HONEY

By OliviaThet_Eleanor

340K 24K 634

Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More

Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi

Chapter 17 - Unicode

6.3K 573 20
By OliviaThet_Eleanor

"ဦးလေး..ကြီး"

မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့်ကိုချီထားရာမှ အိပ်ရာပေါ်ချပေးလိုက်သည်။ ထိုသို့ချပေးလိုက်တော့ သျှင်မင်းသန့်က မော့လာကာ သူ့နာမည်ကို တိုးတိုးခေါ်သည်။

"အင်း ဟုတ်တယ် ကိုယ်"

"ဟီး ဦးလေးကြီး လာထိုင်"

သျှင်မင်းသန့်ကပြောလိုက်ရင်း သူ့ဘေးက နေရာလွတ်ကိုပုတ်ပြကာ မြင့်မြတ်ပိုင်နောင်ကို ထိုင်စေသည်။ မြင့်မြတ်ပိုင်နောင်လည်း ခါးထောက်ထားရာမှ သက်ပြင်းတစ်ချက်ချလိုက်ကာ သျှင်မင်းသန့်ဘေးနားကို၀င်ထိုင်လိုက်သည်။

သျှင်မင်းသန့်က မြင့်မြတ်ပိုင်နောင်ကို ပြုံးပြလိုက်ပြီး ဒူးလေးတုပ်ကာ ထိုင်သည်။

"အိပ်မက်လား ဦးလေးကြီး"

"ဟင်"

"ဦးလေးကြီးနဲ့တူတူရှိနေတာ အိပ်မက်လားလို့"

"ချာတိတ်က ဘယ်လိုထင်လို့လဲ"

"ဟီး အိပ်မက်မဟုတ်ရင်ကောင်းမယ်"

မူးနေတာကြောင့် အူမြူးနေသည့် ကောင်လေးသည် ခပ်ပြုံးပြုံးပင်ဆိုလာသည်။

"ဦးလေးကြီးကို ပြောစရာရှိတယ်"

"အင်း ပြောပါဦး"

သျှင်မင်းသန့်က ဒူးနှစ်ချောင်းကို လက်မောင်းတွေကြားထဲထဲထည့်ကာ ကုပ်ကုပ်ကလေးထိုင်နေသည်။

"ကျွန်တော်မူးနေတယ်ထင်တယ် ဦးလေးကြီး"

"အင်း မထင်နဲ့ တကယ်မူးနေတာ"

"ဟုတ်မယ် ဟီး"

ရဲတက်နေသည့်ပါးပြင်မို့မို့တွေက မြင့်မြတ်ပိုင်နောင်အခန်း၏ မီးရောင်မှိန်မှိန်အောက်တွင်ပင် အရောင်မလျော့ဘဲရှိနေသည်။

"အရက်သမားလား ချာတိတ်က"

"ဟုတ်ပါဘူးဗျာ၊ ကျွန်တော် အရက်သမားဟုတ်ဘူးရယ်"

"အင်း မဟုတ်ဘူးလား"

မြင့်မြတ်ပိုင်နောင်ကအလိုက်သင့်လေးစတော့ သျှင်မင်းသန့်က ခေါင်းကိုတဆတ်ဆတ်ညိတ်ပြသည်။

"ဟုတ်ဘူး ဟေမာန်ဦးတိုက်လို့"

"အင်း ဟုတ်လား"

"ဟုတ်တယ် ဟေမာန်ဦးက သည်းကွဲရင်အရက်နဲ့ဆက်ရတယ်တဲ့"

သျှင်မင်းသန့်က ပါးစပ်ကလည်းပြောပြီး ပိုက်ထားသည့်ခြေထောက်ကိုလည်းအပေါ်မြှောက်လိုက်အောက်ချလိုက်ဆော့နေသေးသည်။

"ချာတိတ်ကဘာလို့အသည်းကွဲတာလဲ"

"ဟင်"

သူမေးလိုက်တော့ တစ်ခုခုကိုစဥ်းစားသွားဟန်နှင့်ရပ်သွားပြီး ပိုက်ထားသည့်လက်တွေကပြေလျော့သွားသည်။ ထို့နောက် သူ့ကိုသေချာမဖွင့်နိုင်တော့သည့် မျက်လုံးမှေးမှေးလေးတွေနှင့်ကြည့်လာ၏။

"အင်း"

"ဘာလို့ဆို.."

