အခန်း ၃၈
ဒီစတိုးဆိုင်က တော်တော်လေးကျယ်တာပဲ၊ အရှေ့ဘက်မှာလည်း စားသောက်ဆိုင်တစ်ဆိုင်ထပ်ဖွင့် ထားတဲ့အပြင် အနောက်ဘက်မှာလည်း ဂိုဒေါင်အလွတ်ကြီးတစ်လုံးက ရှိသေးသည်၊ ဘယ်သူကမှ မစောင့်သလို ဂရုလည်းမစိုက်ကြဘူး၊ ဖုခွင်း တစ်ခါမှ ဒီနေရာကို မလာဖူးဘူး သူတွေးမိလိုက်တာက ဒီနေရာက ညဘက်သောက်တာများပြီး အိမ်သာရှာမတွေ့တဲ့သူတွေ သဘောကျလောက်မယ့် နေရာမျိုးပဲဆိုပြီး...
ဝမ်ကျစ်ချန်က အထဲကိုဝင်သွားလိုက်သည်၊ ဂိုဒေါင်ထဲမှာ ဖုန်မှုန့်တွေက ထူထဲနေပြီး မီးရောင် ခပ်မှိန်မှိန်သာ ထွန်းထားသည်၊ ထောင့်နားမှာ ပစ္စည်းများကိုစုပုံပစ်ချထားပြီး သေချာကြည့်လိုက်မှ အဲ့တာတွေက ဆန်အိတ်နဲ့ ဂျုံအိတ်တွေမှန်း သိလိုက်ရသည်
ဖုခွင်း နောက်ကနေလိုက်ဝင်သွားပြီး တုံပေဆန်အိတ်ကြီးတစ်ခုပေါ်တွင် ရပ်လိုက်သည်၊ သူအစက ရှေ့နားက ဆန်အိတ်က ထိုင်းဆန်မွှေးဟုတ်မဟုတ် သွားကြည့်ချင်ခဲ့သော်လည်း အဲ့ဒီနေရာက ဝမ်ကျစ်ချန်နဲ့ အရမ်းကြီးနီးနေတာဆိုတော့ မသွားပဲ နေလိုက်သည်
"ဖုခွင်း၊ ဒီနေ့တော့ ငါတို့ရှင်းရှင်းလင်းလင်းလေး လုပ်ကြတာပေါ့" ဝမ်ကျစ်ချန်က ခြေလက်များကို လှုပ်ရှားရင်း လည်ပင်းကိုချိုးကာပြောလိုက်သည်၊ လည်ပင်းကိုချိုးတဲ့အချိန် အတော်လေးကို အားထည့်နေပြီး ကြည့်ရတာ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံထွက်ချင်နေပုံပင်၊ ဒါပေမယ့် အသံက ထွက်မလာဘူး
ဖုခွင်း ခေါင်းငုံ့ပြီး တုံပေဆန်အိတ်ကိုကြည့်လိုက်သည်၊ ဝမ်ကျစ်ချန် ဒီနှစ်တွေအတွင်း ကြည့်ရတာ တော်တော်လေး ဆိုးသွမ်းလာခဲ့ပုံပင်၊ ပြောလာတဲ့စကားကိုက သွေးနံ့တွေ လွှမ်းနေသလိုလို "ငါ့မှာ မျက်နှာချင်းဆိုင် ပြောစရာတစ်ခုရှိတယ်"
'ပြော" ဝမ်ကျစ်ချန်က လက်ဝှေ့ယမ်းလိုက်သည်
"ငါတို့နှစ်ယောက် ဘာကိစ္စကို ရှင်းရှင်းလင်းလင်းလုပ်သင့်နေတာလဲဆိုတာ မသိပေမယ့် မင်းက ရှင်းဆိုတော့လဲ ရှင်းရတာပေါ့" ဖုခွင်းက လွယ်အိတ်ကို ဘေးနားပစ်ချလိုက်တော့ ဖုန်မှုန့်တွေက လွင့်ပျံထွက်လာသည် "ဒါပေမယ့် မင်းဘာသာ ဦးထုပ်စိမ်းဆောင်းပေးချင်ရင်တော့ ငါ့ကိုလာမရှာနဲ့ အဲ့တာက ငါနဲ့မဆိုင်ဘူး၊ မင်းမှာ အဲ့လိုဝါသနာရှိရင် တခြားလူကိုရှာပြီးသာ ကစားနေလိုက်"
ဝမ်ကျစ်ချန် နူတ်ခမ်းထောင့်က တစ်လှုပ်လှုပ်ဖြစ်သွားပြီး "လီးစကားတွေ ပြောနေလိုက်"
ထိုစကားပြောပြီးသွားတာနဲ့ ဘေးနားကလူတစ်ယောက်က ဝမ်ကျစ်ချန်ဆီကို တုတ်တစ်ချောင်း ပစ်ပေးလိုက်ပြီး ဝမ်ကျစ်ချန်က တုတ်ကို ဖမ်းယူလိုက်ကာ ဖုခွင်းဆီကို ပြေးလာသည်
ဖုခွင်း မရှောင်တိမ်းလိုက်ဘူး၊ ဒီအချိန်မှာ သူမရှောင်လိုက်နိုင်ရင် တုတ်နဲ့ရိုက်ခံရတော့မှာဖြစ် ပေမယ့် ဖုခွင်းက ဝမ်ကျစ်ချိန်ဆီကို ဝင်ပြေးလိုက်ပြီး ညာဘက်ပုခုံးနဲ့ ဝမ်ကျစ်ချန်ရဲ့ဗိုက်ကို ဝင်တိုက်လိုက်သည်
ဖုရိကျယ် လောင်ရှီးရှင်းပြတာနားထောင်ပြီးတော့ လွယ်အိတ်သိမ်းကာ အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်
စက်ဘီးစတန်းရောက်တော့ သူကြောင်သွားသည်၊ ဖုခွင်းရဲ့စက်ဘီးက စက်ဘီးစတန်းမှာ မရှိတော့ဘူး၊ ဒါနဲ့သူ ကျောင်းပေါက်ဝဆီကိုသွားလိုက်သည်၊ ဖုခွင်းက စက်ဘီးစတန်းမှာ မရှိရင် ကျောင်းပေါက်ဝမှာ စောင့်နေတတ်သည်
ဒါပေမယ့် ကျောင်းပေါက်ဝမှာလည်း လူကမရှိဘူး၊ ဖုရိကျယ် မျက်မှောင်ကြုတ်မိသည်၊ စဉ်းစားကာ အထက်တန်းကျောင်းဆောင်ဆီ သွားဖို့ရာ ပြင်နေစဉ် မျက်လုံးထောင့်ကနေ ကျောင်းပေါက်ဝက သစ်ပင်အောက်မှာ ရပ်ထားတဲ့ စက်ဘီးကို တွေ့မိသွားသည်
အဲ့တာဖုခွင်းဟာမို့လား
လူကကော?
