ႏွိပ္စက္ခံဇာတ္လိုက္မေလးႏွင့္...

By Lilac_1272_

9.9K 887 60

#I don't own this novel ! #I'm just translating #Credit to original author and eng translator. * Book cover... More

Intro
Description
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 1) ( U+Z )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 2 ) ( U+ Z )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 3 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 4 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 5 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 6 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 7 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 8 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 9 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 10 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 11 )
Hello
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 13 ) ( U+Z )
Arc 1- ချစ်မိနေပြီလား ?( chapter - 14 )
Arc 1- ချစ်မိနေပြီလား ?( chapter - 15 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 1 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 2 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 3 )

Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 12 )

356 37 6
By Lilac_1272_

zawgyi
-----------

မနက္ခင္းကတည္းက လူတိုင္းကို ျပဳံးျပေနသည့္ ဥကၠ႒ရင္ကို ရင္ကုမၸဏီ၏ဝန္ထမ္းမ်ားသတိထားမိၾကေလသည္။
ဝန္ထမ္းတစ္ေယာက္က မေတာ္တဆအမွားလုပ္ခဲ့မိတာေတာင္မွ သူတို႔အဆူမခံၾကရေပ။
ထူးဆန္းလိုက္တာ ၊ ဘယ္အခ်ိန္ကတည္းက ငါတို႔ ဥကၠ႒ရင္ အရမ္းသေဘာထားႀကီးသြားတာပါလိမ့္ ။
ေန႔လည္ ၁၂ နာရီ ေရာက္ေသာအခါ
ရင္ေမေခ်ာင္ အတြင္းေရးမႉးဆီသြားကာ
" ငါ့အတြက္ ေန႔လည္စာမမွာနဲ႔ေတာ့ " 
" ဟမ္ " အတြင္းေရးမႉးကမတ္တပ္ထရပ္လိုက္ၿပီး
" ဥကၠ႒ရင္ အျပင္သြားစရာ႐ွိလို႔လား " အတြင္းေရးမႉးမေလးဟာ ရင္ေမေခ်ာင္၏အခ်ိန္စာရင္းကို အလွ်င္အျမန္လွန္ေလွာ္ၾကည့္႐ွဴလိုက္ေပမဲ့ ေန႔လည္နားခ်ိန္မွာ စီစဥ္ထားေသာခ်ိန္းဆိုမႈ တစ္ခုမွ႐ွိမေနခဲ့ေပ။
" မင္း ငါ့ကိုေခၚဖို႔ မလိုအပ္ဘူး "
ရင္ေမေခ်ာင္ ျပဳံးေနေသာ မ်က္ႏွာႏွင့္ပင္ သူမ႐ုံးခန္းဆီျပန္သြားေလသည္။ အတြင္းေရးမႉးမေလးက အနည္းငယ္႐ႈပ္ေထြးသြားေလသည္။
ေန႔လည္ 12:30 ,
ပူေႏြးေနေသာ ေန႔လည္စာဘူးကိုလက္မွာကိုင္လွ်က္ ႐ွန္းဝမ္ ရင္ကုမၸဏီေ႐ွ႕သို႔ ေရာက္လာခဲ့သည္။ ဒါက သူမ ရင္ကုမၸဏီကိုပထမဆုံးအႀကိမ္ေရာက္ဖူးတာျဖစ္သည္။
သူမ အေဆာက္အဦးထဲ ေျခခ်လိုက္႐ုံ႐ွိေသး သူမရဲ႕ဖုန္းျမည္လာခဲ့သည္ ။
" ေရာက္ၿပီလား ဝမ္ဝမ္ "
" ဟမ္ ၊ ကြၽန္မ ေရာက္လာတာကို ဘယ္လိုလုပ္ၿပီးသိေနတာလဲ၊ ေ႐ွာင္ေမ ႐ွင္ ကြၽန္မကိုေျခရာခံစက္တပ္ထားတာလား "
ရင္ေမေခ်ာင္ ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚကေမာ္နီတာကိုၾကည့္ေနလွ်က္
" ကိုယ့္အေတြးထဲမွာ မင္းအေၾကာင္းေတြခ်ည္းျပည့္ေနတာေလ။ မင္းေရာက္ေနေလာက္ၿပီလို႔ အလိုလိုခံစားမိလို႔ ကိုယ္ဖုန္းေခၚလိုက္တာ။ "
" ဟုတ္ပါၿပီ ၊ ကြၽန္မ ခုေလးတင္ေရာက္တာ ၊ ကြၽန္မဝင္လာေနၿပီ "
ေမာ္နီတာထဲက မိန္းကေလးကိုရင္ေမေခ်ာင္ စိုက္ၾကည့္ေနမိသည္။ သူမ၏ မ်က္လုံးေတြသည္ စြဲလမ္းျခင္း ခ်စ္ျခင္းမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။
" ဒါဆို ကိုယ္ မင္းကို ႀကိဳဖို႔ ေအာက္ဆင္းလာခဲ့လိုက္မယ္ "
" မဟုတ္တာ ၊ ကြၽန္မ ဘာသာပဲလာခဲ့ပါ့မယ္။ ကြၽန္မ အခုဓာတ္ေလွကားေ႐ွ႕မွာ "
သူမ ဓာတ္ေလွကားထဲဝင္ရေတာ့မွာေၾကာင့္ ရင္ေမေခ်ာင္ကို အျမန္ေျပာလိုက္သည္။
" လိုင္းမမိေတာ့ဘူး ၊ ကြၽန္မ အရင္ဖုန္းခ်လိုက္ေတာ့မယ္ "
