Unicode
The Gray:Melancholy
မျက်ရည်တစ်ပေါက်.....
နှလုံးသွေးတစ်စက်.....
စုတ်ချက်ကိုချယ်
မှိုင်းပျပျ မီးခိုးဖျော့ရောင် စွန်းတဲ့
ကြေကွဲခြင်း ကားချပ်ငယ်
ရွက်တလူးလူး လှေရယ်
မီးခိုးရောင် သုမုဒ္ဒရာ အလယ်မှာ
လေနှင်ရာ လွင့်ပါတော့။
~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် အိမ်ထဲသို့ ဝင်လိုက်ပြီ ဆိုရုံဖြင့် တွေ့လိုက်ရသော ရိပေါ်ကြောင့် မလုံမလဲစွာ မျက်နှာလွှဲမိသည်။
စိတ်ပျော်ရွှင်နေပုံရသည့် ကောင်ငယ်လေးကတော့ ရှောင်းကျန့်အား ငေးရင်း ပြုံးယောင်ယောင်လေးဖြစ်နေ၏။
ခက်ထန်မာကျောသည်ဟူသော သတင်းဖြင့် ကျော်စောသည့် ဝမ်ရိပေါ်သည် ရှောင်းကျန့်တစ်ယောက်ရှေ့တွင်တော့ သူ၏ တံတိုင်းမှန်သမျှအား ဖြိုချထားပုံပင်။
နီးကပ်လာခဲ့သည့် အချိန်တွေအတွင် ရိပေါ်၏ ပျော့ကွက်အား ရှာ၍ ထိုးနှက်ရလို့ အောင်ပွဲခံရန်မှာ သူ၏ အကြံအစည် ဖြစ်ပေမယ့် ထိုအရာမှာ နှလုံးသား တစ်စုံ ဖြစ်နေခဲ့ရင် ဆိုသည့်အကြောင်း သူတစ်ခါမှ မတွေးခဲ့။
ဝမ်ရိပေါ် ပြိုလဲသွားမည့် မြင်ကွင်းအား ညတိုင်း မြင်ယောင်ကြည့်ကာ ကျေနပ်ခဲ့ဖူးပေမယ့် အခုလို အပြစ်မရှိသယောင် ပြုံးပြနေပြန်တော့လည်း ရင်ထဲတွင်တော့ အောင့်သက်သက်။
တကယ်ကို ဝမ်ရိပေါ်က သူတောင်မပိုင်သည့် နှလုံးသားအပေါ် ပိုင်စိုးပိုင်နင်း ဆန်လွန်းတာပဲ။
"ကော်ဖီ သောက်မလား"
လေထုအား ထိုးဖောက်လာသည့် ရိပေါ်၏ အသံ။
ခေါင်းငြိမ့်ပြလိုက်တော့ အိမ်အကူတစ်ယောက်ယောက်ကို အကူအညီတောင်းလိမ့်မည်ဟု ထင်မိပေမယ့် ကိုယ်တိုင် အနောက်ထဲသို့ ဝင်သွားသည့် ရိပေါ်ကြောင့် ရှောင်းကျန့်မှာ အံအားတသင့်။
တဆက်တည်းမှာပင် တင်းကျပ်နေသော ရင်ထဲမှ သက်သောင့်သက်သာ မဖြစ်။
သွေးကြွေးသာ ဆပ်စေလိုတဲ့ သည်ကစားပွဲမှာ ရင်းလိုက်ရသည်က နှလုံးသားတို့မှန်း ဘယ်သိခဲ့ပါ့မလဲ။
ကော်ဖီတစ်ခွက်ကိုင်လို့ အနားသို့ ပြန်ရောက်လာသည့် ရိပေါ်ကြောင့် ရှောင်းကျန့်က အလိုက်သင့် ခွက်အား ကမ်းယူလိုက်သည်။
"လက်မောင်း?
သက်သာရဲ့လား"
ရိပေါ်ရဲ့ အမေးကြောင့် ရှောင်းကျန့် မိမိ ဘယ်ဘက်လက်မောင်းအား အမှတ်တမဲ့ ကိုင်လိုက်မိသည်။
ထပ်မံ၍ ခေါင်းငြိမ့်ပြလိုက်တော့ ရိပေါ်က ပြုံးပြန်၏။
"ကဲ ဘယ်က စပြောကြရင် ကောင်းမလဲ ၊
အချိန်တော့ အကြာကြီး မရဘူးရယ်၊
Studio ကို သွားစရာရှိတယ်"
သာမန်နေ့တွေနဲ့မတူပဲ လန်းဆန်းတက်ကြွပြီး စကားတွေ အများကြီး ပြောနေသည့် ရိပေါ်၏ ပုံလေးအား ရှောင်းကျန့် နူးညံစွာ ငေးကြည့်နေမိသည်။
နတ်ဘုရားလို့တင်စားကြတဲ့ အေးစက်စက်လူသား ဝမ်ရိပေါ်၏ သည်လို မြတ်နိုးစရာကောင်းတဲ့ဖက် အခြမ်းအာ ရှောင်းကျန့်မြင်ခွင့်ရတာ ဘယ်လို ကောင်းချီးမျိုးပါလိမ့်ဟုလည်း တွေးမိသည်။
သို့ပေမယ့် တစ်ချိန်ချိန်တွင် ဤအလှတရားဟာ ကျိန်စာလို တစ်သက်တာ ခြောက်လန့်နေမည့် အမှတ်တရ တစ်ခု ဖြစ်နေကြောင်း သဘောပေါက်မိတော့ သောကတို့ဖြင့် တနင့်တပိုး ။
ကော်ဖီလေးသောက်ကာ စကားစမြည်းပြောနေကြရင်း စကားလမ်းကြောင်းဟာ အမှုဘက်သို့ဦးတည်လာတော့
ရိပေါ် မျက်နှာမှာ အနည်းငယ်တည်သွားသယောင်၊
ရိပေါ်၏ ယုံကြည်မှုအား အပြည့်အဝ မရသေးသည့် ရှောင်းကျန့်အတွက် ထိုနေ့ညက ဖြစ်ရပ်မှန်အား သိနိုင်ရန် ခက်ခဲနေဆဲ။
သိုဝှက်တတ်သော ဝမ်ရိပေါ်၏ မာယာဖဲချပ်တစ်ချက်ချင်းအား ရှောင်းကျန့် ထုတ်ဖော် နိုင်ခဲ့ပြီဟု ထင်ရပေမယ့် ကျိန်းသေပေါက် ထိုကောင်လေးမှာလည်း တခြား ဝှက်ဖဲ တစ်ချက်ရှိနေလောက်သေးသည်။
ဝမ်ရိပေါ်ဆိုတာ ကျော့ကွင်းထဲ သက်ဆင်းရမယ်ဆိုတောင် ထိုကျော့ကွင်းရှင်အတွက် ထောင်ချောက်တစ်ခု ပြန်ထောင်ထားပြီး အတူတူ ပျက်စီးပစ်လိုက်မည့် အဆိပ်ပြင်းသော လူတစ်ယောက်မလား။
" ဝမ်ရိပေါ်မပြောရင် ကိုယ်ကူညီပေးနိုင်မှာ မဟုတ်ဘူး"
"ပြောလိုက်ရင်ရော အကူအညီ ဖြစ်မှာသေချာလို့လား"
တစ်ယောက်တစ်လှည့် ခွန်းတုံ့ပြန်ရင် တိတ်ဆိတ်သွားရသည့် အခြေအနေ။
ဝမ်ရိပေါ်ဟာ တခြားအရာတွေထက် ထိုအမှုနှင့် ပတ်သက်လျှင် မည်သူ့ကိုမှ ယုံကြည်ပုံမပေါ်။
တစ်ခနချင်း ခက်ထန်သွားပြန်သော ထိုမျက်ဝန်းတွေထဲ စိုက်ကြည့်လိုက်တော့
ထိုမျက်ဝန်းတို့ဟာ သူ့အပေါ်တွယ်ငြိနေပါလျှက်၊
ဘာကြောင့်များ အခက်တွေ့အောင် လုပ်နေရပါသလဲ။
ပျော်ဝင်နေပါလျက် အဘယ်ကြောင့်များ နစ်မွန်းဖို့ ငြင်းဆန်နေရပါသလဲ။
မသိစိတ်နှင် သိစိတ် လွန်ဆွဲနေခြင်းအား ထိုမျက်ဝန်းတို့မှ တစ်ဆင့် ရှောင်းကျန့် ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။
ဝမ်ရိပေါ်၏အပိုင်
သမုဒ္ဒရာတစ်စင်းလို မီးခိုးဖျော့ရောင် ထိုမျက်ဝန်းတွေထဲ သံသယလှိုင်းလုံးလေး ခပ်ပါးပါး ပုတ်တော့ ရှောင်းကျန့် အခက်တွေ့ရသည့်ကြားမှ ဝမ်းမြောက်မိပြန်သည်။
'ဝမ်ရိပေါ်က ရှောင်းကျန့်ကို တကယ် အပြည့်အဝ မယုံသေးဘူးပဲ'
အပျက်ပျက်နဲ့ သွေးထွက်ရမယ့် ဒီကစားပွဲမှာ မည်သူက အောင်နိုင်သူအဖြစ် အနိုင်ပိုင်လို့ မည်သူက ရှုံးနိမ့်သူ ဖြစ်ပျက်စီးသွားမည်မှာ မသိနိုင်။
" ကျွန်တော်လည်း မသိသေးဘူး ရှောင်းကျန့် ။
အဲ့နေ့က ဘာတွေ ဖြစ်ခဲ့လည်းဆိုတာ ကျွန်တော်လည်း မသိဘူး"
ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့် အာရုံများ ထွေပြားသွားရသည်။
ကာယကံရှင် ဝမ်ရိပေါ်တောင် မရှင်းမလင်း ဖြစ်နေသည့် ထိုပြဿနာတို့မှာ ဇစ်မြစ်ရှာတွေ့ရန်တောင် ခက်ခဲလွန်းလှသည်။
တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။
"ကျွန်တော် တစ်ခုခုမှတ်မိလာတာရှိရင် ပြောပြပါ့မယ်၊
အခု ကျွန်တော့် ဘက်မှာဆိုလို့ ရှောင်းကျန့် တစ်ယောက်ထဲရှိတော့တာ"
ဝါကျတစ်ကြောင်းဟာ အသက်ဆက်မရှုချင်လောက် တော့တဲ့ အထိ ဝန်ပိစေမှန်း ဒီစက္ကန့်ပိုင်း မတိုင်ခင် အထိ မသိခဲ့။
အရောင်များလွန်းသည့် ရှောင်းကျန့် ဝမ်ရိပေါ်၏ မျက်လုံးအား တည့်တည့် မကြည့်နိုင်ခဲ့ပါ။
Studio သို့သွားစရာရှိသည့် ဝမ်ရိပေါ်က ရှောင်းကျန့်ဘေးနားမှ ခပ်သွက်သွက် ထွက်သွားပေမယ့် စိတ်လွတ်သလို ငြိမ်သက်စွာ ကျန်နေရသူမှာ ရှောင်းကျန့်ပင်။
တကယ်ဆို ရှောင်းကျန့်လဲ အများကြီး ခံစားခဲ့ပြီးပြီ၊
ဘဝထဲက အရေးမပါဆုံးသူတွေဟာ သူ့မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့ခဲ့ရပြီးပြီ။
ဘာလို့များ သူကပဲ အခုအချိန်ထိ ရင်တွေပဲ အမြဲနာနေရတာလဲ။
ဘာတွေများ အပြစ်ကျူးလွန်မိခဲ့လို့ သူ့ကျမှ ဒီလိုဖြစ်ရတာလဲ။
စိတ်ထဲမှ အော်ဟစ်နေရင်း နှုန်းချိစွာ မျက်ဝန်းတွေကို မှိတ်ချလိုက်၏။
အခုအချိန်မှာ အမေ ရင်ခွင်ထဲ ပြေးဝင်လို့သာ သူလုပ်ခဲ့သမျှဟာ မှန်ရဲ့လားဟုသာ ငိုကြွေးရင်း မေးလိုက်ချင်တော့သည်။
ရိပေါ်လည်း studio သွားပြီဖြစ်သည့်အတွက်ည ရှောင်းကျန့် အလုပ်လုပ်လက်စဖိုင်တို့အား သိမ်းကာ သူ၏ လုပ်ငန်းအား စရန် ပြင်ဆင်တော့သည်။
ဧည့်ခန်း တစ်ခုထဲမှာတင် များစွာသော အခန်းတွေကို ဟိုဟိုဒီဒီ ကြည့်နေရင်း အိမ်တော်ထိန်းမင်အား မနက် စရောက်ကတည်းက မမြင်ရသည်ကို သတိရမိသွားသည်။
ရှောင်းကျန့် သတိထားမိသလောက်ဆို ခုနက ရိပေါ် studio သွားသည့်နောက်လဲ မင်ရှို့မှာ လိုက်မသွား။
ဘေးဘီလှည့်ပတ်ကြည့်ကာ ရှာနေရင်း စင်ပေါ်က ပစ္စည်းတစ်ခုမှာ ရှောင်းကျန့်၏ အာရုံအား ဖမ်းစားလိုက်သည်။
အရင်တစ်ခေါက်လာတုန်းကတွေ့ခဲ့ဖူးသည့် စက်ရုပ်အသေးလေးတစ်ခု ။
ဒီနေ့လည် ဆိုဖာရှိရာဖက်သို့ မျက်နှာ မူထားပြန်သည်။
သိလိုစိတ်အပြည့်ဖြင့် ထိုအရုပ်ရှိရာသို့ ဖြေးညှင်းစွာ ချဥ်းကပ်သွားလိုက်သည်။
အနီးကပ်ကြည့်လေလေ ထိုအရုပ်မှာ မသင်္ကာစရာ ကောင်းလေလေ ဖြစ်လာသည်။
အထူးသဖြင့် စက်ရုပ်၏ ဝမ်းဗိုက်မှာ ထူးခြားနေပြီး တစ်ခုခုတပ်ဆင်ထားသယောင်။
စင်ပေါ်မှ ယူလိုက်ပြီး မျက်လုံးနား ကပ်ကြည့်မိတော့
ထင်သည့် အတိုင်းပင်။
"စောင့်ကြည့် ကင်မရာ"