စက်ဘီးနားမှာ လူကမတွေ့ဘူး၊ ကျောင်းပေါက်ဝမှာ သွားလာနေကြတဲ့ ကျောင်းသား နှစ်ယောက်သုံးယောက်ကို တွေ့မိပေမယ့် ဖုခွင်းကိုတော့ မတွေ့ဘူး
"ရှောင်ပိုင်ပိုင်" ဘေးနားကနေ ချန်လိရဲ့အသံကို ကြားလိုက်ရသည် "မင်းတို့နှစ်ယောက် မပြန်သေးဘူးလား?"
"ငါ့ကော အခန်းထဲမှာ မရှိဘူးလား?" ဖုရိကျယ်က သူ့မကိုလှည့်ကြည့်ကာ မေးလိုက်သည်
"မရှိဘူးလေ၊ ကျောင်းဆင်းကတည်းက ထွက်သွားတာ" ချန်လိက အခုမှ ကော်ရှန်းနဲ့အတူ ထွက်လာတာဖြစ်ပြီး သစ်ပင်အောက်က စက်ဘီးကို တွေ့သွားကာ သူမကြောင်အမ်းအမ်းနဲ့ "အဲ့တာက သူ့စက်ဘီးမို့လား?"
"လူကို ရှာမတွေ့လို့" ဖုရိကျယ်က စဉ်းစားလိုက်ပြီး သစ်ပင်အောက်ကိုသွားလိုက်ကာ "ငါအရှေ့က ဆိုင်ထဲကို သွားကြည့်လိုက်အုန်းမယ်"
ချန်လိက ရပ်နေရင်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူမနည်းနည်း ထူးဆန်းနေသလို ခံစားလိုက်ရသည်၊ ဖုခွင်းလို ညီကို ဘုရားလိုကိုးကွယ်နေတဲ့သူမျိုးက ဘာမှမပြောမဆိုဘဲ ဖုရိကျယ်ကို ဒီလောက် ရှုပ်ယှက်ခတ်နေတဲ့နေရာမှာ သူ့ကိုလိုက်ရှာဖို့ လုပ်ခိုင်းမှာမဟုတ်ဘူး
"ဒါမှမဟုတ် သူ့ညီအတွက် စားစရာသွားဝယ်နေတာများလား...." ကော်ရှန်းပြောလိုက်သည့်အချိန်တွင် ရွှီကျားမိန်က နောက်ကနေထွက်လာပြီး ဘဲလ်တစ်ချက်တီးကာ ကော်ရှန်းဘေးကနေ ထွက်သွားသည်
ချန်လိက ရွီကျားမိန်ကို အဲ့လောက်ကြီး ကြည့်မရနေတာတော့မဟုတ်ပေမယ့် သူမက ဒီလိုလမ်းဘေးမှာ ဘဲလ်တစ်ချက်တီးပြီး မောက်မာစွာ ထွက်သွားတာကို မြင်လိုက်တော့ ချန်လိ သူမကို စွေစောင်း မကြည့်ဘဲ မနေနိုင်တော့ဘူး
ရွီကျားမိန်ကလည်း သူမကို မောက်မာစွာ ပြန်ကြည့်လိုက်ပြီးမှ စက်ဘီးတစ်ချက်နင်းကာ ထွက်သွားသည်
ချန်လိ ရုတ်တရပ် ရွီကျားမိန်ရဲ့မျက်လုံးထဲကနေ သဘာဝမကျတဲ့အမှုအရာတစ်ခုကို ခံစားလိုက်မိပြီး သူမ စဉ်းတောင် မစဉ်းစားနိုင်တော့ဘဲ လှမ်းအော်လိုက်သည် "ရွီကျားမိန်"
ရွီကျားမိန်က သူမကို ဂရုမစိုက်ဘဲ စက်ဘီးကို အဝေးကြီးရောက်တဲ့အထိ စီးသွားလိုက်သည်
"သူမကိုခေါ်ပြီး ဘာလုပ်မလို့လဲ" ကော်ရှန်းက သူ့ကိုရှင်းရှင်းလင်းလင်း မေးလိုက်သည်
"ရွီကျားမိန်" ချန်လိက သူ့ကိုတစ်ခေါက်ထပ်အော်လိုက်ပြီး ရွီကျားမိန်က လုံးဝပြန်လှည့်မလာ တော့တဲ့ပုံပေါ်တော့မှ သူအံကြိတ်လိုက်ပြီး "မသိဘူး၊ မိန်းမတွေရဲ့ ဆဌမအာရုံအရပဲ၊ ငါ့ ဆဌမအာရုံက အရမ်းကောင်းတာ"
ကော်ရှန်းထပ်ပြောလာမှာကို မစောင့်တော့ဘဲ ချန်လိက ဘေးပတ်ဝန်းကျင်ကို ဆက်ကြည့်နေပြန်သည်၊ ကျောင်းဘေးနားမှာ ရပ်နေတဲ့ အထက်တန်းကျောင်းသား တစ်ချို့ရှိပြီး သူမက ပြေးသွားလိုက်ကာ "အတန်းဖော်၊ တစ်ခုလောက်မေးဦးမယ်၊ ဖုခွင်းကို တွေ့မိလား?"
ကျောင်းသားတစ်ယောက်က စဉ်းစားလိုက်ပြီး "တွေ့မိတယ်"
"သူတို့ ဟိုထဲကိုဝင်သွားတာ မဟုတ်ဖူးလား? သူ ထွက်လာမလာတော့ မသိသေးဘူး" ချန်လိက နောက်လှည့်ကာ စက်ဘီးကို လက်ညိုးထိုးပြပြီး "ဒီနားမှာ စက်ဘီးကိုချန်သွားတာလား?"
ထိုကျောင်းသားက ခေါင်းတစ်ချက်ငုံ့ကာ စဉ်းစားလိုက်ပြီး အတန်ကြာ တုံ့ဆိုင်းနေပြီးမှ "ဖြစ်နိုင်တာက....အဲ့နားကို လူတွေလာသွားသေးသလိုပဲ? ငါအာရုံသိပ်မထားမိဘူး....."
