ဒေါင်း
By LaiYeephyo
195K 15.3K 1.3K
ရီသောသူသည်အသက်ရှည် ၏ More
Ongoingအပိုင်း(1) Un Zaw
အပိုင်း(2)Un Zaw
အပိုင်း(3)Un Zaw
အပိုင်း(4) Un Zaw
အပိုင်း(5) Un Zaw
အပိုင်း(6) Un Zaw
အပိုင်း(7) Un Zaw
အပိုင်း(8)Un Zaw
အပိုင်း(9) Un Zaw
အပိုင်း( 10)
Hello
အပိုင်း(11)
အပိုင်း(12)
အပိုင်း(13)Un Zaw
အပိုင်း(14)
အပိုင်း(15)Un Zaw
အပိုင်း(16)Un Zaw
အပိုင်း(17)Un
အပိုင်း(17)Zaw
အပိုင်း(18)
အပိုင်း(19)Un Zaw
အပိုင်း(20)Un Zaw
အပိုင်း(21)Un Zaw
အပိုင်း(22)Un
အပိုင်း(22)Zaw
အပိုင်း(23)
အပိုင်း(24)Un Zaw
အပိုင်း(25)Un Zaw
အပိုင်း(26)
အပိုင်း(27)Un Zaw
အပိုင်း (28)Un Zaw
အပိုင်း(29 )Un Zaw
အပိုင်း(30)Un Zaw
အပိုင်း(31) Un Zaw
အပိုင်း (32)Un Zaw
အပိုင်း (33) Un Zaw
အပိုင်း( 34) Un Zaw
အပိုင်း( 35)Un Zaw
အပိုင်း(36)Un Zaw
အပိုင်း (37)Un Zaw
အပိုင်း(38)Un Zaw
အပိုင်း( 39)Un zaw
အပိုင်း(40)Un Zaw
အပိုင်း (41)Un Zaw
bl
အပိုင်း( 42)UnZaw
5.6K 306 47
By LaiYeephyo
ပေါင်ပေါ်ခေါင်းအုံးပြီးအိပ်ပျော်နေတဲ့ ကောင်ငယ်လေးရဲ့ ဆံနွယ်တွေဆော့ကစားရင်းပုဂံမြို့ရဲ့မနက်ခင်းအလှတရားများငေးမောနေမိသည်။
ရွာကနေ မနက်လေးနာရီလောက်ထပြီး ပုဂံမြို့ကိုထွက်ခဲ့ရာ 7နာရီထိုးအချိန်မှာတော့ ပုဂံမြို့ရဲ့အလှတရားနဲ့ ဘုရားပုထိုးများစွာကိုဖူးမြော်ရတော့သည်။
"မောင်နွေဦး အဲ့ကောင်ကိုနိူးလိုက်တော့ တစ်လမ်းလဲ သူများအပေါ်အိပ်လာတာ
ခွပ်ဒေါင်းအဖေက နွေဦးကိုလူကြီးတွေရှေ့တောင်းဖို့ပြောပြီးကတည်းက မောင်နွေဦးလို့သာခေါ်တော့သည်။
နွေဦးပေါင်ပေါ်မှာကားမူလိုအိပ်နေတဲ့သူကိုနွေဦးအနားကပ်ကာ
"ထတော့ ပုဂံရောက်နေပြီ အိပ်ပုတ်ရဲ့
အိပ်နေဆဲပါဘဲ
"ထတော့လို့ မဟုတ်ရင်ကားပေါ်ပစ်ထားခဲ့မှာနော်
ကလေးတွေလိုပစ်ထားခဲ့မယ်ဆိုပြီး ခြိမ်းခြောက်တော့မှာ မျက်လုံးမးနှစ်လုံးကိုလက်နဲ့ပွတ်ကာထလာပြီး
"ဘယ်ရောက်နေပြီလဲ
"ပုဂံတောင်ရောက်တော့မှာ မင်းကတစ်လမ်းလုံး သူများပေါင်ပေါ်အိပ်နေတာ
