"မင်း ဘာလုပ်မလဲ သား"
Jimin ဘာစကားမှမပြောနိုင်သလို မျက်ရည်မကျမိအောင်ထိန်းရ၏။
"သားထယ့်ကို တာဝန်ယူမယ်မလား"
မေမေ့စကားသံရဲ့အဆုံး Jiminခေါင်းကလေး ငြိမ့်ကာ ဖြေလိုက်ရုံသာ
"ဟို ကလေး ကလည်းခက်ပါတယ် အခု သူ့ကို ရှာလို့မတွေ့ကြသေးဘူး"
"ရှာတွေ့ခဲ့ရင် ကျွန်တော်သူ့ကို သတ်မိမှာ မေမေ"
အမေက သက်ပြင်းကလေးချကာ သူ့ပုခုံးခပ်ဖွဖွပုတ်ကာ အခန်းထဲကထွက်သွားသည်။
သူမ မီးဖိုချောင်ထဲကနေ ချက်ပြုတ်ထားတဲ့စားစရာတွေ ချိုင့်ထဲထည့်နေရုံသာ...
သားဖြစ်သူအတွက်ဆိုတာထက် သားမက်ဖြစ်မယ့် ထယ်လေးအတွက် စိတ်မကောင်းတာ.....
"ကူးငယ် ဘယ်သွားမှာလဲ"
"ဟိုရောက်ရင် ကိုကိုသိမှာပါ...."
ကူးငယ်မျက်နှာက တစ်ခုခုအလျင်လိုနေသလို ကားကိုလည်း လိုအပ်သည်ထက်မြန်မြန်မောင်းနေတာ ပြီးတော့ အခုသွားနေတာလည်း မြို့ပြင်ရောက်နေပြီမို့ စိတ်ထဲ မအေးနိုင်တော့ဘူး"
"ကူးငယ် ကားရပ်လိုက်"
"ဘာလို့လဲ "
"မင်းကားနောက်လိုက်မစီးချင်တော့ဘူး"
"ဟားဟား နောက်ကျသွားပြီ "
JKရဲ့ စိတ်တွေ ဘယ်လိုဖြစ်နေလဲ မတွေးတတ်ဘူး အခုချိန် မှာ ကိုယ်က ပွဲထကြမ်းလိုက်ရင် ၂ယောက်သား ဘာအကျိုးမှမရှိဘူးလေ စိတ်ကို တည်ငြိမ်အောင် ကိုယ်ကိုတိုင် ကလည်း လမ်းဘေး ကတောင်တန်းတွေ တစ်ချက်ကြည့်ပြီး သက်ပြင်းအခါခါချကာ ဒေါသတွေ စိုးရိမ်မှုတွေ လျှော့ကာ နေရသည်။
သူ့ဆီက ဘာအသံမှ မထွက်တော့ Jkတစ်ချက်အကဲခတ်ကာ ကားအရှိန်လျှော့လိုက်၏။
"ကိုကို စိတ်ဆိုးနေသလား"
ပြန်မဖြေမိပေ စကားပြောချင်စိတ်မရှိအောင်စိတ်ပျက်နေမိပြီ ကူးငယ်
"ကိုကို...."
ကိုကို စိတ်ဆိုးနေတာ သိတာမို့ ကားကို လမ်းဘေးကပ်ရပ်လိုက်သည်။
ထိုအခါမှ ကိုကိုက သူ့ကို ကြည့်သည်။မျက်လုံးထဲမှာ ဒေါသလည်း မတွေ့ဘူး တစ်ခုဘဲ လူကို စိမ်းကားစွာ ဥက္ခာပြုချင်န၈ညုတဲ့ မျက်လုံးတွေ....
"ကူးငယ်...."
