uni
ဧကရာဇ် ဆေးခန်းပြန်ရောက်ရောက်ချင်း သူ့ကိုယ်သူ မေးခိုင်ဆေးထိုးကာ ဒဏ်ရာကိုတော့ သူဒီတိုင်းထားလိုက်လေသည်။
ပိုးသတ်ပြီး ဆေးထည့်ဖို့မေ့နေသည် မဟုတ်။ သူ စစ် ပေးတယ့် အရာမှန်သမျှကို ပျော်ရွှင်စွာလက်ခံပေးချင်တာ သူ့ဆန္ဒပင်။ သူ့အတွက် နာကျင်မှုတွေ ဖြစ်နေရင်တောင်မှပေါ့။
ညရောက်တော့ သူအိမ်မပြန်တော့ပေ။ ဖိုးသားလည်း သူ့အမေတွေဆီ ပြန်မှာဆိုတော့ သူ ဆေးခန်းမှာပဲ နေလိုက်တော့သည်။
လေဖောင်း အာလူးကြော်တွေ ဓာတ်ဘူးထဲမှာ ရေနွေးတွေရှိသည်မလို့ ဗိုက်ဆာမှာကို စိတ်ပူစရာမလိုပေ။
ည 7နာရီအထိ ဧကရာဇ် ဆေးခန်းကလူမပြတ်သေးပေ။
ည 8နာရီကျော်မှ ဧကရာဇ် ဆေးခန်းပိတ်လိုက်ကာ သူဝတ်ထားတယ့် ပုဆိုးတွေ အကျီလက်ရှည်တွေအစား လက်ပြတ်အနက်နဲ့ short pant အနက်ကိုသာ ဝတ်ထားလိုက်သည်။
ဧကရာဇ် ဆေးတွေထားတယ့် အခန်းထဲက လျှို့ဝှက်boxထဲက laptopနဲ့ cigaretteဘူးနဲ့ အိပ်ဆေးဘူး ထုတ်ပြီး လူနာကြည့်တယ့် စားပွဲမှာပဲ ထိုင်ကာ car showroomက ပို့ထားတယ့် စာရင်းတွေနဲ့ ဆေးရုံတွေက reportတွေ လုပ်ရင်း အဆာပြေ ကော်ဖီနဲ့ မုန့်နဲ့ပဲစားလိုက်သည်။
at 10:30pm.....
အလုပ်တွေ လုပ်ပြီးသွားတယ့် အခါ laptopကိုပိတ်လိုက်ပြီး သူစားထားတယ့်ဟာတွေကို အရင်ရှင်းလိုက်သည်။
သစ်သားနဲ့ဆောက်ထားတယ့် တစ်ထပ်အိမ်လေးဖြစ်တာမလို့ လူနာတွေအတွက် ကုတင်ရဲ့ အဝေးက စစ် ဖို့ သူထားတယ့် ကုတင်ဘေးမှာ ပြတင်းပေါက်လေးရှိလေသည်။
ဧကရာဇ် airpodတပ်ကာ cigarette ဘူးကိုကိုင်ကာ ပြတင်းပေါက်ဖွင့်ကာ ကုတင်ပေါ်တက်ထိုင်လိုက်ပြီး cigaretteတစ်လိပ်ကို ပါးစပ်မှာခဲကာ ပြတင်းပေါက် အပြင်က ကြယ်တွေဆီ မျက်နှာမူပြီး ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်သည်။
ဒီနေ့လဲ သူ အိပ်ဆေးသောက်အိပ်ရအုံးမည်ထင်၏။ စစ် ကိုသူ မခေါ်တယ့်နေ့တွေဆို ဘယ်လိုအိပ်အိပ် အိပ်လို့မရပေ။
အိပ်ဆေးနဲ့ ဆေးလိပ်တွေအကြောင်း သူ့လိုဆရာဝန်တစ်ယောက်ထက် ဘယ်သူကပိုသိမှာတယ့်လဲ။
ဒါပေမယ့်သူက သူ့ကို အန္တရာယ်ဖြစ်စေမယ့် အရာတွေကိုကြိုက်သည်လေ။ အထူးသဖြင့် စစ်ကိုပေါ့။ စစ်နဲ့ ဆေးလိပ်ကို ယှဉ်ရွေးခိုင်းရင်တော့ သူတွေဝေမနေဘဲ ဆေးလိပ်ဖြတ်ပစ်မှာ။ အဓိကလိုတာက စစ်ရဲ့စကားတစ်ခွန်းပင်။
