HONEY

Oleh OliviaThet_Eleanor

671K 44.1K 1.2K

Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... Lebih Banyak

Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi
Book Publishing & Instagram Accounts
ဦးလေးကြီး🤎

Chapter 14 - Unicode

12.6K 1K 19
Oleh OliviaThet_Eleanor

"ကိုယ့်ကို စိတ်ဆိုးနေတာလား"

ညသန်းခေါင်အချိန်တွင် ရောက်ရှိလာသည့် Messenger မှစာကြောင့် သျှင်မင်းသန့်ကြည့်လက်စဖုန်းကိုပင် ပိတ်ပစ်လိုက်သည်။ ခြင်သိပ်မကိုက်သော်လည်း ခြင်ထောင်ထောင်ပြီးအိပ်တတ်တာမို့ ခေါက်ခြင်ထောင်အပြာလေးသည် မျက်နှာကျက်ကိုမြင်နိုင်ရန် အနည်းငယ်ကာထားလေသည်။

"မြောင်"

သျှင်မင်းသန့်ထကြည့်လိုက်တော့ ဟန်နီက ခြင်ထောင်အနောက်ဘက်ကခုထားသည့်နေရာကို ၀င်တိုးနေသည်ကိုတွေ့လိုက်ရ၏။

"တူတူအိပ်ချင်လို့လား ဟန်နီ"

ဆောင်းရာသီဖြစ်တာမို့ ခြုံထားသည့်ဆောင်အထူကိုဖယ်လိုက်ရင်း ဟန်နီ့ကိုပွေ့ချီကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။ ထို့နောက် သူလှဲအိပ်လိုက်တော့ ဟန်နီက သူ့လက်မောင်းပေါ်မေးလေးတင်ကာ လာအိပ်၏။

သျှင်မင်းသန့် စောင်ကိုအနည်းငယ်ဆွဲခြုံလိုက်ကာ ဟန်နီ့ကိုပွတ်သပ်ပေးနေလိုက်သည်။ ကြောင်မလေးက သူ့ကိုခင်တွယ်သည်မို့ ကွေးကွေးလေးတိုးလာကာ အိပ်တော့သည်။

မအိပ်နိုင်သည်က သျှင်မင်းသန့်ကလွဲ အခြားလူမရှိချေ။ နဖူးပေါ်လက်တင်ပြီးလည်းမစဥ်းစားနိုင်သလို၊ ဘာကိုစိတ်တွေရှုပ်တွေးနေမှန်းလည်းမသိ။ ထိုနေ့က မြင့်မြတ်ပိုင်နောင်သည် ထိုလူကြီးမှန်းသိလိုက်ပြီးသည့်နောက်တွင် ခံစားလိုက်ရသည့်ခံစားချက်ကြောင့် တီချယ်မိုးမြတ်နောင်တို့ကိုပင် နှုတ်ဆက်ကာ အိမ်တန်းပြန်လာခဲ့သည်။

"ကျွန်တော်က အရူးကြီးလိုပဲ"

အဲ့လောက်ထိအေးစက်နိုင်လွန်းသည့် မြင့်မြတ်ပိုင်နောင်ကိုလည်း သူအံ့သြသည်။ ဖြေရှင်းတာတွေဘာတွေလည်းမရှိ၊ အကျိုးအကြောင်းလည်းမပြောသည့်လူကို တကယ်အံ့သြမိ၏။ သူ့ကိုအရူးလုပ်နေသလိုလည်းခံစားရသလို သူကိုယ်တိုင်က တကယ်အရူးကြီးဖြစ်နေသလို တွေးမိရသည်။

အနည်းဆုံးတော့ သူ့ကိုသိနေတာတောင်၊ သူမှန်းသိနေတာတောင် တစ်ချက်ကလေးမှ ထိုလူကြီးဟာ သူပါလို့ အရိပ်အယောင်မပြေခဲ့ချေ။ 

မြင့်မြတ်ပိုင်နောင်က စကားကိုလိုမှပြောတတ်သူပင်မဟုတ်၊ လိုလျှင်တောင် ပြောချင်မှပြောသည့်လူမျိုးပင်။