"ကိုကို့ကို လက်လွတ်မခံချင်ဘူး တောင်းပန်ပါတယ် အသာတကြည်နဲ့ လိုက်ခဲ့ပေးပါ"
"ကိုကို က ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်သလား "
Jkငိုတော၏။သူမှားတာသိပေမယ့် ထိုအမှားက သူ့မျှော်လင့်ချက်လေ ကိုယ်ချစ်တဲ့သူကို ပိုင်ချင်တာ အပြစ်လား
ထယ်ယောင်း ကားတံခါးဖွင့်မယ်လုပ်တော့ Jk အမြန်ငိုတာ ရပ်ကာ lock ချလိုက်ရ၏။
"အခု ဘာလုပ်တာလဲ ကူးငယ်"
"သွားခွင့်မပေးဘူး"
"မင်းပြောတာ ငါက နားထောင်စရာလား"
Jkကားဆက်နှိုးကာ မောင်းတော့တာဘဲ ထယ်ယောင်း တဟားဟားရယ်လိုက် မျက်ရည်တွေ ကျလိုက်နဲ့ Jkလည်ပုံကိုစဉ်းစားရင်းရယ်နေမိ၏။ကားပေါ်စတက်တက်ချင်း ကိုကိုဖုန်းလေးတစ်callလောက်ဆိုပြီးဖုန်းယူထားတာ ပြန်မပေးတော့ ဘာရယ်မဟုတ်ဘူး သူခဏသူ့အိတ်ကပ်ထဲ ထည့်ထားတာထင်တာ အခုတော့ ဒီလို စီစဉ်တာတဲ့လား
အခုချိန် Jiminဘယ်လောက်စိတ်ပူနေမလဲတွေးမိရတာနဲ့ ရင်တွေ မွန်းကြပ်လွန်းလှပြီ
ကိုယ့်ဘက်က သစ္စာမဖောက်ပေမယ့် ကူးငယ်ကြောင့် ကိုယ်က Jiminကို ဖောက်ပြန်တဲ့သူဖြစ်သွားပြီ ပြီးတော့ Jiminနဲ့ဝေးရတော့မယ်ဆိုတဲ့အသိက လူကို ရူးခါမတတ် ခံရခက်သည်။
ကားသည် တရွေ့ရွေ့ တောင်ပေါ်တက်နေတာ ညနေ တောင်နေစောင်းလို့ မှောင်ရိပ်သန်းပြီ အခုချိန် လူကြီးတွေလည်းသိနေပါပြီ
စိတ်ထဲမှာ ချစ်ရသူနဲ့ကွေကွင်းခြင်း မချစ်ရသူနဲ့အတူနေရခြင်း ဒုက္ခ မခံစားနိုင်မို့ ဆုံးဖြတ်ချက်က တစ်ခုဘဲ ရှိသည်။
အားနာပါတယ် Jk မင်းအပြစ်မင်းပါခံရတော့မယ်.....
ရုတ်တရက်က စတီယာတိုင်ကို ဘေးကနေဆွဲလှည့်လိုက်တာမို့ ကူးငယ် ဘာလုပ် ရမှန်းမသိ လန့်နေမိ၏။သတိပြန်ကပ်တဲ့အချိန် ကားဦးတည်ရာကို ပြန်ထိန်းပေမယ့်နောက်ကျခဲ့ပြီ
ကားသည် တောင်ပေါ်ကနေ အောက်သို့ လေထဲမှာ ဝဲပျံရင်း ဘုန်းကနဲပြုတ်ကျသွားပြီ.....
