Cāi Cāi || ချိုက်ချိုက် || [...

By littlewillow01

116K 19.3K 923

Cāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01... More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter(75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
Chapter (89) [Final]

Extra Chapter

1.8K 210 34
By littlewillow01

Extra Chapter
ရိုက်ကွင်းနောက်ကွယ်မှ ဖြစ်ရပ်များ: Swan Lake

'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း'၏ ပထမအကျော့နယ်လှည့်ခရီးစဥ်နှင့် ' အခုကအချစ်ဦးပဲ' တို့၏ဒုတိယအကျော့နယ်လှည့်ဖျော်ဖြေပွဲများ ပြီးဆုံးသွားပြီးနောက် ရှန်းချိုက်သည် နောက်ဆုံးတွင်တော့ အေးအေးဆေးဆေးအားလပ်ရက်ရှည်လေးကို ပိုင်ဆိုင်သွားနိုင်ပြီဖြစ်သည်။

တေးဂီတပြဇာတ်သရုပ်ဆောင်တွေအားလုံး ထိုအတိုင်းပင်။ အလုပ်ရှိနေချိန်၌ လေ့ကျင့်ရေးခန်းမသို့ နေ့တိုင်းပြေးလွှားနေရပြီး အလုပ်မရှိသောအခါများတွင်လည်း ရက်သတ္တပတ်များချီ၍ ဒါမှမဟုတ် လနှင့်ချီ၍တောင် အားလပ်ရက်များရှိတတ်ကြသည်။

ဒီလို ရှားပါးအဖိုးတန်လှသောအားလပ်ရက်လေးအား ခရီးသွားကြရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့အပြင် ယခုအားလပ်ရက်ခရီးစဉ်မှာ မြောက်ဘက်တွင်ရှိနေသော ရုရှားနိုင်ငံသို့ပင်။

ရှန်းချိုက်သည် အသက်ဆယ့်ငါးနှစ်အရွယ်တွင် စိန့်ပီတာစဘတ်မြို့ရှိ Vaganova ဘဲလေးအကအကယ်ဒမီဆီသို့ လဲလှယ်ရေးကျောင်းသားအဖြစ် ပညာသင်ကြားရန်စေလွှတ်ခံခဲ့ရသည်။ ထိုအချိန်တုန်းကတော့ အချိန်အကန့်အသတ်များကြောင့် လေ့ကျင့်ရေးခန်းမတွင်သာ အချိန်ကုန်ဆုံးခဲ့ရပြီး အားလပ်ချိန်အချို့၌သာ ကျောင်းမှအပြင်သို့ထွက်နိုင်၏။ ယခုပြန်စဥ်းစားကြည့်ပါက သူသည် ရုရှား၌ လအတော်ကြာအောင်နေခဲ့ရသော်လည်း မော်စကိုမြို့ကိုတောင်မရောက်ဖူးခဲ့ပေ။ ဒီ့ထက်ပိုဝေးသော မာမန့်စ်ခ်မြို့နှင့် Baikal ရေကန်ကိုတော့ ပြောမနေပါနဲ့တော့။

ဒီတစ်ခါတွင်တော့ သူသေချာပေါက်ရောက်အောင်သွားရမည်ဖြစ်သည်။

ထန်ယီမင်ကလည်း သူရုရှားသို့အလည်သွားချင်သည့်ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာသဘောတူခဲ့ပြီး နှစ်ဦးသား စိတ်အားထက်သန်စွာဖြင့် ခရီးစဉ်အတွက်အစီအစဉ်များဆွဲက မြို့လေးမြို့ဆီသို့ သွားရောက်လည်ပတ်ကြရန် အသေးစိတ်ဗျူဟာချခဲ့ကြသည်။

သို့သော် သယ်ယူပို့ဆောင်ရေးကဏ္ဍသို့ရောက်လာသောအခါတွင်တော့ နှစ်ဦးအကြား သဘောထားကွဲလွဲမှုများရှိလာ၏။

ထန်ယီမင်သည် အကန့်အသတ်ဖြင့်အားလပ်ရက်ရသောကြောင့် သူ့ခရီးစဉ်အချိန်မှာတင်းကျပ်နေခဲ့ကာ အမှန်အတိုင်းပြောပါက လျင်မြန်သောပျံသန်းမှုကို ပိုသဘောကျနေသည်။

တစ်ဖက်တွင်လည်း ရှန်းချိုက်သည် အချိန်များစွာရှိနေပြီး စိတ်အေးလက်အေးအပန်းဖြေချင်နေသည်။ သူသည် နာမည်ကြီး K19/20 ရထားကို တရုတ်နိုင်ငံ၏မြို့တော်မှ ရုရှားနိုင်ငံ၏မြို့တော်အထိ တစ်လျှောက်လုံးစီးသွားချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသို့ဖြတ်သန်းသွားရမည့်ခရီးသည် စုစုပေါင်း ကီလိုမီတာ ၉၀၀၀ ခန့်လောက်အကွာအဝေးရှိနေပြီး ခရီးစဥ်တစ်ခုလုံးမှာ ခြောက်ညအိပ်ခုနစ်ရက်ခရီးဖြစ်သည်။

ရှန်းချိုက်က "ခင်ဗျားက လေယာဉ်စီးပြီး ကျွန်တော်ကရထားစီးရင်ရောဘယ်လိုလဲ?? ကျွန်တော်သာ တစ်ပတ်လောက်စောပြီးထွက်လိုက်ရင် မော်စကိုမှာပြန်ဆုံမှာပေါ့"

"မဖြစ်ပါဘူး!" ထန်ယီမင်က "မင်းတစ်ယောက်တည်း အဲ့ဒီ့ရထားပေါ်မှာ ခုနစ်ရက်တောင်စီးရမှာ... ရထားစီးမယ့်ခရီးသွား ၉၉% က ရုရှားလူမျိုးတွေ၊ တွဲစောင့်ကတောင် တရုတ်စကားမပြောတတ်ဘူး... မင်းတစ်ယောက်တည်းသွားရမှာ ကိုယ်ဘယ်လိုလုပ်စိတ်ချနိုင်မှာလဲ??"

ထန်ယီမင်ကတော့ ရှန်းချိုက်တစ်ယောက် သူ့ရည်ရွယ်ချက်များကိုစွန့်လွှတ်နိုင်ရန်မျှော်လင့်နေပြီး 'Murder on the Orient Express' လူသတ်ကားကို စားပွဲပေါ်တင်ပေးထားလေသည်။

သို့သော် သူခေါင်းမာသည်မှာ ရှန်းချိုက်၏ခေါင်းမာမှုကို လိုက်မမှီပေ။

နောက်ဆုံးတော့နှစ်ယောက်သား အိပ်ရာထဲမှာရန်ဖြစ်လိုက်၊ ဧည့်ခန်းထဲမှာ ရန်ဖြစ်လိုက်၊ ရေချိုးခန်းထဲမှာ နောက်ထပ်ရန်ဖြစ်လိုက်နှင့်............ နှစ်ယောက်လုံးတစ်ထစ်စီအလျှော့ပေးလိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ Baikal ရေကန်အထိသာရထားစီးပြီး နောက်ခရီးစဥ်ကိုတော့ ထိုနေရာမှတဆင့်လေယာဉ်ပြောင်းစီးရန် ဆုံးဖြတ်လိုက်ကြသည်။

Baikal ရေကန်နှင့်ဟွာချောင်းမြို့၏ လတ္တီတွဒ်အနေအထားများမှာ အလွန်ဆင်တူသောကြောင့် လေကြောင်းဖြင့်သွားပါက တိုက်ရိုက်သုံးနာရီသာကြာမည်ဖြစ်၏။ သို့သော် ရထားစီးသွားကြခြင်းဖြစ်သောကြောင့် ဘူတာရုံများကိုလှည့်ပတ်သွားလာနေသည့်အတွက် လေးရက်လောက်အချိန်ယူရမည်ဖြစ်သည်။

ထူးထူးခြားခြားရှည်လျားသောရထားခရီးစဥ်အတွင်း ရုတ်တရက်ဆိုသလို အင်တာနက်မသုံးနိုင်၊ ရေလည်းမချိုးရဘဲ ရထားပေါ်မှာတင် လေးရက်ကြာလောက် စီးခဲ့ကြရ၏။ တကယ့်ကို ခက်ခဲပင်ပန်းပေသည်။

ပထမနှစ်ရက်မှာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပြီး ရထားသည် Manzhouli မှထွက်ခွာသည်နှင့် အထူးကရိန်းတစ်ခုဖြင့် ရထားတစ်ခုလုံးကိုဆက်သွယ်လိုက်ပြီး တရုတ်နှင့်ရုရှားနိုင်ငံ၏ ရထားလမ်းအကျယ်မှာမတူညီသောကြောင့် ရထားပြောင်းရန်လိုအပ်လေသည်။ တစ်ချိန်တည်းမှာပင် ရထားကိုယ်ထည်ပေါ်ရှိ တရုတ်အမျိုးသားတံဆိပ်နှင့်အမှတ်တံဆိပ်ကိုဖယ်ရှားရပြီး ရုရှားရထားလမ်းများ၏သင်္ကေတဖြင့် အစားထိုးရမည်ဖြစ်သည်။

သို့သော် ... ထိုနေရာကိုကျော်ပြီးနောက်တွင်တော့ ခရီးတစ်​ခုလုံး၌ တခြားထူးခြားချက်​​များမရှိ​တော့ပေ။

ကျန်ဘူတာအားလုံးမှာ ရုရှားနိုင်ငံ၏မြို့ငယ်လေးများဖြစ်ပြီး ရထားပေါ်တွင်ဧည့်ခံကျွေးမွေးသော ဂေါ်ဖီထုပ်နီဟင်းချိုသည်လည်း ထိုမျှလောက်စားမကောင်းပေ။

ထန်ယီမင်ကတော့ သူ့ဖုန်းထဲတွင်သိမ်းလာသော e-book အားလုံးဖတ်ပြီးသွားပြီး ရှန်းချိုက်လည်း ပါလာသမျှမုန့်အားလုံး စားပြီးနေပြီဖြစ်သည်။ နှစ်ယောက်သား အခန်းငယ်လေးထဲတွင်ထိုင်နေရင်း ပြတင်းပေါက်အပြင်ဘက်ရှိ လှပသောရှုခင်းကို တိတ်တဆိတ်ကြည့်နေကြသည်။

ရှန်းချိုက် : "... ဒီဘူတာရပ်ရင် ကျွန်တော်တို့ လေယာဉ်ပြောင်းစီးကြမလား??"

"အခုလေယာဥ်စီးမယ်ဆိုရင်တောင် အနီးဆုံးလေဆိပ်က ကီလိုမီတာနှစ်ရာကျော်ဝေးတယ်လေ" ထန်ယီမင်က "မင်းပြောတော့ ဘဝရဲ့အရသာကို အေးအေးဆေးဆေးလေးခံစားကြည့်ချင်တယ်ဆို?? အခု မကျေနပ်သေးဘူးလား"

ရှန်းချိုက်က သူ့နှာခေါင်းလေးကိုပွတ်လိုက်ပြီး "ဒီလောက်ထိပျင်းစရာကောင်းမယ်လို့ မသိခဲ့ဘူးလေ.. ယူလာတဲ့စာအုပ်တွေလည်း အားလုံးဖတ်ပြီးသွားပြီ၊ အဆာပြေမုန့်တွေလည်းကုန်ပြီ၊ ဘေးအခန်းက အဒေါ်ကြီးကလည်း ကျွန်တော့်အသံထွက်အမှားတွေကို လိုက်နားထောင်နေတော့ သီချင်းဆိုလေ့ကျင့်လို့လည်းမရပြန်ဘူး... ကျွန်တော်တကယ်ပျင်းနေတယ်၊ လုပ်စရာလေးတစ်ခုခုရှိရင်ကောင်းမယ်နော်"

ထန်ယီမင်သည် ရှန်းချိုက်နားကိုကပ်လာကာ သူ့လက်များနှင့် ကောင်လေး၏ခါးကိုရစ်ပတ်လိုက်၏။

ထိုအမျိုးသား၏အသံမှာ တိုးတိုးလေးနှင့်အလွန်ဆွဲဆောင်မှုရှိနေသော အသံဖြစ်သည်။ "အချိန်မြန်မြန်ကုန်မယ့်ကိစ္စတစ်ခုကိုယ်သိတယ်... မင်းလုပ်ချင်ရဲ့လား??"

"... " ရှန်းချိုက်က အံ့သြထိတ်လန့်စွာဖြင့် "ဒီအခန်းလေးတွေက အသံလုံတာမဟုတ်ဘူးနော်၊ တခြားတစ်ယောက်ယောက်ကြားသွားလိမ့်မယ်​..."

"ရပါတယ်ကွာ၊ တစ်ယောက်ယောက်လာမေးရင် မင်းအသံလေ့ကျင့်နေတာလို့ပဲပြောလိုက်ပေါ့"

"..."

...

လေးရက်အကြာတွင်တော့ ထိုစုံတွဲလေးသည် အီရ်ကုစ်ခ်ဘူတာရုံသို့ ရောက်လာခဲ့ကြလေသည်။ နှစ်ဦးစလုံး Baikal ရေကန်သို့အရင်မသွားနိုင်သေးဘဲ ဟိုတယ်တစ်ခုသို့အရင်သွားကြကာ ရေနွေးပူပူလေးဖြင့် အကြာကြီးရေချိုးခဲ့ကြ၏။

အီရ်ကုစ်ခ်ဘူတာရုံ

ထန်ယီမင်သည် နှစ်ယောက်အိပ်ကုတင်ပါသောအခန်းကို ကြိုတင်စာရင်းသွင်းထားသောကြောင့် ဧည့်ကြိုကောင်တာရှိအမျိုးသမီးငယ်မှာ အံ့အားသင့်နေတော့သည်။ ထန်ယီမင်ကတော့ ရှန်းချိုက်၏လက်ကိုသာ ထင်ထင်ပေါ်ပေါ်ဆုပ်ကိုင်ထားပြီး သူတို့သည် ချစ်ခင်စုံမက်နေသောစုံတွဲအစစ်ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကိုသိစေလိုသည်။

ထိုညတွင် သူတို့နှစ်ယောက်လုံး နူးညံ့သောအိပ်ယာပေါ်တွင်လှဲလျောင်းရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြ၏။ နောက်တစ်နေ့အိပ်ရာနိုးလာချိန်တွင်တော့ နှစ်ယောက်သား ကိုယ်စီကိုယ်စီ၏ ငှက်သိုက်ဖြစ်နေသောခေါင်းများကိုကြည့်ပြီး တစ်ချိန်တည်းရယ်မောလိုက်ကြသည်။

"သိလား ကျွန်တော်မနေ့ညက အိပ်မက်မက်သေးတယ်... ကျွန်တော်တို့ အခုထိ အဲ့ဒီ့ရထားပေါ်မှာပဲတဲ့" အိပ်မက်ဖြစ်ကြောင်းသိလိုက်ရချိန်မှသာ အတော်လေးရယ်စရာကောင်းနေ​၏။

ထန်ယီမင်ကမေးသည်။ "နောက်ရော ရထားစီးချင်သေးလား??"

