๏ผฃ๏ฝ๏ฝŒ๏ฝ‰๏ฝ‡๏ฝ๏ฝ’๏ฝ‰(Complete)

By _GloriaMie_

19.1K 1.6K 175

You are the ๐™ก๐™–๐™ ๐™š, the ๐™จ๐™ฉ๐™–๐™ง๐™จ, the ๐™ข๐™ค๐™ค๐™ฃ? Ethereal music's soulful tune Princess of the glacial wat... More

Caligari
Last Dance
Odette or Odile
Lullaby
Dim Sin
Culprite
Hide amd Seek
Hide and Seek Arc II
Taste of Tear
Swan Emblem
Velvet Arc I
Velvet Arc II
The Gray:Melancholy
Bliss
Prince Siegfried
Villain
Swan Lake
Vandalism
Change The Ending(Final)

Hidden:Masked Boy

503 52 8
By _GloriaMie_

Unicode

Hidden:Masked Boy


"   ​ဝမ်ရိ​ပေါ်ဟာ  ​ရှောင်းကျန့်အတွက် သူ၏ မျက်နှာဖုံးအား  ချွတ်ခဲ့ချိန်မှာ  ​ရှောင်းကျန့်က​တော့ သူ၏      မျက်ဖုံးလှလှ​​လေး​အောက်  ဝမ်ရိ​ပေါ်အား  တစ်စဆီ ဖျက်စီးသွားခဲ့ပြီ။"

~~~~~~~~~~~~~~~~~~~~~~


ဖန်ခွက်နှုတ်ခမ်းပါးမှ တစ်ဆင့်  လျှံကျလာသည့် ​ရေများ​သည်    ရိ​ပေါ်၏  အင်္ကျီလက်အနား​စတွင် စခန်းချလို့   ​ရေ​ပေါက်ငယ်​​လေးများ အဖြစ်  ရီး​လေးခို​နေသည်။
​များစွာ​သော  ​ရေများဖိတ်စင်​နေခြင်းကြောင့်    ​ရေသန့်စက်မှ   အလိုအ​လျောက်   အချက်​ပေး​နေသည့်တိုင်  ရိ​ပေါ်၏  ပြန့်ကျဲ​နေ​သော  အာရုံတို့မှာ   ​ပေါင်းစည်းခြင်းမရှိ။
​​​ကြောင်​ငေးမိ​သော အကြည့်တို့မှာ ​ရောက်တတ်ရာရာ။
က​ယောင်ကတမ်း သူ၏ ​ကျောပြင်အား  စမ်းမိ​တော့  ရွှဲနစ်​နေ​သော ​ချွေးတို့။

"မဟုတ်​လောက်ပါဘူး။
အိမ်မက်တစ်ခုပဲဟာ။
​ရှောင်းကျန့်က​​တော့.....မဟုတ်​လောက်ပါဘူး"

မျက်လုံးကို စုံမှိတ်  ​ခေါင်း​တွေကို ခါရမ်းပစ်ရင်း   သံသယ​နယ်​မြေအတွင်းသို့  ​ခြေကျွံစပြု​နေ​သော  အ​တွေးတို့အား  ​ဖြောင်းဖျရပြန်သည်​။
​မှောင်မဲ​နေ​သော အခန်းကျယ်။
သန်း​ခေါင်​ကျော်​နေ​​သော   ထိုည။
မိမိ​ကျောပြင်တွင် စိုက်ဝင်​​နေ​သော  ဓါးတစ်လက်အား  ပြန်မြင်​ယောင်မိတိုင်း   နွေကန္တယ၏    ခရီးသည်လို၊

နှစ်​ပေါင်းများစွာ    အထီးကျန်ခဲ့ရသည့် သူ့အတွက်   ပထမဆုံးအ​နေဖြင့်  ငါ တစ်​​ယောက်တည်းမဟုတ်ပါလားဟု  အ​တွေးမျိုး​တွေးမိ​စေခဲ့  သူမှာ  ​​  ရှေ့​နေရှောင်းကျန့်ပင်။
ရာဇဝတ်သားပါလို့ အများစု  သမုတ်​နေကြစဥ်     ကမ်းလက်တစ်စုံလှမ်းလို့   သူ၏  ယုံကြည်ချက်အား  အပ်နှင်းခဲ့​သော ထို​ယောက်ျားအား   ရိ​ပေါ်   တိမ်းညွတ်မိခြင်းမရှိဟုဆိုလျှင်  လိမ်ရာကျ​ပေလိမ့်မည်။
အ​ခေါက်​ပေါင်းများစွာ  တွန်းထုတ်ခဲ့​​ပေမယ့်  ၊
သံသယအဆိပ်ကိုသာ    အကြိမ်ကြိမ်သွန်း​လောင်းလို့ မိမိနှလုံသားအား   ပျိုး​ထောင်ခဲ့​ပေမယ့်
​မေတ္တာမရခဲ့ဖူးသည့်    ရိ​ပေါ်၏ ​ပျော့ကွက်ဟုသာ  အပြစ်ဖို့ပါ​တော့  ။

ဘဝတစ်​လျှောက်လုံး  ရှုပ်​​ထွေးစွာ ရှင်သန်လာရင်း   ​တွေးမိသည့်     အရိုးရှင်း​ဆုံး​သောာ   အ​တွေးတစ်ခုမှာ 
မြတ်နိုး​ရသော ဘဲ​လေးရယ်
ချစ်ရသူရယ်

အသည်းစိုင်အား  ဆိမ့်ဝင်​​သော  ကြည်နူးမှု​ကြောင့်   ​ခေါင်းအားငုံလျှိုးလိုက်ရင်း     မိမိအဖြစ်အား  မလုံမလဲ ရယ်မိသည်။
 

"ဂျိမ်း!!"

ကျယ်​​လောင်​​သော    တံခါးပိတ်သံ​ကြောင့်  ရိ​ပေါ်မှာ  ဧည့်ခန်းဘက်သို့  ဆက်ခနဲ   လှည့်ကြည့်ရင်း  ​​ခြေလှမ်းတို့ကိုပါ  အသံလာရာသို့  ဦးတည်​စေလိုက်သည်။

အိမ်တံခါးဝ၌  ​ခေါင်းငိုက်စိုက်ချကာ  ရပ်​နေ​သော  အိမ်​တော်ထိန်းမင် ။
သံပတ်​ပေးထား​သော ချိန်သီးနာရီဆီမှ  ​ခေါင်း​လောင်းသံနှစ်ချက်အား  ကြားလိုက်သည်။
ညကြီးအချိန်မ​တော် တစ်ကိုယ်လုံး    မိုးများစိုရွှဲကာ  အရုပ်ကြိုးပျက်ပြန်လာသည့်   အိမ်​တော်ထိန်းမင်အား   ရိ​ပေါ် မနီးမ​ဝေးမှ   နံရံအားး မှီလို့  စိမ်​ပြေန​ပြေ  ကြည့်​နေလိုက်သည်။
​လေးပင်​သော  ​ခြေလှမ်းများဖြင့်  အိမ်အ​ပေါ်ထပ်သို့  ဦးတည်ကာ  တက်လာသည့်  ထိုလူဟာ   ရိ​ပေါ် ၏  ​ခြေအစုံကို မြင်မြင်ချင်း သူ၏  လှုပ်ရှားမှုတို့အား  ရပ်တန့်ပစ်လိုက်သည်။

"ဒီ​နေ့ည အရင်တုန်းကထက်  ​နောက်ကျတယ်​နော်။
ကြည့်ရတာ  ကိစ္စအကြီးကြီး  တစ်ခုရှိလာတယ် ထင်တယ်"

ဗလာကျင်း​သော  မျက်လုံးတို့ဖြင့်  စိုက်ကြည့်​နေ​သော  ထိုလူဟာ  ရိ​ပေါ်၏  ခနဲ့​တဲ့တဲ့ စကားတို့အ​ပေါ်  အာရုံရှိပုံမ​ပေါ်။
အသိစိတ်လွတ်​နေ​သော  လူတစ်​ယောက်ကဲ့သို့    အူ​ကြောင်​ကြောင်   အမူအရာဖြင့် ထိုလူဟာ  ရိ​ပေါ်အား သူလုပ်ခဲ့သည့် အလား     စိတ်ကျန်းမာ​​​ရေး  ​ဆေးရုံအား  ဆွဲထုတ်သွားချင်စရာ။
ရိ​ပေါ်နားသို့ နီးကပ်လာ​လေ  နံရံ​ပေါ်တွင်  ထင်ဟပ်​နေ​သည့်    သူ၏  မည်း​မှောင်​သော အရိပ်ကြီးမှာ  ရိ​ပေါ်အား   အုပ်မိုးသွား​လေ။

"အ့"

နှုတ်မှ  ဘာမှ မ​ပြောပဲ  ရိ​ပေါ်၏   ဘယ်ဘက်လက်​မောင်းအား  ​မေးရိုးများ တင်းခနဲ  ဖြစ်သည်အထိ အားထည့်ကာ   ဖိညှစ်လာ​သော     ထိုလူ​ကြောင့်  နာနာကျင်ကျင်  ညီးညှူလိုက်ရင်း   တစ်ဆက်တည်းမှာပင်  အားကုန်သုံး၍    တွန်းလှဲလိုက်မိသည်။

"ရူးသွားပြီလား!!!"

ကြမ်းပြင်​ပေါ်သို့  ပလက်လန်ကျသွားသည့်  သူက  ​ခေါင်း​​ထောင်လို့  ရိ​ပေါ်အား   သူ၏  မသတီဖွယ်ရာ  တိမ်ကွယ်​နေ​သော  မျက်ဝန်းများဖြင့်ကြည့်​နေသည်။
အက်ရာထင်း​နေ​သော  မျက်မှန်​​အောက်    ထိုမျက်ဝန်းတို့က  ဒီ​နေ့ကျမှ  သိပ်ကို သနားစရာ​ကောင်းလှသည်။
သိမ်ငယ်ခြင်း၊
အလို​လောဘ၊
အရှုံးသမား  စတာ​တွေကို အချိုးချထာတဲ့  ​သူ၏  မျက်နှာ​ပေးဟာ     ရိ​ပေါ်အတွက်​တော့  ကျေနပ်ဖွယ်ရာ။
မဖုံမဖိနိုင်စွာ  နှုတ်ခမ်းတစ်ဖက်မှာ မြင့်တက်သွား​မိ​တော့
​ဆူပွက်လာသည့်  ​ဒေါသ​ကြောင့် သူဟာ  အင်မတန်မှ  သနားစရာ​ကောင်း​နေသည်။

"အရမ်းတူကြတယ်၊
​သွေးသား မ​တော်စပ်တာ​တောင်  ငါ့ကို သနား​နေတဲ့ ဒီအကြည့်​တွေ၊
တကယ် တစ်ပုံစံထဲပဲ"

မင်ရှို့၏   စကား​ကြောင့်   ရိ​ပေါ် မျက်နှာထက်   အပြုံးတို့ဟာ  ​ပျောက်ကွယ်သွားခဲ့ပြီး    ခက်ထန်မှုတို့ဟာ  မျက်နှာဖုံးတစ်ချပ်လို  ​နေရာယူလာသည်။
မင်​ရှို့က  သူ့စကားအား  သ​ဘောကျသ​ယောင်  ​အော်ရယ်​နေ​၏။   သို့​တိုင်​အောင်   ရိ​ပေါ်က​တော့    သူ့အား   သနားကရုဏာသက်​သည့် အကြည့်တို့ဖြင့်သာ       သိသိသာသာ ဆက်ကြည့်နေခဲ့သည်  ။
သခင်ဖြစ်သူက  အိမ်​မွေး​ခွေး​လေး တစ်​ကောင်အ​ပေါ်  ကရုဏာသက်​နေသကဲ့သို့။


"ငါ့သရုပ်မှန်ကို သိ​နေတာ​တောင်  ဘာလို့  ငါ့ကို  အနားမှဆက်ထားထားတာလဲ"

အရယ်ရပ်လို့  မင်ရှို့က  ထိုသို့ ​​မေး​​တော့  ရိ​ပေါ်က  ခပ်ဖွဖွ ပြုံးပြန်သည်။

"အခုထိ   အကုန် မသိ​သေးဘူး​လေ၊
မ​ကောင်းတဲ့လူဆိုတာပဲ သိပြီး
ဘာလို  မ​ကောင်းတဲ့ ကိစ္စတွေ ကျုုးလွန်ထားမှန်း အခုထိ မသိ​သေးဘူးလေ။
ပြီး​တော့  အ​စေခံဆိုတာ  သခင်အနားမှာ ​နေမှ  သဘာဝကျတာမလား"

​နောက်ဆုံး​နေရာအား  မြှင့်​ပြောလိုက်သည့်​အတွက်ကြောင့်  မင်ရှို့၏  အ​သွေးအသားတို့မှာ  ဆုပ်ဖြဲခံလိုက်ရသလို။
တဆက်ဆက်တုန်​နေသည့်  သူ၏ ကိုယ်ခန္ဓာဟာ    မိုးမိထားလို့  အားနည်း​နေသည့်အပြင် အထိန်းအကွပ်မဲ့စွာ     ဟုန်းဟုန်း​တောက်​နေသည့်   ​ဒေါသမီး​တို့​ကြောင့်  ဦး​ခေါင်းစီမှ  ဆူး၍ ထိုး​နေ​သော ​ဝေဒနာအား  ခံစားရသည်။
ရင်​​ခေါင်းထဲမှ လှိုက်တတ်လာ​သော ​သွေးညှီနံ့အား  ခံစားမိ၏။

"မင်းက  မျက်နှာဖုံးတစ်ခု​နောက်မှာ  ပုန်းကွယ်​နေရတဲ့ ​ကောင်​လေးတစ်​ယောက်သာသာပါပဲ၊
အ  တု  အ​  ယောင်၊
Onsra ရဲ့ ပိုင်ရှင်အစစ်က  မင်းမှမဟုတ်တာ  အ့"

စကားတစ်လုံးချင်း  အံကြိတ်ကာ​ပြော​နေရသည့်  မင်ရှို့​ကြောင့် ရိ​ပေါ်​၏  လက်​ဖျားများမှာ  ​အေးစက်လာပြီး  အသိဥာဏ်တို့မှာ  လွတ်မထွက်ရုံတမယ်။
သို့တိုင်​အောင်    မျက်နှာ​သေဖြင့်     ရိ​ပေါ်ဟာ   ထိုလူအား     မလှုပ်မယှက်     ကြည့်​နေသည်။
ရဲ​တောက်​နေ​သော  မျက်ဝန်းများနှင့်အတူ  သူ၏  ​နောက်စိအား ထိန်းကိုင်ရင်း  ငြိမ်ကျသွားသည်အထိ    ရိ​ပေါ်မှာ  ​မျက်​တောင်တစ်ချက်မခတ်ပါပဲ။
​တောင့်တင်းစွာ   ကြမ်းပြင်​ပေါ်တွင်  လှဲ​လျောင်း​နေ​သော  မင်ရှို့အနားသို့  တိုးကပ်သွားကာ     ခန္တာကိုယ်အား  အစုံအဆန်ကြည့်​နေရင်း  

"ငါ  ဝမ်ရိ​ပေါ်ကပဲ  Onsra ရဲ့ တစ်ဦးတည်း​သော  ပိုင်ရှင်  ၊
ဘဲ​လေး​​လောကရဲ့  အရှင်သခင်ပဲ"

~~~~~~~~~~~~~~~~~

"​မ​တွေ့တာကြာပြီ​နော်  ယောင်း  ။
​ကောကိုများ  ​မေ့သွားပြီလား။
အကြာကြီး  ပစ်ထားမိတဲ့အတွက်​​တောင်းပန်ပါတယ်။
​ကော  ဒီရက်ပိုင်းအများကြီး  ပင်ပန်း​နေတာ"

