ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချ...

Autorstwa Raven25Aunn

5.8K 558 21

Credited to original Author and eng translaters MM translation Of A Filthy Rich Hamster In The Apocalypse S... Więcej

Summary
ဝူယီဟာဟမ်းစတားလေးတစ်ကောင်ပါ(1)
Chapter1.2
chapter 1.3
Chapter 1.4
ဝူယီငါးစားလို့မရဘူး
Chapter 2.2
ဝူယီကအထီးကျန်တဲ့ဟမ်းစတားလေးပါ
Chapter-3. 2
Chapter 3.3
ဝူယီရဲ့နောက်ဆုံးဖုန်းခေါ်ဆိုမှု
chapter 4.2
Chapter 4.3
ဝူယီကနက်ရှိုင်းစွာအိပ်မောကျသွားပြီ
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
ဝူယီခြေနှစ်ချောင်းသတ္တဝါဖြစ်သွားပြီ
Chapter 6.2

Chapter2.3

138 23 1
Autorstwa Raven25Aunn

Chapter 2.3
Unicode
"ရဲတွေကို အနှောင့်အယှက်ပေးရမယ်။  အဲဒါကို ပြန်တွေးကြည့်တော့ နည်းနည်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။”

နင်းဖန် ကစိတ်လှုပ်ရှားစွာ ပြောသော်လည်း မိုဟေး၏ ရာသီဥတုကို သတိရသောအခါတွင် သူ စိတ်ဓာတ်ကျလာပြန်သည်။  “ဒါပေမယ့် နွေးနွေးထွေးထွေးရှိတဲ့ ဟာဝိုင်အီကို ထွက်ခွာပြီး အေးခဲပြီး ချမ်းစိမ့်နေတဲ့ မိုဟေးကို ဘာကြောင့် သွားရမှာလဲ။  အရမ်းဝေးပြီ၊ အရမ်းဒုက္ခများတာပဲ QAQ"

"မင်းတို့ နိုင်ငံကိုသာ မြန်မြန်ပြန်လာကြစမ်းပါ" ဝူဝန်းချီ က ရယ်ပြီး ကြိမ်းမောင်းလိုက်တယ် "မင်း အေးခဲနေဖို့ ထိုက်တန်တယ်!"

"ခင်ဗျားက အရမ်းရက်စက်လွန်းတယ်။"

နျွဲ့ရှောင် သည် “မိုဟေး” ဟူသော စကားလုံးကို အာရုံစိုက်ထားပြီး ယခုအချိန်တွင် အပြစ်ကင်းစင်ပြီး မသိနားမလည်မှုတွေပြည့်နှက်နေသော မျက်နှာဖြင့် သေးငယ်သော ဒန်းလေးပေါ်တွင် စီးနေသော ဖက်ထုပ်လေးကို တစ်ချက် ငုံ့ကြည့်လိုက်သည်။
နျွဲ့ရှောင်ကြည့်နေတာကို သတိထားမိသွားတဲ့ဖက်ထုပ်လေးက သူ့ခေါင်းကို စောင်းပြီးပြန်ကြည့်လိုက်သည့်။

"Chi !?"

"ကလေး၊  Daddy ဒီတစ်ခါတော့ ငါးစားဖို့ မခေါ်နိုင်တော့ဘူး"  နျွဲ့ရှောင်သည် ထိုင်ခုံမှထကာ အရုပ်အိမ်ရှေ့တွင် ထိုင်လိုက်ပြီး ရက်စက်သောသတင်းကို ဝမ်းနည်းစွာကြေညာလိုက်သည်။

“!!!!!!”  ဟမ်းစတားလေးဟာ ဤသတင်းကြောင့် ထိတ်လန့်သွားပြီး ကြိုးဒန်းပေါ်ကနေ ချက်ခြင်းပြုတ်ကျသွားသည်။  နျွဲ့ရှောင်သည် ဟမ်စတာလေးကို ဖမ်းရန် သူ့လက်ကို အမြန်ဆွဲထုတ်လိုက်တဲ့အခါ ဟမ်းစတားလေးရဲ့မျက်နှာက သူ့လက်ဖဝါးကို တိုက်ရိုက်နမ်းမိသွားသည်။