"နိုး နိုး မစီးချင်တော့ဘူး" ရှန်းချိုက်က "အကြာကြီးထိုင်စီးရတာက တင်ပါးအရမ်းနာတယ်"

"တင်ပါးနာနေတာက??" ထန်ယီမင်ကမျက်ခုံးပင့်လိုက်ပြီး "ရထားစီးရလို့လား... ဒါမှမဟုတ် တခြားတစ်ခုခုကိုစီးခဲ့ရလို့လား??"

"... "

ရှန်းချိုက် : "ခင်ဗျားဘာလို့ ဒီလောက်ထိအရှက်မဲ့ရတာတုန်း!?"

ထန်ယီမင်က ကောင်လေးကိုလှမ်းဖက်လိုက်ပြီး နဖူးပြင်လေးကို အသံအကျယ်ကြီးထွက်လာသည်အထိ နမ်းရှိုက်လိုက်သည်။ " နောက်ဆို ကိုယ် ပိုလို့တောင် အရှက်မရှိဖြစ်သွားမယ်ထင်တာပဲ"

...

Baikal ရေကန်သည် နွေရာသီအချိန်၌ ကျယ်ပြန့်သောအပြာရောင်လှိုင်းလုံးများနှင့် တိမ်ဖြူဖြူလေးများတွဲလောင်းကျနေသော ရှုခင်းအပြည့်ဖြင့်လှပနေတော့သည်။ ဒေသခံများ၏အဆိုအရ ဤ Baikal ရေကန်မှာ ဆောင်းရာသီ၌ ပိုလို့တောင်လှပသည်ဟုပြောကြပြီး ရေကန်ကြီးတစ်ခုလုံးအေးခဲသွားကာ ရှားပါးသောအပြာရောင်ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားပုံမှာ ဒဏ္ဍာရီလာကမ္ဘာတစ်ခုအတိုင်းပင်။

ကမ္ဘာလှည့်ခရီးသည်များစွာသည် အပြာရောင်ကမ္ဘာကြီးထဲသို့အလည်လာကြပြီး နက်ရှိုင်းလှသောရေခဲပြင်ကြီးပေါ်တွင် ကားလာမောင်းလေ့ရှိကြ၏။

ရှန်းချိုက်ကတော့ အမှတ်တရပစ္စည်းများရောင်းချသည့်ဆိုင်ငယ်လေးတွင် တုံ့ဆိုင်းနေခဲ့သည်။ သူသည် အပြာရောင်ကျောက်မျက်ရတနာနှင့်တူသော ပို့စကတ်လေးပေါ်ရှိ Baikal ရေကန်ကိုလက်ညှိုးထိုးပြလိုက်ကာ "ဆောင်းရာသီကျရင် ရေခဲပြာတွေကြည့်ဖို့ ထပ်လာရအောင်!"

ထန်ယီမင်က "ဆောင်းရာသီမှာဆို ဒီနေရာရဲ့ပျမ်းမျှအပူချိန်က အနုတ် ၃၈ ဒီဂရီစင်တီဂရိတ်နော်" ဟုဆိုသည်။

ရှန်းချိုက်တစ်ယောက် ချက်ချင်းဆိုသလို စကားပြောင်းသွား၏။ "အိုး... ဆောင်းရာသီမှာ နယ်လှည့်ဖျော်ဖြေပွဲတွေရှိတာကိုမေ့နေတာပဲ၊ အခုမှသတိရတယ်ဗျာ"

ထန်ယီမင်ကတော့ ရယ်မောနေတော့သည်။

နှစ်ယောက်သား လက်ချင်းချိတ်ဆက်ထားကြရင်း ရေကန်တစ်ဝိုက်တွင်လမ်းလျှောက်ကာ ဓာတ်ပုံလည်းအများကြီးရိုက်ကြသည်။ ရှန်းချိုက်သည် ပုံအချို့ကိုရွေးယူလိုက်ပြီး Caption အနေဖြင့် ချစ်စရာနေရောင်အီမိုဂျီလေးတပ်လိုက်ကာ အတော်အတန်နာမည်ရနေသော သူ့ Weibo အကောင့်တွင် ပိုစ့်တင်ခဲ့သည်။

ရေကန်ကြီးပေါ်တွင်ဖြာကျနေသောနေရောင်ခြည်မှာ မျက်စိကျိန်းလောက်အောင်တောက်ပနေ၏။ ထန်ယီမင်၏မျက်လုံးထဲတွင်တော့ ရှန်းချိုက်ကသာအတောက်ပဆုံးဖြစ်သည်။

နှစ်ယောက်သား သစ်ပင်ရိပ်အောက်တွင်နမ်းရှုံ့ခဲ့ကြပြီး မြက်ခင်းပြင်များပေါ်တွင်တစ်ရေးတစ်မောအိပ်ခဲ့ကြကာ ဒေသခံများ၏ ရေကန်ထဲတွင်ငါးဖမ်းနည်းကိုလည်း လေ့လာခဲ့ကြသည်။

ကန်ပတ်ပတ်လည်ဝန်းကျင်တွင် ဒေသခံအများအပြားသည် ခရီးသွားများထံ ငါးမျှားတံများငှားရမ်းကြ၏။ ထန်ယီမင်လည်း ငါးမျှားတံနှင့် ငါးစာပုံးအသေးလေးရလာခဲ့သည်။

ငါးမျှားတံကိုငှားပေးသောရုရှားအန်တီကြီးသည် အင်္ဂလိပ်လို မပြောတတ်သောကြောင့် ရှန်းချိုက်ကသာ သူတတ်မြောက်ထားသောရုရှားစကားအနည်းငယ်လေးနှင့် ဈေးစကားညှိနှိုင်းခဲ့ရသည်။ ကံကောင်းထောက်မစွာပင် ခန္ဓာကိုယ်ဘာသာစကားကိုတော့ လူတိုင်းလိုလိုနားလည်ကြ၏။

ရှန်းချိုက်သည် စကားပြောရာတွင် သိပ်အကျွမ်းကျင်ကြီးမဟုတ်သော်လည်း ဈေးအလျှော့အတင်းလုပ်ရာတွင်တော့ အလွန်အားကိုးရပြီး သူစိတ်တိုင်းမကျပါက စျေးနှုန်းတစ်ခုအတွက်နှင့် လက်မြှောက်အရှုံးပေးမည်မဟုတ်ပေ။

အန်တီကြီးက ရှန်းချိုက်၏စကေးများကိုလေးစားနေပြီး သူ့ကိုချီးကျူးလာတော့သည်။ "တယ်တော်တဲ့လူငယ်လေးပဲ(ပါရိန်း)"

ရှန်းချိုက်သည် လက်တစ်ဖက်ဖြင့်ငွေပေးလိုက်ပြီး နောက်လက်တစ်ဖက်တွင်တော့ ငါးမျှားတံလေးကို ဂုဏ်ယူစွာဖြင့်ကိုင်ထားသည်။ မထင်မှတ်ထားစွာဖြင့် သူ ကျေးဇူးတင်စကားပြောတော့မည့်အချိန်တွင် သူ့ဘေးနားတွင်အချိန်အတော်ကြာ ဓာတ်တိုင်ကြီးတစ်တိုင်လိုမတ်တပ်ရပ်နေခဲ့သည့်ထန်ယီမင်က ရုတ်တရက်ကြားဖြတ်ပြောလာခြင်းပင်။

"သူက ကျွန်တော့်ရဲ့ 'ပါရိန်း' ပါ"

ရုရှားစကားတစ်လုံးမှမတတ်သူက သူ့မျက်နှာပေါ်တွင်တော့ ဂုဏ်ယူစွာပြုံးပြနေရင်း မမှန်မကန်လေသံဖြင့်ထပ်ပြောပြန်သည်။

" ကျွန်တော့်ပါရိန်းလေ"

ရုရှားအန်တီကြီး : "..."

ရှန်းချိုက် : "..."

ရှန်းချိုက်၏မျက်နှာလေးမှာ ချက်ချင်းဆိုသလိုပင်နီရဲလာပြီး နားရွက်နှင့်လည်ပင်းတို့မှာလည်း ကြက်သွေးရောင်နီမြန်းလာတော့သည်။

ထန်ယီမင်ကိုဆွဲ၍ ထိုနေရာမှပြေးမထွက်လာမီ ရုရှားအန်တီကြီးမည်သို့မည်ပုံကျန်ခဲ့မည်ကိုလည်း စိတ်မ၀င်စားတော့ပေ။

ရေကန်ကမ်းစပ် သဲသောင်ပြင်နားသို့ရောက်သည်အထိ အသက်မရှုမစမ်းပြေးလာခဲ့ကြသည်။

ထန်ယီမင်ကတော့ ဘူမသိတစ်ဆယ်မသိဖြင့် "ဘာဖြစ်လို့လဲ?? ဘာဖြစ်သွားတာလဲ??"

ရှန်းချိုက် : "ခုနကအန်တီကြီးနဲ့ကျွန်တော်နဲ့ပြောနေတာတွေကို ခင်ဗျားနားလည်လို့လား?? ဘာပြောလိုက်တာလဲရော သိလား"

"ကိုယ်မသိပါဘူး" ထန်ယီမင်က "ဒါပေမယ့် အဲ့ဒီ့အန်တီကြီးပြောတဲ့ 'ပါရိန်း' ကိုတော့ ကိုယ်ကြားတယ်လေ... အနည်းဆုံးတော့ အဲ့ဒီ့စကားလုံးရဲ့အဓိပ္ပါယ်ကို ကိုယ်သိပါသေးတယ်"

ရှန်းချိုက်၏မျက်နှာမှာ ပို၍ပင်နီမြန်းလာပြီး နှလုံးခုန်နှုန်းများမြန်လာ၏။ ယခုကဲ့သို့မဆင်မခြင်အပြောများကြောင့် အပြစ်တင်လိုက်ချင်သော်လည်း တကယ်တမ်းတော့ ထိုသူ့ကို ပြင်းပြင်းထန်ထန်နမ်းပစ်ချင်နေသည်ပင်။

ထန်ယီမင်သည် ရုရှားနိုင်ငံသို့ခရီးထွက်မည်ဆိုကတည်းက ရုရှားစကားသုံးလုံးကိုလေ့လာခဲ့၏။

မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်နှင့် သူက ငါ့'ပါရိန်း(ချစ်သူကောင်လေး)'တို့ပင်။

ပါရိန်းဟူသောစကားလုံးသည် မူလကတော့ လူငယ်လေး သို့မဟုတ် ယောက်ျားလေးဟုအဓိပ္ပါယ်ရသော်လည်း နောက်ထပ်အရေးကြီးသောအသုံးအနှုန်းမှာ 'ရည်းစား'ပင်ဖြစ်သည်။

ရှန်းချိုက်သည် ထန်ယီမင်၏ပါရိန်းဖြစ်ပြီး ထန်ယီမင်သည်လည်း ရှန်းချိုက်၏ပါရိန်းဖြစ်သည်။

တရုတ်နိုင်ငံတွင်တော့ ထန်ယီမင်သည် သူ့ချစ်ခင်မြတ်နိုးမှုကို အလုံးစုံဖော်ပြထုတ်လိုက်ရန်အဆင်မပြေပေ။ ယခုသူတို့ နိုင်ငံရပ်ခြားသို့အပန်းဖြေခရီးထွက်နေသည့်အတွက် တခြားသူများ၏လောကအမြင်များကို သူ လုံးဝဂရုစိုက်တော့မည်မဟုတ်ပေ။

သူတို့နှစ်ယောက်သည် တစ်ဦးကတစ်ဦး၏ ချစ်သူကောင်လေးဖြစ်ပြီး တစ်နေ့မှာတော့ တစ်ယောက်ကတစ်ယောက်၏ လက်တွဲဖော်ခင်ပွန်းဖြစ်လာကြမည်ပင်။

...

နှစ်ရက်လုံးလုံး Baikal ရေကန်၏ကမ်းနားတွင် ငါးမျှားကြခြင်း၊ လမ်းလျှောက်ခြင်းနှင့် စကားစမြည်ပြောခြင်းများဖြင့်အချိန်ဖြုန်းခဲ့ကာ ရှန်းချိုက်က ထန်ယီမင်ကို "By the Lake Baikal" သီချင်းကိုဆိုပြခဲ့ပြီး ထန်ယီမင်ကလည်း Alexander Pushkin ၏ကဗျာများကို ဖတ်ပြပေးခဲ့သည်။
[T/N: 'By the Lake Baikal'သီချင်းကို Media မှာထည့်ပေးထားပါတယ်]

မနက်ခင်းမြူခိုးများကြား၌ အချင်းချင်း၏အေးစက်သောအငွေ့အသက်များရောယှက်ကြပြီး ညနေခင်းဆည်းဆာအချိန်တွင်တော့ ပွေ့ဖက်နမ်းရှုံ့ခဲ့ကြသည်။

အီရ်ကုစ်ခ်သည် မြို့ငယ်လေးသာဖြစ်ပြီး နိုင်ငံခြားခရီးသွားလည်း အနည်းငယ်သာတွေ့ရသည့်အတွက် နှစ်ဦးသား နှစ်ရက်တိုင်တိုင်ပျော်ရွှင်စွာအနားယူခဲ့ကြသည်။

သို့သော်လည်း မြောက်ဘက်ရှိမော်စကိုမြို့သို့ဦးတည်သွားချိန်တွင်တော့ သူတို့နှစ်ယောက်၏သီးသန့်ပတ်ဝန်းကျင်လေးမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

မော်စကိုမြို့သည် အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်များပြည့်နှက်နေသည့်ရင်ပြင်နီဖြစ်ပြီး ဥရောပနှင့်အာရှသားအများစု မကြာခဏလာရောက်လေ့ရှိသောကြောင့် မော်စကိုမြို့သည် အလွန်နာမည်ကျော်ကြား၏။ ထန်ယီမင်နှင့်ရှန်းချိုက်တို့သည် ဖြတ်သန်းသွားလာနေကြသောလူအုပ်ကြီးအကြား တိမ်းမှောက်လုနီးပါးဖြစ်နေသော လှေငယ်လေးနှစ်စင်းနှင့်တူနေခဲ့သည်။

မော်စကိုမြို့မှထွက်ခွာခဲ့ပြီးနောက် ခရီးစဥ်ထဲရှိနောက်ထပ်နေရာတစ်ခုဖြစ်သော မားမန့်စ်မြို့သို့သွားခဲ့ကြသည်။ မားမန့်စ်မြို့သည် ပူနွေးသောမြောက်အတ္တလန္တိတ်ရေနွေးစီးကြောင်းများကြောင့် အာတိတ်စက်ဝိုင်းအတွင်း တစ်နှစ်ပတ်လုံးအေးခဲခြင်းမရှိသည့် တစ်ခုတည်းသောဆိပ်ကမ်းမြို့ဖြစ်သည်။ ဆောင်းရာသီတိုင်းတွင် ဤဧရိယာသည် ဝင်ရိုးစွန်းညများသို့ဝင်ရောက်လေ့ရှိပြီး ကံကောင်းပါက ဥတ္တရအလင်းတန်းများကိုပါ တွေ့မြင်နိုင်မည်ဖြစ်သည်။

'ဥတ္တရအလင်းတန်း' ဟူသောစကားလုံးများကိုကြားလိုက်ရသည်နှင့် ရှန်းချိုက်၏မျက်ဝန်းလေးများ တောက်ပလာတော့သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ထန်ယီမင်၏လက်ကိုဆွဲယမ်းနေကာ "ဆောင်းရာသီကျရင် ဥတ္တရအလင်းတန်းတွေလာကြည့်ရအောင်နော်!"