အ​ဆောက်အဦး  တံစမြိတ်မှ  မိုးသံ တ​ဖြောက်​နှစ်​ဖြောက်ကို ကြား​​နေရသည်။
မိုးရာသီလို  စိုစွတ်သည့်  ရာသီဥတုမျိုးတွင်   ဒီ​​နေရာ​​လေးမှ  ​​ခြောက်ကပ်လှသည်။
မှိုင်းညှို့​နေ​​သော ​ကောင်းကင်​ကြောင့်  ​ရှောင်းကျန့်၏  စို့နစ်မှုမှာ ​လေး​လေးပင်ပင်။
လက်ထဲတွင် အသင့်ပါလာသည့်  ပန်းစည်း​လေးကို  မှန်​ပေါ်သို့ကပ်လိုက်ပြီး    မှန်တွင်းကြည့်မိ​​တော့  အရိုပြားအိုအား  မှီလျက်သား  ဓါတ်ပုံ​လေးတစ်ချပ်။
ဓါတ်ပုံအတွင်းမှ  ​ကောင်ငယ်​လေးဟာ မ​ပြောင်းလဲစွာ  ပြုံးရယ်​နေဆဲ။

"ဒီရက်ပိုင်း မိုး​တွေ အရမ်းသည်း​တော့ ​ကောရဲ့ညီ​လေး ချမ်း​နေမလား"

ဓါတ်ပုံ​လေးအား  မှန်အပြင်ဘက်မှ  ခပ်ဖွဖွ ကိုင်တွယ်ကြည့်​​နေရင်း  ​ရှောင်းကျန့်က ​ရောက်တတ်ရာရာ​တွေ ​ပြောသည်။

"ဘယ်ချမ်းပါ့မလဲ   အ​မေနဲ့အတူ ရှိ​နေတာပဲ  အ​မေက ဖတ်ထား​ပေး​လောက်မှာ​​ပေါ့။
​ကောကသာ တစ်​ယောက်တည်း"

ညီဖြစ်သူ၏ အရိုးပြားအိုး နှင့်    ကပ်ရပ်တွင်ရှိ​နေ​သော  မှန်ခန်းအား  ကြည့်လိုက်မိ​တော့   ​ အလားတူစွာ   အရိုးပြာအို တစ်အိုးနှင့်အတု   ကျော့ရှင်းလှပသည့်  အမျိုးသမီးတစ်​​ယောက်၏  ဓါတ်ပုံအား  ​တွေ့ရသည်။
သူမသည်  ပန်းနု​ရောင် ဘဲ​လေးဝတ်စုံအား  ဝတ်ဆင်ထားပြီး  နှစ်မြို့စွာ ပြုံး​နေ၏။


"အ​မေ  ကျွန်​တော် ဒီ​နေ့ en-pointe ယူလာတယ်။
အ​မေကြိုက်တဲ့  ပန်းနု​​ရောင်​လေး၊
ဘဲ​လေးကတဲ့ သူ​တွေက တစ်ပတ်မှာ en-point  ကို 3 စုံ က​နေ  5 စုံအထိ လဲရတာဆို။
အ​မေ အဲ့မှာ​​ရော သ​ဘောအရမ်းကျတဲ့  ဘဲ​လေးကို  ဆက်ကဖြစ်​သေးလား"


​ရှောင်းကျန့်၏  အ​မေမှာ  ​ရှောင်းကျန့်  ​အတော်​လေးငယ်စဥ်ကတည်းက   ​သေဆုံးသွားတာ ဖြစ်သည့်အတွက်  အမှတ်တရအားလုံးဟာ ဝိုးတဝါးသာ ရှိ​တော့သည်။
ညီဖြစ်သူ ​ယောင်း ဆို  ဘာမှ​န်းတောင် မသိ​သေးသည့်အရွယ်။
​ယောင်းဟာ  မိခင်၏  ​ထွေး​ပွေ့မှုအား  ​သေချာမခံခဲ့ရသည့်အတွက်   သနားစရာက​လေးတစ်​ယောက် ဖြစ်ခဲ့​ပေမယ့်  အခုအချိန်ဆို အ​မေနှင့်    တစ်​ယောက်နှင့်တစ်​ယောက်​တွေ့ကာ  ​ပျော်ရွှင်​နေကြ​လောက်ပြီ ။
  ဘာဆိုဘာမှ မကျန်​တော့ဘဲ အသက်ရှင်​နေရုံသာ ရပ်တည်​နေရသည့်    ​ရှောင်းကျန့်ကသာ  သနားစရာ ​ကောင်းသွားခဲ့သည်မလား  ။
​ရှောင်းကျန့်ရဲ့  လှပ​သော  အတိတ်​နေ့များမှာ    ညီငယ်​​လေးဖြင့်သာ   ရိုးရှင်းစွာ  ဖြတ်သန်း​နေရင်း   အ​တွေးများ  များများစားစားရယ်မရှိ။
ဝါသနာပါသည့် ​ရှေ့​နေပညာကို​လေ့လာ​နေရင်း  အ​မေ့​သွေးအပြည့်ပါ​သော  ​ယောင်းအား ဘဲ​လေး​​​ကျောင်းပို့နိုင်ရန် ရုန်းကန်ရသည့် ရက်စွဲတို့မှာ ​ရှောင်းကျန့်အတွက်​​တော့  အလှပဆုံးသာ။
သို့​ပေမယ့်   တစ်​နေ့တွင်​တော့  တစ်ဦးတည်း​သော ညီငယ်​လေး၏  အဆုံးစီမှုအား  အိမ်မက်ဆိုးသဖွယ် လက်ခံလိုက်ရပြီးသည့်​နောက်  ၊
ထို​နေ့​နောက်ပိုင်းမှစ၍    ​ရှောင်းကျန့်နိုးထလာသည့်  မနက်တိုင်းမှာ    နတ်ဆိုးတစ်​ကောင်သာသာ။
  လွန်ခဲ့သည့်   ငါးနှစ် ညီဖြစ်သူ စွတ်စွဲခံရမှုအား  စုံစမ်း​နေရင်းမှ   အ​မေဖြစ်သူ၏ ​သေဆုံးမှုပါ   သမာရိုးမကျမဟုတ်မှန်း သိခဲ့ရသည်အခါ  ​ရှောင်းကျန့်၏   အကွက်ချလက်စား​ချေမှုမှာ  ကျယ်ပြန့်လာခဲ့ရသည်။
အ​​မေ​သေဆုံးမှု​ရော ညီငယ်​လေး၏  ​သေဆုံးမှု    ​နောက်ကွယ်တွင်  တရုတ်နိုင်ငံ​​၏   အကြီးမားဆုံး​ Ballet ကုမ္ပဏီ  Onsra နှင့် ဆက်နွယ်​​နေ​ကြောင်းသိပြီး​နောက်
​ရှောင်းကျန့်၏ ပစ်မှတ်မှာ  ဝမ်ရိ​ပေါ် ဖြစ်လာခဲ့သည်။
မှန်ပါသည်။
ဝမ်ရိ​ပေါ်၏  အမှုအား ​ရှောင်းကျန့်ကိုင်တွယ်ခွင့်ရခဲ့သည်မှ  တိုက်ဆိုင်မှု မဟုတ်ပဲ ​ရှောင်းကျန့်ကိုယ်တိုင်၏  ဖန်တီးမှုသာ။
​ကြေးကြီး​ပေးကာ  ငှားရမ်းခဲ့သည့်  ဝမ်ရိ​​ပေါ်၏ ​ရှေ့​နေတို့  ​ပျောက်ခြင်းမလှ​ပျောက်သွားရသည့်  တစ်ခုတည်း​​သော  အ​ကြောင်းအရင်း၊
ကျိန်း​သေ​ပေါက်  ဝမ်ရိ​ပေါ်ဟာ  ​ရှောင်းကျန့်ဆိုသည့် သူ၏  ခြယ်လှယ်မှု​အောက် တွင်ရှိ​နေခဲ့သည်။
လက်ခုတ်ထဲက ​ရေလို ​မှောက်သွန်လိုသည့်အခါ တွယ်ကပ်​နေရန်  အခွင့်အ​ရေးမရှိ။

"ကျွန်​တော်  အကုန်ဖျက်စီးပစ်မှာပါ"

စားပွဲ​ပေါ်တွင်  တင်ကျန်​နေ​သော  en- pointe ၊
ထုံထိုင်း​နေ​ရ​သော  ​ရှောင်းကျန့်နှလုံးသား၊
အတုအ​ယောင်နဲ့ အစစ်အမှန် 
နှစ်မြို့စရာ​အချက်​တွေနဲ့သာ ပြည့်စုံရင် အတုအ​ယောင်ဟာလည်း  မက်​မောစရာ။
   ​ဝမ်ရိ​ပေါ်ဟာ  ​ရှောင်းကျန့်အတွက် သူ၏ မျက်နှာဖုံးအား  ချွတ်ခဲ့ချိန်မှာ  ​ရှောင်းကျန့်က​တော့    မျက်ဖုံးလှလှ​​လေး​အောက်  ဝမ်ရိ​ပေါ်အား  တစ်စဆီ ဖျက်စီးသွားခဲ့ပြီ။

~~~~~~~~~~~~~~~~~~~~~~

အိပ်ရာ​ပေါ်တွင်  အိပ်​မောကျ​နေသည့် Clara ​ကြောင့်   အခန်းထဲသို့  ဝင်လာသည့်  လုချီမှ  ​သူမှ  ​ခြေသံအား  ​ဖော့သထက်​​​  ပို၍  ဖော့လိုက်သည်။
အပူအပင်ကင်းစွာ  အိပ်စက်​နေ​သော  Clara ၊
သူမ၏  ကိုယ်အား  စက်မှ   ပိုက်​ပေါင်းများစွာဖြင့်  ဆက်သွယ်ထားသည်။
ပုံမှန်အချက်ပြ​နေ​သော  သူမ၏ ​သွေးခုန်နှုန်းအား  စစ်​ဆေးကြည့်လို့   လုချီ Clara ၏ ပစ္စည်းများ ထားရာ ​ဗီရို အနှံ့​မွှေ​နောက်လိုက်၏။
​နေရာအနှံ့လိုက်ရှာ​ပေမယ့်   ထိုနေ့ညနှင့်ပတ်သတ်၍  ဘာသဲလွန်စမှ မ​တွေ့။
အထပ်ထပ်  ​ရှာ​သော်လည်း  အ​ထောက်အကူဖြစ်မည့် အရာ တစ်ခုတ​စ်​လေ​တောင်  မ​တွေ့သည်မလို့  လက်​လျော့လိုက်ရသည်။

"Ting*"

  ​ခြေကုန်လက်ပန်းကျကာ   လှည့်ပြန်မည့်ဟန်ပြင်​နေ​သော လုချီအား  ရပ်တန့်လိုက်သည့် အသံတစ်သံ။
   Clara ၏ ​ခေါင်​အုံး​ဘေးမှ  ဖုန်းဆီမှ  message ဝင်သံတစ်ခုနှင့်အတူ   လက်သွား​သော ဖုန်း screenဟာ  လုချီ​၏  အာရုံအား  ဖမ်းစားလိုက်သည်။
ညှင်​သာ​သော  ​ခြေလှမ်းများဖြင့်  ဖုန်းထံသို့ ချဥ်းကပ်သွားသည့်  လုချီ၏  မျက်လုံးများဟာ  ဖုန်းထံသို့သာ ​ကျောက်ချထားသလို  မြဲမံလျက်။
အသက်ရှုသံမှန်မှန်ဖြင့်  အိပ်​ပျော်​နေသည့် Clara  အား  တစ်ချက် စူးစမ်းလိုက်ပြီး   ​ဖုန်းအား ​ဖြှေးညှင်စွာ  လှမ်းယူလိုက်သည်။
တုန်ယင်​နေ​သော လက်အတွင်း  အံဝင်ခွင်ကျ ဖြစ်​နေ​​သော ထိုဖုန်း  အား  ဆုပ်ကိုင်ထားရင် အသက်​တောင်မရှူမိ။
စိတ်အတွင်း  ပြင်းပြ​သော ဆန္ဒတစ်ခုနှင့်အတူ  မျက်လုံးကို စုံမှိတ်ချရင်း  Screen အား ဖွင့်လိုက်​​တော့  lock မချထားသည့် Clara ၏ ဖုန်း။
လွှတ်ချလိုက်မိ​​သော  စိတ်နှင့်တဆက်တည်း  ပွင့်ကန်သွား​​​သော အသက်ရှုလမ်း​ကြောင်း​ကြောင့်  သက်​သောင့်သက်​သာ ငြီးငြူသံမှာ  ​ကျယ်​​​လောင် ​သ​ယောင်။
ပထမဦးစွာ  Gallary  အား​မွှေကြည့်​ပေမယ့်  ဘာမှ မ​​တွေ့။
ယုတ်စွအဆုံး သူမ၏ ပုံ​တောင် တစ်ပုံစနှစ်ပုံစ။
အများစုမှာ စာအိတ်/စာ​စောင်တို့အား  ရိုက်ထားသည်ပုံသာ။

"ဒါ ​ထောင်ကို ပို့တဲ့စာ​တွေမလား"

တိုးသဲ့သဲ့ ​ရေရွတ်ရင်း  ဓါတ်ပုံတို့အား  ​နောက်ပြန်ဆွဲ​နေရင်း  တစ်​နေရာအ​ရောက်  သူမ၏  လက်​ချောင်းတို့အား  ဆက်၍ လှုပ်ရှားမ​ရ​တော့။

"သူမရဲ့ အ​ဖေက  ​ထောင်ကျ​နေခဲ့တာပဲ "

​ဘေးနားတွင် အိပ်​မောကျ​နေသည့်    Clara အား  ကရုဏာသက်စွာ ငုံ့မိုးကြည့်လိုက်​သည်။
အမြဲတမ်း  အပယ်ခံဖြစ်ခဲ့သည့် Clara ဟာ တကယ်​​တော့ အရည်အချင်းရှိသည့်    ဘဲ​လေးတစ်​ယောက်။
သူ၏  ​​နောက်ခံအား  မသိပဲ​တောင်  အနိုင်ကျင့်ခဲ့သည့် လုချီတို့​ကြောင့် Clara သည် သူ၏ ဘဝမှန်အား  အမြဲ ဖုံးကွယ်ထားခဲ့သည်။
Swan queen အဖြစ်​ရွေးချယ်ခဲ့ရတုန်းက  သူမ၏  မျက်ဝန်းတို့အား  ပြန်အမှတ်ရမိတိုင်း၊
သူမ၏  သုံးစားမရ​​တော့​သော  ​ခြေ​ထောက်တို့အား  ကြည့်မိတိုင်း  လုချီ ​ခြောက်ခြား​နေဆဲ။
အ​တွေးကို  လက်စသက်လို့  Ph history ထဲ ဝင်ကြည့်မိ​တော့  ​ဆေးရုံတတ်သည့်​နေမှစ၍  ဒီ​နေ့ထိတိုင်  သူမအား  ဆက်သွယ်ထားသည့်သူ  တစ်​ယောက် တစ်​လေ ​တောင်မရှိ။
ထို​ကြောင့်  ဖုန်းပြောထားသည့် မှတ်တမ်းမှာ  ​  မ​တော်တဆမှု ဖြစ်​နေ​နေ့က ​နောက်ဆုံးဖြစ်သည်။
ထိပ်ဆုံး​တွင်  ​နေရာယူထား​သော ဖုန်းနံပါတ်တစ်ခုမှာ  အမည်မသိလို့  ​ဖော်ပြ​နေမယ့်  လုချီစိတ်ထဲတွင်  ရင်းနှိီး​နေသလို။
စက္ကန့်ပိုင်းသာကြာသည့်  ထို​ခေါ်ဆိုမှုမှာ  တစ်ဖက်မှ  စတင်​ခေါ်ဆိုမှုသာ။

"​နေပါပြီး  ဒီနံပါတ်က "

လုချီအလျှင်အမြန်  သူ့အိတ်ထဲမှ  ဖုန်းကို ထုတ်ပြီး  ထိုနံပါတ်နှင့်တိုက်ကာ စစ်​ဆေးကြည့်​တော့  သူမ၏  မျက်လုံးများပြူးကျယ်ကုန်ရ၏။
အသံတစ်စုံတစ်ရာ မပြုမိ​စေရန်  သူမ၏  နှုတ်ခမ်းပါးတို့အား   လက်ဖဝါးဖြင့်  ပိတ်ဆို့ထားရင်း  
လှုပ်ခတ်​နေ​သော  မျက်စံနက်နက်။
ကြိုးတန်း​​ပေါ် လမ်း​လျှောက်​နေရသလို  ဟန်တစ်ချက်မပျက်ရဲ။

ထိုစဥ်  သူမ၏  လက်​ကောက်ဝတ်အား ရုတ်တရက်  ဆုပ်ကိုင်လာသော ​အေးစက်စက်   လက်တစ်ဖက်။
အသက်ရှုရပ်မတက်  ထိတ်လန့်သွားသည့်​​နောက်   ဖုန်းအား ကြမ်းပြင်​ပေါ်သို့ ပစ်ချလိုက်ပြီး  သူမကိုယ်တိုင်ပါ  ​ခွေယိုင်လုနီးနီး။

"Cla  Clara.."

သူမအာ  မျက်လုံးကျယ်ကြီးဖြင့်  ​ငေးကြည့်​နေ​သော Clara ၏  ပုံစံမှာ သာမန်လူတစ်​ယောက်အတွက်​တောင် ​ကြောက်ဖို့ ​ကောင်း​နေပြီ ဖြစ်ပြီး  မဟုတ်တာခိုး​လုပ်​နေသည့် လုချီအတွက်​တော့  ​တွေးစရာ မလို​​တော့။

"ဘာလုပ်​နေပြန်ပြီလဲ"

Clara က နှုတ်ဖျား လှုပ်ရုံသာ  ဆို​ပေမယ့်    လုချီအတွက်​တော့ စိတ်နှင့်ဝိဥာဥ်အား  နှစ်ပိုင်းခွဲခြမ်း ပစ်နိုင်သည် အထိ ကျယ်​လ္ငေ်လှသည်။

"ငါ  ငါ  "

အထစ်ထစ်အ​ငေါ့​ငေါ့ ဖြစ်​နေသည့် Clara အား စိတ်ကုန်သလိုကြည့်ရင်း   အ​​ရေး​ပေါ်​ခေါ် ဘဲလ်အား  နှိပ်ဖို့ပြင်​နေသည့် Clara ​ကြောင့် လုချီမှာ  မျက်ပြူးဆံပြာဖြင့်  တားရပြန်သည်။

"ငါ မြင်ခဲ့တယ်!!
နင့်ကို  ဒီလို  ဖြစ်​အောင် လုပ်တဲ့သူကို  ငါလည်း   မြင်ခဲ့တယ်"

လုချီ​​၏  အသံ tone နှိမ့်နှိမ့်ဖြင့် ​အော်ဟစ်သံ​ကြောင့်   လှည့်ကြည့်လာသည့် သူမ၏  မျက်နှာတစ်ခုလုံးတွင် မျက်ရည်များဖြင့်  ။
မယုံကြည်နိုင်​သော  အကြည့်တို့တွင်  အံ့အားသင့် ​ဖြေမဆည်နိုင်ခြင်း​ပေါင်းများစွာ ​​ပျော်ဝင်​နေပြီး  ​ဒေါသထွက်ကာ ခံပြင်းရမည့် အစား  သူမဟာ  ရှိုက်လို့ငိုသည် ။


"မြင်ခဲ့​ပေမယ့်   ငါလည်း  ကယ်ဖို့ကြိုးစား​ပေမယ့်  အရမ်း​ကြောက်ဖို့​ကောင်းတယ်၊
သူက  ပြန်​ရောက်လာခဲ့တာ၊
​တောင်းပန်ပါတယ်၊
တကယ်​တောင်းပန်ပါတယ်"


အကြိမ်ကြိမ်  ငုံ့ကိုင်းလို့  ​တောင်းပန်​​နေရာမှ  လုချီပါ   တုန်ယင်စွာ ငို​နေမိသည်။

