Love Of My Life [Completed]

By GennyCloud

737K 45.5K 1.6K

Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... More

အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(4) Zawgyi
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(10) Zawgyi
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(14) Zawgyi
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi29(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(36) Zawgyi
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Unicode
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(44) Zawgyi
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)

Epi(42) Zawgyi

2.1K 88 5
By GennyCloud

အပိုင်း(၄၂)

ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာသော ကားနှစ်စီးသည် ကျယ်ဝန်းလှသည့် ခြံကြီးတစ်ခုအရှေ့တွင်ရပ်တန့်သွား၏။
ဦးမင်းနွယ်လည်း သားဖြစ်သူခေါ်ရာနောက် လိုက်ခဲ့သော်ငြား ဘယ်ဆီဘယ်ဝယ်မသိ။ ခြံရှေ့ရောက်မှသာ မာမီ၏ လုပ်ငန်းရှင်တစ်‌‌ယောက်အိမ်မှန်း သိရတာဖြစ်သည်။ သူ့ကို လိုက်တွေ့ပေးဟုပြောသော်လည်း သားဖြစ်သူက ကားတစ်စီးတည်းအတူမလာ ပြန်လာမှဝယ်ထားသော နက်ပြာရောင်ကားကိုသာ သက်သက်စီ စီးလာတာဖြစ်သည်။

ခီတန်ကူးဇဏ် ကြိုတင်စီစဉ်ထားသည့် အတိုင်းပင် အရာအားလုံးက ဖြစ်လာသည်။ မဒေစီတို့အိမ်သည်လည်း လာမည်ကိုကြိုသိသည်ထင်၏။ ခြံတံခါးကို အမေးအမြန်းမရှိ ချက်ချင်းဖွင့်ပေးလာသည်။

ကားနှစ်စီးလုံး ပေါ်တီကိုအောက်မှာ ရပ်လိုက်တော့မှ သားအဖနှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်‌တော့သည်။ ခီတန်ကူးဇဏ်က စကားအရင်စလာသည်။

"ဒယ်ဒီ ဦးမင်းထင်မပါဘူးလား "

သူဝေ့ကြည့်လိုက်တော့ ကားပေါ်တွင် မတွေ့ဖူးသော လူစိမ်းကြောင့် မေးလိုက်သည်။ ဒယ်ဒီက ဘယ်သွားသွား သူ့လက်ထောက်ကိုသာ ‌ကားမောင်းစေတာဖြစ်သည်။

"မင်းထင်ကို ကိစ္စတစ်ခုခိုင်းလိုက်လို့ အခြားတစ်ယောက်ခေါ်လာတာ။

ဒီကို ဘာလုပ်ဖို့လာတာလဲ သား ။ ဒါမင်းအဖွားနဲ့ ဖက်စပ်လုပ်ငန်းရှင်တစ်ယောက်ရဲ့အိမ်မဟုတ်လား ။ မင်းဘာတွေလုပ်ဖို့စဉ်းစားနေတာလဲ "

ထင်သည့်အတိုင်းပင် သူတို့နှစ်ယောက်၏ သတင်းကဒယ်ဒီ့နားထဲမရောက်သေး။

ခီတန်ကူးဇဏ်တွေးလိုက်မိသည်။
ဖွားက ဦးခီမင်းနွယ်ကို သားတစ်ယောက်လို့ရော သတ်မှတ်ပါရဲ့လား။ သူခပ်ဟဟရယ်လိုက်ရင်း…

"တော်သေးတာပေါ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ အိမ်မှန်းတော့ သိသေးလို့ "

"ဘာ!"

"ဒီအိမ်ကလူကြီးမင်းနှစ်ယောက်ရဲ့ သမီးကိုကျွန်‌တော်နဲ့စေ့စပ်ဖို့ ဖွားကလုပ်နေတာ ။ အဲ့တာ ဒယ်ဒီလိုက်ငြင်းပေး ။ မဟုတ်သေးဘူး ။ ကျွန်တော်ပဲ အစအဆုံးပြောမယ် ၊ ဒယ်ဒီက အုပ်ထိန်းသူတစ်ယောက်အနေနဲ့ ခေါင်းညိတ်ပေးရုံပဲ "

"မင်း ဘာတွေလုပ်နေတာလဲ သားဇဏ် "

"ကျွန်တော် လုပ်နေတာ ကျွန်တော်သိတာမို့ ဒယ်ဒီအာရုံမစိုက်ပေးလည်း ဖြစ်တယ် "

"ဒါဆိုဘာလို့ ဒယ်ဒီ့ကိုခေါ်လာရတာလဲ "

"ဒယ်ဒီမေ့နေတာတော့ မဟုတ်ပါဘူးနော် ၊ ကျွန်တော် USမသွားခင် စာချုပ်တစ်ခုချုပ်ခဲ့တယ်လေ "

ဦးမင်းနွယ် ‌ထိုစာချုပ်ကိုမေ့နေခဲ့တာဖြစ်သည်။ ကျောင်းတက်တာနဲ့ပတ်သက်ပြီး အပေးအယူလုပ်ခဲ့သည့် အကြောင်းအရင်းသည် ကောင်လေး‌တစ်ယောက်ကြောင့်သာ ။ သားက ထိုအချိန်တည်းက သူ့အဖွားလုပ်မဲ့ အရာတွေကို ကြိုမြင်နေခဲ့တာများလား။

"ဟုတ်ပြီ ။ မင်းစာချုပ်ဆိုတော့ မင်းသဘောပေါ့ "

နှစ်ယောက်သား သဘောတူညီမှုအပြီးမှာ အိမ်ထဲသို့ဝင်သွားလိုက်ကြသည်။ သူတို့အိမ်နှင့်မတူပဲ နွေးထွေးတဲ့ အငွေ့အသက်ရှိသည်မှာ ၀င်လိုက်တာနှင့် သိသာသည်။ မဒေစီဟာ အလိုလိုက်ခံ အချစ်ခံရမှန်း သိသာလှသည်။
ဒီစေ့စပ်ပွဲကို မငြင်းသည်မှာ သူ့ကိုလက်ထပ်ချင်လို့မဟုတ်ပဲ မိဘနှစ်ပါး၏ လုပ်ငန်းကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်နေသည်ပုံပင်။ ဧည့်ခန်းထဲတွင်လည်း မိသားစုပုံနှင့် မဒေစီ၏ ဘွဲ့ယူအခမ်းအနားပုံများနှင့် ပြည့်နေသည်။

