ERROR-SIGNAL(Completed)

By nuenueki

32.6K 4.3K 942

ဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် ... More

1.သွေးဆာနေတဲ့နတ်ဆိုး
2.ဆုံတွေ့ခြင်းမိုးရေစက်များ
3.တစ်ကျော့ပြန်ရှားလော့ခ်
4.သရုပ်မှန်
5.တရားခံ=နစ်နာသူ
6.ကျေးဇူးဆိုတာ အကြွေးလား
7. ခြေလှမ်းသစ်
8.လမ်းမှား
9.သူငယ်ချင်း < အချစ်
10.တစ်ပြိုင်တည်းရောက်လာသောအမှုနှစ်ခု
11.လိမ်ညာခြင်း
12.Invisible murder
13.ကတိ
14.Gym သို့အလည်တစ်ခေါက်
15.First kiss💝
16.Angel's trumpetနှင့်မျက်နှာပူစေသောပန်းချီကားများ
17.ချိုမြန်သောကလဲ့စား
18.အရင်းနှီးဆုံးသူစိမ်း
19.အတိတ်
20.အတိတ်ရဲ့တံခါးချပ်
21.ထပ်တူညီရင်ခုန်သံ
22.အနုပညာကျောင်းလူသတ်မှု
23.Lovers in the night
24.ဆန်းကြယ်သောဝန်ခံမှု
25.စိတ်ဒဏ်ရာ
26.စိတ်ထိခိုက်စေသောပြစ်မှုကျူးလွန်သူများ
27.ပျောက်ဆုံးသွားသောရင်ခွင်
28.အငြိုးကြီးသူလား psychopathလား
29.Hyungက ကျွန်တော့်အပိုင်
30.သားသတ်ရုံ
31.အလှည့်အပြောင်း
32.ကယ်တင်ရှင်
34.Counselling
35.ဖောက်ထွင်းခံရသောစာကြည့်ခန်း
36. The meaning of his tattoo
37.သွေးစွန်းနက်ကတိုင်
38.တရားခံပေလား
39.The Last Client
40.အစီအစဥ်
41.အတွဲညီခြင်း
42. နောင်တ
43.ဓားခုတ်ရာလက်ဝင်လျှိုမိသူ
44.တစ်ကိုယ်နှစ်စိတ်
45. ခွဲခွာခြင်းနှင့်ပြန်လည်ဆုံတွေ့ခြင်းမိုးရေစက်များ
46.ဇာတ်သိမ်းပိုင်း
Author Note
အမှတ်တရ Section
Special Episode

33.​လူသတ်မှုထက်ပိုသော

546 83 4
By nuenueki

" လက်ကိုဖယ်လိုက်စမ်း မင်းကများရာရာစစ.."

ကျွန်တော့်အင်္ကျီကိုဆွဲချွတ်နေတဲ့ ထိုသူကိုတွေ့လိုက်ပြီးနောက် Jay hyungရဲ့မျက်နှာမှာ လူသတ်ချင်တဲ့အရိပ်အယောင်တွေပြည့်နှက်နေသည်။
အံကိုကြိတ်ထားရလို့ နားထင်ကြောများပင်ထောင်နေသည်ကိုတွေ့လိုက်ရသည်။

Jay hyungကိုတွေ့လိုက်တော့ ထိုသူက ချထားတဲ့ဓားကိုကောက်ပြီး ကျွန်တော့လည်ပင်းမှာထောက်ထားသည်။

တစ်ကိုယ်လုံးနာကျင်နေသည့်အပြင် ဓားနဲ့ထောက်ထားသော ထိုလူ၏လက်များက တုန်ယင်နေသောကြောင့် ဓားသွားက လည်ပင်းကိုစူးနေတာမို့ အသက်ရှူပင်အောင့်ထားမိသည်။

"မင်း မင်းကိုငါတည်နေရာမပြောရသေးဘဲနဲ့ ဒီကိုဘယ်လိုရောက်လာတာလဲ Jay
ရှေ့တိုးမလာနဲ့နော် "

" ဒီမှာ မင်းလိုချင်တဲ့ သက်သေတွေမှတ်တမ်းတွေ ဓားကိုချလိုက်
ယူပြီးအေးအေးဆေးဆေးထွက်သွားတော့ မဟုတ်ရင် ဒီနေရာမှာတင်မင်းကိုငါသတ်မိလိမ့်မယ်"

Jay hyung ပစ်ပေးလိုက်တဲ့ သက်သေ မှတ်တမ်းတွေကို လက်တစ်ဖက်ဖြင့် ဆွဲယူစစ်ကြည့်ပြီးနောက်ထိုသူက

" ငါလိုချင်တာရပြီဆိုတော့ မင်းဟာလေးကိုမင်းဆီပြန်ပေးလိုက်မယ်
မင်းလာတာမြန်သွားလို့ပေါ့ကွာ ဟားဟားဟား "

ထိုသို့ပြောကာ ကျွန်တော့်ကိုထိုင်ခုံမှာချည်ထားတဲ့ကြိုးတွေကိုဓားနဲ့ ဖြတ်တောက်ပေးလိုက်ပြီး ထိုင်ရာမှထစေသည်

" မလှုပ်နဲ့ တံခါးနားရောက်ရင် လွှတ်ပေးမယ်"

ကျွန်တော့်ကိုဖမ်းချုပ်ထားပြီးတံခါးနားကိုတရွေ့ရွေ့ချဥ်းကပ်နေချိန်တွင် Jay hyungသည် သည်းခံနိုင်သမျှအစွမ်းကုန်သည်းခံထားရသောကြောင့် လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်လျက်ရှိသည်။