သားဖြစ်သူရဲ့ နေ့စဉ်ရက်ငိုကြွေးနေမှုက သားမက်ဖြစ်တည်ရဲ့ ခံစားမှုနဲ့ ယှဉ်ရင် အသေးအဖွဲမို့ သားကို စိုးရိမ်တာထက် ထယ်လေးကိုစိုးရိမ်မိသည်။
အခုလည်း ဆေးရုံကိုသွားရဦးမယ်မလားး
ဆေးရုံရဲ့ အခန်းတစ်ခန်း special အခန်းမှာ ထယ်ယောင်းကိုထားတာမို့ အဲ့ကို သားမိနှစ်ယောက်သွားဖြစ်နေခဲ့တာ ၁၀ရက်ကျော်ခဲ့ပြီ
Jiminအခန်းထဲရောက်ရောက်ချင်း wheel chairပေါ်မှာ ထိုင်ပြီး ပြတင်းကနေ အဝေးကိုငေးနေတဲ့ ချစ်သူလေးအား နောက်ကနေသိုင်းဖက်ကာ ခေါင်းလေးကိုဖွဖွလေး နမ်းလိုက်၏။
"ထယ်.....နေရတာ အဆင်ပြေရဲ့လား"
သူ့အသံကို ထယ်ယောင်းကြားပေမယ့် ပါးစပ်ကနေ ဘာမှ ပြန်ဖြေကြားခြင်းမရှိပေ...
တိတ်ဆိတ်စွာ မသိသလို ဘဲ အဝေးကို ငေးနေတာဘဲ
Jimin ထယ်ယောင်းကိုဘေးကနေကြည့်ပြီး ဒူးထောက်ကာ ငေးနေလိုက်ရုံသာ
ထယ်ယောင်းအမေကတော့ ငိုရတာရိုးနေ၍ မျက်ရည်တွေကျမနေချင်တော့ အံတင်းကာ ရှေ့ဆက်လျှောက်မယ်ဆိုတဲ့စိတ်နဲ့သားကိုကြည့်နေရုံသာ
"ဆရာဝန်ကဘာပြောသေးလဲ "
"သားအာရုံတွေ မူလအတိုင်းဖြစ်ဖို့က မဖြစ်နိုင်သေးဘူးဘဲ ပြောတယ် သားဆွံ့အသွားတယ်ထင်တာဘဲ ကားက အမြင့်ကပြုတ်ကျတော့ အကြောက်လွန်ပြီး ဆွံ့အ သွားတယ်ဆိုပြီးဘဲ မှတ်ချက်ချနိုင်တယ်တဲ့ "
Jiminအမေ သူမကိုကြည့်ကာ သားသမီးချင်းကိုယ်ချင်းစာမိတာပေါ့
"ခြေထောက်တွေ ကလည်း ကိုယ်တိုင် ကြိုးစားလှုပ်ရှားကြည့်မှ ပြန်ကောင်ူလာနိုင်မှာတဲ့ ဆေးဝါးအရထောက်ပံ့ပေးနိုင်ပေမယ့်အဓိကက သားကိုယ်တိုင်ဘဲ"
သူမ မျက်ရည်တွေ ဝဲလာပြန်ပါပြီ......
Jiminမငိုမိအောင်ထိန်ရင်း ထယ်ယောင်း လက်ကလေးတွေ ဆုပ်ကိုင်မိတယ်
ထယ်ယောင်း Jiminကို တစ်ချက်ကြည့်လိုက်ပေမယ့် အပြုံးအရယ်မရှိ ငေးမောစွာတွေဝေစွာ မျှော်လင့်ချက်မဲ့စွာ မျက်လုံးထဲမှာထင်ဟက်နေပြီး မသိသလို မမြင်ဖူးတဲ့သူလိုဘဲ အကဲခတ်ကြည့်နေတာ
"ခေါင်း ဓာတ်မှန်ရိုက်တာကရော အန်တီ"
"အဖြေမရသေးဘူး Jimin"
Jiminထယ်ယောင်း wheel chairလေး တွန်းကာ ဆေးရုံရဲ့ အောက်ထပ် ပန်းခြံလေးထဲ လျှောက်လာခဲ့သည်။
ပန်းပင်တွေကြားထဲ စိတ်ကြည်စေအောင်ခဏနားကာ ထယ်ယောင်းဘေးကနေ ဒူးကလေးထောက်ရင်းငေးကြည့်နေမိသည်။
ထယ်ယောင်းဆီက ဘာတုန့်ပြန်မှုမှမလာ...
