ရှောင်းသခင်လေး (Part 28)

12.8K 803 16
                                    

Unicode Version

"ဉီးလေး ရေခဲ့မုန့်နှစ်ခုပေးပါ "

"ဘာနှစ်ခုလည်း သုံးခု "

"အင်းပါ အင်းပါ သုံးခုတဲ့ဗျာ "

ရိပေါ်တမင် နှစ်ခုဘဲမှာလိုက်ပေမဲ့ ဘေကရေခဲမုန့်သရဲလေးက
မျက်စောင်းထိုးကာ သုံးနှစ်ဖြစ်ကြောင်းပြောလာလေသည်။

ဒီရေခဲမုန့်သုံးခုစားပြီးရင်တော့ချောင်းဆိုးတော့မှာ
သေချာသည်။ခနနေရင်ပါလာတဲ့ဆေးလေးတိုက်ဉီးမှပါလေ။

"ရပြီ ကောင်လေး ရေခဲမုန့် လေးခုပါ "

"ဟင် ကျွန်တော်မှာတာသုံးခုထဲပါ "

"ဟုတ်ပါတယ် ဒီနေ့ကpromotionအနေနဲ့
သုံးခုဝယ် တစ်ခုလက်ဆောင်ပေးတာပါ "

"ဟာ..."

"ရှဲရှဲ လော်ပန် "

ရေခဲမုန့်တစ်ခုပိုပေးလာတာမို့ရိပေါ်စိတ်ညစ်သွားသည်။
ဘေးကသူ့ဗိုက်ကလေးကတော့ ကျေးဇူးတင်စကားပြောရင်း
ရေခဲမုန့်တွေကို လက်နှစ်ဖက်နဲ့အပြည့်သည်နေလေရဲ့။

"အင်း...ချိုလိုက်တာ "

ရေခဲမုန့်ကိုအားရပါးရစားရင်း ပါးစပ်ကလည်း
ချိုလိုက်တာဟု ပြောလာသည်။ရေခဲမုန့်ကို အားရပါးရစား
နေတဲ့ရှောင်းကျန့်တော့မသိ ဘေးကရိပေါ်တောင်ချောင်းဆိုး
ချင်လာသည်။

ဒီဟာလေးကတော့ ပြောမရဆိုမရပါလားနော်။

"ရှောင်းကျန့် "

"ဟင် "

သူကြိုက်တာစားနေရလို့ထင်ပါရဲ့ ထူးတဲ့အသံလေးကတောင်
ချိုသာလာသည်။

ရေခဲမုန့်ကိုလက်နှစ်ဖက်နဲ့သေချာစားနေရင်း သူခေါ်လိုက်
တော့ မျက်လုံးအဝိုင်းသားနဲ့ ကြည့်လာလေ၏။
ဖန်ဂေါ်လီလုံးလိုကြည်လဲလဲမျက်လုံးလေးက
ပုတ်ခတ်ပုတ်ခက်လုပ်နေရင်း ဘာလဲဆိုတဲ့
သဘောမျိုးနဲ့မျက်ခုံးတစ်ချက်ပင့်ပြသည်။

ကျစ်! အလောက်ထိချစ်ဖို့ကောင်းမနေပါနဲ့ ခင်များရယ်။
ကျွန်တော်စိတ်အထိန်းနိုင်ရင် ရေခဲမုန့်ရော ရေခဲ့မုန့်စားနေတဲ့
သူကိုရော အကောင်လိုက်မြိုချမိတော့မယ်။

ရှောင်းသခင်လေးDär berättelser lever. Upptäck nu