"ဘေဘီ"
ရင်ခွင်ထဲ ကနေ အငြိမ်မနေတဲ့ ထယ့်အား ခါးကလေးဖက်ကာ နားရွက်လေး ကပ်ပြောတော့ မျက်လုံး ကလေး မော့ကြည့်ပြီး လူကို ဆွဲဆောင်နေတာ
"ဘာဖြစ်လို့လဲ "
နှုတ်ခမ်းကိုက်ပြကာ မျက်စောင်းထိုးတော့ သိလိုက်ပြီ ဘေဘီ နမ်းချင်တာကို
ခန္ဓာကိုယ်လေး ဆွဲ လှန်လိုက်ပြီး အပေါ်က အောက်မိုးလိုက်တော့ လည်ပင်း ကို လက်ကလေး လာချိတ်သည်။
"ပြွစ်"
နှုတ်ခမ်းပါးလေး အနမ်းခြွေတော့ လေ့ထောင့်ဆန်ဆန်ပြုံးသည်။
"ဘေဘီ အနမ်းခံရတာ သဘောကျလား"
ထယ်ယောင်း ခေါင်းကလေး ငြိမ့်ပြတာမို့ ပါးလေးနှစ်ဖက်အား အမြန် နမ်းရှိုက်မိပြန်သည်။
"ကိုယ်ချစ်တာ သိတယ်မလား"
ခေါင်းကလေ့ငြိမ့်ကာဖြေပြီး လည်ပင်းတွဲခိုထားတဲ့လက်ကလေးနဲ့ လူကို အုပ်မိုးထားတဲ့အခြေအနေကနေ သူ့အပေါ်မှောက်ရပ်ကလေးရောက်အောင် တွန်းဖက်တော့၏
လည်တံကလေး မျက်နှာအပ်ကာ တရွှတ်ရွှတ်နမ်းတော့ ထယ်ယောင်း ပျော်နေမိသည်။Jimin အထိအတွေ့တွေ ဒီထက်မက ခံယူချင်တာမို့ လည်တံကလေး စောင်းပေးမိသည်။
လည်တံတစ်လျှောက် နမ်းနေရာမှ ပုခုံးညှပ်ရိုးလေးတွေကို ပေါ်သည်အထိ pajamaလေးကို ဆွဲချကာ အသာကိုက်လိုက် နမ်းလိုက် လျှာနဲ့ လျှက်လိုက်နဲ့ အလုပ်ရှုပ်နေမိသည်။
Park Jiminအနမ်းတွေသည် ကိုယ့်အတွက် နူးညံ့ တွယ်တာရတာမို့ ရိုးသွားတယ်မရှိဘူး ချစ်ခြင်း တရားတွေ ဖော်ကျူး ဆက်နွယ်နေသည်။
ttt.....
ရုတ်တရက် ကုတင် ခေါင်းရင်းက ထယ်ယောင်း ဖုန်းကလေး မြည်လာတာမို့ ထယ်ယောင်း လှမ်းယူပြီး ကိုင်လိုက်သည်။ဖုန်းနံပါတ်တော့ မကြည့်မိ
"ကိုယ်လေ မင်းကို ချစ်လိုက်တာ ပြွစ် "
Pajama ကကြယ်သီး တွေ ဖြုတ်ရင်း ပြောလိုက် နမ်းလိုက်နဲ့ ဖုန်းကို Jiminသတိမထားမိပေ
"အဟမ်း Jiminလား"
ဖုန်းသံ ထွက်လာမှ Jimin အံ့သြတကြီးထယ်ယောင်း ကြည့်မိတော့ ထယ်ယောင်း ပြုံးလိုက်၏။
ထယ့် လက်ထဲက ဖုန်းလေး ယူလိုက်မှ အမေဖုန်းဆက်မှန်းသိ၍ Jiminမျက်နှာ နဲနဲပူမိ၏။
"မေမေ....."