ခရမ်းလိုလို ပန်းရောင်လိုလိုအရောင်ရှိတဲ့ စက္ကူပန်းပွင့်တွေကိုငေးပြီး တိတ်ဆိတ်နေသည်။
"ထယ်...."
ဒီတစ်ခါ နာမည်ခေါ်လိုက်တာမို့ သူ့ကိုငဲ့ကြည့်လိုင်သည်။Jimin ဝမ်းသာစွာပြုံးလိုက်မိ၏။
ဆရာဝန်တွေက အကြားအာရုံထိခိုက်ခြင်းမရှိဘူးလို့ပြောပေမယ့်မယုံရဲဘူး ထယ်က ဘယ်သူပြောပြော မကြာသလို နေနေတာကိုးး အခုမှ သူ့ကို အရေးလှုပ်တာ
"ဆေးရုံက ဆင်းချင်ပြန်ပြီ"
ထယ်ယောင်း Jiminကိုခေါင်းကလေးငြိမ့်ပြ၏။
"Ok ok ကိုယ် ဒီညနေဘဲ အိမ်ပြန်ခေါ်မယ်နော်"
ထယ်ယောင်း ဘာမှ ဆက်ပြီး အမူအယာမပြတော့ပေ ပန်းပင်တွေကိုငေးရင်း ငြိမ်နေပြန်သည်။
Jiminထယ်ယောင်း ဘေးကနေ တိတ်ကလေးနေနေလိုက်သည်။သိပ်မကြာပါဘူး ထယ်ယောင်း အကြည့်တွေသည် ဆေးရုံဝန်းထဲ မုန့်လာရောင်းတဲ့ အန်တီကြီးဆီ ရောက်သွားသည်။
အန်တီကြီး ဗန်းကြီး ရွက်ထားတာမို့ သေချာကြည့်လိုက်တော့ ထယ်ကြိုက်တတ်တဲ့ မုန့်ကြက်ဥ တွေမို့ Jiminအမြန် ပြေးသွားပြီး ဝယ်လိုက်မိသည်။ပြီးတော့ ထယ့်ကို သူကိုယ်တိုင်မုန့်တွေခွံ့ကျွေးလိုက်သည်။
ကလေးလေး က မငြင်းပါဘူး သူမုန့်ခွံ့လိုက်တိုင်း ပါးစပ်ကလေးဟကာ စားရှာသည်။မုန့်စားပြီး ပေပွနေတဲ့ ပါးစပ်ကလေးကိုလက်ကလေးနဲ့ဘဲ သုတ်ပေးပြီး ဆေးရုံထဲ ပြန်ခေါ်ခဲ့လိုက်သည်။
....
"သားအစား ကျွန်မကဘဲ တောင်းပန်ပါတယ်"
မျက်နှာမှာထားစရာမရှိအောင်ငုံ့ကာ ကိုယ်ကလေး ကြုံ့ကြုံ့လေး ထိုင်ကာ တောင်းပန်ရှာသည်။
"ကျွန်မ အိမ်ရောက်တောင်မနင်းပါနဲ့ တောင်းပန်တာမလိုချင်သလို ခွင့်လွှတ်ဖို့လည်းမရှိဘူး"
မိခင်တစ်ယောက်အနေနဲ့ သားဖြစ်သူက ဘယ်ဆီ ဘယ်ရောက်နေလဲဆိုတာ အခုချိန်ထိမသိသေးဘူး စိတ်သောကရောက်နေရုံသာမက အားနာစရာ တောင်းပန်စရာတွေရှိနေသေးတာမို့ ထယ်ယောင်း အမေဆီ သူမ လာတောင်းပန်ရ၏။
သားက အခုဆိုသေသလား ရှင်သလား မသိသေးဘူး သားကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ သူတွေပူဆွေးကြေကွဲနေရတဲ့သူတွေကို အရင်တောင်းပန်ရမယ်မလား
"အစ်မရယ် Jkလေးက သူ့ကိုကို့ကို ချစ်တာ အစ်မတို့လည်း အသိဘဲ သူ့အစား ကျွန်မ တောင်းပန်ပါတယ် ခွင့်လွှတ်ဖို့မပြောပါဘူး ဘာပြန်လုပ်ပေးရမလဲပြောပါ ကျွန်မ အားနာရုံတင်မကပါဘူး အစ်မရယ်"
"အို....ပြန်တော့ မလိုချင်ဘူး သူ့ဘာသူ ချစ်ချင်ချစ် မချစ်ချင်နေ ကျွန်မသားမှာ ပိုင်ရှင်ရှိရက်နဲ့ မတရားခိုးယူချင်တာနဲ့ဘဲ ကျွန်မသားလေး အခုလို ဖြစ်ရတာ တစ်ခုကြိုပြောမယ် ရှင်တို့ မိသားစုနဲ့ ကျွန်မတို့ မိသားစု အခုချိန်က စ ဘာမှ ပတ်သတ်စရာမလိုတော့ဘူး"
ထယ်ယောင်းအဖေက ဘာမှ ဝင်မပြောပေ နားထောင်နေပြီး သက်ပြင်းအခါခါချနေရုံတာ Jkကို သံယောဇဉ် ရှိတာမို့ Jkအခြေအနေ မေးချင်ပေမယ့် ဇနီးဖြစ်သူဒေါသနဲ့ သူမမေးဘဲ ငြိမ်နေလိုက်သည်။
Jkအဖေသည် လည်း မျက်နှာပူပူနဲ့ ငြိမ်ငြိမ်လေး ထိုင်နေရှာသည်။သူပါ ဝင်တောင်းပန်ချင်ပေမယ့် ထယ်ယောင်းအမေရဲ့ ခက်ထန် နာကြည်းမှုတွေက သူ့ပါးစပ်က စကားမထွက်ရဲလောက်အောင် အားတုံ့အားနာနေမိသည်။
"ပြန်ကြပါတော့ "
ခပ်ပြတ်ပြတ်နဲ့ နှင်ထုတ်တော့ ဘာစကားမှမကြားရတော့ဘဲ ငြိမ်ကျသွားကြ၏။
ထယ်ယောင်းအမေ ဆွေ့ကနဲထကာ အိမ်ပေါ်ထပ် တက်သွားတော့သည်။
ဧည့်ခန်းထဲကတိတ်ဆိတ်သံဟာ အပ်ကျသံပင်ကြားနိုင်လောက်ပါရဲ့ သိပ်မကြာဘူး ဧည့်သည်တွေပြန်သွားကြသည်။
.....
ထယ်ယောင်း ကို သူ့အိမ်ပြန်မထည့်လိုက်သလို ကိုယ်လည်း အိမ်မပြန်တော့ပေ ၂ယောက်အတူ နေဖို့ ယာထားတဲ့ အိမ်ကိုဘဲခေါ်လာခဲ့သည်။
ထယ်ယောင်းက သဘောမတူချင်ဘူး မျက်လုံးလေးက မျက်ရည်ဝဲကာ ခေါင်းအတွင်တွင်ခါခဲ့ပေမယ့် "ငါ့ကို ချစ်ရင်လိုက်ခဲ့ပါ ငါ့ကိုယုံကြည်ရင်လိုက်ခဲ့ပါ"ပြောကာ ခေါ်လာခဲ့ရသည်။
ထယ်ကြိုက်တဲ့ Strawberry ခင်းတွေ အိမ်ရှေ့က နေရာလွတ် ညာဘက်ျထာင့်မြေကွက်မှာ စိုက်ထားပြီး ခြံစည်းရုံးအုပ်တံတိုင်းပတ်ပတ်လည်မှာသူမြတ်နိုးတဲ့ နှင်းဆီပင်တွေစံပယ်ပင်တွေနဲ့အတူရွက်လှပင်တွေပါ အစီစီအရီရီ စိုက်ပျိုးထားသည်။ခြံထဲ ဝင်လိုက်သည် ကပြင်က ကျယ်တာမို့ အိမ်ထိရောက်ဖို့အတော်လှမ်းသည်။နေပူတဲ့ဓာတ်ကို သဘာဝကျကျ ကာကွယ်ရအောင် အမောဖြေရအောင်ခြံကြီးရဲ့ဘေးဘယ်က မှာ ဂံ့ကော်ပင် ၊ပိတောက်ပင် နဲ့ကုက္ကိုပင်တွေစိုက်ထားသေးတာ
တိုက်က သုံးထပ်ခွဲ တိုက်ဖြစ်တာမို့ ၂ယောက်တည်းဆို ထယ်ယောင်း ပျင်းနေမှာစိုးလို့ ထယ်ယောင်းအတွက် ဦးလေးကင်ရဲ့မြေးဘေး၂ယောက် ဂျူမြောင်းနဲ့ ဂျူဆောင်း အမွှာမောင်နှမလေး နှစ်ယောက် ကို ခေါ်ထားဖို့ဆုံးဖြတ်ထားလိုက်သည်။
"ထယ်...."
ရေပတ်တိုက်ပြီး အဝတ်လဲပေးထားတာမို့ အိပ်ယာထက် လဲနေတဲ့ ထယ်ယောင်း နားအသာသွားထိုင်ပြီး နှိုးရ၏။
ထယ်ယောင်းအိပ်မနေပါ.....
သူ့အသံကြားတာနဲ့ထဖို့ပြင်ကာ လက်ကလေးက မွေ့ယာထောက်ကိုယ်လေး ကြွ၏။ခြေထောက်ကတော့ကြွမရပေ Jiminကဘဲဆွဲထူကာ ပွေ့ချီပြီး အိပ်ခန်းထဲကနေ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။
"ထယ်....ကြက်သားပေါင်းစားချင်လား ဖက်ထုပ်ကြော်စီစဉ်ထားတယ် "
ထမင်းစားပွဲက ဟင်းတွေကြည့်ပြီး စားချင်စိတ်ကလေးဖြစ်လာမိ၏။
ကြက်သားပေါင်း၊ဖက်ထုပ်ကြော်၊ကြာဇံသုပ်၊အာလူးထောင်း နဲ့ ကြိုက်တတ်နဲ့ စတော်ဘယ်ရီလေးတွေပါ ပန်းကန်ပြားထဲမှာ အများကြီး ပြီးတော့ ရေနွေးကြမ်လည်းလုပ်ထားပေးသည်။လက်ဖက်ခြေက်ထုပ်ကလေးက စားပွဲပေါအဆင်သင့်မို့ အစာစားချင်စိတ်ရှိသည်။
Jiminက သူ့ခုံကို ထယ်ယောင်း ခုံနားကပ်ကာထိုင်သည်။ပြုံးပြပြီး လူကိုငေးကြည့်သည်။ထယ်ယောင်းလည်း စိတ်ထဲ နူးညံ့ရသည်မို့ ပြုံးပြလိုက်တော့
"အားရှိအောင် အာဟာရရှိအောင် များများစားနော်"ဟု Jiminစကားဆိုပြီးခွံ့ကျွေးဖို့လုပ်သည်။
ထယ်ယောင်း Jiminလက်ကို လှမ်းကိုင်ကာ ခေါင်းခါသည်။ပြီးတော့ သူ့လက်နဲ့သူပါသူ တူလေးကိုင်ကာ Jiminကိုင်ထားတဲ့ပန်းပန်ထဲက ကြာဇံသုတ်ကလေး ယူစားလိုက်သည်။
အချစ်ရဲ့ စစ်မှန်မှုကြောင့် ဒီလူသား၂ယောက် အခက်အခဲတွေကိုအတူ ရင်ဆိုင်ကျော်ဖြတ်ကြမှာ.....
Zawgyi
....
.....