HONEY
By OliviaThet_Eleanor
341K 24K 635
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More
Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi
Chapter 10 - Unicode
6.9K 613 20
By OliviaThet_Eleanor
"ပြန်လာပြီလား"
မိုးမြတ်နောင်၏ အမေးကို မြင့်မြတ်ပိုင်နောင်က ခေါင်းညိတ်၍သာဖြေသည်။
"မနက်ဖြန်နယ်ဘက်သွားချင်လို့ လိုက်ခဲ့ပေးဦး"
မှင်သေသေနှင့်ပြောလိုက်တော့ မြင့်မြတ်ပိုင်နောင်က ခေါင်းလှည့်လာကာ ဘယ်ကိုလဲဆိုသည့်သဘောနှင့် မျက်မှောင်ကုတ်ကာကြည့်သည်။
"ငါ့ကလေးတစ်ယောက်ရွာသွားရမှာ အဲဒါ"
"နင်ဘာသာသွားလေ မမရာ ငါခရီးသွားရတာမကြိုက်ဘူး"
"ဟဲ့ မကြိုက်လည်းလိုက်ခဲ့ နင်အိမ်နဲ့ဆေးခန်း၊ ဆေးခန်းနဲ့အိမ် ကြာရင်မိန်းမလည်းရမှာမဟုတ်"
မြင့်မြတ်ပိုင်နောင် မငြင်းတော့ဘဲ တိတ်တဆိတ်သာသူ့အခန်းထဲသို့၀င်လာခဲ့လိုက်သည်။ ပိုက်ဆံလေးလုံလုံလောက်လောက်စုမိရင်တော့ အိမ်ပြောင်းနေရမည်။ အစ်မဖြစ်သူ၏ ပူညံပူညံကိုသူတကယ် မခံစားနိုင်တော့ချေ။
သို့သော်လည်း ဒီအစ်မရှိနေလို့သာ သူစားရေးသောက်ရေးမပူရတာဖြစ်သည်။ သူတစ်ယောက်တည်းသာဆို ဖြစ်သလိုနေ၊ ဖြစ်သလိုစားနှင့် ရှေ့ရောက်မှာမဟုတ်။ ဒီအသက်အရွယ်ထိ မိုးမြတ်နောင်က သူ့ကိုပြုစုစောင့်ရှောက်လာတာဖြစ်သည်။
သုံးနှစ်သာကွာသော်လည်း မိုးမြတ်နောင်က သူ့ကိုအများကြီးကြည့်ရှူ့စောင့်ရှောက်ပေးခဲ့သည်မှာ အမှန်ပင်။
"ဟဲ့ အ၀တ်အစားလေးတစ်စုံလောက်ထည့်ထားဦး"
မြင့်မြတ်ပိုင်နောင်ဆီက တုံ့ပြန်ချက်မရသည်မှာ သိပ်တော့အထွေထွေထူးထူးမဟုတ်တော့ချေ။
________________________________________
"မြေး မနက်ဖြန် မနက်စောစောကားစီးရမှာ ဆေး၀ယ်ထားလား"
"ဟုတ် သား၀ယ်ထားတယ်"
သျှင်မင်းသန့်က ကားမူးတတ်တာမို့ ကားမူးပျောက်ဆေးတွေကို အသင့်၀ယ်ထားရသည်။ ခဏဆိုရပေမဲ့ တစ်နာရီကျော်သွားရသည့် ခရီးဆိုလျှင် သျှင်မင်းသန့်က ကားမူးပြီး သုံးလေးရက်လောက်အထိဖျားတတ်သည်။
ထို့ကြောင့် ခရီးတစ်ခုခုသွားမည်ဆိုလျှင် ဂရုစိုက်ရ၏။ သို့သော် ဒီအချိန်တွင် သူကားမူးပျောက်စေမည့် တစ်စုံတစ်ယောက်ပါလာမည်ကို မသိသဖြင့် ဆေးတွေကို အပြေးသွား၀ယ်မိနေသေးသည်။
"ဟယ်လို"
"အေး ပြော"
လွယ်အိတ်ကလေးပြင်နေတုန်း ဟေမာန်ဦးဆီက ဖုန်းလာတာမို့ သျှင်မင်းသန့်ဖုန်းကို ပခုံးနှင့်နားကြားညှပ်ကာ လွယ်အိတ်ထဲပစ္စည်းတွေဆက်ထည့်နေသည်။
"မနက်ဖြန် တီချယ်က နင်တို့ရွာလိုက်မယ်တဲ့"
"ဟမ် တီချယ်က ဘာလို့လဲဟ"
"ငါတို့နှစ်ယောက်လည်းလိုက်မှာ"
"ဟင် ငါတို့ကကားငှားသွားမှာ၊ မဆံ့ရင်ဘယ့်နှယ့်လုပ်မလဲ"
"တီချယ်က သူတို့ကားကို ယူခဲ့ပေးမယ်တဲ့"
"ဟင် ဘာလို့ ငါတို့ရွာ တီချယ်ကလိုက်မှာလဲ?"