"အင်း"

"ဦးလေးကြီးက ကျွန်တော့်ကို မချစ်လို့"

"ချာတိတ်ကအဲဒါကိုဘယ်လိုသိတာလဲ"

မြင့်မြတ်ပိုင်နောင်၏အမေးကိုမဖြေဘဲ ဘေးရှိခေါင်းအုံးကိုယူကာပိုက်သူသည် သူရှိနေသည်ကိုပင်မေ့သွားပုံရ၏။

"ဦးလေးကြီးက မ ချစ် ဘူး..."

"ချာတိတ်"

"ဦးလေးကြီးက ငြင်းလိုက်တယ်"

"ချာတိတ်"

သူခေါ်သော်လည်းမထူးတော့ဘဲ ခေါင်းအုံးပေါ်ခေါင်းတင်ကာ မျက်လုံးပိတ်ရင်း ရွတ်နေသည်။

"ကျွန်တော်က အများကြီး ချစ်တာကို..."

ထို့နောက် ခုတင်ပေါ်တွင် ကွေးကွေးလေးအိပ်မောကျသွားသူကြောင့် မြင့်မြတ်ပိုင်နောင် ခေါင်းကိုအသာရမ်းလိုက်ပြီး သူခြုံနေကျစောင်ကိုပဲ အသာလေးခြုံပေးလိုက်သည်။ စောင်ခြုံပေးလိုက်တော့ ခေါင်းအုံးကိုဆုပ်ထားသည့်လက်တွေက စောင်ကိုဆွဲယူကာ ကျစ်ကျစ်ပါအောင်ဆုပ်သည်။ 

"ကောင်းကောင်းအိပ်"

မြင့်မြတ်ပိုင်နောင် အခန်းထဲကထွက်လာလိုက်တော့ ဧည့်ခန်းထဲတွင် မအိပ်ဘဲထိုင်စောင့်နေသည့် အစ်မဖြစ်သူကိုတွေ့ရသည်။

"လာပါဦး ထိုင်ပါဦး"

သူ့ကိုမျက်စောင်းထိုးကာထိုင်ခိုင်းနေသူကြောင့် မြင့်မြတ်ပိုင်နောင် မျက်ခုံးပင့်လိုက်ပြီး အနားသွားလိုက်၏။

"နင် ငါ့ကလေးကိုငြင်းလိုက်တယ်ဆို"

ထိုင်ခုံပေါ်ဖင်ချကာရှိသေးမေးလိုက်သည့် အစ်မဖြစ်သူစကားကြောင့် မြင့်မြတ်ပိုင်နောင် မျက်လုံးပြူးကာကြည့်လိုက်မိသည်။

"မမ သိနေတာလား"

"ဟဲ့ မသိဘဲနေမလား၊ နင်ကငါ့မောင် ဟိုကလေးကလည်း ငါ့တပည့်"

"သြော်"

"သြော်လို့မရဘူး ဘာလို့ငြင်းတာလဲ၊"

"မမကလည်းဗျာ"

မြင့်မြတ်ပိုင်နောင်ကဘာမှမပြောဘဲ မိုးမြတ်နောင်ကိုမျက်နှာလွှဲသွားသည်။

"မကြိုက်ဘူးပေါ့"

"ဟမ်"

"သျှင်မင်းကို နင်မကြိုက်ဘူးလားပြောတာ"

ဘာမှမဖြေဘဲတိတ်ဆိတ်နေသည့်မောင်ဖြစ်သူအား မိုးမြတ်နောင် အားမရဖြစ်လာရသည်။

"မကြိုက်ရင်လည်း ကလေးကို မျှော်လင့်ချက်တွေမပေးနဲ့"

"အင်း"

ခေါင်းညိတ်ကာ သက်ပြင်းချရင်းဖြေလာသည့် မောင်ဖြစ်သူကြောင့် မိုးမြတ်နောင် ထခေါက်ချင်သွားသည်။

"မကြိုက်တဲ့လူက ငါ့တောင်အ၀င်မခံတဲ့အခန်းထဲကို တစ်ခါတည်းပွေ့ချီသွားပြီး သိပ်ထားခဲ့တယ်ပေါ့"

မျက်လုံးလှန်ကာပြောလိုက်တော့ မျက်လုံးတွေ ဂဏာမငြိမ်ဖြစ်သွားသည့် မြင့်မြတ်ပိုင်နောင်သည် အမြဲမျက်နှာသေနှင့်သူ့မောင်လေးမဟုတ်တော့သလိုပင်။

