ရှောင်းသခင်လေး
By nan_nan_pin_lay_85
687K 38.7K 1K
married life More
ရှောင်းသခင်လေး(Part 1)
ရှောင်းသခင်လေး Part(2)
ရှောင်းသခင်လေး(Part 3)
ရှောင်းသခင်လေး Part (4)
Yibo's Pov
ရှောင်းသခင်လေး (Part 5)
ရှောင်းသခင်လေး (Part 6)
ရှောင်းသခင်လေး (Part 7)
ရှောင်းသခင်လေး(Part 8)
ရှောင်းသခင်လေး (Part 9)
ရှောင်းသခင်လေး (Part 10)
ရှောင်းသခင်လေး (Part 11)⚠
ရှောင်းသခင်လေး (Part 12)⚠
ရှောင်းသခင်လေး (Part 13)
ရှောင်းသခင်လေး (Part 14)
ရှောင်းသခင်လေး (Part 15)
ရှောင်းသခင်လေး (Part 16)⚠
ရှောင်းသခင်လေး (Part 17)
ရှောင်းသခင်လေး (Part 18)
ရှောင်းသခင်လေး (Part 19)
ရှောင်းသခင်လေး (Part 20)
ရှောင်းသခင်လေး (Part 21)⚠
ရှောင်းသခင်လေး (Part 22)
ရှောင်းသခင်လေး(Part 23)
ရှောင်းသခင်လေး (Part 24)
ရှောင်းသခင်လေး (Part 25)
ရှောင်းသခင်လေး (Part 26)
ရှောင်းသခင်လေး (Part 27)
ရှောင်းသခင်လေး (Part 28)
ရှောင်းသခင်လေး (Part 29)
ရှောင်းသခင်လေး (Part 30)
ရှောင်းသခင်လေး (Part 31)
ရှောင်းသခင်လေး (Part 32)
ရှောင်းသခင်လေး (Part 33)
ရှောင်းသခင်လေး (Part 34 )
ရှောင်းသခင်လေး (Part 36)
ရှောင်းသခင်လေး (Part 37)
ရှောင်းသခင်လေး (Part 38)
ရှောင်းသခင်လေး (Part 39)⚠
ရှောင်းသခင်လေး (Part 40)⚠
ရှောင်းသခင်လေး (Part 41)
ရှောင်းသခင်လေး (Part 42)Final
ရှောင်းသခင်လေး (Part 35)
13.4K 691 10
By nan_nan_pin_lay_85
Unicode Version
"အေ့အေ့...မငိုပါနဲ့မြေးရယ် ဗိုက်ဆာနေတာမလား
ခနလေးစောင့်ပါဉီး ဖိုးဖိုးကြီးနို့သွားဖျော်နေတယ်နော်"
တိတ်ဆိတ်နေတဲ့အခန်းတစ်ခုအတွင်းကလေးငိုသံစူးစူးက
ထွက်ပေါ်လို့လာ၏။တစ်စက်တည်းမှာ အမျိုးသမီး
တစ်ဉီးရဲ့ကလေးချော့သံဟာလည်းထွက်ပေါ်လာလေသည်။
နို့ဆာလို့အာပြဲအောင်ငိုနေတဲ့ကလေးလေးကတော့
သူ့အဖွားလက်ပေါ်မှာ ငိုမြဲငိုဆဲပင်။
"ယောကျ်ားရေ နို့ဖျော်နေတာမပြီးသေးဘူးလား
မြန်မြန်လုပ်ပါ ဒီမှာကလေးဗိုက်ဆာနေပြီ "
"အေးပါကွာ လာပါပြီ "
ခနကြာတော့ရှောင်ပါးကနို့ဗူးကိုကိုင်ရင်းသူတို့နားကို
ရောက်လာလေသည်။သူ့လက်ပေါ်က ကလေးလေးကတော့
ဗိုက်ဆာလို့ စိတ်တိုနေသည်ထင်ပါရဲ့ ခုထိငိုတာမရပ်သေး။
သူ့ရှေ့ရောက်လာတဲနိုဗူးကိုရှောင်မားအမြန်ဘဲဆွဲယူလိုက်ပြီး
ပူမပူအရင်မြည်းကြည့်လိုက်သည်။နို့ဗူးကအနည်းငယ်ပူပေ
မဲ့ အထဲကနို့လေးကနွေးနွေးလေးမို့ က​လေးသောက်ဖို့
အဆင်ပြေလေသည်။နို့ပူပူကိုတိုက်မိပါက ကလေးပါးစပ်
နုနုလေး ကျတ်သွားလိမ့်မည်ဖြစ်သည်။
ငိုနေတဲ့ကလေးလေးကတော့ သူ့ပါးစပ်ထဲကိုနို့ရောက်လာ
တာနဲ့ ချက်ခြင်းအငိုတိတ်သွားပြီး အငမ်းမရကိုစို့နေတော့
သည်။သူလည်း ဗိုက်ဆာတဲ့အပြင် ငိုပါငိုလိုက်ရတော့
တော်တော်ဆာသွားသည်ထင်ပါရဲ့လေ။
"မိန်းမ ကိုယ်တို့မြေးလေးက တစ်လုံးတစ်ခဲကြီးနဲ့ချစ်စရာကွာ
ကြည့်ပါဉီး နို့ဆို့နေတာများပါးဖောင်းဖောင်းကြီးတွေ
တလှုပ်လှုပ်နဲ့ "
ကလေးနို့ဆို့တာကိုလာကြည့်နေတဲ့ရှောင်ပါးက
ကလေးလေးကို​ကြည့်ရင်း အူယားနေသည်ထင်ပါရဲ့
သူ့နားကပ်ခါလာပြောလေသည်။ကလေးလေးကတော့
ဘယ်လောက်ဗိုက်ဆာနေလည်းမသိ နို့ဗူးကိုစို့နေတာမှ
အငမ်းမရပင်။နို့ကိုအတင်းဆွဲ
စို့နေတာမို့ ပါးဖောင်းဖောင်းကြီးတွေကတလှုပ်လှုပ်နဲ့
ဆွဲကိုက်ချင်စရာကောင်းနေသည်။မွေးကင်းစကလေး
ရုပ်ဖမ်းလို့မရဘူးဆိုပေမဲ့ သူ့မြေးလေးကတော့ သူ့သမက်နဲ့
ချွတ်စွတ်ပင်။သားကျန့်နဲ့တူတာဆိုလို့ နှုတ်ခမ်းပါး​လေး
တွေဘဲရှိမည်ထင်သည်။
ခနကြာတော့ ကလေးလေးကနို့ဝသွားလို့ထင်ပါရဲ့
မျက်လုံးလေးတွေမှေးစင်းလာနေပြီဖြစ်သည်။
ကလေးအိပ်ပျော်တော့မှာမို့ ဘေးကရှောင်ပါးကိုအသံ
မထွက်စေရန် နှုတ်ခမ်းပေါ်လက်ညှိုးတစ်ချောင်းတင်ပြပြီး
တင်ပါးလေးကိုပုတ်ပေးရင်းချော့သိပ်နေလိုက်သည်။
နို့တစ်ဗူးလုံးကုန်သွားပြီးနောက်မှာတော့ ကလေးလေးလဲ
လုံးဝအိပ်ပျော်သွားပြီဖြစ်သည်။သို့ပေမဲ့ နှုတ်ခမ်းသေးသေး
လေးလေးကတော့ နို့စို့မပြတ်တလှုပ်လှုပ်နဲ့ပင်။
အိပ်ပျော်သွားတဲ့ကလေးလေးကို ပုခတ်ထဲသေချာထည့်ပေး
ပြီး ခြင်ယင်မဝင်အောင် ကလေးခြင်ထောင်လေးနဲ့အုပ်ပြီး
သေချာသိပ်ထားလိုက်သည်။သားကျန့်ကတော့
ကလေးမွေးရတာပင်ပန်းသွားသည်မို့ ခုထိမနိုးသေး။
သူ့သမက်ကတော့ အိမ်ပြန်ပြီးခနနားဖို့ပြောတာတောင်မရ ပေကပ်ပြီး တစ်ချိန်လုံးသူ့သားအနားကမခွာပေ။
ကလေးကိုသံကြားရင် သားကျန့်နိုးမှာဆိုးသည်မို့ နောက်ထပ်အထူးခန်းတစ်ခန်းထပ်ဌားပြီး ကလေးထိန်းနေရလေသည်။
နိုးလာရင်တော့ သူ့ရဲ့ချစ်စရာသားလေးကိုမြင်ပြီး
ပင်ပန်းထားတာတွေ အကုန်ပျောက်သွားလိမ့်မည်ထင်သည်။
----------------------------------------------------------
ဆေးရုံကုတင်ထက်တွင်အိပ်ပျော်နေသောကောင်လေးသည်
အားနည်းလွန်း၍နှုတ်ခမ်းလေးများတောင်ဖြူဖျော့နေရှာ
သည်။သူများတွေလို ကလေးမွေးပြီးတာနဲ့ ပုံပျက်ပန်းပျက်
ဖြစ်သွားတာမျိုးမဟုတ် Bare faceလေးနဲ့လည်း
လှလွန်းနေပြန်သည်။မျက်တောင်စိတ်စိတ်တို့ဝန်းရံထားသော
မျက်လုံးကြည်ကြည်လေးများက ခုတော့မျက်ခွံဖောင်းဖောင်း
လေးတွေနဲ့ အုပ်မိုးထား၏။နှာတံချွန်ချွန်လေးထိပ်ရှိ
နှာစီးဖျားလေးမှ အသက်ရှုသံဖြည်းဖြည်းလေးထွက်နေပြီး
ရင်ဘက်ကလေးကလည်း နိမ့်ချည်မြင့်ချီဖြစ်လို့နေသည်။
အိပ်ပျော်နေသောကောင်လေး၏ မျက်နှာသည်အလွန်တရာ
အေးချမ်းနေပြီး ​မြင်သူတိုင်းစိတ်ချမ်းသာစေသည်
ရုပ်ရည်ကိုပိုင်ဆိုင်ထား၏။ထို့အတူ ထိုကောင်လေးကို
တစ်ချိန်လုံး မျက်တောင်မခတ်တစ်စိမ့်စိမ့်ထိုင်ကြည့်နေသော
ကောင်လေးတစ်ယောက်လည်းရှိလေသည်။
ထိုကောင်လေးကတော့ sleeping beautyလေးရဲ့
ပိုင်ရှင်ကောင်လေးဖြစ်လေသည်။
"အင်း...ဟင်း...ကျွတ်..ကျွတ်.."
အချိန်အတော်ကြာအိပ်ပျော်နေသော sleeping beautyလေး၏ မျက်ခွံလေးတွေလှုတ်ခတ်လာလေသည်။
ရှောင်းကျန့်နိုးနိုးချင်းမျက်လုံးကိုဖွင့်ကြည့်လိုက်ပေမဲ့
မျက်လုံးဆီဝင်ရောက်လာတဲ့ အလင်းရောင်ကြောင့်
မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပြန်မှိတ်လိုက်သည်။
အမှောင်ထဲမှာအနေကြာသွားတဲ့မျက်လုံးက အလင်းရောင်
နဲ့ချက်ခြင်းထိတွေ့လိုက်ရတော့မခံနိုင် ဝေဝါးလာရသည်။
ခနအကြာမှာတော့ ဝိုးတဝါးအမြင်တွေကြည်လင်လာပြီး
အဖြူရောင်မျက်နှာကြပ်တစ်ခုကိုမြင်လိုက်ရသည်။
"ပေါင်ပေါင် နိုးလာပြီလား သက်သာရဲ့လားဟင်
ဘယ်နားနာနေသေးလဲ "
မျက်လုံးဖွင့်ဖွင့်ချင်းပထမဆုံးကြားရတဲ့စကားသံက
ရိပေါ်ရဲ့စိုးရိမ်တကြီးမေးသံဖြစ်နေလေသည်။
သူဘယ်ကိုရောက်နေတာလဲ။
ချက်ခြင်းဘဲဉီးနှောက်ကိုအလုပ်ပေးလိုက်တော့
ဖြစ်ပြတ်ခဲ့သမျှအကြောင်းအရာများဟာ သူ့ခေါင်းထဲတွင်
ရုတ်ရှပ်ပြသလို တဖြတ်ဖြတ်နဲ့ပေါ်လာလေသည်။
သူ..သူကလေးမွေးနေခဲ့တာ။ဒါနဲ့ သူ့ကလေးလေးရော
ဘယ်ရောက်သွားပြီလဲ။
အသိဝင်လာတာနဲ့တစ်ပြိုင်နက် ရှောင်းကျန့်သူ့ဗိုက်သူ
ပြန်စမ်းကြည့်လိုက်မိသည်။အစကပူပူလုံးလုံးဗိုက်ကလေးက
ခုတော့ပြားချပ်ချပ်လေးသာကျန်ခဲ့ပြီး အထဲတွင်သူ့
ကလေးလေးမရှိတော့ပေ။
"မောင် ငါတို့...ငါတို့ကလေးလေးရော "
သူ့ဗိုက်ထဲတွင်ကလေးလေးမရှိတော့ဘူးဆိုတာသိတာနဲ့
တစ်ပြိုင်နက် ရှောင်းကျန့်လန့်ပြီးချက်ခြင်းဘဲထထိုင်လိုက်
သည်။ရိပေါ်ကိုလည်း တစ်ခါမှမခေါ်ဖူးသည့်
'မောင်' ဆိုတဲ့နာမည်စားလေးကို သူတောင်မသိလိုက်ပါဘဲ
သုံးနှုန်းလိုက်မိသည်။မွေးခန်းထဲမှာတောက်လျှောက်
ရေရွတ်နေခဲ့လို့ ပါးစပ်ထဲမှာစွဲနေပြီထင်ပါရဲ့။
"ပေါင်ပေါင် စိတ်အေးအေးထားနော် မောင်တို့ကလေးလေး
ဘာမှမဖြစ်ဘူး သူအဆင်ပြေပြေနဲ့ရှိနေတယ် "
စိတ်ပူနေတဲ့ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ထားရင်းကျောပြင်လေးကိုခပ်ဖွဖွပွတ်ပေးလိုက်သည်။ဘယ်လောက်တောင်
စိတ်ပူသွားလဲမသိ အသက်ရှုသံတွေမြန်ပြီး ကျောပြင်လေး
တောင်နိမ့်ချည်မြင့်ချည်ဖြစ်လို့နေသည်။ရှောင်းကျန့်က
သူနဲ့ရီးစားစဖြစ်ကတည်းက ခုညားသည်ထိ ရိပေါ်လို့သာ
ခေါ်ခဲ့တာဖြစ်သည်။ဒီနေ့ သူတို့ကလေးလေးမွေးပြီး
ပထမဆုံးအကြိမ်အဖြစ် ရှောင်းကျန့်ဆီက မောင်လို့ခေါ်သံ
ကိုကြားခဲ့ရလေသည်။
နောက်ဆုံးတော့ ရှောင်းကျန့်ကသူ့ကိုမောင်လို့ခေါ်ပြီပေါ့။
"မောင် ကလေးလေးကိုတွေ့ချင်တယ် "
"အင်း....မောင်ခေါ်ပေးမယ်နော် စိတ်အေးအေးထား "
"ဟင့်အင် ခုသွားခေါ်ပေး ခုတွေ့ချင်တယ် "
"ခုနကတုန်းကတော့ ကလေးငိုသံကြားသေးတယ်
ခုတော့အိပ်သွားပြီထင်တယ်။နိုးရင်ရှောင်မားတို့ခေါ်လာ
လိမ့်မယ်နော် ခုတော့အားရှိအောင်ပြန်အိပ်လိုက်ဉီး "
ရှောင်းကျန့်အားနည်းနေတာမှန်ပေမဲ့ ပြန်တော့မအိပ်ချင်ပါ။
သူ့ကလေး​လေးကိုအရမ်းတွေ့ချင်နေပြီဖြစ်သည်။
ဒါနဲ့ သူ့ကလေးလေးက ဘာလေးပါလိမ့်။
"မောင် ငါတို့ကလေးလေးက ဘာလေးလဲဟင် "
ရှောင်းကျန့်စိတ်လှုပ်ရှားစွာမေးလိုက်သည်။
သူတို့ကလေး​လေးကရိပေါ်ထင်လို ယောကျ်ားလေးလား
ဒါမှမဟုတ် မိန်းက​လေးများလား။
"မောင်တို့ကလေးလေးက ယောကျ်ားလေး ပေါင်ပေါင်ရဲ့
တစ်လုံးတစ်ခဲကြီးနဲ့ချစ်စရာကြီးသိလား ပြီးတော့ မောင်သားလို့လိုက်ပြောစရာမလိုအောင်
မောင်နဲ့ချွတ်စွတ်ဘဲ "
အပြုံးတွေနဲ့ပြောလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ပါစိတ်လို
လက်ရပြုံးလိုက်မိသည်။ဒါဆို သူတို့ကလေးလေးက
သားလေးပေါ့။ပြီးတော့ မောင်နဲ့လည်းချွတ်စွတ်တဲ့
အဲဒါဆိုရင်တော့ မျက်ပေတုံးလေးဖြစ်မှာ သေချာတယ်။
ဒါပေမဲ့ သူ့အဖေလိုခပ်ဆိုးဆိုးနဲ့ ဂျစ်တစ်တစ်ပုံစံလေး
လာလို့ကတော့ တင်ပါးကိုခပ်စပ်စပ်လေးရိုက်ပေးရမယ်။
ရှောင်းကျန့်ကိုယ့်အတွေးနဲ့ကို ကြည်နူးပြီးပြုံးလိုက်သည်။
ဒါဆို ခုချိန်ကစပြီး သူရောရိပေါ်ရော ကလေးတစ်ယောက်
အဖေရာထူးတိုးသွားကြပြီပေါ့လေ။
-------------------------------------------------------------
"မား...သားကလေးကို ချီချင်တယ် "
ကလေးနိုးနိုးချင်းရှောင်မားကသူတို့အခန်းကိုခေါ်လာ
လေသည်။ဒါကိုမြင်သွားတဲ့ရှောင်းကျန့်က ကုတင်ပေါ်မှာ
တလှုပ်လှုပ်တယွယွနဲ့ ကလေးချီဖို့တာဆူနေပြီဖြစ်သည်။
"ရော့ပါရှင် ချီပါ ချီပါ "
ရှောင်းကျန့်သူ့လက်ထဲကိုရောက်လာတဲ့ကလေးသေးသေး
လေးကိုကြည့်ပြီး အသည်းယားနေမိသည်။သူ့လက်ထဲက
တလှုပ်လှုပ်နဲ့ကလေးလေးကတော့ မျက်လုံးလေးကလည်ကလည်နဲ့ သူကိုထူးဆန်းသလို
လိုက်ကြည့်နေလေသည်။အိပ်ရေးဝထားလို့ထင်ပါရဲ့
သားလေးက သူ့လက်ထဲတွင်လုံးဝမငိုပေ။
"ပေါင်ပေါင် သားလေးက မောင်နဲ့တူတယ်မလား "
ဘေးကရိပေါ်က ကလေးလေးကိုကြည့်ရင်း စကားစသည်။
ရိပေါ်အပြောကြောင့် ရှောင်းကျန့်သားလေးကိုသေချာ
ကြည့်လိုက်မိသည်။
"ဟုတ်ပါ့ သားကမင်းနဲ့တစ်ပုံစံတည်းပါလား တကယ်မျက်
ပေတုံးသားအဖဘဲ "
ရှောင်းကျန့်လက်ပေါ်ကမျက်ပေတုံးပေါက်စလေးသည်
ရိပေါ်သားပါလို့ပြောစရာမလိုလောက်အောင် သူ့အဖေနဲ့
ချွတ်စွတ်ပင်။မျက်ပေတုံးမှစ နှာခေါင်းလုံးလုံးလေးအဆုံး
ရိပေါ်ရုပ်မှရိပေါ်ရုပ်ပင် သူနဲ့တူတာဆိုလို့ နှုတ်ခမ်းပါးလေး
များသာရှိလေသည်။
"ပေါင်ပေါင်နော် မောင်တို့ကိုဘာမျက်ပေတုံးသားအဖလည်း
အဲဒါဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေကွ ပေါင်ပေါင်တောင်
မောင့်အကြည့်တွေကိုကြွေခဲ့တာမလား မောင့်သားလေးလည်း
ကြီးလာရင် ဆော်ကြည်ဘဲလေးဖြစ်လိမ်မယ် "
ရိပေါ်အပြောကြောင့်ရှောင်းကျန့်ရယ်လိုက်မိသည်။
ရယ်လိုက်တော့ ဗိုက်ခွဲထားတဲ့အရှိန်ကြောင့်နည်းနည်း
နာလေသည်။ဒါပေမဲ့ ရယ်ချင်စိတ်ကတားမရ။
တကယ်ပါ ဝမ်ရိပေါ်တို့ကတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြန်ပြီမျက်ပေတုံးကမျက်ပေတုံးပေါ့ ဘာဆွဲဆောင်မှုရှိတဲ့မျက်လုံးလဲ။
ဒါပေမဲ့လည်း အမှန်အတိုင်းပြောရရင် ရှောင်းကျန့်အဲ့မျက်ပေ
တုံးလေးကို အမှန်တကယ်ကြွေခဲ့တာပင်။ရိပေါ်ရဲ့
မျက်ပေတုံးမျက်လုံးတွေနဲ့ တစ်ချက်စိုက်ကြည့်တိုင်း
ရှောင်းကျန့်ရင်တွေတလျပ်လျပ်တုန်ပြီး ဖိုးသိုးဖက်သတ်
ဖြစ်သွားစေသည်။ဒါကလည်း ရီးစားဘဝကတည်းက
ခုအိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရသည်ထိတောင်
မပြောင်းမလဲပင်။
"မင်းနဲ့တူတာတော့ဟုတ်ပါပြီ ဒါပေမဲ့ မင်းလိုခပ်ဆိုးဆိုးနဲ့
မိန်းမရမရှုပ်ရင်ကောင်းမယ် အလိုမဟုတ်ဘူးဆိုရတော့
ငါကတင်းပါးကိုခပ်စပ်စပ်လေးရိုက်ပေးရလိမ့်မယ် "
"ပေါင်ပေါင်နော် မောင်ကဆိုးပေမဲ့ဘယ်မှာမိန်းမရှုပ်လို့လဲ
မောင့်မှာမင်းတစ်ယောက်ထဲရှိတာကိုသိရဲ့သားနဲ့ကွာ "
မတရားစွပ်စွဲခံရသလိုသနားစရာမျက်နှာပေးနဲ့
ပြောလာတဲ့ရိပေါ်ပင်။ရိပေါ်ကတော့လေ ကလေးတစ်ယောက်
အဖေဘဲဖြစ်နေပြီ ခုထိခွေးပေါက်လေးလို ချွဲချင်တုန်း။
"အဲ့...အဲ့..."
သူ့လက်ပေါ်က ကလေးလေးသည်ထိုင်တာကြာသွားလို့
ထင်ပါရဲ့ တအဲ့အဲ့နဲ့အသံပေးလာလေပြီဖြစ်သည်။
"သားကျန့် နို့ဗူးတွေက ဟိုဘက်ခန်းထဲမှာနော် နို့ဆာရင်
ဖျော်တိုက်လိုက်သိလား မားတို့လည်းပြန်လိုက်ဉီးမယ် "
"ဟုတ်မား...မားတို့လည်းပင်ပန်းနေပြီပြန်နားတော့နော်"
"အေးအေး...နောက်နေ့မှမားတို့ပြန်လာခဲ့မယ် "
ရှောင်းကျန့်ရိပေါ်နဲ့အကြည်စိုက်နေတာနဲ့ အခန်းထဲတွက်မား
တို့ရှိနေတာတောင် သတိမထားလိုက်မိပေ။ပြန်ဖို့ပြောတော့မှ
အခန်းထဲမှာ မားတို့ပါရှိနေမှန်း သိတော့သည်။
တကယ်ပါ သူရိပေါ်နဲ့အတူရှိပြီးတီတီတာတာပြောနေရတဲ့
အချိန်တွေဆို အမြဲပတ်ဝန်းကျင်ကိုမေ့သွားတက်သည်။
"ကလေးမောင့်ကိုပေး မောင်ချီထိန်းလိုက်မယ်
ပေါင်ပေါင်ပြန်အိပ်နေလိုက်နော် "
"ဟင်...မင်းက ကလေးချီတက်လို့လား ပြုတ်ကျနေဉီးမယ်"
"ဟာ...မောင့်ကိုအထင်သေးလို့ကွာ..ခုနကမင်းအိပ်နေတုန်း
ရှောင်မားဆီကနေ ကလေးချီနည်းသင်ထားပါတယ်
အေးဆေးပါ "
"ဟုတ်ပါပြီ အဆိုလည်း လာချီရော့ "
ရှောင်းကျန့်လက်ထဲက ကလေးကိုသူ့လက်ထဲပြောင်းပြီး
ရှောင်မားသင်ပေးထားတဲ့အတိုင်း အနေအထားမှန်မှန်နဲ့
ယူချီလိုက်သည်။သူ့လက်ပေါ်ရောက်လာတဲ့ ပေါက်စိလုံးလေး
ကတော့ မျက်လုံးလေးကလည်ကလည်နဲ့သူ့ကိုလိုက်ကြည့်
နေပြန်သည်။
ဟိုလျှောက်ဒီလျှောက်လုပ်ရင်းထိန်းနေလို့လားမသိ
သားလေးကသူ့လက်ထဲတွင်တစ်စက်တောင်မငိုပေ။
"သားက Daddyကို Daddyမှန်းသိလို့လိုက်ကြည့်နေတာလားဟမ်
ဒါမှမဟုတ် Daddyကိုခုမှမျက်နှာမှတ်နေတာလား "
သူ့မျက်နှာကိုသေချာကြည့်နေသည့်ကလေးလေးကို
ရိပေါ်ပြန်ကြည့်ရင်းပြောလိုက်သည်။ကလေးလေးက
သူ့စကားကိုနားလည်၍လားမသိ မျက်လုံးလေး
ကလည်လည်လုပ်နေပြန်သည်။ကုတင်ပေါ်က ရှောင်းကျန့်ကို
တစ်ချက်လှမ်းကြည့်လိုက်တော့ အသက်ရှူသံမှန်မှန်နဲ့
အိပ်ပျော်သွားပြီဖြစ်သည်။အေးပေါ့လေ သူလည်း
ကလေးမွေးလိုက်ရတော့ တော်တော်ပင်ပန်းသွားတယ်
ထင်ပါရဲ့ ။ကလေးအိပ်မှအမော​ပြေအနမ်းလေး
သွားပေးရဉီးမယ်။
ခနကြာတော့ ဟိုလျှောက်ဒီလျှောက်လုပ်နေရင်း
သူ့လက်ပေါ်က ကလေးလေးကမူးသွားသည်ထင်ပါရဲ့
မျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်လုပ်လာပြီး
မှေးစင်းလာတော့သည်။ကလေးအိပ်ခါနီးမို့
ပါးစပ်ကလည်းတကျွတ်ကျွတ်လုပ်ရင်း တင်ပါးလေးကို
ခပ်ဖွဖွလေးပုတ်ပေးလိုက်သည်။အလိုနဲ့ဘဲ ကလေးလေးက
သူ့လက်ထဲတွင်အိပ်ပျော်သွားတော့သည်။
အိပ်ပျော်နေတဲ့ပေါက်စိလုံးလေးရဲ့ ပါးဖောင်းဖောင်းလေးကို
အနမ်းပေးရင်း ကုတင်ပေါ်ကသူ့ပေါင်ပေါင်လေးကိုလည်း
လှမ်းကြည့်လိုက်သည်။
ကြည့်ပါဉီး သားဖနှစ်ယောက်အပြိုင်အိပ်နေကြပြန်ပြီ။
တကယ့်အိပ်ပုတ်သားဖတွေပါကွာ။
-----------------------------------------------------------
"မောင်...ကလေးနို့ဖျော်တာမပြီးသေးဘူးလား
မြန်မြန်လုပ်လေ ဒီမှာ ကလေးငိုနေပြီ "
"ပြီးပြီး ပြီးပြီ ခနလေးနော် "
တစ်နေကုန်နို့စို့လိုက်အိပ်လိုက်နဲ့တစ်စက်မငိုသော
ပေါက်စိလုံးသည် ညသန်းခေါင်ကျော်လူခြေတိတ်
ချိန်မှာတော့ တစ်ဆေးရုံလုံးကြားအောင် အော်ငိုလေသည်။
အကြောင်းကတော့ သူနို့ဆာနေတာကိုအချိန်မှီမတိုက်နိုင်ဘဲ
နို့ဖျော်တာကြာနေတာကြောင့်ဖြစ်သည်။ရှောင်းကျန့်လို
အစားပုတ်လေးကတော့ အစားနဲ့ပတ်သတ်ရင်မရ
အာခေါင်ခြစ်ကာအော်ငိုလေသည်။
"မောင် ကလေးငိုနေပြီလို့ "
"ပြီးပါပြီကွာ ရော့ရော့ နို့ကပူနေလို့အေးအောင်လုပ်နေတာပါ"
ရိပေါ်ကမ်းပေးလာတဲ့နို့ဗူးကိုယူလိုက်ပြီး အာခေါင်ခြစ်ကာ
အော်ငိုနေသည့် ပေါက်စိလုံးလေးပါးစပ်ထဲ အမြန်ဘဲထည့်ပေးလိုက်သည်။သူ့ပါးစပ်ထဲကို နို့ရောက်လာ
မှန်းသိတာနဲ့ လူပါးလေးကဆက်မငိုတော့ဘဲ
နို့ကိုအငမ်းမရစို့တော့လေသည်။မသိရင်သူ့ကိုဘာမှ
မကျွေးတဲ့အတိုင်း တကယ်ကိုအငမ်းမရပင်။ကလေးလေးက
သူနဲ့တူတာနှုတ်ခမ်းအပြင် အစားမက်တာလည်းပါသည်ဟု
ရှောင်းကျန့်တွေးလိုက်သည်။
ရှေ့လျှောက် ဒီအစားပုတ်လေး ဒီလိုဆိုးနေလို့ကတော့
တင်ပါးပြောင်ပြောင်ကို နီရဲသွားအောင် ဆော်ပေးရဉီးမယ်။
"မောင် မင်းလည်းတစ်နေကုန်ပင်ပန်းနေပြီလား
သွားအိပ်တော့လေ ငါကလေးဆက်သိပ်လိုက်ဉီးမယ်
သူလည်းမကြာပါဘူး ဒီနို့ကုန်ရင်အိပ်တော့မှာပါ "
"မောင်အိပ်လို့မဖြစ်သေးပါဘူးကွာ သားလေးရူးရူးနဲ့
အီးအီးတွေပေနေတဲ့ အနှီးတွေသွားလျှော်လိုက်ဉီးမယ် "
"ညကြီးလုပ်မနေနဲ့တော့ လုပ်ချင်လည်းမနက်မှလုပ်
ဒါမှမဟုတ် အဲ့အနှီးတွေလွှင့်ပစ်ပြီး အသစ်ဝယ်လိုက်တော့ "
ညသန်ခေါင်းကြော်အနှီးတွေလျှော်မယ်လုပ်နေသည့်
ရိပေါ်ကိုရှောင်းကျန့်မျက်မှောင်ကျုံ့ကြည့်ရင်းပြောလိုက်
သည်။တစ်နေကုန်လည်း ကလေးထိန်းနေရလို့
တစ်စက်မှမနားရသေးတာကို ခုအိပ်ချိန်တောင်အနှီးလျှော်
ဉီးမတဲ့ ရိပေါ်တို့ကတော့ ပင်ပန်းပြီးဘုန်းဘုန်းဘုန်းလဲ
ချင်နေပြီထင်သည်။
"ဒါပေမဲ့ ခုညလဲဖို့အနှီးက ကုန်သွားပြီ နောက်တစ်ခါ
ကလေးရူးပေါက်ရင် လဲဖို့မရှိတော့ဘူး အနှီးအသစ်တွေက
ဝမ်အိမ်မှာကျန်ခဲ့တာမနက်မှသွားယူရမှာ "
ညနေကဝမ်အိမ်တစ်ခေါက်ပြန်တုန်းက သူနဲ့ရှောင်ကျန့်
အတွက်အဝတ်အစားတွေနဲ့လိုအပ်တာတွေယူလာခဲ့ပြီး
ကလေးအနှီလည်းအတော်အသင့်ယူလာခဲ့လေသည်။
သို့ပေမဲ့ သောက်လိုက်၊ပေါက်လိုက်၊ပါလိုက်လုပ်နေသည့်
ပေါက်စိလုံးကြောင့် အနှီးတွေလည်းတစ်ထည်မှအကောင်း
မရှိတော့ပေ။ညကြီးအချိန်မတော်အပြင်ထွက်ဝယ်ဖို့
ကျလည်း သားလေးနဲ့ရှောင်ကျန့်ကိုနှစ်ယောက်ထဲ
မထားခဲ့ချင်တာမို့အခက်တွေ့နေရသည်။
"ထားလိုက်ယူမနေနဲ့တော့ သေးပေါက်လည်းဒီတိုင်း
သေးစိုနဲ့သာ သိပ်လိုက်တော့ "
ရှောင်းကျန့်ရိပေါ်ကိုအားမလိုအားမရနဲ့ဒေါသထွက်တာမို့
သေးစိုနဲ့သိပ်ဟုပြောပစ်လိုက်သည်။နားပါတော့ဆိုမှ
သူကအနှီးကိစ္စကိုတွေးပူနေပြန်ပြီ။
"ဟာ...အလိုတော့မလုပ်ပါနဲ့ကွာ ကလေးလေးအအေး
ပတ်နေပါ့မယ် "
"အရူးရဲ့ မင်းကိုရွှဲ့ပြောနေတာ ဘာကိစ္စ ငါ့ကလေးကို
သေးစိုနဲ့သိပ်မလဲ "
"မသိဘူးလေကွာ မောင်ကမင်းတကယ်ပြောနေတယ်
ထင်လို့ "
"လဲစရာမရှိရင်မင်းအိင်္ကျီတွေရှိတယ်မလား
ယူခဲ့လိုက် အဲဒါကိုဖြဲပြီးဖြစ်ဖြစ်အနှီးလုပ်လိုက် "
"ဟင် မောင့်အိင်္ကျီတွေက Brandတွေလေ "
"ဘာလဲ အဆိုသေးစိုနဲ့ သိပ်မလို့လား "
"မဟုတ်ဘူး မဟုတ်ဘူး ယူယူ ပေါင်ပေါင်ကြိုက်သလိုသာသုံး
မောင်သွားယူပေးမယ်နော် "
ခနကြာတော့ ရိပေါ်သူ့အိင်္ကျီ ၂ထည်၊၃ထည်ကိုယူပြီး
အနားပြန်ရောက်လာလေသည်။အကုန်လုံးကlimit
Brandတွေမို့ စျေးအတော်ကြီးမှန်းသိပေမဲ့
အရေးကြုံတော့လည်း ဒါဘဲသုံးရတော့မှာပေါ့လေ။
သူ့လို Wang CEOကြီးက အလောက်နဲ့တော့မွဲမသွား
ပါဘူး။
"မောင့်အိင်္ကျီအပါးလေးတွေရွေးယူလာခဲ့တယ်
ထူထူကြီးတွေဆိုရင်ကလေးနေရခက်နေမှာဆိုးလို့ "
"အင်း အိင်္ကျီတွေကုတင်ပေါ်တင်ထားပြီး မင်းလည်းလာ
အိပ်တော့ "
"ရပါတယ် မောင်ကလေးအိပ်မှ...."
"ဝမ်ရိပေါ်! "
ရှေားင်ကျန့်စိတ်မရှည်တော့တာမို့ ဝမ်ရိပေါ်ဟုထအော်
ပလိုက်သည်။လာအိပ်ပါတော့ဆိုကာမှ အရစ်ကရှည်နေ
ပြန်ပြီ။
"အင်းအင်း...မောင်အိပ်တော့မယ်နော် ကလေးနို့ထပ်ဆာ
ရင် မောင့်ကိုနှိုးလိုက်သိလား "
သူ့နာမည်ကိုအပြည့်အစုံခေါ်လိုက်တာမို့ ရိပေါ်ထပ်မပြော
ရဲတော့ဘဲ အမြန်အိပ်ဖို့သာပြင်လိုက်တော့သည်။
သူ့စနေသားလေး ဒေါသကိုသူသာသိသည်လေ။
ခနကြာတော့နို့ဗူးလည်းကုန်သွားပြီး ကလေးလေးလည်း
အိပ်မောကျသွားပြီဖြစ်သည်။ဟိုဘက်ခန်းက ကုတင်ကို
ယူပြီး နှစ်လုံးပေါင်းလိုက်တာမို့ သူ့ဘေးမှာဝင်အိပ်နေတဲ့
ရိပေါ်ရဲ့မျက်နှာချောချောကို မြင်နေရသည်။
ဒီရက်ပိုင်းသူလည်းအတော်ပင်ပန်းသွားတယ်ထင်ပါရဲ့
မျက်နှာလေးတောင်အတော်ချောင်လို့။အိမ်ပြန်ရောက်မှ
အားရှိအောင် နွားနို့လေးဘာလေးကြိုတိုက်ဉီးမှပါလေ။
အိပ်ပျော်သွားပြီဖြစ်တဲ့သားလေးကို ပုခတ်ထဲအသာ
ထည့်လိုက်သည်။သို့ပေမဲ့ ပါးစပ်ထဲကနို့ကိုတော့
တန်းချွတ်လို့မရသေး လူပါးလေးကနို့ချွတ်တာသိရင်
ထအော်လိမ့်မည်ဖြစ်သည်။သားလေးကိုပုခတ်ထဲနေရာ
ချပေးပြီး ပါးစပ်ထဲကနို့ကိုအသာလေးဆွဲချွတ်လိုက်သည်။
ဒါတောင်အစားပုတ်လေးက နို့ကိုလိုက်ဟက်ပြီး
တပြွတ်စ်ပြွတ်စ်နဲ့ လုပ်နေတုန်းပင်။
"မျက်ပေတုံးပေါက်လေး ကောင်းကောင်းအိပ် "
သားလေးကိုအိပ်ရာဝင်အနမ်းလေးပြီး ခြင်မဝင်အောင်
ခြင်ထောင်လေးနဲ့သေချာအုပ်လိုက်သည်။ခြင်ထောင်
လွတ်တဲ့နေရာတွေရှိမရှိသေချာကြည့်ပြီးကာမှ
သူလည်းကုတင်ပေါ်ပြန်တက်လာပြီး အိပ်ဖို့ပြင်လိုက်
တော့သည်။
"အင်း....ပေါင်ပေါင် ကလေးအိပ်ပျော်သွားပြီလား "
ကုတင်ပေါ်တက်လာပြီး ရိပေါ်ရင်ခွင်ထဲကိုတိုးဝင်လိုက်တော့
နိုးသွားသည်ထင်ပါရဲ့ ကလေးအိပ်ပြီလားဟုမေးလာသည်။
"အင်း လူဆိုးလေးက ဗိုက်ဝသွားတော့ အိပ်သွားပြီ "
"လာပါဉီးကွာ မောင့်ရင်ခွင်ထဲကို ဖက်ထားချင်လို့ "
ရင်ခွင်ထဲကိုတိုးဝင်လာတဲ့ကိုယ်လုံးလေးကိုအသာဖက်ရင်း
နဖူးပြင်လေးကိုအနမ်းတစ်ချက်ပေးလိုက်သည်။
ရှောင်းကျန့်ကဗိုက်ခွဲထားရတာမို့ အတင်းကြီးမဖက်ရဲ
ဖွဖွလေးဖက်ရင်း နားသည်စပ်လေးကို တစ်ချက်နမ်းလိုက်သည်။
"ပေါင်ပေါင် မနက်ကမွေးခန်းထဲမှာ အရမ်းပင်ပန်းခဲ့မှာဘဲနော် "
စိတ်မကောင်းသလိုအသံနဲ့ပြောလာတဲ့ရိပေါ်ကြောင့်
ရှောင်းကျန့်ခေါင်းခါရင်းရင်ခွင်ထဲကို တိုးဝင်လိုက်သည်။
အချိန်ခနကြာတိတ်ဆိတ်ပြီးတဲ့အခါမှာတော့
ရိပေါ်ဆီက ရှိုက်သံနဲ့အတူ တောင်းပန်စကားတွေကြားရလေသည်။
"မောင်တောင်းပန်ပါတယ်ကွာ မောင့်ကြောင့်ဖြစ်ရတာ
မောင့်ကြောင့်ပါ "
ရှောင်းကျန့်အိပ်ချင်စိတ်တောင်ပျောက်သွားလေသည်။
ရင်ခွင်ထဲကအသာထွက်ရင်းမော့ကြည့်လိုက်တော့
ရိပေါ်မျက်နှာမှာ မျက်ရည်တွေရွှဲနေလေပြီ။
"မောင် ဘာလို့ငိုနေတာလဲ ငါဘာမှမဖြစ်ဘူးလေ
ပြီးတော့ငါတို့သားလေးလဲ ဘာမှမဖြစ်ဘူးလေ
မငိုနဲ့နော် "
ရှောင်းကျန့်ရိပေါ်ရင်ခွင်ထဲကနေ ကုတင်အပေါ်ပိုင်းကို
တိုးသွားလိုက်ပြီး ငိုနေတဲ့ရိပေါ်ကို ရင်ခွင်ထဲထည့်ပြီး
ဖက်ထားလိုက်သည်။ခုဆိုရိပေါ်ခေါင်းတစ်ခုလုံး
သူ့ရင်ခွင်ထဲမှာရှိနေပြီး ရိပေါ်ကတော့သူ့ရင်ခွင်ထဲမှာ
ငိုဆဲပင်။CEO Wangကြီးခုလိုချုံးပွဲချငိုနေတာကို
သူ့fanတွေနဲ့ ကုမ္ပဏီကသူ့ဝန်ထန်းတွေသိရင်ဘယ်လို
နေမလဲမသိဘူး။
"ပေါင်ပေါင် နောက်တစ်ခါကျရင် မောင်တို့ကလေးထပ်
မယူတော့ဘူးနော် ပေါင်ပေါင်ဒီလိုခံစားနေရတာ
မောင်မကြည့်ရက်ဘူး နောက်တစ်ခါဆို မောင်ရူးသွား
လိမ့်မယ်ထင်တယ် "
သူ့ရင်ခွင်ထဲကရှိုက်ရင်းပြောလာတဲ့ရိပေါ်က
မနက်ကသူ့ကိုတော်တော်စိတ်ပူသွားပုံပင်။ရိပေါ်လို
ကလေးရူးကတောင် နောက်ထပ်ကလေးမယူဖို့
ပြောတယ်ဆိုကတည်းက ရိပေါ်သူ့ကိုဘယ်လောက်ချစ်လဲ
ဆိုတာသိနိုင်လေသည်။
"ဟင့်အင် ငါကတော့ နောက်ထပ်ကလေးတွေ အများကြီး
ထပ်ယူဉီးမှာ "
"ပေါင်ပေါင် "
သူပြောလိုက်တော့ သူ့ရင်ခွင်ထဲကနေအလန့်တကြား
ခေါင်းထောင်ကြည့်လာသည်။
"ဘာလဲ မလိုချင်ဘူးလားပြော "
"မောင်က ပေါင်ပေါင်အတွက်ပြောနေတာပါကွာ
မောင်တို့ခုသားလေးကိုဘဲ ပိုချစ်ရအောင်လေကွာနော် "
"မရပါဘူးနော် မင်းငါ့ကိုနောက်ထပ်ကလေးတွေအများကြီး
ရအောင်လုပ်ပေးရမယ် ပြီးတော့သားလေးကိုလည်း
တစ်ယောက်ထဲမပျင်းစေချင်ဘူး ညီလေးတွေညမလေးတွေ
ထပ်မွေးပေးချင်သေးတယ် "
"ပေါင်ပေါင် မောင်ဒီလိုပြောတယ်ဆိုတာ နောက်ထပ်ကလေး
မလိုချင်လို့မဟုတ်ဘူးနော် ပေါင်ပေါင်ကိုမောင်နောက်ထပ်
ဒီလိုကြီးမခံစားစေချင်လို့ ပြီးတော့ နောက်တစ်ခါ
ဒီလိုမျိုးကံကောင်းပါမယ်လို့ မပြောနိုင်ဘူးလေကွာ "
"မောင် ငါ့မျက်နှာကိုသေချာကြည့် "
ရိပေါ်မျက်နှာကိုအုပ်ကိုင်လိုက်ပြီး သူနဲ့အကြည့်ချင်း
စုံအောင်လုပ်လိုက်သည်။ခုဆိုသူ့လက်ထဲမှာရိပေါ်ရဲ့
ပါးဖောင်းဖောင်းနှစ်ဖက်ရှိနေပြီး အကြည့်ချင်းစုံတာနဲ့
ရှောင်းကျန့်စကားကိုဆက်လိုက်တော့သည်။
"မောင် မင်းငါ့ကိုယုံတယ်မလား "
"အင်း...မောင်ယုံတယ် ဒါပေမဲ့ မောင်မယုံတာက
ကံကြမ္မာကို ဒီတစ်ခါကံကောင်းသွားပေမဲ့
နောက်တစ်ခါ မင်းကိုမောင့်ရင်ခွင်ထဲကနေ ဆွဲထုတ်မသွား
ဘူးလို့ မပြောနိုင်ဘူးလေကွာ "
"မောင် မင်းငါ့ကိုယုံရင် အဲဒါတွေမစဉ်းစားနဲ့
နောက်တစ်ခါမဟုတ်ဘူး နောက်အခါတစ်သိန်းဆိုရင်တောင်
ငါ့ကိုမင်းရင်ခွင်ထဲကနေ ဘယ်သူမှဆွဲထုတ်လို့မရဘူး "
"ဒါပေမဲ့ မောင်..."
"ယုံပေးပါကွာ မောင်နောက်ထပ်စိတ်မပူစေရဘူးလို့
ကတိပေးတယ်နော် ပြွတ်စ်.. "
ဖြတ်ပြောလိုက်တဲ့ရှောင်းကျန့်စကားနဲ့အတူ သူ့နှုတ်ခမ်း
ပေါ်ကျရောက်လာတဲ့နှုတ်ခမ်းပါးလေးကြောင့်
ရိပေါ်ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။
ခုချိန်မှာ သူရှေ့ကချစ်ဖို့ကောင်းနေတဲ့ သူ့အပိုင်လေးကို
နမ်းချင်တာဘဲသိတော့တယ်။
"ပြွတ်စ်...အရမ်းချစ်တယ်ပေါင်ပေါင်ရာ "
မြင်နေရတဲ့နှုတ်ခမ်းပါးလေးကို ပြွတ်စ်ခနဲမြည်အောင်
ဆွဲထုတ်လိုက်ပြန်သည်။
"ယုံပေးမှာလားပြော "
"......."
"မောင်လို့..."
"အင်းအင်း...မောင်ယုံပါတယ်ကွာ ပေါင်ပေါင်ကိုမောင်
အကျွင်းမဲ့ယုံတယ်နော် "
"ပြွတ်စ်...ယောကျ်ားကိုချစ်လိုက်တာ "
နှုတ်ခမ်းထူထူတွေကိုရှောင်းကျန့်ကတစ်ပြန်ဆွဲစုပ်လိုက်ပြန်
သည်။
"ဟာ...အရမ်းဆိုးနေတယ်ပေါ့လေ လာခဲ့ "
ခြသေ့ကြီးကိုသွားစွလိုက်တဲ့ယုန်ပေါက်လေးကတော့
ခြသေ့ကြီးခုန်အုပ်တာခံလိုက်ရပြီး နှုတ်ခမ်းတွေကို
ကိုက်ခဲခံနေပြီဖြစ်သည်။မနက်နိုးရင်တော့
ခြသေကြီးရော သူ့အပိုင်ယုန်လေးရော နှုတ်ခမ်းတွေဖူး
ယောင်နေမှာ မြင်ယောင်မိသေးရဲ့။
ဆက်ရန်........
ဝမ်ရိပေါ်လို ယောကျ်ားရမှ ဒီတစ်သတ်ယောကျ်ားယူပြီး
ကလေးမွေးမယ်😞🖐💚
ဝမ်ပေါက်စိလုံး
#အနု
Zawgyi Code Version
"ယောက်ျားရေ နို့ဖျော်နေတာမပြီးသေးဘူးလား
"အေးပါကွာ လာပါပြီ "
တလှုပ်လှုပ်နဲ့ "
အငမ်းမရပင်။နို့ကိုအတင်းဆွဲ
တွေဘဲရှိမည်ထင်သည်။
----------------------------------------------------------
"အင်း...ဟင်း...ကျွတ်..ကျွတ်.."
ဘယ်နားနာနေသေးလဲ "
သူဘယ်ကိုရောက်နေတာလဲ။
သူ..သူကလေးမွေးနေခဲ့တာ။ဒါနဲ့ သူ့ကလေးလေးရော
ဘယ်ရောက်သွားပြီလဲ။
ကလေးလေးမရှိတော့ပေ။
ကိုကြားခဲ့ရလေသည်။
သူတို့ကလေးလေးကရိပေါ်ထင်လို ယောက်ျားလေးလား
"မောင်တို့ကလေးလေးက ယောက်ျားလေး ပေါင်ပေါင်ရဲ့
မောင်နဲ့ချွတ်စွတ်ဘဲ "
လက်ရပြုံးလိုက်မိသည်။ဒါဆို သူတို့ကလေးလေးက
-------------------------------------------------------------
ကြည့်လိုက်မိသည်။
ပေတုံးသားအဖဘဲ "
များသာရှိလေသည်။
မပြောင်းမလဲပင်။
"အဲ့...အဲ့..."
အေးဆေးပါ "
နေပြန်သည်။
သွားပေးရဉီးမယ်။
မှေးစင်းလာတော့သည်။ကလေးအိပ်ခါနီးမို့
လှမ်းကြည့်လိုက်သည်။
-----------------------------------------------------------