သျှင်မင်းသန့် အ၀တ်တွေပင် ထပ်မထည့်နိုင်တော့ဘဲ ဆွံ့အနေရသည်။
"သူလည်းနည်းနည်းနားချင်လို့တဲ့"
"နင်တို့ကရော"
"ငါတို့လည်း ကျောင်းပြန်မစခင်ခရီးလေးထွက်ချင်လို့"
"ရာဇာလင်းရောလား"
"အေး သူ့အိမ်က အစက မလွှတ်ပေမဲ့ ငါသွားပြီးငိုမဲ့မဲ့လေးနဲ့သွားပြောလိုက်တာ ရသွားပြီ"
ရာဇာလင်းအိမ်က ချမ်းသာသလို နည်းနည်းလည်း စည်းကမ်းတင်းကြပ်သည်။ ဟေမာန်ဦးလည်း ငွေကြေးအတော်ပြေလည်သည့်မိသားစုကဆိုစေကာမူ ဟေမာန်ဦးကိုမူ သူ့အိမ်ကမနိုင်ချေ။
"နင်ဘယ်လိုသွားပြောလိုက်လို့လဲ"
"ဘာလုပ်ရမှာလဲ သူ့အမေကြီးကို အန်တီရယ် သမီးတို့ခရီးမထွက်တာလည်းကြာနေပြီလေ၊ ပြီးတော့ ရာဇာ့ကိုလည်း စိတ်ပြေလက်ပျောက်လေးဖြစ်အောင် တူတူလည်းသွားချင်လို့ပါဆိုပြီး ဒူးမထောက်ရုံတမယ်ပြောပေးလာရတာပေါ့"
သျှင်မင်းသန့် ရယ်မိသွား၏။ သူတို့သုံးယောက်အပြင်သွားစရာတစ်ခုခုရှိလျှင်လည်း ထိုအတိုင်းပင်။ သျှင်မင်းသန့်နှင့်ဟေမာန်ဦးကရာဇာလင်းအိမ်ရှေ့ ငုတ်တုတ်လေးတွေထိုင်ပြီး သူ့မိဘတွေကို ခွင့်အရင်တောင်းပေးရ၏။
ဒီနောက်ပိုင်းတွင်မူ အရင်ကလောက်မတင်းကြပ်တော့ချေ။ တစ်ခုရှိသည်က သျှင်မင်းသန့်နှင့် ဟေမာန်ဦးဆိုလျှင် သူ့အိမ်က စိတ်ချသည်။ သျှင်မင်းသန့် ကံကောင်းသည်က သူသည် မိဘမရှိသည့် သာမန်လူလတ်တန်းစားသာဖြစ်သော်လည်း မြင်သူတိုင်းကျချစ်ခင်ကြသည်။
"အေး အေး ငါဖိုးဖိုးကိုသွားပြောလိုက်ဦးမယ်"
__________________________________________
"ဖိုးဖိုးရေ ကားရောက်ပြီထင်တယ်"
ရွှေငါးလေးတစ်စင်းကို ကားဆရာပါငှားထားတာမို့ အိမ်ရှေ့ကို ကားထိုးရပ်သည်နှင့် သျှင်မင်းသန့် အထဲက အဘိုးဖြစ်သူ ဦးမင်းထက်ကိုလှမ်းအသိပေးလိုက်သည်။ ခဏကြာတော့ ဦးမင်းထက်ထွက်လာပြီး ကားဘေးဘက်ကို ၀င်ထိုင်သည်။
"ဖိုးဖိုး ခဏနော် သား ဆရာမတို့ကို စောင့်ပြီးမှ ကားထဲ၀င်မယ်"
"အေးအေး"
ကားထဲ၀င်မထိုင်နေချင်တာမို့ သျှင်မင်းသန့်လွယ်အိတ်ကလေးကိုလွယ်ကာ ထိုဘေးနားက ထိုင်စောင့်နေလိုက်သည်။ ခရီးသွားမှာမို့ သိပ်မချမ်းသော်လည်း ဟူဒီမိုးပြာရောင်လေးကို၀တ်ထားပြီး ရင်ဘတ်အောက်နားတွင် တိမ်ပုံဖြူဖြူလေးပါသည်။ ၀တ်ထားသည့် ဂျင်းဘောင်းဘီက သိပ်ကြပ်သည့်ထဲမပါတာမို့ ချောင်ချောင်ချိချိပင်။
