Last Dance

1.5K 166 9
                                    

Unicode

Last Dance

' နာကျင်မှု​ဆေးပုလင်းငယ်ကို အသုံးပြုလို့ အ​ကြောက်တရား​တွေကို သုတ်သင်ဖို့ ကြိုးပမ်းကြည့်တယ်။
​​ပျော်ရွှင်စရာ အဆုံးသတ်ဆိုတဲ့ မင်းရဲ့ အလိမ်အညာ စကားကို နုံအတဲ့ ငါ့ နှလုံး​သား​က ဆင်ခြင်တုံတရားမဲ့ ခဲ့သတဲ့။
တကယ်တော့ အချစ်ရဲ့အဆုံးသတ်ဟာသေဆုံးခြင်းဖြစ်တယ်။
ဆက်​​လျှောက်မိ​နေတဲ့ လမ်းအဆုံးမှာ Beethoven ရဲ့ Für Elise ​တေးသွား​လေးကို လွမ်းဆွတ်လိုက်တာ။
​ရေအိုင်နံ​​ဘေး လ​ရောင်​အောက်မှာ ရူးရူးနမ်းနမ်း က​​နေမယ့် ငါ့ကိုယ်ငါ ပြန်မြင်​ယောင်မိပါရဲ့။
စန္ဒယား ပညာရှင်တစ်​ယောက်ရဲ့ ​ပြေးလွှား​နေမယ့် လက်​ချောင်း​တွေလို en-point ဆင်မြန်းထားတဲ့ ငါ့​ခြေ​ထောက်​တွေဟာ ကျက်သ​ရေရှိရှိ သွက်လက်စွာ လှုပ်ခတ်​နေမယ်။
ဒီ​နေ့အတွက်​တော့ ငါက Odette ပဲ။
​နောက်ဆုံးထွက်သက်ကို ရှူရှိုက်လို့ ​ရေကန်အတွင်း ခုန်ချတိုးဝင်လိုက်တဲ့အခါ
သူမ ဝိဥာဥ်နဲ့ ချစ်ခြင်းတရား​တွေ လ​ရောင်​အောက် ပျံသန်းသွားသည် မြင်ရမှာပါ။'

~~~~~~~~~~~~~~~

​နေကျချိန်ဖြစ်​နေတာ​ကြောင့် တစ်​ဆင့်ချင်း နိမ့်သက်ဆင်းလာတဲ့ ​​ ​နေ​ရောင်ခြည်ရဲ့ မျက်နှာလိုက်မှုဟာ လိုက်ကာစတို့ကို ​ဖောက်ထွင်းလို့ ဆန့်ကျင်ဘက်နံရံ​ပေါ်တွင် ​ရွေ့လျား​နေသည့် လှုပ်ရှားမှုအချို့အား အရိပ်အဖြစ် အသက်သွင်းသည်။
မြင့်မားသည့် ဖိုင်အစုလိုက်အထပ်လိုက် နှစ်ခုကြားတွင် ​​မငြီးမ​ငွေ့ထိုင်​နေ​သော ထိုလူသားသည် တစ်စုံတစ်ရာအ​ပေါ် ရာနှုန်းပြည့်​သော အာရုံစူးစိုက်မှုတို့ကို ပို့​ဆောင်ထားပြီး တစ်ခါတ​စ်ရံ ​ထောက်ခံသ​ယောင် ​ခေါင်းငြိမ့်ပြတတ်သလို တစ်ခါတစ်​ရံမှာ ဆန့်ကျင်သ​ယောင် ​ခေါင်းကို ခါရမ်းပြ​နေတတ်သည်။
​နေရာအနှံ့ စာအုပ်​တွေနဲ့ ပြည့်နှက်​နေသည့် ထိုအခန်းငယ်၏ အသွင်အပြင်​ကြောင့် အနည်းငယ် ပွ​ယောင်​ယောင် ဖြစ်​နေ​ပေမယ့် သန့်ရှင်းသပ်ရပ်မှုရှိတာကို​​တော့ ဝန်ခံရ​ပေလိမ့်မည်။

'​ဒေါက် ​ဒေါက်'

ခွင့်ပြုချက် တစ်စုံတစ်ရာ မရလိုက်ခင်မှာ တံခါးချပ်​လေးဟာ ဖွင့်ဟ သွားခဲ့ပြီ။
​ခြေသံပြင်းပြင်နဲ့ အခန်းအတွင်းသို့ ခပ်သွက်သွက် ​​လျှောက်လှမ်းသွားခဲ့ပေမယ့် အခန်းပိုင်ရှင်ရဲ့ ​စောင်းငှဲ့ကြည့်လို့ အသိအမှတ် ပြုခြင်းကို​​တောင် မခံရ​သေး​ချေ။
အနီးဆုံးအဖြစ် စားပွဲနားထိ တိုးကပ်သွားလိုက်ချိန်မှာ ထိုလူဟာ ဖတ်လက်စ စာအုပ်အား ​နောက်တစ်မျက်နှာသို့ တိုက်ဆိုင်စွာ လှန်လိုက်သည်။

Caligari(Complete)Where stories live. Discover now