Cāi Cāi || ချိုက်ချိုက် || [...

Autorstwa littlewillow01

119K 19.8K 937

Cāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01... Więcej

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter(75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
Extra Chapter

Chapter (89) [Final]

1.9K 205 20
Autorstwa littlewillow01

Chapter (89) [Final]
ပိတ်ကားချ : Fame the Musical (End)
ပိတ်ကားအသစ်တစ်ခု စတင်ခြင်း

'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း' ပြဇာတ်အား ရှန်းဟယ်ပြဇာတ်ရုံတွင်ဖျော်ဖြေခဲ့စဥ်ကမူ လေးဘက်လေးတန်စင်မြင့်အဖြစ် ပြောင်းလဲနေရာချခဲ့သည်။ သို့သော် ဟွာချောင်းအကတက္ကသိုလ်၏ ဖျော်ဖြေရေးခန်းမအားလုံးကတော့ သာမန်အဆင့်သာရှိပြီး ပြန်လည်မွမ်းမံရန်လည်း ငွေနှင့်အချိန်တို့မရှိပေ။ ထို့အတွက်ကြောင့် ရှန်းချိုက်သည် သာမန်တစ်ဖက်မြင်စင်မြင့်ဗားရှင်းကိုသာ အထူးစီစဉ်ထားရ၏။ ပရိသတ်များနှင့် ထိတွေ့ဆက်ဆံရမှု လျော့နည်းသွားသော်လည်း ဤဗားရှင်းအသစ်မှာ နယ်လှည့်ဖျော်ဖြေပွဲများအတွက် ပိုမိုသင့်လျော်ပြီး အနာဂတ်တွင်လည်း ပြဇာတ်ရုံအများအပြား၌ ဖျော်ဖြေပြနိုင်မည်ဖြစ်သည်။

လေးဘက်လေးတန်စင်မြင့်ပုံစံမှ တစ်ဖက်မြင်ဇာတ်စင်ပုံစံသို့ ပြောင်းလဲလိုက်ရသောအခါ ဖြစ်ပေါ်လာသည့်ခြားနားချက်မှာ အဝေ့အဝိုက်များသာမက ကကွက်များစွာကိုလည်း လိုက်လျောညီထွေစွာညှိယူရသည်။

ရှန်းချိုက်သည် အကဒါရိုက်တာနှင့် နေ့တိုင်းလိုလို အချိန်အတော်ကြာအောင် အကလေ့ကျင့်ရင်းဖြတ်သန်းနေရပြီး အကလှုပ်ရှားမှုများကိုလည်း ထပ်ခါတလဲလဲပြန်လည်သုံးသပ်နေရသောကြောင့် ထိုကာလအတွင်း အလွန်ပင်ပန်းနေ၏။

နေ့ဘက်များတွင် သူ့အတွေးများမှာ ကကွက်များကိုသာအလွန်အာရုံစိုက်ထားရသောကြောင့် ညဘက်များတွင် ကောင်းမွန်စွာ အိပ်မပျော်နိုင်တော့ဘဲ အခြားသူများအိပ်မက်ယောင်ရင်းစကားများပြောမိနေချိန်တွင် ရှန်းချိုက်ကတော့ အိပ်မက်ယောင်ရင်း ကကွက်များပုံဖော်နေမိသည်။ ကြိမ်ဖန်များစွာ ကုတင်ပေါ်တွင်လှည့်ပတ်နေပြီး မှောက်လျက်သားဖြင့်ကကွက်များဖော်လိုက်၊ ဒိုင်ပင်ထိုးလိုက်ဖြင့် အကမျိုးစုံကနေတော့သည်။

သူ့ဘေးတွင်အိပ်နေသောထန်ယီမင်ကတော့ ​ညတိုင်းလိုလို ကကွက်မျိုးစုံဖြင့် ကန်ကျောက်ခံရလေ့ရှိသည်။ တစ်ခေါက် အိပ်မက်ထဲ၌ ရှန်းချိုက်အပြင်းအထန်လေ့ကျင့်နေချိန် ထန်ယီမင်၏တင်ပါးဆုံရိုးကို တိုက်ရိုက်ကန်မိသွားသဖြင့် ထန်ယီမင်တစ်ယောက်အတော်လေးနာသွားပြီး နောက်နေ့တွင်တော့ ထိုနေရာတွင် အစိမ်းပုပ်ရောင်အကွက်များတောင် ပေါ်လာခဲ့သည်။

ရှန်းချိုက်လည်း စိတ်အားငယ်သွားပြီး အပြစ်ရှိသလိုခံစားလိုက်ရသည်။

ထန်ယီမင်ကတော့ ရှန်းချိုက်ကိုအပြစ်မမြင်ပေ။ "ရတယ်၊ ရပါတယ်ဆို... မင်းရဲ့ကြွက်သားတွေဘယ်လောက်တောင်အားကောင်းလဲဆိုတာ အခုသိရတာပေါ့၊ ကိုယ့်ကိုယ်ကိုဂုဏ်ယူလိုက်ပါ"

သို့သော် နေ့ခင်းဘက် ထန်ယီမင်အလုပ်သွားချိန်တွင်တော့ ထော့နဲ့ထော့နဲ့ဖြင့်လမ်းလျှောက်နေသောကြောင့် လုပ်ဖော်ကိုင်အများစုက လေးနက်သောအကြည့်များဖြင့် စိုက်ကြည့်လာကြတော့သည်။

...

ရှန်းချိုက်၏ 'သန်းခေါင်ယံနေမင်းအားစောင့်စားခြင်း' ပြဇာတ်ကို ကျောင်းတွင်ပြန်ဖျော်ဖြေပေးမည့်အစီအစဉ်မှာ ကျောင်းသားအားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။ အရင်တုန်းကဤကျောင်းတွင်တက်ဖူးခဲ့သော ကျောင်းသားတစ်ယောက်အနေနှင့် ရှန်းချိုက်၏လှုပ်ရှားမှုတိုင်းက အာရုံစူးစိုက်မှုကို ဆွဲဆောင်ထားနိုင်၏။ တွဲဖက်အကအကယ်ဒမီသို့စတင်ဝင်ရောက်နိုင်သော ပထမနှစ်ကလေးများမှစ ဘွဲ့လွန်တက်နေသောအရွယ်ရောက်ပြီးသူများအထိ ပေါ်ပြူလာဖြစ်လွန်းသောရှန်းချိုက်၏နာမည်နှင့် ဘဝဇာတ်ကြောင်းတို့ကို လူတိုင်းသိကြလေသည်။

ဤပြဇာတ်ကို တစ်ခါမှမကြားဖူးလျှင်တောင် ရှန်းချိုက်၏နာမည်ကတော့ ကျောင်းသားများ၏နှလုံးသားထဲ၌ ရွှေရောင်လက်မှတ်လေးတစ်ခုလိုပင်။ ထို့အပြင် ဤတေးဂီတပြဇာတ်သည် ရှန်းချိုက်၏ ဇာတ်ကောင်ကဏ္ဍ ၁၂ ခုဖြင့် နှစ်နာရီကြာသောတစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်သောကြောင့် ဤထူးခြားသောဖျော်ဖြေမှုပုံစံသည် လူတိုင်း၏စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ခဲ့သည်။

ထို့ကြောင့် ဖျော်ဖြေပွဲကျင်းပမည့်အချိန်နှင့်နေရာကို ကျောင်းမှကြေညာပြီးသည်နှင့် လူတိုင်းလူတိုင်း လက်မှတ်ရရေးအတွက်ရှာပုံတော်ဖွင့်ကြတော့သည်။

"အစ်ကို့မှာ 'သန်းခေါင်ယံနေမင်း'အတွက် လက်မှတ်ရှိလားဗျ"

"မင်း ဘာလို့​လက်မှတ်လိုနေတာလဲ?? မင်းတို့ရဲ့ တေးဂီတပြဇာတ်ဌာနက အတွင်းလက်မှတ်တွေမပေးဘူးလား??"

"ပေးတယ်ဗျ... ဒါပေမယ့် ကျွန်တော့်ကောင်မလေးကလည်း အရမ်းကြည့်ချင်နေတာ။ ပြဇာတ်ရုံကသိပ်မကျယ်တော့ ဌာနက လူတိုင်းအတွက်လက်မှတ်တစ်စောင်စီပဲ ထုတ်ပေးလိုက်တယ်။ သူကလည်းအရမ်းကြည့်ချင်နေတာဆိုတော့ လက်မှတ်နောက်တစ်စောင်လောက်လိုနေလို့ပါဗျာ"

"မင်းရဲ့အခန်းဖော်ကိုမေးကြည့်ပါလား.. သူက ကျောင်းတွင်းလူမှုရေးအဖွဲ့ချုပ်ထဲကလူမှတ်လား?? လူမှုရေးအဖွဲ့မှာ လက်မှတ်အများကြီးရှိတယ်လို့ကြားတယ်"

"ကျွန်တော် မေးထားတာကြာပြီ! လူမှုရေးအဖွဲ့ချုပ်နဲ့ ကျောင်းသားသမဂ္ဂတောင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ပြီးသွားပြီတဲ့၊ လက်မှတ်တွေပိုပေးပါတယ်ဆိုပြီး အကုန်လုံးကညည်းညူနေကြလို့ အနိုင်အရှုံးအဆုံးအဖြတ်ပေးမယ့်ပြိုင်ပွဲတွေဘာတွေတောင် လုပ်ပြီးနေကြပြီ.. လူတိုင်းကတော့ ကိုယ့်ဌာနအတွက် လက်မှတ်များများရချင်ကြတာပဲမှတ်လားလေ"

"တွဲဖက်အကအကယ်ဒမီမှာ စုံစမ်းကြည့်ပါလား"

"ဘယ်လိုလုပ် အဲ့ဒီ့ကိုသွားမေးရမှာလဲဗျာ.. ကျွန်တော်က တွဲဖက်အကအကယ်ဒမီရဲ့ ဝင်ခွင့်စာမေးပွဲတောင်အောင်ခဲ့တာမဟုတ်ဘူး။ အဲ့ဒီ့ကျောင်းမှာ ကလေးတွေပြည့်နေတာ... ​​ကျွန်တော့်အပေါ် စေတနာရှိတဲ့သူလည်း ရှာလို့ရမှာမဟုတ်ဘူး"

အလားတူစကားဝိုင်းများသည် ကျောင်းဝင်းတစ်ခုလုံးတွင် ဖြစ်ပွားနေ၏။

ရှန်းချိုက်၏ဖျော်ဖြေပွဲကို မကြည့်လိုက်ရသော ပရိသတ်အချို့သည် ဖျော်ဖြေပွဲလက်မှတ်များအတွက် လူမှုကွန်ရက်များမှတစ်ဆင့် စျေးနှုန်းကြီးကြီးမားမားပေး၍ ဝယ်ခဲ့ကြသော်လည်း ဖျော်ဖြေပွဲအတွင်းသို့ဝင်နိုင်ရန် ကျောင်းသားကတ်လည်းလိုအပ်ပြန်သေးသည်။ လူအချို့အမြတ်ထုတ်ချင်လျှင်တောင် ဘယ်လိုမှနည်းလမ်းမရှိပေ။

မကြာခင်တွင် ဖျော်ဖြေပွဲကျင်းပမည့်နေ့သို့ရောက်လာပြီဖြစ်သည်။

ပွဲမစမီတစ်နာရီအလိုတွင် ဖျော်ဖြေရေးခန်းမအပြင်ဘက်၌ လူတန်းအရှည်ကြီး တန်းစီနေပြီဖြစ်၏။ ကျောင်းသားများအားလုံးသည် အဖိုးတန်ဖျော်ဖြေရေးလက်မှတ်လေးများကို လက်ထဲတွင်ကိုင်ဆောင်ထားရင်း ခန်းမထဲသို့ဝင်ရန်စောင့်ဆိုင်းနေကြကာ အလွန်ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

အကသမားများအားလုံးသည် ခြေတံရှည်ရှည်နှင့် သွယ်လျလျပျိုးပင်ကောင်းလေးများဖြစ်သည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါက သူလိုငါလိုနူးညံ့သိမ်မွေ့သောစိတ်ထားများနှင့် အားလုံး၏အမူအရာများမှာ အကသမားများ၏ ထူးခြားသောကျက်သရေရှိမှုများ ကိန်းအောင်းနေကြ၏။ သို့သော် ဤကျောင်းသားများကြား၌ 'ထူးချွန်' ယောက်ျားလေးတချို့ကို ရုတ်တရက်တွေ့လိုက်ရလေသည်။ ဤကောင်လေးများမှာ အရပ် ၁.၉ မီတာထက် ကျော်လွန်ရုံသာမကဘဲ ကြွက်သားများဖောင်းကားနေကြသည်မှာ အကဇာတ်စင်နှင့် လုံးဝကိုလိုက်ဖက်မှုမရှိပေ။

ပတ်ဝန်းကျင်ရှိလူများ၏ စူးစမ်းနေသောအကြည့်များကြား ကျည်ဆန်ကိုက်ရင်းသာ မတ်တပ်ရပ်နေရသည်။

"ချွမ်ဇီ... ငါတို့ ဒါကိုမကြည့်လို့လည်းရပါတယ်..." မောင်ကွမ်က စိတ်မသက်မသာခံစားနေရပြီး သူ့သူငယ်ချင်းကိုကြည့်ကာ "ငါတို့ ခုချိန်ပြန်လှည့်မယ်ဆို အချိန်မှီသေးတယ်နော်"

ကောင်းရှင်းလည်း အလားတူအတွေးမျိုးရှိနေပြီး သူ့ကိုနားချ၏။ "ငါတို့မှာ လက်မှတ်ရှိရုံနဲ့တင်မရဘူး၊ ဖျော်ဖြေပွဲထဲကိုဝင်ဖို့ ကျောင်းသားကတ်ကိုသုံးရဦးမှာ၊ ငါတို့က သူတို့တက္ကသိုလ်ကမဟုတ်ဘူးလေ...လက်မှတ်ဂိတ်မှာတင်ပဲ ငါတို့ကန်ထုတ်ခံရလောက်တယ်!"

"မဟုတ်ဘူး"  လုံးဝကို စိတ်မသက်မသာဖြစ်နေသော သူ့ညီအစ်ကိုများနှင့်နှိုင်းစာလျှင် စန်မန်ချွမ်ကတော့ တည်ငြိမ်နေသေး၏။ "လုံခြုံရေးဂိတ်ကတာဝန်ခံနှစ်ယောက်က ဟိုတစ်ခေါက်ကစားပွဲမှာ ငါ့ကိုရှုံးထားတယ်...အလောင်းအစားရှုံးသွားတော့ အဝတ်မပါဘဲပတ်ပြေးဖို့ကို အဲ့ကောင်တွေငြင်းထားလို့ ဒီနေ့ပွဲမှာသူတို့တွေငါတို့ကို ဒီတိုင်းဝင်ခိုင်းကြမှာ"

မောင်ကွမ်နှင့်ကောင်းရှင်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲတွင်သက်ပြင်းချလိုက်ကြသည်။

ရှန်းချိုက်...ရှန်းချိုက်...ရှန်းချိုက်... သူတို့ သူ့ကိုသိပါတယ်။ သူက တကယ်ကိုစိတ်သဘောထားကောင်းပြီး ရုပ်ကလည်းအရမ်းချောသေးတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမယ့် တကယ်တမ်းတော့ သူက ယောက်ျားလေးတစ်ယောက်ပဲလေ။  အရင်က ရည်းစားတွေအများကြီးရှိဖူးတဲ့ အဖြောင့်ကောင်​မန်ချွမ်ကို ဘယ်လိုဆေးမျိုးပေးခဲ့တာလဲ!?