နာမည်နှင့်လိုက်စွာ ကျက်သရေရှိသော အမျိုးသမီးသည် သူတို့ရှိရာသို့ တစ်လှမ်းချင်းလျှောက်လာကာ ဖော်ရွေစွာပြော၏။

"သားဇဏ် လာလည်မယ်လို့ သမီးကကြိုပြောထားလို့ အန်တီစောင့်နေတာ "

ခီတန်ကူးဇဏ်က ဘာမှမပြော။ ပြုံးရုံသာပြုံးသည်။
ဒေါ်မေရီခင်က အခုမှ ဦးမင်းနွယ်ကို သတိထားမိသလို အလျင်တစောပြောလာ၏။

"သားအဖေပါ ပါမယ်မှန်းမသိဘူး ။ အပေါ်ထပ်ကိုလိုက်ခဲ့ သားအန်ကယ်စောင့်နေတယ် "

အန်တီက စာကြည့်ခန်းတစ်ခုကို ညွှန်ပြပြီး အောက်ထပ်သို့ ပြန်ဆင်းသွားသည်။ 
ဒယ်ဒီရဲ့ မျက်နှာပျက်နေသည်ကို မြင်လိုက်ရသည်မို့ သူအသာပြုံးရင်း…

"ဒယ်ဒီ ၀င်ရအောင်လေ "

"ဒီလိုလုပ်တာ အဆင်ပြေပါ့မလား ဇဏ် "

"ဒယ်ဒီက အခုထိ ဖွားအတွက်စိတ်ပူနေတုန်းပဲကို ။ လူဆိုတာ တစ်ခါတလေ ကိုယ့်အတွက်ကိုယ် ကြည့်ရတဲ့အချိန်ဆိုတာလည်း ရှိသေးတယ် ဒယ်ဒီရဲ့ ။ ကျွန်တော်ပြောသလိုသာလုပ် ဘယ်သူ့မှဘာမှ မထိခိုက်စေရဘူး "

ထိုအခါမှ သက်ပြင်းတစ်ချက်ချပြီး သူ့အနောက်သို့လိုက်လာ၏။

ဦးသူရိန်မင်းက ‌သူ့ကိုတွေ့တာနှင့် ဖော်ရွေသော အပြုံးနှင့်ဆက်ဆံ၏။

"သားဇဏ်လား ။ မှတ်တောင် မမှတ်မိဘူးကွာ အရပ်ကြီးကို ရှည်ပြီး ချောလာလိုက်တာ လူတောင်မှားတယ် "

"အန်ကယ်လည်း ထပ်တူပါပဲဗျ "

"ကိုမင်းနွယ်လည်း ပါတာပဲ ။ လုပ်ငန်းတွေရော အဆင်ပြေရဲ့လား "

"ပြေပါတယ် ကိုသူရိန် "

မနေ့ကတင် ဖုန်းဆက်လာသည့် သမီးဖြစ်သူကြောင့် ဦးသူရိန်မင်း အံ့ဩနေရသည်။ ခီတန်ကူးဇဏ်လာလည်မှာမို့ သမီးမောင်လေးကို ဂရုတစိုက် ဧည့်ခံလိုက်ပါဆိုသော အမှာစကားကိုသာ ပြောသွားတာဖြစ်သည်။

"ဒါနဲ့ သားဇဏ် ။ အန်ကယ့်ကိုဘာလို့တွေ့ချင်တာလဲ"

"အန်ကယ်ဆိုတာထက် အန်ကယ်ရော အန်တီရောနဲ့ တွေ့ချင်တာပါ "

"ဘယ်လို"

ထိုစဉ် လက်ဖက်ရည်ဗန်းကို ကိုင်ကာဝင်လာတဲ့ ဒေါ်မေရီကြောင့် ဦးသူရိန်အမေးတို့ ရပ်တန့်သွားရသည်။

"အန်တီ ထိုင်ပါဗျ "

"အေးကွယ် "

"ကျွန်တော်ဒီနေ့လာတာ ဖွားစီစဉ်နေတဲ့ စေ့စပ်ကိစ္စပါ "

ဦးသူရိန်မင်းတို့လည်း အနည်းငယ်တော့ ရိပ်စားမိပါ၏။ ဒီကလေးသည် သူတို့နှင့် အခြားအကြောင်းအရာများအတွက် တွေ့စရာအကြောင်းမရှိပေ။

စေ့စပ်ပွဲလုပ်ပြီး မကြာခင်လက်ထပ်ပေးချင်ပြီဆိုသော ဒေါ်မူယာနွယ်က မကြာခဏ စကားလမ်းကြောင်းလေ့ရှိသည်။ ကလေးတွေသည်လည်း နိုင်ငံခြားမှာ မကြာခဏတွေ့ပြီး ရင်းနှီးနေတာဖြစ်တာကြောင့် ဒီကိစ္စအတွက် အခက်အခဲမရှိလောက်လို့ တွေးမိခဲ့တာဖြစ်သည်။

"ကျွန်တော်တို့ ဒီကိစ္စကို သဘောမတူပါဘူး ဦးနဲ့အန်တီ "

ကျွန်တော်တို့ဆိုသည့် စကားကြောင့် သဘောမတူသည့်အထဲ ကိုယ့်သမီးပါပါသည်ကို စကားအသွားအလာအရ သတိထားမိသည်။

"သမီးက ပထမက ဘာမှမပြောတော့ အဆင်ပြေတယ်ထင်နေခဲ့တာ "

ဦးသူရိန်ပြောတော့ ဒေါ်မေရီကပါ ၀င်ပြော၏။

"ဟုတ်တယ် သား ။ သမီးက မနေ့ဖုန်းဆက်တဲ့အထိ ဘာတစ်ခွန်းမှမဟဘူး ။ သူသာ ဆန္ဒမရှိဘူးဆို အန်တီတို့လည်း အတင်းအကြပ်မစီစဉ်ပါဘူး "