_________________________________________

နေ့လယ်ထမင်းစားအိမ်ပြန်ဖို့လုပ်နေတုန်း သော်တာ့အလုပ်စားပွဲပေါ်က ပန်းအိုးလေးထံမြင့်မြတ်ပိုင်နောင်အကြည့်ရောက်သွားသည်။ အရင်သုံးရက်လောက်ကတည်းက ထိုးထားသည့် နှင်းဆီပန်းတို့က ခပ်နွမ်းနွမ်းပင်။

သူကြည့်နေတာကို ရိပ်မိသည့် သော်တာက ပြောလာသည်။

"ပန်းကလဲတော့မှာ ဆရာ၊ သျှင်မင်း ပန်းလာမပို့တာ သုံးရက်လောက်ရှိနေပြီ နေများမကောင်းလို့လား မသိဘူး"

မြင့်မြတ်ပိုင်နောင် ဘာမှမပြောဘဲ ပန်းအိုးကိုသာ ကြည့်နေမိ၏။

"ဒီနေ့တော့ အိမ်က ဧကရာဇ်ပန်းတွေပွင့်နေတာနဲ့ ခူးပြီးယူလာခဲ့တယ် ခဏနေကျလဲမလို့"

ထိုသို့ပြောလိုက်တော့ ဧကရာဇ်ပန်းကုံးလေးခေါင်းမှာတင်ကာ ပြုံးပျော်နေသည့် ကောင်လေး၏ မျက်နှာကိုလည်း သူပြေးမြင်လိုက်မိသေးသည်။

"အင်း ကောင်းပါတယ်"

"ဇေယျာရော ဒါနဲ့"

"အာ သူလား သူ ဟို သျှင်မင်းသန့်သူငယ်ချင်းလား ဆံပင်ကောက်ကောက်လေးနဲ့လေ အဲ့ကောင်လေးလာခေါ်လို့လိုက်သွားတယ် နေ့လယ်စာတူတူစားကြမယ်ထင်တယ်"

သူကသာ သျှင်မင်းသန့်နှင့် စည်းခြားထားသလိုမရင်းနှီးခဲ့သော်လည်း ဇေယျာမင်းကတော့ အလျင်အမြန်ချဥ်းကပ်နိုင်သွားသည်ထင်သည်။ သျှင်မင်းသန့် သူငယ်ချင်းကောင်လေးကို သဘောကျနေပြီဟု ဇေယျာမင်းပြောတုန်းက မြင့်မြတ်ပိုင်နောင်ပင် သဘောကျခဲ့ရသေးသည်။ တစ်ယောက်ယောက်ကို သဘောကျကြောင်း ၀ံ့၀ံ့ကြွားကြွားပြောနိုင်သည့်သတ္တိကိုလေးစားရသည်။ 

မြင့်မြတ်ပိုင်နောင် ခေါင်းကိုညိတ်ကာ အပြင်ကိုထွက်လာခဲ့လိုက်သည်။ ကားပေါ်တွင်လည်း အတွေးပေါင်းများစွာဖြင့် ချာချာလည်နေသည်။ လွန်ခဲ့သည့်နှစ်ရက်ကပို့ထားသည့် စာလေးကိုလည်း ၀င်ပင်မကြည့်သည့်သျှင်မင်းသန့်ကြောင့် သက်ပြင်းတစ်ချက်သာမှုတ်ထုတ်လိုက်မိ၏။

စာထပ်မပို့သည့်သူနှင့် စာထပ်စောင့်နေသည့်လူတို့ကြား ၀ေးကွာမှုသည် ဘယ်လောက်ထိရှိပါသလဲ။

"ပိုင်နောင် လာ ငါမျှစ်ချဥ်လေးချက်ထားတယ်"

မိုးမြတ်နောင်က အိမ်မှာပင် ကျူရှင်၀ိုင်းလေးတွေသင်ကာ တစ်ခါတလေမှ အပြင်၀ိုင်းတွေလိုက်သင်သည်။ ထို့ကြောင့် အိမ်တွင် ထမင်းဟင်းချက်ရန် အချိန်ရှိသလို သူကလည်း၀ါသနာပါသည်။ ထို့ကြောင့်ပင် မြင့်မြတ်ပိုင်နောင် နေ့လယ်စာကို အပြင်စားစရာမလိုဘဲ အိမ်ပြန်စားနိုင်ခြင်းပင်။

