The Gray:Melancholy

491 44 2
                                    


Unicode

The Gray:Melancholy

မျက်ရည်တစ်​ပေါက်.....
နှလုံး​သွေးတစ်စက်.....
စုတ်ချက်ကိုချယ်
မှိုင်းပျပျ  မီးခိုး​​ဖျော့​ရောင် စွန်းတဲ့
ကြေကွဲခြင်း  ကားချပ်ငယ်

ရွက်တလူးလူး ​လှေရယ်
မီးခိုး​ရောင် သုမုဒ္ဒရာ အလယ်မှာ
​လေနှင်ရာ လွင့်ပါ​​တော့။

~~~~~~~~~~~~~~~~~~~~~

​ရှောင်းကျန့် အိမ်ထဲသို့  ဝင်လိုက်ပြီ ဆိုရုံဖြင့်   ​​တွေ့လိုက်ရ​သော  ရိ​ပေါ်​ကြောင့်   မလုံမလဲစွာ မျက်နှာလွှဲမိသည်။
စိတ်​ပျော်ရွှင်​နေပုံရသည့်   ​ကောင်​ငယ်​လေးကတော့    ​ရှောင်းကျန့်အား  ​ငေးရင်း  ပြုံး​ယောင်​​ယောင်​လေးဖြစ်​နေ၏။
ခက်ထန်မာ​ကျောသည်ဟူ​သော   သတင်းဖြင့် ​ကျော်​​​စောသည့်  ဝမ်ရိ​ပေါ်သည်  ​ရှောင်းကျန့်​တစ်​ယောက်ရှေ့တွင်​တော့  သူ၏  တံတိုင်းမှန်သမျှအား  ဖြိုချထားပုံပင်။
နီးကပ်လာခဲ့သည့်  အချိန်​တွေအတွင်     ရိ​ပေါ်၏    ​​ပျော့ကွက်အား ရှာ၍      ထိုးနှက်ရလို့   ​အောင်ပွဲခံရန်မှာ   သူ၏ အကြံအစည် ဖြစ်​ပေမယ့်   ထိုအရာမှာ  ​ နှလုံးသား တစ်စုံ ဖြစ်​​နေခဲ့ရင်   ဆိုသည့်အ​ကြောင်း သူတစ်ခါမှ  မ​တွေးခဲ့။
ဝမ်ရိ​ပေါ် ပြိုလဲသွားမည့်  မြင်ကွင်းအား   ​ညတိုင်း  မြင်​ယောင်ကြည့်ကာ  ​ကျေနပ်ခဲ့ဖူး​ပေမယ့်   ​  အခုလို  အပြစ်မရှိ​သ​ယောင်   ပြုံးပြ​နေပြန်​​တော့လည်း     ရင်ထဲတွင်​တော့  ​အောင့်သက်သက်။
တကယ်ကို  ဝမ်ရိ​ပေါ်က  သူ​တောင်မပိုင်သည့်  နှလုံးသားအ​ပေါ်  ပိုင်စိုးပိုင်နင်း  ဆန်လွန်းတာပဲ။

"​ကော်ဖီ ​သောက်မလား"

​လေထုအား  ထိုး​ဖောက်လာသည့်  ရိ​ပေါ်၏  အသံ။
​​ခေါင်းငြိမ့်ပြလိုက်​​တော့   အိမ်အကူတစ်​ယောက်​ယောက်ကို  အကူအညီ​တောင်းလိမ့်မည်ဟု    ထင်မိ​​ပေမယ့်   ကိုယ်တိုင်  အ​နောက်ထဲသို့ ဝင်သွားသည့်  ရိ​ပေါ်​ကြောင့်   ​​ရှောင်းကျန့်မှာ   အံအားတသင့်။
တဆက်တည်းမှာပင်    တင်းကျပ်​နေ​သော  ရင်ထဲမှ      သက်​သောင့်သက်သာ  မဖြစ်။
​သွေး​ကြွေးသာ    ဆပ်စေလိုတဲ့     သည်ကစားပွဲမှာ ရင်းလိုက်ရသည်က    နှလုံးသားတို့မှန်း    ဘယ်သိခဲ့ပါ့မလဲ။

Caligari(Complete)Where stories live. Discover now