ဦးတိုးမာန်သားဖြစ်သူကို မပြောချင်ဘဲပြောရတော့သည်။ ရွာကထွက်ကတည်းက မောင်နွေဦးပေါင်ပေါ် ခေါင်းမှီပြီးအိပ်လာတာ မောင် နွေဦးမှာ တစ်လမ်းလဲတရေးမှတောင်မမှေးနိင်ရှာဘူး ဒီကောင် ယောင်္ကျားဖြစ်ပြီး ကားလေးစီးတာတောင်မူးနေတဲ့တကယ်ကောင်
ခွပ်ဒေါင်းပျင်းကြောဆန့်လိုက်ပြီး
"အဖေကလဲသားကသူများပေါင်ပေါ်အိပ်တာမဟုတ်ပါဘူး ကိုယ် ယောင်္ကျားပေါ်ကိုယ်အိပ်တာပါ
"ဟုတ်တယ်မလား ကိုကို
"ဟုတ်တယ်မလား
ခွပ်ဒေါင်းမာန်ကရုတ်တရက်ပြီး ကိုကိုလို့ခေါ်လိုက်တာကြောင့် နွေဦးအပါအဝင် ကျန်တဲ့သူ‌များကပါကြောင်နေကြသည်။
ရွာကမထွက်ခင်ကဘာတွေများ အစားမှားလာမိပါလိမ့် ကိုယ်က သူထက်အသက်ကြီး ကိုကိုလို့ခေါ်တာအကြောင်းမဟုတ်ပေမဲ့ ရုတ်တရက်ကြီး ခေါ်ခံရတဲ့နွေဦးမှတော့ရှက်လို့မျက်နှာကို တစ်ခုခုနဲ့သာဖုံးထားချင်တော့သည်။
မျက်နှာတစ်ခုလုံး ‌ပေါက်ထွက်မတက်နီရဲပြီး ရှက်နေတဲ့ သူကိုကြည့်ပြီး ခွပ်ဒေါင်းရီချင်မိသည်။
ရည်းစားတွေဖြစ်သွားပြီးဆိုတော့ အရင်လို ခင်ဗျားလို့လဲမခေါ်ချင် ကိုကိုလို့ခေါ်ပြန်တော့လဲ သူတင်မဟုတ်‌ခွပ်ဒေါင်းမှာ ရှက်ပြီးမိတာအမှန်
နောက်ဆုံး နာမည်ကိုသာအဖျားဆွတ်ခေါ်ဖို့တွေးလိုက်တော့သည်။
"ရောက်ပြီးခဗျား ဆင်းလို့ရပါပြီး။
ရှေ့ခေါင်းက ‌ကားမောင်းစရာကြီးရဲ့အသံကြားမှ အတွေးထဲကနေ နိူးထတော့သည်။
နွေဦးတို့ဘယ်ဘုရား‌ ရောက်‌ နေလဲဆိုပြီး ကြည့်လိုက်တော့ ရွှေစည်းခုံ ဘုရား
"လာသွားကြမယ်
ခွပ်ဒေါင်း နွေရဲ့လက်ကိုဆွဲပြီး ရွှေစည်းခုံဘုရားထဲသို့ဝင်လာခဲ့လိုက်သည်။
သီတင်းကျွတ်လပြည့်နေဖြစ်တာကြောင့်ဘုရားထဲ စောင်းတန်းတွေထဲမှာဘုရားဘူးသူတွေနဲ့ပြည့်နေပြီး ဈေးသည်တွေများနဲ့စည်းကားနေသည်။
လူတွေအရမ်းများတာကြောင့် ခွပ်ဒေါင်း တစ်ယောက်သောသူကို ရင်ခွင်ရှေ့ပို့ပြီး လူအုပ်ကြားထဲကနေ တိုးရ၏
ဘုရားရင်ပြင်မှတော့ ခဏလို လူမတိုးရပေမဲ့ လူတွေနဲ့ပြည့်နေသည်။ အဖေနဲ့အမတို့ကတော့ ဘယ်ကျန်ခဲ့မှန်းမသိ
ရွှေစည်းခုံဘုရားကြီးဟာဆိုရင်ဖြင့်ရွှေအောင်ထဖိတ်ဖိတ်နဲ့ အရမ်းသပ္ပာယ်ပြီးကြည်ညိုဖွယ်ကောင်းလှသည်။