ဖုရိကျယ် အသစ်ဖွင့်ထားတဲ့ ဖက်ရှင်စတိုးဆိုင်ရှေ့ရောက်တော့ ချန်လိနဲ့ကော်ရှန်းပါ လိုက်လာကြပြီး ချန်လိက သူ့ပုခုံးပေါ်လက်တင်ကာ "ဖုခွင်းကို လူတစ်ချို့လာခေါ်သွားတာဆိုတော့၊ အဲ့ဒီထဲမှာများလား"
"ငါသွားရှာလိုက်မယ်" ဖုရိကျယ်က စကားအများကြီးမပြောဘဲ အထဲကိုဝင်ရန် ပြင်လိုက်သည်
"ငါတို့လည်း အတူလိုက်ခဲ့မယ်" ကော်ရှန်းပါ အတူလိုက်ခဲ့လိုက်သည်၊ သူ့အနေနဲ့ ဖုခွင်း ကျောင်းဆင်းတော့ ဖုရိကျယ်ကို မစောင့်တာက ဘာပြဿနာမှ မဟုတ်ဘူးလို့ တွေးထားမိပေမယ့် ချန်လိက အရမ်းတုန်လှုပ်ခြောက်ခြားပြနေတော့ သူနည်းနည်း သက်သောင့်သက်သာ မရှိဘူးဖြစ်သွားသည်
ဖုခွင်း ရန်မဖြစ်တာတော်တော်ကြာနေပြီ၊ သူက အစကတည်းက ရန်ဖြစ်ရတာ ကြိုက်တဲ့သူမျိုးလည်း မဟုတ်ဘူး၊ကျောင်းခန်းထဲက ကိစ္စကြီးငယ်တွေတောင် သူက သဘောမကျရင် ဝင်မပါဘဲသာနေလေ့ရှိသည်၊
တကယ်လို့ သူသာ ဘက်စကတ်ဘော အမြဲတမ်းကစားနေတာ မဟုတ်ရင် ဝမ်ကျစ်ချန်ရဲ့ အဲ့ဒီ တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်ဘူး
ဝမ်ကျစ်ချန်က အရင်ကထက်ပိုပြီးတော့ တိုက်ခိုက်တာ တော်လာတယ်၊ ဖုခွင်းရဲ့ ပုခုံးက သူ့ဗိုက်ကို ဝင်တိုက်လိုက်သည့်အချိန်တွင် သူတုတ်ကိုလွတ်ကျတော့မလိုဖြစ်သွားပြီးမှ ခပ်မြန်မြန်ပင် ပြန်ဆုပ်ကိုင်လိုက်ကာ ဖုခွင်းရဲ့ကျောပေါ်ကို ရိုက်ချလိုက်သည်
ဖုခွင်းကျောတစ်ခုလုံး နာကျင်သွားပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးချင်လာသည်
ဒါပေမယ့် သူမရပ်ဘဲ ဝမ်ကျစ်ချန်ရဲ့ဗိုက်ကို ပြင်းပြင်းထန်ထန် ဆောင့်ကန်လိုက်သည်၊ ဝမ်ကျစ်ချန်က နောက်ကို တစ်လှမ်းဆုတ်သွားပြီး သူ့ကိုတွန်းထုတ်လာသည်၊ သို့သော် သူ ဝမ်ကျစ်ချန်ရဲ့ခါးကို ဖမ်းကိုင်လိုက်ကာ ခြေကလန့်ထိုးပြီး ဝမ်ကျစ်ချန်လဲသွားအောင် လုပ်ရန် ပြင်လိုက်သည်
ဒါပေမယ့် ဝမ်ကျစ်ချန်က သူ့ထက်လူကောင်ပိုကြီးတာမို့ လုပ်ရတာက အဲ့လောက်ကြီး လွယ်မနေဘူး၊ ဖုခွင်း သူ့ကို လဲမချနိုင်ဘူးဖြစ်နေသည်
"ငလူးမသား" ဝမ်ကျစ်ချန်က တစ်ခွန်းဆဲလိုက်ပြီး သူ့ဗိုက်ကို အားပြင်းပြင်းနဲ့ လှမ်းကန်လိုက်သည်၊ ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်ပြီးတော့ လက်ကိုမြှောက်ကာ ဖုခွင်းကျောပေါ်ကို တံတောင်နဲ့ အကြိမ်များစွာ ထိုးချနေသည်
ဖုခွင်း လွှတ်ချလိုက်ပြီးတော့ ရုတ်တရပ် ထရပ်လိုက်ကာ ဝမ်ကျစ်ချန်ကို တံတောင်နဲ့ လှမ်းတွက်လိုက်သည်
ဒါက တံတောင်ဆစ်လေးပဲမဟုတ်ဘူး၊ ဘယ်သူပြောလဲ မသုံးနိုင်ဘူးလို့!
ဝမ်ကျစ်ချန်ရဲ့မေးစေ့ကို တံတောင်ဆစ်နဲ့ ပြင်းပြင်းထန်ထန် ဆောင့်လိုက်သည်
ဝမ်ကျစ်ချန်ရဲ့ခေါင်းက လည်ထွက်သွားပြီး ယခင်က အသံမထွက်ခဲ့တဲ့လည်ပင်းလည်း ယခုအခါမှ ဂျွပ်ခနဲ မြည်သွားသည်၊ ဖုခွင်းလည်း အခွင့်အရေးကို အသုံးချပြီး ဝမ်ကျစ်ချန်ရဲ့နှာခေါင်းကို အားပြင်းပြင်းနဲ့ အပေါ်ကနေအောက်ကို ထိုးချလိုက်သည်
"အား.." ဝမ်ကျစ်ချန်က နှာခေါင်းကိုအုပ်ကာ အော်လိုက်ပြီး ဖုခွင်းကို ဆောင့်တွန်းလွှတ်လိုက်သည်
သူ့လက်ချောင်းများကြားကနေ သွေးများက စီးကျလာသည်
ဝမ်ကျစ်ချန်က ကိုယ့်သွေးကိုယ်မြင်တော့ နှာခေါင်းကိုဂရုမစိုက်နိုင်တော့ဘဲ ဒေါသထွက်ထွက်နဲ့ တုတ်ကိုဆွဲယူကာ ဖုခွင်းဆီကို ပြေးလာပြန်သည်
ဖုခွင်းက နောက်ကိုဆုတ်လိုက်ပေမယ့် သူ့နောက်က လူတွေက အဆုတ်မခံဘဲ ကာထားသဖြင့် သူ့ကိုရှောင်လို့မရအောင် နောက်ကလူတွေက တွန်းပို့ပေးလိုက်ကြသည်
ချီးပဲ! ဒါကို တစ်ယောက်ချင်း ချတယ်လို့ ခေါ်သေးတာလား!