"ဘာဖြစ်နေလို့လဲဟယ်၊ သျှင်မင်းက လိမ္မာတဲ့ကလေးပါ"

"သိပါတယ်"

"အေး သိတာကို နင်ကဘာတွေစျေးကိုင်နေတာလဲ"

"နင်မသိပါဘူး"

"အေး မသိလို့မေးနေတာလေ၊ ပိုင်နောင်ရယ် အဲ့ကလေး သံယောဇဥ်ကြီးတာ ဘယ်လိုခင်တွယ်တတ်တာ သိနေလို့ပြောနေတာ"

တွေနေသည့်မောင်ဖြစ်သူကြောင့် မိုးမြတ်နောင် သူပဲဆက်ပြောရသည်။

"ဆယ်တန်းတုန်းကသူ့မိဘတွေဆုံးသွားတော့ သူ့မှာ ဒီအဘိုးကိုပဲ ခင်တွယ်ပြီးနေလာရှာတာ၊ တအားလည်းသိတတ်တဲ့ကလေး အဘိုးအဆင်မပြေမှာမို့ ဘာမှကိုမတောင်းဆိုတဲ့ကလေး"

"အဲဒါကြောင့်မို့ ငါစဥ်းစားနေရတာပေါ့ မမရာ"

"ငါသိတယ် နင်က အဲ့လိုစိုးရိမ်စိတ်တွေများနေတာ"

"သူ့ဘ၀လေးနဲ့သူ အဆင်ပြေနေတာပဲ၊ သူ့ဘ၀ထဲငါ၀င်သွားလိုက်ပြီး အဆင်မပြေမဖြစ်စေချင်ဘူး"

မြင့်မြတ်ပိုင်နောင် အစကတည်းကတွေးမိနေတာဖြစ်သည်။

"နင် သျှင်မင်းကို သဘောကျတယ်လို့ပြောချင်တာလား"

မြင့်မြတ်ပိုင်နောင်ဘာမှမပြောဘဲတိတ်ဆိတ်သွားပြန်သည်။

"သူက ငယ်သေးတယ်"

"အဲဒါတော့ ငါလည်းသိပါတယ်"

"စိတ်ကစားတာလည်းဖြစ်ချင်ဖြစ်နေမှာ"

"အဲ့လိုမဟုတ်တာတော့ အာမခံတယ်၊ သျှင်မင်းက သူ့အဘိုးကိုငဲ့နေတာနဲ့ ရည်းစားတောင်ထားခဲ့တဲ့ကလေးမဟုတ်ဘူး အခုမှ နင့်ကျမှ သူဒီလောက်ထိဖြစ်နေရှာတာ"

"ပြီးတော့ ယောက်ျားလေးနှစ်ယောက်ဆိုတာ"

"ဟဲ့ နှစ်ဆယ့်တစ်ရာစုရောက်နေပြီ နင်အဲ့လိုတွေတွေးနေတုန်းလား"

"ငါပြောတာကိုဆုံးအောင်နားထောင်ဦး"

မိုးမြတ်နောင် မြင့်မြတ်ပိုင်နောင်ကိုပြောနေရင်း စိတ်လှုပ်ရှားနေရသည်။ မောင်နှမနှစ်ယောက် ဒီလိုစကားအများကြီးပြောဖူးတာ ပထမဆုံးဟုပင်ပြောရလောက်၏။

"အေး ပြော စကားနည်းတဲ့မြင့်မြတ်ပိုင်နောင်ရဲ့ ဖြေရှင်းချက်တသီကြီးကို နားထောင်ချင်လွန်းလို့ ငါလည်းမအိပ်ဘဲစောင့်နေတာ"

"ငယ်ငယ်လေးနဲ့ ပတ်၀န်းကျင်ရဲ့အပြောတွေ၊ လူတွေရဲ့အကြည့်တွေကို သူ့ကိုမခံစားစေချင်ဘူး"

မြင့်မြတ်ပိုင်နောင်က ပြောရင်းခေါင်းငုံ့ကာ ကျစ်သတ်လိုက်သေးသည်။

"အပြစ်လုပ်ထားသလိုမျိုး လူတွေရှေ့မှာပုန်းလျှိုးကွယ်လျှိုးမဖြစ်နေစေချင်ဘူး"

