ICY : Sugar Free Ice Cream

By 333wainaing333

36.2K 2.8K 521

ကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIR... More

Attachment - 1
Black Sheep? - 2
First Ever - 3
Daydream - 4
Wrecker - 5
Stranger - 6
Cargo Pants - 7
What If Love - 8
Apple Pie - 9
Crimson - 10
ICYM - 11
Conversation - 12
Future - 13
Capriciousness - 14
Self-Control - 15
Love Is Coffee -16
Craziness - 17
Beautiful - 18
I Like You - 19
I Am In Love - 20
Ice Cream - 21
Falling In Love - 22
Sunshine - 23
Traveling with love - 24
Sunrise - 25
I'm All Ears - 27
Comfort Zone - 28
Fiction - 29
Self Love - 30
Warm And Cozy - 31
Reasons - 32
Thank You - 33
Frangipani - 34
Nostalgia - 35
Sick of Love- 36
Always - 37
Alone - 38
Rules - 39
Dilemma - 40
The Crescent Moon - 41
Thoughts - 42
Chit-Chat - 43
Lucky - 44
In My Heart Forever - 45
Bad Attitude - 46
What if ? - 47
Exception - 48
Unexceptional - 49
Yellow Card - 50
Crocodile Tears - 51
Proof - 52
Dream - 53
I Fancy You - 54
Unconditionally - 55
Only You - 56
Present is Present - 57
My Favorite Person - 58
Fool For Love - 59
Believer - 60
Hypnotize - 61
Criminal - 62
Dopamine - 63
Sugar Free Ice Cream - 64
We're an item - 65
Extra - 1
Extra - 2
Extra - 3
Extra - 4
Extra - 5
Extra - 6
Extra - 7
Extra - 8
Extra - 9
Extra - 10
Extra - 11
Let's Talk
Extra - 12
Extra - 13
Extra - 14
Extra - 15
Extra - 16

Mind-blowing - 26

462 35 17
By 333wainaing333

Lockscreenကို Screenshot ရိုက်ထားတဲ့ ဓာတ်ပုံကို Messengerကနေ ပို့လာသည်။ လူကို လှမ်းကြည့်လိုက်တော့ ခြံစောင့်ဦးလေးနဲ့ စကားပြောမပျက်။

နောက်ကျောပြင်ကို မျက်စောင်းထိုးလိုက်ပြီး နဂါးမောက်သီးသာ စားနေလိုက်သည်။

ခြံထဲမှာ သီးနှံစားပင်တွေ စုံလင်လှသည်။ ပိန္နဲပင်၊ သင်္ဘောပင်၊ နဂါးမောက်၊ သံပရာ၊ ကော်ဖီ၊ တညင်း၊ ပူစီနံ အစရှိသဖြင့် အစုံအလင်နဲ့ ပန်းပင်အချို့လည်း ရှိသည်။

မိန်းကလေးတွေက တခြံလုံး သူတို့ခြေရာထပ်အောင် စူးစမ်းလေ့လာနေကြပြီး တယောက်တလှည့် ဓာတ်ပုံရိုက်နေကြသလို ယောက်ျားလေးတွေကလည်း ကွပ်ပျစ်ပေါ်ထိုင်ရင်း၊ ဘောလုံးအကြောင်း၊ ကားအကြောင်းပြောနေကြ၏။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခြံဝန်းထဲမှာ အာဘောင်အာရင်းသန်သန်၊ ကျယ်ကျယ်လောင်လောင်နဲ့ စကားပြောနေကြတာ ခေါင်းတွေပါကိုက်ရသည်။

ကိုကိုကတော့ ခြံစောင့်ဦးလေးနဲ့ စကားပြောနေပြီး ခြံအတွက် ဘာလိုအပ်လည်း မေးမြန်းနေ၏။

နှစ်ယောက်ထဲ ရှိနေချိန်မှာ ပြောင်ချော်ချော်နဲ့ ဘာကောင်လေးမှန်းမသိပေမယ့် အခုလိုကျတော့လည်း အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုကို မြင်တွေ့နေရသည်။

