π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

34K 3.7K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23

Episode: 11

1.2K 158 70
By sunflower06h

Warning: a little bit of spicy scene ahead

မြင်းလည်းပျောက် ခြေလည်း ခေါက်သည်ကြောင့် ထိုတစ်ညတာကိုတော့ မိုးမခတော၏ အိုအေစစ်လေးအတွင်း၌သာ ကုန်ဆုံးရသော အရှင်နှင့် ကိုယ်ရံတော်ကင်မ်။ အကြောင်းအရာတချို့အား ရောက်တတ်ရာရာပြောဆိုပြီးချိန်တွင်တော့ ပင်ပန်းသည့်ဒဏ်နှင့် ဒဏ်ရာအရှိန်ကြောင့် အရှင်လေးမှာ ပထမဆုံး heatဖြစ်ခဲ့သော ထိုဂူငယ်လေးအတွင်းမှာပင် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့လေသည်။

ကိုယ်ရံတော်ကင်မ်သည်တော့ အတွေးနယ်ချဲ့ရင်း အရှင်လေးအား စောင့်ကျပ်ကာနေလေသည်။ အဖြေရှာရန် မလွယ်ကူသော မေးခွန်းပေါင်းများစွာနှင့် ရေရာသေချာခြင်းမရှိသော ခံစားချက်တို့သည်လည်း အလုံးစုံလွန်ဆွဲလှုပ်ရှားလျက် အတွေးများနေလေတော့သည်။

သက်ပြင်းရှည်တချက်ချကာ အတွေးတို့ကို ရှင်းလင်းမိရင်း အိပ်မောကျနေသော အရှင်လာဗင်ဒါလေးထံ အကြည့်ပို့မိလေတော့ စိတ်နှလုံးက အထိန်းအကွပ်မဲ့စွာ လှုပ်ရှားခုန်ပေါက်တော့သည်။ တချိန်တည်းမှာပင် ရေကြည်တပေါက် သောက်လိုက်ရသကဲ့သို့ အေးမြကြည်လင်ခြင်းကိုလည်း ခံစားလိုက်ရသေးပြန်သည်။

ဖြာကျနေသော လရောင်နုနု၏အောက်တွင် အေးချမ်းစွာ အိပ်မောကျနေသော အရှင်လာဗင်ဒါလေးသည် လှရက်လိုက်လေခြင်း။ မျက်နှာပေါ်သို့ ကပိုကရိုကျနေသော ဆံနွယ်နုနုတို့သည် နီစွေးစွေး နှုတ်ခမ်းဖူးလေးကိုတောင် ပွတ်တိုက်မိနေသည်မို့ ပန်းချီကားတစ်ချပ်အား ကြည့်နေရသဖွယ်ပင်ဖြစ်သည်။

တမေ့တမော ငေးကြည့်မိနေစဥ် လူးလွန့်လှုပ်ရှားလာသော အရှင်လေးကြောင့် ခပ်မြန်မြန်ပင် ကိုယ်နေဟန်ထား ပြင်ဆင်လိုက်ပါသေးသည်။ သို့သော်လည်း တဆက်တည်းမှာပင် ကြားလိုက်ရသော ညုတုတုအသံလေးကြောင့် အကြောအချဥ်များပင် တုံ့ဆိုင်းသွားတော့သည်။

"ဟင်း...ကိုယ်ရံတော်ကင်မ်..."

ညုတုတု ​ညည်းညူသံနှင့်အတူ ထွက်ပေါ်လာသည်က သူ့အမည်နာမတဲ့။ နာကျင်၍ ညည်းညူသည့် အသံမျိုးမဟုတ်ပဲ သာယာမှုဖြင့် ရမ္မက်ဆန်ဆန် ညည်းညူသော လေသံဖြစ်၍ မွှေးညင်းနုလေးများ ထောင်သည်အထိ ​ကြက်သီးထမိသည်။ ပထမဆုံး heatဖြစ်ခဲ့စဥ်က ရမ္မက်ခိုးဝေနေသော လာဗင်ဒါလေးအား မြင်ဖူးခဲ့သည့်တိုင် ယခုလို မိမိအမည်အား ခပ်ညုညုဖြင့် ငြီးတွားလာသည်ကို ကြားရသည်မှာ ပထမဆုံးဖြစ်၍ ဘာလုပ်လို့ဘာကိုင်ရမှန်းပင် မသိတော့ပါ။

မချင့်မရဲဖြင့် ကြည့်မိတော့ အခင်းဝတ်ရုံစပေါ်တွင် လူးလွန့်ကာနေသည်ကြောင့် ပုခုံးသားဖွေးဖွေးတို့ပင် ပေါ်လွင်ကာ ဖရိုဖရဲဖြစ်နေသော အရှင်။ မျက်ဝန်းလှလှတို့ကတော့ မှိတ်သွန်ထားဆဲပင်ဖြစ်သည်။

အနေအထားအရ အိပ်မက်ယောင်နေသည်ဟု သုံးသပ်လိုက်မိသေးသော်လည်း မူမမှန်သော အရှင့်ပုံစံကြောင့် သာမန် မဟုတ်မှန်းလည်း ရိပ်စားမိလိုက်ပါတော့သည်။ အကယ်၍များ ဆိုသည့်စိတ်ဖြင့် အသားနုနုအား စမ်းကြည့်မိချိန်တွင်တော့ ခြစ်ခြစ်တောက်နေသည်မို့ ရိပ်မိလိုက်ပါတော့သည်။

အရှင်ဟာ heatဖြစ်နေခဲ့လေပြီပဲ။

"အွန့်....alpha...ဟင်း..."

နားရှက်ဖွယ်အသံတို့နှင့်အတူ လူးလွန့်လှုပ်ရှားနေသည့်က အမှန်ပင် ရင်ဖိုဖွယ်ဖြစ်သည်။ မိုးမခတောနက်အတွင်း ညသန်းခေါင်ယံအချိန်အခါတွင် heatဖြစ်နေသော စွဲမက်ဖွယ် omegaလေး အရှင်နှင့် alphaဖြစ်သော သူ။ ကောင်းကောင်းမထိန်းချုပ်နိုင်ပါလျှင် ခြေလွန်လက်လွန်အခြေအနေများပင် ဖြစ်သွားနိုင်သည်။

ထို့အပြင် အရှင့်၏ ပုံစံက ပထမဆုံးအချိန် heatဖြစ်ခဲ့စဥ်ကထက်ပင် အထိန်းအကွပ်မဲ့နေဟန်တူသည်။ ခက်ချေပါပြီ။

"အရှင်.. အရှင်။ သတိထားပါဦး"

"...ကိုယ်ရံတော်ကင်မ်"

မှေးစင်းကာ ပွင့်လာသော အရှင့်မျက်ဝန်းလှလှတို့သည် ခရမ်းစွဲရောင်သို့ အရောင်ပြောင်းလဲနေပြီဖြစ်ကာ ရမ္မက်ခိုးဝေနေလေသည်။

"ပူ...ပူတယ်... နောက်ပြီး နေရခက်တယ်..."

"အရှင် heatဖြစ်နေပြီ ထင်တယ်။ ဘယ်လိုလုပ်မလဲ။ ကျုပ်ဝတ်ရုံ ​ခြုံထားမလား ခဏ"

အရှင့်အတွက် ခေါင်းအုံးသဏ္ဍာန်လုပ်ပေးထားသော ဝတ်ရုံအား ယူရန် ထမည်အပြုမှာပင် ခါးကိုဖက်တွယ်လာသော အထိအတွေ့ကြောင့် သွေးပြောင်းပြန်စီးမတတ်ပင် ခံစားရသည်။

"alpha..."

alphaတဲ့... အရှင်ဟာ သူ့ကို alphaဟု ခေါ်သည်တဲ့...heat၏ အကျိုးဆက်မှန်းသိသည့်တိုင် စိတ်နှလုံးတို့ ခုန်ပေါက်နေသည်မှာ ထိန်းချုပ်၍ပင် မရ။

"ငါ့ကို အဆင်ပြေအောင်လုပ်ပေးပါ alpha... အဲ့အချိန်တုန်းကလိုမျိုး"

"အရှင်.. အဲ့..အဲ့ဒါက"

"ဟင့်... ငါနေရခက်တယ်လို့ alpha... လာဗင်ဒါလေးကို ဒီအတိုင်းပဲ ပစ်ထားတော့မှာလား..."

ငွေ့ရည်ဝိုင်းဖွဲ့နေသော ခရမ်းစွဲရောင် မျ​က်ဝန်းတို့နှင့် ညုတုတု အသံချိုချိုလေးတို့ ပေါင်းစပ်လိုက်သည့်အခါ မျက်ဝန်းစိမ်းစိမ်းတို့ ရူးရန်လုံလောက်ပါပြီ။

အဖြစ်အပျက်တို့က မြန်ဆန်လွန်းလှသည်။ ညှို့ယူနေသော လာဗင်ဒါလေးအား အခင်းဝတ်ရုံစပေါ်သို့ လှဲလျောင်းစေရင်း အုပ်မိုးလိုက်သော အနေအထား၊ ထိုမှတဆင့် နုညက်သောအသားအရည်ပေါ်တွင် နေရာယူလာသော မျက်ဝန်းစိမ်းပိုင်ရှင်၏ နှုတ်ခမ်းထူထူများ၊ ခိုးခိုးခစ်ခစ် ညံလျက်ရှိသော လာဗင်ဒါလေး၏ ရယ်သံများမှာ သာမန်အချိန်နှင့် ကွဲပြားလွန်းကာ ယုံကြည်ရခက်ခဲလောက်သည်ပင်။

သို့သော်လည်း ရမ္မက်နှင့် အသိစိတ်ကြား ခြားနားထားသော အာရုံကြောအလွှာပါးလေးက လှုံ့ဆော်သတိပေးလာသည့်အခါတွင်တော့ ထယ်ဟျောင်းတစ်ယောက် အသိစိတ်ဝင်လာခဲ့တော့သည်။ လာဗင်ဒါလေးက heatကြောင့် အသိစိတ်လွတ်နေခဲ့ပါလျှင်တောင် သူကတော့ အခွင့်အရေးမယူသင့်ပါ​လေ။ တခဏတာ သာယာမှုအတွက် အရှင်သခင်လေး အရှက်ရကာ အယုံအကြည်ပျက်အောင်လည်း မလုပ်ချင်သည်ကြောင့်

"အဆင်ပြေအောင်် လုပ်ပေးပါ့မယ် လာဗင်ဒါ။ ဒါပေမယ့် လွန်ကျူးတဲ့ အခြေအနေထိတော့ မဖြစ်ကြရအောင်"

ထို့နောက် heatဖြစ်နေသူ လာဗင်ဒါလေး သာယာမှုရရှိစေရန် ပထမအကြိမ်ကကဲ့သို့ နုနယ်သော အစိတ်အပိုင်းတို့အား လက်သွယ်သွယ်တို့ဖြင့် ညင်သာစွာ ထိတွေ့ပေးမိသည်။ အံကြိတ်ကာ ငြီးတွားလေသူ လာဗင်ဒါလေးမှာ ပုံမှန်အချိန်နှင့် အလုံးစုံကွဲပြားနေသည်မို့ ထယ်ဟျောင်းမှာ ကြက်သီးပင်ထမိပါသည်။ အသိစိတ်ပြန်ဝင်လာခဲ့လျှင် ဘယ်လိုပြဿနာရှာခံရဦးမည် မသိပါလေ။

"အဆင်ပြေရဲ့လား။ အခု နေရသက်သာသွားပြီလား လာဗင်ဒါ"

"မ..မလုံလောက်ဘူး... နေရခက်သေးတယ် alpha... ဒီ့ထက် ပိုပြီးထိတွေ့ပေးပါ...

ပို၍ တောင်းဆိုလာသည့် လာဗင်ဒါလေးကြောင့် ခေါင်းစားမိပြန်သည်။ ဘယ်လိုနည်းနှင့်များ ဖြေရှင်းပေးရမည်လဲ။ သွေးသားစပ်ယှက်လိုက်ခြင်းဖြင့် အလွယ်နည်း သုံးလျှင်ရသော်လည်း အသိစိတ်ဝင်လာခဲ့သည့်အခါ မာနထိခိုက်နိုင်သလို သူ့အပေါ်လည်း အယုံအကြည် လုံးဝပျက်ဆီးသွားလောက်မည်ပင် မဟုတ်လား။ ဒါ့အပြင် heatကြောင့် အသိစိတ်လွတ်နေသူလေးအား အခွင့်အရေးလည်း မယူချင်ပါလေ။

ထို့ကြောင့် သက်ပြင်းရှည်တစ်ခုနှင့်အတူ အတွေးတစ်ခုအား အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်တော့သည်။ မျက်နှာပူရသည့်နည်းလမ်းဖြစ်သော်လည်း ခြေလွန်လက်လွန်ဖြစ်ရသည်ထက်တော့ တော်သေးသည်လေ။

တဖက်မှ လာဗင်ဒါလေးသည်တော့ အနောက်ဘက်ရပ်ဝန်းသို့ ခြယ်လှယ်နယ်ကျွံလာသော အနမ်းနုနုတို့၏ အထိအတွေ့ကြောင့် လူးလွန့်ကာနေလေတော့သည်။ အခင်းဝတ်ရုံစကို ခပ်တင်းတင်း ဆွဲကိုင်ကာ နားရှက်ဖွယ် အသံတို့ကို ပြုမိသူ လာဗင်ဒါလေးမှာ မာန်စွယ်ဟပ်သော Eldoraပြည့်ရှင်ပုံစံနှင့် ယုံရခက်လောက်အောင်ပင် ခြားနားလွန်းပါသည်။

အချိန်တစ်ခုအကြာတွင်တော့ သာယာမှု၏ အထွဋ်အထိပ်သို့ ရောက်ရှိကာ ဝတ်ရည်ချိုချိုတို့ ထုတ်လွှတ်၍ ပင်ပန်းသွားဟန်ပေါ်သော လာဗင်ဒါလေး။ နှိပ်ချည်မြင့်ချည် ရင်အစုံအား လက်ဖြင့်ဖိနှိပ်ကာ အိပ်မောကျသွားလေသည်။

ဝတ်ရည်စုပ်ယူသူ မျက်ဝန်းစိမ်းပိုင်ရှင်သည်တော့ အိပ်မောကျသွားသော လာဗင်ဒါလေးကို ကြည့်ရင်း မိမိအဖြစ်အား မယုံနိုင်ဖြစ်နေလေတော့သည်။ တဆက်တည်းမှာပင် ထကြွလာသော သွေးသားဆန္ဒကြောင့် ဂူအပြင်သို့ အမြန်ရှောင်ရှားလိုက်ရတော့သည်။ လာဗင်ဒါလေးသည် အန္တရာယ်များလိုက်ပါဘိ။

ဆန္ဒပြည့်မြောက်၍ နှစ်ချိုက်စွာ အိပ်မောကျနေသူ အရှင်လာဗင်ဒါလေးသည်တော့ နိုးလာခဲ့ပါလျှင် ထိုအကြောင်းအရာတို့အား မှတ်မိချင်မှ မှတ်မိပါလိမ့်မည်။ ထို့အပြင် မိမိအမည်အား မြည်တွမ်းကာ ဆန္ဒဖြည်လျှော့နေရသူ alphaအကြောင်းကိုလည်း သိနိုင်လိမ့်မည် မဟုတ်ပါလေ။

•••••

နံနက်ခင်း သူရိန်နေမင်းနှင့်အတူ အရှင်လေးပါ နိုးထလာခဲ့လေသည်။ စိတ်ကြည်လင်စွာဖြင့် နိုးထလာသော အရှင်လေးမှာ ဘာကိုမှ မှတ်မိပုံ မပေါ်သလို ဂူပေါက်ဝတွင် ငိုက်မြည်းနေသော မိမိကိုယ်ရံတော်အား အကဲခတ်နေမိသည်။

"ပြောတော့ဖြင့် နံနက်စောစော ဒီကထွက်မယ်ဆိုပြီး ခုထိ မနိုးသေးဘူးပဲ။ ဝီရိယနည်းလိုက်တဲ့ လူ"

ထိခိုက်မထားသော ခြေထောက်အား အားပြုကာ ဂူအပြင်သိို့ ထွက်မိတော့ နံနက်ခင်းအလှနှင့်အတူ စိတ်ကြည်နူးဖွယ် အိုအေစစ်ကလေးက သူ့အားကြိုဆိုသည်။ ကြည်လဲ့နေသော ရေအိုင်ထဲမှ ရေဖြင့် မျက်နှာသန့်စင်ကာ နံနက်ခင်းလေကို တဝကြီး ရှူသွင်းမိသည်။ ဘာကြောင့်မှန်းမသိ ယနေ့နိုးထလာရသည်က သာမန်ထက်ပင် စိတ်ကြည်လင်နေသည်လေ။ အိုအေစစ်ကလေး၏ အလှကြောင့်ဖြစ်မည်တူပါသည်။

တဆက်တည်းမှာပင် တွေးမိသည်က ဒေါသတကြီးဖြင့် ထွက်ခဲ့ရာမှ ယခုထိတိုင် ပြန်မရောက်သေးသော မိမိကြောင့် ပွက်လောရိုက်နေမည့် နန်းတော်ကိုပင် ဖြစ်သည်။ မဟုတ်မမှန်သတင်းများ ထွက်မလာခင် အမြန်ပြန်ရပါဦးမည်လေ။

"ဟေ့လူ။ ကိုယ်ရံတော် ကင်မ်။ ထတော့။ ကိုယ်တော်တို့ ပြန်ရဦးမယ်လေ"

လှုပ်၍ နှိုးမိတော့ အိပ်မှုံစုတ်ဖွားဖြင့် ပွင့်ဟလာသော မျက်ဝန်းစိမ်းတို့။ အလင်းအား နေသားကျအောင် ကြိုးစားပြီးကာမှ သူ့အား လူထူးဆန်းသဖွယ်ကြည့်ကာ

"ဟင် အရှင်။ သက်သာသွားပြီလား"

"ခြေထောက်လား။ မနေ့ကထက်တော့ သက်သာတယ်"

"မဟုတ်ဘူး။ အရှင် heatဖြစ်နေတာ မဟုတ်ဘူးလား"

ကိုယ်ရံတော်ကင်မ်၏ အမေးကြောင့် ရုတ်တရက် စိတ်ရှုပ်ထွေးရသည်။ heatအရိပ်အယောင် တစ်ခုမျှပင် မရှိပဲ ဘာကြောင့်heatဖြစ်နေသည်ဟု ထင်နေသည်လဲ။

"ဘယ်ကheatလဲ။ ဒီလောက်ထိ စိတ်ကြည်လင်နေတာကို"

"ဟင် ဒါပေမယ့် ညက----"

စကားမဆုံးသေးခင်မှာပင် မှတ်ဥာဏ်အပိုင်းအစတချို့က ဝိုးတဝါး မမှတ်မိလာသည်မို့ အရှင့်ပါးမို့လေးများ နီရဲလာတော့သည်။ တချိန်တည်းမှာပင် ခေါင်းထဲဝင်လာသော သမားတော်မင်၏ စကားကြောင့် innerwolfကိုသာ ကျိန်ဆဲလိုက်မိတော့သည်။

*​ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ alphaနဲ့ ရုတ်တရက် အနီးကပ်နေရတာကြောင့် အချိန်မတန်သေးပဲ Heatဆန်ဆန် ဝေဒနာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်*

တယ်လည်း ဒုက္ခပေးသော innerwolfပါလား။ သူ့အား ဖုံးကွယ်ရန် ဆေးထိုးရ၊ ဝတ်ရုံခိုးရဖြင့် ခုလည်း တမျိုး ဒုက္ခပေးပြန်သည်။ အရှင်လေး စိတ်ခုနေမိပြီပင်ဖြစ်သည်။

တဆက်တည်းမှာပင် ဆက်၍တွေးမိသည်က မျက်စိရှေ့မှ alpha။ အလုံးစုံမမှတ်မိသည်ကြောင့် ထိုalphaက ဘယ်လိုနည်းလမ်းသုံး၍ ဖြေရှင်းပေးခဲ့သည်ကို မသိပါလေ။ ခြေလွန်လက်လွန်သာ ဖြစ်သွားခဲ့ပါလျှင် အကျိုးနည်းချေပြီ။

"ခင်ဗျား!! ကိုယ်တော့်ကို ညက ဘာလုပ်လိုက်သေးလဲ!"

အရှင်လေး၏ မာန်ပါပါ အမေးနောက် မျက်ဝန်းစိမ်းစိမ်းတို့ မတည်မငြိမ်ဖြစ်ကာ အလျင်အမြန်ပင် ဖြေရှင်းချက်ပေးရလေတော့သည်။ ဒါတောင် အခွင့်အရေးမယူခဲ့ပေလို့ပေါ့။ တော်ပါသေးသည်။

"ကျုပ်က အရှင် သက်သာအောင်ပဲ လုပ်ပေးခဲ့တာပါ။ လွန်လွန်ကျူးကျူး မဖြစ်ခဲ့ဘူး"

"သေချာလို့လား။ ခင်ဗျားစကားကို ကိုယ်တော်က ဘယ်လိုယုံရမှာလဲ"

"မဟုတ်ရင် အရှင် အခုလိုနေလို့ ဘယ်ရမလဲ။ လမ်းလျှောက်လို့တောင် မရလောက်ဘူး"

သင့်တင့်သော အဖြေတစ်ခုမဟုတ်သည့်တိုင် အရှင်လေးဘက်မှ အနည်းငယ်တော့ လျောချသွားသည်ကြောင့် သက်ပြင်းချမိသည်။ သို့သော်လည်း မျက်စောင်းလှလှ တစ်ခုသည်တော့ သူ့ဆီ ကျရောက်ဆဲပင်ဖြစ်သည်။

"ဘာမှ မလုပ်ဘူးဆိုရင်လည်း ပြီးရောပေါ့။ သိပ်ရှည်တာပဲ။ ပြန်ကြမယ်။ ခုထတော့"

"ချက်ချင်းကြီးလား အရှင်"

"အင်း အခု ချက်ချင်းပဲ။"

"အရှင့်ခြေထောက်က အရှင်းမကောင်းသေးတာ ဖြေးဖြေးသွား--- အရှင်!!"

ကိုယ်ရံတော်ကင်မ်၏ သတိပေးသံပင် မဆုံးလိုက်ပါ။ ရှက်ရှက်ဖြင့် ခြေဦးတည့်သို့ ခပ်သွက်သွက် လျှောက်မိသော အရှင်လေးမှာ ဒုတိယအကြိမ်မြောက် ခြေခေါက်လေတော့သည်။ ကံဆိုးခြင်းသည် အပေါင်းအဖော်နှင့် လာတတ်သည်ဆိုသည်မှာ မှန်လိုက်လေခြင်း။

•••••

"ကိုယ်တော့်ဘာသာ လျှောက်နိုင်တယ်လို့! ဟာ ကိုယ်ရံတော်ကင်မ်!"

မိုးမခတောတွင်း၌ ညံလာသော အသံလေးမှာ နှစ်ယောက်မရှိသော Eldoraအရှင်လေး၏ အသံပင်။

အကြောင်းမှာကား အစိုးရိမ်လွန်သော ကိုယ်ရံတော်ကင်မ်က တောလမ်းကို ခြေထောက်ဒဏ်ရာဖြင့် သွားရမည်စိုးသည်ကြောင့် ပွေ့ချီရန်ကြိုးစားနေသည်ကြောင့်ပင်။ မိမိသက်သာရာ သက်သာကြောင်း ဖြစ််​သည့်တိုင် လမ်းတောက်လျှောက် ထိုalphaပွေ့ချီမှ သွားရမည့် အနေအထားကြီးကိုတော့ လက်မခံချင်ပါလေ။

"အရှင်းမကောင်းသေးပဲ အတင်းအကျပ်မကြိုးစားပါနဲ့ အရှင်။ ဒီလိုလုပ်မှ ဒဏ်ပိပြီး သက်သာဖို့ကြာနေမယ်။ ကျုပ်ချီသွားရတာက ဘာမှမပင်ပန်းဘူး"

"အော်ဟော်။ ကိုယ်တော်က တိုင်းပြည်အရှင်ပါ။ ကိုယ့်အားကိုယ်ကိုးနိုင်တယ်"

မာန်ကလေးချီကာပြောလာသော အရှင်လာဗင်ဒါလေးအား ထယ်ဟျောင်းအသည်းယားစွာ ရယ်မိတော့သည်။ ခြေထောက်ဒဏ်ရာကြောင့် ထော့နင်းထော့နင်းသွားရန် အဆင်မပြေသည့် အနေအထားမှာပင် မာနခဲလေး အရှင်မှာ မာန်မလျှော့သေးပါလေ။

"ဘာလဲ ကိုယ်ရံတော်ကင်မ်က ကိုယ်တော့်ကို ​​လှောင်တာလား"

"မဟုတ်ရပါဘူးဗျာ ဟားဟား"

"ကြည့်။ ခုတောင် ရယ်နေပြန်တယ် မဟုတ်လား!"

"စိုးရွံ့ပါတယ် တိုင်းပြည်အရှင်လေးရယ်။ နန်းတွင်းရောက်မှသာ အပြစ်ပေးချင်လည်း ပေးပါ​တော့။ ခုတော့ အသာတကြည်လေးသာ လိုက်ခဲ့။ ဟုတ်ပြီလား။ ဒီခြေထောက် အနေအထားနဲ့ တောလမ်းခရီးရှည်ကို ဘယ်လိုလုပ်ခြေလျင်သွားလို့ အဆင်ပြေမှာလဲ"

ထိုalpha၏ စကားတို့ကလည်း မမှားပြန်သည်ကြောင့် သည်တခေါက်တွင်တော့ အရှင်လေး မငြင်းနိုင်တော့ပါ။ သို့သော်လည်း တောက်လျှောက်ကြီး ပွေ့ချီလျက် အနေအထားဖြင့်သွားရမည်ကလည်း တမျိုးဖြစ်ရသည် မဟုတ်လား။

"ဒါဆို ကိုယ်တော်​ နောက်က တက်မယ်။ ကိုယ်ရံတော်ကင်မ်က ကုန်းပိုးလိုက်။ ချီတော့မချီနဲ့။ အကြာကြီးဆို ကိုယ်ရံတော်ကင်မ်လည်း မနိုင်လောက်ဘူး။"

မနိုင်မည်စိုးသည်ထက် ပွေ့ချီခံရမည့်အနေအထားမှ လိုက်ရမည်ကို ရှက်နေသည့် အရှင်လာဗင်ဒါလေးအား ရိပ်စားမိသည်မို့ မျက်ဝန်းစိမ်းစိမ်းတို့က ခိုး၍ပြုံးမိကာ

"ဟုတ်ပါပြီ။ ဒါဖြင့်ရင်လည်း ကျုပ်ကျောပေါ်ကသာ လိုက်ခဲ့တော့"

တဆက်တည်းမှာပင် ဒူးထောက်ကာ ကျောဘက်သို့ လှည့်ပေးမိတော့ မချင့်မရဲဖြင့် ဖက်တွယ်တက်လာသော ခပ်ပြည့်ပြည့် ကိုယ်လုံးလေး။ စိတ်လှုပ်ရှားနေဟန်ဖြင့် အသက်ရှူနှုန်းတို့က မြန်ဆန်နေသေးသည်။ ကိုယ်ရံတော်ကင်မ်သည်လည်း အနီးကပ်ရနေသော လာဗင်ဒါအနံ့နှင့် နုညက်သော ထိတွေ့မှုကြောင့် နှလုံးခုန်နှုန်းတို့ပင် မြန်ဆန်လာရသည်။ သို့သော်လည်း မိမိစိတ်ကို ထိန်းချုပ်ကာ ရှေ့ဘက်သို့ တွဲလောင်းချထားသော လက်မောင်းဖြူဖြူနှစ်ဖက်တို့အား သိုင်းဖက်သည့်အနေအထားဖြစ်အောင် ပြုပြင်ပေးလိုက်ရင်း ခရီးစခဲ့လိုက်တော့သည်။

"သေချာဖက်ထားနော် အရှင်"

"ဘ-ဘယ်ကိုဖက်ရမှာလဲ"

"ဟော ကျုပ်ပုခုံးကိုပေါ့။ မဟုတ်ရင် ပြုတ်ကျမယ်လေ"

"သိတယ်။ ကိုယ်တော်လည်း အဲ့ဒါကိုပဲ မေးတာ။ စကားမများနဲ့တော့ မြို့ထဲ အဝင်နောက်ကျနေမယ်"

မရဲတရဲလေး ဖက်တွယ်လာကာ စကားရှေ့ဆက်၍မရအောင် ပိတ်ပြောလေသော အရှင်က ချစ်ဖွယ်အတိပါပင်။ အသံထွက်အောင် ရယ်မိလျှင် လှောင်သည်ဟူ၍ ပြဿနာရှာဦးမည်ဖြစ်သည်ကြောင့် ခိုး၍သာ ပြုံးကာ ခရီးဆက်ခဲ့တော့သည်။

သည်လိုနှင့် အတွေးကိုယ်စီဖြင့် တောလမ်းခရီးအား တိတ်တဆိတ် ဆက်ခဲ့ရာ လမ်းခုလတ်တစ်ခု အရောက်တွင်..

"လေးနေပြီလား ကိုယ်ရံတော်ကင်မ်။ ကိုယ်တော့်ကို ချပေးပြီး နားလို့ရတယ်နော်"

"မလေးပါဘူး အရှင်။ ငှက်မွှေးလေးထမ်းထားရသလိုပဲ"

"အပိုတွေကပြောပြီ"

စိတ်အနှောင့်အယှက်ဖြစ်သယောင် လေသံဖြင့်ပြောသည့်တိုင် မသိမသာ ပို၍ မှီတင်းလာသော အနေအထားအရ အရှင်လေးသည် သူ့နှင့်ပို၍ သက်တောင့်သက်သာဖြစ်လာကြောင်း ရိပ်စားမိပါသည်။ ထို့ကြောင့် သိလိုစိတ် ပြင်းပြနေခဲ့သော အကြောင်းအရာအား မေးရန်ဆုံးဖြတ်လိုက်ပါသည်။

"ဒါနဲ့ အရှင် ကျုပ်သိချင်တာရှိတယ်"

"အင်း ပြောလေ ကိုယ်ရံတော်ကင်မ်"

"ဒီလောက်အကြာကြီး omegaဆိုတာကို လူတွေမသိအောင် ဘယ်လို ဖုံးကွယ်ထားနိုင်တာလဲ။ ​

သူ့မေးခွန်းနောက် လေးလံလာသော အရှင်လာဗင်ဒါလေး၏ အသက်ရှူသံ။ ဖြေရခက်သော အကြောင်းအရာဖြစ်နေခဲ့သည်လား။ သူမေးခွန်းထုတ်မိတာများ မှားသွားခဲ့သည်လား။

"ကျုပ်မေးတာ ဘောင်ကျော်သလိုဖြစ်သွားမယ်ဆို အရှင် မဖြေချင်လည်းရပါတယ်"

"မဟုတ်တာ။ ခင်ဗျားလည်း သိထားသင့်တာပေါ့"

ခပ်တိုးတိုး အဖြေစကားပြုလာသူ အရှင်။ ထို့နောက်တွင်တော့ သက်ပြင်းရှည်တချက်ဆွဲကာ

"ဆေးတွေနဲ့ ထိန်းချုပ်ထားခဲ့တာ။ omegaဆိုတဲ့ သရုပ်မှန်တွေ ပေါ်မလာအောင်။ heatဖြစ်မလာအောင်ပေါ့"

"ဒါပေမယ့် အဲ့တလောက ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို အတော်လေး ခံစားခဲ့ရလို့ ဆေးထိုးတာကို ရပ်လိုက်ရတယ်။ ဘေးထွက်ဆိုးကျိုးတွေသက်သာဖို့ ပထမဆုံး heatဖြစ်ပေးရမှာ ဖြစ်တဲ့အတွက် ဒီတောထဲကို လာခဲ့တဲ့အချိန် ခင်ဗျားနဲ့ စဆုံခဲ့တာပဲ။"

အရှင့်၏ စကားနောက် အာရုံထဲဝင်လာသည်က လရောင်အောက်တွင် ညို့ချက်ပြင်းပြင်းဖြင့် လှနေခဲ့သော ခရမ်းစွဲရောင် မျက်ဝန်းတို့ပင်။ သာမန်alphaသာဆိုလျှင် စိတ်လွတ်သွားနိုင်လောက်သည်အထိ ညှို့အားပြင်းသော မျက်ဝန်းလက်လက်တို့နှင့် စွဲမက်ဖွယ် လာဗင်ဒါနံ့ကြောင့် ကိုယ်တိုင်လည်း အတော်လေး သတိကပ်အောင် ကြိုးစားခဲ့ရသည်မဟုတ်လား။

"အခုထိရော အဲ့ဆေးတွေ ပြန်သုံးနေသေးတာလား။ အရှင့်မျက်လုံးက သာမန်အချိန်မှာ အရောင်မပြောင်းလို့လေ"

"မဟုတ်ဘူး။ အခုသုံးတာက အဲ့ဒီဟော်မုန်းဆေးလောက် မပြင်းထန်တဲ့ အနံ့ဝှက်ဆေး။ ဟိုဆေးလောက်တော့ အလုံးစုံမဖုံးကွယ်နိုင်တာမို့ စိတ်ခံစားချက်ပြင်းထန်ရင် မျက်လုံးအရောင်ပြောင်းလာတာမျိုး၊ လာဗင်ဒါအနံ့ ထွက်လာတာမျိုးတွေ ရှိတယ်။ နောက်ပြီး heatကောပေါ့"

"ဒါပေမယ့် ဘယ်လိုပဲ အာနိသင်မပြင်းဘူးပြောပြော ဘေးထွက်ဆိုးကျိုးက ရှိဦးမှာပဲလေ အရှင်။ အန္တရာယ်များလိုက်တာ"

ညက ဖြစ်ခဲ့သော heatမမည်သည့် heatသည်လည်း ထိုဘေးထွက်ဆိုးကျိုးများထဲမှ တစ်ခုဟု ကောက်ချက်ချမိတော့သည်။ သရုပ်မှန်ကို ဖုံးကွယ်ကာနေရသော အရှင့်ဘဝမှာ မလွယ်ကူလှပါလားလေ။

"အင်း...ရှိမှာပေါ့။ မတတ်နိုင်ဘူးလေ ကိုယ်ရံတော်ကင်မ်။ omegaတစ်ယောက်က အုပ်ချုပ်သူလုပ်လို့မှ မရပဲ"

"မဟုတ်တာ အရှင်ရယ်...."

အန္တရာယ် များလိုက်လေခြင်း။ omegaအုပ်ချုပ်သူတစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့အတွက် စွန့်စားမှုတွေ များလိုက်လေခြင်း။ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ သန်မာလွန်း၍သာ အရှင်လေးဟာ သည်လောက်ထိ တောင့်ခံနိုင်ခဲ့ပုံပင်။ လေးစားဖွယ်ပါပင်။

"သနားသွားတာလား။ အဲ့လို​လေသံနဲ့ မပြောပါနဲ့ ။ ကိုယ်တော် သနားခံချင်လို့ ပြောပြတာမဟုတ်ဘူး။ ဒီအတိုင်း အနီးကပ် ကိုယ်ရံတော်တစ်ယောက်အနေနဲ့ သိသင့်တယ်လို့ ခံစားရလို့။ ခင်ဗျားကိုလည်း နည်းနည်းယုံလို့ရမယ်ထင်လို့လေ။"

"နည်းနည်းပဲလား အရှင်"

"အင်း နည်းနည်းပဲ"

"ဟားး ဒါဖြင့်ရင် ဒီ့ထက်ပိုပြီး အရှင့်ယုံကြည်မှုကို ရအောင် ကြိုးစားရတော့မှာပဲ ကျုပ်က"

ထိုစကား၏နောက် အရှင်လာဗင်ဒါလေးက ခပ်ဟဟရယ်မိသည်။ အမှန်တကယ်လည်း ယုံကြည်မှုအနည်းငယ်ပိုလာ၍ ပြောပြမိခြင်းပင်။ Heatကြောင့် အသိစိတ်လွတ်နေခဲ့သော သူ့အား နှစ်ကြိမ်တိုင်တိုင် အခွင့်အရေးမယူပဲ ကူညီခဲ့သူပင် မဟုတ်လား။ ဒီလောက်တော့ ယုံကြည်၍ ရသည်ဟု ထင််ပါသည်လေ။

"လုပ်ကြည့်လေ။ ခင်ဗျားသာ သစ္စာစောင့်သိမယ်ဆို တသက်လုံး ကိုယ်တော့်ရဲ့ဘေးမှာ လူယုံအနေနဲ့ နေသွားလို့ရတယ်။"

"လူယုံအနေနဲ့ပဲလား အရှင်" "အာ့!"

စကားပင် မဆုံးသေးခင် ပုခုံးအား ခပ်ဆတ်ဆတ်ရိုက်လိုက်သော အရှင့်လက်စကြောင့် အီစိမ့်သွားတော့သည်။ omegaတစ်ဦးဟု ထင်ရဖွယ် မရှိလောက်အောင် အရှင်က လက်သံပြောင်ပါသည်လေ။

"ခင်ဗျားက ဘာလုပ်ချင်သေးလို့လဲ"

"နည်းနည်းမှကို စကားအမှားမခံပါ့လား အရှင်ရယ်။ ကျုပ်က ဒီအတိုင်းပြောတာပါ"

"ကိုယ်တော့်သရုပ်မှန်ကို သိထားတယ်ဆိုပြီး မရိုးသားတဲ့ အကြံအစည်တွေ ကြံနေတယ်ဆိုရင်တော့ ခုကတည်းကလက်လျှော့လိုက်တာ ကောင်းမယ်။ အပြစ်သားကို ထိုက်သင့်တဲ့အပြစ် ဘယ်လိုပေးတတ်လဲဆိုတာ ခင်ဗျားကိုယ်တိုင် သိပြီးသားဖြစ်မှာပါ ကိုယ်ရံတော်ကင်မ်"

"သိပါတယ်။ သူများဝတ်ရုံကို ယူသွားပြီး ဝတ်ရုံပိုင်ရှင်ကို အကျဥ်းချနှိပ်စက်ကတည်းက"

"ဟာ ခင်ဗျား! အဲ့အကြောင်းတွေ ပြန်အစမဖော်နဲ့တော့လေ။ အလျော်အစားလည်း ပြန်ရပြီးပြီမဟုတ်လား"

"အရှင်ပြောလို့ ကျုပ်က သတိရအောင်ပြန်ပြောပေးတာလေ အရှင်ရယ်"

"တယ် ကပ်တီးကပ်ဖဲ့နိုင်တဲ့ alphaပဲ။ စကားလည်း သိပ်များတယ်။ တော်တော့။ သွားစရာရှိတာသာ မြန်မြန်သွားရအောင်"

စကားနိုင်လုကာ ခရီးဆက်လာသည့်တိုင် တစ်ဦးနှင့် တစ်ဦးကြား ပို၍ သက်တောင့်သက်သာဖြစ်ကာ ရင်းနှီးလာသည်ကိုတော့ အရှင်ကော ကိုယ်ရံတော်ကင်မ်ပါ ကောင်းကောင်းရိပ်စားမိပြီး ဖြစ်လေသည်။

•••••

သည်လိုနှင့် စိတ်ဆတ်သော အရှင်လေးနံ​​ဘေး၌ တာဝန်ထမ်းဆောင်ရခြင်းမှာ ရက်သတ္တပတ်မှ လနှင့်ချီကာ ကူးပြောင်းလာပြီပင် ဖြစ်သည်။ ပို၍ ရင်းနှီးလာသည့်အပြင် စိတ်ကြီးတတ်သော အရှင်လေးထံမှ မကြာခဏ ရန်ထောင်ခြင်း ခံရသည့်တိုင် အခြားအမှုထမ်းများနှင့် ယှဥ်လျှင်တော့ အတော်လေး အစေးကပ်သည်မို့ ကိုယ်ရံတော်ကင်မ်မှာ အရှင့်လူယုံသဖွယ်ပင် ဖြစ်လာတော့သည်။

"အရှင့်မွေးနေ့အတွက် မြို့ထဲမှာ ပွဲတော်ကျင်းပဖို့ စီစဥ်ထားပါတယ်။ နောက်ပြီး နန်းတော်မှာလည်း မွေးနေ့ဂုဏ်ပြုပွဲလုပ်ဖို့ ပြင်ဆင်ထားပါတယ်"

"ဒီအတိုင်း မြို့ထဲမှာ ပွဲတော်ပဲ ကျင်းပပေးလိုက်ပါ။ ဆက်ကျော်သက် မင်းသားငယ်လေးလည်း မဟုတ်တော့တာမို့ ဂုဏ်ပြုပွဲတွေ ဘာတွေ မလိုအပ်တော့ဘူး"

လာမည့် ရက်သတ္တပတ်အတွင်းကျရောက်မည့် အရှင့်မွေးနေ့အတွက် အစီအစဥ်တို့အား အစီရင်ခံနေကြခြင်းပင် ဖြစ်သည်။ အစဥ်အလာများအား ကောင်းကောင်းမသိသေးသော ကိုယ်ရံတော်ကင်မ်သည်တော့ အရှင့်ဘေးမှ တိတ်တဆိတ် နားစွင့်ရင်းသာ အကဲခတ်နေလေသည်။

"အရင်မင်းကြီးတို့လက်ထက်ကတည်းက နှစ်စဥ်ကျင်းပတာမို့ ဒီအစဥ်အလာကတော့ မပါမဖြစ်ထည့်ရမယ်လေ အရှင်"

"ဟင်း...ဒါဖြင့်လည်း အမတ်ကြီးတို့ကိုယ်တိုင်ပဲ အဆင်ပြေသလို စီစဥ်လိုက်ကြတော့"

မွေးနေ့ဂုဏ်ပြုပွဲအမည်ခံ နန်းတွင်း၌ကျင်းပသော ထိုကပွဲသည် နန်းတွင်းအမှုထမ်းနှင့် နာမည်ရလူတန်းစား မိသားစုများ တက်ရောက်လေ့ရှိကြသည်မို့ ဘုရင့်ယောက္ခမဖြစ်ရေး ရှေ့တန်းတင်ထားသော အမတ်တို့အဖို့ တစ်နှစ်ပတ်လုံး ရှေးရှုထားသော ပွဲတော်ပင်ဖြစ်သည်။

မွေးနေ့အား လာရောက်ဂုဏ်ပြုသည်ဟု အကြောင်းပြကာ မိမိစိတ်မဝင်စားသော ယောက်ျားပျို မိန်းမပျိုတို့က မိမိအားဆွဲဆောင်နိုင်ရန် အလှအပမျိုးစုံ ခြယ်သကာ ရနံ့ပေါင်းစုံထုတ်လွှတ်၍ ဆွဲဆောင်တတ်သော ထိုပွဲတော်ကား အရှင်လာဗင်ဒါလေးအတွက်တော့ စိတ်ရှုပ်စရာအပြင် မပိုသည်ကြောင့်ရှောင်လွှဲချင်ပါသော်လည်း မွေးနေ့ရှင်ဖြစ်နေသည်က တစ်ကြောင်း၊ ဖခမည်းတော်လက်ထက်ကတည်း အစဥ်အလာဖြစ်နေသည်က တစ်ကြောင်းကြောင့် သည်တခေါက်လည်း အားမွေးကာ သည်းခံရပါဦးမည်လေ။

ဘာကြောင့်များ မိမိကြင်ယာတော် တင်မြှောက်ရေးအပေါ် ထိုအမတ်တို့က သည်လောက်ထိ စိတ်အားထက်သန်နေသည်လဲ နားမလည်ပေးချင်တော့ပါ။ ကြင်ယာတော်ရပြန်လျှင်လည်း နန်းဆက်အကြောင်းကို စောဒကတက်ကြပြန်ဦးမည်။ သည်အရာထမ်းတို့၏ အလိုကား ဘယ်အချိန်မှ ပြည့်နိုင်လိမ့်မည်လဲပင် မသိပါ။

တရစပ် တိုက်တွန်းနေသော နှုတ်တို့ ပိတ်သွားစေရန် မချစ်မနှစ်သက်သောသူ တစ်ယောက်ယောက်ကို ကြင်ယာမြှောက်ရန်လည်း မလုပ်ဝံ့ပါလေ။ မဖြစ်မနေ ကြင်ယာမြှောက်ရတော့မည်ဆိုလျှင်တောင် ထိုသူအား မိမိသရုပ်မှန်အကြောင်း အနည်းနှင့်အများ အသိပေးရတော့မည်မို့ ထပ်ဆင့်ရောက်လာမည့် ပြဿနာတို့အား မဖြေရှင်းချင်ပါ။ အရှင်လေး စိတ်ရှုပ်နေရပြီပင် ဖြစ်သည်။

"အရှင့်ကို ကြည့်ရတာ စိတ်ညစ်ညူးနေသလိုပဲ။ မွေးနေ့ရောက်တော့မှာကို ပျော်အောင်နေရမယ်လေ"

နန်းတော်အနောက်ရှိ နှင်းဆီဥယျာဥ်အတွင်း လမ်းလျှောက်ရင်း အတူလိုက်ပါလာသော ကိုယ်ရံတော်ကင်မ်မှ ဆိုသောစကားပင်ဖြစ်သည်။

"ကိုယ်တော့်အတွက်တော့ စိတ်ညစ်စရာအပြင် မပိုပါဘူး ကိုယ်ရံတော်ကင်မ်ရယ်။ တကယ်တော့ မွေးနေ့ဂုဏ်ပြုပွဲ အမည်ခံ ကြင်ယာရှာပွဲတစ်ခုပဲလေ။ စိတ်ရှုပ်စရာကောင်းလွန်းတယ်"

"အဲ့လိုကိုး... ဒါဖြင့်ရင် အဲ့အကြောင်း ခေါင်းထဲက ခဏထုတ်ထားကြတာပေါ့ အရှင်။ ကြိုစိတ်ညစ်နေရင် နှစ်ဆပင်ပန်းတာပဲရှိမယ်လေ"

"အင်း။ ခင်ဗျားပြောတာလဲ ဟုတ်တာပဲ ကိုယ်ရံတော်ကင်မ်"

သူ့စကားကို ထောက်ခံသည့်တိုင် ရွှင်လန်း၍မလာသော အရှင်လာဗင်ဒါလေး၏ မျက်နှာကြောင့် ကိုယ်ရံတော်ကင်မ်မှာ အာရုံလွှဲရန် နည်းလမ်းစဥ်းစားရတော့သည်။ တဆက်တည်းမှာပင် သူ့အာရုံထဲ ဝင်လာသည်က ဘေးတစ်ဖက်တချက်စီမှ နှင်းဆီပန်းနီနီတို့ပင် ဖြစ်သည်။

"ဒါနဲ့ ဒီနှင်းဆီဥယျာဥ်က သိပ်လှတာပဲနော်။ ဘာကြောင့်များ ပုန်းကွယ်ပြီး စိုက်ပျိုးထားတာလဲမသိဘူး။ ချောင်ကျတဲ့နေရာမှာမို့ ကျုပ်တောင် အရှင့်နောက်လိုက်ရင်းမှ ဒီနေရာရှိမှန်းသိတာ"

သူ့အမေးနောက် အရှင်လေးက အဓိပ္ပါယ်ဖော်ရခက်သော အပြုံးတစ်ခုဖြင့် ပန်းနီနီတို့ကို ကြည့်ရင်း စကားဆိုလာတော့သည်။ ထိုစကားတို့ကြောင့် ကိုယ်ရံတော်ကင်မ်တစ်ယောက် စကားလမ်းကြောင်းလွှဲမိတာ မှားပြီဖြစ်ကြောင်း ရိပ်မိလိုက်ပါတော့သည်။

"ကိုယ်တော် omegaမှန်းသိခဲ့ရတဲ့အချိန်မှာ မယ်မယ်က ဒီဥယျာဥ်ကြီးကို စပြီးပျိုးခဲ့တာ"

"omegaတွေကို ပန်းကလေးတွေနဲ့ ခိုင်းနှိုင်းကြတယ်မဟုတ်လား။ အုပ်ချုပ်မယ့်သူဖြစ်တဲ့အတွက် ပန်းကလေးဖြစ်ရင်တောင် ဆူးခက်တွေဝန်းရံနေတဲ့ နှင်းဆီလိုပန်းမျိုးပဲ ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ဒီဥယျာဥ်ကို ပျိုးခဲ့တာတဲ့လေ။ နန်းတော်ရဲ့ အနောက်မှာ ပျိုးထားရတာကတော့ ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ကိုယ်တော့်အဖြစ်ကို ကိုယ်စားပြုတာပေါ့"

ထို့နောက် ကိုင်းတခုအားချိုးကာ ပန်းခူးလေတော့ ဆူးချွန်ချွန်က ဖောက်ထွင်းသည်ကြောင့် နှင်းဆီပွင့်ဖတ်တို့နှင့် အရောင်တူညီသော သွေးစတို့က လက်ချောင်းနုနုတွင် စီးကျလာလေတော့သည်။ သို့သော်လည်း အရှင်လေးသည်တော့ မျက်နှာတချက်ပင် မပျက်ပါလေ။

"မယ်မယ်က လေယူရာယိမ်းနွဲ့တဲ့ လာဗင်ဒါတွေကိုတော့ သိပ်မုန်းတာတဲ့လေ။ သူ့သားတော်က လာဗင်ဒါနံ့တွေ လှိုင်ထနေတဲ့ omegaတစ်ယောက် ဖြစ်နေတော့ လက်ခံဖို့ အတော်လေးလည်း ခဲယဥ်းခဲ့ပုံပဲ။ ပန်းကလေးဖြစ်ရင်တောင် ခက်ထန်တဲ့ ပန်းကလေးပဲ ဖြစ်စေချင်ခဲ့မှာ"

သွေးစို့နေသော ပန်းခက်ကလေးကို ကြည့်ရင်း ခပ်ဆွေးဆွေးပြောလာသော အရှင်လာဗင်ဒါလေးအား ထယ်ဟျောင်း ဒီ့ထက်ပို၍ မကြည့်ရက်တော့။ မိမိ အင်္ကျီစအား ကိုက်ဖြတ်လိုက်ရင်း ယိုစီးကျနေသော သွေးစတို့ကို သုတ်ပေးမိသည်။ ပုံမှန်အချိန်ဆို ငြင်းဆန်လေ့ရှိသော အရှင်လေးက သည်တခေါက်တွင်တော့ မငြင်းဆန်ပဲ ခပ်ထွေထွေသာကြည့်၍နေလေသည်။

"ကျုပ်ကတော့ နှင်းဆီတွေကိုလည်း သဘောကျပေမယ့် လေယူရာယိမ်းနွဲ့တဲ့ လာဗင်ဒါတွေကို ပိုသဘောကျတယ်။ သူတို့ရဲ့ အနံ့က အိပ်မပျော်ရောဂါရှိတဲ့သူကိုတောင် ကောင်းကောင်းအိပ်ပျော်စေတယ်လေ။

"ခင်ဗျားက ဘယ်လိုသိတာလဲ"

"လာဗင်ဒါတွေ လှိုင်နေအောင် ပွင့်တဲ့အရပ်မှာ နေဖူးခဲ့တာမို့ သိတာပါ။ ထားပါတော့ အဓိကပြောချင်တာက လာဗင်ဒါမှာလည်း သူ့အစွမ်းအစနဲ့သူရှိတယ်ဆိုတာကိုပြောချင်တာပါ။ နှင်းဆီတွေက မထင်ရင်မထင်သလို လူကိုထိခိုက်စေတတ်သေးတယ်လေ။ အခုလိုပေါ့။"

"ဟုတ်မှာပါလေ...ဒါပေမယ့် လေယူရာ ယိမ်းနွဲ့တတ်တာမို့ လာဗင်ဒါတွေကို နှင်းဆီတွေလိုတော့ သန်မာတယ်လို့ ဘယ်မြင်ကြမလဲ"

"နှင်းဆီပဲဖြစ်ဖြစ် လာဗင်ဒါပဲဖြစ်ဖြစ် မြတ်နိုးတဲ့သူကတော့ ချစ်မှာပဲ မဟုတ်လား အရှင်"

သူ့မျက်ဝန်းတို့နှင့် တည့်တည့်ဆုံဆည်းရင်း ဆိုလာသော စကားတို့နှင့် မျက်ဝန်းစိမ်းစိမ်းတို့က အဓိပ္ပါယ်အချို့ ပါဝင်နေသည်။ ထို့ကြောင့်ပဲ ရီဝေဝေအကြည့်တို့အား ခပ်မြန်မြန်ရှောင်လွဲလိုက်ကာ စကားလမ်းကြောင်းလွှဲခဲ့တော့သည်။

"နောက်ကျနေပြီ ဝင်ကြရအောင် ကိုယ်ရံတော်ကင်မ်"

တဆက်တည်းမှာပင် မေးခွန်းထုတ်မိသည်က သည်alpha သူ့အပေါ်များ တိမ်းညွှတ်နေသည်များလားဟူ၍ပင်။ အရှင်လေးမှာ သံသယပင် ဝင်မိပါလေရဲ့။

•••••

"အရှင်။ ခန်းမထဲထွက်ဖို့ အချိန်ရောက်ပါပြီ"

အပြာရင့်ရောင် တော်ဝင်မင်းသားဝတ်စုံအား ဝတ်ဆင်ထားသူ အရှင်လေးမှာ ထွေထွေထူးထူးပြင်ဆင်စရာမလိုပဲပင် ချောမောမှုက ထင်ဟပ်ကာနေသည်။ သို့ပေတည့် မျက်နှာချောချောနှင့် မလိုက်ဖက်စွာ မျက်ခုံးတို့က တွန့်ချိုးနေသည်မို့ စိတ်အလိုမကျမှုတို့က အလိုလို ထင်ဟပ်နေသည်လေ။

နားနေဆောင်အတွင်းမှ ခန်းမတွင်းသို့ မျက်စိလှည့်မိတော့ ကပွဲကြီးအား တပျော်တပါး ကျင်းပနေသော်လည်း မွေးနေ့ရှင် လာဗင်ဒါလေးမှာတော့ မပျော်နိုင်။ သည်တစ်နှစ်လည်း သူစိတ်မဝင်စားသော အလှအပများအား မျက်နှာမပျက်စေရန် သည်းခံနှုတ်ဆက်ရဦးမည်လေ။ စိတ်ရှုပ်ဖွယ်ကောင်းပါဘိ။

သည်လောက်စိတ်ရှုပ်စရာကောင်းသည့်အချိန်တွင် အနားတွင်မရှိသော ကိုယ်ရံတော်ကင်မ်အား ပို၍ စိတ်တိုမိသည်။ rutအချိန်ကာလလည်း မဟုတ်ပါပဲ အရေးကြီးကိစ္စဟုဆိုကာ ပျောက်သွားသော ကင်မ်ထယ်ဟျောင်းဟာ အလိုက်မသိလွန်းသည်မဟုတ်လား။

"အရှင်။ သူက စိုက်ပျိုးရေးအမတ်ရဲ့ သမီးအငယ်ဆုံးပါ"

"ဂါရဝပြုပါတယ် အရှင်။ မွေးနေ့ကို ဂုဏ်ပြုပါတယ်"

"ကျေးဇူးပါ။ ပျော်ရွှင်စရာအချိန်လေး ဖြစ်ပါစေ မိန်းကလေး"

စကားစကို အမြန်ဖြတ်သည့် အရှင်ကြောင့် နှုတ်ဆက်သူ မိန်းကလေးမှာ အလိုမကျချင်။ သက်တော်တစ်နှစ်သာ ကြီးသွားသော်လည်း ​နည်းနည်းလေးပင် ကထိကရိလုပ်မခံသည်မှာ အရှင့်၏ မပြောင်းလဲသောအချက်ပါပင်။

မိန်းမပျိုလေးများကိုတင် လျစ်လျူရှုသည်လားဆိုတော့ omega အမျိုးသားငယ်လေးများကိုလည်း ထူးကဲ၍ မကြည့်ရှုပါ။ မွေးနေ့ပွဲကို လာရောက်ဂုဏ်ပြုသော ဧည်သည်တော်အနေဖြင့် ခပ်တန်းတန်းသာ ဆက်ဆံသည်မို့ အခွင့်အရေးနည်းနည်းမျှပင် မရကြပါလေ။

ရေလာမြောင်းဖောက်ပေးသူ အမတ်တို့သည်တော့ တုပ်တုပ်မျှမလှုပ်သော အရှင်ကြောင့် မျက်နှာများသာပျက်ယွင်းနေကြပြီပင်ဖြစ်သည်။ သို့သော်လည်း ထပ်၍တော့ အထွဋ်မတက်ရဲကြ။ သည်ဂုဏ်ပြုပွဲကိုတောင် ကျင်းပရန် စိတ်ပါသူမဟုတ်သည်ကြောင့် ကြင်ယာတော်အကြောင်းသာ စကားစမိပါလျှင် ဂုဏ်ပြုပွဲမှ လူသတ်ပွဲပင် ဖြစ်သွားနိုင်သည်လေ။

ပွဲလာဧည်သည်တော်တို့အား နှူတ်ဆက်ပြီးချိန်တွင်တော့ စိတ်မွန်းကျပ်မှုအား ဖြေဖျောက်ရန် ခန်းမဆောင်ထဲမှ ထွက်လာခဲ့သော အရှင်လာဗင်ဒါလေး။ စိတ်တင်မက ရနံ့ပေါင်းစုံကြောင့် လူလည်း မွန်းကျပ်ကာနေသည်လေ။

အရေးထဲ အကြောင်းစုံ ရင်ဖွင့်၍ရသော ကိုယ်ရံတော်ကင်မ်ကလည်း ဒီလိုနေ့မှာမှ ဆိုက်ဆိုက်မြိုက်မြိုက်ရှိမနေသည်ကြောင့် စိတ်အလိုမကျစွာ တကိုယ်တည်း နှင်းဆီဥယျာဥ်ဘက်သို့ ထွက်လာခဲ့မိတော့သည်။

သို့သော် လမ်းခုလတ်မှာပင် အာရုံထဲသို့ တိုးဝင်လာသော လာဗင်ဒါ ပန်းရနံ့။ မိမိဆီမှ ထုတ်လွှတ်မိသည်လားဟု ဆန်းစစ်ကြည့်မိသော်လည်း လေညာအရပ်မှလာသည့်အနံ့ဖြစ်သည်ကြောင့် ထိုအနံ့နောက်သို့ လိုက်မိလေတော့...

နန်းတော်အနောက်ဘက် နှင်းဆီဥယျာဥ်၏ ဘေးတွင် စိုက်ပျိုးထားသော လာဗင်ဒါပန်းခင်းကြီးသည် လရောင်၏ အောက်တွင် လေပြေအလိုက်ယိမ်းနွဲ့ကာ လှချင်တိုင်းလှနေတော့သည်။ အေးချမ်းသော ခရမ်းရောင် ပန်းငယ်တို့၏ မွေးပျံ့သော ရနံ့တို့သည် နီနီရဲရဲပွင့်အာနေသော နှင်းဆီတို့ကိုပင် ဖုံးလွှမ်းကာ စိတ်ကြည်လင်စေသေးသည်။ လေထုထဲ၌ စိုးမိုးလာသော ပန်းရနံ့ကြောင့် အရှင်လေးမှာ ကိုယ်ပိုင်ရနံ့ကိုပင် ထုတ်လွှတ်မိသည် အထိ။

ဘယ်သူကများ တကူးတက သည်လာဗင်ဒါ ပန်းခင်းကြီးကို စိုက်ပျိုးထားသည်လဲ။ စိတ်ကူးကောင်းလိုက်ပါဘိ။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ အရှင်"

နောက်ကျောဘက်မှ ထွက်လာသော ရင်းနှီးကျွမ်းဝင်သည့် အသံဩဩကြောင့် အလန့်တကြား လှည့်ကြည့်မိတော့

"ကိုယ်ရံတော်ကင်မ်"

ကိစ္စရှိသည်ဆိုကာ ပျောက်သွားခဲ့သော ကိုယ်ရံတော်ကင်မ်က အပြုံးချိုချိုဖြင့် အရှင်လေးအနီးသို့ လျှောက်လာလေသည်။ သာမန်ကိုယ်ရံတော် ဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း တော်ဝင်ဆန်သော မျက်နှာပေါက်ကြောင့် ကိုယ်ရံတော်ကင်မ်မှာ အတော်လေး ကြည့်ကောင်းကာနေပါသည်။ ဝတ်ကောင်းစားလှသာ ဆင်ယင်ထားပါလျှင် တော်ဝင်မျိုးရိုးဟုပင် အထင်မှားချင်လောက်စရာပါပင်။

"မှန်ပါတယ် ကျုပ်ပါ အရှင်"

"ခင်ဗျားပဲ တောထဲ ခဏသွားစရာရှိလို့ဆို။ ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ"

"ဒါကို ပြင်ဆင်ဖို့အတွက် အရှင့်ကို လှည့်စားဖို့ လိုလို့လေ။ ဒါကြောင့် သင့်လျော်မယ်ထင်တဲ့ ဆင်ခြေကိုပေးခဲ့တာ"

"ချီးကျူးပါတယ်။ ခင်ဗျားကိုတော့"

"ဝမ်းမြောက်ရတာပေါ့ အရှင်။"

ထို့နောက်တွင်တော့ အရှင့်လက်ကောက်ဝတ်အား ခပ်ဖွဖွဆွဲကာ လာဗင်ဒါပန်းခင်း၏ အလယ်သို့လာစေသည်။ ညချမ်း၏ လေပြေလေညင်းနှင့်အတူ ယိမ်းနွဲ့နေသော လာဗင်ဒါပန်းများကြားတွင် အရှင်လာဗင်ဒါလေး၏ ဆံနွယ်နုနုတို့ကပါ အလိုက်သင့် ယိမ်းနွဲ့၍နေလေတော့ ပန်းချီကားတချပ်သဖွယ် လှနေလေတော့သည်။

"လာဗင်ဒါလေးကို ခဏလောက် လွှတ်ပေးဖို့ အချိန်ကျပြီလို့ ခံစားရတဲ့အခါ ဒီမှာ လွတ်လပ်ခွင့်လာပေးလိုက်ပါ။ ပန်းခင်းကြီးရဲ့ အနံ့​ကြောင့် အရှင့်ရဲ့ ကိုယ်ပိုင်ရနံ့ကို ဖုံးဖို့ လွယ်ကူပါလိမ့်မယ်"

"သိပ်ဥာဏ်ကောင်းလွန်းတာပဲ...ခင်ဗျားက ဘာလဲ ကင်မ်ထယ်ဟျောင်း"

"အရှင့်ကိုယ်ရံတော်လေ"

မညာတမ်းဝန်ခံရပါလျှင် ကိုယ်ရံတော်ကင်မ်၏ စိတ်ကူးကောင်းကြောင့် အရှင်လာဗင်ဒါလေး အမှန်ပင် ဝမ်းမြောက်ရပါသည်။ ဝေးဝေးလံလံထိ သွားစရာမလိုပဲ နန်းတော်ထဲမှာပင် ဘေးလူမရိပ်မိစေပဲ မိမိ၏ သရုပ်မှန်အား လွတ်လပ်ခွင့်ပေးနိုင်မည့် အခွင့်အရေးကို ဖန်တီးပေးလေသူ ထိုalphaက ကိုယ်ရံတော်ရာထူးမရခင်က ပေးခဲ့သော ကတိအတိုင်း အပြောနှင့်အလုပ် အတော်လေးညီသူပင် ဖြစ်သည်။ အရှင်တော့ လူရွေး အင်မတန်မှန်ကန်ပါသည်လေ။

နှစ်တိုင်းလိုလို ကြင်ယာရွေးပွဲကြောင့် စိတ်ညစ်ညူးရသော မွေးနေ့သည် သည်တခေါက်တွင်တော့ ကိုယ်ရံတော်ကင်မ်ကြောင့် ဝမ်းသာကြည်နူးရလေသည်။ ထုတ်၍မပြောမိသော်လည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်လေ။

"မွေးနေ့လက်ဆောင်ကို စိတ်ကျေနပ်မှုရှိရဲ့လား အရှင်"

"စိတ်ကျေနပ်ပါတယ်။ ခင်ဗျားလိုချင်တဲ့ ဆုလာဘ်ရှိရင်တောင်းနိုင်တယ်။ ကိုယ်တော် ဖြည့်ဆည်းပေးမှာမို့"

ကိုယ်ရံတော်ကင်မ်က ခေတ္တမျှစဥ်းစားသွားဟန်ပေါ်ကာ တဆက်တည်းမှာပင် အပြုံးတခုဖြင့် အဖြေပြုသည်။

"အဲဒီဆုလာဘ်ကို နောက်မှ တောင်းလို့ရမလား အရှင်။ ရုတ်တရက် ကျုပ်စဥ်းစားလို့မရတာမို့"

"ရတာပေါ့ ခင်ဗျား သဘောပါပဲ"

ကိုယ်ရံတော်ကင်မ်တောင်းဆိုလိုသော ထိုဆုလာဘ်လေးသည် ကြီးကြီးမားမားမဟုတ်ပဲ အရှင့်ထံမှ အနမ်းတပွင့်သာဖြစ်ကြောင်းကိုသာ သိရှိပါလျှင် အရှင်လာဗင်ဒါလေးမှာ ဘယ်ပုံဘယ်နည်းနှင့် တုံ့ပြန်လောက်မည်လဲ။ အမျက်ရှကာ အမြင်စောင်းလေမလား။ သို့မဟုတ်... သို့မဟုတ်...

#Tbc

A/N: heat sceneကို ရေးရတာ မျက်နှာတွေပါ ပူတယ် :') အတတ်နိုင်ဆုံးတော့ အမြင်မရိုင်းအောင် ကြိုးစားပြီး ပုံဖော်ထားခဲ့ပါတယ်ရှင်။ လိုအပ်ချက်ရှိသွားခဲ့ရင်လည်း အားနာပါတယ် >< ဒီတခါ updateကို အရှည်ကြီးရေးပေးထားတာမို့ အရှင်နဲ့ အယ်လ်ဖာကြီးတို့ အခြေအနေကို ဘယ်လိုလေးမြင်ကြလဲဆိုတာ ဒါဒါnimတို့ အမြင်လေးတွေကို သိချင်ပါတယ်ရှင်

နောက်ပြီး လာဗင်ဒါလေးတို့ကို ဖတ်ရတာ ပျင်းလာရင် အပြောင်းအလဲဖြစ်အောင် တပ်သားကင်မ်နဲ့ ဒေါက်တာဂျွန်တို့ဆီကိုလည်း အလည်လာခဲ့ကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ် >< အရင်တင်ထားတာလေးပေမယ့် သိပ်မတွေ့ကြဘူး ထင်လို့ရယ်။ ဆောင်းဝင်လာပြီမို့ အအေးဒဏ်လည်း ဂရုစိုက်ကြပါ 라기ရဲ့ ဒါဒါnimတို့ရေ♥

See you in next episode~

- 해바라기

ZG

ျမင္းလည္းေပ်ာက္ ေျခလည္း ေခါက္သည္ေၾကာင့္ ထိုတစ္ညတာကိုေတာ့ မိုးမခေတာ၏ အိုေအစစ္ေလးအတြင္း၌သာ ကုန္ဆုံးရေသာ အရွင္ႏွင့္ ကိုယ္ရံေတာ္ကင္မ္။ အေၾကာင္းအရာတခ်ိဳ႕အား ေရာက္တတ္ရာရာေျပာဆိုၿပီးခ်ိန္တြင္ေတာ့ ပင္ပန္းသည့္ဒဏ္ႏွင့္ ဒဏ္ရာအရွိန္ေၾကာင့္ အရွင္ေလးမွာ ပထမဆုံး heatျဖစ္ခဲ့ေသာ ထိုဂူငယ္ေလးအတြင္းမွာပင္ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြားခဲ့ေလသည္။

ကိုယ္ရံေတာ္ကင္မ္သည္ေတာ့ အေတြးနယ္ခ်ဲ့ရင္း အရွင္ေလးအား ေစာင့္က်ပ္ကာေနေလသည္။ အေျဖရွာရန္ မလြယ္ကူေသာ ေမးခြန္းေပါင္းမ်ားစြာႏွင့္ ေရရာေသခ်ာျခင္းမရွိေသာ ခံစားခ်က္တို႔သည္လည္း အလုံးစုံလြန္ဆြဲလႈပ္ရွားလ်က္ အေတြးမ်ားေနေလေတာ့သည္။

သက္ျပင္းရွည္တခ်က္ခ်ကာ အေတြးတို႔ကို ရွင္းလင္းမိရင္း အိပ္ေမာက်ေနေသာ အရွင္လာဗင္ဒါေလးထံ အၾကည့္ပို႔မိေလေတာ့ စိတ္ႏွလုံးက အထိန္းအကြပ္မဲ့စြာ လႈပ္ရွားခုန္ေပါက္ေတာ့သည္။ တခ်ိန္တည္းမွာပင္ ေရၾကည္တေပါက္ ေသာက္လိုက္ရသကဲ့သို႔ ေအးျမၾကည္လင္ျခင္းကိုလည္း ခံစားလိုက္ရေသးျပန္သည္။

ျဖာက်ေနေသာ လေရာင္ႏုႏု၏ေအာက္တြင္ ေအးခ်မ္းစြာ အိပ္ေမာက်ေနေသာ အရွင္လာဗင္ဒါေလးသည္ လွရက္လိုက္ေလျခင္း။ မ်က္ႏွာေပၚသို႔ ကပိုကရိုက်ေနေသာ ဆံႏြယ္ႏုႏုတို႔သည္ နီေစြးေစြး ႏႈတ္ခမ္းဖူးေလးကိုေတာင္ ပြတ္တိုက္မိေနသည္မို႔ ပန္းခ်ီကားတစ္ခ်ပ္အား ၾကည့္ေနရသဖြယ္ပင္ျဖစ္သည္။

တေမ့တေမာ ေငးၾကည့္မိေနစဥ္ လူးလြန့္လႈပ္ရွားလာေသာ အရွင္ေလးေၾကာင့္ ခပ္ျမန္ျမန္ပင္ ကိုယ္ေနဟန္ထား ျပင္ဆင္လိုက္ပါေသးသည္။ သို႔ေသာ္လည္း တဆက္တည္းမွာပင္ ၾကားလိုက္ရေသာ ၫုတုတုအသံေလးေၾကာင့္ အေၾကာအခ်ဥ္မ်ားပင္ တုံ႕ဆိုင္းသြားေတာ့သည္။

"ဟင္း...ကိုယ္ရံေတာ္ကင္မ္..."