"သားဖုန်းဆက်မရလို့ ထယ်ဖုန်းဆက်လိုက်တာ မေမေ ကြောင့် အနှောင့်ယှက်ဖြစ်သွားလား"
"ဟီး ရတယ်မေမေ ထယ့်ကို ချော့သိပ်နေတာ ကလေးလေးက မအိပ်ဘဲ ဂျီကျနေလို့ "
ပြောပြီး နဖူးကိုအသာနမ်းရှိုက်ပြန်သည်။
"ထယ့်မေမေ ဖုန်းဆက်တယ် မနက်ဖန် အမေနဲ့အတူ သားအိမ်သွားရအောင်တဲ့ မနက်ကြ မင်းယောက္ခမအတွက် special လုပ်ပေးထားရအောင်ပြောတာ"
"ဟုတ်ကဲ့ မေမေ ကျွန်တော် မနက်ကြ မေမေတို့၂ယောက်စိတ်မပျက်စေရပါဘူး ပြီးတော့ သား ထယ့်ကို ဘယ်လောက်ထိချစ်လဲ ထယ့်မေမေ သိစေချင်တယ်"
ထယ်ယောင်း Jiminအပြောကို သဘောကျကာ ပြုံးနေမိသည်။Jiminဖုန်းပြောပြီးတော့ ထယ်ယောင်း နှာခေါင်းလေးနမ်းကာ အိပ်စေသည်။
"အိပ်တော့ ကိုယ့် ကလေးလေး "
ကိုယ်ပေါ်က ဖယ်ကာ ရင်ခွင်ထဲပြန်ထည့်ကာဖက်ထားပြီး ခေါင်းပေါ်အနမ်းနုနုလေး ရောက်လာသည်။
"ချစ်တယ် ကလေးလေး"
တစ်ညတာ ချစ်စကားလေးတွေနဲ့ နွေးထွေးစွာ ထွေးဖက်မှု နဲ့အတူ ကုန်ဆုံးသွားပြန်သည်။
စာအုပ်ကလေး ပိုက်လျက် ဘောပင်လေးကို wheel chair က လက်တင်ရာ တန်းအားတဒေါက်ဒေါက်ခေါက်နေတာ
Jiminလှုပ်ရှားမှုကြည့်ပြီး ကြည်နူးမိပြန်သည်။
Kitchen counterမှာ ကိုယ့်အတွက် အုန်းနို့ခေါက်ဆွဲ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေတာ ဘာဘဲ ဖြစ်ဖြစ် Jiminအချစ်ကို အရင်က မမြင်ခဲ့မိလို့အားနာတယ် ကိုယ်ကဘဲ တစ်ဖက်သတ်ချစ်နေရတာထင်ပြီး ကိုယ့်အချစ်ကဘဲ စစ်မှန်တယ်ထင်ခဲ့တာ အခုတော့ Jiminက ကိုယ်သူ့ကိုချစ်တာထက် ကိုယ့်ကို အဆပေါင်းများစွာ ပိုချစ်တာ သိရတယ်
"ကလေးလေး မနက်စာစားရအောင် မေမေတို့ဘယ်ချိန်လာမလဲ မသိဘူး"
လက်ထဲက ဘောပင်နဲ့စာအုပ်ကို Jiminယူကာ အနားမရှိတဲ့ ခုံကလေးပေါ် တင်လိုက်၏။ပြီးတော့ ကလေး လေးအားပွေ့ချီကာ ထမင်းစားပွဲ ခေါ်သွားပေး၏။
"ထယ်....အုန်းနို့ခေါက်ဆွဲ လေး စားကြည့်ကြည့်နော် အရသာမတွေ့ရင်ပြော ကိုယ်ပေါင်မုန့်ကြက်ဥကြော်ပေးမယ် "
ထယ်ယောင်း ခေါင်းကလေးငြိမ့်ရုံသာ
Jiminအချစ်တွေနဲ့ ချက်ပြုတ်ထားလို့ တူပါရယ် အရသာက ရှယ်ဘဲ
