HONEY

By OliviaThet_Eleanor

342K 24K 635

Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More

Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi

Chapter 12 - Zawgyi

881 43 0
By OliviaThet_Eleanor

ဧကရာဇ်ပန်းပင်သည် လူတစ်ဖက်စာလောက်ရှိနေပြီဖြစ်ပြီး ပန်းပွင့်များကလည်း မနက်စောစောမို့ လှိုင်လှိုင်ပွင့်နေကြသည်။ ဧကရာဇ်ပန်းဖြူဖြူတွေမှရသည့် ရနံ့သင်းသင်းကလည်း ဆောင်းလေပြေနှင့်အတူ ညင်သာစွာပါလာ၏။ 

သျှင်မင်းသန့်က ဘောင်းဘီအပွလေးဝတ်ထားသော်လည်း မြင့်မြတ်ပိုင်နောင်ကမူ ပုဆိုးဝတ်ထားသည်။ အမြဲတမ်း ဘောင်းဘီနှင့်ပဲမြင်ဖူးခဲ့ရသည့်လူက အခုလို ပုဆိုးနှင့်လည်း လိုက်ဖက်တာပင်။ ကွက်စေ့ပုဆိုးစိမ်းပုတ်ရောင်နှင့် စပို့ရှပ်အဖြူရောင်ကို ၀တ်ဆင်ထားသူသည် အေးနေသော်လည်း အပေါ်ဝတ်ဘာမှဝတ်မထားပါချေ။

သျှင်မင်းသန့်ကသာ ဟူဒီအပြာလေးကိုစွပ်ထားသေးသည်။ အေးတတ်သူဖြစ်တာမို့ အိတ်ကပ်ထဲကိုလက်နှိပ်ထားရင်း မြင့်မြတ်ပိုင်နောင်ဘေးကနေ ပါလာခဲ့၏။ 

*ဒုတ်

ပန်းပင်နားကိုရောက်တော့မည့်ဆဲဆဲတွင် မြင့်မြတ်ပိုင်နောင်အား ကလေးလေးတစ်ယောက် ၀င်တိုက်လာသည်။ ငါးနှစ်ခြောက်နှစ်အရွယ် ကောင်လေးက တိုက်မိသော်လည်း နာသည်၊လန့်သည်မရှိဘဲ မြင့်မြတ်ပိုင်နောင်ကို ဖြည်းဖြည်းချင်းသာ မော့ကြည့်လာ၏။

"ကလေး အဆင်ပြေရဲ့လား"

သျှင်မင်းသန့်က ချက်ချင်းပင် ဒူးထောက်ထိုင်လိုက်ကာ ထိုကလေးကိုလှမ်းကိုင်ပြီးမေးလိုက်သည်။ ထိုကောင်လေး၏လက်ထဲတွင် ဧကရာဇ်ပန်းအဖြူများကို ခပ်ဖွဖွကလေးကိုင်ထားပြီး မကျိုးမကြေအောင်သတိပြုနေ၏။

"နာသွားသေးလား"

သူမေးလိုက်သော်လည်း ထိုကလေးဆီကစကားပြန်မရ၊ ပန်းတွေကိုပိုစိုးရိမ်နေသယောင်မျက်လုံးတွေကိုသာ တွေ့ရသည်။

"ချာတိတ်"

မြင့်မြတ်ပိုင်နောင်က မတ်တပ်ရပ်နေရာမှခေါ်လိုက်တာမို့ သျှင်မင်းသန့် မော့ကြည့်လိုက်သည်။ 

"စကားမပြောတတ်ဘူးထင်တယ်"

"ဟင်"

ထိုစကားကြောင့် သျှင်မင်းသန့် အံ့သြသွားကာ မြင့်မြတ်ပိုင်နောင်ကိုကြည့်နေရာမှ ထိုကလေးထံသို့ ပြန်အကြည့်ပို့လိုက်သည်။

"စကားပြောလို့မရဘူးလား"

သူမေးလိုက်တော့ မျက်လုံးလေးတွေဝိုင်းစက်သွားသည့် ကောင်ကလေးက ခေါင်းကလည်းညိတ်ပြသည်။

"ဘာမှမဖြစ်ဘူးနော်၊ ကိုကိုတို့ ပန်းကူကောက်ပေးမယ် တူတူ"