ဟွန်း... ဒါကို ဓာတ်ပုံပို့လာပြီး စဖြစ်အောင် စလိုက်သေးတာ။

ဦးလေးနဲ့ စကားပြောနေရင်း ဖျတ်ခနဲ့ လှည့်ကြည့်လာတာကြောင့် ရှောင်ချိန်မရလိုက်ပဲ ကြည့်နေတာ လူမိသွား၏။

ရှက်တော့မရှက်ပေမယ့် မျက်နှာပူပါသည်။ နောက်ပြီးတော့ ရင်ခုန်သံတွေ ဆူညံသွားရသည်။

ငါးမိနစ်လောက်အကြာ၊ စကားပြောပြီးချိန်မှာပဲ အနားကို ရောက်လာလေပြီ။

" စွမ်း.. ကားထဲက ပုံဆွဲစာအုပ်နဲ့ခဲတံ ယူပေး... "

" မင်းဟာမင်း သွားယူ... "

ဥက္ကာဆီ ကားသော့ပစ်ပေးလိုက်ပြီး ကွပ်ပျစ်ဘေးနားက သစ်သားခုံတန်းလေးမှာ ထိုင်နေတဲ့ သူမဘေးနားဝင်ထိုင်သည်။

ဓာတ်ပုံကူးမပေးလို့ စိတ်ကောက်နေတာက သူ့အလိုလိုပြေသွားပြီမို့ ပြောစရာစကားတွေလည်း ရှိလာလေပြီ။

" မင်းတို့ဘယ်သွားချင်သေးလဲ.. Hotelပြန်နားရင်လဲ နား.. ငါ ညနေမှ ဦးလေးကို လိုက်ပို့ခိုင်းလိုက်မယ်... "

" ရတယ်.. မင်းအလုပ်ပြီးမှ ပြန်မယ်... "

" ငါတို့ကလည်း ရတယ်နော်.. အေးဆေး... "

ကိုကို့စကားကို အထွန့်တက်မယ့်သူက မွန်မြတ်သန့်စင်တယောက်သာ။ Caffeineကို အလွန်အမင်း လိုအပ်နေတာကြောင့်။

" ကော်ဖီသောက်ချင်တယ်... "

ကိုယ့်ကိုကိုယ် ဒီလိုမျိုး မျက်နှာပြောင်တိုက်တက်မယ်လို့ မထင်ခဲ့ပါဘူး။ စွမ်းရည်လင်းနဲ့ ပတ်သတ်လာရင် ဆင်ခြင်တုံတရားဆိုတာ ရှာလို့တောင် မတွေ့နိုင်ဘူး။

" သံဆူးကြိုးသွားဝယ်ပေးရမှာ.. ဝယ်ရင်းနဲ့ တခါထဲ ကော်ဖီဝယ်ခဲ့မယ်... "

ဝယ်ခဲ့မယ်ဆိုတဲ့စကားအရ ကော်ဖီဆိုင်လိုက်ခွင့်မရဘူးဆိုတာကို သိလိုက်သည်။ အမေသွားတော့ ပျင်းလှတယ် ဆိုရအောင် မေမေလည်းမဟုတ်။

ဘေးချင်းကပ်ထိုင်၊ ခေါင်းငုံ့ထားရင်းပဲ အတူလိုက်ဖို့ခေါ်စေချင်ကြောင်း မနောနဲ့ဆက်သွယ်လိုက်သည်။

" ဘာသောက်မှာလည်း.. လိုက်ခဲ့မလား... "

Yes!