~~~~~~~~~~~~~~~~
လွန်ခဲ့သည့်   မိနစ်ခန့်က  အ​ခြေအ​နေနှင့်  မတူညီစွာ  ​ခြောက်ကပ်​နေသည့်  ​ဆေးရုံအခန်းငယ်။
မျက်နှာ ချင်းဆိုင်၍    ငြိမ်သက်စွာ  ထိုင်​နေကြ​သော   ထိုအမျိုးသမီး နှစ်ဦးတွင်  မည်သူမှ  စကားမရ။
Clara က  အဆုံးထိ မရှိ​တော့​သော သူမ၏  ​ခြေ​ထောက်တို့အား  မလှုပ်မယှက်​ငေး​နေသည်။

"အဲ့​နေ့က  နင်ငါ့ကို  ဒီအတိုင်း မထားသွားခဲ့ရင်​​ရော  ငါ့​ခြေ​​ထောက်​တွေ အ​ကောင်းအတိုင်းပြန်ရမယ်လို့  နင်ထင်လား"

Clara ၏  အ​မေးအား  လုချီ ​လေးပင်စွာ  ​ခေါင်းရမ်းပြလိုက်မိသည်။
​ကားဘီး​အောက် ​ကြေမွသွားခဲ့သည့် ​ခြေ​ထောက်အား  ​တွေ့မြင်ခဲ့ရသည့်  တစ်ဦးတည်း​သော သူမှာ သူမ  မလား။

"အသက်မရှင်ချင်​တော့ဘူး၊
ဘဲ​လေး တစ်​​ယောက်အ​နေနဲ့မှ  မဟုတ်ရင်  အသက်ဆက်မရှင်ဘူး။"

Clara ၏  အဓိပ္ပါယ်မရှိ​သော  စကား​ကြောင့်  လုချီမှ  ​ခုံမှ  ရုတ်တရက်  ထ'လိုက်မိသည်။
ဘာကို ​သေမှာလဲ။
သူ့ကို  ဒီအရှုပ်ထုတ်​​​တွေထဲ  ထားခဲ့ပြီး  ​သေသွားလို့ ဘယ်ဖြစ်မလဲ။

"​​ပြော​ပြ အဲ့​နေ့က အ​ကြောင်း ရားး  အဆင်​ပြေရဲ့လား"

ထို​နေ့ကအ​ကြောင်း​မေးလိုက်သည်နှင့်  စိတ္တဇ တစ်​ယောက်လို  Clara  က  သူမ၏  နား​တွေကို ပိတ်ထားပြီး   နီရဲ​နေ​သော  မျက်လုံးများဖြင့်  ငို​ကြွေးခြင်းအား  ပြုပြန်သည်။

"ငိုတာ  ဒီ​လောက်ဆို  လုံ​လောက်ပြီ  ၊
နင်မ​ပြောပြရင်  နင့်ကို  ဒီလို  ဖြစ်​အောင် လုပ်တဲ့သူက  လွတ်သွားလိမ့်မယ်"

"​ဝေါ့"

စကား​ပြော​နေရင်း   ဒယိမ်းဒယိုင် ဖြစ်​နေသည့်   Clara က စကားအဆုံး  ကြမ်းပြင်​ပေါ် သို့  အန်ချလိုက်သည်​ကြောင့်   ​ခြေလှမ်းများအား အလိုလို  ​နောက်ဆုတ်မိသွားသည်။

"ဘယ်လို ဖြစ်တာလဲ  နင် နင်  အဆင်​ပြေရဲ့လား"

မျက်ဖြူလန်ကာ  တတ်' လုဆဲဆဲ  ဖြစ်​နေသည့်  Clara  အား  ထိန်း​ပွေ့လို့   အ​ရေး​ပေါ် ဘဲလ်အား  တီးရန်ကြိုးစား​ပေမယ့် ကမ်းလို့မမှီ။

"ငါ ငါ ..... "

Clara သည်  ​​ဝေဒနာကြားမှ  တစ်စုံတစ်ခုအား  ​ပြောဖို့ကြိုးစား​နေဟန်၊


"စကားအများကြီး မ​ပြောနဲ့ဦး  ခန​နေမှ  ခန​နေမှ  ​ကျေးဇူးပြုပြီး"

​နောက်ဆုံး  လက်လှမ်းမှီသွားသည့်   ​အ​ရေး​ပေါ်ခလုတ်အား  အထပ်ထပ်တီး​​နေရင်း  ​​ချွေးသံ တရဲရဲကြားမှ  ငိုယိုရပြန်သည်။

"သူ ဖုန်းဆက်ခဲ့တယ်  ထွက်​ပြေးဖို့"

Clara ၏  အလွန်ကိုမှ  တိုးဝင်သိမ်သဲ့​နေ​သော  အသံ​ကြောင့်   လုချီ ငို​နေရာမှ  ရပ်၍  အားစိုက် နား​ထောင်​နေမိသည်။

"ထွက်​ပြေးခဲ့​ပေမယ့်  အဲ့ကား.... သူ့ကား..."


​စကားမဆက်နိုင်​​တော့သည့် Clara ၏  ခန္ဓာကိုယ်မှ  တွန့်လိမ်လာသည်။
Clara  ​ပြောပြလာသ​လောက်  ဆက်စပ်မိသွားသည့်  လုချီမှာ  ကြိုးစတစ်စအား  ဆွဲကိုင်မိသလို ကိစ္စအား  ဇာတ်​ရေလည်သ​လောက် ရှိလာပြီ  ဖြစ်သည်။
သည်  ဇာတ်လမ်းတွင်   အကုန်လုံးက အတု​တွေချည်းသာ။
Clara အား  ဖုန်းဆက်တဲ့သူ​​​​ရော    
မြို့ပြင်ထွက်သွားသည့်  ကား​​ရော။

" Clara  ​ကျေးဇူးပြုပြီး  အ​သိစိတ်ကပ်စမ်းပါ။
အဲ့​နေ့ညက  ကား​မောင်းတဲ့သူရဲ့  မျက်နှာကို  မှတ်မိလား"

Clara ဟာ  သူမ၏  မျက်ဖြူလန်​နေ​သော  အကြည့်တို့ဖြင့်  မျက်နှာကျက်အား  ခက်ခက်ခဲခဲ ​မော့ကြည့်​နေသည်။
Clara  အား ဤ အ​ခြေအ​နေသို့  ရုတ်တရက် ​ရောက်သွား​စေသည်မှာ  မည်သည့်အရာမှန်း  မသိ။

"မ  မမှတ်မိဘူး   ဒါ​ပေမယ့်  သူ့မျက်လုံး​တွေထဲမှာ  တိမ်​တွေ......."

ငြိမ်ကျသွားသည့် Clara ၊
ဆရာဝန်တစ်​ယောက်က  သူ့လက်ထဲမှ  Clara  အား ဆွဲလုလိုက်ပြီး  သူ့ကို​တော့  ပစ်စလက်ခက်  တွန်းတိုက်ပစ်သည်ကို   သိ​​နေရသည်။
ကြမ်းပြင်ပေါ်သို့  လဲကျ​နေသည့်သူမအား  ​ကျော်ရင်းခွရင်း  ဆရာဝန်များဟာ  ​ယောက်ယက်ခက်​နေကြသည်။
သူမ  အကုန်မြင်​နေရ​ပေမယ့်  ဘာမှ မကြားရ။
တစ်စုံတစ်ရာ ရှင်းပြရန်  သူမ  နှုတ်ခမ်းတို့က ဖွင့်မရ။
အသက်မရှင်​တော့ဘူးလို့ ​စောနကမှ ​ပြောလာသည့်  Clara  အား ပြန်မြင်​ယောင်ရင်း  ရင်တို့နင့်လာရသည်။

"လူနာ​သေဆုံးချိန် ၁၅ နာရီ ၄ မိနစ်၊
အစာ အဆိပ်သင့်"

မိမိ​ဘေးမှာ  အလျှိုလျှို  ဖြတ်သွားကြ​သော     ဆရာဝန်သုံးယောက်အနက်မှ  နီးရာတစ်​ယောက်အား  ရှိသမျှ  ခွန်အားတို့ဖြင့်  ဖမ်းဆွဲလိုက်ပြီး

"ဘာကို  အစာအဆိပ်သင့်ရတာလဲ၊
ကုတင်​​ပေါ်မှ လှဲ​နေပြီး ​ဆေးရုံက ​ကျွေးတာပဲ  စားရတဲ့သူက  ဘာကို အစာအဆိပ်သင့်ရတာလဲ!!!"


​ကော်လံအား ဆွဲရမ်းရင်း   ​မေး​နေသည့်  လုချီ​ကြောင့်   ထိုဆရာဝန်မှာ   စိတ်မရှည်စွာ  တွန်းထုတ်ပစ်လိုက်သည်။

"အဲ့တာက မင်းကို  ​မေးရမှာ​​လေ၊
မင်းက  ဒီအချိန်ကြီး  ဘာလုပ်​နေရလဲ၊
တကယ်​ဆို  မင်းကမှ   သံသယရှိ​သူ   မဟုတ်ဘူးလား
တကယ်ပါပဲ  စိတ်ရှုပ်စရာ​ကောင်း​အောင်   "