တဖြည်းဖြည်းများလာတယ့် အိပ်ဆေးအရေအတွက်သည် သူ့ကို စစ်ပေးတယ့် ဒဏ်ရာတွေနဲ့ယှဉ်ရင် မြူမှုန်အဖြစ်ပျောက်ကွယ်သွားမည်သာ။
သူ့ရဲ့ လွင့်နေတယ့် စိတ်အစုံသည် airpodက တစ်ဆင့် သူ့နားထဲရောက်လာတယ့် သံစဉ်ဆီ ပြန်ရောက်သွား၏။
"🎼🎼🎼 အချစ်ထက် အရေးကြီးတာတွေ ရှိသေးတယ်
ယုံစားမရတယ့် မင်းကတိတွေ ထပ်မပေးနဲ့
နှလုံးသားထက် ဦးနှောက်ကိုတို့ရွေးချယ်
အနည်းဆုံးတော့ မင်းနားမှာရှိပေးခဲ့
ပြိုင်မျဉ်းများလား
နီးနေရက်နဲ့ ဆန့်ကျင်ဘက်ကိုပြေးသွား
တကယ် ချစ်တိုင်းလည်း မညား
အဲ့စကားက တို့နှစ်ယောက်အတွက်ပဲလား
ဝေး အတူတူ ဆုံချိန်တိုင်းလဲ တို့နှစ်ယောက်ဝေး.........🎼🎼🎼"
ပြတင်းပေါက်ကို ငေးရင်း ဆေးလိပ်သောက်နေတယ့် ကောင်လေးရဲ့ လက်တစ်ဖက်ပေါ်ကို အစက်တစ်စက်ကျလာလေသည်။
မိုးရွာနေတာ မဟုတ်တာကြောင့် မိုးရေတော့မဖြစ်နိုင်ပေ။
သေချာတာကတော့ အဲ့ရေစက်လေးထဲက တစ်စုံတစ်ယောက်ရဲ့ ဝမ်းနည်းခြင်းကို ဖော်ပြနေတယ့် ဝမ်းနည်းခြင်းအမှတ်အသားလေးပင်။
....................
ဖိုးသား မနေ့က တစ်နေကုန် အိပ်အလုပ်တွေ လုပ်ပေးပြီး လိမ္မာပြနေပေမယ့်လည်း သူ့အမေကတော့ မသိချင်ယောင်သာဆောင်နေတော့သည်။
ဧကရာဇ်ဆီ သွားချင်သော်လည်း အကြောင်းပြချက်ရှာမရတာကြောင့် ဧကရာဇ်အိမ်နဲ့ သူ့အိမ်အကြားရှိ ညောင်ပင်အောက်မှာထိုင်ကာ စဉ်းစားခန်းဖွင့်နေ၏။ နှစ်အိမ်ကြားလို့ပြောပေမယ့် ဧကရာဇ် အိမ်နဲ့ပိုနီးလေသည်။ သူတွေးနေတုန်း နောက်ဖေးဘက်မှာ ထမီလာလှမ်းတယ့် ဒေါ်ခတ္တာကို မြင်လိုက်ချိန် သူ့မျက်နှာမဲ့ရွဲ့သွားတော့သည်။
သားသမီးချင်းတောင် ခွဲခြားခွဲခြားနဲ့ ဘယ်လိုမိဘမျ်ိုးတွေလဲ မသိဘူး။ ဒေါ်ခတ္တာကို သူပဲကြည့်မရတာလားဆိုတော့ မဟုတ်ပေ။ သူ့အမေရော ဥက္ကာအမေရော ကြည့်မရခြင်း။ အကြောင်းကတော့ သူတို့သဲသဲလှုပ်ထားတယ့် ဧကရာဇ်ကို ရှိတယ်လို့တောင်မထင်ဘဲ လရိပ်ကိုပဲ ဂရုစိုက်နေခြင်းကြောင့်ပင်။ သူသိတတ်စအရွယ်ထဲက ဒေါ်ခတ္တာက ဧကရာဇ်ကိုဆိုအရေးကိုမပေးပေ။