တံခါးနဲ့ နီးကပ်လာချိန်တွင် ထိုသူက  ကျွန်တော့က်ို Jay hyungဘက် တွန်းပို့လိုက်သည်။

ကျွန်တော့်ကိုပြေးပွေ့လိုက်ပြီး ထိုသူပြန်လုမှာ စိုးရိမ်နေသည့်အလား ကျွန်တော့်ကိုထိုသူနဲ့အဝေးရာဘက်သို့ဆွဲလှည့်လိုက်ကာ စိုးရိမ်တကြီး ကြည့်နေသည့် Jay hyung ၏ မျက်ဝန်းတွင်မျက်ရည်တို့ရစ်ဝဲနေသည်။

Jay hyungရင်ခွင်ထဲရောက်ချိန်မှာ လူက လှုပ်ပင်မလှုပ်နိုင်တော့တဲ့အထိပင်ပန်းနေပြီဖြစ်သည်။

" ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကြောင့်..."
ဝမ်းနည်းမှုကြောင့်တုန်ယင်နေသော Jay hyungရဲ့အသံက ကျွန်တော့ရင်ကိုလာရိုက်ခတ်သည်။

" ကျွန်တော်ဘာမှမဖြစ်ဘူးလေ hyungရဲ့ "

ကျွန်တော်တို့နှစ်ယောက်ကိုကျောခိုင်းကာထိုသူကထွက်သွားဖို့
တံခါးဖွင့်မည်အပြု
ရဲကားသံများအရေးပေါ်လူနာတင်ယာဥ်အသံများကိုကြားလိုက်ရသည်။

စောက်ကျိုးနည်း ...
ဆူဘင်းကို အသံပိတ်ပြီးလာခဲ့ဖို့မှာရန် မေ့သွားသည်။

Jay hyung ကျွန်တော့်ကို အာရုံစိုက်နေချိန်တွင်
ထိုသူက ရဲကားသံများကြောင့်ထွက်မသွားတော့ဘဲနောက်သို့ပြန်လှည့်လာပြီး

" မင်းနဲ့ငါနဲ့ အလဲအလှယ် အဆင်ပြေနေပြီးသားကို ဘာလို့ရဲတွေခေါ်ခဲ့တာလဲ ယုတ်မာတဲ့ကောင် " ဟုဆိုကာ
သူ့ကိုနောက်ကျောပေးပြီးကျွန်တော့်ကိုပွေ့ထားတဲ့  Jay hyungကို
လက်ထဲကဓားနဲ့  ရုတ်တရက် ပြေးထိုးလိုက်တာမြင်ရတော့ ကျွန်တော်မျက်လုံးတွေပြာထွက်သွားသည်။

ရှိသမျှအားကုန်သုံးပြီး Jay hyungကို တစ်ဖက်ဆွဲလှည့်လိုက်ချိန်မှာတော့ ဓားသွားက ကျွန်တော်ခါးဆီ စူးဝင်လာသည်ကိုခံစားလိုက်ရသည်။

" ဂျောင်ဝန်းနီးး "

Jay hyungရဲ့အော်သံကြောင့် hyungရဲ့ ဒေါသတို့က မထိန်းချုပ်နိုင်လောက်အောင် အမြင့်ဆုံးသို့ရောက်သွားပြီဖြစ်ကြောင်းသဘောပေါက်လိုက်သည်။

ကျွန်တော့်ကိုပွေ့ထားရင်း hyungက သူ့ခါးဆီမှ သေနတ်တစ်လက်ကို ဆွဲထုတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
ထို့နောက် လက်တစ်ဖက်ဖြင့် ကျွန်တော့်မျက်လုံးတွေကိုကာပြီး

" babe နားတွေခဏပိတ်ထားနော် ကိုယ့်ကိုခွင့်လွှတ်ပါ"

ထို့နောက် hyung ရဲ့ လက်မောင်းဆီက တုန်ခါမှုကိုခံစားလိုက်ရပြီး သေနတ်သံနှင့် သားသတ်ရုံပိုင်ရှင်၏ အော်သံကြီးကိုပါတစ်ဆက်တည်းကြားလိုက်ရပြီးနောက် ကျွန်တော်လည်း လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့လေသည်။
.
.

" ဂျောင်ဝန်းနီး ပင်ပန်းနေပြီလား "
ဒီတခါအိပ်မက်မှာလည်း ဖေဖေ့ကိုတွေ့ရပြန်သည်။
ဖေဖေ့အသံအေးအေးလေးနဲ့မျက်နှာကြည်ကြည်လေးကြောင့် ကျွန်တော့်စိတ်တွေ အေးချမ်းသွားရသည်။
အများကြီးလွမ်းနေခဲ့တာ။

"တချို့လူတွေရဲ့ ခွင့်လွှတ်ပေးလို့ရတဲ့အမှားတွေကို ခွင့်လွှတ်ပေးလိုက်နော်
နောက်ပြီး
ဖေဖေမှာနေကျစကားကိုပဲ ထပ်ပြီးမှာဦးမယ်
အစွဲအလမ်းအရမ်းမကြီးနဲ့ ပြီးတော့ အရမ်းအယုံမလွယ်နဲ့ ထင်ထားသလိုဖြစ်မလာရင် ကိုယ်ပဲနာကျင်ရလိမ့်မယ်
ကဲ
ဒီမှာ အကြာကြီးနေလို့မကောင်းဘူး ပြန်တော့နော် ဒီတခါထပ်မလာတော့ရင်ကောင်းမှာပဲ ကျန်းကျန်းမာမာနေနော် ငါ့ရဲ့ကလေးလေး သွားတော့ "