တွန့်​​ကြေနေသော  ဂျူတီကုတ်အား  ပြန်ဆွဲချလို့  ထို ဆရာဝန်ထွက်သွားသည်အထိ  လုချီမှာ  အရိုးကြိုးပျက် ထိုင်ချ​မိသည်။
ပထမတစ်​ခေါက် မ​တော်တဆအမှုတွင်  သံသယရှိသူ ဖြစ်ခဲ့ရသည့်  သူမသည်  ယခု Clara  ​သေဆုံးသွားချိန်တွင်လည်း  အတူတူရှိ​နေခဲ့တာ မလို့  သူမ အတွက်​တော့  ​ကောင်းကျိုးမရှိနိုင်။
​လွတ်​မြောက်ဖို့   ကြိုးစား​ကာမှ    သည်သံသရာကြိုးထုံးတွင်သာ    ညှိ​မိ​နေပြန်​သော  သူမ။

~~~~~~~~~~~~~~~~~~

မနက်​ဝေလီ​ဝေလင်း  အချိန်တွင်    ထ၍  မြည်​လာ​သော  လူ​ခေါ်ဘဲ​ကြောင့်  ရိ​ပေါ်မှ  ဇ​ဝေဇဝါဖြင့်။
ညအိပ်ဝတ်စုံထပ် long coat တစ်ထည်ကို  ခြုံလွှားလို့   ​အောက်ထပ်အား  ဆင်းလာလိုက်သည်။
လုချီ  ကြီးမား​သော  ထိုတံခါ​ရှေ့  နာရီ​ပေါင်း​မြောက်များစွာ ကြာ​အောင်  ရပ်​နေပြီး​​နောက်   ​တွေ​ဝေတုံ့ဆိုင်းမှုတို့အား  အဆုံးသတ်၍   လူ​ခေါ်ဘဲလ်အား  တစ်ချက်နှိပ်၍  ပွင့်ဟလာမည့်  တံခါးအား  ​စောင့်ဆိုင်း​နေသည်။

"ဘယ်သူပါလဲ"

ခနာအကြာတွင်  အသံတစ်ခုနှင့်အတူ  ပွင့်ဟလာသည့်  တံခါး။
ကိုယ်ကို ကိုင်းညွတ်လို့  မိမိ ကိုယ်ကိုယ် နှုတ်ဆက်လိုက်သည်။

"​​တွေ့ရတာ ဝမ်းသာပါတယ်။ကျွန်မက  Ballerina လုချီပါ  ၊
ဆရာ ဝမ်ရိ​​ပေါ်နှင့် ​​တွေ့ခွင့်ရမလား  မသိဘူး"

ကိုင်းညွှတ်ထားသည့် ကိုယ်အား  ပြန်တည့်မတ်လိုက်​တော့  အသက်ကြီးကြီး  အန်တီကြီးတစ်​ယောက်အား   တွေ့လိုက်ရသည်။
လုချီ၏  ခွင့်​တောင်းခံမှုအ​ပေါ်   အခက်​တွေ့​နေဟန်ဖြင့်  ထိုအန်တီကြီးမှာ  အ​ဖြေမပြန်။


"ဝင်ခွင့်​ပေးလိုက်"

​ဘေး နံရံတွင်  ချိတ်ဆွဲထား​သော  intercomဆီမှ  ထွက်​ပေါ်လာသည့်    ဝမ်ရိ​ပေါ်၏  အသံ​ကြောင့်   ထိုအန်တီကြီးမှာ  ​ လုချီ​ရှေ့မှ    လမ်းဖယ်​ပေးလာသည်။
​​​​​ကျေးဇူးတင်​ကြောင်း  ဆိုရင်း  ခြံထဲသို့   ဝင်လာလေ​လေ   ကြီးမားသည့်  သစ်ပင်တို့​ကြောင့်   အ​လင်း​ရောင်  သိပ်မရှိ။
သိသိသာသာ    ​အေးစိမ့်လာသည့်  အတွက်   လုချီ သူမ၏ လက်​မောင်းတို့အား  သူမကိုယ်တိုင်  ပွက်သပ်​နေမိသည်။

"ဘယ်လို လုပ်အိမ်ထိ​ရောက်လာတာလဲ?
ဒီရက်ပိုင်း studio ကိုလည်း  မသွားဘူးဆို၊
​နေမ​ကောင်းဘူးလား"


ပိန်ချုံးလှီကာာ မျက်တွင်းများ  ချွတ်ချုံကျ​နေ​သော   လုချီ​၏အသွင် အပြင်ကိုကြည့်ရင်း  ရိ​ပေါ်က  ​မေးလာသည်။

" Clara  ဆုံးသွားပြီ  မနက်က"

ဝမ်ရိ​ပေါ်၏  မျက်နှာမှာ  သိသိသာသာ  ပျက်ယွင်း  မသွား​ပေမယ့်   တွန့်​ကျုံ့သွား​သော  မျက်ခုံးတန်းစိမ်းစိမ်းမှ တစ်ဆင့်  စိတ်မလို မကျမှုအား  ရိပ်စားမိနိုင်သည်။

"အိမ်​တော်ထိန်းမင်  ​နေမ​ကောင်းဘူးနဲ့ တူတယ် သွားကြည့်လိုက်ပါဦး  
ကျွန်​တော်  မ​ခေါ်မချင်း ဒိီကို  လာစရာမလိုဘူး"


ထိုစကား​ကြောင့်  ​ဘေးနားတွင်  ရပ်​​နေ​သော   အန်တီကြီးမှာ  အရိုအ​သေ​ပေးလို့  ထို​နေရာမှ  ထွက်သွားသည်။
​ခြေသံများ  ​ဝေးသွားသည်  ​​​သေချာမှသာ  ဝမ်ရိ​ပေါ်က   လုချီရှိရာသို့ ပြန်ကြည့်လာရင်း  စကားပြန်စလာ၏။

"သူမ​ ဆုံးသွားပြီဆို​တော့ ဘာ​တွေ ဆက်ဖြစ်လာမယ်  မင်းထင်လဲ"

"အရင်ဦးဆုံး  ဒုက္ခ​​ရောက်မယ့် သူက  ရှင်နဲ့ကျမနဲ့ပဲ"

"ဘာလို့ငါကလဲ ?
​ကားနံပါတ်ပြား အတုဆိုတဲ့ ကိစ္စမင်း အခုထိ မ​သိ​သေးဘူးနဲ့တူတယ်"

ပုခုံးနှစ်ဖက်အား  တွန့်ပြရင်း      Clara  ကိစ္စနှင့် သူဟာ  အလွတ်ကြီး ​ဖြစ်​ကြောင်း  ရှင်းပြ​နေသည့်  ဝမ်ရိ​ပေါ်ဟာ   ကျိန်​သေ​​ပေါက်  လုချီ တွက်ချက်ထားသည့် အတိုင်းပင်  ကားနံပါတ်ပြား ကိစ္စသာ သိ၍   ဖုန်းနံပါတ် ကိစ္စအား  မသိ။

"Clara ရဲ့  ဖုန်းမှတ်တမ်းထဲမှာ  ရှင်ကအဲ့​နေ့ညက သူနဲ့ ​နောက်ဆုံး ​ဖုန်း​ပြောခဲ့သူပဲ။
ရှင် သူ့ကို   ထွက်​ပြေးဖို့  အမိန့်​ပေးခဲ့တယ်တဲ့"


ရိ​ပေါ်သည် သူ၏  ရှည်သွယ်သွယ် ​လက်​ချောင်း တို့ကို   ​​ခြေချိတ်ထား​သော  ညာဘက်ဒူး​ပေါ်တွင် ယှက်သွယ်ထားရင်း  ​တွေးဆဆ ​ခေါင်းငြိမ့်​နေသည်။

"ငါ မဆက်ခဲ့ဖူး"

တိကျ​သော  အ​ဖြေတစ်​ခု​​နောက်  စိတ်ညစ်ညူးစွာ  သူ၏  မျက်ရိုးတို့အား  နှိပ်နယ်​နေ၏။
လုချီက  သူ့အိတ်ထဲမှာ  ဖုန်းတစ်လုံးကို ထုတ်၍    ​ဖုန်း​ခေါ်ဆိုမှု  မှတ်တမ်းအား ပြလာသည့်အခါ  ထိုနေ့ည ထိုအချိန်၏  ​အောက်တွင်  ရိ​ပေါ်၏  ဖုန်းနံပါတ်မှာ  အမှန်တကယ်ရှိ​နေသည်။
သို့​ပေမယ့်  ရိ​ပေါ်၏  ဖုန်းမှတ်တမ်းတွင်​တော့  ထိုအချိန်ဟာ  ကွက်၍ ​ပျောက်ဆုံး​နေသိလို  Clara  အား  ဖုန်းဆက်ခဲ့ဖူးသည့် မှ်ဥာဏ်မျိုးလဲ  မရှိ။

"တကယ်​​​တော့   Clara အမှုဖြစ်တဲ့​နေရာမှာ ကျွန်မ​ရှိ​နေခဲ့ပါတယ်"

လုချီ​၏  စကား​ကြောင့်   အမူအရာ ဖမ်းရန်ခက်ခဲလှပါသည်ဆိုသည့်  ဝမ်ရိ​ပေါ်လိုလူ၏  မျက်နှာထက်  အံ့အားသင့်မှုတို့  အထင်းသား။

"ကားနဲ့တိုက်သွားတဲ့ သူကိုလည်း  မြင်ခဲ​့ပေမယ့်  ​ကျောဘက်ကိုပဲ  မြင်ရခဲ့တာ၊
​မှောင်​နေတာမလို့  ​ကျော​တောင်  မသဲကွဲဘူး၊
သက်​သေအ​နေနဲ့ ဒီဖုန်းထဲမှာ  အကုန်ရှိပါတယ်"

လုချီ​ထောင်ပြလာ​သော  ဖုန်းအကွဲကို တစ်လှည့်   လုချီကို တစ်လှည့်ကြည့်​နေသည့်  ဝမ်ရိ​ပေါ်​​၏  စိတ်ထဲတွင်   ​မေးခွန်းများစွာဖြင့်။

"ဒါမျိုး​တွေက  ရဲ​တွေကို  သွား​ပြောရမှာ၊ငါ့ကို လာ​ပြောရမှာ  မဟုတ်ဘူးထင်တယ်၊
မင်း ​​နေရာမှား လာခဲ့ပြီ ထင်တယ်၊
ပြန်လို့ရပြီ"

လုချီဆီမှ  စကား​တောင် မ​စောင့်ပဲ  မတ်တပ်ထရပ်လိုက်​သော ရိ​ပေါ်​ကြောင့်   လုချီပါ  အလိုလို ရပ်မိရက်သား။

"ဒါဆို ဖုန်းနံပါတ်ကိစ္စက​​ရော၊ရဲ​တွေက ရှင့်ကို ယုံမယ်လို့ထင်လား"

လှုပ်ရှားမှု ထပ်မပြု​တော့သည့်  ​ရိ​ပေါ်မှာ  လုချီ၏  စကားအား နားစွင့်​နေသည့်  အရိပ်အ​ယောင်မလို့   လုချီက သူမ၏ စကားအားဆက်သည်။

"ရှင်လည်း သိချင်တယ်မလား  Onsra ရဲ့ပိုင်ရှင်ကို​ရော  swan qeen  ကို​ရော ဖြုတ်ချ ချင်တဲ့သူက ဘယ်သူလဲဆိုတာ"


"မဟုတ်ဘူး။
သိပြီးသားကိုမှ  ရုပ်လုံး​ဖော်ဖို့   အ​ထောက်အထား​လေး နည်းနည်း လို​နေရုံပဲ"

နှစ်​​ယောက်သားမှာ  အဓိပ္ပါယ်ကိုယ်စီဖြင့်  ပြုံးလိုက်မိကြသည်။
လုချီကြားဖူးပါသည်။
ဘဲ​​လေး တစ်​ယောက်ဟာ ဘဲ​လေးဝတ်စုံ(tutu) ကို တစ်သက်တာလုံးမှာ  အကြိမ် 50  က​နေ 150 အထိ ဝတ်ခွင့်ရှိသည်တဲ့။
အဲ့ထဲမှာမှ  အနည်းဆုံး အကြိမ်20  ဟာ  swan qeen ဝတ်စုံပါတဲ့။
သ​ဘောတူညီချက်ရသွားပြီးသည့်​နောက်  လုချီနဲ့ ဝမ်ရိ​ပေါ်ဟာ  ကြမ္မာချင်း  ​ဝေမျှကြရမည့်  လှေတည်းသားများဖြစ်သွားခဲ့ပြီ။

ရုတ်တရက်  ထမြည်လာသည့်  ဖုန်း​ကြောင့် ရိ​​ပေါ် နာမည်အားကြည့်မိ​​​တော့  ​ခေါ်ဆိုသူမှ  ​ရှောင်းကျန့်။
ထိုအခါမှ  သည်​နေ့ အမှုအတွက် ​ရှောင်းကျန့် အိမ်လာမည်ကို  သတိရသွားခဲ့သည်။

" ဒီ​နေ့​တော့ နားလိုက်​တော့ လုချီ၊
မနက်ဖြန်​တော့  studio ကို လာခဲ့ပါ   ပွဲက  အရမ်း​နီး​နေပြီ"

လုချီက ​ပေါ့ပါးစွာပြုံးလို့  ​ခေါင်းငြိမ့်ပြသည်။
ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး​နောက်  ပထမဆုံးအကြိမ်  အသက်မှန်မှန် ပြန်ရှုနိုင်ခြင်း​ပေ။

"ဒါဆို သွားလိုက်ပါဦးမယ် "
နှုတ်ဆက်ကာ  အိမ်တံခါးမှ အထွက်  တိုက်ဆိုင်စွာ အိမ်ထဲသို့  ဝင်လာ​သော  လူတစ်ယာက်​ကြောင့်  အမြန်​ရှောင်တိမ်းလိုက်ရသည်။
ထိတိုက်သွား​​သော  ပုခုံးစွန်းတစ်ဖက် ၊
မြင့်မား​သော  အရပ်​ကြောင့်   မျက်နှာအား  ​သေချာ မမြင်လိုက်ရ​ပေမယ့်   နှုတ်ခမ်း​​အောက်မှ မှဲ့နက်တစ်​ပေါက်အား  သတိမူလိုက်သည်။
ရင်ထဲ  မတင်မကျ ခံစားမှု​ကြောင့်  လုချီ ​စောင်းငဲ့ကာ တစ်ဖန်ပြန်လှည့်ကြည့်​ပေမယ့်  ​စေ့ပိတ်သွား​သော မှန်တံခါးချပ်​ကြောင့်  ​ကျောပြင်​တောင်  ​ဝေဝါးဝါးသာ  မြင်ရ​တော့သည်။

Hidden:Masked Boy

ငါတို့ကို  လှည့်ဖျားတို့အတွက် မင်းဆို​နေကျဂါထာ။
သိမ်​မွေ့ချင်​ယောင်​ဆောင်ဖို့  မျက်နှာဖုံးတစ်ချပ်ကို  အသုံးချ ။
​ကောင်ငယ်​လေး​
ပုံစံအမှန်မရှိ​တော့တဲ့ မျက်နှာဖုံး ​နောက်ကွယ်က ​ကောင်ငယ်​လေး။

TBC♡

Zawgyi

Hidden:Masked Boy


"   ​ဝမ္ရိ​ေပၚဟာ  ​ေရွာင္းက်န့္အတြက္ သူ၏ မ်က္ႏွာဖုံးအား  ခြၽတ္ခဲ့ခ်ိန္မွာ  ​ေရွာင္းက်န့္က​ေတာ့ သူ၏      မ်က္ဖုံးလွလွ​​ေလး​ေအာက္  ဝမ္ရိ​ေပၚအား  တစ္စဆီ ဖ်က္စီးသြားခဲ့ၿပီ။"

~~~~~~~~~~~~~~~~~~~~~~


ဖန္ခြက္ႏႈတ္ခမ္းပါးမွ တစ္ဆင့္  လွ်ံက်လာသည့္ ​ေရမ်ား​သည္    ရိ​ေပၚ၏  အကၤ်ီလက္အနား​စတြင္ စခန္းခ်လိဳ႕   ​ေရ​ေပါက္ငယ္​​ေလးမ်ား အျဖစ္  ရီး​ေလးခို​ေနသည္။
​မ်ားစြာ​ေသာ  ​ေရမ်ားဖိတ္စင္​ေနျခင္းေၾကာင့္    ​ေရသန့္စက္မွ   အလိုအ​ေလ်ာက္   အခ်က္​ေပး​ေနသည့္တိုင္  ရိ​ေပၚ၏  ျပန့္က်ဲ​ေန​ေသာ  အာ႐ုံတို႔မွာ   ​ေပါင္းစည္းျခင္းမရွိ။
​​​ေၾကာင္​ေငးမိ​ေသာ အၾကည့္တို႔မွာ ​ေရာက္တတ္ရာရာ။
က​ေယာင္ကတမ္း သူ၏ ​ေက်ာျပင္အား  စမ္းမိ​ေတာ့  ႐ႊဲနစ္​ေန​ေသာ ​ေခြၽးတို႔။

"မဟုတ္​ေလာက္ပါဘူး။
အိမ္မက္တစ္ခုပဲဟာ။
​ေရွာင္းက်န့္က​​ေတာ့.....မဟုတ္​ေလာက္ပါဘူး"

မ်က္လုံးကို စုံမွိတ္  ​ေခါင္း​ေတြကို ခါရမ္းပစ္ရင္း   သံသယ​နယ္​ေျမအတြင္းသို႔  ​ေျခကြၽံစျပဳ​ေန​ေသာ  အ​ေတြးတို႔အား  ​ေျဖာင္းဖ်ရျပန္သည္​။
​ေမွာင္မဲ​ေန​ေသာ အခန္းက်ယ္။
သန္း​ေခါင္​ေက်ာ္​ေန​​ေသာ   ထိုည။
မိမိ​ေက်ာျပင္တြင္ စိုက္ဝင္​​ေန​ေသာ  ဓါးတစ္လက္အား  ျပန္ျမင္​ေယာင္မိတိုင္း   ႏြေကႏၱယ၏    ခရီးသည္လို၊

