οΌ£ο½ο½Œο½‰ο½‡ο½ο½’ο½‰(Complete)

Autorstwa _GloriaMie_

19.2K 1.6K 175

You are the π™‘π™–π™ π™š, the 𝙨𝙩𝙖𝙧𝙨, the 𝙒𝙀𝙀𝙣? Ethereal music's soulful tune Princess of the glacial wat... WiΔ™cej

Caligari
Last Dance
Odette or Odile
Lullaby
Dim Sin
Culprite
Hide amd Seek
Hide and Seek Arc II
Taste of Tear
Swan Emblem
Velvet Arc I
Velvet Arc II
Hidden:Masked Boy
The Gray:Melancholy
Bliss
Prince Siegfried
Villain
Swan Lake
Vandalism

Change The Ending(Final)

1.4K 95 18
Autorstwa _GloriaMie_

Unicode

Change The Ending

သူ​ပြောင်းလဲချင်ခဲ့တယ်။
Swan lake ရဲ့  ဇာတ်သိမ်းကို။
သူ့ဆန္ဒများ ....
ပြည့်ဝခဲ့သည်။

~~~~~~~~~~~~~~~~~~~~~

ထုံးစံအတိုင်း  လူအပြည့်​  ဖြစ်နေပြန်သည့်  တရားရုံး။
အနှိမ့်​သံဖြင့်​ပြော​​နေကြသော စကားဝိုင်းများစွာဟာ  အသံလှိုင်း​ပေါင်းများစွာကို  ဖန်တီးလိုက်​တော့   အခန်းအတွင်း    ဆူဆူညံညံ။
သူတို့   တီးတိုး​ပြောဆိုနေကြ​သော  ​ဝေဖန်​ရေးစက်ကွင်း၏  ဗဟိုချက်က​တော့   ဝမ်ရိ​ပေါ်။ 
တရားပြိုင်    ခုံတွင်  ​အေးစက်စွာ ထိုင်​နေ​သော  ​ဝမ်ရိ​ပေါ်၏   မျက်နှာမှာ  ​အသက်မဲ့​သူ   တစ်​ယောက်လို။
လည်ပင်း​ပေါ်က  ပတ်တီးဖြူဖြူနှင့်  ​​ဖျော့​တော့​နေ​သော နှုတ်ခမ်းပါးက   သူ၏  သဏ္ဍာန်အား  ပို၍ အကျည်းတန်​စေရန်  အားဖြည့်​ပေးသည်။
တစ်သမတ်ထဲ  တည်ငြိမ်​နေတဲ့   သူ၏ မျက်လုံး​တွေထဲတွင်  ပျောက်ဆုံးသွားသည်က  ယခင်လို  မာန်မာန တစ်ခုတည်း   ​မဟုတ်ပဲ  ဘာဆိုဘာမှ  မကျန်​တော့သည်အထိ  ဗလာကျင်းသွားခြင်းသာ​​။
အသက်ရှူ​ရုံသာရှူသည့်  အခွံသာသာ သူ၏  ကိုယ်ထည်။
ထိုသို့   အပြိုပြိုအလဲလဲ​ဖြစ်​နေတဲ့    ဝမ်ရိ​ပေါ်ရဲ့  ပုံစံဟာ  ​လူ​တွေနှုတ်ဖျားထက်  အရသာ​တွေ့လျှက်။
သည်လို အချိန်​ရောက်လာမည်ကို  သူတို့   အရမ်း  မျှော်တလင့်လင့်  ​စောင့်စားခဲ့ကြတာမလား။
ဝမ်ရိ​ပေါ် လဲပြိုသွားမယ့်အချိန်။
အမှိုက်တစ်စလို့  လွင့်စင်သွားမယ့်  အချိန်။

​ဘေးနားတွင်  လှစ်လပ်​နေ​သော  ​နေရာ​လေးအား  ​စောင်းငှဲ့ကြည့်မိ​တော့  အသုံးမကျသည့်  မျက်ရည်စများဟာ ရစ်သိုင်းလာပြန်သည်။
သူ့ဘက်တွင်  တာဝန်ခံ​ရှေ့​နေ​တောင်  ​ရှိမ​နေခဲ့သည့် သူ၏ တရားဆိုင်၊
သူဟာ  အဆုံးထိ  တစ်​ယောက်တည်းပဲ ၊
ရှုံးနှင့်​နေပြီးသား ၊
​ရှောင်းကျန့်ဆိုတဲ့  လူသား  သူ့ကို စွန့်ပစ်သွားကတည်းက  သူက အဖက်ဆည်မရ​အောင်  ရှုံးသွားခဲ့တာ။

​တရားပြိုင်​ရှေ့​နေ  မရှိသည့်  ကြားနာမှုဟာ   အနည်းငယ်​တော့  ကသိက​အောက်   ဖြစ်လှသည်။
တစ်​လောကလုံးနဲ့တစ်​ယောက်  စစ်မက်ခင်း​နေရသလိုမျိုး။
စစ်ခင်းတယ် ဘယ်ဆိုလို့ပါ့​တော့   မလဲ။
ရိ​ပေါ်က  လက်နက်ချ နှင့်လိုက်ပြီ​လေ။

အမှုစစ်ရဲ့  ​မေးခွန်းမှန်သမျှကို  ရိ​ပေါ်   လွန်ဆန်ခြင်းမရှိ  ​ဖြေဆိုသည်​။
ပြုံးရိပ်သန်း​နေတဲ့  သူမက​တော့ ​ သိပ်​ကျေနပ်​​နေမလား  မသိ​ပေမယ့်  သည်လိုခံစားချက်မျိုး  ရိ​ပေါ်မ​​ပေးလျှင်  သူမ မရ။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီး​နေတာမျိုးကို​တော့  ​ရိ​ပေါ်က  အခွင့်သင့်သလို  လှောင်ချင်မိဆဲ။

"​နောက်ဆုံး  ​မေးခွန်း​မေးပါမယ်၊
Mrs. Wangကို  သတ်လိုက်တာ  ဘယ်သူလဲ။"

ထို​မေးခွန်းမတိုင်ခင်အထိ  ​ရေ​သေလို   ငြိမ်သက်​နေသည့်   ရိ​ပေါ်ရဲ့  မျက်နှာထားဟာ  အခု​တော့  စိတ်လွတ်သူတစ်​ယောက်အလား   တရှိုက်မက်မက်ကို ရယ်သွမ်း​​သွေး   နေသည်။
ထိုအပြုအမူ​ကြောင့်  တရားသူကြီးမှာ   ​စောင်းငဲ့လို့ကြည့်လာသလို   မုယွမ်နှင့်အတူ   ပရိသတ်အားလုံးဟာ လည်း  အံ့သြတကြီး  ​ငေး​နေကြသည်။
   အပ်ကျသံ​တောင်  မကြားရ​သည်အထိ  တိတ်ဆိတ်သွားသည့်   အခန်းထဲတွင်  ဝမ်ရိ​ပေါ်၏    အူလှိုက်သည်းလှိုက်ရယ်သံက  ကြက်သီးထဖွယ်။

"အဲ့​မေးခွန်းက  ​မေးစရာလို​သေးလို့လား။
ခင်းများ​တွေ အကုန် သိပြီးသား​တောင် ထင်​နေတာ"

ထိုစကားအား  ကြားနားသူ  ပရိသတ်​တွေ ထိုင်​နေရာဘက်  ​​စေ့​စေ့​ပေါက်​ပေါက်ကြည့်ပြီး​ပြော​တော့    ​ရှေ့ဆုံးတန်းမှာ  အခန့်သား    ​နေရာယူထားကြသည့်  ရှယ်ယာရှင်များက  မျက်နှာအပျက်ပျက်ဖြင့်   အကြည့်လွှဲကြသည်။
သို့​ပေမယ့်  မင်ရှို့၊
​ထောင့်စွန်းခုံတွင်  ထိုင်​နေသည့်  မင်ရှို့က​တော့  ရိ​ပေါ်မျက်လုံး​တွေအား     စုံ​​အောင်ကြည့်လာသည်။
ယခင်ကထက်  အဆ​ပေါင်းများစွာ  စဥ်းလဲ​သော  တိမ်မျက်ဝန်း​တွေ၊
အကြင်နာမဲ့​​သော  နှုတ်ခမ်းပါး  အစွန်းနှစ်ဖက်ကို ​ကော့ညွတ်လိုက်ရင်း  ရိ​ပေါ်၏  သိမ်ငယ်လက်စ   စိတ်ဝိဥာည်အား   ညှဥ်းဆဲ​တော့သည်။
​အသည်းအား  အပ်ဖျားဖြင့်  တဖွဖွ တူးသလို  နာကျင်ရသည့်တိုင်    ထိုမျက်ဝန်းများမှ  အကြည့်မဖယ်မိပဲ  ရိ​ပေါ်နှုတ်ဖျားအား  ပွင့်​စေလိုက်သည်။

"ကျွန်​တော်   သတ်လိုက်တာ၊
အစက​နေ  အဆုံးထိ   ကျွန်​တော် ကျူးလွန်ခဲ့တယ့်  အပြစ်​တွေခည်းပဲ"

​မွေးဖွားလာချင်းအတွက်  သူမှားယွင်းခဲ့တယ်။
အသက်ဆက်ဖို့  အသက်ရှူရင်​တောင်  မှားယွင်းပြန်တယ်။
အဲ့လို  အမှား​ပေါ်  အမှားထပ်​နေတဲ့  သူ့ရဲ့ဘဝထဲ  အကြီးမားဆုံးအမှားက​တော့   ​ရှောင်းကျန့်အား   နက်ရှိုင်းမိခဲ့ခြင်းပဲဖြစ်​လိမ့်မည်။
သို့ပေမယ့်    ​နောင်တရယ်လို့​တော့မရှိ။

သူ၏  အ​ဖြေ​ကြောင့်  မင်ရှို့က  ​ဖြေးညှင်းစွာ ပြုံးလာပြန်သည်။
သူဟာ  ဒီလိုမျိုး  အဆုံးသတ်သွားခဲ့ပြီးပဲ။
သူဟာ  ဒီလိုမျိုး  ကွယ်​ပျောက်သွားရ​တော့မှာပဲ။
ခံပြင်း​မှုတ​ပွေ့တပိုက်ဖြင့် သူဟာ  သုမ္ဒရာ  ​အောက်​ခြေသို့    တ​ရွေ့​ရွေ့။
ကြမ္မာက   ထိုသို့  နစ်​မွန်းစေလိုမှ​တော့  ရိ​ပေါ် ​ထွေထူးလို့  မရုန်းကန်လို​တော့ပါ။

တရားသူကြီးက  အမိန့်ချရန်အတွက်  အမိန့်စာတမ်းအား  ဖြန့်ကိုင်လိုက်သည်။
ရိ​ပေါ်  သူ၏  နွမ်းနယ်​နေ​သော  မျက်ဝန်းများကို  မှိတ်ချလိုက်ရင်း  
အမိန့်ချမည့်   အသံကိုသာ  ​စောင့်ဆိုင်း​နေလိုက်သည်။
သို့​​ပေမယ့်

"လိမ်​လည်ထွက်​ဆို​နေ​တာပါ"

ထိုအသံ....
ရိ​​ပေါ် ဘဝကြီးအား  ပက်စလက်ခက် ပြို​လဲ​စေ​ပါ​​သော  ထိုအသံ။
အခုလည်း   ထိုအသံ​ကြောင့်  နှလုံးသား  ​ပေါက်ထွက်သွားမတတ်  တုန်ရီလှိုက်​မောလာသည်။
စိတ်ကူးထဲက  ဖန်းတီးမှု သပ်သပ်သာသာဆို  ရိ​ပေါ်ရူးရချည်ရဲ့။
အသံလာရာ   တံခါးဝသို့  မရဲတရဲ  မျက်အိမ်​လေးများ  ​မှေးစဥ်းရင်းကြည့်မိ​တော့ အံ့သြမှုတို့ဟာ  တစ်ကိုယ်လုံးအား     စိမ့်ဝင်သွား၏။
​တွေ့လိုက်ရ​သော  မြင်ကွင်း​ကြောင့်   ဟန်ချက်ပျက်သွားသည့်  အာရုံ​ကြောတို့ဟာ  ဦး​နှောက်အား  အဟန့်အတား  ဖြစ်သွား​စေပုံပင်။
အထိတ်တလန့်  မတ်တပ်ရပ်လိုက်မိရင်း  တုန်ရင်​နေ​သော နှုတ်ဖျားမှ  နာမ်စားတစ်ခု  ခုံမင်စွာ  ထွက်​ပေါ်လာသည်။

"ပါးပါး"

​ရှောင်းကျန့်  တွန်းလာသည့် wheel chair ​ပေါ်တွင်  လိုက်ပါလာသည့်  ပါးပါးက  ရိ​ပေါ်အား မျက်ရည်​တွေကြား  ပြုံး၍  ကြည့်လာ၏။
မြင်ကွင်းအစစ်ရယ်လား၊
မြင်ကွင်း​ယောင်ရယ်လား    ​​​ဝေဖန်နိုင်စွမ်းမရှိ​သေးခင်  ရိ​ပေါ်ဟာ  ငိုချမိသည်။
အိမ်မက် မဖြစ်လိုက်ပါနဲ့။
နှုတ်ခမ်းအား  လက်ဖြင့်  ပိတ်လို့  ​ငို​နေရှာသည့်  ရိ​ပေါ်ကို ကြည့်ရင်း  ​ရှောင်းကျန့်ရင်ထဲ  အပူတပြင်း။
​နောက်ကျသွားပြီး  အကြာကြီး ပင်ပန်း​စေခဲ့တာမလို့    သိပ်လည်း အားနာရသည်။

"တရားလိုသက်​သေ တင်သွင်းခွင့်ပြုပါ  တရားသူကြီးမင်စ  ခင်ဗျ"

​ရှောင်းကျန့်ရဲ့ အသနာခံမှုအား  တရားသူကြီးက  တခန  မျက်​မှောင်ကုတ်ရင်း  စဥ်းစားဟန်ပြုသည်။
မျက်​​​​စေ့​ရှေ့တွင်  ဖြစ်ပျက်သွားသမျှအား  လိုက်မမှီ​သေသည့်  မုယွမ်က​​တော့  ​ရှောင်းကျန့်အား  နားမလည်စွာ  ​ငေးကြည့်လာသည်။
မိတ်​ဆွေဟောင်းကြီး  ဖြစ်​သော  ဝမ်ဟန်ကို    ​လုံးဝ  ​မျှော်လင့်မထားပဲ  ​တွေ့လိုက်ရတာ  မင်ရှို့​၏  မျက်နှာ​မှာ​တော့  ​သွေး​ဆုတ်သည်ထက် ဆုတ်ကာ  ဖြူ​​ဖျော့လာ၏။

"ခွင့်ပြုပါတယ်"

တရားသူကြီးထံမှ  ခွင့်ပြုချက်ရသည်နှင့်   ​ရှောင်းကျန့်  ဝမ်ဟန်အား        မျက်မြင်​သက်​သေ​နေရာသို့  ​ပြောင်း​​ရွှေ့​ပေးလိုက်သည်။
သစ္စာကျိန်​​နေသည့်  တစ်​​လျှောက်လုံး   ဝမ်ဟန်ဟာ  မင်ရှို့ရှိရာ  ဘက်သို့သာ  ကြည့်​နေခဲ့ပြီး   မင်ရှို့၏   အမူအရာမှာ​တော့  တဖြည်းဖြည်း ​သွေးပျက်​နေသ​ယောင်။
​ရုတ်တရက်ဆန်ဆန်  ဖြစ်ပျက်သွားသည့်  အရာအားလုံး​ကြောင့်  အ​ခြေအ​နေအားလုံးဟာလည်း  တ​စ်ပြောင်းတစ်ပြန်  ဖြစ်ကုန်ရသည်။
ရှယ်ယာရှင်များဟာလည်း   သူတို့ကိုယ်တိုင်    စျာပနသို့သွားခဲ့သည့်  ဥက္ကဠ ဖြစ်သူအား   အရှင်လက်လက် ပြန်​တွေ့လိုက်ရ​တာမလို့  ​ခြေမကိုင်မိလက်မကိုင်မိ။

"ဝမ် လူကြီးမင်း  အဲ့​နေ့က  အ​ကြောင်း​တွေ  အကုန်​ပြောပြ​ပေးနိုင်မလား"

ခန်းမတစ်ခုလုံးဟာ  တိတ်ဆိတ်သွားသည်။
ဝမ်ဟန်က   မျက်ရည်များစွာဖြင့်  သူ့အားကြည့်​နေ​သော  ဝမ်ရိ​ပေါ်အား  နှစ်သိမ့်သလို  ခပ်ဖွဖွ​လေး ပြုံးပြလိုက်ပြီး  တစ်စုံတစ်ခုအား  စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့်  အသက်ပြင်းပြင်းရှူထုတ်သည်။

"အဲ့​နေ့ညက  ကျွန်​တော်တို့  ရန်ဖြစ်ခဲ့ကြတာပါ"

​ တသမတ်တည်း​​သော  နေရာသို့  ​ အကြည့်ပို့ထားကာ  ​​တွေ​တွေ  ငေး​နေသည့်  ဝမ်ဟန် မြင်လွှာထပ်  အတိတ်ဖြစ်ရပ်များဟာ  ဓါတ်ကားချပ်တစ်ခုသဖွယ်  အသက်ဝင်လာသည်။

Flash back

ထို​နေ့ည ။
သားဖြစ်သူ  ဝမ်ရိ​ပေါ်က  ကပွဲပြင်ဆင်သည့်  ​နေရာသို့သွား​နေတာမလို့ ထို​နေ့ည    ထမင်းစား  စားပွဲတွင်  ဝမ်ဟန်နှင့် သူမ  နှစ်​ယောက်တည်း ။
သား ​မွေးစားသားမှန်း သိသွားကတည်းက သူမဟာ  အ​မွေကိစ္စနှင့်ပတ်သတ်ပြီး  အမြဲ ပြဿနာရှာ​လေ့ရှိသည်။
ယခုလည်း  တိတ်ဆိတ်​နေ​သော  ထမင်းဝိုင်းအား  သူမ ၏  စူးရှု​သော  အသံတို့ဖြင့်  ဖျက်စီလိုက်၏။

"​မွေးစားသားက   ကုမ္ပဏီတစ်ခုလုံးရတာ  ဖြစ်သင့်လို့လား။
ပြီး​တော့  ကျွန်မတို့မှာ  က​​​လေးရှိလာရင်​​ရော၊
ကျွန်မတို့က​လေးအတွက်က​​ရော"

"ဝမ်​လေးက  Onsra ရဲ့  အ​ရေးအပါဆုံး  လူတစ်​ယောက်ပဲ   Onsra က သူမရှိလို့  မဖြစ်ဘူး။
ပြီး​တော့ ငါက​လေး  ထပ်ယူမှာ  မဟုတ်ဘူး။
ဝမ်​လေးနဲ့တင်  လုံ​လောက်​နေပြီ"

ဝမ်ဟန်၏  စကား​ကြောင့် သူမ၏  မျက်ဝန်းထံမှ  မီး​​တောက်များဟာ  ပြည့်လျှံကျလာခဲ့ပြီး  ဝုန်းဒိုင်းကြဲလို့ ​သောင်းကျန်းသည်။
ထိုပြဿနာများဟာ  သူမ ရှာ​နေကြအရာ​ပေပဲ  မလို့  ဥ​​ပေက္ခပြုလို့  ထမင်းစားခန်းထဲမှ  ပြန်ထွက်လာခိုက်၊
အ​နောက်ဘက်ဆီမှ သူမ​ပြောလိုက်​သော စကား​ကြောင့်  ​ခြေလှမ််းတို့အား  ​နောက်ပြန်ရုတ်လိုက်မိသည်။

"တစ်လောကလုံးကို ​ပြောပြလိုက်ရင်​​​ရော၊
ဝမ်ရိ​ပေါ်က  ရှင့်သား  အရင်း မဟုတ်ဘူဆိုတာ  သိသွားရင်  အ​မွေဆက်ခံဖို့  ခက်ခဲသွားမယ်  ထင်တယ်"

နှုတ်ခမ်းနီ  နီရဲ​နေ​အောင်   ဆိုးထား​သော  နှုတ်ခမ်းတစ်ဖက်အား  ရွဲ့လို့  ခပ်​ထေ့​ထေ့ဆိုလာ​သော  သူမ၏ စကား​ကြောင့်  ဝမ်ဟန် မျက်လုံးထဲဘာမှ   မမြင်​တော့။
တခြား ​ဘေးလူများ ကြားသွား​လေမလားဟုသာ  စိုးရိမ်စိတ်နဲ့အတူ  ​ထောင်းခနဲ  ထွက်သွားသည့်  ​ဒေါသ​ကြောင့်   တွန်းမိလိုက်သည်မလို့  သူမ၏  ကိုယ်ဟာ   ​နံရံဖြင့်  အားပြင်းပြင်း  ​ ​​ဆောင့်မိသွားသည်။

"​စောက်အဓိပ္ပါယ် မရှိတာ​တွေ ​နောက်တစ်​​ခေါက်​ပြောမယ်ဆို  သတ်ပစ်မယ်"

နာကျင်မှု​ကြောင့်  သူမ  ဘာမှ  မ​ဖြေနိုင်  ။
နံရံအား  မှီ၍     လူးလိမ့်​နေသည့် သူမကို    ​ မသိကျိုးကျွံပြုကာ  ကျောခွလို့  အခန်းဆီသို့   တက်လာလိုက်သည်။
ကုတင်​​ပေါ်ရှိ ဖုန်းကို ယူလို့   ဝမ်​​လေး ထံဖုန်းဆက်လိုက်​​တော့   တော်​တော်နှင့်  မကိုင်၊

"ဟယ်လို  ပါး"

"သား  ပြန်မလာ​သေးဘူးလား"

ချက်ချင်း  ပြန်မ​ဖြေပဲ   အချိန်တွက်​နေပုံရသည့်  ဝမ်​ရိ​ပေါ်က  ခနအကြာမှ

"​​တော်​တော်ကြာမှ  ပြီးမယ်ထင်တယ်ပါး"

ကြာဦးမည်ဆိုသည့်  အ​ဖြေ​ကြောင့်  ဝမ်ဟန်  စိတ်သက်သာရာရသလို  သက်ပြင်းချလိုက်မိသည်။
သားဖြစ်သူပြန်မလာခင် သူမ​သောင်းကျန်းထားတာမလို့      မွစာကျဲ​နေမည့်  အရာများအား  ရှင်းရန်  ​အောက်ထပ်သို့  ပြန်ဆင်းလာခိုက်  ထမင်းစား  ခန်းဘက်မှ  ငြီးငြူလိုက်သံတစ်ချက်အား  ကြားလိုက်ရသည်။
​စောနက  ရှင်းယာအား  သူတွန်းခဲ့သည်ကို  ပြန်သတိရ၍  သူမရှိရာသို့  ​အ​ပြေးသွားကြည့်​ပေမယ့်   မြင်လိုက်ရသည့်  မြင်ကွင်း​ကြောင့်  ကြမ်း​ပေါ်သို့  ​ခွေခနဲ ပြုတ်ကျသွားသည်။

"ရှ  ရှင်းယာ  "

သူတွန်းခဲ့သည့်အတိုင်း  နံရံကို မှီရင်း  ပါးစပ်မှ  ​သွေးများစွာ  စီးကျ​နေသည့်  ရှင်းယာက  မျက်စိ ပွင့်လျှက် ​သေဆုံး​နေသည်။
​​ဘေးနားတွင်​တော့   မင်ရှို့ ရှိ​နေခဲ့ပြီး   လက်ထဲတွင်လည်း  လက်ကိုင်ပုဝါ  တစ်ထည်ဖြင့်။
ဝမ်ဟန်အား  မြင်​တော့မှ  ထိုလက်ကိုင်ပုဝါဖြင့်  ရှင်းယာ၏ ​သွေးများအား သုတ်​ပေး​ယောင်​ဆောင်သည်။
ထိုအရာအား  ကမ္ဘာပျက်​နေသည့်  ဝမ်ဟန်​တစ်​ယောက်  သတိမပြုမိခဲ့သည်။

"ဝမ်ဟန်  မင်းဘယ်လို လုပ်လိုက်တာလည်း  ​သေသွားပြီကွ၊
မင်း  လူသတ်လိုက်ပြီ"

လွန်ခဲ့သည့်  နှစ်နှစ်ဆယ်ကအတိုင်း  တစ်ဖန်ပြန်လည်လာသည့်  သံသရာ။
ယခုမှာ​တော့  ဝမ်ဟန်ဟာ သား​​​ကောင်ဖြစ်ပြီး မင်ရှို့က  မုဆိုး။

"ငါ  ဘာမှ  မလုပ်ဘူး  အသာ​လေး  တွန်း မိ တာ"

အသိဥာဏ်များဟာ  အလိုလို ထိုင်းမှိုင်းသွားသည်။
သူအသာ​လေး  တွန်းလိုက်သည်​တော့  မဟုတ်၊
အားပြင်းပြင်းဖြင့်  တွန်းလိုက်ခြင်း၊
​ဒေါသ​ကြောင့်  တစ်ကိုယ်လုံးက  အား​တွေ ထုတ်သုံးလိုက်တာမလို့  အသက်တစ်​ချောင်းအား  ​​သေ​စေနိုင်သည် အထိ  ပြင်းမပြင်း သူမခွဲခြားတတ်။

"ဝမ်ရိ​ပေါ်  ပြန်လာရင်  ဘယ်လို လုပ်ကြမလဲ"

ရင်ထဲ  ဒိန်း ခနဲ  ဖြစ်သွားသည်။
သူ့အ​ပေါ်ကို  ​လေးစားအားကျလွန်းတဲ့  ထိုက​လေးမြင်သွားရင် ဘယ်လို လုပ်ပါ့မလဲ။

"ခန​​​ရှောင်​နေလိုက်   ၊
ငါ ရှင်းပြထားလိုက်မယ်။
သူ  စိတ်တည်ငြိမ်​တော့မှ  ပြန်လာခဲ့လိုက်၊
ရဲ​လဲ  အဲ့ကြမှ  ​ခေါ်ကြ​တာ​ပေါ့"

အ​တွေး​ပေါင်းစုံဖြင့်    ပူထူ​နေတဲ့  ဝမ်ဟန်ဟာ  မင်ရှို့၏  ​ကောက်ကျစ်စဥ်းလဲ​သော  မျက်ဝန်းများကို မမြင်ခဲ့ပဲ  သူ၏ ​ကျော့ကွင်းထဲ ​​လျှော​လျှောရှူရှု  ဝင်​​ရောက်ခဲ့သည်။
ထိုအကြံပြုချက်အား လိုက်​လျောမိခဲ့ခြင်းက    သူ့ဘဝ တစ်ခုလုံးအား  ဖျက်စီးမည့်  အကြံဖြစ်သွားခဲ့သည်။

ရိ​ပေါ် အိမ်ပြန်ရောက်လာချိန်တွင်    ခြံအပြင်ဘက်တွင်  ​ခေတ္တ​ရှောင်ကာ  မင်ရှိူ့​ပြောသည့်အတိုင်း  စိတ်တည်ငြိမ်သွားမည့်  အချိန်အထိ   ​  ​စောင့်​နေ​လိုက်သည်၊
သို့​ပေမယ့်  မင်ရှို့သူ့အား  မ​​ခေါ်​သေးခင်     ​ရောက်လာ​သော  ရဲများ​ကြောင့်  သူ​ကြောက်လန့်တကြီး     ကား​မောင်းလို့ ​ ထွက်ပြေးခဲ့သည်။
​ခြေဖျား လက်ဖျားတို့ ​အေးစက်လျှက် ​ သူဘယ်သို့  ဦးတည်၍  ​မောင်း​နှောင်​နေသည်ကိုလည်း   အာရုံမစိုက်မိတော့။
စိတ်နှင့်လူနှင့်  ကပ်မိချိန်တွင်  သူသည်  မြို့​နှင့်တော်​တော်​ဝေးသည့်   ​တောင်ကြားလမ်းတစ်ခု​ပေါ်တွင် ​ရောက်​နေသည်။
သူ  ဒီထက်ပို၍  ဆက်​ပြေး​နေလို့ မဖြစ်တာ​ကြောင့်  ကားအား  ပြန်​ကွေ့လို့ပြီး  လမ်းရာလမ်းအတိုင်း  ပြန်ဦးတည်လိုက်သည်။
ထိုအခါ သူ့​နောက်မှ  တစ်ထပ်တည်း​ကွေ့လိုက်​​ကွေ့၍  ထပ်ကျပ်မကွာလိုက်​နေ​သော  ကားတစ်စီးအား  သူ သတိထား မိလိုက်သည်။
သူသတိထား  မိသည်ဆိုရုံဖြင့်  ထိုကားဟာ  ​နောက်မှ  ဝင်​ဆောင့်၏၊
ဟန်ချက်ပျက်သွား​သော  ကားဘီးနှင့်  ယိမ်းယိုင်ထိုး​နေ​သော  ဝမ်ဟန်၏  ကားအား  တစ်ဖက်မှ  အဆက်မပြတ်တိုက်လာသည်။
​ဘေးချင်းယှဥ်ကာ  ကား၏  ကိုယ်ထည်အား  ​ဘေးသို့  အားဖြင့်   တွန်းတိုက်လိုက်သည်​ကြောင့်  ဘီး​​ချော်ထွက်သွားသည့်  သူ၏  ကားဟာ ​တောင်ကမ်းပါးရံနှုတ်ခမ်းတွင်  ပြုတ်ကျလုဆဲဆဲ။
အကူအညီအတွက် နှုတ်မှ တရစပ်​တောင်းဆိုမိ​ပေမယ့် ဘယ်သူမှ ​ရောက်မလာ ။
​နောက်ဆုံး  အ​လေးချိန်မမျှ​တော့သည့်​နောက် သူ၏ ကားဟာ  ချောက်ထဲသို့  အထိန်း  အကွက်မဲ့စွာ  ပြုတ်ကျသွားရ​တော့သည်။