သားရေဂွင်းထိုးဖိနပ်လေးကိုစီးထားသည့် ခြေဖမိုးအစုံက ထိရက်စရာပင်မရှိအောင်ဖွေးစွတ်နေသည့် သျှင်မင်းသန့်သည် မနက်စောစောထထားရတာမို့ အနည်းငယ်ခပ်မို့မို့လေးဖြစ်နေသည့် မျက်ခုံးနှင့် ချစ်စရာနှုတ်ခမ်းလေးကလည်း အနီရောင်သမ်းနေသေး၏။
"သျှင်မင်း ငါတို့ရောက်ပြီ"
အထုပ်ကိုယ်စီနှင့် ကားပေါ်က ဆင်းလာသူနှစ်ယောက်သည် သူ့ကိုလက်ပြကာ အနားရောက်လာသည်။
"ဒီကောင် ငါ့အိမ်ကို မိုးမလင်းခင်ကတည်းကရောက်နေတာ"
ဟေမာန်ဦးက ရာဇာလင်းဆီကို မေးငေါ့ပြရင်းပြောသည်။
"ငါကစောတာမဟုတ်ဘူး နင်က နောက်ကျတာ ပြောတော့ ငါးနာရီဆိုပြီး ငါးမတ်တင်းငါရောက်သွားမှ မျက်နှာထသစ်တယ်"
"မလောတာအကောင်းဆုံးပဲ ဒါနဲ့ တီချယ်တို့လည်း မလာသေးဘူး ငါတို့အရင်၀င်ထိုင်နှင့်မယ်နော်"
ပြောပြောဆိုဆိုနှင့်ကားနောက်ခမ်းကိုအတင်း၀င်ထိုင်သူနှစ်ယောက်ကို သျှင်မင်းသန့် တားချိန်ပင်မရလိုက်ပါချေ။ ဒီအတိုင်းဆို ရွှေငါးကားလေးရဲ့ နောက်ခမ်းမှာ သုံးယောက်ကြပ်တီးကြပ်တပ်ထိုင်ရတော့မည်။ ကားပိုမူးမည်ကိုတွေးပြီး သက်ပြင်းပင်ချလိုက်မိသေး၏။
တွေးနေစဥ်မှာပင် သူတို့ကားလေး၏နောက်ကို နောက်ထပ်ကားတစ်စင်း၀င်လာသည်။ ထင်တာမမှားလျှင် ဦးလေးကြီးရဲ့ကားပင်။ ထိုကားပေါ်မှ မိုးမြတ်နောင်က ကားတံခါးကိုဖွင့်ကာ ထွက်လာပြီး သူ့နားကိုရောက်လာသည်။ ကားမောင်းလာသည့်လူက မြင့်မြတ်ပိုင်နောင်ဖြစ်နေမလားဆိုသည့် ဆန္ဒကလေးကလည်း ကပ်ပါလာပြန်သည်။
"တီချယ် ဟီး"
"အေး ဒီကားလား"
"ဟုတ် ချယ် ဒါပေမဲ့"
ကားက နောက်တစ်ယောက်စာသာရှိတော့တာမို့ မိုးမြတ်နောင်သာ ဒီကားပေါ်လိုက်မည်ဆိုလျှင် ဘယ်လိုမှဆန့်မည်မဟုတ်ချေ။ ထို့ကြောင့် သျှင်မင်းသန့် မျက်လုံးပြူးသွားရသည်။ အားနာတတ်သူဖြစ်တာမို့ ဘာမေးရမှန်းလည်းမသိ။
"ချယ် ချယ် ဒီကို၀င် လာလာ"
သူတွေးနေတုန်းမှာပင် ဟေမာန်ဦးက ကားတံခါးကိုဖွင့်ပြီး မိုးမြတ်နောင်ကိုလှမ်းခေါ်သည်။ မိုးမြတ်နောင်က ကားထဲကို၀င်သွားပြီး ဟေမာန်ဦးဘေးတွင်အကျအန၀င်ထိုင်သည်။
"အယ် ချယ်၀င်လာလိုက်တာ သျှင်မင်းအတွက်နေရာမရှိတော့ဘူးရော်"