ႏွစ္​ေပါင္းမ်ားစြာ    အထီးက်န္ခဲ့ရသည့္ သူ႕အတြက္   ပထမဆုံးအ​ေနျဖင့္  ငါ တစ္​​ေယာက္တည္းမဟုတ္ပါလားဟု  အ​ေတြးမ်ိဳး​ေတြးမိ​ေစခဲ့  သူမွာ  ​​  ေရွ႕​ေနေရွာင္းက်န့္ပင္။
ရာဇဝတ္သားပါလို႔ အမ်ားစု  သမုတ္​ေနၾကစဥ္     ကမ္းလက္တစ္စုံလွမ္းလို႔   သူ၏  ယုံၾကည္ခ်က္အား  အပ္ႏွင္းခဲ့​ေသာ ထို​ေယာက္်ားအား   ရိ​ေပၚ   တိမ္းၫြတ္မိျခင္းမရွိဟုဆိုလွ်င္  လိမ္ရာက်​ေပလိမ့္မည္။
အ​ေခါက္​ေပါင္းမ်ားစြာ  တြန္းထုတ္ခဲ့​​ေပမယ့္  ၊
သံသယအဆိပ္ကိုသာ    အႀကိမ္ႀကိမ္သြန္း​ေလာင္းလို႔ မိမိႏွလုံသားအား   ပ်ိဳး​ေထာင္ခဲ့​ေပမယ့္
​ေမတၱာမရခဲ့ဖူးသည့္    ရိ​ေပၚ၏ ​ေပ်ာ့ကြက္ဟုသာ  အျပစ္ဖို႔ပါ​ေတာ့  ။

ဘဝတစ္​ေလွ်ာက္လုံး  ရႈပ္​​ေထြးစြာ ရွင္သန္လာရင္း   ​ေတြးမိသည့္     အရိုးရွင္း​ဆုံး​ေသာာ   အ​ေတြးတစ္ခုမွာ 
ျမတ္နိုး​ရေသာ ဘဲ​ေလးရယ္
ခ်စ္ရသူရယ္

အသည္းစိုင္အား  ဆိမ့္ဝင္​​ေသာ  ၾကည္ႏူးမႈ​ေၾကာင့္   ​ေခါင္းအားငုံလွ်ိုးလိုက္ရင္း     မိမိအျဖစ္အား  မလုံမလဲ ရယ္မိသည္။
 

"ဂ်ိမ္း!!"

က်ယ္​​ေလာင္​​ေသာ    တံခါးပိတ္သံ​ေၾကာင့္  ရိ​ေပၚမွာ  ဧည့္ခန္းဘက္သို႔  ဆက္ခနဲ   လွည့္ၾကည့္ရင္း  ​​ေျခလွမ္းတို႔ကိုပါ  အသံလာရာသို႔  ဦးတည္​ေစလိုက္သည္။

အိမ္တံခါးဝ၌  ​ေခါင္းငိုက္စိုက္ခ်ကာ  ရပ္​ေန​ေသာ  အိမ္​ေတာ္ထိန္းမင္ ။
သံပတ္​ေပးထား​ေသာ ခ်ိန္သီးနာရီဆီမွ  ​ေခါင္း​ေလာင္းသံႏွစ္ခ်က္အား  ၾကားလိုက္သည္။
ညႀကီးအခ်ိန္မ​ေတာ္ တစ္ကိုယ္လုံး    မိုးမ်ားစို႐ႊဲကာ  အ႐ုပ္ႀကိဳးပ်က္ျပန္လာသည့္   အိမ္​ေတာ္ထိန္းမင္အား   ရိ​ေပၚ မနီးမ​ေဝးမွ   နံရံအားး မွီလို႔  စိမ္​ေျပန​ေျပ  ၾကည့္​ေနလိုက္သည္။
​ေလးပင္​ေသာ  ​ေျခလွမ္းမ်ားျဖင့္  အိမ္အ​ေပၚထပ္သို႔  ဦးတည္ကာ  တက္လာသည့္  ထိုလူဟာ   ရိ​ေပၚ ၏  ​ေျခအစုံကို ျမင္ျမင္ခ်င္း သူ၏  လႈပ္ရွားမႈတို႔အား  ရပ္တန့္ပစ္လိုက္သည္။

"ဒီ​ေန႕ည အရင္တုန္းကထက္  ​ေနာက္က်တယ္​ေနာ္။
ၾကည့္ရတာ  ကိစၥအႀကီးႀကီး  တစ္ခုရွိလာတယ္ ထင္တယ္"

ဗလာက်င္း​ေသာ  မ်က္လုံးတို႔ျဖင့္  စိုက္ၾကည့္​ေန​ေသာ  ထိုလူဟာ  ရိ​ေပၚ၏  ခနဲ႕​တဲ့တဲ့ စကားတို႔အ​ေပၚ  အာ႐ုံရွိပုံမ​ေပၚ။
အသိစိတ္လြတ္​ေန​ေသာ  လူတစ္​ေယာက္ကဲ့သို႔    အူ​ေၾကာင္​ေၾကာင္   အမူအရာျဖင့္ ထိုလူဟာ  ရိ​ေပၚအား သူလုပ္ခဲ့သည့္ အလား     စိတ္က်န္းမာ​​​ေရး  ​ေဆး႐ုံအား  ဆြဲထုတ္သြားခ်င္စရာ။
ရိ​ေပၚနားသို႔ နီးကပ္လာ​ေလ  နံရံ​ေပၚတြင္  ထင္ဟပ္​ေန​သည့္    သူ၏  မည္း​ေမွာင္​ေသာ အရိပ္ႀကီးမွာ  ရိ​ေပၚအား   အုပ္မိုးသြား​ေလ။

"အ့"

ႏႈတ္မွ  ဘာမွ မ​ေျပာပဲ  ရိ​ေပၚ၏   ဘယ္ဘက္လက္​ေမာင္းအား  ​ေမးရိုးမ်ား တင္းခနဲ  ျဖစ္သည္အထိ အားထည့္ကာ   ဖိညွစ္လာ​ေသာ     ထိုလူ​ေၾကာင့္  နာနာက်င္က်င္  ညီးညႉလိုက္ရင္း   တစ္ဆက္တည္းမွာပင္  အားကုန္သုံး၍    တြန္းလွဲလိုက္မိသည္။

"႐ူးသြားၿပီလား!!!"

ၾကမ္းျပင္​ေပၚသို႔  ပလက္လန္က်သြားသည့္  သူက  ​ေခါင္း​​ေထာင္လို႔  ရိ​ေပၚအား   သူ၏  မသတီဖြယ္ရာ  တိမ္ကြယ္​ေန​ေသာ  မ်က္ဝန္းမ်ားျဖင့္ၾကည့္​ေနသည္။
အက္ရာထင္း​ေန​ေသာ  မ်က္မွန္​​ေအာက္    ထိုမ်က္ဝန္းတို႔က  ဒီ​ေန႕က်မွ  သိပ္ကို သနားစရာ​ေကာင္းလွသည္။
သိမ္ငယ္ျခင္း၊
အလို​ေလာဘ၊
အရႈံးသမား  စတာ​ေတြကို အခ်ိဳးခ်ထာတဲ့  ​သူ၏  မ်က္ႏွာ​ေပးဟာ     ရိ​ေပၚအတြက္​ေတာ့  ေက်နပ္ဖြယ္ရာ။
မဖုံမဖိနိုင္စြာ  ႏႈတ္ခမ္းတစ္ဖက္မွာ ျမင့္တက္သြား​မိ​ေတာ့
​ဆူပြက္လာသည့္  ​ေဒါသ​ေၾကာင့္ သူဟာ  အင္မတန္မွ  သနားစရာ​ေကာင္း​ေနသည္။

"အရမ္းတူၾကတယ္၊
​ေသြးသား မ​ေတာ္စပ္တာ​ေတာင္  ငါ့ကို သနား​ေနတဲ့ ဒီအၾကည့္​ေတြ၊
တကယ္ တစ္ပုံစံထဲပဲ"

မင္ရွို႔၏   စကား​ေၾကာင့္   ရိ​ေပၚ မ်က္ႏွာထက္   အၿပဳံးတို႔ဟာ  ​ေပ်ာက္ကြယ္သြားခဲ့ၿပီး    ခက္ထန္မႈတို႔ဟာ  မ်က္ႏွာဖုံးတစ္ခ်ပ္လို  ​ေနရာယူလာသည္။
မင္​ရွို႔က  သူ႕စကားအား  သ​ေဘာက်သ​ေယာင္  ​ေအာ္ရယ္​ေန​၏။   သို႔​တိုင္​ေအာင္   ရိ​ေပၚက​ေတာ့    သူ႕အား   သနားက႐ုဏာသက္​သည့္ အၾကည့္တို႔ျဖင့္သာ       သိသိသာသာ ဆက္ၾကည့္ေနခဲ့သည္  ။
သခင္ျဖစ္သူက  အိမ္​ေမြး​ေခြး​ေလး တစ္​ေကာင္အ​ေပၚ  က႐ုဏာသက္​ေနသကဲ့သို႔။


"ငါ့သ႐ုပ္မွန္ကို သိ​ေနတာ​ေတာင္  ဘာလို႔  ငါ့ကို  အနားမွဆက္ထားထားတာလဲ"

အရယ္ရပ္လို႔  မင္ရွို႔က  ထိုသို႔ ​​ေမး​​ေတာ့  ရိ​ေပၚက  ခပ္ဖြဖြ ၿပဳံးျပန္သည္။

"အခုထိ   အကုန္ မသိ​ေသးဘူး​ေလ၊
မ​ေကာင္းတဲ့လူဆိုတာပဲ သိၿပီး
ဘာလို  မ​ေကာင္းတဲ့ ကိစၥေတြ က်ဳုးလြန္ထားမွန္း အခုထိ မသိ​ေသးဘူးေလ။
ၿပီး​ေတာ့  အ​ေစခံဆိုတာ  သခင္အနားမွာ ​ေနမွ  သဘာဝက်တာမလား"

​ေနာက္ဆုံး​ေနရာအား  ျမႇင့္​ေျပာလိုက္သည့္​အတြက္ေၾကာင့္  မင္ရွို႔၏  အ​ေသြးအသားတို႔မွာ  ဆုပ္ၿဖဲခံလိုက္ရသလို။
တဆက္ဆက္တုန္​ေနသည့္  သူ၏ ကိုယ္ခႏၶာဟာ    မိုးမိထားလို႔  အားနည္း​ေနသည့္အျပင္ အထိန္းအကြပ္မဲ့စြာ     ဟုန္းဟုန္း​ေတာက္​ေနသည့္   ​ေဒါသမီး​တို႔​ေၾကာင့္  ဦး​ေခါင္းစီမွ  ဆူး၍ ထိုး​ေန​ေသာ ​ေဝဒနာအား  ခံစားရသည္။
ရင္​​ေခါင္းထဲမွ လွိုက္တတ္လာ​ေသာ ​ေသြးညွီနံ႕အား  ခံစားမိ၏။

"မင္းက  မ်က္ႏွာဖုံးတစ္ခု​ေနာက္မွာ  ပုန္းကြယ္​ေနရတဲ့ ​ေကာင္​ေလးတစ္​ေယာက္သာသာပါပဲ၊
အ  တု  အ​  ေယာင္၊
Onsra ရဲ႕ ပိုင္ရွင္အစစ္က  မင္းမွမဟုတ္တာ  အ့"

စကားတစ္လုံးခ်င္း  အံႀကိတ္ကာ​ေျပာ​ေနရသည့္  မင္ရွို႔​ေၾကာင့္ ရိ​ေပၚ​၏  လက္​ဖ်ားမ်ားမွာ  ​ေအးစက္လာၿပီး  အသိဥာဏ္တို႔မွာ  လြတ္မထြက္႐ုံတမယ္။
သို႔တိုင္​ေအာင္    မ်က္ႏွာ​ေသျဖင့္     ရိ​ေပၚဟာ   ထိုလူအား     မလႈပ္မယွက္     ၾကည့္​ေနသည္။
ရဲ​ေတာက္​ေန​ေသာ  မ်က္ဝန္းမ်ားႏွင့္အတူ  သူ၏  ​ေနာက္စိအား ထိန္းကိုင္ရင္း  ၿငိမ္က်သြားသည္အထိ    ရိ​ေပၚမွာ  ​မ်က္​ေတာင္တစ္ခ်က္မခတ္ပါပဲ။
​ေတာင့္တင္းစြာ   ၾကမ္းျပင္​ေပၚတြင္  လွဲ​ေလ်ာင္း​ေန​ေသာ  မင္ရွို႔အနားသို႔  တိုးကပ္သြားကာ     ခႏၱာကိုယ္အား  အစုံအဆန္ၾကည့္​ေနရင္း  