ၫုတုတု ညည္းၫူသံႏွင့္အတူ ထြက္ေပၚလာသည္က သူ႕အမည္နာမတဲ့။ နာက်င္၍ ညည္းၫူသည့္ အသံမ်ိဳးမဟုတ္ပဲ သာယာမႈျဖင့္ ရမၼက္ဆန္ဆန္ ညည္းၫူေသာ ေလသံျဖစ္၍ ေမႊးညင္းႏုေလးမ်ား ေထာင္သည္အထိ ၾကက္သီးထမိသည္။ ပထမဆုံး heatျဖစ္ခဲ့စဥ္က ရမၼက္ခိုးေဝေနေသာ လာဗင္ဒါေလးအား ျမင္ဖူးခဲ့သည့္တိုင္ ယခုလို မိမိအမည္အား ခပ္ၫုၫုျဖင့္ ၿငီးတြားလာသည္ကို ၾကားရသည္မွာ ပထမဆုံးျဖစ္၍ ဘာလုပ္လို႔ဘာကိုင္ရမွန္းပင္ မသိေတာ့ပါ။

မခ်င့္မရဲျဖင့္ ၾကည့္မိေတာ့ အခင္းဝတ္႐ုံစေပၚတြင္ လူးလြန့္ကာေနသည္ေၾကာင့္ ပုခုံးသားေဖြးေဖြးတို႔ပင္ ေပၚလြင္ကာ ဖရိုဖရဲျဖစ္ေနေသာ အရွင္။ မ်က္ဝန္းလွလွတို႔ကေတာ့ မွိတ္သြန္ထားဆဲပင္ျဖစ္သည္။

အေနအထားအရ အိပ္မက္ေယာင္ေနသည္ဟု သုံးသပ္လိုက္မိေသးေသာ္လည္း မူမမွန္ေသာ အရွင့္ပုံစံေၾကာင့္ သာမန္ မဟုတ္မွန္းလည္း ရိပ္စားမိလိုက္ပါေတာ့သည္။ အကယ္၍မ်ား ဆိုသည့္စိတ္ျဖင့္ အသားႏုႏုအား စမ္းၾကည့္မိခ်ိန္တြင္ေတာ့ ျခစ္ျခစ္ေတာက္ေနသည္မို႔ ရိပ္မိလိုက္ပါေတာ့သည္။

အရွင္ဟာ heatျဖစ္ေနခဲ့ေလၿပီပဲ။

"အြန့္....alpha...ဟင္း..."

နားရွက္ဖြယ္အသံတို႔ႏွင့္အတူ လူးလြန့္လႈပ္ရွားေနသည့္က အမွန္ပင္ ရင္ဖိုဖြယ္ျဖစ္သည္။မိုးမခေတာနက္အတြင္း ညသန္းေခါင္ယံအခ်ိန္အခါတြင္ heatျဖစ္ေနေသာ စြဲမက္ဖြယ္ omegaေလး အရွင္ႏွင့္ alphaျဖစ္ေသာ သူ။ ေကာင္းေကာင္းမထိန္းခ်ဳပ္နိုင္ပါလွ်င္ ေျခလြန္လက္လြန္အေျခအေနမ်ားပင္ ျဖစ္သြားနိုင္သည္။

ထို႔အျပင္ အရွင့္၏ ပုံစံက ပထမဆုံးအခ်ိန္ heatျဖစ္ခဲ့စဥ္ကထက္ပင္ အထိန္းအကြပ္မဲ့ေနဟန္တူသည္။ ခက္ေခ်ပါၿပီ။

"အရွင္.. အရွင္။ သတိထားပါဦး"

"...ကိုယ္ရံေတာ္ကင္မ္"

ေမွးစင္းကာ ပြင့္လာေသာ အရွင့္မ်က္ဝန္းလွလွတို႔သည္ ခရမ္းစြဲေရာင္သို႔ အေရာင္ေျပာင္းလဲေနၿပီျဖစ္ကာ ရမၼက္ခိုးေဝေနေလသည္။

"ပူ...ပူတယ္... ေနာက္ၿပီး ေနရခက္တယ္..."

"အရွင္ heatျဖစ္ေနၿပီ ထင္တယ္။ ဘယ္လိုလုပ္မလဲ။ က်ဳပ္ဝတ္႐ုံ ၿခဳံထားမလား ခဏ"

အရွင့္အတြက္ ေခါင္းအုံးသ႑ာန္လုပ္ေပးထားေသာ ဝတ္႐ုံအား ယူရန္ ထမည္အျပဳမွာပင္ ခါးကိုဖက္တြယ္လာေသာ အထိအေတြ႕ေၾကာင့္ ေသြးေျပာင္းျပန္စီးမတတ္ပင္ ခံစားရသည္။

"alpha..."

alphaတဲ့... အရွင္ဟာ သူ႕ကို alphaဟု ေခၚသည္တဲ့...heat၏ အက်ိဳးဆက္မွန္းသိသည့္တိုင္ စိတ္ႏွလုံးတို႔ ခုန္ေပါက္ေနသည္မွာ ထိန္းခ်ဳပ္၍ပင္ မရ။

"ငါ့ကို အဆင္ေျပေအာင္လုပ္ေပးပါ alpha... အဲ့အခ်ိန္တုန္းကလိုမ်ိဳး"

"အရွင္.. အဲ့..အဲ့ဒါက"

"ဟင့္... ငါေနရခက္တယ္လို႔ alpha... လာဗင္ဒါေလးကို ဒီအတိုင္းပဲ ပစ္ထားေတာ့မွာလား..."

ေငြ႕ရည္ဝိုင္းဖြဲ႕ေနေသာ ခရမ္းစြဲေရာင္ မ်က္ဝန္းတို႔ႏွင့္ ၫုတုတု အသံခ်ိဳခ်ိဳေလးတို႔ ေပါင္းစပ္လိုက္သည့္အခါ မ်က္ဝန္းစိမ္းစိမ္းတို႔ ႐ူးရန္လုံေလာက္ပါၿပီ။

အျဖစ္အပ်က္တို႔က ျမန္ဆန္လြန္းလွသည္။ ညွို႔ယူေနေသာ လာဗင္ဒါေလးအား အခင္းဝတ္႐ုံစေပၚသို႔ လွဲေလ်ာင္းေစရင္း အုပ္မိုးလိုက္ေသာ အေနအထား၊ ထိုမွတဆင့္ ႏုညက္ေသာအသားအရည္ေပၚတြင္ ေနရာယူလာေသာ မ်က္ဝန္းစိမ္းပိုင္ရွင္၏ ႏႈတ္ခမ္းထူထူမ်ား၊ ခိုးခိုးခစ္ခစ္ ညံလ်က္ရွိေသာ လာဗင္ဒါေလး၏ ရယ္သံမ်ားမွာ သာမန္အခ်ိန္ႏွင့္ ကြဲျပားလြန္းကာ ယုံၾကည္ရခက္ခဲေလာက္သည္ပင္။

သို႔ေသာ္လည္း ရမၼက္ႏွင့္ အသိစိတ္ၾကား ျခားနားထားေသာ အာ႐ုံေၾကာအလႊာပါးေလးက လႈံ႕ေဆာ္သတိေပးလာသည့္အခါတြင္ေတာ့ ထယ္ေဟ်ာင္းတစ္ေယာက္ အသိစိတ္ဝင္လာခဲ့ေတာ့သည္။ လာဗင္ဒါေလးက heatေၾကာင့္ အသိစိတ္လြတ္ေနခဲ့ပါလွ်င္ေတာင္ သူကေတာ့ အခြင့္အေရးမယူသင့္ပါေလ။ တခဏတာ သာယာမႈအတြက္ အရွင္သခင္ေလး အရွက္ရကာ အယုံအၾကည္ပ်က္ေအာင္လည္း မလုပ္ခ်င္သည္ေၾကာင့္

"အဆင္ေျပေအာင္္ လုပ္ေပးပါ့မယ္ လာဗင္ဒါ။ ဒါေပမယ့္ လြန္က်ဴးတဲ့ အေျခအေနထိေတာ့ မျဖစ္ၾကရေအာင္"

ထို႔ေနာက္ heatျဖစ္ေနသူ လာဗင္ဒါေလး သာယာမႈရရွိေစရန္ ပထမအႀကိမ္ကကဲ့သို႔ ႏုနယ္ေသာ အစိတ္အပိုင္းတို႔အား လက္သြယ္သြယ္တို႔ျဖင့္ ညင္သာစြာ ထိေတြ႕ေပးမိသည္။ အံႀကိတ္ကာ ၿငီးတြားေလသူ လာဗင္ဒါေလးမွာ ပုံမွန္အခ်ိန္ႏွင့္ အလုံးစုံကြဲျပားေနသည္မို႔ ထယ္ေဟ်ာင္းမွာ ၾကက္သီးပင္ထမိပါသည္။ အသိစိတ္ျပန္ဝင္လာခဲ့လွ်င္ ဘယ္လိုျပႆနာရွာခံရဦးမည္ မသိပါေလ။

"အဆင္ေျပရဲ႕လား။ အခု ေနရသက္သာသြားၿပီလား လာဗင္ဒါ"

"မ..မလုံေလာက္ဘူး... ေနရခက္ေသးတယ္ alpha... ဒီ့ထက္ ပိုၿပီးထိေတြ႕ေပးပါ...

ပို၍ ေတာင္းဆိုလာသည့္ လာဗင္ဒါေလးေၾကာင့္ ေခါင္းစားမိျပန္သည္။ ဘယ္လိုနည္းႏွင့္မ်ား ေျဖရွင္းေပးရမည္လဲ။ ေသြးသားစပ္ယွက္လိုက္ျခင္းျဖင့္ အလြယ္နည္း သုံးလွ်င္ရေသာ္လည္း အသိစိတ္ဝင္လာခဲ့သည့္အခါ မာနထိခိုက္နိုင္သလို သူ႕အေပၚလည္း အယုံအၾကည္ လုံးဝပ်က္ဆီးသြားေလာက္မည္ပင္ မဟုတ္လား။ ဒါ့အျပင္ heatေၾကာင့္ အသိစိတ္လြတ္ေနသူေလးအား အခြင့္အေရးလည္း မယူခ်င္ပါေလ။

ထို႔ေၾကာင့္ သက္ျပင္းရွည္တစ္ခုႏွင့္အတူ အေတြးတစ္ခုအား အေကာင္အထည္ေဖာ္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္။ မ်က္ႏွာပူရသည့္နည္းလမ္းျဖစ္ေသာ္လည္း ေျခလြန္လက္လြန္ျဖစ္ရသည္ထက္ေတာ့ ေတာ္ေသးသည္ေလ။

တဖက္မွ လာဗင္ဒါေလးသည္ေတာ့ အေနာက္ဘက္ရပ္ဝန္းသို႔ ျခယ္လွယ္နယ္ကြၽံလာေသာ အနမ္းႏုႏုတို႔၏ အထိအေတြ႕ေၾကာင့္ လူးလြန့္ကာေနေလေတာ့သည္။ အခင္းဝတ္႐ုံစကို ခပ္တင္းတင္း ဆြဲကိုင္ကာ နားရွက္ဖြယ္ အသံတို႔ကို ျပဳမိသူ လာဗင္ဒါေလးမွာ မာန္စြယ္ဟပ္ေသာ Eldoraျပည့္ရွင္ပုံစံႏွင့္ ယုံရခက္ေလာက္ေအာင္ပင္ ျခားနားလြန္းပါသည္။

အခ်ိန္တစ္ခုအၾကာတြင္ေတာ့ သာယာမႈ၏ အထြဋ္အထိပ္သို႔ ေရာက္ရွိကာ ဝတ္ရည္ခ်ိဳခ်ိဳတို႔ ထုတ္လႊတ္၍ ပင္ပန္းသြားဟန္ေပၚေသာ လာဗင္ဒါေလး။ ႏွိပ္ခ်ည္ျမင့္ခ်ည္ ရင္အစုံအား လက္ျဖင့္ဖိႏွိပ္ကာ အိပ္ေမာက်သြားေလသည္။

ဝတ္ရည္စုပ္ယူသူ မ်က္ဝန္းစိမ္းပိုင္ရွင္သည္ေတာ့ အိပ္ေမာက်သြားေသာ လာဗင္ဒါေလးကို ၾကည့္ရင္း မိမိအျဖစ္အား မယုံနိုင္ျဖစ္ေနေလေတာ့သည္။ တဆက္တည္းမွာပင္ ထႂကြလာေသာ ေသြးသားဆႏၵေၾကာင့္ ဂူအျပင္သို႔ အျမန္ေရွာင္ရွားလိုက္ရေတာ့သည္။ လာဗင္ဒါေလးသည္ အႏၱရာယ္မ်ားလိုက္ပါဘိ။

ဆႏၵျပည့္ေျမာက္၍ ႏွစ္ခ်ိဳက္စြာ အိပ္ေမာက်ေနသူ အရွင္လာဗင္ဒါေလးသည္ေတာ့ နိုးလာခဲ့ပါလွ်င္ ထိုအေၾကာင္းအရာတို႔အား မွတ္မိခ်င္မွ မွတ္မိပါလိမ့္မည္။ ထို႔အျပင္ မိမိအမည္အား ျမည္တြမ္းကာ ဆႏၵျဖည္ေလွ်ာ့ေနရသူ alphaအေၾကာင္းကိုလည္း သိနိုင္လိမ့္မည္ မဟုတ္ပါေလ။

•••••

နံနက္ခင္း သူရိန္ေနမင္းႏွင့္အတူ အရွင္ေလးပါ နိုးထလာခဲ့ေလသည္။ စိတ္ၾကည္လင္စြာျဖင့္ နိုးထလာေသာ အရွင္ေလးမွာ ဘာကိုမွ မွတ္မိပုံ မေပၚသလို ဂူေပါက္ဝတြင္ ငိုက္ျမည္းေနေသာ မိမိကိုယ္ရံေတာ္အား အကဲခတ္ေနမိသည္။

"ေျပာေတာ့ျဖင့္ နံနက္ေစာေစာ ဒီကထြက္မယ္ဆိုၿပီး ခုထိ မနိုးေသးဘူးပဲ။ ဝီရိယနည္းလိုက္တဲ့ လူ"

ထိခိုက္မထားေသာ ေျခေထာက္အား အားျပဳကာ ဂူအျပင္သိို႔ ထြက္မိေတာ့ နံနက္ခင္းအလွႏွင့္အတူ စိတ္ၾကည္ႏူးဖြယ္ အိုေအစစ္ကေလးက သူ႕အားႀကိဳဆိုသည္။ ၾကည္လဲ့ေနေသာ ေရအိုင္ထဲမွ ေရျဖင့္ မ်က္ႏွာသန့္စင္ကာ နံနက္ခင္းေလကို တဝႀကီး ရႉသြင္းမိသည္။ ဘာေၾကာင့္မွန္းမသိ ယေန႕နိုးထလာရသည္က သာမန္ထက္ပင္ စိတ္ၾကည္လင္ေနသည္ေလ။ အိုေအစစ္ကေလး၏ အလွေၾကာင့္ျဖစ္မည္တူပါသည္။

တဆက္တည္းမွာပင္ ေတြးမိသည္က ေဒါသတႀကီးျဖင့္ ထြက္ခဲ့ရာမွ ယခုထိတိုင္ ျပန္မေရာက္ေသးေသာ မိမိေၾကာင့္ ပြက္ေလာရိုက္ေနမည့္ နန္းေတာ္ကိုပင္ ျဖစ္သည္။ မဟုတ္မမွန္သတင္းမ်ား ထြက္မလာခင္ အျမန္ျပန္ရပါဦးမည္ေလ။

"ေဟ့လူ။ ကိုယ္ရံေတာ္ ကင္မ္။ ထေတာ့။ ကိုယ္ေတာ္တို႔ ျပန္ရဦးမယ္ေလ"

လႈပ္၍ ႏွိုးမိေတာ့ အိပ္မႈံစုတ္ဖြားျဖင့္ ပြင့္ဟလာေသာ မ်က္ဝန္းစိမ္းတို႔။ အလင္းအား ေနသားက်ေအာင္ ႀကိဳးစားၿပီးကာမွ သူ႕အား လူထူးဆန္းသဖြယ္ၾကည့္ကာ

"ဟင္ အရွင္။ သက္သာသြားၿပီလား"

"ေျခေထာက္လား။ မေန႕ကထက္ေတာ့ သက္သာတယ္"

"မဟုတ္ဘူး။ အရွင္ heatျဖစ္ေနတာ မဟုတ္ဘူးလား"

ကိုယ္ရံေတာ္ကင္မ္၏ အေမးေၾကာင့္ ႐ုတ္တရက္ ေထိတ္ရႈပ္ေထြးရသည္။ heatအရိပ္အေယာင္ တစ္ခုမွ်ပင္ မရွိပဲ ဘာေၾကာင့္heatျဖစ္ေနသည္ဟု ထင္ေနသည္လဲ။

"ဘယ္ကheatလဲ။ ဒီေလာက္ထိ စိတ္ၾကည္လင္ေနတာကို"

"ဟင္ ဒါေပမယ့္ ညက----"

စကားမဆုံးေသးခင္မွာပင္ မွတ္ဥာဏ္အပိုင္းအစတခ်ိဳ႕က ဝိုးတဝါး မမွတ္မိလာသည္မို႔ အရွင့္ပါးမို႔ေလးမ်ား နီရဲလာေတာ့သည္။ တခ်ိန္တည္းမွာပင္ ေခါင္းထဲဝင္လာေသာ သမားေတာ္မင္၏ စကားေၾကာင့္ innerwolfကိုသာ က်ိန္ဆဲလိုက္မိေတာ့သည္။

*ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးနဲ႕ alphaနဲ႕ ႐ုတ္တရက္ အနီးကပ္ေနရတာေၾကာင့္ အခ်ိန္မတန္ေသးပဲ Heatဆန္ဆန္ ေဝဒနာမ်ိဳးျဖစ္ေကာင္းျဖစ္နိုင္တယ္*

တယ္လည္း ဒုကၡေပးေသာ innerwolfပါလား။ သူ႕အား ဖုံးကြယ္ရန္ ေဆးထိုးရ၊ ဝတ္႐ုံခိုးရျဖင့္ ခုလည္း တမ်ိဳး ဒုကၡေပးျပန္သည္။ အရွင္ေလး စိတ္ခုေနမိၿပီပင္ျဖစ္သည္။

တဆက္တည္းမွာပင္ ဆက္၍ေတြးမိသည္က မ်က္စိေရွ႕မွ alpha။ အလုံးစုံမမွတ္မိသည္ေၾကာင့္ ထိုalphaက ဘယ္လိုနည္းလမ္းသုံး၍ ေျဖရွင္းေပးခဲ့သည္ကို မသိပါေလ။ ေျခလြန္လက္လြန္သာ ျဖစ္သြားခဲ့ပါလွ်င္ အက်ိဳးနည္းေခ်ၿပီ။

"ခင္ဗ်ား!! ကိုယ္ေတာ့္ကို ညက ဘာလုပ္လိုက္ေသးလဲ!"

အရွင္ေလး၏ မာန္ပါပါ အေမးေနာက္ မ်က္ဝန္းစိမ္းစိမ္းတို႔ မတည္မၿငိမ္ျဖစ္ကာ အလ်င္အျမန္ပင္ ေျဖရွင္းခ်က္ေပးရေလေတာ့သည္။ ဒါေတာင္ အခြင့္အေရးမယူခဲ့ေပလို႔ေပါ့။ ေတာ္ပါေသးသည္။

"က်ဳပ္က အရွင္ သက္သာေအာင္ပဲ လုပ္ေပးခဲ့တာပါ။ လြန္လြန္က်ဴးက်ဴး မျဖစ္ခဲ့ဘူး"

"ေသခ်ာလို႔လား။ ခင္ဗ်ားစကားကို ကိုယ္ေတာ္က ဘယ္လိုယုံရမွာလဲ"

"မဟုတ္ရင္ အရွင္ အခုလိုေနလို႔ ဘယ္ရမလဲ။ လမ္းေလွ်ာက္လို႔ေတာင္ မရေလာက္ဘူး"

သင့္တင့္ေသာ အေျဖတစ္ခုမဟုတ္သည့္တိုင္ အရွင္ေလးဘက္မွ အနည္းငယ္ေတာ့ ေလ်ာခ်သြားသည္ေၾကာင့္ သက္ျပင္းခ်မိသည္။ သို႔ေသာ္လည္း မ်က္ေစာင္းလွလွ တစ္ခုသည္ေတာ့ သူ႕ဆီ က်ေရာက္ဆဲပင္ျဖစ္သည္။

"ဘာမွ မလုပ္ဘူးဆိုရင္လည္း ၿပီးေရာေပါ့။ သိပ္ရွည္တာပဲ။ ျပန္ၾကမယ္။ ခုထေတာ့"

"ခ်က္ခ်င္းႀကီးလား အရွင္"

"အင္း အခု ခ်က္ခ်င္းပဲ။"

"အရွင့္ေျခေထာက္က အရွင္းမေကာင္းေသးတာ ေျဖးေျဖးသြား--- အရွင္!!"

ကိုယ္ရံေတာ္ကင္မ္၏ သတိေပးသံပင္ မဆုံးလိုက္ပါ။ ရွက္ရွက္ျဖင့္ ေျခဦးတည့္သို႔ ခပ္သြက္သြက္ ေလွ်ာက္မိေသာ အရွင္ေလးမွာ ဒုတိယအႀကိမ္ေျမာက္ ေျခေခါက္ေလေတာ့သည္။ ကံဆိုးျခင္းသည္ အေပါင္းအေဖာ္ႏွင့္ လာတတ္သည္ဆိုသည္မွာ မွန္လိုက္ေလျခင္း။

•••••

"ကိုယ္ေတာ့္ဘာသာ ေလွ်ာက္နိုင္တယ္လို႔! ဟာ ကိုယ္ရံေတာ္ကင္မ္!"

မိုးမခေတာတြင္း၌ ညံလာေသာ အသံေလးမွာ ႏွစ္ေယာက္မရွိေသာ Eldoraအရွင္ေလး၏ အသံပင္။

အေၾကာင္းမွာကား အစိုးရိမ္လြန္ေသာ ကိုယ္ရံေတာ္ကင္မ္က ေတာလမ္းကို ေျခေထာက္ဒဏ္ရာျဖင့္ သြားရမည္စိုးသည္ေၾကာင့္ ေပြ႕ခ်ီရန္ႀကိဳးစားေနသည္ေၾကာင့္ပင္။ မိမိသက္သာရာ သက္သာေၾကာင္း ျဖစ္္သည့္တိုင္ လမ္းေတာက္ေလွ်ာက္ ထိုalphaေပြ႕ခ်ီမွ သြားရမည့္ အေနအထားႀကီးကိုေတာ့ လက္မခံခ်င္ပါေလ။

"အရွင္းမေကာင္းေသးပဲ အတင္းအက်ပ္မႀကိဳးစားပါနဲ႕ အရွင္။ ဒီလိုလုပ္မွ ဒဏ္ပိၿပီး သက္သာဖို႔ၾကာေနမယ္။ က်ဳပ္ခ်ီသြားရတာက ဘာမွမပင္ပန္းဘူး"

"ေအာ္ေဟာ္။ ကိုယ္ေတာ္က တိုင္းျပည္အရွင္ပါ။ ကိုယ့္အားကိုယ္ကိုးနိုင္တယ္"

မာန္ကေလးခ်ီကာေျပာလာေသာ အရွင္လာဗင္ဒါေလးအား ထယ္ေဟ်ာင္းအသည္းယားစြာ ရယ္မိေတာ့သည္။ ေျခေထာက္ဒဏ္ရာေၾကာင့္ ေထာ့နင္းေထာ့နင္းသြားရန္ အဆင္မေျပသည့္ အေနအထားမွာပင္ မာနခဲေလး အရွင္မွာ မာန္မေလွ်ာ့ေသးပါေလ။

"ဘာလဲ ကိုယ္ရံေတာ္ကင္မ္က ကိုယ္ေတာ့္ကို ေလွာင္တာလား"

"မဟုတ္ရပါဘူးဗ်ာ ဟားဟား"

"ၾကည့္။ ခုေတာင္ ရယ္ေနျပန္တယ္ မဟုတ္လား!"

"စိုး႐ြံ႕ပါတယ္ တိုင္းျပည္အရွင္ေလးရယ္။ နန္းတြင္းေရာက္မွသာ အျပစ္ေပးခ်င္လည္း ေပးပါေတာ့။ ခုေတာ့ အသာတၾကည္ေလးသာ လိုက္ခဲ့။ ဟုတ္ၿပီလား။ ဒီေျခေထာက္ အေနအထားနဲ႕ ေတာလမ္းခရီးရွည္ကို ဘယ္လိုလုပ္ေျခလ်င္သြားလို႔ အဆင္ေျပမွာလဲ"

ထိုalpha၏ စကားတို႔ကလည္း မမွားျပန္သည္ေၾကာင့္ သည္တေခါက္တြင္ေတာ့ အရွင္ေလး မျငင္းနိုင္ေတာ့ပါ။ သို႔ေသာ္လည္း ေတာက္ေလွ်ာက္ႀကီး ေပြ႕ခ်ီလ်က္ အေနအထားျဖင့္သြားရမည္ကလည္း တမ်ိဳးျဖစ္ရသည္ မဟုတ္လား။

"ဒါဆို ကိုယ္ေတာ္ ေနာက္က တက္မယ္။ ကိုယ္ရံေတာ္ကင္မ္က ကုန္းပိုးလိုက္။ ခ်ီေတာ့မခ်ီနဲ႕။ အၾကာႀကီးဆို ကိုယ္ရံေတာ္ကင္မ္လည္း မနိုင္ေလာက္ဘူး။"

မနိုင္မည္စိုးသည္ထက္ ေပြ႕ခ်ီခံရမည့္အေနအထားမွ လိုက္ရမည္ကို ရွက္ေနသည့္ အရွင္လာဗင္ဒါေလးအား ရိပ္စားမိသည္မို႔ မ်က္ဝန္းစိမ္းစိမ္းတို႔က ခိုး၍ၿပဳံးမိကာ

"ဟုတ္ပါၿပီ။ ဒါျဖင့္ရင္လည္း က်ဳပ္ေက်ာေပၚကသာ လိုက္ခဲ့ေတာ့"

တဆက္တည္းမွာပင္ ဒူးေထာက္ကာ ေက်ာဘက္သို႔ လွည့္ေပးမိေတာ့ မခ်င့္မရဲျဖင့္ ဖက္တြယ္တက္လာေသာ ခပ္ျပည့္ျပည့္ ကိုယ္လုံးေလး။ စိတ္လႈပ္ရွားေနဟန္ျဖင့္ အသက္ရႉႏႈန္းတို႔က ျမန္ဆန္ေနေသးသည္။ ကိုယ္ရံေတာ္ကင္မ္သည္လည္း အနီးကပ္ရေနေသာ လာဗင္ဒါအနံ႕ႏွင့္ ႏုညက္ေသာ ထိေတြ႕မႈေၾကာင့္ ႏွလုံးခုန္ႏႈန္းတို႔ပင္ ျမန္ဆန္လာရသည္။ သို႔ေသာ္လည္း မိမိစိတ္ကို ထိန္းခ်ဳပ္ကာ ေရွ႕ဘက္သို႔ တြဲေလာင္းခ်ထားေသာ လက္ေမာင္းျဖဴျဖဴႏွစ္ဖက္တို႔အား သိုင္းဖက္သည့္အေနအထားျဖစ္ေအာင္ ျပဳျပင္ေပးလိုက္ရင္း ခရီးစခဲ့လိုက္ေတာ့သည္။

"ေသခ်ာဖက္ထားေနာ္ အရွင္"

"ဘ-ဘယ္ကိုဖက္ရမွာလဲ"

"ေဟာ က်ဳပ္ပုခုံးကိုေပါ့။ မဟုတ္ရင္ ျပဳတ္က်မယ္ေလ"

"သိတယ္။ ကိုယ္ေတာ္လည္း အဲ့ဒါကိုပဲ ေမးတာ။ စကားမမ်ားနဲ႕ေတာ့ ၿမိဳ႕ထဲ အဝင္ေနာက္က်ေနမယ္"

မရဲတရဲေလး ဖက္တြယ္လာကာ စကားေရွ႕ဆက္၍မရေအာင္ ပိတ္ေျပာေလေသာ အရွင္က ခ်စ္ဖြယ္အတိပါပင္။ အသံထြက္ေအာင္ ရယ္မိလွ်င္ ေလွာင္သည္ဟူ၍ ျပႆနာရွာဦးမည္ျဖစ္သည္ေၾကာင့္ ခိုး၍သာ ၿပဳံးကာ ခရီးဆက္ခဲ့ေတာ့သည္။

သည္လိုႏွင့္ အေတြးကိုယ္စီျဖင့္ ေတာလမ္းခရီးအား တိတ္တဆိတ္ ဆက္ခဲ့ရာ လမ္းခုလတ္တစ္ခု အေရာက္တြင္..

"ေလးေနၿပီလား ကိုယ္ရံေတာ္ကင္မ္။ ကိုယ္ေတာ့္ကို ခ်ေပးၿပီး နားလို႔ရတယ္ေနာ္"

"မေလးပါဘူး အရွင္။ ငွက္ေမႊးေလးထမ္းထားရသလိုပဲ"

"အပိုေတြကေျပာၿပီ"

စိတ္အႏွောင့္အယွက္ျဖစ္သေယာင္ ေလသံျဖင့္ေျပာသည့္တိုင္ မသိမသာ ပို၍ မွီတင္းလာေသာ အေနအထားအရ အရွင္ေလးသည္ သူ႕ႏွင့္ပို၍ သက္ေတာင့္သက္သာျဖစ္လာေၾကာင္း ရိပ္စားမိပါသည္။ ထို႔ေၾကာင့္ သိလိုစိတ္ ျပင္းျပေနခဲ့ေသာ အေၾကာင္းအရာအား ေမးရန္ဆုံးျဖတ္လိုက္ပါသည္။

"ဒါနဲ႕ အရွင္ က်ဳပ္သိခ်င္တာရွိတယ္"

"အင္း ေျပာေလ ကိုယ္ရံေတာ္ကင္မ္"

"ဒီေလာက္အၾကာႀကီး omegaဆိုတာကို လူေတြမသိေအာင္ ဘယ္လို ဖုံးကြယ္ထားနိုင္တာလဲ။

သူ႕ေမးခြန္းေနာက္ ေလးလံလာေသာ အရွင္လာဗင္ဒါေလး၏ အသက္ရႉသံ။ ေျဖရခက္ေသာ အေၾကာင္းအရာျဖစ္ေနခဲ့သည္လား။ သူေမးခြန္းထုတ္မိတာမ်ား မွားသြားခဲ့သည္လား။

"က်ဳပ္ေမးတာ ေဘာင္ေက်ာ္သလိုျဖစ္သြားမယ္ဆို အရွင္ မေျဖခ်င္လည္းရပါတယ္"

"မဟုတ္တာ။ ခင္ဗ်ားလည္း သိထားသင့္တာေပါ့"

ခပ္တိုးတိုး အေျဖစကားျပဳလာသူ အရွင္။ ထို႔ေနာက္တြင္ေတာ့ သက္ျပင္းရွည္တခ်က္ဆြဲကာ

"ေဆးေတြနဲ႕ ထိန္းခ်ဳပ္ထားခဲ့တာ။ omegaဆိုတဲ့ သ႐ုပ္မွန္ေတြ ေပၚမလာေအာင္။ heatျဖစ္မလာေအာင္ေပါ့"

"ဒါေပမယ့္ အဲ့တေလာက ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးကို အေတာ္ေလး ခံစားခဲ့ရလို႔ ေဆးထိုးတာကို ရပ္လိုက္ရတယ္။ ေဘးထြက္ဆိုးက်ိဳးေတြသက္သာဖို႔ ပထမဆုံး heatျဖစ္ေပးရမွာ ျဖစ္တဲ့အတြက္ ဒီေတာထဲကို လာခဲ့တဲ့အခ်ိန္ ခင္ဗ်ားနဲ႕ စဆုံခဲ့တာပဲ။"

အရွင့္၏ စကားေနာက္ အာ႐ုံထဲဝင္လာသည္က လေရာင္ေအာက္တြင္ ညို႔ခ်က္ျပင္းျပင္းျဖင့္ လွေနခဲ့ေသာ ခရမ္းစြဲေရာင္ မ်က္ဝန္းတို႔ပင္။ သာမန္alphaသာဆိုလွ်င္ စိတ္လြတ္သြားနိုင္ေလာက္သည္အထိ ညွို႔အားျပင္းေသာ မ်က္ဝန္းလက္လက္တို႔ႏွင့္ စြဲမက္ဖြယ္ လာဗင္ဒါနံ႕ေၾကာင့္ ကိုယ္တိုင္လည္း အေတာ္ေလး သတိကပ္ေအာင္ ႀကိဳးစားခဲ့ရသည္မဟုတ္လား။

"အခုထိေရာ အဲ့ေဆးေတြ ျပန္သုံးေနေသးတာလား။ အရွင့္မ်က္လုံးက သာမန္အခ်ိန္မွာ အေရာင္မေျပာင္းလို႔ေလ"

"မဟုတ္ဘူး။ အခုသုံးတာက အဲ့ဒီေဟာ္မုန္းေဆးေလာက္ မျပင္းထန္တဲ့ အနံ႕ဝွက္ေဆး။ ဟိုေဆးေလာက္ေတာ့ အလုံးစုံမဖုံးကြယ္နိုင္တာမို႔ စိတ္ခံစားခ်က္ျပင္းထန္ရင္ မ်က္လုံးအေရာင္ေျပာင္းလာတာမ်ိဳး၊ လာဗင္ဒါအနံ႕ ထြက္လာတာမ်ိဳးေတြ ရွိတယ္။ ေနာက္ၿပီး heatေကာေပါ့"

"ဒါေပမယ့္ ဘယ္လိုပဲ အာနိသင္မျပင္းဘူးေျပာေျပာ ေဘးထြက္ဆိုးက်ိဳးက ရွိဦးမွာပဲေလ အရွင္။ အႏၱရာယ္မ်ားလိုက္တာ"

ညက ျဖစ္ခဲ့ေသာ heatမမည္သည့္ heatသည္လည္း ထိုေဘးထြက္ဆိုးက်ိဳးမ်ားထဲမွ တစ္ခုဟု ေကာက္ခ်က္ခ်မိေတာ့သည္။ သ႐ုပ္မွန္ကို ဖုံးကြယ္ကာေနရေသာ အရွင့္ဘဝမွာ မလြယ္ကူလွပါလားေလ။

"အင္း...ရွိမွာေပါ့။ မတတ္နိုင္ဘူးေလ ကိုယ္ရံေတာ္ကင္မ္။ omegaတစ္ေယာက္က အုပ္ခ်ဳပ္သူလုပ္လို႔မွ မရပဲ"

"မဟုတ္တာ အရွင္ရယ္...."

အႏၱရာယ္ မ်ားလိုက္ေလျခင္း။ omegaအုပ္ခ်ဳပ္သူတစ္ဦးအျဖစ္ ရပ္တည္နိုင္ဖို႔အတြက္ စြန့္စားမႈေတြ မ်ားလိုက္ေလျခင္း။ ႐ုပ္ပိုင္းဆိုင္ရာေကာ စိတ္ပိုင္းဆိုင္ရာပါ သန္မာလြန္း၍သာ အရွင္ေလးဟာ သည္ေလာက္ထိ ေတာင့္ခံနိုင္ခဲ့ပုံပင္။ ေလးစားဖြယ္ပါပင္။

"သနားသြားတာလား။ အဲ့လိုေလသံနဲ႕ မေျပာပါနဲ႕ ။ ကိုယ္ေတာ္ သနားခံခ်င္လို႔ ေျပာျပတာမဟုတ္ဘူး။ ဒီအတိုင္း အနီးကပ္ ကိုယ္ရံေတာ္တစ္ေယာက္အေနနဲ႕ သိသင့္တယ္လို႔ ခံစားရလို႔။ ခင္ဗ်ားကိုလည္း နည္းနည္းယုံလို႔ရမယ္ထင္လို႔ေလ။"

"နည္းနည္းပဲလား အရွင္"

"အင္း နည္းနည္းပဲ"

"ဟားး ဒါျဖင့္ရင္ ဒီ့ထက္ပိုၿပီး အရွင့္ယုံၾကည္မႈကို ရေအာင္ ႀကိဳးစားရေတာ့မွာပဲ က်ဳပ္က"

ထိုစကား၏ေနာက္ အရွင္လာဗင္ဒါေလးက ခပ္ဟဟရယ္မိသည္။ အမွန္တကယ္လည္း ယုံၾကည္မႈအနည္းငယ္ပိုလာ၍ ေျပာျပမိျခင္းပင္။ Heatေၾကာင့္ အသိစိတ္လြတ္ေနခဲ့ေသာ သူ႕အား ႏွစ္ႀကိမ္တိုင္တိုင္ အခြင့္အေရးမယူပဲ ကူညီခဲ့သူပင္ မဟုတ္လား။ ဒီေလာက္ေတာ့ ယုံၾကည္၍ ရသည္ဟု ထင္္ပါသည္ေလ။

"လုပ္ၾကည့္ေလ။ ခင္ဗ်ားသာ သစၥာေစာင့္သိမယ္ဆို တသက္လုံး ကိုယ္ေတာ့္ရဲ႕ေဘးမွာ လူယုံအေနနဲ႕ ေနသြားလို႔ရတယ္။"

"လူယုံအေနနဲ႕ပဲလား အရွင္" "အာ့!"

စကားပင္ မဆုံးေသးခင္ ပုခုံးအား ခပ္ဆတ္ဆတ္ရိုက္လိုက္ေသာ အရွင့္လက္စေၾကာင့္ အီစိမ့္သြားေတာ့သည္။ omegaတစ္ဦးဟု ထင္ရဖြယ္ မရွိေလာက္ေအာင္ အရွင္က လက္သံေျပာင္ပါသည္ေလ။

"ခင္ဗ်ားက ဘာလုပ္ခ်င္ေသးလို႔လဲ"

"နည္းနည္းမွကို စကားအမွားမခံပါ့လား အရွင္ရယ္။ က်ဳပ္က ဒီအတိုင္းေျပာတာပါ"

"ကိုယ္ေတာ့္သ႐ုပ္မွန္ကို သိထားတယ္ဆိုၿပီး မရိုးသားတဲ့ အႀကံအစည္ေတြ ႀကံေနတယ္ဆိုရင္ေတာ့ ခုကတည္းကလက္ေလွ်ာ့လိုက္တာ ေကာင္းမယ္။ အျပစ္သားကို ထိုက္သင့္တဲ့အျပစ္ ဘယ္လိုေပးတတ္လဲဆိုတာ ခင္ဗ်ားကိုယ္တိုင္ သိၿပီးသားျဖစ္မွာပါ ကိုယ္ရံေတာ္ကင္မ္"

"သိပါတယ္။ သူမ်ားဝတ္႐ုံကို ယူသြားၿပီး ဝတ္႐ုံပိုင္ရွင္ကို အက်ဥ္းခ်ႏွိပ္စက္ကတည္းက"

"ဟာ ခင္ဗ်ား! အဲ့အေၾကာင္းေတြ ျပန္အစမေဖာ္နဲ႕ေတာ့ေလ။ အေလ်ာ္အစားလည္း ျပန္ရၿပီးၿပီမဟုတ္လား"

"အရွင္ေျပာလို႔ က်ဳပ္က သတိရေအာင္ျပန္ေျပာေပးတာေလ အရွင္ရယ္"

"တယ္ ကပ္တီးကပ္ဖဲ့နိုင္တဲ့ alphaပဲ။ စကားလည္း သိပ္မ်ားတယ္။ ေတာ္ေတာ့။ သြားစရာရွိတာသာ ျမန္ျမန္သြားရေအာင္"

စကားနိုင္လုကာ ခရီးဆက္လာသည့္တိုင္ တစ္ဦးႏွင့္ တစ္ဦးၾကား ပို၍ သက္ေတာင့္သက္သာျဖစ္ကာ ရင္းႏွီးလာသည္ကိုေတာ့ အရွင္ေကာ ကိုယ္ရံေတာ္ကင္မ္ပါ ေကာင္းေကာင္းရိပ္စားမိၿပီး ျဖစ္ေလသည္။

•••••

သည္လိုႏွင့္ စိတ္ဆတ္ေသာ အရွင္ေလးနံေဘး၌ တာဝန္ထမ္းေဆာင္ရျခင္းမွာ ရက္သတၱပတ္မွ လႏွင့္ခ်ီကာ ကူးေျပာင္းလာၿပီပင္ ျဖစ္သည္။ ပို၍ ရင္းႏွီးလာသည့္အျပင္ စိတ္ႀကီးတတ္ေသာ အရွင္ေလးထံမွ မၾကာခဏ ရန္ေထာင္ျခင္း ခံရသည့္တိုင္ အျခားအမႈထမ္းမ်ားႏွင့္ ယွဥ္လွ်င္ေတာ့ အေတာ္ေလး အေစးကပ္သည္မို႔ ကိုယ္ရံေတာ္ကင္မ္မွာ အရွင့္လူယုံသဖြယ္ပင္ ျဖစ္လာေတာ့သည္။

"အရွင့္ေမြးေန႕အတြက္ ၿမိဳ႕ထဲမွာ ပြဲေတာ္က်င္းပဖို႔ စီစဥ္ထားပါတယ္။ ေနာက္ၿပီး နန္းေတာ္မွာလည္း ေမြးေန႕ဂုဏ္ျပဳပြဲလုပ္ဖို႔ ျပင္ဆင္ထားပါတယ္"

"ဒီအတိုင္း ၿမိဳ႕ထဲမွာ ပြဲေတာ္ပဲ က်င္းပေပးလိုက္ပါ။ ဆက္ေက်ာ္သက္ မင္းသားငယ္ေလးလည္း မဟုတ္ေတာ့တာမို႔ ဂုဏ္ျပဳပြဲေတြ ဘာေတြ မလိုအပ္ေတာ့ဘူး"

လာမည့္ ရက္သတၱပတ္အတြင္းက်ေရာက္မည့္ အရွင့္ေမြးေန႕အတြက္ အစီအစဥ္တို႔အား အစီရင္ခံေနၾကျခင္းပင္ ျဖစ္သည္။ အစဥ္အလာမ်ားအား ေကာင္းေကာင္းမသိေသးေသာ ကိုယ္ရံေတာ္ကင္မ္သည္ေတာ့ အရွင့္ေဘးမွ တိတ္တဆိတ္ နားစြင့္ရင္းသာ အကဲခတ္ေနေလသည္။

"အရင္မင္းႀကီးတို႔လက္ထက္ကတည္းက ႏွစ္စဥ္က်င္းပတာမို႔ ဒီအစဥ္အလာကေတာ့ မပါမျဖစ္ထည့္ရမယ္ေလ အရွင္"

"ဟင္း...ဒါျဖင့္လည္း အမတ္ႀကီးတို႔ကိုယ္တိုင္ပဲ အဆင္ေျပသလို စီစဥ္လိုက္ၾကေတာ့"

ေမြးေန႕ဂုဏ္ျပဳပြဲအမည္ခံ နန္းတြင္း၌က်င္းပေသာ ထိုကပြဲသည္ နန္းတြင္းအမႈထမ္းႏွင့္ နာမည္ရလူတန္းစား မိသားစုမ်ား တက္ေရာက္ေလ့ရွိၾကသည္မို႔ ဘုရင့္ေယာကၡမျဖစ္ေရး ေရွ႕တန္းတင္ထားေသာ အမတ္တို႔အဖို႔ တစ္ႏွစ္ပတ္လုံး ေရွးရႈထားေသာ ပြဲေတာ္ပင္ျဖစ္သည္။

ေမြးေန႕အား လာေရာက္ဂုဏ္ျပဳသည္ဟု အေၾကာင္းျပကာ မိမိစိတ္မဝင္စားေသာ ေယာက္်ားပ်ိဳ မိန္းမပ်ိဳတို႔က မိမိအားဆြဲေဆာင္နိုင္ရန္ အလွအပမ်ိဳးစုံ ျခယ္သကာ ရနံ႕ေပါင္းစုံထုတ္လႊတ္၍ ဆြဲေဆာင္တတ္ေသာ ထိုပြဲေတာ္ကား အရွင္လာဗင္ဒါေလးအတြက္ေတာ့ စိတ္ရႈပ္စရာအျပင္ မပိုသည္ေၾကာင့္ေရွာင္လႊဲခ်င္ပါေသာ္လည္း ေမြးေန႕ရွင္ျဖစ္ေနသည္က တစ္ေၾကာင္း၊ ဖခမည္းေတာ္လက္ထက္ကတည္း အစဥ္အလာျဖစ္ေနသည္က တစ္ေၾကာင္းေၾကာင့္ သည္တေခါက္လည္း အားေမြးကာ သည္းခံရပါဦးမည္ေလ။

ဘာေၾကာင့္မ်ား မိမိၾကင္ယာေတာ္ တင္ျမႇောက္ေရးအေပၚ ထိုအမတ္တို႔က သည္ေလာက္ထိ စိတ္အားထက္သန္ေနသည္လဲ နားမလည္ေပးခ်င္ေတာ့ပါ။ ၾကင္ယာေတာ္ရျပန္လွ်င္လည္း နန္းဆက္အေၾကာင္းကို ေစာဒကတက္ၾကျပန္ဦးမည္။ သည္အရာထမ္းတို႔၏ အလိုကား ဘယ္အခ်ိန္မွ ျပည့္နိုင္လိမ့္မည္လဲပင္ မသိပါ။

တရစပ္ တိုက္တြန္းေနေသာ ႏႈတ္တို႔ ပိတ္သြားေစရန္ မခ်စ္မႏွစ္သက္ေသာသူ တစ္ေယာက္ေယာက္ကို ၾကင္ယာျမႇောက္ရန္လည္း မလုပ္ဝံ့ပါေလ။ မျဖစ္မေန ၾကင္ယာျမႇောက္ရေတာ့မည္ဆိုလွ်င္ေတာင္ ထိုသူအား မိမိသ႐ုပ္မွန္အေၾကာင္း အနည္းႏွင့္အမ်ား အသိေပးရေတာ့မည္မို႔ ထပ္ဆင့္ေရာက္လာမည့္ ျပႆနာတို႔အား မေျဖရွင္းခ်င္ပါ။ အရွင္ေလး စိတ္ရႈပ္ေနရၿပီပင္ ျဖစ္သည္။

"အရွင့္ကို ၾကည့္ရတာ စိတ္ညစ္ၫူးေနသလိုပဲ။ ေမြးေန႕ေရာက္ေတာ့မွာကို ေပ်ာ္ေအာင္ေနရမယ္ေလ"

နန္းေတာ္အေနာက္ရွိ ႏွင္းဆီဥယ်ာဥ္အတြင္း လမ္းေလွ်ာက္ရင္း အတူလိုက္ပါလာေသာ ကိုယ္ရံေတာ္ကင္မ္မွ ဆိုေသာစကားပင္ျဖစ္သည္။

"ကိုယ္ေတာ့္အတြက္ေတာ့ စိတ္ညစ္စရာအျပင္ မပိုပါဘူး ကိုယ္ရံေတာ္ကင္မ္ရယ္။ တကယ္ေတာ့ ေမြးေန႕ဂုဏ္ျပဳပြဲ အမည္ခံ ၾကင္ယာရွာပြဲတစ္ခုပဲေလ။ စိတ္ရႈပ္စရာေကာင္းလြန္းတယ္"

"အဲ့လိုကိုး... ဒါျဖင့္ရင္ အဲ့အေၾကာင္း ေခါင္းထဲက ခဏထုတ္ထားၾကတာေပါ့ အရွင္။ ႀကိဳစိတ္ညစ္ေနရင္ ႏွစ္ဆပင္ပန္းတာပဲရွိမယ္ေလ"

"အင္း။ ခင္ဗ်ားေျပာတာလဲ ဟုတ္တာပဲ ကိုယ္ရံေတာ္ကင္မ္"

သူ႕စကားကို ေထာက္ခံသည့္တိုင္ ႐ႊင္လန္း၍မလာေသာ အရွင္လာဗင္ဒါေလး၏ မ်က္ႏွာေၾကာင့္ ကိုယ္ရံေတာ္ကင္မ္မွာ အာ႐ုံလႊဲရန္ နည္းလမ္းစဥ္းစားရေတာ့သည္။ တဆက္တည္းမွာပင္ သူ႕အာ႐ုံထဲ ဝင္လာသည္က ေဘးတစ္ဖက္တခ်က္စီမွ ႏွင္းဆီပန္းနီနီတို႔ပင္ ျဖစ္သည္။

"ဒါနဲ႕ ဒီႏွင္းဆီဥယ်ာဥ္က သိပ္လွတာပဲေနာ္။ ဘာေၾကာင့္မ်ား ပုန္းကြယ္ၿပီး စိုက္ပ်ိဳးထားတာလဲမသိဘူး။ ေခ်ာင္က်တဲ့ေနရာမွာမို႔ က်ဳပ္ေတာင္ အရွင့္ေနာက္လိုက္ရင္းမွ ဒီေနရာရွိမွန္းသိတာ"

သူ႕အေမးေနာက္ အရွင္ေလးက အဓိပျပါယေဖြာ႐ြခကေသြာ အၿပဳံးတစ္ခုျဖင့္ ပန္းနီနီတို႔ကို ၾကည့္ရင္း စကားဆိုလာေတာ့သည္။ ထိုစကားတို႔ေၾကာင့္ ကိုယ္ရံေတာ္ကင္မ္တစ္ေယာက္ စကားလမ္းေၾကာင္းလႊဲမိတာ မွားၿပီျဖစ္ေၾကာင္း ရိပ္မိလိုက္ပါေတာ့သည္။

"ကိုယ္ေတာ္ omegaမွန္းသိခဲ့ရတဲ့အခ်ိန္မွာ မယ္မယ္က ဒီဥယ်ာဥ္ႀကီးကို စၿပီးပ်ိဳးခဲ့တာ"

"omegaေတြကို ပန္းကေလးေတြနဲ႕ ခိုင္းႏွိုင္းၾကတယ္မဟုတ္လား။ အုပ္ခ်ဳပ္မယ့္သူျဖစ္တဲ့အတြက္ ပန္းကေလးျဖစ္ရင္ေတာင္ ဆူးခက္ေတြဝန္းရံေနတဲ့ ႏွင္းဆီလိုပန္းမ်ိဳးပဲ ျဖစ္ရမယ္ဆိုတဲ့ ခံယူခ်က္နဲ႕ ဒီဥယ်ာဥ္ကို ပ်ိဳးခဲ့တာတဲ့ေလ။ နန္းေတာ္ရဲ႕ အေနာက္မွာ ပ်ိဳးထားရတာကေတာ့ ပုံစံအမွန္ကို ဖုံးကြယ္ထားရတဲ့ ကိုယ္ေတာ့္အျဖစ္ကို ကိုယ္စားျပဳတာေပါ့"

ထို႔ေနာက္ ကိုင္းတခုအားခ်ိဳးကာ ပန္းခူးေလေတာ့ ဆူးခြၽန္ခြၽန္က ေဖာက္ထြင္းသည္ေၾကာင့္ ႏွင္းဆီပြင့္ဖတ္တို႔ႏွင့္ အေရာင္တူညီေသာ ေသြးစတို႔က လက္ေခ်ာင္းႏုႏုတြင္ စီးက်လာေလေတာ့သည္။ သို႔ေသာ္လည္း အရွင္ေလးသည္ေတာ့ မ်က္ႏွာတခ်က္ပင္ မပ်က္ပါေလ။

"မယ္မယ္က ေလယူရာယိမ္းႏြဲ႕တဲ့ လာဗင္ဒါေတြကိုေတာ့ သိပ္မုန္းတာတဲ့ေလ။ သူ႕သားေတာ္က လာဗင္ဒါနံ႕ေတြ လွိုင္ထေနတဲ့ omegaတစ္ေယာက္ ျဖစ္ေနေတာ့ လက္ခံဖို႔ အေတာ္ေလးလည္း ခဲယဥ္းခဲ့ပုံပဲ။ ပန္းကေလးျဖစ္ရင္ေတာင္ ခက္ထန္တဲ့ ပန္းကေလးပဲ ျဖစ္ေစခ်င္ခဲ့မွာ"

ေသြးစို႔ေနေသာ ပန္းခက္ကေလးကို ၾကည့္ရင္း ခပ္ေဆြးေဆြးေျပာလာေသာ အရွင္လာဗင္ဒါေလးအား ထယ္ေဟ်ာင္း ဒီ့ထက္ပို၍ မၾကည့္ရက္ေတာ့။ မိမိ အကၤ်ီစအား ကိုက္ျဖတ္လိုက္ရင္း ယိုစီးက်ေနေသာ ေသြးစတို႔ကို သုတ္ေပးမိသည္။ ပုံမွန္အခ်ိန္ဆို ျငင္းဆန္ေလ့ရွိေသာ အရွင္ေလးက သည္တေခါက္တြင္ေတာ့ မျငင္းဆန္ပဲ ခပ္ေထြေထြသာၾကည့္၍ေနေလသည္။

"က်ဳပ္ကေတာ့ ႏွင္းဆီေတြကိုလည္း သေဘာက်ေပမယ့္ ေလယူရာယိမ္းႏြဲ႕တဲ့ လာဗင္ဒါေတြကို ပိုသေဘာက်တယ္။ သူတို႔ရဲ႕ အနံ႕က အိပ္မေပ်ာ္ေရာဂါရွိတဲ့သူကိုေတာင္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစတယ္ေလ။

"ခင္ဗ်ားက ဘယ္လိုသိတာလဲ"

"လာဗင္ဒါေတြ လွိုင္ေနေအာင္ ပြင့္တဲ့အရပ္မွာ ေနဖူးခဲ့တာမို႔ သိတာပါ။ ထားပါေတာ့ အဓိကေျပာခ်င္တာက လာဗင္ဒါမွာလည္း သူ႕အစြမ္းအစနဲ႕သူရွိတယ္ဆိုတာကိုေျပာခ်င္တာပါ။ ႏွင္းဆီေတြက မထင္ရင္မထင္သလို လူကိုထိခိုက္ေစတတ္ေသးတယ္ေလ။ အခုလိုေပါ့။"