"ဟဲ့ ဘယ်သူကအဲ့လိုမျိုးနေမှာမို့နင်ကပြောနေတာလဲ"

"မမ နင်မသိပါဘူးဟာ လူတွေက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ"

"ပတ်၀န်းကျင်က ပတ်၀န်းကျင်ပါဟယ်"

"ငါဘာအပြစ်မှမလုပ်ထားခဲ့တာတောင် ငါ့ကိုမုန်းနေကြတဲ့ ငါ့မိဘအရင်းတွေအကြောင်းနင်အရင်တွေးကြည့်"

မိုးမြတ်နောင်ပြောစရာစကားရှာမရတော့ပေ။ မောင်ဖြစ်သူ၏ စိတ်ဒဏ်ရာကိုသိနေတာမို့ သူမ ကန်ငြင်းဖို့ခွန်အားရှိမနေခဲ့။ မျက်ရည်စတွေရစ်သီလာသည့်မောင်ဖြစ်သူက အံကိုကြိတ်ကာ တင်းခံထားပုံရသည်။

"လူတွေက ကြောက်ဖို့ကောင်းတယ်၊ ဘယ်လောက်ပဲဆိုဆို အဲ့ကလေးကို ငါ့အတွက်ကြောင့်နဲ့ စိတ်ဒဏ်ရာမရစေချင်ဘူး"

"အေးပါ ငါလည်းမပြောတော့ပါဘူး"

"ပြီးတော့ ငါက သူ့ကိုကာကွယ်ပေးနိုင်တဲ့အထိ ကျိကျိတက်ချမ်းသာနေတဲ့လူလည်းမဟုတ်ဘူး"

မိုးမြတ်နောင် မောင်ဖြစ်သူကို ငေးပြီးသာကြည့်နေလိုက်မိသည်။

"ဖြစ်နိုင်ရင် အဲ့ကလေးကိုခေါ်ပြီး ဒီလူတွေနဲ့အ၀ေးဆုံး ငါတို့နှစ်ယောက်ပဲရှိနေမယ့်နေရာဆီကို ထွက်ပြေးလိုက်ချင်တာ"

မိုးမြတ်နောင်ပြုံးလိုက်မိ၏။

"ငါ့မောင်လေးကလည်း အများကြီးချစ်မိနေတာပဲ"

သူပြောလိုက်တော့ မြင့်မြတ်ပိုင်နောင်က သူ့ကိုမကြည့်ဘဲ အကြည့်လွှဲသည်။

"ပိုင်နောင်"

မိုးမြတ်နောင် ထိုင်ခုံနောက်ပိုမှီကာ မြင့်မြတ်ပိုင်နောင်ကြည့်နေသည့်နေရာကိုပင် တစ်ထပ်တည်းငေးပြီး ခေါ်လိုက်မိသည်။ ထို့နောက် မြင့်မြတ်ပိုင်နောင်ကို ကြည့်ပြီး ပြုံးကာပြော၏။

"နင့်ဆုံးဖြတ်ချက်ကို ငါဘာမှ၀င်စွက်ဖက်မှာတော့မဟုတ်ဘူး ပိုင်နောင်၊ ဒါပေမဲ့ သေချာစဥ်းစားပေါ့ အဲ့လူတွေအတွက်နဲ့ နင့်ပျော်ရွှင်မှု့ကို မြည်းတောင်မကြည့်ဘဲလက်လွှတ်ပစ်မှာလား၊ နင့်ကိုချစ်တဲ့လူကို ဒီတိုင်း စွန့်လွှတ်လိုက်မှာလား"

"တချို့အရာတွေက ပျော်ရွှင်ရတာနဲ့သာထိုက်တန်ရင် ရဲရဲကြီးမိုက်ရူးဆန်ပစ်လိုက်လို့ရတယ်၊ အများကြီးတွေးပူနေမယ့်အစား ချစ်ခွင့်ရသလောက်၊ နင်ကာကွယ်နိုင်သလောက်ထိ သူ့ကိုကာကွယ်ကြည့်။ တစ်ယောက်နဲ့တစ်ယောက်ချစ်နေတာပဲ ဘာတွေလိုသေးမှာမို့လဲ။ ပြီးပြည့်စုံတယ်ဆိုတာဘယ်ရှိမလဲ ဒီလိုပဲ ဖြည့်ဆည်းရင်း၊ ကြိုးစားရင်း ချစ်ကြရတာပဲ"