၀တ်ထားသည့် အနွေးထည်အင်္ကျီကို ချွတ်လိုက်ပြီး လက်ဆေးလိုက်ကာ ထမင်းစား၀ိုင်းတွင် မြင့်မြတ်ပိုင်နောင် ထိုင်လိုက်သည်။

"ဟဲ့ စားမကောင်းဘူးလား မျှစ်ချဥ် နင်ကြိုက်ပါတယ်"

ထမင်းအစားမများသော်လည်း နည်းနည်းစားသည့်လူမဟုတ်သည့် မြင့်မြတ်ပိုင်နောင်က တို့တိတို့တိလုပ်နေသည်ကြောင့် မိုးမြတ်နောင် မေးလိုက်မိသည်။

"မမ ညနေတိုင်း ချာတိတ်လာလား"

သူမေးသည်ကိုမဖြေဘဲ မေးချင်တာကိုမေးနေသည့် မြင့်မြတ်ပိုင်နောင်ကြောင့် မိုးမြတ်နောင်ကြောင်သွားသည်။

"ဟင် ချာတိတ်? ဘယ်သူလဲ"

"ဟိုကောင်လေး"

"ဟဲ့ ကောင်လေးက နည်းနည်းနောနောလား"

သျှင်မင်းသန့်ကိုပြောတာမှန်းသိသော်လည်း မိုးမြတ်နောင် မသိချင်ယောင်ဆောင်ထားမိ၏။

"သျှင်မင်းသန့်"

"သြော် အေး လာတယ်လေ ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး မတွေ့မိလို့"

ထိုသို့ပြောကာ ထမင်းကိုပြန်ပြီးစားချင်သလိုလို၊ မစားချင်သလိုလိုကြည့်နေသေးသည်။

"အရင်ကရောတွေ့ရလို့လား"

သူမေးလိုက်တော့ မြင့်မြတ်ပိုင်နောင်က တိတ်ဆိတ်နေသည်။

"အရင်ကလည်း သူတို့ပြန်သွားမှ နင်ပြန်ရောက်တာလေ"

"အင်း"

___________________________________________

"သျှင်မင်း ဒီနေ့စောစောလာပါ့လား"

မိုးမြတ်နောင် မနေနိုင်စွာ သျှင်မင်းသန့်ကို စောစောလာရန် ဆက်သွယ်မိသည်။ မိမိမောင်ကိုလည်း သနားသလို မိမိမောင်ကိုချစ်နေရသည့် ထိုကလေးကိုလည်း သူသနားသည်။

မြင့်မြတ်ပိုင်နောင် ငယ်ငယ်လေးတုန်းက ဒီလိုမဟုတ်ဘဲ စကားသိပ်တတ်သည့်ကလေးဖြစ်သည်။ တီတီတာတာတွေလည်းအများကြီးပြောတတ်ပြီး သူမပင် အမြဲတစေအသည်းယားခဲ့ရသည့်မောင်လေးပင်။

သို့သော် ထိုကလေးသည် သိတတ်လာလေ၊ ပြောင်းလဲလာခဲ့လေဖြစ်၏။ အကြောင်းရင်းတရားခံက သူမတို့မိဘနှစ်ပါးအပြင်မရှိချေ။

__________________________________________

ဒေါ်မိုးမိုးသူက နယ်မြို့လေးတစ်မြို့တွင် အလုပ်လုပ်သည့် စာရင်းကိုင်မလေးဖြစ်ပြီး၊ ဦးမာန်လင်းကတော့ သံသယတွေပွားများတတ်သည့် ရွှေဆိုင်ပိုင်အိမ်က သူဌေးသားလေးဖြစ်သည်။

သူတို့နှစ်ယောက်ယူပြီးသည့်နောက်တွင် ဒေါ်မိုးမိုးသူက မိုးမြတ်နောင်ကိုမွေးသည်။ တစ်သားမွေး၊ တစ်သွေးလှဆိုသည့်အတိုင်း နဂိုကပင် အသားဖွေးဖွေးနှင့် လှသည့်ဒေါ်မိုးမိုးသူက မိုးမြတ်နောင်ကို မွေးပြီးသည့်နောက်တွင် ပို၍ပင် လှသွေးကြွလို့နေခဲ့၏။

ဒါကိုမြင်နေရသည့်ခင်ပွန်းဖြစ်သူသည် သူ့မိန်းမလှလှလေးကို စိတ်မချနိုင်အောင်ဖြစ်ရသည်။ ထို့ပြင် သ၀န်တိုလှ၏။ မိုးမြတ်နောင် နှစ်နှစ်အရွယ်လောက်တွင် ဦးမာန်လင်းက KTV တစ်ခုသို့ ဒေါ်မိုးမိုးသူ၀င်သွားသည်ကို မြင်လိုက်ရ၏။ ဘေးတွင်လည်း ယောက်ျားပျိုတစ်ယောက်ကိုသူတွေ့လိုက်မိသေးသည်။

"မဟုတ်ဘူးလို့ အဖွဲ့လိုက်သွားတာ တော်ရဲ့၊ အလုပ်ကလူတွေအကုန်လုံးကိုလိုက်ကျွေးတာ"

"မင်းလိုက်သွားစရာလိုလို့လား ကလေးအမေတစ်ယောက်ဖြစ်နေပြီး ဆင်ဆင်ခြင်ခြင်နေတာမဟုတ်ဘူး"

"ရှင်တောင် ရှင့်မိတ်တွေနဲ့ အပြင်သွားဘီယာသောက်ကြသေးတာပဲ၊ ကျွန်မလည်း ကျွန်မအလုပ် လူမှုရေးဆိုတာရှိသေးတာ"

"မင်းက မိန်းမ၊ ငါက ယောက်ျားဟ တူမလား"

"ကျွန်မကလည်း ကလပ်နေတာမှမဟုတ်ဘဲ ကျွန်မအလုပ်နဲ့ ကျွန်မ"

"အေး အဲ့အလုပ်ကိုထွက်လိုက်"

"အို မထွက်နိုင်ပါဘူးရှင်"

"ငါရှာကျွေးနိုင်နေတာကို မင်းကဘယ်လင်ငယ်ကို အမျှင်တန်းနေလို့လဲ"

"ရှင် ကျွန်မကို မစော်ကားနဲ့ ကိုမာန်လင်း"

"ဟ မြင်နေရတာပြောတာ မြင်နေရတာ"

မိုးမြတ်နောင် သိတတ်စအရွယ်ကပင်စ၍ သိပ်မကျယ်သည့်အိမ်ထဲတွင် ထိုသို့သောအသံများကို မကြာခဏကြားခဲ့ရသည်။ နောက်နေ့များတွင် ဒေါ်မိုးမိုးသူက မိုးမြတ်နောင်အား သတင်းကောင်းလေးကိုလာပြော၏။

"မေမေ့ဗိုက်ထဲမှာ သမီးအတွက် မောင်လေးရှိနေပြီ" တဲ့။

အဖော်ရတော့မည်ဆိုသောအသိကြောင့် မိုးမြတ်နောင် သေချာမသိသော်လည်း အပျော်လွန်ခဲ့မိသည်။ သို့သော် ဦးမာန်လင်းကတော့ သူနှင့်ဆန့်ကျင်ဖက်ဖြစ်ခဲ့ပုံပင်။

"ငါ့ကလေးရောဟုတ်ရဲ့လား"

"ရှင် ရှင် နည်းနည်းတော့ လွန်နေပြီမဟုတ်ဘူးလား"

ထိုသို့အသံတကျက်ကျက်တွေက မိုးမြတ်နောင်တို့အိမ်လေးထဲမှာ တိတ်ဆိတ်မသွားခဲ့ချေ။ မိုးမြတ်နောင်ဆီသို့ မောင်ငယ်လေးရောက်လာသည့်တိုင်အောင်ပင်။

အိမ်ထဲတွင်လှုပ်တုပ်လှုပ်တုပ်ဖြင့်သွားနေသည့်ကောင်လေးကို မိုးမြတ်နောင်က အမြဲတမ်းအရိပ်ကြည့်နေရသည်။ ဒေါ်မိုးမိုးသူကိုယ်တိုင်လည်း ထိုကောင်လေးကို အရေးမစိုက်တော့။

"မေမေ မောင်လေးက နို့ဆာနေတယ်ထင်တယ်"

"သူ့ကြောင့်ငါစိတ်ညစ်နေရတာ မြတ်မြတ် သူ့ကို၀ေး၀ေးခေါ်သွား"

"ဖေဖေ မောင်လေးက ကားလေးကြိုက်လို့တဲ့"

"သမီး သူက ဖေဖေ့သားလားတောင်မသေချာဘူး"