ဧကရာဇ်အဖေ ဦးဖိုးထင်ဆိုတယ့်သူကျတော့လည်း ဧကရာဇ်ကို သူ့သားဆိုတာမေ့နေတယ့်ပုံနဲ့။ ဘယ်လိုဟာတွေလည်းမသိဘူး။ စားမေးပွဲတိုင်း အမှတ်ပြည့်ရတယ့် ဧကရာဇ်ကိုကျော်ကာ 80ကျော်ပဲရတယ့် လရိပ်ကို ဂုဏ်ပြုစကားပြောကြရတာအမောပင်။ ဧကရာဇ် ဘာသာစုံဂုဏ်ထူးနဲ့ ဆယ်တန်းအောင်တုန်းကဆို အမေနဲ့ ဥက္ကာအမေမှာဆို 'ငါတို့ဧကရာဇ်လေးက ဘာသာစုံဂုဏ်ထူးရတယ်'ဆိုပြီး တစ်ရွာလုံးကိုပတ်ကြွားကာ အလှူလုပ်ပေးသည်အထိ။
ဆေးတက်တော့ ကျောင်းပိတ်ရက်တောင် စာအကြောင်းပြပြီး ဧကရာဇ်က ရွာကိုပြန်မလိုက်တော့ပေ။ အမေကလည်း သူပြန်လာချိန် ဧကရာဇ်အကြောင်း တစ်ခွန်းတောင်မဟပေ။ သူလည်း အစတုန်းက ဘာဖြစ်လို့လဲမေးပေမယ့် အမေက စကားလွှဲလွှဲသွားတာမလို့ အဲ့ကိစ္စကိုလုံးလုံးကြီး မေ့သွား၏။
အာ ဆေးဆိုမှ ဟုတ်သားပဲ ငါ့လက်ကဒဏ်ရာက ဆေးထည့်ရအုံးမှာ။
"တော်လိုက်တယ့် သားစစ်ထွဋ် ဟား"
ဖိုးသား ထမင်းစားဆေးခန်းပိတ်ချိန် ရောက်တော့မှာမလို့ အမြန်ပြေးသွားလိုက်သည်။
လမ်းတစ်ဝက်ရောက်တော့ သူ့ရှေ့ပိတ်ရပ်လာတယ့် တိမ်တိုက်
မတိုက်မိအောင် အရှိန်ကိုသေချာသပ်လိုက်ရင်း ခပ်မြန်မြန်မေးလိုက်၏။
"ဘာလို့်ပိတ်ရပ်တာလဲ တိမ်တိုက်"
"မောင် ဘယ်သွားမလို့"
"ဧကရာဇ် ဆေးခန်း"
"အဲ့တာဆို တိမ်လည်းလိုက်မယ်"
"အင်း လိုက်လေ"
လိုက်လေ လို့ပြောပြီး ခြေလှမ်းကိုခပ်သုတ်သုတ် လျှောက်နေတယ့် မောင်က သူ့ကိုဘာဖြစ်လို့ဆေးခန်းသွားမှာလဲ ဒဏ်ရာရတာရှိလို့လားလို့ မေးဖို့မေ့နေသည်ထင်ပါရဲ့။
ရွာထဲက အမတွေကို နှင်းဝေအကြောင်း အစ်အောက်မေးကြည့်လိုက်တော့ ညဧကရာဇ်နဲ့ မောင့်ကို ပေးစားနေသည်တယ့်လား။
ဒေါက်တာ ညဧကရာဇ်နဲ့ မောင်က အရမ်းရင်းနှီးတာလားမေးကြည့်တော့ ညီအစ်ကိုထက်တောင်ပိုသည်တယ့်လေ။ ရိုးသားပြီး ခေတ်မမှီတယ့် သူတွေအတွက်တော့ အချစ်ဆုံးသူငယ်ချင်းတွေပေမယ့် သူ့အတွက်တော့ နှင်းဝေပြောသလိုများဖြစ်နေမလား။
အို မဟုတ်သေးပါဘူး။ သူ မောင်က gayမဟုတ်ဘူးဆိုတာယုံသည်။ မောင်က ကောင်မလေးတွေကိုထည်လဲ တွဲနေတယ့်သူမလား။ ဒါပေမယ့်သူ ညဧကရာဇ်ကိုတော့ မယုံပေ။ သူသိထားတာတွေအရတော့ ညဧကရာဇ်မှာ မွေးထဲကအခုထက်ထိ ရည်းစားမထားဖူးသေးပေ။ ဒီအရွယ်ထိ ရည်းစားမထားဘဲ ဘယ်သူ့ကိုစောင့်နေတာလည်း မောင့် ကိုလား။ ဟင့်အင်း သူမောင့်ကိုမပေးနိုင်ဘူး။ မောင်က သူ့အပိုင်ပဲ။ တိမ်တိုက်ဆိုတယ့် မိန်းမက သူလိုချင်တာကို မရရအောင်ယူတတ်တယ့် မိန်းမပင်။