နင်းရှောင်သည် ဖက်ထုပ်လေးကို ကိုင်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် ထိုင်ဖို့နေရာချထားလိုက်သည်။  ထို့နောက် မကျေနပ်ချက်များနှင့် ပြည့်နှက်နေသော နက်မှောင်သော မျက်လုံးလေးတစ်စုံကို သူတွေ့လိုက်ရသည်။ သူ့မျက်လုံးများသည် သူ့အား မခေါ်သွားခြင်းကြောင့် မျက်ရည်များ ပြည့်နေပြီဖြစ်သည်။

နင်းရှောင်သည် ဤသနားစရာကောင်းသော အသွင်အပြင်ကို မကြည့်နိုင်ဘဲ အနည်းငယ် တစ်ချက်ကြည့်ကာ နောက်လှည့်မကြည့်တော့ပေ။

Chi!"

နောက်ထပ် နူးညံ့တဲ့ အော်ဟစ်သံလေးသည်သံသယတွေနဲ့ ပြည့်နှက်နေသည်။

ကလေးကိုမခေါ်နိုင်တာ ဘာကြောင့်လဲ၊ ဒီကလေးက အရမ်းလိမ္မာတဲ့ဟမ်းစတားလေးပါ QAQ။

နျွဲ့ရှောင်က သူတကယ်နားလည်လား မသိပေမယ့် ဖက်ထုပ်လေးရဲ့ ခေါင်းကို ပွတ်သပ်ရင်း “လိမ္မာပါတယ်။   Daddyက မင်းကို မခေါ်ချင်တာမဟုတ်ပါဘူး၊ ဒီမစ်ရှင်အတွက် ရာသီဥတုက အရမ်းအေးတဲ့ မြောက်ဘက်အစွန်မှာမို့ မင်း ခံနိုင်မှာမဟုတ်ဘူး။  အနုတ် ဆယ်ဒီဂရီမှာ မင်းက ရေခဲရုပ်သေးသေးလေးအဖြစ် အေးခဲသွားလိမ့်မယ်။”

တရုတ်နိုင်ငံ၏ မြောက်ဘက်အကျဆုံး ခရိုင်အဆင့် အုပ်ချုပ်ရေးဒေသဖြစ်သော မိုဟေးသည် ယခု ဖေဖော်ဝါရီ လအစတွင် ပျမ်းမျှ နေ့စဉ်အပူချိန် အနုတ် ၁၁ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်ခဲ့ပေ။

နျွဲ့ရှောင်၏ ရှင်းပြချက်ကို နားထောင်ရင်း၊ ဟမ်စတားလေးသည် ဝမ်းနည်းစွာ 'chi wu' လို့ ညည်းတွားပြီး ၎င်း၏ ခြေသည်းလေးနှင့် ခြေဖဝါးလေးကို ကြည့်လိုက်သည်။  သူ့ခန္ဓာကိုယ်သေးသေးလေးကို အသုံးမချနိုင်လို့ အရမ်းစိတ်ပျက်သွားသည်။

ကွန်ပြူတာ၏ အခြားတစ်ဖက်ရှိ လူများနင့် ဗီဒီယိုခေါ်ဆိုမှုကို မရပ်တန့်ရသေးပေ။ နင်းဖန်နှင့် အခြားသူများသည် နျွဲ့ရှောင် နှင့်  ဟမ်းစတားလေးများကြားက လေးနက်စွာ မျိူးစိတ်ခြားအပြန်အလှန် ပြောဆိုမှုကို ကြားသောအခါတွင် ရုတ်တရက် ရယ်ချင်သော်လည်း မဝံ့မရဲ ဖြစ်နေကြသည်။

သူတို့ရဲ့ဘောစ့်က မွေးထားတဲ့ ဒီ ဟမ်းစတားလေးကို အစကတည်းက သူတို့သိခဲ့ကြပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ့ကို မွေးစားပြီးထဲက နျွဲ့ရှောင်က သူ့ကို အရမ်းဂရုစိုက်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြချေ။