ဖုခွင်းရှောင်လို့မရတော့ဘဲ ဝမ်ကျစ်ချန်ရဲ့တုတ်က သူ့ခေါင်းဆီကို ဦးတည်လာတာမြင်သဖြင့် သူလက်နှစ်ဖက်ကို မြှောက်လိုက်ကာ ခေါင်းအရိုက်ခံရတာကနေ ကာကွယ်လိုက်သည်
တုတ်က လေနဲ့အတူ သူ့ဘယ်ဘက်လက်ဖျံကို ရိုက်မိသွားကာ လက်မောင်းနဲ့ကာထားတာ ကြောင့် ရိုက်ချက်ကနှေးသွားပေမယ့် သူ့မက်နှာကိုတော့ ထိသွားလိုက်သေးသည်
သူ မတ်မတ်မရပ်နိုင်တော့ဘဲ နောက်တစ်လှမ်းဆုတ်လိုက်ရသည်
ဘယ်ဘက်လက်မောင်းကလည်း သေမတက်နာကျင်နေပြီး မျက်နှာကလည်း နာနေသလို သွားတွေကလည်း နာကျင်နေသေးသည်
ဖုခွင်းခေါင်းငုံ့ကာ ညာလက်နဲ့ သွေးများကိုသုတ်လိုက်ပြီး တံတွေးများပါ ရောပါလာတာလားလို့ တွေးလိုက်မိသည်
ဒါပေမယ့် လက်ဖမိုးပေါ်က အနီရောင်သွေးများက သူ့ကိုချက်ချင်း အဖြေပြန်ပေးလိုက်သလိုပင်၊ ကြည့်ရတာ သွားတစ်ချောင်းလောက် ကျိုးသွားတယ်နဲ့တူတယ်
ဖုခွင်း တံတွေးမျိုချလိုက်တော့ ပါးစပ်ထဲက သံချေးအရသာလိုလိုကို ခံစားလိုက်ရသည်
ဘယ်ဘက်လက်ဖျံက ပြင်းထန်စွာရိုက်ခံထားရတာကြောင့် တချိန်လုံး တုန်ယင်နေပြီး နာကျင်မှုက ပုခုံးထိအောင် ပျံ့နှံလာခဲ့သည်
ဝမ်ကျစ်ချန်ရဲ့အခြေအနေကလည်း သိပ်တော့ကောင်းတဲ့ပုံ မပေါ်ပေ၊ နှာခေါင်းသွေးများက ဆက်တိုက်ထွက်နေပြီး ပါးစပ်ကနေ သွေးတွေကို မျိုချထားသည့်ပုံပင်၊ အင်္ကျီတစ်ခုလုံး သွေးများနဲ့ စွန်းထင်းနေသည်
"ငလူး...." သူအသက်ရှုပြီး တစ်ခုခုပြောမလို့ ကြံသည့်အချိန်တွင် နှာခေါင်းသွေးများက ပါးစပ်ထဲဝင်လာတာကြောင့် သူခေါင်းငုံ့ကာ မျိုချလိုက်ပြီး ဘာစကားမှ ထပ်မပြောနိုင်တော့ဘူး
"ရပြီလား?' ဖုခွင်းမေးလိုက်သည်၊ သူနောက်ထပ် ရန်မဖြစ်ချင်တော့ဘူး၊ အခုတောင် အချိန်ကတော်တော်လေး ကုန်သွားပြီဖြစ်သည်၊ ခုနနေကြရင် ကိုယ့်ကိုကိုယ် ရှင်းလင်းရအုန်းမှာဖြစ်သည်၊ ဒီလိုပုံစံကို ဖုရိကျယ်မြင်သွားပြီး သူ့ကောက ဒီလိုလူမျိုးပါလားဆိုပြီး အထင်မသေးသွားစေချင်ဘူး
ဝမ်ကျစ်ချန်က သူ့ကိုစိုက်ကြည့်လိုက်သည်၊ မျက်နှာတစ်ဝက်လောက်က သွေးတွေနဲ့ဆိုတော့ တော်တော်လေး ကြည့်ရဆိုးနေသည်
နှစ်ယောက်သား စိုက်ကြည့်နေပြီး ဘာစကားမှ မပြောဘဲ ခဏကြာတော့မှ ဖုခွင်းမေးတဲ့မေးခွန်းကို ဝမ်ကျစ်ချန်က ရုတ်တရပ်ပြန်ဖြေလာသည် "ရပြီ"
ဝမ်ကျစ်ချန်ရဲ့စကားက ဖုခွင်းကို ဆွံ့အသွားစေသည် "ငါတို့နှစ်ယောက်ရဲ့ကိစ္စက မရှိတော့ဘူး"
"အင်း၊ မင်းသွားလို့ရပြီ" ဝမ်ကျစ်ချန်ရဲ့နှာခေါင်းသွေးက အဆက်မပြတ်ထွက်နေတာကြောင့် သူကိုင်ထားတဲ့ တုတ်ကို ချလိုက်ကာ နှာခေါင်းကို ဖိထားလိုက်သည်၊ နှာခေါင်းကို ဖိထားပြန်တော့ အသက်ရှုကျပ်လာသဖြင့် ပြန်လွှတ်လိုက်ရာ နှာခေါင်းသွေးတွေက ထွက်ကျလာပြန်သည်
ဖုခွင်း သူ့နှာခေါင်းကို သေချာကြည့်လိုက်သည်၊ ဒီတစ်ခေါက် သူ့လက်ဆက တော်တော်လေးပြင်းသွားတာဆိုတော့ ကြည့်ရတာ ဝမ်ကျစ်ချန်ရဲ့နှာခေါင်း ကျိုးသွားတာထင်တယ်.....
ဖုခွင်းလှည့်လိုက်ပြီး လွယ်အိတ်ကိုကြည့်လိုက်ကာ ကောက်ယူလိုက်သည်၊ လွယ်အိတ်ပေါ်က ဖုန်တွေကို ခါချင်ပေမယ့် ညာဘက်လက်ပါ သိပ်အားမသုံးနိုင်တာကို တွေ့လိုက်ရသည်၊ တော်ပြီ ၊ ထားလိုက်တော့
ဖုခွင်း လွယ်အိတ်ကို ယူပြီး ဂိုဒေါင်ပေါက်ဝကို သွားလိုက်တဲ့အထိ ဘယ်သူမှ စကားမပြောကြူး
နှစ်လှမ်းလောက်လှမ်းပြီးတော့ ဂိုဒေါင်တံခါးကနေ ထွက်ခါနီး နောက်ကနေ လိုက်လာတဲ့ ခြေသံများကို ကြားလိုက်ရသည်
ခြေသံက အတော်လေးမြန်မြန်နဲ့ကို သူ့ဆီရောက်လာတာမို့ သူထိတ်ခနဲဖြစ်သွားပြီး နောက်ပြန်လှည့်ကြည့်ဖို့ရန် မတွေးနေတော့ဘဲ ခေါင်းငုံ့ကာ ရှောင်လိုက်သည်
အုတ်ခဲတစ်ခု
တကယ့် ချီးထုပ်တွေဟေး!
