Unicode
Villain
ဇာတ်လမ်းတိုင်းမှာ ရာဇဝတ်ကောင်ဆိုတာရှိစမြဲပဲ။
မင်းတို့ချစ်ခြင်းတွေသာ ဒဏ္ဍာရီပုံပြင်ဖြစ်ခဲ့ရင် ငါက ဗီလိန်ဖြစ်လိမ့်မယ်။
အဆုံးသတ်မှာ မင်းတို့ မှတ်ဥာဏ်တွေထဲ မကောင်းတဲ့သူအဖြစ် ကျန်ခဲ့ရမယ့် အရှုံးသမားပေါ့။
ကြေကွဲစရာ ပါပဲ။
ငါ ချစ်ခြင်း အနုပညာကို ကျွမ်းကျွမ်းကျင်ကျင် မအောင်မြင်ခဲ့ဘူး။
ဒါပေမယ့်ကွယ် အမြဲရှုံးတဲ့သူဖြစ်မယ်ဆိုရင်တောင် ၊
ငါက အဆုံးမှာ သေဆုံးသွားရမယ် ဆိုရင်တောင်
ငါက မင်းကို ကယ်တင် နိုင်တဲ့သူပဲ ဖြစ်ရမယ်။
အပြစ်ကြွေးတွေနဲ့ အနှိုင်းပိုင်းမိတယ် ဆိုရင်တောင်ပေါ့။
ငါတို့နှစ်ယောက်လုံးက ဒီဒဏ္ဍာရီထဲမှာ သိပ်ပျော်စရာကောင်းတဲ့အဆုံးသတ်ကို ဖန်တီးခဲ့တာမဟုတ်ဘူးပဲ။
နှစ်ယောက်ထဲက တစ်ယောက်ကတော့ အပြစ်ရှိစိတ်တွေနဲ့ အသက်ဆက်ရရှာမယ်။
ချစ်ရသူတွေကို ပျော်ရွှင်စေချင်တဲ့ ငါ့ပန်းတိုင်၊
အရာအားလုံး ချုပ်ငြိမ်းသွားတဲ့အခါ ပရမ်းပတာပျောက်ကွယ်သွားသော မှိန်ဖျော့သောကမ္ဘာထဲသို့ ၊
ဗီလိန်......
အမုန်းတွေလက်ခံဖို့ သတ်မှတ်ထားပြီးသား ဗီလိန်။
~~~~~~~~~~~~~~~~~~
ရိပေါ်ရဲ့နှုတ်ဖျားမှ ထွက်ကျသည့် စကားတစ်ခွန်ဆီတိုင်းဟာ သူ့နှလုံသားအား မတော်တဆ စိုက်ဝင်သွားသည့် ဓါးချက်များ။
သူချစ်ရသူ အားလုံးဟာ ဘာလို့ Onsra တစ်ခုတည်းကိုသာ မြင်ပြီး မေတ္တာတရားတွေကို မမြင်ကြတာလဲ။
သူ၏ တစ်ဦးတည်းသော သွေးသားဖြစ်သူ ဖခင်ရော ၊ ချစ်ရသူရော။
မေတ္တာတရားတွေကို သွေးအေးစွာ ကျောခိုင်းရတဲ့ အကြောင်းပြချက်က လောဘတစ်ခုတည်းကြောင့်ပဲလား။
ဘယ်ဟုတ်မလဲ အတ္တတွေ မာနတွေက ဦးဆောင်တာပေါ့။
စိတ်ရဲ့ ဒုစရိုက်တွေလေ။
ယုံချန် အတွက်တော့ ဘဝတွင် အမက်မောဆုံးအရာက နွေးထွေးကြင်နာမှုသာ။
အာဏာနှင့် ငွေကြေးဟာ လူတွေကို လူသားမဆန်မှုအား ဖြစ်စေမှန်း သူငယ်စဥ်ကတည်းက သဘောပေါက်ခဲ့သည်လေ။
ထိုသို့ သူ့၏ ရိုးရှင်းလှသည့် အတွေးတွေဟာ အတ္တတွေရဲ့ အားပြိုင်မှုကြား တိုးမပေါက်။
သူ အငတ်မွတ်ဆုံးအရာဟာ နွေးထွေးမှုတွေ ဖြစ်ပေမယ့် သူ့ဘေးနားက သူများကိုတော့ အတတ်နိုင်ဆုံးနွေးထွေးစေခဲ့သည်။
သို့ပေမယ့် ပုထုစဥ်လူသားပဲ တန်ပြန်မှုကိုတော့ မျှော်ကိုးတာပေါ့။
သူ့အား စွန့်ခွာမသွားခင် ကြည့်လာသည့် ရိပေါ် အကြည့်တို့ကြောင့် ယုံချန် ပျောက်ကွယ်သာ သွားလိုက်ချင်တော့သည်။
ရက်ရောမိတဲ့ သူ့မေတ္တာတွေကို ရိပေါ်မလို့ စက်ဆုတ်တဲ့ မျက်လုံးတွေနဲ့ ကြည့်ရက်တယ်။
အထင်သေးသွားတာပဲ။
သတ္တိမရှိပဲ အဝေးပြေးဖို့ တိုက်တွန်းမိတဲ့သူ့ကို အထင်သေးသွားတာပဲ။
ဘယ်လိုလုပ်ကျပါ့မလဲ၊
သူ့ရဲ့ဖြစ်တည်မှုဟာ ရိပေါ် ထိခိုက်မည်ကိုလည်း သေမတတ်စိုးရိမ်ပေမယ့် အဖေဖြစ်သူ၏ ဆန္ဒတွေအား ရိုက်ချိုးလို့ ရိပေါ်အား အပြည့်အဝ ကာကွယ်ရန်လည်း မဖြစ်နိုင်၊
ရိပေါ်ကို မြတ်နိုးသလို အဖေ့ကိုလည်း သူ အများကြီး ချစ်သည်လေ။
ဆုပ်ဆူး စားရူး အခြေအနေမှာ ကံတရားက ယုံချန်အား တကယ်ပဲ ဘယ်လို သဘောထားနေတာပါလိမ့်။
ထုံကျင် ပင်ပန်းနေသည့် နှလုံးသားဟာ အောက်ထပ်သို့ ဆင်းကာမှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဝေဒနာတို့ ပိုတိုးသည်။
ဧည့်ခန်းအတွင်း နမ်းရှိုက်နေကြသည့် ချစ်ရသော သူ၏ ဝမ်နှင့် ရှေ့နေရှောင်း။
ရိပေါ် မိတ်ဆက်ပေးသည့် နေ့ကတည်းက တစ်ခုခုအား ထူးခြားစွာ ခံစားမိနေသည့် စိတ်ကြောင့် သူ ရှေ့နေရှောင်း၏ အကြောင်းများကို တိတ်တဆိတ် စုံစမ်းထားဖူးသည်။
ယခုသူထင်သည့် အတိုင်းပင် ရိပေါ်နှင့် ရှောင်းကျန့်ကြားတွင်း သာမန်ထက်ပိုသည့် ကြိုးမျိုးရှိနေသည်ပဲ။
ပိုင်စိုးပိုင်းနင်း အိမ်ထဲသို့ဝင်ကာ စည်းကျော်နေသည့် ထိုလူ့ကြောင့် ယုံချန် သွေးကြောများ ပေါက်ကွဲမတတ် ဒေါသထွက်ရပေမယ့် ထိုအနမ်းတွေအား မငြင်းဆန်ပဲ ခံယူနေသည့် ဝမ်ရိပေါ်ကြောင့် သူ့အရှုံးအား ကြေညာနေသလို။
သို့ပေမယ့်......
ယုံချန် သူ့၏ ချွန်မြမြလက်သည်းများ လက်ဖဝါးအသားစိုင်ထဲ စိုက်ဝင်သွားသည်အထိ လက်သီး ကျစ်ကျစ်ဆုပ်လိုက်မိသည်။မေရိုးများ တင်းလာ၏။
အပူငွေ့များ မျက်ဝန်းမှ လျှံကျလာသည်ကို ခံစားလိုက်ရသည်။ဝမ်ရိပေါ် ရွေးချယ်တဲ့သူဟာ မည်သို့သောသူ ဖြစ်ဖြစ် ယုံချန်လက်ခံနိုင်ပေမယ့် ရှောင်းကျန့် ဆိုသည့် တစ်ယောက်နှင့်တော့ မဖြစ်ပါ။
သူ စုံစမ်းကတည်းက ရှုပ်ထွေးနေသည့် နောက်ကြောင်းများနှင့် ရှောင်းကျန့်။
ထိုကဲ့သို့သော သူတစ်ယောက်ဟာ ရိပေါ်အနားရှိနေသည် ဆိုသည့် အတွေးက သူ၏ စိုးရိမ်မှုအား မီးစပျိုးပေးလိုက်သလို။
ရှောင်းကျန့်သည် သူ ဝမ့်အား ငေးသလို ငေးတတ်သည်ကို သူသိသည်။
ထိုမျက်လုံးများတွင် မြတ်နိုးခြင်းတို့ ကိန်းအောင်နေသည်ကိုလည်း သူ မြင်ရသည်။
သို့တိုင်အောင် ထိုမျက်လုံးထဲတွင် အာဂတများနှင့် တွေဝေမှုများ ရစ်သိုင်းနေတတ်သည်ကို သူသတိထားမိ၏။
ဝမ်ရိပေါ်၏ ရွေးချယ်မှုသည် သူမဟုတ်ပဲ တခြားသူဖြစ်နေခြင်းသည် သူ့အား နာကျင်ရသည့်တိုင် မပိုင်ဆိုင်မှုလေးအပေါ် သူ့မကျေနပ်စရာမရှိ။
သူ့အတွက်တော့ ရိပေါ်၏ ပျော်ရွှင်မှုကသာ ပြီးပြည့်ဆုံခြင်းပေမလို့ ။
သို့ပေမယ့် သူကြောက်သည်မှာ တစ်ခုတည်း။
ရိပေါ် အထိအခိုက် အနာတရ ဖြစ်မည်ကိုတော့ ယုံချန် သူသိပ်ကြောက်ပါသည်။
သူမဟုတ်သော အခြားတစ်ယောက်နှင့် အကြင်နာများ မျှဝေနေသော ချစ်ရသူကို ဥပေက္ခာပြုလို့ ယုံချန် အဖေရှိနေမည့် အခန်းအား ဦးတည်လိုက်သည်။
တံခါးခေါက်ပေမယ့် ပြန်ဖြေသံမကြားတာမလို့ အခန်းတံခါး၏ လှစ်ဟကြည့်လိုက်တော့ ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် ဖေဖေအား တွေ့လိုက်ရသည်။
မျက်ဝန်းတို့အားမှိတ်ထားပေမယ့် မျက်ခွံအောက် လှုပ်ရှားနေသည့် မျက်လုံးကြောင့် အိပ်ပျော်နေခြင်း မဟုတ်မှန်း သူသိသည်။
ဘေးနာ ဝင်ထိုင်လိုက်တော့ တိမ်စွဲနေသော မျက်ဝန်တို့ဟာ အကာအရံ မဲ့သွား၏။
အရင်အခေါက်တွေက အတိုင်း သူ့ကို အနှောက်အယှက် ဖြစ်နေသော မျက်နှာထားမျိုးဖြင့် ကြည့်လာသည်။
သို့တိုင်အောင် ယုံချန်ဟာ အဖေ့၏ အပြုအမူမှန်သမျှအား ပြုံးလို့ ငေးနေမိသည်။
မျက်ကြည်လွှာအပေါ်ရှိ တိမ်စိုင်တို့မှာ ပိုထူထဲလာတာမလို့ ခွဲစိတ်ကုသ စေလိုပေမယ့် အိမ်တော်မှ တစ်ဖဝါးမှ မခွာလို့သည့် အဖေက ငြင်းဆန်မည်မှာ အမှန်ပေ။
သည်နှစ်အတွင်း အဖေ့မျက်နှာပေါ်က အရေးအကြောင်းများဟာ ပိုထင်းလာသည်။
မပိုင်ရသည့် အရာအား မက်မောစိတ်ဖြင့် သူ့ရဲ့သက်တမ်းအဆုံးနား နီးကပ်လာရင်း အဖေဟာ အိုမင်းသွားခဲ့ပြီ။
မျက်စိရှေ့မှ အဖေ့အား နင့်နင့်သည်းသည်းကြည့်နေမိတော့ မင်ရှို့က ပြတ်သားစွာ အကြည့်လွှဲသည်။
ဝမ်းနည်းစရာသိပ်ကောင်းတာပဲ။
အဖေရော ရိပေါ်ရောဟာ သူနှင့် အတူထွက်သွားဖို့ ငြင်းဆန်ကြသည်လေ။
"နေရတာရော အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ် သခင်လေး"
မိဘက သားသမီးတွေရဲ့ အကြောင်းကို အသိဆုံးပဲတယ့်။
ယုံချန်၏ အဖေဖြစ်သူကလည်း ဘယ်အရာက ယုံချန်အား အမှန်တကယ် နာကျင်စေမှန်း သိသည်။
အဝေးသို့ တွန်းထုတ်ပြီး ထိုအရာက ဖိအားဖြစ်စေသည့် သူ၏ နည်းလမ်း၊
ဥပမာ' မင်းငါ့ကို အဖေလို့ ခေါ်ချင်တယ်ဆို Onsra ကို ရမှ ဖြစ်မယ်။'
ထိုသို့ ရက်စက်သော ဖိအားတွေဖြင့်။
"ကောင်းပြီ ၊
ကျွန်တော် ဘယ်လို လုပ်ပေးရင်ရမလဲ"
အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားတဲ့ မျက်ဝန်းတွေ၊
မျှော်လင့်ချက်ရောင်ချည်သန်းသော ထိုအကြည့်များ၊
ဘဝတစ်လျှောက်လုံး လိမ္မာစွာ နေထိုင်ခဲ့သည့် ကာလအတွင်း ပထမဆုံး အသိအမှတ်ပြုခြင်းပင်။
ဘာလို့များ စောစောစီးစီး လက်မခံမိခဲ့ပါလိမ့်ဟု တွေးမိသည့်အထိ ယုံချန် ထိုခံစားချက်အပေါ် ရစ်မူးလှသည်။
ဘာမှ မပြောပဲ ကုတင်ပေါ်မှ ထလာကာ ရေချိုးခန်းထဲသို့ ဝင်သွားသည့် မင်ရှိူ့ကြောင့် ယုံချန် ရေချိုးခန်း တံခါးအား အတန်ကြာ စိုက်ကြည့်နေမိသည်။
တွန့်ကြေနေသော အိပ်ရာအား ပြန်ဖြန့်ပေးရင်း ထိုင်ရာမှ အထ သူ၏ ဘေးရှိ စားပွဲပေါ်မှ ခေါက်ရိုးကြိုးနေသည့် ဓါတ်ပုံလေးဟာ သူ၏ အာရုံအား ဖမ်းစားသွားသည်။
ဘာမှန်းသိချင်နေသော စိတ်၏ အလိုအတိုင်း ထိုဓါတ်ပုံအား ယူကြည့်လိုက်မိတော့ ပွင့်ဟသွားသော နှုတ်ခမ်းလွှာအပေါ်သို့ လက်ဖဝါးဖြင့် အုပ်လိုက်မိသည်။
ထိုဓါတ်ပုံဟာ သူ ဂိုထောင်ထဲတွင် တွေ့ခဲ့သော ပုံနှင့် တစ်ပုံစံတည်း။
ကလေးငယ်လေးအား ပွေ့ချီထားသော အမျိုးသမီး၊
မင်ရှို့နှင့် ဥက္ကဠဝမ် ၊