လင်မယားနှစ်ယောက်ရွဲ့စောင်းနေကြသည့် ရန်ပွဲတွင် မြင့်မြတ်ပိုင်နောင်သည် မွေးလာကတည်းကပင် ဂြိုလ်ဆိုးလေးဖြစ်ခဲ့ရသည်။

"မမ မမ"

အသက်တစ်နှစ်လောက်ကတည်းက မမခေါ်ကာ မပီကလာပီကလာစကားတွေပြောတတ်သော ကောင်လေးသည် သူ့ထက်သုံးနှစ်သာငယ်သော်လည်း မိုးမြတ်နောင်မှာ အချစ်ပိုရသည်။ သူ့မောင်လေးကိုကာကွယ်ဖို့ သူကသန်မာရမည်ဟုတွေးမိသည်။

"ပိုင်နောင် လာ မမ ဆီလာ မမ ကျောင်းကနေ ရုပ်၀ယ်လာတယ်"

မူကြိုက၀ယ်လာသည့် အရုပ်အသေးအမွှားကစ မြင့်မြတ်ပိုင်နောင်ကို ပေးကာ ဆော့စေသည်။ 

"စကားတွေများလိုက်တာ ဒီကောင်ကွာ"

စကားပြောတတ်စအရွယ်တွင် အမေဖြစ်သူကလည်းဂရုမစိုက်၊ အဖေဖြစ်သူကလည်း မကြည်ဖြူသည့်ဘ၀တွင် မြင့်မြတ်ပိုင်နောင် ရှင်သန်လာခဲ့ရသည်။

"မမ သားကို ဖေဖေတို့က မချစ်၀ူးထင်တယ်"

မျက်ရည်လေးတွေ၀ိုင်းကာပြောလာသည့် သုံးနှစ်ကျော်အရွယ်ကောင်လေးကို မိုးမြတ်နောင်လည်း နှစ်သိမ့်ပေးရမည့်စကားလုံးရှာမတွေ့ခဲ့ချေ။

"မမ ကျောင်းမသွားပါနဲ့လားဟင်"

"ဘာဖြစ်လို့လဲ ပိုင်နောင်ရဲ့"

"မမ ကျောင်းသွားရင်၊ မမကျောင်းသွားရင် သားနဲ့ဘယ်သူမှမနေချင်ကြ၀ူး"

"ဟင်"

"မေမေကလည်း သားကို အနားမလာနဲ့တဲ့"

"ဖေဖေက သားအသံမကြားချင်ဘူးတဲ့"

"သားကို ဘယ်သူမှမချစ်ကြ၀ူး"

"မမ ချစ်တယ်လေ၊ မမက ပိုင်နောင့်ကို အများကြီးချစ်"

ရှစ်နှစ်သာရှိသေးသည့် မိုးမြတ်နောင်သည်လည်း ထိုအခြေအနေကို ကိုင်တွယ်နိုင်သည်အထိ မရင့်ကျက်နိုင်ခဲ့သေး။

"မေမေ"

"ငါစိတ်ညစ်နေလို့ မင်းအသံမထွက်ဘဲနေပေးလို့ရမလား"

သက်ပြင်းချကာထွက်သွားသည့် အမေဖြစ်သူက မြင့်မြတ်ပိုင်နောင်ကို နေ့လယ်စာကျွေးရန် သတိမေ့နေပုံပင်။ ဆာနေသည့်ဗိုက်အရှိန်အပြင် မနက်ကလည်း အိပ်ယာထနောက်ကျတာမို့ မစားဖြစ်တာကြောင့် မြင့်မြတ်ပိုင်နောင် ဗိုက်နာစပြုလာသည်။

"ဖေဖေ သား"

"မင်းအသံကိုမကြားချင်ဘူး"

အနည်းငယ်မူးနေပုံပေါက်သည့်အဖေဖြစ်သူကလည်း သူ့အသံကိုအတော်လေးပင် မုန်းတီးနေသလို။ မြင့်မြတ်ပိုင်နောင် ခြေထောက်သေးသေးလေးတွေကိုအားတင်းလိုက်ကာ သူနှင့်ဆော့နေကျ ကြောင်ပေါက်လေးအလာကိုသာ မျှော်နေလိုက်မိသည်။ 

"ပိုင်နောင်"