ဖေဖေ့ကိုလက်ပြနှုတ်ဆက်ပြီး ပြန်လာခဲ့တော့ ခြေလှမ်းတို့ကပေါ့ပါးနေသည်။
ထို့နောက် လမ်းလျှောက်ရင်း ချောက်နက်တစ်ခုထဲကိုခြေချော်ကျသွားကာ ရင်ထဲမှာ လှပ်ခနဲခံစားလိုက်ရခြင်းနဲ့အတူ ဆေးရုံကုတင်ပေါ်မှာ နိုးထလာခဲ့ရသည်။
.
" ဂျောင်ဝန်းနီး သတိရလာပြီလား "
အိပ်မက်ထဲမှာ ဖေဖေ့ကိုတွေ့ခဲ့ပြီး နိုးလာတော့မေမေ့အသံလေးကြားလိုက်ရတာကြောင့် ရင်ထဲနွေးထွေးသွားသည်။

"သားသတင်းကြားလို့ မေမေခွင့်ယူပြီး ချက်ချင်းပြေးလာခဲ့တာ ဖြစ်ဖြစ်ချင်းနေ့တစ်ညလုံးနဲ့ မနေ့ကတစ်ရက်လုံး သားသတိလစ်နေခဲ့တာ သွေးလည်းအများကြီးထွက်ထားလို့ အားလည်းနည်းနေသေးတယ် အရမ်းမလှုပ်နဲ့ဦးနော် မေမေဘေးမှာရှိနေပေးမယ်
ဆူဘင်းတောင် ခုဏကပဲ ပြန်သွားတာ မနေ့ကတည်းက တစ်ရေးမှမအိပ်ဘဲ ငူငူကြီးထိုင်နေပြီး မပြန်ဘူးလုပ်နေလို့ မနည်းချော့ပြီးပြန်ခိုင်းလိုက်ရတာ ခဏလောက်နားပြီးမှပြန်လာခဲ့ဖို့ပြောထားတယ် "
မေမေက စကားပြောရင်း ကျွန်တော့်အခြေအနေကိုစစ်ဆေးပေးနေသည်။

မေမေ့စကားကြောင့် ဆူဘင်းဘယ်လောက်စိတ်ပူနေမလည်းဆိုတာ ခန့်မှန်းမိပါသည်။
Jay hyungဆို ပိုပြီးစိတ်ပူနေမှာပေါ့
Jay hyungအကြောင်း တွေးလိုက်မိတော့ ကျွန်တော်သတိမေ့မသွားခင် Jay hyung က ထိုသူကိုသေနတ်နဲ့ပစ်လိုက်တာကိုအမှတ်ရသွားသည်။
အဲဒီလူ သေသွားလား...

" မေမေ ဦးလေးဘဲ့ဟိုရော လာသေးလား "

ဦးလေးဘဲ့ဟိုအကြောင်းပြောလိုက်တော့မေမေ့မျက်နှာမှာ အားနာတဲ့အရိပ်အယောင်တို့ပေါ်လာသည်။

" ဘဲ့ဟိုshiက ဒီနေ့မနက်ကတစ်ခါလာကြည့်သွားသေးတယ် သားတို့အမှုက အစက ရိုးရိုးလူသတ်မှုကနေ ကိုယ်တွင်းအင်္ဂါတွေမှောင်ခိုတဲ့အမှုပါထပ်တိုးလာလို့တဲ့ နောက်ပြီး ကိုယ်တွင်းအင်္ဂါတွေကိုရောင်းစားတာက တရုတ်ဘက်နဲ့ပါဆက်စပ်နေလို့ နိုင်ငံတကာရဲတွေပါ ပါလာတယ်ဆိုလားပဲ အဲဒါကြောင့် သူအရမ်းအလုပ်ရှုပ်နေတာတဲ့ အဲဒီကြားက သားကိုစိတ်ပူပြီး လာကြည့်သွားတယ် သားသတိရလာရင်လည်း အကြောင်းကြားဖို့မှာသွားတယ်"

သွားပြီပေါ့ အမှုကအရမ်းကြီးသွားရင် ဟိုလူကို သေနတ်နဲ့ပစ်တဲ့ Jay hyungက လွတ်နိုင်ပါ့မလား။
ဒဏ်ရာရနေတဲ့ကျွန်တော့ကို ထားခဲ့ပြီး ထွက်ပြေးမှာမဟုတ်မှန်းလည်းသိနေတာမို့ Jay hyung ကိုစိတ်ပူလာမိသည်။

" မေမေဆေးရုံကိုရောက်တုန်းက ကျွန်တော့်ဘေးမှာ ဘယ်သူတွေရှိလဲ"

ကျွနိတော့်အမေးကြောင့် မေမေကဆေးတိုက်ဖို့ပြင်နေရင်းကနေ

ဆူဘင်းနဲ့ သူ့ကောင်လေးလားမသိဘူး ကောင်လေးတစ်ယောက်ရှိတယ် နောက်ပြီး ဆရာဝန်ရယ်လည်းရှိနေတယ် "
ဟုဖြေသည်။

ဆေးသောက်ပြီးနောက် မေမေတိုက်တဲ့ဆန်ပြုတ်ပူပူလေးကိုသောက်လိုက်တော့ နည်းနည်းပိုပြီးအားရှိလာသလိုလို..