ထန်ယီမင် : "ဒီနေရာရဲ့ဆောင်းရာသီက Baikal ရေကန်ထက်တောင် ပိုအေးသေးတယ်"

"ရတယ် ဘာဖြစ်ဖြစ်!" ရှန်းချိုက်က အလွန်စိတ်အားထက်သန်နေခဲ့ပြီး "အဲ့ဒီ့အချိန်ကျရင် နေ့ရောညပါ အနွေးထည်တွေအများကြီးဝတ်ထားမယ်လေ... အရမ်းမအေးတော့ဘူးပေါ့!"

ထန်ယီမင်ကတော့ရယ်မောလိုက်ပြီး 'ဝင်ရိုးစွန်းဒေသ၏ညများ၌ ဥတ္တရအလင်းတန်းများကိုလိုက်ဖမ်းမည်' ဟူသောအစီအစဉ်ကို နှစ်တစ်ဝက်စာဆွဲထားသောသူ့ပြက္ခဒိန်တွင် ရေးမှတ်ထားရန်ဆုံးဖြတ်လိုက်တော့သည်။

...

ရုရှားနိုင်ငံရှိ သူတို့၏နောက်ဆုံးမှတ်တိုင်မှာ အနုပညာသမိုင်းကြောင်းကျယ်ပြန့်လှသော စိန့်ပီတာစဘတ်မြို့တော်ဖြစ်သည်။

စိန့်ပီတာစဘတ်၏လမ်းများပေါ်တွင် လမ်းလျှောက်ရင်းတောင် နေရာတိုင်းတွင် ဂန္တဝင်အဆောက်အအုံများကိုမြင်တွေ့နိုင်၏။ သူတို့နှစ်ဦးသည် 'Hermitage'ပြတိုက်တွင် တစ်နေကုန်လည်ပတ်ခဲ့ကြပြီး အံ့မခန်းအနုပညာလက်ရာများကို ခံစားခဲ့ကြသည်။

ညနေပိုင်းတွင်တော့ Swan Lake (ငွေငန်းအိုင်သာ)ကိုကြည့်ရှုရန် နာမည်ကြီး 'Kalinsky'ပြဇာတ်ရုံသို့ သွားခဲ့ကြသည်။ တေးဂီတပြဇာတ်၏လက်မှတ်များကို ထန်ယီမင်က တစ်လကြိုတင်၍မှာယူထားသောကြောင့် ပထမထပ်ရှိရွှေရောင်ဧရိယာ၌ အကောင်းဆုံးနေရာကိုသိမ်းပိုက်နိုင်ခဲ့သည်။ လက်မှတ်ခမှာ​အလွန်ဈေးကြီးသော်လည်း ယခုကဲ့သို့ အံ့သြစရာကောင်းသောစွမ်းဆောင်ရည်များကိုမြင်ရချိန်တွင်တော့ ပေးချေရသည့်ဈေးနှုန်းက ကျိန်းသေပေါက်အချည်းအနှီးမဖြစ်ပေ။




ငန်းနက်အဖြစ်သရုပ်ဆောင်သောအကသမား စင်မြင့်ပေါ်တွင်ပေါ်လာချိန်တွင်တော့ သူမ၏ အံ့အားသင့်ဖွယ်ကောင်းလှသော ၃၂ ပတ် ပတ်လည်အလှည့်ကြောင့် အံ့အားသင့်နေသောပရိသတ်များထံမှ နားကွဲမတတ်ကျယ်လောင်လှသောလက်ခုပ်သံများ ရရှိခဲ့သည်။ သူမ၏ တစ်ကိုယ်တော်အကအခက်အခဲမှာ အလွန်မြင့်မားပြီး ကမ္ဘာပေါ်တွင် ဤသို့ ၃၂ ပတ်အပြည့်လှည့်ပြနိုင်သောအကသမားအရေအတွက်မှာ အလွန်နည်းပါးနေသေးသည်။

ရှန်းချိုက်ကတော့ ထိုပုံစံအကအလှည့်ကို 'Out of My World' ၏ အမျိုးသားဇာတ်ဆောင်နေရာအတွက် လူရွေးပွဲဝင်ပြိုင်စဥ်တုန်းက ကပြခဲ့ဖူးသည်။ ထိုအချိန်တွင်တော့ သူ့ကို ၁၂ ပတ်သာလှည့်ခိုင်းခဲ့သော်လည်း ဝမ်းနည်းစွာပင် သူကတော့ လဲကျသွားခဲ့သေးသည်။ သို့သော်လည်း ထိုလဲကျမှုမှတဆင့် သူ့စိတ်ဝိညာဉ်ကတော့ စင်မြင့်ပေါ်တွင် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။

ရှန်းချိုက်သည် ဘဲလေးအကသမားများ၏ဖျော်ဖြေမှုကို အစွဲအလမ်းကြီးစွာ ကြည့်ရှုနေခဲ့သည်။ ယခင်တုန်းကတော့ သူသည်လည်း ဤလူများကဲ့သို့ ငွေငန်းတစ်ကောင်ဖြစ်လာရန် အခွင့်အရေးများရှိခဲ့ပြီး ဘဲလေးအကစင်၏ မင်းသားလေးတစ်ပါးဖြစ်ခွင့်ရခဲ့သည်။ သို့သော်လည်း အခုတော့ အရေးမကြီးတော့ပေ။ ယခုသူသည် အခြားစင်မြင့်တစ်ခု၏ မင်းသားတစ်လက်ဖြစ်နေခဲ့ပြီပင်။

ရှန်းချိုက်က ဘဲလေးအကကြည့်နေစဉ်အတောအတွင်း ထန်ယီမင်ကတော့ ရှန်းချိုက်ကိုသာကြည့်နေခဲ့သည်။

ထန်ယီမင်သည် ရှန်းချိုက်၏မျက်ဝန်းများမှလျှံကျနေသောအလင်းရောင်များကိုကြည့်ရခြင်းအား အလွန်သဘောကျလေသည်။

သူ့အတွက်တော့ မည်သည့်ဥတ္တရအလင်းတန်းကိုမှ လိုက်ဖမ်းရန်မလိုအပ်ပေ။ ရှန်းချိုက်ကသာ သူ၏ ဥတ္တရအလင်းတန်းလေးဖြစ်သည်။

ဘဲလေးဖျော်ဖြေမှုများပြီးဆုံးပြီးနောက် နှစ်ယောက်သား လူအုပ်ကြီးနှင့်အတူ ပြဇာတ်ရုံထဲမှ ဖြည်းညှင်းစွာထွက်လာခဲ့ကြသည်။ အပြန်လမ်းတစ်လျှောက် ထန်ယီမင်က သူ့အတွေးများကို ရှန်းချိုက်အားပြောပြ၏။

ရှန်းချိုက် အံ့အားသင့်သွားသည်။ "ခင်ဗျားပြောချင်တာက ကျွန်တော်ကခင်ဗျားရဲ့ ဥတ္တရအလင်းတန်းပေါ့နော်"

"ဒါပေါ့" ထန်ယီမင်က သူ့လက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်ပြီး "မင်းက ကိုယ့်ရဲ့အတောက်ပဆုံးနဲ့ ကိုယ့်ကိုဖမ်းစားနိုင်ဆုံး မေ့လို့မရတဲ့ဥတ္တရအလင်းတန်းလေး"

"..." ရှန်းချိုက်ကပြုံးလိုက်ပြီး "ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ခင်ဗျားကသာ ကျွန်တော့်ရဲ့ဥတ္တရအလင်းတန်း"

အခက်ခဲဆုံးနှစ်များအတွင်း ရှည်လျားလှသောဝင်ရိုးစွန်းညများတွင် ထန်ယီမင်ကသာ ကောင်လေး၏ကောင်းကင်တစ်ခုလုံးကို လင်းလက်တောက်ပစေခဲ့သောသော ဥတ္တရရောင်ခြည်သာဖြစ်တော့သည်။

...

ခရီးစဉ်နောက်ဆုံးနေ့တွင်တော့ ထန်ယီမင်သည်'ဧည့်လမ်းညွှန်အခွင့်အရေး' ကို ရှန်းချိုက်အား လွဲပြောင်းပေးအပ်ခဲ့လေသည်။

မနက် ၈ နာရီ၌ ဟိုတယ်မှစောစောထလာကြပြီး လမ်းကြားလေးများကိုဖြည်းညှင်းစွာအတူတူလျှောက်သွားခဲ့ကြကာ သူတို့ခရီးစဉ်၏ အရေးအကြီးဆုံးနေရာဖြစ်သော Vaganova ဘဲလေးအကအကယ်ဒမီဆီသို့ ဦးတည်ခဲ့ကြသည်။

ဤဘဲလေးအကအကယ်ဒမီသည် နှစ်ပေါင်းသုံးရာနီးပါး သမိုင်းကြောင်းရှိပြီး ဤကျောင်းသည် ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာအရှိဆုံးဘဲလေးကျောင်းဖြစ်ပြီး အကသမားများစွာမွေးထုတ်ပေးခဲ့သည့်နေရာဖြစ်သည်။

ရှန်းချိုက်သည်လည်း တစ်ချိန်က ဤကျောင်းဝင်းထဲသို့ဝင်ရောက်ခဲ့ပြီး နာမည်ကြီးဆရာတစ်ဦး၏လမ်းညွှန်မှုကို လက်ခံခဲ့ရသည်။

ထန်ယီမင်သည် ဤကျောင်းနှင့်ပတ်သက်ပြီး ထင်မြင်မှုများစွာရှိသော်လည်း ရှန်းချိုက်နှင့်အတူ ကျောင်းတံခါးဝသို့ရောက်သွားသောအခါ ကျောင်းလေးသည် သာမန်ဆန်လွန်းသည်ကိုသာ အံ့အားသင့်စွာတွေ့လိုက်ရသည်။

ကြီးကျယ်ခမ်းနားသော ကျောင်းအဝင်တံခါးလည်းမရှိ၊ အထင်ကြီးလောက်စရာ ပင်မအဆောက်အဦးလည်းမရှိဘဲ ကျောင်းရှေ့တွင် အထင်ကရရုပ်တုများစိုက်ထူထားခြင်းတောင်မရှိပေ။

မထင်ရှားလွန်းသဖြင့် ၎င်းသည် အနီးအနားရှိအခြားအဆောက်အဦးငယ်များအတွင်းသို့ ရောနှောနေ၏။ 'ကျောင်းတံခါး'ဟုခေါ်နိုင်သည့်မှန်တံခါးသည် လမ်းဘေးဆိုင်အချို့၏ပြတင်းပေါက်လောက်တောင်မကြီးမားပေ။

ထိုတံခါးဘေးတွင် သတ္တုဖြင့်ထွင်းထားသောကျောင်းဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားပြီး ထန်ယီမင်က ထိုစကားလုံးများကိုမဖတ်တတ်သော်လည်း ရှန်းချိုက်ကတော့ ခြေဖျားထောက်ကာ သူ့လက်ချောင်းထိပ်လေးများနှင့် စာလုံးများပေါ်သို့ ဖြည်းညှင်းစွာပွတ်သပ်လိုက်သည်။

စာသင်ချိန်မရောက်သေးသောကြောင့် ဤမှန်တံခါးမှတဆင့် ကျောင်းစင်္ကြန်များတွင် ကျောင်းသားငယ်လေးများ အတူတကွစကားစမြည်ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။

မိန်းကလေးငယ်လေးများ၏ဆံပင်အားလုံးသည် တောက်ပြောင်ချောမွတ်နေပြီး ခေါင်းပေါ်တွင်လည်း ဆံထုံးငယ်လေးများပြင်ဆင်ထားကြ၏။ ပေါ့ပေါ့ပါးပါး အဝတ်အစားများ၀တ်ဆင်ထားကြပြီး ခြေဗလာလေးများဖြင့်ရှိနေကာ ကိုယ်ဟန်အနေအထားအားလုံးမှာ ကျော့ရှင်းနေကြလျက် ဂုဏ်ယူစွာဖြင့်လမ်းလျှောက်နေကြသည်။

ဤဧရိယာတစ်ဝိုက်တွင် ဆံပင်အနက်နှင့် မျက်လုံးအနက်ရောင်များရှိသော အာရှမျက်နှာပေါက်များအနည်းငယ်သာရှိသောကြောင့် ထန်ယီမင်တို့မှန်တံခါးနားကိုရောက်သည်နှင့် ကျောင်းသားလေးများ၏အာရုံကို ချက်ချင်းဆွဲဆောင်လိုက်နိုင်သည်။ ထိုဘဲလေးအကသမားလေးများသည် တံခါးအပြင်ဘက်ရှိလူစိမ်းနှစ်ယောက်ကို စူးစူးစိုက်စိုက်ကြည့်နေကြပြီး ပွင့်လင်းရဲတင်းသောတချို့တလေကတော့ သူတို့ကိုတောင် လက်ပြနှုတ်ဆက်နေသေးသည်။

"အရမ်းချစ်စရာကောင်းတာပဲ" ထန်ယီမင်ကလည်း သူတို့ကိုပြန်နှုတ်ဆက်လိုက်ပြီး ရှန်းချိုက်အား "ကိုယ်တို့ အထဲဘယ်လိုဝင်ရမှာလဲ" ဟု မေးသည်။

ရှန်းချိုက်က "မဝင်ဘူးလေ...ကျွန်တော်တို့ဝင်လို့မှမရတာ" လို့ ပြန်မဖြေခင်အချိန်အထိ သူတို့ ဝင်ဖို့ကြန့်ကြာနေရသော အကြောင်းရင်းထူးထူးခြားခြားရှိနေသည်ဟု သူထင်နေခဲ့ခြင်းဖြစ်သည်။

"...?" ထန်ယီမင်က သူ့ကို အံ့အားသင့်စွာကြည့်လိုက်၏။ "ကိုယ်တို့ဝင်လို့မရဘူးလား??"