"ဟုတ်ပါ့ သျှင်မင်း မင်းနောက်ကကားနဲ့လိုက်လိုက်လေ"
"ဟင်"
သူ့ကို အလွယ်တကူနောက်ကကားနှင့်လိုက်လာဖို့ပြောနေသည့်လူများကြောင့် သျှင်မင်းသန့်ပိုပြီးအနေရခက်ရသည်။ ဘာလုပ်လို့လုပ်ရမည်မှန်းလည်းမသိချေ။
"ဟုတ်တယ် သျှင်မင်း နောက်ကနေပိုင်နောင်နဲ့လိုက်ခဲ့လေ"
"ငါ့မြေး နောက်ကကားနဲ့လိုက်ခဲ့လိုက်လေ"
"ဟုတ်တယ် အဖိုး နောက်က ကျွန်မမောင်ပါတယ်ရယ်"
အဘိုးဖြစ်သူကလည်း တိုက်တွန်းလာတာမို့ သျှင်မင်းသန့် နောက်တွင်ရပ်ထားသည့် ကားဆီသို့ မ၀ံ့မရဲသွားလိုက်သည်။ သူကားမှန်ကိုခေါက်လိုက်တော့ မှန်က ရုတ်တရတ်ကျလာသည်။ ပေါ့ပေါ့ပါးပါးတီရှပ်တစ်ထည်ကို၀တ်လာသည့်သူက ဒူးထိသာဖုံးသည့်ဘောင်းဘီအတိုနှင့်ပင်။ မျက်မှန်တပ်ထားတာမို့ သူ့ကိုမော့ကြည့်လာသည့် စူးရှရှမျက်၀န်းတွေကိုမူ တိုက်ရိုက်မမြင်ရ။
သို့သော် သျှင်မင်းသန့် အသက်ရှူအောင့်ထားမိသေးသည်။
"တက်လေ"
"ဗျာ ဟုတ်"
သျှင်မင်းသန့် ခပ်သုတ်သုတ်ကလေး ကားတံခါးကိုဖွင့်လိုက်ပြီး Lover seat မှာ၀င်ထိုင်လိုက်သည်။ ထို့နောက် နောက်ကလွယ်ထားသည့်လွယ်အိတ်ကို ပေါင်ပေါ်တင်ကာ ပိုက်ထားလိုက်၏။
ရှေ့ကကားထွက်သွားသည့်အခါ မြင့်မြတ်ပိုင်နောင်ကလည်း ကားကို စတင်ထွက်စေတော့သည်။
"ချာတိတ်တို့ရွာက ဘယ်လောက်ထိသွားရလဲ"
အတန်ကြာသည့်တိုင်အောင် တိတ်ဆိတ်နေသည့် ကားခန်းထဲမှ စကားသံထွက်လာတာမို့ သျှင်မင်းသန့် လှည့်ကြည့်လိုက်မိသည်။
"အာ တစ်နာရီခွဲ နှစ်နာရီလောက်"
"သြော်"
အသက်ရှူကြပ်လာသည်နှင့်အမျှ သျှင်မင်းသန့် ကားမူးသည့်၀ေဒနာက စလာသည်။ ရင်ခုန်လွန်ပြီး ဆေးသောက်ရန်လည်း မေ့သွားတာမို့ ခေါင်းမူးလာ၏။ ထို့ကြောင့် ခပ်မြန်မြန်ပင် ဆေးလုံးကိုထုတ်ကာ ရေနှင့်မျောချလိုက်ရသည်။
"နေမကောင်းဘူးလား"
ခပ်တိုးတိုးမေးသံက သူ့ကိုမေးသည်ထက် တစ်ယောက်တည်းတွေးနေသည့်ပုံနှင့်ပိုတူသည်။
"ဗျာ"
"ဟင် ချာတိတ်နေမကောင်းဘူးလားလို့"
"မဟုတ်ဘူး ကျွန်တော်ကားမူးတတ်လို့"
"သြော်"
ကားလေးက တိတ်ဆိတ်သွားပြန်သည်။
"ဟန်နီ့ကိုဘယ်ထားခဲ့တာလဲ"
"အာ ဖိုးဖိုးအသိတစ်ယောက်ဆီ မနေ့ညကတည်းကပို့ထားခဲ့တာ"
"သြော်"
"ဟန်နီက ကျွန်တော့်ကိုလွမ်းနေမှာလားမသိဘူး"