ရင္ေမေခ်ာင္ ဖုန္းကိုၾကည့္ကာ မတ္တပ္ထရပ္လိုက္ၿပီး ျပဳံးလွ်က္႐ုံးခန္းထဲမွ ထြက္လာလိုက္သည္။
ရင္ေမေခ်ာင္၏ သိသိသာသာ ေပ်ာ္႐ႊင္ေနမႈက အျပင္ဘက္မွာထိုင္ေနေသာ အတြင္းေရးမႉးေတြႏွင့္ လက္ေထာက္ေတြကိုမ်က္စိျပာသြားေစခဲ့သည္။
ရင္ေမေခ်ာင္သည္ အလြန္လွပၿပီး နန္းဆန္သည့္အလွေလးတစ္ေယာက္လို႔ ေျပာလို႔ရသည္။
သူမသည္ ပုံမွန္အားျဖင့္ cheongsam ဝတ္ဆင္ရတာကို ႏွစ္သက္သည္။ အဲ့ဒါက သူမ၏လွပေသာ ေကာက္ေၾကာင္းအား ေပၚလြင္ေစၿပီး သူမကိုဆြဲေဆာင္မႈ႐ွိေစေလသည္။
ကုမၸဏီမွာေတာ့ သူမကsuit ဝတ္ဆင္ေလ့႐ွိသည္။ အဲ့ဒါက သူမ၏ အလွတရားကိုေလ်ာ့မသြားေစေပ။ အဲ့ဒီအစား သူမက ေအးစက္သည့္အလွေလးႏွင့္တူေလသည္။ အထူးသျဖင့္ လူေတြကို သူမအားတိုက္႐ိုက္ မၾကည့္ရဲေအာင္လုပ္ႏိုင္သည့္ သူမ၏မ်က္လုံးေတြျဖစ္သည္။
ရင္ေမေခ်ာင္ရဲ႕အလွတရား၏အျခားတစ္ဖက္ကို သူမလက္ထပ္လိုက္သည့္ေန႔မွစ၍ သူတို႔ေတြ႕ျမင္ခဲ့ၾကရေလသည္။ အလွေလး၏ ၾကင္နာယုယမႈေတြက ေရကဲ့သို႔ပင္ျဖစ္သည္။
ဆြဲေဆာင္မႈ႐ွိၿပီး စူး႐ွသည့္မ်က္လုံးတစ္စုံဟာ သူမခ်စ္ျမတ္ႏိုးရတဲ့ မိန္းကေလးအားၾကည့္သည့္အခါမွာေတာ့ ေရကဲ့သို႔ ႏူးညံ့ညင္သာေနေလသည္။
ရင္ေမေခ်ာင္ တက္ႂကြစြာလမ္းေလွ်ာက္သြားလိုက္ၿပီး ဓာတ္ေလွကားေ႐ွ႕၌ရပ္ေနလိုက္သည္။
မ်ားစြာေသာလူေတြက သူမကိုလိုက္ၾကည့္ေနၾကမိသည္။ သူတို႔ဟာ ဓာတ္ေလွကားတံခါးအား မမွိတ္မသုန္စိုက္ၾကည့္ေနသည့္ ရင္ေမေခ်ာင္႐ွိရာသို႔ မသိမသာခိုးခိုးၾကည့္ေနၾကသည္။
ထိုအခ်ိန္တြင္ပင္ တင္ ဆိုေသာအသံႏွင့္အတူ ဓာတ္ေလွကားတံခါးဟာပြင့္လာေလသည္။
အထဲ၌ လူမမာပုံနဲ႔ပိန္ပိန္ပါးပါးမိန္းကေလးတစ္ေယာက္သည္ ေတာက္ပေသာအျပဳံးႏွင့္အတူ ရပ္ေနခဲ့သည္။
ထိုမိန္းကေလးသည္ လက္ထဲ၌ထမင္းဘူး ကိုင္ထားၿပီး ဂါဝန္ဝတ္ဆင္ထားေလသည္။ တစ္ခ်က္ၾကည့္႐ုံျဖင့္ သူမဝတ္ဆင္ထားသည့္ဂါဝန္ဟာ အေသးဆုံး size ဆိုတာကလူတိုင္းသိႏိုင္ေလသည္။
ဒါေတာင္မွ ဂါဝန္သည္ သူမကိုယ္ေပၚ၌ေလ်ာ့တိေလ်ာ့ရဲတြဲက်ေနေသးသည္။  သူတို႔ သူမအား မဂၤလာေဆာင္၌ တစ္ႀကိမ္သာ ျမင္ဖူးခဲ့ေသာ္လည္း ထိုမိန္းကေလးကို သူတို႔ခ်က္ခ်င္းမွတ္မိၾကသည္။
သူတို႔ ဥကၠ႒ရဲ႕ အမ်ိဳးသမီးမလား
" ေန႔လည္စာ မစားရေသးဘူးမလား ေ႐ွာင္ေမ "
{ TN - Mei ဆိုတာ လွပျခင္း ၊ အလွ ဆိုတဲ့အဓိပၸါယ္ပါ ။ ဒါေၾကာင့္ ႐ွန္းဝမ္က ရင္ေမေခ်ာင္ကို အလွေလး လို႔ေခၚလိုက္တာပါ ။ }
ရင္ကုမၸဏီ၏ အလုပ္သမားေတြဟာ သူမကိုႏႈတ္ဆက္ဖို႔အတြက္ မတ္တပ္ရပ္ၾကေတာ့မလို႔ဘဲ၊ ဒါေပမယ့္ ႐ုတ္တရက္ ' ေ႐ွာင္ေမ' လို႔ ၾကားလိုက္ရသည့္အခါ သူတို႔ရဲ႕ေခါင္းေတြ ၿပိဳင္တူလွည့္ၾကည့္မိေတာ့မလိုျဖစ္သြားခဲ့သည္။
ေ႐ွာင္......ေ႐ွာင္ေမလား
ဥကၠ႒ရဲ႕အမ်ိဳးသမီးက ဥကၠ႒ကို ေ႐ွာင္ေမလို႔ေခၚလိုက္တာလား
သူတို႔ လွ်င္ျမန္စြာ ဥကၠ႒ရင္၏တုံ႔ျပန္မႈကိုၾကည့္လိုက္ၾကေပမယ့္လည္း ဥကၠ႒ရင္ျပဳံးကာ ႐ွန္းဝမ္လက္ထဲက ထမင္းဘူးအားယူလိုက္သည္ကိုသာေတြ႕လိုက္ၾကရသည္။ ႐ွန္းဝမ္လက္ေလးကို ကိုင္ဖို႔လည္းသူမ မေမ့ေပ ၊ ေခါင္းအနည္းငယ္ငုံ႔ၿပီးေတာ့ေတာင္မွ ႐ွန္းဝမ္နားနား ကပ္ကာတီးတိုးေျပာလိုက္ေသးသည္။
သူတို႔ ဘာေျပာရမွန္းေတာင္မသိေတာ့ေပ။
" မစားရေသးဘူး ၊ ကိုယ့္ကိုမ်က္ႏွာခ်ိဳေသြးဖို႔ မင္းအစားအစာေတြယူလာေပးမွာကို ကိုယ္ေစာင့္ေနတာ "
႐ွန္းဝမ္ ရင္ေမေခ်ာင္ ေပ်ာ္ေနတာကိုခံစားမိၿပီး သူမလည္းအလိုလိုေပ်ာ္လာမိသည္။
" ဒါဆို အခုကစၿပီးကြၽန္မ ႐ွင့္ကိုေန႔တိုင္း ထမင္းဘူးယူလာေပးမယ္ေလ ၊ ဘယ္လိုလဲ "
ငါ့မိန္းမက ေန႔တိုင္းအလုပ္ႀကိဳးစားေနရတာ ၊ သူမကိုေန႔တိုင္းေန႔လည္စာပို႔ေပးတာ ဘာမွမွားမေနဘူးေလ ဟုတ္တယ္မလား ။
ရင္ေမေခ်ာင္ အဲ့ဒီလိုလုပ္ေစခ်င္ေပမယ့္လည္း ပိန္ပါးေနသည့္႐ွန္းဝမ္၏ပုံစံကိုျမင္ေတာ့ အားနာစိတ္ဝင္လာမိသည္။
" မင္း ပင္ပန္းလိမ့္မယ္ " ဒါေပမယ့္ သူမတို႔ႏွစ္ေယာက္ အခ်ိန္ေတြပိုၿပီးအတူ႐ွိႏိုင္မွာကိုလည္း ရင္ေမေခ်ာင္ေတြးမိေလသည္။
ဘုရားသခင္က သူမ၏စိတ္ရင္းကို ျမင္လို႔လားမသိေပ ၊ သူမရဲ႕ဝမ္ဝမ္ေလးက အခုခ်ိန္ထိအေျခအေနေကာင္းေနဆဲျဖစ္သည္။