~~~~~~~~~~~~~~~

"အဲ့​နေ့ည က ကျွန်​တော် မ​သေခဲ့ပဲ    ထင်းခုတ်သမား​တွေက  ​တွေ့ခဲ့တာ​ကြောင့်  နယ်​ဆေးရုံတစ်ခုမှာ  ​ဆေးကုသမှု  ခံယူခဲ့ပါတယ်။"

ဖြစ်​ကြောင်းကုန်စင်အား  နား​​ထောင်ပြီး​နောက်  ​လေးပင်​နေ​သော  စိတ်ကို  လွှတ်ထုတ်ဖို့  သက်ပြင်းရှည်ရှည်  ချလိုက်သည်။

"တကယ်​တော့  ရှင်းယာ ​သေတာက  မင်ရှို့  စွဲတိုက်​နေတဲ့   လက်ဖက်ရည်​ကြောင့်ပါ။
သူမ​  သောက်တဲ့  လက်ဖက်ရည်တွေထဲ  မင်ရှို့က အဆိပ်ရွက်ကို သုံးဆ​လောက်ပိုထည့်ခဲ့တာမလို့  အာနိသင်ပိုပြင်းတာအပြင်။
အဲ့​​နေ့က  လက်ကိုင်ပုဝါ။
အဲ့အရွက်မှုန့်​တွေ  ဖြူးထားတဲ့  လက်ကိုင်ပုဝါကို နှာ​ခေါင်းမှာ  အကြာကြီး  အုပ်ထားခဲ့တာ​ကြောင့်   အသက်ရှုလမ်း​ကြောင်းထဲ  အဆိပ်က ပျံ့သွားပြီး...."

"မဟုတ်​တာ​ပြောတာ​တွေ  ရပ်လိုက်စမ်း။
ဘယ်မှာလည်း  သက်​သေ၊
သက်​သေမရှိပဲ  ​ပြောချင်သလို  ​​ပြောလို့မရဘူး!!!"

စကားမဆုံး​​သေးခင်   ပရိသတ်တွေကြားထဲက  မင်ရှို့ဟာ  ထရပ်လို့  ​​အော်ဟစ်လာသည်။
သူ့​ဘေးနားတွင်  ထိုင်​နေသည့်  သူများက   ​ရှောင်ရှဲကုန်ကြ၏။

"ဟုတ်ကဲ့  မင်လူကြီးမင်းရဲ့  ဆန္ဒအတိုင်း သက်​သေနဲ့တကွ  ​ဖော်ပြပါ့မယ်။"

​ရှောင်းကျန့်က  ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးရင်းဆိုလာသည်။
Projector ​​ပေါ်တွင်  မြင်​နေရသည့်  ဗီဒီယိုကို ကြည့်ရင်း လူတို့၏  ​ဝေဖန်သံများ  ဟိုတစ်စသည်တစ်စ ထွက်လာ၏။
ထို  ဗီဒီယိုပါ  အ​ကြောင်းအရာများ​ကြောင့်  မင်ရှို့  ထိုင်ရက်သား  ကြမ်းပြင်​ပေါ်သို့  ပြုတ်ကျသွားသည်။

"သည်ဗီဒီယိုကို ဘယ်က ရခဲ့လဲ သိလား။
မင်ယုံချန်  ​ ဝမ်ရိ​ပေါ်ကို ​ပေးခဲ့တဲ့  စက်ရုပ်တွေမှာ  တပ်ထားတဲ့  လျှို့ဝှက်ကင်မရာက​နေ ရခဲ့တာ ဖြစ်ပါတယ်"

​ရှောင်းကျန့်စကားအဆုံး  တစ်ချိန်လုံးတိတ်ဆိတ်​နေသည့်  ယုံချန်က  မိုးပြိုသလို  မျက်နှာမျိုးဖြင့်  ရိ​ပေါ်အား  လှမ်းကြည့်လာသည်။
ရိ​ပေါ်မှာလည်း  မယုံနိုင်ခြင်း​ပေါင်းများစွာဖြင့်  ​ပြောစရာစကားတို့ မရှိ​တော့။
အကြည့်​တွေမှ  တစ်ဆင့် အားလုံးသ​ဘော​ပေါက်သွားသည့် ယုံချန်က  မျက်နှာချလို့    လွှတ်ချလိုက်ဟန်။

"တရားသူကြီးမင်း ခင်မျ  သား​လေးဟာ  အပြစ်ကင်းပါတယ်။
အ​ဖေဖြစ်သူကို  ကာကွယ်ချင်တာမလို့  အဲ့​​နေ့ညက  သူပဲ  အိမ်မှာရှိ​နေပြီး ကျွန်​တော်က  ကပွဲ​​​​နေရာမှာ  ရှိ​နေတယ်လို့  လိမ်လည်ဖွက်ဆိုခဲ့တာကလည်း  အ​ဖေ ဖြစ်သူကို  ကာကွယ်ချင်လို့ပါပဲ"

ငိုသံ​​ဖြင့် ​ပြောကာ    အသနာခံ​နေသည့်  ပါးကို  ကြည့်ရင်း  ရိ​​ပေါ်ရင်​တွေ  အဆမတန် နာလာရသည်။
သူတို့ကျမှ  ဘာလို့  သည်လို  အဖြစ်ဆိုးကြီးနဲ့  ကြုံရတာလဲ။
သည် အိမ်မက်ဆိုး​တွေဟာ  သူတို့ ရုန်းမထွက်​နိုင်​လောက်သည်အထိကို    ဆိုးဝါးစွာ  လွှမ်းမိုးမှု ရှိသည်။

ဇာတ်လမ်းအစအဆုံးအာ  နား​ထောင်ပြီး​နောက်  ဇာတ်ရည်လည်သွားသည့်  တရားသူကြီးများဟာ  တစ်​ယောက်မျက်နှာ  တစ်​ယောက်ကြည့်လို့  တစ်ခုခုအား  ဆုံးဖြတ်လိုက်ပုံပင်။

"သက်​သေ  အ​ထောက်အထား​တွေအရ  တရားခံရဲ့ ပြစ်မှု​တွေဟာ  ထင်ရှားပြီး   တရားပြိုင်ဟာ  အပြစ်ကင်း​ကြောင်း  ​ပေါ်လွင်တာမလို့....."

တရားသူကြီး၏  စကားများ​ကြောင့်  မင်ရှို့၏မျက်စံနက်နက်မှာ လှုပ်ခတ်သွားသည်။
​ဘေးဘီအားကြည့်မိ​တော့  အားလုံးဟာ  တရားသူကြီးထံသို့သာ အာရုံစိုက်​နေကြ၏။
အသာ​လေးထလို့  ​ခြေသံဖွဖွနင်းကာ    အခန်းအပြင်ဘက်သို့  ထွက်ရန်ပြင်​နေ​သော  သူ၏  လက်​ကောက်ဝတ်တစ်ဖက်မှာ  
တစ်စုံတစ်​​ယောက်၏  ဆုပ်ကိုင်ခြင်းကို  ခံလိုက်ရသည်။

"​ဖေ​ဖေ"

မျက်ရည်တို့ဖြင့်  ​ခေါင်းရမ်းပြရင်း  တားဆီး​နေ​ရှာသည့်  ယုံချန်​ကြောင့်ရင်ထဲ  တင်းခနဲ။
သို့​ပေမယ့်  မတက်သာ  ၊
အခု​လော​​လောဆယ်အတွက်  သူအဖမ်းမခံရရန်ကသာ  အ​ရေးအကြီးဆုံး​ပေပဲမလို့ 
သူရက်စက်လိုက်ဖို့ ဝန်မ​လေး
ဒါဟာ  သူထပ်ခါတလဲဲလဲ လုပ်​နေကြအရာပဲ​​လေ။

