်းဘဲပြောရတယ်ရှိသေး။
ဝင်တော့..ဟိုကမျော်နေလောက်ပြီ"

"အေးပါ။ မောင့်ကိုတော့ ရဲစခန်းကဆက်သွယ်လာတဲ့အထိ မပြောသေးနဲ့"

"မင်းသဘောအတိုင်းပါဘဲ။

Continue Reading

You'll Also Like

3.1K 455 18
අසම්මතයකත් අසම්මත කතාවක් , . . . . . . . . . . . වේවිදෝ ...............
22.9K 775 30
Unicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းန...
331K 8.7K 87
What do you do when you find out your Aunt is your father's mistress? Your lovely sweet cousin is actually your half sister? Cheng Bi Yu thought she...
2.8K 13 6
This is the First instalment to my 3 Part series of Books about a Young Blonde Teen Girl who suddenly starts to loose control of her bladder and bowe...