စန်မန်ချွမ်နှင့်ရှန်းချိုက်တို့လမ်းခွဲပြီးနောက် စန်မန်ချွမ်မှာ အချိန်အတော်ကြာအောင် စိတ်ဓာတ်ကျနေခဲ့သည်။ သူစီစဉ်ထားသော ဘတ်စကက်ဘောကွင်းမှဖွင့်ဟဝန်ခံချက်သည် ရှန်းချိုက်ကိုသူနှင့်မနီးစပ်သွားစေဘဲ အဝေးသို့တွန်းပို့မိခဲ့သည်။

စန်မန်ချွမ်ဝမ်းနည်းကြေကွဲရဆုံးမှာ လမ်းခွဲပြီးနောက် ရှန်းချိုက်က သူ့ဆိုင်ကယ်ကိုပြန်ဝယ်ပေးခဲ့ပြီး မောင်ကွမ်နှင့်ကောင်းရှင်းတို့မှတဆင့် သူ့ကိုပြန်ပေးခဲ့ခြင်းဖြစ်သည်။

မူလက မောင်ကွမ်နှင့်ကောင်းရှင်းတို့သည် သူတို့၏ညီအစ်ကိုဖြစ်သူကို ရှန်းချိုက်က အတင်းဆွဲထားသည်ဟု ထင်နေခဲ့သော်လည်း ပြန်ဝယ်ပေးလာသောဆိုင်ကယ်ကိုမြင်လိုက်ရသောအခါတွင်တော့ သူတို့၏ခံစားချက်များ ရှုပ်ထွေးသွားတော့သည်။

သူတို့မျှော်လင့်သည်မှာ ထိုသူနှစ်ဦး ပြတ်ပြတ်သားသားလမ်းခွဲသွားကြပြီး သူတို့၏ညီအစ်ကိုအား 'မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်ရောက်ရန်' သာဖြစ်သည်။ သူတို့ညီအစ်ကိုဖြစ်သောစန်မန်ချွမ်အား ရှုပ်ထွေးလှသော အဲ့ဒီ့ - ဟူး... ဒီလိုလူဖြောင့်နှစ်ယောက်က လိင်တူချစ်ခြင်းရဲ့အလှည့်အပြောင်းတွေကို ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲနော်။

နှစ်တစ်ဝက်မှာ မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားပြီး စန်မန်ချွမ်ကလည်း ထိုခြောက်လအတွင်း အခြားလူသုံးဦးနှင့်ဒိတ်ခဲ့ကာ အမျိုးသားရောအမျိုးသမီးပါ ပါဝင်ပြီး အတိုဆုံးသော Relationship သည် သုံးရက်ဖြစ်ပြီး အရှည်ဆုံး Relationship မှာ တစ်လခွဲဖြစ်သည်။

သူနှင့်ဒိတ်ခဲ့သူတိုင်းတွင် ရှန်းချိုက်နှင့်တူညီသောအရာများရှိနေ၏။

တစ်​​ယောက်​တွင်​ ရှန်းချိုက်ကဲ့သို့မျက်​ဝန်းများရှိပြီး နောက်​တစ်​​ယောက်​တွင်​ ရှန်းချိုက်နှင့်​တူသောအမူအကျင့်​​သေး​သေး​လေး​များရှိကာ တစ်လခွဲကြာဒိတ်ခဲ့သောတစ်ယောက်တွင်တော့ ရှန်းချိုက်နှင့်တူသော ​နောက်​ကျောပုံစံလေးရှိသည်။

စန်မန်ချွမ်သည် ဤတစ်နေရာတည်းတွင်သာ လှည့်ပတ်နေခဲ့ပြီး သူ့ကိုယ်သူလည်း ရုန်းမထွက်နိုင်တော့ပေ။ အမှန်တော့ ရုန်းမထွက်ခဲ့ခြင်းသာ။

မောင်ကွမ်သည် သူ့ညီအစ်ကို၏ ရှုပ်ယှက်ခတ်နေသောအပြုအမူများကို သည်းမခံနိုင်တော့ဘဲ ရှန်းချိုက်က ဖျော်ဖြေပွဲတစ်ခုကို ကျောင်းတွင်ပြန်လာလုပ်မည်ဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုအချိန်တွင်တော့ ဘတ်စကတ်ဘောကောင်လေး၏အမူအရာမှာ အသက်ဝင်တောက်ပလာတော့သည်။

သူက ချက်ချင်းနီးပါးဆိုသလို အစီအစဉ်များချထားခဲ့ပြီး လက်ဆောင်ပစ္စည်းများကို ဂရုတစိုက်ပြင်ဆင်ထားကာ သူတို့ပြန်တွေ့သည်နှင့် သူပြောမည့်စကားတိုင်းကို အသေအချာတွေးတောနေမိသည်။

"အခုဆို ငါက လွန်ခဲ့တဲ့နှစ်ဝက်ကလိုမဟုတ်တော့ဘူး!" စန်မန်ချွမ်က ရှင်းပြသည်။ "ရှန်းချိုက်က ဘာလို့ ငါ့ကိုလမ်းခွဲခဲ့တာလဲဆိုတာကို ငါ အခုမှ လုံးလုံးကိုနားလည်သွားပြီ။ သူက ငါသူ့ကို နားလည်နိုင်လောက်အောင် မရင့်ကျက်သေးဘူးလို့ထင်နေတာ... ငါ့မှာ အနာဂတ်အတွက်လည်း အစီအစဉ်မရှိဘူးပေါ့၊ ပြီးတော့ ငါကလည်း သူ့အပေါ် အမြဲတမ်းဆိုးသွမ်းနေမိတယ်။  အဲ့ဒါတွေကို ငါမသိခဲ့ပေမယ့်လို့ပေါ့... အခုတော့ သူဘာကိုလိုအပ်နေလဲ...ငါ့မှာရှိတဲ့ပြဿနာတွေအားလုံး ငါပြင်ပြီးနေပြီ!"

ယခုအခါတွင်တော့ စန်မန်ချွမ်သည် ကလေးများအား  ကာယပညာကို တစ်ပတ်လျှင်သုံးကြိမ်သင်ကြားပေးသည့်  ပုံမှန်အချိန်ပိုင်းအလုပ်လေးရှိလာ၏။ ဤကျောင်းသားလေးများသည် သူအလုပ်သင်အဖြစ်ရှိစဥ်တုန်းကတည်းက သူသင်ပေးခဲ့ဖူးသော ပဲစေ့လေးများဖြစ်၏။ ယခုဆို သူသည် တေးဂီတပြဇာတ်ဆိုင်ရာ ခံစားချက်အချို့ကိုတောင် စတင်လေ့လာနေပြီဖြစ်သည်။ သူသည် Mozart၊ l'opéra Rock နှင့် Amadeus တို့ကိုလည်း ကြည့်ရှုခဲ့ပြီး သူတို့၏အနာဂတ်အတွက် ပထမဆုံးအကြိမ်အဖြစ် အစီအစဉ်ဆွဲတတ်ရန်သင်ယူနေခဲ့ပြီး ရှေ့လာမည့်တစ်နှစ်ခန့်အတွက်သာ ကြိုတင်အစီအစဥ်ရှိခဲ့သော လူမိုက်ကောင်လေးထက် များစွာသာလွန်နေပြီဖြစ်သည်။

လမ်းခွဲခဲ့စဉ်က ရှန်းချိုက်သူ့အတွက်ပေးခဲ့သောစာကို စန်မန်ချွမ်သည် အကြိမ်ပေါင်းများစွာ ပြန်ဖတ်မိခဲ့သည်။

ထိုစာထဲတွင် သူ့အပေါ်အပြစ်တင်ခြင်း သို့မဟုတ် စွပ်စွဲမှုများမရှိခဲ့ဘဲ စာကြောင်းများအကြားတွင် ရှန်းချိုက်၏ စိတ်မကောင်းဖြစ်စွာဖြင့် အကြိမ်ကြိမ်တောင်းပန်မှုများသာ ပါဝင်ခဲ့သည်။

ထိုအချိန်လေးတွင် စန်မန်ချွမ်သည် ရှန်းချိုက်ရှေ့တွင်ရပ်ပြီး "မင်းအရမ်းစိတ်မကောင်းဖြစ်ရရင် အခု ကိုယ့်ဆီပြန်လာခဲ့ပါနော်"ဟုသာ အော်ပြောလိုက်ချင်သည်။

ရှန်းချိုက်ကိုပြန်ရရန် စီစဉ်နေရသည့်အတွက် စန်မန်ချွမ်သည် မနေ့ကတစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူ့ဘောင်းဘီအိတ်ကပ်ထဲတွင် လက်ဆောင်လေးတစ်ခုပါသော ဖလန်နယ်သေတ္တာသေးသေးလေးတစ်လုံးပြင်ဆင်ထားပြီး ဒီတစ်ကြိမ်မှာတော့  အိမ်သော့လိုအရာမျိုးမဟုတ်တော့ပေ။

... ကံမကောင်းစွာပင် သူ့အစီအစဉ်မှာ အပြောင်းအလဲအချို့ကိုတော့ မဖြေရှင်းနိုင်ခဲ့ပေ။

သုံးယောက်သား နာရီဝက်ကြာအောင်တန်းစီနေခဲ့ပြီးနောက် လက်မှတ်ဂိတ်ပေါက်သို့ လိပ်သွားသည့်အရှိန်နှုန်းဖြင့် ရောက်လာကြတော့သည်။

လက်မှတ်ဂိတ်တွင် ကောင်လေးနှစ်ယောက်မှာ ဘယ်ဘက်နှင့်ညာဘက်တွင်ရပ်နေကြပြီး ထိုသူတို့မှာ စန်မန်ချွမ်အတွက် နောက်ဖေးတံခါးဖွင့်ပေးရန် သဘောတူထားခဲ့ကြသော အရှုံးသမားလေးများဖြစ်သည်။

သို့သော် စန်မန်ချွမ်နှင့်သူ့ညီအစ်ကိုနှစ်ယောက်သည်  အလွန်သိသာလွန်းနေပြီး မရေမတွက်နိုင်သော မျက်လုံးအစုံများက အစမှအဆုံးတိုင် သူတို့ကိုစိုက်ကြည့်နေကြသည်။ ဖျော်ဖြေရေးခန်းမထဲသို့ ခိုးဝင်ကြမည့်ပုံမှာ အလွန်သိသာလွန်းနေသဖြင့် စိတ်အားထက်သန်နေသောလူအုပ်ကြီးဆီမှ ချက်ချင်းပင် နှုတ်ဖြင့်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

"မင်းတို့ရဲ့ကျောင်းသားကတ်က ဘယ်မှာလဲ!?"  သူတို့နောက်နားရှိလူက သူတို့အဝတ်အစားများကိုလှမ်းဆွဲထားရင်းမေးလိုက်၏။ "လက်မှတ်စစ်တဲ့ဂိတ်မှာ လက်တစ်ဖက်ကလက်မှတ်ကိုင်ထားပြီး နောက်လက်တစ်ဖက်က ကိုယ့်ရဲ့ကျောင်းသားကတ်ကို ကိုင်ထားရမယ်လို့ပြောထားတယ်လေ!"

ဒါပေမယ့် သူတို့လက်ထဲမှာ လက်မှတ်တွေရှိသော်လည်း ကျောင်းသားကတ်တော့မရှိပေ။

မောင်ကွမ်က လိမ္မာပါးနပ်စွာဖြင့် "ငါတို့ရဲ့ကျောင်းသားကတ်တွေက အဆောင်ထဲမှာကျန်ခဲ့လို့!"

"အဆောင်မှာလား??" သံသယဝင်နေသောလူအုပ်ကြီးက "မင်းတို့က ဘယ်ဌာနကလဲ?? မင်းတို့ရဲ့အခန်းဖော်ကို လာပို့ခိုင်းလိုက်လေ"

"ငါတို့သုံးယောက်က အခုဒီရောက်နေတာလေ... လေးယောက်မြောက်အခန်းဖော်က အပြင်သွားနေလို့" ဟု ကောင်းရှင်းက ဆက်လက်၍ကြံဖန်ပြောဆိုပြန်သည်။

ကျောင်းသားကျောင်းသူအများအပြား စုရုံးလာကြပြီး အချို့ကလည်း "မင်းတို့ရဲ့ကိုယ်လုံးကိုယ်ပေါက်က အကသမားနဲ့ လုံးဝကိုတူမနေဘူးနော်... ကြည့်ရတာ အားကစားလိုက်စားတဲ့ပုံပဲ!"

တစ်စုံတစ်ယောက်က မှတ်မိသွားလေသည်။ "ဟဲ့ ငါမှတ်မိသွားပြီ၊ သူတို့တွေက အားကစားကောလိပ်ကလူတွေပဲ... သူက ကျောင်းဘတ်စကတ်ဘောအသင်းရဲ့ခေါင်းဆောင် စန်မန်ချွမ်ပဲ၊ ရှန်းချိုက်နဲ့လည်း တွဲခဲ့ဖူးတယ်...ပြီးတော့"

ကျန်တာတော့ ဆက်မပြောခဲ့ပေ။

စန်မန်ချွမ်နှင့်ရှန်းချိုက်၏ အတိတ်က Relationship အကြောင်းကို ကျောင်းရှိကျောင်းသားအများအပြား ကြားဖူးကြ၏။ မမျှော်လင့်ဘဲ ရှန်းချိုက်က ကျောင်းတွင်လာရောက်​ဖျော်ဖြေရချိန်တွင် ယခုကဲ့သို့ စန်မန်ချွမ်က ပရိသတ်အဖွဲ့ဝင်များနှင့်ရောနှော၍ ခန်းမထဲသို့ဝင်လာသည့်အတွက် လူတိုင်း၏စူးစမ်းချင်စိတ်များ ထကြွလာတော့သည်။

ဤသို့ဖြစ်သွားသဖြင့် သူတို့သုံးယောက်လည်း ရောယောင်ပြီးဝင်သွားလို့မရတော့ပေ။ စန်မန်ချွမ်သည် ထိုထူးဆန်းသောအကြည့်များကိုလျစ်လျူရှုလိုက်ပြီး သူ့ညီအစ်ကိုများကို လက်မှတ်စစ်သည့်ဂိတ်မှ အမြန်ဆွဲခေါ်လာရတော့သည်။

ကံကောင်းထောက်မစွာပင် သူတို့သည် အားကစားလေ့ကျင့်ပြီး ကိုယ်ကာယအင်အားကောင်းမွန်သောကြောင့် ချက်ချင်းလက်ငင်းကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးနိုင်ကြသည်။ ထိုယုန်အုပ်စုလိုက်ဖမ်းနေလျှင်တောင် လုံးဝလိုက်မမီနိုင်ပေ။

လူသုံးယောက်သည် ရှက်ရွံ့ကြီးစွာဖြင့် သစ်ပင်ကြီးတစ်ပင်အောက်၌ပုန်းအောင်းနေကြကာ အဆောက်အဦး၏အနောက်ဘက်သို့ လျှောက်သွားကြလေသည်။

"ဘုရား ဘုရား... ချွမ်ဇီ မင်း တော်တော်လေးနာမည်ကြီးနေပါလား" မောင်ကွမ်သည် ယခုထိတိုင် ကြောက်လန့်တကြားခံစားနေရဆဲဖြစ်သည်။

"ဘာကို နာမည်ကြီးတာလဲ!!" စန်မန်ချွမ်က အကြိမ်ကြိမ် ခေါင်းခါပြီး "ငါက နာမည်ကြီးတာမဟုတ်ဘူး... ရှန်းချိုက်က အရမ်းနာမည်ကြီးလွန်းနေတာ၊ သူက ဒီကျောင်းရဲ့နတ်ဘုရား... ငါက အဲ့ဒီ့နတ်ဘုရားရဲ့ ရည်းစားဟောင်းဖြစ်နေရုံပဲ!"