ထိုဓါတ်ပုံ၏ နောက်ကွယ်တွင် ပဟေဋိတစ်ပုဒ်ရှိနေမည်မှာ သေချာသလောက်မလို့ သူစဥ်းစားခန်းထုတ်နေတုန်း 'ဂျောက်'
ခနဲ ရေချိုးခန်း တံခါး ဖွင့်သံနှင့်အတူ လက်ထဲမှ ဓါတ်ပုံမှ ဆွဲလုခြင်းခံလိုက်ရသည်။
"အခန်းထဲက ထွက်သွားတော့"
အခန်းမှ နှင်ထုတ်နေသူကြောင့် ယုံချန်မှာ မကျေမနပ်။
အံဆွဲထဲ ဓါတ်ပုံအား သေချာပြန်သိမ်းနေသည့် အဖေ့၏ လုပ်ငန်းစဥ်အစအဆုံးအား လိုက်ကြည့်နေလိုက်သည်။
ထိုဓါတ်ပုံဟာ အဖေ အမြတ်တနိုး သိမ်းရသည့်အထဲ တစ်ခု အပါအဝင်လား။
"ကျွန်တော်မြင်ဖူးတယ်၊
အဲ့ဓါတ်ပုံကို"
လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေမှာ ကြောက်ရွံ့ခြင်းတွေဖြင့်။
ဖုံးကွယ်ထားတာဘာတွေ ထပ်ရှိပြီးများရှိနေလဲ မသိသလို ဘယ်အရာက သူ့ကို ကြောက်ရွံ့စေတာမှန်းလည်း ယုံချန်မသိတော့။
"ကျွန်တော်တို့က အခု ကံကြမ္မာတစ်ခုတည်းကို မျှနေကြတဲဘ တစ်လှေတည်းစီးကြတဲ့သူတွေပဲ၊ပြောပြပေးပါ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့။,"
စိတ်ကို လျှော့လိုက်ဟန် သက်ပြင်းဖွဖွချလိုက်သံကို ယုံချန်ကြားလိုက်ရသည်။
မင်ရှို့က သက်သောင့်သက်သာ ကုတင်ပေါ်သို့ ထိုင်ချလိုက်တာမလို့ သူပါ ထိုင်ခုံပေါ်သို့ တစ်ဖန်ပြန်ထိုင်လိုက်၏။
စကားမစခင် သူ့မျက်လုံးတွေနဲ့ ဆုံအောင် ကြည့်လာသည့် မင်ရှိူ့၊
အမြဲ မှိုင်းညို့နေတတ်တာမလို့ အဓိပ္ပါယ်ဖော်ဖို့ မကြိုးပမ်းလိုတော့၊
အဲ့အစား ကြားလာရမည့် စကားတွေအတွက်သာ စိတ်အား ပြင်ဆင်ထားလိုက်သည်။
"တစ်လှေတည်းစီးနေကြတယ်လို့ မင်းပြောခဲ့တာနော်၊
အခု ငါ့ကြမ္မာက မင်းကြမ္မာပဲ "
"အင်း လွန်ခဲ့ ၁၂ နှစ် ခင်ဗျား ဖန်တီးခဲ့သလိုပေါ့"
~~~~~~~~~~~~~~~~~~~~
ပြင်ထားတဲ့ ဖုန်းရပြီ ဖြစ်ကြောင်း အကြောင်းကြားသည့် ဖုန်းအား လက်ခံရရှိပြီးပြီးချင်း လှချီ အကကျင့်နေရာမှ ကတိုက်တရိုက် ဆိုင်သို့ ပြေးရသည်။
"ဦးလေး ဖုန်းထဲက ဟာတွေ ပြန်ယူလို့ရလိုက်တယ်မလား"
လုချီရဲ့ အမေးကြောင့် အခြားဖုန်းအား ပြင်နေလက်စ ဦးလေးကြီးက သူ့မျက်မှန်ဘောင်ကို ကျော်ကြည့်ရင်း ခေါင်းငြိမ့်ပြလာသည်။
သူမဖုန်း gallery အား စစ်ကြည့်တော့လည်း မူလအတိုင်း ရှိနေသည့် ဗီဒီယို clip ကြောင့် သူမ စိတ်အေးသွားရသည်။
တကယ်လည်း တခြားအရာတွေထက် အရေးကြီးသည့် အရာက ထိုဗီဒီယို ရှိနေဖို့ပဲမလား။
ကျသင့်ငွေရှင်းကာ ထိုဖုန်းအဟောင်းလေးအား အိတ်ကပ်ထဲ အထပ်ထပ်သိုဝှက်လို့ ကုမ္ပဏီသို့ ခပ်သွက်သွက် ပြန်လာခဲ့သည်။
ကုပ္မဏီရောက်တော့ ဆရာဝမ်အား အရင်လိုက်ရှာပေမယ့် ရုံခန်းမှာရော အကလေ့ကျင့်ခန်းမှာပါ မရှိသည့် ဆရာကြောင့် သူမ ခမျာ ဂဏာ မငြိမ်နိုင်။
မဟုတ်လောက်ဖူးဆိုတာ သိပေမယ့် သူမလက်ထဲတွင် ထိုဖုန်းတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။
တစ်စုံတစ်ယောက်က မြန်မြန်ပြလို့ သူမ အပြစ်ကင်းကြောင်းသက်သေပြချင်လှပြီ။
ညဘက်တွေလည်း သက်သောင့်သက်သာ ခြေဆန့်အိပ်လို့ Clara ၏ ဝိဥာည်ကိုလည်း ဒီ့ထက်ပို၍ အားနာမနေချင်တော့။
အတန်ကြာသည်အထိ ဆရာဝမ်အား စောင့်နေပေမယ့် မပေါ်မလာ။
မစောတော့သည့် အချိန်ကြောင့် အကသာ ဆက်လေ့ကျင့်နေရင်း စောင့်နေလိုက်သည်။
မှန်ထဲတွင် မြင်နေရသည့် သူမ၏ ပုံရိပ်ဟာ အရင်ကထက် အများကြီးပို၍ အချိုးကျလာ၏။
ငန်ဖြူမလေး၏ ကြောက်ရွံ့ခြင်း၊
ငန်းနက်၏ မာယာ ၊
အရောင်ကွဲပြားသော စိတ်ခံစားချက်တို့အား သူမ ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ခဲ့ပြီ။
ငန်းဘုရင်မတစ်ယောက်၏ အရှိန်အဝါမှာ သူမထံကိန်းအောင်းနေ၏ ။
နောက်ရက်ပိုင်းနေလျှင် စတင်မည့် swan lake ရာသီအတွက် သူမဟာ အပြီးပြည့်ဆုံးဘဲလေးတစ်ယောက်။
"ထိုင်စကားပြောဖို့ အချိန်ရှိနေသေးတာလား။
အခု မင်းတို့ရဲ့ အခြေအနေက မင်းတို့အတွက် သိပ်ကိုမှ ကျေနပ်စရာကောင်းနေပြီပေါ့။
အခုချက်ချင်း မြန်မြန်ထပြီး အကကျင့်ကြစမ်း!!"
ရောက်လာတာနှင့် ဆူပူကြိမ်းမောင်းတော့သည့် အသံကြောင့် လုချီ၏ ပျံ့လွင့်လာသော အာရုံများမှာ တစ်စုတစည်းတည်း။
ဒီရက်ပိုင်းအတွင်း ဆရာဝမ်ဟာ အရင်ကလောက် မျက်နှာမတည်ထားပေမယ့် နီးကပ်လာသည့် ကပွဲကြောင့် သူ၏ သြဇာကို သုံး၍ ဖိအားပေးနေဆဲ။
အခြေအနေအစာ ဆရာဝမ် အဘက်ဘက်မှ စိတ်ထိခိုက်စရာများနှင့် ကြုံနေရလောက်မည်ဟု တွေးမိပေမယ့် မိမိအတွေးပင် မှားနေသလားလို့ ထင်ရသည်အထိ ဆရာဝမ်ဟာ သန်မာလှသည်။ သူ၏ မောက်မာသည့် မျက်နှာဖုံးကို ဘယ်တော့မှ မခွာချပဲ
အမြဲတမ်း ခက်ထန်မာကျောလွန်းနေဆဲ။
"လုချီ မင်းရဲ့ အကြောတွေ တောင့်တင်းလွန်းနေသေးတယ်၊.သေချာကျင့်မှရမယ်"
ချီးကျူးခဲတဲ့ ဆရာဝမ်ရိပေါ်က အခုလည်း အပြစ်တင်ပြန်သည်။
သို့ပေမယ့် အသားကျနေသည့် လုချီက အလိုက်သင့် ခေါင်းငြိမ့်လို့ ခေါက်ခံပြီးသား။
"ဆရာ အရေးကြီးပြောစရာရှိတယ်"
လုချီရဲ့ စကားကြောင့် စောင်းငဲ့ကြည့်လာသည့် ဝမ်ရိပေါ်က မျက်ခုံးတွေကိုလည်း တွန့်ချိုးထားပြန်သည်။
လုချီရဲ့ အမူအရာအရ သေရေးရှင်ရေးတမျှ အရေးကြီးသည့် အရာမှန်း သိပါလျက်၊
ဟို အမှုကိစ္စနဲ့ ဆက်စပ်နေမှန်းလည်း သိပါလျက်၊
ထို့အပြင် သူလည်း သိချင်နေပါလျှက် ပြန်ပြောလာသည်က
"လေ့ကျင့်ချိန်အတွင်း ဘာစကားမှ မပြောရဘူး၊
ဒါက စည်းကမ်းပဲ"
အောင့်သက်သက်ဖြစ်သွားပေမယ့် ခေါင်းငြိမ့်ရင်း ကုန်လွန်မယ့် အချိန်ကိုသာ စောင့်နေမိသည်။
သူမ၏ စိတ်များအား အကအပေါ်သာ အာရုံစိုက်ထားလိုက်ပြီး
ရွေ့လျားနေသည့် နာရီလက်တံများအား ဥပေက္ခာပြုလိုက်၏။
ဖုန်းscreen အား အာရုံစိုက်နေသည့် ဝမ်ရိပေါ်က မျက်မှောင်ကျုတ်ထားဖို့ကိုလည်း မမေ့။
စားပွဲပေါ်သို့ ထောက်ထားသည့် လက်ဖျံမှ သွေးကြောစိမ်းများကို ထင်ရှားစွာမြင်နေရသည်။
အကလေ့ကျင့်ထားသည်ကြောင့် ဆံဖျားများသည် ချွေးစအချို့ ခိုတွယ်နေသည်ကပင် ယောက်ျားဆန်ဆန် ချောမောမှုအား ထောက်ပံ့ပေးသည်။
"ခန အဲ့နားလေး ပြန်ရစ်ပြ"
အမိန့်တွေပေးရတာ အကျင့်ပါနေသူက ထိုသို့ပြောတော့ လုချီက လိုက်နာနှင့်ပြီးသား။
"သိတဲ့ သူမလို့လား"
ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသည့် ကားပေါ်မှ ဆင်းလာေူာ လူအား စူးစူးနစ်နစ် စိုက်ကြည့်နေတာ မလို့ လုချီး မေးခွန်းထုတ်မိသည်။
"အဟက် အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နေပါ့လား"
ရင်းနှီးတဲ့သူဟုဆိုကာ အံ့သြတုန်လှုပ်ခြင်းလည်းမရှိ၊
ခံပြင်ဒေါသထွက်ခြင်းလဲ မရှိပဲ နောက်ကျောဓါးဖြင့် ထိုးခံရသည့် အမှုအား အသားကျ ကျွမ်းတဝင်နေသလို ၊
ခြောက်ကပ်ကပ်ရယ်၍သာ တုံ့ပြန်သည့် ဆရာရိပေါ်အား လုချီ အံ့သြစွာ ကြောင်ငေးနေမိသည်။
ချောက်တွန်းခံရတဲ့က ဝမ်ရိပေါ်ကိုယ်တိုင် ဖြစ်နေတာတောင် အဘယ်ကြောင့် သူမလောက် စိတ်အား ထက်သန်ပုံမပေါ်နေတာပါလိမ့်။
"ဒါသာ ပြလိုက်ရင် တရားခံကို မိမှာမလား"
"ကျိန်းသေပေါက်ပေါ့ ဒါပေမယ့် အခု အချိန်မကျသေးဘူး၊ ငါတို့ စောင့်ရဦးမယ်၊
လုချီ တရားရုံးကြ မင်းမြင်ခဲ့သမျှ ထွက်ဆိုပေးနိုင်မလား"
ထိုတောင်းဆိုချက်ကြောင့် လုချီ မျက်ပြူးဆံပြာ ဖြစ်သွားရသည်။
သူသည်အထိတောင် လုပ်ပေးခဲ့ပြီးပြီပဲ တရားရုံးထွက်ဆိုဖို့ အထိ ကကြ။
သူမသည် အမည်မသိပေးပို့သည့် ဓါတ်ပုံတွေကိုလည်း လက်ခံရရဖူးတောင်ကြောင့် တရားရုံးထိဆိုသော အတွေးက တကယ်တော့ သွေးပျက်ဖွယ်ကောင်းလှသည်။
သို့ပေမယ့် လက်တွေ့တွင်တော့
"ကျွန်မထွက်ဆိုပေးပါ့မယ်"
ဖြစ်ချင်တိုင်းဖြစ်ခွင့်ရသွားသည့် ရိပေါ်က မျက်ခုံးတစ်ဖက်ပင့်ပြလို့ နှုတ်ခမ်းစွန်းများ တိမ်းညွတ်ရုံပြုံး၏။
သူမကိုတော့ မဟုတ် ဖုန်း screen အား ကြည့်ရင်းသာ။
"ဒါပေမယ့်လေ "
မျက်ဝန်းများဟာ သူမထံသို့ ဦးတည်လာသည်။
ဆက်ပြောမည့် စကားအား ငြိမ်သက်စွာ နားစွင့်နေ၏။
"အဲ့နေရာမှာ စတုတ္ထလူ ရှိနေတယ်"
"ကျူးလွန်တဲ့သူပဲလား"
"မဟုတ်ဘူး ဒီတိုင်း စောင့်ကြည့်နေတဲ့သူ"
"မင်း ဘယ်လို သိတာလဲ"
ပြောရင်း သူရရှိထားသည့် ဓါတ်ပုံများကို ပြရန် ကြံရွယ်၍ အိတ်ထဲသို့ နှိုက်လိုက်ပေမယ့် လမ်းတဝက်မှာတွင် သူမတွေဝေသွားရသည်။
ထိုဓါတ်ပုံတွေထဲက သူမပုံတွေ၊
တောင်းပန်တိုးလျှိုနေသည့် Clara အာ ရက်စက်စွာ ထားခဲ့သည့် သူမ၏ မျက်နှာ အမူအရာ တစ်ခုချင်းဆီ အတိအကျပါနေသည့် ထိုပုံအကြောင်း ပြန်တွေးကြည့်မိတော့။
အိတ်ထဲတွင် ဓါတ်ပုံအား နှိုက်စမ်းရှာဖွေနေသော သူမ၏ လက်တို့မှာ ရပ်တန့်သွားသလို ငန်းအမှတ်ပါသည့် စာရွက်လေးမှာလည်း အိတ်၏ အောက်ခြေတွင် ငြိမ်သက်လျက်။
"မေးနေတယ်လေ မင်းဘယ်လို သိလဲလို့!!"