သဘောပေါက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်အိမ်လုံးအား စစ်ဆေးမိတော့ အခန်းတိုင်း လိုလို တွင် ထိုအရုပ်မှာရှိနေသည်။
ယုတ်စွအဆုံး ရိပေါ်၏ အခန်းထဲတွင်တောင် ရှိနေနိုင်လောက်သည်။
ဒါတောင် များပြားလှသည့် အခန်းတွေကြောင့် အခန်းစေ့ မစစ်နိုင်ခဲ့။
"ဝမ်ရိပေါ်က စောင့်ကြည့်ခံနေရတာပဲ"
ခံပြင်းဒေါသထွက်မှုကြောင့် သူ၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်။
ဖြစ်ပျက်ခဲ့သမျှအား ဆက်စပ်တွေးကြည့်ပြီးနောက် ရှောင်းကျန့်
သဘောပေါက်သွားခဲ့သည်က ဝမ်ရိပေါ်နှင့်သူ၏ ဘုံရန်သူမှာ တူညီနေသည့် အကြောင်းပင်။
ဝမ်ရိပေါ်အား ထိုလူ ဤမျှလောက်ထိုးချနေရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ Onsra ပင်။
ဒါဆို ရှောင်းကျန့် အမေသေဆုံးမှုနှင့် ဆက်စက်နေသည်မှာလည်း သေချာသလောက်ပင်။
"မင်ရှို့နဲ့ ယုံချန်ကရော"
ဤ စက်ရုပ်ကစားစရာများသည် ယုံချန်းဆိုသည့် ကောင်လေးတစ်ယောက် ပေးခဲ့သည်ဟု ဆိုဖူးတာကြောင့် မင်ရှို့နှင် ယုံချန်၏ ပတ်သတ်မှုမှာလည်း တွေးစရာဖြစ်လာသည်။
တစ်စတစ်စဆီ အစွန်းထွက်လာသော သဲလွန်စများနှင့်အတူ ရှောင်းကျန့်သည် ဤရှုပ်ထွေးသော ဝင်္ကပါမှ လွတ်မြတ်ခြင်းမရှိ။
~~~~~~~~~~~~~~~~~~
ခြောက်သွေ့စပြုနေသည့် လက်ကိုင်ပုဝါအား နှဖူးပေါ်မှ ဖယ်လို့ ရေညှစ်ထားသော ပုဝါ အသစ်တစ်ခုအား ထပ်တင်ပေးလိုက်သည်။
မနေ့ည ဝေဝီဝေလင်း အချိန် ကြမ်းပြင်ပေါ်လဲကာ အဖျားတတ်နေသော အိမ်တော်ထိန်းမင်အား ယုံချန် မိမိအခန်းထဲသို့ခေါ်လာ၍ အဖျားကျအောင် လုပ်ပေးနေသည်မှာ ညလုံးပေါက်။
ခနအကြာတွင် မှိတ်ချထားသော မျက်ခွံတို့မှာ လှုပ်လီလှုပ်လဲ့ဖြစ်လာပြီး ဖြေးညှင်းစွာ ပွင့်လာသည်။
"နိုးလာပြီးလား "
ယုံချန်၏ ဝမ်းမြောက်ဝမ်းသာအသံနှင့်အတူ ဘယ်အခန်းထဲရောက်နေသည်ကိုပါ သဘောပေါက်သွားသည့် အိမ်တော်ထိန်းမင်က အတင်းကုန်းရုန်းထသည်။
"အရမ်းမထပါနဲ့ဦး အားနည်းနေသေးတယ်"
"ဘယ်လို အတွေးနဲ့များ အခန်းထဲ ခေါ်လာရတာလဲ တစ်ယောက်ယောက် မြင်သွားမှာ မစိုးရိမ်ဘူးလား"
ယုံချန်း၏ ဖျောင်းဖျမှုအား ငြင်းဆန်လို့ အံကြိတ်သံဖြင့် ပြောလာသည့် မင်ရှိူ့ကို ကြည့်ရင်း ယုံချန်မှာ ဘာမှပြန်မပြော။
ဇရာကြောင့် တွန့်ရှုံ့ကုန်တဲ့ အရေပြားတွေ၊
တိမ်ကွယ်ခြင်း ရောဂါ ခံစားနေရတာကြောင့် မှိုင်တွေနေတတ်တဲ့ ထိုမျက်ဝန်းတွေဟာ ယုံချန်အတွက်တော့ ကမ္ဘာငယ်တစ်ခု။
"မနေ့က အရမ်း စိုးရိမ်နေခဲ့တာ ပြန်မထလာနိုင်မှာကိုလေ။
အဖေ..... သား အရမ်း ကြောက်နေခဲ့တာ"
"အဲ့ ပါးစပ်ကို မပိတ်နိုင်ဘူးလား!!!"
အော်သံနှင့်အတူ ယုံချန်၏ ပါးပေါ် မျက်ရည်စများ ပြိုကျလာသည်။
သူသိပ်ချစ်ရသည့် အဖေဟာ သူချစ်သလောက်သူ့အား စိုးစဥ်းမျှတောင် ပြန်မချစ်ခဲ့ပါ။
ငယ်စဥ် သိတတ်စအရွယ်ကတည်းက သူ့အား အဖေလို့တောင် အခေါ်မခံပါပဲ ခပ်တန်းတန်းသာနေခဲ့သည်။
ယုံချန်၏ မှတ်ဥာဏ်ထဲတွင် ငါးနှစ်သားအရွယ် သူ့ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်လို့ ဝမ်အိမ်တော်အား ခေါ်လာသည့် အဖေ ဖြစ်သူ၏ ပုံရိပ်၊
ဝမ်အိမ်တော်၏ အမွေးစားခံရမှသာ ၊
သူအား အဖေဟု မခေါ်ခြင်းကသာ အတူတူ နေနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းရှင်းပြလာသည့် အဖေ့ကြောင့်ဖခင်အပေါ် ခင်တွယ်လွန်းသည့် ယုံချန်မှာ တစ်ချက် အကွန့်မတပ်ခဲ့။
"ဒီတိုင်း ထွက်သွားပြီး ကျွန်တော်တို့ နှစ်ယောက်ပဲ အတူနေလို့မရဘူးလား။
အဲ့ပိုင်ဆိုင်မှုတွေက ရမှကို ဖြစ်မှာလား"
"ဘာတွေ ပြောနေတာလဲ၊
ငါကဘာလို့ ထွက်သွားရမှာလဲ၊
ငါ့တစ်ဘဝလုံး ၊
ငါ့သွေးသား
ဒီလောက်ထိတောင် ရင်းထားပြီးမှ ဘာလို့ ထွက်သွားရမှာလဲ"
ကလေးတစ်ယောက်လို ရှိုက်လို့ငိုနေသည့် ယုံချန်အား မင်ရှို့က စိတ်ရှုပ်စွာ ကြည့်သည်နေကို သတိထားမိသည်။
အရာရာတွင် ပျော့ညံ့လွန်းသည့် ယုံချန်းအား အမြဲ အပြစ်တသ် ပြောဆိုလေ့ရှိပေမယ့် ငယ်စဥ်ကတည်းက မေတ္တာမရခဲ့သည့် ယုံချန်ဟာ အဖေ့ရှေ့ ရောက်လျှင် အမြဲ ကလေးလေး တစ်ယောက်လို အားငယ်တတ်မှန်း ဘယ်တုန်းကမှ နားမလည်ခဲ့။
အိပ်ရာပေါ်မှ ထကာ အခန်းအပြင်သို့ တယိမ်းတယိုင် ထွက်ရန် ပြင်နေသည့် မင်ရှို့အား မတားမိ။
ရက်စက်တတ်သောလူအား အဖေတော်ထားသည့် သူ့အတွက် နေ့ရက်တိုင်းဟာ ကြမ်းတမ်းလှသည်။
သူ့အတွက်တော့ လောကကြီးဟာ ဖခင်ဆီက မေတ္တာရဖို့တောင် ခက်ခဲလွန်းလှသည်။
"ကျွန်တော် ကူညီပေးပါ့မယ်။
Onsra ကိုရအောင် ကျွန်တော် ကူညီပေးမယ်၊
တစ်ခုပဲ ဝမ်ရိပေါ်ကို ထိခိုက်အောင်မလုပ်ပါနဲ့၊
ကျေးဇူးပြုပြီး"
စကားဆုံးသည်အထိ ခြေလှမ်းတို့အား ရပ်ကာ နားစွင့်နေပေမယ့် အဖြေတောင် ပြန်မပေးပါပဲ တစ်ဖန်ကျောခိုင်းသွားပြန်သည်။
မျက်ခြေမပျက်ငေးမိရင်း အသည်းစိုင်ဟာ အက်စက်သွန်းခံရသလို စပ်ဖျဥ်းဖျဥ်း။
'အဖေက ပြောဖူးသည် ကောင်းကင်ဘုံရောက်ဖို့ ကောင်းမှုတွေပြုရသတဲ့
ယုံချန်အတွက်တော့ အဖေ့ ထွေးပွေ့မှုအား တစ်ခေါက်သာ ခံရမည်ဆို ငရဲသွားဖို့ ဝန်မလေး'
~~~~~~~~~~~~~~~~~~~
" 1 2 3 4 , 1 2 3 4"
လေထဲတွင် စည်းချက်မှန်မှန် ယိမ်းနေသည့် လုချီ၏ ကကွက်တွေဟာ အရင်နေ့တွေကနှင့် ဆိုင်လျှင် အများကြီး စနစ်ကျလာသည်။
အခက်ခဲဆုံး coda တို့အား ပိုင်နိုင်စွာ အဆုံးသတ်နိုင်ပြီးသည့်နောက် လုချီသည် black swan,white swan နှစ်ခုလုံးနှင့် တစ်သားတည်းကျသွားခဲ့ပြီ
"ဒီနေ့ လုပ်တာ အရမ်းကောင်းတယ်၊
တစ်ခုပဲ dying swan နေရာမှ ပိုပြီး သိမ်မွေ့ရမယ်၊
ထွက်သက်တိုင်တဲ့အထိ သိမ်သိမ်မွေ့မွေ့လေး"
ကြားရခဲသည့် ဆရာဝမ်ရိပေါ်ထံမှ ချီးကျုးစကားကြောင့် လုချီပြုံးလိုက်၏။
နောက်တစ်ပတ်ထဲ တွင်စတင်တော့မည့် swan lake ရာသီကြောင့် သူတို့အားလုံးဟာ အပြင်းအထန် လေ့ကျင့်နေရသလို အရမ်းလည်း စိတ်လှုပ်ရှားနေကြသည်။
နားချိန်နားကပ်နေပေမယ့် အကြောတွေ မပျော့သေးသည့် လုချီအား ဆရာဝမ်က အကြောဆက်လျော့ခိုင်းထားသည်။
" ဘဲလေးအကမှာ အဓိက အကျဆုံး သုံးချက်"
ခေါင်းအား ထိသည်အထိ ထောင်ထားရသော ခြေထောက်ကြောင့် ခါရမ်းနေသော သူမကိုယ်အား ဆရာဝမ်ရိပေါ်က ငြိမ်စေရင်း နှုတ်မှလည်း သူ၏ မေးခွန်းများကို ဖြေစေ။
သို့ပေမယ့် သူမ၏ အသံမှာ ခပ်တုန်တုန်။
" Classical,neoclassical နဲ့ cotemporary"
"ခြေထောက်ချလို့ရပြီ"
သူမအဖြေအား သဘောကျသွားသည့် ရိပေါ်က ခြေထောက်အား ပြန်ချခိုင်းလိုက်သည်။
"နောက်တစ်ဖက်ဆက်လုပ်ထား"
ခြေထောက်ချဆိုလို့ ပျော်ရုံရှိသေး နောက်ဆက်တွဲစကားကြောင့် လုချီ ငြူစူလိုက်၏။
နားချိန်ရောက်နေသည်မလို့ အသီးသီးနားနေကြပေမယ့် လုချီကတော့ ခြေမြှောက်ကာ အကြောလျှော့ရင်း ခပ်လှမ်းလှမ်းရှိသော en-pointe ချိုးနေသည့် ဝမ်ရိပေါ်၏ အရိပ်အခြေကိုသာ တကြည့်ကြည့်။
မနေ့က Clara အမှုနှင့် ပတ်သက်၍ စတုတ္ထလူရှိနေသည့် အကြောင်း မပြောလိုက်ရသည့် အတွက် ထိုအကြောင်းပြောရန် အခြေအနေကောင်းအား စောင့်နေလိုက်သည်။
ခနအကြာတွင် လုပ်ငန်းပြီးသွားသည့် ဝမ်ရိပေါ်ထံသွားရန်ပြင် လိုက်ပေမယ့် တစ်ချိန်ထဲမှာပင် ထွက်ပေါ်လာသော အသံတစ်သံ။
"ဆရာဝမ် တွေ့ခွင့်တောင်းနေတဲ့သူရှိတယ်"
အတွင်းရေးမှူးမလေး၏ စကားချီနှင့်အတူ အနားကပ်ကာ တိုးတိုးတိတ်တိတ် ရှင်းပြနေပြီးနောက် အပြင်သို့ပြေးထွက်သွားသည့် ဆရာဝမ်ကြောင့် လုချီစကားပြောဖို့ အခွင့်အရေးမရှိလိုက်။
ကုမ္ပဏီရှေ့တွင် ဆန္ဒပြဖူးသည့် အမျိုးသမီးတစ်ယောက် တွေ့ခွင့်တောင်းလာသည် ဟူသော အကြောင်းစကားကြောင့် ရိပေါ် ထိုနေရာသို့ အမြန်ပြေးထွက်လာလိုက်သည်။
ရိပေါ် ရောက်လာသည်ကို မြင်တော့ လှည့်ကြည့်လာသည့် ထိုအမျိုးသမီးမှာ ပထမတစ်ခါတွင် မတွေ့မိပေမယ့် ဆုံခဲ့ဖူးသည့် ထိုအမျိုးသမီးသာ ဖြစ်သည်။
ရိပေါ်ကို တွေ့တွေ့ချင်း သူမဟာ မျက်ရည်များ စီးကျနေရင်းမှ ဒယိမ်းဒယိုင် အရိုအသေပေးလာသည်။
"ကျွန်မသမီးလေး..."