"မဒေစီက သိတတ်လိမ္မာတဲ့ သမီးတစ်ယောက်ပါ ။ အန်တီတို့ရဲ့ လုပ်ငန်းကို ထိခိုက်မှာစိုးလို့ ဒီကိစ္စကို သူငြင်းဖို့ခက်နေတယ်ထင်ပါတယ် "

"အိုကွယ်! ဒီကောင်မလေးကတော့ "

"ကျွန်‌တော်တို့ ခင်မင်ခဲ့တာကလည်း သွေးရိုးသားရိုးပါ အန်ကယ်နဲ့အန်တီ။ မဒေစီရော ကျွန်တော်ရောက တစ်ဦးတည်းသော သားသမီးတွေမို့ မောင်နှမလိုချင်ခဲ့တာ ပါပါလိမ့်မယ် ။ ကျွန်တော်လည်း မဒေစီကို အစ်မအရင်းတစ်ယောက်လိုပဲ သဘောထားပါတယ် ။ မဒေစီလည်း ထပ်တူပါပဲ "

ဘေးကနေ ဘာမှမပြောပဲ ခေါင်းတညိတ်ညိတ်သာ လုပ်နေတဲ့ ဦးမင်းနွယ်ကြောင့် ဦးသူရိန်မင်းပြုံးမိသွားသည်။
သူတို့လို စီးပွားရေးသမားများအတွက် စကားလုံးတစ်လုံးစီတိုင်းသည် အလွန်အရေးပါလှသည်။
ထိုကလေး ရွေးချယ်သုံးနှုန်းသွားသည့် စကားလုံးများသည် ဒဲ့ပြောရလျှင် လုပ်ငန်းထိခိုက်မှာကို ဘာအတွက်မှ ပူမနေပါနဲ့ ဟုပြောချင်တာပင်ဖြစ်သည်။ သိုပေမဲ့ ထိုလိုစကားလုံးအစား မဒေစီဟာ ကျွန်တော့်အစ်မအရင်းလိုပါပဲ ဆိုတည်းက ဒီစေ့စပ်ပွဲမဖြစ်ခဲ့ရင်တောင် သူတို့ကို ပစ်ထားမည်မဟုတ်ဟု တစ်ဖက်လှည့်ကာ ပြောသွားခြင်း။
အသက်ငယ်ငယ်လေးနဲ့ ထက်ထက်မြက်မြက်ရှိလှသောကြောင့် သူတို့သားမက်ဖြစ်မဲ့အရေးကို နှမြောစိတ်တော့ဖြစ်ရသည်။

"ဦးတို့က ကလေးတွေ စိတ်ချမ်းသာဖို့ကလွဲပြီး ဘာမှမမျှော်လင့်ပါဘူးကွယ် ။ ဥက္ကဌကြီးသာ စိတ်ခုသွားမှာစိုးတာ "

"ဒီလို ကိစ္စမျိုး ရှိလာမှာမဟုတ်ပါဘူး ကိုသူရိန် ။ ဒါ့ကြောင့် စိတ်မပူလို့ဖြစ်ပါတယ်"

သားဖြစ်သူဘေး၌ငြိမ်နေရာမှ အာမခံချက်ပေးသလို ၀င်ပြောလာသည်ကြောင့် ဦးသူရိန်မင်း စိတ်ထဲ၌တော့ အေးသွားသည်။

"ဒါဆိုလည်း စေ့စပ်ပွဲမရှိဘူးလို့သာ မှတ်ကြတာပေါ့လေ "

"ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ် အန်ကယ်နဲ့အန်တီ ။ စေ့စပ်ပွဲ ရှိရှိ မရှိရှိ ကျွန်တော်တို့ ဆက်ဆံရေးဟာ ပျက်မသွားပါဘူး "

"ဒါဆိုလည်း အန်တီထမင်းစားပွဲ သွားပြင်လိုက်တော့မယ် "

"ကျွန်တော် လိုက်ကူပေးပါ့မယ် အန်တီ "

သူလည်း အောက်ထပ်သို့သာ လိုက်ခဲ့တော့သည်။ ဒယ်ဒီကတော့ ဦးသူရိန်နှင့် စကားပြောပြီး ကျန်နေခဲ့သည်။ လှေကားမှဆင်းလာတော့ တစ်ဖက်ခြမ်းတွင် ထမင်းစားပွဲအားတန်းမြင်နေရ၏။

"အကုန် ချက်ပြီးပြီ သားရဲ့ ။ ပန်းကန်ထဲထည့်ရုံပဲ အိမ်မှာကောင်မလေးတွေရှိပေမဲ့ အန်တီက ကိုယ့်လက်ကိုယ်ခြေလုပ်ရမှ ကျေနပ်တာ။ သားအန်ကယ်ကလည်း အန်တီကိုတိုင် ၀င်ပြီး ပြင်ဆင်ပေးမှ သဘောကျတာ  သားရေ"

ထိုစကားနဲ့တင် အန်တီမေရီကို ချစ်မှန်းသိသာလှသည်။ ပင်ပန်းစေချင်တာထက် ကိုယ့်‌ချစ်ရသူ လုပ်ပေးတာမို့ ပို၍ ကြည်နူးဖို့ကောင်းသည်မဟုတ်လား။
သူတို့တွေ့တုန်းက ညိမ်လည်း ရှမ်းခေါက်ဆွဲတစ်ပွဲဝယ်ကျွေးခဲ့ဖူးသည်။ ပုံမှန်ဆို ငြင်းလိုက်မှာပေမဲ့ ဘာရယ်ကြောင့်မှန်းမသိ သူငြင်းဖို့ တွ့န်ဆုတ်နေမိသည်။ မှာပြီးကာမှ စားသင့်မစားသင့် စဉ်းစားနေချိန်တွင် ညိမ်ကိုယ်တိုင် ယူကာ ရှမ်း‌ခေါက်ဆွဲကို နယ်ပေးခဲ့သည်။
ထို့ကြောင့် ပို၍ပင် စားကောင်းခဲ့သည်ထင်၏။

"သား ဘာတွေပြုံးနေတာတုန်း "

"ဘာမှမဟုတ်ပါဘူး အန်တီ "

သူလည်း ဟင်းပန်းကန်များကို အသာအယာစီပေးနေလိုက်သည်။

"ဒေစီဆိုလည်း  ပါးစပ်ကသာ ဟုတ်ဟုတ် ဟုတ်ဟုတ်နဲ့ စကားနားမထောင်ဘူး သားရယ် မင်းအစ်မနဲ့တွေ့ရင် အစားသေချာစားဖို့ပြောစမ်းပါ "

"ဟုတ်ကဲ့ပါ အန်တီ "

"သားဒီကို မြန်မြန်ပြန်လာတာ စေ့စပ်ပွဲကြောင့်လား "

"ဒီကိစ္စလည်းပါပေမဲ့ အဓိကတော့မဟုတ်ပါဘူး အန်တီ "

"ချစ်ရသူရှိလား…အို အန်တီကဘာသဘောနဲ့မှမေးတာမဟုတ်ဘူးနော် "

"ရှိပါတယ် အန်တီ "

"အေးအေး ။ သားဒီမှာထိုင်နေအုံးနော် အန်တီသွားခေါ်လိုက်ဦးမယ် "

အန်တီမေရီတက်သွားမှ ပေါ်တီကိုအောက်တွင် ဖုန်းပြောရင်း လမ်းလျှောက်နေသော ဒယ်ဒီ့ဒရိုင်ဘာကို တွေ့လိုက်ရသည်။ ‌ထမင်စားခန်းနှင့် အိမ်ပေါက်ဝသည် တန်းနေတာမို့ မည်သူမှန်း အသေအချာကို မြင်ရသည်။ စောကြည်လင်က ရန်ကုန်လမ်းတွေ မကျွမ်းတာကြောင့် သူကိုယ်တိုင် မောင်းလာတာမို့ ဒရိုင်ဘာမပါ။ စောကြည်လင်ကိုလည်း အိမ်တွင်သာနေခိုင်းခဲ့သည်။

ဒယ်ဒီလည်း ဦးသူရိန်နှင့် အတူဆင်းလာပြီးနောက် ထိုအိမ်မှာပဲ နှစ်ယောက်သား ထမင်းစားဖြစ်ခဲ့ကြသည်။ မကြာသေးတဲ့အချိန်မှာပင် ဒယ်ဒီသည် ဦးသူရိန်နှင့် အဖွဲ့ကျသွားပုံရသည်။

"ကိုမင်းနွယ်တို့များ သားလေးတစ်ယောက်ရှိပါတယ် ။ ရုပ်‌လည်းချော ၊ ထက်ထက်မြက်မြက်လေးမို့ ကံကောင်းလိုက်တာ"

"သူ့တစ်ယောက်နဲ့ ခေါင်းကိုက်နေတာ ကိုသူရိန်မသိပါဘူးဗျာ ။ ထက်လွန်းလို့ ခက်နေတာ "

"ဟားဟား ကျွန်တော်တော့ သဘောကျတယ်ဗျို့ "

"ဒါဆို ပြန်ပြီနော် မမေရီ "

ဒယ်ဒီကနှုတ်ဆတ်လိုက်‌တော့
လင်မယားနှစ်ယောက်လုံး အိမ်ပေါက်ဝထိ လိုက်ပို့ရင်း နှုတ်ဆတ်စကားဆိုသည်။

"နောက်လည်း လမ်းကြုံရင် ၀င်ခဲ့ပါ ။ သားဇဏ်ရော "

အန်တီမေရီစကားကြောင့် သူလည်း အပြုံးနုနုကိုချိတ်ဆွဲရင်း…

"ဟုတ်ကဲ့"

ကားနှစ်စီးလုံး ထွက်ခွာသွားမှ

"ဒီတစ်သက်တော့ ဒီလိုသားမက်မျိုး မရ‌တော့ဘူးအစ်ကိုရေ ။ ကောင်လေးက သူ့ချစ်သူကိုလည်း အတော်ချစ်ပုံပဲ "

"သမီးပျော်ဖို့က ပိုအရေးကြီးပါတယ် မေရီရယ် "

•••••••••

"မင်း အထုပ်ပြင်ထားတော့ စောကြည်လင် "

အပြင်ကနေပြန်ရောက်ရောက်ချင်း ပြောလာသည့် သခင်လေးစကားကြောင့် စောကြည်လင်ခေါင်းမွှေးများပင်ထောင်သွားသလို ခံစားလိုက်ရသည်။
သူ့ကို သခင်လေးနှင်ထုတ်တော့မှာလား!

"ဗျာ ။ အဲ့လိုတော့မလုပ်ပါနဲ့‌ဗျာ ။ကျွန်တော် သွားစရာနေရာမရှိတာ သိရဲ့သားနဲ့"

"စောကြည်လင် မင်းဘာတွေပြောနေတာလဲ ။ ပြင်ဦးလွင်သွားမှာမို့ အထုပ်ပြင်ခိုင်းနေတာ ။ မင်းတစ်ယောက်တည်းနေခဲ့ချင်ရင် နေခဲ့ "

"အာ ! အဲ့လိုလား ။ မသိဘူးလေ ရုတ်တရက်ကြီး အထုပ်ပြင်ဆိုတော့ "

သူပြောလို့ပင်မဆုံးသေး သခင်လေးက သူ့အခန်းထဲဝင်သွားပြီဖြစ်သည်။ ဘယ်နေ့သွားမှာလဲဆိုတာကိုလည်း ပြောမသွား ။

သခင်လေးသည် အဲ့လိုလူမျိုးဖြစ်သည်။ ဘယ်တုန်းကမှ သူ့စကားကိုအဆုံးထိနားထောင်တယ်ဆိုတာမရှိ ။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်ပုံမရပေ။ နေမကောင်းဖြစ်လို့ စိတ်ပူလို့ စကားအများကြီးပြောမိရင်တောင် "အင်း"ဆိုတာနဲ့ အဆုံးသတ်သွားတတ်သည်။သူ့ကိုသခင်လေးစကားအများဆုံးပြောခဲ့သည်မှာ မြန်မာကို မပြန်ခင် လွန်ခဲ့သော ခြောက်လကဖြစ်သည်။

ခီတန်ကူးဇဏ် ကားပေါ်တွင် တွေ့လိုက်ရသည့် စောကြည်လင်ကြောင့် မျက်ခုံးတန်းတို့ တွန့်ချိုးကုန်သည်။

"စောကြည်လင် "

"ဗျာ "

"မင်းဘာလုပ်နေတာလဲ အခုဆင်း "

"ဗျာ ။ သခင်လေးပဲ ပြင်ဦးလွင် သွားမလို့ဆို ။ ကျွန်တော်က မလိုက်ရဘူးလား "

"ရှေ့ခန်းမှာ မထိုင်နဲ့။  နောက်ခန်းသွားထိုင် "

နောက်ခန်းမှာ ထိုင်ပါက ဒရိုင်ဘာလို့ သဘောထားတယ်လို့ ဆူခံရမည်စိုးသဖြင့် သူရှေ့ခန်းတွင်သာ ထိုင်နေခြင်းဖြစ်သည်။ မိမိမှာ စေတနာနဲ့ ရှေ့ခန်းတွင် ထိုင်နေခဲ့ပါသော်လည်း အဆူခံရသည်တော့ မပျက်။

စောကြည်လင်ဆိုတာ အဆူမခံရသည့်နေ့ဆိုတာမရှိ။ သူလည်း တမင်တကာလိုက်ပြောနေတာမဟုတ်ဘဲ စောကြည်လင်ကိုက အလုပ်မဟုတ်တာဖြစ်သည်။
ညိမ့်ကိုပင် ကားပေါ်မတင်ရသေး lover seat တွင် ခပ်တည်တည်ဝင်ထိုင်နေသည်။

စိတ်ပျက်စရာ!

ခဏအကြာတွင်တော့ နှစ်ယောက်သား ပြင်ဦးလွင်သို့သာ ခရီးဆက်ခဲ့ကြသည်။ အလုပ်ရှင်ကိုယ်တိုင်က ကားမောင်းနေရသဖြင့် မျက်နှာပူသော်လည်း သူ့မှ လမ်းတွေမသိဘဲ ။
သခင်လေးကတော့ ဉာဏ်ကောင်းလို့လားမသိ ခြောက်နှစ်ကျော်ကြာတာတောင် သူ့ပုံစံက ခြောက်ရက်ပဲခွဲခွာရသလို ဖြစ်သည်။

••••••

ကားက တစ်နေရာမှာ ထိုးရပ်လိုက်မှန်းသိပေမဲ့ သူမျက်လုံးတို့ကို မဖွင့်မိ။

"စောကြည်လင် …ထ"

"ဗျာ ဟုတ် "

ကပျာကယာထကာ ဘေးဘက်သို့ဝေ့ဝဲကြည့်မိတော့ ခြံကြီးက အတော်ကျယ်လှသည်။ သစ်ပင်များနှင့်လည်း အုံ့အုံ့ဆိုင်းဆိုင်း စိုပြေလျက် ။
ပြင်ဦးလွင်သွားမယ်ဆိုတာသိပေမဲ့ သူတို့ ဟိုတယ်တစ်ခု၌သာ တည်းရမည်မှန်း တွေးထားခဲ့တာဖြစ်သည်။

သူတွေးရင်း အထုပ်တွေချနေစဉ်…

"ငါ့အထုပ်တွေ မချနဲ့ "

"ဗျာ "

"ငါသွားစရာရှိတယ် ငါ့ Luggageကို ကားပေါ်မှာထဲထား ။ မင်းဒီမှာနေခဲ့ "

"ဗျာ ။ ဒါဆို ဒီအိမ်ကြီးမှာ ကျွန်တော်တစ်ယောက်တည်းနေရမှာလား "

"ကျစ်! ပြောရခက်လိုက်တာ ။ အိမ်မှာလူတွေရှိတယ် ။ မင်းကိုပြန်ပေးဆွဲလာတာမဟုတ်ဘူး ။ အထုတ်တွေချပြီးလည်း ဖယ်တော့ ပြီးတော့ "

"ဟုတ်"

သူပြောကာ အထဲဝင်လိုက်တော့ …

"မင်းဖုန်းခဏပေးလိုက်"

"ဗျာ"

သခင်လေးဘာဖြစ်‌ချင်နေတာလဲ ။ သူ့လိုအလုပ်သမားတစ်ယောက်ရဲ့ ဖုန်းကအစ လာငှားနေတာလား။
ငှားရင်တောင် ငှားပုံက ပေးချင်စရာ!
စိတ်ထဲက ပြောနေပေမဲ့ ထွက်သွားမိသည်က…

"ဟုတ် ဟုတ်"

သူ့ဖုန်းကို ပေးချင်သလိုလို မပေးချင်သလိုလို လုပ်နေတာကြောင့်…

"ငါမကြာဘူး ပြန်လာမှာ ပေးလိုက် "

"ဟုတ် ဟုတ် "

ပုံမှန်အတိုင်းသာဆို သူစောကြည်လင်ကို မောင်းထုတ်ပြီးတာကြာပြီ။ ကိစ္စတွေကရှိသေးတာမို့ ပြောရခက်ပေမဲ့ အနားတွင်သာ ခေါ်ထားရသည်။
လူက ပိန်းကပိန်းနဲ့ ဘယ်လိုတောင် သူအနားခေါ်ခဲ့မိလည်းဆိုတာ တကယ်မသိဘူး ။

ဒယ်ဒီ့ကိုတော့ နောက်နှစ်ရက်နေမှသာ ရတုနှင့် လိုက်လာခိုင်းလိုက်သည်။ စောစောလာလည်း ဒီအခြေအနေမှ ဘာမှထူးသွားတာမဟုတ် ။
သူလည်း ဒယ်ဒီလာမှသာ မိသားစု ဆုံညီဖြေရှင်းချင်တာမို့ တစ်ယောက်တည်း သီးသန့်တွေ့မနေချင်တော့ ။ မွေးထားတာမှန်ပေမဲ့ မတွေ့ဖူးတာတစ်သက်မို့ တကူးတကလည်း အပိုတွေလုပ်မပြချင်ပေ။

••••••••

တောက်လျှောက်မောင်းလာတာကိုမှ လမ်းတွင်တစ်ခါဘဲ နားရသေးတာမို့ မျက်လုံးများက ကျိန်းစပ်နေသည်။ သို့သော်လည်း ‌တစ်စုံတစ်ယောက်ကိုသာ တွေ့ချင်နေသော စိတ်ကို ထိန်းမရ။

စုံစမ်းထားသော အိမ်ရှေ့တွင်ရောက်တော့ အချိန်က မနက်ရှစ်နာရီတိတိ။

လူ‌တောင်မဟုတ် သက်သပ်ရပ်ရပ်ခြံဝန်းလေးကိုတွေ့လိုက်ရသည်နှင့် သူ့စိတ်တို့ အေးချမ်းသွားသည်။ သည်အရိပ်အမြုံလေးမှာ ချစ်ရသူရှိသည်ဆိုသော အသိက စိတ်ကိုအေးချမ်းမှုပေးသည်။

သူ့ကို ဘက်ပေါင်းစုံမှ ဘလော့ထားကာ Emailတစ်စောင်သာ ချန်သွားသည့် အဆိုးလေးကြောင့် စောကြည်လင်ဖုန်းကို ယူလာရသည်။ ပိုင်ရှင်က မပေးချင်မှန်းသိပေမဲ့ ကဒ်လဲလှယ်သုံးရတာမျိုးလည်း ခီတန်ကူးဇဏ်တို့က မလုပ်တတ်။

အလွတ်ရနေသော ဖုန်းနံပါတ်ကို ရိုက်ထည့်ကာ ခေါ်လိုက်တော့ တော်တော်နှင့် မကိုင်။
ခဏကြာမှသာ…

"ဟယ်လို "
သူလွမ်းနေခဲ့သော အသံလေး။
ချိမြမြအသံလေးက စမ်းချောင်းလေး တစ်ခုသဖွယ် ရင်ထဲသို့ အေးမြစွာ စီးဝင်သည်။

"ဟယ်လို ။ ဘယ်သူလဲခင်ဗျ "

"ဖုန်းမှားဆက်တာဆို ချလိုက်တော့မယ် "

စိတ်ရှည်တတ်တဲ့သူက ဘောက်ဆတ်ဆတ်။
ခင်ဗျား တကယ်ကို ဆိုးလာတာပဲ ညိမ်။
ဒါကြောင့်လည်း ကျွန်တော့်ကို ထားခဲ့နိုင်တာထင်တယ်။

"ညိမ်"

"ဟင်"

"မချပါနဲ့ ကျေးဇူးပြုပြီးတော့ "

"ဘာပြောမှာလဲ ပြောလေ "

"ကျွန်တော် ညိမ်နဲ့တွေ့ချင်တယ် "

"ငါမအားဘူး ခီတန်ကူးဇဏ်  "

"ဘာလို့ ကျွန်တော့်ကို ဒီလိုစိမ်းကားရတာလဲ ညိမ်"

"မင်း ဘာတွေပြောနေတာလဲ ။ ငါတို့ကိစ္စက လွန်ခဲ့တဲ့ခြောက်လထဲက ပြီးသွားပြီ "

"ကျွန်တော် ညိမ်နဲ့တွေ့ချင်တယ် ။ အပြင်မှာ ပြောမယ် "

"မင်းပြန်ရောက်နေတာလား "

"အင်း ။ ကျွန်တော် ညိမ့်အိမ်ရှေ့မှာ ။ ၀င်လာရမလား ထွက်ခဲ့မလား "

"ရူးနေတာလား ။ ၀င်လည်းမလာနဲ့ ထွက်လည်းမထွက်ဘူး ။ ငါ့ကိုလာအကြပ်မကိုင်နဲ့ ခီတန်ကူးဇဏ်"
ညိမ့်အသံ တဖြည်းဖြည်း ‌ဒေါသဘက်သို့ ကူးပြောင်းလာတာကို သတိထားမိသော်လည်း မတတ်နိုင်။ ဒီလိုလုပ်မှ သူတွေ့ရမှာ။

"ဘာမှမရွေးဘူး ။ ငါ့ကိုဖုန်းထပ်မဆက်နဲ့ "

"ညိမ်ကဒီလိုဆိုမှတော့...Okay လေ"

••••••••

"မင်္ဂလာပါ အန်တီ "

သူနှုတ်ဆက်လိုက်တော့ ပန်းပင်တွေရေလောင်းနေရာမှ လှည့်ကြည့်လာသည်။ ခြံတံခါးက သူတို့အိမ်လို အပိတ်အမြင့်မဟုတ်ဘဲ လှမ်းမြင်နေရတဲ့ သံဇကာမို့ ခပ်လှမ်းလှမ်းကသာ လှမ်းခေါ်လိုက်၏။

"သားက ဘယ်သူလဲ "

"ကျွန်တော် ညိမ်နဲ့ တွေ့ချင်လို့ "

"ညိမ်! သားကြီးကိုပြောတာလား "

"ဟုတ်မယ် ထင်တယ်ဗျ"

"အော် အေး လာလေ "

သူမခြံတံခါးကို ဖွင့်ပေးလိုက်တော့ အပြုံးလှလှလေးနဲ့ အတူ သူမနောက်သို့လိုက်လာသည်။ သားကြီး သူငယ်ချင်းဆိုသော်လည်း မမြင်ဖူးပါ။
သူ့အရင်သူငယ်ချင်း ယသော်ကလွဲပြီး ရန်ကုန်မှသူငယ်ချင်း သော်မှူးဟန်ဆိုတဲ့ တစ်ယောက်ကိုသာ သူမ သိတာဖြစ်သည်။
ဒီကလေးပုံစံကြည့်ရတာ လူကောင်းသူကောင်းဖြစ်ရတာမို့ သူမစိတ်ချသွားရသည်။ရန်ကုန်မှာ မဟုတ်တဲ့လူတွေ‌နဲ့ တွေ့မှာကို စိုးရိမ်ခဲ့ရတာဖြစ်သည်။

"သား ဒီမှာထိုင်နော် သားညိမ်က အခန်းထဲမှာထင်တယ် "

"ဟုတ်ကဲ့ အန်တီ "

ခဏကြာတော့ ထွက်လာသည့် ပုံရိပ်လေးကိုတွေ့လိုက်ရသည်။ မျက်နှာတွင်တော့ သူ့ကိုမလာစေချင်တဲ့ အရိပ်အယောင်တွေဟာ အပြည့် ။
အရင်လို ဆံပင်ညိုညိုလေး မရှိတော့ပေမဲ့ မျက်ဝန်းလေးကတော့ အရင်ကအတိုင်းပင်။

"သား စူပုတ်မနေနဲ့လေ ကလေးလည်း မဟုတ်ပဲ ။သားငယ်ချင်းကို နှုတ်ဆတ်လိုက်ဦး "

"သားသူငယ်ချင်းမဟုတ်ဘူး ‌မေမေ "

ညိမ်ပြောတာ မှန်ပါသည်။ သူတို့နှစ်ယောက်ဟာသူငယ်ချင်း‌တွေမှမဟုတ်ဘဲ။

"…."

"သူက သားဂိုက်ခဏသင်ပေးဖူးတဲ့ သူပါ "

" ဪ ။ ဘာဘဲဖြစ်ဖြစ်လေ မိုးသန့်ရယ် မင်းနှယ် မသိတာလည်းမဟုတ်ဘဲ "

ခီတန်ကူးဇဏ် လက်ထဲမှ အထုပ်များကို အန်တီ့ထံသို့ တိုးပေးလိုက်တော့ အံ့ဩနေပုံရသည်။

"အန်တီတို့အတွက်ပါ "

"မလိုပါဘူးသားရယ် "

"မင်းဘာလာလုပ်တာလဲ "

သူ့ကို ဦးတည်ပြီး ပြောလိုက်တဲ့ပထမဆုံးစကားက "ဘာလာလုပ်တာလဲ "တဲ့လား။
စိတ်ရှိတဲ့အတိုင်းဆို "ညိမ့်ကိုပြန်လာသိမ်းတာ "လို့ပြောမိမယ်ထင်သည်။
ညိမ့်မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်ရင်း…

"တွေ့ချင်လို့ ။ အရမ်းသတိရနေခဲ့တာ "

ညိမ်က မျက်နှာတစ်ချက်ပျက်သွားသလို ညိမ့်မေမေကလည်း အံ့ဩနေသည်။

"သူက နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာလေ မေမေ ။ "

"အဲ့လိုလား။ ဒါနဲ့သား နေမကောင်းဘူးလား မျက်လုံးတွေနီနေတယ် "

"ဟုတ် ကျွန်တော် မအိပ်ရသေးလို့ "

"ဟယ် ဒါဆိုဘယ်ဖြစ်မလဲ နေမကောင်းဖြစ်မယ်နော် ။ သား ဒီကလေးကို သားအခန်းထဲခေါ်သွားလိုက် "

"ဟာ မေမေကလည်း ။ မင်းဟိုတယ်ပြန်လိုက်"

"မရှာရသေးဘူး ဟိုတယ်က "

"တည်းခိုးခန်းသွား"

"ကျွန်တော် မတည်းတတ်ဘူး "

ခီတန်ကူးဇဏ် တမင်လုပ်နေမှန်း ညိမ်သိသည်။
သူဘာဖြစ်ချင်နေတာလဲ!

"ဂျစ်မနေနဲ့ သားရယ် ခေါ်သွားလိုက် "

"ညီလေး အခန်းထဲခေါ်သွားမယ် "

"ဘယ်ဖြစ်မလဲ မင်းညီက လူစိမ်းမကြိုက်မှန်းသိရဲ့သားနဲ့ "

"ခီတန်ကူးဇဏ် လာ "

မျက်နှာ ပြောင်ပြောင်နှင့်ပင် ညိမ့်နောက်သို့ လိုက်ခဲ့လိုက်သည်။
အရှက် သိက္ခာဆိုတာလည်း သူ့မှာ မလိုအပ်တော့။

ဂျောက်!
နောက်မှ လိုက်လာတဲ့ သူကအခန်းထဲရောက်တာနဲ့ တံခါးကို ပိတ်လိုက်သည်။

"မင်း ဘာလုပ်တာလဲ "

"စကားပြောမယ် "

"ပြောစရာမရှိဘူး "

"ကျစ်! ညိမ်ကဗျာ "

မိုးသန့်ညိမ် သူ့ပုံစံကိုကြည့်လိုက်တော့ အရင်နဲ့မတူပဲ လူက တစ်မျိုးဖြစ်နေသည်။ အရှည်ကြီးက တော်တော့်ကိုသိသိသာသာရှည်သွားပြီး မေးရိုးများကလည်းထင်းနေသည်။
မျက်လုံးများနှင့် မျက်ခမ်းစပ်များကတော့ နီရဲနေပြီး ဆံပင်များက ကပိုကယို။

"မင်း ဘာလို့ဒီလောက်စုတ်ပြတ်သွားရတာလဲ "

လူကို အထက်အောက်စုတ်ဆန်ကြည့်ပြီး  ပြောလာသောစကား။

"မင်း!"

"ငြိမ်ငြိမ်နေ "

ခီတန်ကူးဇဏ် ဘာကိုမှ ပြောမနေချင်တော့တာကြောင့် ရှေ့တွင် ရှိနေသော ဖြူအုအုကိုယ်လုံးလေးကိုသာ တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်သည်။
အတင်းရုန်းကန်းနေသော်လည်း ညိမ့်အားသည် သူ့ကိုမတိုးပေါက်နိုင်။ ဒီလိုနေ့လေးရောက်ဖို့ကို သူဘယ်လောက်တောင် စောင့်နေခဲ့ရတာလဲ ။ လွမ်းသည်။ သေလောက်အောင်လွမ်းသည်။သူပြန်မလာခင်ကိုပင် တစ်ယောက်ယောက် ပိုင်ဆိုင်သွားမှာကို ကြောက်နေခဲ့တာဖြစ်သည်။

လွှတ်ပေးလိုက်တော့ တောက်တစ်ချက်ခေါက်ပြီး လူကိုတွန်းထုတ်သည်။

"မင်းဘာဖြစ်ချင်နေတာလဲ ။ ငါတို့ကပြီးသွားပြီလေ "

"ဘယ်သူ့သဘောနဲ့ ပြီးတာလဲ "

"ဘယ်သူ့သဘောမှ မလိုဘူး ။ တစ်ယောက်အဆင်မပြေရင် ဆက်ဆံရေးကပျက်ကြရတာပဲ "

"ညိမ် ဘာတွေဖြစ်နေတာလဲ ပြော "

"ဘာမှမဖြစ်ဘူး ငါမင်းနဲ့ထပ်မပတ်သက်ချင်ရုံပဲ "

"မိုးသန့်ညိမ်!!"