ရင်ဘက်အား  ​​ဆောင့်တွန်းလိုက်​တော့  ​​​နောက်ပြန်လန်ကျသွားသည့်  သားနှင့်သူဟာ  အရမ်း​ဝေးသွားကြသလိုပင်။
သူ့အား  ​ငေးကြည့်​နေသည့်  သား၏  မျက်ဝန်းထဲမှ  မျက်ရည်စများ  လွင့်စင်သွားသည်။
သား၏  မယုံနိုင်သလို  အကြည့်​​တွေက သူ့ရင်အား  ခွဲပါသည်။
​နောက်မလှည့်ကြည့်စတမ်ူ  အရှိန်ဖြင့်  ​ပြေးထွက်လာ​တော့  သူ၏  နာမည်အား  ​​အော်​ခေါ်လိုက်​သော  ဆူညံသံအချို့နှင့်  ​နောက်မှ ​​ပြေးလိုက်လာကြသည်ကို  ခံစားမိသည်။
သူအရှိန်မ​လျော့ပဲ ​ပြေး​နေဆဲ။
​မောဟိုက်သည့်တိုင် ​ပြေး​နေဆဲ၊
မျက်ရည်များ  စီးကျ​နေဆဲ။

~~~~~~~~~~~~~~~~~~~~

"လုံးဝ  မသိရဘူး  ၊
သူဘယ်မှာလဲ  ဆိုတာ  လုံးဝ  ​ခြေရာခံမရဘူး"

ထွက်​ပြေးတိမ်း​စောင်သွားသည့် မင်ရှို့အား  သူ့တို့နာရီ​ပေါင်းများစွာ  ရှာ​​နေပေမယ့်  သတင်းအပိုင်းအစ​တောင်  မရ။
ဘယ်သူမှ  ခန့်မှန်းလို့မရတဲ့  အဆုံး  အားလုံးဟာ နှုတ်ဆတ်​နေမိကြသည်။
ထိုအထဲတွင်  ယုံချန်လဲ  အပါအဝင်။
အချိန်များစွာ ကြာပြီး​နောက်မှာ​တော့   ယုံချန်ထံမှ ထွက်​ပေါ်လာသည့် စကား​ကြောင့်   ရိ​ပေါ်တို့အားလုံး  အံ့အားတသင့်  ဖြစ်သွားရသည်။

"ကျွန်​တော်သိတယ်။
သူရှိတဲ့ ​နေရာကို  ကျွန်​တော်  ​ခေါ်သွား​ပေးပါ့မယ်"

အသက်မပါ​သော  မျက်ဝန်းတို့ဖြင့် ရိ​ပေါ်ရှိရာသို့ကြည့်လာသည်။
ထို့​နောက်  ​ခြောက်ကပ်ကပ် ရယ်၏။
မျက်ရည်​တွေက​တော့  မပါမဖြစ်။

ယုံချန်  ​ခေါ်လာသည့်  ​နေရာက  ဂို​ထောင်ပျက်တစ်ခုဖြစ်သည်။
ရဲ​တွေပါ  ပါလာတာမလို့  ရဲအချို့ဟာ  ဂို​ထောင်ပတ်တ်လည်သို့ ဝိုင်းထားကြပြီး  ယုံချန်နှင့်အတူ     ​ရှောင်းကျန့်​ရော  ဝမ်ရိ​ပေါ်ပါ  ဂို​ထောင်ထဲသို့  တိတ်တဆိတ် ဝင်လာခဲ့ကြသည်။
မဲ​မှောင်​နေ​သော  ဂို​ထောင်ထဲရှိ   မြင်ကွင်းမှန်သမျှ  မထင်မရှား။

"​ရောက်လာပြီလား
ထင်ထားတာထက် ပိုကြတာပဲ"

မင်ရှို့၏  ​​အသံဟာ  အေးစက်စွာ ထွက်​ပေါ်လာသည်။
​​ဘေးမှာရှိ​​နေသည့်  ဝမ်ရိ​ပေါ်၏  ကိုယ်​​လေးအား  ​ရှောင်းကျန့်  သူ့​နောက်သို့   အသာပို့လိုက်ရင်း  အမြင်အာရုံအား  အားစိုက်ထုတ်လိုက်သည်။
အသံ  ​အ​နေအထားအရ  မင်ရှို့သည်   သူတို့နှင့်  သိပ်မ​ဝေး​သော  အကွာ​အ​ဝေးတွင်  ရှိ​နေမှန်း  သူသိသည်မလို့။

"လာမယ်မှန်း သိလို့  လက်​ဆောင်​လေး​ ပြင်ထားတယ်"

ရုတ်တရက်  ဂို​ထောင်မီးအား ဖွင့်လိုက်​သော  မင်ရှို့​ကြောင့်  သူ၏  မျက်နှာအား  ထင်ရှားစွာမြင်လိုက်ရသည်။
အလားတူစွာ   ​​နောက်ထပ်ထင်ရှားသည့်  မြင်ကွင်းတစ်ခုမှာ    ထိုင်ခုံ​ပေါ်တွင်  ကြိုးတုပ်ကာ   မျက်လုံး​ရော ပါးစပ်ကိုပါ  အဝတ်စတို့ဖြင့်  စည်း​နှောင်ထားသည့်  မိန်းက​လေးတစ်​ယောက်။
ထင်တာမမှားဘူး​ဆိုလျှင် ထို​မိန်းက​လေးဟာ   ​ပျောက်ဆုံး​နေ​သော  လုချီ ဖြစ်​ပေလိမ့်မည်။

"မင်ရှိူ့  ခင်များ  အမှား​တွေ​ပေါ်  အမှား​တွေထပ်​နေ​တာ​တွေ ​တော်လိုက်ပါ​တော့  အကုန်လုံးပြီးဆုံးသွားပြီ  ခင်များလည်း  ဆုံးခန်းတိုင်သွားပြီ"

ရိ​ပေါ်စကားအား မင်ရှို့က  ဟာသတစ်ပုဒ်လို  အူလှိုက်သည်းလှိုက်ရယ်သည်။
ရယ်​နေရင်း  လက်ထဲဘယ်တုန်းကတည်းက  ရှိ​နေမှန်း မသိ​​သော  ​​သေနတ်အား  လုချီ​၏  နားထင်နားတွင်  ​​တေ့လိုက်သည်မလို့ သူတို့အားလုံးထိန့်လန့်သွားကြသလို  လုချီ​​​​၏ ငိုသံမှာလည်း ကျယ်​လောင်လာ၏။

"မဟုတ်ဘူး  ၊
ငါတစ်​ယောက်တည်း  ဘယ်​တော့မှ  အဆုံးသတ်ခံမှာ မဟုတ်ဘူး"

​ပြောရင်းဆိုရင်း  ​သေနတ်အား  ​မောင်းတင်လိုက်သည့်  မင်ရှိူ့​ကြောင့်    ယုံချန်းက အနားသို့  ​ပြေးသွားသည်။
ယုံချန်ကို မြင်​တော့  မင်ရှို့၏  မျက်လုံးများဟာ  အ​ရောင်​ပြောင်းသွားသ​ယောင်။

"​တော်လိုက်ကြရ​အောင်  အ​ဖေ။
ကျွန်​တော်တို့  အစက  ပြန်ရကြလို့ရပါတယ်၊
ဒါ​တွေ အားလုံးပြီးသွားရင်၊
အ​ဖေ့အပြစ်​ကြွေး​တွေ ကုန်သွားရင်  ကျွန်​တော်တို့  ထွက်သွားကြရ​​အောင်"

ယုံချန်​​​ပြောသမျှအား  မျက်​တောက်မခက်စတမ်း  နား​ထောင်​နေည့်  မင်ရှို့က      ရှိုက်ကြီးတငင်ငိုလာသည်မှာ  အသံ​တောင်မထွက်​တော့။
အသက်ရှူရပ်မတတ်ငို​နေသည့်  အ​ဖေ့အနားသို့  ​ဖြေး​ဖြေးချင်း  ခဥ်းကပ်သွားလိုက်ပြီး  ​သေနတ်ကိုင်ထားသည့်လက်အား  အသာဆုပ်ကိုင်ထားလိုက်သည်။

"​ကျေးဇူးပြုပြီး  ထွက်သွားကြရ​အောင်ပါ။
အ​ဖေက  ဒီတိုင်း​လေးပဲ   ကျွန်​တော်တစ်ခါမှ  မရဖူးခဲ့တဲ့  ​​မေတ္တာ​တွေ​ပေးပါ။
ကျန်တာအကုန် ကျွန်​တော်  ​ဖြေရှင်းနိုင်ပါတယ်။"

မျက်ရည်များ  ရွှဲနစ်​နေ​သော  မျက်ဝန်းများဖြင့်  ယုံချန်အား  စိုက်ကြည့်လာသည်။
ဘယ်တုန်းကမှနဲ့  မတူစွာ  နူးနူးညံ့ညံ့​လေး။
ဖခင်တစ်​​ယောက်က သူ​၏  ​​သွေးသားအား ကြည့်သလို  သာမန်အကြည့်မျိုး​လေး။
သူ့ကို ​ရွေးချယ်လိုက်ပြီ။
အ​ဖေက  အတ္တ​တွေကို  လွှတ်ချလို့  သူ့ကို​​ရွေးချယ်လိုက်ပြီ။
အကုန်ပြီးဆုံးသွားပြီ  ထင်ခဲ့​ပေမယ့်၊
အ​ဖေဟာ သူ့ကို  ​ရွေးချယ်လိုက်ပြီလို့  တစ်ထစ်ချ   ထင်​ခဲ့​ပေမယ့်။
ထင်သလို  မဖြစ်တာမှ  လောကကြီး​​ပေပဲမလား။

"ဒိုင်း ဒိုင်း  ဒိုင်း"

ကသမ်းကယမ်း  ပစ်လိုက်တဲ့  မင်ရှို့ရဲ့  ကျည်သုံး​တောင့်ဟာ ​ရှေ့ဆင့်​​နောက်ဆင့်။
​​ရှောင်းကျန့်    ဝမ်ရိ​​ပေါ်၏  ကိုယ်​လေးကို  သူ၏ကိုယ်​အောက်  ဆွဲယူလိုက်ပြီး  ကြမ်းပြင်​ပေါ်သို့  ​မှောက်ချလိုက်သည်။
ဦးတည်ရာမရှိ  ပစ်လိုက်တာကြ ထိခိုက်သွား​သူ​တော့မရှိ။
သို​ပေမယ့်   မင်ရှို့ဘက်မှ  စတင်ပစ်ခတ်မှု​ကြောင့်  ပတ်ပတ်လည်တွင်  ​​​နေရာယူထား​သော  ရဲဘက်မှ    တန်ပြန်ပစ်ခတ်လာပြီး     ဂို​ထောင်တစ်ခုလုံး  ဆူညံပွက်​လောရိုက်သွားရသည်။
မင်ရှို့နားစည်ကွဲမတတ်  ဆူညံလှတဲ့  ​သေနတ်သံ​တွေအဆုံး  မွှန်ထူး​နေ​သော  မီးခိုးနံ့နဲ့အတူ  သူ၏ ကိုယ်မှာ   တစ်စုံတစ်​ယောက်၏   တင်းကျပ်စွာ  ဖက်ထားခြင်းအား  ခံလိုက်ရ၏။
​နွေး​ထွေးလှသည်။
သူတစ်ခါမှာ  မခံစားဖူး၍ထင်  စိတ်ကူးယဥ်ကြည့်ဖူးသည်ထက်  အများကြီး ပို​နွေး​ထွေးသည်။
​သို့​ပေမယ့်  ထိုအထိအ​တွေ့ 
အ​နွေးဓါတ်များဟာ  ​နေရာ ပျံ့သွားသလို။
  တဖြည်းဖြည်း  ပူ​လောင်လာပြီ
သူ၏  ဝမ်းဗိုက်တစ်ဝိုက်  ​နွေးသည်ထက် ပိုလွန်၍  ပူ​​လောင်မှုအား ခံစား​နေရသည်။
တင်းကျပ်​နေ​သောဖတ်ထားသည့် ကိုယ်အား  ဆွဲခွာကြည့်မိ​တော့  ချန်​လေးဟာ  နှစ်လိုအားရပြုံး​နေ၏။
ပုလဲလို  ​​ဖြူစွတ်​နေတတ်တဲ့  သွားများဟာ  ​ယခုတွင်​တော့  ​သွေးနီ​ရောင်များ  ​ပေစွန်း​​နေသည်။

"မဟုတ်ဘူးမလား"

ဆန္ဒတို့မပြည့်ခဲ့။
လဲကျသွားသည့်  ယုံချန်၏  ​ကျောပြင်တစ်ခုလုံးမှာ ​သေနတ်ဒဏ်ရာ​တွေများ  မနည်းမ​နော။
​သွေးတို့  အိုင်ထွန်း​နေသည်မှာ  ကြည့်ရက်စရာမရှိ။
​သွေးတစိမ့်စိမ့်ထွက်​နေသည့်  ​​နေရာများ  များလွန်း၍  ဘယ်​နေရာအား ဖိလို့  ဖိရမယ်မှန်းမသိ​တော့
အခုချိန်မှာ  သူငိုဖို့ထက်  ပိုအ​ရေးကြီးတာကို လုပ်ရမယ်။
သားကို ကယ်ရမယ်။
ဘယ်လို လုပ်ကြမလဲ။
သူဘယ်လို လုပ်ရင်  ​ကောင်းမလဲ။
က​ယောင်ကတမ်းဖြစ်​​နေသည့်  သူ၏ မျက်နှာအား သားက
ငြိမ်သက်လို့     မြတ်နိုးစွာ​ငေး​နေဆဲ။
အရင်အချိန်​တွေတုန်းကလို 
ဝမ်အိမ်​တော်အား   လက်ကိုဆွဲလို့ ​ခေါ်သွားတဲ့  ​အခေါက်တုန်းကလို။
​နေမ​ကောင်းဖြစ်လို့ ပထဆုံးအကြိမ်  ဆန်ပြုတ်ပြုတ်တိုက်  ဖြစ်တဲ့  အ​ခေါက်တုန်းကလို၊
ထိုက​လေးဟာ  အမြဲသူ့အား  ထိုသို့ကြည့်တတ်သည်။

"အ​ ​ဖေ့  ရင်ခွင်က တကယ်   ​နွေးတာ"

အသက်ငင်​နေစဥ်​ပြောသွားတဲ့  ထိုစကားက  မင်ရှို့နှလုံးသားထဲ  သက်ဆုံးတိုင်  ထိုးစိုက်သွားမည့်  ဆူးတ​ချောင်း။
အသက်ရှုတိုင်း တနုံ့နုံ့ ဖြစ်​​စေမယ့်  အာနိသင်ရှိတယ်။
မင်ရှို့   မလှုပ်မရှား​တော့သည့်  ကိုယ်​လေးကို  ပိုတိုး၍ တင်းကျပ်စွာ  ဖတ်လို့   တစ်စတစ်စ ​အေးစက်လာသည့်  မျက်နှာထပ် သူ့ပါးပြင်အား  ကပ်ထားလိုက်သည်။
​သေလုမတတ် နာ​ကျင်​နေ​ပေမယ့် 
သူမျက်ရည်မကျခဲ့ပါ။
မျက်ရည်မကျ​စေပဲ  ထိုအစား    သည်ရုပ်နှင့်သည်ခန္ဓာ  ချုပ်ငြိမ်းသွားလို့  မီးသင့်ကာ  ပြာမှုန်ဖြစ်သွားသည်အထိ  ထိုနာကျင်မှုအား  သယ်​​ဆောင်သွားမည်ဟု  သူ  တိုင်တည်ခဲ့သည်။

~~~~~~~~~~~~~~~~~

'0823  ဒီ​နေ့  ဧည့်​တွေ့ရှိတယ်"

​ထောင်​စောင့်ရဲ့ စကား​ကြောင့်  မင်ရှို့ဖက်လက်စ စာအုပ်ကို  ပိတ်လိုက်လို့    သူ၏ဆံပင်​တွေအား  သပ်သပ်ရပ်ရပ်  ဖီးသင်လိုက်သည်။
လာ​ခေါ်သည့်  ​ထောင်​စောင့်​နောက်  တိတ်တဆိတ်လိုက်ပါသွားလိုက်​တော့  မှန်ချက်တစ်ဖက်ခြမ်းတွင် ထိုင်​နေ​သော  ဝမ်ဟန်အား  ​တွေ့လိုက်ရ၏၊
သူ့ကို  မြင်​​​တော့ ပြုံပြလာသည်။
မင်ရှို့လည်း  ပြန်ပြုံးပြလိုက်ကာ    ခုံတွင် ဝင်ထိုင်လိုက်​တော့၊

"​​နေ​ရော  ​ကောင်းရဲ့လား"

ပြုံးရင်းသာ  ​ခေါင်းငြိမ့်ပြလိုက်သည်။
အားလုံးအဆုံးသတ်သွားသည်မှာ  ၅ လနီးပါးရှိ​တော့မယ်။
အားလုံး  ​ သူ့​နေရာနှင့်သူ    နေရာတကျပြန်ဖြစ်သွားကြသည်မှာ  ၅လ၊
မင်ရှို့ဘဝထဲမှ    သား​​လေး  ထွက်သွားခဲ့သည်မှာလည်း   ၅ လ။

"အချိန်ကြာ​လေ  ပိုလွမ်း​လေပဲမလား"

မင်ရှို့  မျက်စိ​ထောင့်မှ  မျက်ရည်စအား လက်မဖြင့်  ဆွဲယူလို့  သုတ်လိုက်သည်။
အချိန်ကကုစားသည်ဆိုမှာ  သူ့အတွက်​တော့  မမှန်​​ပေ။
သားသမီးအား  ဆုံးရှုံးလိုက်ရ​သော  မိဘတစ်​ယောက်၏  ​ဝေဒနာမှာ  အချိန်​တွေကြာလာ​လေ  ပိုနက်ရှိုင်းလာ​လေ။

"မင်းအတွက် ဒါ​လေး  မ​နေ့က​တွေ့တာ။
အလွမ်း​တော့​ပြေမယ်ထင်တယ်။
မင်း​​​ရှေ့မှာပဲ ကြီးပြင်းခဲ့​ပေမယ့်  မင်းတစ်ခါမှ  သတိထားမိလောက်တဲ့   ပုံ​တွေမလို့  ​သေချာကြည့်ပြီး  အများကြီး  လွမ်း​ပေးလိုက်ပါ"

မှန်​အောက်ဘက်မှ   တွန်းပို့​ပေးလိုက်သည့်  အယ်လ်ဘမ်​လေး။
အထဲရှိ   ဓါတ်ပုံအားလုံးဟာ  ယုံချန် ငယ်စဥ်က​နေ  အလယ်တန်း​ကျောင်းထိ  ရိုက်ထား​သော  ပုံများဖြစ်သည်။
ဓါတ်ပုံ​တွေအား ကြည့်ရင်း  စိတ်တင်းထားသည့် ကြားမှ  ငိုမိပြန်သည်။
ထိုဓါတ်ပုံများကြား  အထူးခြားဆုံးက    လသားအရွယ်  ယုံချန်​လေးအား  သူက ချီ​ပွေ့ထားသည့်    ဓါတ်ပုံဆိုငိတွင်သွားရိုက်​ထား​သော  ဓါတ်ပုံ​လေးတစ်ပုံ၊
ပုံထဲတွင်  နှစ်​​ယောက်လုံးအတူ  ပထမဆုံး  ဓါတ်ပုံရိုက်ဖူးခြင်းဖြစ်သည့်အတွက် ပြူး​ကြောင်​ကြောင်​​လေး​တွေ ဖြစ်​နေကြသည်။

"ဒီပုံကို ကြည့်ပါဦး။
ငါ  သူ့ကို  ချီထားတာ။
ဒါကို  ဒီက​လေးက  မမှတ်မိပဲ  သူ့ကိုတစ်ခါမှ  မ​​ပွေ့ဖက်ဖူးပါဘူးတဲ့။
ဆိုးလိုက်တာ"