နျွဲ့ရှောင် ၏ အေးခဲနေသောသော ရေခဲတောင်မျက်နှာကို ကြည့်ရင်း၊ ဤလူသည် အမှန်တကယ် 'အသည်းစွဲ ဟမ်းစတားအစေခံ' ဖြစ်နေမည်ဟု ဘယ်သူက စိတ်ကူးနိုင်မည်နည်း။  ဟမ်းစတားလို ချစ်ဖို့ကောင်းပြီး နုနယ်သေးတဲ့ အကောင်ငယ်လေးနဲ့ လုံးဝထပ်တူမကျတဲ့ ကိုယ်နေစိတ်ထားကို ကြည့်လိုက်ပါ။  သူ့အကြောင်းကိုပြောပြရင်တောင်  လူတွေကယုံကြမှာမဟုတ်ဘူး။

ဒါတောင် ဒါက အမှန်ပါပဲ။  ယခုလည်း ဤလိမ္မာပါးနပ်သောကလေးလေးသည် ၎င်းတို့၏ ရဲဘော်အဖွဲ့တစ်ခုလုံး၏ အချစ်တော်လေးဖြစ်နေပြီဖြစ်သည်။

"မငိုပါနဲ့ အလုပ်သမားလေး၊ ဒီအစ်ကိုက မင်းဝါးဖို့ အရှေ့မြောက်က ထင်းရှူးစေ့တွေ ပြန်ယူလာခဲ့မယ်!"  ဟုNing Feng သည် ဖန်သားပြင်ကအော်ပြောလိုက်သဖြင့် ဟမ်းစတားလေးက ဒေါသတကြီးဖြင့် "Chi" ဟုပြန်အော်လိုက်လေသည်။
"ဝူယီ" အလုပ်သမားနေ့မဟုတ်ဘူး!!!

ဟမ်းစတားကလေးသည် သူ့ပါးပြင်အိတ်ထဲမှ ဖရဲသီးစေ့ကို အမြန်တွန်းထုတ်ကာ အခွံခွာလိုက်သည်။  ထို့နောက် အခွံခွာထားသော အရေပြားကို မြှောက်ကာ ကွန်ပြူတာစခရင်ကို ဦးတည်ရင်း ပစ်ချလိုက်သည်။

ဤကဲ့သို့ဆက်တိုက်လုပ်ဆောင်မှုများသည် ၎င်းအခိုက်အတန့်တွင် သူ၏ဒေါသကို လေးလေးနက်နက်ဖော်ပြနေသည်။

သို့သော်၊ ဤချစ်စရာကောင်းသော လှုပ်ရှားမှုသည် လူတိုင်းထံမှ ရယ်မောသံများကိုသာ ထွက်ပေါ်လာစေသည်။  နျွဲ့ရှောင်၏ နှုတ်ခမ်းထောင့်ပင် အနည်းငယ် မြင့်တက်သွားသည်။

"ကောင်းလိုက်တာ၊ မင်းရဲ့ အလုပ်သမားက တကယ်ကို ကြီးပြင်းလာတာပဲ!"
Ning Feng  ကချဲ့ကားပြီးပြောလိုက်သည်။

"Chii!!!"  စိတ်ဆိုးတယ်။

Note
ထပ်ပျောက်သွားတာတောင်းပန်ပါတယ် နွဲ့အစ်ကိုဆီကအဆူခံပြီးပြီးမလို့ update မှန်အောင်ကြိုးစားပါမယ်
See u next Friday
ေနာက်တစ်ပတ်သောကြာကျပြန်တွေ့ကျမယ်နော်

Chapter 2.3
Zawgyi

"ရဲေတြကို အေႏွာင့္အယွက္ေပးရမယ္။  အဲဒါကို ျပန္ေတြးၾကည့္ေတာ့ နည္းနည္း စိတ္လႈပ္ရွားစရာ ေကာင္းတာပဲ။”

