Love Of My Life [Completed]

By GennyCloud

745K 45.9K 1.6K

Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... More

အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(4) Zawgyi
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(10) Zawgyi
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(14) Zawgyi
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi29(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(36) Zawgyi
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Unicode
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(42) Zawgyi
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)

Epi(44) Zawgyi

2.2K 74 6
By GennyCloud

အပိုင်း(၄၄)

တန်ခူးမေ၏ အတွေးပုံရိပ်တို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ခန့်သို့ ပျံ့နှံသွားသည်။

သူသည် ဂေဟာမှူးနှင့် စကားပြောနေသော အရပ်မြင့်မြင့်‌ ထောင်ထောင်မောင်းမောင်းနှင့် မမကို ကြည့်လျက် ၀မ်းနည်းနေမိသည်။

"မေ ငိုမနေနဲ့တော့လေ မမမြင့်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တော့မှာကို နင်မပျော်ဘူးလား "

"မိုးရယ် ၀မ်းသာပေမဲ့ ငါ့အစ်မကထွက်သွားတော့မှာလေ ငါကမငိုရတော့ဘူးလား "

"ဒါပေမဲ့ အစ်မစိတ်မကောင်းဖြစ်သွားမှာပေါ့ဟ "

တန်ခူးမေသည် ဘာစကားမှမဆိုမိပါဘဲ ဂေဟာမှူးနှင့် စကားပြောနေသော အစ်မဖြစ်သူကိုသာ ကြည့်နေမိသည်။ မိမိအား ညီအစ်မလေးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့ပါသော အရင်းနှီးဆုံးအစ်မသည် ဒီဂေဟာမှ ထွက်သွားတော့မည်။

ဂေဟာမှာ ရှိတဲ့လူတိုင်းက ကောင်းပေမဲ့ တရင်းတနှီးငယ်ငယ်တည်းက နေခဲ့သော အစ်မနှင့်တော့ ကွာခြားလှသည်။ မငိုရန် သူငယ်ချင်းမှ လာဖြောင်းဖြနေသော်လည်း သူမျက်ရည်များကို ထိန်းမရ ။

အစ်မသည် စကားပြောနေရာမှ သူတို့ဘက်သို့လျှောက်လာသည်။ စိတ်မကောင်းဖြစ်သွားမှာစိုးသောကြောင့် တန်ခူးမေသည် မျက်ရည်များကို အလျင်အမြန်သုတ်လိုက်သော်လည်း မြင်သွားပုံရသည်။

"မေ ငိုမနေနဲ့လေ ။ ပြန်တွေ့မှာပဲကို အစ်မရန်ကုန်မှာ အဆင်ပြေသွားရင် မေ့ကိုလာခေါ်မယ်လေ "

"တကယ်လားဟင်"

"အင်း။ တကယ်ပေါ့ မမမြင့်မှာ မေတစ်ယောက်ပဲရှိတာကို မေ့ကိုမခေါ်ရင် ဘယ်သူ့ကိုခေါ်ရမလဲ ကလေးလည်းမဟုတ်ဘဲ ငို‌မနေနဲ့တော့"

"ကတိနော် တကယ်လာခေါ်ရမှာနော် "

"ကတိ ကတိ ။ ငိုမနေနဲ့တော့ မိုးနဲ့လည်း လိမ်လိမ်မာမာနေနော် "

"ဟုတ်ကဲ့ "

"ဒါဆို မမမြင့် သွားတော့မယ် မမကိုပြုံးပြပါအုံး "

စိတ်မပါတပါဖြင့်သာ တန်ခူးမေပြုံးပြလိုက်သည်။ မမမြင့်သည် ကတိတည်တတ်သူမှန်း သူသိပြီးသားမို့ ၀မ်းနည်းမနေတော့။

"လာပါ မေရယ် ငါတို့အထဲဝင်ကြရအောင်"

တရွေ့ရွေ့ထွက်ခွာသွားသော ကျောပြင်တစ်ခုပျောက်ကွယ်သွားမှသာ သူအထဲသို့ဝင်ခဲ့တော့သည်။

••••••••

ခြောက်လခန့်ကြာသောအခါ....

"မေရေ မမမြင့်လာလည်တယ် ဂေဟာကလူတွေအတွက်လည်း မုန့်တွေဝယ်လာတယ်"

မိုးရဲ့ ၀မ်းသာအားရ စကားသံအဆုံး သူအရှေ့သို့ပြေးထွက်သွားမိသည်။
တကယ့်ကို မမမြင့်မှ မမမြင့်။
ရန်ကုန်မှာ အသားကျလာသည်ထင်၏။
အသားအရည်မှာလည်း စိုစိုပြေပြေရှိလာပြီး ဒီကထွက်သွားပုံနှင့်တောင်မတူ။
အခုပြန်လာတယ်ဆိုတော့ သူ့ကိုလာခေါ်တာများလား။

"မမမြင့် မေ့ကို သတိရနေလားဟင်"

"သတိရတာပေါ့ မေရယ် အခုမမမြင့် မေ့ကိုလာခေါ်တာ မမဟိုမှာ အထိုင်ကျသွားပြီလေ ။ ဒါပေမဲ့အလုပ်ဆိုတော့ ပင်ပန်းမှာ ။ မေလိုက်နိုင်ရဲ့လား "

"အင်း လိုက်မယ် လိုက်မယ် ။ အလုပ်လုပ်ရလည်း ကိစ္စမရှိဘူး "

တန်ခူးမေသည် ခေါင်းတညိတ်ညိတ်။
နယ်မှ မိဘမဲ့ဂေဟာလေးမို့ ဒီမှာဆက်နေလည်း သူ့အတွက်ဘာအကြောင်းမှ မထူး။ ရန်ကုန်မှာဆို ဘာပဲလုပ်ရရ အဆင်ပြေသည်။ ရတဲ့လခကအစကွာတာကြောင့် သူဂေဟာလေးကိုပင် တစ်ဖန်ပြန်ထောက်ပံ့နိုင်လိမ့်မည်။
ဂေဟာက ပညာသင်ပေးပေမဲ့ ရှစ်တန်းအထိသာ သင်ပေးတာကြောင့် ဂေဟာရှိလူတိုင်း ရေးတတ် ၊ ဖတ်တတ်ကြပါသည်။