"သေချာပေါက်လွမ်းနေမှာပေါ့ ချာတိတ်ကိုမျှော်နေလောက်မှာ"
သျှင်မင်းသန့်က ဟန်နီ့ကို ခေါ်လာချင်သော်လည်း ရွာတွင်က ခွေးဘာညာရန်ကလည်းရှိသေးသလို၊ ခရီးပန်းသွားမည်ကိုလည်း စိုးရိမ်ရသေးသည်။ ထို့ကြောင့် မခေါ်လာမိ။ အခြားသူအိမ်မှာ သူ့ကြောင်မလေး အဆင်ပြေပါ့မလားကလည်း တွေးပူရသေးသည်။
"ဦးလေးကြီး"
"အင်း ပြောလေ"
"ခွေးနဲ့ကြောင်နဲ့ ဘယ်ဟာပိုချစ်လဲ"
"အတူတူပဲချစ်တာ"
"အာ ကျွန်တော်က ဦးလေးကြီးကိုပိုချစ်တယ်"
ပါးရိုးတစ်ချက်ထင်းသွားသည်ကလွဲ တုံ့ပြန်မှုတစ်စုံတစ်ရာမရတာမို့ သျှင်မင်းသန့် ခေါင်းရှုပ်သွားရသည်။ သူပြောသည်ကို အတည်မယူသည်လည်းဖြစ်နိုင်တာမို့ ၀မ်းနည်းသွားရပြန်၏။ ဖွင့်ပြောသည့်လူက အားကြိုးမာန်တက်ပြောလိုက်သည်ကို ဘာမှမဖြစ်သလို ပြုမူနေသည့်လူကြောင့် သျှင်မင်းသန့် ရှက်သွားရသည်။
ထို့ကြောင့် ဘာမှဆက်မပြောတော့ဘဲ မူးနေသည့်ခေါင်းကို နောက်တွင်မှီလိုက်ကာ အသာမှိန်းလိုက်လာလိုက်၏။ သူ့မျက်လုံးတွေပိတ်သွားချိန်တွင် သူ့ထံသို့လှည့်လာသော ခေါင်းနှင့် မျက်မှန်တစ်စုံအောက်က စူးရှရှမျက်၀န်းတစ်စုံကိုတော့ သျှင်မင်းသန့် မမြင်လိုက်ရချေ။
"ငယ်သေးတော့ ရဲတင်းလိုက်တာ"
တိုးတိုးဖျဖျရေရွတ်လိုက်သံကိုလည်း သျှင်မင်းသန့်ကြားမည်မထင်။
_______________________________________
မြင့်မြတ်ပိုင်နောင် သွားသည့်လမ်းကိုမသိတာမို့ ရှေ့ကကားကိုအမှီလိုက်နေရသည်။ ထိုအချိန်တွင် သူ့လက်မောင်းမှအထိအတွေ့တစ်ခုကို ခံစားလိုက်ရတာမို့ လှည့်ကြည့်လိုက်တော့ သျှင်မင်းသန့်ဖြစ်နေသည်။
"ဦး...လေးကြီး"
နေလို့လုံး၀မကောင်းနေသည့် လူနာလိုပုံစံမျိုးဖြင့် သျှင်မင်းသန့်ကိုမြင်လိုက်ရတာမို့ မြင့်မြတ်ပိုင်နောင် ဘာစကားမှမပြောနိုင်အောင် တုန်လှုပ်သွားရသည်။ တိရစ္ဆာန်လေးတွေ နေမကောင်းဖြစ်ရင် သူသိနေပြီး ဘာလုပ်ပေးရမလဲဆိုတာသိပေမဲ့ လူတွေကိုတော့ သူနားမလည်ပေ။
ဘာလုပ်ပေးရမလဲလည်းမသိချေ။
"ဦးလေး...ကြီး"
မြင့်မြတ်ပိုင်နောင် ကြံရာမရဖြစ်ပြီး ကားကိုထိုးရပ်ပစ်လိုက်သည်။ လမ်းဘေးတစ်နေရာဖြစ်တာမို့ ဘေးတွင်လယ်ကွင်းစိမ်းစိမ်းများသာရှိ၏။