ခါးကိုင်းပြီးရှောင်လိုက်တာကြောင့် ဖုခွင်း နောက်စေ့ကို ထိမှန်မယ့် အုတ်ခဲကို ရှောင်လိုက်နိုင် ပေမယ့် ထိုအုတ်ခဲက သူ့ပုခုံးကို မှန်သွားပြီး အုတ်ခဲ အစိတ်စိတ်အမွာမွာဖြစ်သွားတဲ့ အသံကိုပါ ကြားလိုက်ရသည်
ဖုရိကျယ်က လမ်းဆုံမှာ ရပ်လိုက်ပြီး လမ်းက T ပုံစံလမ်းဖြစ်ကာ သူ ညာဘက်သွားဖို့ ရွေးချယ်လိုက်သည်
ဘယ်ဘက်က လမ်းက မြို့လယ်ခေါင်က စည်ကားတဲ့လမ်းမဘက်ကို သွားတဲ့လမ်းဖြစ်ပြီး ညာဘက်ကလမ်းက လမ်းကြားနဲ့ လမ်းသွယ်များစွာကို ဖြတ်သွားရသည်
ဘာကိုမှ သေချာမသိသေးတာကြောင့် သူတို့ တစ်လမ်းချင်းဆီကို လိုက်ရှာဖို့သာ တက်နိုင်သည်
စတိုးဆိုင်ဟောင်းရှေ့ကို ဖြတ်သွားသည့်အချိန်တွင် ဖုရိကျယ် စတိုးဆိုင်ဘေးက ဂိုထောင်ထဲကနေ လူတစ်ချို့ထွက်လာပြီး လမ်းမဘက်ကို စက်ဘီးလျင်မြန်စွာ စီး၍ သွားလိုက်သည်ကို တွေ့လိုက်ရသည်၊ စက်ဘီးကို မြန်မြန်နင်းသွားကြတာကြောင့် သေချာမတွေ့လိုက်ရသေးခင်ကို မျက်စိရှေ့က ပျောက်ကွယ်သွားကြသည်
"ဂိုဒေါင်" ဖုရိကျယ်က စတိုးဆိုင်၏ အနောက်ဘက်ကို ပြေးသွားလိုက်သည်၊ ချန်လိနဲ့ကော်ရှန်းကလည်း သူ့နောက်ကနေ ပြေးလိုက်လာသည်
စတိုးဆိုင်ဘေးက လမ်းသေးသေးလေးကနေ အထဲကို ဝင်လိုက်တော့ ဆန်ဂိုဒေါင်တစ်ခုကို တွေ့လိုက်ရပြီး ဂိုဒေါင်ပေါက်ဝတွင် လူတစ်ယောက်က လှဲနေသည်
ဖုခွင်းက မြေကြီးပေါ်မှာ လဲကျနေပြီး မျက်နှာက မြေကြီးပေါ်မှာ အပ်ထားကာ ညာဘက်လက်က ပုခုံးကို ကိုင်ထားသည်
ဖုရိကျယ် တကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူလွယ်အိတ်ကို ပစ်ချလိုက်ကာ ပြေးလာခဲ့လိုက်သည် "ဖုခွင်း!"
"ချီးပဲ" ဖုခွင်း မလှုပ်ရှားနိုင်ဘူး၊ ဖုရိကျယ်ရဲ့အသံကြားလိုက်ရတော့ စိတ်ဓါတ်ကျသွားပြီး ဒေါသတောင် ထပ်မထွက်နိုင်တော့ဘူး "ငါဘာမှမဖြစ်ဘူး"
"ဘယ်နားမှာ ဒဏ်ရာရတာလဲ?" ချန်လိကအော်ပြောလိုက်သည် "အရင်သူ့ကို မထိနဲ့အုန်း"
ကော်ရှန်းက သူ့ဘေးနားရောက်လာပြီး ခြေတွေလက်တွေကို လှည့်ပတ်ကြည့်ကာ "ခွင်းလေး၊ မင်းဖာသာ မင်းလုပ်နိုင်လား?"
"လုပ်နိုင်တယ်" ဖုခွင်း အသက်ပြင်းပြင်းရှုလိုက်သည်၊ ဘယ်ဘက်လက်ကော ညာဘက်လက် ကော ဒဏ်ရာရထားတာမို့ သူမထနိုင်သဖြင့် ခါးကိုအားသုံးပြီး ထထိုင်လိုက်သည်
"ခြေထောက်ကော ဒဏ်ရာရသေးလား?" ဖုရိကျယ်က စိုးရိမ်မှုအပြည့်နှင့် မေးလိုက်သည်၊
"မရဘူး" ဖုခွင်း မြေကြီးကိုသာ စိုက်ကြည့်နေသည်၊ သူ ဖုရိကျယ်ရဲ့မျက်လုံးတွေကို မကြည့်ရဲဘူး
ဖုရိကျယ်က သူ့နောက်ကိုရောက်လာပြီး ခါးကိုင်းကာ သူ့ခါးကိုပွေ့ဖတ်လိုက်ပြီး သူဖြည်းဖြည်းချင်းထလာနိုင်အောင် ကူညီပေးလိုက်သည် "ဘယ်နား ဒဏ်ရာရသေးလဲ?"
"လက်နှစ်ဖက်နဲ့ ပုခုံး" ဖုခွင်းက မသဲမကွဲပြောလိုက်သည် "တကယ် ဘာမှမဖြစ်ဘူး၊ မင်းတို့ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ...."
"အရင် ဆေးရုံကိုသွားရအောင်၊ ငါကြည့်တာတော့ ဘာမှမဖြစ်တဲ့ပုံမပေါ်နေဘူး" ချန်လိက သူ့ကိုသေချာကြည့်ရင်း စိုးရိမ်တကြီး ပြောလိုက်သည်
"ရိကျယ်အာ" ဖုခွင်းက ဆေးရုံသွားမသွားကို အာရုံသိပ်မထားဘူး၊ သူ သူ့လွယ်အိတ်ကို ကောက်ယူလိုက်ပြီး ဖုန်ကူခါပေးနေတဲ့ ဖုရိကျယ်ကိုသာ လိုက်ကြည့်နေပြီး "ငါ...."