တန်ခူးမေသည် နယ်မြို့လေးတစ်ခုမှာရှိသော မိဘမဲ့ဂေဟာမှ ရန်ကုန်မြို့ကြီးသို့ရောက်ရှိခဲ့သည်။
တစ်ခါမှ မမြင်ဖူးသော နေရာစိမ်းတစ်ခုမို့
ကြောက်လည်းကြောက်သလို စိတ်လည်းလှုပ်ရှားမိသည်။

"မမမြင့် မေတို့ဘယ်သွားနေတာလဲ "

"မမမြင့်အလုပ်လုပ်တဲ့အိမ်ပေါ့ ။ မေက ညီမလေးသဘောမျိုးနဲ့ မမခေါ်လာတာဆိုတော့ တအားကြီးပင်ပန်းမှာမဟုတ်ပါဘူး ။ အကူသဘောမျိုးပေမဲ့ လစာတော့ပေးမှာပါ "

"ဟုတ် မမမြင့်နဲ့တော့ အတူနေရမှာမလားဟင် "

"ဒါပေါ့ မေရဲ့ "

မောင်းနှင်လာသော ကားလေးသည် ကြီးမားသော အိမ်အစု‌အဝေးများရှိရာ လမ်းသွယ်တစ်ခုသို့ ချိုးဝင်သွားသည်။
ဒီလောက်ကျယ်ပြီး ကြီးမားသောအိမ်များကို တန်ခူးမေသည် မမြင်ဖူး၊ မတွေ့ဖူးသူမို့ တအံ့တဩကြည့်နေမိသည်။

"လာ မေ ။ ဒါမမတို့ အလုပ်လုပ်ရမဲ့အိမ် ။ နေရမှာလည်း ဟုတ်တယ် "

ဖြစ်ပျက်မဲ့ အကြောင်းအရာတွေသာ သူကြိုသိခဲ့ရင် မမမြင့်နောက်မလိုက်ဘဲ ဂေဟာလေးမှာပဲ နေခဲ့မိလောက်မည်။

•••••••••

အိမ်ကြီးရဲ့ ပိုင်ရှင်လင်မယားမှာ ဒေါ်မူယာနွယ်နှင့် ဦးမင်းထည် ဖြစ်ပါသတဲ့။
ဒေါ်မူယာနွယ်မှာ မာနကြီးပြီး လူတိုင်းကို ခပ်တည်တည်ခပ်တန်းတန်းသာဆက်ဆံသည်။ ယုတ်မာပြီး ဆဲဆိုခိုင်းတာတွေမရှိသော်လည်း တစ်ခါတရံမှ ထွက်လာသော စကားလုံးအချို့ကြောင့်ပင် အလုပ်သမားများ ကြောက်ဒူးတုန်ကြသည်။ ဦးမင်းထည်မှာတော့ ဖော်ဖော်ရွေရွေနှင့် သဘောကောင်းသူမို့ အလုပ်သမားတိုင်းက ဦးမင်းထည်ကို ချစ်ကြသည်။
ဦးမင်းထည်ခိုင်းလျှင် မည်သည့်အလုပ်ကိုမဆို မညီးမညူဖြင့်လုပ်ပေးကြသော်လည်း ဒေါ်မူယာနွယ်ဆိုလျှင်တော့ သူသွား၊ ငါသွားနှင့်ပင်ဖြစ်သည်။
အိမ်ကြီး ကြီးသလောက် အလုပ်သမားများလည်းများသည်။ တစ်ခါတရံ သူသဘောမကျသူတွေ့လျှင် အလုပ်ထုတ်ပစ်ဖို့ကို ၀န်မလေးတတ်။စကားပြောပြေပြစ်ပြီး အလုပ်ကိုစေ့စေ့စပ်စပ်လုပ်တတ်သည့် မမမြင့်ကိုတော့ ဒေါ်မူယာနွယ်က ပို၍သဘောကျသည်။
ထို့ကြောင့် အိမ်ကြီးနှင့် အမြဲအဆက်အဆံလုပ်ရသူမှာ မမမြင့်နှင့် အနီးကပ်နေရသည့် သူလည်း အပါအ၀င်ဖြစ်ခဲ့သည်။

တစ်ခါတရံ လင်မယားနှစ်ယောက်လုံး သားကိုတွေ့ဖို့ရန်အတွက် နိုင်ငံခြားသို့ သွားလေ့ရှိသည်။ တစ်ဦးတည်းသောသားလို့ ပြောသော်လည်း သူစရောက်သည့်အချိန်ကစပြီး တစ်ခါမှမတွေ့ဖူးခဲ့ ။
သိချင်စိတ်ကြောင့် မမမြင့်ကိုစပ်စုကြည့်မိတော့…

"မမမြင့် သူတို့သားကို တွေ့ဖူးလား"

"အင်း…အစ်ကိုလေးကိုပြောတာလား ။ တွေ့ဖူးတယ်လေ မေရဲ့ "

"သူကဒီမှာမနေဘူးလား"

"မမမြင့် မေ့ကိုလာခေါ်တဲ့အချိန်ကပြန်သွားတာ နေမယ် ။ နိုင်ငံခြားမှာ ကျောင်းတက်နေတာထင်တယ် ။ အရပ်ကြီးကလည်း ရှည်ရှည်နဲ့ တော်တော်ချောတယ် ။ ရုပ်ကတော့ သူ့အမေလိုတည်ပေမဲ့ စကားပြောချိုတယ် မေရဲ့ ။ အစ်ကိုလေးက သဘောကောင်းပါတယ် "

"အော်…မမ မိုးတို့ကို မလွမ်းဘူးလား "

"မမမြင့် ဟိုတစ်နေ့က ဂေဟာကစာတစ်စောင်ရတယ် ။ ပြောဖို့မေ့နေတာ သီတာတစ်ယောက် အိမ်ထောင်ကျသွားပြီတဲ့ လူကောင်းသူကောင်းလေးလို့ပြောတယ် ။ နောက်‌တော့ မိုးကိုလည်း သူနဲ့အတူနေဖို့ လာခေါ်သွားတယ်တဲ့ "

"ဟင်…ဟုတ်လား"

သီတာဆိုတာ မိုးရဲ့ အချစ်ရဆုံးအစ်မတစ်ယောက်ဖြစ်သည်။ သူ့အတွက် မမမြင့်က အမေတစ်ယောက်လိုဆိုလျှင် မိုးအတွက်တော့ မမသီတာကိုသာ ညွှန်ပြရပါလိမ့်မည်။ မမသီတာထွက်သွားတုန်းကလည်း မိုးလည်းသူ့လို ၀မ်းနည်းနေခဲ့ရှာမှာ ။

နေ့ရက်တွေ အလီလီပြောင်းခဲ့ပြီးမှာတော့ အိမ်ကြီးရှင်သခင်မရဲ့ ခင်ပွန်းသည် လူကြီးရောဂါဖြင့် ဆေးရုံတက်ခဲ့ရသည်။ အိမ်ရှိ အလုပ်သမားများမှာတော့ ချစ်ခင်ရသည်မို့ စိတ်မကောင်း။ ဒေါ်မူယာနွယ်က နိုင်ငံခြားသို့ ဆေးသွားကုရန် ဖြောင်းဖျသော်လည်း ‌ဦးမင်းထည်က လက်မခံ။
ဤသို့ဖြင့် ကံကြမ္မာသည် တစ်ပတ်လည်ခဲ့သည်။

အဖေ့ကျန်းမာရေးကြောင့် နိုင်ငံခြားမှ ပြန်ရောက်လာသူသည် မမမြင့်ပြောခဲ့သလို ခပ်ချောချော
ရွှေလင်ပန်းနှင့်အချင်းဆေးလာသည့် အိမ်ကြီးရှင်ရဲ့ အသည်းညှာ တစ်ဦးတည်းသောသားလေး ခီမင်းနွယ်ပင် ဖြစ်သည်။

ဦးမင်းထည်ကတော့ သားမျက်နှာကို မြင်ရလို့မလား မသိ နောက်ဆံမတင်းဘဲ လူကြီးရောဂါနှင့်ပင် လူ့လောကြီးမှ ထွက်ခွာသွားလေသည်။ ထိုအချိန်မှစ၍ အိမ်ကြီးသို့ ပြန်လာခဲ့သော ခီမင်းနွယ်နှင့် သူတစ်တစ်စပို၍ပင် ရင်းနှီးလာခဲ့သည်။

သူများတွေကို ခပ်တည်တည် ခပ်တန်းတန်းသာ ဆက်ဆံတတ်သော သူသည် မေ့ကိုတော့ ပြုံးပြုံးချိုချိုနှင့် ဆက်ဆံတတ်သည်။
အလုပ်သမားတိုင်းက အစ်ကိုလေးလို့ ခေါ်ပေမဲ့ သူမကိုတော့ အစ်ကိုလို့ နှစ်လုံးတည်းသာ ခေါ်စေသည်။တစ်ခါတရံ သူမနေရာ အလုပ်သမားတန်းလျားသို့ ပန်းတစ်ပွင့် လာလာပေးတတ်သည်။ ‌သိလိုက်ရတဲ့ အရာက မိုးကျရွှေကိုယ် သူဌေးသားလေးက သူမကို ချစ်နေခဲ့ပါသည်တဲ့။

ရူးရူးမိုက်မိုက် အရွယ်မို့ ရူးမိုက်စွာနှင့် ရှေ့ဆက်တိုးခဲ့သူမှာ နှစ်ယောက်လုံးပေမို့ ဘယ်သူ့ကိုမှအပြစ်မတင်ရက်။ သူ့ကြောင့်နှင့် အမြဲ သားအမိနှစ်ယောက် ရန်ဖြစ်သံကြားလျှင် စိတ်ထိခိုက်ရသည်။
မမမြင့်ကလည်း အခြေအနေတွေသိပြီးနောက် အသိရှိရာ ဧရာဝတီတိုင်းက မြို့လေးတစ်မြို့တွင် သွားနေကြဖို့ ပြောလာသည်။ ဒီရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကြီးမို့ သူလည်း မမမြင့်နှင့် အတူထွက်သွားရန်သဘောတူခဲ့သည်။ မသွားခင်ရက်ပိုင်းအလိုမှာပင် သိလိုက်ရသည်က ရင်သွေးလေးရှိနေပါပြီတဲ့။

သိလျှင်သိချင်း အစ်ကို့ကိုမပြောဖို့ရန် တားခဲ့ပေမဲ့ အစ်ကိုကတော့ သိနှင့်နေခဲ့ပြီ။
ဒေါ်မူယာနွယ်လည်း မတတ်သာတဲ့ အဆုံး သူမတို့နှစ်ယောက်လုံးကို အကျဉ်းချုံး တိတ်တဆိတ်သာ လက်ထပ်ပေးခဲ့သည်။ လောကကြီးမှာ သွေးသားရင်းဆိုလို့ အမေတစ်ယောက်သာ ရှိတော့သည်မို့ အစ်ကိုက သိပ်ကျေနပ်ပုံမရသော်လည်း ဘာမှပြောမထွက်။

"ကိုယ်တို့ ကလေးလေးမွေးရင် ဘယ်လိုနာမည်ပေးကြမလဲ မေ"

"အင်း…အစ်ကိုအဆင်ပြေသလိုပေးပေါ့ "

"Due dateက 4လပိုင်းဆိုတော့ သင်္ကြန်လမွေးမယ်ထင်တယ် မေရဲ့ "

"မေလည်း လေးလပိုင်းမွေးတာမလား "

"အင်း…ဟုတ်တယ် ။ မေတို့ သင်္ကြန်အငွေ့အသက်လေးပါအောင်ပေးချင်တယ် ။ သင်္ကြန်ဆိုတာ မြန်မာနှစ်ရဲ့ အစပိုင်းလမဟုတ်လား။

မေတော့…အစ်ကို့နာမည်လည်း ပါအောင်…
ခီတန်ခူးဇဏ်…လို့ပေးချင်တယ် "

"ခီတန်ခူးဇဏ်…အင်း…လှတယ် မေ့နာမည်လည်းပါတယ် ။ ကိုယ်တို့ ဒီလိုလေးပေးကြတာပေါ့ "

"အစ်ကို့အမေကို မေးရဦးမယ်လေ "

"မာမီလည်း သဘောကျမှာပါ မေရဲ့ ။ အခုတလော...မာမီလည်း မေ့ကို ကြည်လာပုံပဲ ။ ‌တွေ့ရင် မေးတယ် "

တဖြည်းဖြည်း မွေးမဲ့ရက်နီးလာသလို အစ်ကိုလည်း မိသားစုပိုင်ကုမ္ပဏီကြောင့် အလုပ်တွေရှုပ်နေခဲ့သည်။
Due dateက ‌ရက်နောက်ကပ်တာကြောင့် အစ်ကိုအလုပ်နှင့် စင်ကာပူကို သွားခဲ့သည် ။

"ကိုယ်…Due Date မတိုင်ခင် မြန်မြန်ပြန်လာခဲ့မယ်နော်…ကျန်းမာရေးသာဂရုစိုက်"

ထိုနေ့က နှစ်ယောက်သားမျက်နှာချင်းဆိုင်ဖြစ်ခဲ့တာ နောက်ဆုံးပင်ဖြစ်သည်။

"အဲ့နောက်ရော…ဆက်ပြောလေ"

ခီတန်ကူးဇဏ်ရဲ့ စကားသံထွက်လာမှ မိုးသန့်ညိမ်လည်း လက်ရှိကမ္ဘာသို့ပြန်ရောက်လာရသည်။

"အဲ့အကြောင်းတွေက…"

အန်တီ့ပုံစံက ဆက်ပြောချင်ပုံမရတာကြောင့် သူလည်း အလိုက်တသိနဲ့ပင် စကားတို့ကိုဖြတ်ရသည် ။

"ကျွန်တော် အိပ်ချင်နေပြီမို့…နောက်မှ ဆက်ပြောလို့ရမလား"

"ညိမ်…အိပ်ချင်နေတာလား…စောစောကပြောတာမဟုတ်ဘူး…လာ…သွားရအောင်"

"ဒါဆိုလည်း နောက်မှပြောတာပေါ့ သားရယ် "

"ဟုတ်ကဲ့…ကောင်းကောင်းအိပ်ပါဗျ "

နှစ်ယောက်သား အပေါ်ထပ်သို့ တက်လာတော့မှ မိုးသန့်ညိမ်သည် လေသံသဲ့သဲ့ဖြင့်…

"မပြောချင်တာကို…ဇွတ်မမေးရဘူးလေ ခီ"

"ဘာလို့လဲ…မေးလို့မရဘူးလား"

"မရတာမဟုတ်ပေမဲ့…တချို့အကြောင်းအရာတွေက မင်းကို စိတ်ထိခိုက်မှာစိုးလို့နေမှာပေါ့ "

"အတိတ်ကကိစ္စတွေအတွက် စိတ်ထိခိုက်စရာမရှိဘူး…
ကျွန်တော့်အတွက်က ညိမ်နဲ့အတူ အေးအေးချမ်းချမ်းနေသွားဖို့ပဲ"

"ညိမ်သိလား…ကျွန်တော် အကုန်သိတယ် "

"ဘယ်လို"

"တချို့ အကြောင်းအရာတွေက ကာယကံရှင်ပြောမှ သိရမှာမဟုတ်ဘူး…ကျွန်တော်စုံစမ်းထားတာ"

"ကျွန်တော့်ကို မွေးပြီးတာနဲ့ ‌ဖွားက မာမီနဲ့ တန်းခွဲခဲ့တာ…သွေးနုသားနုအချိန်မှာ…ကလေးမရှင်ဘူးဆိုပြီး လိမ်ခဲ့တာ...ပြီးတာနဲ့ မာမီ့ကို သူ့တပည့်ရှိတဲ့ တစ်နေရာဆီပို့မလို့လုပ်ခဲ့တာ…ဒါပေမဲ့…သူမပို့ခင် အချိန်မှာတင် ပျောက်သွားတာ"

ကြားလိုက်ရတဲ့ စကားများကြောင့် သူရင်ထဲဒိန်းခနဲ။
ကလေးမီးဖွားခါစ အချိန်ဆိုတာ အတော့်ကို ဂရုသိုက်ရတဲ့အချိန်ပင်။

"ပျောက်သွားတယ်…ဘယ်သူခေါ်သွားတာလဲ "

"အဲ့တာတော့ ကျွန်တော်လည်းမသိဘူး ။ ဒါပေမဲ့လူကောင်းပါပဲ…မာမီ့ကို စောင့်ရှောက်ပေးခဲ့တာပေါ့။ ဒါပေမဲ့ မာမီကအကောင်းအတိုင်း ရောက်သွားတာမဟုတ်ဘူး…စိတ်ရောဂါဖြစ်သွားတယ် "

"စိတ်ရောဂါ…"

"ဟုတ်တယ်…ဒါပေမဲ့ ခေါ်သွားတဲ့သူက ပိုက်ဆံရှိအတန်းစားထဲကမဟုတ်လို့ ဆေးမကုပေးနိုင်ခဲ့ဘူး…ကျွန်တော် US မှာရှိနေစဉ်တစ်လျှောက်လုံး ရတုအကူအညီနဲ့ ပြန်ခေါ်ထားခဲ့တာ…ကျောင်းပြီးတာတောင်မပြန်သေးတာ အဲ့အချက်တွေလည်းပါတယ်…အတွေ့အကြုံယူချင်လို့ဆိုတာ ဟန်ပြသက်သက်ပဲ…တကယ်က ပိုက်ဆံလိုလို့…"

"မင်းအဖွားကပြောတော့ မင်းမဒေစီကိုသဘောကျတာမို့ အနားမှာနေချင်လို့ တမင်အချိန်ဆွဲနေခဲ့တာတဲ့"

"အခုထိ…သူများစကားကို ယုံနေတုန်းပဲလားဗျာ"

"မင်းဒယ်ဒီကရော…မသိဘူးလား"

"မသိခဲ့ဘူး…မီးဖွားရင်း ဆုံးသွားတယ်လို့ တကယ်ထင်နေခဲ့တာ…တကယ်ဘာပြောရမှန်းမသိပါဘူးဗျာ…ကျွန်တော်သာဆိုရင်…ရေဆုံးမြေဆုံးလိုက်ရှာမှာ "

ထိုစကားကြောင့် ညိမ်သူ့ကို တစ်ချက်မော်ကြည့်လိုက်မိသည်။

"ကျွန်တော်…ကျွန်တော် အများကြီးသတိရနေခဲ့တာ "

"အင်း…ငါတောင်းပန်ပါတယ် "

"မလိုပါဘူး…ညိမ်မျက်စိရှေ့မှာ ကျန်းကျန်းမာမာရှိနေတာနဲ့တင် အဆင်ပြေနေပါပြီ"

"ငါ…အိပ်တော့မယ် "

ပြောပြီးသည်နှင့် ညိမ်သည် အိပ်ခန်းထဲသို့ ၀င်သွားသည်။

တကူးတက ထုတ်ပြောစရာမလိုပါဘူး…
တချို့ ချစ်ခြင်းမေတ္တာတွေက အကြည့်ကတစ်ဆင့်
ခံစားမိပါရဲ့။

ဒုတ်!

"ဆောရီး…ညိမ်…အိပ်နေတာ ‌အနှောက်အယှက်ဖြစ်မိပြီ "

"အဲ့တာဘာကြီးလဲ "

မဲမဲအထုပ်ကြီးကို ကိုင်လာတာမို့ သူမေးလိုက်ခြင်း။

"အာ…ခရီးဆောင်အိတ်အသေးစားလေးပါ "

ပြောရင်းနှင့် အိတ်အမဲကိုဖွင့်လိုက်တော့ luggageအညိုရောင်အသေးလေးကထွက်ပေါ်လာသည်။

"ညိမ့်အတွက်"

"ဘယ်လို"

"ကျွန်တော်…ညိမ့်အိတ်ကို ဖျက်စီးလိုက်မိတယ်လေ "

ညနေက အခြေအတင်မှာ သူပစ်ပေါက်ခဲ့တဲ့ အိတ်ကိုတော့မှတ်မိပုံရသည်။ ဒါပေမဲ့ သူ့အတွက် ညတွင်းချင်း ချက်ချင်းသွားဝယ်ပေးမဲ့လို့တော့ မထင်ထားမိဘူး။

"ကျေးဇူးပဲ "

ခီတန်ကူးဇဏ်က ဘာမှမပြော။ ပြုံး၍သာကြည့်နေသည်။ပြီးမှ…

"ကျေးဇူးတွေ…တောင်းပန်ပါတယ်တွေ ကြားရတာ စိမ်းသွားသလိုပဲ…ခံစားရတယ် …ကျွန်တော်ကသာ တစ်ဘ၀စာနီးနေချင်လို့…ခဏတာထွက်သွားခဲ့ပေမဲ့…တစ်ခါတရံ သွားလိုက်တာမှားပြီလားလို့ ခံစားရတယ်...ညိမ်"

"….."

"ကျေးဇူးတင်ရင်…မနက်ဖြန်ကျွန်တော်နဲ့…အပြင်လိုက်ခဲ့ရမယ်"

"……"

ဘာမှပြန်မပြောတာလည်း လက်ခံခြင်းတစ်မျိုးပေမို့ ညိမ်သူနဲ့လိုက်ခဲ့မယ်မှန်း သိသည်။
အခန်းတွင်း၌ ညိမ့်ညောင်းနေတဲ့ အသက်ရှူသံမှန်မှန်လေးထွက်လာမှ သူအပြင်ထွက်လာလိုက်သည်။

"အိပ်မက်လှလှမက်ပါစေ…ညိမ် "

♪••••••••••••

"ညိမ်…ထ…ထ "

ပါးကိုပုတ်ပြီး နှိုးကာမှ အိပ်မှုန်စုံမွှားဖြင့်ထလာသည်။
အသဲယားလာသဖြင့် နှာခေါင်းချွန်ချွန်နစ်ဝင်အောင် နမ်းလိုက်သော်လည်း ဘာအမူအယာမှမပြဘဲ မျက်လုံးတို့ကိုသာမှိတ်ထားသည်။

"ညိမ်က တကယ် အိပ်ပုတ်ပဲ "

"ညိမ်…ထတော့…နမ်းမှာနော် "

"….."

"တကယ်နော်…စနေတာမဟုတ်ဘူး "

ထိုအခါမှ မျက်လုံးတို့ကို ပွတ်ဟန်ပြင်နေသော်ကြောင့် သူအမြန်လှမ်းဆွဲလိုက်ရသည်။

"မင်းလာနှိုးတဲ့…အချိန်လည်းကြည့်အုံးလေ ။ ဘာတွေအရူးထနေတာလဲ"

"ကျွန်တော်နဲ့အပြင်သွားမယ် ပြောထားတယ်လေ "

"ငါပြောမိလို့လား"

"လူလိမ်လေး"

"ကျွန်တော်...အောက်ကစောင့်နေမယ်။အနွေးထည်ထူထူဝတ်လာခဲ့ "

"အင်း"

မိုးသန့်ညိမ်ပြင်ဆင်ပြီး အောက်သို့ ဆင်းလာတော့ စက်ဘီးတစ်စီး ဆင်ဝင်အောက်မှာ ရပ်ထားသည်ကို တွေ့လိုက်ရသည်။

ခီတန်ကူးဇဏ်က ဆွယ်တာအပြာရင့်ရောင် တစ်ထည်နှင့် ပေါ့ပေါ့ပါးပါးဘောင်းဘီပွပွကို ၀တ်ထားသည်။

"ညိမ်…လာလေ။ ဗိုက်မဆာသေးဘူးမလား…အပြင်မှာဝယ်ကျွေးမယ်…လာ…တက်"

စက်ဘီးနောက်ခုံပေါ်သို့ တက်ခိုင်းနေတဲ့ သူကိုကြည့်ပြီး သူလိုက်စီးဖို့ရာ မဝံ့မရဲ ။
ဆိုင်ကယ်ကိုသာ အမြဲလိုလို စီးတတ်သည့်သူက စက်ဘီးနင်းဖို့ဆိုတာ ဖြစ်နိုင်လို့လား။

"မင်း…စက်ဘီးနင်းတက်လို့လား"

"မခက်ပါဘူး…ဆိုင်ကယ်စီးနေကျပဲကို "

"တူမလား"

"ဆိုင်ကယ်တောင် စီးတတ်ပါတယ်ဆို…အေးဆေးပါ..လာပါ…ညိမ်ရဲ့…ကျွန်တော်ကသိပ်စိတ်ရှည်တာမဟုတ်ဘူး…ညိမ်မို့လို့"

မိုးသန့်ညိမ်လည်း ဘာမှပြောမနေဘဲ စက်ဘီးပေါ်သို့သာ တက်လိုက်တော့သည်။
ခီတန်ကူးဇဏ်က စက်ဘီးကို ဖြည်းဖြည်းမှန်သာနင်းနေလေသည်။ တိုက်ခတ်လာသော လေအေးအေးကြောင့် လေ‌အဝေ့မှာ မွှေးပျံပျံ လိမ္မော်ရနံ့လေးကလည်း သူနှာဖျားဝသို့ တစ်ခါတစ်ခါ ကလူကျီစယ်သည်။

လမ်းတစ်လျှောက် ကားများလည်းရှင်းနေကာ တော်တော့်ကို အေးချမ်းလှသော မြို့လေးပင်ဖြစ်သည်။
သူရောက်ဖူးပေမဲ့ ဧည်သည့်သွား ဧည့်သည်လာမို့ လည်ပတ်ပြီးသာ ပြန်ရသည်။
ပိုက်ဆံရှိတဲ့သူတွေကျတော့ အိမ်တောင်ဝယ်ထားပြီး သွားချင်သလိုသွား လာချင်သလိုလာပင်။

"ညိမ့်လက်တွေ အေးစက်နေတာပဲ။ ကျွန်တော့်ကိုဖက်ထား"

သူ့ဆွယ်တာကို ဆုပ်ကိုင်ထားတဲ့လုက်တွေကို ခါးဆီသို့ တင်စေပြီး သူကလက်တစ်ဖက်ဖြင့် ပြန်အုပ်ကိုင်ထားသည်။
ဒါက…အန္တရာယ်များတယ်မဟုတ်ဘူးလား။

စက်ဘီးပေါ်ကလူချင်း အတူတူ သူ့လက်ကျမှ နွေးနေသည်။ လက်ချောင်းသွယ်သွယ်တို့မှ စီးဆင်လာသော အနွေးဓာတ်သည် သူ့လက်နှစ်ဖက်လုံးသို့ ဖြန့်ကျက်ထားသည်။

ဘာလဲ! အရပ်တင်မဟုတ်ဘဲ လက်ပါရှည်လာတာလား!

ကိစ္စအ၀၀ကို သိလိုက်ရပေမဲ့ သိပ်တော့မကျနပ်သေး။
သူသာ တကယ်ချစ်ရင် ‌လွန်ခဲ့တဲ့ ခြောက်လထဲက ‌ဆက်သွယ်ရမှာမဟုတ်ဘူးလား။
အခုကျ အိမ်ကို ချက်ချင်းရောက်လာပြီး သနားစရာမျက်နှာနဲ့ မေမေချက်ကျွေးတဲ့ ထမင်းတောင်စားသွားသေးတယ်
အလကားကောင်!

"ကျွီ!"

ဘရိတ်ကို ဖိလိုက်တဲ့ စက်ဘီးရပ်သံကြောင့် သူ‌အတွေးကမ္ဘာမှ ရပ်တန့်သွားသည်။

"ဟိတ်…ဘာလို့ရပ်"

"ညိမ်…ကြည့်လိုက်"

ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ထွက်လာတဲ့ နေမင်းနဲ့အပြိုင် ဝါဝင်းနေသော ပန်းတွေ။
မြင်နေကျ နေကြာတွေနဲ့ တူသလိုရှိပေမဲ့ အပွင့်တွေက သေချာကြည့်လျှင် ကွာခြားသည်။
မျက်ဆုံးတစ်ဆုံး အဆုံးမရှိတဲ့ ပန်းခင်းကြီးကြောင့် သူမျက်နှာ၌ အပြုံးတို့ဖြစ်ထွန်းလာရသည်။

"နေကြာရိုင်းတွေလေ…တောင်နေကြာပေါ့ …ဆောင်းဝင်လာရင် လှနေရော…ညိမ့်ကိုတစ်ခါလောက် ပြချင်နေခဲ့တာ…ဟိုတစ်ခါ အခြားကိစ္စနဲ့ ပြင်ဦးလွင်ကို ရောက်လာထဲက"

"လှလိုက်တာ"

"အင်း"

"ညိမ်…သိလား"

"ဟင်..."

"နေကြာရိုင်းတွေရဲ့ အဓိပ္ပာယ်က...ယုံကြည်ခြင်း၊ သစ္စာရှိမှုနဲ့ မြတ်နိုးမှုတဲ့…ဟိုနေ့က ကုတင်ဘေးမှာ ထားခဲ့တဲ့ ပန်းလေးကလည်း နေကြာရိုင်းပဲ…
ကျွန်တော့်အတွက် ညိမ်က အဲ့လိုဖြစ်တည်မှုမျိုးပဲ "

"ကျွန်တော့်ကိုသာ ယုံပေးရင်…ညိမ်တစ်ဘ၀လုံး ဘာအတွက်မှ စိတ်အနှောက်အယှက်မဖြစ်စေရဘူး…သစ္စာတရားနဲ့မြတ်နိုးမှုက ညိမ့်အတွက်ပါပဲ "

"……"

"ကျွန်တော် ညိမ့်ကို ချစ်တာထက်ပိုတယ်…ညိမ်နဲ့ပဲ
တစ်ဘ၀လုံးကုန်ဆုံးသွားချင်တယ်။စက်ဘီးနင်း‌နေရင်း သိလိုက်ရတာက ချစ်ရသူနဲ့သာ အတူရှိရင် ခါးပေါ်က လက်လေးတစ်စုံကလည်း ပျော်ရွှင်စေတာပဲလားလို့…

ချစ်ခြင်းမေတ္တာကလွဲ ဘာမှမရှိတဲ့ကောင်မို့ ကျွန်တော့်ကို ပြန်လက်ခံပေးပါလား "

ညိမ် သက်ပြင်းငွေ့ငွေ့ချလိုက်ရင်း…

"အမှန်အတိုင်းပြောရရင် ငါမတွဲချင်ဘူး...မင်းတို့မိသားစုအရှုပ်တော်ပုံထဲလည်း ၀င်မပါချင်ဘူး…ငါကစိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာတွေဆို ဝေးဝေးကရှောင်တယ်…စိတ်အနှောက်အယှက်ပေးတာနဲ့ ပတ်သက်တဲ့လူကိုကြည့်လိုက်လည်း အမြဲမင်းပဲ…တိုက်ရိုက်မဟုတ်တောင် မင်းနဲ့ပဲ တစ်မျိုးတစ်ဖုံပတ်သက်နေတာပဲ…"

ခီတန်ကူးဇဏ်ရဲ့ မျက်နှာသည် ညှိုးငယ်နေသည်။
အမှန်တရားတွေမို့…သူဘာပြောရမှန်းမသိပေ။
ညိမ်သူ့ကို ပြန်လက်ခံပါ့မလား။

"ကျွန်တော်…ကျွန်တော်တောင်းပန်ပါတယ်"

"ဒါပေမဲ့ ဒီတစ်ခါတော့ မင်းကိုခွင့်လွှတ်ပေးလိုက်မယ် "

"တကယ်လား…ဘာလို့လဲညိမ် "

"ဘာလို့လဲဆိုတော့…ငါလည်းမင်းကိုချစ်လို့ပေါ့ ခီ"

"ညိမ်က…ဗျာ"

ပြောရင်းနှင့်ပင် မိုးသန့်ညိမ်သည် ခီတန်ကူးဇဏ်၏ ရင်ခွင်အတွင်းသို့ လုံးလုံးလျားလျား ကျရောက်သွားရသည်။
အေးနေသော လေထုသည် ချစ်ခြင်းအားဖြင့် နွေးနေသော ကောင်လေးနှစ်ယောက်၏ ကြားထဲသို့ မ၀င်နိုင်တော့ပေ။

"ကျွန်တော်တို့ ဓာတ်ပုံရိုက်ကြရအောင်"

"ဘာလုပ်မှာလဲ "

"လာပါ…ညိမ်ကလည်း"

ဤသို့ဖြင့်  ‌တောင်နေကြာပန်းခန်းကြီးကို နောက်ခံထားကာ ရိုက်ခဲ့သော ပုံတို့သည် ဖုန်း storage ထဲ၌သာမက နှလုံးသားထဲအထိပါ မှတ်တမ်းတင်သွားသည်မှာ ကာယကံရှင်ကိုယ်တိုင်သာ သိလိမ့်မည်။

‌နေကြာပန်းခင်းမှတစ်ဆင့် ကော်ဖီခြံသို့သာ နှစ်ယောက်သားရောက်ခဲ့ကြသည်။
ခီတန်ကူးဇဏ်က…မြို့မဈေးမှာ မုန့်ဝယ်ကျွေးသည်။ပုဝါများကိုလည်း မေမေ့အတွက်ဆိုပြီး အများကြီးဝယ်နေတာကြောင့် ညိမ့်မှာဆွဲရသေးသည်။မေမေဆိုတော့ အန်တီတန်ခူးမေကိုပြောသည်လို့ ထင်လိုက်ပေမဲ့ ညိမ့်မေမေပါတဲ့လေ။
ထို့နောက်တွင်တော့ နှစ်ယောက်သား အိမ်သို့ပြန်လာခဲ့ကြသည်။

"ညိမ်"

"ဟင်"

"ကျွန်တော် ညောင်းလာပြီ "

"ဘယ်လို…အိမ်မရောက်သေးဘူးမလား"

"လိုသေးတယ်"

"မင်း…တကယ်လား"

"အော်…နောက်ပါ့မလား။ စက်ဘီးနဲ့ဆိုင်ကယ်က ညိမ်ပြောသလို တူတော့မတူဘူးနော် ။ ခြေထောက်တွေညောင်းလာတယ် ။ တစ်နေရာရာမှ ထိုင်ပြီးမှသွားကြမလား "

အိမ်ကို တမင်မပြန်ချင်‌ဘဲ ဉာဏ်ဆင်နေတာသိလိုက်ရတာမို့…

"ရတယ်…ငါကျွမ်းတယ် ။ မင်းဆင်း…ငါနင်းမယ် "

"ဟင်…ဖြစ်ပါ့မလား ညိမ်ရဲ့"

"ဖြစ်တယ်…မင်းဆင်းစမ်းပါ"

"ဟို…လေ"

"စကားမများနဲ့…ငါနင်းမယ်…ဖယ်"

ထိုသို့ဖြင့် အပြန်လမ်းတွင် မိုးသန့်ညိမ်ကသာ တစ်လျှောင်လုံးနင်းခဲ့ရလေသည်။ ခီတန်ကူးဇဏ်က ခါးကိုဖက်ရုံတင်မကဘဲ တစ်လမ်းလုံး ချမ်းတယ်ဆိုကာ ပါးဖြင့် သူ့ကျောပြင်တစ်လျှောက်ကပ်လာ‌လေသည်။ပြောလည်း နားမထောင်တာကြောင့် သူပြိုင်ပြော‌မနေတော့....အရပ်ရှည်ပေမဲ့ သူ့ထက်နှစ်နှစ်ငယ်နေတာပဲလေ။

မိုးသန့်ညိမ်က လေသံတိုးတိုးလေဖြင့် ရေရွတ်လိုက်သည်။
"ခီတန်ကူးဇဏ်ဟာလေ…အမြဲဒုက္ခမပေးရရင်မနေတတ်ဘူး"

ခါးပေါ်ရှိ ခီတန်ကူးဇဏ်၏ လက်တွေသည် ပို၍ပင်တင်းကျပ်သွားပြီ…

"ညိမ်ကလည်း…ခီလို့ခေါ်ပါဆို…ဒုက္ခလို့ကြားလိုက်တယ်နော် "

"မင်းကငါ့အတွက် ဒုက္ခပဲလေ"

"ဘာလဲ ချစ်ဒုက္ခလေးမလား ကျွန်တော်က"

"မင်းအသံ ဩရှရှကြီးနဲ့ ဘယ်လိုတွေ ချွဲပြီးပြောနေတာလဲ ခီ"

ပြန်တွေ့တည်းက စကားပြောပုံကအစ ကလေးနဲ့တဖြည်းဖြည်းတူလာတာမို့ မေးလိုက်သည်။ ဟိုးအရင် ဆယ်ကျော်သက်တုန်းကကျ လူကြီးတစ်ယောက်လို နေခဲ့ပြီး နှစ်ဆယ်ကျော်ခါမှ  ကလေးပြန်လုပ်ချင်နေသူကို နားမလည်နိုင်။

"ညိမ်က…ချွဲရင် သဘောကျတယ်ဆို"

"ဘယ်သူပြောလဲ"

"….."

"မိုးသက်ပြောတာ"

"မင်း…သူနဲ့တွေ့ခဲ့တာလား"

"အင်း"

"သူပြောတယ်။ ညိမ်က ချွဲတာတို့ ကပ်နေတာမျိုးကို သဘောကျတယ်တဲ့…ညိမ်စိတ်ဆိုးရင် ချွဲလိုက်တာပဲလို့ သူပြောတယ် "

"ဟား…ဟား"

"ညိမ်…ဘာရယ်တာလဲ "

"ဘာမှမဟုတ်ပါဘူး…သူများပြောတိုင်း ယုံတာပဲလား"

"သူများမှမဟုတ်တာ…ယောက်ဖပဲဟာကို "။

"ခီ!"
မိုးသက်မာန်ဆိုတာ ညိမ်ရဲ့ ညီလေးပင်ဖြစ်သည်။ သူ့အိမ်သို့ လာတဲ့ခဏလေးအတွင်း ဘယ်လိုနှစ်ယောက်သားတွေ့ပြီး ဘာတွေပြောခဲ့ကြလဲမသိ။‌
သေချာတာတစ်ခုကတော့…မိုးသက်မာန်ရဲ့ ဂျင်းထည့်ခြင်းကို ခီခံလိုက်ရလေပြီ။

"ဆောရီး…ဆောရီး…ဒါနဲ့ ညိမ်ကမကြိုက်ဘူးလား"

"မကြိုက်ဘူးဆိုရင်ကော"

"မကြိုက်ဘူးဆိုရင်တော့…ဆက်မလုပ်တော့ဘူးလေ။ညိမ်မကြိုက်တာ ဘာမှမလုပ်ပါဘူး"

"ကြိုက်တယ်ဆိုရင်တော့…ညိမ်ရဲ့ တစ်ဦးတည်းမူပိုင် ခွေးပေါက်လေးလုပ်ပေးပါ့မယ် "

"ခွေးပေါက်…မင်းအဖွားသာသိရင် ရင်ထုမနာဖြစ်နေတော့မယ်နော် ခီ"

"ညိမ်ကြိုက်ဖို့အရေးကြီးတယ်လေ…အခြားသူတွေကအရေးမပါဘူး"

"ငါမကြိုက်တဲ့ အရာတွေကို မင်းတကယ်မလုပ်ဘူးပေါ့ ခီ"

"ဒါပေါ့…အဲဒါပေမဲ့ တချို့ကိစ္စတွေတော့မပါဘူး"

"တချို့ကိစ္စ?"

"လူကြီးကိစ္စတွေကို ပြောတာပါ ညိမ်ရဲ့"

"ခီတန်ကူးဇဏ်!"

"စတာ စတာ"

"မစနဲ့"

"ဟုတ်"

အပြန်လမ်းသည် အသွားလမ်းနှင့် မတူ။
အသွားမှာ တိတ်ဆိတ်ပြီး နှစ်ယောက်သား ငြိမ်သက်ခဲ့ကြပေမဲ့ အပြန်မှာတော့ ပြုံးပျော်ကာ စနောက်နေခဲ့ကြသည်။
ချစ်ခြင်းမေတ္တာတွေဟာ…ပွင့်လင်းသွားရင်
ပိုလှလာတယ်ဆိုတာ ဟုတ်လိမ့်မည်။

──────────────────

𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ

Continue Reading

You'll Also Like

1.5M 61.5K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
145K 19K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
245K 21.3K 47
နူးညံ့သော ချစ်ခြင်းနှင့် လှပသော မေတ္တာတို့ ပေါင်းစပ်ဖွဲ့စည်းအပ်သည့် အို... ချစ်ခြင်းမေတ္တာ။ ထာ၀ရအတွက် မဟုတ်တောင် တစ်ဘ၀စာအတွက် ကျေနပ်ရပါတယ်။ 📖 - 1/06...
96.6K 8.2K 41
အာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု