castle in the air 2

444 41 7
                                    

စက်ဘီးလေးက ဒီနေ့မှ ပို ခရီးတွင်နေသည်လား

မျက်နှာ အပြုံးတွေနဲ့ အိမ်တောင် အရင် မဝင်ဘူး

"ကိုကိုရေ ကိုကို"

ခြံရှေ့ထွက်ပြီ မတ်တပ်ရပ် ကာ ကျွန်တော့်အား စောင့်နေသောကိုကို မြင်တော့ စက်ဘီကို ရပ်၍ ပစ်ချကာ ကိုကို့အားပြေးဖက်လိုက်တော့၏

ကိုကိုက အလိုက်သင့်ပြန်ဖက်ထား၏။

"ကျွန်တော် 5Dနဲ့အောင်တာဗျ"

"ကူးငယ် က သိပ် တော် တယ်"

"Chemistry Dပါတယ် Physis ရောပဲ"

"ကျန်ခဲ့တစ်ဘာသာက ဘယ်ဘာသာလဲ"

"မြန်မာ ဟီးဟီး"

ဖက်ထားတာကို ဖယ်လိုက်ကြပြီး ကျွန်တော် မျက်နှာချိုသွေးလိုက်၏။

"ဟင်း ပြောပါတယ် အပြင်စာအုပ်တွေ ဖတ်ပါလို့ ဒီGameပဲကစားနေတာကိုး စာစီစာကုံးတောင် လိပ်ပတ်လည်အောင်မရေးတတ် တော်ကြာ မြန်မာက ၄၀နဲ့ ကပ်အောင်တာဖြစ်နေမယ်"

"ဟာ ကိုကို ကလည်းဗျာ ကျွန်တော့်အမှတ် အနည်းဆုံး၅၄၀ကျော်မှာပါ"

"ထားပါ စာမေးပွဲအောင်ပြီဆိုတော့ ကိုကို့ဆီက ဘာလိုချင်လဲ"

"အချစ်"

ထယ်ယောင်း အံ့ဩရပြန်ပြီ

ဒီကလေးက အခုရက်ပိုင်း စကားတွေက အထူးအဆန်း

"ဘယ်လို"

"ဟုတ်တယ် ကိုကို့အချစ်ကို လိုချင်တာ"

"အခုလည်း ချစ်နေတာပဲလေ"

"မဟုတ်ဘူး ကိုကို့အချစ်က Park Jiminဆီမှာ အဲ့အချစ်တွေပါ လိုချင်တာ"

"လက်စသပ်တော့ ဒီကလေးက ကိုကို့ကိုအူတိုနေတာပေါ့ စိတ်ချကူးငယ်ရယ် ကိုကိုက မင်းကို ငယ်ကတည်း ညီလေး အရင်းလိုချစ်ပြီးသား"

ကိုကို ကလည်တယ် တွေ့လား အခုလည်း စကားလုံးလှလှလေးနဲ့ ကျွန်တော့်ကို စည်းခြားထားတာ

တီ......

ကားဟွန်းသံကြောင့် ကြည့်မိတော့

ပြိုင်ကားအနက်လေး

ထိုကားထဲကနေ ဖြူဖွေးနု ဖက်နေတဲ့ ကောင်လေး ဆင်းလာ၏ သိပ်Styleကျပြီ Smart ကျတယ် သူ့မျက်လုံးတွေမှာ အလိုမကျမှုတွေ တွေ့ရတာတော့အမှန်ပင်

Castle in the airWhere stories live. Discover now