"   မေမေလည်းပင်ပန်းနေမှာပဲ ခဏလောက်နားလေ ကျွန်တော်အဆင်ပြေပါတယ်"

မေမေကကျွန်တော့မျက်နှာကို တစ်ချက်အကဲခတ်လိုက်ပြီး

" ဂျောင်ဝန်းနီး မနေ့ညက မေမေ ဆေးကောင်တာခဏသွားနေပြီး ပြန်လာတော့ အခန်းထဲမှာ ကောင်လေးတစ်ယောက်ရှိနေခဲ့တယ်

သားလက်ကိုကိုင်ပြီး သည်းသည်းသန်သန်ငိုနေခဲ့တာ သူ့ကိုမေမေ မသိပေမယ့် သားအတွက်စိုးရိမ်နေတဲ့သူ့ရဲ့ပုံစံက သာမန်တော့မဟုတ်ဘူး

မေမေဝင်လာတာတောင်သိပုံမရဘူး

မေမေလည်း အန္တရာယ်ပေးမယ့်သူမဟုတ်ဘူးလို့ခံစားမိတာကြောင့် အခန်းထဲကနေ ခဏထွက်လာပေးခဲ့လိုက်တယ်

ဆေးရုံဝန်းထဲမှာ ခဏထိုင်နေပြီး ပြန်လာတော့သူမရှိတော့ဘူး
မေမေထင်တာမမှားရင် သူက သားရဲ့သက်ဆိုင်သူဖြစ်နေတာမလား

သားမဖြေချင်လည်းရပါတယ် သားဖွင့်ပြောလာတဲ့အထိ မေမေစောင့်ပေးမှာပေါ့"

မေမေ့စကားကြောင့် ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားသည်။
Jay hyungက ဘယ်လိုများကျွန်တော့်ဆီရောက်လာပါလိမ့်..

" ကျွန်တော်ပြောလိုက်ရင် မေမေလန့်သွားမှာစိုးတယ်

ကျွန်တော်က ..

ကျွန်တော်က မေမေထင်သလိုပဲ ယောက်ျားလေးတစ်ယောက်ကိုသဘောကျနေခဲ့မိတာ "

ကျွန်တော့်စကားကြောင့်မေမေကစိတ်မဆိုးသည့်အပြင် ပြုံးနေသည်။

" ငါတို့ရဲ့ဂျောင်ဝန်းနီးလေးတောင် ချစ်ရမယ့်သူရှိနေပြီပဲ

သား မေမေပေးတဲ့သော့ကိုယူပြီး ဟိုအိမ်ကိုသွားခဲ့ပြီးပြီဆိုရင် တချို့အကြောင်းအရာတွေကို သားသိလောက်ရောပေါ့

သားဖေဖေရဲ့ မြေအောက်ခန်းထဲမှာရှိတဲ့ ဒိုင်ယာရီတွေဓာတ်ပုံ album တွေကို မေမေ မသိမ်းဘဲဘတမင်ထားထားခဲ့တာ သားလည်းသိသင့်တယ်ထင်လို့ပါ

မေမေက သားဖေဖေနဲ့သူ့ချစ်သူရဲ့ချစ်ခြင်းကိုခွဲခဲ့မိတာ

တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး

သားဖေဖေဆုံးပြီးသွားမှ သူ့စာအုပ်တွေဖတ်မိပြီး မေမေလည်းဒီအကြောင်းတွေကိုသိခဲ့ရတာပဲ

အဲဒါကြောင့် မေမေကအခု သားချစ်တဲ့သူ ဘယ်သူ့ကိုဖြစ်ဖြစ် သေချာပေါက် လက်ခံပေးမှာပါ
သားကို သားဖေဖေလိုမခံစားစေရဘူးစိတ်ချနော်"

" ဖေဖေ့ မိဘတွေက အတင်းအကြပ်ခိုင်းလို့ မေမေ့ကိုမချစ်ဘဲယူခဲ့တာလား "

" အတင်းအကြပ်ခိုင်းလို့မဟုတ်ပါဘူး သားဖေဖေက မေမေငြင်းတာတောင် သူကိုယ်တိုင် လိုလိုလားလားနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာ

သားနေကောင်းလာရင် အကြောင်းစုံပြောပြဖို့မေမေအားယူထားပါတယ် သားဖေဖေရဲဒိုင်ယာရီစာအုပ်ထဲမှာ ထည့်ရေးမထားတဲ့အကြောင်းအရာတွေပေါ့ ​

အခုတော့ သားကောင်းကောင်းနားလိုက်ဦး ဒီအချိန်မှာ စိတ်မကောင်းစရာတွေမတွေးမိအောင်နေရမယ်"

စိတ်မကောင်းစရာတွေဆိုပါလား ဖေဖေနဲ့ဦးလေးဘဲ့ဟိုတို့ကြားမှာ ဘာတွေများဖြစ်ခဲ့သေးတာပါလိမ့်...

(A/N နောက်ကျသွားလို့တောင်းပန်ပါတယ် Actionကားတွေသိပ်မကြည့်တတ်တော့ action အခန်းရေးတဲ့နေရာမှာ နည်းနည်း အခက််တွေ့နေလို့ပါနော် 🙏
ထုံးစံအတိုင်း click ဖို့နဲ့ MAMA votingအတွက် ကြိုးစားပေးကြပါဦးလို့ )

zawgyi

33.လူသတ္မႈထက္ပိုေသာ

" လက္ကိုဖယ္လိုက္စမ္း မင္းကမ်ားရာရာစစ.."

ကြၽန္ေတာ့္အကၤ်ီကိုဆြဲခြၽတ္ေနတဲ့ ထိုသူကိုေတြ႕လိုက္ၿပီးေနာက္ Jay hyungရဲ႕မ်က္ႏွာမွာ လူသတ္ခ်င္တဲ့အရိပ္အေယာင္ေတြျပည့္ႏွက္ေနသည္။
အံကိုႀကိတ္ထားရလို႔ နားထင္ေၾကာမ်ားပင္ေထာင္ေနသည္ကိုေတြ႕လိုက္ရသည္။

Jay hyungကိုေတြ႕လိုက္ေတာ့ ထိုသူက ခ်ထားတဲ့ဓားကိုေကာက္ၿပီး ကြၽန္ေတာ့လည္ပင္းမွာေထာက္ထားသည္။

တစ္ကိုယ္လုံးနာက်င္ေနသည့္အျပင္ ဓားနဲ႕ေထာက္ထားေသာ ထိုလူ၏လက္မ်ားက တုန္ယင္ေနေသာေၾကာင့္ ဓားသြားက လည္ပင္းကိုစူးေနတာမို႔ အသက္ရႉပင္ေအာင့္ထားမိသည္။

"မင္း မင္းကိုငါတည္ေနရာမေျပာရေသးဘဲနဲ႕ ဒီကိုဘယ္လိုေရာက္လာတာလဲ Jay
ေရွ႕တိုးမလာနဲ႕ေနာ္ "

" ဒီမွာ မင္းလိုခ်င္တဲ့ သက္ေသေတြမွတ္တမ္းေတြ ဓားကိုခ်လိဳက္
ယူၿပီးေအးေအးေဆးေဆးထြက္သြားေတာ့ မဟုတ္ရင္ ဒီေနရာမွာတင္မင္းကိုငါသတ္မိလိမ့္မယ္"

Jay hyung ပစ္ေပးလိုက္တဲ့ သက္ေသ မွတ္တမ္းေတြကို လက္တစ္ဖက္ျဖင့္ ဆြဲယူစစ္ၾကည့္ၿပီးေနာက္ထိုသူက

" ငါလိုခ်င္တာရၿပီဆိုေတာ့ မင္းဟာေလးကိုမင္းဆီျပန္ေပးလိုက္မယ္
မင္းလာတာျမန္သြားလို႔ေပါ့ကြာ ဟားဟားဟား "

ထိုသို႔ေျပာကာ ကြၽန္ေတာ့္ကိုထိုင္ခုံမွာခ်ည္ထားတဲ့ႀကိဳးေတြကိုဓားနဲ႕ ျဖတ္ေတာက္ေပးလိုက္ၿပီး ထိုင္ရာမွထေစသည္

" မလႈပ္နဲ႕ တံခါးနားေရာက္ရင္ လႊတ္ေပးမယ္"

ကြၽန္ေတာ့္ကိုဖမ္းခ်ဳပ္ထားၿပီးတံခါးနားကိုတေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္ေနခ်ိန္တြင္ Jay hyungသည္ သည္းခံနိုင္သမွ်အစြမ္းကုန္သည္းခံထားရေသာေၾကာင့္ လက္သီးမ်ားက်စ္က်စ္ပါေအာင္ဆုပ္လ်က္ရွိသည္။

တံခါးနဲ႕ နီးကပ္လာခ်ိန္တြင္ ထိုသူက  ကျွန်တော့က်ို Jay hyungဘက္ တြန္းပို႔လိုက္သည္။

ကြၽန္ေတာ့္ကိုေျပးေပြ႕လိုက္ၿပီး ထိုသူျပန္လုမွာ စိုးရိမ္ေနသည့္အလား ကြၽန္ေတာ့္ကိုထိုသူနဲ႕အေဝးရာဘက္သို႔ဆြဲလွည့္လိုက္ကာ စိုးရိမ္တႀကီး ၾကည့္ေနသည့္ Jay hyung ၏ မ်က္ဝန္းတြင္မ်က္ရည္တို႔ရစ္ဝဲေနသည္။

Jay hyungရင္ခြင္ထဲေရာက္ခ်ိန္မွာ လူက လႈပ္ပင္မလႈပ္နိုင္ေတာ့တဲ့အထိပင္ပန္းေနၿပီျဖစ္သည္။

" ကိုယ္ေတာင္းပန္ပါတယ္ ကိုယ့္ေၾကာင့္..."
ဝမ္းနည္းမႈေၾကာင့္တုန္ယင္ေနေသာ Jay hyungရဲ႕အသံက ကြၽန္ေတာ့ရင္ကိုလာရိုက္ခတ္သည္။

" ကြၽန္ေတာ္ဘာမွမျဖစ္ဘူးေလ hyungရဲ႕ "

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုေက်ာခိုင္းကာထိုသူကထြက္သြားဖို႔
တံခါးဖြင့္မည္အျပဳ
ရဲကားသံမ်ားအေရးေပၚလူနာတင္ယာဥ္အသံမ်ားကိုၾကားလိုက္ရသည္။

ေစာက္က်ိဳးနည္း ...
ဆူဘင္းကို အသံပိတ္ၿပီးလာခဲ့ဖို႔မွာရန္ ေမ့သြားသည္။

Jay hyung ကြၽန္ေတာ့္ကို အာ႐ုံစိုက္ေနခ်ိန္တြင္
ထိုသူက ရဲကားသံမ်ားေၾကာင့္ထြက္မသြားေတာ့ဘဲေနာက္သို႔ျပန္လွည့္လာၿပီး

" မင္းနဲ႕ငါနဲ႕ အလဲအလွယ္ အဆင္ေျပေနၿပီးသားကို ဘာလို႔ရဲေတြေခၚခဲ့တာလဲ ယုတ္မာတဲ့ေကာင္ " ဟုဆိုကာ
သူ႕ကိုေနာက္ေက်ာေပးၿပီးကြၽန္ေတာ့္ကိုေပြ႕ထားတဲ့  Jay hyungကို
လက္ထဲကဓားနဲ႕  ႐ုတ္တရက္ ေျပးထိုးလိုက္တာျမင္ရေတာ့ ကြၽန္ေတာ္မ်က္လုံးေတြျပာထြက္သြားသည္။

ရွိသမွ်အားကုန္သုံးၿပီး Jay hyungကို တစ္ဖက္ဆြဲလွည့္လိုက္ခ်ိန္မွာေတာ့ ဓားသြားက ကြၽန္ေတာ္ခါးဆီ စူးဝင္လာသည္ကိုခံစားလိုက္ရသည္။

" ေဂ်ာင္ဝန္းနီးး "

Jay hyungရဲ႕ေအာ္သံေၾကာင့္ hyungရဲ႕ ေဒါသတို႔က မထိန္းခ်ဳပ္နိုင္ေလာက္ေအာင္ အျမင့္ဆုံးသို႔ေရာက္သြားၿပီျဖစ္ေၾကာင္းသေဘာေပါက္လိုက္သည္။

ကြၽန္ေတာ့္ကိုေပြ႕ထားရင္း hyungက သူ႕ခါးဆီမွ ေသနတ္တစ္လက္ကို ဆြဲထုတ္လိုက္သည္ကိုေတြ႕လိုက္ရသည္။
ထို႔ေနာက္ လက္တစ္ဖက္ျဖင့္ ကြၽန္ေတာ့္မ်က္လုံးေတြကိုကာၿပီး

" babe နားေတြခဏပိတ္ထားေနာ္ ကိုယ့္ကိုခြင့္လႊတ္ပါ"

ထို႔ေနာက္ hyung ရဲ႕ လက္ေမာင္းဆီက တုန္ခါမႈကိုခံစားလိုက္ရၿပီး ေသနတ္သံႏွင့္ သားသတ္႐ုံပိုင္ရွင္၏ ေအာ္သံႀကီးကိုပါတစ္ဆက္တည္းၾကားလိုက္ရၿပီးေနာက္ ကြၽန္ေတာ္လည္း ေလာကႀကီးနဲ႕အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ေလသည္။
.
.

" ေဂ်ာင္ဝန္းနီး ပင္ပန္းေနၿပီလား "
ဒီတခါအိပ္မက္မွာလည္း ေဖေဖ့ကိုေတြ႕ရျပန္သည္။
ေဖေဖ့အသံေအးေအးေလးနဲ႕မ်က္ႏွာၾကည္ၾကည္ေလးေၾကာင့္ ကြၽန္ေတာ့္စိတ္ေတြ ေအးခ်မ္းသြားရသည္။
အမ်ားႀကီးလြမ္းေနခဲ့တာ။

"တခ်ိဳ႕လူေတြရဲ႕ ခြင့္လႊတ္ေပးလို႔ရတဲ့အမွားေတြကို ခြင့္လႊတ္ေပးလိုက္ေနာ္
ေနာက္ၿပီး
ေဖေဖမွာေနက်စကားကိုပဲ ထပ္ၿပီးမွာဦးမယ္
အစြဲအလမ္းအရမ္းမႀကီးနဲ႕ ၿပီးေတာ့ အရမ္းအယုံမလြယ္နဲ႕ ထင္ထားသလိုျဖစ္မလာရင္ ကိုယ္ပဲနာက်င္ရလိမ့္မယ္
ကဲ
ဒီမွာ အၾကာႀကီးေနလို႔မေကာင္းဘူး ျပန္ေတာ့ေနာ္ ဒီတခါထပ္မလာေတာ့ရင္ေကာင္းမွာပဲ က်န္းက်န္းမာမာေနေနာ္ ငါ့ရဲ႕ကေလးေလး သြားေတာ့ "

ေဖေဖ့ကိုလက္ျပႏႈတ္ဆက္ၿပီး ျပန္လာခဲ့ေတာ့ ေျခလွမ္းတို႔ကေပါ့ပါးေနသည္။
ထို႔ေနာက္ လမ္းေလွ်ာက္ရင္း ေခ်ာက္နက္တစ္ခုထဲကိုေျခေခ်ာ္က်သြားကာ ရင္ထဲမွာ လွပ္ခနဲခံစားလိုက္ရျခင္းနဲ႕အတူ ေဆး႐ုံကုတင္ေပၚမွာ နိုးထလာခဲ့ရသည္။
.
" ေဂ်ာင္ဝန္းနီး သတိရလာၿပီလား "
အိပ္မက္ထဲမွာ ေဖေဖ့ကိုေတြ႕ခဲ့ၿပီး နိုးလာေတာ့ေမေမ့အသံေလးၾကားလိုက္ရတာေၾကာင့္ ရင္ထဲႏြေးေထြးသြားသည္။