ဝမ္ဝမ္က အျပင္းအထန္ေနမေကာင္းျဖစ္ေနတာေတာင္မွ အစားနည္းၿပီး ဝိတ္က်သြားသည္ကလြဲရင္ သူမေ႐ွ႕မွာအသက္႐ွင္လ်က္ ရပ္ေနႏိုင္ေသးသည္။
႐ွန္းဝမ္ အသံတိုးတိုးျဖင့္
" ႐ွင့္ကို ေန႔တိုင္းေန႔လည္စာ လာပို႔ေပးႏိုင္မယ့္ အခြင့္အေရးေကာင္းကို ကြၽန္မကလက္လႊတ္ခံစရာလား၊ ေ႐ွာင္ေမ ႐ွင္မေပ်ာ္ဘူးလား "
" ေပ်ာ္တယ္ "
ဘယ္လိုလုပ္ သူမ မေပ်ာ္ဘဲေနမွာလဲ။ အရသာ႐ွိ႐ွိ မ႐ွိ႐ွိ သူမမိန္းမ လာပို႔တဲ့ေနလည္စာပဲဟာ ၊ အရသာ မ႐ွိရင္ေတာင္ သူမရဲ႕ ဝမ္ဝမ္ ကိုယ္တိုင္လာပို႔တာမွန္သမွ်က သူမအတြက္ေတာ့ အရသာ႐ွိေနမွာပဲ။
ဝမ္ဝမ္သာ က်န္႐ွိေနတဲ့ သူမဘဝတစ္ေလွ်ာက္လုံး ေဘးမွာအေဖာ္ျပဳေပးႏိုင္မယ္ဆို ဝမ္ဝမ္ သူမကိုေန႔တိုင္း ဆန္ျပဳတ္နဲ႔ ကင္ခ်ီပဲ ေကြၽးရင္ေတာင္ သူမ မၿငီးမေႁငြ႕ၿမိန္ရည္႐ွက္ရည္စားႏိုင္တယ္။
ရင္ကုမၸဏီ၏ အလုပ္သမားေတြဟာ ေၾကာင္ေနၾကသည္။ ရင္ေမေခ်ာင္ ႐ွန္းဝမ္အား ႐ုံးခန္းထဲ ေခၚေဆာင္သြားသည္ကို သူတို႔ၾကည့္ေနခဲ့ၾကသည္။ ႐ွန္းဝမ္ ေ႐ွာင္ေမလို႔ေခၚတာကို ၾကားသည့္အခါ သူတို႔ ပါးစပ္ထဲကအစားအစာေတြကိုေတာင္ ေထြးထုတ္မိေတာ့မလိုျဖစ္သြားခဲ့ၾကသည္။ ထိုႏွစ္ေယာက္ ႐ုံးခန္းထဲဝင္ၿပီး အခန္းတံခါးပိတ္သြားသည္ႏွင့္ အျပင္ဘက္ကသူေတြ ဟာ စတင္ေဆြးေႏြးၾကေတာ့သည္။
" ဥကၠ႒ရဲ႕အမ်ိဳးသမီးက ဥကၠ႒ရင္ကို ေ႐ွာင္ေမ လို႔ေခၚတာလား "
" ငါ က်႐ႈံးသြားၿပီ၊ ဒါအခ်စ္စစ္ပဲ ။ "
" ေတာ္ေသးတာေပါ့ ဥကၠ႒ရင္ရဲ႕ နံမည္မွာ ' ဟုန္ ' မပါတာ၊ မဟုတ္ရင္ ဥကၠ႒ရဲ႕အမ်ိဳးသမီးက ဥကၠ႒ကို အနီေလး လို႔ ေခၚေနအုံးမယ္ "
{ TN - ဟုန္ ဆိုတာ အနီေရာင္ ဆိုတဲ့အဓိပၸါယ္ပါ။ }
အဲ့ဒီ ျမင္ကြင္းကို ျမင္ေယာင္မိတဲ့အခါ အခန္းထဲ႐ွိသူအားလုံးဟာ ေအာ္ရယ္မိၾကေတာ့မလို ျဖစ္သြားခဲ့သည္။
" ဥကၠ႒ရင္ရဲ႕ သည္းခံႏိုင္စြမ္းက ဒီေလာက္ထိ ျမင့္မားလိမ့္မယ္လို႔ ငါမထင္ထားခဲ့မိဘူး၊ သူမ ေ႐ွာင္ေမလို႔ အေခၚခံရတာေတာင္မွ သူမက ေပ်ာ္ေနတုန္းပဲ။ "
" ဘာလို႔ ဒီမနက္ ဥကၠ႒ရင္ အရမ္းေပ်ာ္ေနရတာလဲဆိုတာ ငါသိသြားၿပႌ။ ဥကၠ႒ရဲ႕အမ်ိဳးသမီးက ေန႔လည္စာယူလာေပးမွာမလို႔ပဲ။ "
႐ုံးခန္းထဲ၌ ေန႔လည္စာဘူးကိုဖြင့္လိုက္ၿပီး အထဲက အစားအစာေတြက အေစခံေတြခ်က္ထားထာျဖစ္ေလသည္။ ဒါေပမဲ့ ရင္ေမေခ်ာင္အျမင္မွာေတာ့ ဒါေတြဟာ သူ႕မိန္းမလုပ္ထားတာသာျဖစ္သည္။ ဝမ္ဝမ္ရဲ႕ လက္ကလာမွာေတာ့ ဝမ္ဝမ္ လုပ္ထားတာပဲ။
" မင္း စားၿပီးၿပီးလား "
" နည္းနည္းစားထားတယ္ "
ရင္ေမေခ်ာင္ယုံေလသည္။ သူမ အိမ္ကိုဖုန္းဆက္ထားၿပီးၿပီးျဖစ္သည္။ သူမ ႐ွန္းဝမ္၏အေျခအေနကို ေန႔တိုင္းသိဖို႔ လိုအပ္ၿပီး ဆရာဝန္ကလည္း ႐ွန္းဝမ္ကိုေန႔တိုင္းလာေရာက္စစ္ေဆးရေလသည္။
႐ွန္းဝမ္ ရင္ေမေခ်ာင္စားသည္အား ေဘး၌ ထိုင္ကာၾကည့္ေနခဲ့သည္။ ရင္ေမေခ်ာင္ စားရင္းနဲ႔ အစီရင္ခံစာေတြဖတ္ေနသည္အား သူမေတြ႕ေလသည္။ ကြန္ပ်ဴတာကိုလည္း မၾကာခဏၾကည့္ေနေသးသည္။
" ေ႐ွာင္ေမ ႐ွင္ကဘက္စုံေတာ္တာပဲေနာ္။ ဘာျဖစ္လို႔ TV series ေတြထဲမွာ ဇာတ္လိုက္မင္းသားနဲ႔ ဇာတ္လိုက္မင္းသမီးေတြထက္ ဗီလိန္ႀကီးေတြက ပိုေတာ္ေနရတာလဲဆိုတာကို ကြၽန္မနည္းနည္းေတာ့ နားလည္လာၿပီ။ "
" ဘာျဖစ္လို႔လဲ " ရင္ေမေခ်ာင္ ေခါင္းေမာ့ကာေမးလိုက္သည္။
" ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က ေ႐ွာင္ေမလို အစာစားၿပီး အလုပ္ကိုျပင္းျပင္းထန္ထန္လုပ္ၾကလို႔ေလ။ ဇာတ္လိုက္မင္းသားကတစ္ခ်ိန္လုံး ကင္မရာေ႐ွ႕ခ်ည္းေရာက္ေနတာေလ၊ သူတို႔က ဇာတ္လိုက္မင္းသမီးနဲ႔ မေတာ္တဆေတြ႕တာ ၊ အခ်စ္ကိုေဖာ္ျပတာ၊ ဇာတ္လိုက္မင္းသမီးေၾကာင့္ ႐ွာလကာရည္စားရတာ { TN -သဝန္တိုရတာကိုေျပာတာပါ }  ဒါမွမဟုတ္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ခံစားရတာ အဲ့ဒါမ်ိဳးေတြခ်ည္းပဲလုပ္ေနၾကတာေလ။ အဲ့ဒီေတာ့ TV series ေတြထဲမွာ ဗီလိန္က အလုပ္အမ်ားဆုံးပဲေလ ဟုတ္တယ္မလား။ "
ရင္ေမေခ်ာင္ ျပဳံးကာ