"ချာတိတ်"
သူ့အသံက အက်ကွဲနေပြီးထွက်မလာသယောင်ပင်။
"ဦးလေးကြီး ကျွန်တော် အန်ချင်တယ်"
"ဟင် အန်ချင်တာ"
မြင့်မြတ်ပိုင်နောင်ကြောင်နေပြီးမှ ကားပေါ်က အမြန်ဆင်းကာ တစ်ဖက်တံခါးကိုပြေးဖွင့်ပြီး အထဲက သျှင်မင်းသန့်ကို ပွေ့ချီလိုက်မိတာ။
"ခဏ လမ်းဘေးသွားရအောင်နော်"
သျှင်မင်းသန့်က ဖြူလျော့နေပြီး ခေါင်းလေးသာညိတ်ပြလာရှာသည်။ သူပဲအကဲပိုနေတာလားမသိပေမဲ့ မြင့်မြတ်ပိုင်နောင် ဘာလုပ်ပေးလို့ဘာကိုင်ရမှန်းပင်မသိတော့။ ထို့ကြောင့် လမ်းဘေးလေးမှာ ချီထားရာကနေ ငုတ်တုတ်လေးချပေးပြီး ရေဘူးသာပြေးယူပေးလိုက်သည်။
သျှင်မင်းသန့်ကတော့ ထိုနေရာတွင် အန်နေပြီဖြစ်၏။
"တအား မူးနေလား"
"ဟင့်အင် အဆင်ပြေသွားပါပြီ"
မြင့်မြတ်ပိုင်နောင် ခေါင်းညိတ်လိုက်ကာ ရေဘူးပေးပြီး ဘေးမှာ၀င်ထိုင်လိုက်သည်။
"လေကောင်းလေသန့်ရှူလိုက်ဦး"
"ဟုတ်"
သျှင်မင်းသန့်က ရေဘူးကိုယူကာ ပလုပ်ကျင်းပြီး နည်းနည်းမော့သောက်သည်။
"တော်သေးတယ် အဆင်ပြေသွားလို့ မဟုတ်ရင် ကိုယ်ဘာလုပ်ပေးရမယ်မှန်းသိမှာမဟုတ်ဘူး"
"ဦးလေးကြီးက တိရစ္ဆာန်တွေကျကုပေးပြီး"
"မတူဘူးလေ ကိုယ် လူတွေကို နားမလည်ဘူး"
"ကျွန်တော့်ကိုလည်း နေကောင်းပျောက်အောင်လုပ်ပေးသင့်တာပေါ့"
"ချာတိတ်က ကြောင်လေးမှမဟုတ်တာ"
"မြောင်"
သူပြောလိုက်သည့်စကားကြောင့် ကြောင်လိုအော်ပြလာသည့်ကောင်လေးကိုကြည့်ကာ မြင့်မြတ်ပိုင်နောင် ဟက်ကနဲ့ရယ်မိသွားသည်။ ထို့နောက်တွေးလိုက်မိသည်က ကြောင်လေးထက်ပင် ထိုကလေးကချစ်ဖို့ကောင်းသည်ဆိုတာကိုပင်။
@OliviaThet-Eleanor
____________________________________
Continue Reading
You'll Also Like
941K 100K 41
104K 6.9K 33
ကိုယ့်အပိုင်လို့ သတ်မှတ်ကာ စွဲလမ်းစိတ်ကြီးသူနဲ့လွတ်လပ်မှုကို ခုန်မင်တယ့် ကောင်လေးကြားက အချစ်က ရိုးရှင်းနိုင်ပါဦးမလား ကိုယ့္အပိုင္လို႔ သတ္မွတ္ကာ စြဲလမ...
53.4K 4.3K 24
❦{Own Creation}❦ Unicode+Zawgyi ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ မောင့်ရဲ့နိဗ္ဗာန်ဘုံဟာ သက်လျာပါကွယ်။ AN-စိတ်ကူးယဉ်ရေးသားမှုဖြစ်ပြီး၊ထိုခေတ်ထိုအခါ နှင့်မက...