"သားသတင္းၾကားလို႔ ေမေမခြင့္ယူၿပီး ခ်က္ခ်င္းေျပးလာခဲ့တာ ျဖစ္ျဖစ္ခ်င္းေန႕တစ္ညလုံးနဲ႕ မေန႕ကတစ္ရက္လုံး သားသတိလစ္ေနခဲ့တာ ေသြးလည္းအမ်ားႀကီးထြက္ထားလို႔ အားလည္းနည္းေနေသးတယ္ အရမ္းမလႈပ္နဲ႕ဦးေနာ္ ေမေမေဘးမွာရွိေနေပးမယ္
ဆူဘင္းေတာင္ ခုဏကပဲ ျပန္သြားတာ မေန႕ကတည္းက တစ္ေရးမွမအိပ္ဘဲ ငူငူႀကီးထိုင္ေနၿပီး မျပန္ဘူးလုပ္ေနလို႔ မနည္းေခ်ာ့ၿပီးျပန္ခိုင္းလိုက္ရတာ ခဏေလာက္နားၿပီးမွျပန္လာခဲ့ဖို႔ေျပာထားတယ္ "
ေမေမက စကားေျပာရင္း ကြၽန္ေတာ့္အေျခအေနကိုစစ္ေဆးေပးေနသည္။

ေမေမ့စကားေၾကာင့္ ဆူဘင္းဘယ္ေလာက္စိတ္ပူေနမလည္းဆိုတာ ခန့္မွန္းမိပါသည္။
Jay hyungဆို ပိုၿပီးစိတ္ပူေနမွာေပါ့
Jay hyungအေၾကာင္း ေတြးလိုက္မိေတာ့ ကြၽန္ေတာ္သတိေမ့မသြားခင္ Jay hyung က ထိုသူကိုေသနတ္နဲ႕ပစ္လိုက္တာကိုအမွတ္ရသြားသည္။
အဲဒီလူ ေသသြားလား...

" ေမေမ ဦးေလးဘဲ့ဟိုေရာ လာေသးလား "

ဦးေလးဘဲ့ဟိုအေၾကာင္းေျပာလိုက္ေတာ့ေမေမ့မ်က္ႏွာမွာ အားနာတဲ့အရိပ္အေယာင္တို႔ေပၚလာသည္။

" ဘဲ့ဟိုshiက ဒီေန႕မနက္ကတစ္ခါလာၾကည့္သြားေသးတယ္ သားတို႔အမႈက အစက ရိုးရိုးလူသတ္မႈကေန ကိုယ္တြင္းအဂၤါေတြေမွာင္ခိုတဲ့အမႈပါထပ္တိုးလာလို႔တဲ့ ေနာက္ၿပီး ကိုယ္တြင္းအဂၤါေတြကိုေရာင္းစားတာက တ႐ုတ္ဘက္နဲ႕ပါဆက္စပ္ေနလို႔ နိုင္ငံတကာရဲေတြပါ ပါလာတယ္ဆိုလားပဲ အဲဒါေၾကာင့္ သူအရမ္းအလုပ္ရႈပ္ေနတာတဲ့ အဲဒီၾကားက သားကိုစိတ္ပူၿပီး လာၾကည့္သြားတယ္ သားသတိရလာရင္လည္း အေၾကာင္းၾကားဖို႔မွာသြားတယ္"

သြားၿပီေပါ့ အမႈကအရမ္းႀကီးသြားရင္ ဟိုလူကို ေသနတ္နဲ႕ပစ္တဲ့ Jay hyungက လြတ္နိုင္ပါ့မလား။
ဒဏ္ရာရေနတဲ့ကြၽန္ေတာ့ကို ထားခဲ့ၿပီး ထြက္ေျပးမွာမဟုတ္မွန္းလည္းသိေနတာမို႔ Jay hyung ကိုစိတ္ပူလာမိသည္။

" ေမေမေဆး႐ုံကိုေရာက္တုန္းက ကြၽန္ေတာ့္ေဘးမွာ ဘယ္သူေတြရွိလဲ"

ကြၽနိေတာ့္အေမးေၾကာင့္ ေမေမကေဆးတိုက္ဖို႔ျပင္ေနရင္းကေန

ဆူဘင္းနဲ႕ သူ႕ေကာင္ေလးလားမသိဘူး ေကာင္ေလးတစ္ေယာက္ရွိတယ္ ေနာက္ၿပီး ဆရာဝန္ရယ္လည္းရွိေနတယ္ "
ဟုေျဖသည္။

ေဆးေသာက္ၿပီးေနာက္ ေမေမတိုက္တဲ့ဆန္ျပဳတ္ပူပူေလးကိုေသာက္လိုက္ေတာ့ နည္းနည္းပိုၿပီးအားရွိလာသလိုလို..

"   ေမေမလည္းပင္ပန္းေနမွာပဲ ခဏေလာက္နားေလ ကြၽန္ေတာ္အဆင္ေျပပါတယ္"

ေမေမကကြၽန္ေတာ့မ်က္ႏွာကို တစ္ခ်က္အကဲခတ္လိုက္ၿပီး

" ေဂ်ာင္ဝန္းနီး မေန႕ညက ေမေမ ေဆးေကာင္တာခဏသြားေနၿပီး ျပန္လာေတာ့ အခန္းထဲမွာ ေကာင္ေလးတစ္ေယာက္ရွိေနခဲ့တယ္

သားလက္ကိုကိုင္ၿပီး သည္းသည္းသန္သန္ငိုေနခဲ့တာ သူ႕ကိုေမေမ မသိေပမယ့္ သားအတြက္စိုးရိမ္ေနတဲ့သူ႕ရဲ႕ပုံစံက သာမန္ေတာ့မဟုတ္ဘူး

ေမေမဝင္လာတာေတာင္သိပုံမရဘူး

ေမေမလည္း အႏၱရာယ္ေပးမယ့္သူမဟုတ္ဘူးလို႔ခံစားမိတာေၾကာင့္ အခန္းထဲကေန ခဏထြက္လာေပးခဲ့လိုက္တယ္

ေဆး႐ုံဝန္းထဲမွာ ခဏထိုင္ေနၿပီး ျပန္လာေတာ့သူမရွိေတာ့ဘူး
ေမေမထင္တာမမွားရင္ သူက သားရဲ႕သက္ဆိုင္သူျဖစ္ေနတာမလား

သားမေျဖခ်င္လည္းရပါတယ္ သားဖြင့္ေျပာလာတဲ့အထိ ေမေမေစာင့္ေပးမွာေပါ့"

ေမေမ့စကားေၾကာင့္ ကြၽန္ေတာ္ရင္ထဲထိတ္ခနဲျဖစ္သြားသည္။
Jay hyungက ဘယ္လိုမ်ားကြၽန္ေတာ့္ဆီေရာက္လာပါလိမ့္..