" အဲ့ဒီလိုမဟုတ္ဘူးေလ ဝမ္ဝမ္၊ ဇာတ္လိုက္မင္းသားက ဇာတ္လိုက္မင္းသမီးနဲ႔လည္းေတြ႕ရတယ္၊ ခ်စ္တာကိုလည္းေဖာ္ျပရေသးတယ္၊ သဝန္တိုရတယ္၊ ၿပီးေတာ့ လူအမ်ားႀကီးနဲ႔လည္းတိုက္ခိုက္ရေသးတယ္ ၊ သူလည္းေတာ္ေတာ္ေလးအလုပ္မ်ားပုံရတယ္ေလ ဟုတ္တယ္မလား။ "
သူမ မိန္းမေျပာတာ ဘာမွမွားေနပုံမရဘူး ။ ေကာင္းၿပီေလ ၊ TV series ေတြထဲက ဇာတ္လိုက္မင္းသားက အရမ္းအလုပ္မ်ားတယ္၊ သူမ နားလည္မႈလႊဲသြားတာ ။
ေဟာ္ဟန္ ဘာျဖစ္ေနလဲဆိုတာကို သူမ နည္းနည္းေတာ့သိခ်င္မိသား။
" ေ႐ွာင္ေမ ကြၽန္မ ႐ွင့္ကိုမ်က္ႏွာခ်ိဳေသြးတဲ့အခ်ိန္ဆို ႐ွင္အရမ္းစိတ္ေကာင္းဝင္ေနပုံရတယ္ေနာ္ "
" အြန္း "
" ႐ွင္ ေဟာ္ဟန္ကို သက္ညႇာေပးမယ္မလားဟင္ "
႐ွန္းဝမ္ ၾကည့္ရတာ ေဟာ္ဟန္အတြက္ တကယ္ေတာင္းပန္ေပးေနပုံရေလသည္။
"  သူ႕ကို အသက္႐ွင္ခြင့္ေလးေတာ့ေပးပါ "
" စိတ္မပူပါနဲ႔ ၊ ကိုယ္ အခုတေသာ သူ႕ကိုပစ္မွတ္မထားေနပါဘူး။ ဒါေပမဲ့ ေဟာ္ကုမၸဏီရဲ႕ ႐ွယ္ယာ႐ွင္ေတြက အသီးအ႐ြက္စားသတၱဝါေတြမွ မဟုတ္တာ၊ သူ႕မွာ အခုတ‌ ေလာ ျပႆနာေတြအမ်ားႀကီးပဲ။ လိမ္လိမ္မာမာေန ၊ ကိုယ္ သူ႕ကိုဘာမွလုပ္မွာ မဟုတ္ဘူး။ "
႐ွန္းဝမ္ သူမကို ေဟာ္ဟန္အေၾကာင္းေမးတာ ေဟာ္ဟန္ကိုတိုက္ခိုက္ေစခ်င္တာမ်ားလား။
သူမ အေတြးလြန္ေနတာေၾကာင့္ ကိုင္ထားတဲ့တူကေနရာလႊဲသြားၿပီး သူမပါးစပ္ေထာင့္စြန္း၌ေပသြားခဲ့သည္။
႐ွန္းဝမ္ tissue ယူကာ ရင္ေမေခ်ာင္ေဘးနားသြားလိုက္ၿပီး သူမပါးစပ္ကို သုတ္ေပးလိုက္သည္။
ရင္ေမေခ်ာင္ မလႈပ္႐ွားဘဲ ျပဳံးေနေသာမ်က္လုံးမ်ားျဖင့္ ႐ွန္းဝမ္အားစိုက္ၾကည့္ေနမိသည္။ ႐ွန္းဝမ္ သူမပါးစမ္အားသုတ္ေပးသည္ကို ခြင့္ျပဳထားလိုက္သည္။
" ဝမ္ဝမ္ " 
" ဒီအတိုင္းသာဆို ကိုယ္စိတ္ထိန္းႏိုင္ေတာ့မယ္မထင္ဘူး "
႐ွန္းဝမ္ : မိန္းမ ႐ွင့္ကိုစိတ္ေက်နပ္ေစရမယ္ ။
"  ေလွ်ာက္ေတြးမေနနဲ႔ ေ႐ွာင္ေမ။ ႐ွင္ ေဟာ္ဟန္ကို သက္ညႇာေပးေအာင္လို႔သာ ကြၽန္မက ႐ွင့္ကိုမ်က္ႏွာခ်ိဳေသြးၿပီးစိတ္ေက်နပ္ေအာင္လုပ္ေနရတာ။ "
ညစ္ေပသြားတဲ့ tissue ကို ႐ွန္းဝမ္ အမိႈက္ပုံးထဲပစ္လိုက္ၿပီး ရင္ေမေခ်ာင္လက္ထဲက တူကိုလွမ္းယူလိုက္သည္။
" အစီရင္ခံစာကိုၾကည့္ေလ၊ ကြၽန္မ ႐ွင့္ကိုခြံေကြၽးမယ္။ အာ႐ုံစိုက္ ၊ ကြၽန္မ႐ွင့္ကို အခုမ်က္ႏွာခ်ိဳေသြးေနတာ ။ "
188 : ဘာလို႔ ငါ့မွာ ဒီလို host မ်ိဳး႐ွိရတာလဲ။
သူhost နဲ႔ ခ်ိတ္ဆက္ခါစက သူမလို မိန္းကေလးမ်ိဳးေတြက သူ႕ကိုဒုကၡမေပးႏိုင္ပါဘူး ပါဘူးလို႔ေျပာခဲ့တာကို သူမွတ္မိပါေသးတယ္။ အခုေတာ့ အဲ့လိုေျပာခဲ့တဲ့ သူ႕ပါးစပ္သူပဲျဖတ္႐ိုက္ပလိုက္ခ်င္တယ္။
" စိတ္ဝင္စားစရာပဲ "
သူမ ခ်စ္ျမတ္ႏိုးရတဲ့အမ်ိဳးသမီးေလး ခြံေကြၽးတဲ့ အလုတ္တိုင္းကို ရင္ေမေခ်ာင္ ေက်နပ္စြာစားေလသည္။
သူမ ပါးစပ္ဟရေပးရန္သာ လိုအပ္ၿပီး တျခားအရာေတြအား အာ႐ုံစိုက္ရန္မလိုအပ္ေပ။
အစီရင္ခံစာေတြကိုဖတ္တဲ့ႏႈန္းသည္လည္း အရင္ကထက္ ပိုျမန္လာခဲ့သည္။
ဒီေန႔လည္စာကိုေတာ့ ရင္ေမေခ်ာင္ ေပ်ာ္႐ႊင္ၾကည္ႏူးစြာ စားခဲ့ေလသည္။
႐ုတ္တရက္ ၾကမ္းျပင္ကိုေတြေတြႀကီးစိုက္ၾကည့္ေနသည့္ ႐ွန္းဝမ္အား ရင္ေမေခ်ာင္ေတြ႕ၿပီး တုန္လႈပ္ေခ်ာက္ျခားသြားကာေအာ္လိုက္ေလသည္။
" ဝမ္ဝမ္ ! " ႐ွန္းဝမ္ တစ္ခုခုျဖစ္ေနၿပီလို႔ထင္ကာ သူမ ႐ွန္းဝမ္၏ ပုခုံးအား အျမန္ဆြဲကိုင္လိုက္ေလသည္။ သူမ ေၾကာက္႐ြံသြားခဲ့သည္။
" ေ႐ွာင္ေမ ကြၽန္မမွာ ႐ွင့္ကိုေျပာစရာ သတင္းဆိုး႐ွိတယ္ "
ဝမ္းနည္းစြာေျပာတဲ့ ႐ွန္းဝမ္ေၾကာင့္ ရင္ေမေခ်ာင္ ရင္နာသြားရသည္။ တုန္ရင္ေနေသာ အသံျဖင့္ ရင္ေမေခ်ာင္ေမးလိုက္သည္။
" ဘာ...ဘာသတင္းလဲ " ႐ွန္းဝမ္ ပုခုံးအားဆုပ္ကိုင္ထားသည္ သူမလက္တြင္ အားမ႐ွိေပ။ သူမ မ်က္လုံးမ်ား နီလာေလသည္။ ဝမ္ဝမ္ ဆက္ၿပီးမေတာင့္ခံႏိုင္ေတာ့လို႔မ်ားလား ။
" ကြၽန္မ ဖိနပ္မွားစီးလာမိတယ္ " သူမ ဖိနပ္ကို ငုံ႔ၾကည့္ရင္း စိတ္႐ႈပ္စြာေျပာလိုက္ေလသည္။
ရင္ေမေခ်ာင္ : ?
" ဖိနပ္က ဘယ္တစ္ဖက္ ညာတစ္ဖက္ျဖစ္ေနတာ ။ ကြၽန္မ ဒီအထိတစ္လမ္းလုံး ဒီပုံစံနဲ႔လာခဲ့မိတာလား။ တစ္ေယာက္ေယာက္မ်ားေတြ႕သြားေသးလားမသိဘူး။ ႐ွက္ဖို႔ေကာင္းလိုက္တာ ။ ကြၽန္မ အျပင္မထြက္ခ်င္ေတာ့ဘူး။ "
ငါ ႐ူးေနတာေနမွာ !