" လိုက်မယ်... "

ကွပ်ပျစ်ပေါ်က အနွေးထည်နဲ့ပိုက်ဆံအိတ် သွားယူနေစဉ်မှာပဲ ကိုကိုက ကားဆီသွားနေပြီမို့ ဘယ်သူ့ကိုမှတောင် သွားလိုက်ဦးမယ် မပြောနိုင်ပဲ အပြေးအလွှားနဲ့ ကားပေါ်ရောက်ခဲ့တော့သည်။

" ပင်လယ်စာထမင်းကြော်စားချင်တယ်... "

ခါးပတ်ပတ်နေရင်း ပြောလိုက်သည်။

ဆင်ခြင်တုံတရားလည်း မရှိဘူး။ ကိုကိုနဲ့ပတ်သတ်လာရင် မမေးချင်လို့မမေးတာ၊ မပြောချင်လို့ မပြောတာပဲရှိမယ်၊ စဉ်းစားတွေဝေနေခဲ့တယ်ဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။

" အင်း.. ကိုယ်ရောပဲ.. အရင်သွားဝယ်ရအောင်... "

ကိုကိုက ခပ်တည်တည်နဲ့ သူ့ဖုန်းကို လက်ထဲထည့်ပေးလာ၏။ ဘာအတွက်ပေးတာလည်း မမေးပဲ Passcodeရိုက်နှိပ်ပြီး ဓာတ်ပုံကူးလိုက်တော့သည်။

.
.
.

" ဆိုင်ကိုဖုန်းအရင်ကြိုဆက်ရအောင်.. စောင့်နေရမှာစိုးလို့... "

" အင်း... "

" တပွဲပဲမှာနော်.. စားချင်တာပဲရှိတာ.. မစားဘူး... "

ကိုကိုက ဆိုင်ကို ဖုန်းမခေါ်သေးပဲ စူးစမ်းသလိုကြည့်လာ၏။ ဉာဏ်ကောင်းသူမို့ တခဏအတွင်းမှာပဲ ဆက်စပ်တွေးခေါ်နိုင်သွားသည်။

" အင်း ကိုယ် ဗိုက်ဆာနေတာ... "

ပြုံးရင်း ပါးပြင်ကို ဖျစ်ညှစ်လာ၏။ ကိုကို့‌ကို ချစ်တဲ့အကြောင်းတွေ ကိုကို သိအောင်ပြောပြမယ် ကြွေးကြော်ခဲ့ဖူးပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီလောက်လေးနဲ့တင် မျက်နှာဘယ်နားထားရမှန်း မသိအောင် ဖြစ်ရသည်။

ဒါပေမယ့်လည်း ကိုကိုနဲ့ ပတ်သတ်လာရင် မျက်နှာပြောင်တိုက်ဖို့ ဝန်မလေးသူမို့ ရှေ့လျှောက် ဒီထက်အများကြီး ဂရုစိုက်ပေးမှာ။

အား... မွန်မြတ်သန့်စင် တကယ်ပဲ၊ ကုရာနတ္တိ ဆေးမရှိတော့ပါလား။

.
.
.

ပင်လယ်စာထမင်းကြော်အတွက် ကျသင့်ငွေထုတ်ပေးလိုက်သည်။ သဘောတူထားပြီး ကိစ္စဖြစ်တာကြောင့် ငြင်းဆန်ခြင်းမရှိပဲ ယူသည်။

ဆိုင်က Bad Reviewပေးမယ်ဆိုတာ ဘယ်လိုသိသွားလည်းမသိ။ ပင်လယ်စာထမင်းကြော်က အနံ့နဲ့တင် မွှေးပျံ့နေပြီး စားပါတော့ ဖိတ်ခေါ်နေတာကြောင့် ကော်ဖီဆိုင်မှာ ကော်ဖီမှာထားကာ ကားအပြင်ဘက်မှာ မတ်တပ်ရပ်ရင်းပဲ စားလိုက်ကြသည်။

" ခုနကစားတဲ့ ထမင်းပေါင်းက စားလို့ကောင်းလား... "

" ဘာအရသာမှန်း သေချာမသိလိုက်ဘူး.. ခွေးစာဘယ်နားရောင်းလည်း မသိဘူး.. ဝယ်ပေးခဲ့ဦးမယ်... "