Jiminခဗျာ ကိုယ့်ဘာကို မစားနိုင်သေးဘဲ သူ့ကလေးလေးစားနေတာ ပြုံးပြုံးကြီး ငေးကြည့်နေတာ
ခဏနေတော့ မေမေတို့ ကားသံ ကြားရ၍ Jiminထယ်ယောင်း ကိုယ်လေးပွေ့ကာ အိမ်ရှေ့ ထွက်လာလိုက်သည်။
"သား နေကောင်းလား"
ထယ်ယောင်းJiminရင်ခွင်ထဲ ချီခံထားလျက်ကနေသူ့အမေကိုပြုံးပြပြီး ခေါင်းငြိမ့်သည်။
"သား ဦးလေး ဟူမြောဆယ် ကို ဒီမှာခေါ်ထားတာအဆင်ပြေလား"
"ပြေတယ်မေမေ ဦးလေးက ခြံထဲ အပင်တွေကိုလည်း ဂရုစိုက်သလို ခြံထဲ မှာ အလုပ်နဲ့လက်နဲ့မပျက်ဘူး တကုပ်ကုပ်အလုပ်ရှုပ်နေတာ"
ထယ်ယောင်းအမေက သူ့သားကိုဘဲငေးနေတာ
"Jiminကို အံ့လေးသြမိပါတယ်.... သားကို အခုလို ချစ်ပေးလို့လေ "
Jiminအစက နားမလည်ပေ ပြီးမှ သူ့သားကိုချစ်တဲ့ အချစ်ကို အန်တီ သဘောကျနေတယ်တူပါရဲ့
ဧည့်ခန်းထဲ မှာထိုင်ကြတော့ ထယ်ယောင်းကို Jimin သူ့ပေါင်ပေါ်မှာဘဲပွေ့ထားမိသည်။ဒါမိဘတွေရှေ့မလို့မဟုတ်ပေ သူ့ဘာသူသတိတောင်မထားမိဘဲ ခါတိုင်းလို ပွေ့ထားတာမို့ ထယ်ယောင်းနည်းနည်းတော့ မိဘတွေကိုအားနာမိတယ်
"သား မင်း ကလေးကို စိတ်ချပါ မေမေတို့က သူစိမ်းမှ မဟုတ်ဘူး ဆိုဖာပေါ် ထိုင်ခိုင်းပါ"
Jiminအမေပြောမှ Jiminသတိရကာ
"အာ....ဟုတ်သား လူကြီးတွေရှေ့ မြင်ရတာ တစ်မျိုးဖြစ်နေမှာပေါ့"
ထယ်ယောင်း ကိုယ်လေး ဆိုဖာပေါ်ချပေးပြီး Jimin kitchenထဲကနေ အမေတို့အတွက်ဖျော်ရည်သွားယူလိုက်တာဘဲ
"သားနေကောင်းရဲ့လား ပိန်လိုက်တာ မေမေ့သားမေမေတို့နဲ့ပြန်နေချင်လား"
ထယ်ယောင်း ခေါင်းကလေးခါသည်။
"သားထယ်ရဲ့ချစ်သူလေးက သားထယ်ကို သိပ်ချစ်တော့ ထယ်လေးလည်း ဒီမှာ အဆင်ပြေနေတာကို Kimရယ်"
သူမကတော့ မျက်နှာထား ခပ်တည်တည်ဘဲ နေကာ သက်ပြင်းကလေး ချမိသည်။
"ကျွန်မသားလေ ထယ်လေးကို ကျွန်မတာဝန်မကျေသလို ခံစားမိနေလို့ တာဝန်ဆိုတာထက် မိဘမေတ္တာအောက်ရှိနေစေချင်တာ.....အစ်မ သားက ထယ့်ကို ချစ်ပါတယ် ကျွန်မထင်ထားတာထက် ပို ချစ်တယ်မေတ္တာစစ်တယ် အစက သားပေါ်နိုင်စားလွန်းတယ်ထင်ပေမယ့် တကယ့်တကယ် သူ့အချစ်က ကျွန်မတို့ လက်ဖျားခါလောက်အောင် ချီးကျူးမိပါတယ်အစ်မရယ်...."