"ဟုတ်တယ်လေ... ကျွန်တော်တို့ဝင်လို့မရဘူး" ရှန်းချိုက်က တိုးတိုးလေးရှင်းပြသည်။ "Vaganova မှာက စည်းကမ်းအရမ်းတင်းကျပ်လို့ ကျောင်းသားမိဘတွေတောင် ကျောင်းထဲဝင်ခွင့်ရဖို့မလွယ်ဘူး... တရားဝင်ဖိတ်ကြားစာမရရင် တစ်လလောက်ကြိုပြီးချိန်းထားရတာ"

"..." ထန်ယီမင်က "မင်းဒီကိုအလည်လာတာက ကျောင်းထဲကိုဝင်ကြည့်ချင်လို့လို့ ကိုယ်ထင်နေတာ"

"ဒီလောက်ဆို လုံလောက်ပြီ" ရှန်းချိုက်၏မျက်ဝန်းများသည် မှန်တံခါးအပြင်ဘက်မှတဆင့် စကားစမြည်ပြောနေကြသော ဘဲလေးအကသမားအုပ်စုလေးကို စိုက်ကြည့်နေ၏။ "တချို့အမှတ်တရတွေက အသေးစိတ်ပြန်ကြည့်နေဖို့မလိုတော့ဘူး၊ အဲ့ဒါတွေကအခုထိရှိနေတုန်းပဲ... ဒီလောက်ဆို ကျွန်တော့်အတွက်လုံလောက်နေပြီ"

ထိုအချိန်တွင် စင်္ကြံအတွင်းရှိ ဆံပင်ရွှေရောင်နှင့်ဘဲလေးအကမယ်လေးတစ်ဦးသည် ရုတ်တရက်ဆိုသလို သူတို့တံခါးနားသို့ချဥ်းကပ်လာ၏။ သူမသည် ခြေထောက်တစ်ဖက်ကမတ်တပ်ရပ်ထားပြီး နောက်တစ်ဖက်ကိုတော့ အနောက်ဘက်ခြမ်းတွင်ကွေးကာမြှောက်ထားသည်။ သူမ၏ကိုယ်ဟန်အနေအထားလေးမှာ ငန်းပျိုလေးတစ်ကောင်ကဲ့သို့ ကျော့ရှင်းပြေပြစ်နေ၏။

ထန်ယီမင်တောင်ပြန်မတုံ့ပြန်နိုင်ခင်တွင် ရှန်းချိုက်က နောက်သို့ခြေတစ်လှမ်းဆုတ်သွားပြီး တံခါးတစ်ဖက်ခြမ်းရှိဘဲလေးအကမယ်လေးအတိုင်း တစ်ထပ်တည်းပြုမူလာသည်။

ဘဲလေးအကမယ်လေး၏မျက်လုံးများက တဖြည်းဖြည်းတောက်ပလာပြီး သူ့ကို ပျော်ရွှင်စွာပြန်ကြည့်နေခဲ့သည်။

ထို့နောက် ချက်ခြင်းပင် ထိုဘဲလေးအကမယ်လေးသည် ထောက်ထားသောခြေထောက်ကိုတစ်ပတ်လှည့်လိုက်ပြီး ပြီးပြည့်စုံသောကကွက်တစ်ခုကို သပ်ရပ်စွာပုံဖော်လိုက်သည်။

ရှန်းချိုက်လည်းပြုံးလိုက်ပြီး ထိုပုံစံအတိုင်း ကကွက်ဖော်လိုက်၏။

ဒီနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကကွက်ဖော်ရင်း သူငယ်ချင်းလုပ်နေကြမှန်း ထန်ယီမင်သေချာပေါက်ပြောရဲသည်။

မှန်တံခါးအတွင်းဘက်နှင့် အပြင်ဘက်အခြမ်းရှိနှစ်ယောက်မှာ အသက်အရွယ်၊ ကျားမ၊ လူမျိုးမတူကြသော်လည်း နှစ်ယောက်စလုံးက ကခုန်တာကိုဝါသနာပါကြပြီး အချင်းချင်းပြောဆိုဆက်သွယ်ရန်လည်း မည်သည့်ဘာသာစကားမှမလိုအပ်သလို လိုက်ဖက်ညီသည့်တေးဂီတလည်းမလိုအပ်ခဲ့ဘဲ မှန်တံခါးကိုဖြတ်ကာ ကပြရန်သာလိုအပ်သည်။

တစ်ယောက်ကိုတစ်ယောက် မှန်တံခါးကိုဖြတ်၍ကြည့်နေကြပြီး ရှည်လျားလွန်းလှသောမြစ်ကြီးပေါ်တွင် သူတို့ကိုယ်သူတို့ မတူညီသောအနေအထားတွင် ရှိနေကြသကဲ့သို့ပင်။

ထန်ယီမင်ကတော့ ဤအရာအားလုံးကို ဘေးနားမှနေ၍ တိတ်တဆိတ်ကြည့်နေခဲ့၏။ သူ့ဖုန်းကိုထုတ်ကာ ဗွီဒီယိုမှတ်တမ်းတစ်ခုလောက် ရိုက်ထားလိုက်ချင်သော်လည်း နောက်ဆုံးမှာတော့ ဤအခိုက်အတန့်လေးကို သူ့နှလုံးသားထဲတွင် ရေးထိုးထားလိုက်ရန်သာဆုံးဖြတ်ခဲ့သည်။

ဘဲလေးအကမယ်လေးသည် ဂန္ထဝင်ဆန်သောပုံစံဖြင့် သူမအကကိုအဆုံးသတ်လိုက်ပြီး ရှန်းချိုက်ကလည်းသူမကိုအတုယူကာ တစ်ချိန်တည်းမှာပင် လှပသေသပ်သောကကွက်ဖြင့်အဆုံးသတ်ခဲ့လေသည်။

ဤသည်မှာ ရှန်းချိုက်အကြိုက်ဆုံးအကခြေလှမ်းပုံစံဖြစ်ပြီး အရိုးရှင်းဆုံးဘာသာပြန်ဆိုပါက "တောင်ပံဖြန့်၍ပျံသန်းခြင်း" ပင်ဖြစ်သည်။

အသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် ငန်းငယ်လေးသည် လေထဲတွင်အတောင်များဖြန့်ကာ ကောင်းကင်ထက်သို့ပျံတက်နေရင်း မြင့်သည်ထက်မြင့်အောင်ကြိုးစားနေခဲ့ကာ အနားယူရန်နေရာတစ်ခုကိုတောင်မတွေးတောနိုင်ဘဲ မမောမပန်းပျံသန်းနေခဲ့သည်။

အသက်နှစ်ဆယ့်သုံးနှစ်အရွယ်တွင်တော့ ငန်းငယ်လေးသည် သူနှင့်အတူပျံသန်းပေးနိုင်မည့် အဖော်တစ်ဦးကိုတွေ့ရှိခဲ့ပြီး နောက်ဆုံးတော့ သူ့အိမ်ကို ရှာတွေ့ခဲ့ပြီဖြစ်သည်။

...

ရှစ်နာရီခွဲတွင်တော့ အတန်းခေါင်းလောင်းသံမြည်လာပြီး စင်္ကြံတစ်လျှောက်ဟိုသည်ပျံ့ကျဲနေကြသော ဘဲလေးအကသမားလေးများမှာ သက်ဆိုင်ရာစာသင်ခန်းများဆီသို့ ပြေးသွားကြတော့သည်။ ရှန်းချိုက်ကိုကပြခဲ့သောကောင်မလေးလည်း ပြေးလွှားသွားပြီဖြစ်ရာ လေထဲတွင်မျောလွင့်နေသော အိပ်မက်တစ်ခုလိုပင်။

ရှန်းချိုက်ကတော့ ကျောင်းဂိတ်တံခါးနားတွင်ရှိနေကာ လှပလွန်းသောအိပ်မက်တစ်ခုကိုခံစားနေသကဲ့သို့ အကစတူဒီယိုထဲကိုလှမ်းကြည့်နေရင်း နောက်ဆုံးတွင်တော့ သူ့အတွေးများက လက်ရှိအချိန်သို့ပြန်ရောက်ခဲ့သည်။

သူ့ဘေးနားရှိချစ်ရသူကိုလှည့်ကြည့်လိုက်စဥ် ထိုသူကလည်း သူ့ကိုပြုံးပြနေ၏။ "နောက်ဆုံးတော့ ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ!!"

ထန်ယီမင်လည်း ရယ်မောကာမေးလိုက်သည်။ "ကိုယ် မင်းကို လက်ခုပ်တီးပေးရဦးမလား"

"လက်ခုပ်သံတွေ မလိုပါဘူး" ရှန်းချိုက်က သူ့နားတိုးကပ်သွားကာ လက်နှစ်ဖက်ကိုဖွင့်ကားလိုက်ပြီး "ကျွန်တော့်ကိုနမ်းပေး"

ဟုတ်ပြီလေ...

ထို့နောက်တွင်တော့ ချိုက်ချိုက်သည် ထန်ယီမင်ကိုသူ့အား ပြင်းပြင်းထန်ထန် နမ်းရှိုက်ခွင့်ပေးလိုက်လေ၏။

[ဇာတ်လမ်းအပြည့်အစုံပြီးဆုံး။]

----------

စာရေးသူမှာ ပြောစရာရှိနေပါတယ်~~

အခုတော့ ဒီဇာတ်လမ်းလေးက ပြီးသွားပါပြီ။

ဒီအချိန်အထိအတူရှိနေပေးလို့ မင်းတို့ကိုကျေးဇူးတင်ပါတယ်။

ဒီဇာတ်လမ်းအတွက် ငါ့စိတ်ကူးတွေက တကယ်ကိုရုတ်တရက်ဆန်လွန်းခဲ့တယ်... ငါသဘောကျမိတဲ့ တေးဂီတပြဇာတ်တွေအကြောင်း၊ စိတ်ဝင်စားမိတဲ့ ဘဲလေးအကသမားတွေအကြောင်းနဲ့ ကြားဖူးနားဝရှိတဲ့ ပရော်ဖက်ရှင်နယ်အသံသရုပ်ဆောင်တွေအကြောင်း ဝတ္ထုတိုလေးတစ်ပုဒ်ရေးချင်ခဲ့ရုံပဲ။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပိုပိုရှည်လာပြီး ချိုက်ချိုက်တောင် ငန်းပေါက်လေးဘဝကနေ အရွယ်ရောက်လာတဲ့ငန်းပျိုလေးအထိ ဇာတ်လမ်းကကြီးသွားပါရော။ (ရယ်နေလျက်)

Cāi Cāi ဆိုတဲ့ဝတ္ထုလေးကို သဘောကျပေးလို့ ကျေးဇူးတင်ပါတယ်။

ချိုက်ချိုက်ကိုချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ထန်ယီမင်ကိုချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ယောင်ရင်၊ စန်မန်ချွမ်၊ ကျင်းချီကျိနဲ့ ချန်ဇီရန်တို့ကိုချစ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဒီဝတ္ထုက ပြီးသွားပါပြီ။ နောက်ဝတ္ထုမှာ ထပ်တွေ့ကြတာပေါ့။

[Eng Translator's note: တည်းဖြတ်ပေးတဲ့အကူအညီအားလုံးအတွက် Cocole ကို အထူးကျေးဇူးတင်ရှိပါတယ်။ Cāi Cāi ဆိုတဲ့ ဘာသာပြန်ဝတ္ထုလေးကိုဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် :) ]

[အိုင့် note: အရမ်းသဘောကျခဲ့ရတဲ့ Novel လေး တကယ်ကိုပြီးသွားခဲ့ပါပြီ။ Cāi Cāi ကိုဖန်တီးပေးခဲ့တဲ့ Author MòLǐ 莫里 နဲ့ English Translator တွေဖြစ်တဲ့ Closed Window Translation တို့ကို ကျေးဇူးအများကြီးတင်မိပါတယ်။ အခုချိန်ထိလိုက်ပါစီးမျောပေးခဲ့တဲ့ Reader အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် Bye!]

____________________________________________
Zawgyi

Extra Chapter
ရိုက္ကြင္းေနာက္ကြယ္မွ ျဖစ္ရပ္မ်ား: Swan Lake

'သန္းေခါင္ယံေနမင္းအား ေစာင့္စားျခင္း'၏ ပထမအေက်ာ့နယ္လွည့္ခရီးစဥ္ႏွင့္ ' အခုကအခ်စ္ၪီးပဲ' တို႔၏ဒုတိယအေက်ာ့နယ္လွည့္ေဖ်ာ္ေျဖပြဲမ်ား ၿပီးဆံုးသြားၿပီးေနာက္ ရွန္းခ်ိဳက္သည္ ေနာက္ဆံုးတြင္ေတာ့ ေအးေအးေဆးေဆးအားလပ္ရက္ရွည္ေလးကို ပိုင္ဆိုင္သြားႏိုင္ၿပီျဖစ္သည္။

ေတးဂီတျပဇာတ္သရုပ္ေဆာင္ေတြအားလံုး ထိုအတိုင္းပင္။ အလုပ္ရိွေနခ်ိန္၌ ေလ့က်င့္ေရးခန္းမသို႔ ေန့တိုင္းေျပးလႊားေနရၿပီး အလုပ္မရိွေသာအခါမ်ားတြင္လည္း ရက္သတၲပတ္မ်ားခ်ီ၍ ဒါမွမဟုတ္ လႏွင့္ခ်ီ၍ေတာင္ အားလပ္ရက္မ်ားရိွတတ္ၾကသည္။

ဒီလို ရွားပါးအဖိုးတန္လွေသာအားလပ္ရက္ေလးအား ခရီးသြားၾကရန္ ဆံုးျဖတ္လိုက္ၾကသည္။

ထို႔အျပင္ ယခုအားလပ္ရက္ခရီးစဉ္မွာ ေျမာက္ဘက္တြင္ရိွေနေသာ ရုရွားႏိုင္ငံသို႔ပင္။

ရွန္းခ်ိဳက္သည္ အသက္ဆယ့္ငါးႏွစ္အရြယ္တြင္ စိန႔္ပီတာစဘတ္ၿမိဳ႔ရိွ Vaganova ဘဲေလးအကအကယ္ဒမီဆီသို႔ လဲလွယ္ေရးေက်ာင္းသားအျဖစ္ ပညာသင္ၾကားရန္ေစလႊတ္ခံခဲ့ရသည္။ ထိုအခ်ိန္တုန္းကေတာ့ အခ်ိန္အကန္႔အသတ္မ်ားေၾကာင့္ ေလ့က်င့္ေရးခန္းမတြင္သာ အခ်ိန္ကုန္ဆံုးခဲ့ရၿပီး အားလပ္ခ်ိန္အခ်ိဳ႕၌သာ ေက်ာင္းမွအျပင္သို႔ထြက္ႏိုင္၏။ ယခုျပန္စဥ္းစားၾကၫ့္ပါက သူသည္ ရုရွား၌ လအေတာ္ၾကာေအာင္ေနခဲ့ရေသာ္လည္း ေမာ္စကိုၿမိဳ႔ကိုေတာင္မေရာက္ဖူးခဲ့ေပ။ ဒီ့ထက္ပိုေဝးေသာ မာမန္႔စ္ခ္ၿမိဳ႔ႏွင့္ Baikal ေရကန္ကိုေတာ့ ေျပာမေနပါနဲ႔ေတာ့။

ဒီတစ္ခါတြင္ေတာ့ သူေသခ်ာေပါက္ေရာက္ေအာင္သြားရမည္ျဖစ္သည္။

ထန္ယီမင္ကလည္း သူရုရွားသို႔အလည္သြားခ်င္သည့္ဆံုးျဖတ္ခ်က္ကို ဝမ္းေျမာက္စြာသေဘာတူခဲ့ၿပီး ႏွစ္ဦးသား စိတ္အားထက္သန္စြာျဖင့္ ခရီးစဉ္အတြက္အစီအစဉ္မ်ားဆြဲက ၿမိဳ႔ေလးၿမိဳ႔ဆီသို႔ သြားေရာက္လည္ပတ္ၾကရန္ အေသးစိတ္ဗ်ူဟာခ်ခဲ့ၾကသည္။

သို႔ေသာ္ သယ္ယူပို႔ေဆာင္ေရးက႑သို႔ေရာက္လာေသာအခါတြင္ေတာ့ ႏွစ္ဦးအၾကား သေဘာထားကြဲလြဲမႈမ်ားရိွလာ၏။