" ဦးလေးကို ပိုက်ဆံပေးခဲ့လိုက်လေ... "

" ကိုယ် ကိုယ်တိုင်ဝယ်ပေးချင်တာ... "

ကိုကိုက ဗိုက်ဆာနေတာကြောင့် ကော်ဖီမှာထားတာမရသေးခင်၊ တခဏအတွင်းမှာပဲ ထမင်းက ကုန်စင်သွားလေပြီ။ စားဦးဆိုတာကို မစားဘူး မငြင်းဆန်တာကြောင့်လည်း ပါတာပေါ့လေ။

" ကိုကို.. အချစ်နဲ့အတူတူရှိနေရင် အာဟာရသိဒ္ဓိပြည့်နေသလိုပဲဆို... "

" လက်တွေ့မှာ အချစ်တခုထဲနဲ့ ပြည့်စုံနိုင်မှာမှ မဟုတ်ပဲ... "

" အဲ့လိုမဟုတ်ဘူး.. အလယ်အလတ်လမ်းစဉ်ကို မကျင့်သုံးနိုင်ကြတာ... "

" အင်း.. ဓာတ်ပုံကူးမပေးလို့ စိတ်ကောက်တာကရော... "

" မကောက်ပါဘူး.. ဘယ်သူကစိတ်ကောက်လို့လည်း.. ဒီလောက်လေးနဲ့ ကောက်တယ် အဖြစ်မခံနိုင်ဘူး... "

မျက်စိစုံမှိတ် ငြင်းဆန်လိုက်သည်။ ကိုကိုဟာ ချိုချဉ်မစားရလို့ အော်ဟစ်ငိုယိုနေတဲ့ကလေးကို ကလေးစိတ်ချမ်းသာရင်ပြီးရော သဘောထားပြီး ချိုချဉ်ကျွေးမယ့်သူ မဟုတ်။

ကလေးပေါက်စကိုပင် အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီး လက်ခံအောင်ပြောမည့်သူဖြစ်သည်။

ဒါကြောင့် စကားပြောနေရင် မောနေမှာစိုးရိမ်မိလို့ အလိုက်သိပေးလိုက်ခြင်းပါ။

" ကိုကို.. ဦးလေးတို့အတွက်ရော တခုခုဝယ်မပေးတော့ဘူးလား... "

" ခြံလခလည်း ပေးတယ်.. ခြံလည်း သူတို့ပဲ စိုက်စားနေတာ.. အပင်တွေ ဒီလောက်များတာ.. အိမ်ကို ဘာအသီးမှမရောက်ဘူး. ဖေဖေက သေချာဖိဖိစီးစီးမလုပ်ဘူး... "

" အွန်း... "

ဒီလောက်ပြောတာနဲ့တင် နားလည်လိုက်ပါပြီ။ ကြည့်ရသလောက် သိပ်လည်းအချိုးမပြေပါဘူး။ အလုပ်ကြိုးစားချင်စိတ်လည်း မရှိဘူး။

" ဒါပေမယ့်.. အဲ့တာသူတို့အပိုင်းလေ.. တိရစ္ဆာန်တောင် မေတ္တာထားသေးတာ‌ပဲကို... "

" မုန့်ဖိုးသက်သက်ပေးလိုက်မယ်... "

" အင်း... "

ကျေနပ်စွာနဲ့ ပြုံးရယ်လိုက်တာကို ကိုကိုက ကားကို မှီထားရင်း ငေးကြည့်နေသည်။ ဒီအချိန်မှာ ဘာပဲတောင်းဆိုပါစေ၊ ဖြည့်ဆည်းမယ့်သဘောရှိသည်။

နူးညံသိမ်မွေ့တဲ့ အကြည့်တွေနဲ့ သူ အချစ်မှာ မျောနေတာ... ။

" ရေသောက်ချင်တယ်... "

" ရေသွားဝယ်လိုက်မယ်.. ကားထဲကစောင့်နေနော်... "

