I'm All Ears - 27

444 39 10
                                    

ပုံမှန်ဆို တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပေမယ့် အခုလို ဝါတွင်းကာလတွေမှာ ပိတ်ရက်မရှ်ိပါ။ အဲ့လိုပဲ သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာလည်း မပိတ်။ နှစ်ကုန်ကာနီးလည်း မပိတ်၊ မြန်မာနှစ်သစ်ကူးလည်း မပိတ်။

ဒါကြောင့် အခုလို အလုပ်မသွားရတဲ့ Super Sundayမှာ‌ မေမေနဲ့အတူ ဆိုင်ထိုင်နေရသည်။

" မေမြို့က ပြန်လာတာ တလလောက်ရှိပြီ.. ဓာတ်ပုံတွေ မကုန်သေးဘူးလား... "

ပြုံးပြုံးကြီးနဲ့ တပုံချင်းစီကို Zoomဆွဲကြည့်ရင်း မေးလာ၏။ မိဘပဲ ကိုယ့်သားသမီးလေးရဲ့ လှတပတလေးနဲ့ ဓာတ်ပုံတွေမြင်တော့ စိတ်ချမ်းသာတာပေါ့။

" Commentရေးကြတာလည်း မိန်းကလေးတွေကြည့်ပါလား... "

မာတာမိခင်ရဲ့ အစ်အောက်မေးမယ့် မေးခွန်းတွေကို ကြိုတင်ရှောင်ရှားရမည်။

" အင်းနော်.. ကောင်မလေးတွေကြည့်ပဲ commentရေးကြတာ.. ဘာလို့ကောင်လေးတွေက မရေးတာလည်း မသိဘူး... "

" ကောင်လေးတွေရော accountထဲ ရှိလို့လား.. မေမေ့ accountကနေ ကျွန်မ သမီးအငယ်လေးပါ.. addပေးကြပါဦးဆိုပြီး Postတင်ပေးရမလား.. ဒီပုံလေးလှတယ်နော်.. ဒီပုံလေးနဲ့တင်လိုက်မယ်... "

အဲ့တာ မေမေ့သမက်ရိုက်ပေးတဲ့ ဓာတ်ပုံလေ မေမေရဲ့။ အဲ့တပုံမှမဟုတ်ဘူး။ ဓာတ်ပုံတွေအကုန်လုံး ကိုကိုပဲ ရိုက်ပေးထားတာ။ 

" ဒါလေးလည်း လှတာပဲ.. ဘယ်ပုံနဲ့တင်ရမလဲ... "

" ဟာ.. ဘာဘယ်ပုံနဲ့တင်ရမှာလည်း.. ရှက်စရာကြီး.. မေမေနော်.. Blockလိုက်မှာဗျ... "

" ကားမောင်းတဲ့ ကောင်လေးကလည်း commentမရေးဘူးလား.. သူ့accountက ဘာလဲ Friendဖြစ်ထားဦးမယ်... "

" မေမေ့... "

" ဘာလို့ မေမေ့ကို အော်နေတာလည်း.. မေမေကလည်း ဘာလို့လူတကာနဲ့ friendဖြစ်ချင်နေတာလည်း... "

အိမ်က အစ်ကိုက ဒီလိုနေရာမှာ အသုံးဝင်လို့တော်သေးတာပေါ့။ ဒါပေမယ့်လည်း အမြင်ကပ်တယ်။

" ငါ့ကို လက်ဖက်ရည်ဖျော်ပေးစမ်းပါ... "

" လက်ဖက်ခြောက်က မနှပ်ရသေးဘူး... "

ICY : Sugar Free Ice Cream Where stories live. Discover now