ေ႐ွာင္ေမရဲ႕ အမ်ိဳးသမီး၊ ဥကၠ႒ရင္ရဲ႕ အမ်ိဳးသမီးအေနနဲ႔ သူမ အလွ်င္လိုၿပီး မတူတဲ့ဖိနပ္တစ္ဖက္စီ စီးလာခဲ့မိတယ္။ ႐ွက္လိုက္တာ‌။
[ ဘာလို႔ ငါ့ကိုသတိမေပးတာလဲ 188 ၊ နင္သတိထားမိတယ္ မလား။ ]
[ 188 : ဟမ္ ? ၊ ဘာေတြေျပာေနတာလဲ ဝမ္ဝမ္ ]
သူ သတိထားမိခဲ့ရင္ သူမကိုသတိေပးရမယ္လို႔ ဘယ္သူေျပာခဲ့လို႔လဲ။ ဒီလို အေရးမပါတဲ့ကိစၥကို System က သတိေပးစရာလိုလို႔လား ။
ဟမ္ ! ႐ူးခ်င္ေယာင္ေဆာင္တာ မင္းတစ္ေယာက္ပဲလုပ္ႏိုင္တယ္ထင္ေနတာလား။
ရင္ေမေခ်ာင္ ေခါင္းငုံ႔ကာၾကည့္လိုက္ေတာ့ ႐ွန္းဝမ္ အေရာင္မတူတဲ့ ဖိနပ္တစ္ဖက္ဆီ ဝတ္ထားသည္ကို ျမင္လိုက္ရသည္။ ၾကည့္ရတာ ထူးျခားေနေပမယ့္ ရင္ေမေခ်ာင္ မ်က္လုံးထဲမွာေတာ့ အလြန္လိုက္ဖက္ေနသည္။
------------------------------------------------------
ေနာက္ဆုံးတာ့ 188 ျပန္လက္စားေခ်လိုက္ႏိုင္ၿပီ 😂

အိမ္ျပန္ေရာက္တာနဲ႔ မီးပ်က္ေနတာမလို႔ ေျပာထားတာထက္နည္းနည္းေနာက္က်သြားတယ္ 😁

unicode
-------------
မနက်ခင်းကတည်းက လူတိုင်းကို ပြုံးပြနေသည့် ဥက္ကဋ္ဌရင်ကို ရင်ကုမ္ပဏီ၏ဝန်ထမ်းများသတိထားမိကြလေသည်။
ဝန်ထမ်းတစ်ယောက်က မတော်တဆအမှားလုပ်ခဲ့မိတာတောင်မှ သူတို့အဆူမခံကြရပေ။
ထူးဆန်းလိုက်တာ ၊ ဘယ်အချိန်ကတည်းက ငါတို့ ဥက္ကဋ္ဌရင် အရမ်းသဘောထားကြီးသွားတာပါလိမ့် ။
နေ့လည် ၁၂ နာရီ ရောက်သောအခါ
ရင်မေချောင် အတွင်းရေးမှူးဆီသွားကာ
" ငါ့အတွက် နေ့လည်စာမမှာနဲ့တော့ " 
" ဟမ် " အတွင်းရေးမှူးကမတ်တပ်ထရပ်လိုက်ပြီး
" ဥက္ကဋ္ဌရင် အပြင်သွားစရာရှိလို့လား " အတွင်းရေးမှူးမလေးဟာ ရင်မေချောင်၏အချိန်စာရင်းကို အလျှင်အမြန်လှန်လှော်ကြည့်ရှူလိုက်ပေမဲ့ နေ့လည်နားချိန်မှာ စီစဉ်ထားသောချိန်းဆိုမှု တစ်ခုမှရှိမနေခဲ့ပေ။
" မင်း ငါ့ကိုခေါ်ဖို့ မလိုအပ်ဘူး "
ရင်မေချောင် ပြုံးနေသော မျက်နှာနှင့်ပင် သူမရုံးခန်းဆီပြန်သွားလေသည်။ အတွင်းရေးမှူးမလေးက အနည်းငယ်ရှုပ်ထွေးသွားလေသည်။
နေ့လည် 12:30 ,
ပူနွေးနေသော နေ့လည်စာဘူးကိုလက်မှာကိုင်လျှက် ရှန်းဝမ် ရင်ကုမ္ပဏီရှေ့သို့ ရောက်လာခဲ့သည်။ ဒါက သူမ ရင်ကုမ္ပဏီကိုပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်သည်။
သူမ အဆောက်အဦးထဲ ခြေချလိုက်ရုံရှိသေး သူမရဲ့ဖုန်းမြည်လာခဲ့သည် ။
" ရောက်ပြီလား ဝမ်ဝမ် "
" ဟမ် ၊ ကျွန်မ ရောက်လာတာကို ဘယ်လိုလုပ်ပြီးသိနေတာလဲ၊ ရှောင်မေ ရှင် ကျွန်မကိုခြေရာခံစက်တပ်ထားတာလား "
ရင်မေချောင် ကွန်ပျူတာမျက်နှာပြင်ပေါ်ကမော်နီတာကိုကြည့်နေလျှက်
" ကိုယ့်အတွေးထဲမှာ မင်းအကြောင်းတွေချည်းပြည့်နေတာလေ။ မင်းရောက်နေလောက်ပြီလို့ အလိုလိုခံစားမိလို့ ကိုယ်ဖုန်းခေါ်လိုက်တာ။ "
" ဟုတ်ပါပြီ ၊ ကျွန်မ ခုလေးတင်ရောက်တာ ၊ ကျွန်မဝင်လာနေပြီ "
မော်နီတာထဲက မိန်းကလေးကိုရင်မေချောင် စိုက်ကြည့်နေမိသည်။ သူမ၏ မျက်လုံးတွေသည် စွဲလမ်းခြင်း ချစ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
" ဒါဆို ကိုယ် မင်းကို ကြိုဖို့ အောက်ဆင်းလာခဲ့လိုက်မယ် "
" မဟုတ်တာ ၊ ကျွန်မ ဘာသာပဲလာခဲ့ပါ့မယ်။ ကျွန်မ အခုဓာတ်လှေကားရှေ့မှာ "
သူမ ဓာတ်လှေကားထဲဝင်ရတော့မှာကြောင့် ရင်မေချောင်ကို အမြန်ပြောလိုက်သည်။
" လိုင်းမမိတော့ဘူး ၊ ကျွန်မ အရင်ဖုန်းချလိုက်တော့မယ် "
ရင်မေချောင် ဖုန်းကိုကြည့်ကာ မတ်တပ်ထရပ်လိုက်ပြီး ပြုံးလျှက်ရုံးခန်းထဲမှ ထွက်လာလိုက်သည်။
ရင်မေချောင်၏ သိသိသာသာ ပျော်ရွှင်နေမှုက အပြင်ဘက်မှာထိုင်နေသော အတွင်းရေးမှူးတွေနှင့် လက်ထောက်တွေကိုမျက်စိပြာသွားစေခဲ့သည်။
ရင်မေချောင်သည် အလွန်လှပပြီး နန်းဆန်သည့်အလှလေးတစ်ယောက်လို့ ပြောလို့ရသည်။
သူမသည် ပုံမှန်အားဖြင့် cheongsam ဝတ်ဆင်ရတာကို နှစ်သက်သည်။ အဲ့ဒါက သူမ၏လှပသော ကောက်ကြောင်းအား ပေါ်လွင်စေပြီး သူမကိုဆွဲဆောင်မှုရှိစေလေသည်။
ကုမ္ပဏီမှာတော့ သူမကsuit ဝတ်ဆင်လေ့ရှိသည်။ အဲ့ဒါက သူမ၏ အလှတရားကိုလျော့မသွားစေပေ။ အဲ့ဒီအစား သူမက အေးစက်သည့်အလှလေးနှင့်တူလေသည်။ အထူးသဖြင့် လူတွေကို သူမအားတိုက်ရိုက် မကြည့်ရဲအောင်လုပ်နိုင်သည့် သူမ၏မျက်လုံးတွေဖြစ်သည်။
ရင်မေချောင်ရဲ့အလှတရား၏အခြားတစ်ဖက်ကို သူမလက်ထပ်လိုက်သည့်နေ့မှစ၍ သူတို့တွေ့မြင်ခဲ့ကြရလေသည်။ အလှလေး၏ ကြင်နာယုယမှုတွေက ရေကဲ့သို့ပင်ဖြစ်သည်။