"မမပြန်လာပြီ"

တစ်နေ့သူခေါ်သော်လည်းထူးမလာတော့သည့်မောင်လေးကြောင့် မိုးမြတ်နောင် အိမ်ကိုလှည့်ပတ်ကာရှာနေမိသည်။ တစ်နေရာတွင်တွေ့လိုက်ရသည်က ဗိုက်ကလေးကို ဖိကာလဲကျနေသည့် မြင့်မြတ်ပိုင်နောင်ကိုပင်။

"ပိုင်နောင် ပိုင်နောင် ဘာဖြစ်တာလဲ"

"မမ ဟင့်"

မျက်ရည်စတွေထွက်နေသော်လည်း ရှိုက်သံပင်မထွက်သူကြောင့် မိုးမြတ်နောင်အတော်ပင်ထိတ်လန့်သွားသည်။

"မေမေ မေမေ ဖေဖေ မောင်လေး မောင်လေး နာနေတယ် မောင်လေးနာနေတယ်ထင်တယ်"

"မမ"

"ဟင် ပြော ပြော"

"တိုးတိုးနေ မေမေ စိတ်..ညစ်..နေ..တယ်"

တစ်လုံးချင်းပြောလိုက်သည့်စကားလုံးတွေက မိုးမြတ်နောင်၏အသံကိုဖုံးသွားနိုင်စွမ်းတော့မရှိခဲ့ချေ။ ထိုနေ့မှစ၍ မြင့်မြတ်ပိုင်နောင်က သိသိသာသာပင်စကားနည်းသွားသည်။ မိုးမြတ်နောင်ကိုပင် အရင်လို ချွဲတာမျိုးမရှိတော့။ 

အိမ်တွင်မရှိသလိုနေသည်။ အိမ်နောက်ဖေးတွင် မြင်သမျှ တိရစ္ဆာန်တွေနှင့် ဆော့သည်။ ကြောင်ပေါက်လေးတစ်ကောင်ကို အိမ်ခေါ်တင်မွေးထားသည်။ ဒါ့အပြင်ထူးထူးခြားခြားတော့မလုပ်တော့ချေ။ အသက်ကြီးလာလေလေ သူ့ကိုဒီအိမ်ကအလိုမရှိဟူသည့်သဘောတရားကိုပိုနားလည်လာလေဖြစ်ကာ မြင့်မြတ်ပိုင်နောင်က ဘာစကားမှမပြောတော့ချေ။ ခေါင်းညိတ်ခေါင်းခါသာအများဆုံးလုပ်တော့တာမို့ မိဘတွေကပင် အသွားလေသလားဟု အထင်မှားခဲ့ကြသည်။

မြင့်မြတ်ပိုင်နောင်ကဆယ်ကျော်သက်အရွယ်ရောက်လာလေ၊ ဦးမာန်လင်းနှင့်တူလာလေဖြစ်သည်ကြောင့် ဦးမာန်လင်း၏သံသယတွေက တဖြည်းဖြည်းလျော့လာကာ သူ့သားအပေါ်ကို ပြန်လည်ချဥ်းကပ်ရန်ပြင်သော်လည်း ဆယ်နှစ်ကျော်ကြာအစိုင်အခဲက မြင့်မြတ်ပိုင်နောင်ရင်ထဲတွင် အရည်ပျော်မသွားခဲ့။

ကလေးတစ်ယောက်၏စိတ်ထဲတွင် အမြစ်တွယ်သွားသည်အထိ စိတ်ဒဏ်ရာကိုပေးခဲ့သူတို့ကား တောင်းပန်မတောင်းပန်ဘဲ သူ့ကိုပြန်ချဥ်းကပ်နေသည်ကိုတွေ့ရသည့်အခါ မြင့်မြတ်ပိုင်နောင် ဘာစကားမှပင် အစရှာမရခဲ့သည်မှာအမှန်ပင်။

OliviaThet-Eleanor

Lanjutkan Membaca

Kamu Akan Menyukai Ini

31.5K 1.5K 21
Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်၊ ကြောက်တက်တဲ့ ဂျပန်ကို...
1.6M 111K 166
Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov 2022
Twenty Six Revenge Oleh Grey

Misteri / Thriller

528K 34.6K 49
Khoon Thant Shein Wah+Sunshine SiThu
259K 13.7K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...