ဆေးခန်းရောက်တော့ ဖိုးသားကို နှင်းဝေကဆေးလာထည့်ပေး၏။
နှင်းဝေက ဆေးခန်းလူကျတယ့်ရက်တွေဆို လာကူပေးပြီး ဧကရာဇ်ကလည်း လုပ်အားခအနေနဲ့ %နဲ့ခွဲပြီး ပေး၏။ နှင်းဝေကမယူဘူးပြောပေမယ့် ဧကရာဇ်က မုန့်ဖိုးဟုဆိုကာပေးခြင်း။
ဧကရာဇ်ဆေးခန်းမှာ ကူလုပ်ပေးသူက နှင်းဝေမလို့ ဧကရာဇ်ထားခြင်းပင်။ သူကလဲ နှင်းဝေနဲ့မလို့ဧကရာဇ်ကို စိတ်ချလက်ချ ထားခြင်း။ နှင်းဝေမဟုတ်ပဲတစ်ခြားသူသာဆို ကုပ်ကကိုင်ပြီး နှင်ထုတ်မှာ။ နှင်းဝေက ဧကရာဇ်ကို ဖွန်ကြောင်တယ့် လူတွေရန်က ကာကွယ်ပေးလိမ့်မယ်။ သူကြီးသမီးဂုဏ်ကြောင့်ရော ရုပ်ရည်လေးကြောင့်ရော ရွာကလူတွေက နည်းနည်းတော့ရှိန်လေသည်။
ဧကရာဇ် သူ့ကို ဆေးလာမထည့်ပေးတာကြောင့် ဖိုသားမျက်နှာက မှုန်ကုပ်နေလေသည်။
နှင်းဝေက ခပ်တိုးတိုးရီလိုက်ပြီး
"ကိုဖိုးသား doctorက စိတ်ဆိုးနေတာမလား အဲ့တာကြောင့် မထည့်ပေးတာပါ ကိုဖိုးသားက မချော့ဘဲပျောက်နေတာကို"
နှင်းဝေစကားကို ဖိုးသားခေါင်းပဲ ငြိမ့်ပြလိုက်သည်။
လိုက်ကာကာထားတာကြောင့် မမြင်ရပေမယ့် ဧကရာဇ်က လူနာကြည့်ပေးနေပုံရ၏။
"မောင် တိမ်နဲ့ မောင့်သူငယ်ချင်းတွေနဲ့ဆို ဘယ်သူ့ကိုရွေးမလဲ"
"တိမ်ပဲပေါ့ သူငယ်ချင်းက အဝေးကြီးမှာ"
'သူငယ်ချင်းလို့ ပြောတာ အချစ်ဆုံးသူငယ်ချင်းလို့မပြောဘူးနော် ဧကရာဇ်နဲ့ တိမ်တိုက်နဲ့ဆိုရင်တော့ ဧကရာဇ်ပဲသူရွေးမည်သာ တိမ်တိုက်က အချိန်တန်ရင်ပြတ်သွားမယ့် ဆက်ဆံရေးတစ်ခုပင်။ ဧကရာဇ်ကတော့မတူ။ '
လူနာ ကြည့်ပြီးပြီထင်၏။ ဧကရာဇ်ရဲ့ အသံကြည်ကြည်လေးထွက်လာလေသည်။ သေချာနားထောင်ကြည့်မယ်ဆိုရင်တော့ ထိုအသံက အနည်းငယ် ဖျော့တော့နေလေသည်ကိုကြားရလိမ့်မည်။
"နှင်းဝေ ရှေ့ကလူနာကြည့်ပေးပြီးရင် ဆေးခန်းပိတ်မယ်"
"ဟုတ် doctor"
နှင်းဝေ အကိုဧကရာဇ်အသံကြောင့် နောက်ဆုံးကျန်နေတယ့် တိမ်တိုက်ဆီကြည့်ဖို့သွားလိုက်သည်။ အကိုဧကရာဇ်က မနက်ကတည်းက နေမကောင်းသလို မျက်နှာက ဖြူလျော့နေလေသည်။ သူမေးတော့လည်း ဘာမှမဖြစ်ဘူးဆိုပြီး မနက်ကတည်းက လူနာတွေကိုဒိုင်ခံ ကြည့်နေသည်။ ပင်ပန်းနေတာသိတာကြောင့် မြန်မြန်ကြည့်ပေးပြီး ဆေးခန်းပိတ်ရမည်။
" တိမ်က ညဧကရာဇ်နဲ့ပြဲပချင်တာ မောင် မောင့်သူငယ်ချင်းက တိမ့်ကိုမကြည့်ပေးချင်ဘူးနဲ့တူတယ် "
တိမ်တိုက်အသံအဆုံး ဧကရာဇ်ရဲ့အသံထွက်လာလေသည်။
"ဝင်လာခဲ့ပါ မတိမ်တိုက်"
ပခုံးက ဒဏ်ရာကဆေးမထည့်ထားတာကြောင့် ညထဲက ကိုက်နေသည့်အပြင် နောက်ကျမှအိပ်မှုကြောင့်လူက နုန်းနေပြီး အနာရှိန်နဲ့ အပူတက်ချင်သလိုဖြစ်နေ၏။ ဒီနေ့ကျမှ လူကျနေတာကြောင့် လူနံ့တွေနဲ့ ကိုယ်က သတိလစ်ချင်သလိုလိုပင်ဖြစ်လာ၏။ တော်သေးသည် နှင်းဝေရောက်လာလို့ မဟုတ်ရင် ရွာထဲမှာ ဆရာဝန်မူးလဲတယ်ဆိုပြီး ပြောနေကြတော့မှာ။ လူပါးသွားတာကြောင့် သတိလစ်ချင်သလိုမခံစားရ တော့ပေမယ့် ခေါင်းကတော့ ကိုက်နေဆဲပင်။ ဖိုးသားရောက်နေတာ သူသိပင်မယ့် ဒီလိုအခြေအနေမှာထွက်မတွေ့ချင်တာကြောင့် နှင်းဝေကိုပဲဆေးထည့်ခိုင်းလိုက်၏။
ပြီးတော့ ဆေးခန်းထဲကိုဖိုးသားနဲ့အတူပါလာတယ့် မွှန်ထူနေတယ့် ရေမွှေးနံံ့။ နဂိုသက်သာနေတယ့်သူက ရေမွေးနံပြင်းပြင်းရလိုက်တော့ ပြန်ပြီး သတိလစ်ချင်သလိုဖြစ်လာ၏။ တိမ်တိုက်ရဲ့ အမေးသံအဆုံး ဖိုးသားရဲ့ ပြန်ဖြေသံက သူ့ရင်ဘတ်ထဲ အောင့်တက်သွားသလိုခံစားလိုက်ရ၏။
သူတကယ်မရတော့မှန်း သိတာကြောင့် ဆေးခန်းပိတ်ဖို့်ပြောလိုက်တော့ တိမ်တိုက်က သူနဲ့ပြချင်တယ်လို့ပြောလာလေသည်။
သူက စိတ်ခံစားချင်နဲ့ အလုပ်ကိုမခွဲခြားတတ်တယ့် လူမဟုတ်ပေ။ အထဲဝင်ဖို့်ခေါ်လိုက်တော့ သူ့ရှေ့မှာလာထိုင်တယ့် ကိုယ်ရဲ့ အနံကြောင့် သူ ခေါင်းပါမထောင်ချင်တော့။
"ဘာဖြစ်လို့လဲ"
တိမ်တိုက်က သူ့လက်ကိုထိုးပေးလာပြီး ခနဲ့ပြုံးနဲ့
"လက်ကို ဘာကောင်ကိုက်သွားတာလဲ မသိဘူး ဆရာ"
ဧကရာဇ် ထိုးပေးလာတယ့်လက်ကို ကြည့်လိုက်တော့ ပုရွက်ဆိတ်အနီကိုက်တာကို ကုပ်ထားတယ့်အဖုလေး။
"အဲ့တာ ပုရွက်ဆိတ်ကိုက်တာပါ ဘာမှစိုးရိမ်စရာမရှိပါဘူး အမ"
နှင်းဝေ ပုရွက်ဆိတ်ကိုက်တာကို ဆေးခန်းလာပြတယ့် သူ့သငေ်္ဘာကို ကန့်လန့်လာလုပ်နေသော အမျိုးသမီးအား ဖြတ်ပြောလိုက်သည်။