ကောင်းရှင်း: "...မကောင်းဆိုးဝါးရည်းစားဟောင်း ဟုတ်မနေလို့ တော်တော်လေးကံကောင်းသွားတယ်"

အကယ်၍ စန်မန်ချွမ်သာ မကောင်းဆိုးဝါးရည်းစားဟောင်းဖြစ်ခဲ့ပါလျှင် သူတို့အားလုံး ဤအကတက္ကသိုလ်မှ အသက်ရှင်လျက်ပြန်ထွက်လာဖို့တောင်မဖြစ်နိုင်ဟု ခန့်မှန်းရသည်။

ကောင်းရှင်း : "ကဲ... ငါတို့သွားကြည့်ကြဦးမှာလား??"

စန်မန်ချွမ် : "နေကြပါဦး! ငါတို့ ဘာလို့မကြည့်ရမှာလဲ!?"

မောင်ကွမ် : "မင်းကွာ... ဘယ်လိုပဲကြည့်ကြည့် ငါတို့သုံးယောက်မှာကျောင်းသားကတ်လည်းမရှိဘူး၊ ပြီးတော့ ငါတို့က ဒီလောက်အရပ်ရှည်နေတာ... ပရိသတ်တွေကြားထဲရောက်သွားတာနဲ့ ငါတို့သေချာပေါက် လွတ်မှာမဟုတ်တော့ဘူးကွ"

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ  အသည်းအသန်စဥ်းစားနေကြသော်လည်း ဘာလုပ်ရမှန်းမဆုံးဖြတ်နိုင်ကြပေ။

စန်မန်ချွမ်က ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ရင်း "ငါတို့ ဘယ်ရောက်နေမှန်း သိကြလား??"

သုံးယောက်လုံးက ဟွာချောင်းတက္ကသိုလ်မှကျောင်းသားများမဟုတ်သောကြောင့် ဤကျောင်းရှိအဆောက်အဦများနှင့် မရင်းနှီးကြပေ။ သူတို့ကို တခြားသူများလိုက်ဖမ်းစဥ်ကလည်း ဘယ်ကွေ့လိုက်ညာကွေ့လိုက်ဖြင့် ပတ်ပြေးနေကြခြင်းဖြစ်သည်။

"နေဦး-" ကောင်းရှင်းက "ကြည့်ရတာ ငါတို့ အခု ဖျော်ဖြေရေးခန်းမရဲ့အနောက်ဘက်ခြမ်းကို ရောက်နေတဲ့ပုံပဲ"

သူပြောတာ အမှန်ပင်။ သုံးယောက်သား ဤနေရာသို့ မည်သို့မည်ပုံရောက်လာကြမှန်းမသိသော်လည်း ဖျော်ဖြေရေးခန်းမ၏နောက်ကျောဘက်သို့ရောက်နေကာ ဖျော်ဖြေမည့်ဇာတ်ခုံနှင့် အုတ်နံရံတစ်ချပ်သာခြားတော့သည်။

သူတို့သုံးယောက်လုံး ဘာမှမဆင်ခြင်နိုင်တော့ဘဲ နံရံများကိုကျော်တက်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။

လာဖမ်းမည့်ဝန်ထမ်းရှိလာလျှင်တောင် သူတို့ကို အပြည့်အဝထိန်းချုပ်နိုင်မည်မဟုတ်ပေ။

အုတ်တံတိုင်းကလည်းသိပ်မမြင့်ဘဲ နှစ်မီတာခွဲနီးပါးလောက်သာရှိ၏။

ဤအမြင့်သည် အခြားသူများအတွက် အနည်းငယ်ဒုက္ခဖြစ်နိုင်သော်လည်း အားကစားတက္ကသိုလ်မှ အရပ်ရှည်ရှည်ကျောင်းသားသုံးဦးအတွက်တော့ ခြေအနည်းငယ်ကြွလိုက်ရုံသာ။

အတော်လေး လွယ်ကူလေသည်။

အုတ်နံရံ၏မျက်နှာပြင်သည် ဘိလပ်မြေအချောကိုင်ထားခြင်းဖြစ်သောကြောင့် ပြေပြစ်ချောမွေ့နေကာ ခြေထောက်အားယူနိုင်မည့်အချိုင့်တစ်ခုကိုတောင် အတော်လေးရှာဖွေလိုက်ရ၏။

သုံးယောက်သား ထော်လော်ကန့်လန့်ဖြင့် ဝက်ဝံကြီးသုံးကောင်ကဲ့သို့ နံရံပေါ်တွင်တွဲလောင်းခိုလိုက်ကာ အလိုက်သင့်တွယ်တက်လိုက်ကြသည်။

သတိကြီးကြီးဖြင့် ခေါင်းပြူကြည့်လိုက်စဥ် အလွန်ကျဉ်းမြောင်းသောလမ်းကြားလေးထဲ၌ လေးထောင့်ပုံးများစွာချထားသည်ကို တွေ့လိုက်ရသည်။ ထိုကြောင့် ထိုနေရာနားကိုခုန်ချပါမှ ပိုမိုအဆင်ပြေနိုင်မည်ပင်။

စန်မန်ချွမ် : "ငါအရင်ဆင်းကြည့်မယ်၊ မင်းတို့နှစ်ကောင် ငါပြီးမှဆင်း..."

"ရှူး! စကားမပြောနဲ့!" မောင်ကွမ်က အလန့်တကြားဖြင့် "ခဏလောက်ပုန်းရအောင်၊ တစ်ယောက်ယောက်လာနေတယ်!!"

ခြေသံများကြားလိုက်ရသည်နှင့် သုံးယောက်စလုံး ဆံပင်တစတောင်မပေါ်စေရအောင် လည်ပင်းလေးများကျုံ့လျက်အလျင်စလိုခေါင်းငုံ့လိုက်ကြပြီး စိတ်ထဲတွင်တော့ ညည်းညူနေကြသည်။ 'ဖျော်ဖြေပွဲကဖြင့်စတော့မယ်... ဝန်ထမ်းတွေက ဘာကိစ္စ ဒီနားကိုလာနေသေးတာတုန်း!?'

​လူနှစ်ယောက်၏ခြေသံနှစ်ခုက ​လမ်းထောင့်နားလေးတွင်မရပ်မီအထိ သူတို့နားသို့နီးကပ်လာသည်။

ထို့နောက် အသံတစ်သံထွက်လာ၏။

နူးညံ့သိမ်မွေ့ကာရင့်ကျက်ပြီး ယောကျ်ားပီသသောအသံပင်။ အလွန်နားထောင်လို့ကောင်းပြီး... အရမ်းလည်းရင်းနှီးနေသေးသည်။

"အဆင်ပြေရဲ့လား... ဘာလို့ ချွေးတွေအရမ်းထွက်နေတာလဲကွာ" ထိုအမျိုးသား၏အသံက “ဒီနားကိုလာ ကိုယ်ချွေးတွေသုတ်ပေးဦးမယ်” ဟု ဆက်ပြော၏။

ခဏအကြာတွင်တော့ ကြည်လင်ပြတ်သားကာ နားဝင်ချိုသောအမျိုးသားအသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

“ကျွန်တော်…ကျွန်တော်…” အသံလေးက အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် “အရမ်းပျော်နေလို့”

ဒုတိယအသံမှာ အကျယ်ကြီးမဟုတ်သော်လည်း တိတ်ဆိတ်လွန်းသောပတ်ဝန်းကျင်တွင်တော့ ပြတ်ပြတ်သားသားကိုကြားရနိုင်သည်။ "ဟွာချောင်းတက္ကသိုလ်ရဲ့ ဟောပြောပွဲခန်းမမှာ ဖျော်ဖြေရမယ်ဆိုတာကို အခုထိမယုံနိုင်သေးဘူး... ရှေ့ဆုံးတန်းကထိုင်ခုံလေ၊ ခင်ဗျားမြင်လိုက်လား?? အဲ့ဒါ ကျောင်းအုပ်ကြီးတွေအတွက်သီးသန့်ပဲ...  တခြားဌာနကအကြီးအကဲတွေရော၊ တခြားဆရာဆရာမတွေလည်း အများကြီးပဲ…”

ကောင်လေးက ခုန်ပေါက်နေရင်း ​စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော် ခင်ဗျားကိုတီချယ်ချူပင်းအကြောင်း ပြောပြဖူးသေးလားဟင်?? တီချယ်က ကျွန်တော်အရင်တွဲဖက်အကအကယ်ဒမီမှာတက်တုန်းက ကျွန်တော်တို့ရဲ့အတန်းပိုင်ဆရာမပဲ.. ပြီးတော့ ဘဲလေးဌာနကတခြားဆရာဆရာမတွေလည်း ဒီကိုရောက်နေကြသေးတယ်၊ သူတို့အားလုံး ကျွန်တော့်ဖျော်ဖြေပွဲကို လာကြည့်ကြတာ!!"

သူသည် တစ်နေရာတည်းတွင်လှည့်ပတ်နေပြီး လေ​ပေါ်တွင်လွင့်နေသလို ဝမ်းသာအားရအသံလေးဖြင့် "အိုးမိုင်ဂေါ့!! အိပ်မက်တော့မဟုတ်လောက်ဘူး..ကျွန်တော် ဘယ်လောက်တောင်အံ့သြဖို့ကောင်းလိုက်သလဲနော်၊ ကြည့်ရတာ ကမ္ဘာပေါ်က အတော်ဆုံးတေးဂီတပြဇာတ်မင်းသားလေးပဲထင်ပါရဲ့!"

သူ့စကားများမှာ အလွန်တုံးအပုံရသော်လည်း ထိုတုံးတုံးအအစကားလုံးလေးများကပင် သူ့နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားမှုအတိအကျကို ထင်ဟပ်နေတော့သည်။

အုတ်နံရံကိုခိုထားသောစန်မန်ချွမ်ကတော့ မျက်လုံးများပြူးကျယ်လျက် အံ့အားသင့်နေတော့သည်။

ဒီအသံကို သူမှတ်မိတယ်... ဒီအသံကို သူမှတ်မိတာပေါ့..

စန်မန်ချွမ်တစ်ယောက် အုတ်နံရံကိုကျော်၍ချောင်းကြည့်ရန် ထခုန်လိုက်သည်ကို မောင်ကွမ်မြင်သွားသဖြင့် သူ့ကိုအသည်းအသန်ကန်ကျောက်ကာ "မင်း ရူးနေပြီလား" ဟု မေးလာသည်။

ဒါပေမယ့် စန်မန်ချွမ်ကတော့ ဘာကိုမှဂရုမစိုက်ချင်တော့ပေ။

ဒါသည် ရှန်းချိုက်၏အသံပင်။ ထိုအသံသည် ဤနှစ်တစ်ဝက်လုံးလုံး သူ တစ်ခါမှထပ်မကြားရသေးသော်လည်း သူ့နှလုံးသားထဲတွင် အစဥ်အမြဲသိမ်းဆည်းထားခဲ့သော အသံလေးတစ်ခုပင်။

ယခု ဒီအချိန်လေး၌ သူ ရှန်းချိုက်ကိုအရမ်းမြင်ချင်လာသည်။

သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် နံရံပေါ်ထောက်ထားလိုက်ပြီး ခေါင်းကို ရှေ့ဘက်သို့တိုးကြည့်လိုက်သည်။ ရှန်းချိုက်ကိုလှမ်းခေါ်လိုက်ချင်ပြီး သူ အခု ပိုတော်လာပြီဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြချင်သေးသည်။ သူတကယ်ကို ပြောပြချင်မိ၏။

— သို့သော် သူ့လည်ချောင်းထဲရှိအသံမှာ ပျောက်ကွယ်နေပြီး စန်မန်ချွမ်၏ စိတ်လှုပ်ရှားနေသောအမူအရာများရပ်တန့်သွားခဲ့သည်။

သူက ဘာကိုသက်သေပြချင်နေတာလဲ??

တခြားလူတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရပ်နေသောရှန်းချိုက်ကို သူတွေ့လိုက်ရ၏။ ထိုလူသည် အသံသရုပ်ဆောင်ထန်ယီမင်ဖြစ်ပြီး ဤဖျော်ဖြေပွဲ၏ နောက်ထပ်အမျိုးသားဇာတ်လိုက်လည်းဖြစ်သည်။

ရှန်းချိုက်သည် မျက်နှာပေါ်တွင် မိတ်ကပ်အချို့လိမ်းခြယ်ထားပြီး ပါးလျလျ၀တ်စုံလေးကို၀တ်ဆင်ထားကာ ဆံပင်လေးများကိုလည်း ဟိုတစ်စသည်တစ်စဖြစ်နေအောင် ပုံသွင်းခံထားရသည်။

ထန်ယီမင်ကတော့ ရှန်းချိုက်ကို ချစ်ရည်ရွှန်းလဲ့လှသောမျက်လုံးများနှင့်ကြည့်နေကာ ကောင်လေး၏ ကပေါက်တိကပေါက်ချာအတွေးလေးများကို စိတ်ရှည်စွာ နားထောင်ပေးနေပြီး ခုန်ပေါက်နေသည်ကိုလည်း သဘောကျနေဟန်ပင်။ ပြီးနောက် ထိုအမျိုးသားသည် သူ့လည်စည်းပဝါကိုချွတ်လိုက်ပြီး ရှန်းချိုက်၏လည်ပင်းတွင် ညင်သာစွာပတ်ပေးလိုက်၏။

ရှန်းချိုက်၏မျက်ဝန်းများကတော့ အလွန်အမင်းတောက်ပနေကာ အလင်းရောင်များပြည့်နှက်နေပြီး စိတ်ကြီးဝင်နေသည့်မျက်နှာလေးနှင့် ပြုံးပျော်ရွှင်နေတော့သည်။ စကားပြောနေစဉ်တွင် သူ့လက်ချောင်းလေးများက ကိုယ်ပျောက်သံစုံတီးဝိုင်းကို  ညွှန်ကြားနေရသူသကဲ့သို့ လေထဲတွင် တဖျတ်ဖျတ်လှုပ်ရှားနေ၏။

ထန်ယီမင်က ကောင်လေး၏အဝတ်အစားများကို သပ်ရပ်စွာပြုပြင်ပေးနေရင်းဖြင့် ပြောသမျှကိုလည်း စိတ်ဝင်တစားနားထောင်နေခဲ့သည်။ ကောင်လေး၏အင်္ကျီကော်လာလေးကို စနစ်တကျပုံစံချပေးလိုက်ပြီး ကလေးငယ်လေးတစ်ယောက်ကိုပြင်ဆင်ပေးနေသကဲ့သို့ အလွန်ဂရုတစိုက်ရှိလှသည်။

