တကၠသိုလ္တက္ရမဲ့ပထမဆံုးေန႔မလို႔
ဂ်ယ္ေဟာ့ တစ္ေယာက္စိတ္လႈပ္႐ွား
ေနမိသည္...။
သူၾကားဖူးသေလာက္ဆိုရင္ တကၠသို္လ္
ဆိုတာ စတိတ္ ေက်ာင္းေတြနဲ႔ဘာမွမဆိုင္
ေတာ့ဘူးဆိုပဲ....။
ကိုယ္လုပ္ခ်င္တာလုပ္လို႔ရၿပီး တအား
လြတ္လပ္တာတဲ့...။
ယြန္းဂ်ယ္ေဟာ့ တို႔ကေတာ့အႀကိဳက္
ေပါ့....။
တကၠသိုလ္ေရာက္ရင္ပထမဆံုးလုပ္မယ့္
အရာက ရည္းစားထားဖို႔ပဲ...။
အဟဲ....စာညံ့လြန္းတဲ့သူ႔လိုလူတစ္ေယာက္
က တကၠသိုလ္သာေရာက္ရင္
မင္းရည္းစားေတြလဲ တစ္ပတ္တစ္ေယာက္
တြဲပစ္စမ္းပါ ငါ့သားရာ...အဲ့က်ရင္အေဖ
ဘာမွမပိတ္ပင္ေတာ့ဘူး ဆိုတဲ့စကား
တစ္ခြန္းေၾကာင့္နဲ႔ အထက္တန္းမွာစာကို
အေသအလဲႀကိဳးစားခဲ့လိုက္တာ...။
အခုဆိုအမွတ္ေကာင္းေကာင္းနဲ႔ေအာင္
လို႔ တကၠသိုလ္ေကာင္းေကာင္းကို
ေရာက္လာရေအာင္ပဲ...။
°°°°°
တကၠသိုလ္ဝင္းကိုေျခခ်လိုက္တာနဲ႔...
ျမင္လိုက္ရတာေတြအကုန္လံုးကအသစ္
အဆန္းေတြခ်ည္း...။
အထက္တန္းေက်ာင္းတုန္းကနဲ႔မတူေတာ့တဲ့
ပိုၿပီးၾကည့္ေကာင္းက်ယ္ဝန္းတဲ့စာသင္ေဆာင္
ေတြရယ္....။
သင္ပင္ေျခရင္းကခံုတန္းေတြမွာ ထိုင္ေနၾက
တဲ့အတြဲေတြရယ္....။
တကၠသို္လ္ကမိန္းကေလးေတြကလဲ
႐ွယ္လွတာဗ်....။
ငယ္ငယၠလို ေက်ာင္းဝတ္စံုကိုအျပည့္
ဝတ္ရမယ္ လည္စည္းေသခ်ာတပ္
ဘာညာ စည္းကမ္းခ်က္ေတြလဲမ႐ွိေတာ့
ဒီကမိန္းကေလးေတြကိုၾကည့္ရတာ
ဖက္႐ွင္႐ိႈးၾကည့္ေနရတဲ့အတိုင္းပဲ...။
တစ္ေယာက္တစ္မ်ိဳးစတိုင္လ္ကအလန္း
ဇယားေတြနဲ႔....။
ထိုစဥ္...ေဘးကခံုတန္းမွာထိုင္ေနတဲ့
ေကာင္မေလးႏွစ္ေယာက္ကကြၽန္ေတာ့္ကို
ၾကည့္ၿပီးတိုးတိုး တိုးတိုးေျပာေနတာကို
လွမ္းျမင္လိုက္တယ္...။
စိတ္ထဲႀကိတ္ေပ်ာ္သြားသည္...။
ငါေခ်ာလို႔ၾကည့္ေနၾကတာျဖစ္မယ္..။
မ်က္စိတစ္ဖက္မွိတ္ျပလိုက္ေတာ့..အားခနဲ
ထေအာ္ၿပီးေက်နပ္ေနၾကေသးသည္...။
ဝြါး....ဒီေနရာက တကယ့္ကိုနိဗၺာန္ဘံုပဲ..။