"ငါ  ဝမ္ရိ​ေပၚကပဲ  Onsra ရဲ႕ တစ္ဦးတည္း​ေသာ  ပိုင္ရွင္  ၊
ဘဲ​ေလး​​ေလာကရဲ႕  အရွင္သခင္ပဲ"

~~~~~~~~~~~~~~~~~

"​မ​ေတြ႕တာၾကာၿပီ​ေနာ္  ေယာင္း  ။
​ေကာကိုမ်ား  ​ေမ့သြားၿပီလား။
အၾကာႀကီး  ပစ္ထားမိတဲ့အတြက္​​ေတာင္းပန္ပါတယ္။
​ေကာ  ဒီရက္ပိုင္းအမ်ားႀကီး  ပင္ပန္း​ေနတာ"

အ​ေဆာက္အဦး  တံစၿမိတ္မွ  မိုးသံ တ​ေျဖာက္​ႏွစ္​ေျဖာက္ကို ၾကား​​ေနရသည္။
မိုးရာသီလို  စိုစြတ္သည့္  ရာသီဥတုမ်ိဳးတြင္   ဒီ​​ေနရာ​​ေလးမွ  ​​ေျခာက္ကပ္လွသည္။
မွိုင္းညွို႔​ေန​​ေသာ ​ေကာင္းကင္​ေၾကာင့္  ​ေရွာင္းက်န့္၏  စို႔နစ္မႈမွာ ​ေလး​ေလးပင္ပင္။
လက္ထဲတြင္ အသင့္ပါလာသည့္  ပန္းစည္း​ေလးကို  မွန္​ေပၚသို႔ကပ္လိုက္ၿပီး    မွန္တြင္းၾကည့္မိ​​ေတာ့  အရိုျပားအိုအား  မွီလ်က္သား  ဓါတ္ပုံ​ေလးတစ္ခ်ပ္။
ဓါတ္ပုံအတြင္းမွ  ​ေကာင္ငယ္​ေလးဟာ မ​ေျပာင္းလဲစြာ  ၿပဳံးရယ္​ေနဆဲ။

"ဒီရက္ပိုင္း မိုး​ေတြ အရမ္းသည္း​ေတာ့ ​ေကာရဲ႕ညီ​ေလး ခ်မ္း​ေနမလား"

ဓါတ္ပုံ​ေလးအား  မွန္အျပင္ဘက္မွ  ခပ္ဖြဖြ ကိုင္တြယ္ၾကည့္​​ေနရင္း  ​ေရွာင္းက်န့္က ​ေရာက္တတ္ရာရာ​ေတြ ​ေျပာသည္။

"ဘယ္ခ်မ္းပါ့မလဲ   အ​ေမနဲ႕အတူ ရွိ​ေနတာပဲ  အ​ေမက ဖတ္ထား​ေပး​ေလာက္မွာ​​ေပါ့။
​ေကာကသာ တစ္​ေယာက္တည္း"

ညီျဖစ္သူ၏ အရိုးျပားအိုး ႏွင့္    ကပ္ရပ္တြင္ရွိ​ေန​ေသာ  မွန္ခန္းအား  ၾကည့္လိုက္မိ​ေတာ့   ​ အလားတူစြာ   အရိုးျပာအို တစ္အိုးႏွင့္အတု   ေက်ာ့ရွင္းလွပသည့္  အမ်ိဳးသမီးတစ္​​ေယာက္၏  ဓါတ္ပုံအား  ​ေတြ႕ရသည္။
သူမသည္  ပန္းႏု​ေရာင္ ဘဲ​ေလးဝတ္စုံအား  ဝတ္ဆင္ထားၿပီး  ႏွစ္ၿမိဳ႕စြာ ၿပဳံး​ေန၏။


"အ​ေမ  ကြၽန္​ေတာ္ ဒီ​ေန႕ en-pointe ယူလာတယ္။
အ​ေမႀကိဳက္တဲ့  ပန္းႏု​​ေရာင္​ေလး၊
ဘဲ​ေလးကတဲ့ သူ​ေတြက တစ္ပတ္မွာ en-point  ကို 3 စုံ က​ေန  5 စုံအထိ လဲရတာဆို။
အ​ေမ အဲ့မွာ​​ေရာ သ​ေဘာအရမ္းက်တဲ့  ဘဲ​ေလးကို  ဆက္ကျဖစ္​ေသးလား"


​ေရွာင္းက်န့္၏  အ​ေမမွာ  ​ေရွာင္းက်န့္  ​အေတာ္​ေလးငယ္စဥ္ကတည္းက   ​ေသဆုံးသြားတာ ျဖစ္သည့္အတြက္  အမွတ္တရအားလုံးဟာ ဝိုးတဝါးသာ ရွိ​ေတာ့သည္။
ညီျဖစ္သူ ​ေယာင္း ဆို  ဘာမွ​န္းေတာင္ မသိ​ေသးသည့္အ႐ြယ္။
​ေယာင္းဟာ  မိခင္၏  ​ေထြး​ေပြ႕မႈအား  ​ေသခ်ာမခံခဲ့ရသည့္အတြက္   သနားစရာက​ေလးတစ္​ေယာက္ ျဖစ္ခဲ့​ေပမယ့္  အခုအခ်ိန္ဆို အ​ေမႏွင့္    တစ္​ေယာက္ႏွင့္တစ္​ေယာက္​ေတြ႕ကာ  ​ေပ်ာ္႐ႊင္​ေနၾက​ေလာက္ၿပီ ။
  ဘာဆိုဘာမွ မက်န္​ေတာ့ဘဲ အသက္ရွင္​ေန႐ုံသာ ရပ္တည္​ေနရသည့္    ​ေရွာင္းက်န့္ကသာ  သနားစရာ ​ေကာင္းသြားခဲ့သည္မလား  ။
​ေရွာင္းက်န့္ရဲ႕  လွပ​ေသာ  အတိတ္​ေန႕မ်ားမွာ    ညီငယ္​​ေလးျဖင့္သာ   ရိုးရွင္းစြာ  ျဖတ္သန္း​ေနရင္း   အ​ေတြးမ်ား  မ်ားမ်ားစားစားရယ္မရွိ။
ဝါသနာပါသည့္ ​ေရွ႕​ေနပညာကို​ေလ့လာ​ေနရင္း  အ​ေမ့​ေသြးအျပည့္ပါ​ေသာ  ​ေယာင္းအား ဘဲ​ေလး​​​ေက်ာင္းပို႔နိုင္ရန္ ႐ုန္းကန္ရသည့္ ရက္စြဲတို႔မွာ ​ေရွာင္းက်န့္အတြက္​​ေတာ့  အလွပဆုံးသာ။
သို႔​ေပမယ့္   တစ္​ေန႕တြင္​ေတာ့  တစ္ဦးတည္း​ေသာ ညီငယ္​ေလး၏  အဆုံးစီမႈအား  အိမ္မက္ဆိုးသဖြယ္ လက္ခံလိုက္ရၿပီးသည့္​ေနာက္  ၊
ထို​ေန႕​ေနာက္ပိုင္းမွစ၍    ​ေရွာင္းက်န့္နိုးထလာသည့္  မနက္တိုင္းမွာ    နတ္ဆိုးတစ္​ေကာင္သာသာ။
  လြန္ခဲ့သည့္   ငါးႏွစ္ ညီျဖစ္သူ စြတ္စြဲခံရမႈအား  စုံစမ္း​ေနရင္းမွ   အ​ေမျဖစ္သူ၏ ​ေသဆုံးမႈပါ   သမာရိုးမက်မဟုတ္မွန္း သိခဲ့ရသည္အခါ  ​ေရွာင္းက်န့္၏   အကြက္ခ်လက္စား​ေခ်မႈမွာ  က်ယ္ျပန့္လာခဲ့ရသည္။
အ​​ေမ​ေသဆုံးမႈ​ေရာ ညီငယ္​ေလး၏  ​ေသဆုံးမႈ    ​ေနာက္ကြယ္တြင္  တ႐ုတ္နိုင္ငံ​​၏   အႀကီးမားဆုံး​ Ballet ကုမၸဏီ  Onsra ႏွင့္ ဆက္ႏြယ္​​ေန​ေၾကာင္းသိၿပီး​ေနာက္
​ေရွာင္းက်န့္၏ ပစ္မွတ္မွာ  ဝမ္ရိ​ေပၚ ျဖစ္လာခဲ့သည္။
မွန္ပါသည္။
ဝမ္ရိ​ေပၚ၏  အမႈအား ​ေရွာင္းက်န့္ကိုင္တြယ္ခြင့္ရခဲ့သည္မွ  တိုက္ဆိုင္မႈ မဟုတ္ပဲ ​ေရွာင္းက်န့္ကိုယ္တိုင္၏  ဖန္တီးမႈသာ။
​ေၾကးႀကီး​ေပးကာ  ငွားရမ္းခဲ့သည့္  ဝမ္ရိ​​ေပၚ၏ ​ေရွ႕​ေနတို႔  ​ေပ်ာက္ျခင္းမလွ​ေပ်ာက္သြားရသည့္  တစ္ခုတည္း​​ေသာ  အ​ေၾကာင္းအရင္း၊
က်ိန္း​ေသ​ေပါက္  ဝမ္ရိ​ေပၚဟာ  ​ေရွာင္းက်န့္ဆိုသည့္ သူ၏  ျခယ္လွယ္မႈ​ေအာက္ တြင္ရွိ​ေနခဲ့သည္။
လက္ခုတ္ထဲက ​ေရလို ​ေမွာက္သြန္လိုသည့္အခါ တြယ္ကပ္​ေနရန္  အခြင့္အ​ေရးမရွိ။

"ကြၽန္​ေတာ္  အကုန္ဖ်က္စီးပစ္မွာပါ"

စားပြဲ​ေပၚတြင္  တင္က်န္​ေန​ေသာ  en- pointe ၊
ထုံထိုင္း​ေန​ရ​ေသာ  ​ေရွာင္းက်န့္ႏွလုံးသား၊
အတုအ​ေယာင္နဲ႕ အစစ္အမွန္ 
ႏွစ္ၿမိဳ႕စရာ​အခ်က္​ေတြနဲ႕သာ ျပည့္စုံရင္ အတုအ​ေယာင္ဟာလည္း  မက္​ေမာစရာ။
   ​ဝမ္ရိ​ေပၚဟာ  ​ေရွာင္းက်န့္အတြက္ သူ၏ မ်က္ႏွာဖုံးအား  ခြၽတ္ခဲ့ခ်ိန္မွာ  ​ေရွာင္းက်န့္က​ေတာ့    မ်က္ဖုံးလွလွ​​ေလး​ေအာက္  ဝမ္ရိ​ေပၚအား  တစ္စဆီ ဖ်က္စီးသြားခဲ့ၿပီ။

~~~~~~~~~~~~~~~~~~~~~~

အိပ္ရာ​ေပၚတြင္  အိပ္​ေမာက်​ေနသည့္ Clara ​ေၾကာင့္   အခန္းထဲသို႔  ဝင္လာသည့္  လုခ်ီမွ  ​သူမွ  ​ေျခသံအား  ​ေဖာ့သထက္​​​  ပို၍  ေဖာ့လိုက္သည္။
အပူအပင္ကင္းစြာ  အိပ္စက္​ေန​ေသာ  Clara ၊
သူမ၏  ကိုယ္အား  စက္မွ   ပိုက္​ေပါင္းမ်ားစြာျဖင့္  ဆက္သြယ္ထားသည္။
ပုံမွန္အခ်က္ျပ​ေန​ေသာ  သူမ၏ ​ေသြးခုန္ႏႈန္းအား  စစ္​ေဆးၾကည့္လို႔   လုခ်ီ Clara ၏ ပစၥည္းမ်ား ထားရာ ​ဗီရို အႏွံ႕​ေမႊ​ေနာက္လိုက္၏။
​ေနရာအႏွံ႕လိုက္ရွာ​ေပမယ့္   ထိုေန႕ညႏွင့္ပတ္သတ္၍  ဘာသဲလြန္စမွ မ​ေတြ႕။
အထပ္ထပ္  ​ရွာ​ေသာ္လည္း  အ​ေထာက္အကူျဖစ္မည့္ အရာ တစ္ခုတ​စ္​ေလ​ေတာင္  မ​ေတြ႕သည္မလို႔  လက္​ေလ်ာ့လိုက္ရသည္။

"Ting*"

  ​ေျခကုန္လက္ပန္းက်ကာ   လွည့္ျပန္မည့္ဟန္ျပင္​ေန​ေသာ လုခ်ီအား  ရပ္တန့္လိုက္သည့္ အသံတစ္သံ။
   Clara ၏ ​ေခါင္​အုံး​ေဘးမွ  ဖုန္းဆီမွ  message ဝင္သံတစ္ခုႏွင့္အတူ   လက္သြား​ေသာ ဖုန္း screenဟာ  လုခ်ီ​၏  အာ႐ုံအား  ဖမ္းစားလိုက္သည္။
ညွင္​သာ​ေသာ  ​ေျခလွမ္းမ်ားျဖင့္  ဖုန္းထံသို႔ ခ်ဥ္းကပ္သြားသည့္  လုခ်ီ၏  မ်က္လုံးမ်ားဟာ  ဖုန္းထံသို႔သာ ​ေက်ာက္ခ်ထားသလို  ၿမဲမံလ်က္။
အသက္ရႈသံမွန္မွန္ျဖင့္  အိပ္​ေပ်ာ္​ေနသည့္ Clara  အား  တစ္ခ်က္ စူးစမ္းလိုက္ၿပီး   ​ဖုန္းအား ​ျဖႇေးညွင္စြာ  လွမ္းယူလိုက္သည္။
တုန္ယင္​ေန​ေသာ လက္အတြင္း  အံဝင္ခြင္က် ျဖစ္​ေန​​ေသာ ထိုဖုန္း  အား  ဆုပ္ကိုင္ထားရင္ အသက္​ေတာင္မရႉမိ။
စိတ္အတြင္း  ျပင္းျပ​ေသာ ဆႏၵတစ္ခုႏွင့္အတူ  မ်က္လုံးကို စုံမွိတ္ခ်ရင္း  Screen အား ဖြင့္လိုက္​​ေတာ့  lock မခ်ထားသည့္ Clara ၏ ဖုန္း။
လႊတ္ခ်လိဳက္မိ​​ေသာ  စိတ္ႏွင့္တဆက္တည္း  ပြင့္ကန္သြား​​​ေသာ အသက္ရႈလမ္း​ေၾကာင္း​ေၾကာင့္  သက္​ေသာင့္သက္​သာ ၿငီးျငဴသံမွာ  ​က်ယ္​​​ေလာင္ ​သ​ေယာင္။
ပထမဦးစြာ  Gallary  အား​ေမႊၾကည့္​ေပမယ့္  ဘာမွ မ​​ေတြ႕။
ယုတ္စြအဆုံး သူမ၏ ပုံ​ေတာင္ တစ္ပုံစႏွစ္ပုံစ။
အမ်ားစုမွာ စာအိတ္/စာ​ေစာင္တို႔အား  ရိုက္ထားသည္ပုံသာ။

"ဒါ ​ေထာင္ကို ပို႔တဲ့စာ​ေတြမလား"

တိုးသဲ့သဲ့ ​ေရ႐ြတ္ရင္း  ဓါတ္ပုံတို႔အား  ​ေနာက္ျပန္ဆြဲ​ေနရင္း  တစ္​ေနရာအ​ေရာက္  သူမ၏  လက္​ေခ်ာင္းတို႔အား  ဆက္၍ လႈပ္ရွားမ​ရ​ေတာ့။

"သူမရဲ႕ အ​ေဖက  ​ေထာင္က်​ေနခဲ့တာပဲ "

​ေဘးနားတြင္ အိပ္​ေမာက်​ေနသည့္    Clara အား  က႐ုဏာသက္စြာ ငုံ႕မိုးၾကည့္လိုက္​သည္။
အၿမဲတမ္း  အပယ္ခံျဖစ္ခဲ့သည့္ Clara ဟာ တကယ္​​ေတာ့ အရည္အခ်င္းရွိသည့္    ဘဲ​ေလးတစ္​ေယာက္။
သူ၏  ​​ေနာက္ခံအား  မသိပဲ​ေတာင္  အနိုင္က်င့္ခဲ့သည့္ လုခ်ီတို႔​ေၾကာင့္ Clara သည္ သူ၏ ဘဝမွန္အား  အၿမဲ ဖုံးကြယ္ထားခဲ့သည္။
Swan queen အျဖစ္​ေ႐ြးခ်ယ္ခဲ့ရတုန္းက  သူမ၏  မ်က္ဝန္းတို႔အား  ျပန္အမွတ္ရမိတိုင္း၊
သူမ၏  သုံးစားမရ​​ေတာ့​ေသာ  ​ေျခ​ေထာက္တို႔အား  ၾကည့္မိတိုင္း  လုခ်ီ ​ေျခာက္ျခား​ေနဆဲ။
အ​ေတြးကို  လက္စသက္လို႔  Ph history ထဲ ဝင္ၾကည့္မိ​ေတာ့  ​ေဆး႐ုံတတ္သည့္​ေနမွစ၍  ဒီ​ေန႕ထိတိုင္  သူမအား  ဆက္သြယ္ထားသည့္သူ  တစ္​ေယာက္ တစ္​ေလ ​ေတာင္မရွိ။
ထို​ေၾကာင့္  ဖုန္းေျပာထားသည့္ မွတ္တမ္းမွာ  ​  မ​ေတာ္တဆမႈ ျဖစ္​ေန​ေန႕က ​ေနာက္ဆုံးျဖစ္သည္။
ထိပ္ဆုံး​တြင္  ​ေနရာယူထား​ေသာ ဖုန္းနံပါတ္တစ္ခုမွာ  အမည္မသိလို႔  ​ေဖာ္ျပ​ေနမယ့္  လုခ်ီစိတ္ထဲတြင္  ရင္းႏွိီး​ေနသလို။
စကၠန့္ပိုင္းသာၾကာသည့္  ထို​ေခၚဆိုမႈမွာ  တစ္ဖက္မွ  စတင္​ေခၚဆိုမႈသာ။

"​ေနပါၿပီး  ဒီနံပါတ္က "

လုခ်ီအလွ်င္အျမန္  သူ႕အိတ္ထဲမွ  ဖုန္းကို ထုတ္ၿပီး  ထိုနံပါတ္ႏွင့္တိုက္ကာ စစ္​ေဆးၾကည့္​ေတာ့  သူမ၏  မ်က္လုံးမ်ားျပဴးက်ယ္ကုန္ရ၏။
အသံတစ္စုံတစ္ရာ မျပဳမိ​ေစရန္  သူမ၏  ႏႈတ္ခမ္းပါးတို႔အား   လက္ဖဝါးျဖင့္  ပိတ္ဆို႔ထားရင္း  
လႈပ္ခတ္​ေန​ေသာ  မ်က္စံနက္နက္။
ႀကိဳးတန္း​​ေပၚ လမ္း​ေလွ်ာက္​ေနရသလို  ဟန္တစ္ခ်က္မပ်က္ရဲ။

ထိုစဥ္  သူမ၏  လက္​ေကာက္ဝတ္အား ႐ုတ္တရက္  ဆုပ္ကိုင္လာေသာ ​ေအးစက္စက္   လက္တစ္ဖက္။
အသက္ရႈရပ္မတက္  ထိတ္လန့္သြားသည့္​​ေနာက္   ဖုန္းအား ၾကမ္းျပင္​ေပၚသို႔ ပစ္ခ်လိဳက္ၿပီး  သူမကိုယ္တိုင္ပါ  ​ေခြယိုင္လုနီးနီး။

"Cla  Clara.."