ထန္ယီမင္သည္ အကန႔္အသတ္ျဖင့္အားလပ္ရက္ရေသာေၾကာင့္ သူ႔ခရီးစဉ္အခ်ိန္မွာတင္းက်ပ္ေနခဲ့ကာ အမွန္အတိုင္းေျပာပါက လ်င္ျမန္ေသာပ်ံသန္းမႈကို ပိုသေဘာက်ေနသည္။

တစ္ဖက္တြင္လည္း ရွန္းခ်ိဳက္သည္ အခ်ိန္မ်ားစြာရိွေနၿပီး စိတ္ေအးလက္ေအးအပန္းေျဖခ်င္ေနသည္။ သူသည္ နာမည္ႀကီး K19/20 ရထားကို တရုတ္ႏိုင္ငံ၏ၿမိဳ႔ေတာ္မွ ရုရွားႏိုင္ငံ၏ၿမိဳ႔ေတာ္အထိ တစ္ေလ်ွာက္လံုးစီးသြားခ်င္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ဤသို႔ျဖတ္သန္းသြားရမည့္ခရီးသည္ စုစုေပါင္း ကီလိုမီတာ ၉၀၀၀ ခန္႔ေလာက္အကြာအေဝးရိွေနၿပီး ခရီးစဥ္တစ္ခုလံုးမွာ ေျခာက္ညအိပ္ခုနစ္ရက္ခရီးျဖစ္သည္။

ရွန္းခ်ိဳက္က "ခင္ဗ်ားက ေလယာဉ္စီးၿပီး ကြၽန္ေတာ္ကရထားစီးရင္ေရာဘယ္လိုလဲ?? ကြၽန္ေတာ္သာ တစ္ပတ္ေလာက္ေစာၿပီးထြက္လိုက္ရင္ ေမာ္စကိုမွာျပန္ဆံုမွာေပါ့"

"မျဖစ္ပါဘူး!" ထန္ယီမင္က "မင္းတစ္ေယာက္တည္း အဲ့ဒီ့ရထားေပၚမွာ ခုနစ္ရက္ေတာင္စီးရမွာ... ရထားစီးမယ့္ခရီးသြား ၉၉% က ရုရွားလူမ်ိဳးေတြ၊ တြဲေစာင့္ကေတာင္ တရုတ္စကားမေျပာတတ္ဘူး... မင္းတစ္ေယာက္တည္းသြားရမွာ ကိုယ္ဘယ္လိုလုပ္စိတ္ခ်ႏိုင္မွာလဲ??"

ထန္ယီမင္ကေတာ့ ရွန္းခ်ိဳက္တစ္ေယာက္ သူ႔ရည္ရြယ္ခ်က္မ်ားကိုစြန္႔လႊတ္ႏိုင္ရန္ေမ်ွာ္လင့္ေနၿပီး 'Murder on the Orient Express' လူသတ္ကားကို စားပြဲေပၚတင္ေပးထားေလသည္။

သို႔ေသာ္ သူေခါင္းမာသည္မွာ ရွန္းခ်ိဳက္၏ေခါင္းမာမႈကို လိုက္မမွီေပ။

ေနာက္ဆံုးေတာ့ႏွစ္ေယာက္သား အိပ္ရာထဲမွာရန္ျဖစ္လိုက္၊ ဧၫ့္ခန္းထဲမွာ ရန္ျဖစ္လိုက္၊ ေရခ်ိဳးခန္းထဲမွာ ေနာက္ထပ္ရန္ျဖစ္လိုက္ႏွင့္............ ႏွစ္ေယာက္လံုးတစ္ထစ္စီအေလ်ွာ့ေပးလိုက္ၿပီး ေျခတစ္လွမ္းေနာက္ဆုတ္လိုက္ကာ Baikal ေရကန္အထိသာရထားစီးၿပီး ေနာက္ခရီးစဥ္ကိုေတာ့ ထိုေနရာမွတဆင့္ေလယာဉ္ေျပာင္းစီးရန္ ဆံုးျဖတ္လိုက္ၾကသည္။

Baikal ေရကန္ႏွင့္ဟြာေခ်ာင္းၿမိဳ႔၏ လတၲီတြဒ္အေနအထားမ်ားမွာ အလြန္ဆင္တူေသာေၾကာင့္ ေလေၾကာင္းျဖင့္သြားပါက တိုက္ရိုက္သံုးနာရီသာၾကာမည္ျဖစ္၏။ သို႔ေသာ္ ရထားစီးသြားၾကျခင္းျဖစ္ေသာေၾကာင့္ ဘူတာရံုမ်ားကိုလွၫ့္ပတ္သြားလာေနသည့္အတြက္ ေလးရက္ေလာက္အခ်ိန္ယူရမည္ျဖစ္သည္။

ထူးထူးျခားျခားရွည္လ်ားေသာရထားခရီးစဥ္အတြင္း ရုတ္တရက္ဆိုသလို အင္တာနက္မသံုးႏိုင္၊ ေရလည္းမခ်ိဳးရဘဲ ရထားေပၚမွာတင္ ေလးရက္ၾကာေလာက္ စီးခဲ့ၾကရ၏။ တကယ့္ကို ခက္ခဲပင္ပန္းေပသည္။

ပထမႏွစ္ရက္မွာ ေတာ္ေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းၿပီး ရထားသည္ Manzhouli မွထြက္ခြာသည္ႏွင့္ အထူးကရိန္းတစ္ခုျဖင့္ ရထားတစ္ခုလံုးကိုဆက္သြယ္လိုက္ၿပီး တရုတ္ႏွင့္ရုရွားႏိုင္ငံ၏ ရထားလမ္းအက်ယ္မွာမတူညီေသာေၾကာင့္ ရထားေျပာင္းရန္လိုအပ္ေလသည္။ တစ္ခ်ိန္တည္းမွာပင္ ရထားကိုယ္ထည္ေပၚရိွ တရုတ္အမ်ိဳးသားတံဆိပ္ႏွင့္အမွတ္တံဆိပ္ကိုဖယ္ရွားရၿပီး ရုရွားရထားလမ္းမ်ား၏သေကၤတျဖင့္ အစားထိုးရမည္ျဖစ္သည္။

သို႔ေသာ္ ... ထိုေနရာကိုေက်ာ္ၿပီးေနာက္တြင္ေတာ့ ခရီးတစ္​ခုလံုး၌ တျခားထူးျခားခ်က္​​မ်ားမရိွ​ေတာ့ေပ။

က်န္ဘူတာအားလံုးမွာ ရုရွားႏိုင္ငံ၏ၿမိဳ႔ငယ္ေလးမ်ားျဖစ္ၿပီး ရထားေပၚတြင္ဧည့္ခံေကြၽးေမြးေသာ ေဂၚဖီထုပ္နီဟင္းခ်ိဳသည္လည္း ထိုမ်ွေလာက္စားမေကာင္းေပ။

ထန္ယီမင္ကေတာ့ သူ႔ဖုန္းထဲတြင္သိမ္းလာေသာ e-book အားလံုးဖတ္ၿပီးသြားၿပီး ရွန္းခ်ိဳက္လည္း ပါလာသမ်ွမုန႔္အားလံုး စားၿပီးေနၿပီျဖစ္သည္။ ႏွစ္ေယာက္သား အခန္းငယ္ေလးထဲတြင္ထိုင္ေနရင္း ျပတင္းေပါက္အျပင္ဘက္ရိွ လွပေသာရႈခင္းကို တိတ္တဆိတ္ၾကၫ့္ေနၾကသည္။

ရွန္းခ်ိဳက္ : "... ဒီဘူတာရပ္ရင္ ကြၽန္ေတာ္တို႔ ေလယာဉ္ေျပာင္းစီးၾကမလား??"

"အခုေလယာဥ္စီးမယ္ဆိုရင္ေတာင္ အနီးဆံုးေလဆိပ္က ကီလိုမီတာႏွစ္ရာေက်ာ္ေဝးတယ္ေလ" ထန္ယီမင္က "မင္းေျပာေတာ့ ဘဝရဲ့အရသာကို ေအးေအးေဆးေဆးေလးခံစားၾကည့္ခ်င္တယ္ဆို?? အခု မေက်နပ္ေသးဘူးလား"

ရွန္းခ်ိဳက္က သူ႔ႏွာေခါင္းေလးကိုပြတ္လိုက္ၿပီး "ဒီေလာက္ထိပ်င္းစရာေကာင္းမယ္လို႔ မသိခဲ့ဘူးေလ.. ယူလာတဲ့စာအုပ္ေတြလည္း အားလံုးဖတ္ၿပီးသြားၿပီ၊ အဆာေျပမုန္႔ေတြလည္းကုန္ၿပီ၊ ေဘးအခန္းက အေဒၚႀကီးကလည္း ကြၽန္ေတာ့္အသံထြက္အမွားေတြကို လိုက္နားေထာင္ေနေတာ့ သီခ်င္းဆိုေလ့က်င့္လို႔လည္းမရျပန္ဘူး... ကြၽန္ေတာ္တကယ္ပ်င္းေနတယ္၊ လုပ္စရာေလးတစ္ခုခုရိွရင္ေကာင္းမယ္ေနာ္"

ထန္ယီမင္သည္ ရွန္းခ်ိဳက္နားကိုကပ္လာကာ သူ႔လက္မ်ားႏွင့္ ေကာင္ေလး၏ခါးကိုရစ္ပတ္လိုက္၏။

ထိုအမ်ိဳးသား၏အသံမွာ တိုးတိုးေလးႏွင့္အလြန္ဆြဲေဆာင္မႈရိွေနေသာ အသံျဖစ္သည္။ "အခ်ိန္ျမန္ျမန္ကုန္မယ့္ကိစၥတစ္ခုကိုယ္သိတယ္... မင္းလုပ္ခ်င္ရဲ့လား??"

"... " ရွန္းခ်ိဳက္က အံ့ၾသထိတ္လန္႔စြာျဖင့္ "ဒီအခန္းေလးေတြက အသံလံုတာမဟုတ္ဘူးေနာ္၊ တျခားတစ္ေယာက္ေယာက္ၾကားသြားလိမ့္မယ္​..."

"ရပါတယ္ကြာ၊ တစ္ေယာက္ေယာက္လာေမးရင္ မင္းအသံေလ့က်င့္ေနတာလို႔ပဲေျပာလိုက္ေပါ့"

"..."

...

ေလးရက္အၾကာတြင္ေတာ့ ထိုစံုတြဲေလးသည္ အီရ္ကုစ္ခ္ဘူတာရံုသို႔ ေရာက္လာခဲ့ၾကေလသည္။ ႏွစ္ဦးစလံုး Baikal ေရကန္သို႔အရင္မသြားႏိုင္ေသးဘဲ ဟိုတယ္တစ္ခုသို႔အရင္သြားၾကကာ ေရႏြေးပူပူေလးျဖင့္ အၾကာႀကီးေရခ်ိဳးခဲ့ၾက၏။

အီရ္ကုစ္ခ္ဘူတာရံု

ထန္ယီမင္သည္ ႏွစ္ေယာက္အိပ္ကုတင္ပါေသာအခန္းကို ႀကိဳတင္စာရင္းသြင္းထားေသာေၾကာင့္ ဧည့္ႀကိဳေကာင္တာရိွအမ်ိဳးသမီးငယ္မွာ အံ့အားသင့္ေနေတာ့သည္။ ထန္ယီမင္ကေတာ့ ရွန္းခ်ိဳက္၏လက္ကိုသာ ထင္ထင္ေပၚေပၚဆုပ္ကိုင္ထားၿပီး သူတို႔သည္ ခ်စ္ခင္စံုမက္ေနေသာစံုတြဲအစစ္ျဖစ္ေၾကာင္း တစ္ကမ႓ာလံုးကိုသိေစလိုသည္။

ထိုညတြင္ သူတို႔ႏွစ္ေယာက္လံုး ႏူးညံ့ေသာအိပ္ယာေပၚတြင္လွဲေလ်ာင္းရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားၾက၏။ ေနာက္တစ္ေန့အိပ္ရာႏိုးလာခ်ိန္တြင္ေတာ့ ႏွစ္ေယာက္သား ကိုယ္စီကိုယ္စီ၏ ငွက္သိုက္ျဖစ္ေနေသာေခါင္းမ်ားကိုၾကၫ့္ၿပီး တစ္ခ်ိန္တည္းရယ္ေမာလိုက္ၾကသည္။

"သိလား ကြၽန္ေတာ္မေန့ညက အိပ္မက္မက္ေသးတယ္... ကြၽန္ေတာ္တို႔ အခုထိ အဲ့ဒီ့ရထားေပၚမွာပဲတဲ့" အိပ္မက္ျဖစ္ေၾကာင္းသိလိုက္ရခ်ိန္မွသာ အေတာ္ေလးရယ္စရာေကာင္းေန​၏။

ထန္ယီမင္ကေမးသည္။ "ေနာက္ေရာ ရထားစီးခ်င္ေသးလား??"

"ႏိုး ႏိုး မစီးခ်င္ေတာ့ဘူး" ရွန္းခ်ိဳက္က "အၾကာႀကီးထိုင္စီးရတာက တင္ပါးအရမ္းနာတယ္"

"တင္ပါးနာေနတာက??" ထန္ယီမင္ကမ်က္ခံုးပင့္လိုက္ၿပီး "ရထားစီးရလို႔လား... ဒါမွမဟုတ္ တျခားတစ္ခုခုကိုစီးခဲ့ရလို႔လား??"

"... "

ရွန္းခ်ိဳက္ : "ခင္ဗ်ားဘာလို႔ ဒီေလာက္ထိအရွက္မဲ့ရတာတုန္း!?"

ထန္ယီမင္က ေကာင္ေလးကိုလွမ္းဖက္လိုက္ၿပီး နဖူးျပင္ေလးကို အသံအက်ယ္ႀကီးထြက္လာသည္အထိ နမ္းရိႈက္လိုက္သည္။ " ေနာက္ဆို ကိုယ္ ပိုလို႔ေတာင္ အရွက္မရိျွဖစ္သြားမယ္ထင္တာပဲ"

...

Baikal ေရကန္သည္ ေနြရာသီအခ်ိန္၌ က်ယ္ျပန႔္ေသာအျပာေရာင္လိႈင္းလံုးမ်ားႏွင့္ တိမ္ျဖဴျဖဴေလးမ်ားတြဲေလာင္းက်ေနေသာ ရႈခင္းအျပည့္ျဖင့္လွပေနေတာ့သည္။ ေဒသခံမ်ား၏အဆိုအရ ဤ Baikal ေရကန္မွာ ေဆာင္းရာသီ၌ ပိုလို႔ေတာင္လွပသည္ဟုေျပာၾကၿပီး ေရကန္ႀကီးတစ္ခုလံုးေအးခဲသြားကာ ရွားပါးေသာအျပာေရာင္ေရခဲျပင္ႀကီးအျဖစ္ ေျပာင္းလဲသြားပံုမွာ ဒ႑ာရီလာကမ႓ာတစ္ခုအတိုင္းပင္။

ကမ႓ာလွၫ့္ခရီးသည္မ်ားစြာသည္ အျပာေရာင္ကမ႓ာႀကီးထဲသို႔အလည္လာၾကၿပီး နက္ရိႈင္းလွေသာေရခဲျပင္ႀကီးေပၚတြင္ ကားလာေမာင္းေလ့ရိွၾက၏။

ရွန္းခ်ိဳက္ကေတာ့ အမွတ္တရပစၥည္းမ်ားေရာင္းခ်သၫ့္ဆိုင္ငယ္ေလးတြင္ တံု႔ဆိုင္းေနခဲ့သည္။ သူသည္ အျပာေရာင္ေက်ာက္မ်က္ရတနာႏွင့္တူေသာ ပို႔စကတ္ေလးေပၚရိွ Baikal ေရကန္ကိုလက္ၫွိုးထိုးျပလိုက္ကာ "ေဆာင္းရာသီက်ရင္ ေရခဲျပာေတြၾကၫ့္ဖို႔ ထပ္လာရေအာင္!"

ထန္ယီမင္က "ေဆာင္းရာသီမွာဆို ဒီေနရာရဲ့ပ်မ္းမ်ွအပူခ်ိန္က အႏုတ္ ၃၈ ဒီဂရီစင္တီဂရိတ္ေနာ္" ဟုဆိုသည္။

ရွန္းခ်ိဳက္တစ္ေယာက္ ခ်က္ခ်င္းဆိုသလို စကားေျပာင္းသြား၏။ "အိုး... ေဆာင္းရာသီမွာ နယ္လွည့္ေဖ်ာ္ေျဖပြဲေတြရိွတာကိုေမ့ေနတာပဲ၊ အခုမွသတိရတယ္ဗ်ာ"

ထန္ယီမင္ကေတာ့ ရယ္ေမာေနေတာ့သည္။

ႏွစ္ေယာက္သား လက္ခ်င္းခ်ိတ္ဆက္ထားၾကရင္း ေရကန္တစ္ဝိုက္တြင္လမ္းေလ်ွာက္ကာ ဓာတ္ပံုလည္းအမ်ားႀကီးရိုက္ၾကသည္။ ရွန္းခ်ိဳက္သည္ ပံုအခ်ိဳ႕ကိုေရြးယူလိုက္ၿပီး Caption အေနျဖင့္ ခ်စ္စရာေနေရာင္အီမိုဂ်ီေလးတပ္လိုက္ကာ အေတာ္အတန္နာမည္ရေနေသာ သူ႔ Weibo အေကာင့္တြင္ ပိုစ့္တင္ခဲ့သည္။

ေရကန္ႀကီးေပၚတြင္ျဖာက်ေနေသာေနေရာင္ျခည္မွာ မ်က္စိက်ိန္းေလာက္ေအာင္ေတာက္ပေန၏။ ထန္ယီမင္၏မ်က္လံုးထဲတြင္ေတာ့ ရွန္းခ်ိဳက္ကသာအေတာက္ပဆံုးျဖစ္သည္။

ႏွစ္ေယာက္သား သစ္ပင္ရိပ္ေအာက္တြင္နမ္းရႈံ႔ခဲ့ၾကၿပီး ျမက္ခင္းျပင္မ်ားေပၚတြင္တစ္ေရးတစ္ေမာအိပ္ခဲ့ၾကကာ ေဒသခံမ်ား၏ ေရကန္ထဲတြင္ငါးဖမ္းနည္းကိုလည္း ေလ့လာခဲ့ၾကသည္။

ကန္ပတ္ပတ္လည္ဝန္းက်င္တြင္ ေဒသခံအမ်ားအျပားသည္ ခရီးသြားမ်ားထံ ငါးမ်ွားတံမ်ားငွားရမ္းၾက၏။ ထန္ယီမင္လည္း ငါးမ်ွားတံႏွင့္ ငါးစာပံုးအေသးေလးရလာခဲ့သည္။

ငါးမ်ွားတံကိုငွားေပးေသာရုရွားအန္တီႀကီးသည္ အဂၤလိပ္လို မေျပာတတ္ေသာေၾကာင့္ ရွန္းခ်ိဳက္ကသာ သူတတ္ေျမာက္ထားေသာရုရွားစကားအနည္းငယ္ေလးႏွင့္ ေဈးစကားၫွိႏိႈင္းခဲ့ရသည္။ ကံေကာင္းေထာက္မစြာပင္ ခႏၶာကိုယ္ဘာသာစကားကိုေတာ့ လူတိုင္းလိုလိုနားလည္ၾက၏။

ရွန္းခ်ိဳက္သည္ စကားေျပာရာတြင္ သိပ္အကြၽမ္းက်င္ႀကီးမဟုတ္ေသာ္လည္း ေဈးအေလ်ွာ့အတင္းလုပ္ရာတြင္ေတာ့ အလြန္အားကိုးရၿပီး သူစိတ္တိုင္းမက်ပါက ေစ်းႏႈန္းတစ္ခုအတြက္ႏွင့္ လက္ေျမႇာက္အရႈံးေပးမည္မဟုတ္ေပ။

အန္တီႀကီးက ရွန္းခ်ိဳက္၏စေကးမ်ားကိုေလးစားေနၿပီး သူ႔ကိုခ်ီးက်ူးလာေတာ့သည္။ "တယ္ေတာ္တဲ့လူငယ္ေလးပဲ(ပါရိန္း)"

ရွန္းခ်ိဳက္သည္ လက္တစ္ဖက္ျဖင့္ေငြေပးလိုက္ၿပီး ေနာက္လက္တစ္ဖက္တြင္ေတာ့ ငါးမ်ွားတံေလးကို ဂုဏ္ယူစြာျဖင့္ကိုင္ထားသည္။ မထင္မွတ္ထားစြာျဖင့္ သူ ေက်းဇူးတင္စကားေျပာေတာ့မည့္အခ်ိန္တြင္ သူ႔ေဘးနားတြင္အခ်ိန္အေတာ္ၾကာ ဓာတ္တိုင္ႀကီးတစ္တိုင္လိုမတ္တပ္ရပ္ေနခဲ့သၫ့္ထန္ယီမင္က ရုတ္တရက္ၾကားျဖတ္ေျပာလာျခင္းပင္။

"သူက ကြၽန္ေတာ့္ရဲ့ 'ပါရိန္း' ပါ"

ရုရွားစကားတစ္လံုးမွမတတ္သူက သူ႔မ်က္ႏွာေပၚတြင္ေတာ့ ဂုဏ္ယူစြာၿပံဳးျပေနရင္း မမွန္မကန္ေလသံျဖင့္ထပ္ေျပာျပန္သည္။

" ကြၽန္ေတာ့္ပါရိန္းေလ"

ရုရွားအန္တီႀကီး : "..."

ရွန္းခ်ိဳက္ : "..."

ရွန္းခ်ိဳက္၏မ်က္ႏွာေလးမွာ ခ်က္ခ်င္းဆိုသလိုပင္နီရဲလာၿပီး နားရြက္ႏွင့္လည္ပင္းတို႔မွာလည္း ၾကက္ေသြးေရာင္နီျမန္းလာေတာ့သည္။

ထန္ယီမင္ကိုဆြဲ၍ ထိုေနရာမွေျပးမထြက္လာမီ ရုရွားအန္တီႀကီးမည္သို႔မည္ပံုက်န္ခဲ့မည္ကိုလည္း စိတ္မ၀င္စားေတာ့ေပ။

ေရကန္ကမ္းစပ္ သဲေသာင္ျပင္နားသို႔ေရာက္သည္အထိ အသက္မရႈမစမ္းေျပးလာခဲ့ၾကသည္။

ထန္ယီမင္ကေတာ့ ဘူမသိတစ္ဆယ္မသိျဖင့္ "ဘာျဖစ္လို႔လဲ?? ဘာျဖစ္သြားတာလဲ??"

ရွန္းခ်ိဳက္ : "ခုနကအန္တီႀကီးနဲ႔ကြၽန္ေတာ္နဲ႔ေျပာေနတာေတြကို ခင္ဗ်ားနားလည္လို႔လား?? ဘာေျပာလိုက္တာလဲေရာ သိလား"

"ကိုယ္မသိပါဘူး" ထန္ယီမင္က "ဒါေပမယ့္ အဲ့ဒီ့အန္တီႀကီးေျပာတဲ့ 'ပါရိန္း' ကိုေတာ့ ကိုယ္ၾကားတယ္ေလ... အနည္းဆံုးေတာ့ အဲ့ဒီ့စကားလံုးရဲ့အဓိပၸါယ္ကို ကိုယ္သိပါေသးတယ္"

ရွန္းခ်ိဳက္၏မ်က္ႏွာမွာ ပို၍ပင္နီျမန္းလာၿပီး ႏွလံုးခုန္ႏႈန္းမ်ားျမန္လာ၏။ ယခုကဲ့သို႔မဆင္မျခင္အေျပာမ်ားေၾကာင့္ အျပစ္တင္လိုက္ခ်င္ေသာ္လည္း တကယ္တမ္းေတာ့ ထိုသူ႔ကို ျပင္းျပင္းထန္ထန္နမ္းပစ္ခ်င္ေနသည္ပင္။

ထန္ယီမင္သည္ ရုရွားႏိုင္ငံသို႔ခရီးထြက္မည္ဆိုကတည္းက ရုရွားစကားသံုးလံုးကိုေလ့လာခဲ့၏။

မဂၤလာပါ၊ ေက်းဇူးတင္ပါတယ္ႏွင့္ သူက ငါ့'ပါရိန္း(ခ်စ္သူေကာင္ေလး)'တို႔ပင္။

ပါရိန္းဟူေသာစကားလံုးသည္ မူလကေတာ့ လူငယ္ေလး သို႔မဟုတ္ ေယာက္်ားေလးဟုအဓိပၸါယ္ရေသာ္လည္း ေနာက္ထပ္အေရးႀကီးေသာအသံုးအႏႈန္းမွာ 'ရည္းစား'ပင္ျဖစ္သည္။

ရွန္းခ်ိဳက္သည္ ထန္ယီမင္၏ပါရိန္းျဖစ္ၿပီး ထန္ယီမင္သည္လည္း ရွန္းခ်ိဳက္၏ပါရိန္းျဖစ္သည္။

တရုတ္ႏိုင္ငံတြင္ေတာ့ ထန္ယီမင္သည္ သူ႔ခ်စ္ခင္ျမတ္ႏိုးမႈကို အလံုးစံုေဖာ္ျပထုတ္လိုက္ရန္အဆင္မေျပေပ။ ယခုသူတို႔ ႏိုင္ငံရပ္ျခားသို႔အပန္းေျဖခရီးထြက္ေနသည့္အတြက္ တျခားသူမ်ား၏ေလာကအျမင္မ်ားကို သူ လံုးဝဂရုစိုက္ေတာ့မည္မဟုတ္ေပ။

သူတို႔ႏွစ္ေယာက္သည္ တစ္ၪီးကတစ္ၪီး၏ ခ်စ္သူေကာင္ေလးျဖစ္ၿပီး တစ္ေန့မွာေတာ့ တစ္ေယာက္ကတစ္ေယာက္၏ လက္တြဲေဖာ္ခင္ပြန္းျဖစ္လာၾကမည္ပင္။

...

ႏွစ္ရက္လံုးလံုး Baikal ေရကန္၏ကမ္းနားတြင္ ငါးမ်ွားၾကျခင္း၊ လမ္းေလ်ွာက္ျခင္းႏွင့္ စကားစျမည္ေျပာျခင္းမ်ားျဖင့္အခ်ိန္ျဖဳန္းခဲ့ကာ ရွန္းခ်ိဳက္က ထန္ယီမင္ကို "By the Lake Baikal" သီခ်င္းကိုဆိုျပခဲ့ၿပီး ထန္ယီမင္ကလည္း Alexander Pushkin ၏ကဗ်ာမ်ားကို ဖတ္ျပေပးခဲ့သည္။
[T/N: 'By the Lake Baikal'သီခ်င္းကို Media မွာထည့္ေပးထားပါတယ္]

မနက္ခင္းျမဴခိုးမ်ားၾကား၌ အခ်င္းခ်င္း၏ေအးစက္ေသာအေငြ့အသက္မ်ားေရာယွက္ၾကၿပီး ညေနခင္းဆည္းဆာအခ်ိန္တြင္ေတာ့ ေပြ့ဖက္နမ္းရႈံ႔ခဲ့ၾကသည္။

အီရ္ကုစ္ခ္သည္ ၿမိဳ႔ငယ္ေလးသာျဖစ္ၿပီး ႏိုင္ငံျခားခရီးသြားလည္း အနည္းငယ္သာေတြ့ရသည့္အတြက္ ႏွစ္ၪီးသား ႏွစ္ရက္တိုင္တိုင္ေပ်ာ္ရႊင္စြာအနားယူခဲ့ၾကသည္။

သို႔ေသာ္လည္း ေျမာက္ဘက္ရိွေမာ္စကိုၿမိဳ႔သို႔ဦးတည္သြားခ်ိန္တြင္ေတာ့ သူတို႔ႏွစ္ေယာက္၏သီးသန႔္ပတ္ဝန္းက်င္ေလးမွာ ခ်က္ခ်င္းေပ်ာက္ကြယ္သြားေတာ့သည္။

ေမာ္စကိုၿမိဳ႔သည္ အထူးသျဖင့္ ကမ႓ာလွၫ့္ခရီးသည္မ်ားျပၫ့္ႏွက္ေနသၫ့္ရင္ျပင္နီျဖစ္ၿပီး ဥေရာပႏွင့္အာရွသားအမ်ားစု မၾကာခဏလာေရာက္ေလ့ရိွေသာေၾကာင့္ ေမာ္စကိုၿမိဳ႔သည္ အလြန္နာမည္ေက်ာ္ၾကား၏။ ထန္ယီမင္ႏွင့္ရွန္းခ်ိဳက္တို႔သည္ ျဖတ္သန္းသြားလာေနၾကေသာလူအုပ္ႀကီးအၾကား တိမ္းေမွာက္လုနီးပါးျဖစ္ေနေသာ ေလွငယ္ေလးႏွစ္စင္းႏွင့္တူေနခဲ့သည္။

ေမာ္စကိုၿမိဳ႔မွထြက္ခြာခဲ့ၿပီးေနာက္ ခရီးစဥ္ထဲရိွေနာက္ထပ္ေနရာတစ္ခုျဖစ္ေသာ မားမန္႔စ္ၿမိဳ႔သို႔သြားခဲ့ၾကသည္။ မားမန္႔စ္ၿမိဳ႔သည္ ပူေနြးေသာေျမာက္အတၲလႏၲိတ္ေရႏြေးစီးေၾကာင္းမ်ားေၾကာင့္ အာတိတ္စက္ဝိုင္းအတြင္း တစ္ႏွစ္ပတ္လံုးေအးခဲျခင္းမရိွသည့္ တစ္ခုတည္းေသာဆိပ္ကမ္းၿမိဳ႔ျဖစ္သည္။ ေဆာင္းရာသီတိုင္းတြင္ ဤဧရိယာသည္ ဝင္ရိုးစြန္းညမ်ားသို႔ဝင္ေရာက္ေလ့ရိွၿပီး ကံေကာင္းပါက ဥတၲရအလင္းတန္းမ်ားကိုပါ ေတြ့ျမင္ႏိုင္မည္ျဖစ္သည္။

'ဥတၲရအလင္းတန္း' ဟူေသာစကားလံုးမ်ားကိုၾကားလိုက္ရသည္ႏွင့္ ရွန္းခ်ိဳက္၏မ်က္ဝန္းေလးမ်ား ေတာက္ပလာေတာ့သည္။ သူသည္ စိတ္လႈပ္ရွားစြာျဖင့္ ထန္ယီမင္၏လက္ကိုဆြဲယမ္းေနကာ "ေဆာင္းရာသီက်ရင္ ဥတၲရအလင္းတန္းေတြလာၾကည့္ရေအာင္ေနာ္!"

ထန္ယီမင္ : "ဒီေနရာရဲ့ေဆာင္းရာသီက Baikal ေရကန္ထက္ေတာင္ ပိုေအးေသးတယ္"

"ရတယ္ ဘာျဖစ္ျဖစ္!" ရွန္းခ်ိဳက္က အလြန္စိတ္အားထက္သန္ေနခဲ့ၿပီး "အဲ့ဒီ့အခ်ိန္က်ရင္ ေန့ေရာညပါ အေနြးထည္ေတြအမ်ားႀကီးဝတ္ထားမယ္ေလ... အရမ္းမေအးေတာ့ဘူးေပါ့!"

ထန္ယီမင္ကေတာ့ရယ္ေမာလိုက္ၿပီး 'ဝင္ရိုးစြန္းေဒသ၏ညမ်ား၌ ဥတၲရအလင္းတန္းမ်ားကိုလိုက္ဖမ္းမည္' ဟူေသာအစီအစဉ္ကို ႏွစ္တစ္ဝက္စာဆြဲထားေသာသူ႔ျပကၡဒိန္တြင္ ေရးမွတ္ထားရန္ဆံုးျဖတ္လိုက္ေတာ့သည္။

...

ရုရွားႏိုင္ငံရိွ သူတို႔၏ေနာက္ဆံုးမွတ္တိုင္မွာ အႏုပညာသမိုင္းေၾကာင္းက်ယ္ျပန႔္လွေသာ စိန႔္ပီတာစဘတ္ၿမိဳ႔ေတာ္ျဖစ္သည္။

စိန႔္ပီတာစဘတ္၏လမ္းမ်ားေပၚတြင္ လမ္းေလ်ွာက္ရင္းေတာင္ ေနရာတိုင္းတြင္ ဂႏၲဝင္အေဆာက္အအံုမ်ားကိုျမင္ေတြ့ႏိုင္၏။ သူတို႔ႏွစ္ၪီးသည္ 'Hermitage'ျပတိုက္တြင္ တစ္ေနကုန္လည္ပတ္ခဲ့ၾကၿပီး အံ့မခန္းအႏုပညာလက္ရာမ်ားကို ခံစားခဲ့ၾကသည္။

ညေနပိုင္းတြင္ေတာ့ Swan Lake (ေငြငန္းအိုင္သာ)ကိုၾကၫ့္ရႈရန္ နာမည္ႀကီး 'Kalinsky'ျပဇာတ္ရံုသို႔ သြားခဲ့ၾကသည္။ ေတးဂီတျပဇာတ္၏လက္မွတ္မ်ားကို ထန္ယီမင္က တစ္လႀကိဳတင္၍မွာယူထားေသာေၾကာင့္ ပထမထပ္ရိွေရႊေရာင္ဧရိယာ၌ အေကာင္းဆံုးေနရာကိုသိမ္းပိုက္ႏိုင္ခဲ့သည္။ လက္မွတ္ခမွာ​အလြန္ေဈးႀကီးေသာ္လည္း ယခုကဲ့သို႔ အံ့ၾသစရာေကာင္းေသာစြမ္းေဆာင္ရည္မ်ားကိုျမင္ရခ်ိန္တြင္ေတာ့ ေပးေခ်ရသည့္ေဈးႏႈန္းက က်ိန္းေသေပါက္အခ်ည္းအႏွီးမျဖစ္ေပ။





ငန္းနက္အျဖစ္သရုပ္ေဆာင္ေသာအကသမား စင္ျမင့္ေပၚတြင္ေပၚလာခ်ိန္တြင္ေတာ့ သူမ၏ အံ့အားသင့္ဖြယ္ေကာင္းလွေသာ ၃၂ ပတ္ ပတ္လည္အလွၫ့္ေၾကာင့္ အံ့အားသင့္ေနေသာပရိသတ္မ်ားထံမွ နားကြဲမတတ္က်ယ္ေလာင္လွေသာလက္ခုပ္သံမ်ား ရရိွခဲ့သည္။ သူမ၏ တစ္ကိုယ္ေတာ္အကအခက္အခဲမွာ အလြန္ျမင့္မားၿပီး ကမ႓ာေပၚတြင္ ဤသို႔ ၃၂ ပတ္အျပည့္လွည့္ျပႏိုင္ေသာအကသမားအေရအတြက္မွာ အလြန္နည္းပါးေနေသးသည္။

ရွန္းခ်ိဳက္ကေတာ့ ထိုပံုစံအကအလွည့္ကို 'Out of My World' ၏ အမ်ိဳးသားဇာတ္ေဆာင္ေနရာအတြက္ လူေရြးပြဲဝင္ၿပိဳင္စဥ္တုန္းက ကျပခဲ့ဖူးသည္။ ထိုအခ်ိန္တြင္ေတာ့ သူ႔ကို ၁၂ ပတ္သာလွၫ့္ခိုင္းခဲ့ေသာ္လည္း ဝမ္းနည္းစြာပင္ သူကေတာ့ လဲက်သြားခဲ့ေသးသည္။ သို႔ေသာ္လည္း ထိုလဲက်မႈမွတဆင့္ သူ႔စိတ္ဝိညာဉ္ကေတာ့ စင္ျမင့္ေပၚတြင္ ျပန္လည္ရပ္တည္ႏိုင္ခဲ့သည္။

ရွန္းခ်ိဳက္သည္ ဘဲေလးအကသမားမ်ား၏ေဖ်ာ္ေျဖမႈကို အစြဲအလမ္းႀကီးစြာ ၾကၫ့္ရႈေနခဲ့သည္။ ယခင္တုန္းကေတာ့ သူသည္လည္း ဤလူမ်ားကဲ့သို႔ ေငြငန္းတစ္ေကာင္ျဖစ္လာရန္ အခြင့္အေရးမ်ားရိွခဲ့ၿပီး ဘဲေလးအကစင္၏ မင္းသားေလးတစ္ပါးျဖစ္ခြင့္ရခဲ့သည္။ သို႔ေသာ္လည္း အခုေတာ့ အေရးမႀကီးေတာ့ေပ။ ယခုသူသည္ အျခားစင္ျမင့္တစ္ခု၏ မင္းသားတစ္လက္ျဖစ္ေနခဲ့ၿပီပင္။

ရွန္းခ်ိဳက္က ဘဲေလးအကၾကၫ့္ေနစဉ္အေတာအတြင္း ထန္ယီမင္ကေတာ့ ရွန္းခ်ိဳက္ကိုသာၾကၫ့္ေနခဲ့သည္။

ထန္ယီမင္သည္ ရွန္းခ်ိဳက္၏မ်က္ဝန္းမ်ားမွလ်ွံက်ေနေသာအလင္းေရာင္မ်ားကိုၾကည့္ရျခင္းအား အလြန္သေဘာက်ေလသည္။

သူ႔အတြက္ေတာ့ မည္သၫ့္ဥတၲရအလင္းတန္းကိုမွ လိုက္ဖမ္းရန္မလိုအပ္ေပ။ ရွန္းခ်ိဳက္ကသာ သူ၏ ဥတၲရအလင္းတန္းေလးျဖစ္သည္။

ဘဲေလးေဖ်ာ္ေျဖမႈမ်ားၿပီးဆံုးၿပီးေနာက္ ႏွစ္ေယာက္သား လူအုပ္ႀကီးႏွင့္အတူ ျပဇာတ္ရံုထဲမွ ျဖည္းၫွင္းစြာထြက္လာခဲ့ၾကသည္။ အျပန္လမ္းတစ္ေလ်ွာက္ ထန္ယီမင္က သူ႔အေတြးမ်ားကို ရွန္းခ်ိဳက္အားေျပာျပ၏။

ရွန္းခ်ိဳက္ အံ့အားသင့္သြားသည္။ "ခင္ဗ်ားေျပာခ်င္တာက ကြၽန္ေတာ္ကခင္ဗ်ားရဲ့ ဥတၲရအလင္းတန္းေပါ့ေနာ္"

"ဒါေပါ့" ထန္ယီမင္က သူ႔လက္ဖဝါးေလးကိုဆုပ္ကိုင္လိုက္ၿပီး "မင္းက ကိုယ့္ရဲ့အေတာက္ပဆံုးနဲ႔ ကိုယ့္ကိုဖမ္းစားႏိုင္ဆံုး ေမ့လို႔မရတဲ့ဥတၲရအလင္းတန္းေလး"

"..." ရွန္းခ်ိဳက္ကၿပံဳးလိုက္ၿပီး "ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ကေတာ့ ခင္ဗ်ားကသာ ကြၽန္ေတာ့္ရဲ့ဥတၲရအလင္းတန္း"

အခက္ခဲဆံုးႏွစ္မ်ားအတြင္း ရွည္လ်ားလွေသာဝင္ရိုးစြန္းညမ်ားတြင္ ထန္ယီမင္ကသာ ေကာင္ေလး၏ေကာင္းကင္တစ္ခုလံုးကို လင္းလက္ေတာက္ပေစခဲ့ေသာေသာ ဥတၲရေရာင္ျခည္သာျဖစ္ေတာ့သည္။

...

ခရီးစဉ္ေနာက္ဆံုးေန့တြင္ေတာ့ ထန္ယီမင္သည္'ဧၫ့္လမ္းၫႊန္အခြင့္အေရး' ကို ရွန္းခ်ိဳက္အား လြဲေျပာင္းေပးအပ္ခဲ့ေလသည္။

မနက္ ၈ နာရီ၌ ဟိုတယ္မွေစာေစာထလာၾကၿပီး လမ္းၾကားေလးမ်ားကိုျဖည္းၫွင္းစြာအတူတူေလ်ွာက္သြားခဲ့ၾကကာ သူတို႔ခရီးစဉ္၏ အေရးအႀကီးဆံုးေနရာျဖစ္ေသာ Vaganova ဘဲေလးအကအကယ္ဒမီဆီသို႔ ဦးတည္ခဲ့ၾကသည္။

ဤဘဲေလးအကအကယ္ဒမီသည္ ႏွစ္ေပါင္းသံုးရာနီးပါး သမိုင္းေၾကာင္းရိွၿပီး ဤေက်ာင္းသည္ ကမ႓ာေပၚတြင္ ဂုဏ္သိကၡာအရိွဆံုးဘဲေလးေက်ာင္းျဖစ္ၿပီး အကသမားမ်ားစြာေမြးထုတ္ေပးခဲ့သၫ့္ေနရာျဖစ္သည္။

ရွန္းခ်ိဳက္သည္လည္း တစ္ခ်ိန္က ဤေက်ာင္းဝင္းထဲသို႔ဝင္ေရာက္ခဲ့ၿပီး နာမည္ႀကီးဆရာတစ္ဦး၏လမ္းၫႊန္မႈကို လက္ခံခဲ့ရသည္။

ထန္ယီမင္သည္ ဤေက်ာင္းႏွင့္ပတ္သက္ၿပီး ထင္ျမင္မႈမ်ားစြာရိွေသာ္လည္း ရွန္းခ်ိဳက္ႏွင့္အတူ ေက်ာင္းတံခါးဝသို႔ေရာက္သြားေသာအခါ ေက်ာင္းေလးသည္ သာမန္ဆန္လြန္းသည္ကိုသာ အံ့အားသင့္စြာေတြ့လိုက္ရသည္။

ႀကီးက်ယ္ခမ္းနားေသာ ေက်ာင္းအဝင္တံခါးလည္းမရိွ၊ အထင္ႀကီးေလာက္စရာ ပင္မအေဆာက္အဦးလည္းမရိွဘဲ ေက်ာင္းေရ႔ွတြင္ အထင္ကရရုပ္တုမ်ားစိုက္ထူထားျခင္းေတာင္မရိွေပ။

မထင္ရွားလြန္းသျဖင့္ ၄သည္ အနီးအနားရိွအျခားအေဆာက္အဦးငယ္မ်ားအတြင္းသို႔ ေရာေနွာေန၏။ 'ေက်ာင္းတံခါး'ဟုေခၚႏိုင္သည့္မွန္တံခါးသည္ လမ္းေဘးဆိုင္အခ်ိဳ႕၏ျပတင္းေပါက္ေလာက္ေတာင္မႀကီးမားေပ။

ထိုတံခါးေဘးတြင္ သတၲုျဖင့္ထြင္းထားေသာေက်ာင္းဆိုင္းဘုတ္တစ္ခုကို ခ်ိတ္ဆြဲထားၿပီး ထန္ယီမင္က ထိုစကားလံုးမ်ားကိုမဖတ္တတ္ေသာ္လည္း ရွန္းခ်ိဳက္ကေတာ့ ေျခဖ်ားေထာက္ကာ သူ႔လက္ေခ်ာင္းထိပ္ေလးမ်ားႏွင့္ စာလံုးမ်ားေပၚသို႔ ျဖည္းၫွင္းစြာပြတ္သပ္လိုက္သည္။

စာသင္ခ်ိန္မေရာက္ေသးေသာေၾကာင့္ ဤမွန္တံခါးမွတဆင့္ ေက်ာင္းစႂကၤန္မ်ားတြင္ ေက်ာင္းသားငယ္ေလးမ်ား အတူတကြစကားစျမည္ေျပာဆိုေနၾကသည္ကို ေတြ့လိုက္ရသည္။

မိန္းကေလးငယ္ေလးမ်ား၏ဆံပင္အားလံုးသည္ ေတာက္ေျပာင္ေခ်ာမြတ္ေနၿပီး ေခါင္းေပၚတြင္လည္း ဆံထံုးငယ္ေလးမ်ားျပင္ဆင္ထားၾက၏။ ေပါ့ေပါ့ပါးပါး အဝတ္အစားမ်ား၀တ္ဆင္ထားၾကၿပီး ေျခဗလာေလးမ်ားျဖင့္ရိွေနကာ ကိုယ္ဟန္အေနအထားအားလံုးမွာ ေက်ာ့ရွင္းေနၾကလ်က္ ဂုဏ္ယူစြာျဖင့္လမ္းေလ်ွာက္ေနၾကသည္။

ဤဧရိယာတစ္ဝိုက္တြင္ ဆံပင္အနက္ႏွင့္ မ်က္လံုးအနက္ေရာင္မ်ားရိွေသာ အာရွမ်က္ႏွာေပါက္မ်ားအနည္းငယ္သာရိွေသာေၾကာင့္ ထန္ယီမင္တို႔မွန္တံခါးနားကိုေရာက္သည္ႏွင့္ ေက်ာင္းသားေလးမ်ား၏အာရံုကို ခ်က္ခ်င္းဆြဲေဆာင္လိုက္ႏိုင္သည္။ ထိုဘဲေလးအကသမားေလးမ်ားသည္ တံခါးအျပင္ဘက္ရိွလူစိမ္းႏွစ္ေယာက္ကို စူးစူးစိုက္စိုက္ၾကၫ့္ေနၾကၿပီး ပြင့္လင္းရဲတင္းေသာတခ်ိဳ႕တေလကေတာ့ သူတို႔ကိုေတာင္ လက္ျပႏႈတ္ဆက္ေနေသးသည္။

"အရမ္းခ်စ္စရာေကာင္းတာပဲ" ထန္ယီမင္ကလည္း သူတို႔ကိုျပန္ႏႈတ္ဆက္လိုက္ၿပီး ရွန္းခ်ိဳက္အား "ကိုယ္တို႔ အထဲဘယ္လိုဝင္ရမွာလဲ" ဟု ေမးသည္။

ရွန္းခ်ိဳက္က "မဝင္ဘူးေလ...ကြၽန္ေတာ္တို႔ဝင္လို႔မွမရတာ" လို႔ ျပန္မေျဖခင္အခ်ိန္အထိ သူတို႔ ဝင္ဖို႔ၾကန႔္ၾကာေနရေသာ အေၾကာင္းရင္းထူးထူးျခားျခားရိွေနသည္ဟု သူထင္ေနခဲ့ျခင္းျဖစ္သည္။

"...?" ထန္ယီမင္က သူ႔ကို အံ့အားသင့္စြာၾကၫ့္လိုက္၏။ "ကိုယ္တို႔ဝင္လို႔မရဘူးလား??"