စကားအချိတ်အဆက်တိုင်းကို နှစ်ဦးစလုံးကနားလည်ကြပြီး ဖျော်ဖြေပွဲမစသေးမီ စကားခဏလောက်ပြောရန် လူခြေတိတ်ရာသို့ခိုးထွက်လာကြသော ချစ်သူနှစ်ယောက်နှင့်ဆင်တူ၏။

မလိုအပ်ဘဲ ပူးကပ်နေကြခြင်းမျိုးမရှိသည့်အတွက် မည်သူမဆိုနားလည်နိုင်လောက်သော ပုံစံမျိုးမဟုတ်ပေ။

သို့သော် စန်မန်ချွမ်ကတော့နားလည်သည်။ ဤသို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရုံမျှဖြင့် ထိုမျက်ဝန်းများကိုနားလည်နိုင်ပြီး ဂျစ်ဆော့ပဟေဠိအပိုင်းအစလေးနှစ်ခုကဲ့သို့  တင်းတင်းကျပ်ကျပ်ချိတ်ဆက်ထားပုံရသည့် ထိုသူတို့၏စိတါဝိညာဉ်များကို သူနားလည်နေသည်။

ဒါသည် သူတစ်ခါမှမမြင်ဖူးသောရှန်းချိုက်ပင်။

သူသိခဲ့သည်မှာ "အဆင်ပြေပါတယ်" လို့သာ အမြဲပြောတတ်သောရှန်းချိုက်ဖြစ်ပြီး ယခုကဲ့သို့ တုံးတုံးအအလေးဖြင့် ချစ်စရာကောင်းလောက်အောင် ဆင်ခြင်တုံတရားကင်းမဲ့နေသောရှန်းချိုက်မဟုတ်ပေ။

ယခုရှန်းချိုက်သည် ကလေးဆန်ကာ စိတ်အားထက်သန်မှုများလည်းအပြည့်ရှိပြီး တုံးတုံးအအလေးဖြင့် တမျိုးတဖုံဆိုသလိုဆွဲဆောင်မှုအပြည့်ရှိနေသော ရှန်းချိုက်ဖြစ်သည်။

ဒီကောင်လေးက သူသိဖူးခဲ့သော တစ်စုံတစ်ယောက်မဟုတ်ပေ။

ရုတ်တရက် စန်မန်ချွမ်သည် ထိုသူနှင့် အလွန်မရင်းနှီးသလို ခံစားလိုက်ရသည်။

ဤရှန်းချိုက်သည်... ချို့ယွင်းချက်များနှင့်ပြည့်နှက်နေပြီး  တစ်ချိန်တည်းတွင်လည်း တက်ကြွမှုအပြည့်ရှိနေသည်။

ထိုအချိန်တွင်တော့ စန်မန်ချွမ်၏နှလုံးသားထဲ၌ သူတို့နှစ်ယောက်အတူရှိခဲ့ဖူးချိန်အချို့၏ အသေးစိတ်အချက်အလက်လေးများ ထွက်ပေါ်လာ၏။ ကျောင်းအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ်တွေ့ဆုံချိန်မှစလို့ လော့ကာခန်းထဲရှိ နှုတ်ဆက်ခွဲခွာကြချိန်အထိ...

အချိန်အားဖြင့်သုံးလကျော်၊ ရက်ပေါင်း ၁၀၀ ကျော်သည့် Relationship တွင်...

ယခုကဲ့သို့ စိတ်ကြိုက်ဆိုးသွမ်းနိုင်သောအသွင်အပြင်လေးနှင့်ရှန်းချိုက်ကို သူ တစ်ခါမှမမြင်ဖူးခဲ့ပေ။

နောက်ဆုံးတော့လည်း အမြဲတမ်းဆိုသလို ဆိုးသွမ်းနေခဲ့သူက သူကိုယ်တိုင်ပဲမဟုတ်လား...

...

မောင်ကွမ်နှင့်ကောင်းရှင်းတို့သည် အုတ်နံရံ၏ထိပ်နားတွင်တွယ်ကပ်နေသော သူတို့၏ညီအစ်ကိုကို ထိတ်လန့်စွာကြည့်နေရင်း တဖြည်းဖြည်းအောက်ဘက်သို့ကျုံ့သွားကြ၏။

စန်မန်ချွမ်တစ်ယောက် အကျိုးမရှိသောတစ်စုံတစ်ခုလုပ်လိုက်မိမည် သို့မဟုတ် စိတ်မထိန်းနိုင်ဖြစ်သွားလိမ့်မည်ဟု သူတို့စိုးရိမ်နေကြသော်လည်း မထင်မှတ်ထားဘဲ မိနစ်အနည်းငယ်အကြာတွင်တော့ စန်မန်ချွမ်သည် တိတ်ဆိတ်စွာဖြင့် နံရံပေါ်မှခုန်ဆင်းလာခဲ့သည်။

သူ့အမူအရာမှာ အလွန်အေးဆေးတည်ငြိမ်နေ၏ - ထူးဆန်းသည်မှာ ထိုအချိန်တိုလေးအတွင်းမှာပင် စန်မန်ချွမ့်ပုံစံမှာ ဉာဏ်အလင်းရလာသကဲ့သို့ ရုတ်တရက်ဆိုသလို ပိုမိုရင့်ကျက်လာပုံပေါ်သည်။

သူတို့ပဲ အတွေးလွန်နေကြတာလား??

စန်မန်ချွမ်က တိတ်ဆိတ်စွာလှည့်ထွက်သွား၏။

မောင်ကွမ်နှင့်ကောင်းရှင်းတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြရင်း သူ့နောက်သို့ အလျင်အမြန်လိုက်လာကြသည်။

"နေပါဦး... မင်းပြောတော့ ဖျော်ဖြေပွဲသွားကြည့်ဦးမယ်ဆို?? ရှန်းချိုက်နဲ့သွားတွေ့ပြီး သူနဲ့ပြန်တွဲချင်တယ်လို့ ပြောမလို့မဟုတ်ဘူးလား??"

"သူ အဆင်ပြေနေပြီ" စန်မန်ချွမ်က ပြော၏။ "အဆင်ပြေသွားပြီလို့"

"ဟမ်...ဘာကိုပြောနေတာလဲ??"

"ငါတို့ ပြီးသွားပြီ"

စန်မန်ချွမ်က ခဏရပ်လိုက်ပြီး ခေါင်းလှည့်လိုက်၍ သူ့အနောက်နားတွင်ကျန်ခဲ့သောနံရံကို ပြန်ကြည့်လိုက်သည်။

အုတ်တံတိုင်းဟိုဘက်အခြမ်းရှိအရာအားလုံးက သူနှင့်မသက်ဆိုင်ပေ။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောခြောက်လအစောပိုင်းကတည်းက သူ့ဇာတ်လမ်းအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

သူသည် ရှန်းချိုက်၏ကမ္ဘာထဲမှ ဖြတ်တောက်ခံခဲ့ရပြီးဖြစ်လေသည်။

ဇာတ်ခုံနောက်တွင်တော့ ဝန်ထမ်းအားလုံး ဖျော်ဖြေပွဲမစတင်မီလေး၌ နောက်ဆုံးပြင်ဆင်မှုများပြုလုပ်ရန် အလုပ်များနေကြသည်။

"စလိုက်မီးတွေ??"

"ချိန်ထားပြီးပြီ!!"

"စင်ပေါ်စောင့်ကြည့်အဖွဲ့??"

"ရောက်ပြီ!!"

"တေးဂီတအဖွဲ့ရော??"

"အားလုံး ဒီမှာပဲဟေ့!!"

"ဒါရိုက်တာ၊ ပရိုဂျူဆာနဲ့ တွဲဖက်ဒါရိုက်တာနှစ်ယောက်ဘယ်မှာလဲ?? "

"နေရာမှာထိုင်ပြီးလို့ ကျောင်းအုပ်ကြီးနဲ့တောင် စကားပြောနေကြပြီ"

"သရုပ်ဆောင်တွေရော ဘယ်မှာလဲ??"

"..."

"ရှန်းချိုက်!? ထန်ယီမင်!? ငါတို့အခုစတော့မှာလေ... သူတို့ဘယ်ရောက်သွားကြတုန်း!?"

အားလုံး ဝရုန်းသုန်းကားဖြစ်သွားကြ၏။

ပိတ်ကားမဖွင့်မီလေးတွင် ပြဇာတ်ရုံအနောက်ဘက်၌ အမြဲတမ်းဆိုသလို ဖရိုဖရဲများဖြစ်တတ်ကြပေသည်။

ကံကောင်းထောက်မစွာပင်-

"တောင်းပန်ပါတယ် ကျွန်တော်တို့နှစ်ယောက်လုံး အပြင်မှာ လေကောင်းလေသန့်လေးထွက်ရှူနေတာပါ"

"ဆောရီး... ကိုယ်တို့နောက်ကျသွားတယ်"

မနောက်ကျပါဘူး။

မနောက်ကျပါဘူး။

အချိန်က လုံးဝကိုကွက်တိပဲ။

"အားလုံးအဆင်သင့်ဖြစ်ပြီလား?? လူတိုင်း အဆင်သင့်ဖြစ်နေအောင်ပြင်ထားမယ် ၁၀၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄ ..."

"၃!"

"၂!"

"၁!"

- ပြဇာတ်စင်၏ပိတ်ကားများ ပွင့်သွားကြ၏။

ရှန်းချိုက်နှင့်ထန်ယီမင်တို့၏ဇာတ်လမ်းလေး တရားဝင်စတင်နေပြီဖြစ်သည်။

                             【ပြီးပါပြီ】

----------

စာရေးသူမှာ ပြောစရာတစ်ခု ရှိနေပါတယ်~~

ငါဒီနောက်ဆုံးအခန်းမှာ အချိန်အကြာကြီး ရှေ့မတက်နိုင်ဘဲဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ ပိတ်ကားချကို နောက်ထပ်ပိတ်ကားအသစ်တစ်ခုနဲ့ ချိတ်ဆက်လိုက်ဖို့ ဒီအဆုံးသတ်မျိုးဆုံးဖြတ်လိုက်တယ်။

'ချိုက်ချိုက်'ဆိုတဲ့ဇာတ်လမ်းလေးကတော့ ပြီးသွားပါပြီ။

ချိုက်ချိုက်ရဲ့ဇာတ်လမ်းကတော့ အခုမှစမှာပေါ့။

[အိုင့် note: မန်ချွမ်ကောကောကိုစိတ်မပူကြပါနဲ့🤭🤭 အိုင်တာဝန်ယူလိုက်ပါပြီ။ Main Story ကတော့ပြီးသွားပါပြီရှင့်။ Extra တစ်ပိုင်းပဲ ကျန်ပါတော့တယ်]


____________________________________________
Zawgyi


Chapter (89) [Final]
ပိတ္ကားခ် : Fame the Musical (End)
ပိတ္ကားအသစ္တစ္ခု စတင္ျခင္း

'သန္းေခါင္ယံေနမင္းအား ေစာင့္စားျခင္း' ျပဇာတ္အား ရွန္းဟယ္ျပဇာတ္ရံုတြင္ေဖ်ာ္ေျဖခဲ့စဥ္ကမူ ေလးဘက္ေလးတန္စင္ျမင့္အျဖစ္ ေျပာင္းလဲေနရာခ်ခဲ့သည္။ သို႔ေသာ္ ဟြာေခ်ာင္းအကတကၠသိုလ္၏ ေဖ်ာ္ေျဖေရးခန္းမအားလံုးကေတာ့ သာမန္အဆင့္သာရိွၿပီး ျပန္လည္မြမ္းမံရန္လည္း ေငြႏွင့္အခ်ိန္တို႔မရိွေပ။ ထို႔အတြက္ေၾကာင့္ ရွန္းခ်ိဳက္သည္ သာမန္တစ္ဖက္ျမင္စင္ျမင့္ဗားရွင္းကိုသာ အထူးစီစဉ္ထားရ၏။ ပရိသတ္မ်ားႏွင့္ ထိေတြ့ဆက္ဆံရမႈ ေလ်ာ့နည္းသြားေသာ္လည္း ဤဗားရွင္းအသစ္မွာ နယ္လွည့္ေဖ်ာ္ေျဖပြဲမ်ားအတြက္ ပိုမိုသင့္ေလ်ာ္ၿပီး အနာဂတ္တြင္လည္း ျပဇာတ္ရံုအမ်ားအျပား၌ ေဖ်ာ္ေျဖျပႏိုင္မည္ျဖစ္သည္။

ေလးဘက္ေလးတန္စင္ျမင့္ပံုစံမွ တစ္ဖက္ျမင္ဇာတ္စင္ပံုစံသို႔ ေျပာင္းလဲလိုက္ရေသာအခါ ျဖစ္ေပၚလာသည့္ျခားနားခ်က္မွာ အေဝ့အဝိုက္မ်ားသာမက ကကြက္မ်ားစြာကိုလည္း လိုက္ေလ်ာညီေထြစြာၫွိယူရသည္။

ရွန္းခ်ိဳက္သည္ အကဒါရိုက္တာႏွင့္ ေန့တိုင္းလိုလို အခ်ိန္အေတာ္ၾကာေအာင္ အကေလ့က်င့္ရင္းျဖတ္သန္းေနရၿပီး အကလႈပ္ရွားမႈမ်ားကိုလည္း ထပ္ခါတလဲလဲျပန္လည္သံုးသပ္ေနရေသာေၾကာင့္ ထိုကာလအတြင္း အလြန္ပင္ပန္းေန၏။

ေန့ဘက္မ်ားတြင္ သူ႔အေတြးမ်ားမွာ ကကြက္မ်ားကိုသာအလြန္အာရံုစိုက္ထားရေသာေၾကာင့္ ညဘက္မ်ားတြင္ ေကာင္းမြန္စြာ အိပ္မေပ်ာ္ႏိုင္ေတာ့ဘဲ အျခားသူမ်ားအိပ္မက္ေယာင္ရင္းစကားမ်ားေျပာမိေနခ်ိန္တြင္ ရွန္းခ်ိဳက္ကေတာ့ အိပ္မက္ေယာင္ရင္း ကကြက္မ်ားပံုေဖာ္ေနမိသည္။ ႀကိမ္ဖန္မ်ားစြာ ကုတင္ေပၚတြင္လွၫ့္ပတ္ေနၿပီး ေမွာက္လ်က္သားျဖင့္ကကြက္မ်ားေဖာ္လိုက္၊ ဒိုင္ပင္ထိုးလိုက္ျဖင့္ အကမ်ိဳးစံုကေနေတာ့သည္။

သူ႔ေဘးတြင္အိပ္ေနေသာထန္ယီမင္ကေတာ့ ​ညတိုင္းလိုလို ကကြက္မ်ိဳးစံုျဖင့္ ကန္ေက်ာက္ခံရေလ့ရိွသည္။ တစ္ေခါက္ အိပ္မက္ထဲ၌ ရွန္းခ်ိဳက္အျပင္းအထန္ေလ့က်င့္ေနခ်ိန္ ထန္ယီမင္၏တင္ပါးဆံုရိုးကို တိုက္ရိုက္ကန္မိသြားသျဖင့္ ထန္ယီမင္တစ္ေယာက္အေတာ္ေလးနာသြားၿပီး ေနာက္ေန့တြင္ေတာ့ ထိုေနရာတြင္ အစိမ္းပုပ္ေရာင္အကြက္မ်ားေတာင္ ေပၚလာခဲ့သည္။

ရွန္းခ်ိဳက္လည္း စိတ္အားငယ္သြားၿပီး အျပစ္ရိွသလိုခံစားလိုက္ရသည္။

ထန္ယီမင္ကေတာ့ ရွန္းခ်ိဳက္ကိုအျပစ္မျမင္ေပ။ "ရတယ္၊ ရပါတယ္ဆို... မင္းရဲ့ႂကြက္သားေတြဘယ္ေလာက္ေတာင္အားေကာင္းလဲဆိုတာ အခုသိရတာေပါ့၊ ကိုယ့္ကိုယ္ကိုဂုဏ္ယူလိုက္ပါ"

သို႔ေသာ္ ေန့ခင္းဘက္ ထန္ယီမင္အလုပ္သြားခ်ိန္တြင္ေတာ့ ေထာ့နဲ႔ေထာ့နဲ႔ျဖင့္လမ္းေလ်ွာက္ေနေသာေၾကာင့္ လုပ္ေဖာ္ကိုင္အမ်ားစုက ေလးနက္ေသာအၾကၫ့္မ်ားျဖင့္ စိုက္ၾကည့္လာၾကေတာ့သည္။

...