"ဟုတ္မွာပါေလ...ဒါေပမယ့္ ေလယူရာ ယိမ္းႏြဲ႕တတ္တာမို႔ လာဗင္ဒါေတြကို ႏွင္းဆီေတြလိုေတာ့ သန္မာတယ္လို႔ ဘယ္ျမင္ၾကမလဲ"

"ႏွင္းဆီပဲျဖစ္ျဖစ္ လာဗင္ဒါပဲျဖစ္ျဖစ္ ျမတ္နိုးတဲ့သူကေတာ့ ခ်စ္မွာပဲ မဟုတ္လား အရွင္"

သူ႕မ်က္ဝန္းတို႔ႏွင့္ တည့္တည့္ဆုံဆည္းရင္း ဆိုလာေသာ စကားတို႔ႏွင့္ မ်က္ဝန္းစိမ္းစိမ္းတို႔က အဓိပ္ပါယ်အၿခိဳ႕ ပါဝင္ေနသည္။ ထို႔ေၾကာင့္ပဲ ရီေဝေဝအၾကည့္တို႔အား ခပ္ျမန္ျမန္ေရွာင္လြဲလိုက္ကာ စကားလမ္းေၾကာင္းလႊဲခဲ့ေတာ့သည္။

"ေနာက္က်ေနၿပီ ဝင္ၾကရေအာင္ ကိုယ္ရံေတာ္ကင္မ္"

တဆက္တည္းမွာပင္ ေမးခြန္းထုတ္မိသည္က သည္alpha သူ႕အေပၚမ်ား တိမ္းၫႊတ္ေနသည္မ်ားလားဟူ၍ပင္။ အရွင္ေလးမွာ သံသယပင္ ဝင္မိပါေလရဲ႕။

•••••

"အရွင္။ ခန္းမထဲထြက္ဖို႔ အခ်ိန္ေရာက္ပါၿပီ"

အျပာရင့္ေရာင္ ေတာ္ဝင္မင္းသားဝတ္စုံအား ဝတ္ဆင္ထားသူ အရွင္ေလးမွာ ေထြေထြထူးထူးျပင္ဆင္စရာမလိုပဲပင္ ေခ်ာေမာမႈက ထင္ဟပ္ကာေနသည္။ သို႔ေပတည့္ မ်က္ႏွာေခ်ာေခ်ာႏွင့္ မလိုက္ဖက္စြာ မ်က္ခုံးတို႔က တြန့္ခ်ိဳးေနသည္မို႔ စိတ္အလိုမက်မႈတို႔က အလိုလို ထင္ဟပ္ေနသည္ေလ။

နားေနေဆာင္အတြင္းမွ ခန္းမတြင္းသို႔ မ်က္စိလွည့္မိေတာ့ ကပြဲႀကီးအား တေပ်ာ္တပါး က်င္းပေနေသာ္လည္း ေမြးေန႕ရွင္ လာဗင္ဒါေလးမွာေတာ့ မေပ်ာ္နိုင္။ သည္တစ္ႏွစ္လည္း သူစိတ္မဝင္စားေသာ အလွအပမ်ားအား မ်က္ႏွာမပ်က္ေစရန္ သည္းခံႏႈတ္ဆက္ရဦးမည္ေလ။ စိတ္ရႈပ္ဖြယ္ေကာင္းပါဘိ။

သည္ေလာက္စိတ္ရႈပ္စရာေကာင္းသည့္အခ်ိန္တြင္ အနားတြင္မရွိေသာ ကိုယ္ရံေတာ္ကင္မ္အား ပို၍ စိတ္တိုမိသည္။ rutအခ်ိန္ကာလလည္း မဟုတ္ပါပဲ အေရးႀကီးကိစၥဟုဆိုကာ ေပ်ာက္သြားေသာ ကင္မ္ထယ္ေဟ်ာင္းဟာ အလိုက္မသိလြန္းသည္မဟုတ္လား။

"အရွင္။ သူက စိုက္ပ်ိဳးေရးအမတ္ရဲ႕ သမီးအငယ္ဆုံးပါ"

"ဂါရဝျပဳပါတယ္ အရွင္။ ေမြးေန႕ကို ဂုဏ္ျပဳပါတယ္"

"ေက်းဇူးပါ။ ေပ်ာ္႐ႊင္စရာအခ်ိန္ေလး ျဖစ္ပါေစ မိန္းကေလး"

စကားစကို အျမန္ျဖတ္သည့္ အရွင္ေၾကာင့္ ႏႈတ္ဆက္သူ မိန္းကေလးမွာ အလိုမက်ခ်င္။ သက္ေတာ္တစ္ႏွစ္သာ ႀကီးသြားေသာ္လည္း နည္းနည္းေလးပင္ ကထိကရိလုပ္မခံသည္မွာ အရွင့္၏ မေျပာင္းလဲေသာအခ်က္ပါပင္။

မိန္းမပ်ိဳေလးမ်ားကိုတင္ လ်စ္လ်ဴရႈသည္လားဆိုေတာ့ omega အမ်ိဳးသားငယ္ေလးမ်ားကိုလည္း ထူးကဲ၍ မၾကည့္ရႈပါ။ ေမြးေန႕ပြဲကို လာေရာက္ဂုဏ္ျပဳေသာ ဧည္သည္ေတာ္အေနျဖင့္ ခပ္တန္းတန္းသာ ဆက္ဆံသည္မို႔ အခြင့္အေရးနည္းနည္းမွ်ပင္ မရၾကပါေလ။

ေရလာေျမာင္းေဖာက္ေပးသူ အမတ္တို႔သည္ေတာ့ တုပ္တုပ္မွ်မလႈပ္ေသာ အရွင္ေၾကာင့္ မ်က္ႏွာမ်ားသာပ်က္ယြင္းေနၾကၿပီပင္ျဖစ္သည္။ သို႔ေသာ္လည္း ထပ္၍ေတာ့ အထြဋ္မတက္ရဲၾက။ သည္ဂုဏ္ျပဳပြဲကိုေတာင္ က်င္းပရန္ စိတ္ပါသူမဟုတ္သည္ေၾကာင့္ ၾကင္ယာေတာ္အေၾကာင္းသာ စကားစမိပါလွ်င္ ဂုဏ္ျပဳပြဲမွ လူသတ္ပြဲပင္ ျဖစ္သြားနိုင္သည္ေလ။

ပြဲလာဧည္သည္ေတာ္တို႔အား ႏႉတ္ဆက္ၿပီးခ်ိန္တြင္ေတာ့ စိတ္မြန္းက်ပ္မႈအား ေျဖေဖ်ာက္ရန္ ခန္းမေဆာင္ထဲမွ ထြက္လာခဲ့ေသာ အရွင္လာဗင္ဒါေလး။ စိတ္တင္မက ရနံ႕ေပါင္းစုံေၾကာင့္ လူလည္း မြန္းက်ပ္ကာေနသည္ေလ။

အေရးထဲ အေၾကာင္းစုံ ရင္ဖြင့္၍ရေသာ ကိုယ္ရံေတာ္ကင္မ္ကလည္း ဒီလိုေန႕မွာမွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ရွိမေနသည္ေၾကာင့္ စိတ္အလိုမက်စြာ တကိုယ္တည္း ႏွင္းဆီဥယ်ာဥ္ဘက္သို႔ ထြက္လာခဲ့မိေတာ့သည္။

သို႔ေသာ္ လမ္းခုလတ္မွာပင္ အာ႐ုံထဲသို႔ တိုးဝင္လာေသာ လာဗင္ဒါ ပန္းရနံ႕။ မိမိဆီမွ ထုတ္လႊတ္မိသည္လားဟု ဆန္းစစ္ၾကည့္မိေသာ္လည္း ေလညာအရပ္မွလာသည့္အနံ႕ျဖစ္သည္ေၾကာင့္ ထိုအနံ႕ေနာက္သို႔ လိုက္မိေလေတာ့...

နန္းေတာ္အေနာက္ဘက္ ႏွင္းဆီဥယ်ာဥ္၏ ေဘးတြင္ စိုက္ပ်ိဳးထားေသာ လာဗင္ဒါပန္းခင္းႀကီးသည္ လေရာင္၏ ေအာက္တြင္ ေလေျပအလိုက္ယိမ္းႏြဲ႕ကာ လွခ်င္တိုင္းလွေနေတာ့သည္။ ေအးခ်မ္းေသာ ခရမ္းေရာင္ ပန္းငယ္တို႔၏ ေမြးပ်ံ့ေသာ ရနံ႕တို႔သည္ နီနီရဲရဲပြင့္အာေနေသာ ႏွင္းဆီတို႔ကိုပင္ ဖုံးလႊမ္းကာ စိတ္ၾကည္လင္ေစေသးသည္။ ေလထုထဲ၌ စိုးမိုးလာေသာ ပန္းရနံ႕ေၾကာင့္ အရွင္ေလးမွာ ကိုယ္ပိုင္ရနံ႕ကိုပင္ ထုတ္လႊတ္မိသည္ အထိ။

ဘယ္သူကမ်ား တကူးတက သည္လာဗင္ဒါ ပန္းခင္းႀကီးကို စိုက္ပ်ိဳးထားသည္လဲ။ စိတ္ကူးေကာင္းလိုက္ပါဘိ။

"ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ အရွင္"

ေနာက္ေက်ာဘက္မွ ထြက္လာေသာ ရင္းႏွီးကြၽမ္းဝင္သည့္ အသံဩဩေၾကာင့္ အလန့္တၾကား လွည့္ၾကည့္မိေတာ့

"ကိုယ္ရံေတာ္ကင္မ္"

ကိစၥရွိသည္ဆိုကာ ေပ်ာက္သြားခဲ့ေသာ ကိုယ္ရံေတာ္ကင္မ္က အၿပဳံးခ်ိဳခ်ိဳျဖင့္ အရွင္ေလးအနီးသို႔ ေလွ်ာက္လာေလသည္။ သာမန္ကိုယ္ရံေတာ္ ဝတ္စုံကိုသာ ဝတ္ဆင္ထားေသာ္လည္း ေတာ္ဝင္ဆန္ေသာ မ်က္ႏွာေပါက္ေၾကာင့္ ကိုယ္ရံေတာ္ကင္မ္မွာ အေတာ္ေလး ၾကည့္ေကာင္းကာေနပါသည္။ ဝတ္ေကာင္းစားလွသာ ဆင္ယင္ထားပါလွ်င္ ေတာ္ဝင္မ်ိဳးရိုးဟုပင္ အထင္မွားခ်င္ေလာက္စရာပါပင္။

"မွန္ပါတယ္ က်ဳပ္ပါ အရွင္"

"ခင္ဗ်ားပဲ ေတာထဲ ခဏသြားစရာရွိလို႔ဆို။ ဘယ္လိုျဖစ္ၿပီး ျပန္ေရာက္လာတာလဲ"

"ဒါကို ျပင္ဆင္ဖို႔အတြက္ အရွင့္ကို လွည့္စားဖို႔ လိုလို႔ေလ။ ဒါေၾကာင့္ သင့္ေလ်ာ္မယ္ထင္တဲ့ ဆင္ေျခကိုေပးခဲ့တာ"

"ခ်ီးက်ဴးပါတယ္။ ခင္ဗ်ားကိုေတာ့"

"ဝမ္းေျမာက္ရတာေပါ့ အရွင္။"

ထို႔ေနာက္တြင္ေတာ့ အရွင့္လက္ေကာက္ဝတ္အား ခပ္ဖြဖြဆြဲကာ လာဗင္ဒါပန္းခင္း၏ အလယ္သို႔လာေစသည္။ ညခ်မ္း၏ ေလေျပေလညင္းႏွင့္အတူ ယိမ္းႏြဲ႕ေနေသာ လာဗင္ဒါပန္းမ်ားၾကားတြင္ အရွင္လာဗင္ဒါေလး၏ ဆံႏြယ္ႏုႏုတို႔ကပါ အလိုက္သင့္ ယိမ္းႏြဲ႕၍ေနေလေတာ့ ပန္းခ်ီကားတခ်ပ္သဖြယ္ လွေနေလေတာ့သည္။

"လာဗင္ဒါေလးကို ခဏေလာက္ လႊတ္ေပးဖို႔ အခ်ိန္က်ၿပီလို႔ ခံစားရတဲ့အခါ ဒီမွာ လြတ္လပ္ခြင့္လာေပးလိုက္ပါ။ ပန္းခင္းႀကီးရဲ႕ အနံ႕ေၾကာင့္ အရွင့္ရဲ႕ ကိုယ္ပိုင္ရနံ႕ကို ဖုံးဖို႔ လြယ္ကူပါလိမ့္မယ္"

"သိပ္ဥာဏ္ေကာင္းလြန္းတာပဲ...ခင္ဗ်ားက ဘာလဲ ကင္မ္ထယ္ေဟ်ာင္း"

"အရွင့္ကိုယ္ရံေတာ္ေလ"

မညာတမ္းဝန္ခံရပါလွ်င္ ကိုယ္ရံေတာ္ကင္မ္၏ စိတ္ကူးေကာင္းေၾကာင့္ အရွင္လာဗင္ဒါေလး အမွန္ပင္ ဝမ္းေျမာက္ရပါသည္။ ေဝးေဝးလံလံထိ သြားစရာမလိုပဲ နန္းေတယ္ထဲမွာပင္ ေဘးလူမရိပ္မိေစပဲ မိမိ၏ သ႐ုပ္မွန္အား လြတ္လပ္ခြင့္ေပးနိုင္မည့္ အခြင့္အေရးကို ဖန္တီးေပးေလသူ ထိုalphaက ကိုယ္ရံေတာ္ရာထူးမရခင္က ေပးခဲ့ေသာ ကတိအတိုင္း အေျပာႏွင့္အလုပ္ အေတာ္ေလးညီသူပင္ ျဖစ္သည္။ အရွင္ေတာ့ လူေ႐ြး အင္မတန္မွန္ကန္ပါသည္ေလ။

ႏွစ္တိုင္းလိုလို ၾကင္ယာေ႐ြးပြဲေၾကာင့္ စိတ္ညစ္ၫူးရေသာ ေမြးေန႕သည္ သည္တေခါက္တြင္ေတာ့ ကိုယ္ရံေတာ္ကင္မ္ေၾကာင့္ ဝမ္းသာၾကည္ႏူးရေလသည္။ ထုတ္၍မေျပာမိေသာ္လည္း လွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္မိပါသည္ေလ။

"ေမြးေန႕လက္ေဆာင္ကို စိတ္ေက်နပ္မႈရွိရဲ႕လား အရွင္"

"စိတ္ေက်နပ္ပါတယ္။ ခင္ဗ်ားလိုခ်င္တဲ့ ဆုလာဘ္ရွိရင္ေတာင္းနိုင္တယ္။ ကိုယ္ေတာ္ ျဖည့္ဆည္းေပးမွာမို႔"

ကိုယ္ရံေတာ္ကင္မ္က ေခတၱမွ်စဥ္းစားသြားဟန္ေပၚကာ တဆက္တည္းမွာပင္ အၿပဳံးတခုျဖင့္ အေျဖျပဳသည္။

"အဲဒီဆုလာဘ္ကို ေနာက္မွ ေတာင္းလို႔ရမလား အရွင္။ ႐ုတ္တရက္ က်ဳပ္စဥ္းစားလို႔မရတာမို႔"

"ရတာေပါ့ ခင္ဗ်ား သေဘာပါပဲ"

ကိုယ္ရံေတာ္ကင္မ္ေတာင္းဆိုလိုေသာ ထိုဆုလာဘ္ေလးသည္ ႀကီးႀကီးမားမားမဟုတ္ပဲ အရွင့္ထံမွ အနမ္းတပြင့္သာျဖစ္ေၾကာင္းကိုသာ သိရွိပါလွ်င္ အရွင္လာဗင္ဒါေလးမွာ ဘယ္ပုံဘယ္နည္းႏွင့္ တုံ႕ျပန္ေလာက္မည္လဲ။ အမ်က္ရွကာ အျမင္ေစာင္းေလမလား။ သို႔မဟုတ္... သို႔မဟုတ္...

#Tbc

A/N: heat sceneကို ေရးရတာ မ်က္ႏွာေတြပါ ပူတယ္ :') အတတ္နိုင္ဆုံးေတာ့ အျမင္မရိုင္းေအာင္ ႀကိဳးစားၿပီး ပုံေဖာ္ထားခဲ့ပါတယ္ရွင္။ လိုအပ္ခ်က္ရွိသြားခဲ့ရင္လည္း အားနာပါတယ္ >< ဒီတခါ updateကို အရွည္ႀကီးေရးေပးထားတာမို႔ အရွင္နဲ႕ အယ္လ္ဖာႀကီးတို႔ အေျခအေနကို ဘယ္လိုေလးျမင္ၾကလဲဆိုတာ ဒါဒါnimတို႔ အျမင္ေလးေတြကို သိခ်င္ပါတယ္ရွင္

ေနာက္ၿပီး လာဗင္ဒါေလးတို႔ကို ဖတ္ရတာ ပ်င္းလာရင္ အေျပာင္းအလဲျဖစ္ေအာင္ တပ္သားကင္မ္နဲ႕ ေဒါက္တာဂြၽန္တို႔ဆီကိုလည္း အလည္လာခဲ့ၾကဖို႔လည္း ဖိတ္ေခၚခ်င္ပါတယ္ >< အရင္တင္ထားတာေလးေပမယ့္ သိပ္မေတြ႕ၾကဘူး ထင္လို႔ရယ္။ ေဆာင္းဝင္လာၿပီမို႔ အေအးဒဏ္လည္း ဂ႐ုစိုက္ၾကပါ 라기 ရဲ႕ ဒါဒါnimတို႔ေရ ♥

See you in next episode~

- 해바라기

Continue Reading

You'll Also Like

39.8K 2.4K 22
𝐁𝐨𝐨𝐀 # 𝟏 𝐨𝐟 π“π‘πž π‘πšπšπ³ 𝐬𝐞𝐫𝐒𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...
31.1K 1.2K 10
Oc female Jackson x Hermes x Apollo x Ares
1.7M 112K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
113K 424 32
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...