ဆွဲဆောင်မှုရှိပြီး စူးရှသည့်မျက်လုံးတစ်စုံဟာ သူမချစ်မြတ်နိုးရတဲ့ မိန်းကလေးအားကြည့်သည့်အခါမှာတော့ ရေကဲ့သို့ နူးညံ့ညင်သာနေလေသည်။
ရင်မေချောင် တက်ကြွစွာလမ်းလျှောက်သွားလိုက်ပြီး ဓာတ်လှေကားရှေ့၌ရပ်နေလိုက်သည်။
များစွာသောလူတွေက သူမကိုလိုက်ကြည့်နေကြမိသည်။ သူတို့ဟာ ဓာတ်လှေကားတံခါးအား မမှိတ်မသုန်စိုက်ကြည့်နေသည့် ရင်မေချောင်ရှိရာသို့ မသိမသာခိုးခိုးကြည့်နေကြသည်။
ထိုအချိန်တွင်ပင် တင် ဆိုသောအသံနှင့်အတူ ဓာတ်လှေကားတံခါးဟာပွင့်လာလေသည်။
အထဲ၌ လူမမာပုံနဲ့ပိန်ပိန်ပါးပါးမိန်းကလေးတစ်ယောက်သည် တောက်ပသောအပြုံးနှင့်အတူ ရပ်နေခဲ့သည်။
ထိုမိန်းကလေးသည် လက်ထဲ၌ထမင်းဘူး ကိုင်ထားပြီး ဂါဝန်ဝတ်ဆင်ထားလေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူမဝတ်ဆင်ထားသည့်ဂါဝန်ဟာ အသေးဆုံး size ဆိုတာကလူတိုင်းသိနိုင်လေသည်။
ဒါတောင်မှ ဂါဝန်သည် သူမကိုယ်ပေါ်၌လျော့တိလျော့ရဲတွဲကျနေသေးသည်။  သူတို့ သူမအား မင်္ဂလာဆောင်၌ တစ်ကြိမ်သာ မြင်ဖူးခဲ့သော်လည်း ထိုမိန်းကလေးကို သူတို့ချက်ချင်းမှတ်မိကြသည်။
သူတို့ ဥက္ကဋ္ဌရဲ့ အမျိုးသမီးမလား
" နေ့လည်စာ မစားရသေးဘူးမလား ရှောင်မေ "
{ TN - Mei ဆိုတာ လှပခြင်း ၊ အလှ ဆိုတဲ့အဓိပ္ပါယ်ပါ ။ ဒါကြောင့် ရှန်းဝမ်က ရင်မေချောင်ကို အလှလေး လို့ခေါ်လိုက်တာပါ ။ }
ရင်ကုမ္ပဏီ၏ အလုပ်သမားတွေဟာ သူမကိုနှုတ်ဆက်ဖို့အတွက် မတ်တပ်ရပ်ကြတော့မလို့ဘဲ၊ ဒါပေမယ့် ရုတ်တရက် ' ရှောင်မေ' လို့ ကြားလိုက်ရသည့်အခါ သူတို့ရဲ့ခေါင်းတွေ ပြိုင်တူလှည့်ကြည့်မိတော့မလိုဖြစ်သွားခဲ့သည်။
ရှောင်......ရှောင်မေလား
ဥက္ကဋ္ဌရဲ့အမျိုးသမီးက ဥက္ကဋ္ဌကို ရှောင်မေလို့ခေါ်လိုက်တာလား
သူတို့ လျှင်မြန်စွာ ဥက္ကဋ္ဌရင်၏တုံ့ပြန်မှုကိုကြည့်လိုက်ကြပေမယ့်လည်း ဥက္ကဋ္ဌရင်ပြုံးကာ ရှန်းဝမ်လက်ထဲက ထမင်းဘူးအားယူလိုက်သည်ကိုသာတွေ့လိုက်ကြရသည်။ ရှန်းဝမ်လက်လေးကို ကိုင်ဖို့လည်းသူမ မမေ့ပေ ၊ ခေါင်းအနည်းငယ်ငုံ့ပြီးတော့တောင်မှ ရှန်းဝမ်နားနား ကပ်ကာတီးတိုးပြောလိုက်သေးသည်။
သူတို့ ဘာပြောရမှန်းတောင်မသိတော့ပေ။
" မစားရသေးဘူး ၊ ကိုယ့်ကိုမျက်နှာချိုသွေးဖို့ မင်းအစားအစာတွေယူလာပေးမှာကို ကိုယ်စောင့်နေတာ "
ရှန်းဝမ် ရင်မေချောင် ပျော်နေတာကိုခံစားမိပြီး သူမလည်းအလိုလိုပျော်လာမိသည်။
" ဒါဆို အခုကစပြီးကျွန်မ ရှင့်ကိုနေ့တိုင်း ထမင်းဘူးယူလာပေးမယ်လေ ၊ ဘယ်လိုလဲ "
ငါ့မိန်းမက နေ့တိုင်းအလုပ်ကြိုးစားနေရတာ ၊ သူမကိုနေ့တိုင်းနေ့လည်စာပို့ပေးတာ ဘာမှမှားမနေဘူးလေ ဟုတ်တယ်မလား ။
ရင်မေချောင် အဲ့ဒီလိုလုပ်စေချင်ပေမယ့်လည်း ပိန်ပါးနေသည့်ရှန်းဝမ်၏ပုံစံကိုမြင်တော့ အားနာစိတ်ဝင်လာမိသည်။
" မင်း ပင်ပန်းလိမ့်မယ် " ဒါပေမယ့် သူမတို့နှစ်ယောက် အချိန်တွေပိုပြီးအတူရှိနိုင်မှာကိုလည်း ရင်မေချောင်တွေးမိလေသည်။
ဘုရားသခင်က သူမ၏စိတ်ရင်းကို မြင်လို့လားမသိပေ ၊ သူမရဲ့ဝမ်ဝမ်လေးက အခုချိန်ထိအခြေအနေကောင်းနေဆဲဖြစ်သည်။
ဝမ်ဝမ်က အပြင်းအထန်နေမကောင်းဖြစ်နေတာတောင်မှ အစားနည်းပြီး ဝိတ်ကျသွားသည်ကလွဲရင် သူမရှေ့မှာအသက်ရှင်လျက် ရပ်နေနိုင်သေးသည်။
ရှန်းဝမ် အသံတိုးတိုးဖြင့်
" ရှင့်ကို နေ့တိုင်းနေ့လည်စာ လာပို့ပေးနိုင်မယ့် အခွင့်အရေးကောင်းကို ကျွန်မကလက်လွှတ်ခံစရာလား၊ ရှောင်မေ ရှင်မပျော်ဘူးလား "
" ပျော်တယ် "
ဘယ်လိုလုပ် သူမ မပျော်ဘဲနေမှာလဲ။ အရသာရှိရှိ မရှိရှိ သူမမိန်းမ လာပို့တဲ့နေလည်စာပဲဟာ ၊ အရသာ မရှိရင်တောင် သူမရဲ့ ဝမ်ဝမ် ကိုယ်တိုင်လာပို့တာမှန်သမျှက သူမအတွက်တော့ အရသာရှိနေမှာပဲ။
ဝမ်ဝမ်သာ ကျန်ရှိနေတဲ့ သူမဘဝတစ်လျှောက်လုံး ဘေးမှာအဖော်ပြုပေးနိုင်မယ်ဆို ဝမ်ဝမ် သူမကိုနေ့တိုင်း ဆန်ပြုတ်နဲ့ ကင်ချီပဲ ကျွေးရင်တောင် သူမ မငြီးမငြွေ့မြိန်ရည်ရှက်ရည်စားနိုင်တယ်။
ရင်ကုမ္ပဏီ၏ အလုပ်သမားတွေဟာ ကြောင်နေကြသည်။ ရင်မေချောင် ရှန်းဝမ်အား ရုံးခန်းထဲ ခေါ်ဆောင်သွားသည်ကို သူတို့ကြည့်နေခဲ့ကြသည်။ ရှန်းဝမ် ရှောင်မေလို့ခေါ်တာကို ကြားသည့်အခါ သူတို့ ပါးစပ်ထဲကအစားအစာတွေကိုတောင် ထွေးထုတ်မိတော့မလိုဖြစ်သွားခဲ့ကြသည်။ ထိုနှစ်ယောက် ရုံးခန်းထဲဝင်ပြီး အခန်းတံခါးပိတ်သွားသည်နှင့် အပြင်ဘက်ကသူတွေ ဟာ စတင်ဆွေးနွေးကြတော့သည်။