ရွန္းခ်ိဳက္၏ 'သန္းေခါင္ယံေနမင္းအားေစာင့္စားျခင္း' ျပဇာတ္ကို ေက်ာင္းတြင္ျပန္ေဖ်ာ္ေျဖေပးမည့္အစီအစဉ္မွာ ေက်ာင္းသားအားလံုးကို စိတ္လႈပ္ရွားေစခဲ့သည္။ အရင္တုန္းကဤေက်ာင္းတြင္တက္ဖူးခဲ့ေသာ ေက်ာင္းသားတစ္ေယာက္အေနႏွင့္ ရွန္းခ်ိဳက္၏လႈပ္ရွားမႈတိုင္းက အာရံုစူးစိုက္မႈကို ဆြဲေဆာင္ထားႏိုင္၏။ တြဲဖက္အကအကယ္ဒမီသို႔စတင္ဝင္ေရာက္ႏိုင္ေသာ ပထမႏွစ္ကေလးမ်ားမွစ ဘြဲ႔လြန္တက္ေနေသာအရြယ္ေရာက္ၿပီးသူမ်ားအထိ ေပၚျပဴလာျဖစ္လြန္းေသာရွန္းခ်ိဳက္၏နာမည္ႏွင့္ ဘဝဇာတ္ေၾကာင္းတို႔ကို လူတိုင္းသိၾကေလသည္။

ဤျပဇာတ္ကို တစ္ခါမွမၾကားဖူးလ်ွင္ေတာင္ ရွန္းခ်ိဳက္၏နာမည္ကေတာ့ ေက်ာင္းသားမ်ား၏ႏွလံုးသားထဲ၌ ေရႊေရာင္လက္မွတ္ေလးတစ္ခုလိုပင္။ ထို႔အျပင္ ဤေတးဂီတျပဇာတ္သည္ ရွန္းခ်ိဳက္၏ ဇာတ္ေကာင္က႑ ၁၂ ခုျဖင့္ ႏွစ္နာရီၾကာေသာတစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲျဖစ္ေသာေၾကာင့္ ဤထူးျခားေသာေဖ်ာ္ေျဖမႈပံုစံသည္ လူတိုင္း၏စိတ္ဝင္စားမႈကို ႏိႈးဆြေပးႏိုင္ခဲ့သည္။

ထို႔ေၾကာင့္ ေဖ်ာ္ေျဖပြဲက်င္းပမၫ့္အခ်ိန္ႏွင့္ေနရာကို ေက်ာင္းမွေၾကညာၿပီးသည္ႏွင့္ လူတိုင္းလူတိုင္း လက္မွတ္ရေရးအတြက္ရွာပံုေတာ္ဖြင့္ၾကေတာ့သည္။

"အစ္ကို႔မွာ 'သန္းေခါင္ယံေနမင္း'အတြက္ လက္မွတ္ရိွလားဗ်"

"မင္း ဘာလို႔​လက္မွတ္လိုေနတာလဲ?? မင္းတို႔ရဲ့ ေတးဂီတျပဇာတ္ဌာနက အတြင္းလက္မွတ္ေတြမေပးဘူးလား??"

"ေပးတယ္ဗ်... ဒါေပမယ့္ ကြၽန္ေတာ့္ေကာင္မေလးကလည္း အရမ္းၾကၫ့္ခ်င္ေနတာ။ ျပဇာတ္ရံုကသိပ္မက်ယ္ေတာ့ ဌာနက လူတိုင္းအတြက္လက္မွတ္တစ္ေစာင္စီပဲ ထုတ္ေပးလိုက္တယ္။ သူကလည္းအရမ္းၾကည့္ခ်င္ေနတာဆိုေတာ့ လက္မွတ္ေနာက္တစ္ေစာင္ေလာက္လိုေနလို႔ပါဗ်ာ"

"မင္းရဲ့အခန္းေဖာ္ကိုေမးၾကၫ့္ပါလား.. သူက ေက်ာင္းတြင္းလူမႈေရးအဖြဲ႔ခ်ဳပ္ထဲကလူမွတ္လား?? လူမႈေရးအဖြဲ႔မွာ လက္မွတ္အမ်ားႀကီးရိွတယ္လို႔ၾကားတယ္"

"ကြၽန္ေတာ္ ေမးထားတာၾကာၿပီ! လူမႈေရးအဖြဲ႔ခ်ဳပ္နဲ႔ ေက်ာင္းသားသမဂၢေတာင္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ရန္ျဖစ္ၿပီးသြားၿပီတဲ့၊ လက္မွတ္ေတြပိုေပးပါတယ္ဆိုၿပီး အကုန္လံုးကညည္းၫူေနၾကလို႔ အႏိုင္အရႈံးအဆံုးအျဖတ္ေပးမယ့္ၿပိဳင္ပြဲေတြဘာေတြေတာင္ လုပ္ၿပီးေနၾကၿပီ.. လူတိုင္းကေတာ့ ကိုယ့္ဌာနအတြက္ လက္မွတ္မ်ားမ်ားရခ်င္ၾကတာပဲမွတ္လားေလ"

"တြဲဖက္အကအကယ္ဒမီမွာ စံုစမ္းၾကည့္ပါလား"

"ဘယ္လိုလုပ္ အဲ့ဒီ့ကိုသြားေမးရမွာလဲဗ်ာ.. ကြၽန္ေတာ္က တြဲဖက္အကအကယ္ဒမီရဲ့ ဝင္ခြင့္စာေမးပြဲေတာင္ေအာင္ခဲ့တာမဟုတ္ဘူး။ အဲ့ဒီ့ေက်ာင္းမွာ ကေလးေတျြပၫ့္ေနတာ... ​​ကြၽန္ေတာ့္အေပၚ ေစတနာရိွတဲ့သူလည္း ရွာလို႔ရမွာမဟုတ္ဘူး"

အလားတူစကားဝိုင္းမ်ားသည္ ေက်ာင္းဝင္းတစ္ခုလံုးတြင္ ျဖစ္ပြားေန၏။

ရွန္းခ်ိဳက္၏ေဖ်ာ္ေျဖပြဲကို မၾကည့္လိုက္ရေသာ ပရိသတ္အခ်ိဳ႕သည္ ေဖ်ာ္ေျဖပြဲလက္မွတ္မ်ားအတြက္ လူမႈကြန္ရက္မ်ားမွတစ္ဆင့္ ေစ်းႏႈန္းႀကီးႀကီးမားမားေပး၍ ဝယ္ခဲ့ၾကေသာ္လည္း ေဖ်ာ္ေျဖပြဲအတြင္းသို႔ဝင္ႏိုင္ရန္ ေက်ာင္းသားကတ္လည္းလိုအပ္ျပန္ေသးသည္။ လူအခ်ိဳ႕အျမတ္ထုတ္ခ်င္လ်ွင္ေတာင္ ဘယ္လိုမွနည္းလမ္းမရိွေပ။

မၾကာခင္တြင္ ေဖ်ာ္ေျဖပြဲက်င္းပမည့္ေန့သို႔ေရာက္လာၿပီျဖစ္သည္။

ပြဲမစမီတစ္နာရီအလိုတြင္ ေဖ်ာ္ေျဖေရးခန္းမအျပင္ဘက္၌ လူတန္းအရွည္ႀကီး တန္းစီေနၿပီျဖစ္၏။ ေက်ာင္းသားမ်ားအားလံုးသည္ အဖိုးတန္ေဖ်ာ္ေျဖေရးလက္မွတ္ေလးမ်ားကို လက္ထဲတြင္ကိုင္ေဆာင္ထားရင္း ခန္းမထဲသို႔ဝင္ရန္ေစာင့္ဆိုင္းေနၾကကာ အလြန္ရင္ခုန္စိတ္လႈပ္ရွားေနၾကသည္။

အကသမားမ်ားအားလံုးသည္ ေျခတံရွည္ရွည္ႏွင့္ သြယ္လ်လ်ပ်ိဳးပင္ေကာင္းေလးမ်ားျဖစ္သည္။ ပတ္ဝန္းက်င္ကိုၾကၫ့္လိုက္ပါက သူလိုငါလိုႏူးညံ့သိမ္ေမြ့ေသာစိတ္ထားမ်ားႏွင့္ အားလံုး၏အမူအရာမ်ားမွာ အကသမားမ်ား၏ ထူးျခားေသာက်က္သေရရိွမႈမ်ား ကိန္းေအာင္းေနၾက၏။ သို႔ေသာ္ ဤေက်ာင္းသားမ်ားၾကား၌ 'ထူးခြၽန္' ေယာက္်ားေလးတခ်ိဳ႕ကို ရုတ္တရက္ေတြ့လိုက္ရေလသည္။ ဤေကာင္ေလးမ်ားမွာ အရပ္ ၁.၉ မီတာထက္ ေက်ာ္လြန္ရံုသာမကဘဲ ႂကြက္သားမ်ားေဖာင္းကားေနၾကသည္မွာ အကဇာတ္စင္ႏွင့္ လံုးဝကိုလိုက္ဖက္မႈမရိွေပ။

ပတ္ဝန္းက်င္ရိွလူမ်ား၏ စူးစမ္းေနေသာအၾကၫ့္မ်ားၾကား က်ည္ဆန္ကိုက္ရင္းသာ မတ္တပ္ရပ္ေနရသည္။

"ခြၽမ္ဇီ... ငါတို႔ ဒါကိုမၾကၫ့္လို႔လည္းရပါတယ္..." ေမာင္ကြမ္က စိတ္မသက္မသာခံစားေနရၿပီး သူ႔သူငယ္ခ်င္းကိုၾကၫ့္ကာ "ငါတို႔ ခုခ်ိန္ျပန္လွည့္မယ္ဆို အခ်ိန္မွီေသးတယ္ေနာ္"

ေကာင္းရွင္းလည္း အလားတူအေတြးမ်ိဳးရိွေနၿပီး သူ႔ကိုနားခ်၏။ "ငါတို႔မွာ လက္မွတ္ရိွရံုနဲ႔တင္မရဘူး၊ ေဖ်ာ္ေျဖပြဲထဲကိုဝင္ဖို႔ ေက်ာင္းသားကတ္ကိုသံုးရၪီးမွာ၊ ငါတို႔က သူတို႔တကၠသိုလ္ကမဟုတ္ဘူးေလ...လက္မွတ္ဂိတ္မွာတင္ပဲ ငါတို႔ကန္ထုတ္ခံရေလာက္တယ္!"

"မဟုတ္ဘူး"  လံုးဝကို စိတ္မသက္မသာျဖစ္ေနေသာ သူ႔ညီအစ္ကိုမ်ားႏွင့္ႏိႈင္းစာလ်ွင္ စန္မန္ခြၽမ္ကေတာ့ တည္ၿငိမ္ေနေသး၏။ "လံုၿခံဳေရးဂိတ္ကတာဝန္ခံႏွစ္ေယာက္က ဟိုတစ္ေခါက္ကစားပြဲမွာ ငါ့ကိုရႈံးထားတယ္...အေလာင္းအစားရႈံးသြားေတာ့ အဝတ္မပါဘဲပတ္ေျပးဖို႔ကို အဲ့ေကာင္ေတျြငင္းထားလို႔ ဒီေန့ပြဲမွာသူတို႔ေတြငါတို႔ကို ဒီတိုင္းဝင္ခိုင္းၾကမွာ"

ေမာင္ကြမ္ႏွင့္ေကာင္းရွင္းတို႔သည္ အၾကၫ့္ခ်င္းဖလွယ္လိုက္ၾကၿပီး တစ္ခ်ိန္တည္းမွာပင္ စိတ္ထဲတြင္သက္ျပင္းခ်လိုက္ၾကသည္။

ရွန္းခ်ိဳက္...ရွန္းခ်ိဳက္...ရွန္းခ်ိဳက္... သူတို႔ သူ႔ကိုသိပါတယ္။ သူက တကယ္ကိုစိတ္သေဘာထားေကာင္းၿပီး ရုပ္ကလည္းအရမ္းေခ်ာေသးတယ္။ တိတ္တိတ္ဆိတ္ဆိတ္ေနတတ္ေပမယ့္ တကယ္တမ္းေတာ့ သူက ေယာက္်ားေလးတစ္ေယာက္ပဲေလ။  အရင္က ရည္းစားေတြအမ်ားႀကီးရိွဖူးတဲ့ အေျဖာင့္ေကာင္​မန္ခြၽမ္ကို ဘယ္လိုေဆးမ်ိဳးေပးခဲ့တာလဲ!?