အခန်းလေးကတိတ်ဆိတ်သွားသည်။ မြင့်မြတ်ပိုင်နောင် ဘာမှမပြောမိဘဲ ငေးမြဲသာငေးနေမိ၏။ သို့သော် သူကြောက်သည်။ သူကြောက်သည်က သူ့အတွက်မဟုတ်၊ နားလည်ရခက်သည့်လူတွေကြားမှာ ရှင်သန်ရမည့်၊ သူ့လက်ကိုဆွဲရမည့် ထိုကလေးရဲ့အနာဂတ်သူ့ကြောင့်အတိမ်းအစောင်းဖြစ်သွားမှာကို သူသိပ်ကြောက်သည်။

ထို့အပြင် ထိုကလေး၏တစ်ဦးတည်းသော အဘိုးဖြစ်သူက ထိုကလေး၏ တစ်ခုတည်းသော မှီတွယ်ရာပင်။ ထိုမှီတွယ်ရာက သျှင်မင်းသန့်သာ ယောက်ျားလေးတစ်ယောက်ကိုကြိုက်သည်ဆိုသည့်အချက်ကြောင့် သူတို့ဆက်ဆံရေးကြားသွေးအေးသွားလျှင်၊ တစ်စုံတစ်ခုဖြစ်သွားလျှင် သူက သာယာနေသည့်မိသားစုကလေးကို တိုး၀င်ဖျက်ဆီးသူသာဖြစ်သွားလိမ့်မည်။

"ဦးလေး..ကြီး"

ကြားလိုက်ရသည့်အသံကြောင့်လှည့်ကာကြည့်မိတော့ သူ့အခန်းအပေါက်၀တွင် အမူးမပြေသေးပုံနှင့်ထလာသည့် သျှင်မင်းသန့်ကိုတွေ့ရသည်။

"အိပ်မပျော်လို့လား"

သူမေးလိုက်တော့ သျှင်မင်းသန့်က ခေါင်းကိုညိတ်ပြသည်။ မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့်အနားကိုသွားလိုက်ပြီး အနည်းငယ်ရှုပ်ပွလာသည့်ဆံပင်တွေကို သပ်ပေးလိုက်၏။

"ဦးလေးကြီးမရှိတော့လို့၊ ကျွန်တော်နိုးလာတော့ ဦးလေးကြီး မရှိတော့လို့ အိပ်မက်ထင်သွားတာ"

"အင်း ကိုယ်ရှိတယ်"

"ဦးလေးကြီး"

"အင်း"

"ဆိုင်ကယ်စီးချင်တယ်"

"ဟင်"

"ဆိုင်ကယ်"

"မိုးချုပ်နေပြီလေ ချာတိတ်"

"ဟင့်အင် ဆိုင်ကယ်"

"အင်း အင်း သွားမယ် ဆိုင်ကယ်စီးရအောင် ခဏစောင့်"

__________________________________

"ကိုယ့်ကိုသေချာဖက်ထား"

"yes sir"

ဦးထုပ်ဆောင်းပေးထားသော်လည်း မြင့်မြတ်ပိုင်နောင်စိတ်မချနိုင်ပေ။ သေချာဖက်ထားဖို့ပြောတော့ သျှင်မင်းသန့် ရယ်သံကလေးနှင့်ပြောကာ သူ့ခါးကို ကျစ်နေအောင်ဖက်ထား၏။ ထို့နောက် သူ့ကျောပြင်ကိုလည်း အကျအနပါးအပ်ကာမှီထားသေးသည်။

"ပြုတ်ကျရင် ကိုယ်ပစ်ထားခဲ့မှာနော်"

"ဦးလေးကြီးကလည်း"

မြင့်မြတ်ပိုင်နောင် တစ်ချက်ရယ်လိုက်ပြီး ထိုကောင်လေးစိတ်တိုင်းကျ ဆိုင်ကယ်စီးရန်ထွက်လာခဲ့လိုက်သည်။ ဆောင်းဦးရာသီဖြစ်တာမို့ လေအေးက တစ်ချက်တစ်ချက်တိုက်လိုက်တိုင်းအေးစိမ့်လာသည်။ ဒီတိုင်းဆိုသိပ်မသိသာသော်လည်း ဆိုင်ကယ်စီးနေသည်မို့ အတော်လေးချမ်းသည်။