ထပ်မံထွက်လာသည့် မေးခွန်းအဆုံး သူမလည်း မပြရန်သာ ဆုံးဖြတ်လိုက်ပြီး
"မဟုတ်ပါဘူး ဒီတိုင်း စိတ်ထဲ ထင်မိတာ"
ကို့ယို့ကယား အပြုံးအား လျစ်လျှူရှုလို့ ဆရာဝမ်ရိပေါ်က ထို ဗီဒီယိုအား သူ၏ ဖုန်းထဲ ကူးထည့်နေသည်။
"ရိပေါ်"
နောက်ပါးမှ ထွက်လာသော အသံချိုချိုကြောင့် သူရော ရိပေါ်ပေါ်ပါ တံခါးဘက်သို့ လှည့်ကြည့်လိုက်မိကြသည်။
ထိုအခါ တံခါအကွက်တွင် ရပ်ကာ lunch box အား မြှောက်ပြလာသော လူတစ်ယောက်။
ခြေတံရှည်ရှည် Suit အပြည့်နှင့် ထိုလူဟာ အတော်ကြည့်ကောင်းသည့် အထဲပါသည် ။
မြင်ဖူးသလို ရှိနေတာကြောင့် အကဲခတ်သည့် အကြည့်များဖြင့် ကြည့်နေတုန်း မိမိဘေးမှ လစ်ခနဲ ပျောက်ကာ ထိုလူဘေးနား ရောက်သွားသည့် ဆရာဝမ်ကြောင့် လုချီမှာ မျက်လှည့်ကြည့်လိုက်ရသလို၊
ကျောက်ထုလူသား ဝမ်ရိပေါ်က ထိုလူချောကိုတော့ အပြုံးတွေ ဖောဖောသီသီပေးနေတာမလို့ ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်။
စကားတပြောပြောဖြင့် ရုံးခန်းဘက် ထွက်သွားကြသည့် ကျေညပြင်နှစ်ခုအား တဆုံးလိုက်ကြည့်ရင်း နောက်တော့ လုချီလည်း နေ့လည်စာစားရန်အတွက် အောက်ထပ်သို့ ဦးတည်လိုက်သည်။
ဓါတ်လှေကားအတွင်းသို့ ဝင်ကာ အလွှာရွေးပြီးသည်အထိ ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဖြစ်နေသော မျက်နှာကြောင့် လုချီ သူမ၏ မှတ်ဥာဏ်အား ဆက်တိုက် အလုပ်ပေးနေမိသည်။
"အာ တကယ်ပဲ ဘယ်မှာတွေ့ဖူးတာပါလိမ့်"
Ground ရောက်ပြီမလို့ ဓါတ်လှေကား တံခါးဟာ ပွင့်သွားပြီဆျုပေမယ့် အတွေးလွန်နေသည့် လုချီမှာတော့ ဓါတ်လှေကာယထဲမှ မထွက်နိုင်သေး။
ရုတ်တရက် ဦးနှောက်ထဲ ဖျက်ခနဲပေါ်လာသော အတွေးနှင့်အတူ သူမမျက်နှာထက် အံ့သြမှု၊ ကြောက်ရွံ့မှုတို့ ရောပြွန်လျက်။
ထိုလူ
Clara လုပ်ကြံခံရသည့် ထိုညတွင် တက္ကစီမောင်းသော ထိုလူ။
Mask တပ်ထားပေမယ့် သူ၏ ထူးခြားသော မျက်ဝန်းများက မှတ်ဥာဏ်ထဲ စွဲထင်နေဆဲ။
တံခါးပိတ်သည့် ဓါတ်လှေကား ခလုတ်အား အထပ်ထပ်နှိပ်လို့
ဆရာဝမ်၏ ရုံးခန်းရှိရာသို့ ပြန်တက်လာလိုက်သည်။
စေ့ပိတ်ထားသည့် မှန်ပြတင်း လိုက်ကာကြားမှ ရုံးခန်းအတွင်းသို့ ချောင်းကြည့်နေသည့် လုချီ တစ်ကိုယ်လုံးမှာ တုန်ယင်နေသည်။
စ်တ်လှုပ်ရှားမှုကြောင်ွ လည်ပင်းတစ်ဝိုက် ချွေးစများ စီကျလာ၏။
အခု အနေအထားအရ ဆရာဝမ်က ပြတင်းပေါက်ရှိရာဘက်ကို ကျောပေးထားပြီး ထိုလူကတော့ လုချီ၏ မျက်နှာချင်းဆိုင်တွင်ရှိသည်။
ဆရာဝမ်နှင့် ပြောဆိုရယ်မောနေသည့် သူမှာ ကျိန်းသေပေါက်သူပင်။
လွဲစရာ အကြောင်းမရှိ။
ထိုသို့ဆို လုချီအား ဓါတ်ပုံပို့သည့်သူမှာလည်း ထိုလူပေပဲပေါ့။
အသက်ရှူပင် မဝတော့သည့် လုချီက သူမရင်ဘက်အား လက်တစ်ဖက်ဖြင့် ဖိထားရသည်။
ထိုခန လုချီရှိနေရာသို့ ဖျက်ခနဲကြည့်ကာ အကြည့်ဆုံလိုက်သည့် ထိုသူ။
လုချီ အသံမထွက်နိုင်ပဲ မျက်လုံးများသာ ပြူးကျယ်ထားမိသည်။
တကယ့်ကို ကျောချမ်းစရာကောင်းအောင် စူးစူးနစ်နစ်ကြီး စိုက်ကြည့်နေသည်မလို့ တုန်ယင်နေသည့် ခြေလှမ်းများဖြင့် မနောက်သို့သာ ဆုတ်သည်ထက် ဆုတ်နေမိသည်။
သွေးသားတို့မှာ ကိုယ်ထဲတွင် ဘောင်ဘင်ခတ်နေသည်ကို ခံစားမိ၏။
ဦးခေါင်းတစ်လျှောက် အပူလှိုင်းများ ဖြတ်သန်းသွားလို တရှိန်းရှိန်း။
ဗလာကျင်းနေသည့် သူမ၏ ဦးနှောက်ဟာ ဘာအကူအညီမှ မရတော့ ။
တုတ်တုတ်လှုပ် မရသည့် သူမ အကြောတွေအား သူမ ကျိန်ဆဲ ပစ်လိုက်သည်။
လက်ကျန်အားဖြင့် ထိုနေရာဖြင့်ဝေးရာသို့ ပြေးထွက်လာခဲ့သည်။
ထိုတွင် ဆက်နေပါက သူမ အသက်နှင့်ကိုယ် အိုးစားမကွဲဟု အာမမခံနိုင်။
သည်တစ်ခေါက်လည်း တုန်ချိနေသော လက်တို့ဖြင့် ဓါတ်လှေကား ခလုတ်ကို အခါခါ နှိပ်ရင်း စိုးထိတ်နေသော သူမ၏ စိတ်အစဥ်အား နှစ်သိမ့်ဖို့ကြိုးစားရသည်။
"အဆင်ပြေသွားမှာပါ၊ ငါသူ့ကို မသိဘူး ဟုတ်တယ်"
သူမ၏ ကယောင်ချောက်ချား အခြေအနေအား တခြား ဘဲလေး အကသမားရော ဝန်ထမ်းတွေကပါ ငေးကြည့်နေကြသည်ကြောင့် အရေးပေါ် လှေကားရှိရာဘက်သို့ ရှောင်ထွက်လာလိုက်သည်။
ထိုနေရာသို့ရောက်မှ တင်းခံထားသည့် သူမ၏ စိတ်တို့အား အကုန် လွှတ်ချလိုက်တော့ ကြမ်းပြင်ပေါ်သို့ ဖရဲဖရိုကျသွားသည့် သူမ ခန္ဓာ။
ပါးပြင်ပေါ်သို့ မျက်ရည်များစွာ စီးကျလာသည်။
ရှိုက်ငိုနေရင်း နီးကပ်လာသော ခြေသံကြောင့် ငိုကြွေးနေရာမှ ရပ်တန့်လိုက်သည်။
သူများလား .....
လန့်ရွံ့ခြင်းများဟာ သွေးကြောများထဲ ပျံ့နှံ့ကုန်၏။
တောင်မြောက်ပြေးနေသည့် မျက်စံများနှင့်အတူ သူမအသက်အန္ဒရာယ်အတွက် ပူပန်နေရင်း အသက်ပြင်းပြင်းတောင် မရှူရဲ၊
မျက်ရည်စီးကြောင်းများဖြင့် ထိတ်လန့်နေသည့် သူမ၏ သဏ္ဠာန်ဟာ ကရုဏာသက်ဖွယ်။
သိူ့သော် သနားမည့်သူမရှိ။
အမှောင်ရိပ်ထဲမှ တစ်စတစ်စ ထွက်ပေါ်လာသည့် ထိုလူအား လုချီ ကွဲအက်ကြေမွနေသော အကြည့်များဖြင့်သာ မော်ကြည့်လိုက်ရင်း ပြုလာမည့် အန္ဒရာယ်အား ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်သည်။
သို့ပေမယ့် သူမမျက်နှာရှေ့ ကမ်းပေးလာသည့် လက်သွယ်သွယ် တစ်စုံ။
အကောင်း ၊အဆိုး
ဒုစိရုက်၊ အဒုစရိုက် ဝေဖန်နိုင်စွမ်း ကင်းမဲ့လျက်။
~~~~~~~~~~~~~~~~~~
ထိုဓါတ်ပုံတစ်ပုံ၏ နောက်ကွယ်မှ ကြေကွဲဖွယ် ဇာတ်လမ်းလေးအား ပြောအပြီး မင်ရှို့က ခြောက်သွေ့နေသည့် သူ၏ နှုတ်ခမ်းအား လျှာဖြင့်သပ်လို့ စိုဆွတ်စေလိုက်သည်။
နားထောင်လိုက်ရသည့် ယုံချန်မှာတော့ ခံစားချက်များ ရောပြွန်လို့။
ဒေါသ၊ ခံပြင်းမှု၊ နောက်ကျောတွင် စိုက်သည့် ဓါးကြောင့် အသ ည်း နာခြင်း များကိုပါ တဆက်တည်း ခံစားလိုက်ရသည်။
"ဒါဆို Onsra ရဲ့ ပိုင်ရှင် အစစ်က ရှောင်းမျိုးရိုးပေါ့"
ဓါတ်ပုံ အနောက်မှ ငန်းပုံစံအမှတ်လေးကို ပွတ်သတ်ရင်း ယုံချန်ထိုသို့ ဆိုမိတော့ မင်ရှို့က လက်မခံချင်။
အတိတ်က ပိုင်ရှင်တွေဟာ ဘယ်သူတွေ ဖြစ်ခဲ့ဖြစ်ခဲ့ အခုလက်ရှိကာလ အတွက်တော့ Onsra က သူ့အတွက်သာ။
"မရှိတော့ဘူးလေ အခု ပိုင်ရှင် အသစ်ထပ်ရှာရတော့မယ်"
အဖေဖြစ်သူ၏ သိပ်သေချာနေသော အပြောကြောင့် ယုံချန် ဟက်ခနဲ ရယ်လိုက်မိသည်။
သူ့အဖြေဟာ ဥာဏ်များ သလောက် အကွက်စေ့ဖို့တော့ လိုသေးတာပဲ။
"ဘယ်ပြောနိုင်ပါ့မလဲ အခုတောင် အနားမှာ ရှိချင်ရှိနေမှာ"
ပြာယာခက်သွားသည့် မင်ရှို့၏ အကြည့်တွေကို မြင်လိုက်ရသည်။
အရမ်းကို ဇဝါဇဝါ ဖြစ်သွားပုံအရ တစ်ခါမှ ထိုသို့ မစဥ်းစားဖူးပုံပင်။
"မဖြစ်နိုင်ဘူး လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဝမ်ဟန်ကိုယ်တိုင်ရှင်းပြီးပြီ။"
ဝမ်ဟန်ကိုယ်တိုင်ဆိုတဲ့ စကားကြောင့် ယုံချန် အံ့အားသင့်သွားရသည်။
ထိုနေရာလေး တစ်နေရာက အပြစ်ကြွေးတွေ အဲ့လောက်ကြီး ရင်းပစ်ရတဲ့အထိ အဖိုးထိုက်လွန်းတာလား။
သူ့အဖေကရော၊
သူပြောပြသလောက်သာ သိခွင့်ရတဲ့ သူ့အဖေကရော နောက်ထပ်ဘယ်လို နှလုံးသားမဲ့တဲ့ ကိစ္စတွေကို လုပ်ခဲ့ဖူးလည်း။
အတွေးနဲ့တင် မျက်ဝန်းထဲ ပြည့်လာသော မျက်ရည်စတို့ကြေင်ြ အကြည့်တို့အား အဝေးသို့ ငေးပစ်လိုက်သည်။
"သူရှိနေတုန်းပဲ၊
Onsra ရဲ့ ဆက်ခံသူအစစ်က ရှိနေတုန်းပဲ။
ပြီးတော့ ကျွန်တော်တို့ ဘေးမှာ"
အတွေးများနေသည့် မင်ရှို့၏ မျက်စံနက်နက်မှာ မတည်မငြိမ်။
သူ၏ ခန့်မှန်းချက်အပေါ် မရေရာသယောင်ဖြင့် ယုံချန်အား အတည်ပြုလိုသော အကြည့်တို့ဖြင့်ကြည့်လာသည်။
"မင်း ပြောချင်တာ ရှေ့နေရှောင်းကျန့်လား"
အဖြေပါဒွန်တွဲနေသည့် ဆန်းစစ်လိုသော မေးခွန်း။
ခေါင်းငြိမ့်ပြမိတော့ အသိပေးသလို ထပ်ပြောလာသည်။
"ငါတို့နိုင်ငံမှာ ရှောင်းမျိုးရိုးက တစ်ယောက်တည်းမဟုတ်ဘူးနော်"
"ရှောင်းမျိုးရိုးက တစ်ယောက်တည်း မဟုတ်ပေမယ့် အဲ့ငန်းအမှတ်အသား ကို သုံးတာကတော့ တစ်ယောက်တည်းမလာ။
အဲ့အမှတ်အသားပါတဲ့ လက်ကိုင်ပုဝါကို ဝမ့်ဆီမှာ မြင်ဖူးတယ်၊
အမြဲဆောင်ထားလွန်းလွန်း သတိထားမိသွားတာ"
ဝမ့်အကြောင်းပြောမိရင်ကို ထိန်းမရအောင် ပျက်တတ်သည့် မျက်နှာကြောင့် အဖေများ ရိပ်မိသွားသလား စိုးရိမ်သွားပေယမ့် သူ့အား အာရုံတောင် ရှိမနေပဲ ဓါတ်ပုံကိုသာ စိုက်ကြည့်နေသည့် ဖေဖေ။
"ရှောင်းကျန့် ရိပေါ်နား ရောက်လာတာလဲ အဲ့ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်မှာပဲ ၊
ကျွန်တော်သို့ သူကို ရှင်းထုတ်လိုက်ရအောင်"
ယုံချန်၏ အပြောအား အကြံအစည်တစ်ခု ရှိနေပုံပေါ်သည့် မင်ရှိ့က ဖြေးဖြေးချင်း ခေါင်းရမ်းပြလို့ ငြင်းဆန်သည်။
"အဲ့လောက် လက်လွတ်စပယ် လုပ်ဖို့မလွယ်လောက်ဘူး။
ဒီလိုဆို မနေ့က ချုပ်ထားတဲ့ ကောင်မလေးကို လွှတ်ပေးတာလဲ သူ၊
ဓါတ်ပုံတွေ ချန်ခဲ့တာလည်းသူပဲ။
ထင်ထားတာထက် အများကြီး သိထားတာမလို့ လက်လွတ်စပယ် လုပ်လို့မရဘူး"
အဖေ့ရဲ့ စကားတွေကို ယံြချန် သိတဝက် မသိတဝက် ဆိုပေမယ့် ငြိမ်လိုသာ နားထောင်နေမိသည်။
"အဲ့မတိုင်ခက် ပိတ်ရမယ့် ပါးစပ်တစ်ပေါက်ရှိနေတယ်"
ပထမဆုံးအကြိမ်အဖြစ် အဖေက သူ့ကို အရေးတယူ စကားပြောခြင်းဖြစ်ပြီး သူ့၏ တာဝန်တွေအား ပထမဆုံးအကြိမ် ခွဲဝေပေးခြင်းလည်း ဖြစ်သည်။
ယုံချန် စိတ်လှုပ်ရှားမိပေမယ့် လုပ်မိလုပ်ရာ လုပ်နေသည့် ကိုယ့်ကိုယ်လဲ စက်ဆုတ်မိသည်။
တကယ်တော့ မိသားစုဆိုတာ လမ်းမှန်ပေါ်ရောက်အောင် အမြဲတည့်မတ်ပေးရစမြဲမလား။
ဒါပေမယ့် သူ့လို အခြေအနေမျိုးဆို ဘယ်လိုလုပ်ကြပါ့မလဲ၊
တားဆီးလို့မရတော့တဲလအခါ လမ်းမှန်ကနေ အလုံးဆုံအောင် သွေဖြည်သွားတဲ့အခါ၊
အဲ့လိုတွေ ဖြစ်လာတဲ့အခါ အခုလိုမျိုးပဲ အတူတူမိုက်ကမ်းမိမှာပါပဲ။
လမ်းမှန်မရောက်သည့်တိုင် အနည်းဆုံး ကာကွယ်ပေးလို့ရတယ်လေ။
မင်ရှို့ပြောပြလာသည့် အစီအစဥ်အား တစ်သွေမတိမ်းလိုက်နာရန်ဆုံးဖြတ်လို့ ယုံချန် လိုအပ်သည်များကို ပြင်ဆင်ထားလိုက်သည်။
ဘဝအတွက် ပထမဆုံး သူ ဗီလိန်ဖြစ်ရခြင်းအပေါ် သူ ခံပြင်းတာလည်းမရှိသလို ဝမ်းလည်း မဝမ်းနည်း။
သူ ချစ်ရသူနှစ်ယောက် ဘေးကင်းမည်ဆို သူဒီလောက်လေး စတေးရသည်က စာမဖွဲ့လောက်။
ကားထဲမှ နေ၍ အဖေ ပြောပြထားသော ထိုကောင်မလေး ထွက်လာမည့် အချိန်ကိုသာ စောင့်နေရင်း သူ၏ အတွေးများဟာ သူ့အဖေနှင့် ပြောခဲ့သည့် စကားဝိုင်းဆီသို့ ပြန်ရောက်သွားသည်။
"ခိုင်းသမျှ အကုန်လုပ်ပေးမှာမလို့ တစ်ခုပဲ ဝမ် သူ့ကို ထိလိုက်လို့တော့မဖြစ်ဘူး"
ခေါင်းမငြိမ့်သလို မငြင်းဆန်သည့် အဖေ့၏ အမူအရာအား ပြန်မြင်ရောင်လာပြီး သူစိတ်ညစ်ညူးစွာ စတီယာတိုင်ပေါ်သို့ မျက်နှာ မှောက်ချရင်း မျက်စိမှိတ်ကာ အနားယူလိုက်သည်။
အချိန်လင့်နေသည် အထိ ပေါ်မလာသေးသော ထိုမိန်းကလေးကြောင့် ယုံချန် ကုမ္ပဏီထဲသို့ လိုက်သွားလိုက်သည်။
တိုက်ဆိုင်စွာ ဓါတ်လှေကားတဲ့မှ ထွက်လာသည့် သူမ။
တုန်လှုပ်နေသော သူမ၏ ခြေလှမ်းများဟာ အရေးပေါ် လှေကား ဘက်သို့ ဦးတည်သွားတာမလို့ အနောက်မှ တိတ်တဆိတ်လိုက်သွားလိုက်သည်။
ငိုနေသည့် သူမ ရှိုက်သံသဲ့သဲ့ကို ကြားနေရသည်။
သူ့ခြေသံကြားတော့ ကြောက်ရွံ့နေတဲ့ သူမ။
လက်ကမ်းပေးလိုက်တော့ အံ့အားသင့်နေတဲ့သူမ။
မျှော်လင့်အားကိုးခြင်းတွေပါတဲ့ ထိုမျက်ဝန်းတွေ၊
သူအဖေအား ထိုသို့ ကြည့်နေကြ၊
သူ့လက်ဖဝါးထဲ အပ်နှင်းလက်သည့် လက်ဖြူဖြူလေး တစ်ဖက်။
အဲ့လိုနဲ့သူဟာ သူအမုန်းဆုံးလူသား ဖြစ်လာခဲ့တယ်။
Villain
သနားမခံရတဲ့ အရှုံးသမားတွေ။
TBC♡
ဒါလေးက ဇာတ်သိမ်းခါနီးပါပြိ>.<
Zawgyi
Villain
ဇာတ္လမ္းတိုင္းမွာ ရာဇဝတ္ေကာင္ဆိုတာရွိစၿမဲပဲ။
မင္းတို႔ခ်စ္ျခင္းေတြသာ ဒ႑ာရီပုံျပင္ျဖစ္ခဲ့ရင္ ငါက ဗီလိန္ျဖစ္လိမ့္မယ္။
အဆုံးသတ္မွာ မင္းတို႔ မွတ္ဥာဏ္ေတြထဲ မေကာင္းတဲ့သူအျဖစ္ က်န္ခဲ့ရမယ့္ အရႈံးသမားေပါ့။
ေၾကကြဲစရာ ပါပဲ။
ငါ ခ်စ္ျခင္း အႏုပညာကို ကြၽမ္းကြၽမ္းက်င္က်င္ မေအာင္ျမင္ခဲ့ဘူး။
ဒါေပမယ့္ကြယ္ အၿမဲရႈံးတဲ့သူျဖစ္မယ္ဆိုရင္ေတာင္ ၊
ငါက အဆုံးမွာ ေသဆုံးသြားရမယ္ ဆိုရင္ေတာင္
ငါက မင္းကို ကယ္တင္ နိုင္တဲ့သူပဲ ျဖစ္ရမယ္။
အျပစ္ေႂကြးေတြနဲ႕ အႏွိုင္းပိုင္းမိတယ္ ဆိုရင္ေတာင္ေပါ့။
ငါတို႔ႏွစ္ေယာက္လုံးက ဒီဒ႑ာရီထဲမွာ သိပ္ေပ်ာ္စရာေကာင္းတဲ့အဆုံးသတ္ကို ဖန္တီးခဲ့တာမဟုတ္ဘူးပဲ။
ႏွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ အျပစ္ရွိစိတ္ေတြနဲ႕ အသက္ဆက္ရရွာမယ္။
ခ်စ္ရသူေတြကို ေပ်ာ္႐ႊင္ေစခ်င္တဲ့ ငါ့ပန္းတိုင္၊
အရာအားလုံး ခ်ဳပ္ၿငိမ္းသြားတဲ့အခါ ပရမ္းပတာေပ်ာက္ကြယ္သြားေသာ မွိန္ေဖ်ာ့ေသာကမၻာထဲသို႔ ၊
ဗီလိန္......
အမုန္းေတြလက္ခံဖို႔ သတ္မွတ္ထားၿပီးသား ဗီလိန္။
~~~~~~~~~~~~~~~~~~
ရိေပၚရဲ႕ႏႈတ္ဖ်ားမွ ထြက္က်သည့္ စကားတစ္ခြန္ဆီတိုင္းဟာ သူ႕ႏွလုံသားအား မေတာ္တဆ စိုက္ဝင္သြားသည့္ ဓါးခ်က္မ်ား။
သူခ်စ္ရသူ အားလုံးဟာ ဘာလို႔ Onsra တစ္ခုတည္းကိုသာ ျမင္ၿပီး ေမတၱာတရားေတြကို မျမင္ၾကတာလဲ။
သူ၏ တစ္ဦးတည္းေသာ ေသြးသားျဖစ္သူ ဖခင္ေရာ ၊ ခ်စ္ရသူေရာ။
ေမတၱာတရားေတြကို ေသြးေအးစြာ ေက်ာခိုင္းရတဲ့ အေၾကာင္းျပခ်က္က ေလာဘတစ္ခုတည္းေၾကာင့္ပဲလား။
ဘယ္ဟုတ္မလဲ အတၱေတြ မာနေတြက ဦးေဆာင္တာေပါ့။
စိတ္ရဲ႕ ဒုစရိုက္ေတြေလ။
ယုံခ်န္ အတြက္ေတာ့ ဘဝတြင္ အမက္ေမာဆုံးအရာက ႏြေးေထြးၾကင္နာမႈသာ။
အာဏာႏွင့္ ေငြေၾကးဟာ လူေတြကို လူသားမဆန္မႈအား ျဖစ္ေစမွန္း သူငယ္စဥ္ကတည္းက သေဘာေပါက္ခဲ့သည္ေလ။
ထိုသို႔ သူ႕၏ ရိုးရွင္းလွသည့္ အေတြးေတြဟာ အတၱေတြရဲ႕ အားၿပိဳင္မႈၾကား တိုးမေပါက္။
သူ အငတ္မြတ္ဆုံးအရာဟာ ႏြေးေထြးမႈေတြ ျဖစ္ေပမယ့္ သူ႕ေဘးနားက သူမ်ားကိုေတာ့ အတတ္နိုင္ဆုံးႏြေးေထြးေစခဲ့သည္။
သို႔ေပမယ့္ ပုထုစဥ္လူသားပဲ တန္ျပန္မႈကိုေတာ့ ေမွ်ာ္ကိုးတာေပါ့။
သူ႕အား စြန့္ခြာမသြားခင္ ၾကည့္လာသည့္ ရိေပၚ အၾကည့္တို႔ေၾကာင့္ ယုံခ်န္ ေပ်ာက္ကြယ္သာ သြားလိုက္ခ်င္ေတာ့သည္။
ရက္ေရာမိတဲ့ သူ႕ေမတၱာေတြကို ရိေပၚမလို႔ စက္ဆုတ္တဲ့ မ်က္လုံးေတြနဲ႕ ၾကည့္ရက္တယ္။
အထင္ေသးသြားတာပဲ။
သတၱိမရွိပဲ အေဝးေျပးဖို႔ တိုက္တြန္းမိတဲ့သူ႕ကို အထင္ေသးသြားတာပဲ။
ဘယ္လိုလုပ္က်ပါ့မလဲ၊
သူ႕ရဲ႕ျဖစ္တည္မႈဟာ ရိေပၚ ထိခိုက္မည္ကိုလည္း ေသမတတ္စိုးရိမ္ေပမယ့္ အေဖျဖစ္သူ၏ ဆႏၵေတြအား ရိုက္ခ်ိဳးလို႔ ရိေပၚအား အျပည့္အဝ ကာကြယ္ရန္လည္း မျဖစ္နိုင္၊
ရိေပၚကို ျမတ္နိုးသလို အေဖ့ကိုလည္း သူ အမ်ားႀကီး ခ်စ္သည္ေလ။
ဆုပ္ဆူး စား႐ူး အေျခအေနမွာ ကံတရားက ယုံခ်န္အား တကယ္ပဲ ဘယ္လို သေဘာထားေနတာပါလိမ့္။
ထုံက်င္ ပင္ပန္းေနသည့္ ႏွလုံးသားဟာ ေအာက္ထပ္သို႔ ဆင္းကာမွ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေဝဒနာတို႔ ပိုတိုးသည္။
ဧည့္ခန္းအတြင္း နမ္းရွိုက္ေနၾကသည့္ ခ်စ္ရေသာ သူ၏ ဝမ္ႏွင့္ ေရွ႕ေနေရွာင္း။
ရိေပၚ မိတ္ဆက္ေပးသည့္ ေန႕ကတည္းက တစ္ခုခုအား ထူးျခားစြာ ခံစားမိေနသည့္ စိတ္ေၾကာင့္ သူ ေရွ႕ေနေရွာင္း၏ အေၾကာင္းမ်ားကို တိတ္တဆိတ္ စုံစမ္းထားဖူးသည္။
ယခုသူထင္သည့္ အတိုင္းပင္ ရိေပၚႏွင့္ ေရွာင္းက်န့္ၾကားတြင္း သာမန္ထက္ပိုသည့္ ႀကိဳးမ်ိဳးရွိေနသည္ပဲ။
ပိုင္စိုးပိုင္းနင္း အိမ္ထဲသို႔ဝင္ကာ စည္းေက်ာ္ေနသည့္ ထိုလူ႕ေၾကာင့္ ယုံခ်န္ ေသြးေၾကာမ်ား ေပါက္ကြဲမတတ္ ေဒါသထြက္ရေပမယ့္ ထိုအနမ္းေတြအား မျငင္းဆန္ပဲ ခံယူေနသည့္ ဝမ္ရိေပၚေၾကာင့္ သူ႕အရႈံးအား ေၾကညာေနသလို။
သို႔ေပမယ့္......
ယုံခ်န္ သူ႕၏ ခြၽန္ျမျမလက္သည္းမ်ား လက္ဖဝါးအသားစိုင္ထဲ စိုက္ဝင္သြားသည္အထိ လက္သီး က်စ္က်စ္ဆုပ္လိုက္မိသည္။ေမရိုးမ်ား တင္းလာ၏။
အပူေငြ႕မ်ား မ်က္ဝန္းမွ လွ်ံက်လာသည္ကို ခံစားလိုက္ရသည္။ဝမ္ရိေပၚ ေ႐ြးခ်ယ္တဲ့သူဟာ မည္သို႔ေသာသူ ျဖစ္ျဖစ္ ယုံခ်န္လက္ခံနိုင္ေပမယ့္ ေရွာင္းက်န့္ ဆိုသည့္ တစ္ေယာက္ႏွင့္ေတာ့ မျဖစ္ပါ။
သူ စုံစမ္းကတည္းက ရႈပ္ေထြးေနသည့္ ေနာက္ေၾကာင္းမ်ားႏွင့္ ေရွာင္းက်န့္။
ထိုကဲ့သို႔ေသာ သူတစ္ေယာက္ဟာ ရိေပၚအနားရွိေနသည္ ဆိုသည့္ အေတြးက သူ၏ စိုးရိမ္မႈအား မီးစပ်ိဳးေပးလိုက္သလို။
ေရွာင္းက်န့္သည္ သူ ဝမ့္အား ေငးသလို ေငးတတ္သည္ကို သူသိသည္။
ထိုမ်က္လုံးမ်ားတြင္ ျမတ္နိုးျခင္းတို႔ ကိန္းေအာင္ေနသည္ကိုလည္း သူ ျမင္ရသည္။
သို႔တိုင္ေအာင္ ထိုမ်က္လုံးထဲတြင္ အာဂတမ်ားႏွင့္ ေတြေဝမႈမ်ား ရစ္သိုင္းေနတတ္သည္ကို သူသတိထားမိ၏။
ဝမ္ရိေပၚ၏ ေ႐ြးခ်ယ္မႈသည္ သူမဟုတ္ပဲ တျခားသူျဖစ္ေနျခင္းသည္ သူ႕အား နာက်င္ရသည့္တိုင္ မပိုင္ဆိုင္မႈေလးအေပၚ သူ႕မေက်နပ္စရာမရွိ။
သူ႕အတြက္ေတာ့ ရိေပၚ၏ ေပ်ာ္႐ႊင္မႈကသာ ၿပီးျပည့္ဆုံျခင္းေပမလို႔ ။
သို႔ေပမယ့္ သူေၾကာက္သည္မွာ တစ္ခုတည္း။
ရိေပၚ အထိအခိုက္ အနာတရ ျဖစ္မည္ကိုေတာ့ ယုံခ်န္ သူသိပ္ေၾကာက္ပါသည္။
သူမဟုတ္ေသာ အျခားတစ္ေယာက္ႏွင့္ အၾကင္နာမ်ား မွ်ေဝေနေသာ ခ်စ္ရသူကို ဥေပကၡာျပဳလို႔ ယုံခ်န္ အေဖရွိေနမည့္ အခန္းအား ဦးတည္လိုက္သည္။
တံခါးေခါက္ေပမယ့္ ျပန္ေျဖသံမၾကားတာမလို႔ အခန္းတံခါး၏ လွစ္ဟၾကည့္လိုက္ေတာ့ ကုတင္ေပၚတြင္ လွဲေလ်ာင္းေနသည့္ ေဖေဖအား ေတြ႕လိုက္ရသည္။
မ်က္ဝန္းတို႔အားမွိတ္ထားေပမယ့္ မ်က္ခြံေအာက္ လႈပ္ရွားေနသည့္ မ်က္လုံးေၾကာင့္ အိပ္ေပ်ာ္ေနျခင္း မဟုတ္မွန္း သူသိသည္။
ေဘးနာ ဝင္ထိုင္လိုက္ေတာ့ တိမ္စြဲေနေသာ မ်က္ဝန္တို႔ဟာ အကာအရံ မဲ့သြား၏။
အရင္အေခါက္ေတြက အတိုင္း သူ႕ကို အႏွောက္အယွက္ ျဖစ္ေနေသာ မ်က္ႏွာထားမ်ိဳးျဖင့္ ၾကည့္လာသည္။
သို႔တိုင္ေအာင္ ယုံခ်န္ဟာ အေဖ့၏ အျပဳအမူမွန္သမွ်အား ၿပဳံးလို႔ ေငးေနမိသည္။
မ်က္ၾကည္လႊာအေပၚရွိ တိမ္စိုင္တို႔မွာ ပိုထူထဲလာတာမလို႔ ခြဲစိတ္ကုသ ေစလိုေပမယ့္ အိမ္ေတာ္မွ တစ္ဖဝါးမွ မခြာလို႔သည့္ အေဖက ျငင္းဆန္မည္မွာ အမွန္ေပ။
သည္ႏွစ္အတြင္း အေဖ့မ်က္ႏွာေပၚက အေရးအေၾကာင္းမ်ားဟာ ပိုထင္းလာသည္။
မပိုင္ရသည့္ အရာအား မက္ေမာစိတ္ျဖင့္ သူ႕ရဲ႕သက္တမ္းအဆုံးနား နီးကပ္လာရင္း အေဖဟာ အိုမင္းသြားခဲ့ၿပီ။
မ်က္စိေရွ႕မွ အေဖ့အား နင့္နင့္သည္းသည္းၾကည့္ေနမိေတာ့ မင္ရွို႔က ျပတ္သားစြာ အၾကည့္လႊဲသည္။
ဝမ္းနည္းစရာသိပ္ေကာင္းတာပဲ။
အေဖေရာ ရိေပၚေရာဟာ သူႏွင့္ အတူထြက္သြားဖို႔ ျငင္းဆန္ၾကသည္ေလ။
"ေနရတာေရာ အဆင္ေျပရဲ႕လား"
"အဆင္ေျပပါတယ္ သခင္ေလး"
မိဘက သားသမီးေတြရဲ႕ အေၾကာင္းကို အသိဆုံးပဲတယ့္။
ယုံခ်န္၏ အေဖျဖစ္သူကလည္း ဘယ္အရာက ယုံခ်န္အား အမွန္တကယ္ နာက်င္ေစမွန္း သိသည္။
အေဝးသို႔ တြန္းထုတ္ၿပီး ထိုအရာက ဖိအားျဖစ္ေစသည့္ သူ၏ နည္းလမ္း၊
ဥပမာ' မင္းငါ့ကို အေဖလို႔ ေခၚခ်င္တယ္ဆို Onsra ကို ရမွ ျဖစ္မယ္။'
ထိုသို႔ ရက္စက္ေသာ ဖိအားေတြျဖင့္။
"ေကာင္းၿပီ ၊
ကြၽန္ေတာ္ ဘယ္လို လုပ္ေပးရင္ရမလဲ"
အံ့အားသင့္မႈေၾကာင့္ ဝိုင္းစက္သြားတဲ့ မ်က္ဝန္းေတြ၊
ေမွ်ာ္လင့္ခ်က္ေရာင္ခ်ည္သန္းေသာ ထိုအၾကည့္မ်ား၊
ဘဝတစ္ေလွ်ာက္လုံး လိမၼာစြာ ေနထိုင္ခဲ့သည့္ ကာလအတြင္း ပထမဆုံး အသိအမွတ္ျပဳျခင္းပင္။
ဘာလို႔မ်ား ေစာေစာစီးစီး လက္မခံမိခဲ့ပါလိမ့္ဟု ေတြးမိသည့္အထိ ယုံခ်န္ ထိုခံစားခ်က္အေပၚ ရစ္မူးလွသည္။
ဘာမွ မေျပာပဲ ကုတင္ေပၚမွ ထလာကာ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည့္ မင္ရွိူ႕ေၾကာင့္ ယုံခ်န္ ေရခ်ိဳးခန္း တံခါးအား အတန္ၾကာ စိုက္ၾကည့္ေနမိသည္။
တြန့္ေၾကေနေသာ အိပ္ရာအား ျပန္ျဖန့္ေပးရင္း ထိုင္ရာမွ အထ သူ၏ ေဘးရွိ စားပြဲေပၚမွ ေခါက္ရိုးႀကိဳးေနသည့္ ဓါတ္ပုံေလးဟာ သူ၏ အာ႐ုံအား ဖမ္းစားသြားသည္။
ဘာမွန္းသိခ်င္ေနေသာ စိတ္၏ အလိုအတိုင္း ထိုဓါတ္ပုံအား ယူၾကည့္လိုက္မိေတာ့ ပြင့္ဟသြားေသာ ႏႈတ္ခမ္းလႊာအေပၚသို႔ လက္ဖဝါးျဖင့္ အုပ္လိုက္မိသည္။
ထိုဓါတ္ပုံဟာ သူ ဂိုေထာင္ထဲတြင္ ေတြ႕ခဲ့ေသာ ပုံႏွင့္ တစ္ပုံစံတည္း။
ကေလးငယ္ေလးအား ေပြ႕ခ်ီထားေသာ အမ်ိဳးသမီး၊
မင္ရွို႔ႏွင့္ ဥကၠဠဝမ္ ၊
ထိုဓါတ္ပုံ၏ ေနာက္ကြယ္တြင္ ပေဟဋိတစ္ပုဒ္ရွိေနမည္မွာ ေသခ်ာသေလာက္မလို႔ သူစဥ္းစားခန္းထုတ္ေနတုန္း 'ေဂ်ာက္'
ခနဲ ေရခ်ိဳးခန္း တံခါး ဖြင့္သံႏွင့္အတူ လက္ထဲမွ ဓါတ္ပုံမွ ဆြဲလုျခင္းခံလိုက္ရသည္။
"အခန္းထဲက ထြက္သြားေတာ့"
အခန္းမွ ႏွင္ထုတ္ေနသူေၾကာင့္ ယုံခ်န္မွာ မေက်မနပ္။
အံဆြဲထဲ ဓါတ္ပုံအား ေသခ်ာျပန္သိမ္းေနသည့္ အေဖ့၏ လုပ္ငန္းစဥ္အစအဆုံးအား လိုက္ၾကည့္ေနလိုက္သည္။
ထိုဓါတ္ပုံဟာ အေဖ အျမတ္တနိုး သိမ္းရသည့္အထဲ တစ္ခု အပါအဝင္လား။
"ကြၽန္ေတာ္ျမင္ဖူးတယ္၊
အဲ့ဓါတ္ပုံကို"
လွည့္ၾကည့္လာတဲ့ မ်က္ဝန္းေတြမွာ ေၾကာက္႐ြံ႕ျခင္းေတြျဖင့္။
ဖုံးကြယ္ထားတာဘာေတြ ထပ္ရွိၿပီးမ်ားရွိေနလဲ မသိသလို ဘယ္အရာက သူ႕ကို ေၾကာက္႐ြံ႕ေစတာမွန္းလည္း ယုံခ်န္မသိေတာ့။
"ကြၽန္ေတာ္တို႔က အခု ကံၾကမၼာတစ္ခုတည္းကို မွ်ေနၾကတဲဘ တစ္ေလွတည္းစီးၾကတဲ့သူေတြပဲ၊ေျပာျပေပးပါ ဘာေတြ ျဖစ္ခဲ့ျဖစ္ခဲ့။,"
စိတ္ကို ေလွ်ာ့လိုက္ဟန္ သက္ျပင္းဖြဖြခ်လိဳက္သံကို ယုံခ်န္ၾကားလိုက္ရသည္။
မင္ရွို႔က သက္ေသာင့္သက္သာ ကုတင္ေပၚသို႔ ထိုင္ခ်လိဳက္တာမလို႔ သူပါ ထိုင္ခုံေပၚသို႔ တစ္ဖန္ျပန္ထိုင္လိုက္၏။
စကားမစခင္ သူ႕မ်က္လုံးေတြနဲ႕ ဆုံေအာင္ ၾကည့္လာသည့္ မင္ရွိူ႕၊
အၿမဲ မွိုင္းညို႔ေနတတ္တာမလို႔ အဓိပၸါယ္ေဖာ္ဖို႔ မႀကိဳးပမ္းလိုေတာ့၊
အဲ့အစား ၾကားလာရမည့္ စကားေတြအတြက္သာ စိတ္အား ျပင္ဆင္ထားလိုက္သည္။
"တစ္ေလွတည္းစီးေနၾကတယ္လို႔ မင္းေျပာခဲ့တာေနာ္၊
အခု ငါ့ၾကမၼာက မင္းၾကမၼာပဲ "
"အင္း လြန္ခဲ့ ၁၂ ႏွစ္ ခင္ဗ်ား ဖန္တီးခဲ့သလိုေပါ့"
~~~~~~~~~~~~~~~~~~~~
ျပင္ထားတဲ့ ဖုန္းရၿပီ ျဖစ္ေၾကာင္း အေၾကာင္းၾကားသည့္ ဖုန္းအား လက္ခံရရွိၿပီးၿပီးခ်င္း လွခ်ီ အကက်င့္ေနရာမွ ကတိုက္တရိုက္ ဆိုင္သို႔ ေျပးရသည္။
"ဦးေလး ဖုန္းထဲက ဟာေတြ ျပန္ယူလို႔ရလိုက္တယ္မလား"
လုခ်ီရဲ႕ အေမးေၾကာင့္ အျခားဖုန္းအား ျပင္ေနလက္စ ဦးေလးႀကီးက သူ႕မ်က္မွန္ေဘာင္ကို ေက်ာ္ၾကည့္ရင္း ေခါင္းၿငိမ့္ျပလာသည္။
သူမဖုန္း gallery အား စစ္ၾကည့္ေတာ့လည္း မူလအတိုင္း ရွိေနသည့္ ဗီဒီယို clip ေၾကာင့္ သူမ စိတ္ေအးသြားရသည္။
တကယ္လည္း တျခားအရာေတြထက္ အေရးႀကီးသည့္ အရာက ထိုဗီဒီယို ရွိေနဖို႔ပဲမလား။
က်သင့္ေငြရွင္းကာ ထိုဖုန္းအေဟာင္းေလးအား အိတ္ကပ္ထဲ အထပ္ထပ္သိုဝွက္လို႔ ကုမၸဏီသို႔ ခပ္သြက္သြက္ ျပန္လာခဲ့သည္။
ကုပၼဏီေရာက္ေတာ့ ဆရာဝမ္အား အရင္လိုက္ရွာေပမယ့္ ႐ုံခန္းမွာေရာ အကေလ့က်င့္ခန္းမွာပါ မရွိသည့္ ဆရာေၾကာင့္ သူမ ခမ်ာ ဂဏာ မၿငိမ္နိုင္။
မဟုတ္ေလာက္ဖူးဆိုတာ သိေပမယ့္ သူမလက္ထဲတြင္ ထိုဖုန္းတစ္ခုခု ျဖစ္သြားမည္ကို စိုးရိမ္ေနမိသည္။
တစ္စုံတစ္ေယာက္က ျမန္ျမန္ျပလို႔ သူမ အျပစ္ကင္းေၾကာင္းသက္ေသျပခ်င္လွၿပီ။
ညဘက္ေတြလည္း သက္ေသာင့္သက္သာ ေျခဆန့္အိပ္လို႔ Clara ၏ ဝိဥာည္ကိုလည္း ဒီ့ထက္ပို၍ အားနာမေနခ်င္ေတာ့။
အတန္ၾကာသည္အထိ ဆရာဝမ္အား ေစာင့္ေနေပမယ့္ မေပၚမလာ။
မေစာေတာ့သည့္ အခ်ိန္ေၾကာင့္ အကသာ ဆက္ေလ့က်င့္ေနရင္း ေစာင့္ေနလိုက္သည္။
မွန္ထဲတြင္ ျမင္ေနရသည့္ သူမ၏ ပုံရိပ္ဟာ အရင္ကထက္ အမ်ားႀကီးပို၍ အခ်ိဳးက်လာ၏။
ငန္ျဖဴမေလး၏ ေၾကာက္႐ြံ႕ျခင္း၊
ငန္းနက္၏ မာယာ ၊
အေရာင္ကြဲျပားေသာ စိတ္ခံစားခ်က္တို႔အား သူမ ပိုင္နိုင္စြာ ကိုင္တြယ္နိုင္ခဲ့ၿပီ။
ငန္းဘုရင္မတစ္ေယာက္၏ အရွိန္အဝါမွာ သူမထံကိန္းေအာင္းေန၏ ။
ေနာက္ရက္ပိုင္းေနလွ်င္ စတင္မည့္ swan lake ရာသီအတြက္ သူမဟာ အၿပီးျပည့္ဆုံးဘဲေလးတစ္ေယာက္။
"ထိုင္စကားေျပာဖို႔ အခ်ိန္ရွိေနေသးတာလား။
အခု မင္းတို႔ရဲ႕ အေျခအေနက မင္းတို႔အတြက္ သိပ္ကိုမွ ေက်နပ္စရာေကာင္းေနၿပီေပါ့။
အခုခ်က္ခ်င္း ျမန္ျမန္ထၿပီး အကက်င့္ၾကစမ္း!!"
ေရာက္လာတာႏွင့္ ဆူပူႀကိမ္းေမာင္းေတာ့သည့္ အသံေၾကာင့္ လုခ်ီ၏ ပ်ံ့လြင့္လာေသာ အာ႐ုံမ်ားမွာ တစ္စုတစည္းတည္း။
ဒီရက္ပိုင္းအတြင္း ဆရာဝမ္ဟာ အရင္ကေလာက္ မ်က္ႏွာမတည္ထားေပမယ့္ နီးကပ္လာသည့္ ကပြဲေၾကာင့္ သူ၏ ၾသဇာကို သုံး၍ ဖိအားေပးေနဆဲ။
အေျခအေနအစာ ဆရာဝမ္ အဘက္ဘက္မွ စိတ္ထိခိုက္စရာမ်ားႏွင့္ ႀကဳံေနရေလာက္မည္ဟု ေတြးမိေပမယ့္ မိမိအေတြးပင္ မွားေနသလားလို႔ ထင္ရသည္အထိ ဆရာဝမ္ဟာ သန္မာလွသည္။ သူ၏ ေမာက္မာသည့္ မ်က္ႏွာဖုံးကို ဘယ္ေတာ့မွ မခြာခ်ပဲ
အၿမဲတမ္း ခက္ထန္မာေက်ာလြန္းေနဆဲ။
"လုခ်ီ မင္းရဲ႕ အေၾကာေတြ ေတာင့္တင္းလြန္းေနေသးတယ္၊.ေသခ်ာက်င့္မွရမယ္"
ခ်ီးက်ဴးခဲတဲ့ ဆရာဝမ္ရိေပၚက အခုလည္း အျပစ္တင္ျပန္သည္။
သို႔ေပမယ့္ အသားက်ေနသည့္ လုခ်ီက အလိုက္သင့္ ေခါင္းၿငိမ့္လို႔ ေခါက္ခံၿပီးသား။
"ဆရာ အေရးႀကီးေျပာစရာရွိတယ္"
လုခ်ီရဲ႕ စကားေၾကာင့္ ေစာင္းငဲ့ၾကည့္လာသည့္ ဝမ္ရိေပၚက မ်က္ခုံးေတြကိုလည္း တြန့္ခ်ိဳးထားျပန္သည္။
လုခ်ီရဲ႕ အမူအရာအရ ေသေရးရွင္ေရးတမွ် အေရးႀကီးသည့္ အရာမွန္း သိပါလ်က္၊
ဟို အမႈကိစၥနဲ႕ ဆက္စပ္ေနမွန္းလည္း သိပါလ်က္၊
ထို႔အျပင္ သူလည္း သိခ်င္ေနပါလွ်က္ ျပန္ေျပာလာသည္က
"ေလ့က်င့္ခ်ိန္အတြင္း ဘာစကားမွ မေျပာရဘူး၊
ဒါက စည္းကမ္းပဲ"
ေအာင့္သက္သက္ျဖစ္သြားေပမယ့္ ေခါင္းၿငိမ့္ရင္း ကုန္လြန္မယ့္ အခ်ိန္ကိုသာ ေစာင့္ေနမိသည္။
သူမ၏ စိတ္မ်ားအား အကအေပၚသာ အာ႐ုံစိုက္ထားလိုက္ၿပီး
ေ႐ြ႕လ်ားေနသည့္ နာရီလက္တံမ်ားအား ဥေပကၡာျပဳလိုက္၏။
ဖုန္းscreen အား အာ႐ုံစိုက္ေနသည့္ ဝမ္ရိေပၚက မ်က္ေမွာင္က်ဳတ္ထားဖို႔ကိုလည္း မေမ့။
စားပြဲေပၚသို႔ ေထာက္ထားသည့္ လက္ဖ်ံမွ ေသြးေၾကာစိမ္းမ်ားကို ထင္ရွားစြာျမင္ေနရသည္။
အကေလ့က်င့္ထားသည္ေၾကာင့္ ဆံဖ်ားမ်ားသည္ ေခြၽးစအခ်ိဳ႕ ခိုတြယ္ေနသည္ကပင္ ေယာက္်ားဆန္ဆန္ ေခ်ာေမာမႈအား ေထာက္ပံ့ေပးသည္။
"ခန အဲ့နားေလး ျပန္ရစ္ျပ"
အမိန့္ေတြေပးရတာ အက်င့္ပါေနသူက ထိုသို႔ေျပာေတာ့ လုခ်ီက လိုက္နာႏွင့္ၿပီးသား။
"သိတဲ့ သူမလို႔လား"
ဖုန္းမ်က္ႏွာျပင္ေပၚတြင္ ေပၚေနသည့္ ကားေပၚမွ ဆင္းလာေူာ လူအား စူးစူးနစ္နစ္ စိုက္ၾကည့္ေနတာ မလို႔ လုခ်ီး ေမးခြန္းထုတ္မိသည္။
"အဟက္ အင္မတန္ရင္းႏွီးတဲ့ မိတ္ေဆြ ျဖစ္ေနပါ့လား"
ရင္းႏွီးတဲ့သူဟုဆိုကာ အံ့ၾသတုန္လႈပ္ျခင္းလည္းမရွိ၊
ခံျပင္ေဒါသထြက္ျခင္းလဲ မရွိပဲ ေနာက္ေက်ာဓါးျဖင့္ ထိုးခံရသည့္ အမႈအား အသားက် ကြၽမ္းတဝင္ေနသလို ၊
ေျခာက္ကပ္ကပ္ရယ္၍သာ တုံ႕ျပန္သည့္ ဆရာရိေပၚအား လုခ်ီ အံ့ၾသစြာ ေၾကာင္ေငးေနမိသည္။
ေခ်ာက္တြန္းခံရတဲ့က ဝမ္ရိေပၚကိုယ္တိုင္ ျဖစ္ေနတာေတာင္ အဘယ္ေၾကာင့္ သူမေလာက္ စိတ္အား ထက္သန္ပုံမေပၚေနတာပါလိမ့္။
"ဒါသာ ျပလိုက္ရင္ တရားခံကို မိမွာမလား"
"က်ိန္းေသေပါက္ေပါ့ ဒါေပမယ့္ အခု အခ်ိန္မက်ေသးဘူး၊ ငါတို႔ ေစာင့္ရဦးမယ္၊
လုခ်ီ တရား႐ုံးၾက မင္းျမင္ခဲ့သမွ် ထြက္ဆိုေပးနိုင္မလား"
ထိုေတာင္းဆိုခ်က္ေၾကာင့္ လုခ်ီ မ်က္ျပဴးဆံျပာ ျဖစ္သြားရသည္။
သူသည္အထိေတာင္ လုပ္ေပးခဲ့ၿပီးၿပီပဲ တရား႐ုံးထြက္ဆိုဖို႔ အထိ ကၾက။
သူမသည္ အမည္မသိေပးပို႔သည့္ ဓါတ္ပုံေတြကိုလည္း လက္ခံရရဖူးေတာင္ေၾကာင့္ တရား႐ုံးထိဆိုေသာ အေတြးက တကယ္ေတာ့ ေသြးပ်က္ဖြယ္ေကာင္းလွသည္။
သို႔ေပမယ့္ လက္ေတြ႕တြင္ေတာ့
"ကြၽန္မထြက္ဆိုေပးပါ့မယ္"
ျဖစ္ခ်င္တိုင္းျဖစ္ခြင့္ရသြားသည့္ ရိေပၚက မ်က္ခုံးတစ္ဖက္ပင့္ျပလို႔ ႏႈတ္ခမ္းစြန္းမ်ား တိမ္းၫြတ္႐ုံၿပဳံး၏။
သူမကိုေတာ့ မဟုတ္ ဖုန္း screen အား ၾကည့္ရင္းသာ။
"ဒါေပမယ့္ေလ "
မ်က္ဝန္းမ်ားဟာ သူမထံသို႔ ဦးတည္လာသည္။
ဆက္ေျပာမည့္ စကားအား ၿငိမ္သက္စြာ နားစြင့္ေန၏။
"အဲ့ေနရာမွာ စတုတၳလူ ရွိေနတယ္"
"က်ဴးလြန္တဲ့သူပဲလား"
"မဟုတ္ဘူး ဒီတိုင္း ေစာင့္ၾကည့္ေနတဲ့သူ"
"မင္း ဘယ္လို သိတာလဲ"
ေျပာရင္း သူရရွိထားသည့္ ဓါတ္ပုံမ်ားကို ျပရန္ ႀကံ႐ြယ္၍ အိတ္ထဲသို႔ ႏွိုက္လိုက္ေပမယ့္ လမ္းတဝက္မွာတြင္ သူမေတြေဝသြားရသည္။
ထိုဓါတ္ပုံေတြထဲက သူမပုံေတြ၊
ေတာင္းပန္တိုးလွ်ိုေနသည့္ Clara အာ ရက္စက္စြာ ထားခဲ့သည့္ သူမ၏ မ်က္ႏွာ အမူအရာ တစ္ခုခ်င္းဆီ အတိအက်ပါေနသည့္ ထိုပုံအေၾကာင္း ျပန္ေတြးၾကည့္မိေတာ့။
အိတ္ထဲတြင္ ဓါတ္ပုံအား ႏွိုက္စမ္းရွာေဖြေနေသာ သူမ၏ လက္တို႔မွာ ရပ္တန့္သြားသလို ငန္းအမွတ္ပါသည့္ စာ႐ြက္ေလးမွာလည္း အိတ္၏ ေအာက္ေျခတြင္ ၿငိမ္သက္လ်က္။
"ေမးေနတယ္ေလ မင္းဘယ္လို သိလဲလို႔!!"
ထပ္မံထြက္လာသည့္ ေမးခြန္းအဆုံး သူမလည္း မျပရန္သာ ဆုံးျဖတ္လိုက္ၿပီး
"မဟုတ္ပါဘူး ဒီတိုင္း စိတ္ထဲ ထင္မိတာ"
ကို႔ယို႔ကယား အၿပဳံးအား လ်စ္လ်ႉရႈလို႔ ဆရာဝမ္ရိေပၚက ထို ဗီဒီယိုအား သူ၏ ဖုန္းထဲ ကူးထည့္ေနသည္။
"ရိေပၚ"
ေနာက္ပါးမွ ထြက္လာေသာ အသံခ်ိဳခ်ိဳေၾကာင့္ သူေရာ ရိေပၚေပၚပါ တံခါးဘက္သို႔ လွည့္ၾကည့္လိုက္မိၾကသည္။
ထိုအခါ တံခါအကြက္တြင္ ရပ္ကာ lunch box အား ျမႇောက္ျပလာေသာ လူတစ္ေယာက္။
ေျခတံရွည္ရွည္ Suit အျပည့္ႏွင့္ ထိုလူဟာ အေတာ္ၾကည့္ေကာင္းသည့္ အထဲပါသည္ ။
ျမင္ဖူးသလို ရွိေနတာေၾကာင့္ အကဲခတ္သည့္ အၾကည့္မ်ားျဖင့္ ၾကည့္ေနတုန္း မိမိေဘးမွ လစ္ခနဲ ေပ်ာက္ကာ ထိုလူေဘးနား ေရာက္သြားသည့္ ဆရာဝမ္ေၾကာင့္ လုခ်ီမွာ မ်က္လွည့္ၾကည့္လိုက္ရသလို၊
ေက်ာက္ထုလူသား ဝမ္ရိေပၚက ထိုလူေခ်ာကိုေတာ့ အၿပဳံးေတြ ေဖာေဖာသီသီေပးေနတာမလို႔ ကိုယ့္မ်က္လုံးပင္ ကိုယ္မယုံနိုင္။
စကားတေျပာေျပာျဖင့္ ႐ုံးခန္းဘက္ ထြက္သြားၾကသည့္ ေက်ညျပင္ႏွစ္ခုအား တဆုံးလိုက္ၾကည့္ရင္း ေနာက္ေတာ့ လုခ်ီလည္း ေန႕လည္စာစားရန္အတြက္ ေအာက္ထပ္သို႔ ဦးတည္လိုက္သည္။
ဓါတ္ေလွကားအတြင္းသို႔ ဝင္ကာ အလႊာေ႐ြးၿပီးသည္အထိ ရင္းႏွီးသလိုလို မရင္းႏွီးသလိုလို ျဖစ္ေနေသာ မ်က္ႏွာေၾကာင့္ လုခ်ီ သူမ၏ မွတ္ဥာဏ္အား ဆက္တိုက္ အလုပ္ေပးေနမိသည္။
"အာ တကယ္ပဲ ဘယ္မွာေတြ႕ဖူးတာပါလိမ့္"
Ground ေရာက္ၿပီမလို႔ ဓါတ္ေလွကား တံခါးဟာ ပြင့္သြားၿပီဆ်ဳေပမယ့္ အေတြးလြန္ေနသည့္ လုခ်ီမွာေတာ့ ဓါတ္ေလွကာယထဲမွ မထြက္နိုင္ေသး။
႐ုတ္တရက္ ဦးႏွောက္ထဲ ဖ်က္ခနဲေပၚလာေသာ အေတြးႏွင့္အတူ သူမမ်က္ႏွာထက္ အံ့ၾသမႈ၊ ေၾကာက္႐ြံ႕မႈတို႔ ေရာႁပြန္လ်က္။
ထိုလူ
Clara လုပ္ႀကံခံရသည့္ ထိုညတြင္ တကၠစီေမာင္းေသာ ထိုလူ။
Mask တပ္ထားေပမယ့္ သူ၏ ထူးျခားေသာ မ်က္ဝန္းမ်ားက မွတ္ဥာဏ္ထဲ စြဲထင္ေနဆဲ။
တံခါးပိတ္သည့္ ဓါတ္ေလွကား ခလုတ္အား အထပ္ထပ္ႏွိပ္လို႔
ဆရာဝမ္၏ ႐ုံးခန္းရွိရာသို႔ ျပန္တက္လာလိုက္သည္။
ေစ့ပိတ္ထားသည့္ မွန္ျပတင္း လိုက္ကာၾကားမွ ႐ုံးခန္းအတြင္းသို႔ ေခ်ာင္းၾကည့္ေနသည့္ လုခ်ီ တစ္ကိုယ္လုံးမွာ တုန္ယင္ေနသည္။
စ္တ္လႈပ္ရွားမႈေၾကာင္ြ လည္ပင္းတစ္ဝိုက္ ေခြၽးစမ်ား စီက်လာ၏။
အခု အေနအထားအရ ဆရာဝမ္က ျပတင္းေပါက္ရွိရာဘက္ကို ေက်ာေပးထားၿပီး ထိုလူကေတာ့ လုခ်ီ၏ မ်က္ႏွာခ်င္းဆိုင္တြင္ရွိသည္။
ဆရာဝမ္ႏွင့္ ေျပာဆိုရယ္ေမာေနသည့္ သူမွာ က်ိန္းေသေပါက္သူပင္။
လြဲစရာ အေၾကာင္းမရွိ။
ထိုသို႔ဆို လုခ်ီအား ဓါတ္ပုံပို႔သည့္သူမွာလည္း ထိုလူေပပဲေပါ့။
အသက္ရႉပင္ မဝေတာ့သည့္ လုခ်ီက သူမရင္ဘက္အား လက္တစ္ဖက္ျဖင့္ ဖိထားရသည္။
ထိုခန လုခ်ီရွိေနရာသို႔ ဖ်က္ခနဲၾကည့္ကာ အၾကည့္ဆုံလိုက္သည့္ ထိုသူ။
လုခ်ီ အသံမထြက္နိုင္ပဲ မ်က္လုံးမ်ားသာ ျပဴးက်ယ္ထားမိသည္။
တကယ့္ကို ေက်ာခ်မ္းစရာေကာင္းေအာင္ စူးစူးနစ္နစ္ႀကီး စိုက္ၾကည့္ေနသည္မလို႔ တုန္ယင္ေနသည့္ ေျခလွမ္းမ်ားျဖင့္ မေနာက္သို႔သာ ဆုတ္သည္ထက္ ဆုတ္ေနမိသည္။
ေသြးသားတို႔မွာ ကိုယ္ထဲတြင္ ေဘာင္ဘင္ခတ္ေနသည္ကို ခံစားမိ၏။
ဦးေခါင္းတစ္ေလွ်ာက္ အပူလွိုင္းမ်ား ျဖတ္သန္းသြားလို တရွိန္းရွိန္း။
ဗလာက်င္းေနသည့္ သူမ၏ ဦးႏွောက္ဟာ ဘာအကူအညီမွ မရေတာ့ ။
တုတ္တုတ္လႈပ္ မရသည့္ သူမ အေၾကာေတြအား သူမ က်ိန္ဆဲ ပစ္လိုက္သည္။
လက္က်န္အားျဖင့္ ထိုေနရာျဖင့္ေဝးရာသို႔ ေျပးထြက္လာခဲ့သည္။
ထိုတြင္ ဆက္ေနပါက သူမ အသက္ႏွင့္ကိုယ္ အိုးစားမကြဲဟု အာမမခံနိုင္။
သည္တစ္ေခါက္လည္း တုန္ခ်ိေနေသာ လက္တို႔ျဖင့္ ဓါတ္ေလွကား ခလုတ္ကို အခါခါ ႏွိပ္ရင္း စိုးထိတ္ေနေသာ သူမ၏ စိတ္အစဥ္အား ႏွစ္သိမ့္ဖို႔ႀကိဳးစားရသည္။
"အဆင္ေျပသြားမွာပါ၊ ငါသူ႕ကို မသိဘူး ဟုတ္တယ္"
သူမ၏ ကေယာင္ေခ်ာက္ခ်ား အေျခအေနအား တျခား ဘဲေလး အကသမားေရာ ဝန္ထမ္းေတြကပါ ေငးၾကည့္ေနၾကသည္ေၾကာင့္ အေရးေပၚ ေလွကားရွိရာဘက္သို႔ ေရွာင္ထြက္လာလိုက္သည္။
ထိုေနရာသို႔ေရာက္မွ တင္းခံထားသည့္ သူမ၏ စိတ္တို႔အား အကုန္ လႊတ္ခ်လိဳက္ေတာ့ ၾကမ္းျပင္ေပၚသို႔ ဖရဲဖရိုက်သြားသည့္ သူမ ခႏၶာ။
ပါးျပင္ေပၚသို႔ မ်က္ရည္မ်ားစြာ စီးက်လာသည္။
ရွိုက္ငိုေနရင္း နီးကပ္လာေသာ ေျခသံေၾကာင့္ ငိုေႂကြးေနရာမွ ရပ္တန့္လိုက္သည္။
သူမ်ားလား .....