စန္မန္ခြၽမ္ႏွင့္ရွန္းခ်ိဳက္တို႔လမ္းခြဲၿပီးေနာက္ စန္မန္ခြၽမ္မွာ အခ်ိန္အေတာ္ၾကာေအာင္ စိတ္ဓာတ္က်ေနခဲ့သည္။ သူစီစဉ္ထားေသာ ဘတ္စကက္ေဘာကြင္းမွဖြင့္ဟဝန္ခံခ်က္သည္ ရွန္းခ်ိဳက္ကိုသူႏွင့္မနီးစပ္သြားေစဘဲ အေဝးသို႔တြန္းပို႔မိခဲ့သည္။

စန္မန္ခြၽမ္ဝမ္းနည္းေၾကကြဲရဆံုးမွာ လမ္းခြဲၿပီးေနာက္ ရွန္းခ်ိဳက္က သူ႔ဆိုင္ကယ္ကိုျပန္ဝယ္ေပးခဲ့ၿပီး ေမာင္ကြမ္ႏွင့္ေကာင္းရွင္းတို႔မွတဆင့္ သူ႔ကိုျပန္ေပးခဲ့ျခင္းျဖစ္သည္။

မူလက ေမာင္ကြမ္ႏွင့္ေကာင္းရွင္းတို႔သည္ သူတို႔၏ညီအစ္ကိုျဖစ္သူကို ရွန္းခ်ိဳက္က အတင္းဆြဲထားသည္ဟု ထင္ေနခဲ့ေသာ္လည္း ျပန္ဝယ္ေပးလာေသာဆိုင္ကယ္ကိုျမင္လိုက္ရေသာအခါတြင္ေတာ့ သူတို႔၏ခံစားခ်က္မ်ား ရႈပ္ေထြးသြားေတာ့သည္။

သူတို႔ေမ်ွာ္လင့္သည္မွာ ထိုသူႏွစ္ၪီး ျပတ္ျပတ္သားသားလမ္းခြဲသြားၾကၿပီး သူတို႔၏ညီအစ္ကိုအား 'မွန္ကန္ေသာလမ္းေၾကာင္းေပၚသို႔ ျပန္ေရာက္ရန္' သာျဖစ္သည္။ သူတို႔ညီအစ္ကိုျဖစ္ေသာစန္မန္ခြၽမ္အား ရႈပ္ေထြးလွေသာ အဲ့ဒီ့ - ဟူး... ဒီလိုလူေျဖာင့္ႏွစ္ေယာက္က လိင္တူခ်စ္ျခင္းရဲ့အလွၫ့္အေျပာင္းေတြကို ဘယ္လိုလုပ္နားလည္ႏိုင္ပါ့မလဲေနာ္။

ႏွစ္တစ္ဝက္မွာ ျမန္ျမန္ဆန္ဆန္ကုန္ဆံုးသြားၿပီး စန္မန္ခြၽမ္ကလည္း ထိုေျခာက္လအတြင္း အျခားလူသံုးဦးႏွင့္ဒိတ္ခဲ့ကာ အမ်ိဳးသားေရာအမ်ိဳးသမီးပါ ပါဝင္ၿပီး အတိုဆံုးေသာ Relationship သည္ သံုးရက္ျဖစ္ၿပီး အရွည္ဆံုး Relationship မွာ တစ္လခြဲျဖစ္သည္။

သူႏွင့္ဒိတ္ခဲ့သူတိုင္းတြင္ ရွန္းခ်ိဳက္ႏွင့္တူညီေသာအရာမ်ားရိွေန၏။

တစ္​​ေယာက္​တြင္​ ရွန္းခ်ိဳက္ကဲ့သို႔မ်က္​ဝန္းမ်ားရိွၿပီး ေနာက္​တစ္​​ေယာက္​တြင္​ ရွန္းခ်ိဳက္ႏွင့္​တူေသာအမူအက်င့္​​ေသး​ေသး​ေလး​မ်ားရိွကာ တစ္လခြဲၾကာဒိတ္ခဲ့ေသာတစ္ေယာက္တြင္ေတာ့ ရွန္းခ်ိဳက္ႏွင့္တူေသာ ​ေနာက္​ေက်ာပံုစံေလးရိွသည္။

စန္မန္ခြၽမ္သည္ ဤတစ္ေနရာတည္းတြင္သာ လွၫ့္ပတ္ေနခဲ့ၿပီး သူ႔ကိုယ္သူလည္း ရုန္းမထြက္ႏိုင္ေတာ့ေပ။ အမွန္ေတာ့ ရုန္းမထြက္ခဲ့ျခင္းသာ။

ေမာင္ကြမ္သည္ သူ႔ညီအစ္ကို၏ ရႈပ္ယွက္ခတ္ေနေသာအျပဳအမူမ်ားကို သည္းမခံႏိုင္ေတာ့ဘဲ ရွန္းခ်ိဳက္က ေဖ်ာ္ေျဖပြဲတစ္ခုကို ေက်ာင္းတြင္ျပန္လာလုပ္မည္ျဖစ္ေၾကာင္း ေျပာျပလိုက္သည္။ ထိုအခ်ိန္တြင္ေတာ့ ဘတ္စကတ္ေဘာေကာင္ေလး၏အမူအရာမွာ အသက္ဝင္ေတာက္ပလာေတာ့သည္။

သူက ခ်က္ခ်င္းနီးပါးဆိုသလို အစီအစဉ္မ်ားခ်ထားခဲ့ၿပီး လက္ေဆာင္ပစၥည္းမ်ားကို ဂရုတစိုက္ျပင္ဆင္ထားကာ သူတို႔ျပန္ေတြ့သည္ႏွင့္ သူေျပာမည့္စကားတိုင္းကို အေသအခ်ာေတြးေတာေနမိသည္။

"အခုဆို ငါက လြန္ခဲ့တဲ့ႏွစ္ဝက္ကလိုမဟုတ္ေတာ့ဘူး!" စန္မန္ခြၽမ္က ရွင္းျပသည္။ "ရွန္းခ်ိဳက္က ဘာလို႔ ငါ့ကိုလမ္းခြဲခဲ့တာလဲဆိုတာကို ငါ အခုမွ လံုးလံုးကိုနားလည္သြားၿပီ။ သူက ငါသူ႔ကို နားလည္ႏိုင္ေလာက္ေအာင္ မရင့္က်က္ေသးဘူးလို႔ထင္ေနတာ... ငါ့မွာ အနာဂတ္အတြက္လည္း အစီအစဉ္မရိွဘူးေပါ့၊ ၿပီးေတာ့ ငါကလည္း သူ႔အေပၚ အၿမဲတမ္းဆိုးသြမ္းေနမိတယ္။  အဲ့ဒါေတြကို ငါမသိခဲ့ေပမယ့္လို႔ေပါ့... အခုေတာ့ သူဘာကိုလိုအပ္ေနလဲ...ငါ့မွာရိွတဲ့ျပႆနာေတြအားလံုး ငါျပင္ၿပီးေနၿပီ!"

ယခုအခါတြင္ေတာ့ စန္မန္ခြၽမ္သည္ ကေလးမ်ားအား  ကာယပညာကို တစ္ပတ္လ်ွင္သံုးႀကိမ္သင္ၾကားေပးသၫ့္  ပံုမွန္အခ်ိန္ပိုင္းအလုပ္ေလးရိွလာ၏။ ဤေက်ာင္းသားေလးမ်ားသည္ သူအလုပ္သင္အျဖစ္ရိွစဥ္တုန္းကတည္းက သူသင္ေပးခဲ့ဖူးေသာ ပဲေစ့ေလးမ်ားျဖစ္၏။ ယခုဆို သူသည္ ေတးဂီတျပဇာတ္ဆိုင္ရာ ခံစားခ်က္အခ်ိဳ႕ကိုေတာင္ စတင္ေလ့လာေနၿပီျဖစ္သည္။ သူသည္ Mozart၊ l'opéra Rock ႏွင့္ Amadeus တို႔ကိုလည္း ၾကၫ့္ရႈခဲ့ၿပီး သူတို႔၏အနာဂတ္အတြက္ ပထမဆံုးအႀကိမ္အျဖစ္ အစီအစဉ္ဆြဲတတ္ရန္သင္ယူေနခဲ့ၿပီး ေရ႔ွလာမည့္တစ္ႏွစ္ခန႔္အတြက္သာ ႀကိဳတင္အစီအစဥ္ရိွခဲ့ေသာ လူမိုက္ေကာင္ေလးထက္ မ်ားစြာသာလြန္ေနၿပီျဖစ္သည္။

လမ္းခြဲခဲ့စဉ္က ရွန္းခ်ိဳက္သူ႔အတြက္ေပးခဲ့ေသာစာကို စန္မန္ခြၽမ္သည္ အႀကိမ္ေပါင္းမ်ားစြာ ျပန္ဖတ္မိခဲ့သည္။

ထိုစာထဲတြင္ သူ႔အေပၚအျပစ္တင္ျခင္း သို႔မဟုတ္ စြပ္စြဲမႈမ်ားမရိွခဲ့ဘဲ စာေၾကာင္းမ်ားအၾကားတြင္ ရွန္းခ်ိဳက္၏ စိတ္မေကာင္းျဖစ္စြာျဖင့္ အႀကိမ္ႀကိမ္ေတာင္းပန္မႈမ်ားသာ ပါဝင္ခဲ့သည္။

ထိုအခ်ိန္ေလးတြင္ စန္မန္ခြၽမ္သည္ ရွန္းခ်ိဳက္ေရ႔ွတြင္ရပ္ၿပီး "မင္းအရမ္းစိတ္မေကာင္းျဖစ္ရရင္ အခု ကိုယ့္ဆီျပန္လာခဲ့ပါေနာ္"ဟုသာ ေအာ္ေျပာလိုက္ခ်င္သည္။

ရွန္းခ်ိဳက္ကိုျပန္ရရန္ စီစဉ္ေနရသည့္အတြက္ စန္မန္ခြၽမ္သည္ မေန့ကတစ္ညလံုး အိပ္မေပ်ာ္ခဲ့ေပ။ သူ႔ေဘာင္းဘီအိတ္ကပ္ထဲတြင္ လက္ေဆာင္ေလးတစ္ခုပါေသာ ဖလန္နယ္ေသတၲာေသးေသးေလးတစ္လံုးျပင္ဆင္ထားၿပီး ဒီတစ္ႀကိမ္မွာေတာ့  အိမ္ေသာ့လိုအရာမ်ိဳးမဟုတ္ေတာ့ေပ။

... ကံမေကာင္းစြာပင္ သူ႔အစီအစဉ္မွာ အေျပာင္းအလဲအခ်ိဳ႕ကိုေတာ့ မေျဖရွင္းႏိုင္ခဲ့ေပ။

သံုးေယာက္သား နာရီဝက္ၾကာေအာင္တန္းစီေနခဲ့ၿပီးေနာက္ လက္မွတ္ဂိတ္ေပါက္သို႔ လိပ္သြားသည့္အရိွန္ႏႈန္းျဖင့္ ေရာက္လာၾကေတာ့သည္။

လက္မွတ္ဂိတ္တြင္ ေကာင္ေလးႏွစ္ေယာက္မွာ ဘယ္ဘက္ႏွင့္ညာဘက္တြင္ရပ္ေနၾကၿပီး ထိုသူတို႔မွာ စန္မန္ခြၽမ္အတြက္ ေနာက္ေဖးတံခါးဖြင့္ေပးရန္ သေဘာတူထားခဲ့ၾကေသာ အရႈံးသမားေလးမ်ားျဖစ္သည္။

သို႔ေသာ္ စန္မန္ခြၽမ္ႏွင့္သူ႔ညီအစ္ကိုႏွစ္ေယာက္သည္  အလြန္သိသာလြန္းေနၿပီး မေရမတြက္ႏိုင္ေသာ မ်က္လံုးအစံုမ်ားက အစမွအဆံုးတိုင္ သူတို႔ကိုစိုက္ၾကၫ့္ေနၾကသည္။ ေဖ်ာ္ေျဖေရးခန္းမထဲသို႔ ခိုးဝင္ၾကမည့္ပံုမွာ အလြန္သိသာလြန္းေနသျဖင့္ စိတ္အားထက္သန္ေနေသာလူအုပ္ႀကီးဆီမွ ခ်က္ခ်င္းပင္ ႏႈတ္ျဖင့္တိုက္ခိုက္ျခင္းခံခဲ့ရသည္။

"မင္းတို႔ရဲ့ေက်ာင္းသားကတ္က ဘယ္မွာလဲ!?"  သူတို႔ေနာက္နားရိွလူက သူတို႔အဝတ္အစားမ်ားကိုလွမ္းဆြဲထားရင္းေမးလိုက္၏။ "လက္မွတ္စစ္တဲ့ဂိတ္မွာ လက္တစ္ဖက္ကလက္မွတ္ကိုင္ထားၿပီး ေနာက္လက္တစ္ဖက္က ကိုယ့္ရဲ့ေက်ာင္းသားကတ္ကို ကိုင္ထားရမယ္လို႔ေျပာထားတယ္ေလ!"

ဒါေပမယ့္ သူတို႔လက္ထဲမွာ လက္မွတ္ေတြရိွေသာ္လည္း ေက်ာင္းသားကတ္ေတာ့မရိွေပ။

ေမာင္ကြမ္က လိမၼာပါးနပ္စြာျဖင့္ "ငါတို႔ရဲ့ေက်ာင္းသားကတ္ေတြက အေဆာင္ထဲမွာက်န္ခဲ့လို႔!"

"အေဆာင္မွာလား??" သံသယဝင္ေနေသာလူအုပ္ႀကီးက "မင္းတို႔က ဘယ္ဌာနကလဲ?? မင္းတို႔ရဲ့အခန္းေဖာ္ကို လာပို႔ခိုင္းလိုက္ေလ"

"ငါတို႔သံုးေယာက္က အခုဒီေရာက္ေနတာေလ... ေလးေယာက္ေျမာက္အခန္းေဖာ္က အျပင္သြားေနလို႔" ဟု ေကာင္းရွင္းက ဆက္လက္၍ႀကံဖန္ေျပာဆိုျပန္သည္။

ေက်ာင္းသားေက်ာင္းသူအမ်ားအျပား စုရံုးလာၾကၿပီး အခ်ိဳ႕ကလည္း "မင္းတို႔ရဲ့ကိုယ္လံုးကိုယ္ေပါက္က အကသမားနဲ႔ လံုးဝကိုတူမေနဘူးေနာ္... ၾကည့္ရတာ အားကစားလိုက္စားတဲ့ပံုပဲ!"

တစ္စံုတစ္ေယာက္က မွတ္မိသြားေလသည္။ "ဟဲ့ ငါမွတ္မိသြားၿပီ၊ သူတို႔ေတြက အားကစားေကာလိပ္ကလူေတြပဲ... သူက ေက်ာင္းဘတ္စကတ္ေဘာအသင္းရဲ့ေခါင္းေဆာင္ စန္မန္ခြၽမ္ပဲ၊ ရွန္းခ်ိဳက္နဲ႔လည္း တြဲခဲ့ဖူးတယ္...ၿပီးေတာ့"

က်န္တာေတာ့ ဆက္မေျပာခဲ့ေပ။

စန္မန္ခြၽမ္ႏွင့္ရွန္းခ်ိဳက္၏ အတိတ္က Relationship အေၾကာင္းကို ေက်ာင္းရိွေက်ာင္းသားအမ်ားအျပား ၾကားဖူးၾက၏။ မေမ်ွာ္လင့္ဘဲ ရွန္းခ်ိဳက္က ေက်ာင္းတြင္လာေရာက္​ေဖ်ာ္ေျဖရခ်ိန္တြင္ ယခုကဲ့သို႔ စန္မန္ခြၽမ္က ပရိသတ္အဖြဲ႔ဝင္မ်ားႏွင့္ေရာေနွာ၍ ခန္းမထဲသို႔ဝင္လာသည့္အတြက္ လူတိုင္း၏စူးစမ္းခ်င္စိတ္မ်ား ထႂကြလာေတာ့သည္။

ဤသို႔ျဖစ္သြားသျဖင့္ သူတို႔သံုးေယာက္လည္း ေရာေယာင္ၿပီးဝင္သြားလို႔မရေတာ့ေပ။ စန္မန္ခြၽမ္သည္ ထိုထူးဆန္းေသာအၾကၫ့္မ်ားကိုလ်စ္လ်ူရႈလိုက္ၿပီး သူ႔ညီအစ္ကိုမ်ားကို လက္မွတ္စစ္သည့္ဂိတ္မွ အျမန္ဆြဲေခၚလာရေတာ့သည္။

ကံေကာင္းေထာက္မစြာပင္ သူတို႔သည္ အားကစားေလ့က်င့္ၿပီး ကိုယ္ကာယအင္အားေကာင္းမြန္ေသာေၾကာင့္ ခ်က္ခ်င္းလက္ငင္းကိုယ္ေယာင္ေဖ်ာက္ကာ ထြက္ေျပးႏိုင္ၾကသည္။ ထိုယုန္အုပ္စုလိုက္ဖမ္းေနလ်ွင္ေတာင္ လံုးဝလိုက္မမီႏိုင္ေပ။

လူသံုးေယာက္သည္ ရွက္ရြံ႔ႀကီးစြာျဖင့္ သစ္ပင္ႀကီးတစ္ပင္ေအာက္၌ပုန္းေအာင္းေနၾကကာ အေဆာက္အဦး၏အေနာက္ဘက္သို႔ ေလ်ွာက္သြားၾကေလသည္။

"ဘုရား ဘုရား... ခြၽမ္ဇီ မင္း ေတာ္ေတာ္ေလးနာမည္ႀကီးေနပါလား" ေမာင္ကြမ္သည္ ယခုထိတိုင္ ေၾကာက္လန႔္တၾကားခံစားေနရဆဲျဖစ္သည္။

"ဘာကို နာမည္ႀကီးတာလဲ!!" စန္မန္ခြၽမ္က အႀကိမ္ႀကိမ္ ေခါင္းခါၿပီး "ငါက နာမည္ႀကီးတာမဟုတ္ဘူး... ရွန္းခ်ိဳက္က အရမ္းနာမည္ႀကီးလြန္းေနတာ၊ သူက ဒီေက်ာင္းရဲ့နတ္ဘုရား... ငါက အဲ့ဒီ့နတ္ဘုရားရဲ့ ရည္းစားေဟာင္းျဖစ္ေနရံုပဲ!"

ေကာင္းရွင္း: "...မေကာင္းဆိုးဝါးရည္းစားေဟာင္း ဟုတ္မေနလို႔ ေတာ္ေတာ္ေလးကံေကာင္းသြားတယ္"

အကယ္၍ စန္မန္ခြၽမ္သာ မေကာင္းဆိုးဝါးရည္းစားေဟာင္းျဖစ္ခဲ့ပါလ်ွင္ သူတို႔အားလံုး ဤအကတကၠသိုလ္မွ အသက္ရွင္လ်က္ျပန္ထြက္လာဖို႔ေတာင္မျဖစ္ႏိုင္ဟု ခန႔္မွန္းရသည္။

ေကာင္းရွင္း : "ကဲ... ငါတို႔သြားၾကၫ့္ၾကၪီးမွာလား??"

စန္မန္ခြၽမ္ : "ေနၾကပါၪီး! ငါတို႔ ဘာလို႔မၾကၫ့္ရမွာလဲ!?"

ေမာင္ကြမ္ : "မင္းကြာ... ဘယ္လိုပဲၾကၫ့္ၾကၫ့္ ငါတို႔သံုးေယာက္မွာေက်ာင္းသားကတ္လည္းမရိွဘူး၊ ၿပီးေတာ့ ငါတို႔က ဒီေလာက္အရပ္ရွည္ေနတာ... ပရိသတ္ေတြၾကားထဲေရာက္သြားတာနဲ႔ ငါတို႔ေသခ်ာေပါက္ လြတ္မွာမဟုတ္ေတာ့ဘူးကြ"

သံုးေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ကာ  အသည္းအသန္စဥ္းစားေနၾကေသာ္လည္း ဘာလုပ္ရမွန္းမဆံုးျဖတ္ႏိုင္ၾကေပ။

စန္မန္ခြၽမ္က ပတ္ဝန္းက်င္ကိုလွမ္းၾကၫ့္လိုက္ရင္း "ငါတို႔ ဘယ္ေရာက္ေနမွန္း သိၾကလား??"

သံုးေယာက္လံုးက ဟြာေခ်ာင္းတကၠသိုလ္မွေက်ာင္းသားမ်ားမဟုတ္ေသာေၾကာင့္ ဤေက်ာင္းရိွအေဆာက္အဦမ်ားႏွင့္ မရင္းႏွီးၾကေပ။ သူတို႔ကို တျခားသူမ်ားလိုက္ဖမ္းစဥ္ကလည္း ဘယ္ေကြ့လိုက္ညာေကြ့လိုက္ျဖင့္ ပတ္ေျပးေနၾကျခင္းျဖစ္သည္။

"ေနဦး-" ေကာင္းရွင္းက "ၾကည့္ရတာ ငါတို႔ အခု ေဖ်ာ္ေျဖေရးခန္းမရဲ့အေနာက္ဘက္ျခမ္းကို ေရာက္ေနတဲ့ပံုပဲ"

သူေျပာတာ အမွန္ပင္။ သံုးေယာက္သား ဤေနရာသို႔ မည္သို႔မည္ပံုေရာက္လာၾကမွန္းမသိေသာ္လည္း ေဖ်ာ္ေျဖေရးခန္းမ၏ေနာက္ေက်ာဘက္သို႔ေရာက္ေနကာ ေဖ်ာ္ေျဖမည့္ဇာတ္ခံုႏွင့္ အုတ္နံရံတစ္ခ်ပ္သာျခားေတာ့သည္။

သူတို႔သံုးေယာက္လံုး ဘာမွမဆင္ျခင္ႏိုင္ေတာ့ဘဲ နံရံမ်ားကိုေက်ာ္တက္ရန္သာ ဆံုးျဖတ္လိုက္ၾကသည္။

လာဖမ္းမည့္ဝန္ထမ္းရိွလာလ်ွင္ေတာင္ သူတို႔ကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္မည္မဟုတ္ေပ။

အုတ္တံတိုင္းကလည္းသိပ္မျမင့္ဘဲ ႏွစ္မီတာခြဲနီးပါးေလာက္သာရိွ၏။

ဤအျမင့္သည္ အျခားသူမ်ားအတြက္ အနည္းငယ္ဒုကၡျဖစ္ႏိုင္ေသာ္လည္း အားကစားတကၠသိုလ္မွ အရပ္ရွည္ရွည္ေက်ာင္းသားသံုးဦးအတြက္ေတာ့ ေျခအနည္းငယ္ႂကြလိုက္ရံုသာ။

အေတာ္ေလး လြယ္ကူေလသည္။

အုတ္နံရံ၏မ်က္ႏွာျပင္သည္ ဘိလပ္ေျမအေခ်ာကိုင္ထားျခင္းျဖစ္ေသာေၾကာင့္ ေျပျပစ္ေခ်ာေမြ့ေနကာ ေျခေထာက္အားယူႏိုင္မည့္အခ်ိဳင့္တစ္ခုကိုေတာင္ အေတာ္ေလးရွာေဖြလိုက္ရ၏။

သံုးေယာက္သား ေထာ္ေလာ္ကန္႔လန္႔ျဖင့္ ဝက္ဝံႀကီးသံုးေကာင္ကဲ့သို႔ နံရံေပၚတြင္တြဲေလာင္းခိုလိုက္ကာ အလိုက္သင့္တြယ္တက္လိုက္ၾကသည္။

သတိႀကီးႀကီးျဖင့္ ေခါင္းျပဴၾကည့္လိုက္စဥ္ အလြန္က်ဉ္းေျမာင္းေသာလမ္းၾကားေလးထဲ၌ ေလးေထာင့္ပံုးမ်ားစြာခ်ထားသည္ကို ေတြ့လိုက္ရသည္။ ထိုေၾကာင့္ ထိုေနရာနားကိုခုန္ခ်ပါမွ ပိုမိုအဆင္ေျပႏိုင္မည္ပင္။

စန္မန္ခြၽမ္ : "ငါအရင္ဆင္းၾကည့္မယ္၊ မင္းတို႔ႏွစ္ေကာင္ ငါၿပီးမွဆင္း..."

"ရႉး! စကားမေျပာနဲ႔!" ေမာင္ကြမ္က အလန္႔တၾကားျဖင့္ "ခဏေလာက္ပုန္းရေအာင္၊ တစ္ေယာက္ေယာက္လာေနတယ္!!"

ေျခသံမ်ားၾကားလိုက္ရသည္ႏွင့္ သံုးေယာက္စလံုး ဆံပင္တစေတာင္မေပၚေစရေအာင္ လည္ပင္းေလးမ်ားက်ံဳ႔လ်က္အလ်င္စလိုေခါင္းငံု႔လိုက္ၾကၿပီး စိတ္ထဲတြင္ေတာ့ ညည္းၫူေနၾကသည္။ 'ေဖ်ာ္ေျဖပြဲကျဖင့္စေတာ့မယ္... ဝန္ထမ္းေတြက ဘာကိစၥ ဒီနားကိုလာေနေသးတာတုန္း!?'

​လူႏွစ္ေယာက္၏ေျခသံႏွစ္ခုက ​လမ္းေထာင့္နားေလးတြင္မရပ္မီအထိ သူတို႔နားသို႔နီးကပ္လာသည္။

ထို႔ေနာက္ အသံတစ္သံထြက္လာ၏။

ႏူးညံ့သိမ္ေမြ့ကာရင့္က်က္ၿပီး ေယာက်္ားပီသေသာအသံပင္။ အလြန္နားေထာင္လို႔ေကာင္းၿပီး... အရမ္းလည္းရင္းႏွီးေနေသးသည္။

"အဆင္ေျပရဲ့လား... ဘာလို႔ ေခြၽးေတြအရမ္းထြက္ေနတာလဲကြာ" ထိုအမ်ိဳးသား၏အသံက “ဒီနားကိုလာ ကိုယ္ေခြၽးေတြသုတ္ေပးၪီးမယ္” ဟု ဆက္ေျပာ၏။

ခဏအၾကာတြင္ေတာ့ ၾကည္လင္ျပတ္သားကာ နားဝင္ခ်ိဳေသာအမ်ိဳးသားအသံတစ္ခု ထပ္မံထြက္ေပၚလာသည္။

“ကြၽန္ေတာ္…ကြၽန္ေတာ္…” အသံေလးက အလြန္စိတ္လႈပ္ရွားေနဟန္ျဖင့္ “အရမ္းေပ်ာ္ေနလို႔”

ဒုတိယအသံမွာ အက်ယ္ႀကီးမဟုတ္ေသာ္လည္း တိတ္ဆိတ္လြန္းေသာပတ္ဝန္းက်င္တြင္ေတာ့ ျပတ္ျပတ္သားသားကိုၾကားရႏိုင္သည္။ "ဟြာေခ်ာင္းတကၠသိုလ္ရဲ့ ေဟာေျပာပြဲခန္းမမွာ ေဖ်ာ္ေျဖရမယ္ဆိုတာကို အခုထိမယံုႏိုင္ေသးဘူး... ေရ႔ွဆံုးတန္းကထိုင္ခံုေလ၊ ခင္ဗ်ားျမင္လိုက္လား?? အဲ့ဒါ ေက်ာင္းအုပ္ႀကီးေတြအတြက္သီးသန႔္ပဲ...  တျခားဌာနကအႀကီးအကဲေတြေရာ၊ တျခားဆရာဆရာမေတြလည္း အမ်ားႀကီးပဲ…”

ေကာင္ေလးက ခုန္ေပါက္ေနရင္း ​စိတ္လႈပ္ရွားစြာျဖင့္ "ကြၽန္ေတာ္ ခင္ဗ်ားကိုတီခ်ယ္ခ်ူပင္းအေၾကာင္း ေျပာျပဖူးေသးလားဟင္?? တီခ်ယ္က ကြၽန္ေတာ္အရင္တြဲဖက္အကအကယ္ဒမီမွာတက္တုန္းက ကြၽန္ေတာ္တို႔ရဲ့အတန္းပိုင္ဆရာမပဲ.. ၿပီးေတာ့ ဘဲေလးဌာနကတျခားဆရာဆရာမေတြလည္း ဒီကိုေရာက္ေနၾကေသးတယ္၊ သူတို႔အားလံုး ကြၽန္ေတာ့္ေဖ်ာ္ေျဖပြဲကို လာၾကည့္ၾကတာ!!"

သူသည္ တစ္ေနရာတည္းတြင္လွၫ့္ပတ္ေနၿပီး ေလ​ေပၚတြင္လြင့္ေနသလို ဝမ္းသာအားရအသံေလးျဖင့္ "အိုးမိုင္ေဂါ့!! အိပ္မက္ေတာ့မဟုတ္ေလာက္ဘူး..ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္အံ့ၾသဖို႔ေကာင္းလိုက္သလဲေနာ္၊ ၾကည့္ရတာ ကမ႓ာေပၚက အေတာ္ဆံုးေတးဂီတျပဇာတ္မင္းသားေလးပဲထင္ပါရဲ့!"

သူ႔စကားမ်ားမွာ အလြန္တံုးအပံုရေသာ္လည္း ထိုတံုးတံုးအအစကားလံုးေလးမ်ားကပင္ သူ႔ႏွလံုးသားအတြင္းရိွ စိတ္လႈပ္ရွားမႈအတိအက်ကို ထင္ဟပ္ေနေတာ့သည္။

အုတ္နံရံကိုခိုထားေသာစန္မန္ခြၽမ္ကေတာ့ မ်က္လံုးမ်ားျပဴးက်ယ္လ်က္ အံ့အားသင့္ေနေတာ့သည္။

ဒီအသံကို သူမွတ္မိတယ္... ဒီအသံကို သူမွတ္မိတာေပါ့..

စန္မန္ခြၽမ္တစ္ေယာက္ အုတ္နံရံကိုေက်ာ္၍ေခ်ာင္းၾကည့္ရန္ ထခုန္လိုက္သည္ကို ေမာင္ကြမ္ျမင္သြားသျဖင့္ သူ႔ကိုအသည္းအသန္ကန္ေက်ာက္ကာ "မင္း ရူးေနၿပီလား" ဟု ေမးလာသည္။

ဒါေပမယ့္ စန္မန္ခြၽမ္ကေတာ့ ဘာကိုမွဂရုမစိုက္ခ်င္ေတာ့ေပ။

ဒါသည္ ရွန္းခ်ိဳက္၏အသံပင္။ ထိုအသံသည္ ဤႏွစ္တစ္ဝက္လံုးလံုး သူ တစ္ခါမွထပ္မၾကားရေသးေသာ္လည္း သူ႔ႏွလံုးသားထဲတြင္ အစဥ္အၿမဲသိမ္းဆည္းထားခဲ့ေသာ အသံေလးတစ္ခုပင္။

ယခု ဒီအခ်ိန္ေလး၌ သူ ရွန္းခ်ိဳက္ကိုအရမ္းျမင္ခ်င္လာသည္။

သူ႔ကိုယ္သူ လက္ႏွစ္ဖက္ျဖင့္ နံရံေပၚေထာက္ထားလိုက္ၿပီး ေခါင္းကို ေရ႔ွဘက္သို႔တိုးၾကည့္လိုက္သည္။ ရွန္းခ်ိဳက္ကိုလွမ္းေခၚလိုက္ခ်င္ၿပီး သူ အခု ပိုေတာ္လာၿပီဆိုတာကို ဂုဏ္ယူဝင့္ႂကြားစြာ ေျပာျပခ်င္ေသးသည္။ သူတကယ္ကို ေျပာျပခ်င္မိ၏။

— သို႔ေသာ္ သူ႔လည္ေခ်ာင္းထဲရိွအသံမွာ ေပ်ာက္ကြယ္ေနၿပီး စန္မန္ခြၽမ္၏ စိတ္လႈပ္ရွားေနေသာအမူအရာမ်ားရပ္တန္႔သြားခဲ့သည္။

သူက ဘာကိုသက္ေသျပခ်င္ေနတာလဲ??

တျခားလူတစ္ေယာက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရပ္ေနေသာရွန္းခ်ိဳက္ကို သူေတြ့လိုက္ရ၏။ ထိုလူသည္ အသံသရုပ္ေဆာင္ထန္ယီမင္ျဖစ္ၿပီး ဤေဖ်ာ္ေျဖပြဲ၏ ေနာက္ထပ္အမ်ိဳးသားဇာတ္လိုက္လည္းျဖစ္သည္။

ရွန္းခ်ိဳက္သည္ မ်က္ႏွာေပၚတြင္ မိတ္ကပ္အခ်ိဳ႕လိမ္းျခယ္ထားၿပီး ပါးလ်လ်၀တ္စံုေလးကို၀တ္ဆင္ထားကာ ဆံပင္ေလးမ်ားကိုလည္း ဟိုတစ္စသည္တစ္စျဖစ္ေနေအာင္ ပံုသြင္းခံထားရသည္။

ထန္ယီမင္ကေတာ့ ရွန္းခ်ိဳက္ကို ခ်စ္ရည္ရႊန္းလဲ့လွေသာမ်က္လံုးမ်ားႏွင့္ၾကည့္ေနကာ ေကာင္ေလး၏ ကေပါက္တိကေပါက္ခ်ာအေတြးေလးမ်ားကို စိတ္ရွည္စြာ နားေထာင္ေပးေနၿပီး ခုန္ေပါက္ေနသည္ကိုလည္း သေဘာက်ေနဟန္ပင္။ ၿပီးေနာက္ ထိုအမ်ိဳးသားသည္ သူ႔လည္စည္းပဝါကိုခြၽတ္လိုက္ၿပီး ရွန္းခ်ိဳက္၏လည္ပင္းတြင္ ညင္သာစြာပတ္ေပးလိုက္၏။

ရွန္းခ်ိဳက္၏မ်က္ဝန္းမ်ားကေတာ့ အလြန္အမင္းေတာက္ပေနကာ အလင္းေရာင္မ်ားျပၫ့္ႏွက္ေနၿပီး စိတ္ႀကီးဝင္ေနသည့္မ်က္ႏွာေလးႏွင့္ ၿပံဳးေပ်ာ္ရႊင္ေနေတာ့သည္။ စကားေျပာေနစဉ္တြင္ သူ႔လက္ေခ်ာင္းေလးမ်ားက ကိုယ္ေပ်ာက္သံစံုတီးဝိုင္းကို  ၫႊန္ၾကားေနရသူသကဲ့သို႔ ေလထဲတြင္ တဖ်တ္ဖ်တ္လႈပ္ရွားေန၏။

ထန္ယီမင္က ေကာင္ေလး၏အဝတ္အစားမ်ားကို သပ္ရပ္စြာျပဳျပင္ေပးေနရင္းျဖင့္ ေျပာသမ်ွကိုလည္း စိတ္ဝင္တစားနားေထာင္ေနခဲ့သည္။ ေကာင္ေလး၏အက်ႌေကာ္လာေလးကို စနစ္တက်ပံုစံခ်ေပးလိုက္ၿပီး ကေလးငယ္ေလးတစ္ေယာက္ကိုျပင္ဆင္ေပးေနသကဲ့သို႔ အလြန္ဂရုတစိုက္ရိွလွသည္။

စကားအခ်ိတ္အဆက္တိုင္းကို ႏွစ္ၪီးစလံုးကနားလည္ၾကၿပီး ေဖ်ာ္ေျဖပြဲမစေသးမီ စကားခဏေလာက္ေျပာရန္ လူေျခတိတ္ရာသို႔ခိုးထြက္လာၾကေသာ ခ်စ္သူႏွစ္ေယာက္ႏွင့္ဆင္တူ၏။

မလိုအပ္ဘဲ ပူးကပ္ေနၾကျခင္းမ်ိဳးမရိွသည့္အတြက္ မည္သူမဆိုနားလည္ႏိုင္ေလာက္ေသာ ပံုစံမ်ိဳးမဟုတ္ေပ။

သို႔ေသာ္ စန္မန္ခြၽမ္ကေတာ့နားလည္သည္။ ဤသို႔ တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ရံုမ်ျွဖင့္ ထိုမ်က္ဝန္းမ်ားကိုနားလည္ႏိုင္ၿပီး ဂ်စ္ေဆာ့ပေဟဠိအပိုင္းအစေလးႏွစ္ခုကဲ့သို႔  တင္းတင္းက်ပ္က်ပ္ခ်ိတ္ဆက္ထားပံုရသၫ့္ ထိုသူတို႔၏စိတါဝိညာဉ္မ်ားကို သူနားလည္ေနသည္။

ဒါသည္ သူတစ္ခါမွမျမင္ဖူးေသာရွန္းခ်ိဳက္ပင္။

သူသိခဲ့သည္မွာ "အဆင္ေျပပါတယ္" လို႔သာ အၿမဲေျပာတတ္ေသာရွန္းခ်ိဳက္ျဖစ္ၿပီး ယခုကဲ့သို႔ တံုးတံုးအအေလးျဖင့္ ခ်စ္စရာေကာင္းေလာက္ေအာင္ ဆင္ျခင္တံုတရားကင္းမဲ့ေနေသာရွန္းခ်ိဳက္မဟုတ္ေပ။

ယခုရွန္းခ်ိဳက္သည္ ကေလးဆန္ကာ စိတ္အားထက္သန္မႈမ်ားလည္းအျပည့္ရိွၿပီး တံုးတံုးအအေလးျဖင့္ တမ်ိဳးတဖံုဆိုသလိုဆြဲေဆာင္မႈအျပည့္ရိွေနေသာ ရွန္းခ်ိဳက္ျဖစ္သည္။

ဒီေကာင္ေလးက သူသိဖူးခဲ့ေသာ တစ္စံုတစ္ေယာက္မဟုတ္ေပ။

ရုတ္တရက္ စန္မန္ခြၽမ္သည္ ထိုသူႏွင့္ အလြန္မရင္းႏွီးသလို ခံစားလိုက္ရသည္။

ဤရွန္းခ်ိဳက္သည္... ခ်ိဳ႕ယြင္းခ်က္မ်ားႏွင့္ျပၫ့္ႏွက္ေနၿပီး  တစ္ခ်ိန္တည္းတြင္လည္း တက္ႂကြမႈအျပၫ့္ရိွေနသည္။

ထိုအခ်ိန္တြင္ေတာ့ စန္မန္ခြၽမ္၏ႏွလံုးသားထဲ၌ သူတို႔ႏွစ္ေယာက္အတူရိွခဲ့ဖူးခ်ိန္အခ်ိဳ႕၏ အေသးစိတ္အခ်က္အလက္ေလးမ်ား ထြက္ေပၚလာ၏။ ေက်ာင္းအားကစားၿပိဳင္ပြဲတြင္ ပထမဆံုးအႀကိမ္ေတြ့ဆံုခ်ိန္မွစလို႔ ေလာ့ကာခန္းထဲရိွ ႏႈတ္ဆက္ခြဲခြာၾကခ်ိန္အထိ...

အခ်ိန္အားျဖင့္သံုးလေက်ာ္၊ ရက္ေပါင္း ၁၀၀ ေက်ာ္သည့္ Relationship တြင္...

ယခုကဲ့သို႔ စိတ္ႀကိဳက္ဆိုးသြမ္းႏိုင္ေသာအသြင္အျပင္ေလးႏွင့္ရွန္းခ်ိဳက္ကို သူ တစ္ခါမွမျမင္ဖူးခဲ့ေပ။

ေနာက္ဆံုးေတာ့လည္း အၿမဲတမ္းဆိုသလို ဆိုးသြမ္းေနခဲ့သူက သူကိုယ္တိုင္ပဲမဟုတ္လား...

...

ေမာင္ကြမ္ႏွင့္ေကာင္းရွင္းတို႔သည္ အုတ္နံရံ၏ထိပ္နားတြင္တြယ္ကပ္ေနေသာ သူတို႔၏ညီအစ္ကိုကို ထိတ္လန႔္စြာၾကၫ့္ေနရင္း တျဖည္းျဖည္းေအာက္ဘက္သို႔က်ံဳ႔သြားၾက၏။

စန္မန္ခြၽမ္တစ္ေယာက္ အက်ိဳးမရိွေသာတစ္စံုတစ္ခုလုပ္လိုက္မိမည္ သို႔မဟုတ္ စိတ္မထိန္းႏိုင္ျဖစ္သြားလိမ့္မည္ဟု သူတို႔စိုးရိမ္ေနၾကေသာ္လည္း မထင္မွတ္ထားဘဲ မိနစ္အနည္းငယ္အၾကာတြင္ေတာ့ စန္မန္ခြၽမ္သည္ တိတ္ဆိတ္စြာျဖင့္ နံရံေပၚမွခုန္ဆင္းလာခဲ့သည္။

သူ႔အမူအရာမွာ အလြန္ေအးေဆးတည္ၿငိမ္ေန၏ - ထူးဆန္းသည္မွာ ထိုအခ်ိန္တိုေလးအတြင္းမွာပင္ စန္မန္ခြၽမ့္ပံုစံမွာ ဉာဏ္အလင္းရလာသကဲ့သို႔ ရုတ္တရက္ဆိုသလို ပိုမိုရင့္က်က္လာပံုေပၚသည္။

သူတို႔ပဲ အေတြးလြန္ေနၾကတာလား??

စန္မန္ခြၽမ္က တိတ္ဆိတ္စြာလွၫ့္ထြက္သြား၏။

ေမာင္ကြမ္ႏွင့္ေကာင္းရွင္းတို႔သည္ ထိတ္လန႔္တုန္လႈပ္စြာျဖင့္ အၾကၫ့္ခ်င္းဖလွယ္လိုက္ၾကရင္း သူ႔ေနာက္သို႔ အလ်င္အျမန္လိုက္လာၾကသည္။

"ေနပါၪီး... မင္းေျပာေတာ့ ေဖ်ာ္ေျဖပြဲသြားၾကၫ့္ၪီးမယ္ဆို?? ရွန္းခ်ိဳက္နဲ႔သြားေတြ့ၿပီး သူနဲ႔ျပန္တြဲခ်င္တယ္လို႔ ေျပာမလို႔မဟုတ္ဘူးလား??"

"သူ အဆင္ေျပေနၿပီ" စန္မန္ခြၽမ္က ေျပာ၏။ "အဆင္ေျပသြားၿပီလို႔"

"ဟမ္...ဘာကိုေျပာေနတာလဲ??"

"ငါတို႔ ၿပီးသြားၿပီ"

စန္မန္ခြၽမ္က ခဏရပ္လိုက္ၿပီး ေခါင္းလွၫ့္လိုက္၍ သူ႔အေနာက္နားတြင္က်န္ခဲ့ေသာနံရံကို ျပန္ၾကၫ့္လိုက္သည္။

အုတ္တံတိုင္းဟိုဘက္အျခမ္းရိွအရာအားလံုးက သူႏွင့္မသက္ဆိုင္ေပ။

အဘယ္ေၾကာင့္ဆိုေသာ္ လြန္ခဲ့ေသာေျခာက္လအေစာပိုင္းကတည္းက သူ႔ဇာတ္လမ္းအားလံုး ၿပီးဆံုးသြားခဲ့ၿပီျဖစ္သည္။

သူသည္ ရွန္းခ်ိဳက္၏ကမ႓ာထဲမွ ျဖတ္ေတာက္ခံခဲ့ရၿပီးျဖစ္ေလသည္။

ဇာတ္ခံုေနာက္တြင္ေတာ့ ဝန္ထမ္းအားလံုး ေဖ်ာ္ေျဖပြဲမစတင္မီေလး၌ ေနာက္ဆံုးျပင္ဆင္မႈမ်ားျပဳလုပ္ရန္ အလုပ္မ်ားေနၾကသည္။

"စလိုက္မီးေတြ??"

"ခ်ိန္ထားၿပီးၿပီ!!"

"စင္ေပၚေစာင့္ၾကည့္အဖြဲ႔??"

"ေရာက္ၿပီ!!"

"ေတးဂီတအဖြဲ႔ေရာ??"

"အားလံုး ဒီမွာပဲေဟ့!!"

"ဒါရိုက္တာ၊ ပရိုဂ်ူဆာနဲ႔ တြဲဖက္ဒါရိုက္တာႏွစ္ေယာက္ဘယ္မွာလဲ?? "

"ေနရာမွာထိုင္ၿပီးလို႔ ေက်ာင္းအုပ္ႀကီးနဲ႔ေတာင္ စကားေျပာေနၾကၿပီ"

"သရုပ္ေဆာင္ေတြေရာ ဘယ္မွာလဲ??"

"..."

"ရွန္းခ်ိဳက္!? ထန္ယီမင္!? ငါတို႔အခုစေတာ့မွာေလ... သူတို႔ဘယ္ေရာက္သြားၾကတုန္း!?"

အားလံုး ဝရုန္းသုန္းကားျဖစ္သြားၾက၏။

ပိတ္ကားမဖြင့္မီေလးတြင္ ျပဇာတ္ရံုအေနာက္ဘက္၌ အၿမဲတမ္းဆိုသလို ဖရိုဖရဲမ်ားျဖစ္တတ္ၾကေပသည္။

ကံေကာင္းေထာက္မစြာပင္-

"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုး အျပင္မွာ ေလေကာင္းေလသန႔္ေလးထြက္ရႉေနတာပါ"

"ေဆာရီး... ကိုယ္တို႔ေနာက္က်သြားတယ္"

မေနာက္က်ပါဘူး။

မေနာက္က်ပါဘူး။

အခ်ိန္က လံုးဝကိုကြက္တိပဲ။

"အားလံုးအဆင္သင့္ျဖစ္ၿပီလား?? လူတိုင္း အဆင္သင့္ျဖစ္ေနေအာင္ျပင္ထားမယ္ ၁၀၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄ ..."

"၃!"

"၂!"

"၁!"

- ျပဇာတ္စင္၏ပိတ္ကားမ်ား ပြင့္သြားၾက၏။

ရွန္းခ်ိဳက္ႏွင့္ထန္ယီမင္တို႔၏ဇာတ္လမ္းေလး တရားဝင္စတင္ေနၿပီျဖစ္သည္။

                            【ၿပီးပါၿပီ】

----------

စာေရးသူမွာ ေျပာစရာတစ္ခု ရိွေနပါတယ္~~

ငါဒီေနာက္ဆံုးအခန္းမွာ အခ်ိန္အၾကာႀကီး ေရ႔ွမတက္ႏိုင္ဘဲျဖစ္ေနခဲ့တယ္။ ေနာက္ဆံုးေတာ့ ပိတ္ကားခ်ကို ေနာက္ထပ္ပိတ္ကားအသစ္တစ္ခုနဲ႔ ခ်ိတ္ဆက္လိုက္ဖို႔ ဒီအဆံုးသတ္မ်ိဳးဆံုးျဖတ္လိုက္တယ္။

'ခ်ိဳက္ခ်ိဳက္'ဆိုတဲ့ဇာတ္လမ္းေလးကေတာ့ ၿပီးသြားပါၿပီ။

ခ်ိဳက္ခ်ိဳက္ရဲ့ဇာတ္လမ္းကေတာ့ အခုမွစမွာေပါ့။

[အိုင့္ note: မန္ခြၽမ္ေကာေကာကိုစိတ္မပူၾကပါနဲ႔🤭🤭 အိုင္တာဝန္ယူလိုက္ပါၿပီ။ Main Story ကေတာ့ၿပီးသြားပါၿပီရွင့္။ Extra တစ္ပိုင္းပဲ က်န္ပါေတာ့တယ္]

Czytaj Dalej

To Też Polubisz

279K 14.4K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
3.3K 473 7
Author: Yu Tianjun [雨田君] Total Chapters: 141 English Translation- Chrysanthemum Garden Myanmar Translator- khin0625
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...