ဘုရားရင်ပြင်ရဲ့လွတ်တဲ့နေရာမှာ ခွပ်ဒေါင်းနဲ့ နွေဦး ဝင်ထိုင်လိုက်ပြီး ဘုရားကန်တော့ဖို့ပြင်လိုက်သည်။
"ဘုရားကန်တော့တာ နည်းနည်းကြာမှမလို့ ပြီးရင် တခြားနေတွေလျောက်ကြည့်ရင်း စောင့်ပါလား
"ရတယ် အေးဆေးသာရှိခိုး
" ပျင်းနေမှဆိုးလို့
" နွေ ဘုရားရှိခိုးတာကို တစိမ့်စိမ့်ထိုင်းကြည့်ရတာ ပျင်းစရာနည်းနည်းလေးမှကောင်းမယ်လို့မထင်ဘူး
ဘာတွေသဘောကျသွားသည်တော့မပြောတက် ခွပ်ဒေါင်းကို သွားစွယ်ဖွေးဖွေးတွေပေါ်အောင်ပြုံးပြပြီး ဘုရားရှိခိုးတဲ့နေ‌တာကြောင့် ခွပ်ဒေါင်းလဲ ဘုရားရှိခိုးလိုက်တော့သည်။
ဘုရားမှဘာဆုတွေတောင်းလဲဆိုတာတော့ကောင်လေးနှစ်ယောက်ကလွဲပြီးတခြားသူတွေသိမှာတော့မဟုတ်
ရှိခိုးပြီးတော့ ဘုရားရင်ပြင်ကိုတစ်ပတ် ပတ်ကြသည်။ တနေရာရောက်မှတော့လူတွေဝိုင်းအုံကြည့်နေတာနဲ့ နွေဦးနဲ့ခွပ်ဒေါင်း လဲဘာများလဲဆိုပြီး ဝင်ကြည့်ရာ ဘုရားရင်ပြင်ကချိုင့်ခွက်လေးထဲကရေထဲမှာ ဘုရားရိပ်ပေါ်နေတာဖြစ်သည် နွေဦးတို့လဲ လက်အုပ်ချီကန်တော့လိုက်ပြီး ကွဲသွားတဲ့ အဖေနဲ့အမသူတွေကိုလိုက်ရှာလိုက်သည်။
" ဟိုလင်မယားနှစ်ယောက်ဘယ်များရောက်သွားတာလဲမသိဘူး
ဆရာလေးနွေဦးနဲ့မောင်လေး ပျောက်သွားလို့အဖေကစိတ်ပူနေတာဖြစ်သည်။
"ကလေးတွေမှမဟုတ်တာ အ‌ဖေရာ သမီးတို့ကိုရှာမတွေ့ရင်ကားစီဘဲပြန်လာမှပါ ဒီကဘဲစောင့်နေကြရအောင်ပါ
"ဦးဦးနဲ့ဆရာလေးက သားတို့ကိုပစ်ထားခဲ့ပြီးထင်တယ် ဖိုးဖိုး
နှင်းသွေးဖိုးသားလေးရဲ့ခေါင်းကိုအသာပုတ်လိုက်ပြီး
" မင်းဦးဦးမှ ကားမှမပါတာ ဘယ်လို့လုပ်ပြီး ထားသွားမှာလဲ
ဟုတ်သားဘဲဆိုပြီး နှင်းသွေးကိုကြည့်ပြီး ရီပြနေတဲ့ဖိုးသားလေးကို နှင်းသွေးပါးကိုတစ်ချက်နမ်းလိုက်ပြီး ချီထားလိုက်တော့သည်။
တော်တော်နဲ့ရောက်မလာတဲ့ နှစ်ယောက်ကြောင့်အဖေက ဘုရားပေါ်ပြန်သွားရှာမယ်လုပ်နေလို့ နှင်းသွေးမှာ မနည်းတားထားရသည်။ ကိုယ်တွေကသူ‌တို့ရှာသူတို့ကကိုယ်ရှာနဲ့ ဒီနေ့ဘုရားတောင်ဖူးလိုက်ရမှာမဟုတ်
"ခဏစောင့်လိုက်ပါအုံး အဖေရာ သူတို့ တခြားနေရာတွေပတ်ကြည့်နေလို့နေမှာပါ