"ဟုတ္တယ္ေလ... ကြၽန္ေတာ္တို႔ဝင္လို႔မရဘူး" ရွန္းခ်ိဳက္က တိုးတိုးေလးရွင္းျပသည္။ "Vaganova မွာက စည္းကမ္းအရမ္းတင္းက်ပ္လို႔ ေက်ာင္းသားမိဘေတြေတာင္ ေက်ာင္းထဲဝင္ခြင့္ရဖို႔မလြယ္ဘူး... တရားဝင္ဖိတ္ၾကားစာမရရင္ တစ္လေလာက္ႀကိဳၿပီးခ်ိန္းထားရတာ"

"..." ထန္ယီမင္က "မင္းဒီကိုအလည္လာတာက ေက်ာင္းထဲကိုဝင္ၾကည့္ခ်င္လို႔လို႔ ကိုယ္ထင္ေနတာ"

"ဒီေလာက္ဆို လံုေလာက္ၿပီ" ရွန္းခ်ိဳက္၏မ်က္ဝန္းမ်ားသည္ မွန္တံခါးအျပင္ဘက္မွတဆင့္ စကားစျမည္ေျပာေနၾကေသာ ဘဲေလးအကသမားအုပ္စုေလးကို စိုက္ၾကၫ့္ေန၏။ "တခ်ိဳ႕အမွတ္တရေတြက အေသးစိတ္ျပန္ၾကၫ့္ေနဖို႔မလိုေတာ့ဘူး၊ အဲ့ဒါေတြကအခုထိရိွေနတုန္းပဲ... ဒီေလာက္ဆို ကြၽန္ေတာ့္အတြက္လံုေလာက္ေနၿပီ"

ထိုအခ်ိန္တြင္ စႄကၤံအတြင္းရိွ ဆံပင္ေရႊေရာင္ႏွင့္ဘဲေလးအကမယ္ေလးတစ္ၪီးသည္ ရုတ္တရက္ဆိုသလို သူတို႔တံခါးနားသို႔ခ်ဥ္းကပ္လာ၏။ သူမသည္ ေျခေထာက္တစ္ဖက္ကမတ္တပ္ရပ္ထားၿပီး ေနာက္တစ္ဖက္ကိုေတာ့ အေနာက္ဘက္ျခမ္းတြင္ေကြးကာေျမႇာက္ထားသည္။ သူမ၏ကိုယ္ဟန္အေနအထားေလးမွာ ငန္းပ်ိဳေလးတစ္ေကာင္ကဲ့သို႔ ေက်ာ့ရွင္းေျပျပစ္ေန၏။

ထန္ယီမင္ေတာင္ျပန္မတံု႔ျပန္ႏိုင္ခင္တြင္ ရွန္းခ်ိဳက္က ေနာက္သို႔ေျခတစ္လွမ္းဆုတ္သြားၿပီး တံခါးတစ္ဖက္ျခမ္းရိွဘဲေလးအကမယ္ေလးအတိုင္း တစ္ထပ္တည္းျပဳမူလာသည္။

ဘဲေလးအကမယ္ေလး၏မ်က္လံုးမ်ားက တျဖည္းျဖည္းေတာက္ပလာၿပီး သူ႔ကို ေပ်ာ္ရႊင္စြာျပန္ၾကၫ့္ေနခဲ့သည္။

ထို႔ေနာက္ ခ်က္ျခင္းပင္ ထိုဘဲေလးအကမယ္ေလးသည္ ေထာက္ထားေသာေျခေထာက္ကိုတစ္ပတ္လွည့္လိုက္ၿပီး ၿပီးျပည့္စံုေသာကကြက္တစ္ခုကို သပ္ရပ္စြာပံုေဖာ္လိုက္သည္။

ရွန္းခ်ိဳက္လည္းၿပံဳးလိုက္ၿပီး ထိုပံုစံအတိုင္း ကကြက္ေဖာ္လိုက္၏။

ဒီႏွစ္ေယာက္က တစ္ေယာက္ႏွင့္တစ္ေယာက္ ကကြက္ေဖာ္ရင္း သူငယ္ခ်င္းလုပ္ေနၾကမွန္း ထန္ယီမင္ေသခ်ာေပါက္ေျပာရဲသည္။

မွန္တံခါးအတြင္းဘက္ႏွင့္ အျပင္ဘက္အျခမ္းရိွႏွစ္ေယာက္မွာ အသက္အရြယ္၊ က်ားမ၊ လူမ်ိဳးမတူၾကေသာ္လည္း ႏွစ္ေယာက္စလံုးက ကခုန္တာကိုဝါသနာပါၾကၿပီး အခ်င္းခ်င္းေျပာဆိုဆက္သြယ္ရန္လည္း မည္သည့္ဘာသာစကားမွမလိုအပ္သလို လိုက္ဖက္ညီသည့္ေတးဂီတလည္းမလိုအပ္ခဲ့ဘဲ မွန္တံခါးကိုျဖတ္ကာ ကျပရန္သာလိုအပ္သည္။

တစ္ေယာက္ကိုတစ္ေယာက္ မွန္တံခါးကိုျဖတ္၍ၾကည့္ေနၾကၿပီး ရွည္လ်ားလြန္းလွေသာျမစ္ႀကီးေပၚတြင္ သူတို႔ကိုယ္သူတို႔ မတူညီေသာအေနအထားတြင္ ရိွေနၾကသကဲ့သို႔ပင္။

ထန္ယီမင္ကေတာ့ ဤအရာအားလံုးကို ေဘးနားမွေန၍ တိတ္တဆိတ္ၾကၫ့္ေနခဲ့၏။ သူ႔ဖုန္းကိုထုတ္ကာ ဗြီဒီယိုမွတ္တမ္းတစ္ခုေလာက္ ရိုက္ထားလိုက္ခ်င္ေသာ္လည္း ေနာက္ဆံုးမွာေတာ့ ဤအခိုက္အတန႔္ေလးကို သူ႔ႏွလံုးသားထဲတြင္ ေရးထိုးထားလိုက္ရန္သာဆံုးျဖတ္ခဲ့သည္။

ဘဲေလးအကမယ္ေလးသည္ ဂႏၴဝင္ဆန္ေသာပံုစံျဖင့္ သူမအကကိုအဆံုးသတ္လိုက္ၿပီး ရွန္းခ်ိဳက္ကလည္းသူမကိုအတုယူကာ တစ္ခ်ိန္တည္းမွာပင္ လွပေသသပ္ေသာကကြက္ျဖင့္အဆံုးသတ္ခဲ့ေလသည္။

ဤသည္မွာ ရွန္းခ်ိဳက္အႀကိဳက္ဆံုးအကေျခလွမ္းပံုစံျဖစ္ၿပီး အရိုးရွင္းဆံုးဘာသာျပန္ဆိုပါက "ေတာင္ပံျဖန္႔၍ပ်ံသန္းျခင္း" ပင္ျဖစ္သည္။

အသက္ဆယ့္ခုနစ္ႏွစ္အရြယ္တြင္ ငန္းငယ္ေလးသည္ ေလထဲတြင္အေတာင္မ်ားျဖန႔္ကာ ေကာင္းကင္ထက္သို႔ပ်ံတက္ေနရင္း ျမင့္သည္ထက္ျမင့္ေအာင္ႀကိဳးစားေနခဲ့ကာ အနားယူရန္ေနရာတစ္ခုကိုေတာင္မေတြးေတာႏိုင္ဘဲ မေမာမပန္းပ်ံသန္းေနခဲ့သည္။

အသက္ႏွစ္ဆယ့္သံုးႏွစ္အရြယ္တြင္ေတာ့ ငန္းငယ္ေလးသည္ သူႏွင့္အတူပ်ံသန္းေပးႏိုင္မည့္ အေဖာ္တစ္ဦးကိုေတြ့ရိွခဲ့ၿပီး ေနာက္ဆံုးေတာ့ သူ႔အိမ္ကို ရွာေတြ့ခဲ့ၿပီျဖစ္သည္။

...

ရွစ္နာရီခြဲတြင္ေတာ့ အတန္းေခါင္းေလာင္းသံျမည္လာၿပီး စႄကၤံတစ္ေလ်ွာက္ဟိုသည္ပ်ံ့က်ဲေနၾကေသာ ဘဲေလးအကသမားေလးမ်ားမွာ သက္ဆိုင္ရာစာသင္ခန္းမ်ားဆီသို႔ ေျပးသြားၾကေတာ့သည္။ ရွန္းခ်ိဳက္ကိုကျပခဲ့ေသာေကာင္မေလးလည္း ေျပးလႊားသြားၿပီျဖစ္ရာ ေလထဲတြင္ေမ်ာလြင့္ေနေသာ အိပ္မက္တစ္ခုလိုပင္။

ရွန္းခ်ိဳက္ကေတာ့ ေက်ာင္းဂိတ္တံခါးနားတြင္ရိွေနကာ လွပလြန္းေသာအိပ္မက္တစ္ခုကိုခံစားေနသကဲ့သို႔ အကစတူဒီယိုထဲကိုလွမ္းၾကၫ့္ေနရင္း ေနာက္ဆံုးတြင္ေတာ့ သူ႔အေတြးမ်ားက လက္ရိွအခ်ိန္သို႔ျပန္ေရာက္ခဲ့သည္။

သူ႔ေဘးနားရိွခ်စ္ရသူကိုလွၫ့္ၾကၫ့္လိုက္စဥ္ ထိုသူကလည္း သူ႔ကိုၿပံဳးျပေန၏။ "ေနာက္ဆံုးေတာ့ ကြၽန္ေတာ့္အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီ!!"

ထန္ယီမင္လည္း ရယ္ေမာကာေမးလိုက္သည္။ "ကိုယ္ မင္းကို လက္ခုပ္တီးေပးရၪီးမလား"

"လက္ခုပ္သံေတြ မလိုပါဘူး" ရွန္းခ်ိဳက္က သူ႔နားတိုးကပ္သြားကာ လက္ႏွစ္ဖက္ကိုဖြင့္ကားလိုက္ၿပီး "ကြၽန္ေတာ့္ကိုနမ္းေပး"

ဟုတ္ၿပီေလ...

ထို႔ေနာက္တြင္ေတာ့ ခ်ိဳက္ခ်ိဳက္သည္ ထန္ယီမင္ကိုသူ႔အား ျပင္းျပင္းထန္ထန္ နမ္းရိႈက္ခြင့္ေပးလိုက္ေလ၏။

[ဇာတ္လမ္းအျပည့္အစံုၿပီးဆံုး။]

----------

စာေရးသူမွာ ေျပာစရာရိွေနပါတယ္~~

အခုေတာ့ ဒီဇာတ္လမ္းေလးက ၿပီးသြားပါၿပီ။

ဒီအခ်ိန္အထိအတူရိွေနေပးလို႔ မင္းတို႔ကိုေက်းဇူးတင္ပါတယ္။

ဒီဇာတ္လမ္းအတြက္ ငါ့စိတ္ကူးေတြက တကယ္ကိုရုတ္တရက္ဆန္လြန္းခဲ့တယ္... ငါသေဘာက်မိတဲ့ ေတးဂီတျပဇာတ္ေတြအေၾကာင္း၊ စိတ္ဝင္စားမိတဲ့ ဘဲေလးအကသမားေတြအေၾကာင္းနဲ႔ ၾကားဖူးနားဝရိွတဲ့ ပေရာ္ဖက္ရွင္နယ္အသံသရုပ္ေဆာင္ေတြအေၾကာင္း ဝတၴုတိုေလးတစ္ပုဒ္ေရးခ်င္ခဲ့ရံုပဲ။

ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ ပိုပိုရွည္လာၿပီး ခ်ိဳက္ခ်ိဳက္ေတာင္ ငန္းေပါက္ေလးဘဝကေန အရြယ္ေရာက္လာတဲ့ငန္းပ်ိဳေလးအထိ ဇာတ္လမ္းကႀကီးသြားပါေရာ။ (ရယ္ေနလ်က္)

Cāi Cāi ဆိုတဲ့ဝတၴုေလးကို သေဘာက်ေပးလို႔ ေက်းဇူးတင္ပါတယ္။

ခ်ိဳက္ခ်ိဳက္ကိုခ်စ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

ထန္ယီမင္ကိုခ်စ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

ေယာင္ရင္၊ စန္မန္ခြၽမ္၊ က်င္းခ်ီက်ိနဲ႔ ခ်န္ဇီရန္တို႔ကိုခ်စ္ေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

ဒီဝတၴုက ၿပီးသြားပါၿပီ။ ေနာက္ဝတၴုမွာ ထပ္ေတြ့ၾကတာေပါ့။

[Eng Translator's note: တည္းျဖတ္ေပးတဲ့အကူအညီအားလံုးအတြက္ Cocole ကို အထူးေက်းဇူးတင္ရိွပါတယ္။ Cāi Cāi ဆိုတဲ့ ဘာသာျပန္ဝတၴုေလးကိုဖတ္ေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ :) ]

[အိုင့္ note: အရမ္းသေဘာက်ခဲ့ရတဲ့ Novel ေလး တကယ္ကိုၿပီးသြားခဲ့ပါၿပီ။ Cāi Cāi ကိုဖန္တီးေပးခဲ့တဲ့ Author MòLǐ 莫里 နဲ႔ English Translator ေတျြဖစ္တဲ့ Closed Window Translation တို႔ကို ေက်းဇူးအမ်ားႀကီးတင္မိပါတယ္။ အခုခ်ိန္ထိလိုက္ပါစီးေမ်ာေပးခဲ့တဲ့ Reader အားလံုးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္ Bye!]

Continue Reading

You'll Also Like

1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
74.4K 11.4K 57
Tittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGoldfish (Lazy Girl Translation) Chapters:...
175K 16.6K 77
Tittle: 白日事故 [Bai Ri Shi Gu] Author: Gao Tai Shu Se(高台树色) English Translator: Chai Translations Chapters: 65 chapters+ 2 extra ❝𝙒𝙝𝙚𝙣 𝙝𝙚 𝙨𝙢𝙞�...