Lover seatမှာ ဝင်ထိုင်ပြီး Powder pactဘူးကို ဖွင့်လိုက်ကာ မျက်နှာက အဆီပြန်နေမလား ကြည့်လိုက်သည်။ ရာသီဥတုကြောင့်လား မသိ၊ အဆင်ပြေနေသေး၏။

နှုတ်ခမ်းနီကတော့ ထမင်းမစားခင်ထဲက ကုန်စင်အောင် ဖျက်ထားပြီးပြီ။

မှန်ကြည့်ရင်း မဆီမဆိုင်ပဲ လွန်ခဲ့တဲ့တပတ်ကျော်က ကျုံးဘေးနားက အဖြစ်အပျက်ကို သတိရသွားသည်။

Sh*t!

ကားထဲမှာ အရမ်းပူလွန်းတာကြောင့် အောက်ခဏဆင်းပြီး လေကောင်းလေသန့်ရှူလိုက်သည်။ ကိုကိုက ရေဘူးနဲ့ကော်ဖီဘူးတွေကိုင်ထားပြီး ကားဆီလာနေပြီမို့ ကူသယ်ပေးဖို့ သွားလိုက်ပေမယ့် အသယ်မခံပါ။

" အခုသောက်မှာလား.. ခြံထဲရောက်မှသောက်မှာလား... "

" အခု... "

Latteဘူးကို ပေးလာသည်။ လက်ချင်းထိမိသွားခဏမှာ နှလုံးသားတင်မကပဲ ကိုယ်တွင်းကလီစာအကုန်လုံးပါ လှုပ်ခါသွားသလို။

တကယ်ရူးသွားပြီထင်တယ်။

တလမ်းလုံး စကားမပြောပဲ ကားပြတင်းပေါက်ကနေ အပြင်ကိုငေးနေတာကြောင့် ကိုကိုက ကော်ဖီသောက်ကောင်းလား မေးလာတော့သည်။

" ကောင်းပါတယ်... "

" Flat Whiteနဲ့ ဘယ်ဟာပိုကောင်းလည်း... "

ကားမောင်းနေရာကနေ တချက်ငဲ့စောင်းကြည့်ပြီး မေးလာသည်။ ဦးနှောက်က ဒါမျိုးကျ သိပ်ကြာကြာစဉ်းစားစရာမလို။

" အတိတ်မေ့သွားရင်တောင် ကိုကို့လက်ရာ Flat Whiteကို မေ့မှာမဟုတ်ဘူး... "

" ဘယ်ဟာပိုကောင်းလည်း မေးတာ... "

" သေချာပေါက် ကိုကိုဖျော်ပေးတဲ့ Flat Whiteပေါ့.. ခုနက ကော်ဖီဆိုင်က အစ်ကိုကြီးလည်း ချောပေမယ့် ကိုကို့ကို မမှီပါဘူး... "

ကိုယ့်စကားကို ရယ်မိသည်။ တကယ်ဆို ဖြူသလား၊ မည်းသလားပင် သေချာမကြည့်လို့ မသိခဲ့ပါ။

ကားလေးဟာ လမ်းဘေးတနေရာမှာ ထိုးရပ်သွားသည်။ လှမ်းကြည့်ရင် ခြံကို မြင်နေပြီဖြစ်တဲ့ အကွာအဝေးမှာ။

ထိုင်ခုံခါးပတ်ဖြုတ်လိုက်တဲ့အသံဟာ နားထဲမှာ လိုအပ်တာထပ်ပိုကျယ်လောင်နေသလိုခံစားလိုက်ရသည်။

" ဘာလဲ... "

စိတ်ဆိုးသွားတဲ့ပုံစံလည်း မဟုတ်ပါဘူး။ မျက်ဝန်းတွေကလည်း ကြည်ကြည်လင်လင်နဲ့ပါ။

" ဘာလဲလို့... "

" Hotelပြန်ရောက်တဲ့အထိ စိတ်ကောက်မပြေရင် ကိုယ်စိတ်မကောင်းဖြစ်တော့မှာ... "