အမှန်ဆိုနှင်းသွေးတို့က ကားစီစောရောက်နေတာ
"ဟိုမှ ဦးဦးခွပ်ဒေါင်းတို့
ဖိုးသားလေး လက်ညှိုးညွှန်ပြတဲ့စီကြည့်လိုက်တော့ ဆရာလေးနဲ့မောင်လေး လက်ထဲမှာလဲအထုတ်တွေနဲ့
"မောလိုက်တာ ဗျာ အဖေတို့ကဘယ်တွေသွားမှန်းမသိဘူး
ခွပ်ဒေါင်းညီးညူသလိုပြောပြီး ကားပေါ်ကို နွေနဲ့အတူတူတက်လိုက်သည်။
ဦးတိုးမာန်သားဖြစ်သူကို မျက်စောင်းသာထိုးပစ်လိုက်သည်။ သွားတာက တစ်ယောက်ထဲမဟုတ်တော့ ဆူရမှာကလဲခက်သား
ခွပ်ဒေါင်းမှာတော့ အဖေရဲ့မျက်‌စောင်းကိုမသိချင်ယောင်ဆောင်ပြီး ဖိုးသားလေးကို ဘုရားကဝယ်လာတဲ့ အကျီအသစ်လေးထုတ်ပြီး ဝတ်ပေးလိုက်၏ ပုဂံကိုရောက်နေတာဆိုတော့ ပုဂံအကျီဝတ်ရမှလေ မဟုတ်ဘူးလား
ရွှေစည်းခုံဘုရားပြီးတာနဲ့ တခြားဘုရားတွေစီခရီမဆက်သေးဘဲ ဆိုင်တစ်ဆိုင်မှာ မနက်စာဝင်စားကြ၏ တောသူတောသားပီတခြားအရာတွေလဲမစားတက်တာမလို့ ထမင်းဆိုင်မှာသာ ကားရပ်ခိုင်းလိုက်တော့သည်။
ပုဂံမြို့ရဲ့ အဓိကစားစရာဖြစ်တဲ့ ပုဂံပုန်းရည်ကြီးနဲ့ ဝက်သားချက်ကို ခွပ်ဒေါင်းရွေးလိုက်ပြီးတခြား ကောင်းမဲ့ဟင်းတွေရွေးချယ်ပြီး ထနောင်းပုံအောက်မှ ခုံပုံလေးတွေနဲ့ အားရပါးရစားသောက်ပြီး နောက်ထက်ဘုရားများစီသို့ခရီးဆက်ခဲ့ကြသည်။
ဘူးဘုရား
ရှေးသမိုင်းအကြောင်းအရာများကြောင့်ဘုရားနာမည်ကိုဘူးဘုရားလို့ခေါ်တွင်ပြီး မြစ်ကမ်းဘေးတွင်စေတီကိုတည်ထားကိုးကွယ်ကြပြီးလူအများလာရောက်လည်ပတ်ကြသည်။
နွေဦးတို့‌ကားပေါ်ကဆင်းတာနဲ့ ပုစွန် ငါးကြော်နဲ့ ပုဂံဘုရားဓာတ်ပုံရောင်းသူအများအပြားက သူထက်ငါအရင် လာပြီး ရောင်းကြသည်။ နွေဦးပုဂံဘုရားပုံပါတဲ့ ဓာတ်ပုံလေးတွေကိုဝယ်ပြီး ဘုရားပေါ်တက်ခဲ့ကြ၏
ဦးလေးဦးတိုးမာန် အမနှင်းသွေးနဲ့ဖိုးသားလေးက ဘုရားရှိခိုးဖို့ ဘုရားစီးတန်းသွားကြပြီး နွေဦးနဲ့ခွပ်ဒေါင်းကတော့ ဘုရားပေါ်ကနေ မြစ်ထဲမှ ခုတ်မောင်းနေတဲ့စက်လှေတွေကိုကြည့်ဖို့ ထွက်လာခဲ့လိုက်သည်။
" ဟိုးမှမြင်နေရတဲ့တောင်ကို သွားလို့ရတယ် သွားချင်လား
"မြစ်ကိုဖြတ်ပြီးသွားရမှာလား
"ဟုတ်တယ်လေ