"မင်းလေသံကိုပြင် ။ ရောက်နေတာ ငါ့အိမ်နော်။ ခဏနေရင်ပြန်တော့ "

"ဘယ်သူ့အိမ်ဖြစ်ဖြစ် ဂရုမစိုက်ဘူး …ဒါဆို ကျွန်တော်တို့ ချစ်သူရည်းစားအဆင့်က ပြီးသွားပြီပေါ့ ဟုတ်လား"

"အင်း"

"အင်းပါ။ ညိမ်ကပြီးပြီဆိုတော့လည်း လက်ထပ်ကြတာပေါ့"

"ဘာ!"

"ချစ်သူရည်းစားအဆင့်ပြီးရင် လက်ထပ်ကြတာမဟုတ်လား"

"မင်းကိုငါတကယ်စိတ်ပျက်တယ် ခီတန်ကူးဇဏ် "

မိမိကို ကျော်ကာ အပြင်ဘက်သို့ ထွက်တော့မည့် ဟန်ပြင်နေသည်။

မိုးသန့်ညိမ်က ဘာဖြစ်ချင်နေတာလဲ ။
နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်းရှင်းကြမယ်ဆိုတာကိုလည်း လက်မခံဘူး။

လူကိုဆွဲလှည့်လိုက်တော့ မျက်ဝန်းများက ဒေါသရိပ်သန်းပြီး နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေသည်။
ကြည့်လေလေ အသဲယားလာတာမို့ နှုတ်ခမ်းသားနုနုအပေါ်ကို ထိကပ်လိုက်သည်။ ခပ်ဖောင်းဖောင်းနှုတ်ခမ်းက နူးအိနေတာမို့ အပေါ်တစ်လှည့်ဘအောက်တစ်လှည့် တစ်ရစ်ချင်း စုပ်ယူမိသည်။
သောက်လေလေ ငတ်မပြေဆိုသလို ဖူးအိအိနှုတ်ခမ်းအစုံက  အားမရခြင်းကို သူ့အတွက်ပေးစွမ်းသည်။
ရုန်းချင်နေတဲ့ ခေါင်းကို ထိန်းကိုင်လိုက်တော့ ဆံသားနုနုရဲ့ အထိအတွေ့က သူ့လက်ထဲ အိခနဲ။
အားမရခြင်းများစွာကြောင့်
နှုတ်ခမ်းသားအထဲ ၀င်ခွင့်တောင်းတော့ ၀င်ခွင့်မပေး နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားသည်။
ခပ်ဖွဖွ ကိုက်လိုက်တော့မှ ပိုင်ရှင်က ၀င်ခွင့်ပေးသည်။
အောက်နှုတ်ခမ်းကို စုပ်ယူလိုက်ကာမှ သိလိုက်ရသည်က…
ညိမ့်နှုတ်ခမ်းပေါက်သွားပြီ!

ဝေးကွာနေတဲ့အချိန်အတွင်း ဆေးလိပ်တွေသောက်ခဲ့ပေမဲ့ ဘယ်အရာကမှ သူ့ကို ညိမ့်နှုတ်ခမ်းလောက် မစွဲစေနိုင်ဘူး။
ဘယ်လိုလုပ်မလဲ ညိမ်! ကျွန်တော် ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်တော့ဘူး။

မိုးသန့်ညိမ် နှုတ်ခမ်းသားတို့ကို မရပ်မနားအလုပ်ပေးနေတဲ့ သူကိုကိုက်လိုက်ပြီးမှ စိတ်ထင်တိုင်းကြဲနေတဲ့ ခီတန်ကူးဇဏ်ကို ဆောင့်တွန်းလိုက်သည်။

"မင်း ဘာတွေစောက်ရူးထနေတာလဲ ခီတန်ကူးဇဏ်! "

ညိမ်အော်လိုက်ပေမဲ့ ခီပုံစံကခပ်အေးအေး။
ဇဏ်က ပေါက်သွားတဲ့ နှုတ်ခမ်းထောင့်ကို လက်ဖြင့်ဖွဖွ ထိရင်း…

"ကျွန်တော့နှုတ်ခမ်းပေါက်သွားပြီ ညိမ် "

"သေလိုက်လေ "

"သေတောင်သေစေချင်နေပြီလား"

"ကျွန်တော့်ကို ဘာလာလုပ်တာလဲလို့ ညိမ်မေးခဲ့တယ်နော် ။ ကျွန်တော့် ညိမ့်ကို လာပြန်ယူတာ ။ ကျွန်တော်တို့ကြား ဘာတွေဝင်နှောက်နေလဲမသိပေမဲ့ ကျွန်တော်အကုန်ဖြေရှင်းနိုင်တယ် "

"တော်ပြီ ဇဏ် ။ ငါတို့ကိုယ့်လမ်းကိုယ်လျှောက်ရအောင် "

"ကျွန်တော့်လမ်းဆိုတာ သီးသန့်မရှိဘူး ။ ညိမ်သွားတဲ့လမ်းက ကျွန်တော့်လမ်းပဲ။ ဇဏ်…ဟုတ်လား။ ညိမ်ကကျွန်တော့်ကို အရင်လို ခီလို့တောင်မခေါ်ချင်တော့ဘူးပဲ "

──────────────────

𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
24.10.22
4:47pm

Continue Reading

You'll Also Like

220K 13.5K 55
အချစ်ဆိုတာရဲ့နောက်မှာ ပိုင်ဆိုင်ခြင်းဆိုတာက ကပ်ပါလာခဲ့ရင်. . .ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းမှာ မင်းကိုချည်ဖို့ကြိုးတစ်ချောင်းပျောက်နေခဲ့တယ်။ အချစ်ဆိုတာရဲ့...
660K 68.9K 90
မိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန...
192K 4.7K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
100K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။