အကြောင်းသိသဖြင့် သျှင်မင်းသန့်ကို သူ့အနွေးထည်တစ်ထည်၀တ်ပေးလာမိ၍သာတော်သေးသည်။ သူ့ကိုကျစ်နေအောင် ဖက်ထားသည့်လက်နှစ်ဖက်ကို မြင့်မြတ်ပိုင်နောင် အုပ်မိုးကိုင်ကြည့်လိုက်တော့ အေးစက်နေ၏။

"ချာတိတ်"

"ဟင်"

"အိပ်ပျော်မသွားနဲ့နော်၊ တစ်ပတ်ပတ်ပြီး အိမ်ပြန်ရအောင်"

"အင်း"

"ကိုယ့်အိပ်ထောင်ထဲလက်ထည့်ထားလို့ရတယ်"

"ဟင့်အင် အဲဒါဆိုပြုတ်ကျလိမ့်မယ်"

"မပြုတ်ကျပါဘူးကွာ"

"ဟင့်အင် ဖက်ထားမှာ"

မြင့်မြတ်ပိုင်နောင် ဆိုင်ကယ်စီးရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိ၏။ ချစ်စရာကောင်းလှသည့်ကောင်လေးကို သူဘယ်လိုလုပ်ရမည်မှန်းမသိတော့ချေ။

"ဦးလေးကြီး သိလား"

"အင်း"

"ကျွန်တော်ဆယ်တန်းတုန်းကလေ၊ ကျွန်တော်စာမေးပွဲကပြန်လာရင်မုန့်လိုက်ကျွေးမယ်ဆိုပြီး"

လေတိုးသံတွေကြားကကြားရသောအသံသည်တိုးသော်လည်း ပီသနေ၏။

"အင်း"

"ကျွန်တော့်ဖေဖေနဲ့မေမေက ကျွန်တော့်ကို ညာသွားတယ်"

မြင့်မြတ်ပိုင်နောင် တိတ်ဆိတ်သွားမိသည်။

"ကျွန်တော့်ကို ထားသွားတယ်၊ တစ်သက်လုံး"

"ချာတိတ် အေးနေပြီလား"

"ကျွန်တော်ကလေ မုန့်လိုက်မကျွေးလည်းရပါတယ်"

"အဲဒါကို ကျွန်တော့်ကို ထားသွားကြတယ်"

ရှိုက်သံလေးကို ခံစားမိလာတာမို့ မြင့်မြတ်ပိုင်နောင် စကားလမ်းကြောင်းလွှဲဖို့ပြင်သော်လည်း ထိုကောင်လေးကလက်မခံ။

"ဦးလေးကြီး"

"အင်း"

"ကျွန်တော့်ကို ထားမသွားရဘူးနော်"

"အင်း"

"ကျွန်တော့်ကိုပြန်မချစ်လည်းရတာမို့ အနားကထွက်မသွားနဲ့"

"အင်း"

"ကတိပေး"

"အင်း ကိုယ်ကတိပေးတာမို့ အခုအိမ်ပြန်ကြစို့"

"အင်း"

အင်းတစ်ချက်သာပြောပြီး ပိုတိုးလို့ဖက်လာသည့်ကောင်လေးကြောင့် မြင့်မြတ်ပိုင်နောင်၏ ဆောင်းညဟာအတော်လေးပိုနွေးခဲ့သလို။ အိမ်ကိုပြန်ရောက်တော့ နောက်ကဖက်ထားသည့်ကောင်လေးသည် အိပ်ပျော်နေနှင့်ပြီဖြစ်သည်။

"မမ မအိပ်သေးဘူးလား"

"စိတ်မချလို့လေ မအိပ်သေးတာ၊ သျှင်မင်းက အိပ်ပျော်လာတာလား"

"အင်း တိုးတိုး"

ဆိုင်ကယ်ပေါ်ကနေ သျှင်မင်းသန့်ကိုအသာပွေ့ချီလိုက်ပြီး မြင့်မြတ်ပိုင်နောင် အိမ်ထဲကို၀င်လာခဲ့သည်။

"ခေါင်းအုံးအပိုလာပေးရဦးမလား"

"ရတယ် ငါ့လက်မောင်းပေါ်ပဲသိပ်လိုက်မယ်"

@OliviaThet-Eleanor

__________________________________________

Continue Reading

You'll Also Like

199K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.9M 414K 41
Myanmar BL
796K 51.2K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
264K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...