မေမေ့စကားကို ထယ်ယောင်းရော Jiminအမေပါ ငြိမ်ငြိမ်ကလေး နားထောင်နေကြ၍ မေမေ စကားပြောပြီးသည်နဲ့ စကားဝိုင်းတိတ်ဆိတ်လို့ပေါ့
"အမေတို့ဘာသောက်မယ်မှန်းမသိဘူး ကျွန်တော် coffeeဖျော်လိုက်တယ် "
ကော်ဖီဗန်းစားပွဲပေါ်ချပြီး ကော်ဖီ ပန်းကန်ခွက်လေးတွေ ချပေးသည်။ဆိုဖာပေါ် ထိုင်လိုက်ပြီး ထယ့်အား နားရွက်က ဆံနွယ်လေးအား နားနောက်သိမ်းပေးနေလေရဲ့
ထယ်ယောင်း ကျေနပ်စွာ ပြုံးလိုက်တော့ Jiminအသဲယားစွာ ဆံပင်လေး နမ်းလိုက်မိသည်။
"အဟမ်း မနက်စာ ဘယ်သူစီစဉ်လဲ "
Jimin လူကြီးတွေ အဟမ်းဆိုမှ ကိုယ့်ဘာကို ပြုံးကာ ထယ့်အား ကြည့်နေလိုက်သည်။ထယ်လေး ရှက်နေလိုက်တာ မျက်နှာကလေးတွေနီလို့
"သားဘဲ ချက်လိုက်တယ်မေမေ ဦးလေးကို အားနာလို့ မဝယ်ခိုင်းတော့ဘူး ဦးလေးအတွက်ကကြ မနက်စာအတွက် တစ်နေ့ ၁၀၀၀ပေးထားတယ် မေမေ"
"ထယ့်ကို မေမေ အေးဆေးစကားပြောချင်တယ် ၂ယောက်တည်း သားက Kimနဲ့ ခဏနေခဲ့အုံး ထယ့်ကို မေမေ ခြံထဲ ခေါ်သွားလို့ရမလား"
Jiminကိုယ်တိုင်မဆုံးဖြတ်ပေ ထယ်ယောင်းဘက်ကြည့်တော့ ထယ်ယောင်း ခေါင်းကလေးငြိမ့်သည်။
"ဟုတ် ကျွန်တော် လိုက်ပို့ပေးမယ်လေ မေမေတို့ ပိတောက်ပန်းပင်အောက်က ကွပ်ပစ်လေးမှာ စကားပြောလေ"
ထယ်ယောင်း ကိုယ်ကလေး ပွေ့ကာ ခြံထဲက ကွပ်ပစ်ကလေး လိုက်ပို့လိုက်သည်။မေမေကလည်း ခပ်ပြုံးပြုံးနဲ့ထယ့်ကို ဘာပြောမလဲ မသိပေ။
အိမ်ထဲ ပြန်ဝင်လာပြီး ထယ့်မေမေနဲ့ စကားပြောနေလိုက်ရုံသာ
"ပြောပါအန်တီ"
"ထယ်လေးအတွက် အန်တီ မင်းမေမေနဲ့တိုင်ပင်ထားတာတစ်ခုရှိတယ် "
"ဟုတ်ကဲ့"
ထယ်ယောင်း Jiminအမေပြောတဲ့စကားတွေကိုသာ နားထောင်လိုက် ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက်နဲ့ အဆင်ပြေနေသည်။
"သားအခုလိုလေး ပြုံးနေတာ မြင်ရတော့ အန်တီ တကယ်ဝမ်းသာတာဘဲ အစက သားအထီးကျန်နေမလား ခပ်တည်တည်နဲ့ ငေးလိုက်ဆွေးလိုက် အင်း အချစ်ရဲ့ စွမ်းအားပေါ့ Jiminလေးက သားကို သိပ်ချစ်တာ....."
"သား တို့ ဘယ်တော့လက်ထပ်ကြမလဲ အန်တီတော့သားတို့ ကို အမြန်လက်ထပ်စေချင်ပြီ ထယ်လေး "
"အန်တီ ထယ်လေးကို သားအရင်းလို ချစ်တာ သိတယ်မလား သားမြန်မြန်စဉ်းစားပါနော် အန်တီတို့လူကြီးတွေ ထယ်လေးနဲ့ Jiminလေးကို အမြန် လက်ထပ်ပေးချင်နေပြီ"
အန်တီက လက်ထပ်ဖို့ ပြောနေပြီ Jimin
ငါဘယ်လို ဆုံးဖြတ်ရမလဲ ......
ငါမင်းကို ချစ်တယ် မင်းအချစ်တွေကလည်းငါ့ကို လုံခြုံတယ် Jimin.....