သူမအာ  မ်က္လုံးက်ယ္ႀကီးျဖင့္  ​ေငးၾကည့္​ေန​ေသာ Clara ၏  ပုံစံမွာ သာမန္လူတစ္​ေယာက္အတြက္​ေတာင္ ​ေၾကာက္ဖို႔ ​ေကာင္း​ေနၿပီ ျဖစ္ၿပီး  မဟုတ္တာခိုး​လုပ္​ေနသည့္ လုခ်ီအတြက္​ေတာ့  ​ေတြးစရာ မလို​​ေတာ့။

"ဘာလုပ္​ေနျပန္ၿပီလဲ"

Clara က ႏႈတ္ဖ်ား လႈပ္႐ုံသာ  ဆို​ေပမယ့္    လုခ်ီအတြက္​ေတာ့ စိတ္ႏွင့္ဝိဥာဥ္အား  ႏွစ္ပိုင္းခြဲျခမ္း ပစ္နိုင္သည္ အထိ က်ယ္​လ္ေင္လွသည္။

"ငါ  ငါ  "

အထစ္ထစ္အ​ေငါ့​ေငါ့ ျဖစ္​ေနသည့္ Clara အား စိတ္ကုန္သလိုၾကည့္ရင္း   အ​​ေရး​ေပၚ​ေခၚ ဘဲလ္အား  ႏွိပ္ဖို႔ျပင္​ေနသည့္ Clara ​ေၾကာင့္ လုခ်ီမွာ  မ်က္ျပဴးဆံျပာျဖင့္  တားရျပန္သည္။

"ငါ ျမင္ခဲ့တယ္!!
နင့္ကို  ဒီလို  ျဖစ္​ေအာင္ လုပ္တဲ့သူကို  ငါလည္း   ျမင္ခဲ့တယ္"

လုခ်ီ​​၏  အသံ tone ႏွိမ့္ႏွိမ့္ျဖင့္ ​ေအာ္ဟစ္သံ​ေၾကာင့္   လွည့္ၾကည့္လာသည့္ သူမ၏  မ်က္ႏွာတစ္ခုလုံးတြင္ မ်က္ရည္မ်ားျဖင့္  ။
မယုံၾကည္နိုင္​ေသာ  အၾကည့္တို႔တြင္  အံ့အားသင့္ ​ေျဖမဆည္နိုင္ျခင္း​ေပါင္းမ်ားစြာ ​​ေပ်ာ္ဝင္​ေနၿပီး  ​ေဒါသထြက္ကာ ခံျပင္းရမည့္ အစား  သူမဟာ  ရွိုက္လို႔ငိုသည္ ။


"ျမင္ခဲ့​ေပမယ့္   ငါလည္း  ကယ္ဖို႔ႀကိဳးစား​ေပမယ့္  အရမ္း​ေၾကာက္ဖို႔​ေကာင္းတယ္၊
သူက  ျပန္​ေရာက္လာခဲ့တာ၊
​ေတာင္းပန္ပါတယ္၊
တကယ္​ေတာင္းပန္ပါတယ္"


အႀကိမ္ႀကိမ္  ငုံ႕ကိုင္းလို႔  ​ေတာင္းပန္​​ေနရာမွ  လုခ်ီပါ   တုန္ယင္စြာ ငို​ေနမိသည္။

~~~~~~~~~~~~~~~~
လြန္ခဲ့သည့္   မိနစ္ခန့္က  အ​ေျခအ​ေနႏွင့္  မတူညီစြာ  ​ေျခာက္ကပ္​ေနသည့္  ​ေဆး႐ုံအခန္းငယ္။
မ်က္ႏွာ ခ်င္းဆိုင္၍    ၿငိမ္သက္စြာ  ထိုင္​ေနၾက​ေသာ   ထိုအမ်ိဳးသမီး ႏွစ္ဦးတြင္  မည္သူမွ  စကားမရ။
Clara က  အဆုံးထိ မရွိ​ေတာ့​ေသာ သူမ၏  ​ေျခ​ေထာက္တို႔အား  မလႈပ္မယွက္​ေငး​ေနသည္။

"အဲ့​ေန႕က  နင္ငါ့ကို  ဒီအတိုင္း မထားသြားခဲ့ရင္​​ေရာ  ငါ့​ေျခ​​ေထာက္​ေတြ အ​ေကာင္းအတိုင္းျပန္ရမယ္လို႔  နင္ထင္လား"

Clara ၏  အ​ေမးအား  လုခ်ီ ​ေလးပင္စြာ  ​ေခါင္းရမ္းျပလိုက္မိသည္။
​ကားဘီး​ေအာက္ ​ေၾကမြသြားခဲ့သည့္ ​ေျခ​ေထာက္အား  ​ေတြ႕ျမင္ခဲ့ရသည့္  တစ္ဦးတည္း​ေသာ သူမွာ သူမ  မလား။

"အသက္မရွင္ခ်င္​ေတာ့ဘူး၊
ဘဲ​ေလး တစ္​​ေယာက္အ​ေနနဲ႕မွ  မဟုတ္ရင္  အသက္ဆက္မရွင္ဘူး။"

Clara ၏  အဓိပၸါယ္မရွိ​ေသာ  စကား​ေၾကာင့္  လုခ်ီမွ  ​ခုံမွ  ႐ုတ္တရက္  ထ'လိုက္မိသည္။
ဘာကို ​ေသမွာလဲ။
သူ႕ကို  ဒီအရႈပ္ထုတ္​​​ေတြထဲ  ထားခဲ့ၿပီး  ​ေသသြားလို႔ ဘယ္ျဖစ္မလဲ။

"​​ေျပာ​ျပ အဲ့​ေန႕က အ​ေၾကာင္း ရားး  အဆင္​ေျပရဲ႕လား"

ထို​ေန႕ကအ​ေၾကာင္း​ေမးလိုက္သည္ႏွင့္  စိတၱဇ တစ္​ေယာက္လို  Clara  က  သူမ၏  နား​ေတြကို ပိတ္ထားၿပီး   နီရဲ​ေန​ေသာ  မ်က္လုံးမ်ားျဖင့္  ငို​ေႂကြးျခင္းအား  ျပဳျပန္သည္။

"ငိုတာ  ဒီ​ေလာက္ဆို  လုံ​ေလာက္ၿပီ  ၊
နင္မ​ေျပာျပရင္  နင့္ကို  ဒီလို  ျဖစ္​ေအာင္ လုပ္တဲ့သူက  လြတ္သြားလိမ့္မယ္"

"​ေဝါ့"

စကား​ေျပာ​ေနရင္း   ဒယိမ္းဒယိုင္ ျဖစ္​ေနသည့္   Clara က စကားအဆုံး  ၾကမ္းျပင္​ေပၚ သို႔  အန္ခ်လိဳက္သည္​ေၾကာင့္   ​ေျခလွမ္းမ်ားအား အလိုလို  ​ေနာက္ဆုတ္မိသြားသည္။

"ဘယ္လို ျဖစ္တာလဲ  နင္ နင္  အဆင္​ေျပရဲ႕လား"

မ်က္ျဖဴလန္ကာ  တတ္' လုဆဲဆဲ  ျဖစ္​ေနသည့္  Clara  အား  ထိန္း​ေပြ႕လို႔   အ​ေရး​ေပၚ ဘဲလ္အား  တီးရန္ႀကိဳးစား​ေပမယ့္ ကမ္းလို႔မမွီ။

"ငါ ငါ ..... "

Clara သည္  ​​ေဝဒနာၾကားမွ  တစ္စုံတစ္ခုအား  ​ေျပာဖို႔ႀကိဳးစား​ေနဟန္၊


"စကားအမ်ားႀကီး မ​ေျပာနဲ႕ဦး  ခန​ေနမွ  ခန​ေနမွ  ​ေက်းဇူးျပဳၿပီး"

​ေနာက္ဆုံး  လက္လွမ္းမွီသြားသည့္   ​အ​ေရး​ေပၚခလုတ္အား  အထပ္ထပ္တီး​​ေနရင္း  ​​ေခြၽးသံ တရဲရဲၾကားမွ  ငိုယိုရျပန္သည္။

"သူ ဖုန္းဆက္ခဲ့တယ္  ထြက္​ေျပးဖို႔"

Clara ၏  အလြန္ကိုမွ  တိုးဝင္သိမ္သဲ့​ေန​ေသာ  အသံ​ေၾကာင့္   လုခ်ီ ငို​ေနရာမွ  ရပ္၍  အားစိုက္ နား​ေထာင္​ေနမိသည္။

"ထြက္​ေျပးခဲ့​ေပမယ့္  အဲ့ကား.... သူ႕ကား..."


​စကားမဆက္နိုင္​​ေတာ့သည့္ Clara ၏  ခႏၶာကိုယ္မွ  တြန့္လိမ္လာသည္။
Clara  ​ေျပာျပလာသ​ေလာက္  ဆက္စပ္မိသြားသည့္  လုခ်ီမွာ  ႀကိဳးစတစ္စအား  ဆြဲကိုင္မိသလို ကိစၥအား  ဇာတ္​ေရလည္သ​ေလာက္ ရွိလာၿပီ  ျဖစ္သည္။
သည္  ဇာတ္လမ္းတြင္   အကုန္လုံးက အတု​ေတြခ်ည္းသာ။
Clara အား  ဖုန္းဆက္တဲ့သူ​​​​ေရာ    
ၿမိဳ႕ျပင္ထြက္သြားသည့္  ကား​​ေရာ။

" Clara  ​ေက်းဇူးျပဳၿပီး  အ​သိစိတ္ကပ္စမ္းပါ။
အဲ့​ေန႕ညက  ကား​ေမာင္းတဲ့သူရဲ႕  မ်က္ႏွာကို  မွတ္မိလား"

Clara ဟာ  သူမ၏  မ်က္ျဖဴလန္​ေန​ေသာ  အၾကည့္တို႔ျဖင့္  မ်က္ႏွာက်က္အား  ခက္ခက္ခဲခဲ ​ေမာ့ၾကည့္​ေနသည္။
Clara  အား ဤ အ​ေျခအ​ေနသို႔  ႐ုတ္တရက္ ​ေရာက္သြား​ေစသည္မွာ  မည္သည့္အရာမွန္း  မသိ။

"မ  မမွတ္မိဘူး   ဒါ​ေပမယ့္  သူ႕မ်က္လုံး​ေတြထဲမွာ  တိမ္​ေတြ......."

ၿငိမ္က်သြားသည့္ Clara ၊
ဆရာဝန္တစ္​ေယာက္က  သူ႕လက္ထဲမွ  Clara  အား ဆြဲလုလိုက္ၿပီး  သူ႕ကို​ေတာ့  ပစ္စလက္ခက္  တြန္းတိုက္ပစ္သည္ကို   သိ​​ေနရသည္။
ၾကမ္းျပင္ေပၚသို႔  လဲက်​ေနသည့္သူမအား  ​ေက်ာ္ရင္းခြရင္း  ဆရာဝန္မ်ားဟာ  ​ေယာက္ယက္ခက္​ေနၾကသည္။
သူမ  အကုန္ျမင္​ေနရ​ေပမယ့္  ဘာမွ မၾကားရ။
တစ္စုံတစ္ရာ ရွင္းျပရန္  သူမ  ႏႈတ္ခမ္းတို႔က ဖြင့္မရ။
အသက္မရွင္​ေတာ့ဘူးလို႔ ​ေစာနကမွ ​ေျပာလာသည့္  Clara  အား ျပန္ျမင္​ေယာင္ရင္း  ရင္တို႔နင့္လာရသည္။

"လူနာ​ေသဆုံးခ်ိန္ ၁၅ နာရီ ၄ မိနစ္၊
အစာ အဆိပ္သင့္"

မိမိ​ေဘးမွာ  အလွ်ိုလွ်ို  ျဖတ္သြားၾက​ေသာ     ဆရာဝန္သုံးေယာက္အနက္မွ  နီးရာတစ္​ေယာက္အား  ရွိသမွ်  ခြန္အားတို႔ျဖင့္  ဖမ္းဆြဲလိုက္ၿပီး

"ဘာကို  အစာအဆိပ္သင့္ရတာလဲ၊
ကုတင္​​ေပၚမွ လွဲ​ေနၿပီး ​ေဆး႐ုံက ​ေကြၽးတာပဲ  စားရတဲ့သူက  ဘာကို အစာအဆိပ္သင့္ရတာလဲ!!!"


​ေကာ္လံအား ဆြဲရမ္းရင္း   ​ေမး​ေနသည့္  လုခ်ီ​ေၾကာင့္   ထိုဆရာဝန္မွာ   စိတ္မရွည္စြာ  တြန္းထုတ္ပစ္လိုက္သည္။

"အဲ့တာက မင္းကို  ​ေမးရမွာ​​ေလ၊
မင္းက  ဒီအခ်ိန္ႀကီး  ဘာလုပ္​ေနရလဲ၊
တကယ္​ဆို  မင္းကမွ   သံသယရွိ​သူ   မဟုတ္ဘူးလား
တကယ္ပါပဲ  စိတ္ရႈပ္စရာ​ေကာင္း​ေအာင္   "

တြန့္​​ေၾကေနေသာ  ဂ်ဴတီကုတ္အား  ျပန္ဆြဲခ်လိဳ႕  ထို ဆရာဝန္ထြက္သြားသည္အထိ  လုခ်ီမွာ  အရိုးႀကိဳးပ်က္ ထိုင္ခ်​မိသည္။
ပထမတစ္​ေခါက္ မ​ေတာ္တဆအမႈတြင္  သံသယရွိသူ ျဖစ္ခဲ့ရသည့္  သူမသည္  ယခု Clara  ​ေသဆုံးသြားခ်ိန္တြင္လည္း  အတူတူရွိ​ေနခဲ့တာ မလို႔  သူမ အတြက္​ေတာ့  ​ေကာင္းက်ိဳးမရွိနိုင္။
​လြတ္​ေျမာက္ဖို႔   ႀကိဳးစား​ကာမွ    သည္သံသရာႀကိဳးထုံးတြင္သာ    ညွိ​မိ​ေနျပန္​ေသာ  သူမ။

~~~~~~~~~~~~~~~~~~

မနက္​ေဝလီ​ေဝလင္း  အခ်ိန္တြင္    ထ၍  ျမည္​လာ​ေသာ  လူ​ေခၚဘဲ​ေၾကာင့္  ရိ​ေပၚမွ  ဇ​ေဝဇဝါျဖင့္။
ညအိပ္ဝတ္စုံထပ္ long coat တစ္ထည္ကို  ၿခဳံလႊားလို႔   ​ေအာက္ထပ္အား  ဆင္းလာလိုက္သည္။
လုခ်ီ  ႀကီးမား​ေသာ  ထိုတံခါ​ေရွ႕  နာရီ​ေပါင္း​ေျမာက္မ်ားစြာ ၾကာ​ေအာင္  ရပ္​ေနၿပီး​​ေနာက္   ​ေတြ​ေဝတုံ႕ဆိုင္းမႈတို႔အား  အဆုံးသတ္၍   လူ​ေခၚဘဲလ္အား  တစ္ခ်က္ႏွိပ္၍  ပြင့္ဟလာမည့္  တံခါးအား  ​ေစာင့္ဆိုင္း​ေနသည္။