ကားထဲမှာ ရှိနေတဲ့ ရေဘူးကိုဖွင့်ပြီး ရေတဝက်ကျော်လောက်ထိ ကုန်အောင်သောက်လိုက်သည်။

ဘုရားရေ။
သူ့ဟာသူ ရေသောက်နေတာကို ဘာလို့ရင်တုန်နေရတာလဲ။

အရမ်းမရှည်ပေမယ့် ကော့စင်းနေတဲ့ မျက်တောင်တိုစိပ်စိပ်တို့ တချက်ပုတ်ခတ်သွားတိုင်း နှလုံးသားကလဲ တဒိတ်ဒိတ် မြန်နှုန်းမြင့်လာရသည်။

နားပေါက်နှစ်ပေါက်ရှိပြီး နားကွင်းနှစ်ခုက အမြင်မရိုင်းပဲ ကြည့်လို့အဆင်ပြေနေ၏။ ဒါဟာ ချစ်တဲ့စိတ်နဲ့ကြည့်တာကြောင့် မဟုတ်။

ခဏနေစမ်းပါဦး
အာရုံစိုက်စမ်းပါ

စိတ်ထဲကနေ ကိုယ့်ကိုကိုယ် အော်ပစ်လိုက်သည်။ တကယ်ပါပဲ၊ ဘာတွေတွေးနေတာလဲ။

" စိတ်မကောင်းဖြစ်မှာလား.. စိတ်ဆိုးမှာလား... "

" ကိုယ်က မင်းကို ဘာလို့စိတ်ဆိုးရမှာလည်း.. စိတ်ဆိုးစရာလည်း မဟုတ်ဘူး... "

" ဘာလို့စိတ်မကောင်းဖြစ်မှာလည်း... "

" ညကျရင် မနေ့ကလိုပဲ camp-fireလုပ်မှာ.. Barbecueရော.. အချစ်က စိတ်ကောက်ပြီး စကားမပြောရင် ဘယ်အရာကမှ အသက်ဝင်တော့မှာ မဟုတ်ဘူး... "

Iced Latteဘူးကို ကိုင်ထားတဲ့ ညာဘက်လက်ဖဝါးဟာ စိတ်လှုပ်ရှားမှုကြောင့် ချွေးစေးတွေပြန်နေရပြီ။

" ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် စိတ်ကောက်လို့ရတယ်.. စိတ်ထဲမှာ မရှင်းမလင်းနဲ့ သံသယဝင်နေတာမျိုးတော့ မဖြစ်စေချင်ဘူး.. ကိုယ်က မင်းရဲ့စိတ်ကို လုံခြုံမှုပေးချင်တယ်.. စိတ်ချမ်းသာအောင်ထားချင်တယ်.. ဒါက ဒီအတိုင်းပြောပြတာ.. ဘေဘီက အကြာကြီးစိတ်မကောက်ပဲ ကိုယ့်ကို စကားအရင်ပြောလို့ ကိုယ့်စိတ်ကို ပေးသိတာ... "

" စကားအရင်မပြောရင် ကိုကို့စိတ်ကို ပေးမသိဘူးပေါ့... "

" ကိုယ်က ပေးသိရင်တောင် ဘေဘီက အလေးထားဦးမှလေ... "

ဒါဟာ ကိုကို့ရဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို ဖော်ပြနေတဲ့စကားလား။

Latteကို Cupholderမှာ ထည့်လိုက်ပြီး ကိုကို့လက်ဖဝါးနှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်၏။

" အလွဲသုံးစားမလုပ်ဘူး.. အဲ့တာကို ယုံ.. ကတိပေးနိုင်တယ်.. ဒါပေမယ့် ကိုကို့ကို အလေးအနက်ထားတာ သိတယ်မလား... "

