Unicode version
"ဝေယံ...မြူရှင်းကိုတွေ့မိသေးလား"
"အမ် မြူရှင်းလား။မင်းနဲ့အတူ မုန့်ဝယ်ထွက်သွားတာမဟုတ်ဘူးလား"
"မဟုတ်ဘူး။သူဒီနေ့ ငါ့ကိုပဲမှာလိုက်တာ။ကျစ် ဘယ်သွားနေတယ်မသိဘူးကွာ။ထားလိုက်တော့ ငါအခြားသူကိုမေးကြည့်ဦးမယ်"
"အေး အေး"
၃၀မိနစ်ခန့်ရှိသော မုန့်စားကျောင်းဆင်းချိန်သာ ကုန်ရော့မည်။မြူရှင်းကိုမူ ရှာမတွေ့သေး။
"အတန်းခေါင်းဆောင်!"
Demoရဲ့အလောတကြီးခေါ်သံကြောင့် ကိုယ့်စားပွဲမှာကိုယ် စာလုပ်နေတဲ့ နေမျိုးလည်း ခေါင်းမော့ကြည့်ပြီး
"လန့်တာ!!။ဘာလဲ Demoရ"
"ဟိုကွာ...မြူရှင်းကိုမတွေ့လို့လေ...တစ်နေရာရာသွားမယ်ဆိုပြီး မင်းကိုများပြောသွားသေးလား"
"အခုကဘယ်အချိန်မို့လဲ...၁၀နာရီ ၂၄ဆိုတော့ ဟေ့ရောင် !!မုန့်စားကျောင်းတောင် မတက်သေးဘူးလေ။မုန့်စားကျောင်းဆင်းချိန်မှာ အပြင်ထွက်တာကို ဘယ်သူက ငါ့လာပြောနေမလဲကွ။မင်းကလည်း"
"အာ ဟုတ်သား ငါမေ့သွားတယ်"
"အရင်ကဆို မြူရှင်းက မင်းနဲ့တပူးပူးပါဟ။ရန်ဖြစ်ထားကြတာလား"
"မဖြစ်ပါဘူး မုန့်စားကျောင်းဆင်းခါစကတောင် ငါ့ကိုပဲမုန့်မှာပြီး သူအတန်းထဲမှာ ချန်နေခဲ့တာ။ပြန်လာတော့မတွေ့တော့ဘူး။ငါအခြားအခန်းတွေလည်း လိုက်ရှာပါသေးတယ် လုံးဝမတွေ့ဘူး"
"မင်းတို့ဘေးခုံက ဟန်သာတို့ မေးကြည့်ပြီးပြီလား"
"အေးဟ သူတို့ကိုလည်းမတွေ့ဘူး"
"သူတို့နဲ့များ အတူရှိနေမလားပဲ။ဒီချိန်ဆိုရင်တော့ အဲ့ကောင်တွေ သန့်စင်ခန်းထဲမှာပဲ ရှိလောက်တယ်။သိတဲ့အတိုင်း..."
သိတဲ့အတိုင်း ဆေးလိပ်ခိုးသောက်နေကြတယ်ဆိုတာကိုတော့ ဆက်မပြောလိုက်တော့။မိမိကအတန်းခေါင်းဆောင်ပင်ဖြစ်လင့်ကစား အတန်းသားတွေကို နေရာတိုင်းတော့ လိုက်ချုပ်ချယ်မနေတတ်။ပြောလည်းနားမထောင်ကြမယ့်အတူတူ ကိုယ်ကလူမုန်းများတာပဲ အဖတ်တင်လိမ့်မယ် မဟုတ်လား။
"အင်း အဲ့တာဆို ငါအဲ့ကိုသွားကြည့်ဦးမယ်"
ထိုစကားကို အတန်းပြင်ကို ပြေးထွက်ရင်း ပြောသွားတာဖြစ်သည်။အတန်းထဲမှာ ကျန်နေခဲ့တဲ့ နေမျိုးကလည်း အတင်းအော်ပြောလိုက်ရသည်။
"Demo...အတန်းချိန်အမီပြန်လာနော်။နောက်အချိန်က computer!!!!"
နေမျိုးရဲ့အော်သံအား ကြားတစ်မကြားတစ်ချက်ဖြင့် သန့်စင်ခန်းရှိရာသို့သာ ဒုန်းဆိုင်းပြေးတော့သည်။လမ်းမှာဖြတ်ကျော်လာခဲ့သမျှ ကျောင်းသားတိုင်းက မိမိကိုအထူးအဆန်းသဖွယ် လိုက်ကြည့်နေပေမယ့်လည်း မတတ်နိုင်။အဓိကက မြူရှင်းကို ရှာတွေ့ဖို့ဖြစ်သည်။သို့ပေသိ ဟန်သာတို့နဲ့ အတူတွဲပြီး မတွေ့ရဖို့ကိုတော့ စိတ်ထဲ၌ တိတ်တဆိတ်ဆုတောင်းလိုက်ရသည်။
သန့်စင်ခန်းဆီကိုရောက်တော့ ဟန်သာတို့အဖွဲ့အား အဆင်သင့်တွေ့လိုက်ရ၏။သို့သော် ရှာနေသူကိုတော့ မတွေ့။စိတ်ထဲမှာ မအီမလည်နဲ့ပဲ သက်ပြင်းကို ကြိတ်ချလိုက်ရလေ၏။ရှင်းငယ်ကိုတော့မတွေ့သေးပေမယ့် အနည်းဆုံးတော့ သူတို့နဲ့အတူမရှိနေတာပဲ တော်သေးသည် မဟုတ်ပါလား။
"လခွမ်း လန့်လိုက်တာ Demoရာ...ငါကဆရာတွေမှတ်လို့"
"ဟေ့ရောင် ငါတစ်ယောက်လုံး စောင့်ကြည့်ပေးနေတာကို ဘာလဲ မင်းက မယုံတာလား"
အပြင်မှာရောက်နေတဲ့ သူတို့အဖွဲ့ထဲက ကင်းစောင့်ပေးနေတဲ့တစ်ယောက်က ထိုကဲ့သို့ အော်ပြောလေတော့
"မဟုတ်ရပါဘူးကွာ။မင်းကလည်း...ငါတို့က ဆေးလိပ်ခိုးသောက်နေတဲ့သူတွေဆိုတော့ အလိုလိုမှစိတ်မလုံပါဘူးဆို ဒီကောင်ကဝုန်းခနဲရောက်လာတော့ လန့်တာပေါ့ဟ"
ထိုအခါမှ အပြင်ကကျောင်းသားက
"ပြီးတာပဲ ပြီးတာပဲ။မြန်မြန်သောက်ကြကွာ ကျောင်းပြန်တက်တော့မှာ"
"အေးအေး...ဒါနဲ့ Demo...ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဘာလဲ"
"မင်းတို့ မြူရှင်းကိုတွေ့မိကြသေးလား။ငါလိုက်ရှာနေတာ နှံ့နေပြီ "
"မြူရှင်းလား...စောနက ငါတွေ့လိုက်တယ် ဘယ်နားမှာတွေ့မိလည်း မသိဘူးကွာ။ဟေ့ရောင်တွေ မင်းတို့ရော တွေ့သေးလား"
"ဒီထဲကိုငါတို့ဝင်လာတုန်းကတော့ သူ့ကိုတွေ့လိုက်သလိုလိုပဲ။ဘယ်ချိန်ထွက်သွားမှန်းတော့ မသိလိုက်ဘူး"
"အေး ဟုတ်သားပဲ။ငါဝင်ခါစက မြင်လိုက်တာ မြူရှင်း ဟုတ်တယ် ဟုတ်တယ်"
ထိုအခိုက် ကျောင်းခေါင်းလောင်းသံမြည်လာတာကြောင့် ဟန်သာတို့လည်း လက်ထဲက သောက်လက်စဆေးလိပ်တွေကို အိမ်သာတွေထဲ လက်စဖျောက်ထည့်ပြီး အလျှိုလျှိုပြန်ထွက်သွားပေမယ့် မြူရှင်းကို ရှာမတွေ့လို့ ခေါင်းခြောက်နေတဲ့Demoကတော့ ဘေစင်ပေါ်ကို လက်နှစ်ဖက်ထောက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ရှင်းငယ်ရာ...ဘယ်မှာလဲ စိတ်ပူနေပြီ..."
စိတ်ပူလွန်းအားကြီးသွားလို့လားမသိ။နားထဲမှာ ရှင်းငယ်ရဲ့ မိမိနာမည်ခေါ်သံတိုးတဆိတ်အား ကြားယောင်မိသလိုလို။
စိတ်မကြည်တာကြောင့်ဖြစ်မယ်ဆိုပြီး ဘေစင်ကရေနဲ့ မျက်နှာကိုသစ်လိုက်၏။သို့သော်ငြားလည်း ကြားနေရတဲ့အသံတို့က ပိုပိုပြီးကျယ်လာပါသလို နောက်ဆုံးတွင်တော့ ဝုန်းခနဲမြည်သံနှင့်အတူ မိမိရဲ့နောက်ကျောဘက်က အိမ်သာတံခါးက ပွင့်သွားပြီး လူပါဆွဲခေါ်ခံလိုက်ရတော့သည်။
အထိန်တလန့်ဖြစ်သွားတဲ့စိတ်ကို အလျင်အမြန်တည်ငြိမ်အောင်ပြန်ထိန်းပြီး ဆွဲခေါ်တဲ့သူကို ကြည့်လိုက်တော့ တွေ့လိုက်ရတာက လိုက်ရှာနေရတဲ့ မျက်နှာလေး။
အတိအကျပြောရမယ်ဆိုရင်တော့ maskတပ်ထားတာမို့ အညိုရောင်မျက်ဝန်းရှိတဲ့ ဝိုင်းဝိုင်းစက်စက် မျက်ဝန်းတစ်စုံကိုသာ တွေ့ရခြင်းဖြစ်သည်။သို့သော် ရက်လပေါင်းများစွာ ရင်းနှီးကျွမ်းဝင်နေတဲ့ မျက်ဝန်းတစ်စုံဖြစ်တာမို့ ဒီလူဟာ ရှင်းငယ်ပါဆိုတာကို တပ်အပ်ပြောနိုင်သည်။
"ရှင်းငယ်!!!"
"ရှူး...ခဏ"
ဟုဆိုကာ ဘောင်းဘီအိပ်ကပ်ထဲကနေ maskလေးတစ်ခု ထုတ်လာပြီး မိမိကို သေချာတပ်ပေးပြီးမှ နားနားကို ခြေဖျားလေးထောက်လျှက်ကပ်ပြီး တိုးတိုးလေး ပြောလာလေသည်။
"ငါအတန်းလစ်လာတာ"
"ဘာ"
ထိုအခါ မိမိပါးစပ်ကို သူ့လက်ကလေးနဲ့ အလျင်အမြန်ပိတ်ပြီး
"ရှူး...တိုးတိုးပြောစမ်းပါ"
Demoလည်း မိမိmaskကို အုပ်ထားတဲ့သူ့လက်ကို ဖြည်ချပြီး
"အတန်းလစ်တယ် ဟုတ်လား။အတတ်ကောင်းတွေ တတ်နေတယ်ပေါ့ မြူရှင်းကိုကို!"
လို့ လေသံတိုးတိုးနဲ့ ဆူလေတော့ အပြစ်ပိစိလေး လုပ်ထားမိတဲ့ အပြစ်သားလေးခမျာ ခေါင်းလေးကို ငုံ့ပြီး လက်ကလေးနှစ်ဖက်ကို စုချည်ကာ
"Demoကလည်း....ငါမှ computerချိန်မှ မတက်ချင်တာကြီးကို..."
"ဘာလို့လဲ...အရင်ကပြောတော့ computerချိန်က သက်တောင့်သက်သာ အရှိဆုံးပဲဆို။မင်းပဲ တစ်ပတ်မှ တစ်ချိန်ပဲပါလို့ မကျေမနပ်ဖြစ်နေတာမဟုတ်ဘူးလား"
"အာ....မင်းမသိလိုက်ဘူး။အရင်တစ်ပတ်ကလေ computer တီချယ်က ငါ့ကိုဆူတယ်"
ဆူတယ်????အိမ်မှာတောင် ချစ်စရာကောင်းလွန်းပြီး လိမ်မာတာမို့ လေသံမာမာနဲ့တောင် စကားပြောမခံရဖူးတဲ့ ရှင်းငယ်ကိုလေ....အနည်းငယ်ခုသွားတဲ့ စိတ်ကို ထိန်းချုပ်ပြီး
"ဘယ်အချိန်ဆူလိုက်တာလဲ"
"မင်းရယ် နေမျိုးရယ်ကို သူ့ရဲ့keyboardသွားယူခိုင်းတုန်းက"
"ဘာလို့ဆူတာလဲ"
တဖြည်းဖြည်းနဲ့ တင်းမာလာတဲ့ Demoရဲ့အသံကို သတိမထားမိတဲ့ မြူရှင်းက ဆူအောင့်အောင့်အသံလေးနဲ့ ဆက်ပြောလာသည်။maskကိုသာ မတပ်ထားပါက နှုတ်ခမ်းလေးတထော်ထော်ဖြစ်နေတာကို မြင်ရမည်မှာ မလွဲမသွေ။သူ့ရဲ့ဆံပင်လုံးလုံးလေးကို လက်လေးနဲ့အုပ်ကိုင်ပြပြီး
"ဒီဆံပင်တွေကိုလေ တီချယ်က အဲ့နေ့မှ သတိထားမိတာထင်တယ်။ငါ့ကိုလေ ကျောင်းသားဖြစ်ပြီး ဆံပင်ကိုအရောင်တွေဆိုးထားရလားဆိုပြီး ဆူတယ်သိလား။ဟင့်......ငါကပြောပြပါတယ်။မေမေမွေးကတည်းက သားဆံပင်က ဒီအရောင်လို့ ပြောတော့ တီချယ်က မယုံတဲ့အပြင် သူ့ကိုဗြောင်လိမ်ပါတယ်ဆိုပြီး စိတ်ဆိုးဆိုးနဲ့ အော်တယ်။ပြီးတော့ငါ့ကိုအတန်းပြင်ထွက်ခိုင်းတယ်"
ပြောရင်းနဲ့ မျက်ရည်တွေ ဝဲလာတာကြောင့် ကျလုဆဲဆဲမျက်ရည်တွေကို Demoလည်း လက်မလေးနဲ့ဖိသုတ်ပေးပြီး မြူရှင်းရဲ့ ခေါင်းလုံးလုံးလေးထက်က မဟော်ဂနီရောင် ဆံနွယ်ညိုညိုအိအိလေးတွေကို လက်လေးနဲ့ အသာဖိသပ်ပေးကာ တိုးညင်းတဲ့အသံနဲ့ ခပ်ဖွဖွစကားဆိုသည်။
"ဒီအကြောင်းကို ငါဘာလို့မသိလိုက်ရတာလဲ"
"ဟီးဟီး...ငါပြောပြဖို့မေ့သွားလို့"
ဝမ်းနည်းစရာကိစ္စတွေကိုဆို စိတ်ထဲကြာကြာမထားတတ်ပေမယ့် မေ့ပျောက်မလွယ်ပဲ သတိရတိုင်းပြန်ပြီး ဝမ်းနည်းလာတတ်တဲ့ ရှင်းငယ်ရဲ့စိတ်ကလေးဟာ နူးညံ့သလို ထိရှလည်းလွယ်သည်။အခုလည်း ပြောတုန်းခဏသာသတိရသွားပြီးမျက်ရည်ဝဲလာပေမယ့် အခုတော့ ပြန်ပြီးရွှင်ပြနေလျှက်။
"ဒီနေ့အတန်းလစ်ဖို့က ကြိုပြီးစိတ်ကူးရှိတာလား"
"..............."
"ဟင်း......အနည်းဆုံးတော့ ငါ့ကိုပြောပြသင့်တယ်မလား။ငါဘယ်လောက်တောင်မှ စိတ်ပူလိုက်ရလဲသိလား"
"အွန်း....နောက်ဆို ပြောပြမယ်"
"ဘာကိုနောက်ဆိုလဲ...နောက်ဆိုတာ မရှိစေရဘူး။ထပ်ပြီးအတန်းမလစ်နဲ့တော့။ပြီးတော့ မကြောက်နဲ့။computerဆရာမတင်မဟုတ်ဘူး။တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘယ်သူမဆို မင်းကို ထပ်ပြီး ဝမ်းနည်းအောင် လုပ်ဖို့ကို ခွင့်ပြုပေးမှာမဟုတ်ဘူး။ကတိပေးတယ်။မင်းဘေးမှာ ရှိနေပေးမှာ ငါက...ငါ့ကိုယုံ"
"အင်း ယုံတယ်။ငါ့မှာ မင်းပဲရှိတာ ဟီးဟီး"
"အဆိုးလေး...အခုတစ်ချိန်တော့ ထားလိုက်တော့။အတန်းပြီးခါနီးလောက်မှ သွားရအောင် ဟုတ်ပြီလား"
"အင်း"
ဒီလိုနဲ့ပဲ ၄၅မိနစ်စာမျှအချိန်တွေကို သန့်စင်ခန်းထဲမှာပဲ ကသိကအောက်ဖြစ်စွာ ကုန်ဆုံးပြီးနောက် အတန်းပြီးပြီလို့ ထင်ရတဲ့အချိန်မှာ ပြန်လာကြပြီး အတန်းထဲကိုဝင်တော့ အတန်းရှေ့က ဆရာမစားပွဲမှာ ထိုင်နေတဲ့ computerဆရာမကို တွေ့လိုက်ရသည်။
Demoတို့ဝင်လာတာကိုတွေ့တော့ ထိုင်နေရာကနေ ထလာပြီး Demoတို့ဆီကို လျှောက်လာနေသည့် သူ(မ)ရဲ့ မျက်နှာထားက အလွန်အမင်းတင်းမာနေလျှက်။
နဂိုမူလက ခက်ထန်တဲ့ရုပ်သွင်ရှိတာကြောင့် ယခုကဲ့သို့ တင်းမာနေချိန်တွင်တော့ သူ(မ)ဟာ ခြွင်းချက်မရှိ ကြောက်စရာကောင်းတဲ့ အငွေ့အသက်တို့ ထုတ်လွှင့်နေဟန်ကြောင့် မြူရှင်းလည်း Demoရဲ့လက်ကောက်ဝတ်ဆီကို သူ့ရဲ့လက်ကလေးနှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး နောက်ကိုကွယ်ပြီး ကပ်သွားခဲ့သည်။
Demoရဲ့ကျောပြင်ကို ကပ်နေတဲ့မြူရှင်းဆီမှ ထွက်ပေါ်လာတဲ့ အသက်ရှူသံခပ်ပြင်းပြင်းကို အနီးကပ်ကြားနေရတဲ့ Demoက သူကြောက်နေမှန်းသိတာမို့ မိမိရဲ့ လက်ကောက်ဝတ်မှာရှိနေတဲ့ သူ့ရဲ့လက်ကလေးတစ်ဖက်ကိုဖြုတ်ယူပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပေးထားလိုက်သည်။
အနားကိုရောက်လာတဲ့ ဆရာမက Demoနဲ့ မြူရှင်းကို ခက်ထန်စွာကြည့်ပြီး
"သတ္တိတွေ သိပ်ကိုကောင်းနေကြတယ်ပေါ့...ဘာလဲ မင်းတို့က computerအကြောင်း စာမေးပွဲမှာ ထည့်မဖြေရဘူးဆိုပြီး ငါ့အတန်းချိန်ကို မခန့်လေးစား လုပ်ကြတာပေါ့လေ ဟုတ်လား"
စကားအဆုံးမှာပဲ လက်ထဲကကိုင်ထားတဲ့ သူ(မ)ရဲ့ ပိုက်ဆံအိတ်အား အနီးအနားမှာရှိနေတဲ့ deskတစ်ခုပေါ်ကို ပစ်ပေါက်ပစ်လိုက်တာမို့ မိမိလက်ကိုကိုင်ထားတဲ့ ရှင်းငယ်ရဲ့လက်ဟာ ပိုပြီးတင်းကြပ်လာခဲ့သည်။
တစ်မိနစ်ခန့်မျှကြာသည်အထိ Demoတို့က တစ်ခွန်းတစ်လေမျှ စကားမဆိုလာတာကြောင့်
"မင်းတို့က အမှားလည်းလုပ်ထားသေးတယ်။ငါ့ကိုတောင် ပြန်တောင်းပန်ရကောင်းမှန်းမသိကြတော့ဘူပေါ့လေ။တော်တော်ကို ရိုင်းစိုင်းနေကြပါလား။အေး ကောင်းပြီလေ။မနက်ဖြန်နဲ့ သန်ဘက်ခါကကျောင်းပိတ်ရက်တွေမို့ထား။နောက်တစ်ပတ်ကျောင်းဖွင့်ချိန်မှာ မင်းတို့မိဘတွေခေါ်လာတာမြင်ချင်တယ်။"
computerဆရာမ အတန်းထဲကထွက်သွားတော့ စာသင်ခန်းထဲကို ဝင်လာတဲ့ တာဝန်ကျဆရာမက Demoနဲ့ မြူရှင်းဆီကို ကပ်လာပြီး
"သားတို့ရယ်...အဲ့တီချယ်အကြောင်းကိုလည်း သိကြရဲ့သားနဲ့ ဘာလို့ခေါင်းမာမာနဲ့ ပေရပ်နေကြတာလဲ။ပြီးတော့ Demo...သားကပုံမှန်ဆို သိပ်လူရေလည်တဲ့ကလေးပါ။ဘယ်လိုဖြစ်လို့ ဆရာမဒေါသကို တမင်ဆွပေးသလို လုပ်လိုက်ရတာလဲ သားရဲ့?"
ဆရာမရဲ့အမေးကို ပြန်မဖြေသေးပဲ ခုချိန်ထိတိုင် မိမိနောက်မှာကွယ်နေတဲ့မြူရှင်းကို ခေါင်းငဲ့ကြည့်ပြီး ဆက်နွယ်ထားတဲ့ လက်တစ်ဖက်ကို တင်းတင်းငြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ
"တောင်းပန်ပါတယ်။ဆရာမအချိန်တွေကို ဖဲ့ယူမိသလိုဖြစ်သွားရပြီ။ကျွန်တော်တို့ နောက်ဆို တတ်နိုင်သမျှ ဆင်ခြင်ပါ့မယ်"
"ဆရာမအချိန်အတွက်က ကိစ္စမရှိပါဘူးကွယ်။ဒါကို သင်ခန်းစာယူပြီး သုံးသပ်ကြပေါ့ ဟုတ်ပြီလား။ဒါက Demoနဲ့ မြူရှင်းကိုပဲပြောနေတာမဟုတ်ဘူးနော်။တစ်တန်းလုံးကိုပြောပြနေတာ။ဟုတ်ပြီလား"
"ဟုတ်"
တစ်တန်းလုံးရဲ့ ပြန်ဖြေသံအဆုံးမှာတော့ ဆရာမကလည်း သူ့တာဝန်သူဆက်လုပ်နေပြီး အတန်းတွင်းအခြေအနေတွေက ပုံမှန်အတိုင်းပြန်ဖြစ်လို့လာပါ၏။Demoရဲ့ ဘေးမှာထိုင်နေတဲ့ မြူရှင်းကိုကိုကလွဲလို့ပေါ့။
"ရှင်းငယ်..."
"ဟမ်...အော Demo"
အသံကအနည်းငယ် တုန်ယင်နေတာမို့ Demoလည်း သက်ပြင်းဖွဖွချပြီး
"တီစောတို့ကို ခေါ်လာဖို့ စိုးရိမ်နေတာလား။ဘာမှသိတ်မပူနဲ့။ငါကြည့်လုပ်ပေးမယ်။"
"ဘယ်လိုလုပ်မှာလဲဟင်။မေမေသာသိရင် ငါ့ကိုဆူမှာထက် စိတ်မကောင်းဖြစ်နေမှာ။အဆင့်မကောင်းတာကို ဘာမှတော့မပြောပေမယ့် မေမေက ငါလိမ်မာနေတာကိုပဲ တော်သေးတာဆိုပြီး အမြဲဖြေသာနေတာ။အခုလိုလုပ်လိုက်မိမှန်းသာသိသွားရင်လေ..."
Demoရဲ့လက်ကို သူ့လက်ကလေးနှစ်ဖက်နဲ့ဆုပ်ကိုင်ကာ Demoဘက်ကိုလှည့်ပြီး ကြည့်နေတဲ့ မြူရှင်းရဲ့မျက်လုံးထဲမှာ စိုးရိမ်ခြင်းတို့အပြည့်ဖြင့် မျက်ရည်တွေတောင် ပြည့်လုနီးနီး။
"Demo...ငါကြောက်တယ်"
"ရှင်းငယ်!ငါ့ကိုကြည့်"
"..............."
"ငါ့ကိုပဲကြည့်..."
".............."
"ယုံပေးမယ်မလား။မင်းကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ ငါလုပ်မှာမဟုတ်သလို လုပ်ခွင့်ပြုမှာလည်း မဟုတ်ဘူး။မင်းကိုသာအထိအခိုက်နည်းစေမယ်ဆိုရင် ငါမလုပ်ရဲတာ ဘာမှမရှိဘူး။အခုတစ်ခေါက်ကိုလည်း တီစောတို့မသိစေပဲ ငါဖြေရှင်းပေးမယ်။ငါ့ကိုယုံ ဟုတ်ပြီလား"
"အင်း"
Demoလည်း ခေါင်းလေးကိုအသာအယာ ပုတ်ပေးပြီးနောက် ခပ်ဖွဖွပြုံးကာ
"မြူရှင်းတို့များ ကံဆိုးလိုက်တာနော်။အခြားသူတွေ အတန်းချိန်မတက်ရင် ဘာမှမသိသာလိုက်ပေမယ့် မင်းကျမှ ဆရာမပါမိပြီး မိဘပါအခေါ်ခံလိုက်ရသေးတယ်။ကံကြမ္မာက ဘဲရုပ်ဆိုးလေးတွေကို မျက်နှာသာမပေးဘူးထင်ပါတယ်ကွာ။ဟားဟားဟား"
"ရား...Demo!!မင်းလည်းပါတယ်လေ"
"ငါက စောက်ရမ်းချောနေတာမို့ ခြွင်းချက်အနေနဲ့ကံဆိုးတာ"
"ဝေါ့...မအန်ချင်ရင်တောင် လက်ထိုးအန်မှဖြစ်မယ် ဝေါ့.."
ထို့နောက်တွင်တော့ ကြည်ကြည်သာသာပြန်ဖြစ်လာတဲ့ မြူရှင်းဆီကနေ အသံဆာဆာလေးတွေ ထွက်လာကာမှသာ သက်ပြင်းဖွဖွချလျှက် စိတ်အေးရတော့သည်။
<><><><><><><><><><><><><><><><><><><><><><>
သူ့အပြုံးကိုမြင်လိုက်မိတဲ့ တစ်နေ့တာသည် ရာသီဥတုသာယာ၏။
သူ့ရယ်သံကို ကြားလိုက်မိတဲ့ အခိုက်အတန့်လေးတွင် ဆည်းလည်းလေးတို့ကို လေညင်းကတိုးဝှေ့၏။
စွဲမက်မိတဲ့ နှုတ်ခမ်းတစ်စုံမှ စကားလုံးတို့ထွက်အံလာလျှင်မူ ဒီလူ၏ရင်တွင် အပြင်းထန်ဆုံးမုန်တိုင်းတို့တိုက်ခတ်လျှက် နှလုံးသားသည် တုန်လှုပ်ရရှာ၏။
ညှို့ငင်တဲ့မျက်ဝန်းတစ်စုံမှ မျက်ရည်တို့ရစ်သီနေချိန်တွင်ဝယ် ဒီလူ့ကမ္ဘာသည် ပြို၏။
သစ္စာနှင့်မေတ္တာတရားတို့ကိုချည်နှောင်ထားလေသည့် သံယောဇဥ်နှောင်ကြိုးတို့သည် ထိုလူသားငယ်လေးကိုသာ အထပ်ထပ်ရစ်ပတ်ငြိတွယ်ကြသည်။
သိပ်မြတ်နိုးမိတဲ့ လူသားငယ်လေးကိုကြည့်ပြီး ဒီလူက စကားတစ်ခွန်းဆိုချင်ပြန်လေရဲ့။
"ငါကမင်းအပိုင်ပါ" တဲ့။
//////////////////////////////////////////
A/N - ရန်ကုန်ကို နှစ်ညအိပ်ခရီးသွားပြီး ပြန်လာတဲ့နောက် နေမကောင်းဖြစ်ပြီး ဖုန်းကိုကြာကြာမကြည့်နိုင်တာကြောင့် plotရှိတဲ့ကြားက upဖို့ကြာနေတာပါ။ဆင်ခြေမဟုတ်ရပါဘူးနော်။ခုနေပြန်ကောင်းပြီဆိုတော့ နောက်တစ်ပိုင်းကို ၃ရက်အတွင်း ရအောင်တင်ပေးမှာပါ....promise 🤎
Zawgyi version
"ေဝယံ...ျမဴရွင္းကိုေတြ့မိေသးလား"
"အမ္ ျမဴရွင္းလား။မင္းနဲ႔အတူ မုန္႔ဝယ္ထြက္သြားတာမဟုတ္ဘူးလား"
"မဟုတ္ဘူး။သူဒီေန့ ငါ့ကိုပဲမွာလိုက္တာ။က်စ္ ဘယ္သြားေနတယ္မသိဘူးကြာ။ထားလိုက္ေတာ့ ငါအျခားသူကိုေမးၾကည့္ၪီးမယ္"
"ေအး ေအး"
၃၀မိနစ္ခန္႔ရိွေသာ မုန္႔စားေက်ာင္းဆင္းခ်ိန္သာ ကုန္ေရာ့မည္။ျမဴရွင္းကိုမူ ရွာမေတြ့ေသး။
"အတန္းေခါင္းေဆာင္!"
Demoရဲ့အေလာတႀကီးေခၚသံေၾကာင့္ ကိုယ့္စားပြဲမွာကိုယ္ စာလုပ္ေနတဲ့ ေနမ်ိဳးလည္း ေခါင္းေမာ့ၾကည့္ၿပီး
"လန္႔တာ!!။ဘာလဲ Demoရ"
"ဟိုကြာ...ျမဴရွင္းကိုမေတြ့လို႔ေလ...တစ္ေနရာရာသြားမယ္ဆိုၿပီး မင္းကိုမ်ားေျပာသြားေသးလား"
"အခုကဘယ္အခ်ိန္မို႔လဲ...၁၀နာရီ ၂၄ဆိုေတာ့ ေဟ့ေရာင္ !!မုန႔္စားေက်ာင္းေတာင္ မတက္ေသးဘူးေလ။မုန္႔စားေက်ာင္းဆင္းခ်ိန္မွာ အျပင္ထြက္တာကို ဘယ္သူက ငါ့လာေျပာေနမလဲကြ။မင္းကလည္း"
"အာ ဟုတ္သား ငါေမ့သြားတယ္"
"အရင္ကဆို ျမဴရွင္းက မင္းနဲ႔တပူးပူးပါဟ။ရန္ျဖစ္ထားၾကတာလား"
"မျဖစ္ပါဘူး မုန္႔စားေက်ာင္းဆင္းခါစကေတာင္ ငါ့ကိုပဲမုန္႔မွာၿပီး သူအတန္းထဲမွာ ခ်န္ေနခဲ့တာ။ျပန္လာေတာ့မေတြ့ေတာ့ဘူး။ငါအျခားအခန္းေတြလည္း လိုက္ရွာပါေသးတယ္ လံုးဝမေတြ့ဘူး"
"မင္းတို႔ေဘးခံုက ဟန္သာတို႔ ေမးၾကည့္ၿပီးၿပီလား"
"ေအးဟ သူတို႔ကိုလည္းမေတြ့ဘူး"
"သူတို႔နဲ႔မ်ား အတူရိွေနမလားပဲ။ဒီခ်ိန္ဆိုရင္ေတာ့ အဲ့ေကာင္ေတြ သန္႔စင္ခန္းထဲမွာပဲ ရိွေလာက္တယ္။သိတဲ့အတိုင္း..."
သိတဲ့အတိုင္း ေဆးလိပ္ခိုးေသာက္ေနၾကတယ္ဆိုတာကိုေတာ့ ဆက္မေျပာလိုက္ေတာ့။မိမိကအတန္းေခါင္းေဆာင္ပင္ျဖစ္လင့္ကစား အတန္းသားေတြကို ေနရာတိုင္းေတာ့ လိုက္ခ်ဳပ္ခ်ယ္မေနတတ္။ေျပာလည္းနားမေထာင္ၾကမယ့္အတူတူ ကိုယ္ကလူမုန္းမ်ားတာပဲ အဖတ္တင္လိမ့္မယ္ မဟုတ္လား။
"အင္း အဲ့တာဆို ငါအဲ့ကိုသြားၾကည့္ၪီးမယ္"
ထိုစကားကို အတန္းျပင္ကို ေျပးထြက္ရင္း ေျပာသြားတာျဖစ္သည္။အတန္းထဲမွာ က်န္ေနခဲ့တဲ့ ေနမ်ိဳးကလည္း အတင္းေအာ္ေျပာလိုက္ရသည္။
"Demo...အတန္းခ်ိန္အမီျပန္လာေနာ္။ေနာက္အခ်ိန္က computer!!!!"
ေနမ်ိဳးရဲ့ေအာ္သံအား ၾကားတစ္မၾကားတစ္ခ်က္ျဖင့္ သန္႔စင္ခန္းရိွရာသို႔သာ ဒုန္းဆိုင္းေျပးေတာ့သည္။လမ္းမွာျဖတ္ေက်ာ္လာခဲ့သမ်ွ ေက်ာင္းသားတိုင္းက မိမိကိုအထူးအဆန္းသဖြယ္ လိုက္ၾကည့္ေနေပမယ့္လည္း မတတ္ႏိုင္။အဓိကက ျမဴရွင္းကို ရွာေတြ့ဖို႔ျဖစ္သည္။သို႔ေပသိ ဟန္သာတို႔နဲ႔ အတူတြဲၿပီး မေတြ့ရဖို႔ကိုေတာ့ စိတ္ထဲ၌ တိတ္တဆိတ္ဆုေတာင္းလိုက္ရသည္။
သန္႔စင္ခန္းဆီကိုေရာက္ေတာ့ ဟန္သာတို႔အဖြဲ႔အား အဆင္သင့္ေတြ့လိုက္ရ၏။သို႔ေသာ္ ရွာေနသူကိုေတာ့ မေတြ့။စိတ္ထဲမွာ မအီမလည္နဲ႔ပဲ သက္ျပင္းကို ႀကိတ္ခ်လိုက္ရေလ၏။ရွင္းငယ္ကိုေတာ့မေတြ့ေသးေပမယ့္ အနည္းဆံုးေတာ့ သူတို႔နဲ႔အတူမရိွေနတာပဲ ေတာ္ေသးသည္ မဟုတ္ပါလား။
"လခြမ္း လန္႔လိုက္တာ Demoရာ...ငါကဆရာေတြမွတ္လို႔"
"ေဟ့ေရာင္ ငါတစ္ေယာက္လံုး ေစာင့္ၾကည့္ေပးေနတာကို ဘာလဲ မင္းက မယံုတာလား"
အျပင္မွာေရာက္ေနတဲ့ သူတို႔အဖြဲ႔ထဲက ကင္းေစာင့္ေပးေနတဲ့တစ္ေယာက္က ထိုကဲ့သို႔ ေအာ္ေျပာေလေတာ့
"မဟုတ္ရပါဘူးကြာ။မင္းကလည္း...ငါတို႔က ေဆးလိပ္ခိုးေသာက္ေနတဲ့သူေတြဆိုေတာ့ အလိုလိုမွစိတ္မလံုပါဘူးဆို ဒီေကာင္ကဝုန္းခနဲေရာက္လာေတာ့ လန္႔တာေပါ့ဟ"
ထိုအခါမွ အျပင္ကေက်ာင္းသားက
"ၿပီးတာပဲ ၿပီးတာပဲ။ျမန္ျမန္ေသာက္ၾကကြာ ေက်ာင္းျပန္တက္ေတာ့မွာ"
"ေအးေအး...ဒါနဲ႔ Demo...ဝုန္းဝုန္းဒိုင္းဒိုင္းနဲ႔ ဘာလဲ"
"မင္းတို႔ ျမဴရွင္းကိုေတြ့မိၾကေသးလား။ငါလိုက္ရွာေနတာ ႏွံ႔ေနၿပီ "
"ျမဴရွင္းလား...ေစာနက ငါေတြ့လိုက္တယ္ ဘယ္နားမွာေတြ့မိလည္း မသိဘူးကြာ။ေဟ့ေရာင္ေတြ မင္းတို႔ေရာ ေတြ့ေသးလား"
"ဒီထဲကိုငါတို႔ဝင္လာတုန္းကေတာ့ သူ႔ကိုေတြ့လိုက္သလိုလိုပဲ။ဘယ္ခ်ိန္ထြက္သြားမွန္းေတာ့ မသိလိုက္ဘူး"
"ေအး ဟုတ္သားပဲ။ငါဝင္ခါစက ျမင္လိုက္တာ ျမဴရွင္း ဟုတ္တယ္ ဟုတ္တယ္"
ထိုအခိုက္ ေက်ာင္းေခါင္းေလာင္းသံျမည္လာတာေၾကာင့္ ဟန္သာတို႔လည္း လက္ထဲက ေသာက္လက္စေဆးလိပ္ေတြကို အိမ္သာေတြထဲ လက္စေဖ်ာက္ထည့္ၿပီး အလ်ိႈလ်ိႈျပန္ထြက္သြားေပမယ့္ ျမဴရွင္းကို ရွာမေတြ့လို႔ ေခါင္းေျခာက္ေနတဲ့Demoကေတာ့ ေဘစင္ေပၚကို လက္ႏွစ္ဖက္ေထာက္ၿပီး ခပ္တိုးတိုးေရရြတ္လိုက္သည္။
"ရွင္းငယ္ရာ...ဘယ္မွာလဲ စိတ္ပူေနၿပီ..."
စိတ္ပူလြန္းအားႀကီးသြားလို႔လားမသိ။နားထဲမွာ ရွင္းငယ္ရဲ့ မိမိနာမည္ေခၚသံတိုးတဆိတ္အား ၾကားေယာင္မိသလိုလို။
စိတ္မၾကည္တာေၾကာင့္ျဖစ္မယ္ဆိုၿပီး ေဘစင္ကေရနဲ႔ မ်က္ႏွာကိုသစ္လိုက္၏။သို႔ေသာ္ျငားလည္း ၾကားေနရတဲ့အသံတို႔က ပိုပိုၿပီးက်ယ္လာပါသလို ေနာက္ဆံုးတြင္ေတာ့ ဝုန္းခနဲျမည္သံႏွင့္အတူ မိမိရဲ့ေနာက္ေက်ာဘက္က အိမ္သာတံခါးက ပြင့္သြားၿပီး လူပါဆြဲေခၚခံလိုက္ရေတာ့သည္။
အထိန္တလန္႔ျဖစ္သြားတဲ့စိတ္ကို အလ်င္အျမန္တည္ၿငိမ္ေအာင္ျပန္ထိန္းၿပီး ဆြဲေခၚတဲ့သူကို ၾကည့္လိုက္ေတာ့ ေတြ့လိုက္ရတာက လိုက္ရွာေနရတဲ့ မ်က္ႏွာေလး။
အတိအက်ေျပာရမယ္ဆိုရင္ေတာ့ maskတပ္ထားတာမို႔ အညိုေရာင္မ်က္ဝန္းရိွတဲ့ ဝိုင္းဝိုင္းစက္စက္ မ်က္ဝန္းတစ္စံုကိုသာ ေတြ့ရျခင္းျဖစ္သည္။သို႔ေသာ္ ရက္လေပါင္းမ်ားစြာ ရင္းႏွီးကြၽမ္းဝင္ေနတဲ့ မ်က္ဝန္းတစ္စံုျဖစ္တာမို႔ ဒီလူဟာ ရွင္းငယ္ပါဆိုတာကို တပ္အပ္ေျပာႏိုင္သည္။
"ရွင္းငယ္!!!"
"ရႉး...ခဏ"
ဟုဆိုကာ ေဘာင္းဘီအိပ္ကပ္ထဲကေန maskေလးတစ္ခု ထုတ္လာၿပီး မိမိကို ေသခ်ာတပ္ေပးၿပီးမွ နားနားကို ေျခဖ်ားေလးေထာက္လ်ွက္ကပ္ၿပီး တိုးတိုးေလး ေျပာလာေလသည္။
"ငါအတန္းလစ္လာတာ"
"ဘာ"
ထိုအခါ မိမိပါးစပ္ကို သူ႔လက္ကေလးနဲ႔ အလ်င္အျမန္ပိတ္ၿပီး
"ရႉး...တိုးတိုးေျပာစမ္းပါ"
Demoလည္း မိမိmaskကို အုပ္ထားတဲ့သူ႔လက္ကို ျဖည္ခ်ၿပီး
"အတန္းလစ္တယ္ ဟုတ္လား။အတတ္ေကာင္းေတြ တတ္ေနတယ္ေပါ့ ျမဴရွင္းကိုကို!"
လို႔ ေလသံတိုးတိုးနဲ႔ ဆူေလေတာ့ အျပစ္ပိစိေလး လုပ္ထားမိတဲ့ အျပစ္သားေလးခမ်ာ ေခါင္းေလးကို ငံု႔ၿပီး လက္ကေလးႏွစ္ဖက္ကို စုခ်ည္ကာ
"Demoကလည္း....ငါမွ computerခ်ိန္မွ မတက္ခ်င္တာႀကီးကို..."
"ဘာလို႔လဲ...အရင္ကေျပာေတာ့ computerခ်ိန္က သက္ေတာင့္သက္သာ အရိွဆံုးပဲဆို။မင္းပဲ တစ္ပတ္မွ တစ္ခ်ိန္ပဲပါလို႔ မေက်မနပ္ျဖစ္ေနတာမဟုတ္ဘူးလား"
"အာ....မင္းမသိလိုက္ဘူး။အရင္တစ္ပတ္ကေလ computer တီခ်ယ္က ငါ့ကိုဆူတယ္"
ဆူတယ္????အိမ္မွာေတာင္ ခ်စ္စရာေကာင္းလြန္းၿပီး လိမ္မာတာမို႔ ေလသံမာမာနဲ႔ေတာင္ စကားေျပာမခံရဖူးတဲ့ ရွင္းငယ္ကိုေလ....အနည္းငယ္ခုသြားတဲ့ စိတ္ကို ထိန္းခ်ဳပ္ၿပီး
"ဘယ္အခ်ိန္ဆူလိုက္တာလဲ"
"မင္းရယ္ ေနမ်ိဳးရယ္ကို သူ႔ရဲ့keyboardသြားယူခိုင္းတုန္းက"
"ဘာလို႔ဆူတာလဲ"
တျဖည္းျဖည္းနဲ႔ တင္းမာလာတဲ့ Demoရဲ့အသံကို သတိမထားမိတဲ့ ျမဴရွင္းက ဆူေအာင့္ေအာင့္အသံေလးနဲ႔ ဆက္ေျပာလာသည္။maskကိုသာ မတပ္ထားပါက ႏႈတ္ခမ္းေလးတေထာ္ေထာ္ျဖစ္ေနတာကို ျမင္ရမည္မွာ မလြဲမေသြ။သူ႔ရဲ့ဆံပင္လံုးလံုးေလးကို လက္ေလးနဲ႔အုပ္ကိုင္ျပၿပီး
"ဒီဆံပင္ေတြကိုေလ တီခ်ယ္က အဲ့ေန့မွ သတိထားမိတာထင္တယ္။ငါ့ကိုေလ ေက်ာင္းသားျဖစ္ၿပီး ဆံပင္ကိုအေရာင္ေတြဆိုးထားရလားဆိုၿပီး ဆူတယ္သိလား။ဟင့္......ငါကေျပာျပပါတယ္။ေမေမေမြးကတည္းက သားဆံပင္က ဒီအေရာင္လို႔ ေျပာေတာ့ တီခ်ယ္က မယံုတဲ့အျပင္ သူ႔ကိုေျဗာင္လိမ္ပါတယ္ဆိုၿပီး စိတ္ဆိုးဆိုးနဲ႔ ေအာ္တယ္။ၿပီးေတာ့ငါ့ကိုအတန္းျပင္ထြက္ခိုင္းတယ္"
ေျပာရင္းနဲ႔ မ်က္ရည္ေတြ ဝဲလာတာေၾကာင့္ က်လုဆဲဆဲမ်က္ရည္ေတြကို Demoလည္း လက္မေလးနဲ႔ဖိသုတ္ေပးၿပီး ျမဴရွင္းရဲ့ ေခါင္းလံုးလံုးေလးထက္က မေဟာ္ဂနီေရာင္ ဆံႏြယ္ညိုညိုအိအိေလးေတြကို လက္ေလးနဲ႔ အသာဖိသပ္ေပးကာ တိုးညင္းတဲ့အသံနဲ႔ ခပ္ဖြဖြစကားဆိုသည္။
"ဒီအေၾကာင္းကို ငါဘာလို႔မသိလိုက္ရတာလဲ"
"ဟီးဟီး...ငါေျပာျပဖို႔ေမ့သြားလို႔"
ဝမ္းနည္းစရာကိစၥေတြကိုဆို စိတ္ထဲၾကာၾကာမထားတတ္ေပမယ့္ ေမ့ေပ်ာက္မလြယ္ပဲ သတိရတိုင္းျပန္ၿပီး ဝမ္းနည္းလာတတ္တဲ့ ရွင္းငယ္ရဲ့စိတ္ကေလးဟာ ႏူးညံ့သလို ထိရွလည္းလြယ္သည္။အခုလည္း ေျပာတုန္းခဏသာသတိရသြားၿပီးမ်က္ရည္ဝဲလာေပမယ့္ အခုေတာ့ ျပန္ၿပီးရႊင္ျပေနလ်ွက္။
"ဒီေန့အတန္းလစ္ဖို႔က ႀကိဳၿပီးစိတ္ကူးရိွတာလား"
"..............."
"ဟင္း......အနည္းဆံုးေတာ့ ငါ့ကိုေျပာျပသင့္တယ္မလား။ငါဘယ္ေလာက္ေတာင္မွ စိတ္ပူလိုက္ရလဲသိလား"
"အြန္း....ေနာက္ဆို ေျပာျပမယ္"
"ဘာကိုေနာက္ဆိုလဲ...ေနာက္ဆိုတာ မရိွေစရဘူး။ထပ္ၿပီးအတန္းမလစ္နဲ႔ေတာ့။ၿပီးေတာ့ မေၾကာက္နဲ႔။computerဆရာမတင္မဟုတ္ဘူး။တစ္ကမ႓ာလံုးမွာရိွတဲ့ ဘယ္သူမဆို မင္းကို ထပ္ၿပီး ဝမ္းနည္းေအာင္ လုပ္ဖို႔ကို ခြင့္ျပဳေပးမွာမဟုတ္ဘူး။ကတိေပးတယ္။မင္းေဘးမွာ ရိွေနေပးမွာ ငါက...ငါ့ကိုယံု"
"အင္း ယံုတယ္။ငါ့မွာ မင္းပဲရိွတာ ဟီးဟီး"
"အဆိုးေလး...အခုတစ္ခ်ိန္ေတာ့ ထားလိုက္ေတာ့။အတန္းၿပီးခါနီးေလာက္မွ သြားရေအာင္ ဟုတ္ၿပီလား"
"အင္း"
ဒီလိုနဲ႔ပဲ ၄၅မိနစ္စာမ်ွအခ်ိန္ေတြကို သန္႔စင္ခန္းထဲမွာပဲ ကသိကေအာက္ျဖစ္စြာ ကုန္ဆံုးၿပီးေနာက္ အတန္းၿပီးၿပီလို႔ ထင္ရတဲ့အခ်ိန္မွာ ျပန္လာၾကၿပီး အတန္းထဲကိုဝင္ေတာ့ အတန္းေရ႔ွက ဆရာမစားပြဲမွာ ထိုင္ေနတဲ့ computerဆရာမကို ေတြ့လိုက္ရသည္။
Demoတို႔ဝင္လာတာကိုေတြ့ေတာ့ ထိုင္ေနရာကေန ထလာၿပီး Demoတို႔ဆီကို ေလ်ွာက္လာေနသည့္ သူ(မ)ရဲ့ မ်က္ႏွာထားက အလြန္အမင္းတင္းမာေနလ်ွက္။
နဂိုမူလက ခက္ထန္တဲ့ရုပ္သြင္ရိွတာေၾကာင့္ ယခုကဲ့သို႔ တင္းမာေနခ်ိန္တြင္ေတာ့ သူ(မ)ဟာ ႁခြင္းခ်က္မရိွ ေၾကာက္စရာေကာင္းတဲ့ အေငြ့အသက္တို႔ ထုတ္လႊင့္ေနဟန္ေၾကာင့္ ျမဴရွင္းလည္း Demoရဲ့လက္ေကာက္ဝတ္ဆီကို သူ႔ရဲ့လက္ကေလးႏွစ္ဖက္နဲ႔ဆုပ္ကိုင္ၿပီး ေနာက္ကိုကြယ္ၿပီး ကပ္သြားခဲ့သည္။
Demoရဲ့ေက်ာျပင္ကို ကပ္ေနတဲ့ျမဴရွင္းဆီမွ ထြက္ေပၚလာတဲ့ အသက္ရႉသံခပ္ျပင္းျပင္းကို အနီးကပ္ၾကားေနရတဲ့ Demoက သူေၾကာက္ေနမွန္းသိတာမို႔ မိမိရဲ့ လက္ေကာက္ဝတ္မွာရိွေနတဲ့ သူ႔ရဲ့လက္ကေလးတစ္ဖက္ကိုျဖဳတ္ယူၿပီး က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ေပးထားလိုက္သည္။
အနားကိုေရာက္လာတဲ့ ဆရာမက Demoနဲ႔ ျမဴရွင္းကို ခက္ထန္စြာၾကည့္ၿပီး
"သတၲိေတြ သိပ္ကိုေကာင္းေနၾကတယ္ေပါ့...ဘာလဲ မင္းတို႔က computerအေၾကာင္း စာေမးပြဲမွာ ထည့္မေျဖရဘူးဆိုၿပီး ငါ့အတန္းခ်ိန္ကို မခန္႔ေလးစား လုပ္ၾကတာေပါ့ေလ ဟုတ္လား"
စကားအဆံုးမွာပဲ လက္ထဲကကိုင္ထားတဲ့ သူ(မ)ရဲ့ ပိုက္ဆံအိတ္အား အနီးအနားမွာရိွေနတဲ့ deskတစ္ခုေပၚကို ပစ္ေပါက္ပစ္လိုက္တာမို႔ မိမိလက္ကိုကိုင္ထားတဲ့ ရွင္းငယ္ရဲ့လက္ဟာ ပိုၿပီးတင္းၾကပ္လာခဲ့သည္။
တစ္မိနစ္ခန္႔မ်ွၾကာသည္အထိ Demoတို႔က တစ္ခြန္းတစ္ေလမ်ွ စကားမဆိုလာတာေၾကာင့္
"မင္းတို႔က အမွားလည္းလုပ္ထားေသးတယ္။ငါ့ကိုေတာင္ ျပန္ေတာင္းပန္ရေကာင္းမွန္းမသိၾကေတာ့ဘူေပါ့ေလ။ေတာ္ေတာ္ကို ရိုင္းစိုင္းေနၾကပါလား။ေအး ေကာင္းၿပီေလ။မနက္ျဖန္နဲ႔ သန္ဘက္ခါကေက်ာင္းပိတ္ရက္ေတြမို႔ထား။ေနာက္တစ္ပတ္ေက်ာင္းဖြင့္ခ်ိန္မွာ မင္းတို႔မိဘေတြေခၚလာတာျမင္ခ်င္တယ္။"
computerဆရာမ အတန္းထဲကထြက္သြားေတာ့ စာသင္ခန္းထဲကို ဝင္လာတဲ့ တာဝန္က်ဆရာမက Demoနဲ႔ ျမဴရွင္းဆီကို ကပ္လာၿပီး
"သားတို႔ရယ္...အဲ့တီခ်ယ္အေၾကာင္းကိုလည္း သိၾကရဲ့သားနဲ႔ ဘာလို႔ေခါင္းမာမာနဲ႔ ေပရပ္ေနၾကတာလဲ။ၿပီးေတာ့ Demo...သားကပံုမွန္ဆို သိပ္လူေရလည္တဲ့ကေလးပါ။ဘယ္လိုျဖစ္လို႔ ဆရာမေဒါသကို တမင္ဆြေပးသလို လုပ္လိုက္ရတာလဲ သားရဲ့?"
ဆရာမရဲ့အေမးကို ျပန္မေျဖေသးပဲ ခုခ်ိန္ထိတိုင္ မိမိေနာက္မွာကြယ္ေနတဲ့ျမဴရွင္းကို ေခါင္းငဲ့ၾကည့္ၿပီး ဆက္ႏြယ္ထားတဲ့ လက္တစ္ဖက္ကို တင္းတင္းျငပ္ၾကပ္ဆုပ္ကိုင္လိုက္ကာ
"ေတာင္းပန္ပါတယ္။ဆရာမအခ်ိန္ေတြကို ဖဲ့ယူမိသလိုျဖစ္သြားရၿပီ။ကြၽန္ေတာ္တို႔ ေနာက္ဆို တတ္ႏိုင္သမ်ွ ဆင္ျခင္ပါ့မယ္"
"ဆရာမအခ်ိန္အတြက္က ကိစၥမရိွပါဘူးကြယ္။ဒါကို သင္ခန္းစာယူၿပီး သံုးသပ္ၾကေပါ့ ဟုတ္ၿပီလား။ဒါက Demoနဲ႔ ျမဴရွင္းကိုပဲေျပာေနတာမဟုတ္ဘူးေနာ္။တစ္တန္းလံုးကိုေျပာျပေနတာ။ဟုတ္ၿပီလား"
"ဟုတ္"
တစ္တန္းလံုးရဲ့ ျပန္ေျဖသံအဆံုးမွာေတာ့ ဆရာမကလည္း သူ႔တာဝန္သူဆက္လုပ္ေနၿပီး အတန္းတြင္းအေျခအေနေတြက ပံုမွန္အတိုင္းျပန္ျဖစ္လို႔လာပါ၏။Demoရဲ့ ေဘးမွာထိုင္ေနတဲ့ ျမဴရွင္းကိုကိုကလြဲလို႔ေပါ့။
"ရွင္းငယ္..."
"ဟမ္...ေအာ Demo"
အသံကအနည္းငယ္ တုန္ယင္ေနတာမို႔ Demoလည္း သက္ျပင္းဖြဖြခ်ၿပီး
"တီေစာတို႔ကို ေခၚလာဖို႔ စိုးရိမ္ေနတာလား။ဘာမွသိတ္မပူနဲ႔။ငါၾကည့္လုပ္ေပးမယ္။"
"ဘယ္လိုလုပ္မွာလဲဟင္။ေမေမသာသိရင္ ငါ့ကိုဆူမွာထက္ စိတ္မေကာင္းျဖစ္ေနမွာ။အဆင့္မေကာင္းတာကို ဘာမွေတာ့မေျပာေပမယ့္ ေမေမက ငါလိမ္မာေနတာကိုပဲ ေတာ္ေသးတာဆိုၿပီး အၿမဲေျဖသာေနတာ။အခုလိုလုပ္လိုက္မိမွန္းသာသိသြားရင္ေလ..."
Demoရဲ့လက္ကို သူ႔လက္ကေလးႏွစ္ဖက္နဲ႔ဆုပ္ကိုင္ကာ Demoဘက္ကိုလွည့္ၿပီး ၾကည့္ေနတဲ့ ျမဴရွင္းရဲ့မ်က္လံုးထဲမွာ စိုးရိမ္ျခင္းတို႔အျပည့္ျဖင့္ မ်က္ရည္ေတြေတာင္ ျပည့္လုနီးနီး။
"Demo...ငါေၾကာက္တယ္"
"ရွင္းငယ္!ငါ့ကိုၾကည့္"
"..............."
"ငါ့ကိုပဲၾကည့္..."
".............."
"ယံုေပးမယ္မလား။မင္းကို ထိခိုက္ေစမယ့္ ဘယ္အရာကိုမွ ငါလုပ္မွာမဟုတ္သလို လုပ္ခြင့္ျပဳမွာလည္း မဟုတ္ဘူး။မင္းကိုသာအထိအခိုက္နည္းေစမယ္ဆိုရင္ ငါမလုပ္ရဲတာ ဘာမွမရိွဘူး။အခုတစ္ေခါက္ကိုလည္း တီေစာတို႔မသိေစပဲ ငါေျဖရွင္းေပးမယ္။ငါ့ကိုယံု ဟုတ္ၿပီလား"
"အင္း"
Demoလည္း ေခါင္းေလးကိုအသာအယာ ပုတ္ေပးၿပီးေနာက္ ခပ္ဖြဖြၿပံဳးကာ
"ျမဴရွင္းတို႔မ်ား ကံဆိုးလိုက္တာေနာ္။အျခားသူေတြ အတန္းခ်ိန္မတက္ရင္ ဘာမွမသိသာလိုက္ေပမယ့္ မင္းက်မွ ဆရာမပါမိၿပီး မိဘပါအေခၚခံလိုက္ရေသးတယ္။ကံၾကမၼာက ဘဲရုပ္ဆိုးေလးေတြကို မ်က္ႏွာသာမေပးဘူးထင္ပါတယ္ကြာ။ဟားဟားဟား"
"ရား...Demo!!မင္းလည္းပါတယ္ေလ"
"ငါက ေစာက္ရမ္းေခ်ာေနတာမို႔ ႁခြင္းခ်က္အေနနဲ႔ကံဆိုးတာ"
"ေဝါ့...မအန္ခ်င္ရင္ေတာင္ လက္ထိုးအန္မျွဖစ္မယ္ ေဝါ့.."
ထို႔ေနာက္တြင္ေတာ့ ၾကည္ၾကည္သာသာျပန္ျဖစ္လာတဲ့ ျမဴရွင္းဆီကေန အသံဆာဆာေလးေတြ ထြက္လာကာမွသာ သက္ျပင္းဖြဖြခ်လ်ွက္ စိတ္ေအးရေတာ့သည္။
<><><><><><><><><><><><><><><><><><><><><><>
သူ႔အၿပံဳးကိုျမင္လိုက္မိတဲ့ တစ္ေန့တာသည္ ရာသီဥတုသာယာ၏။
သူ႔ရယ္သံကို ၾကားလိုက္မိတဲ့ အခိုက္အတန္႔ေလးတြင္ ဆည္းလည္းေလးတို႔ကို ေလညင္းကတိုးေဝ႔ွ၏။
စြဲမက္မိတဲ့ ႏႈတ္ခမ္းတစ္စံုမွ စကားလံုးတို႔ထြက္အံလာလ်ွင္မူ ဒီလူ၏ရင္တြင္ အျပင္းထန္ဆံုးမုန္တိုင္းတို႔တိုက္ခတ္လ်ွက္ ႏွလံုးသားသည္ တုန္လႈပ္ရရွာ၏။
ၫွို႔ငင္တဲ့မ်က္ဝန္းတစ္စံုမွ မ်က္ရည္တို႔ရစ္သီေနခ်ိန္တြင္ဝယ္ ဒီလူ႔ကမ႓ာသည္ ၿပိဳ၏။
သစၥာႏွင့္ေမတၲာတရားတို႔ကိုခ်ည္ေနွာင္ထားေလသည့္ သံေယာဇဥ္ေနွာင္ႀကိဳးတို႔သည္ ထိုလူသားငယ္ေလးကိုသာ အထပ္ထပ္ရစ္ပတ္ၿငိတြယ္ၾကသည္။
သိပ္ျမတ္ႏိုးမိတဲ့ လူသားငယ္ေလးကိုၾကည့္ၿပီး ဒီလူက စကားတစ္ခြန္းဆိုခ်င္ျပန္ေလရဲ့။
"ငါကမင္းအပိုင္ပါ" တဲ့။
//////////////////////////////////////////
A/N - ရန္ကုန္ကို ႏွစ္ညအိပ္ခရီးသြားၿပီး ျပန္လာတဲ့ေနာက္ ေနမေကာင္းျဖစ္ၿပီး ဖုန္းကိုၾကာၾကာမၾကည့္ႏိုင္တာေၾကာင့္ plotရိွတဲ့ၾကားက upဖို႔ၾကာေနတာပါ။ဆင္ေျခမဟုတ္ရပါဘူးေနာ္။ခုေနျပန္ေကာင္းၿပီဆိုေတာ့ ေနာက္တစ္ပိုင္းကို ၃ရက္အတြင္း ရေအာင္တင္ေပးမွာပါ....promise 🤎