နင္းဖန္ ကစိတ္လႈပ္ရွားစြာ ေျပာေသာ္လည္း မိုေဟး၏ ရာသီဥတုကို သတိရေသာအခါတြင္ သူ စိတ္ဓာတ္က်လာျပန္သည္။  “ဒါေပမယ့္ ေႏြးေႏြးေထြးေထြးရွိတဲ့ ဟာဝိုင္အီကို ထြက္ခြာၿပီး ေအးခဲၿပီး ခ်မ္းစိမ့္ေနတဲ့ မိုေဟးကို ဘာေၾကာင့္ သြားရမွာလဲ။  အရမ္းေဝးၿပီ၊ အရမ္းဒုကၡမ်ားတာပဲ QAQ"

"မင္းတို႔ ႏိုင္ငံကိုသာ ျမန္ျမန္ျပန္လာၾကစမ္းပါ" ဝူဝန္းခ်ီ က ရယ္ၿပီး ႀကိမ္းေမာင္းလိုက္တယ္ "မင္း ေအးခဲေနဖို႔ ထိုက္တန္တယ္!"

"ခင္ဗ်ားက အရမ္းရက္စက္လြန္းတယ္။"

နြၽဲ႕ေရွာင္ သည္ “မိုေဟး” ဟူေသာ စကားလုံးကို အာ႐ုံစိုက္ထားၿပီး ယခုအခ်ိန္တြင္ အျပစ္ကင္းစင္ၿပီး မသိနားမလည္မႈေတြျပည့္ႏွက္ေနေသာ မ်က္ႏွာျဖင့္ ေသးငယ္ေသာ ဒန္းေလးေပၚတြင္ စီးေနေသာ ဖက္ထုပ္ေလးကို တစ္ခ်က္ ငုံ႔ၾကည့္လိုက္သည္။
နြၽဲ႕ေရွာင္ၾကည့္ေနတာကို သတိထားမိသြားတဲ့ဖက္ထုပ္ေလးက သူ႔ေခါင္းကို ေစာင္းၿပီးျပန္ၾကည့္လိုက္သည့္။

"Chi !?"

"ကေလး၊  Daddy ဒီတစ္ခါေတာ့ ငါးစားဖို႔ မေခၚႏိုင္ေတာ့ဘူး"  နြၽဲ႕ေရွာင္သည္ ထိုင္ခုံမွထကာ အ႐ုပ္အိမ္ေရွ႕တြင္ ထိုင္လိုက္ၿပီး ရက္စက္ေသာသတင္းကို ဝမ္းနည္းစြာေၾကညာလိုက္သည္။

“!!!!!!”  ဟမ္းစတားေလးဟာ ဤသတင္းေၾကာင့္ ထိတ္လန႔္သြားၿပီး ႀကိဳးဒန္းေပၚကေန ခ်က္ျခင္းျပဳတ္က်သြားသည္။  နြၽဲ႕ေရွာင္သည္ ဟမ္စတာေလးကို ဖမ္းရန္ သူ႔လက္ကို အျမန္ဆြဲထုတ္လိုက္တဲ့အခါ ဟမ္းစတားေလးရဲ႕မ်က္ႏွာက သူ႔လက္ဖဝါးကို တိုက္႐ိုက္နမ္းမိသြားသည္။

နင္းေရွာင္သည္ ဖက္ထုပ္ေလးကို ကိုင္လိုက္ၿပီး သူ႔လက္ဖဝါးေပၚတြင္ ထိုင္ဖို႔ေနရာခ်ထားလိုက္သည္။  ထို႔ေနာက္ မေက်နပ္ခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနေသာ နက္ေမွာင္ေသာ မ်က္လုံးေလးတစ္စုံကို သူေတြ႕လိုက္ရသည္။ သူ႔မ်က္လုံးမ်ားသည္ သူ႔အား မေခၚသြားျခင္းေၾကာင့္ မ်က္ရည္မ်ား ျပည့္ေနၿပီျဖစ္သည္။

နင္းေရွာင္သည္ ဤသနားစရာေကာင္းေသာ အသြင္အျပင္ကို မၾကည့္ႏိုင္ဘဲ အနည္းငယ္ တစ္ခ်က္ၾကည့္ကာ ေနာက္လွည့္မၾကည့္ေတာ့ေပ။

Chi!"

ေနာက္ထပ္ ႏူးညံ့တဲ့ ေအာ္ဟစ္သံေလးသည္သံသယေတြနဲ႔ ျပည့္ႏွက္ေနသည္။

ကေလးကိုမေခၚႏိုင္တာ ဘာေၾကာင့္လဲ၊ ဒီကေလးက အရမ္းလိမၼာတဲ့ဟမ္းစတားေလးပါ QAQ။

နြၽဲ႕ေရွာင္က သူတကယ္နားလည္လား မသိေပမယ့္ ဖက္ထုပ္ေလးရဲ႕ ေခါင္းကို ပြတ္သပ္ရင္း “လိမၼာပါတယ္။   Daddyက မင္းကို မေခၚခ်င္တာမဟုတ္ပါဘူး၊ ဒီမစ္ရွင္အတြက္ ရာသီဥတုက အရမ္းေအးတဲ့ ေျမာက္ဘက္အစြန္မွာမို႔ မင္း ခံႏိုင္မွာမဟုတ္ဘူး။  အႏုတ္ ဆယ္ဒီဂရီမွာ မင္းက ေရခဲ႐ုပ္ေသးေသးေလးအျဖစ္ ေအးခဲသြားလိမ့္မယ္။”

တ႐ုတ္ႏိုင္ငံ၏ ေျမာက္ဘက္အက်ဆုံး ခ႐ိုင္အဆင့္ အုပ္ခ်ဳပ္ေရးေဒသျဖစ္ေသာ မိုေဟးသည္ ယခု ေဖေဖာ္ဝါရီ လအစတြင္ ပ်မ္းမွ် ေန႔စဥ္အပူခ်ိန္ အႏုတ္ ၁၁ ဒီဂရီစင္တီဂရိတ္ထက္ မေက်ာ္လြန္ခဲ့ေပ။

နြၽဲ႕ေရွာင္၏ ရွင္းျပခ်က္ကို နားေထာင္ရင္း၊ ဟမ္စတားေလးသည္ ဝမ္းနည္းစြာ 'chi wu' လို႔ ညည္းတြားၿပီး ၎၏ ေျခသည္းေလးႏွင့္ ေျခဖဝါးေလးကို ၾကည့္လိုက္သည္။  သူ႔ခႏၶာကိုယ္ေသးေသးေလးကို အသုံးမခ်ႏိုင္လို႔ အရမ္းစိတ္ပ်က္သြားသည္။

ကြန္ျပဴတာ၏ အျခားတစ္ဖက္ရွိ လူမ်ားနင့္ ဗီဒီယိုေခၚဆိုမႈကို မရပ္တန႔္ရေသးေပ။ နင္းဖန္ႏွင့္ အျခားသူမ်ားသည္ နြၽဲ႕ေရွာင္ ႏွင့္  ဟမ္းစတားေလးမ်ားၾကားက ေလးနက္စြာ မ်ိဴးစိတ္ျခားအျပန္အလွန္ ေျပာဆိုမႈကို ၾကားေသာအခါတြင္ ႐ုတ္တရက္ ရယ္ခ်င္ေသာ္လည္း မဝံ့မရဲ ျဖစ္ေနၾကသည္။

သူတို႔ရဲ႕ေဘာစ့္က ေမြးထားတဲ့ ဒီ ဟမ္းစတားေလးကို အစကတည္းက သူတို႔သိခဲ့ၾကေပမယ့္ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က သူ႔ကို ေမြးစားၿပီးထဲက နြၽဲ႕ေရွာင္က သူ႔ကို အရမ္းဂ႐ုစိုက္မယ္လို႔ ဘယ္သူမွ မထင္ခဲ့ၾကေခ်။

နြၽဲ႕ေရွာင္ ၏ ေအးခဲေနေသာေသာ ေရခဲေတာင္မ်က္ႏွာကို ၾကည့္ရင္း၊ ဤလူသည္ အမွန္တကယ္ 'အသည္းစြဲ ဟမ္းစတားအေစခံ' ျဖစ္ေနမည္ဟု ဘယ္သူက စိတ္ကူးႏိုင္မည္နည္း။  ဟမ္းစတားလို ခ်စ္ဖို႔ေကာင္းၿပီး ႏုနယ္ေသးတဲ့ အေကာင္ငယ္ေလးနဲ႔ လုံးဝထပ္တူမက်တဲ့ ကိုယ္ေနစိတ္ထားကို ၾကည့္လိုက္ပါ။  သူ႔အေၾကာင္းကိုေျပာျပရင္ေတာင္  လူေတြကယုံၾကမွာမဟုတ္ဘူး။

ဒါေတာင္ ဒါက အမွန္ပါပဲ။  ယခုလည္း ဤလိမၼာပါးနပ္ေသာကေလးေလးသည္ ၎တို႔၏ ရဲေဘာ္အဖြဲ႕တစ္ခုလုံး၏ အခ်စ္ေတာ္ေလးျဖစ္ေနၿပီျဖစ္သည္။

"မငိုပါနဲ႔ အလုပ္သမားေလး၊ ဒီအစ္ကိုက မင္းဝါးဖို႔ အေရွ႕ေျမာက္က ထင္းရႉးေစ့ေတြ ျပန္ယူလာခဲ့မယ္!"  ဟုNing Feng သည္ ဖန္သားျပင္ကေအာ္ေျပာလိုက္သျဖင့္ ဟမ္းစတားေလးက ေဒါသတႀကီးျဖင့္ "Chi" ဟုျပန္ေအာ္လိုက္ေလသည္။
"ဝူယီ" အလုပ္သမားေန႔မဟုတ္ဘူး!!!

ဟမ္းစတားကေလးသည္ သူ႔ပါးျပင္အိတ္ထဲမွ ဖရဲသီးေစ့ကို အျမန္တြန္းထုတ္ကာ အခြံခြာလိုက္သည္။  ထို႔ေနာက္ အခြံခြာထားေသာ အေရျပားကို ေျမႇာက္ကာ ကြန္ျပဴတာစခရင္ကို ဦးတည္ရင္း ပစ္ခ်လိုက္သည္။

ဤကဲ့သို႔ဆက္တိုက္လုပ္ေဆာင္မႈမ်ားသည္ ၎အခိုက္အတန႔္တြင္ သူ၏ေဒါသကို ေလးေလးနက္နက္ေဖာ္ျပေနသည္။

သို႔ေသာ္၊ ဤခ်စ္စရာေကာင္းေသာ လႈပ္ရွားမႈသည္ လူတိုင္းထံမွ ရယ္ေမာသံမ်ားကိုသာ ထြက္ေပၚလာေစသည္။  နြၽဲ႕ေရွာင္၏ ႏႈတ္ခမ္းေထာင့္ပင္ အနည္းငယ္ ျမင့္တက္သြားသည္။

"ေကာင္းလိုက္တာ၊ မင္းရဲ႕ အလုပ္သမားက တကယ္ကို ႀကီးျပင္းလာတာပဲ!"
Ning Feng  ကခ်ဲ႕ကားၿပီးေျပာလိုက္သည္။

"Chii!!!"  စိတ္ဆိုးတယ္။

Note
ထပ္ေပ်ာက္သြားတာေတာင္းပန္ပါတယ္ ႏြဲ႕အစ္ကိုဆီကအဆူခံၿပီးၿပီးမလို႔ update မွန္ေအာင္ႀကိဳးစားပါမယ္See u next Friday
ေနာက္တစ္ပတ္ေသာၾကာက်ျပန္ေတြ႕က်မယ္ေနာ္

Czytaj Dalej

To Też Polubisz

1.2M 39.8K 59
Princess Nymeria is well aware that her kingdom is in decline. It has been for hundreds of years after all. Unlike her ancestors, she's willing to re...
84.6K 2.2K 82
an eighteen-year-old boy, trying his best to save his ass from being whipped by his soon-to-be husband, and at the same time, he wants to get away wi...
247K 7.3K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
119K 444 33
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...