ငါလက်ခံလိုက်မယ်နော် .....
ထယ်ယောင်း Jiminအမေကို သေချာလေး ကြည့်ကာ မျက်လုံးကနေ လက်ခံတယ်ဆိုတာရယ် ခေါင်းကလေးကလည်း ငြိမ့်ပြရင်း အဖြေပြန်ဖြေလိုက်တော့သည်
"သားလက်ခံလိုက်ပြီပေါ့ အန်တီ ဝမ်းသာလိုက်တာ မေ့လို့ ဒီနေ့ကစပြီး အန်တီက ထယ်လေး မေမေဘဲနော် မေမေလို့ဘဲ ကိုယ့်ဘာကိုပြောမယ် အင်းးးအမေ့သားမက်ကလေး မြန်မြန်နေကောင်းအောင်နေရမယ်နော်"
လက်ကလေး ဆုပ်ကိုင်ကာပြောတာမို့ရင်ထဲနွေးထွေးလိုက်တာ
====
ရေလေးတွေအေးမြမှုနဲ့အတူ လေပြေရဲ့ လှုပ်ခတ်မှုကြောင့် ဆံနွယ်တွေ ယိမ်းလို့ .....
ကျောက်စရစ်ခဲလေးပေါ်ခြေချလိုက်သည်နဲ့ ရဲပတောင်းခတ်နေတဲ့ခြေဖွေးဖွေးလေးကိုအသဲယားစွာ ဘာရယ်မဟုတ်ငေးကြည့်နေမိသည်။
ရေကြည်ထဲ ခြေချပြီး ကျောက်ခဲလေးတွေပေါ်တစ်လှမ်းချင်းလှမ်းနေတဲ့ ထိုအမျိုးသားငယ်က လက်ထဲမှာ သူ့အတွက်ရည်ရွယ်ထားတဲ့ ဆေးမြစ်တွေ ကိုင်လို့
"ခင်ဗျား မအေးဘူးလား"
"မသိဘဲနဲ့ ရေလယ်ခေါင်က ဆေးမြစ်သွားယူမို့လို့ "
"ရေကူးတတ်လား "
"ဟင်း"
သူ့ဘက်ကို တစ်ချက် မဲ့ပြကာ ပြန်လှည့်သွားသည်။အေးလေ မွေးကတည်းက ဒီတောထဲမှာကြီးပြင်းလာခဲ့တာဘဲ
ကိုယ်ကရေနက်မယ်ထင်တာ ရေကအလယ်ထိ ခြေသလုံးလောက်ဘဲမို့ သူအေးဆေး လျှောက်လှမ်းနေသည်။
"ဒီမှာ ဆက်သွယ်လို့ရမယ့် ကိရိယာမရှိဘူးလား"
လက်ကစည်းလက်စ ဆေးမြစ်တွေကို ကိုင်ထားလျက် သူ့ကို အထူးအဆန်းကြည့်နေပုံက မျက်လုံးချင်းမဆုံရဲအောင် ဖြစ်တာမို့ တစ်ဖက်အမြန်အကြည့်လွှဲရသည်။
"ငါတောင် ဘယ်ကနေ ဘယ်လို ရောက်နေမှန်းမသိသလို ဘယ်ကို ပြန်ရမလဲ မသိဘူး မင်းပြန်ချင်ရင်လည်း ပြန်လေ ဒီတောအုပ်ထဲကထွက်ဖို့ မင်းဘာမင်း လမ်းရှာရမယ် "
"ခင်ဗျား မပျင်းဘူးလား"
"ဟင့်အင်း ငါ့မှာ တစ်နေ့တစ်နေ့ ဆေးဖော်ရတာနဲ့ အဖေနဲ့အမေ အတွက် အစားစားချက်ပြုတ်ရတာနဲ့ ငါမအားဘူး"
"ခင်ဗျား အခုလိုနေရတာ ကြိုက်တာလား"