မျက်ရည်များဖြင်  မင်ရှို့ဟာ  ပြုံးရင်း သား​​​​လေးအ​ကြောင်းတ​​ပြော​ပြော။
ဝမ်ဟန်လည်း  မင်ရှို့​ပြောသည်များကို နား​ထောင်ရင်းသူပါ လိုက်ပြုံးမိသည်​။
​နေ့ရက်တိုင်း  အပြစ်ရှိစတ်​တွေနဲ့  အသက်ရှူ​နေရတာ  ဝန်ထုပ်ဝန်ပိုးတစ်ခု။
သူတို့နှစ်​​ယောက်ဟာ
များစွာ​သော  ​နောင်တ​တို့ဖြင့်
အကြာကြီး  အသက်ဆက်ရှင်လို့
​မြောက်မြားလှ​​သော  အပြစ်​ကြွေးများအား
ကျေသည်အထိ ။

~~~~~~~~~~~~~~~~~~~~~~

​ရှောင်းကျန့်သွားစရာရှိသည်ဟု  ဆိုကာ  ရိ​ပေါ်အား  ​ခေါ်လာသည့်  ​နေရာက    သူ့၏  အ​​မေနှင့်  ညီငယ်​လေး  ရှိ​သော ​နေရာဖြစ်​နေသည်။

"မား  ​ယောင်း​လေး၊
သည်တစ်​လောအတွင်းမှာ  လာမ​တွေ့ဖြစ်လို့  တကယ်​တောင်းပန်ပါတယ်​နော်  ၊
အဲ့အစား  ကိုကို  ဧည့်သည်တစ်​ယောက်​​ခေါ်လာတယ်။
ဒီ​နေ့မှ  မိတ်ဆက်​ပေးရတယ်  ဝမ်ရိ​ပေါ်တဲ့  ကိုကိုချစ်ရတဲ့   အမျိုးသား​လေး"

​ရှောင်းကျန့်ရဲ့  ရုတ်တရက် ဆန်ဆန် သူ၏  မိသားစုဝင်များနှင့်  မိတ်ဆတ်​ပေးမှု​ကြောင့်  ရိ​ပေါ်  ၏  ဂါဝရ   ပြုမှုမှာလည်း ကို့ယို့ ကားယားဖြစ်​နေသည်။
ဘာဆိုဘာမှ  မ​ပြောထားသည့်  ​ရှောင်းကျန့်​ကြောင့်  အနည်းဆုံး ပန်းစည်း​လေး​တောင်  မပါ။
အမှန်အတိုင်း​ပြောရလျှင်     ​​ရှောင်းကျန့်နှင့်  မျက်နှာချင်းဆိုင်မိတိုင်း    ယခုထိ   ရိ​ပေါ် ကိုယ့်လိပ်ပြာကိုယ်မလုံ​သေး။
​ရှောင်းကျန့်​၏  သနားစရာ​ကောင်းလှတဲ့  အတိတ်ကို  ကြားခဲ့ရသည့်  ထို​နေ့ညကဆို    ရိ​ပေါ် အသက်ရှုရပ်လုမတတ်အထိ    ငိုမိခဲ့သည်။
ကိုယ်ချစ်ရသူ ထိုရက်စက်​သော  ကံတရားတို့နှင့်  ရင်ဆိုင်   ခံစားခဲ့ရသည်မှာ ကိုယ့်အ​ဖေ​ကြောင့်ဖြစ်သည်ဆို​သည့်    အ​တွေးက  ​ရိ​​ပေါ်အတွက်​တော့ တကယ်ကို     ဆိုးဝါးလှသည်။
​ရှောင်းကျန့်က​တော့  ရိ​ပေါ်နှင့်လုံးဝ  မသက်ဆိုင်ဟု စိတ်သ​ဘောထား  ပြည့်ဝစွာ    နှစ်သိမ့်​တတ်ပေမယ့် ပါးပါး၏  ရက်စက်မှု​​​​တွေက​တော့  ​ပြောင်းလဲသွားမည်မှ  မဟုတ်ပဲ။

အ​တွေးများ​နေသည့်  ရိ​ပေါ်​ကြောင့်  ​ရှောင်းကျန့်က  သူ၏ လက်​​​လေးအား  ခပ်ဖွဖွ  ညှစ်လာသည်။

"ဟိတ်  ကိုယ်နဲ့ ရှိ​နေရင် ကိုယ့်အ​ကြောင်းပဲ​တွေး"

​​ရှောင်းကျန့်  အသံကြားကာမှ ရိ​ပေါ်၏ ပျံ့လွင့်​နေ​သော  အာရုံတို့ဟာ  တစ်စုတစ်စည်းထဲ ပြန်ဖြစ်​​တော့သည်။
​ကြည်လင်​တောက်ပ​​သော  ​​​အပြံးများဖြင့်  မိမိအား ကြည့်​နေ​သော  ရှောင်းကျန့်ကို  မြင်မှ  ရိ​ပေါ်   စိတ်သက်သာရာရ​သွား၏။
ဝမ်ရိ​ပေါ်နဲ့  ​​ရှောင်းကျန့်ဟာ   တစ်​ယောက်တစ်ပြန် ​​ပေးခဲ့ဖူးကြသည့် ဒဏ်ရာ​တွေကြား  နင့်သည်း​​နေ​အောင်လဲ ချစ်ကြသည်။
မလှပခဲ့သည့်  အတိတ်တို့​ကြောင့် သူတို့ဟာ  ပစ္စုန်ပ္ပန်အတွက်  အတတ်နိုင်ဆုံးလည်း   ကြိုး​စား​နေကြပြန်သည်။
တစ်​ယောက်ဒဏ်ရာ တစ်​ယောက်ကုစား​ပေးရင်း    တစ်​ယောက်အတွက်​နောက်တစ်​ယောက်ဟာ  မဖြစ်မ​နေလိုအပ်ချက်မျိုး။

"မားကို နှုတ်ဆက်လိုက်ဦး"

​ရှောင်းကျန့်က  သူ့အ​မေ ဓါတ်ပုံရှိရာသို့  ​မေး​မော့ပြလိုက်​တော့  ရိ​ပေါ်ကလည်း  နာခံစွာ   ခါးကိုင်းလို့  ဂါရဝ ပြုလိုက်သည်။

"မင်္ဂလာပါ အန်တီ  ​နောက်ကျမှ လာနှုတ်ဆက်ရလို့ ​တောင်းပန်ပါတယ်။ကျွန်​တော်က .."

ဘာဆက်​ပြောရမှန်းမသိလို့  ​ရှောင်းကျန့်အား  မျက်လုံး​တွေ ​  ​​စွေကြည့်မိ​တော့   ​ရှောင်းကျန့်က  အသည်းယားစွာ သူ၏  ဆံပင်​တွေအား  ထိုးဖွလာသည်။

"ကိုယ်တကယ်​​တော့မားကို   ခွင့်​တောင်းဖို့ ကိစ္စတစ်ခုရှိ​နေတာ၊
အခုမားက  ရိ​ပေါ်ကိုလည်း  ​တွေ့ပြီးသွားပြီဆို​တော့  ကိုယ်ရဲ့  ဆန္ဒကို လက်ခံမယ်လို့  ကိုယ်ယုံကြည်တယ်။"

​ရှောင်းကျန့်၏   မပြည့်မစုံ  အ​ကြောင်းအရာ​​တွေဖြင့်  ဝါကျအား  ရိ​ပေါ်  နားမလည်​ပေမယ့်  ​မေးခွန်း အဖြစ်ထုတ်မ​မေးမိ။
​နောက်တစ်​နေရာသွားစရာရှိ​သေးသည်ဟု ဆိုကာ  မားတို့အား နှုတ်ဆက်ပြီး  ထွက်လာသည့်  ​​ရှောင်းကျန့်​နောက် ရိ​ပေါ်  တိတ်တိတ်​လေးသာ  လိုက်လာလိုက်သည်။

~~~~~

"ဆို​တော့   ပါးပါးကို ရှာ​တွေ့တဲ့​နေ့တုန်းက  ကျွန်​တော်ကို  ကယ်ဖို့အတွက်နဲ့  ​ရှောင်းကျန့်က အတိတ်က ကိစ္စ  အကုန် အတွက် ခွင့်လွှတ်​ပေးခဲ့တာ​ပေါ့"

ရိ​ပေါ်​အ​မေးအား ကား​မောင်း​နေသည့်  ​​ရှောင်းကျန့်က  ပြန်မ​ဖြေပဲ
လက်ဖမိုး​​လေးကိုသာ  ဖိကပ်လို့နမ်းလာသည်။
ရိ​ပေါ်  ဝမ်းနည်းရုံသာ   တတ်နိုင်​တော့သည်။
ရှောင်းကျန့်၏  တနင့်တပိုး​သော  ​မေတ္တာ​တွေ​ကို  သူလက်ခံရင်း    ကြည်နူးရသလို  အနစ်အနာသာ  အမြဲခံ​နေ​သော ​ရှောင်းကျန့်အတွက်လည်း  မတရားသလို ခံစားရသည်။

"ဘယ်သူ့အတွက် လုပ်တာမှမဟုတ်ဘူး​လေ  ရိ​ပေါ်ရဲ့  ကိုယ့်အတွက် ကိုယ်လုပ်တာ။
မင်းမရှိရင်  ဘာမှမကျန်​​တော့မယ့်  ကိုယ့်ဘဝကို ကိုယ်ကယ်တင်လိုက်တာ၊
အများကြီး  မ​တွေးနဲ့  ပင်ပန်းလိမ့်မယ်"

ခပ်​ဖျော့​​ဖျော့  ​နေ​ရောင်က  ​ရှောင်းကျန့်၏  ​မေးရိုက် ကန့်လန့်ဖြတ်၍  အရိပ်ကြ​နေသည်က  ကြည့်​ကောင်းလှသည်။
ကားမှန်အား  ဖွင့်လိုက်​တော့    ကမ်းစက်မှ  ဖြတ်တိုက်သွားတဲ့  ဆားနံ့သင်းသင်း​လေ​ပြေများဟာ  သူ၏ မျက်နှာတစ်ဝိုက်​ဆော့ကစား​နေ၏။

"ချစ်တယ် ​ရှောင်းကျန့်"

ပင်လယ်ဘက် မျက်နှာမူလို့  ချစ်​ကြောင်းဝန်ခံမိ​တော့  ​​လေသံ  ခပ်ကြမ်းကြမ်း​ကြောင့်  ​ရှောင်းကျန့် ကြားမည်မကြားမည်  ​မ​သေချာ။
ခနအကြာတွင်  ကမ်းနားဘက်ထိုးရပ်လိုက်သည့်  ​ကား​လေးဟာ  ရပ်တန့်သွားရသည်။

"က်ိုယ်က  ပိုတယ်"

ခါးပတ်ဖြုတ်​ပေးရင်း  နှုတ်ခမ်းအား  ထိကပ်ရုံ  နမ်းလာသည့်  ​ရှောင်းကျန့်က  ထိုသို့ဆိုသည်။
ချစ်ခြင်းတရား​တွေကို​တော့  ​​ရှောင်းကျန့်၏   ပြိုင်မငြင်းလို့   ​ရှေ့​နေ​ရှောင်းအား      စကားအရာမှာလည်း  နိုင်​အောင် မ​ပြောနိုင်သလို  လက်​တွေ့တွင်လည်း   ရိ​ပေါ်ထုတ်ပြသည်ထက်  အဆ​ပေါင်းများစွာ သာလွန်၍  ချစ်​ပေးသည်။

ကမ်းစပ်နှင့်ဆည်းဆာဟာ  အလိုက်ဖက်ဆုံး​ပေ။
​နေဝန်းနီနီ၊
​ကောင်းကင်နှင့်   ထိစပ်​​နေသာ  ပင်လယ် ၊
နတ်​​​​ရေး   ပန်ချီတစ်ချပ်  အသက်ဝင်လာ​သော ​နေဝင်ချိန်။
သဲ​သောင်ပြင်​အားတိုက်စား​နေ​သော  ​ရေလှိုင်းတို့​​၏  အသံက  စည်းချက်မှန်မှန်။
ကိုယ်​ပေါ်အား  ဖြာကျ​နေ​သော  ​ရွှေအို​ရောင်  ​နေခြည်ဖျဖျက  ဂန္ဒဝင်ဆန်လှသည်။
​နေဝင်ချိန်ဟာ  ရိ​ပေါ်ရဲ့  ကိုယ်ပိုင် ဇာတ်ရုံဖြစ်ပြီး   ​​ရေလှိုင်းတို့သ  ​​​တေးသွား။
မြတ်နိုးရသူက​တော့  တစ်ဦးတည်း​သော  ပရိသတ်။

"ရိ​ပေါ်"

သဲပြင်ထက် ​ရွေ့လျား​နေ​သော  ရိ​ပေါ်၏  ​ဖဝါးဖြူဖြူမှာ ရပ်တန့်သွားသည်။
လက်ဖဝါးထဲ ထည့်​​ပေးလာ​သော  ​အေးစက်စက် အရာ​လေး​ကြောင့်  

"ဟမ်"

ငန်းသဏ္ဠာန်  တံဆိပ်တုန်း​လေးဟာ  ရိ​ပေါ်လက်ဖဝါးထဲတွင်  အံဝင်ခွင်ကျ။

"ဒါက Onsra ပဲ။
အခုကစပြီး  မင်းအပိုင်"

​နေ​ရောင်​အောက် ​ရှောင်းကျန့်  မျက်ဝန်းများဟာ  စိုလဲ့​နေသည်။
မျက်ဝန်းကြားတစ်စွန်းတစ်စ  ​ခိုတွယ်ထားသည့်  မျက်စည်စ​ကြောင့်လဲ  ဖြစ်နိုင်သည်။
အကြည့်​တွေမှ  တစ်ဆင့်  ခံစားမိသည့်  ​ရှောင်းကျန့်၏  မြတ်နိုးခြင်း​တွေဟာ  တခမ်းတနား။
ရိ​ပေါ်​တောင်  မ​သေချာဘူး၊
မာန​တွေ  ခံ​နေတုန်းဖြစ်တဲ့ရိ​ပေါ်က ​​ရှောင်းကျန့်ရဲ့   စွန့်လွှတ်ပြီးရင်း  စွန့်လွှတ်တတ်တဲ့ ​မေတ္တာ​တွေနဲ့  ထိုက်တန်ရဲ့​လား​တောင်  မ​သေချာဘူး။

"​ရှောင်း ကျန့်"

"ကိုယ် ဒီရက်​တွေ  ပစ်ထားသလို  ဖြစ်သွားတာ​တောင်းပန်ပါတယ်​နော်၊
စာရွက်စာတမ်း​နေ ​သေချာလုပ်​နေရလို့ပါ။
ရိ​​ပေါ်က  ဥပ​ဒေအရ​ရော  ကိုယ့်နှလုံးသားဆန္ဒအရရော    ဝမ်ရိ​ပေါ်   Onsra ရဲ့  အရှင်သခင်"

တစ်​ပြောင်းတစ်ပြန်  ​တောင်းပန်​နေပြန်တဲ့  ​ရှောင်းကျန့်က ​ရိ​ပေါ်ကို  အားတုံ့အားနာစိတ်နဲ့   တစ်သက်လုံးတွယ်ငြှိ​အောင်​လုပ်​နေတာမလား။
ထပ်နစ်မွန်းရင်း  ထပ်နစ်မွန်းရင် ​ရှောင်းကျန့်ဆီမှ   လွတ်လမ်းမရှိ​တော့​​အောင်​လေ။
တကယ်​တော့ ရိ​ပေါ်လည်း  ​​ရှောင်းကျန့်ကို သိပ်ချစ်ရပါသည်။
ဘဝတစ်ခုလုံးကို​တောင်  အရှုံး​ပေးပစ်ဖို့အထိ ​ လုပ်ခဲ့ဖူးသည်အထိ  ထို​မျှ​လောက်အထိကို    ချစ်ရသူ​ပေ။
သို့​ပေမယ့်  ထုတ်ပြရမှာ  မျက်နှာပူတဲ့ ရိ​ပေါ်ရဲ့  ခံစားချက်​တွေကို   ​​ရှောင်းကျန့်တစ်​​ယောက်    ခံစားမိပါ့မလား​တော့  မသိပါ။

လှိုင်းသံ တသဲ့သဲ့။
​​နေ​ပြောက်ကွက်ကျားမိုး။
​ပြောင်​မြောက်လှသည့်  အနုပညာ။
​​သောင်စပ်တစ်​လျှောက်  ​ပြေးလွှားရင်းက​နေသည့်  ​ကောင်​လေးက  သူ၏ လက်နှစ်ဖက်အား  ​တောင်ပံများ  သဖွယ် ဖြန့်ကျက်ထားသည်။
ဆည်ဆား ပိတ်ကားအား  ​နောက်ခံထားလို့   ​ခြေ​ချောင်းတို့အား  ​ပင့်မြှောက်ကာ ပျံဝဲလိုက်တိုင်း    ဒဏ္ဍရီထဲမှာ  ခုန်ထွက်လာသည် ​ရွှေ​ရောင်​ငန်း​လေးတစ်​ကောင်အလား။
​လေ​​ပြေ၏  ကျီစယ်မှု​ကြောင့်  ရိ​ပေါ်၏ ဆံနွယ်တို့ဟာ  ဖြတ်ဖြတ်လူးလို့  ။
ငှက်​မွှေး​လေးတစ်ခုလို့  အမြင့်ဆုံးထိ သူ့ခန္ဓာကိုယ်အား  ​လေ​ပေါ်ဆန်တက်လိုက်​တော့   ပြာလဲ့လဲ့​​ကောင်းကင်နှင့်  သူ့လက်ဖျားဟာ  ရိုက်ခတ်လုနီးနီး။
ရင်ကိုဖွင့်ကို လက်ကိုဆန့်တန်းလို့ကြိုဆို​နေသည့်  ​ရှောင်းကျန့်ရင်ခွက်ထဲသို့  ကိုယ်​လေးအား  ဝဲကျ​စေလိုက်​​တော့  ခါးမှ  ဆွဲ​ပွေ့လို့  ​လေထဲ  ​​ဝေ့ရမ်းပြန်သည်။
​ပျော်ရွှင်ရယ်​မောသံ​တွေက  လွှမ်းခြုံလို့   ။
အလှပဆုံး​သော  အမှတ်တရ​တွေကြား  လွတ်လမ်းမရှိ  ပိတ်မိ​နေကြတဲ့  သူတို့နှစ်​ယောက်ဟာ အိမ်ပြန်ချိန်​တွေကိုလည်း  ​မေ့​လျော့​နေရင်း
ထာဝရသာဆို၊
သည်လူနှင်် အတူ  အမြဲသာဆို    ​လောကဓံတို့ကိုလည်း   လက်ခ​မောင်း ခတ်ရဲပါသည်။

​နေဝင်ချိန်​တွေဆို  အကြင်သူနှစ်​ယောက် ဆုံတွဲကကြလို့
လ​ရောင်​အောက်မှာ    အနမ်း​တွေ  တွေ ဖြန့်ကျက်ရင်း
သူတို့ရဲ့ ချစ်ပုံပြင်​လေးဟာ  ရာဇဝင်​​တွေထပ်​တောင် ခမ်းနားလွန်းလှသည်။

Change The ending

ဖန်တီးထား​သော  swan lake ပုံပြင်မဟုတ်ဘဲ 
လက်​တွေ့ဘဝမှာ    တကယ်  ရှင်သန်ခဲ့ဖူးကြတဲ့    ဝမ်ရိ​ပေါ်နှင့် ရှောင်းကျန့်ဆိုတဲ့  လူသားေလးနှစ်​ယောက်​ဟာ    သက်ဆုံးတိုင်အထိ  ကြည်နူး​ပျော်ရွှင်စွာ  ​ပေါင်းဖက်သွားကြ​  လေသတဲ့။

   
                             The End
                          □□□□□□□

လိုအပ်ချက်​ပေါင်းများစွာနဲ့ပြီးသွားခဲ့ပြီမလို့   အမြင်​လေး​တွေ  ​ပြောသွားကြပါဦးဗျာ။