"အဲ့တာ‌ဆိုမသွားချင်တော့ဘူး
နွေဘာလို့မပြောချင်တယ်ဆိုတာ ခွပ်ဒေါင်းသိသည်။ ရွာမှာရေနစ်ပြီးကတည်းက နွေးတို့က မြစ်ဆိပ်ကိုယောင်လို့တောင်ခြေဦးမလှည့်တာအခုထိဘဲလေ
နွေဦးကိုကြည့်ပြီးပြုံးနေတဲ့သူကြောင့် နွေဦးမျက်စောင်းသာထိုးလိုက်သည်။သူဘာလို့ပြုံးနေတယ်ဆိုတာနွေဦးမသိတာကျနေတာဘဲ
"တော်ပြီး ဘုရားသွားကန်တော့မယ် အဲ့မှတစ်ယောက်ထဲနေခဲ့တော့
ချက်ချင်းကြီး စိတ်ဆိုးပြီးထွက်သွားတဲ့ကြောင့် ခွပ်ဒေါင်းမှ အမြန်လိုက်ရတော့သည်။
ဘုရားကန်တော့ပြီး တခြားနေရာတွေပတ်ကြည့်ကာ အဖေတို့နဲ့အတူတူ ကားဆီပြန်လာခဲ့လိုက်သည်။
"ငါတူကြီးတို့ ဓာတ်ပုံရိုက်ကြအုံးမလား အမှတ်တရအနေနဲ့ ဓာတ်ပုံလေးရိုက်သွားကြပါလား
အသက်ကြီးကြီးဦးလေးကြီးရဲ့အပြောကြောင့် ခွပ်ဒေါင်းတို့တွေ ထနောင်ပင်ကြီးအောက်မှာ မိသားစုအတူတူဓာတ်ပုံတွဲရိုက်လိုက်ကြသည်။
ပုံထဲမှာကောင်လေးတစ်ယောက်ကဘေးကကောင်လေးကိုကြည့်ပြီးပြုံးနေသလိုဘေးကကောင်လေးက သူကိုစိုက်ကြည့်နေတဲ့ကောင်လေးကို သူရဲ့ သွားစွယ်ဖွေးဖွေးလေးတွေ ပေါ်သည်ထိပြန်ပြုံးပြနေသည်။
(Upကြတာက အခုရက်ပိုင်းမအားတာရော လက်က ဟိုနေ့က သနပ်ခါးနဲ့ အပြီထုမိထားတာက အခုထိ ပတ်တီးစည်းထားရတုံးမလို့ ကြာသွားတာပါ လက်တစ်ဖက်ဘဲနဲ့ရေးရတာနည်းနည်းမှအဆင်မပြေပါဘူး
ပြိးတော့ဖြစ်နိုင်ရင်ပုဂံအကြောင်းကိုဒီထက်မကအကျယ်တဝင့်ရေးပြီးပြောပြချင်တာပါ လက်အခြေကတကယ်အခြေမပြေလို့ အခုလို့သာရေးလိုက်ရတာပါ )
Zaw
"မောင်နွေဦး အဲ့ကောင်ကိုနိုးလိုက်တော့ တစ်လမ်းလဲ သူများအပေါ်အိပ်လာတာ
အိပ်နေဆဲပါဘဲ
"ဘယ်ရောက်နေပြီလဲ
"ဟုတ်တယ်မလား ကိုကို
"ဟုတ်တယ်မလား
ရှေ့ခေါင်းက ‌ကားမောင်းစရာကြီးရဲ့အသံကြားမှ အတွေးထဲကနေ နိုးထတော့သည်။
"လာသွားကြမယ်
"ရတယ် အေးဆေးသာရှိခိုး
" ပျင်းနေမှဆိုးလို့
ဘူးဘုရား
"ဟုတ်တယ်လေ
Continue Reading
You'll Also Like
555K 14.7K 77
359K 66.7K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
698K 40.3K 26
Jk - Possessive type #Warning Cv_ Pinterest
1.5M 88K 48