ယြန္းဂ်ယ္ေဟာ့ မင္း စာႀကိဳးစားခဲ့တာ
လံုးဝကိုမွန္တယ္ ေဟ့ေကာင္ေရ...။
°°°°°
စာသင္ရမယ့္ အခန္းကိုေရာက္ေတာ့ လူက
လဲသိပ္မ႐ွိေသး...။
ခံုေတြအမ်ားႀကီးလြတ္ေနေပမယ့္ ေနာက္ဆံုး
မွာပဲဝင္ထိုင္လိုက္သည္...။
ဆရာေတြနဲ႔ ေဝးေတာ့လုပ္ခ်င္တာလုပ္လို႔
ရတယ္ေလ..."^_^
အတန္းစမယ့္အခ်ိန္ကလဲ ေစာေနေသး
တာနဲ႔ နားၾကပ္ေလးတပ္ၿပီးသီခ်င္း
နားေထာင္ကာ...သံုးထပ္အျမင့္မွာ႐ွိေနတဲ့
သူ႔အခန္းျပတင္းကေန ေအာက္က
လႈပ္႐ွားသြားလာမႈေတြကိုၾကည့္ေနမိသည္..။
အဲဒီအခ်ိန္မွာ သူသတိထားမိလိုက္တဲ့
အေကာင္ေပါက္ေလးတစ္ေကာင္...။
အသားျဖဴျဖဴလူေကာင္ေသးေသးနဲ႔အေတာ္
ေခ်ာတဲ့ေကာင္ေလးပဲ...။
ဂ်င္းေဘာင္းဘီအနက္ရယ္...အဝါေရာင္
စပို႔႐ွပ္ေလးနဲ႔ လက္ထဲမွာလဲစာရြက္တစ္ထပ္
ႀကီးကိုင္ၿပီး အေဆာင္ကိုေလ်ွာက္လာေန
သည္...။
ဝွါး...ဒီမွာကေကာင္မေလးေတြတင္မကဘူး။
ေကာင္ေလးေတြလဲ ေခ်ာၾကတာပဲ...။
အဲ့အေကာင္ေပါက္ေလးကေတာ့
ေခ်ာတယ္ဆိုတာထက္ ခ်စ္ေမြးေလးပဲ...။
အဟက္...။
တျဖည္းျဖည္းနဲ႔ အတန္းထဲလူေတြလဲ
မ်ားလာၿပီး အတန္းစမယ့္အခ်ိန္ကလဲနီးလာ
ေနၿပီ....။
ပထမအခ်ိန္အတြက္ ဆရာမတစ္ေယာက္က
ဝင္လာသည္....။
ပထမဆံုးရက္ဆိုေတာ့ ေက်ာင္းနဲ႔ရင္းႏွီးသြား
ေအာင္လို႔ ေက်ာင္းထဲေလ်ွာက္ၾကည့္ၾကဦး
မနက္ျဖန္မွ စာသင္မယ္ဆိုေတာ့
ေဝးခနဲ ဝါးခနဲ ေအာ္ၿပီးအလ်ိွဳလ်ွိဳအလီလီ
အခန္းထဲကေနထြက္သြားၾကသည္....။
သူလဲ တပ္ထားတဲ့နားၾကပ္ကိုျဖဳတ္ကာ
လြယ္အိတ္ကိုတေစာင္းလြယ္လိုက္ၿပီး
ထြက္လာလိုက္သည္...။
ေက်ာင္းေနာက္ဘက္က လူ႐ွင္းတဲ့ပန္းျခံ
ဆီကိုပဲလာလိုက္ေတာ့သည္....။
ေအးေအးေဆးေဆးနဲ႔သီခ်င္းဆက္
နားေထာင္ခ်င္ေသးတာမို႔...။
ပန္းျခံထဲကိုေရာက္ေတာ့ ခံုတန္းေလးတစ္ခု
ေပၚထိုင္ေနတဲ့ ခုနကအေကာင္ေပါက္
ေလးကိုေတြ႔လိုက္ရျပန္တယ္..။
စာရြက္တစ္ခ်ိဳ႕ကိုခံုတန္းေပၚခ်ထားၿပီး
တစ္ခ်ိဳ႕ကိုက်ေပါင္ေပၚတင္ကာ
အသည္းအသန္ကုန္းၾကည့္ေနတယ္...။
ဝွါး...ေက်ာင္းပထမဆံုးရက္မွာေတာင္
အဲဒီေလာက္စာႀကိဳးစားတဲ့ ေက်ာင္းသားမ်ိဳး
႐ွိေသးတာလား...။
ၾကည့္ရတာ အေကာင္ေပါက္ေလးက
စီနီယာတန္းကထင္တယ္...။
အဲဒါေၾကာင့္ ဒီလိုရက္မ်ိဳးမွာေတာင္
အလုပ္မ်ားေနတာေပါ့....။
အေကာင္ေပါက္ေလးကိုလွမ္းျမင္ႏိုင္
ေလာက္တဲ့ျမက္ခင္းျပင္ေပၚမွာပဲသူ
ေနရာယူလိုက္သည္...။
နားၾကပ္ေလးတပ္လို႔ သီခ်င္းေလး
ဖြင့္လိုက္ၿပီး ျမင္ခင္းျပင္ေပၚေျခဆင္းထိုင္
ကာလက္ႏွစ္ဖက္ကိုေတာ့အေနာက္မွာ
ေထာက္ထားလိုက္သည္...။
ေနေရာင္ေအာက္ကအဝါလံုးေလးကေတာ့
သူ႔ကိုသတိေတာင္မထားမိဘဲ သူ႔အလုပ္မွာ
ပဲစိတ္ႏွစ္ထားပံု...။
ကုန္းကုန္း ကုန္းကုန္းနဲ႔ ဆံပင္ေကကလဲ
လံုးလံုးေလးနဲ႔မို႔ ကေလးေလးနဲ႔ေတာင္
တူေသးသည္..။
အသားေလးေတြကလဲ ျဖဴလိုက္တာဆိုတာ
ႏွင္းပြင့္ေလးအလား...။
စာရြက္ေတြကိုင္ထားတဲ့ လက္ေခ်ာင္းေလး
ေတြကလဲ႐ွည္႐ွည္သြယ္သြယ္ေလးနဲ႔
ျမတ္ႏိုးခ်င္စရာအတိ...။
သူဘာလို႔ ေကာင္ေလးတစ္ေယာက္ကို
အဲဒီေလာက္အထိခ်ီးမြမ္းေနမိတာလဲဆိုတာ
မသိ...။
ဒါေပမယ့္ သူေသခ်ာသိတာတစ္ခုက
သူအေကာင္ေပါက္ေလးကိုစိတ္ဝင္စားမိ
သြားၿပီ....။
°°°°°
ဒုတိယေန႔...။
သူတို႔စာစသင္ရေတာ့မယ့္ေန႔..။
အတန္းမစေသးတာမို႔ အတန္းထဲမွာစကား
ေျပာေနၾကသံေတြက ငွက္အုပ္ႀကီး
အခန္းထဲေရာက္ေနတဲ့အတိုင္းပဲ...။
"ေဟ့..."
ပထမ အဲဒီအသံၾကားတုန္းကေတာ့
သူ႔ကိုေခၚမွန္းမသိေပမယ့္ ညာဘက္
လက္ေမာင္းကိုလာထိတဲ့ အထိအေတြ႔
ေၾကာင့္ ေဘးကိုလွည့္ၾကည့္ေတာ့
သူ႔ကိုရီျပေနတဲ့ေကာင္ေလးတစ္ေယာက္..။
"အာေညာ္...ငါကဟာ႐ူတိုပါ..။
ဂ်ပန္ကေန ဒီကိုေက်ာင္းလာတတ္တာ..။
ကိုးရီးယားကိုခုမွေရာက္ဖူးတာဆိုေတာ့
သူငယ္ခ်င္းေလးတစ္ေယာက္ေလာက္
႐ွိထားခ်င္လို႔..။
မင္းနဲ႔သူငယ္ခ်င္းလုပ္လို႔ရမလား..."
႐ုပ္ေခ်ာေခ်ာနဲ႔ အဲဒီဂ်ပန္ေကာင္ေလးက
သေဘာေကာင္းမယ့္ပံုပါပဲ..။
ေအးေလ..ဘာပဲေျပာေျပာ သူငယ္ခ်င္း
႐ွိထားေတာ့လဲ အမွားမ႐ွိပါဘူး....။
"အင္း ေကာင္းတာေပါ့...။
ငါ့နာမည္က ယြန္းဂ်ယ္ေဟာ့.."
အဲဒီအခ်ိန္မွာပဲ ဆရာဝင္လာတာနဲ႔
သူတို႔စကားစျပတ္သြားၾကတယ္...။
ခုေန႔ရဲ႕ တတိယအခ်ိန္ကိုေရာက္လာၿပီ..။
အႏုပညာ အခ်ိန္..။
ထိုအခိုက္ အတန္းထဲဝင္လာတဲ့တစ္စံု
တစ္ေယာက္ေၾကာင့္သူ႔ႏွလံုးသားေလး
လႈပ္ခါသြားရသည္...။
အေကာင္ေပါက္ေလးက အခုေတာ့
ဝတ္စံုျပည့္နဲ႔ ၾကည့္ေကာင္းလို႔ပါလား...။
လတ္စသတ္ေတာ့ စီနီယာတန္းကမဟုတ္ဘဲ
ဆရာျဖစ္ေနတာပဲ...။
ဟား....ဆရာတစ္ေယာက္က အဲေလာက္
ႏုအုၿပီးခ်စ္ဖို႔ေကာင္းေနဖို႔လိုလို႔လား
ေတာင္ေမးလိုက္ခ်င္တယ္...။
(အဲဒီဆံပင္ေကနဲ႔ အဲဒီဝတ္စံုေလးနဲ႔ပါပဲ..။
ဆရာေလးဘယ္ေလာက္ခ်စ္ဖို႔ေကာင္း
ေနမလဲ ေတြးသာၾကည့္ၾကပါေတာ့..)
"ကဲ...အတန္းစမယ္ကေလးေတြ..."
"ဟုတ္..."
(ကေလးေတြျပန္ေျဖသံ)
အသံေလးကလဲဆြဲေဆာင္မႈ႐ွိေနျပန္ေရာပဲ..။
ျသျသႀကီးလဲမဟုတ္ ခ်စ္ဖို႔ေကာင္းေနတာမ်ိဳး
လဲမဟုတ္ဘဲ နားထဲမွာစြဲေနေလာက္မယ့္
အသံမ်ိဳး...။
ယြန္းဂ်ယ္ေဟာ့ တို႔ကေတာ့အႏုပညာ
မြာ အမွတ္ေကာင္းေကာင္းပဲရမလား..။
အေကာင္ေပါက္ေလးကို အငမ္းလြန္ၿပီး
ပဲ စာေတြလြတ္ၿပီး ဘိတ္ေခ်း ရမလား
မေျပာတတ္ေတာ့ပါဘူး....။
သင္ပုန္းမွာပံုေတြဆြဲျပထားၿပီး
႐ွင္းျပေနတဲ့ အေကာင္ေပါက္ေလးက
ဆရာပံုစံေလးနဲ႔လဲ တစ္မ်ိဳးဆြဲေဆာင္မႈ
႐ွိေနျပန္္တယ္...။
ဟာ...ဘယ္လိုေနေနခ်စ္ဖို႔ေကာင္းၿပီး
ဆြဲေဆာင္မႈ႐ွိေနတာႀကီးကိုသူဘယ္လိုလုပ္
ရမလဲ...။
ပါးေဖာင္းေဖာင္းေလးလဲ ျဖဴမြတ္ေနတာကို..။
သူ႔စိတ္ေတြရဲ႕လားရာကိုသူရိပ္မိတာေၾကာင့္
အျမန္အၾကည့္လြဲကာ စာကိုပဲအာရံုစိုက္
ပစ္လိုက္ေတာ့သည္...။
စိတ္ထိန္းစမ္း...ယြန္းဂ်ယ္ေဟာ့...။
မင္းက အေျဖာင့္ေနာ္..ယြန္းဂ်ယ္ေဟာ့..။
စိတ္ထိန္း....စိတ္ထိန္း...။
TBC.....