သူပြောလိုက်တော့ ထိုကောင်လေးဆီက အပြုံးဟုမဆိုသာသည့် ခပ်နွမ်းလျလျအပြုံးလေးတစ်ခုကို တုံ့ပြန်ရရှိလိုက်သည်။

"ဦးလေးကြီးရော ကူကောက်ပေးမယ်မို့လား"

အမေးစကားနှင့်အတူ သူ့ကိုပြိုင်တူမော့ကြည့်လာသည့် မျက်ဝန်းနှစ်စုံ၊ တစ်စုံက အရောင်တွေကင်းစင်နေပြီး ကြည်လဲ့နေသည့် မျက်ဝန်းဝိုင်းဝိုင်း၊ တစ်စုံက ရောင်စုံမီးလုံးလေးတွေစီချိတ်ထားသလို ၀င်းလဲ့နေသည့် လှပသည့် မျက်ဝန်းချိုချို။ မြင့်မြတ်ပိုင်နောင်တွင် ငြင်းနိုင်ရန် အကြောင်းအရင်း အလျင်းမရှိတော့ချေ။

"အင်း"

ဖွေးဖွေးလှုပ်နေသည့် ဧကရာဇ်ပန်းတွေကို ကောက်ရသည်က သိပ်ပင်ပန်းသည့်အလုပ်တော့မဟုတ်ပါချေ။ မြင့်မြတ်ပိုင်နောင် သေချာလေးကောက်ပေးလိုက်ပြီးနောက် ဧကရာဇ်ပန်းအများကြီးနှင့်အတူ သူတို့သုံးယောက်လုံး အပင်ခြေရင်းအောက်တွင် ထိုင်ဖြစ်ကြ၏။

သင်းပျံနေသည့် ဧကရာဇ်ပန်းအနံ့သည် ဆောင်းမနက်ခင်း၏ လေနုသွေးနှင့် အလွန်လိုက်ဖက်လှသည်။ ခပ်စိမ့်စိမ့်ကလေးအေးသည့် အအေးတွင် သစ်လွင်သော ခံစားချက်တို့ကိုပေးစွမ်းနိုင်၏။

ထိုကောင်လေးက ဧကရာဇ်ပန်း၏ ရိုးတံတို့ကို လှလှပပပင် ဆံကျစ်ပုံစံဖြစ်အောင် သေချာကျစ်နေလေသည်။ သွက်လက်နေသည့် လက်သေးသေးလေးတွေက ပန်းကျစ်သည်နှင့် အသားကျနေပုံပင်။ ထို့ပြင် ထိုကောင်လေးက မြင့်မြတ်ပိုင်နောင်တို့ကိုလည်း ပန်းကျစ်နည်းသင်ပေးသေး၏။

"ဟာ ကျိုးသွားပြီ"

သျှင်မင်းသန့်ဆီမှ အလိုမကျသံသည် တစ်ချက်တစ်ချက်ထွက်ပေါ်လာသေးသည်။

"ဦးလေးကြီး ကြည့်ဦး ပြုတ်သွားပြီ"

သူအရှည်ကြီးကျစ်ပြီးမှ လွတ်ထွက်သွားပြန်တာကြောင့် ပန်းကုံးက နှစ်ပိုင်းကွဲသွားသည်ကို ယူကြုံးမရလာပြနေသည်။ မြင့်မြတ်ပိုင်နောင်လက်ထဲရှိပန်းကုံးတွင်တော့ ပွင့်ချပ်များက အကောင်းတိုင်းရှိမနေချေ။

"ဦးလေးကြီး မဟုတ်ဘူးလေ အဲ့လိုလုပ်ရင် အကုန်ကြေမွကုန်မှာပေါ့"

သျှင်မင်းသန့်က ပြောရင်းဆိုရင်း မြင့်မြတ်ပိုင်နောင်လက်ကို အုပ်ကိုင်ကာ ပန်းကုံးသည့်နည်းကို သူလည်းသေချာမတတ်ပါဘဲနှင့် ဆရာဝင်လုပ်သေး၏။ မြင့်မြတ်ပိုင်နောင်ကတော့ ဘာမှမပြောဘဲ ပြုံးပြီးသာ ငြိမ်ခံနေလိုက်တာပင်။

သူတို့နှစ်ယောက်သာဂယက်ထနေသော်လည်း ထိုကောင်လေးကတော့ ပန်းကုံးတစ်ကုံးကိုပင် ပြီးအောင်ကျစ်ပြီးနေပြီဖြစ်သည်။ ထို့နောက် နောက်တစ်ကုံးကိုပင် အပြီးသတ်တော့မည်ဖြစ်၏။

"မြန်လိုက်တာ ဦးလေးကြီး သူကျစ်တာကိုကြည့်ပါဦး စီနေတာပဲ၊ ကျွန်တော့်ဟာက ကျိုးတိုးကျဲတဲနဲ့"

"ချာတိတ်က အခုမှ စကျစ်တာလေ"

"သားရေ"

ထိုစဉ် အ၀ေးတစ်နေရာမှခေါ်သံကြောင့် သူတို့သုံးယောက်လုံး ထိုင်နေရာမှ မော့ကြည့်မိကြသည်။ ခပ်နွမ်းနွမ်းအ၀တ်အစားကို ၀တ်ဆင်ထားသည့် အမျိုးသမီးသည် ထိုင်နေသည့်ကောင်လေး၏ မိခင်ဖြစ်ပုံရသည်။

"လာ အိမ်ပြန်ကြစို့"

ထိုကောင်လေးက သူ့အမေကို ခဏစောင့်ပါဟု လက်ဟန်ခြေဟန်နှင့်ပြပြီး မပြီးသေးသည့် ဧကရာဇ်ပန်းကုံးကို အဆုံးသတ်နေ၏။ ထို့နောက် ထိုပန်းကုံးကို မြင့်မြတ်ပိုင်နောင်လက်ထဲသို့ထည့်ပေးလိုက်သည်။

"ဦးကိုပေးတာလား"

မြင့်မြတ်ပိုင်နောင်မေးလိုက်တော့ ထိုကောင်လေးက ပြုံးပြီး ခေါင်းညိတ်ပြ၏။ ထို့နောက် ကျန်သည့်ပန်းကုံးကိုယူကာ သူ့အမေဆီကိုပြေးသွားလေသည်။ သူ့အမေက ထိုကောင်လေးရှေ့တွင် ဒူးထောက်လိုက်ပြီး ကောင်လေးက သူကျစ်ထားသည့်ပန်းကုံးကို သူ့မိခင်ခေါင်းပေါ်သို့ တယုတယတင်ပေးလိုက်သည်။

ထို့နောက် ထိုကောင်လေးရော၊ သူ့အမေပါ သိပ်မဖြူဝင်းသည့်သွားလေးတွေပေါ်လာသည်အထိ နှစ်ခြိုက်စွာပြုံးနေကြသည်ကို ကြည့်ရင်း မြင့်မြတ်ပိုင်နောင်ရော၊ သျှင်မင်းသန့်ရောပါ လိုက်ပြုံးမိသွား၏။

ထို့နောက် မြင့်မြတ်ပိုင်နောင်က သူ့လက်ထဲကပန်းကုံးကိုသေချာကိုင်လိုက်ကာ သျှင်မင်းသန့် ခေါင်းကလေးပေါ်သို့ တယုတယတင်ပေးလိုက်သည်။ ရုတ်တရတ်ပန်းကုံးခေါင်းပေါ်ရောက်လာသည်ကြောင့် အံ့သြသွားဟန်ရှိသော်လည်း ခဏအကြာတွင်မူ သျှင်မင်းသန့်က မျက်လုံးလေးတွေ မှိတ်ကျသွားသည်အထိ မြင့်မြတ်ပိုင်နောင်ကို ရယ်ပြလေသည်။

"မွှေးလိုက်တာ"

"ခဏ ခုဏလေးလိုပြုံး"

"ဟင် ဘာလုပ်မလို့လဲ"

"ကိုယ် ဓာတ်ပုံရိုက်ပေးမယ်"

"ဟင်"

မြင့်မြတ်ပိုင်နောင်က ခါးနောက်ကပုဆိုးတွင်ညှပ်ထားသည့် သူ့ဖုန်းကိုထုတ်လိုက်ကာ သျှင်မင်းသန့်ကို ကင်မရာချိန်လိုက်၏။

"ချာတိတ် ပြုံး"

အလိုတော်ကျ မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိပြုံးလိုက်သော သျှင်မင်းသန့်သည် သွားစွယ်ကလေးတွေပင် ပေါ်လုပေါ်ခင်ဖြစ်ခဲ့သည်။ ထိုအမူအရာကိုကြည့်၍ အသည်းယားနေမိသူမှာလည်း နှစ်နှစ်ခြိုက်ခြိုက်ပင်လိုက်ကာ ပြုံးခဲ့မိ၏။

__________________________________________

*MM Paing Naung sent a photo

အိမ်ပြန်ရောက်ရောက်ချင်း သူ့ဖုန်းထဲသို့ ကျလာသည့် အချက်ပေးသံကြောင့် သျှင်မင်းသန့်ဖွင့်ကြည့်လိုက်မိရာ မြင့်မြတ်ပိုင်နောင်ထံမှဖြစ်နေသည်။ ခုဏလေးတင်ကမှ မြင့်မြတ်ပိုင်နောင် မောင်းသည့်ကားပေါ်က ဆင်းလာတာမို့ သျှင်မင်းသန့်ဘာများလဲဟု အထူးအဆန်းဖြစ်မိကာ ၀င်ကြည့်လိုက်တော့ ဧကရာဇ်ပင်အောက်တွင် ရိုက်ထားပေးသည့် သူပြုံးနေသည့်ပုံကို ပို့ပေးထားခြင်းဖြစ်သည်။

"ကျေးဇူး ဦးလေးကြီး"

"အင်း"

"အိမ်ပြန်ရောက်ပြီလား"

"ရောက်ပြီ"

"အာ နားလိုက်ပါဦး"

"အင်း ချာတိတ်ရော"

"ကျွန်တော်က ဟန်နီ့ကို သွားခေါ်ရဦးမှာ"

တစ်ရက်ကျော်နှစ်ရက်မတွေ့ရသေးတာဖြစ်သော်လည်း ဟန်နီ့ကို ဒီနေ့တွင်ပါ သူများအိမ်တွင်မအိပ်စေချင်တာမို့ သျှင်မင်းသန့် သွားခေါ်ဖို့ပြင်နေတာဖြစ်သည်။

"ဘယ်ကိုလဲ"

"အဘိုးသူငယ်ချင်းအိမ်ကို မ၀ေးပါဘူး"

"သြော်"

"အဲဒါဆို ဦးလေးကြီး နားလိုက်ဦးနော်"

သျှင်မင်းသန့် ပို့လိုက်သည့်စာကို ၀င်ကြည့်သွားသော်လည်း ဘာမှပြန်မပြောတော့ချေ။ သျှင်မင်းသန့် ဖုန်းကိုပိတ်လိုက်ပြီး ဟန်နီ့ကို သွားခေါ်ဖို့အိမ်မှထွက်ခဲ့လိုက်၏။

______________________________

"ဟန်နီ ငါ့ကိုလွမ်းနေလား"

သျှင်မင်းသန့်အိမ်ပြန်လမ်းတွင် ဟန်နီ့ကိုပွေ့ကာ စကားတွေပြောနေမိသည်။

"ဟန်နီ့ဖို့ မြစ်ငါးတွေပါလာတယ် ကြော်ကျွေးမယ်သိလား"

"မြောင်"

"ခေါ်သွားချင်တာပေါ့ ဟန်နီနေမကောင်းဖြစ်မှာမို့"

မသိလျှင် ဟန်နီက သူ့စကားကိုနားလည်နေသည့်အလား၊ သူက ဟန်နီ့စကားကိုနားလည်နေသည့်အလား သျှင်မင်းသန့်စကားတွေ တတွတ်တွတ်ပြောနေမိ၏။ ထိုစဉ် သူ့ဘေးနားကိုရပ်လာသည့်ဆိုင်ကယ်ကြောင့် သျှင်မင်းသန့်လန့်သွားကာ ဘေးကိုကြည့်လိုက်မိသည်။

"ဟင်"

အမှတ်မမှားလျှင်ထိုလူက ဦးလေးကြီးနှင့်တူသည့် ဦးလေးကြီးမဟုတ်သော ဘယ်သူမှန်းမသိရသူဖြစ်သည်။ Mask  အနက်ကိုတပ်ထားသူသည် ဦးထုပ်တော့ ဆောင်းမထားပါချေ။ ဖရိုဖရဲဖြစ်နေသည့်ဆံပင်တွေနှင့် အင်္ကျီတွေက ကမန်းကယမ်းထွက်လာပုံပင်။

ထိုလူက ဆိုင်ကယ်ဦးထုပ်ကို သျှင်မင်းသန့်ခေါင်းပေါ်တင်ပေးလိုက်ကာ ဆိုင်ကယ်အနောက်ကိုမေးငေါ့ပြ၏။

"ဟင်"

"တက်"

တစ်လုံးတည်းသောစကားသာဖြစ်သည်ကြောင့် မြင့်မြတ်ပိုင်နောင်၏အသံနှင့်တူမတူကို သျှင်မင်းသန့် သိပ်ခွဲခြားမရချေ။ သို့သော် ထိုအသံအောက်တွင် သျှင်မင်းသန့်၏ အမိန့်နာခံသည့်စွမ်းရည်ကမြင့်မားလာခဲ့၏။

ဟန်နီ့ကိုပွေ့လျက်မို့ ဆိုင်ကယ်ဦးထုပ်မေးသိုင်းတပ်မရသည်ကို သတိရသွားတာမို့ နည်းနည်းချီတုံချတုံဖြစ်သွားခဲ့ရသေးသည်။ ထိုလူကလည်း ဒါကိုသိသည့်အလား သိုင်းကြိုးကိုတပ်ပေးလာ၏။ မြင်လိုက်ရသည့်လက်ကောက်ဝတ်ကအမာရွတ်သည် ဖြတ်ကနဲ့မြင်လိုက်ရသော်လည်း အရင်တစ်ခါသူ့ကိုကယ်တုန်းက ရလိုက်သည့်အမာရွတ်နှင့်တူသည်။

ဆိုင်ကယ်နောက်တွင်ကပ်ပါလာသည့်နှလုံးနှစ်ခုတွင် တစ်ခုသောနှလုံး၏ ခုန်နှုန်းက သိသိသာသာမြန်နေခဲ့၏။

အိမ်ကိုပြန်ရောက်ရောက်ချင်း ဟန်နီ့ကိုအစာကျွေးပြီး သျှင်မင်းသန့် ရေမိုးချိုးပစ်လိုက်သည်။ ထိုဆိုင်ကယ်နှင့်လူက သူ့အိမ်ကို သူမပြောပါဘဲသိနေရသည့်အကြောင်းအရင်းကိုလည်းမတွေးဖြစ်တော့ချေ။ မသိစိတ်က ထိုလူကိုမြင့်မြတ်ပိုင်နောင်ဟု သူသတ်မှတ်ထားမိပြီး သိစိတ်က သူဟာ လူနှစ်ယောက်အပေါ်ခံစားချက်တွေဝေ၀ါးနေရတာမို့ စိတ်ညစ်မိသည်။

သို့သော်လည်း ခုတင်ပေါ်ကိုရောက်ရောက်ချင်း မြင့်မြတ်ပိုင်နောင်ရိုက်ပေးထားသည့်ပုံလေးကို အဖြူရောင်အသည်းပုံလေးနှင့်အတူ တင်လိုက်မိသည်။ ထို့နောက်ရေးထားသည့်စာက

"taken by him"

သျှင်မင်းသန့် အိပ်ယာပေါ်ကို လှဲအိပ်လိုက်မိပြီး သံသယတွေပြေလည်လို့ပြေလည်ငြား မြင့်မြတ်ပိုင်နောင်ထံ စာပို့လိုက်မိသည်။

"ဦးလေးကြီး"

လိုင်းပေါ်ရှိမနေတာမို့ စာလည်းဝင်မကြည့်သလို ပြန်စာလည်းချက်ချင်းမရ။ ခဏအကြာမှ တိုတိုတုတ်တုတ်စာကြောင်းလေးတစ်ခု သူ့ထံရောက်ရှိလာလေသည်။

"အင်း"

"ဦးလေးကြီးလား"

"ဘာကိုလဲ"

မဆိုင်းမတွပင်ပြန်မေးလာသည့်အမေးကြောင့် သျှင်မင်းသန့် ဘာပြန်ပြောရမှန်းမသိတော့ချေ။ ဒီအတိုင်း တည့်မေးချလိုက်ရင်ကောင်းမလားဟုတွေးမိသော်လည်း မဖြစ်သေး။ ထိုလူကြီးက ဦးလေးကြီးနှင့်တူသည်မှန်သော်လည်း ဦးလေးကြီးနဲ့ကွာခြားနေသည်။

သူသိသည့်ဦးလေးကြီးက အနက်ရောင်ကိုခုံမင်တတ်သူမဟုတ်။ ဆိုင်ကယ်ထက် ကားနှင့်ပို၍ပနံသင့်သူဖြစ်သည်။

"ကျွန်တော့်ကို ဒီနေ့တွေ့သေးလား"

အရဲစွန့်ပြီးမို့လိုက်မိသည့်စာကို ချက်ချင်းဝင်ကြည့်ကာ စာရိုက်နေသည်။ 

"အင်း ကိုယ်ပဲ ချာတိတ်ကို အိမ်ပြန်ပို့ခဲ့တာလေ"

"မဟုတ်ဘူးလေ ကျွန်တော်ပြောချင်တာက"

သျှင်မင်းသန့် ခြေကုန်လက်ပန်းကျနေသည့် Sticker လေးကိုပါပို့လိုက်ပြီး သူကိုယ်တိုင်လည်း သက်ပြင်းချလိုက်မိ၏။

"အင်း"

"ဘာမှမဟုတ်တော့ပါဘူးဗျာ"

ထိုစာကိုဝင်ကြည့်သူသည် နောက်ထပ်ဘာပြန်စာမှပို့မလာတော့ချေ။ ထို့ကြောင့် Facebook ထဲဝင်သွားကြည့်မှ ခုဏကသူတင်ထားသည့်ပုံတွင် ထူးထူးခြားခြားအသည်းလေးပေးသွားသည့် မြင့်မြတ်ပိုင်နောင်ကို တွေ့လိုက်ရ၏။ ခါတိုင်းဆိုလျှင် မြင့်မြတ်ပိုင်နောင်က လက်မကိုသာခုံမင်တတ်သူဖြစ်သည်။

မြင့်မြတ်ပိုင်နောင်၏ Love react လေးနှင့်အတူ ရာဇာလင်းနှင့် ဟေမာန်ဦးတို့၏ နှစ်ခုမကသော ကောမန့်တို့ကိုလည်းတွေ့ရသေး၏။

"ဟာ ကိုကိုကလှနေတာ" 

"him ဆိုတာက ဘယ်သူလဲ"

"ပန်းတွေနဲ့ဝေ ကိုယ့်ချစ်ဦးခေါင်းမှာပန်းလေးတွေဝေ"

ဆိုသည့် ဟေမာန်ဦး၏ comment များအပြင်၊

"taken by him"

"happy birthday"

"con con pr"

ဆိုသည့် ရာဇာလင်း၏ ပေါက်တက်ကရမျက်ချက်များကိုလည်း တွေ့ရသေးသည်။ သျှင်မင်းသန့် မသိကျိုးကျွံပြုလိုက်ကာ ဖုန်းကိုပိတ်လိုက်ပြီး ခရီးသွားထားသည့်ဒဏ်ကြောင့် မှေးစင်းနေသည့်မျက်လုံးတို့ကိုပါအနားပေးလိုက်သည်။

@OliviaThet-Eleanor

_________________________________

Continue Reading

You'll Also Like

138K 4.1K 58
{Zawgyi+Uni} Start-[ 16/Oct/2021 ] End .-[ 1/April/2022] "ငွေနှင်းမြူ၏နှောင်ကြိုးငယ်" (A little bond of the silver snow) "မြူနှိုင်းဆက် ဆိုတဲ့ကောင်လေ...
187K 4.6K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
708K 54.1K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)