Castle in the air 6

402 37 9
                                    

"ချောကလပ် ရယ် strawberryရယ် ပါကင် လက်ဆောင် လှလှလေး စီစဉ်ပေး"

ဂျီမင် bakery ဆိုင် ကနေ လိုချင်တာမှာရင်း

IGကနေ ထယ်ယောင်း wallလေးထဲ ဝင်ကြည့်မိ၏။

ဘာဓာတ်ပုံ မှ အသစ် တင်ထား တာမရှိပေ

ဒီနေ့ သွားချော့ ရမယ်မလား မနေ့က ကိုယ်က လွန်တာကိုး

ထယ်ယောင်းနဲ့စကားပြောဖို့ IGက chatထဲ ဝင်ကြည့်တော့

ထယ်ယောင်း လိုင်းပေါ်မှာ Active now ဖြစ်နေ၏

ဂျီမင် video callခေါ်တော့ မကိုင်ပေ

"ဟင်းးးး"

သက်ပြင်း တစ်ချက် ချ ပြီး စာဘဲ လှမ်းပို့လိုက်မိ၏။

🗨Babe ကိုယ် တောင်းပန်ပါတယ်.....

ထယ်ယောင်း Seenမပြပေ

🗨ထယ် ငါ မင်းကိုတောင်းပန်ပါတယ်

Park Jiminတို့ ဘဝမှာ ဘယ်ရည်းစားမှ ပြန်ချော့ဖူးတာ မရှိပေ Kim Taehyungသည်သာ ငယ် သူငယ်ချင်းလေးမို့

ထယ်ယောင်းကို babeလို့ ခေါ်ချင်စိတ်တွေ မနေ့ညကဘဲ ပေါ်လာတာ သတိထားမိ၏။

ထယ်ယောင်း ဆီ ဖုန်းဆက်တာမကိုင်တာမို့ သူ့ မေမေ ဆီ ဖုန်းဆက်တော့ ဖုန်းဆက်ရင်း ကြားလိုက်ရတာ ကလေးလေး တစ်ယောက်လို သူ့မေမေ ကို ကပ်ချွဲနေတာ ဖုန်းထဲကနေ ကြားရ၏။

သားကမေမေရဲ့ အချစ်ကလေးဘဲလေ နော်နော် မုန့်ဖိုးပေးပါ မေမေရယ် သားIpad အသစ် ထွက်တာလိုချင်လို့

ငြိမ်ငြိမ်နေ သား ဒီမှာ ဂျီမင် ဖုန်းဆက်တယ်

ထိုအခါထယ်ယောင်း ငြိမ်သွား၏။

သားဂျီမင်ပြောလေ

ထယ်ယောင်း စိတ်ကောက်နေလို့ပါ အန်တီ

ထယ်ယောင်း အမေ ထယ်ယောင်း လှမ်းကြည့်တော့ ထယ်ယောင်း ဖုန်းမပြောချင်ကြောင်း ခေါင်းလေး ခါပြ၏။

သူကသားနဲ့မပြောချင်ဘူးတဲ့ အခုစိတ်ကောက်နေတယ် အန်တီ့ကို ချွဲရင်း လိုချင်တာမရလို့တဲ့

ဟုတ်ကဲ့ အဲဒါဆို သားသူ့ဆီ နောက်ရက်မှ လာချော့လိုက်ပါ့မယ်

Castle in the airWhere stories live. Discover now