သေဘာက်ရင္ မွတ္ခ်က္ေလးေတြေပးခဲ့ၾက
ပါလား...။
မွတ္ခ်က္ေလးေတြမ်ားမ်ားရေတာ့
ျမန္ျမန္ေရးေပးၿပီး ေနာက္တစ္ပိုင္းကို
ျမန္ျမန္ဖတ္လို႔ရတာေပါ့ေနာ...။😍
တက္ကသိုလ်တက်ရမဲ့ပထမဆုံးနေ့မလို့
ဂျယ်ဟော့ တစ်ယောက်စိတ်လှုပ်ရှား
နေမိသည်...။
သူကြားဖူးသလောက်ဆိုရင် တက္ကသို်လ်
ဆိုတာ စတိတ် ကျောင်းတွေနဲ့ဘာမှမဆိုင်
တော့ဘူးဆိုပဲ....။
ကိုယ်လုပ်ချင်တာလုပ်လို့ရပြီး တအား
လြတ္လပ္တာတဲ့...။
ယွန်းဂျယ်ဟော့ တို့ကတော့အကြိုက်
ပေါ့....။
တက္ကသိုလ်ရောက်ရင်ပထမဆုံးလုပ်မယ့်
အရာက ရည်းစားထားဖို့ပဲ...။
အဟဲ....စာညံ့လွန်းတဲ့သူ့လိုလူတစ်ယောက်
က တက္ကသိုလ်သာရောက်ရင်
မင်းရည်းစားတွေလဲ တစ်ပတ်တစ်ယောက်
တွဲပစ်စမ်းပါ ငါ့သားရာ...အဲ့ကျရင်အဖေ
ဘာမှမပိတ်ပင်တော့ဘူး ဆိုတဲ့စကား
တစ်ခွန်းကြောင့်နဲ့ အထက်တန်းမှာစာကို
အသေအလဲကြိုးစားခဲ့လိုက်တာ...။
အခုဆိုအမှတ်ကောင်းကောင်းနဲ့အောင်
လို့ တက္ကသိုလ်ကောင်းကောင်းကို
ရောက်လာရအောင်ပဲ...။
တက္ကသိုလ်ဝင်းကိုခြေချလိုက်တာနဲ့...
မြင်လိုက်ရတာတွေအကုန်လုံးကအသစ်
အဆန်းတွေချည်း...။
အထက်တန်းကျောင်းတုန်းကနဲ့မတူတော့တဲ့
ပိုပြီးကြည့်ကောင်းကျယ်ဝန်းတဲ့စာသင်ဆောင်
တွေရယ်....။
သင်ပင်ခြေရင်းကခုံတန်းတွေမှာ ထိုင်နေကြ
တဲ့အတွဲတွေရယ်....။
တက္ကသို်လ်ကမိန်းကလေးတွေကလဲ
ရှယ်လှတာဗျ....။
ငယ်ငယ္ကလို ကျောင်းဝတ်စုံကိုအပြည့်
ဝတ်ရမယ် လည်စည်းသေချာတပ်
ဘာညာ စည်းကမ်းချက်တွေလဲမရှိတော့
ဒီကမိန်းကလေးတွေကိုကြည့်ရတာ
ဖက်ရှင်ရှိုးကြည့်နေရတဲ့အတိုင်းပဲ...။
တစ်ယောက်တစ်မျိုးစတိုင်လ်ကအလန်း
ဇယားတွေနဲ့....။
ထိုစဉ်...ဘေးကခုံတန်းမှာထိုင်နေတဲ့
ကောင်မလေးနှစ်ယောက်ကကျွန်တော့်ကို
ကြည့်ပြီးတိုးတိုး တိုးတိုးပြောနေတာကို
လှမ်းမြင်လိုက်တယ်...။
စိတ်ထဲကြိတ်ပျော်သွားသည်...။
ငါချောလို့ကြည့်နေကြတာဖြစ်မယ်..။
မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့..အားခနဲ
ထအော်ပြီးကျေနပ်နေကြသေးသည်...။
ဝြါး....ဒီနေရာက တကယ့်ကိုနိဗ္ဗာန်ဘုံပဲ..။
ယွန်းဂျယ်ဟော့ မင်း စာကြိုးစားခဲ့တာ
လုံးဝကိုမှန်တယ် ဟေ့ကောင်ရေ...။
စာသင်ရမယ့် အခန်းကိုရောက်တော့ လူက
လဲသိပ်မရှိသေး...။
ခုံတွေအများကြီးလွတ်နေပေမယ့် နောက်ဆုံး
မှာပဲဝင်ထိုင်လိုက်သည်...။
ဆရာတွေနဲ့ ဝေးတော့လုပ်ချင်တာလုပ်လို့
ရတယ်လေ..."^_^
အတန်းစမယ့်အချိန်ကလဲ စောနေသေး
တာနဲ့ နားကြပ်လေးတပ်ပြီးသီချင်း
နားထောင်ကာ...သုံးထပ်အမြင့်မှာရှိနေတဲ့
သူ့အခန်းပြတင်းကနေ အောက်က
လှုပ်ရှားသွားလာမှုတွေကိုကြည့်နေမိသည်..။
အဲဒီအချိန်မှာ သူသတိထားမိလိုက်တဲ့
အကောင်ပေါက်လေးတစ်ကောင်...။
အသားဖြူဖြူလူကောင်သေးသေးနဲ့အတော်
ချောတဲ့ကောင်လေးပဲ...။
ဂျင်းဘောင်းဘီအနက်ရယ်...အဝါရောင်
စပို့ရှပ်လေးနဲ့ လက်ထဲမှာလဲစာရွက်တစ်ထပ်
ကြီးကိုင်ပြီး အဆောင်ကိုလျှောက်လာနေ
သည်...။
ဝွါး...ဒီမှာကကောင်မလေးတွေတင်မကဘူး။
ကောင်လေးတွေလဲ ချောကြတာပဲ...။
အဲ့အကောင်ပေါက်လေးကတော့
ချောတယ်ဆိုတာထက် ချစ်မွေးလေးပဲ...။
အဟက်...။
တဖြည်းဖြည်းနဲ့ အတန်းထဲလူတွေလဲ
များလာပြီး အတန်းစမယ့်အချိန်ကလဲနီးလာ
နေပြီ....။
ပထမအချိန်အတွက် ဆရာမတစ်ယောက်က
ဝင်လာသည်....။
ပထမဆုံးရက်ဆိုတော့ ကျောင်းနဲ့ရင်းနှီးသွား
အောင်လို့ ကျောင်းထဲလျှောက်ကြည့်ကြဦး
မနက်ဖြန်မှ စာသင်မယ်ဆိုတော့
ဝေးခနဲ ဝါးခနဲ အော်ပြီးအလျှိုလျှိုအလီလီ
အခန်းထဲကနေထွက်သွားကြသည်....။
သူလဲ တပ်ထားတဲ့နားကြပ်ကိုဖြုတ်ကာ
လွယ်အိတ်ကိုတစောင်းလွယ်လိုက်ပြီး
ထွက်လာလိုက်သည်...။
ကျောင်းနောက်ဘက်က လူရှင်းတဲ့ပန်းခြံ
ဆီကိုပဲလာလိုက်တော့သည်....။
အေးအေးဆေးဆေးနဲ့သီချင်းဆက်
နားထောင်ချင်သေးတာမို့...။
ပန်းခြံထဲကိုရောက်တော့ ခုံတန်းလေးတစ်ခု
ပေါ်ထိုင်နေတဲ့ ခုနကအကောင်ပေါက်
လေးကိုတွေ့လိုက်ရပြန်တယ်..။
စာရွက်တစ်ချို့ကိုခုံတန်းပေါ်ချထားပြီး
တစ်ချို့ကိုကျပေါင်ပေါ်တင်ကာ
အသည်းအသန်ကုန်းကြည့်နေတယ်...။
ဝွါး...ကျောင်းပထမဆုံးရက်မှာတောင်
အဲဒီလောက်စာကြိုးစားတဲ့ ကျောင်းသားမျိုး
ရှိသေးတာလား...။
ကြည့်ရတာ အကောင်ပေါက်လေးက
စီနီယာတန်းကထင်တယ်...။
အဲဒါကြောင့် ဒီလိုရက်မျိုးမှာတောင်
အလုပ်များနေတာပေါ့....။
အကောင်ပေါက်လေးကိုလှမ်းမြင်နိုင်
လောက်တဲ့မြက်ခင်းပြင်ပေါ်မှာပဲသူ
နေရာယူလိုက်သည်...။
နားကြပ်လေးတပ်လို့ သီချင်းလေး
ဖွင့်လိုက်ပြီး မြင်ခင်းပြင်ပေါ်ခြေဆင်းထိုင်
ကာလက်နှစ်ဖက်ကိုတော့အနောက်မှာ
ထောက်ထားလိုက်သည်...။
နေရောင်အောက်ကအဝါလုံးလေးကတော့
သူ့ကိုသတိတောင်မထားမိဘဲ သူ့အလုပ်မှာ
ပဲစိတ်နှစ်ထားပုံ...။
ကုန်းကုန်း ကုန်းကုန်းနဲ့ ဆံပင်ကေကလဲ
လုံးလုံးလေးနဲ့မို့ ကလေးလေးနဲ့တောင်
တူသေးသည်..။
အသားလေးတွေကလဲ ဖြူလိုက်တာဆိုတာ
နှင်းပွင့်လေးအလား...။
စာရွက်တွေကိုင်ထားတဲ့ လက်ချောင်းလေး
တွေကလဲရှည်ရှည်သွယ်သွယ်လေးနဲ့
မြတ်နိုးချင်စရာအတိ...။
သူဘာလို့ ကောင်လေးတစ်ယောက်ကို
အဲဒီလောက်အထိချီးမွမ်းနေမိတာလဲဆိုတာ
မသိ...။
ဒါပေမယ့် သူသေချာသိတာတစ်ခုက
သူအကောင်ပေါက်လေးကိုစိတ်ဝင်စားမိ
သွားပြီ....။
ဒုတိယနေ့...။
သူတို့စာစသင်ရတော့မယ့်နေ့..။
အတန်းမစသေးတာမို့ အတန်းထဲမှာစကား
ပြောနေကြသံတွေက ငှက်အုပ်ကြီး
အခန်းထဲရောက်နေတဲ့အတိုင်းပဲ...။
"ဟေ့..."
ပထမ အဲဒီအသံကြားတုန်းကတော့
သူ့ကိုခေါ်မှန်းမသိပေမယ့် ညာဘက်
လက်မောင်းကိုလာထိတဲ့ အထိအတွေ့
ကြောင့် ဘေးကိုလှည့်ကြည့်တော့
သူ့ကိုရီပြနေတဲ့ကောင်လေးတစ်ယောက်..။
"အာညော်...ငါကဟာရူတိုပါ..။
ဂ်ပန္ကေန ဒီကိုကျောင်းလာတတ်တာ..။
ကိုးရီးယားကိုခုမှရောက်ဖူးတာဆိုတော့
သူငယ်ချင်းလေးတစ်ယောက်လောက်
ရှိထားချင်လို့..။
မင်းနဲ့သူငယ်ချင်းလုပ်လို့ရမလား..."