"ဘယ္သူပါလဲ"

ခနာအၾကာတြင္  အသံတစ္ခုႏွင့္အတူ  ပြင့္ဟလာသည့္  တံခါး။
ကိုယ္ကို ကိုင္းၫြတ္လို႔  မိမိ ကိုယ္ကိုယ္ ႏႈတ္ဆက္လိုက္သည္။

"​​ေတြ႕ရတာ ဝမ္းသာပါတယ္။ကြၽန္မက  Ballerina လုခ်ီပါ  ၊
ဆရာ ဝမ္ရိ​​ေပၚႏွင့္ ​​ေတြ႕ခြင့္ရမလား  မသိဘူး"

ကိုင္းၫႊတ္ထားသည့္ ကိုယ္အား  ျပန္တည့္မတ္လိုက္​ေတာ့  အသက္ႀကီးႀကီး  အန္တီႀကီးတစ္​ေယာက္အား   ေတြ႕လိုက္ရသည္။
လုခ်ီ၏  ခြင့္​ေတာင္းခံမႈအ​ေပၚ   အခက္​ေတြ႕​ေနဟန္ျဖင့္  ထိုအန္တီႀကီးမွာ  အ​ေျဖမျပန္။


"ဝင္ခြင့္​ေပးလိုက္"

​ေဘး နံရံတြင္  ခ်ိတ္ဆြဲထား​ေသာ  intercomဆီမွ  ထြက္​ေပၚလာသည့္    ဝမ္ရိ​ေပၚ၏  အသံ​ေၾကာင့္   ထိုအန္တီႀကီးမွာ  ​ လုခ်ီ​ေရွ႕မွ    လမ္းဖယ္​ေပးလာသည္။
​​​​​ေက်းဇူးတင္​ေၾကာင္း  ဆိုရင္း  ၿခံထဲသို႔   ဝင္လာေလ​ေလ   ႀကီးမားသည့္  သစ္ပင္တို႔​ေၾကာင့္   အ​လင္း​ေရာင္  သိပ္မရွိ။
သိသိသာသာ    ​ေအးစိမ့္လာသည့္  အတြက္   လုခ်ီ သူမ၏ လက္​ေမာင္းတို႔အား  သူမကိုယ္တိုင္  ပြက္သပ္​ေနမိသည္။

"ဘယ္လို လုပ္အိမ္ထိ​ေရာက္လာတာလဲ?
ဒီရက္ပိုင္း studio ကိုလည္း  မသြားဘူးဆို၊
​ေနမ​ေကာင္းဘူးလား"


ပိန္ခ်ဳံးလွီကာာ မ်က္တြင္းမ်ား  ခြၽတ္ခ်ဳံက်​ေန​ေသာ   လုခ်ီ​၏အသြင္ အျပင္ကိုၾကည့္ရင္း  ရိ​ေပၚက  ​ေမးလာသည္။

" Clara  ဆုံးသြားၿပီ  မနက္က"

ဝမ္ရိ​ေပၚ၏  မ်က္ႏွာမွာ  သိသိသာသာ  ပ်က္ယြင္း  မသြား​ေပမယ့္   တြန့္​က်ဳံ႕သြား​ေသာ  မ်က္ခုံးတန္းစိမ္းစိမ္းမွ တစ္ဆင့္  စိတ္မလို မက်မႈအား  ရိပ္စားမိနိုင္သည္။

"အိမ္​ေတာ္ထိန္းမင္  ​ေနမ​ေကာင္းဘူးနဲ႕ တူတယ္ သြားၾကည့္လိုက္ပါဦး  
ကြၽန္​ေတာ္  မ​ေခၚမခ်င္း ဒိီကို  လာစရာမလိုဘူး"


ထိုစကား​ေၾကာင့္  ​ေဘးနားတြင္  ရပ္​​ေန​ေသာ   အန္တီႀကီးမွာ  အရိုအ​ေသ​ေပးလို႔  ထို​ေနရာမွ  ထြက္သြားသည္။
​ေျခသံမ်ား  ​ေဝးသြားသည္  ​​​ေသခ်ာမွသာ  ဝမ္ရိ​ေပၚက   လုခ်ီရွိရာသို႔ ျပန္ၾကည့္လာရင္း  စကားျပန္စလာ၏။

"သူမ​ ဆုံးသြားၿပီဆို​ေတာ့ ဘာ​ေတြ ဆက္ျဖစ္လာမယ္  မင္းထင္လဲ"

"အရင္ဦးဆုံး  ဒုကၡ​​ေရာက္မယ့္ သူက  ရွင္နဲ႕က်မနဲ႕ပဲ"

"ဘာလို႔ငါကလဲ ?
​ကားနံပါတ္ျပား အတုဆိုတဲ့ ကိစၥမင္း အခုထိ မ​သိ​ေသးဘူးနဲ႕တူတယ္"

ပုခုံးႏွစ္ဖက္အား  တြန့္ျပရင္း      Clara  ကိစၥႏွင့္ သူဟာ  အလြတ္ႀကီး ​ျဖစ္​ေၾကာင္း  ရွင္းျပ​ေနသည့္  ဝမ္ရိ​ေပၚဟာ   က်ိန္​ေသ​​ေပါက္  လုခ်ီ တြက္ခ်က္ထားသည့္ အတိုင္းပင္  ကားနံပါတ္ျပား ကိစၥသာ သိ၍   ဖုန္းနံပါတ္ ကိစၥအား  မသိ။

"Clara ရဲ႕  ဖုန္းမွတ္တမ္းထဲမွာ  ရွင္ကအဲ့​ေန႕ညက သူနဲ႕ ​ေနာက္ဆုံး ​ဖုန္း​ေျပာခဲ့သူပဲ။
ရွင္ သူ႕ကို   ထြက္​ေျပးဖို႔  အမိန့္​ေပးခဲ့တယ္တဲ့"


ရိ​ေပၚသည္ သူ၏  ရွည္သြယ္သြယ္ ​လက္​ေခ်ာင္း တို႔ကို   ​​ေျခခ်ိတ္ထား​ေသာ  ညာဘက္ဒူး​ေပၚတြင္ ယွက္သြယ္ထားရင္း  ​ေတြးဆဆ ​ေခါင္းၿငိမ့္​ေနသည္။

"ငါ မဆက္ခဲ့ဖူး"

တိက်​ေသာ  အ​ေျဖတစ္​ခု​​ေနာက္  စိတ္ညစ္ၫူးစြာ  သူ၏  မ်က္ရိုးတို႔အား  ႏွိပ္နယ္​ေန၏။
လုခ်ီက  သူ႕အိတ္ထဲမွာ  ဖုန္းတစ္လုံးကို ထုတ္၍    ​ဖုန္း​ေခၚဆိုမႈ  မွတ္တမ္းအား ျပလာသည့္အခါ  ထိုေန႕ည ထိုအခ်ိန္၏  ​ေအာက္တြင္  ရိ​ေပၚ၏  ဖုန္းနံပါတ္မွာ  အမွန္တကယ္ရွိ​ေနသည္။
သို႔​ေပမယ့္  ရိ​ေပၚ၏  ဖုန္းမွတ္တမ္းတြင္​ေတာ့  ထိုအခ်ိန္ဟာ  ကြက္၍ ​ေပ်ာက္ဆုံး​ေနသိလို  Clara  အား  ဖုန္းဆက္ခဲ့ဖူးသည့္ မွ္ဥာဏ္မ်ိဳးလဲ  မရွိ။

"တကယ္​​​ေတာ့   Clara အမႈျဖစ္တဲ့​ေနရာမွာ ကြၽန္မ​ရွိ​ေနခဲ့ပါတယ္"

လုခ်ီ​၏  စကား​ေၾကာင့္   အမူအရာ ဖမ္းရန္ခက္ခဲလွပါသည္ဆိုသည့္  ဝမ္ရိ​ေပၚလိုလူ၏  မ်က္ႏွာထက္  အံ့အားသင့္မႈတို႔  အထင္းသား။

"ကားနဲ႕တိုက္သြားတဲ့ သူကိုလည္း  ျမင္ခဲ​့ေပမယ့္  ​ေက်ာဘက္ကိုပဲ  ျမင္ရခဲ့တာ၊
​ေမွာင္​ေနတာမလို႔  ​ေက်ာ​ေတာင္  မသဲကြဲဘူး၊
သက္​ေသအ​ေနနဲ႕ ဒီဖုန္းထဲမွာ  အကုန္ရွိပါတယ္"

လုခ်ီ​ေထာင္ျပလာ​ေသာ  ဖုန္းအကြဲကို တစ္လွည့္   လုခ်ီကို တစ္လွည့္ၾကည့္​ေနသည့္  ဝမ္ရိ​ေပၚ​​၏  စိတ္ထဲတြင္   ​ေမးခြန္းမ်ားစြာျဖင့္။

"ဒါမ်ိဳး​ေတြက  ရဲ​ေတြကို  သြား​ေျပာရမွာ၊ငါ့ကို လာ​ေျပာရမွာ  မဟုတ္ဘူးထင္တယ္၊
မင္း ​​ေနရာမွား လာခဲ့ၿပီ ထင္တယ္၊
ျပန္လို႔ရၿပီ"

လုခ်ီဆီမွ  စကား​ေတာင္ မ​ေစာင့္ပဲ  မတ္တပ္ထရပ္လိုက္​ေသာ ရိ​ေပၚ​ေၾကာင့္   လုခ်ီပါ  အလိုလို ရပ္မိရက္သား။

"ဒါဆို ဖုန္းနံပါတ္ကိစၥက​​ေရာ၊ရဲ​ေတြက ရွင့္ကို ယုံမယ္လို႔ထင္လား"

လႈပ္ရွားမႈ ထပ္မျပဳ​ေတာ့သည့္  ​ရိ​ေပၚမွာ  လုခ်ီ၏  စကားအား နားစြင့္​ေနသည့္  အရိပ္အ​ေယာင္မလို႔   လုခ်ီက သူမ၏ စကားအားဆက္သည္။

"ရွင္လည္း သိခ်င္တယ္မလား  Onsra ရဲ႕ပိုင္ရွင္ကို​ေရာ  swan qeen  ကို​ေရာ ျဖဳတ္ခ် ခ်င္တဲ့သူက ဘယ္သူလဲဆိုတာ"


"မဟုတ္ဘူး။
သိၿပီးသားကိုမွ  ႐ုပ္လုံး​ေဖာ္ဖို႔   အ​ေထာက္အထား​ေလး နည္းနည္း လို​ေန႐ုံပဲ"

ႏွစ္​​ေယာက္သားမွာ  အဓိပၸါယ္ကိုယ္စီျဖင့္  ၿပဳံးလိုက္မိၾကသည္။
လုခ်ီၾကားဖူးပါသည္။
ဘဲ​​ေလး တစ္​ေယာက္ဟာ ဘဲ​ေလးဝတ္စုံ(tutu) ကို တစ္သက္တာလုံးမွာ  အႀကိမ္ 50  က​ေန 150 အထိ ဝတ္ခြင့္ရွိသည္တဲ့။
အဲ့ထဲမွာမွ  အနည္းဆုံး အႀကိမ္20  ဟာ  swan qeen ဝတ္စုံပါတဲ့။
သ​ေဘာတူညီခ်က္ရသြားၿပီးသည့္​ေနာက္  လုခ်ီနဲ႕ ဝမ္ရိ​ေပၚဟာ  ၾကမၼာခ်င္း  ​ေဝမွ်ၾကရမည့္  ေလွတည္းသားမ်ားျဖစ္သြားခဲ့ၿပီ။

႐ုတ္တရက္  ထျမည္လာသည့္  ဖုန္း​ေၾကာင့္ ရိ​​ေပၚ နာမည္အားၾကည့္မိ​​​ေတာ့  ​ေခၚဆိုသူမွ  ​ေရွာင္းက်န့္။
ထိုအခါမွ  သည္​ေန႕ အမႈအတြက္ ​ေရွာင္းက်န့္ အိမ္လာမည္ကို  သတိရသြားခဲ့သည္။

" ဒီ​ေန႕​ေတာ့ နားလိုက္​ေတာ့ လုခ်ီ၊
မနက္ျဖန္​ေတာ့  studio ကို လာခဲ့ပါ   ပြဲက  အရမ္း​နီး​ေနၿပီ"

လုခ်ီက ​ေပါ့ပါးစြာၿပဳံးလို႔  ​ေခါင္းၿငိမ့္ျပသည္။
ကိစၥမ်ားစြာ ျဖစ္ပ်က္ခဲ့ၿပီး​ေနာက္  ပထမဆုံးအႀကိမ္  အသက္မွန္မွန္ ျပန္ရႈနိုင္ျခင္း​ေပ။

"ဒါဆို သြားလိုက္ပါဦးမယ္ "
ႏႈတ္ဆက္ကာ  အိမ္တံခါးမွ အထြက္  တိုက္ဆိုင္စြာ အိမ္ထဲသို႔  ဝင္လာ​ေသာ  လူတစ္ယာက္​ေၾကာင့္  အျမန္​ေရွာင္တိမ္းလိုက္ရသည္။
ထိတိုက္သြား​​ေသာ  ပုခုံးစြန္းတစ္ဖက္ ၊
ျမင့္မား​ေသာ  အရပ္​ေၾကာင့္   မ်က္ႏွာအား  ​ေသခ်ာ မျမင္လိုက္ရ​ေပမယ့္   ႏႈတ္ခမ္း​​ေအာက္မွ မွဲ႕နက္တစ္​ေပါက္အား  သတိမူလိုက္သည္။
ရင္ထဲ  မတင္မက် ခံစားမႈ​ေၾကာင့္  လုခ်ီ ​ေစာင္းငဲ့ကာ တစ္ဖန္ျပန္လွည့္ၾကည့္​ေပမယ့္  ​ေစ့ပိတ္သြား​ေသာ မွန္တံခါးခ်ပ္​ေၾကာင့္  ​ေက်ာျပင္​ေတာင္  ​ေဝဝါးဝါးသာ  ျမင္ရ​ေတာ့သည္။

Hidden:Masked Boy

ငါတို႔ကို  လွည့္ဖ်ားတို႔အတြက္ မင္းဆို​ေနက်ဂါထာ။
သိမ္​ေမြ႕ခ်င္​ေယာင္​ေဆာင္ဖို႔  မ်က္ႏွာဖုံးတစ္ခ်ပ္ကို  အသုံးခ် ။
​ေကာင္ငယ္​ေလး​
ပုံစံအမွန္မရွိ​ေတာ့တဲ့ မ်က္ႏွာဖုံး ​ေနာက္ကြယ္က ​ေကာင္ငယ္​ေလး။

TBC♡

Continue Reading

You'll Also Like

35.9K 1K 12
in which kuroo's cousin falls in love w the pretty setter. black y/n! akaashi x f!reader this story WAS kuroo's cousin!
10.3K 567 10
When Thalassemia patient Yibo loved to someone doesn't love him...
243K 6K 52
โŽฏโŽฏโŽฏโŽฏโŽฏโŽฏโŽฏ เชœโ€โžด ๐…๐„๐„๐‹๐’ ๐‹๐ˆ๐Š๐„ .แŸ โ› & i need you sometimes, we'll be alright. โœ IN WHICH; kate martin's crush on the basketball photographer is...
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc