အေးအပြင်ကပြန်ရောက်တော့ ဒေါက်တာက ဟိုတယ် အပြင်မာ ဖုန်းပြောနေတယ် ဒေါက်တာ့ ပုံကစိတ်တိုနေပုံရျယ်။
အေးဒေါက်တာ့အနားရောက်တာတောင် ဒေါက်တာကဒေါသသကြီးစိတ်တိုနေတုန်း
"ဇင်မမကို ပြစ်မသွားခဲ့ဘူးဘူး! ဇင်လည်းကိုယ့်အလုပ်ကိုယ့်လုပ်နေတာဘဲ!"
"ရတယ်လေ မမက ပြတ်ချင်တယ်ဆိုတော့လဲ ဟက်!"
"ဟုတ်လား ဇင်ကတော့ မမကိုစိတ်ကုန်နေပီ စိတ်ပြတ်နေပီ မချစ်တော့ဘူး"
"မမခုနပဲ ပြတ်မယ်ဆို ဟမ်!ချက်ချင်းကြီးမပြတ်တော့ဘူးလား!ဇင့်ဘက်ကတော့ မမကိုပြတ်ပီ အခုကစပြီး"
တီးး!
"အမ် ဟိုတောင်းပန်ပါတယ် ဒေါက်တာ့ အေးက.."
"မိုးချုပ်နေပြီလေ ဘာလို့နောက်ကျနေရတာလဲ"
"...."
"ကြောင်စိစိနဲ့သွားမယ်လေ"
"ဟုတ်"
ဘာလိုအခြေအနေကြီးလဲ ဒေါက်တာက
။
။
။
"ဒေါက်တာ့အတွက် အေး ပီဇာဝယ်လာတယ်"
"......"
"အေး..."
"ပျက်သွားပြီ မမနဲ့"
"ဆရာမက မမကိုချစ်ပါတယ်"
"ဟင့်အင်း သူက ငါ့ကိုချစ်တာမှန်တယ် သူမင်းကို တပည့်တယောက်ထက်ပိုနေတယ်"
"ဝိုးးး ညီမလိုလားကောင်းတာပေါ့"
"ဟင့်အင်း ချစ်သူတယောက်လို"
"ဪ ဒေါက်တာရယ် ဇင်ကဆရာမကိုမကြိုက်ပါဘူး"
"စိတ်ချ"
"ငါသူ့ကိုမချစ်တော့ဘူးး"
အေးဘာမှမပြောမိ။ သူအသဲကွဲနေပီမဟုတ်လား။
ငါဘာလုပ်ကမလဲ။
သူငိုနေပီမဟုတ်လား။
"ဒေါက်တာရယ် မငိုပါနဲ့...."
အေးဒေါက်တာ့နားထိုင်ပြီး ဒေါက်တာကိုနှစ်သိမ့်ပေးနေခဲ့တယ်။
ဒေါက်တာကခနကြာတော့ငိုတာရပ်သွားခဲ့တယ် ။
"အေး ဆေးသောက်ကမယ်မဟုန်လား"
ဒေါက်တာက သူ့ဘက်လှည့်ပြီးပြောလိုက်တယ်။
"ဒေါက်တာ့!"
"ဟဟ စတာပါ"
"ဒေါက်တာက ဒီလိုဘေးမာတိုင်ပြီးကြည့်တော့တကယ်လှတာဘဲ"
"ဟုတ်လား"
"အင်း ဒေါက်တာပြုံးလိုက်ရင် ပါးခ်ျုင့်လေးတွေ ။ မျက်လုံးမှေးမှေးလေးတွေ ။တကယ်လှတယ်"
"ဟုတ်ပါပီ ဒါနဲ့လေ...."
တူ...တူ...
"ခနနော်ဒေါက်တာ"
ဖုန်းလာတာကိုကြည့်ပြီးပျော်နေသော အေးကိုသူသေချာမြင်လိုက်ပါတယ်။
ကြားလ်ုက်ရတဲ့စကားး
*အေးငါလာကြိုပြီ တွေ့တာနဲ့နင့်ကိုအမှုန့်ကြိတ်ပြစ်မယ် စောင့်ကြည့်လိုက် ဒါပဲ*
ဒါကကလေးဆန်တဲ့စကားပဲ
"ဒေါက်တာ့ အေး ချင်းဂု တယောက်သွားကြိုရမယ် ဒေါက်တာလိုက်ခဲ့ပါလား"
"ဟမ် မလိုက်တော့ပါဘူး ။ပင်ပန်းနေပီ"
"အင် သွားပီဒေါက်တာ"
နုတ်ဆက်လိုက်ချိန်တောင်မရပဲ ထွက်သွားသောအေး။
။
။
။
။
။
2နာရီကြာပြီ။ တယောက်ထဲသွားခိုင်းတာမှားပြီ။
အခုတလော ဒေါကြီးကလဘ်းရွာခနပြန်သွားတယ်။
သူတယောက်ထဲပဲအိမ်မာကျန်ခဲ့တာ။
ဟိုငရစ်မလေးကိုစောင့်ရင်းနဲ့ပေါ့။
ထို့နောက်
"ကြယ်စင်ရေကြယ်စင် အော ဒေါက်တာကြယ်စင်ရော"
"အော လမင်းပါလား ကြယ်စင်အပြင်ခနသွားတယ် သူ့ချင်းဂုသွားကြိုတာ"
"ဟမ် ဘယ်ချင်းဂုလည်း"
"မသိဘူးလေ ထိုင်စောင့်လိုက် ။သွားတာနှစ်နာကြာပီ။"
"အော အင်း"
"ယုရော မတွေ့ပါလား"
"သူလား,သူကနောက်မှလိုက်ခဲ့မယ်တဲ့"
ဇင်ကခေါင်းငြိမ့်ပြရင်း
။
။"ပြန်လာပီထင်တယ် ဒေါက်တာ"
လမင်းက ပြောလည်းပြောသွားလည်းကြည့်သည်။
အိမ်တံခါးနားရောက်တော့ လမင်းအ့ဩသွားသည်။
"လမင်းရောက်နေတာကိုး"
"အေးဟုတ်တယ် မြင့်မိုလ် သွားကြိုတာ ဘာလို့ငါ့မပြောရတာလဲ"
"ငါမပြောခိုင်းလိုက်တာ တော်ကြာ နင်တို့စားနေတဲ့အချိန်ကြမှ ဟိ"
ပြောပြီ ပြုံးစိစိဖြစ်သွားသော မြင့်မိုလ်
။
။
ဒေါက်တာ!
"ဟမ်"
"ဘာဖြစ်နေတာလဲ"
အကြောင်းဆုံပြောလိုက်လိုက်တော့ အ့ဩသွားသည့်ဒေါက်တာ
"ကြယ်စင်က တော်တာပေါ့ သူများ first kissကိုရအောင်ယူလို့"
"ဒေါက်တာကတော့ လုပ်ပီ တော်စရာလား ။ မြင့်မိုလ် အပေါ်ထပ်မာ အခန်းလေးခန်းရှိတယ် ဟိုဖက်အစွန်က အခန်းနော်"
မြင့်မိုလ်က
"အင်း ငါပင်ပန်းနေလို့"
ပြောပြီးထသွားတယ်။
လမင်းကလည်းမြင့်မိုလ်ရောက်ခနကြာတော့ပြန်သွားတယ်။
မြင့်မိုလ်အတွက် စိတ်မကောင်းဘူး
တဘက်သက်အချစ်ပဲလေ။
ဟုတ်ပါတယ်။မြင့်မိုလ် ကလမင်းကိုစစတွေ့ကထဲကချစ်နေတာလေ။ဒါကနာကျင်ရတယ်။လမင်းကအ့တုန်းကကျောင်းသားသစ်လေ။ကျောင်းရောက်တာ နှစ်ပတ်ပဲရှိသေးတယ်။လမင်းကယုနဲ့ ချစ်သူတွေဖြစ်သွားကြတယ်။ယုကတကယ်လှပါတယ်။ဆံပင်ကခါးရောက်။မျက်တောင်လေးကအစမြင်တဲ့သူတိုင်း လှတယ်လို့ပြောခံရတဲ့သူ။
မြင့်မိုလ်က လမင်းနဲ့ယုနဲ့ ချစ်သူတွေဆိုတာသိတော့ သူလက်လျော့ခဲတ့ယ်။လမင်နဲ့ယုကတျောက်ကိုတျောက်တော်လေးချစ်တာ။
ဒါကမြင့်မိုလ်ရဲ့တဘက်သက်အချစ်ပဲ။
အလယ်တန်းပြီးတော့မြင့်မိုလ်က အဂ်လန်ကိုပြောင်းပြီးအ့မာပဲကျောင်းတက်ခဲ့တယ်။သူမေ့မေ့ပျောက်ပျောက်နေချင်ခဲ့တယ်။လမင်းကိုပေါ့။
လမင်းကသိတယ်။လမင်းကမြင့်မိုလ်ကိုချင်းဂုထက်မပိုခဲ့ဘူး။
။
။
။
အခုမြင့်မိုလ်က မြန်မာပြည်မာပဲအခြေချတော့မယ်တဲ့။
တက္ကသိုလ်လည်းဒီမာပဲတဲ့။
။
။
"အဆင်ပြေခဲ့လားမြင့်မိုလ်"
မြင့်မိုလ်က အေးအားပြုံးပြပြီးခေါင်းငြိမ့်ခဲ့တယ်။ထိုနောက်
"ငါအိမ်ဝယ်ထားတယ် မြန်မာပြည်မာ"
"ဪ...."
"ငါအ့မာသွားနေတော့မယ်"
ထို့နောက်ဒေါက်တာက
"မြင့်မိုလ်အဆင်ပြေသလိုနေပါ့"
မြင့်မိုလ်ဒေါက်တာအားကြည့်ပြီးအကြံတခုရသွးပုံနဲ့
ဒေါက်တာအေးကိုတလှည့်ဆီကြည့်တယ်။
ဒီကမ ထဖောက်တော့မယ်ထင်တယ်။
"ဟုတ်တာပေါ့ ဒေါက်တာရယ် မိုလ် ရှိနေတော့ ဒေါက်တာနဲ့ကြယ်စင် နဲ့ ဘာညာဘာညာ ဟိဟိ အွန်းး"
သူမပြောခင် အေးလက်နဲ့သူ့ပါးစပ်ကိုပိတ်လိုက်ပြီး
"ချင်းဂုလေး အိမ်ဝယ်ထားတယ်ဆို ပြန်တော့လေ...ဪ ငါအိမ်ရှေ့ထိလိုက်ပို့ပေးကမာပေါ့ နင့်ပစ္စည်းတွေကတော့ ငါနောက်မှ ပို့လိုက်မယ် ဖြစ်တယ်ဖြစ်တယ်"
တျောက်ထဲပြောပြီး မိုလ်ရဲ့ပါးစပ်ကိုလက်နဲ့အုပ်ပြီးအပြင်ခေါ်ထုတ်သွားတာကိုကြည့်နေတဒ့ဒေါက်တာ့ကို မိုလ်မြင်ဖြစ်အောင်မြင်လိုက်ပါတယ်။
။
။
။
မိုလ်ကို ကားပါငှားပြီးထည့်ပေးလိုက်တယ်။
ဒေါက်တာ့ေတာင်
အမ် ငါသေတာသေလိုက်ချင်တယ်။
ဧည့်ခန်းထဲမာ ထိုင်နေသောဒေါက်တာ
"ဒေါက်တာရယ်တောင်းပန်ပါတယ်"
ဒေါက်တာ့ရှေ့ကဆိုဖာမာထိုင်ပြီးပြောလိုက်သောအေး
"အမ် ဘာကိုလဲ အေး"
"အော ဘာမှမဟုတ်တော့ဘူး"
"အမ် အေးရဲ့ချင်းဂုကိုတော့သေချာထိန်းရတော့မယ်
ဇင့်စိတ်ထဲမာ ဇင်နဲ့အေးကိုပေးစားနေလားမသိဘူး တကယ်လို့ပေးစားရင်လည်းပြောလိုက်ပါ...ဇင်က အပေါ်ပုဂ္ဂိုလ်လို့"
"အော ဒေါက်တာက အပေါ်ပုဂ္ဂိုလ် ဟားးဟုတ်ပါပီ"
အေးရယ်တောင်ရယ်ချင်တယ် ။သူ့ခန္ဒာကိုယ်နဲ့ အေပေါ်ပုဂ္ဂိုလ်။
ဒေါက်တာကသိပ်လှတယ်။ဒါကိုဒေါက်မသိတာလား။
"မောင့် ဒေါက်တာလေး.."
"ဟမ်"
"ဒေါက်တာ မသိသေးတာလား ဒေါက်တာကသိပ်လှတယ်"
အေးကဒေါက်တာနားကဆိုဖာပေါ်မာထိုပီးပြောလိုက်တယ်။
"မင်းကမှ လှတာ မှန်ယူပေးရမလား"
"ဒေါက်တာ အေးကိုကြိုက်နေတာလား"
ဒေါက်တာက မျက်ခုံးပင့်ရင်း
"ဇင့်အသားကိုယူရင် အေးမလွယ်ဘူး အင့်"
ဇင်ပြောလို့တောင်မဝသေးဘူး ဇင့်လက်ကိုဆွဲပြီး အေးပေါင်ပေါ်မာထိုင်စေပြီး။
"အမ် ဒါကလွန်တယ်နော် အေးကြယ်စင်!"
စိတ်မနည်းတိုသွားဟန်ပုံနဲ့ပြောလိုက်သောဇင်
"ချစ်တယ် ဒေါက်တာလေးရေ"
အေးဆီက မထင်မှတ်ပဲကြားလိုက်ရတယ်။
ထိုစကားကြားလိုက်ပြီးမဲ့ပြုံးပြုံးလိုက်ပြီး အေးကိုလက်မောင်းကနေဆွဲပီ့းသူပေါ်ပေါ်မာထိုင်စေပြီး ခါးကိုတင်းစွာဖတ်ထားသောဇင်
အေးရုံးသော်လည်း မရ။
ထို့နောက် ဒေါက်တာ့မျက်လုံးကို တည့်တည့်ကြည့်ပြီး
"ဟီး အေးက စလိုက်တာပါ ဒေါက်တာရယ်"
"ဇင်အ့လောက်အားရှိမယ် မထင်လို့လား နောက်ကျသွားတယ်အေး "
အေးပါးက်ုဒေါက်တာက လက်နဲ့နည်းနည်းဆွဲလိုက်ပြီး
"ပါးကို အိနေတာဘဲ"
အေးက ကြောက်လာပီ။ မျက်ရည်တောင်ဝဲနေပီ
ငါတော့သွားပီ မိအေးရ။လက်သည်းဖွက်ထားတဲ့ကြောင်စိုးကြီးကိုသွားစမိပီ
"တောင်းပန်ပါတယ် ဒေါက်တာ ဟင့် အေး မှားပါတယ် မလုပ်လိုက်ပါနဲ့"
ခေါင်းအောင်ငုတ်ပြီးတောင်းပန်နေသောအေး။သူမ ငိုနေတာလား။
ဇင်ေအးရဲ့မေးဖျားကနေဆွဲမလိုက်ပြီး
"ဟေး မငိုပါနဲ့ တိတ်တော့နော် ဇင် အေးကိုတကယ်ချစ်တယ်...ယုံတယ်မလား ဟမ်"
"အမ်း ယုံပါတယ် ဒါမဲ့ကြောက်လို့ပါ"
ထိုနောက့် အေးက တုန်ရိနေတယ်။
"ရရဲ့လား စတုန်းက အရင်စခဲ့တာ ဘယ်သူပါလိမ့်"
"သွားပီ ဒေါက်တာ"
ရှက်ရမ်းရမ်းဖြင့် သူ့ပေါင်ပေါ်က ထသွားတဲ့အေး
တကယ်ပဲ ရင်တွေခုန်နေတယ်။
ငါကမင်းကိုချစ်တယ်ထက် မြတ်နိုးတယ် အေးရယ်။
။
။
"ဘာလုပ်နေတာလဲ"
စာလုပ်နေတာမြင်ရဲ့သားနဲ့ ဘာလုပ်နေတာလဲ လို့မေးသော ဒေါက်တာ။
"မမြင်ဘူးလား အာရုံလာမနောက်နဲ့သွားသွား"
"မသွားဘူး အေးအခန်းက တံခါးမပိတ်ထားတော့ ဇင့်ကိုဝင်စေချင်နေတာမှတ်လား"
"ဟာာ စာတွေမရလို့ စိတ်တိုနေတဲ့ကြားထဲ ဘာတွေဘာပြောနေမှန်းမသိဘူး"
"မကျက်နဲ့ပေါ့"
"ဟာာာ သွားစမ်းပါ "
"မသွားဘူးကွာ"
ပြောပြီးကုတင်ပေါ်ဝင်လှဲပီးမှ
မှောက်ခုံ အိပ်ရင်း မေးထောက်ပြီးကြည့်နေသောဇင်။
ဒီဒေါက်တာပြောလို့လဲမရဘူး။
"ဘာလို့လိုက်ကြည့်နေတာလဲ"
ပြောပြီးမျက်စောင်းထိုးလိုက်သောအေး
"အေးက စီနီယာကိုမျက်စောင်းထိုးကလား"
"ဘာ!"
"တွေ့လား စီနီယာကိုအော်နေပြန် အပြစ်ပေးရတော့မယ်"
အေ ဟုတ်သားပဲ။သူဒေါက်တာ့ကို စာပြခိုင်းရမယ်။အတန်းမတက်တာတွေများတော့ ဘာေတွမှန်းမသိဘူး
"ဒေါက်တာ"
"ပြောလေ ဂျူနီယာလေး"
"ဟီးး ဟို အေးကိုစာပြပေးပါလား"
ဇင်ကတခုခုခုကိုစဉ်းစားနေဟန်ဖြင့်
"ဘာပြန်ရမာမို့လဲ"
"မသင်ပေးရင်လည်းနေဟေ့ ငါ့နောက်လို့မလာနဲ့ ငါကိုသင်ပေးတဲ့သူရှီနဲ့ပဲသွားမယ် ဟွန့်! လိုက်လာရင်သေမယ်"
စောင့်စောင့်အောင့်အောင့်ဖြင့်ထွက်သွားသောအေး
အသဲယားစရာလေး
။
။
။
တူ တူ!
ဟမ်အေးဖုန်းအိမ်မာကျန်ခဲ့တာပဲ။
စားရေးခုံပေါ်က အေးဖုန်းကိုကြည့်လိုက်တော့ "ဦးလေး"ပဲ။
သူအေးဖုန်းကိုမကိုင်မိ။
ခနကြာတော့
ဒုတိယအကြိမ်
တူးး တူးးး!
ဒီတခါ ကိုင်လိုက်တယ်
#အေးကြယ်စင့်! နင်ငါ့စကားနားမထောင်ပြန်ဘူလား!! ငါ့ကိုစိတ်တိုအောင်လာမလုပ်နဲ့နော် ဘာလဲ !!ထပ်ပြီး လေးနှစ်လောက် အခန်းထဲမာပဲနေချင်တာလား ဟိုတခါတုန်းကလိုငါက လူနှစ်ယောက်နဲ့ရိုက်ခိုင်းမာမဟုတ်ဘူးနော် လူ ဆယ်ယောက်နဲ့ရိုက်ခိုင်းမာ! ဘာမှတ်နေလဲ! "
တီးး!
သူ့ဦးလေးက ပြောပီ့း တန်းချသွားတယ်။
လေးနှစ်တောင် အခန်းထဲမာ အရိုက်ခံခဲ့ရတာလား,
လမင်းတို့ကိုမေးကြည့်ရမယ်။
ဟူးးး
။
။
။
ဟူးး ဒီကလေးမ ဘယ်တွေသွားနေပါလိမ့်။
မနက်ထဲက ထွက်သွားတာ ခုဆို ညနေ နှစ်နာရီတောင်ရှိနေပီ။လူကိုမသေသေအောင်သတ်နေတာဘဲ။
ဒါ ဒါ ဒါ
သီချင်းတညည်းညည်းနဲ့ အိမ်ထဲဝင်လာသောသူမ။
ဧည့်ခန်းထဲကနေ အေးလှမ်းခေါ်လိုက်တယ်။
"ဟေးး ဘယ်တွေသွားနေတာလဲ"
အေးက သူ့ရှေ့ကဆိုဖာပေါ်မာထိုင်ပြီး
"စာသွားသင်တာလေ"
"ဟင် "
"ဟုတ်တယ် ဆရာမခန့်ရှီမာ"
"အော ဖုန်းလာသေးတယ် "
"ဟုတ်လားဘယ်သူလဲ"
ပြောပြီး ခုံပေါ်က ဖုန်းယူကြည့်သောအေး
ဝမ်းနည်းနေတဲ့မျက်ဝန်း။
"ကိုင်လိုက်တာဘဲ"
"တောင်းပန်ပါတယိ မရည်ရွယ်ပါဘူး"
"ရပါတယ်"
"င်ုချင်ရင် ငိုလိုက်ပါ။"
ပြောပြီးအေးနားသွားထိုင်လိုက်သောဇင်
အေးခေါင်းကိုသူ့ပုခုံးမာမှီစေပြီးသူမကိုရင်ခွင်ထဲ ထည့်ထားလိုက်တယ်။
"အဆင်ပြေသွားမာပါ"
"ထင်သလောက်မလွယ် ဘူး းး အီးးဟီးးး"
ပြောပြီးငိုသောအေး
"ဇင်ရယ် အေးသိပ်ကြောက်တာဘဲ လောကကြီးမာတောင်မနေချင်တော့ဘူး"
"......"
"အ့လူကြောင့် အေးမာ ဘာမှမရှိတော့ဘူး"
"ဇင်ရှိပါသေးတယ် အေးရယ် တော်ပြီ။ အခုချိန်ကစပြီး အေးကို ဇင်ကာကွယ်သွားမာမို့ ထပ်ပြီးနာမကျင်ရတော့သလို ထပ်ပြီးမျက်ရည်မကျစေရဘူး"
အေးပါးပြင်ပေါ်က မျက်ရည်တွေသုပ်ပြီးပြောလိုက်သောဇင်
"ကျေးဇူးတင်ပါတယ် ဇင်"
"မလိုဘူး ချစ်တယ် အေး"
"အင်း ငါလည်းချစ်တယ်"
။
။
။
အိပ်ပျော်နေတုန်း ကောင်မလေးရဲ့အလှက နေရောင်ထက်တောင်တောက်ပနေသေးတယ်။
"နိုးပီလား ကလေး"
"အင်း နိူးတာကြာပီလာ ဇင်"
"သိပ်မကြာသေးပါဘူး မင်းလေးရဲ့အလှကိုကြည့်နေတာ"
"အေးမျက်နှာ သွားသစ်တော့မယ်"
ပြောပြီးထွက်သွားသော ထိုကောင်မလေး။
လေးနက်အောင် ချစ်မိသွားတာ။
လေးနက်အောင် မြတ်နိုးသွားခဲ့တာ။