ရုပ်ချောချောနဲ့ အဲဒီဂျပန်ကောင်လေးက
သဘောကောင်းမယ့်ပုံပါပဲ..။
အေးလေ..ဘာပဲပြောပြော သူငယ်ချင်း
ရှိထားတော့လဲ အမှားမရှိပါဘူး....။
"အင်း ကောင်းတာပေါ့...။
ငါ့နာမည်က ယွန်းဂျယ်ဟော့.."
အဲဒီအချိန်မှာပဲ ဆရာဝင်လာတာနဲ့
သူတို့စကားစပြတ်သွားကြတယ်...။
ခုနေ့ရဲ့ တတိယအချိန်ကိုရောက်လာပြီ..။
အနုပညာ အချိန်..။
ထိုအခိုက် အတန်းထဲဝင်လာတဲ့တစ်စုံ
တစ်ယောက်ကြောင့်သူ့နှလုံးသားလေး
လှုပ်ခါသွားရသည်...။
အကောင်ပေါက်လေးက အခုတော့
ဝတ်စုံပြည့်နဲ့ ကြည့်ကောင်းလို့ပါလား...။
လတ်စသတ်တော့ စီနီယာတန်းကမဟုတ်ဘဲ
ဆရာဖြစ်နေတာပဲ...။
ဟား....ဆရာတစ်ယောက်က အဲလောက်
နုအုပြီးချစ်ဖို့ကောင်းနေဖို့လိုလို့လား
တောင်မေးလိုက်ချင်တယ်...။
(အဲဒီဆံပင်ကေနဲ့ အဲဒီဝတ်စုံလေးနဲ့ပါပဲ..။
ဆရာလေးဘယ်လောက်ချစ်ဖို့ကောင်း
နေမလဲ တွေးသာကြည့်ကြပါတော့..)
"ကဲ...အတန်းစမယ်ကလေးတွေ..."
"ဟုတ်..."
(ကလေးတွေပြန်ဖြေသံ)
အသံလေးကလဲဆွဲဆောင်မှုရှိနေပြန်ရောပဲ..။
သြသြကြီးလဲမဟုတ် ချစ်ဖို့ကောင်းနေတာမျိုး
လဲမဟုတ်ဘဲ နားထဲမှာစွဲနေလောက်မယ့်
အသံမျိုး...။
ယွန်းဂျယ်ဟော့ တို့ကတော့အနုပညာ
မြာ အမှတ်ကောင်းကောင်းပဲရမလား..။
အကောင်ပေါက်လေးကို အငမ်းလွန်ပြီး
ပဲ စာတွေလွတ်ပြီး ဘိတ်ချေး ရမလား
မပြောတတ်တော့ပါဘူး....။
သင်ပုန်းမှာပုံတွေဆွဲပြထားပြီး
ရှင်းပြနေတဲ့ အကောင်ပေါက်လေးက
ဆရာပုံစံလေးနဲ့လဲ တစ်မျိုးဆွဲဆောင်မှု
ရှိနေပြန််တယ်...။
ဟာ...ဘယ်လိုနေနေချစ်ဖို့ကောင်းပြီး
ဆွဲဆောင်မှုရှိနေတာကြီးကိုသူဘယ်လိုလုပ်
ရမလဲ...။
ပါးဖောင်းဖောင်းလေးလဲ ဖြူမွတ်နေတာကို..။
သူ့စိတ်တွေရဲ့လားရာကိုသူရိပ်မိတာကြောင့်
အမြန်အကြည့်လွဲကာ စာကိုပဲအာရုံစိုက်
ပစ်လိုက်တော့သည်...။
စိတ်ထိန်းစမ်း...ယွန်းဂျယ်ဟော့...။
မင်းက အဖြောင့်နော်..ယွန်းဂျယ်ဟော့..။
စိတ်ထိန်း....စိတ်ထိန်း...။
TBC.....
သဘောကျရင် မှတ်ချက်လေးတွေပေးခဲ့ကြ
ပါလား...။
မှတ်ချက်လေးတွေများများရတော့
မြန်မြန်ရေးပေးပြီး နောက်တစ်ပိုင်းကို
မြန်မြန်ဖတ်လို့ရတာပေါ့နော...။😍