" ကြၽန္ေတာ္ေျပာလိုက္ရင္ ေမေမလန့္သြားမွာစိုးတယ္

ကြၽန္ေတာ္က ..

ကြၽန္ေတာ္က ေမေမထင္သလိုပဲ ေယာက္်ားေလးတစ္ေယာက္ကိုသေဘာက်ေနခဲ့မိတာ "

ကြၽန္ေတာ့္စကားေၾကာင့္ေမေမကစိတ္မဆိုးသည့္အျပင္ ၿပဳံးေနသည္။

" ငါတို႔ရဲ႕ေဂ်ာင္ဝန္းနီးေလးေတာင္ ခ်စ္ရမယ့္သူရွိေနၿပီပဲ

သား ေမေမေပးတဲ့ေသာ့ကိုယူၿပီး ဟိုအိမ္ကိုသြားခဲ့ၿပီးၿပီဆိုရင္ တခ်ိဳ႕အေၾကာင္းအရာေတြကို သားသိေလာက္ေရာေပါ့

သားေဖေဖရဲ႕ ေျမေအာက္ခန္းထဲမွာရွိတဲ့ ဒိုင္ယာရီေတြဓာတ္ပုံ album ေတြကို ေမေမ မသိမ္းဘဲဘတမင္ထားထားခဲ့တာ သားလည္းသိသင့္တယ္ထင္လို႔ပါ

ေမေမက သားေဖေဖနဲ႕သူ႕ခ်စ္သူရဲ႕ခ်စ္ျခင္းကိုခြဲခဲ့မိတာ

တမင္ရည္႐ြယ္ၿပီးလုပ္ခဲ့တာမဟုတ္ပါဘူး

သားေဖေဖဆုံးၿပီးသြားမွ သူ႕စာအုပ္ေတြဖတ္မိၿပီး ေမေမလည္းဒီအေၾကာင္းေတြကိုသိခဲ့ရတာပဲ

အဲဒါေၾကာင့္ ေမေမကအခု သားခ်စ္တဲ့သူ ဘယ္သူ႕ကိုျဖစ္ျဖစ္ ေသခ်ာေပါက္ လက္ခံေပးမွာပါ
သားကို သားေဖေဖလိုမခံစားေစရဘူးစိတ္ခ်ေနာ္"

" ေဖေဖ့ မိဘေတြက အတင္းအၾကပ္ခိုင္းလို႔ ေမေမ့ကိုမခ်စ္ဘဲယူခဲ့တာလား "

" အတင္းအၾကပ္ခိုင္းလို႔မဟုတ္ပါဘူး သားေဖေဖက ေမေမျငင္းတာေတာင္ သူကိုယ္တိုင္ လိုလိုလားလားနဲ႕ လက္ထပ္ခြင့္ေတာင္းခဲ့တာ

သားေနေကာင္းလာရင္ အေၾကာင္းစုံေျပာျပဖို႔ေမေမအားယူထားပါတယ္ သားေဖေဖရဲဒိုင္ယာရီစာအုပ္ထဲမွာ ထည့္ေရးမထားတဲ့အေၾကာင္းအရာေတြေပါ့

အခုေတာ့ သားေကာင္းေကာင္းနားလိုက္ဦး ဒီအခ်ိန္မွာ စိတ္မေကာင္းစရာေတြမေတြးမိေအာင္ေနရမယ္"

စိတ္မေကာင္းစရာေတြဆိုပါလား ေဖေဖနဲ႕ဦးေလးဘဲ့ဟိုတို႔ၾကားမွာ ဘာေတြမ်ားျဖစ္ခဲ့ေသးတာပါလိမ့္...

(A/N ေနာက္က်သြားလို႔ေတာင္းပန္ပါတယ္ Actionကားေတြသိပ္မၾကည့္တတ္ေတာ့ action အခန္းေရးတဲ့ေနရာမွာ နည္းနည္း အခက္္ေတြ႕ေနလို႔ပါေနာ္ 🙏
ထုံးစံအတိုင္း click ဖို႔နဲ႕ MAMA votingအတြက္ ႀကိဳးစားေပးၾကပါဦးလို႔ )




Continue Reading

You'll Also Like

10.8K 1.3K 17
သေခြင်းတရားဆိုတာအဆုံးမဲ့လား။ အရာရာအဆုံးသတ်သွားခြင်းလား။ ကိုယ့်ကိုပြန်ပြောပေးပါဦး ချစ်ရသူ Pairings- JayHoon, HeeJake Start date - 7.3.2022 End Date...
33.4K 2.6K 72
ဖတ်ကြည့်နော်😉😉
6.7K 786 10
ကတိပေးခဲ့တဲ့အတိုင်း ကိုယ်မင်းကို လာခေါ်ခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ကိုယ့်ကို မေ့သွားခဲ့တယ်။ /my very first otp and ff
11.3K 1.2K 20
"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."