"အရင် ဆေးရုံသွားရအောင်" ဖုရိကျယ်က လွယ်အိတ်ကို ဘေးနားက ကော်ရှန်းဆီကိုပေးလိုက်ပြီး သူ့ဘောင်းဘီက ဖုန်တွေကိုထပ်ခါပေးကာ "ကျန်တာကို စိတ်ပူမနေနဲ့"
လူအများအပြားက ဖုခွင်းကို ဆေးရုံလိုက်ပို့ပေးခဲ့ကြပြီး အရေးပေါ်အခန်းထဲမှာ တစ်နာရီလောက် နေပြီးတော့ ဖုခွင်းရဲ့လက်နှစ်ဖက်လုံးနဲ့ ပုခုံးက ကျိုးသွားတာမို့ နှစ်ဖက်လုံးကို ကျောက်ပတ်တီးစီးခဲ့ရသည်
ဖုခွင်း သန့်စင်ခန်းကို သွားကာ မှန်ကြည့်လိုက်တော့ ကြည့်ရတာ တော်တော်လေး ကြောက်စရာကောင်းသည်
"အိမ်ပြန်ရအောင်" ဖုရိကျယ်က သန့်စင်ခန်းထဲကို လိုက်ဝင်လာပြီး ပြောလိုက်သည်
"ပါးနဲ့မား လန့်သွားမယ်ထင်တယ်" ဖုခွင်း သက်ပြင်းချလိုက်သည်၊ ထပ်စဉ်းစားမိပြီးတော့ သူပိုလို့တောင် စိတ်ဓါတ်ကျသွားပြီး မနေနိုင်တော့ဘဲ ထဆဲမိသည် "ငါလိုး"
ဖုရိကျယ်က အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ "အဲ့တာ ဝမ်ကျစ်ချန်မို့လား?"
"....အင်း" ဖုခွင်း လှည့်ကာ သန့်စင်ခန်းထဲကနေ ထွက်လာခဲ့လိုက်သည်
"သူက ဘာလို့မင်းကိုလာရှာရတာလဲ?" ဖုရိကျယ်က သူ့နောက်ကနေ ဆက်မေးနေသည်
ဖုခွင်း အတန်ကြာအောင် စဉ်းစားပြီးတော့ သူကျန်းခယ်ရှင်း ပိုက်ဆံလာချေးတဲ့ကိစ္စကို ပြောပြလိုက်သည် "မင်းဆူချင်လည်း ဆူလိုက်ပါ"
"မဆူချင်ပါဘူး" ဖုရိကျယ်က သူ့နောက်ကျောကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်၊ ဖုခွင်းပုံစံက မာနကြီးတယ်လို့ထင်ရပေမယ့် တကယ်တော့ စိတ်ထားနူးညံ့သည်ပင်၊ အထူးသဖြင့် မိန်းကလေးများနှင့် ပတ်သက်လာရင် ငယ်ကတည်းကနေ အခုထိ၊ မိန်းကလေးတွေ မျက်နှာပျက်ရအောင် ဘယ်တော့မှ မလုပ်ဘူး၊ သူဒီကိစ္စကို အများကြီး မပြောချင်တော့သဖြင့် "နောက်ဆို အဲ့လိုမလုပ်နဲ့"
"အင်း" ဖုခွင်းအစက ဒီကိစ္စနဲ့ပတ်သက်ပြီး ဖုရိကျယ် သူ့ကို လေဖြတ်တဲ့အထိ ဆူပူကြိမ်းမောင်းလိမ့်မယ်လို့ ထင်နေတာကြောင့် အားလုံးပြင်ဆင်ထားပြီးကာမှ ဖုရိကျယ်ရဲ့ သဘောထားက ရုတ်တရပ်ကြီး ဒီလိုဆိုတော့ သူ နည်းနည်းလေးတောင် သံသယဝင်သွားသည်
"မင်း ပိုက်ဆံပေးလိုက်တဲ့အချိန်တုန်းက ကိုယ့်ကိုကိုယ် အရမ်းမိုက်တယ်လို့ မတွေးမိဘူးလား" ဖုရိကျယ်က ပြောလိုက်သည်
ဖုခွင်းကြောင်သွားပြီးမှ ထရယ်လိုက်ကာ "ချီး၊ မင်း မင်းကောအကြောင်း သိသားပဲ၊ ငါ့အဲ့ဒီတုန်းက ချက်ချင်းကို ထုတ်ပေးလိုက်တာနော်"
"ပိုက်ဆံသုံးရာ အကုန်ခံပြီး အရိုက်ခံရတာ၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး မင်းကို ကျေးဇူးတင်နေတော့မှာပဲ"
အိမ်ပြန်ရောက်တော့ စားပွဲပေါ်က ဟင်းတွေတောင် အေးစက်နေပြီ၊ လောင်ပါးနဲ့လောင်မားက သူတို့နှစ်ယောက် အိမ်ပြန်နောက်ကျတာကို သိပ်မစိုးရိမ်ပေမယ့် ဖုခွင်းလက်မောင်းက ပတ်တီးတွေကိုလည်း တွေ့ရော လောင်မားက ချက်ချင်း ဆိုဖာပေါ်က ပြေးဆင်းလာပြီး "ဒါက ဘယ်လိုဖြစ်လာတာလဲ?'
ဖုခွင်းက အသေးစိတ်ကိုမပြောဘဲ လူတစ်ယောက်က လာရှာပြီးရိုက်သွားတာလို့တာပြောပြီး အခန်းထဲဝင်သွားကာ ထပ်ထွက်မလာတော့ချေ
ဖုရိကျယ်က အပြင်မှာ လောင်မားနဲ့ပါးကို ရှင်းပြနေတာကို သူထွက်နားမထောင်ဘဲ ထိုင်ခုံမှာ ကြောင်တက်တက်နဲ့ ထိုင်နေသည်
အိမ်ထဲဝင်လိုက်တာနဲ့ အေးစက်နေတဲ့ဟင်းတွေ လောင်ပါးနဲ့မားရဲ့စိုးရိမ်နေတဲ့မျက်နှာတွေကို ပြန်တွေးမိလိုက်တော့ စိတ်ထဲမှာ ပိုလို့တောင် စိတ်မကောင်းဖြစ်သွားပြီး ထိန်းမနိုင်သိမ်းမရ ဒေါသက ထွက်လာသည်
ဒီလိုစောက်ရေးမပါတဲ့ကိစ္စကို ဘာလို့များ ခေါင်းထဲထည့်မိလိုက်တာလဲ!
ထပ်ပြီး ပိုက်ဆံလာချေးတဲ့ ကျန်းခယ်ရှင်းရဲ့ အသွင်အပြင်ကိုပါ စဉ်းစားလိုက်မိတော့ သူ့စိတ်ထဲမှာ ပြောမပြတက်လောက်အောင် ရွံရှာသွားသည်
"ငလူး" ဖုခွင်း ထရပ်လိုက်ပြီး သဲအိတ်ကို ကန်ထည့်လိုက်သည်၊ သူ့ပုခုံးတွေက ရုတ်တရပ်နာကျင်သွားတာကြောင့် အနာသက်သာအောင်ထိုင်ခုံမှာ ပြန်ထိုင်နေလိုက်ပြီး ခဏကြာတော့ မထိန်းနိုင်ဘဲ ထပ်ဆဲမိပြန်သည် 'ငလူး"
"ကော" အခန်းတံခါးက ဟလာပြီး ဖုရိကျယ်က ခေါင်းဝင်လာကာ "အရင်ထမင်းစားရအောင်၊ မားအားလုံးကို နွေးထားပြီးပြီ"
ဖုခွင်းထမင်းစားချင်စိတ်လုံးဝမရှိပေမယ့် ထပ်ပြောရရင် လက်တစ်ဖက်ကလည်း အားသုံးလို့လုံးဝမရသေးဘူး၊ ဒါပေမယ့် သူအခန်းထဲကနေ ထွက်လာပြီး မီးဖိုချောင်ထဲကို သွားလိုက်သည်
"ဇွန်းနဲ့စားလေ" လောင်မားက ဇွန်းတစ်ချောင်းကို သူ့ပန်းကန်နားမှာ ချပေးလိုက်ပြီး "ဒါမှမဟုတ် ရိကျယ်ကို ခွံ့ကျွေးခိုင်းလိုက်"
"မား၊ ပါး" ဖုခွင်း စားပွဲဘေးမှာ မတ်တပ်ရပ်လိုက်ပြီး ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေသည် "ငါ...."
'ခွင်းလေး၊ အရင်ထိုင်" လောင်ပါးက ထိုင်ခုံကိုပုတ်လိုက်ပြီး "ပါး မင်းကိုပြောစရာရှိတယ်"
ဖုခွင်းထိုင်လိုက်ပြီး ထမင်းစားပွဲကို စိုက်ကြည့်နေသည်
"လူတွေကလေ၊ ဘဝတစ်လျှောက်လုံး စိတ်ညစ်စရာ အနည်းအများကို ကြုံတွေ့ကြရမှာပဲ" လောင်ပါးက အရက်ကိုလောင်းထည့်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ "ဒါပေမယ့် ကိစ္စချင်းတူနေရင်တောင် မတူညီတဲ့နည်းလမ်းတွေကို သုံးပြီးဖြေရှင်းတတ်ရမယ်"
ဖုခွင်းဘာမှ ပြန်မပြောဘဲ ထမင်းစားပွဲကိုသာ စိုက်ကြည့်နေသည်
"ယောက်ျားဆိုတာ တာဝန်ယူတတ်ရတယ်ဆိုပေမယ့် တစ်ချို့အချိန်တွေကျ ရိုက်နှက်လိုက်တာက အကောင်းဆုံးအဖြေမဟုတ်ဘူး" လောင်ပါးက နောက်တစ်ငုံထပ်သောက်လိုက်ပြီး သက်ပြင်းချကာ "နောက် ဒီလိုကိစ္စတွေဖြစ်လာရင် လောင်ရှီးတွေနဲ့ အတန်းဖော်တွေကြားအောင် အော်လိုက်၊ ဒီလိုအရိုက်ခံလာရတာထက်တော့ ကောင်းသေးတယ်"
"အင်း" ဖုခွင်း ခေါင်းညိတ်ပြလိုက်သည်
"နောက်ဆို ဒီလိုကိစ္စတွေဖြစ်လာတော့မယ်ဆိုရင် လူကတဖြည်းဖြည်း ရင့်ကျက်လာရတော့မယ် ဒီလိုတွေထပ်ဖြစ်ရင် ဘယ်လိုကိုင်တွယ်မလဲဆိုတာ အကောင်းဆုံး စဉ်းစားထား"
'သားသိပါပြီ'
"ထမင်းစားတော့" လောင်ပါးက တူကိုကောက်ကိုင်လိုက်သည်
ဒီကိစ္စကို အိမ်ကလူတွေထပ်မပြောကျတော့ဘူး၊ နေ့စဉ်ဘဝက ပုံမှန်အတိုင်း အဆင့်ဆင့်ပင် ဖြတ်သန်းလျှက်ရှိသည်
ဖုခွင်း ဒဏ်ရာရပြီးနောက် အိမ်မှာ နှစ်ရက်လောက်သာ နေပြီး ကျောင်းပြန်တက်ခဲ့သည်
စက်ဘီးမစီးနိုင်တာကြောင့် သူနေ့တိုင်း ဖုရိကျယ်နဲ့အတူ ကျောင်းကို လမ်းလျှောက်သွားပြီး ကျောင်းဆင်းရင် သူ့ကအရင်အိမ်ပြန်ခဲ့လိုက်သည်၊ ဖုရိကျယ်တို့ ကိုယ်ပိုင်စာကြည့်ချိန်ကို တိုးမြှင့်လိုက်တာကြောင့် နေ့တိုင်း ကျောင်းမှာ နောက်ထပ်တစ်နာရီ ထပ်နေရသည်
ဈေးလည်းသေချာပေါက်မရောင်းနိုင်ဘူးပေါ့၊ စွန်းဝေက သူ့အလုပ်သင်လစာနဲ့ အာဟာရပစ္စည်းတွေ အများကြီးဝယ်ကာ ဖုခွင်းတို့အိမ်ကိုပို့ပေးခဲ့သည်၊ ပြီးတော့ သူအားလပ်တဲ့အချိန်တွေဆို ဖုခွင်းရဲ့မရောင်းရသေးတဲ့ပစ္စည်းတွေကို ယူသွားကာ ရောင်းထားပေးသည်
"မင်းကောမရှိတော့ စီးပွားရေးက သိပ်မကောင်းဘူး" စွန်းဝေက ပိုက်ဆံကို ဖုရိကျယ်ဆီပေးလိုက်ပြီး "ဒီအတောအတွင်းက နည်းနည်း မရောင်းရဘူး၊ တစ်ချို့ကောင်မလေးတွေဆို ဟိုရွိုက်ကောက ဘယ်သွားနေတာလဲပဲ မေးနေကြတာ"
"မင်းယူထားလိုက်ပါ" ဖုရိကျယ်က ပြုံးလိုက်ပြီး "ငါ့ကောက သေချာပေါက် ဒီပိုက်ဆံကို ယူမှာမဟုတ်ဘူး"
"ငါလည်း မယူနိုင်ဘူး၊ အားလုံးက သူ့ပစ္စည်းတွေ" စွန်းဝေက ပိုက်ဆံကို ဖုရိကျယ်လက်ထဲ ပြန်ထည့်လိုက်ပြီး "ငါအပေါ်မတက်တော့ဘူး၊ ခုနစ်ထပ်ထိ တက်ဖို့က အဆင်မပြေဘူး၊ ခုနနေ ညဆိုင်းဆင်းရအုန်းမှာ"