" အင်း... အဲ့တာကြောင့် ပြောပြတာ.. တကယ်လို့ မင်းက ကိုယ်နဲ့ပတ်သတ်ပြီး အလေးမထားဘူး.. ကိုယ့်အပေါ် စိတ်နှစ်မထားဘူးဆိုရင်လည်း.. မင်းကို မေ့ဖို့ကြိုးစားမှာမဟုတ်ဘူး.. ဘာလို့.. ချစ်မိသွားလည်း တကယ်မသိတော့ဘူး... "

ကိုကိုက တည်တည်ငြိမ်ငြိမ်နဲ့ ပြောနိုင်ပေမယ့် ဒီမှာတော့ အသက်ရှုဖို့တောင် မေ့လျော့နေပြီ။

ကိုကို့စကားတိုင်းကို မချေပနိုင်ပဲ ခေါင်းငုံ့နေယုံသာ တက်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်တိုရပါသည်။ တခါလောက်တော့ ပြန်Flirtကြည့်ချင်မိသည်။

" သိအောင်ကြိုးစားဖို့လည်း မလိုအပ်ဘူးလေ... "

" အင်း.. မလိုအပ်ပေမယ့်.. မင်းက ချစ်တယ်ပြောတာလေးတော့ ခဏတိုင်းကြားဖို့လိုအပ်တယ်... "

Sh*t!

ဒီအတိုင်း ခေါင်းငုံ့၊ နှုတ်ဆိတ်နေလိုက်ရမှာ။ မနိုင်မှန်းသိရက်နဲ့ မစသင့်ဘူး။

" ပြန်ကြစို့.. ရေခဲတွေအရည်ပျော်ကုန်ရင်.. သောက်ရတာအရသာရှိမှာ မဟုတ်ဘူး.. ပိတ်ချင်းမြောင်သွားဦးမှာဆို... "

" Baby.. အခု ဂရုစိုက်ရမှာက ကိုယ့်နှလုံးသားကို... "

" ဆက်မပြောနဲ့တော့.. မုန်းစရာကောင်းလာပြီ... "

အပူရှိန်မြင့်တက်နေတဲ့ ပါးပြင်ကို ညာဘက်လက်မနဲ့ ခပ်ဖွဖွပွတ်သပ်ရင်း ဟက်ခနဲရယ်မောသည်။

" တကယ့်ကောင်မလေး... "

တကယ့်ကောင်မလေးဆိုတာ ဒီအတိုင်းအသည်းယားလို့ ပြောတဲ့စကားဖြစ်မည်ထင်သည်။ ဒါမှမဟုတ်... စကားလွှဲလိုက်လို့ အားလိုအားမရဖြစ်ပြီး ပြောလိုက်တဲ့စကားလား။

ဘာလို့များ ပထမဆုံးစတွေ့ဘူးတဲ့နေ့ကစလို့ တရက်မပျက်ပဲ သူ့အကြောင်းပဲ တွေးနေမိအောင် လုပ်နိုင်ရတာလဲ။ တကယ်ပဲ အံ့ဩစရာကောင်းတယ်။

-26_____26-

💚 Thanks For Reading 💚

29.10.2022
Saturday


( 26ထိရောက်ပြီဆိုတော့ ဖတ်ကြည့်လို့ အဆင်ပြေလား၊ ပျင်းစရာကောင်းလား၊ နှစ်ယောက်က Chemistryမိတယ်ခံစားရလား၊ ဘယ်နားမှာ လိုအပ်သွားတာရှိလဲ၊ ဘယ်လိုနေလည်း ပြောပြပေးလို့ရမလားဟင် 💚 ပြောပြမှ အိုင့်ဘက်က ပြင်ဆင်လို့ရမှာမို့ တကယ်သိချင်လို့ပါ။ )

Continue Reading

You'll Also Like

67K 3.2K 25
ZawGyi code is below. Sunflower met her sun. And a beautiful love story started. Any character in this story doesn't represent anyone in real life. I...
282K 14.5K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
5.1K 332 8
funny romance Zawgyi and Unicode
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...