အပြင်မှာတင် စကားရဖို့ပြင်နေသည့် သူမကြောင့် ခေတ္တဟန့်တားလို့ အခန်းထဲထိ ရောက်အောင် ခေါ်လာခဲ့လိုက်သည်။
တံခါးအား လုံနေအောင်ပိတ်၍ လိုက်ကာတို့ပါ မချန်ဆွဲချလိုက်ပြီးမှ သူမအား စကားဆက်စေ၏။
"သမီးဖြစ်သူ ပျောက်နေခဲ့တာလား"
ရိပေါ်အမေးကြောင့် သူမဟာ နှုတ်ခမ်းကို ဖိကိုက်ရင်း ငိုကြွေးနေရာမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
"သမီးလေးက ဒီက လူကြီးမင်းရဲ့ အိမ်မှာ အလုပ်စဝင်တဲ့ နေ့မှာပဲ ပျောက်သွားခဲ့တာပါ"
ထိုအမျိုးသမီးကြီး၏ စကားကြောင့် ရိပေါ် ဘဝင်မကျစွာ မျက်မှောင်ကြုတ်မိသွားသည်။
သူမစကား၏ အသွားအလာက ဘယ်ရောက်နေမှန်း မသိသည်အထိ အပူမိနေသည် ထိုအမျိုးသမီးမှာတော့ အငိုမရပ်။
"သမီးဖြစ်သူရဲ့ နာမည်က"
"ယန်း ယန်းလို့ခေါ်ပါတယ်"
"ယန်း.."
နှုတ်ဖျားမှု ထိုနာမည်အား သံယောင်လိုက်၍ ရွတ်မိရင်း မှတ်ဥာဏ်က အချိန်တစ်နေရာသို့ ဆွဲခေါ်သွားပြန်သည်။
ထိုနေ့....
ရိပေါ် ပန်းအိုးထဲတွင် ပန်းမရှိလို့ သောင်းကျန်းသည့်နေ့။
ယန်းဆိုသည့် နာမည်ကို ကြားသာ ကြားဖူးလိုက်ပြီး တစ်ခါမှ မမြင်ဖူးလိုက်။
သို့ဆိုလျှင် ယန်းဆိုသည့် မိန်းကလေး ပျောက်နေခဲ့သည်မှာ ထိုနေ့ကတည်းပင်။
သူမ ပျောက်သွားသည့်နေရာမှာလည်း မိမိအိမ် ထဲတွင်သာ ဖြစ်နေသည်မလို့ ရိပေါ်ခေါင်းများ ခဲလာသည်။
ကြောက်စရာကောင်းသည့် ဖြစ်ရပ်များဖြင့်သာ နိစ္စဒူဝ တွေ့ကြုံနေရသည့် ရိပေါ်မှ အသက်ရှူရတာကို ပင် ပင်ပန်းလာသည်။
မိမိရှေ့တွင် ရှိုက်ကြီးတငင် ငိုနေသော အမျိုးသမီးကိုလည်း နှစ်သိမ့်ဖို့ အစီအစဥ်မရှိ။
နောက်ကျိနေသော နေသော စိတ်ကြောင့် မျက်ခုံရိုးကိုသာ ဖိနှိပ်နေမိသည်။
"ရဲကို အကြောင်းမကြားဘူးလား"
သူ့အိမ်တွင်ပျောက်သွားသည့် လူအား သူကိုယ်တိုင် ရဲတွင် အမှုဖွင့်ဖို့ ပြောနေသည့် ရိပေါ်ကြောင့် ထို အမျိုးသမီးက အထူးအဆန်းကြည့်လာသည်။
"လူပျောက်ရင် ရှာရမှာက ရဲရဲ့အလုပ်လေ၊
ကျွန်တော် လိုက်ရှာပေးလို့မှ မရတာ"
ရိပေါ်စကားကြောင့် ထိုအမျိုးသမီးမှာ ပြန်ခံပြောဖို့ ဟန်ပြန်လိုက်ပေမယ့် စကားစတို့ ထွက်ကျမလာပဲ နှုတ်ခမ်းပါးတို့ဟာ တုန်ရင်လာသည်။
ခံပြင်းမှုကြောင့် သူမ၏ မျက်လုံးများဟာ နီရဲနေ၏။
"ဘယ်သူ့အိမ်မှာ အလုပ်လုပ်ရင်း ပျောက်သွားခဲ့တာမလို့ အခုလိုပြောရတာလဲ၊
အလုပ်ကနေထွက်ပြေးရင်း ပျောက်သွားတယ်ဆိုပြီး ဇာတ်လမ်းဆင်ချင်နေတာ များလား"
"အဲ့လို ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။
သမီးပျောက်တာတောင် ရဲမတိုင်သေးပဲ ကုမ္မဏီရှေ့မှာ ဆိုင်းဘုတ်ကိုင်ပြီး အချိန်ဖြုန်းနေတဲ့ အမေဖြစ်သူက ပိုထူးဆန်းနေတာ မဟုတ်ဘူလား"
ငြိမ်ကျသွားသည့် ထိုအမျိုးသမီးက မျက်လွှာကိုပါ ချထားသည်။
ထို့နောက် လေသံတိုးတိုးဖြင့်
"ရဲစခန်းကို ကျွန်မတို့ သွားလို့ မဖြစ်ပါဘူး။
ကျွန်မတို့သားအမိက အရမ်းဆိုးတဲ့ ယောက်ျားဆီကနေ ထွက်ပြေးလာခဲ့ကြတာပါ။
ထွက်ပြေးနေရင်းနဲ့မှ ဒဏ်ရာရအောင်လဲ လုပ်ခဲ့မိတာမလို့ တိုင်ချက်ဖွင့်ခံထားရပြီး
အခုသွားလိုက်ရင် အဲ့လူဆီ ပြန်ရောက်သွားပြီး သမီးလေးကိုလည်း ရှာလို့ရမှာ မဟုတ်တော့ပါဘူး။
ကျေးဇူးပြုပြီး ကူညီပေးပါ ကျေးဇူးပြုပြီး "
မိခင်တစ်ယောက်ဟာ သူမ သွေးသားအတွက် ပူဆွေးရူးသွပ်စွာ ငိုကြွေးနေသည်။
ထိုမြင်ကွင်းဟာ ရိပေါ်အတွက်တော့ ရက်စက်စွာ နာကျင်ပင်ပန်းစေသည်။
~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် အချိန်များစွာသုံး၍ အိမ်အောက်ထပ်ရှိ အခန်းတိုင်းအား ရှာဖွေ့ပေမယ့် သူလိုချင်သည့် အရာအား မတွေ့။
ထိုကြောင့် အောက်ထပ်အား လက်လျော့ပြီး အပေါ်ထပ်သို့ ခရီးဆက်လာခဲ့သည်။
ခြေသံဖွဖွနင်းကာ အပေါ်ထပ်တက်တက်ချင်း မြင်လိုက်ရသည့် ထိပ်ဆုံးအခန်းသို့ ချဥ်းကပ်လိုက်ပြီး အခန်းတံခါးအား ဖွင့်မည်အလုပ် အောက်ထပ်မှ ကြားရသော စကားသံတို့ကြောင့် နံရံအနောက်သို့ အမြန်ဝင်ပုန်းလိုက်ရသည်။
လှေကားမှဝနေ၍ အချင်းပွားနေပုံရသည့် အိမ်အကူမလေးများမှာ သူတို့အာရုံနှင့်သူတို့။
စကားပြောနေရင်းမှ နောက်ကြောင်းပြန်လှည့်သွားသည့် အတွက်ကြောင့် ရှောင်းကျန့်လဲ အချိန်ဆွဲမနေတော့ပဲ အခန်းထဲသို့ အချှင်အမြန်ဝင်လာခဲ့လိုက်သည်။
ထိုအခန်းသည် အောက်ထပ်ရှိ အခန်းတွေထပ် ၂ဆလောက်ကျယ်ပေမယ့် ဘာပစ္စည်းမှ သိပ်မရှိပေ။
လိုက်ကာ အပါးစများကို တစ်တန်းစီ အလွှာပေါင်းများစွာ တပ်စင်ထားသည့်အတွက် မျက်စိလည်စေသည်။
နှာဖျားမှ တစ်ဆင့် အမွှေးတိုင်နံ့သင်းသင်းအားရသည်။
လိုက်ကာအတန်းပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ရှောင်ကျန် အခုရောက်နေသည်က ကျယ်ပြန်သော စာပွဲခုံတစ်လုံး၏ ရှေ့မှာ ။
ထိုကျယ်ပြန့်သော စားပွဲပေါ်တွင် ထင်ရှားစွာ နေရာယူထားသည့် အရာက
"အရိုးပြာအိုး"
နှုတ်မှ ရေရွတ်မိလိုက်သလို မျက်လုံးမှလည်း ထောင်ရက်သားရှိနေသည့် ဓါတ်ပုံအား ကြည့်လိုက်မိသည်။
ထို့နောက် တစ်ဆက်တည်းမှာပင် မိမိအိတ်ကပ်ထဲတွင်ရှိနေသော ဓါတ်ပုံနှင့် တိုက်ကြည့်လိုက်တော့ တစ်ယောက်တည်းဖြစ်ကြောင်း သိလိုက်ရ၏။
ယခု အခြေအနေအရ ရှောင်းကျန့်လက်ထဲတွင် ဆုပ်ကိုင်ထားသော ဓါတ်ပုံမှာ မနေ့က မင်ရှို့လိုက်ရှာနေသော သူဖြစ်ပြီး ၊
ဓါတ်ပုံထဲမှ လူမှာတော့ ရိပေါ်၏ ဖခင်ဖြစ်သူ၊
Onsra ၏ တည်ထောင်သူ၊
ဓါတ်ပုံအား စတွေ့ကတည်းကပင် တစ်နေရာတွင် မြင်ဖူးသလို ခံစားရပေမယ့် ရူးချင်စရာ ကောင်းလောက်အောင် စဥ်းစား၍မရ။
အရေးအကြောင်းဆို သုံးစားမရတော့သည့် ခေါင်းအား ထုနက်ပစ်ရင်း ဆူပွက်လာသော ဒေါသတို့ကြောင့် အံကြိတ်သံဖြင့် အော်ဟစ်လိုက်၏။
ထိုအချိန်ခနမှာပင် ဦးနှောက်ထဲ ဖျက်ခနဲပေါ်လာသည့် အတွေးတစ်စ။
ကသမ်းကရမ်းဖြင့် wallet ထဲ အမြဲဆောင်ထားနေကြ ခပ်ဟောင်းဟောင်းဓါတ်ပုံလေးအား ဖွင့်ကြည့်လိုက်မိသည်။
"သူပဲ တကယ်ပဲ သူဖြစ်နေတာပဲ"
ဓါတ်ပုံထဲတွင် ရှောင်းကျန့်အား ချီထားသော မားရယ် ၊
သူမ၏ ဘေးက လူနှစ်ယောက်မှ မင်ရှို့နှင့် မစ္စတာဝမ် ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ရှောင်းကျန့်၏ ခြေထောက်များဟာ ပျော့ခွေပြီး လဲကျသွားရသည်။
ထိုဓါတ်ပုံဟာ မား၏ leading swan အဖြစ် ပထမဆုံး ကပြသည့် ဇာတ်ဖြစ်ပြီး ကပွဲစီစဥ်သူမှာ ရှောင်းကျန့်၏ အဖေပင်။
ဘဲလေးကချေသည် ဇနီးဖြစ်သူအတွက် ဘဲလေးstudio တစ်ခုထောင်ရန် ဆန္ဒရှိခဲ့သော ရှောင်းကျန့်၏ အဖေ၊
မည်သည့်ကိစ္စမျိုးအတွက်မဆို အကူအညီပေးလေ့ရှိသော သူ၏မိတ်ဆွေနှစ်ယောက်၊
ပိုင်ဆိုင်ချင်သူများနေသော Onsra ၊
ရှောင်းကျန့် ထိုအကြောင်းအရာတို့အား ဆက်စပ်မိသလောက်ရှိနေပြီ ဖြစ်သည်။
"ဒါဆို မင်ရှို့က မစ္စတာဝမ်ကို ဘာကြောင့် ရှာနေတာ ဖြစ်လောက်မလဲ"
စူးရှသော သူ၏ မျက်ဝန်းများဟာ မျက်နှာချင်းဆိုင်ရှိ ကြွေထည် အရိုးပြားထံသို့ စူးနစ်စွာ စိုက်မြိုက်နေ၏။
ဇာတ်ရည်လည်သလောက်ရှိနေပြီ ဖြစ်တဲ့ ရှောင်းကျန့်ရင်ထဲတွင် ပွားများလာခဲ့သည်က အမုန်းတရားတို့သာ။
~~~~~~~~~~~~~~~~~
ညှီစို့စို့ အနံ့အသက်ကြီးရော ဖုန်မှုန်တွေကြောင့်ပါ ရှောင်းကျန့်သူ၏ နှာခေါင်းအား လက်ဖြင့် ပိတ်ထားလိုက်သည်။
အရိုးပြာအိုးထားရာ အခန်းမှ ပြန်အထွက် သန့်ရှင်းလုပ်ရန် ဝင်လာသော အိမ်အကူမလေး တစ်ယောက်နှင့် တိုးခါးနီးမလို့ လိုက်ကာတွေကြား ဝင်ပုန်းနေရာမှ တစ်စုံတစ်ခု အတွင်းသို့ နစ်ဝင်သွားသော ခံစားချက်နှင့်အတူ ရှောင်းကျန့် သည်အခန်းအတွင်းရောက်နေခြင်းပင်။
လမ်းအား သေချာ မမြင်ရသည်အထိကို မှောင်ပိန်းနေသည်ကြောင့် ရှောင်းကျန့် ဖုန်းထုတ်ကာ ဖုန်းမီးထွန်းလိုက်၏။
ဟိုဟိုဒီဒီ လျှောက်ထိုးကြည့်ကာ ပြန်ထွက်ရမည့် လမ်းကို ရှာနေမိပေမယ့် ဖိနပ်အောက်မှ ပျော့အိအိအရာတစ်ခုအား နင်းလိုက်မိပြီးနောက် ထွက်ပေါ်လာသည့် ငြီးငြူသံတစ်ခုကြောင့် အလန်တကြား အသံလာရသို့ မီးဖြင့်ထိုးကြည့်လိုက်သည်။
"Sh!t "
မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်မှဆဲရေးတိုင်းထွာမိသွား၏။
မိန်းမငယ်လေးတစ်ယောက်သည် လက်ပြန်ကြိုးတုတ်ထားလကွစဖြင့် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသည်။
သူမ၏ မျက်နှာပေါ်တွင် တင်နေသော ဆံသားတို့ကြောင့် ရုပ်အား သေချာ မမြင်ရ။
အသက်ရှူရခက်ခဲ နေပုံရသည့် သူမသည့် တစ်ကိုယ်လုံးရှိအားကို သုံးလို့ ရှုသွင်းရှူထုတ်လုပ်သည်။
"ဒီမှာ သတိထားပါဦး"
ပါးအား အသာလေးပုတ်ကာ နိုးမိတော့ တုန့်ပြန်မှုမရှိ။
ထိုအစား ပူကျစ်နေသော ကိုယ်အပူချိန်ကိုယ်သာ သတိထားမိသည်။
မိန်းကလေးတစ်ယောက်အပေါ် ထိုသို့ လူမဆန်သည့် လုပ်ရပ်အား လုပ်ခဲ့သည့် ထိုလူအား တစ်စစီ ဆွဲဖြဲလိုက်ချင်ပေမယ့် ယခုတွင်တော့ အသက်တစ်ချောင်းကယ်ရန်မှာ အရေးကြီးနေသည်မလို့ သူမ၏ ကိုယ်အား ချည်နှောင်ထားသော ကြိုးတို့အား ဦးစွာဖြုတ်ပေးလိုက်သည်။
တင်းကြပ်စွာ ချည်နှောင်ထားသော ကြိုးတို့အား ဖြုတ်နေရင်း လှေကားတစ်ထစ်ချင်းစီဆင်းလာသကဲ့သို့ ဖိနပ်သံအားကြားနေရသည်။
ခပ်လှမ်းလှမ်းမှ အသံပေမယ့် ရှောင်းကျန့်နားစည်အား ကျယ်လောင်စွာ ရိုက်ခတ်လာသည်။
ကြိုးထုံးများစွာဖြင့် ချည်ထားသည့်ကြိုးများမှာ ဖြတ်တောင်စရာ အချွန်အထက် တစ်ခုမှ မပါသည့် သူ့အတွက် ဖြတ်ရခက်ခဲလှသည်။
ခြေသံများဟာ နီးကပ်လာသည့်နှင့်အမျှ ကြိုးဖြေနေသည့် သူ၏ လက်များဟာ တုန်ယင်နေပြီး ဇောချွေးများပြန်လာသည်။
နောက်ကျောပေးထားသည့် အဝင်လမ်းအား ကျောချမ်းစွာလှည့်ကြည့်ရင် သူ၏ ရင်မှာ ပေါက်ထွက်မတက် မြန်ဆန်လာ၏။
နောက်ဆုံးကျန်ရှိနေသော ကြိုးတစ်ချောင်းအား ဖြည်သွားနိုင်ခဲ့ပြီ၊
'ကျွီ' ဟူသော အသံရှည်ဆွဲသည့် စိတ်ခြောက်ခြားစရာ တံခါးဖွင့်သံမှာ ရှောင်းကျန့်၏ စိတ်ဝိဥာည် ကပ်ပါသွားမတတ်။
အလင်းတန်းက သူ၏ မျက်ကြည်လွှာအား ဖောက်ထွင်းသွားသည်။
တောင့်ခဲသွားသော သူ၏ အာရုံကြောတို့။
The Gray: Melancholy
ကြောက်ရွံ့လာပြီ
မှိုင်သော အခိုးအငွေ့တို့ဟာ သူအား ခြုံသိုင်းခါနီး
တွန့်ဆုတ်ချင်းမရှိ သူဟာ အသူရာချောက်ထဲ လွတ်လပ်စွာ ခုန်ဆင်းသွားလိုက်သည်။
မီးခိုရောင် (သို့) လွမ်းမောဖွယ်အတိတ်
TBC♡
မြှုပ်စရာတွေကုန်လို့ တစ်ခုချင်းပြန်ဖော်နေပြီ🤭
Zawgyi
The Gray:Melancholy
မ်က္ရည္တစ္ေပါက္.....
ႏွလုံးေသြးတစ္စက္.....
စုတ္ခ်က္ကိုခ်ယ္
မွိုင္းပ်ပ် မီးခိုးေဖ်ာ့ေရာင္ စြန္းတဲ့
ေၾကကြဲျခင္း ကားခ်ပ္ငယ္
႐ြက္တလူးလူး ေလွရယ္
မီးခိုးေရာင္ သုမုဒၵရာ အလယ္မွာ
ေလႏွင္ရာ လြင့္ပါေတာ့။
~~~~~~~~~~~~~~~~~~~~~
ေရွာင္းက်န့္ အိမ္ထဲသို႔ ဝင္လိုက္ၿပီ ဆို႐ုံျဖင့္ ေတြ႕လိုက္ရေသာ ရိေပၚေၾကာင့္ မလုံမလဲစြာ မ်က္ႏွာလႊဲမိသည္။
စိတ္ေပ်ာ္႐ႊင္ေနပုံရသည့္ ေကာင္ငယ္ေလးကေတာ့ ေရွာင္းက်န့္အား ေငးရင္း ၿပဳံးေယာင္ေယာင္ေလးျဖစ္ေန၏။
ခက္ထန္မာေက်ာသည္ဟူေသာ သတင္းျဖင့္ ေက်ာ္ေစာသည့္ ဝမ္ရိေပၚသည္ ေရွာင္းက်န့္တစ္ေယာက္ေရွ႕တြင္ေတာ့ သူ၏ တံတိုင္းမွန္သမွ်အား ၿဖိဳခ်ထားပုံပင္။
နီးကပ္လာခဲ့သည့္ အခ်ိန္ေတြအတြင္ ရိေပၚ၏ ေပ်ာ့ကြက္အား ရွာ၍ ထိုးႏွက္ရလို႔ ေအာင္ပြဲခံရန္မွာ သူ၏ အႀကံအစည္ ျဖစ္ေပမယ့္ ထိုအရာမွာ ႏွလုံးသား တစ္စုံ ျဖစ္ေနခဲ့ရင္ ဆိုသည့္အေၾကာင္း သူတစ္ခါမွ မေတြးခဲ့။
ဝမ္ရိေပၚ ၿပိဳလဲသြားမည့္ ျမင္ကြင္းအား ညတိုင္း ျမင္ေယာင္ၾကည့္ကာ ေက်နပ္ခဲ့ဖူးေပမယ့္ အခုလို အျပစ္မရွိသေယာင္ ၿပဳံးျပေနျပန္ေတာ့လည္း ရင္ထဲတြင္ေတာ့ ေအာင့္သက္သက္။
တကယ္ကို ဝမ္ရိေပၚက သူေတာင္မပိုင္သည့္ ႏွလုံးသားအေပၚ ပိုင္စိုးပိုင္နင္း ဆန္လြန္းတာပဲ။
"ေကာ္ဖီ ေသာက္မလား"
ေလထုအား ထိုးေဖာက္လာသည့္ ရိေပၚ၏ အသံ။
ေခါင္းၿငိမ့္ျပလိုက္ေတာ့ အိမ္အကူတစ္ေယာက္ေယာက္ကို အကူအညီေတာင္းလိမ့္မည္ဟု ထင္မိေပမယ့္ ကိုယ္တိုင္ အေနာက္ထဲသို႔ ဝင္သြားသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န့္မွာ အံအားတသင့္။
တဆက္တည္းမွာပင္ တင္းက်ပ္ေနေသာ ရင္ထဲမွ သက္ေသာင့္သက္သာ မျဖစ္။
ေသြးေႂကြးသာ ဆပ္ေစလိုတဲ့ သည္ကစားပြဲမွာ ရင္းလိုက္ရသည္က ႏွလုံးသားတို႔မွန္း ဘယ္သိခဲ့ပါ့မလဲ။
ေကာ္ဖီတစ္ခြက္ကိုင္လို႔ အနားသို႔ ျပန္ေရာက္လာသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န့္က အလိုက္သင့္ ခြက္အား ကမ္းယူလိုက္သည္။
"လက္ေမာင္း?
သက္သာရဲ႕လား"
ရိေပၚရဲ႕ အေမးေၾကာင့္ ေရွာင္းက်န့္ မိမိ ဘယ္ဘက္လက္ေမာင္းအား အမွတ္တမဲ့ ကိုင္လိုက္မိသည္။
ထပ္မံ၍ ေခါင္းၿငိမ့္ျပလိုက္ေတာ့ ရိေပၚက ၿပဳံးျပန္၏။
"ကဲ ဘယ္က စေျပာၾကရင္ ေကာင္းမလဲ ၊
အခ်ိန္ေတာ့ အၾကာႀကီး မရဘူးရယ္၊
Studio ကို သြားစရာရွိတယ္"
သာမန္ေန႕ေတြနဲ႕မတူပဲ လန္းဆန္းတက္ႂကြၿပီး စကားေတြ အမ်ားႀကီး ေျပာေနသည့္ ရိေပၚ၏ ပုံေလးအား ေရွာင္းက်န့္ ႏူးညံစြာ ေငးၾကည့္ေနမိသည္။
နတ္ဘုရားလို႔တင္စားၾကတဲ့ ေအးစက္စက္လူသား ဝမ္ရိေပၚ၏ သည္လို ျမတ္နိုးစရာေကာင္းတဲ့ဖက္ အျခမ္းအာ ေရွာင္းက်န့္ျမင္ခြင့္ရတာ ဘယ္လို ေကာင္းခ်ီးမ်ိဳးပါလိမ့္ဟုလည္း ေတြးမိသည္။
သို႔ေပမယ့္ တစ္ခ်ိန္ခ်ိန္တြင္ ဤအလွတရားဟာ က်ိန္စာလို တစ္သက္တာ ေျခာက္လန့္ေနမည့္ အမွတ္တရ တစ္ခု ျဖစ္ေနေၾကာင္း သေဘာေပါက္မိေတာ့ ေသာကတို႔ျဖင့္ တနင့္တပိုး ။
ေကာ္ဖီေလးေသာက္ကာ စကားစျမည္းေျပာေနၾကရင္း စကားလမ္းေၾကာင္းဟာ အမႈဘက္သို႔ဦးတည္လာေတာ့
ရိေပၚ မ်က္ႏွာမွာ အနည္းငယ္တည္သြားသေယာင္၊
ရိေပၚ၏ ယုံၾကည္မႈအား အျပည့္အဝ မရေသးသည့္ ေရွာင္းက်န့္အတြက္ ထိုေန႕ညက ျဖစ္ရပ္မွန္အား သိနိုင္ရန္ ခက္ခဲေနဆဲ။
သိုဝွက္တတ္ေသာ ဝမ္ရိေပၚ၏ မာယာဖဲခ်ပ္တစ္ခ်က္ခ်င္းအား ေရွာင္းက်န့္ ထုတ္ေဖာ္ နိုင္ခဲ့ၿပီဟု ထင္ရေပမယ့္ က်ိန္းေသေပါက္ ထိုေကာင္ေလးမွာလည္း တျခား ဝွက္ဖဲ တစ္ခ်က္ရွိေနေလာက္ေသးသည္။
ဝမ္ရိေပၚဆိုတာ ေက်ာ့ကြင္းထဲ သက္ဆင္းရမယ္ဆိုေတာင္ ထိုေက်ာ့ကြင္းရွင္အတြက္ ေထာင္ေခ်ာက္တစ္ခု ျပန္ေထာင္ထားၿပီး အတူတူ ပ်က္စီးပစ္လိုက္မည့္ အဆိပ္ျပင္းေသာ လူတစ္ေယာက္မလား။
" ဝမ္ရိေပၚမေျပာရင္ ကိုယ္ကူညီေပးနိုင္မွာ မဟုတ္ဘူး"
"ေျပာလိုက္ရင္ေရာ အကူအညီ ျဖစ္မွာေသခ်ာလို႔လား"
တစ္ေယာက္တစ္လွည့္ ခြန္းတုံ႕ျပန္ရင္ တိတ္ဆိတ္သြားရသည့္ အေျခအေန။
ဝမ္ရိေပၚဟာ တျခားအရာေတြထက္ ထိုအမႈႏွင့္ ပတ္သက္လွ်င္ မည္သူ႕ကိုမွ ယုံၾကည္ပုံမေပၚ။
တစ္ခနခ်င္း ခက္ထန္သြားျပန္ေသာ ထိုမ်က္ဝန္းေတြထဲ စိုက္ၾကည့္လိုက္ေတာ့
ထိုမ်က္ဝန္းတို႔ဟာ သူ႕အေပၚတြယ္ၿငိေနပါလွ်က္၊
ဘာေၾကာင့္မ်ား အခက္ေတြ႕ေအာင္ လုပ္ေနရပါသလဲ။
ေပ်ာ္ဝင္ေနပါလ်က္ အဘယ္ေၾကာင့္မ်ား နစ္မြန္းဖို႔ ျငင္းဆန္ေနရပါသလဲ။
မသိစိတ္ႏွင္ သိစိတ္ လြန္ဆြဲေနျခင္းအား ထိုမ်က္ဝန္းတို႔မွ တစ္ဆင့္ ေရွာင္းက်န့္ ထင္ရွားစြာ ျမင္ေတြ႕လိုက္ရသည္။
ဝမ္ရိေပၚ၏အပိုင္
သမုဒၵရာတစ္စင္းလို မီးခိုးေဖ်ာ့ေရာင္ ထိုမ်က္ဝန္းေတြထဲ သံသယလွိုင္းလုံးေလး ခပ္ပါးပါး ပုတ္ေတာ့ ေရွာင္းက်န့္ အခက္ေတြ႕ရသည့္ၾကားမွ ဝမ္းေျမာက္မိျပန္သည္။
'ဝမ္ရိေပၚက ေရွာင္းက်န့္ကို တကယ္ အျပည့္အဝ မယုံေသးဘူးပဲ'
အပ်က္ပ်က္နဲ႕ ေသြးထြက္ရမယ့္ ဒီကစားပြဲမွာ မည္သူက ေအာင္နိုင္သူအျဖစ္ အနိုင္ပိုင္လို႔ မည္သူက ရႈံးနိမ့္သူ ျဖစ္ပ်က္စီးသြားမည္မွာ မသိနိုင္။
" ကြၽန္ေတာ္လည္း မသိေသးဘူး ေရွာင္းက်န့္ ။
အဲ့ေန႕က ဘာေတြ ျဖစ္ခဲ့လည္းဆိုတာ ကြၽန္ေတာ္လည္း မသိဘူး"
ဝမ္ရိေပၚစကားေၾကာင့္ ေရွာင္းက်န့္ အာ႐ုံမ်ား ေထြျပားသြားရသည္။
ကာယကံရွင္ ဝမ္ရိေပၚေတာင္ မရွင္းမလင္း ျဖစ္ေနသည့္ ထိုျပႆနာတို႔မွာ ဇစ္ျမစ္ရွာေတြ႕ရန္ေတာင္ ခက္ခဲလြန္းလွသည္။
တကယ္ပဲ ဘာေတြျဖစ္ခဲ့တာလဲ။
"ကြၽန္ေတာ္ တစ္ခုခုမွတ္မိလာတာရွိရင္ ေျပာျပပါ့မယ္၊
အခု ကြၽန္ေတာ့္ ဘက္မွာဆိုလို႔ ေရွာင္းက်န့္ တစ္ေယာက္ထဲရွိေတာ့တာ"
ဝါက်တစ္ေၾကာင္းဟာ အသက္ဆက္မရႈခ်င္ေလာက္ ေတာ့တဲ့ အထိ ဝန္ပိေစမွန္း ဒီစကၠန့္ပိုင္း မတိုင္ခင္ အထိ မသိခဲ့။
အေရာင္မ်ားလြန္းသည့္ ေရွာင္းက်န့္ ဝမ္ရိေပၚ၏ မ်က္လုံးအား တည့္တည့္ မၾကည့္နိုင္ခဲ့ပါ။
Studio သို႔သြားစရာရွိသည့္ ဝမ္ရိေပၚက ေရွာင္းက်န့္ေဘးနားမွ ခပ္သြက္သြက္ ထြက္သြားေပမယ့္ စိတ္လြတ္သလို ၿငိမ္သက္စြာ က်န္ေနရသူမွာ ေရွာင္းက်န့္ပင္။
တကယ္ဆို ေရွာင္းက်န့္လဲ အမ်ားႀကီး ခံစားခဲ့ၿပီးၿပီ၊
ဘဝထဲက အေရးမပါဆုံးသူေတြဟာ သူ႕မ်က္စိေရွ႕မွာတင္ ေပ်ာက္ကြယ္သြားသည္ကို ျမင္ေတြ႕ခဲ့ရၿပီးၿပီ။
ဘာလို႔မ်ား သူကပဲ အခုအခ်ိန္ထိ ရင္ေတြပဲ အၿမဲနာေနရတာလဲ။
ဘာေတြမ်ား အျပစ္က်ဴးလြန္မိခဲ့လို႔ သူ႕က်မွ ဒီလိုျဖစ္ရတာလဲ။
စိတ္ထဲမွ ေအာ္ဟစ္ေနရင္း ႏႈန္းခ်ိစြာ မ်က္ဝန္းေတြကို မွိတ္ခ်လိုက္၏။
အခုအခ်ိန္မွာ အေမ ရင္ခြင္ထဲ ေျပးဝင္လို႔သာ သူလုပ္ခဲ့သမွ်ဟာ မွန္ရဲ႕လားဟုသာ ငိုေႂကြးရင္း ေမးလိုက္ခ်င္ေတာ့သည္။
ရိေပၚလည္း studio သြားၿပီျဖစ္သည့္အတြက္ည ေရွာင္းက်န့္ အလုပ္လုပ္လက္စဖိုင္တို႔အား သိမ္းကာ သူ၏ လုပ္ငန္းအား စရန္ ျပင္ဆင္ေတာ့သည္။
ဧည့္ခန္း တစ္ခုထဲမွာတင္ မ်ားစြာေသာ အခန္းေတြကို ဟိုဟိုဒီဒီ ၾကည့္ေနရင္း အိမ္ေတာ္ထိန္းမင္အား မနက္ စေရာက္ကတည္းက မျမင္ရသည္ကို သတိရမိသြားသည္။
ေရွာင္းက်န့္ သတိထားမိသေလာက္ဆို ခုနက ရိေပၚ studio သြားသည့္ေနာက္လဲ မင္ရွို႔မွာ လိုက္မသြား။
ေဘးဘီလွည့္ပတ္ၾကည့္ကာ ရွာေနရင္း စင္ေပၚက ပစၥည္းတစ္ခုမွာ ေရွာင္းက်န့္၏ အာ႐ုံအား ဖမ္းစားလိုက္သည္။
အရင္တစ္ေခါက္လာတုန္းကေတြ႕ခဲ့ဖူးသည့္ စက္႐ုပ္အေသးေလးတစ္ခု ။
ဒီေန႕လည္ ဆိုဖာရွိရာဖက္သို႔ မ်က္ႏွာ မူထားျပန္သည္။
သိလိုစိတ္အျပည့္ျဖင့္ ထိုအ႐ုပ္ရွိရာသို႔ ေျဖးညွင္းစြာ ခ်ဥ္းကပ္သြားလိုက္သည္။
အနီးကပ္ၾကည့္ေလေလ ထိုအ႐ုပ္မွာ မသကၤာစရာ ေကာင္းေလေလ ျဖစ္လာသည္။
အထူးသျဖင့္ စက္႐ုပ္၏ ဝမ္းဗိုက္မွာ ထူးျခားေနၿပီး တစ္ခုခုတပ္ဆင္ထားသေယာင္။
စင္ေပၚမွ ယူလိုက္ၿပီး မ်က္လုံးနား ကပ္ၾကည့္မိေတာ့
ထင္သည့္ အတိုင္းပင္။
"ေစာင့္ၾကည့္ ကင္မရာ"
သေဘာေပါက္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ တစ္အိမ္လုံးအား စစ္ေဆးမိေတာ့ အခန္းတိုင္း လိုလို တြင္ ထိုအ႐ုပ္မွာရွိေနသည္။
ယုတ္စြအဆုံး ရိေပၚ၏ အခန္းထဲတြင္ေတာင္ ရွိေနနိုင္ေလာက္သည္။
ဒါေတာင္ မ်ားျပားလွသည့္ အခန္းေတြေၾကာင့္ အခန္းေစ့ မစစ္နိုင္ခဲ့။
"ဝမ္ရိေပၚက ေစာင့္ၾကည့္ခံေနရတာပဲ"
ခံျပင္းေဒါသထြက္မႈေၾကာင့္ သူ၏ ရင္အစုံမွာ နိမ့္ခ်ည္ျမင့္ခ်ည္။
ျဖစ္ပ်က္ခဲ့သမွ်အား ဆက္စပ္ေတြးၾကည့္ၿပီးေနာက္ ေရွာင္းက်န့္
သေဘာေပါက္သြားခဲ့သည္က ဝမ္ရိေပၚႏွင့္သူ၏ ဘုံရန္သူမွာ တူညီေနသည့္ အေၾကာင္းပင္။
ဝမ္ရိေပၚအား ထိုလူ ဤမွ်ေလာက္ထိုးခ်ေနရျခင္း၏ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္မွာ Onsra ပင္။
ဒါဆို ေရွာင္းက်န့္ အေမေသဆုံးမႈႏွင့္ ဆက္စက္ေနသည္မွာလည္း ေသခ်ာသေလာက္ပင္။
"မင္ရွို႔နဲ႕ ယုံခ်န္ကေရာ"
ဤ စက္႐ုပ္ကစားစရာမ်ားသည္ ယုံခ်န္းဆိုသည့္ ေကာင္ေလးတစ္ေယာက္ ေပးခဲ့သည္ဟု ဆိုဖူးတာေၾကာင့္ မင္ရွို႔ႏွင္ ယုံခ်န္၏ ပတ္သတ္မႈမွာလည္း ေတြးစရာျဖစ္လာသည္။
တစ္စတစ္စဆီ အစြန္းထြက္လာေသာ သဲလြန္စမ်ားႏွင့္အတူ ေရွာင္းက်န့္သည္ ဤရႈပ္ေထြးေသာ ဝကၤပါမွ လြတ္ျမတ္ျခင္းမရွိ။
~~~~~~~~~~~~~~~~~~
ေျခာက္ေသြ႕စျပဳေနသည့္ လက္ကိုင္ပုဝါအား ႏွဖူးေပၚမွ ဖယ္လို႔ ေရညွစ္ထားေသာ ပုဝါ အသစ္တစ္ခုအား ထပ္တင္ေပးလိုက္သည္။
မေန႕ည ေဝဝီေဝလင္း အခ်ိန္ ၾကမ္းျပင္ေပၚလဲကာ အဖ်ားတတ္ေနေသာ အိမ္ေတာ္ထိန္းမင္အား ယုံခ်န္ မိမိအခန္းထဲသို႔ေခၚလာ၍ အဖ်ားက်ေအာင္ လုပ္ေပးေနသည္မွာ ညလုံးေပါက္။
ခနအၾကာတြင္ မွိတ္ခ်ထားေသာ မ်က္ခြံတို႔မွာ လႈပ္လီလႈပ္လဲ့ျဖစ္လာၿပီး ေျဖးညွင္းစြာ ပြင့္လာသည္။
"နိုးလာၿပီးလား "
ယုံခ်န္၏ ဝမ္းေျမာက္ဝမ္းသာအသံႏွင့္အတူ ဘယ္အခန္းထဲေရာက္ေနသည္ကိုပါ သေဘာေပါက္သြားသည့္ အိမ္ေတာ္ထိန္းမင္က အတင္းကုန္း႐ုန္းထသည္။
"အရမ္းမထပါနဲ႕ဦး အားနည္းေနေသးတယ္"
"ဘယ္လို အေတြးနဲ႕မ်ား အခန္းထဲ ေခၚလာရတာလဲ တစ္ေယာက္ေယာက္ ျမင္သြားမွာ မစိုးရိမ္ဘူးလား"
ယုံခ်န္း၏ ေဖ်ာင္းဖ်မႈအား ျငင္းဆန္လို႔ အံႀကိတ္သံျဖင့္ ေျပာလာသည့္ မင္ရွိူ႕ကို ၾကည့္ရင္း ယုံခ်န္မွာ ဘာမွျပန္မေျပာ။
ဇရာေၾကာင့္ တြန့္ရႈံ႕ကုန္တဲ့ အေရျပားေတြ၊
တိမ္ကြယ္ျခင္း ေရာဂါ ခံစားေနရတာေၾကာင့္ မွိုင္ေတြေနတတ္တဲ့ ထိုမ်က္ဝန္းေတြဟာ ယုံခ်န္အတြက္ေတာ့ ကမၻာငယ္တစ္ခု။
"မေန႕က အရမ္း စိုးရိမ္ေနခဲ့တာ ျပန္မထလာနိုင္မွာကိုေလ။
အေဖ..... သား အရမ္း ေၾကာက္ေနခဲ့တာ"
"အဲ့ ပါးစပ္ကို မပိတ္နိုင္ဘူးလား!!!"
ေအာ္သံႏွင့္အတူ ယုံခ်န္၏ ပါးေပၚ မ်က္ရည္စမ်ား ၿပိဳက်လာသည္။
သူသိပ္ခ်စ္ရသည့္ အေဖဟာ သူခ်စ္သေလာက္သူ႕အား စိုးစဥ္းမွ်ေတာင္ ျပန္မခ်စ္ခဲ့ပါ။
ငယ္စဥ္ သိတတ္စအ႐ြယ္ကတည္းက သူ႕အား အေဖလို႔ေတာင္ အေခၚမခံပါပဲ ခပ္တန္းတန္းသာေနခဲ့သည္။
ယုံခ်န္၏ မွတ္ဥာဏ္ထဲတြင္ ငါးႏွစ္သားအ႐ြယ္ သူ႕ လက္အား တင္းက်ပ္စြာ ဆုပ္ကိုင္လို႔ ဝမ္အိမ္ေတာ္အား ေခၚလာသည့္ အေဖ ျဖစ္သူ၏ ပုံရိပ္၊
ဝမ္အိမ္ေတာ္၏ အေမြးစားခံရမွသာ ၊
သူအား အေဖဟု မေခၚျခင္းကသာ အတူတူ ေနနိုင္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ေၾကာင္းရွင္းျပလာသည့္ အေဖ့ေၾကာင့္ဖခင္အေပၚ ခင္တြယ္လြန္းသည့္ ယုံခ်န္မွာ တစ္ခ်က္ အကြန့္မတပ္ခဲ့။
"ဒီတိုင္း ထြက္သြားၿပီး ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ပဲ အတူေနလို႔မရဘူးလား။
အဲ့ပိုင္ဆိုင္မႈေတြက ရမွကို ျဖစ္မွာလား"
"ဘာေတြ ေျပာေနတာလဲ၊
ငါကဘာလို႔ ထြက္သြားရမွာလဲ၊
ငါ့တစ္ဘဝလုံး ၊
ငါ့ေသြးသား
ဒီေလာက္ထိေတာင္ ရင္းထားၿပီးမွ ဘာလို႔ ထြက္သြားရမွာလဲ"
ကေလးတစ္ေယာက္လို ရွိုက္လို႔ငိုေနသည့္ ယုံခ်န္အား မင္ရွို႔က စိတ္ရႈပ္စြာ ၾကည့္သည္ေနကို သတိထားမိသည္။
အရာရာတြင္ ေပ်ာ့ညံ့လြန္းသည့္ ယုံခ်န္းအား အၿမဲ အျပစ္တသ္ ေျပာဆိုေလ့ရွိေပမယ့္ ငယ္စဥ္ကတည္းက ေမတၱာမရခဲ့သည့္ ယုံခ်န္ဟာ အေဖ့ေရွ႕ ေရာက္လွ်င္ အၿမဲ ကေလးေလး တစ္ေယာက္လို အားငယ္တတ္မွန္း ဘယ္တုန္းကမွ နားမလည္ခဲ့။
အိပ္ရာေပၚမွ ထကာ အခန္းအျပင္သို႔ တယိမ္းတယိုင္ ထြက္ရန္ ျပင္ေနသည့္ မင္ရွို႔အား မတားမိ။
ရက္စက္တတ္ေသာလူအား အေဖေတာ္ထားသည့္ သူ႕အတြက္ ေန႕ရက္တိုင္းဟာ ၾကမ္းတမ္းလွသည္။
သူ႕အတြက္ေတာ့ ေလာကႀကီးဟာ ဖခင္ဆီက ေမတၱာရဖို႔ေတာင္ ခက္ခဲလြန္းလွသည္။
"ကြၽန္ေတာ္ ကူညီေပးပါ့မယ္။
Onsra ကိုရေအာင္ ကြၽန္ေတာ္ ကူညီေပးမယ္၊
တစ္ခုပဲ ဝမ္ရိေပၚကို ထိခိုက္ေအာင္မလုပ္ပါနဲ႕၊
ေက်းဇူးျပဳၿပီး"
စကားဆုံးသည္အထိ ေျခလွမ္းတို႔အား ရပ္ကာ နားစြင့္ေနေပမယ့္ အေျဖေတာင္ ျပန္မေပးပါပဲ တစ္ဖန္ေက်ာခိုင္းသြားျပန္သည္။
မ်က္ေျခမပ်က္ေငးမိရင္း အသည္းစိုင္ဟာ အက္စက္သြန္းခံရသလို စပ္ဖ်ဥ္းဖ်ဥ္း။
'အေဖက ေျပာဖူးသည္ ေကာင္းကင္ဘုံေရာက္ဖို႔ ေကာင္းမႈေတြျပဳရသတဲ့
ယုံခ်န္အတြက္ေတာ့ အေဖ့ ေထြးေပြ႕မႈအား တစ္ေခါက္သာ ခံရမည္ဆို ငရဲသြားဖို႔ ဝန္မေလး'
~~~~~~~~~~~~~~~~~~~
" 1 2 3 4 , 1 2 3 4"
ေလထဲတြင္ စည္းခ်က္မွန္မွန္ ယိမ္းေနသည့္ လုခ်ီ၏ ကကြက္ေတြဟာ အရင္ေန႕ေတြကႏွင့္ ဆိုင္လွ်င္ အမ်ားႀကီး စနစ္က်လာသည္။
အခက္ခဲဆုံး coda တို႔အား ပိုင္နိုင္စြာ အဆုံးသတ္နိုင္ၿပီးသည့္ေနာက္ လုခ်ီသည္ black swan,white swan ႏွစ္ခုလုံးႏွင့္ တစ္သားတည္းက်သြားခဲ့ၿပီ
"ဒီေန႕ လုပ္တာ အရမ္းေကာင္းတယ္၊
တစ္ခုပဲ dying swan ေနရာမွ ပိုၿပီး သိမ္ေမြ႕ရမယ္၊
ထြက္သက္တိုင္တဲ့အထိ သိမ္သိမ္ေမြ႕ေမြ႕ေလး"
ၾကားရခဲသည့္ ဆရာဝမ္ရိေပၚထံမွ ခ်ီးက်ဳးစကားေၾကာင့္ လုခ်ီၿပဳံးလိုက္၏။
ေနာက္တစ္ပတ္ထဲ တြင္စတင္ေတာ့မည့္ swan lake ရာသီေၾကာင့္ သူတို႔အားလုံးဟာ အျပင္းအထန္ ေလ့က်င့္ေနရသလို အရမ္းလည္း စိတ္လႈပ္ရွားေနၾကသည္။
နားခ်ိန္နားကပ္ေနေပမယ့္ အေၾကာေတြ မေပ်ာ့ေသးသည့္ လုခ်ီအား ဆရာဝမ္က အေၾကာဆက္ေလ်ာ့ခိုင္းထားသည္။
" ဘဲေလးအကမွာ အဓိက အက်ဆဳံး သုံးခ်က္"
ေခါင္းအား ထိသည္အထိ ေထာင္ထားရေသာ ေျခေထာက္ေၾကာင့္ ခါရမ္းေနေသာ သူမကိုယ္အား ဆရာဝမ္ရိေပၚက ၿငိမ္ေစရင္း ႏႈတ္မွလည္း သူ၏ ေမးခြန္းမ်ားကို ေျဖေစ။
သို႔ေပမယ့္ သူမ၏ အသံမွာ ခပ္တုန္တုန္။
" Classical,neoclassical နဲ႕ cotemporary"
"ေျခေထာက္ခ်လိဳ႕ရၿပီ"
သူမအေျဖအား သေဘာက်သြားသည့္ ရိေပၚက ေျခေထာက္အား ျပန္ခ်ခိဳင္းလိုက္သည္။
"ေနာက္တစ္ဖက္ဆက္လုပ္ထား"
ေျခေထာက္ခ်ဆိဳလို႔ ေပ်ာ္႐ုံရွိေသး ေနာက္ဆက္တြဲစကားေၾကာင့္ လုခ်ီ ျငဴစူလိုက္၏။
နားခ်ိန္ေရာက္ေနသည္မလို႔ အသီးသီးနားေနၾကေပမယ့္ လုခ်ီကေတာ့ ေျချမႇောက္ကာ အေၾကာေလွ်ာ့ရင္း ခပ္လွမ္းလွမ္းရွိေသာ en-pointe ခ်ိဳးေနသည့္ ဝမ္ရိေပၚ၏ အရိပ္အေျခကိုသာ တၾကည့္ၾကည့္။
မေန႕က Clara အမႈႏွင့္ ပတ္သက္၍ စတုတၳလူရွိေနသည့္ အေၾကာင္း မေျပာလိုက္ရသည့္ အတြက္ ထိုအေၾကာင္းေျပာရန္ အေျခအေနေကာင္းအား ေစာင့္ေနလိုက္သည္။
ခနအၾကာတြင္ လုပ္ငန္းၿပီးသြားသည့္ ဝမ္ရိေပၚထံသြားရန္ျပင္ လိုက္ေပမယ့္ တစ္ခ်ိန္ထဲမွာပင္ ထြက္ေပၚလာေသာ အသံတစ္သံ။
"ဆရာဝမ္ ေတြ႕ခြင့္ေတာင္းေနတဲ့သူရွိတယ္"
အတြင္းေရးမႉးမေလး၏ စကားခ်ီႏွင့္အတူ အနားကပ္ကာ တိုးတိုးတိတ္တိတ္ ရွင္းျပေနၿပီးေနာက္ အျပင္သို႔ေျပးထြက္သြားသည့္ ဆရာဝမ္ေၾကာင့္ လုခ်ီစကားေျပာဖို႔ အခြင့္အေရးမရွိလိုက္။
ကုမၸဏီေရွ႕တြင္ ဆႏၵျပဖူးသည့္ အမ်ိဳးသမီးတစ္ေယာက္ ေတြ႕ခြင့္ေတာင္းလာသည္ ဟူေသာ အေၾကာင္းစကားေၾကာင့္ ရိေပၚ ထိုေနရာသို႔ အျမန္ေျပးထြက္လာလိုက္သည္။
ရိေပၚ ေရာက္လာသည္ကို ျမင္ေတာ့ လွည့္ၾကည့္လာသည့္ ထိုအမ်ိဳးသမီးမွာ ပထမတစ္ခါတြင္ မေတြ႕မိေပမယ့္ ဆုံခဲ့ဖူးသည့္ ထိုအမ်ိဳးသမီးသာ ျဖစ္သည္။
ရိေပၚကို ေတြ႕ေတြ႕ခ်င္း သူမဟာ မ်က္ရည္မ်ား စီးက်ေနရင္းမွ ဒယိမ္းဒယိုင္ အရိုအေသေပးလာသည္။
"ကြၽန္မသမီးေလး..."
အျပင္မွာတင္ စကားရဖို႔ျပင္ေနသည့္ သူမေၾကာင့္ ေခတၱဟန့္တားလို႔ အခန္းထဲထိ ေရာက္ေအာင္ ေခၚလာခဲ့လိုက္သည္။
တံခါးအား လုံေနေအာင္ပိတ္၍ လိုက္ကာတို႔ပါ မခ်န္ဆြဲခ်လိဳက္ၿပီးမွ သူမအား စကားဆက္ေစ၏။
"သမီးျဖစ္သူ ေပ်ာက္ေနခဲ့တာလား"
ရိေပၚအေမးေၾကာင့္ သူမဟာ ႏႈတ္ခမ္းကို ဖိကိုက္ရင္း ငိုေႂကြးေနရာမွ ေခါင္းၿငိမ့္ျပလာခဲ့သည္။
"သမီးေလးက ဒီက လူႀကီးမင္းရဲ႕ အိမ္မွာ အလုပ္စဝင္တဲ့ ေန႕မွာပဲ ေပ်ာက္သြားခဲ့တာပါ"
ထိုအမ်ိဳးသမီးႀကီး၏ စကားေၾကာင့္ ရိေပၚ ဘဝင္မက်စြာ မ်က္ေမွာင္ၾကဳတ္မိသြားသည္။
သူမစကား၏ အသြားအလာက ဘယ္ေရာက္ေနမွန္း မသိသည္အထိ အပူမိေနသည္ ထိုအမ်ိဳးသမီးမွာေတာ့ အငိုမရပ္။
"သမီးျဖစ္သူရဲ႕ နာမည္က"
"ယန္း ယန္းလို႔ေခၚပါတယ္"
"ယန္း.."
ႏႈတ္ဖ်ားမႈ ထိုနာမည္အား သံေယာင္လိုက္၍ ႐ြတ္မိရင္း မွတ္ဥာဏ္က အခ်ိန္တစ္ေနရာသို႔ ဆြဲေခၚသြားျပန္သည္။
ထိုေန႕....
ရိေပၚ ပန္းအိုးထဲတြင္ ပန္းမရွိလို႔ ေသာင္းက်န္းသည့္ေန႕။
ယန္းဆိုသည့္ နာမည္ကို ၾကားသာ ၾကားဖူးလိုက္ၿပီး တစ္ခါမွ မျမင္ဖူးလိုက္။
သို႔ဆိုလွ်င္ ယန္းဆိုသည့္ မိန္းကေလး ေပ်ာက္ေနခဲ့သည္မွာ ထိုေန႕ကတည္းပင္။
သူမ ေပ်ာက္သြားသည့္ေနရာမွာလည္း မိမိအိမ္ ထဲတြင္သာ ျဖစ္ေနသည္မလို႔ ရိေပၚေခါင္းမ်ား ခဲလာသည္။
ေၾကာက္စရာေကာင္းသည့္ ျဖစ္ရပ္မ်ားျဖင့္သာ နိစၥဒူဝ ေတြ႕ႀကဳံေနရသည့္ ရိေပၚမွ အသက္ရႉရတာကို ပင္ ပင္ပန္းလာသည္။
မိမိေရွ႕တြင္ ရွိုက္ႀကီးတငင္ ငိုေနေသာ အမ်ိဳးသမီးကိုလည္း ႏွစ္သိမ့္ဖို႔ အစီအစဥ္မရွိ။
ေနာက္က်ိေနေသာ ေနေသာ စိတ္ေၾကာင့္ မ်က္ခုံရိုးကိုသာ ဖိႏွိပ္ေနမိသည္။
"ရဲကို အေၾကာင္းမၾကားဘူးလား"
သူ႕အိမ္တြင္ေပ်ာက္သြားသည့္ လူအား သူကိုယ္တိုင္ ရဲတြင္ အမႈဖြင့္ဖို႔ ေျပာေနသည့္ ရိေပၚေၾကာင့္ ထို အမ်ိဳးသမီးက အထူးအဆန္းၾကည့္လာသည္။
"လူေပ်ာက္ရင္ ရွာရမွာက ရဲရဲ႕အလုပ္ေလ၊
ကြၽန္ေတာ္ လိုက္ရွာေပးလို႔မွ မရတာ"
ရိေပၚစကားေၾကာင့္ ထိုအမ်ိဳးသမီးမွာ ျပန္ခံေျပာဖို႔ ဟန္ျပန္လိုက္ေပမယ့္ စကားစတို႔ ထြက္က်မလာပဲ ႏႈတ္ခမ္းပါးတို႔ဟာ တုန္ရင္လာသည္။
ခံျပင္းမႈေၾကာင့္ သူမ၏ မ်က္လုံးမ်ားဟာ နီရဲေန၏။
"ဘယ္သူ႕အိမ္မွာ အလုပ္လုပ္ရင္း ေပ်ာက္သြားခဲ့တာမလို႔ အခုလိုေျပာရတာလဲ၊
အလုပ္ကေနထြက္ေျပးရင္း ေပ်ာက္သြားတယ္ဆိုၿပီး ဇာတ္လမ္းဆင္ခ်င္ေနတာ မ်ားလား"
"အဲ့လို ျဖစ္ေနခဲ့ရင္ ဘယ္လိုလုပ္မလဲ။
သမီးေပ်ာက္တာေတာင္ ရဲမတိုင္ေသးပဲ ကုမၼဏီေရွ႕မွာ ဆိုင္းဘုတ္ကိုင္ၿပီး အခ်ိန္ျဖဳန္းေနတဲ့ အေမျဖစ္သူက ပိုထူးဆန္းေနတာ မဟုတ္ဘူလား"
ၿငိမ္က်သြားသည့္ ထိုအမ်ိဳးသမီးက မ်က္လႊာကိုပါ ခ်ထားသည္။
ထို႔ေနာက္ ေလသံတိုးတိုးျဖင့္
"ရဲစခန္းကို ကြၽန္မတို႔ သြားလို႔ မျဖစ္ပါဘူး။
ကြၽန္မတို႔သားအမိက အရမ္းဆိုးတဲ့ ေယာက္်ားဆီကေန ထြက္ေျပးလာခဲ့ၾကတာပါ။
ထြက္ေျပးေနရင္းနဲ႕မွ ဒဏ္ရာရေအာင္လဲ လုပ္ခဲ့မိတာမလို႔ တိုင္ခ်က္ဖြင့္ခံထားရၿပီး
အခုသြားလိုက္ရင္ အဲ့လူဆီ ျပန္ေရာက္သြားၿပီး သမီးေလးကိုလည္း ရွာလို႔ရမွာ မဟုတ္ေတာ့ပါဘူး။
ေက်းဇူးျပဳၿပီး ကူညီေပးပါ ေက်းဇူးျပဳၿပီး "
မိခင္တစ္ေယာက္ဟာ သူမ ေသြးသားအတြက္ ပူေဆြး႐ူးသြပ္စြာ ငိုေႂကြးေနသည္။
ထိုျမင္ကြင္းဟာ ရိေပၚအတြက္ေတာ့ ရက္စက္စြာ နာက်င္ပင္ပန္းေစသည္။
~~~~~~~~~~~~~~~~~~~
ေရွာင္းက်န့္ အခ်ိန္မ်ားစြာသုံး၍ အိမ္ေအာက္ထပ္ရွိ အခန္းတိုင္းအား ရွာေဖြ႕ေပမယ့္ သူလိုခ်င္သည့္ အရာအား မေတြ႕။
ထိုေၾကာင့္ ေအာက္ထပ္အား လက္ေလ်ာ့ၿပီး အေပၚထပ္သို႔ ခရီးဆက္လာခဲ့သည္။
ေျခသံဖြဖြနင္းကာ အေပၚထပ္တက္တက္ခ်င္း ျမင္လိုက္ရသည့္ ထိပ္ဆုံးအခန္းသို႔ ခ်ဥ္းကပ္လိုက္ၿပီး အခန္းတံခါးအား ဖြင့္မည္အလုပ္ ေအာက္ထပ္မွ ၾကားရေသာ စကားသံတို႔ေၾကာင့္ နံရံအေနာက္သို႔ အျမန္ဝင္ပုန္းလိုက္ရသည္။
ေလွကားမွဝေန၍ အခ်င္းပြားေနပုံရသည့္ အိမ္အကူမေလးမ်ားမွာ သူတို႔အာ႐ုံႏွင့္သူတို႔။
စကားေျပာေနရင္းမွ ေနာက္ေၾကာင္းျပန္လွည့္သြားသည့္ အတြက္ေၾကာင့္ ေရွာင္းက်န့္လဲ အခ်ိန္ဆြဲမေနေတာ့ပဲ အခန္းထဲသို႔ အခွ်င္အျမန္ဝင္လာခဲ့လိုက္သည္။
ထိုအခန္းသည္ ေအာက္ထပ္ရွိ အခန္းေတြထပ္ ၂ဆေလာက္က်ယ္ေပမယ့္ ဘာပစၥည္းမွ သိပ္မရွိေပ။
လိုက္ကာ အပါးစမ်ားကို တစ္တန္းစီ အလႊာေပါင္းမ်ားစြာ တပ္စင္ထားသည့္အတြက္ မ်က္စိလည္ေစသည္။
ႏွာဖ်ားမွ တစ္ဆင့္ အေမႊးတိုင္နံ႕သင္းသင္းအားရသည္။
လိုက္ကာအတန္းေပါင္းမ်ားစြာကို ျဖတ္ေက်ာ္ၿပီးေနာက္ ေရွာင္က်န္ အခုေရာက္ေနသည္က က်ယ္ျပန္ေသာ စာပြဲခုံတစ္လုံး၏ ေရွ႕မွာ ။
ထိုက်ယ္ျပန့္ေသာ စားပြဲေပၚတြင္ ထင္ရွားစြာ ေနရာယူထားသည့္ အရာက
"အရိုးျပာအိုး"
ႏႈတ္မွ ေရ႐ြတ္မိလိုက္သလို မ်က္လုံးမွလည္း ေထာင္ရက္သားရွိေနသည့္ ဓါတ္ပုံအား ၾကည့္လိုက္မိသည္။
ထို႔ေနာက္ တစ္ဆက္တည္းမွာပင္ မိမိအိတ္ကပ္ထဲတြင္ရွိေနေသာ ဓါတ္ပုံႏွင့္ တိုက္ၾကည့္လိုက္ေတာ့ တစ္ေယာက္တည္းျဖစ္ေၾကာင္း သိလိုက္ရ၏။
ယခု အေျခအေနအရ ေရွာင္းက်န့္လက္ထဲတြင္ ဆုပ္ကိုင္ထားေသာ ဓါတ္ပုံမွာ မေန႕က မင္ရွို႔လိုက္ရွာေနေသာ သူျဖစ္ၿပီး ၊
ဓါတ္ပုံထဲမွ လူမွာေတာ့ ရိေပၚ၏ ဖခင္ျဖစ္သူ၊
Onsra ၏ တည္ေထာင္သူ၊
ဓါတ္ပုံအား စေတြ႕ကတည္းကပင္ တစ္ေနရာတြင္ ျမင္ဖူးသလို ခံစားရေပမယ့္ ႐ူးခ်င္စရာ ေကာင္းေလာက္ေအာင္ စဥ္းစား၍မရ။
အေရးအေၾကာင္းဆို သုံးစားမရေတာ့သည့္ ေခါင္းအား ထုနက္ပစ္ရင္း ဆူပြက္လာေသာ ေဒါသတို႔ေၾကာင့္ အံႀကိတ္သံျဖင့္ ေအာ္ဟစ္လိုက္၏။
ထိုအခ်ိန္ခနမွာပင္ ဦးႏွောက္ထဲ ဖ်က္ခနဲေပၚလာသည့္ အေတြးတစ္စ။
ကသမ္းကရမ္းျဖင့္ wallet ထဲ အၿမဲေဆာင္ထားေနၾက ခပ္ေဟာင္းေဟာင္းဓါတ္ပုံေလးအား ဖြင့္ၾကည့္လိုက္မိသည္။
"သူပဲ တကယ္ပဲ သူျဖစ္ေနတာပဲ"
ဓါတ္ပုံထဲတြင္ ေရွာင္းက်န့္အား ခ်ီထားေသာ မားရယ္ ၊
သူမ၏ ေဘးက လူႏွစ္ေယာက္မွ မင္ရွို႔ႏွင့္ မစၥတာဝမ္ ျဖစ္ေၾကာင္း သိလိုက္ရၿပီးေနာက္ ေရွာင္းက်န့္၏ ေျခေထာက္မ်ားဟာ ေပ်ာ့ေခြၿပီး လဲက်သြားရသည္။
ထိုဓါတ္ပုံဟာ မား၏ leading swan အျဖစ္ ပထမဆုံး ကျပသည့္ ဇာတ္ျဖစ္ၿပီး ကပြဲစီစဥ္သူမွာ ေရွာင္းက်န့္၏ အေဖပင္။
ဘဲေလးကေခ်သည္ ဇနီးျဖစ္သူအတြက္ ဘဲေလးstudio တစ္ခုေထာင္ရန္ ဆႏၵရွိခဲ့ေသာ ေရွာင္းက်န့္၏ အေဖ၊
မည္သည့္ကိစၥမ်ိဳးအတြက္မဆို အကူအညီေပးေလ့ရွိေသာ သူ၏မိတ္ေဆြႏွစ္ေယာက္၊
ပိုင္ဆိုင္ခ်င္သူမ်ားေနေသာ Onsra ၊
ေရွာင္းက်န့္ ထိုအေၾကာင္းအရာတို႔အား ဆက္စပ္မိသေလာက္ရွိေနၿပီ ျဖစ္သည္။
"ဒါဆို မင္ရွို႔က မစၥတာဝမ္ကို ဘာေၾကာင့္ ရွာေနတာ ျဖစ္ေလာက္မလဲ"
စူးရွေသာ သူ၏ မ်က္ဝန္းမ်ားဟာ မ်က္ႏွာခ်င္းဆိုင္ရွိ ေႂကြထည္ အရိုးျပားထံသို႔ စူးနစ္စြာ စိုက္ၿမိဳက္ေန၏။
ဇာတ္ရည္လည္သေလာက္ရွိေနၿပီ ျဖစ္တဲ့ ေရွာင္းက်န့္ရင္ထဲတြင္ ပြားမ်ားလာခဲ့သည္က အမုန္းတရားတို႔သာ။
~~~~~~~~~~~~~~~~~
ညွီစို႔စို႔ အနံ႕အသက္ႀကီးေရာ ဖုန္မႈန္ေတြေၾကာင့္ပါ ေရွာင္းက်န့္သူ၏ ႏွာေခါင္းအား လက္ျဖင့္ ပိတ္ထားလိုက္သည္။
အရိုးျပာအိုးထားရာ အခန္းမွ ျပန္အထြက္ သန့္ရွင္းလုပ္ရန္ ဝင္လာေသာ အိမ္အကူမေလး တစ္ေယာက္ႏွင့္ တိုးခါးနီးမလို႔ လိုက္ကာေတြၾကား ဝင္ပုန္းေနရာမွ တစ္စုံတစ္ခု အတြင္းသို႔ နစ္ဝင္သြားေသာ ခံစားခ်က္ႏွင့္အတူ ေရွာင္းက်န့္ သည္အခန္းအတြင္းေရာက္ေနျခင္းပင္။
လမ္းအား ေသခ်ာ မျမင္ရသည္အထိကို ေမွာင္ပိန္းေနသည္ေၾကာင့္ ေရွာင္းက်န့္ ဖုန္းထုတ္ကာ ဖုန္းမီးထြန္းလိုက္၏။
ဟိုဟိုဒီဒီ ေလွ်ာက္ထိုးၾကည့္ကာ ျပန္ထြက္ရမည့္ လမ္းကို ရွာေနမိေပမယ့္ ဖိနပ္ေအာက္မွ ေပ်ာ့အိအိအရာတစ္ခုအား နင္းလိုက္မိၿပီးေနာက္ ထြက္ေပၚလာသည့္ ၿငီးျငဴသံတစ္ခုေၾကာင့္ အလန္တၾကား အသံလာရသို႔ မီးျဖင့္ထိုးၾကည့္လိုက္သည္။
"Sh!t "
ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ ပါးစပ္မွဆဲေရးတိုင္းထြာမိသြား၏။
မိန္းမငယ္ေလးတစ္ေယာက္သည္ လက္ျပန္ႀကိဳးတုတ္ထားလကြစျဖင့္ ၾကမ္းျပင္ေပၚတြင္ လွဲေလ်ာင္းေနသည္။
သူမ၏ မ်က္ႏွာေပၚတြင္ တင္ေနေသာ ဆံသားတို႔ေၾကာင့္ ႐ုပ္အား ေသခ်ာ မျမင္ရ။
အသက္ရႉရခက္ခဲ ေနပုံရသည့္ သူမသည့္ တစ္ကိုယ္လုံးရွိအားကို သုံးလို႔ ရႈသြင္းရႉထုတ္လုပ္သည္။
"ဒီမွာ သတိထားပါဦး"
ပါးအား အသာေလးပုတ္ကာ နိုးမိေတာ့ တုန့္ျပန္မႈမရွိ။
ထိုအစား ပူက်စ္ေနေသာ ကိုယ္အပူခ်ိန္ကိုယ္သာ သတိထားမိသည္။
မိန္းကေလးတစ္ေယာက္အေပၚ ထိုသို႔ လူမဆန္သည့္ လုပ္ရပ္အား လုပ္ခဲ့သည့္ ထိုလူအား တစ္စစီ ဆြဲၿဖဲလိုက္ခ်င္ေပမယ့္ ယခုတြင္ေတာ့ အသက္တစ္ေခ်ာင္းကယ္ရန္မွာ အေရးႀကီးေနသည္မလို႔ သူမ၏ ကိုယ္အား ခ်ည္ႏွောင္ထားေသာ ႀကိဳးတို႔အား ဦးစြာျဖဳတ္ေပးလိုက္သည္။
တင္းၾကပ္စြာ ခ်ည္ႏွောင္ထားေသာ ႀကိဳးတို႔အား ျဖဳတ္ေနရင္း ေလွကားတစ္ထစ္ခ်င္းစီဆင္းလာသကဲ့သို႔ ဖိနပ္သံအားၾကားေနရသည္။
ခပ္လွမ္းလွမ္းမွ အသံေပမယ့္ ေရွာင္းက်န့္နားစည္အား က်ယ္ေလာင္စြာ ရိုက္ခတ္လာသည္။
ႀကိဳးထုံးမ်ားစြာျဖင့္ ခ်ည္ထားသည့္ႀကိဳးမ်ားမွာ ျဖတ္ေတာင္စရာ အခြၽန္အထက္ တစ္ခုမွ မပါသည့္ သူ႕အတြက္ ျဖတ္ရခက္ခဲလွသည္။
ေျခသံမ်ားဟာ နီးကပ္လာသည့္ႏွင့္အမွ် ႀကိဳးေျဖေနသည့္ သူ၏ လက္မ်ားဟာ တုန္ယင္ေနၿပီး ေဇာေခြၽးမ်ားျပန္လာသည္။
ေနာက္ေက်ာေပးထားသည့္ အဝင္လမ္းအား ေက်ာခ်မ္းစြာလွည့္ၾကည့္ရင္ သူ၏ ရင္မွာ ေပါက္ထြက္မတက္ ျမန္ဆန္လာ၏။
ေနာက္ဆုံးက်န္ရွိေနေသာ ႀကိဳးတစ္ေခ်ာင္းအား ျဖည္သြားနိုင္ခဲ့ၿပီ၊
'ကြၽီ' ဟူေသာ အသံရွည္ဆြဲသည့္ စိတ္ေျခာက္ျခားစရာ တံခါးဖြင့္သံမွာ ေရွာင္းက်န့္၏ စိတ္ဝိဥာည္ ကပ္ပါသြားမတတ္။
အလင္းတန္းက သူ၏ မ်က္ၾကည္လႊာအား ေဖာက္ထြင္းသြားသည္။
ေတာင့္ခဲသြားေသာ သူ၏ အာ႐ုံေၾကာတို႔။
The Gray: Melancholy
ေၾကာက္႐ြံ႕လာၿပီ
မွိုင္ေသာ အခိုးအေငြ႕တို႔ဟာ သူအား ၿခဳံသိုင္းခါနီး
တြန့္ဆုတ္ခ်င္းမရွိ သူဟာ အသူရာေခ်ာက္ထဲ လြတ္လပ္စြာ ခုန္ဆင္းသြားလိုက္သည္။
မီးခိုေရာင္ (သို႔) လြမ္းေမာဖြယ္အတိတ္
TBC♡
ျမႇုပ္စရာေတြကုန္လို႔ တစ္ခုခ်င္းျပန္ေဖာ္ေနၿပီ🤭