Jin မျက်မှောင်ကလေးကြုံ့ကာ သူ့ကို ကြည့်ပြီး စည်းပြီးတဲ့ဆေးမြစ်စည်းပွေ့ကာ မတ်တပ်ထရပ်လိုက်သည်။
"ပြန်မယ် မင်းသဘော ဒီကနေ မင်းသွားချင်တဲ့နေရာသွားမလား ငါနဲ့ပြန်လိုက်မလား"
Jk လည်း ကျောက်တုံးလေးတွေပေါ်ထိုင်နေတာကနေ ထလိုက်ပြီး သူ့ဆီက ဆေးမြစ်စည်း ဆွဲယူကာ
"ခင်ဗျားနဲ့လိုက်မှာ "
ဟုရေရွတ်လိုက်ရုံသာ
=====
ကားက ဒီလမ်းက လာမှာ အင်းးး ထယ့်ကို မေမေနဲ့ လမ်းတစ်ဖက်မှာ ထားခဲ့မယ်
"မေမေ ထယ်နဲ့ခြံရှေ့က ကိတ်မုန့်ဆိုင် သွားလိုက်အုံးမယ် ခွင့်ပြုအုံးနော်"
Jimin wheel chair လေး တွန်းလာကာ ထယ်ယောင်းကိုပွေ့ချီပြီး chairပေါ် ကောက်တင်၏။
"မေမေ ပါလိုက်မယ်လေ "
ကွပ်ပျစ်ပေါ်ကနေ မေမေပါထကာ ခြံထဲကနေ ခြံပြင်ဘက် လမ်းလျှောက်သွားလိုက်သည်။
လမ်းတစ်ဖက်က bakeryဆိုင်လေးကို ကြည့်လိုက် ထယ့်ကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ Jiminကို မေမေက နားလည်စွာ
"သားဘဲ သွားဝယ်လိုက် မေမေ ဒီကနေ ထယ်နဲ့အတူ စောင့်နေမယ် "
"ဟုတ်ကဲ့မေမေ"
Jimin ထယ်ယောင်း ရှေ့ဒူးကလေးထောက်လိုက်သေးတာ
"ဘေဘီ ရေခဲမုန့်ဝယ်ခဲ့မယ်နော် "
ထယ်ယောင်း ခေါင်းကလေးငြိမ့်သည်။Jiminလမ်းဖြတ်ကူးတာကို လိုက်ကြည့်နေမိတာ...
Jiminအမေက ဖုန်းလာတာနဲ့ ဖုန်းပြောနေတာ
Jiminထယ်ယောင်း ဘက်ကို လှည့်ပြီး ပြုံးပြနေသေးတာ.....ထယ်ယောင်း Jiminနဲ့ မနီး မဝေးက ကားလာတာမြင်တော့ ရင်ထဲ စိုးရိမ်စိတ်တွေ ဘွားကနဲ့ လက်ကလေးနဲ့ အမူအယာပြကာ ကားကို ညွှန်ပြပေမယ့် Jiminနားမလည်ပေ မျက်လုံးအဝိုင်းလေးနဲ့မေးသာငေါ့ပြနေသည်။
ကားက တဖြည်းဖြည်းနည်းလာတာမို့ ကိုယ့်လက်သီးကိုယ် ဆုတ်ကာ အားမလိုအားမရဖြစ်ပြီး အော်ပြောချင်ပေမယ့် ပါးစပ်ကအသံ ထွက်မရပေ
ကားသည် တဖြည်းဖြည်း နီလာတော့မှ Jiminလှည့်ကြည့်တဲ့အချိန်
"Jimin..."
အသံသည် နောက်ဆုံး ထွက်နိုင်သွားပြီး လူက စိတ်လောလို့တူပါရဲ့ wheel chair ပေါ်က ထကာ ပြေးလိုက်၏။သို့ပေမယ့် လူက ရှေ့တစ်လှမ်းရှိသေးတယ် မြေကြီပေါ် လိမ့်ကနဲ့ ခေါက်ကျ၏။
Jiminအမေ ထိုအခါမှ ထယ်ယောင်းဆီပြေးလာရ၏။
"သား ထယ်လေး "
"Jiminဆီ သွားပါ "
ဒုန်းကနဲ့ ကြားလိုက်ရသည်မို့ ထယ်ယောင်း ကားဆီကိုသာ အကြည့်ရောက်နေသည်။ကားသည် တာဝန်ယူမှုမရှိစွာ မောင်းထွက်သွားတာမို့ Jiminအမေကို အော်ပြောရ၏။
"အန်တီ အဲ့ကားကို ဓာတ်ပုံရိုက်ထား "
ကားကို လိုက်ကြည့်ပြီးသည်နဲ့ ထယ်ယောင်းငိုတော့၏။
"ဟင့် ငါ့ကြောင့်ပါ Jiminရာ .....အန်တီ Jiminကို ကယ်ပါအုံး "
Jiminအမေသည် ထယ်ယောင်း ကိုယ်လေး နွေးထွေးစွာဖက်ကာ နှစ်သိမ့်ရှာသည်။
"စိတ်လျှော့ပါသားရယ်..... သားဟိုမှာကြည့်ပါအုံး"
Jiminအမေ က လမ်းမတစ်ဖက်ကို ကြည့်ခိုင်းတာမို့ ထယ်ယောင်းကြည့်လိုက်တော့ Jiminက ဘာမှမဖြစ်ပေ မတ်တပ်ကလေး ရပ်လို့ သူ့ကို ကြည့်နေတာ ပြီးတော့ သူတို့ဘက်ပြေးလာပြီး ထယ်ယောင်း ကိုယ်ငယ်လေးနွေးထွေးစွာ ထွေးပွေ့ထား၏။
"ကိုယ်ဘာမှမဖြစ်ပါဘူး မွှ မျက်ရည်လေးတွေကျလို့ ကလေးရယ်"
ထယ်ယောင်းပါးကလေး နမ်းလိုက် ချော့လိုက်နဲ့ပေါ့ ထယ်ယောင်း ပိုငိုချင်လာသည်။
"မင်း မကောင်းဘူး Jimin ဟင့် ငါစိတ်ပူလိုက်ရတာ ငါရူးမတတ်ဘဲ "
"ကိုယ် မေမေတို့နဲ့တိုင်ပင်ထားတာ ထယ်ရဲ့စိတ်မဆိုးပါနဲ့ကွာ ကိုယ်လည်း အခုလို သရုပ်ဆောင်ရမှာ နဲနဲလန့်တယ် ကျေနပ်ပါတယ် ထယ်အခုစကားပြန်ပြောနိုင်ပြီလေ"
ထယ်ယောင်း အခုမှ ကိုယ့်ကို ကို သတိထားမိ၏။
"ဟယ် ဟုတ်ပါရဲ့ ငါစကားပြန်ပြောနိုင်ပြီ Jimin"
Jiminအမေက သဘောကျစွာ သားတို့ကိုကြည့်နေပြီး ပြုံးနေသည်။ထယ်ယောင်းအမေလည်း ခြံထဲကနေ ထွက်လာကာ သားတို့ကို ကြည့်ပြီး သဘောကျကျ ပြုံးနေမိသည်။
"အဲ့တာ မေမေတို့ကျေးဇူးပေါ့ ထယ်ရဲ့ ကိုယ့်မေမေနဲ့ မင်းမေမေ ရဲ့ ကျေးဇူးလေ"
"မဟုတ်တာ မင်းက အဓိက သရုပ်ဆောင်လေ Jiminရယ် အန်တီနဲ့မင်းအမေက တိုင်ပင်ရုံဘဲရှိတာ "
"ဟုတ်တယ်သားရဲ့ ..... ထယ်လေးက သားကို သိပ်ချစ်တာဘဲ သူ့ခဗျာ သားကိုစိတ်ပူလို့ဖြစ်ပျက်နေတာ မေမေတောင် သရုပ်ဆောင်ရတာ သနားမိတယ် "
ထယ်ယောင်း Jiminရင်ခွင်လေးထဲကနေ ကျေနပ်နေမိသည်။
"ကဲ ထယ် အိမ်ထဲသွားစို့ "
ထယ့်အား ပွေ့ကာ Jimin ခြံထဲ ဝင်တော့ မေမေနဲ့ ထယ့်မေမေကပါ wheel chairကို လက်တစ်ဖက်စီကိုင်ရင်း စကားတပြောပြော ခြံထဲ ဝင်လာလိုက်သည်....
Zawgyi
"ဘဘေီ"
ttt.....
====
=====
"Jimin..."