ဧကရာဇ်က စားပွဲပေါ်လက်တင်ကာ နဖူးကို နှိပ်နေသည်မလို့ နှင်းဝေမနေနိုင်တော့ဘဲ ခပ်ကျယ်ကျယ်ပြောလိုက်၏။
"doctorအဆင်ပြေရဲ့လား နားလိုက်ပါလား"
နှင်းဝေအသံအဆုံး ဖိုးသားက လိုက်ကာဖွင့်ပြီး ဝင်လာလေသည်။
"ဧကရာဇ် ဘာဖြစ်လို့လဲ"
"doctorက လူနာတွေများလို့ နဂိုထဲက ခေါင်းကိုက်နေတာ အကိုဖိုးသား ဒီကပုရွက်ဆိတ်ကိုက်တယ့်အမက ရေမွှေးတွေ တစ်ပုလင်းလုံးလောင်းချထားတော့ doctor ခေါင်းမထောင်နိုင်တော့ဘူးလေ အဲ့တာကြောင့် ဒီက ပုရွက်ဆိတ်မမကို ဝေးဝေးခေါ်သွားပေးပါနော် ကိုဖိုးသား"
ကျစ် သူတိမ်တိုက်နားရောက်ကထဲက သတိထားမိရမှာ ဧကရာဇ်က ရေမွှေးနံ့ပြင်းပြင်းရရင် ခေါင်းမူးတတ်တယ့်သူမျိုး။ အခု တစ်ပုလင်းလုံးလောင်းချထားသလိုအနံ့ကို အနီးကပ်ရလိုက်တော့ ပိုပြီး ခေါင်းကိုက်နေမှာ။
နှင်းဝေ ကိုဖိုးသားထွက်သွားတာနဲ့ "ဒုန်း"ဟူသောအသံနှင့် စားပွဲပေါ်ခေါင်းပစ်ကျသွားတယ့် doctorကိုကြည့်ကာ ဆေးသောက်ဖို့ပြောချင်ပေမယ့် မသောက်မှန်းသိနေတာကြောင့် နားပါစေဆိုပြီးသာ ဆေးခန်းပိတ်ပေးပြီး အိမ်သာပြန်လာလိုက်သည်။
ဖိုးသား တိမ်တိုက်လက်ဆွဲကာ ဆေးခန်းနဲ့ ခပ်ဝေးဝေးရောက်မှ လွတ်ပေးလိုက်ပြီး
"တိမ်တိုက် ရေမွှေးမဆွတ်နဲ့တော့" လို့ပြောပြီး တိမ်တိုက်ကို မကြည့်ဘဲ ထွက်သွား၏။
ဖိုးသား ဆေးခန်းကိုပြန်သွားတော့ ပိတ်နေပြီဖြစ်တာကြောင့် ဧကရာဇ် နားရအောင် သူမဝင်တော့ဘဲ အိမ်သာပြန်လာခဲ့သည်။
_________________________________________
song (နီးနီးလေးနဲ့ဝေး)(Double J)
_________________________________________
zg
at 10:30pm.....
ပြိုင်မျဉ်းများလား
....................
"မောင် ဘယ်သွားမလို့"
"ဧကရာဇ် ဆေးခန်း"
"အင်း လိုက်လေ"
"ဟုတ် doctor"
"ဘာဖြစ်လို့လဲ"
နှင်းဝေ ပုရွက်ဆိတ်ကိုက်တာကို ဆေးခန်းလာပြတယ့် သူ့သင်္ဘောကို ကန့်လန့်လာလုပ်နေသော အမျိုးသမီးအား ဖြတ်ပြောလိုက်သည်။
"ဧကရာဇ် ဘာဖြစ်လို့လဲ"
______________________________________
_________________________________________