" ဥက္ကဋ္ဌရဲ့အမျိုးသမီးက ဥက္ကဋ္ဌရင်ကို ရှောင်မေ လို့ခေါ်တာလား "
" ငါ ကျရှုံးသွားပြီ၊ ဒါအချစ်စစ်ပဲ ။ "
" တော်သေးတာပေါ့ ဥက္ကဋ္ဌရင်ရဲ့ နံမည်မှာ ' ဟုန် ' မပါတာ၊ မဟုတ်ရင် ဥက္ကဋ္ဌရဲ့အမျိုးသမီးက ဥက္ကဋ္ဌကို အနီလေး လို့ ခေါ်နေအုံးမယ် "
{ TN - ဟုန် ဆိုတာ အနီရောင် ဆိုတဲ့အဓိပ္ပါယ်ပါ။ }
အဲ့ဒီ မြင်ကွင်းကို မြင်ယောင်မိတဲ့အခါ အခန်းထဲရှိသူအားလုံးဟာ အော်ရယ်မိကြတော့မလို ဖြစ်သွားခဲ့သည်။
" ဥက္ကဋ္ဌရင်ရဲ့ သည်းခံနိုင်စွမ်းက ဒီလောက်ထိ မြင့်မားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ သူမ ရှောင်မေလို့ အခေါ်ခံရတာတောင်မှ သူမက ပျော်နေတုန်းပဲ။ "
" ဘာလို့ ဒီမနက် ဥက္ကဋ္ဌရင် အရမ်းပျော်နေရတာလဲဆိုတာ ငါသိသွားင်္ပြီ။ ဥက္ကဋ္ဌရဲ့အမျိုးသမီးက နေ့လည်စာယူလာပေးမှာမလို့ပဲ။ "
ရုံးခန်းထဲ၌ နေ့လည်စာဘူးကိုဖွင့်လိုက်ပြီး အထဲက အစားအစာတွေက အစေခံတွေချက်ထားထာဖြစ်လေသည်။ ဒါပေမဲ့ ရင်မေချောင်အမြင်မှာတော့ ဒါတွေဟာ သူ့မိန်းမလုပ်ထားတာသာဖြစ်သည်။ ဝမ်ဝမ်ရဲ့ လက်ကလာမှာတော့ ဝမ်ဝမ် လုပ်ထားတာပဲ။
" မင်း စားပြီးပြီးလား "
" နည်းနည်းစားထားတယ် "
ရင်မေချောင်ယုံလေသည်။ သူမ အိမ်ကိုဖုန်းဆက်ထားပြီးပြီးဖြစ်သည်။ သူမ ရှန်းဝမ်၏အခြေအနေကို နေ့တိုင်းသိဖို့ လိုအပ်ပြီး ဆရာဝန်ကလည်း ရှန်းဝမ်ကိုနေ့တိုင်းလာရောက်စစ်ဆေးရလေသည်။
ရှန်းဝမ် ရင်မေချောင်စားသည်အား ဘေး၌ ထိုင်ကာကြည့်နေခဲ့သည်။ ရင်မေချောင် စားရင်းနဲ့ အစီရင်ခံစာတွေဖတ်နေသည်အား သူမတွေ့လေသည်။ ကွန်ပျူတာကိုလည်း မကြာခဏကြည့်နေသေးသည်။
" ရှောင်မေ ရှင်ကဘက်စုံတော်တာပဲနော်။ ဘာဖြစ်လို့ TV series တွေထဲမှာ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးတွေထက် ဗီလိန်ကြီးတွေက ပိုတော်နေရတာလဲဆိုတာကို ကျွန်မနည်းနည်းတော့ နားလည်လာပြီ။ "
" ဘာဖြစ်လို့လဲ " ရင်မေချောင် ခေါင်းမော့ကာမေးလိုက်သည်။
" ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရှောင်မေလို အစာစားပြီး အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ကြလို့လေ။ ဇာတ်လိုက်မင်းသားကတစ်ချိန်လုံး ကင်မရာရှေ့ချည်းရောက်နေတာလေ၊ သူတို့က ဇာတ်လိုက်မင်းသမီးနဲ့ မတော်တဆတွေ့တာ ၊ အချစ်ကိုဖော်ပြတာ၊ ဇာတ်လိုက်မင်းသမီးကြောင့် ရှာလကာရည်စားရတာ { TN -သဝန်တိုရတာကိုပြောတာပါ }  ဒါမှမဟုတ် အခြေအနေအမျိုးမျိုးကြောင့် ခံစားရတာ အဲ့ဒါမျိုးတွေချည်းပဲလုပ်နေကြတာလေ။ အဲ့ဒီတော့ TV series တွေထဲမှာ ဗီလိန်က အလုပ်အများဆုံးပဲလေ ဟုတ်တယ်မလား။ "
ရင်မေချောင် ပြုံးကာ
" အဲ့ဒီလိုမဟုတ်ဘူးလေ ဝမ်ဝမ်၊ ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးနဲ့လည်းတွေ့ရတယ်၊ ချစ်တာကိုလည်းဖော်ပြရသေးတယ်၊ သဝန်တိုရတယ်၊ ပြီးတော့ လူအများကြီးနဲ့လည်းတိုက်ခိုက်ရသေးတယ် ၊ သူလည်းတော်တော်လေးအလုပ်များပုံရတယ်လေ ဟုတ်တယ်မလား။ "
သူမ မိန်းမပြောတာ ဘာမှမှားနေပုံမရဘူး ။ ကောင်းပြီလေ ၊ TV series တွေထဲက ဇာတ်လိုက်မင်းသားက အရမ်းအလုပ်များတယ်၊ သူမ နားလည်မှုလွှဲသွားတာ ။
ဟော်ဟန် ဘာဖြစ်နေလဲဆိုတာကို သူမ နည်းနည်းတော့သိချင်မိသား။
" ရှောင်မေ ကျွန်မ ရှင့်ကိုမျက်နှာချိုသွေးတဲ့အချိန်ဆို ရှင်အရမ်းစိတ်ကောင်းဝင်နေပုံရတယ်နော် "
" အွန်း "
" ရှင် ဟော်ဟန်ကို သက်ညှာပေးမယ်မလားဟင် "
ရှန်းဝမ် ကြည့်ရတာ ဟော်ဟန်အတွက် တကယ်တောင်းပန်ပေးနေပုံရလေသည်။
"  သူ့ကို အသက်ရှင်ခွင့်လေးတော့ပေးပါ "
" စိတ်မပူပါနဲ့ ၊ ကိုယ် အခုတသော သူ့ကိုပစ်မှတ်မထားနေပါဘူး။ ဒါပေမဲ့ ဟော်ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေက အသီးအရွက်စားသတ္တဝါတွေမှ မဟုတ်တာ၊ သူ့မှာ အခုတ‌ လော ပြဿနာတွေအများကြီးပဲ။ လိမ်လိမ်မာမာနေ ၊ ကိုယ် သူ့ကိုဘာမှလုပ်မှာ မဟုတ်ဘူး။ "
ရှန်းဝမ် သူမကို ဟော်ဟန်အကြောင်းမေးတာ ဟော်ဟန်ကိုတိုက်ခိုက်စေချင်တာများလား။
သူမ အတွေးလွန်နေတာကြောင့် ကိုင်ထားတဲ့တူကနေရာလွှဲသွားပြီး သူမပါးစပ်ထောင့်စွန်း၌ပေသွားခဲ့သည်။
ရှန်းဝမ် tissue ယူကာ ရင်မေချောင်ဘေးနားသွားလိုက်ပြီး သူမပါးစပ်ကို သုတ်ပေးလိုက်သည်။
ရင်မေချောင် မလှုပ်ရှားဘဲ ပြုံးနေသောမျက်လုံးများဖြင့် ရှန်းဝမ်အားစိုက်ကြည့်နေမိသည်။ ရှန်းဝမ် သူမပါးစမ်အားသုတ်ပေးသည်ကို ခွင့်ပြုထားလိုက်သည်။
" ဝမ်ဝမ် " 
" ဒီအတိုင်းသာဆို ကိုယ်စိတ်ထိန်းနိုင်တော့မယ်မထင်ဘူး "
ရှန်းဝမ် : မိန်းမ ရှင့်ကိုစိတ်ကျေနပ်စေရမယ် ။
"  လျှောက်တွေးမနေနဲ့ ရှောင်မေ။ ရှင် ဟော်ဟန်ကို သက်ညှာပေးအောင်လို့သာ ကျွန်မက ရှင့်ကိုမျက်နှာချိုသွေးပြီးစိတ်ကျေနပ်အောင်လုပ်နေရတာ။ "
ညစ်ပေသွားတဲ့ tissue ကို ရှန်းဝမ် အမှိုက်ပုံးထဲပစ်လိုက်ပြီး ရင်မေချောင်လက်ထဲက တူကိုလှမ်းယူလိုက်သည်။
" အစီရင်ခံစာကိုကြည့်လေ၊ ကျွန်မ ရှင့်ကိုခွံကျွေးမယ်။ အာရုံစိုက် ၊ ကျွန်မရှင့်ကို အခုမျက်နှာချိုသွေးနေတာ ။ "
188 : ဘာလို့ ငါ့မှာ ဒီလို host မျိုးရှိရတာလဲ။
သူhost နဲ့ ချိတ်ဆက်ခါစက သူမလို မိန်းကလေးမျိုးတွေက သူ့ကိုဒုက္ခမပေးနိုင်ပါဘူး ပါဘူးလို့ပြောခဲ့တာကို သူမှတ်မိပါသေးတယ်။ အခုတော့ အဲ့လိုပြောခဲ့တဲ့ သူ့ပါးစပ်သူပဲဖြတ်ရိုက်ပလိုက်ချင်တယ်။
" စိတ်ဝင်စားစရာပဲ "
သူမ ချစ်မြတ်နိုးရတဲ့အမျိုးသမီးလေး ခွံကျွေးတဲ့ အလုတ်တိုင်းကို ရင်မေချောင် ကျေနပ်စွာစားလေသည်။
သူမ ပါးစပ်ဟရပေးရန်သာ လိုအပ်ပြီး တခြားအရာတွေအား အာရုံစိုက်ရန်မလိုအပ်ပေ။
အစီရင်ခံစာတွေကိုဖတ်တဲ့နှုန်းသည်လည်း အရင်ကထက် ပိုမြန်လာခဲ့သည်။
ဒီနေ့လည်စာကိုတော့ ရင်မေချောင် ပျော်ရွှင်ကြည်နူးစွာ စားခဲ့လေသည်။
ရုတ်တရက် ကြမ်းပြင်ကိုတွေတွေကြီးစိုက်ကြည့်နေသည့် ရှန်းဝမ်အား ရင်မေချောင်တွေ့ပြီး တုန်လှုပ်ချောက်ခြားသွားကာအော်လိုက်လေသည်။
" ဝမ်ဝမ် ! " ရှန်းဝမ် တစ်ခုခုဖြစ်နေပြီလို့ထင်ကာ သူမ ရှန်းဝမ်၏ ပုခုံးအား အမြန်ဆွဲကိုင်လိုက်လေသည်။ သူမ ကြောက်ရွံသွားခဲ့သည်။
" ရှောင်မေ ကျွန်မမှာ ရှင့်ကိုပြောစရာ သတင်းဆိုးရှိတယ် "
ဝမ်းနည်းစွာပြောတဲ့ ရှန်းဝမ်ကြောင့် ရင်မေချောင် ရင်နာသွားရသည်။ တုန်ရင်နေသော အသံဖြင့် ရင်မေချောင်မေးလိုက်သည်။
" ဘာ...ဘာသတင်းလဲ " ရှန်းဝမ် ပုခုံးအားဆုပ်ကိုင်ထားသည် သူမလက်တွင် အားမရှိပေ။ သူမ မျက်လုံးများ နီလာလေသည်။ ဝမ်ဝမ် ဆက်ပြီးမတောင့်ခံနိုင်တော့လို့များလား ။
" ကျွန်မ ဖိနပ်မှားစီးလာမိတယ် " သူမ ဖိနပ်ကို ငုံ့ကြည့်ရင်း စိတ်ရှုပ်စွာပြောလိုက်လေသည်။
ရင်မေချောင် : ?
" ဖိနပ်က ဘယ်တစ်ဖက် ညာတစ်ဖက်ဖြစ်နေတာ ။ ကျွန်မ ဒီအထိတစ်လမ်းလုံး ဒီပုံစံနဲ့လာခဲ့မိတာလား။ တစ်ယောက်ယောက်များတွေ့သွားသေးလားမသိဘူး။ ရှက်ဖို့ကောင်းလိုက်တာ ။ ကျွန်မ အပြင်မထွက်ချင်တော့ဘူး။ "
ငါ ရူးနေတာနေမှာ !
ရှောင်မေရဲ့ အမျိုးသမီး၊ ဥက္ကဋ္ဌရင်ရဲ့ အမျိုးသမီးအနေနဲ့ သူမ အလျှင်လိုပြီး မတူတဲ့ဖိနပ်တစ်ဖက်စီ စီးလာခဲ့မိတယ်။ ရှက်လိုက်တာ‌။
[ ဘာလို့ ငါ့ကိုသတိမပေးတာလဲ 188 ၊ နင်သတိထားမိတယ် မလား။ ]
[ 188 : ဟမ် ? ၊ ဘာတွေပြောနေတာလဲ ဝမ်ဝမ် ]
သူ သတိထားမိခဲ့ရင် သူမကိုသတိပေးရမယ်လို့ ဘယ်သူပြောခဲ့လို့လဲ။ ဒီလို အရေးမပါတဲ့ကိစ္စကို System က သတိပေးစရာလိုလို့လား ။
ဟမ် ! ရူးချင်ယောင်ဆောင်တာ မင်းတစ်ယောက်ပဲလုပ်နိုင်တယ်ထင်နေတာလား။
ရင်မေချောင် ခေါင်းငုံ့ကာကြည့်လိုက်တော့ ရှန်းဝမ် အရောင်မတူတဲ့ ဖိနပ်တစ်ဖက်ဆီ ဝတ်ထားသည်ကို မြင်လိုက်ရသည်။ ကြည့်ရတာ ထူးခြားနေပေမယ့် ရင်မေချောင် မျက်လုံးထဲမှာတော့ အလွန်လိုက်ဖက်နေသည်။
------------------------------------------------------
နောက်ဆုံးတာ့ 188 ပြန်လက်စားချေလိုက်နိုင်ပြီ 😂

အိမ်ပြန်ရောက်တာနဲ့ မီးပျက်နေတာမလို့ ပြောထားတာထက်နည်းနည်းနောက်ကျသွားတယ် 😁

Continue Reading

You'll Also Like

460K 39.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.2M 64K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
67.5K 4.9K 30
ကုိယ္​က အတၲဆန္​တဲ့ဇာတ္​ေကာင္​မ်ဳိးေတြကုိပုိသေဘာက်တဲ့အတြက္​ အခု ဒီစိတ္​ကူးရင္​းဇာတ္​လမ္​းေလးကုိ ဖန္​းတီးခ်င္​ပါတယ္​။ ဇာတ္​လမ္​းေလးကေတာ့ တရုတ္​ျပည္​ရဲ႕...
473K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."