Chapter (24)

885 204 3
                                    

Chapter (24)

Act 4 : Billy Elliot (5)

နောက်ရက်များတွင် ယောင်ရင်သည် ထန်ယီမင်အား အလုပ်အနည်းငယ် အဆက်မပြတ် မိတ်ဆက်ပေးခဲ့သည်။  လုပ်ခလစာသည် အရမ်းကြီးမမြင့်မားသော်လည်း ထန်ယီမင်ကတော့ ငွေရှာရန်မမျှော်လင့်ထားဘဲ အတွေ့အကြုံပိုရဖို့သာ မျှော်လင့်ထားလေသည်။

မူလက ထန်ယ်ီမင်တွင် ဟောင်းနွမ်းနေသော ကားတစ်စီးရှိ၏။ ရှန်ရှောင်လွေ့နှင့်အတူ တိရိစ္ဆာန်ရုံတွင်သွားချိန်းတွေ့ချင်သော ဂျော့ခ်ျတစ်ယောက် သူ့ကားကိုငှားသွားပြီးချိန်တွင် မမျှော်လင့်ဘဲ လမ်းတွင်ကားပျက်သွားခဲ့သည်။ အာမခံကုမ္ပဏီကလည်း ပြန်ပြင်ပေးရန် ထိုကားကိုဆွဲသွားသောကြောင့် သူ့ဆီ ကားဘယ်အချိန်ပြန်ရောက်မည်ကို သူ မသိရပေ။

အသံသွင်းစတူဒီယိုသည် ဆင်ခြေဖုံးရပ်ကွက်များနှင့် ဝေးကွာသောကြောင့် သွားရေးလာရေး အဆင်မပြေပေ။  ထန်ယီမင်အသံသွင်းပြီးတိုင်း ညဉ့်နက်အချိန်မှသာ မြို့ထဲသို့ပြန်လာရပြီး ဘတ်စ်ကားကိုလည်း အချိန်ကြာမြင့်စွာ စီးရ၏။ သူသာ တက္ကစီမစီးချင်ပါက ယောင်ရင်ဆီမှ ကားငှားစီးရုံအပြင်မရှိပေ။

ယောင်ရင်သည် သူ့အားလိုက်ပို့ပေးချင်သော်လည်း သူကိုယ်တိုင်က အလုပ်အများကြီး ရှိသေး၏။ "ဘာပဲဖြစ်ဖြစ် ငါ့ကားဂိုဒေါင်ထဲက ကားတွေအားလုံးလည်း ငါမောင်းနေတာမှမဟုတ်တာ. . . မင်းပါ့မင်း ရွေးသွားလိုက်လေ၊ ငှားခပေးစရာမလိုပါဘူး "

သခင်လေးယောင်သည် သူပြောလာသည့်အတိုင်း ဗဟိုထိန်းချုပ်မှုစနစ်ပါသော သော့တွဲခုနစ်ခု၊ ရှစ်ခုလောက်ကို စားပွဲပေါ်ဖြန့်ချထားပေးခဲ့သည်။ အနိမ့်ဆုံးကားသည်ပင် Maybach အမှတ်တံဆိပ်နှင့်ဖြစ်၏။

" မလိုပါဘူး " ထန်ယီမင် တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ်ခံစားသွားရကာ " ကျွန်တော် အသံသွင်းတာကို နည်းနည်းပိုကြိုးစားပြီး စောစောစီးစီးပြီးအောင် လုပ်လိုက်မယ်၊ Taxi စီးလို့တော့ ရဦးမှာပါ " 

Taxi စီးလိုက်ခြင်းသည် စျေးပိုကြီးသော်လည်း အခြားသူကပေးလာသော စျေးကြီးလွန်းသည့် မျက်နှာသာပေးမှုထက်စာလျှင်တော့ ပိုကောင်းသေးသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now