လန့္႐ြံ႕ျခင္းမ်ားဟာ ေသြးေၾကာမ်ားထဲ ပ်ံ့ႏွံ႕ကုန္၏။
ေတာင္ေျမာက္ေျပးေနသည့္ မ်က္စံမ်ားႏွင့္အတူ သူမအသက္အႏၵရာယ္အတြက္ ပူပန္ေနရင္း အသက္ျပင္းျပင္းေတာင္ မရႉရဲ၊
မ်က္ရည္စီးေၾကာင္းမ်ားျဖင့္ ထိတ္လန့္ေနသည့္ သူမ၏ သဏ္ဠာန္ဟာ က႐ုဏာသက္ဖြယ္။
သိူ႕ေသာ္ သနားမည့္သူမရွိ။
အေမွာင္ရိပ္ထဲမွ တစ္စတစ္စ ထြက္ေပၚလာသည့္ ထိုလူအား လုခ်ီ ကြဲအက္ေၾကမြေနေသာ အၾကည့္မ်ားျဖင့္သာ ေမာ္ၾကည့္လိုက္ရင္း ျပဳလာမည့္ အႏၵရာယ္အား ရင္ဆိုင္ရန္ အသင့္ျပင္ထားလိုက္သည္။
သို႔ေပမယ့္ သူမမ်က္ႏွာေရွ႕ ကမ္းေပးလာသည့္ လက္သြယ္သြယ္ တစ္စုံ။
အေကာင္း ၊အဆိုး
ဒုစိ႐ုက္၊ အဒုစရိုက္ ေဝဖန္နိုင္စြမ္း ကင္းမဲ့လ်က္။
~~~~~~~~~~~~~~~~~~
ထိုဓါတ္ပုံတစ္ပုံ၏ ေနာက္ကြယ္မွ ေၾကကြဲဖြယ္ ဇာတ္လမ္းေလးအား ေျပာအၿပီး မင္ရွို႔က ေျခာက္ေသြ႕ေနသည့္ သူ၏ ႏႈတ္ခမ္းအား လွ်ာျဖင့္သပ္လို႔ စိုဆြတ္ေစလိုက္သည္။
နားေထာင္လိုက္ရသည့္ ယုံခ်န္မွာေတာ့ ခံစားခ်က္မ်ား ေရာႁပြန္လို႔။
ေဒါသ၊ ခံျပင္းမႈ၊ ေနာက္ေက်ာတြင္ စိုက္သည့္ ဓါးေၾကာင့္ အသ ည္း နာျခင္း မ်ားကိုပါ တဆက္တည္း ခံစားလိုက္ရသည္။
"ဒါဆို Onsra ရဲ႕ ပိုင္ရွင္ အစစ္က ေရွာင္းမ်ိဳးရိုးေပါ့"
ဓါတ္ပုံ အေနာက္မွ ငန္းပုံစံအမွတ္ေလးကို ပြတ္သတ္ရင္း ယုံခ်န္ထိုသို႔ ဆိုမိေတာ့ မင္ရွို႔က လက္မခံခ်င္။
အတိတ္က ပိုင္ရွင္ေတြဟာ ဘယ္သူေတြ ျဖစ္ခဲ့ျဖစ္ခဲ့ အခုလက္ရွိကာလ အတြက္ေတာ့ Onsra က သူ႕အတြက္သာ။
"မရွိေတာ့ဘူးေလ အခု ပိုင္ရွင္ အသစ္ထပ္ရွာရေတာ့မယ္"
အေဖျဖစ္သူ၏ သိပ္ေသခ်ာေနေသာ အေျပာေၾကာင့္ ယုံခ်န္ ဟက္ခနဲ ရယ္လိုက္မိသည္။
သူ႕အေျဖဟာ ဥာဏ္မ်ား သေလာက္ အကြက္ေစ့ဖို႔ေတာ့ လိုေသးတာပဲ။
"ဘယ္ေျပာနိုင္ပါ့မလဲ အခုေတာင္ အနားမွာ ရွိခ်င္ရွိေနမွာ"
ျပာယာခက္သြားသည့္ မင္ရွို႔၏ အၾကည့္ေတြကို ျမင္လိုက္ရသည္။
အရမ္းကို ဇဝါဇဝါ ျဖစ္သြားပုံအရ တစ္ခါမွ ထိုသို႔ မစဥ္းစားဖူးပုံပင္။
"မျဖစ္နိုင္ဘူး လြန္ခဲ့တဲ့ ၅ ႏွစ္ကတည္းက ဝမ္ဟန္ကိုယ္တိုင္ရွင္းၿပီးၿပီ။"
ဝမ္ဟန္ကိုယ္တိုင္ဆိုတဲ့ စကားေၾကာင့္ ယုံခ်န္ အံ့အားသင့္သြားရသည္။
ထိုေနရာေလး တစ္ေနရာက အျပစ္ေႂကြးေတြ အဲ့ေလာက္ႀကီး ရင္းပစ္ရတဲ့အထိ အဖိုးထိုက္လြန္းတာလား။
သူ႕အေဖကေရာ၊
သူေျပာျပသေလာက္သာ သိခြင့္ရတဲ့ သူ႕အေဖကေရာ ေနာက္ထပ္ဘယ္လို ႏွလုံးသားမဲ့တဲ့ ကိစၥေတြကို လုပ္ခဲ့ဖူးလည္း။
အေတြးနဲ႕တင္ မ်က္ဝန္းထဲ ျပည့္လာေသာ မ်က္ရည္စတို႔ေၾကင္ျ အၾကည့္တို႔အား အေဝးသို႔ ေငးပစ္လိုက္သည္။
"သူရွိေနတုန္းပဲ၊
Onsra ရဲ႕ ဆက္ခံသူအစစ္က ရွိေနတုန္းပဲ။
ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေဘးမွာ"
အေတြးမ်ားေနသည့္ မင္ရွို႔၏ မ်က္စံနက္နက္မွာ မတည္မၿငိမ္။
သူ၏ ခန့္မွန္းခ်က္အေပၚ မေရရာသေယာင္ျဖင့္ ယုံခ်န္အား အတည္ျပဳလိုေသာ အၾကည့္တို႔ျဖင့္ၾကည့္လာသည္။
"မင္း ေျပာခ်င္တာ ေရွ႕ေနေရွာင္းက်န့္လား"
အေျဖပါဒြန္တြဲေနသည့္ ဆန္းစစ္လိုေသာ ေမးခြန္း။
ေခါင္းၿငိမ့္ျပမိေတာ့ အသိေပးသလို ထပ္ေျပာလာသည္။
"ငါတို႔နိုင္ငံမွာ ေရွာင္းမ်ိဳးရိုးက တစ္ေယာက္တည္းမဟုတ္ဘူးေနာ္"
"ေရွာင္းမ်ိဳးရိုးက တစ္ေယာက္တည္း မဟုတ္ေပမယ့္ အဲ့ငန္းအမွတ္အသား ကို သုံးတာကေတာ့ တစ္ေယာက္တည္းမလာ။
အဲ့အမွတ္အသားပါတဲ့ လက္ကိုင္ပုဝါကို ဝမ့္ဆီမွာ ျမင္ဖူးတယ္၊
အၿမဲေဆာင္ထားလြန္းလြန္း သတိထားမိသြားတာ"
ဝမ့္အေၾကာင္းေျပာမိရင္ကို ထိန္းမရေအာင္ ပ်က္တတ္သည့္ မ်က္ႏွာေၾကာင့္ အေဖမ်ား ရိပ္မိသြားသလား စိုးရိမ္သြားေပယမ့္ သူ႕အား အာ႐ုံေတာင္ ရွိမေနပဲ ဓါတ္ပုံကိုသာ စိုက္ၾကည့္ေနသည့္ ေဖေဖ။
"ေရွာင္းက်န့္ ရိေပၚနား ေရာက္လာတာလဲ အဲ့ရည္႐ြယ္ခ်က္ေၾကာင့္ပဲ ျဖစ္မွာပဲ ၊
ကြၽန္ေတာ္သို႔ သူကို ရွင္းထုတ္လိုက္ရေအာင္"
ယုံခ်န္၏ အေျပာအား အႀကံအစည္တစ္ခု ရွိေနပုံေပၚသည့္ မင္ရွိ့က ေျဖးေျဖးခ်င္း ေခါင္းရမ္းျပလို႔ ျငင္းဆန္သည္။
"အဲ့ေလာက္ လက္လြတ္စပယ္ လုပ္ဖို႔မလြယ္ေလာက္ဘူး။
ဒီလိုဆို မေန႕က ခ်ဳပ္ထားတဲ့ ေကာင္မေလးကို လႊတ္ေပးတာလဲ သူ၊
ဓါတ္ပုံေတြ ခ်န္ခဲ့တာလည္းသူပဲ။
ထင္ထားတာထက္ အမ်ားႀကီး သိထားတာမလို႔ လက္လြတ္စပယ္ လုပ္လို႔မရဘူး"
အေဖ့ရဲ႕ စကားေတြကို ယံျခ်န္ သိတဝက္ မသိတဝက္ ဆိုေပမယ့္ ၿငိမ္လိုသာ နားေထာင္ေနမိသည္။
"အဲ့မတိုင္ခက္ ပိတ္ရမယ့္ ပါးစပ္တစ္ေပါက္ရွိေနတယ္"
ပထမဆုံးအႀကိမ္အျဖစ္ အေဖက သူ႕ကို အေရးတယူ စကားေျပာျခင္းျဖစ္ၿပီး သူ႕၏ တာဝန္ေတြအား ပထမဆုံးအႀကိမ္ ခြဲေဝေပးျခင္းလည္း ျဖစ္သည္။
ယုံခ်န္ စိတ္လႈပ္ရွားမိေပမယ့္ လုပ္မိလုပ္ရာ လုပ္ေနသည့္ ကိုယ့္ကိုယ္လဲ စက္ဆုတ္မိသည္။
တကယ္ေတာ့ မိသားစုဆိုတာ လမ္းမွန္ေပၚေရာက္ေအာင္ အၿမဲတည့္မတ္ေပးရစၿမဲမလား။
ဒါေပမယ့္ သူ႕လို အေျခအေနမ်ိဳးဆို ဘယ္လိုလုပ္ၾကပါ့မလဲ၊
တားဆီးလို႔မရေတာ့တဲလအခါ လမ္းမွန္ကေန အလုံးဆုံေအာင္ ေသြျဖည္သြားတဲ့အခါ၊
အဲ့လိုေတြ ျဖစ္လာတဲ့အခါ အခုလိုမ်ိဳးပဲ အတူတူမိုက္ကမ္းမိမွာပါပဲ။
လမ္းမွန္မေရာက္သည့္တိုင္ အနည္းဆုံး ကာကြယ္ေပးလို႔ရတယ္ေလ။
မင္ရွို႔ေျပာျပလာသည့္ အစီအစဥ္အား တစ္ေသြမတိမ္းလိုက္နာရန္ဆုံးျဖတ္လို႔ ယုံခ်န္ လိုအပ္သည္မ်ားကို ျပင္ဆင္ထားလိုက္သည္။
ဘဝအတြက္ ပထမဆုံး သူ ဗီလိန္ျဖစ္ရျခင္းအေပၚ သူ ခံျပင္းတာလည္းမရွိသလို ဝမ္းလည္း မဝမ္းနည္း။
သူ ခ်စ္ရသူႏွစ္ေယာက္ ေဘးကင္းမည္ဆို သူဒီေလာက္ေလး စေတးရသည္က စာမဖြဲ႕ေလာက္။
ကားထဲမွ ေန၍ အေဖ ေျပာျပထားေသာ ထိုေကာင္မေလး ထြက္လာမည့္ အခ်ိန္ကိုသာ ေစာင့္ေနရင္း သူ၏ အေတြးမ်ားဟာ သူ႕အေဖႏွင့္ ေျပာခဲ့သည့္ စကားဝိုင္းဆီသို႔ ျပန္ေရာက္သြားသည္။
"ခိုင္းသမွ် အကုန္လုပ္ေပးမွာမလို႔ တစ္ခုပဲ ဝမ္ သူ႕ကို ထိလိုက္လို႔ေတာ့မျဖစ္ဘူး"
ေခါင္းမၿငိမ့္သလို မျငင္းဆန္သည့္ အေဖ့၏ အမူအရာအား ျပန္ျမင္ေရာင္လာၿပီး သူစိတ္ညစ္ၫူးစြာ စတီယာတိုင္ေပၚသို႔ မ်က္ႏွာ ေမွာက္ခ်ရင္း မ်က္စိမွိတ္ကာ အနားယူလိုက္သည္။
အခ်ိန္လင့္ေနသည္ အထိ ေပၚမလာေသးေသာ ထိုမိန္းကေလးေၾကာင့္ ယုံခ်န္ ကုမၸဏီထဲသို႔ လိုက္သြားလိုက္သည္။
တိုက္ဆိုင္စြာ ဓါတ္ေလွကားတဲ့မွ ထြက္လာသည့္ သူမ။
တုန္လႈပ္ေနေသာ သူမ၏ ေျခလွမ္းမ်ားဟာ အေရးေပၚ ေလွကား ဘက္သို႔ ဦးတည္သြားတာမလို႔ အေနာက္မွ တိတ္တဆိတ္လိုက္သြားလိုက္သည္။
ငိုေနသည့္ သူမ ရွိုက္သံသဲ့သဲ့ကို ၾကားေနရသည္။
သူ႕ေျခသံၾကားေတာ့ ေၾကာက္႐ြံ႕ေနတဲ့ သူမ။
လက္ကမ္းေပးလိုက္ေတာ့ အံ့အားသင့္ေနတဲ့သူမ။
ေမွ်ာ္လင့္အားကိုးျခင္းေတြပါတဲ့ ထိုမ်က္ဝန္းေတြ၊
သူအေဖအား ထိုသို႔ ၾကည့္ေနၾက၊
သူ႕လက္ဖဝါးထဲ အပ္ႏွင္းလက္သည့္ လက္ျဖဴျဖဴေလး တစ္ဖက္။
အဲ့လိုနဲ႕သူဟာ သူအမုန္းဆုံးလူသား ျဖစ္လာခဲ့တယ္။
Villain
သနားမခံရတဲ့ အရႈံးသမားေတြ။
TBC♡
ဒါေလးက ဇာတ္သိမ္းခါနီးပါၿပိ>.<