Zawgyi

Change The Ending

သူ​ေျပာင္းလဲခ်င္ခဲ့တယ္။
Swan lake ရဲ႕  ဇာတ္သိမ္းကို။
သူ႕ဆႏၵမ်ား ....
ျပည့္ဝခဲ့သည္။

~~~~~~~~~~~~~~~~~~~~~

ထုံးစံအတိုင္း  လူအျပည့္​  ျဖစ္ေနျပန္သည့္  တရား႐ုံး။
အႏွိမ့္​သံျဖင့္​ေျပာ​​ေနၾကေသာ စကားဝိုင္းမ်ားစြာဟာ  အသံလွိုင္း​ေပါင္းမ်ားစြာကို  ဖန္တီးလိုက္​ေတာ့   အခန္းအတြင္း    ဆူဆူညံညံ။
သူတို႔   တီးတိုး​ေျပာဆိုေနၾက​ေသာ  ​ေဝဖန္​ေရးစက္ကြင္း၏  ဗဟိုခ်က္က​ေတာ့   ဝမ္ရိ​ေပၚ။ 
တရားၿပိဳင္    ခုံတြင္  ​ေအးစက္စြာ ထိုင္​ေန​ေသာ  ​ဝမ္ရိ​ေပၚ၏   မ်က္ႏွာမွာ  ​အသက္မဲ့​သူ   တစ္​ေယာက္လို။
လည္ပင္း​ေပၚက  ပတ္တီးျဖဴျဖဴႏွင့္  ​​ေဖ်ာ့​ေတာ့​ေန​ေသာ ႏႈတ္ခမ္းပါးက   သူ၏  သ႑ာန္အား  ပို၍ အက်ည္းတန္​ေစရန္  အားျဖည့္​ေပးသည္။
တစ္သမတ္ထဲ  တည္ၿငိမ္​ေနတဲ့   သူ၏ မ်က္လုံး​ေတြထဲတြင္  ေပ်ာက္ဆုံးသြားသည္က  ယခင္လို  မာန္မာန တစ္ခုတည္း   ​မဟုတ္ပဲ  ဘာဆိုဘာမွ  မက်န္​ေတာ့သည္အထိ  ဗလာက်င္းသြားျခင္းသာ​​။
အသက္ရႉ​႐ုံသာရႉသည့္  အခြံသာသာ သူ၏  ကိုယ္ထည္။
ထိုသို႔   အၿပိဳၿပိဳအလဲလဲ​ျဖစ္​ေနတဲ့    ဝမ္ရိ​ေပၚရဲ႕  ပုံစံဟာ  ​လူ​ေတြႏႈတ္ဖ်ားထက္  အရသာ​ေတြ႕လွ်က္။
သည္လို အခ်ိန္​ေရာက္လာမည္ကို  သူတို႔   အရမ္း  ေမွ်ာ္တလင့္လင့္  ​ေစာင့္စားခဲ့ၾကတာမလား။
ဝမ္ရိ​ေပၚ လဲၿပိဳသြားမယ့္အခ်ိန္။
အမွိုက္တစ္စလို႔  လြင့္စင္သြားမယ့္  အခ်ိန္။

​ေဘးနားတြင္  လွစ္လပ္​ေန​ေသာ  ​ေနရာ​ေလးအား  ​ေစာင္းငွဲ႕ၾကည့္မိ​ေတာ့  အသုံးမက်သည့္  မ်က္ရည္စမ်ားဟာ ရစ္သိုင္းလာျပန္သည္။
သူ႕ဘက္တြင္  တာဝန္ခံ​ေရွ႕​ေန​ေတာင္  ​ရွိမ​ေနခဲ့သည့္ သူ၏ တရားဆိုင္၊
သူဟာ  အဆုံးထိ  တစ္​ေယာက္တည္းပဲ ၊
ရႈံးႏွင့္​ေနၿပီးသား ၊
​ေရွာင္းက်န့္ဆိုတဲ့  လူသား  သူ႕ကို စြန့္ပစ္သြားကတည္းက  သူက အဖက္ဆည္မရ​ေအာင္  ရႈံးသြားခဲ့တာ။

​တရားၿပိဳင္​ေရွ႕​ေန  မရွိသည့္  ၾကားနာမႈဟာ   အနည္းငယ္​ေတာ့  ကသိက​ေအာက္   ျဖစ္လွသည္။
တစ္​ေလာကလုံးနဲ႕တစ္​ေယာက္  စစ္မက္ခင္း​ေနရသလိုမ်ိဳး။
စစ္ခင္းတယ္ ဘယ္ဆိုလို႔ပါ့​ေတာ့   မလဲ။
ရိ​ေပၚက  လက္နက္ခ် ႏွင့္လိုက္ၿပီ​ေလ။

အမႈစစ္ရဲ႕  ​ေမးခြန္းမွန္သမွ်ကို  ရိ​ေပၚ   လြန္ဆန္ျခင္းမရွိ  ​ေျဖဆိုသည္​။
ၿပဳံးရိပ္သန္း​ေနတဲ့  သူမက​ေတာ့ ​ သိပ္​ေက်နပ္​​ေနမလား  မသိ​ေပမယ့္  သည္လိုခံစားခ်က္မ်ိဳး  ရိ​ေပၚမ​​ေပးလွ်င္  သူမ မရ။
ကိုယ့္ကိုယ္ကို သိပ္အထင္ႀကီး​ေနတာမ်ိဳးကို​ေတာ့  ​ရိ​ေပၚက  အခြင့္သင့္သလို  ေလွာင္ခ်င္မိဆဲ။

"​ေနာက္ဆုံး  ​ေမးခြန္း​ေမးပါမယ္၊
Mrs. Wangကို  သတ္လိုက္တာ  ဘယ္သူလဲ။"

ထို​ေမးခြန္းမတိုင္ခင္အထိ  ​ေရ​ေသလို   ၿငိမ္သက္​ေနသည့္   ရိ​ေပၚရဲ႕  မ်က္ႏွာထားဟာ  အခု​ေတာ့  စိတ္လြတ္သူတစ္​ေယာက္အလား   တရွိုက္မက္မက္ကို ရယ္သြမ္း​​ေသြး   ေနသည္။
ထိုအျပဳအမူ​ေၾကာင့္  တရားသူႀကီးမွာ   ​ေစာင္းငဲ့လို႔ၾကည့္လာသလို   မုယြမ္ႏွင့္အတူ   ပရိသတ္အားလုံးဟာ လည္း  အံ့ၾသတႀကီး  ​ေငး​ေနၾကသည္။
   အပ္က်သံ​ေတာင္  မၾကားရ​သည္အထိ  တိတ္ဆိတ္သြားသည့္   အခန္းထဲတြင္  ဝမ္ရိ​ေပၚ၏    အူလွိုက္သည္းလွိုက္ရယ္သံက  ၾကက္သီးထဖြယ္။

"အဲ့​ေမးခြန္းက  ​ေမးစရာလို​ေသးလို႔လား။
ခင္းမ်ား​ေတြ အကုန္ သိၿပီးသား​ေတာင္ ထင္​ေနတာ"

ထိုစကားအား  ၾကားနားသူ  ပရိသတ္​ေတြ ထိုင္​ေနရာဘက္  ​​ေစ့​ေစ့​ေပါက္​ေပါက္ၾကည့္ၿပီး​ေျပာ​ေတာ့    ​ေရွ႕ဆုံးတန္းမွာ  အခန့္သား    ​ေနရာယူထားၾကသည့္  ရွယ္ယာရွင္မ်ားက  မ်က္ႏွာအပ်က္ပ်က္ျဖင့္   အၾကည့္လႊဲၾကသည္။
သို႔​ေပမယ့္  မင္ရွို႔၊
​ေထာင့္စြန္းခုံတြင္  ထိုင္​ေနသည့္  မင္ရွို႔က​ေတာ့  ရိ​ေပၚမ်က္လုံး​ေတြအား     စုံ​​ေအာင္ၾကည့္လာသည္။
ယခင္ကထက္  အဆ​ေပါင္းမ်ားစြာ  စဥ္းလဲ​ေသာ  တိမ္မ်က္ဝန္း​ေတြ၊
အၾကင္နာမဲ့​​ေသာ  ႏႈတ္ခမ္းပါး  အစြန္းႏွစ္ဖက္ကို ​ေကာ့ၫြတ္လိုက္ရင္း  ရိ​ေပၚ၏  သိမ္ငယ္လက္စ   စိတ္ဝိဥာည္အား   ညွဥ္းဆဲ​ေတာ့သည္။
​အသည္းအား  အပ္ဖ်ားျဖင့္  တဖြဖြ တူးသလို  နာက်င္ရသည့္တိုင္    ထိုမ်က္ဝန္းမ်ားမွ  အၾကည့္မဖယ္မိပဲ  ရိ​ေပၚႏႈတ္ဖ်ားအား  ပြင့္​ေစလိုက္သည္။

"ကြၽန္​ေတာ္   သတ္လိုက္တာ၊
အစက​ေန  အဆုံးထိ   ကြၽန္​ေတာ္ က်ဴးလြန္ခဲ့တယ့္  အျပစ္​ေတြခည္းပဲ"

​ေမြးဖြားလာခ်င္းအတြက္  သူမွားယြင္းခဲ့တယ္။
အသက္ဆက္ဖို႔  အသက္ရႉရင္​ေတာင္  မွားယြင္းျပန္တယ္။
အဲ့လို  အမွား​ေပၚ  အမွားထပ္​ေနတဲ့  သူ႕ရဲ႕ဘဝထဲ  အႀကီးမားဆုံးအမွားက​ေတာ့   ​ေရွာင္းက်န့္အား   နက္ရွိုင္းမိခဲ့ျခင္းပဲျဖစ္​လိမ့္မည္။
သို႔ေပမယ့္    ​ေနာင္တရယ္လို႔​ေတာ့မရွိ။

သူ၏  အ​ေျဖ​ေၾကာင့္  မင္ရွို႔က  ​ေျဖးညွင္းစြာ ၿပဳံးလာျပန္သည္။
သူဟာ  ဒီလိုမ်ိဳး  အဆုံးသတ္သြားခဲ့ၿပီးပဲ။
သူဟာ  ဒီလိုမ်ိဳး  ကြယ္​ေပ်ာက္သြားရ​ေတာ့မွာပဲ။
ခံျပင္း​မႈတ​ေပြ႕တပိုက္ျဖင့္ သူဟာ  သုမၵရာ  ​ေအာက္​ေျခသို႔    တ​ေ႐ြ႕​ေ႐ြ႕။
ၾကမၼာက   ထိုသို႔  နစ္​မြန္းေစလိုမွ​ေတာ့  ရိ​ေပၚ ​ေထြထူးလို႔  မ႐ုန္းကန္လို​ေတာ့ပါ။

တရားသူႀကီးက  အမိန့္ခ်ရန္အတြက္  အမိန့္စာတမ္းအား  ျဖန့္ကိုင္လိုက္သည္။
ရိ​ေပၚ  သူ၏  ႏြမ္းနယ္​ေန​ေသာ  မ်က္ဝန္းမ်ားကို  မွိတ္ခ်လိဳက္ရင္း  
အမိန့္ခ်မည့္   အသံကိုသာ  ​ေစာင့္ဆိုင္း​ေနလိုက္သည္။
သို႔​​ေပမယ့္

"လိမ္​လည္ထြက္​ဆို​ေန​တာပါ"

ထိုအသံ....
ရိ​​ေပၚ ဘဝႀကီးအား  ပက္စလက္ခက္ ၿပိဳ​လဲ​ေစ​ပါ​​ေသာ  ထိုအသံ။
အခုလည္း   ထိုအသံ​ေၾကာင့္  ႏွလုံးသား  ​ေပါက္ထြက္သြားမတတ္  တုန္ရီလွိုက္​ေမာလာသည္။
စိတ္ကူးထဲက  ဖန္းတီးမႈ သပ္သပ္သာသာဆို  ရိ​ေပၚ႐ူးရခ်ည္ရဲ႕။
အသံလာရာ   တံခါးဝသို႔  မရဲတရဲ  မ်က္အိမ္​ေလးမ်ား  ​ေမွးစဥ္းရင္းၾကည့္မိ​ေတာ့ အံ့ၾသမႈတို႔ဟာ  တစ္ကိုယ္လုံးအား     စိမ့္ဝင္သြား၏။
​ေတြ႕လိုက္ရ​ေသာ  ျမင္ကြင္း​ေၾကာင့္   ဟန္ခ်က္ပ်က္သြားသည့္  အာ႐ုံ​ေၾကာတို႔ဟာ  ဦး​ႏွောက္အား  အဟန့္အတား  ျဖစ္သြား​ေစပုံပင္။
အထိတ္တလန့္  မတ္တပ္ရပ္လိုက္မိရင္း  တုန္ရင္​ေန​ေသာ ႏႈတ္ဖ်ားမွ  နာမ္စားတစ္ခု  ခုံမင္စြာ  ထြက္​ေပၚလာသည္။

"ပါးပါး"

​ေရွာင္းက်န့္  တြန္းလာသည့္ wheel chair ​ေပၚတြင္  လိုက္ပါလာသည့္  ပါးပါးက  ရိ​ေပၚအား မ်က္ရည္​ေတြၾကား  ၿပဳံး၍  ၾကည့္လာ၏။
ျမင္ကြင္းအစစ္ရယ္လား၊
ျမင္ကြင္း​ေယာင္ရယ္လား    ​​​ေဝဖန္နိုင္စြမ္းမရွိ​ေသးခင္  ရိ​ေပၚဟာ  ငိုခ်မိသည္။
အိမ္မက္ မျဖစ္လိုက္ပါနဲ႕။
ႏႈတ္ခမ္းအား  လက္ျဖင့္  ပိတ္လို႔  ​ငို​ေနရွာသည့္  ရိ​ေပၚကို ၾကည့္ရင္း  ​ေရွာင္းက်န့္ရင္ထဲ  အပူတျပင္း။
​ေနာက္က်သြားၿပီး  အၾကာႀကီး ပင္ပန္း​ေစခဲ့တာမလို႔    သိပ္လည္း အားနာရသည္။

"တရားလိုသက္​ေသ တင္သြင္းခြင့္ျပဳပါ  တရားသူႀကီးမင္စ  ခင္ဗ်"

​ေရွာင္းက်န့္ရဲ႕ အသနာခံမႈအား  တရားသူႀကီးက  တခန  မ်က္​ေမွာင္ကုတ္ရင္း  စဥ္းစားဟန္ျပဳသည္။
မ်က္​​​​ေစ့​ေရွ႕တြင္  ျဖစ္ပ်က္သြားသမွ်အား  လိုက္မမွီ​ေသသည့္  မုယြမ္က​​ေတာ့  ​ေရွာင္းက်န့္အား  နားမလည္စြာ  ​ေငးၾကည့္လာသည္။
မိတ္​ေဆြေဟာင္းႀကီး  ျဖစ္​ေသာ  ဝမ္ဟန္ကို    ​လုံးဝ  ​ေမွ်ာ္လင့္မထားပဲ  ​ေတြ႕လိုက္ရတာ  မင္ရွို႔​၏  မ်က္ႏွာ​မွာ​ေတာ့  ​ေသြး​ဆုတ္သည္ထက္ ဆုတ္ကာ  ျဖဴ​​ေဖ်ာ့လာ၏။

"ခြင့္ျပဳပါတယ္"

တရားသူႀကီးထံမွ  ခြင့္ျပဳခ်က္ရသည္ႏွင့္   ​ေရွာင္းက်န့္  ဝမ္ဟန္အား        မ်က္ျမင္​သက္​ေသ​ေနရာသို႔  ​ေျပာင္း​​ေ႐ႊ႕​ေပးလိုက္သည္။
သစၥာက်ိန္​​ေနသည့္  တစ္​​ေလွ်ာက္လုံး   ဝမ္ဟန္ဟာ  မင္ရွို႔ရွိရာ  ဘက္သို႔သာ  ၾကည့္​ေနခဲ့ၿပီး   မင္ရွို႔၏   အမူအရာမွာ​ေတာ့  တျဖည္းျဖည္း ​ေသြးပ်က္​ေနသ​ေယာင္။
​႐ုတ္တရက္ဆန္ဆန္  ျဖစ္ပ်က္သြားသည့္  အရာအားလုံး​ေၾကာင့္  အ​ေျခအ​ေနအားလုံးဟာလည္း  တ​စ္ေျပာင္းတစ္ျပန္  ျဖစ္ကုန္ရသည္။
ရွယ္ယာရွင္မ်ားဟာလည္း   သူတို႔ကိုယ္တိုင္    စ်ာပနသို႔သြားခဲ့သည့္  ဥကၠဠ ျဖစ္သူအား   အရွင္လက္လက္ ျပန္​ေတြ႕လိုက္ရ​တာမလို႔  ​ေျခမကိုင္မိလက္မကိုင္မိ။

"ဝမ္ လူႀကီးမင္း  အဲ့​ေန႕က  အ​ေၾကာင္း​ေတြ  အကုန္​ေျပာျပ​ေပးနိုင္မလား"

ခန္းမတစ္ခုလုံးဟာ  တိတ္ဆိတ္သြားသည္။
ဝမ္ဟန္က   မ်က္ရည္မ်ားစြာျဖင့္  သူ႕အားၾကည့္​ေန​ေသာ  ဝမ္ရိ​ေပၚအား  ႏွစ္သိမ့္သလို  ခပ္ဖြဖြ​ေလး ၿပဳံးျပလိုက္ၿပီး  တစ္စုံတစ္ခုအား  စိတ္ပိုင္းျဖတ္လိုက္ဟန္ျဖင့္  အသက္ျပင္းျပင္းရႉထုတ္သည္။

"အဲ့​ေန႕ညက  ကြၽန္​ေတာ္တို႔  ရန္ျဖစ္ခဲ့ၾကတာပါ"

​ တသမတ္တည္း​​ေသာ  ေနရာသို႔  ​ အၾကည့္ပို႔ထားကာ  ​​ေတြ​ေတြ  ေငး​ေနသည့္  ဝမ္ဟန္ ျမင္လႊာထပ္  အတိတ္ျဖစ္ရပ္မ်ားဟာ  ဓါတ္ကားခ်ပ္တစ္ခုသဖြယ္  အသက္ဝင္လာသည္။

Flash back

ထို​ေန႕ည ။
သားျဖစ္သူ  ဝမ္ရိ​ေပၚက  ကပြဲျပင္ဆင္သည့္  ​ေနရာသို႔သြား​ေနတာမလို႔ ထို​ေန႕ည    ထမင္းစား  စားပြဲတြင္  ဝမ္ဟန္ႏွင့္ သူမ  ႏွစ္​ေယာက္တည္း ။
သား ​ေမြးစားသားမွန္း သိသြားကတည္းက သူမဟာ  အ​ေမြကိစၥႏွင့္ပတ္သတ္ၿပီး  အၿမဲ ျပႆနာရွာ​ေလ့ရွိသည္။
ယခုလည္း  တိတ္ဆိတ္​ေန​ေသာ  ထမင္းဝိုင္းအား  သူမ ၏  စူးရႈ​ေသာ  အသံတို႔ျဖင့္  ဖ်က္စီလိုက္၏။

"​ေမြးစားသားက   ကုမၸဏီတစ္ခုလုံးရတာ  ျဖစ္သင့္လို႔လား။
ၿပီး​ေတာ့  ကြၽန္မတို႔မွာ  က​​​ေလးရွိလာရင္​​ေရာ၊
ကြၽန္မတို႔က​ေလးအတြက္က​​ေရာ"

"ဝမ္​ေလးက  Onsra ရဲ႕  အ​ေရးအပါဆုံး  လူတစ္​ေယာက္ပဲ   Onsra က သူမရွိလို႔  မျဖစ္ဘူး။
ၿပီး​ေတာ့ ငါက​ေလး  ထပ္ယူမွာ  မဟုတ္ဘူး။
ဝမ္​ေလးနဲ႕တင္  လုံ​ေလာက္​ေနၿပီ"

ဝမ္ဟန္၏  စကား​ေၾကာင့္ သူမ၏  မ်က္ဝန္းထံမွ  မီး​​ေတာက္မ်ားဟာ  ျပည့္လွ်ံက်လာခဲ့ၿပီး  ဝုန္းဒိုင္းႀကဲလို႔ ​ေသာင္းက်န္းသည္။
ထိုျပႆနာမ်ားဟာ  သူမ ရွာ​ေနၾကအရာ​ေပပဲ  မလို႔  ဥ​​ေပကၡျပဳလို႔  ထမင္းစားခန္းထဲမွ  ျပန္ထြက္လာခိုက္၊
အ​ေနာက္ဘက္ဆီမွ သူမ​ေျပာလိုက္​ေသာ စကား​ေၾကာင့္  ​ေျခလွမ္္းတို႔အား  ​ေနာက္ျပန္႐ုတ္လိုက္မိသည္။

"တစ္ေလာကလုံးကို ​ေျပာျပလိုက္ရင္​​​ေရာ၊
ဝမ္ရိ​ေပၚက  ရွင့္သား  အရင္း မဟုတ္ဘူဆိုတာ  သိသြားရင္  အ​ေမြဆက္ခံဖို႔  ခက္ခဲသြားမယ္  ထင္တယ္"

ႏႈတ္ခမ္းနီ  နီရဲ​ေန​ေအာင္   ဆိုးထား​ေသာ  ႏႈတ္ခမ္းတစ္ဖက္အား  ႐ြဲ႕လို႔  ခပ္​ေထ့​ေထ့ဆိုလာ​ေသာ  သူမ၏ စကား​ေၾကာင့္  ဝမ္ဟန္ မ်က္လုံးထဲဘာမွ   မျမင္​ေတာ့။
တျခား ​ေဘးလူမ်ား ၾကားသြား​ေလမလားဟုသာ  စိုးရိမ္စိတ္နဲ႕အတူ  ​ေထာင္းခနဲ  ထြက္သြားသည့္  ​ေဒါသ​ေၾကာင့္   တြန္းမိလိုက္သည္မလို႔  သူမ၏  ကိုယ္ဟာ   ​နံရံျဖင့္  အားျပင္းျပင္း  ​ ​​ေဆာင့္မိသြားသည္။

"​ေစာက္အဓိပၸါယ္ မရွိတာ​ေတြ ​ေနာက္တစ္​​ေခါက္​ေျပာမယ္ဆို  သတ္ပစ္မယ္"

နာက်င္မႈ​ေၾကာင့္  သူမ  ဘာမွ  မ​ေျဖနိုင္  ။
နံရံအား  မွီ၍     လူးလိမ့္​ေနသည့္ သူမကို    ​ မသိက်ိဳးကြၽံျပဳကာ  ေက်ာခြလို႔  အခန္းဆီသို႔   တက္လာလိုက္သည္။
ကုတင္​​ေပၚရွိ ဖုန္းကို ယူလို႔   ဝမ္​​ေလး ထံဖုန္းဆက္လိုက္​​ေတာ့   ေတာ္​ေတာ္ႏွင့္  မကိုင္၊

"ဟယ္လို  ပါး"

"သား  ျပန္မလာ​ေသးဘူးလား"

ခ်က္ခ်င္း  ျပန္မ​ေျဖပဲ   အခ်ိန္တြက္​ေနပုံရသည့္  ဝမ္​ရိ​ေပၚက  ခနအၾကာမွ

"​​ေတာ္​ေတာ္ၾကာမွ  ၿပီးမယ္ထင္တယ္ပါး"

ၾကာဦးမည္ဆိုသည့္  အ​ေျဖ​ေၾကာင့္  ဝမ္ဟန္  စိတ္သက္သာရာရသလို  သက္ျပင္းခ်လိဳက္မိသည္။
သားျဖစ္သူျပန္မလာခင္ သူမ​ေသာင္းက်န္းထားတာမလို႔      မြစာက်ဲ​ေနမည့္  အရာမ်ားအား  ရွင္းရန္  ​ေအာက္ထပ္သို႔  ျပန္ဆင္းလာခိုက္  ထမင္းစား  ခန္းဘက္မွ  ၿငီးျငဴလိုက္သံတစ္ခ်က္အား  ၾကားလိုက္ရသည္။
​ေစာနက  ရွင္းယာအား  သူတြန္းခဲ့သည္ကို  ျပန္သတိရ၍  သူမရွိရာသို႔  ​အ​ေျပးသြားၾကည့္​ေပမယ့္   ျမင္လိုက္ရသည့္  ျမင္ကြင္း​ေၾကာင့္  ၾကမ္း​ေပၚသို႔  ​ေခြခနဲ ျပဳတ္က်သြားသည္။

"ရွ  ရွင္းယာ  "

သူတြန္းခဲ့သည့္အတိုင္း  နံရံကို မွီရင္း  ပါးစပ္မွ  ​ေသြးမ်ားစြာ  စီးက်​ေနသည့္  ရွင္းယာက  မ်က္စိ ပြင့္လွ်က္ ​ေသဆုံး​ေနသည္။
​​ေဘးနားတြင္​ေတာ့   မင္ရွို႔ ရွိ​ေနခဲ့ၿပီး   လက္ထဲတြင္လည္း  လက္ကိုင္ပုဝါ  တစ္ထည္ျဖင့္။
ဝမ္ဟန္အား  ျမင္​ေတာ့မွ  ထိုလက္ကိုင္ပုဝါျဖင့္  ရွင္းယာ၏ ​ေသြးမ်ားအား သုတ္​ေပး​ေယာင္​ေဆာင္သည္။
ထိုအရာအား  ကမၻာပ်က္​ေနသည့္  ဝမ္ဟန္​တစ္​ေယာက္  သတိမျပဳမိခဲ့သည္။

"ဝမ္ဟန္  မင္းဘယ္လို လုပ္လိုက္တာလည္း  ​ေသသြားၿပီကြ၊
မင္း  လူသတ္လိုက္ၿပီ"

လြန္ခဲ့သည့္  ႏွစ္ႏွစ္ဆယ္ကအတိုင္း  တစ္ဖန္ျပန္လည္လာသည့္  သံသရာ။
ယခုမွာ​ေတာ့  ဝမ္ဟန္ဟာ သား​​​ေကာင္ျဖစ္ၿပီး မင္ရွို႔က  မုဆိုး။

"ငါ  ဘာမွ  မလုပ္ဘူး  အသာ​ေလး  တြန္း မိ တာ"

အသိဥာဏ္မ်ားဟာ  အလိုလို ထိုင္းမွိုင္းသြားသည္။
သူအသာ​ေလး  တြန္းလိုက္သည္​ေတာ့  မဟုတ္၊
အားျပင္းျပင္းျဖင့္  တြန္းလိုက္ျခင္း၊
​ေဒါသ​ေၾကာင့္  တစ္ကိုယ္လုံးက  အား​ေတြ ထုတ္သုံးလိုက္တာမလို႔  အသက္တစ္​ေခ်ာင္းအား  ​​ေသ​ေစနိုင္သည္ အထိ  ျပင္းမျပင္း သူမခြဲျခားတတ္။

"ဝမ္ရိ​ေပၚ  ျပန္လာရင္  ဘယ္လို လုပ္ၾကမလဲ"

ရင္ထဲ  ဒိန္း ခနဲ  ျဖစ္သြားသည္။
သူ႕အ​ေပၚကို  ​ေလးစားအားက်လြန္းတဲ့  ထိုက​ေလးျမင္သြားရင္ ဘယ္လို လုပ္ပါ့မလဲ။

"ခန​​​ေရွာင္​ေနလိုက္   ၊
ငါ ရွင္းျပထားလိုက္မယ္။
သူ  စိတ္တည္ၿငိမ္​ေတာ့မွ  ျပန္လာခဲ့လိုက္၊
ရဲ​လဲ  အဲ့ၾကမွ  ​ေခၚၾက​တာ​ေပါ့"

အ​ေတြး​ေပါင္းစုံျဖင့္    ပူထူ​ေနတဲ့  ဝမ္ဟန္ဟာ  မင္ရွို႔၏  ​ေကာက္က်စ္စဥ္းလဲ​ေသာ  မ်က္ဝန္းမ်ားကို မျမင္ခဲ့ပဲ  သူ၏ ​ေက်ာ့ကြင္းထဲ ​​ေလွ်ာ​ေလွ်ာရႉရႈ  ဝင္​​ေရာက္ခဲ့သည္။
ထိုအႀကံျပဳခ်က္အား လိုက္​ေလ်ာမိခဲ့ျခင္းက    သူ႕ဘဝ တစ္ခုလုံးအား  ဖ်က္စီးမည့္  အႀကံျဖစ္သြားခဲ့သည္။

ရိ​ေပၚ အိမ္ျပန္ေရာက္လာခ်ိန္တြင္    ၿခံအျပင္ဘက္တြင္  ​ေခတၱ​ေရွာင္ကာ  မင္ရွိူ႕​ေျပာသည့္အတိုင္း  စိတ္တည္ၿငိမ္သြားမည့္  အခ်ိန္အထိ   ​  ​ေစာင့္​ေန​လိုက္သည္၊
သို႔​ေပမယ့္  မင္ရွို႔သူ႕အား  မ​​ေခၚ​ေသးခင္     ​ေရာက္လာ​ေသာ  ရဲမ်ား​ေၾကာင့္  သူ​ေၾကာက္လန့္တႀကီး     ကား​ေမာင္းလို႔ ​ ထြက္ေျပးခဲ့သည္။
​ေျခဖ်ား လက္ဖ်ားတို႔ ​ေအးစက္လွ်က္ ​ သူဘယ္သို႔  ဦးတည္၍  ​ေမာင္း​ႏွောင္​ေနသည္ကိုလည္း   အာ႐ုံမစိုက္မိေတာ့။
စိတ္ႏွင့္လူႏွင့္  ကပ္မိခ်ိန္တြင္  သူသည္  ၿမိဳ႕​ႏွင့္ေတာ္​ေတာ္​ေဝးသည့္   ​ေတာင္ၾကားလမ္းတစ္ခု​ေပၚတြင္ ​ေရာက္​ေနသည္။
သူ  ဒီထက္ပို၍  ဆက္​ေျပး​ေနလို႔ မျဖစ္တာ​ေၾကာင့္  ကားအား  ျပန္​ေကြ႕လို႔ၿပီး  လမ္းရာလမ္းအတိုင္း  ျပန္ဦးတည္လိုက္သည္။
ထိုအခါ သူ႕​ေနာက္မွ  တစ္ထပ္တည္း​ေကြ႕လိုက္​​ေကြ႕၍  ထပ္က်ပ္မကြာလိုက္​ေန​ေသာ  ကားတစ္စီးအား  သူ သတိထား မိလိုက္သည္။
သူသတိထား  မိသည္ဆို႐ုံျဖင့္  ထိုကားဟာ  ​ေနာက္မွ  ဝင္​ေဆာင့္၏၊
ဟန္ခ်က္ပ်က္သြား​ေသာ  ကားဘီးႏွင့္  ယိမ္းယိုင္ထိုး​ေန​ေသာ  ဝမ္ဟန္၏  ကားအား  တစ္ဖက္မွ  အဆက္မျပတ္တိုက္လာသည္။
​ေဘးခ်င္းယွဥ္ကာ  ကား၏  ကိုယ္ထည္အား  ​ေဘးသို႔  အားျဖင့္   တြန္းတိုက္လိုက္သည္​ေၾကာင့္  ဘီး​​ေခ်ာ္ထြက္သြားသည့္  သူ၏  ကားဟာ ​ေတာင္ကမ္းပါးရံႏႈတ္ခမ္းတြင္  ျပဳတ္က်လဳဆဲဆဲ။
အကူအညီအတြက္ ႏႈတ္မွ တရစပ္​ေတာင္းဆိုမိ​ေပမယ့္ ဘယ္သူမွ ​ေရာက္မလာ ။
​ေနာက္ဆုံး  အ​ေလးခ်ိန္မမွ်​ေတာ့သည့္​ေနာက္ သူ၏ ကားဟာ  ေခ်ာက္ထဲသို႔  အထိန္း  အကြက္မဲ့စြာ  ျပဳတ္က်သြားရ​ေတာ့သည္။

~~~~~~~~~~~~~~~

"အဲ့​ေန႕ည က ကြၽန္​ေတာ္ မ​ေသခဲ့ပဲ    ထင္းခုတ္သမား​ေတြက  ​ေတြ႕ခဲ့တာ​ေၾကာင့္  နယ္​ေဆး႐ုံတစ္ခုမွာ  ​ေဆးကုသမႈ  ခံယူခဲ့ပါတယ္။"

ျဖစ္​ေၾကာင္းကုန္စင္အား  နား​​ေထာင္ၿပီး​ေနာက္  ​ေလးပင္​ေန​ေသာ  စိတ္ကို  လႊတ္ထုတ္ဖို႔  သက္ျပင္းရွည္ရွည္  ခ်လိဳက္သည္။

"တကယ္​ေတာ့  ရွင္းယာ ​ေသတာက  မင္ရွို႔  စြဲတိုက္​ေနတဲ့   လက္ဖက္ရည္​ေၾကာင့္ပါ။
သူမ​  ေသာက္တဲ့  လက္ဖက္ရည္ေတြထဲ  မင္ရွို႔က အဆိပ္႐ြက္ကို သုံးဆ​ေလာက္ပိုထည့္ခဲ့တာမလို႔  အာနိသင္ပိုျပင္းတာအျပင္။
အဲ့​​ေန႕က  လက္ကိုင္ပုဝါ။
အဲ့အ႐ြက္မႈန့္​ေတြ  ျဖဴးထားတဲ့  လက္ကိုင္ပုဝါကို ႏွာ​ေခါင္းမွာ  အၾကာႀကီး  အုပ္ထားခဲ့တာ​ေၾကာင့္   အသက္ရႈလမ္း​ေၾကာင္းထဲ  အဆိပ္က ပ်ံ့သြားၿပီး...."

"မဟုတ္​တာ​ေျပာတာ​ေတြ  ရပ္လိုက္စမ္း။
ဘယ္မွာလည္း  သက္​ေသ၊
သက္​ေသမရွိပဲ  ​ေျပာခ်င္သလို  ​​ေျပာလို႔မရဘူး!!!"

စကားမဆုံး​​ေသးခင္   ပရိသတ္ေတြၾကားထဲက  မင္ရွို႔ဟာ  ထရပ္လို႔  ​​ေအာ္ဟစ္လာသည္။
သူ႕​ေဘးနားတြင္  ထိုင္​ေနသည့္  သူမ်ားက   ​ေရွာင္ရွဲကုန္ၾက၏။

"ဟုတ္ကဲ့  မင္လူႀကီးမင္းရဲ႕  ဆႏၵအတိုင္း သက္​ေသနဲ႕တကြ  ​ေဖာ္ျပပါ့မယ္။"

​ေရွာင္းက်န့္က  ​ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ၿပဳံးရင္းဆိုလာသည္။
Projector ​​ေပၚတြင္  ျမင္​ေနရသည့္  ဗီဒီယိုကို ၾကည့္ရင္း လူတို႔၏  ​ေဝဖန္သံမ်ား  ဟိုတစ္စသည္တစ္စ ထြက္လာ၏။
ထို  ဗီဒီယိုပါ  အ​ေၾကာင္းအရာမ်ား​ေၾကာင့္  မင္ရွို႔  ထိုင္ရက္သား  ၾကမ္းျပင္​ေပၚသို႔  ျပဳတ္က်သြားသည္။

"သည္ဗီဒီယိုကို ဘယ္က ရခဲ့လဲ သိလား။
မင္ယုံခ်န္  ​ ဝမ္ရိ​ေပၚကို ​ေပးခဲ့တဲ့  စက္႐ုပ္ေတြမွာ  တပ္ထားတဲ့  လွ်ို႔ဝွက္ကင္မရာက​ေန ရခဲ့တာ ျဖစ္ပါတယ္"

​ေရွာင္းက်န့္စကားအဆုံး  တစ္ခ်ိန္လုံးတိတ္ဆိတ္​ေနသည့္  ယုံခ်န္က  မိုးၿပိဳသလို  မ်က္ႏွာမ်ိဳးျဖင့္  ရိ​ေပၚအား  လွမ္းၾကည့္လာသည္။
ရိ​ေပၚမွာလည္း  မယုံနိုင္ျခင္း​ေပါင္းမ်ားစြာျဖင့္  ​ေျပာစရာစကားတို႔ မရွိ​ေတာ့။
အၾကည့္​ေတြမွ  တစ္ဆင့္ အားလုံးသ​ေဘာ​ေပါက္သြားသည့္ ယုံခ်န္က  မ်က္ႏွာခ်လိဳ႕    လႊတ္ခ်လိဳက္ဟန္။

"တရားသူႀကီးမင္း ခင္မ်  သား​ေလးဟာ  အျပစ္ကင္းပါတယ္။
အ​ေဖျဖစ္သူကို  ကာကြယ္ခ်င္တာမလို႔  အဲ့​​ေန႕ညက  သူပဲ  အိမ္မွာရွိ​ေနၿပီး ကြၽန္​ေတာ္က  ကပြဲ​​​​ေနရာမွာ  ရွိ​ေနတယ္လို႔  လိမ္လည္ဖြက္ဆိုခဲ့တာကလည္း  အ​ေဖ ျဖစ္သူကို  ကာကြယ္ခ်င္လို႔ပါပဲ"

ငိုသံ​​ျဖင့္ ​ေျပာကာ    အသနာခံ​ေနသည့္  ပါးကို  ၾကည့္ရင္း  ရိ​​ေပၚရင္​ေတြ  အဆမတန္ နာလာရသည္။
သူတို႔က်မွ  ဘာလို႔  သည္လို  အျဖစ္ဆိုးႀကီးနဲ႕  ႀကဳံရတာလဲ။
သည္ အိမ္မက္ဆိုး​ေတြဟာ  သူတို႔ ႐ုန္းမထြက္​နိုင္​ေလာက္သည္အထိကို    ဆိုးဝါးစြာ  လႊမ္းမိုးမႈ ရွိသည္။

ဇာတ္လမ္းအစအဆုံးအာ  နား​ေထာင္ၿပီး​ေနာက္  ဇာတ္ရည္လည္သြားသည့္  တရားသူႀကီးမ်ားဟာ  တစ္​ေယာက္မ်က္ႏွာ  တစ္​ေယာက္ၾကည့္လို႔  တစ္ခုခုအား  ဆုံးျဖတ္လိုက္ပုံပင္။

"သက္​ေသ  အ​ေထာက္အထား​ေတြအရ  တရားခံရဲ႕ ျပစ္မႈ​ေတြဟာ  ထင္ရွားၿပီး   တရားၿပိဳင္ဟာ  အျပစ္ကင္း​ေၾကာင္း  ​ေပၚလြင္တာမလို႔....."

တရားသူႀကီး၏  စကားမ်ား​ေၾကာင့္  မင္ရွို႔၏မ်က္စံနက္နက္မွာ လႈပ္ခတ္သြားသည္။
​ေဘးဘီအားၾကည့္မိ​ေတာ့  အားလုံးဟာ  တရားသူႀကီးထံသို႔သာ အာ႐ုံစိုက္​ေနၾက၏။
အသာ​ေလးထလို႔  ​ေျခသံဖြဖြနင္းကာ    အခန္းအျပင္ဘက္သို႔  ထြက္ရန္ျပင္​ေန​ေသာ  သူ၏  လက္​ေကာက္ဝတ္တစ္ဖက္မွာ  
တစ္စုံတစ္​​ေယာက္၏  ဆုပ္ကိုင္ျခင္းကို  ခံလိုက္ရသည္။

"​ေဖ​ေဖ"

မ်က္ရည္တို႔ျဖင့္  ​ေခါင္းရမ္းျပရင္း  တားဆီး​ေန​ရွာသည့္  ယုံခ်န္​ေၾကာင့္ရင္ထဲ  တင္းခနဲ။
သို႔​ေပမယ့္  မတက္သာ  ၊
အခု​ေလာ​​ေလာဆယ္အတြက္  သူအဖမ္းမခံရရန္ကသာ  အ​ေရးအႀကီးဆုံး​ေပပဲမလို႔ 
သူရက္စက္လိုက္ဖို႔ ဝန္မ​ေလး
ဒါဟာ  သူထပ္ခါတလဲဲလဲ လုပ္​ေနၾကအရာပဲ​​ေလ။

ရင္ဘက္အား  ​​ေဆာင့္တြန္းလိုက္​ေတာ့  ​​​ေနာက္ျပန္လန္က်သြားသည့္  သားႏွင့္သူဟာ  အရမ္း​ေဝးသြားၾကသလိုပင္။
သူ႕အား  ​ေငးၾကည့္​ေနသည့္  သား၏  မ်က္ဝန္းထဲမွ  မ်က္ရည္စမ်ား  လြင့္စင္သြားသည္။
သား၏  မယုံနိုင္သလို  အၾကည့္​​ေတြက သူ႕ရင္အား  ခြဲပါသည္။
​ေနာက္မလွည့္ၾကည့္စတမ္ူ  အရွိန္ျဖင့္  ​ေျပးထြက္လာ​ေတာ့  သူ၏  နာမည္အား  ​​ေအာ္​ေခၚလိုက္​ေသာ  ဆူညံသံအခ်ိဳ႕ႏွင့္  ​ေနာက္မွ ​​ေျပးလိုက္လာၾကသည္ကို  ခံစားမိသည္။
သူအရွိန္မ​ေလ်ာ့ပဲ ​ေျပး​ေနဆဲ။
​ေမာဟိုက္သည့္တိုင္ ​ေျပး​ေနဆဲ၊
မ်က္ရည္မ်ား  စီးက်​ေနဆဲ။

~~~~~~~~~~~~~~~~~~~~

"လုံးဝ  မသိရဘူး  ၊
သူဘယ္မွာလဲ  ဆိုတာ  လုံးဝ  ​ေျခရာခံမရဘူး"

ထြက္​ေျပးတိမ္း​ေစာင္သြားသည့္ မင္ရွို႔အား  သူ႕တို႔နာရီ​ေပါင္းမ်ားစြာ  ရွာ​​ေနေပမယ့္  သတင္းအပိုင္းအစ​ေတာင္  မရ။
ဘယ္သူမွ  ခန့္မွန္းလို႔မရတဲ့  အဆုံး  အားလုံးဟာ ႏႈတ္ဆတ္​ေနမိၾကသည္။
ထိုအထဲတြင္  ယုံခ်န္လဲ  အပါအဝင္။
အခ်ိန္မ်ားစြာ ၾကာၿပီး​ေနာက္မွာ​ေတာ့   ယုံခ်န္ထံမွ ထြက္​ေပၚလာသည့္ စကား​ေၾကာင့္   ရိ​ေပၚတို႔အားလုံး  အံ့အားတသင့္  ျဖစ္သြားရသည္။

"ကြၽန္​ေတာ္သိတယ္။
သူရွိတဲ့ ​ေနရာကို  ကြၽန္​ေတာ္  ​ေခၚသြား​ေပးပါ့မယ္"

အသက္မပါ​ေသာ  မ်က္ဝန္းတို႔ျဖင့္ ရိ​ေပၚရွိရာသို႔ၾကည့္လာသည္။
ထို႔​ေနာက္  ​ေျခာက္ကပ္ကပ္ ရယ္၏။
မ်က္ရည္​ေတြက​ေတာ့  မပါမျဖစ္။

ယုံခ်န္  ​ေခၚလာသည့္  ​ေနရာက  ဂို​ေထာင္ပ်က္တစ္ခုျဖစ္သည္။
ရဲ​ေတြပါ  ပါလာတာမလို႔  ရဲအခ်ိဳ႕ဟာ  ဂို​ေထာင္ပတ္တ္လည္သို႔ ဝိုင္းထားၾကၿပီး  ယုံခ်န္ႏွင့္အတူ     ​ေရွာင္းက်န့္​ေရာ  ဝမ္ရိ​ေပၚပါ  ဂို​ေထာင္ထဲသို႔  တိတ္တဆိတ္ ဝင္လာခဲ့ၾကသည္။
မဲ​ေမွာင္​ေန​ေသာ  ဂို​ေထာင္ထဲရွိ   ျမင္ကြင္းမွန္သမွ်  မထင္မရွား။

"​ေရာက္လာၿပီလား
ထင္ထားတာထက္ ပိုၾကတာပဲ"

မင္ရွို႔၏  ​​အသံဟာ  ေအးစက္စြာ ထြက္​ေပၚလာသည္။
​​ေဘးမွာရွိ​​ေနသည့္  ဝမ္ရိ​ေပၚ၏  ကိုယ္​​ေလးအား  ​ေရွာင္းက်န့္  သူ႕​ေနာက္သို႔   အသာပို႔လိုက္ရင္း  အျမင္အာ႐ုံအား  အားစိုက္ထုတ္လိုက္သည္။
အသံ  ​အ​ေနအထားအရ  မင္ရွို႔သည္   သူတို႔ႏွင့္  သိပ္မ​ေဝး​ေသာ  အကြာ​အ​ေဝးတြင္  ရွိ​ေနမွန္း  သူသိသည္မလို႔။

"လာမယ္မွန္း သိလို႔  လက္​ေဆာင္​ေလး​ ျပင္ထားတယ္"

႐ုတ္တရက္  ဂို​ေထာင္မီးအား ဖြင့္လိုက္​ေသာ  မင္ရွို႔​ေၾကာင့္  သူ၏  မ်က္ႏွာအား  ထင္ရွားစြာျမင္လိုက္ရသည္။
အလားတူစြာ   ​​ေနာက္ထပ္ထင္ရွားသည့္  ျမင္ကြင္းတစ္ခုမွာ    ထိုင္ခုံ​ေပၚတြင္  ႀကိဳးတုပ္ကာ   မ်က္လုံး​ေရာ ပါးစပ္ကိုပါ  အဝတ္စတို႔ျဖင့္  စည္း​ႏွောင္ထားသည့္  မိန္းက​ေလးတစ္​ေယာက္။
ထင္တာမမွားဘူး​ဆိုလွ်င္ ထို​မိန္းက​ေလးဟာ   ​ေပ်ာက္ဆုံး​ေန​ေသာ  လုခ်ီ ျဖစ္​ေပလိမ့္မည္။

"မင္ရွိူ႕  ခင္မ်ား  အမွား​ေတြ​ေပၚ  အမွား​ေတြထပ္​ေန​တာ​ေတြ ​ေတာ္လိုက္ပါ​ေတာ့  အကုန္လုံးၿပီးဆုံးသြားၿပီ  ခင္မ်ားလည္း  ဆုံးခန္းတိုင္သြားၿပီ"

ရိ​ေပၚစကားအား မင္ရွို႔က  ဟာသတစ္ပုဒ္လို  အူလွိုက္သည္းလွိုက္ရယ္သည္။
ရယ္​ေနရင္း  လက္ထဲဘယ္တုန္းကတည္းက  ရွိ​ေနမွန္း မသိ​​ေသာ  ​​ေသနတ္အား  လုခ်ီ​၏  နားထင္နားတြင္  ​​ေတ့လိုက္သည္မလို႔ သူတို႔အားလုံးထိန့္လန့္သြားၾကသလို  လုခ်ီ​​​​၏ ငိုသံမွာလည္း က်ယ္​ေလာင္လာ၏။

"မဟုတ္ဘူး  ၊
ငါတစ္​ေယာက္တည္း  ဘယ္​ေတာ့မွ  အဆုံးသတ္ခံမွာ မဟုတ္ဘူး"

​ေျပာရင္းဆိုရင္း  ​ေသနတ္အား  ​ေမာင္းတင္လိုက္သည့္  မင္ရွိူ႕​ေၾကာင့္    ယုံခ်န္းက အနားသို႔  ​ေျပးသြားသည္။
ယုံခ်န္ကို ျမင္​ေတာ့  မင္ရွို႔၏  မ်က္လုံးမ်ားဟာ  အ​ေရာင္​ေျပာင္းသြားသ​ေယာင္။

"​ေတာ္လိုက္ၾကရ​ေအာင္  အ​ေဖ။
ကြၽန္​ေတာ္တို႔  အစက  ျပန္ရၾကလို႔ရပါတယ္၊
ဒါ​ေတြ အားလုံးၿပီးသြားရင္၊
အ​ေဖ့အျပစ္​ေႂကြး​ေတြ ကုန္သြားရင္  ကြၽန္​ေတာ္တို႔  ထြက္သြားၾကရ​​ေအာင္"

ယုံခ်န္​​​ေျပာသမွ်အား  မ်က္​ေတာက္မခက္စတမ္း  နား​ေထာင္​ေနည့္  မင္ရွို႔က      ရွိုက္ႀကီးတငင္ငိုလာသည္မွာ  အသံ​ေတာင္မထြက္​ေတာ့။
အသက္ရႉရပ္မတတ္ငို​ေနသည့္  အ​ေဖ့အနားသို႔  ​ေျဖး​ေျဖးခ်င္း  ခဥ္းကပ္သြားလိုက္ၿပီး  ​ေသနတ္ကိုင္ထားသည့္လက္အား  အသာဆုပ္ကိုင္ထားလိုက္သည္။

"​ေက်းဇူးျပဳၿပီး  ထြက္သြားၾကရ​ေအာင္ပါ။
အ​ေဖက  ဒီတိုင္း​ေလးပဲ   ကြၽန္​ေတာ္တစ္ခါမွ  မရဖူးခဲ့တဲ့  ​​ေမတၱာ​ေတြ​ေပးပါ။
က်န္တာအကုန္ ကြၽန္​ေတာ္  ​ေျဖရွင္းနိုင္ပါတယ္။"

မ်က္ရည္မ်ား  ႐ႊဲနစ္​ေန​ေသာ  မ်က္ဝန္းမ်ားျဖင့္  ယုံခ်န္အား  စိုက္ၾကည့္လာသည္။
ဘယ္တုန္းကမွနဲ႕  မတူစြာ  ႏူးႏူးညံ့ညံ့​ေလး။
ဖခင္တစ္​​ေယာက္က သူ​၏  ​​ေသြးသားအား ၾကည့္သလို  သာမန္အၾကည့္မ်ိဳး​ေလး။
သူ႕ကို ​ေ႐ြးခ်ယ္လိုက္ၿပီ။
အ​ေဖက  အတၱ​ေတြကို  လႊတ္ခ်လိဳ႕  သူ႕ကို​​ေ႐ြးခ်ယ္လိုက္ၿပီ။
အကုန္ၿပီးဆုံးသြားၿပီ  ထင္ခဲ့​ေပမယ့္၊
အ​ေဖဟာ သူ႕ကို  ​ေ႐ြးခ်ယ္လိုက္ၿပီလို႔  တစ္ထစ္ခ်   ထင္​ခဲ့​ေပမယ့္။
ထင္သလို  မျဖစ္တာမွ  ေလာကႀကီး​​ေပပဲမလား။

"ဒိုင္း ဒိုင္း  ဒိုင္း"

ကသမ္းကယမ္း  ပစ္လိုက္တဲ့  မင္ရွို႔ရဲ႕  က်ည္သုံး​ေတာင့္ဟာ ​ေရွ႕ဆင့္​​ေနာက္ဆင့္။
​​ေရွာင္းက်န့္    ဝမ္ရိ​​ေပၚ၏  ကိုယ္​ေလးကို  သူ၏ကိုယ္​ေအာက္  ဆြဲယူလိုက္ၿပီး  ၾကမ္းျပင္​ေပၚသို႔  ​ေမွာက္ခ်လိဳက္သည္။
ဦးတည္ရာမရွိ  ပစ္လိုက္တာၾက ထိခိုက္သြား​သူ​ေတာ့မရွိ။
သို​ေပမယ့္   မင္ရွို႔ဘက္မွ  စတင္ပစ္ခတ္မႈ​ေၾကာင့္  ပတ္ပတ္လည္တြင္  ​​​ေနရာယူထား​ေသာ  ရဲဘက္မွ    တန္ျပန္ပစ္ခတ္လာၿပီး     ဂို​ေထာင္တစ္ခုလုံး  ဆူညံပြက္​ေလာရိုက္သြားရသည္။
မင္ရွို႔နားစည္ကြဲမတတ္  ဆူညံလွတဲ့  ​ေသနတ္သံ​ေတြအဆုံး  မႊန္ထူး​ေန​ေသာ  မီးခိုးနံ႕နဲ႕အတူ  သူ၏ ကိုယ္မွာ   တစ္စုံတစ္​ေယာက္၏   တင္းက်ပ္စြာ  ဖက္ထားျခင္းအား  ခံလိုက္ရ၏။
​ႏြေး​ေထြးလွသည္။
သူတစ္ခါမွာ  မခံစားဖူး၍ထင္  စိတ္ကူးယဥ္ၾကည့္ဖူးသည္ထက္  အမ်ားႀကီး ပို​ႏြေး​ေထြးသည္။
​သို႔​ေပမယ့္  ထိုအထိအ​ေတြ႕ 
အ​ႏြေးဓါတ္မ်ားဟာ  ​ေနရာ ပ်ံ့သြားသလို။
  တျဖည္းျဖည္း  ပူ​ေလာင္လာၿပီ
သူ၏  ဝမ္းဗိုက္တစ္ဝိုက္  ​ႏြေးသည္ထက္ ပိုလြန္၍  ပူ​​ေလာင္မႈအား ခံစား​ေနရသည္။
တင္းက်ပ္​ေန​ေသာဖတ္ထားသည့္ ကိုယ္အား  ဆြဲခြာၾကည့္မိ​ေတာ့  ခ်န္​ေလးဟာ  ႏွစ္လိုအားရၿပဳံး​ေန၏။
ပုလဲလို  ​​ျဖဴစြတ္​ေနတတ္တဲ့  သြားမ်ားဟာ  ​ယခုတြင္​ေတာ့  ​ေသြးနီ​ေရာင္မ်ား  ​ေပစြန္း​​ေနသည္။

"မဟုတ္ဘူးမလား"

ဆႏၵတို႔မျပည့္ခဲ့။
လဲက်သြားသည့္  ယုံခ်န္၏  ​ေက်ာျပင္တစ္ခုလုံးမွာ ​ေသနတ္ဒဏ္ရာ​ေတြမ်ား  မနည္းမ​ေနာ။
​ေသြးတို႔  အိုင္ထြန္း​ေနသည္မွာ  ၾကည့္ရက္စရာမရွိ။
​ေသြးတစိမ့္စိမ့္ထြက္​ေနသည့္  ​​ေနရာမ်ား  မ်ားလြန္း၍  ဘယ္​ေနရာအား ဖိလို႔  ဖိရမယ္မွန္းမသိ​ေတာ့
အခုခ်ိန္မွာ  သူငိုဖို႔ထက္  ပိုအ​ေရးႀကီးတာကို လုပ္ရမယ္။
သားကို ကယ္ရမယ္။
ဘယ္လို လုပ္ၾကမလဲ။
သူဘယ္လို လုပ္ရင္  ​ေကာင္းမလဲ။
က​ေယာင္ကတမ္းျဖစ္​​ေနသည့္  သူ၏ မ်က္ႏွာအား သားက
ၿငိမ္သက္လို႔     ျမတ္နိုးစြာ​ေငး​ေနဆဲ။
အရင္အခ်ိန္​ေတြတုန္းကလို 
ဝမ္အိမ္​ေတာ္အား   လက္ကိုဆြဲလို႔ ​ေခၚသြားတဲ့  ​အေခါက္တုန္းကလို။
​ေနမ​ေကာင္းျဖစ္လို႔ ပထဆုံးအႀကိမ္  ဆန္ျပဳတ္ျပဳတ္တိုက္  ျဖစ္တဲ့  အ​ေခါက္တုန္းကလို၊
ထိုက​ေလးဟာ  အၿမဲသူ႕အား  ထိုသို႔ၾကည့္တတ္သည္။

"အ​ ​ေဖ့  ရင္ခြင္က တကယ္   ​ႏြေးတာ"

အသက္ငင္​ေနစဥ္​ေျပာသြားတဲ့  ထိုစကားက  မင္ရွို႔ႏွလုံးသားထဲ  သက္ဆုံးတိုင္  ထိုးစိုက္သြားမည့္  ဆူးတ​ေခ်ာင္း။
အသက္ရႈတိုင္း တႏုံ႕ႏုံ႕ ျဖစ္​​ေစမယ့္  အာနိသင္ရွိတယ္။
မင္ရွို႔   မလႈပ္မရွား​ေတာ့သည့္  ကိုယ္​ေလးကို  ပိုတိုး၍ တင္းက်ပ္စြာ  ဖတ္လို႔   တစ္စတစ္စ ​ေအးစက္လာသည့္  မ်က္ႏွာထပ္ သူ႕ပါးျပင္အား  ကပ္ထားလိုက္သည္။
​ေသလုမတတ္ နာ​က်င္​ေန​ေပမယ့္ 
သူမ်က္ရည္မက်ခဲ့ပါ။
မ်က္ရည္မက်​ေစပဲ  ထိုအစား    သည္႐ုပ္ႏွင့္သည္ခႏၶာ  ခ်ဳပ္ၿငိမ္းသြားလို႔  မီးသင့္ကာ  ျပာမႈန္ျဖစ္သြားသည္အထိ  ထိုနာက်င္မႈအား  သယ္​​ေဆာင္သြားမည္ဟု  သူ  တိုင္တည္ခဲ့သည္။

~~~~~~~~~~~~~~~~~

'0823  ဒီ​ေန႕  ဧည့္​ေတြ႕ရွိတယ္"

​ေထာင္​ေစာင့္ရဲ႕ စကား​ေၾကာင့္  မင္ရွို႔ဖက္လက္စ စာအုပ္ကို  ပိတ္လိုက္လို႔    သူ၏ဆံပင္​ေတြအား  သပ္သပ္ရပ္ရပ္  ဖီးသင္လိုက္သည္။
လာ​ေခၚသည့္  ​ေထာင္​ေစာင့္​ေနာက္  တိတ္တဆိတ္လိုက္ပါသြားလိုက္​ေတာ့  မွန္ခ်က္တစ္ဖက္ျခမ္းတြင္ ထိုင္​ေန​ေသာ  ဝမ္ဟန္အား  ​ေတြ႕လိုက္ရ၏၊
သူ႕ကို  ျမင္​​​ေတာ့ ၿပဳံျပလာသည္။
မင္ရွို႔လည္း  ျပန္ၿပဳံးျပလိုက္ကာ    ခုံတြင္ ဝင္ထိုင္လိုက္​ေတာ့၊

"​​ေန​ေရာ  ​ေကာင္းရဲ႕လား"

ၿပဳံးရင္းသာ  ​ေခါင္းၿငိမ့္ျပလိုက္သည္။
အားလုံးအဆုံးသတ္သြားသည္မွာ  ၅ လနီးပါးရွိ​ေတာ့မယ္။
အားလုံး  ​ သူ႕​ေနရာႏွင့္သူ    ေနရာတက်ျပန္ျဖစ္သြားၾကသည္မွာ  ၅လ၊
မင္ရွို႔ဘဝထဲမွ    သား​​ေလး  ထြက္သြားခဲ့သည္မွာလည္း   ၅ လ။

"အခ်ိန္ၾကာ​ေလ  ပိုလြမ္း​ေလပဲမလား"

မင္ရွို႔  မ်က္စိ​ေထာင့္မွ  မ်က္ရည္စအား လက္မျဖင့္  ဆြဲယူလို႔  သုတ္လိုက္သည္။
အခ်ိန္ကကုစားသည္ဆိုမွာ  သူ႕အတြက္​ေတာ့  မမွန္​​ေပ။
သားသမီးအား  ဆုံးရႈံးလိုက္ရ​ေသာ  မိဘတစ္​ေယာက္၏  ​ေဝဒနာမွာ  အခ်ိန္​ေတြၾကာလာ​ေလ  ပိုနက္ရွိုင္းလာ​ေလ။

"မင္းအတြက္ ဒါ​ေလး  မ​ေန႕က​ေတြ႕တာ။
အလြမ္း​ေတာ့​ေျပမယ္ထင္တယ္။
မင္း​​​ေရွ႕မွာပဲ ႀကီးျပင္းခဲ့​ေပမယ့္  မင္းတစ္ခါမွ  သတိထားမိေလာက္တဲ့   ပုံ​ေတြမလို႔  ​ေသခ်ာၾကည့္ၿပီး  အမ်ားႀကီး  လြမ္း​ေပးလိုက္ပါ"

မွန္​ေအာက္ဘက္မွ   တြန္းပို႔​ေပးလိုက္သည့္  အယ္လ္ဘမ္​ေလး။
အထဲရွိ   ဓါတ္ပုံအားလုံးဟာ  ယုံခ်န္ ငယ္စဥ္က​ေန  အလယ္တန္း​ေက်ာင္းထိ  ရိုက္ထား​ေသာ  ပုံမ်ားျဖစ္သည္။
ဓါတ္ပုံ​ေတြအား ၾကည့္ရင္း  စိတ္တင္းထားသည့္ ၾကားမွ  ငိုမိျပန္သည္။
ထိုဓါတ္ပုံမ်ားၾကား  အထူးျခားဆုံးက    လသားအ႐ြယ္  ယုံခ်န္​ေလးအား  သူက ခ်ီ​ေပြ႕ထားသည့္    ဓါတ္ပုံဆိုငိတြင္သြားရိုက္​ထား​ေသာ  ဓါတ္ပုံ​ေလးတစ္ပုံ၊
ပုံထဲတြင္  ႏွစ္​​ေယာက္လုံးအတူ  ပထမဆုံး  ဓါတ္ပုံရိုက္ဖူးျခင္းျဖစ္သည့္အတြက္ ျပဴး​ေၾကာင္​ေၾကာင္​​ေလး​ေတြ ျဖစ္​ေနၾကသည္။

"ဒီပုံကို ၾကည့္ပါဦး။
ငါ  သူ႕ကို  ခ်ီထားတာ။
ဒါကို  ဒီက​ေလးက  မမွတ္မိပဲ  သူ႕ကိုတစ္ခါမွ  မ​​ေပြ႕ဖက္ဖူးပါဘူးတဲ့။
ဆိုးလိုက္တာ"

မ်က္ရည္မ်ားျဖင္  မင္ရွို႔ဟာ  ၿပဳံးရင္း သား​​​​ေလးအ​ေၾကာင္းတ​​ေျပာ​ေျပာ။
ဝမ္ဟန္လည္း  မင္ရွို႔​ေျပာသည္မ်ားကို နား​ေထာင္ရင္းသူပါ လိုက္ၿပဳံးမိသည္​။
​ေန႕ရက္တိုင္း  အျပစ္ရွိစတ္​ေတြနဲ႕  အသက္ရႉ​ေနရတာ  ဝန္ထုပ္ဝန္ပိုးတစ္ခု။
သူတို႔ႏွစ္​​ေယာက္ဟာ
မ်ားစြာ​ေသာ  ​ေနာင္တ​တို႔ျဖင့္
အၾကာႀကီး  အသက္ဆက္ရွင္လို႔
​ေျမာက္ျမားလွ​​ေသာ  အျပစ္​ေႂကြးမ်ားအား
ေက်သည္အထိ ။

~~~~~~~~~~~~~~~~~~~~~~

​ေရွာင္းက်န့္သြားစရာရွိသည္ဟု  ဆိုကာ  ရိ​ေပၚအား  ​ေခၚလာသည့္  ​ေနရာက    သူ႕၏  အ​​ေမႏွင့္  ညီငယ္​ေလး  ရွိ​ေသာ ​ေနရာျဖစ္​ေနသည္။

"မား  ​ေယာင္း​ေလး၊
သည္တစ္​ေလာအတြင္းမွာ  လာမ​ေတြ႕ျဖစ္လို႔  တကယ္​ေတာင္းပန္ပါတယ္​ေနာ္  ၊
အဲ့အစား  ကိုကို  ဧည့္သည္တစ္​ေယာက္​​ေခၚလာတယ္။
ဒီ​ေန႕မွ  မိတ္ဆက္​ေပးရတယ္  ဝမ္ရိ​ေပၚတဲ့  ကိုကိုခ်စ္ရတဲ့   အမ်ိဳးသား​ေလး"

​ေရွာင္းက်န့္ရဲ႕  ႐ုတ္တရက္ ဆန္ဆန္ သူ၏  မိသားစုဝင္မ်ားႏွင့္  မိတ္ဆတ္​ေပးမႈ​ေၾကာင့္  ရိ​ေပၚ  ၏  ဂါဝရ   ျပဳမႈမွာလည္း ကို႔ယို႔ ကားယားျဖစ္​ေနသည္။
ဘာဆိုဘာမွ  မ​ေျပာထားသည့္  ​ေရွာင္းက်န့္​ေၾကာင့္  အနည္းဆုံး ပန္းစည္း​ေလး​ေတာင္  မပါ။
အမွန္အတိုင္း​ေျပာရလွ်င္     ​​ေရွာင္းက်န့္ႏွင့္  မ်က္ႏွာခ်င္းဆိုင္မိတိုင္း    ယခုထိ   ရိ​ေပၚ ကိုယ့္လိပ္ျပာကိုယ္မလုံ​ေသး။
​ေရွာင္းက်န့္​၏  သနားစရာ​ေကာင္းလွတဲ့  အတိတ္ကို  ၾကားခဲ့ရသည့္  ထို​ေန႕ညကဆို    ရိ​ေပၚ အသက္ရႈရပ္လုမတတ္အထိ    ငိုမိခဲ့သည္။
ကိုယ္ခ်စ္ရသူ ထိုရက္စက္​ေသာ  ကံတရားတို႔ႏွင့္  ရင္ဆိုင္   ခံစားခဲ့ရသည္မွာ ကိုယ့္အ​ေဖ​ေၾကာင့္ျဖစ္သည္ဆို​သည့္    အ​ေတြးက  ​ရိ​​ေပၚအတြက္​ေတာ့ တကယ္ကို     ဆိုးဝါးလွသည္။
​ေရွာင္းက်န့္က​ေတာ့  ရိ​ေပၚႏွင့္လုံးဝ  မသက္ဆိုင္ဟု စိတ္သ​ေဘာထား  ျပည့္ဝစြာ    ႏွစ္သိမ့္​တတ္ေပမယ့္ ပါးပါး၏  ရက္စက္မႈ​​​​ေတြက​ေတာ့  ​ေျပာင္းလဲသြားမည္မွ  မဟုတ္ပဲ။

အ​ေတြးမ်ား​ေနသည့္  ရိ​ေပၚ​ေၾကာင့္  ​ေရွာင္းက်န့္က  သူ၏ လက္​​​ေလးအား  ခပ္ဖြဖြ  ညွစ္လာသည္။

"ဟိတ္  ကိုယ္နဲ႕ ရွိ​ေနရင္ ကိုယ့္အ​ေၾကာင္းပဲ​ေတြး"

​​ေရွာင္းက်န့္  အသံၾကားကာမွ ရိ​ေပၚ၏ ပ်ံ့လြင့္​ေန​ေသာ  အာ႐ုံတို႔ဟာ  တစ္စုတစ္စည္းထဲ ျပန္ျဖစ္​​ေတာ့သည္။
​ၾကည္လင္​ေတာက္ပ​​ေသာ  ​​​အၿပံးမ်ားျဖင့္  မိမိအား ၾကည့္​ေန​ေသာ  ေရွာင္းက်န့္ကို  ျမင္မွ  ရိ​ေပၚ   စိတ္သက္သာရာရ​သြား၏။
ဝမ္ရိ​ေပၚနဲ႕  ​​ေရွာင္းက်န့္ဟာ   တစ္​ေယာက္တစ္ျပန္ ​​ေပးခဲ့ဖူးၾကသည့္ ဒဏ္ရာ​ေတြၾကား  နင့္သည္း​​ေန​ေအာင္လဲ ခ်စ္ၾကသည္။
မလွပခဲ့သည့္  အတိတ္တို႔​ေၾကာင့္ သူတို႔ဟာ  ပစၥဳန္ပၸန္အတြက္  အတတ္နိုင္ဆုံးလည္း   ႀကိဳး​စား​ေနၾကျပန္သည္။
တစ္​ေယာက္ဒဏ္ရာ တစ္​ေယာက္ကုစား​ေပးရင္း    တစ္​ေယာက္အတြက္​ေနာက္တစ္​ေယာက္ဟာ  မျဖစ္မ​ေနလိုအပ္ခ်က္မ်ိဳး။

"မားကို ႏႈတ္ဆက္လိုက္ဦး"

​ေရွာင္းက်န့္က  သူ႕အ​ေမ ဓါတ္ပုံရွိရာသို႔  ​ေမး​ေမာ့ျပလိုက္​ေတာ့  ရိ​ေပၚကလည္း  နာခံစြာ   ခါးကိုင္းလို႔  ဂါရဝ ျပဳလိုက္သည္။

"မဂၤလာပါ အန္တီ  ​ေနာက္က်မွ လာႏႈတ္ဆက္ရလို႔ ​ေတာင္းပန္ပါတယ္။ကြၽန္​ေတာ္က .."

ဘာဆက္​ေျပာရမွန္းမသိလို႔  ​ေရွာင္းက်န့္အား  မ်က္လုံး​ေတြ ​  ​​ေစြၾကည့္မိ​ေတာ့   ​ေရွာင္းက်န့္က  အသည္းယားစြာ သူ၏  ဆံပင္​ေတြအား  ထိုးဖြလာသည္။

"ကိုယ္တကယ္​​ေတာ့မားကို   ခြင့္​ေတာင္းဖို႔ ကိစၥတစ္ခုရွိ​ေနတာ၊
အခုမားက  ရိ​ေပၚကိုလည္း  ​ေတြ႕ၿပီးသြားၿပီဆို​ေတာ့  ကိုယ္ရဲ႕  ဆႏၵကို လက္ခံမယ္လို႔  ကိုယ္ယုံၾကည္တယ္။"

​ေရွာင္းက်န့္၏   မျပည့္မစုံ  အ​ေၾကာင္းအရာ​​ေတြျဖင့္  ဝါက်အား  ရိ​ေပၚ  နားမလည္​ေပမယ့္  ​ေမးခြန္း အျဖစ္ထုတ္မ​ေမးမိ။
​ေနာက္တစ္​ေနရာသြားစရာရွိ​ေသးသည္ဟု ဆိုကာ  မားတို႔အား ႏႈတ္ဆက္ၿပီး  ထြက္လာသည့္  ​​ေရွာင္းက်န့္​ေနာက္ ရိ​ေပၚ  တိတ္တိတ္​ေလးသာ  လိုက္လာလိုက္သည္။

~~~~~

"ဆို​ေတာ့   ပါးပါးကို ရွာ​ေတြ႕တဲ့​ေန႕တုန္းက  ကြၽန္​ေတာ္ကို  ကယ္ဖို႔အတြက္နဲ႕  ​ေရွာင္းက်န့္က အတိတ္က ကိစၥ  အကုန္ အတြက္ ခြင့္လႊတ္​ေပးခဲ့တာ​ေပါ့"

ရိ​ေပၚ​အ​ေမးအား ကား​ေမာင္း​ေနသည့္  ​​ေရွာင္းက်န့္က  ျပန္မ​ေျဖပဲ
လက္ဖမိုး​​ေလးကိုသာ  ဖိကပ္လို႔နမ္းလာသည္။
ရိ​ေပၚ  ဝမ္းနည္း႐ုံသာ   တတ္နိုင္​ေတာ့သည္။
ေရွာင္းက်န့္၏  တနင့္တပိုး​ေသာ  ​ေမတၱာ​ေတြ​ကို  သူလက္ခံရင္း    ၾကည္ႏူးရသလို  အနစ္အနာသာ  အၿမဲခံ​ေန​ေသာ ​ေရွာင္းက်န့္အတြက္လည္း  မတရားသလို ခံစားရသည္။

"ဘယ္သူ႕အတြက္ လုပ္တာမွမဟုတ္ဘူး​ေလ  ရိ​ေပၚရဲ႕  ကိုယ့္အတြက္ ကိုယ္လုပ္တာ။
မင္းမရွိရင္  ဘာမွမက်န္​​ေတာ့မယ့္  ကိုယ့္ဘဝကို ကိုယ္ကယ္တင္လိုက္တာ၊
အမ်ားႀကီး  မ​ေတြးနဲ႕  ပင္ပန္းလိမ့္မယ္"

ခပ္​ေဖ်ာ့​​ေဖ်ာ့  ​ေန​ေရာင္က  ​ေရွာင္းက်န့္၏  ​ေမးရိုက္ ကန့္လန့္ျဖတ္၍  အရိပ္ၾက​ေနသည္က  ၾကည့္​ေကာင္းလွသည္။
ကားမွန္အား  ဖြင့္လိုက္​ေတာ့    ကမ္းစက္မွ  ျဖတ္တိုက္သြားတဲ့  ဆားနံ႕သင္းသင္း​ေလ​ေျပမ်ားဟာ  သူ၏ မ်က္ႏွာတစ္ဝိုက္​ေဆာ့ကစား​ေန၏။

"ခ်စ္တယ္ ​ေရွာင္းက်န့္"

ပင္လယ္ဘက္ မ်က္ႏွာမူလို႔  ခ်စ္​ေၾကာင္းဝန္ခံမိ​ေတာ့  ​​ေလသံ  ခပ္ၾကမ္းၾကမ္း​ေၾကာင့္  ​ေရွာင္းက်န့္ ၾကားမည္မၾကားမည္  ​မ​ေသခ်ာ။
ခနအၾကာတြင္  ကမ္းနားဘက္ထိုးရပ္လိုက္သည့္  ​ကား​ေလးဟာ  ရပ္တန့္သြားရသည္။

"က္ိုယ္က  ပိုတယ္"

ခါးပတ္ျဖဳတ္​ေပးရင္း  ႏႈတ္ခမ္းအား  ထိကပ္႐ုံ  နမ္းလာသည့္  ​ေရွာင္းက်န့္က  ထိုသို႔ဆိုသည္။
ခ်စ္ျခင္းတရား​ေတြကို​ေတာ့  ​​ေရွာင္းက်န့္၏   ၿပိဳင္မျငင္းလို႔   ​ေရွ႕​ေန​ေရွာင္းအား      စကားအရာမွာလည္း  နိုင္​ေအာင္ မ​ေျပာနိုင္သလို  လက္​ေတြ႕တြင္လည္း   ရိ​ေပၚထုတ္ျပသည္ထက္  အဆ​ေပါင္းမ်ားစြာ သာလြန္၍  ခ်စ္​ေပးသည္။

ကမ္းစပ္ႏွင့္ဆည္းဆာဟာ  အလိုက္ဖက္ဆုံး​ေပ။
​ေနဝန္းနီနီ၊
​ေကာင္းကင္ႏွင့္   ထိစပ္​​ေနသာ  ပင္လယ္ ၊
နတ္​​​​ေရး   ပန္ခ်ီတစ္ခ်ပ္  အသက္ဝင္လာ​ေသာ ​ေနဝင္ခ်ိန္။
သဲ​ေသာင္ျပင္​အားတိုက္စား​ေန​ေသာ  ​ေရလွိုင္းတို႔​​၏  အသံက  စည္းခ်က္မွန္မွန္။
ကိုယ္​ေပၚအား  ျဖာက်​ေန​ေသာ  ​ေ႐ႊအို​ေရာင္  ​ေနျခည္ဖ်ဖ်က  ဂႏၵဝင္ဆန္လွသည္။
​ေနဝင္ခ်ိန္ဟာ  ရိ​ေပၚရဲ႕  ကိုယ္ပိုင္ ဇာတ္႐ုံျဖစ္ၿပီး   ​​ေရလွိုင္းတို႔သ  ​​​ေတးသြား။
ျမတ္နိုးရသူက​ေတာ့  တစ္ဦးတည္း​ေသာ  ပရိသတ္။

"ရိ​ေပၚ"

သဲျပင္ထက္ ​ေ႐ြ႕လ်ား​ေန​ေသာ  ရိ​ေပၚ၏  ​ဖဝါးျဖဴျဖဴမွာ ရပ္တန့္သြားသည္။
လက္ဖဝါးထဲ ထည့္​​ေပးလာ​ေသာ  ​ေအးစက္စက္ အရာ​ေလး​ေၾကာင့္  

"ဟမ္"

ငန္းသဏ္ဠာန္  တံဆိပ္တုန္း​ေလးဟာ  ရိ​ေပၚလက္ဖဝါးထဲတြင္  အံဝင္ခြင္က်။

"ဒါက Onsra ပဲ။
အခုကစၿပီး  မင္းအပိုင္"

​ေန​ေရာင္​ေအာက္ ​ေရွာင္းက်န့္  မ်က္ဝန္းမ်ားဟာ  စိုလဲ့​ေနသည္။
မ်က္ဝန္းၾကားတစ္စြန္းတစ္စ  ​ခိုတြယ္ထားသည့္  မ်က္စည္စ​ေၾကာင့္လဲ  ျဖစ္နိုင္သည္။
အၾကည့္​ေတြမွ  တစ္ဆင့္  ခံစားမိသည့္  ​ေရွာင္းက်န့္၏  ျမတ္နိုးျခင္း​ေတြဟာ  တခမ္းတနား။
ရိ​ေပၚ​ေတာင္  မ​ေသခ်ာဘူး၊
မာန​ေတြ  ခံ​ေနတုန္းျဖစ္တဲ့ရိ​ေပၚက ​​ေရွာင္းက်န့္ရဲ႕   စြန့္လႊတ္ၿပီးရင္း  စြန့္လႊတ္တတ္တဲ့ ​ေမတၱာ​ေတြနဲ႕  ထိုက္တန္ရဲ႕​လား​ေတာင္  မ​ေသခ်ာဘူး။

"​ေရွာင္း က်န့္"

"ကိုယ္ ဒီရက္​ေတြ  ပစ္ထားသလို  ျဖစ္သြားတာ​ေတာင္းပန္ပါတယ္​ေနာ္၊
စာ႐ြက္စာတမ္း​ေန ​ေသခ်ာလုပ္​ေနရလို႔ပါ။
ရိ​​ေပၚက  ဥပ​ေဒအရ​ေရာ  ကိုယ့္ႏွလုံးသားဆႏၵအရေရာ    ဝမ္ရိ​ေပၚ   Onsra ရဲ႕  အရွင္သခင္"

တစ္​ေျပာင္းတစ္ျပန္  ​ေတာင္းပန္​ေနျပန္တဲ့  ​ေရွာင္းက်န့္က ​ရိ​ေပၚကို  အားတုံ႕အားနာစိတ္နဲ႕   တစ္သက္လုံးတြယ္ျငႇိ​ေအာင္​လုပ္​ေနတာမလား။
ထပ္နစ္မြန္းရင္း  ထပ္နစ္မြန္းရင္ ​ေရွာင္းက်န့္ဆီမွ   လြတ္လမ္းမရွိ​ေတာ့​​ေအာင္​ေလ။
တကယ္​ေတာ့ ရိ​ေပၚလည္း  ​​ေရွာင္းက်န့္ကို သိပ္ခ်စ္ရပါသည္။
ဘဝတစ္ခုလုံးကို​ေတာင္  အရႈံး​ေပးပစ္ဖို႔အထိ ​ လုပ္ခဲ့ဖူးသည္အထိ  ထို​မွ်​ေလာက္အထိကို    ခ်စ္ရသူ​ေပ။
သို႔​ေပမယ့္  ထုတ္ျပရမွာ  မ်က္ႏွာပူတဲ့ ရိ​ေပၚရဲ႕  ခံစားခ်က္​ေတြကို   ​​ေရွာင္းက်န့္တစ္​​ေယာက္    ခံစားမိပါ့မလား​ေတာ့  မသိပါ။

လွိုင္းသံ တသဲ့သဲ့။
​​ေန​ေျပာက္ကြက္က်ားမိုး။
​ေျပာင္​ေျမာက္လွသည့္  အႏုပညာ။
​​ေသာင္စပ္တစ္​ေလွ်ာက္  ​ေျပးလႊားရင္းက​ေနသည့္  ​ေကာင္​ေလးက  သူ၏ လက္ႏွစ္ဖက္အား  ​ေတာင္ပံမ်ား  သဖြယ္ ျဖန့္က်က္ထားသည္။
ဆည္ဆား ပိတ္ကားအား  ​ေနာက္ခံထားလို႔   ​ေျခ​ေခ်ာင္းတို႔အား  ​ပင့္ျမႇောက္ကာ ပ်ံဝဲလိုက္တိုင္း    ဒ႑ရီထဲမွာ  ခုန္ထြက္လာသည္ ​ေ႐ႊ​ေရာင္​ငန္း​ေလးတစ္​ေကာင္အလား။
​ေလ​​ေျပ၏  က်ီစယ္မႈ​ေၾကာင့္  ရိ​ေပၚ၏ ဆံႏြယ္တို႔ဟာ  ျဖတ္ျဖတ္လူးလို႔  ။
ငွက္​ေမႊး​ေလးတစ္ခုလို႔  အျမင့္ဆုံးထိ သူ႕ခႏၶာကိုယ္အား  ​ေလ​ေပၚဆန္တက္လိုက္​ေတာ့   ျပာလဲ့လဲ့​​ေကာင္းကင္ႏွင့္  သူ႕လက္ဖ်ားဟာ  ရိုက္ခတ္လုနီးနီး။
ရင္ကိုဖြင့္ကို လက္ကိုဆန့္တန္းလို႔ႀကိဳဆို​ေနသည့္  ​ေရွာင္းက်န့္ရင္ခြက္ထဲသို႔  ကိုယ္​ေလးအား  ဝဲက်​ေစလိုက္​​ေတာ့  ခါးမွ  ဆြဲ​ေပြ႕လို႔  ​ေလထဲ  ​​ေဝ့ရမ္းျပန္သည္။
​ေပ်ာ္႐ႊင္ရယ္​ေမာသံ​ေတြက  လႊမ္းၿခဳံလို႔   ။
အလွပဆုံး​ေသာ  အမွတ္တရ​ေတြၾကား  လြတ္လမ္းမရွိ  ပိတ္မိ​ေနၾကတဲ့  သူတို႔ႏွစ္​ေယာက္ဟာ အိမ္ျပန္ခ်ိန္​ေတြကိုလည္း  ​ေမ့​ေလ်ာ့​ေနရင္း
ထာဝရသာဆို၊
သည္လူႏွင္္ အတူ  အၿမဲသာဆို    ​ေလာကဓံတို႔ကိုလည္း   လက္ခ​ေမာင္း ခတ္ရဲပါသည္။

​ေနဝင္ခ်ိန္​ေတြဆို  အၾကင္သူႏွစ္​ေယာက္ ဆုံတြဲကၾကလို႔
လ​ေရာင္​ေအာက္မွာ    အနမ္း​ေတြ  ေတြ ျဖန့္က်က္ရင္း
သူတို႔ရဲ႕ ခ်စ္ပုံျပင္​ေလးဟာ  ရာဇဝင္​​ေတြထပ္​ေတာင္ ခမ္းနားလြန္းလွသည္။

Change The ending

ဖန္တီးထား​ေသာ  swan lake ပုံျပင္မဟုတ္ဘဲ 
လက္​ေတြ႕ဘဝမွာ    တကယ္  ရွင္သန္ခဲ့ဖူးၾကတဲ့    ဝမ္ရိ​ေပၚႏွင့္ ေရွာင္းက်န့္ဆိုတဲ့  လူသားႏွစ္​ေယာက္​ေလးဟာ    သက္ဆုံးတိုင္အထိ  ၾကည္ႏူး​ေပ်ာ္႐ႊင္စြာ  ​ေပါင္းဖက္သြားၾက​  ေလသတဲ့။

   
                             The End
                          □□□□□□□

လိုအပ္ခ်က္​ေပါင္းမ်ားစြာနဲ႕ၿပီးသြားခဲ့ၿပီမလို႔   အျမင္​ေလး​ေတြ  ​ေျပာသြားၾကပါဦးဗ်ာ။

Czytaj Dalej

To TeΕΌ Polubisz

10.3K 567 10
When Thalassemia patient Yibo loved to someone doesn't love him...
246K 6.1K 52
⎯⎯⎯⎯⎯⎯⎯ ΰͺœβ€βž΄ 𝐅𝐄𝐄𝐋𝐒 π‹πˆπŠπ„ .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
586K 13.1K 40
In wich a one night stand turns out to be a lot more than that.
640K 39.2K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...