"ကျေးဇူးပါ စွန်းဝေကော" ဖုရိကျယ်က ပိုက်ဆံကို အိတ်ထောင်ထဲ ထည့်ထားလိုက်သည်
"အားရိုး မင်းကောလို့ ခေါ်တာမခံရတာတောင်ကြာပြီ" စွန်းဝေက ပျော်ရွင်စွာဖြင့် စက်ဘီးကိုလမ်းမဆီ စီးသွားပြီး "သွားပြီ၊ ငါနားရက်ရတဲ့နေ့မှ မင်းကောကို လာကြည့်အုန်းမယ်"
ဖုရိကျယ် ဖုခွင်းရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့် သူဖုခွင်းရဲ့ ခံစားချက်တွေကို ထိခိုက်သွားမှာ စိုးရိမ်လှသည်၊ လောင်ပါးနဲ့မားက ဖုခွင်းကို အပြစ်မတင်ပေမယ့် ဖုခွင်း စိတ်မကောင်းဖြစ်နေတာကို သူခံစားမိသည်
နောက်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲက တစ်လပဲလိုတော့တာ၊ ပြန်လည်သုံးသပ်မှုရဲ့ နောက်ဆုံးအဆင့်ကိုတောင် ရောက်နေပြီး ဖုခွင်းက ဘယ်လက်ကို ကောင်းကောင်းမလှုပ်နိုင်သေးဘူး၊ ညာလက်ကလည်း သုံးလို့ရတယ်ဆိုပေမယ့် ဒဏ်ရာအရှိန်က လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်၊ ဘယ်သူမှ သတိမထားမိပေမယ့် ဖုခွင်းရဲ့ လက်ရှိအခြေအနေက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ မေးခွန်းတွေဖြေတဲ့အရှိန်ကို သေချာပေါက် ထိခိုက်စေလိမ့်မယ်
ဖုရိကျယ် ဒါကိုတွေးလိုက်မိတော့ သက်ပြင်းချမိပြီး ရင်ဘက်ထဲမှာ တစ်ခုခု တစ်ဆို့နေသလိုပင်၊ ဘယ်သူမှ မရှိတဲ့နေရာကိုသာ သွားလိုက်ပြီးအော်လိုက်ချင်သည်
အိမ်ပြန်ရောက်တော့ ဖုခွင်းကို ပိုက်ဆံပေးလိုက်ပြီး ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်သည်
အင်္ဂါနေ့
ထမင်းစားပြီးတော့ လောင်မားကို လောင်ရှီးတို့အိမ်သွားမယ့်အကြောင်းပြောပြီး ဖုခွင်းရဲ့စက်ဘီးကို စီးကာ အပြင်ထွက်လာခဲ့သည်
ဒီအတောအတွင်း သူနေ့တိုင်းလောင်ရှီးကို သွားတွေ့သွားမို့ လောင်မားက အများကြီး မမေးမြန်းခဲ့ဘူး
သူစက်ဘီးစီးနေရင်းကနေ လောင်ရှီးတို့အိမ်ဘက်ကို မသွားတော့ဘဲ ခဏလောက်ရပ်လိုက်ကာ လွယ်အိတ်ထဲကနေ အမဲရောင်တီရှပ်တစ်ထည်ကို ထုတ်ယူလိုက်ပြီး လမ်းဘေးမှာ ဘယ်သူမှ မရှိတဲ့အချိန် လဲဝတ်လိုက်ပြီး စက်ဘီးကို တောင်ဘက်ထဲသို့ တရှိန်ထိုး မောင်းနှင်သွားသည်
တောင်ဘက်ပိုင်းက သူမရောက်ဖူးတဲ့ မြို့ဟောင်းနေရာဆိုပေမယ့် ဒီနေ့လာတဲ့လမ်းကိုတော့ သူအကြိမ်ကြိမ်ဖြတ်ဖူးပြီးသားပင်
သူ့ရဲ့ဦးတည်ရာက မြို့ဟောင်းမှာရှိတဲ့ အသစ်ဆောက်ထားတဲ့အဆောက်အအုံတွေရဲ့နောက်က ပုန်းကွယ်နေတဲ့ ရပ်ကွက်ဟောင်းတစ်ခုဖြစ်ပြီး ဒီမှာနေတဲ့သူတော်တော်များများက အဆောက်အအုံအသစ်ဆီကို ပြောင်းရွေ့နေထိုင်သွားကြပြီး အဲ့ဒီအိမ်ဟောင်းကိုတော့ ရွေ့ပြောင်းအလုပ်သမားများကို အငှားချထားတာတွေ ငှားရမ်းတာတွေ လုပ်ကြသည်
ဖုရိကျယ်က တိုက်ခန်းတစ်ချို့ရှေ့ရောက်တော့ စက်ဘီးကိုရပ်လိုက်ပြီး ဘေးနားကလက်ရန်းနဲ့ စက်ဘီးကို ပူးတွဲပြီးသော့ခတ်လိုက်သည်၊ ကျောင်းလွယ်အိတ်ထဲကနေ ဦးထုပ်တစ်လုံးထုပ်ယူလာပြီး ဆောင်းလိုက်ကာ မက်စ်ကိုပါ တပ်ဆင်လိုက်သည်
တစ်..နှစ်..သုံး..လေး..ငါး..ခြောက်
ခြောက်နှစ်ရှိပြီ သူဒီတိုက်ကြားထဲကို မဝင်တာ
ပထမထပ်ရှိတိုက်ခန်းမှာ မီးလင်းနေတာကြောင့် ဖုရိကျယ် တံခါးရှေ့သွားပြီး တံခါးခေါက်လိုက်သည်
အတော်လေးကြာတော့ အထဲကလူက အသံပေးလာသည် "ဘယ်သူလဲ?'
ဖုရိကျယ်က လက်နဲ့ပါးစပ်ကိုကာလိုက်ပြီး အနည်းငယ် ဝေဝေဝါးဝါးအသံဖြင့် "ပေါက်ကော၊ ငါ"
တံခါးသော့ဖွင့်တဲ့အသံကြားလိုက်ရပြီး အထဲကလူက စိတ်လက်မရှည်စွာပင် "ငလူး ဘယ်သူလဲလို့"
တံခါးအနည်းငယ်ဟရုံသာရှိသေး အပြည့်ပွင့်လာတဲ့ထိအောင်မစောင့်တော့ဘဲ ဖုရိကျယ်က ချက်ချင်းပင် တံခါးကို ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်သည်